လွတ်လပ်မှုအနည်းငယ်
Vol. 30 Ch. 439
နောက်တစ်နေ့မှာ ရွှီဖန်းသည် စောစောထ၍ သူ၏ ရှေ့အကာကို ဝတ်ကာ မီးဖိုချောင်ထဲ သွားခဲ့သည်။
မကြာသေးခင် နှစ်များအတွင်း ရွှီဖန်းအနေဖြင့် ချက်ပြုတ်ခြင်း များစွာ မလုပ်ခဲ့ရသော်လည်း ငယ်ငယ်လေးကတည်းက သူ့မိသားစုကိုတော့ အများကြီးကူညီခဲ့ဖူး၏။ ထို့ကြောင့် အစပိုင်းမှာ ရင်းနှီးမှုမရှိသော်လည်း အတွေ့အကြုံရှိပြီးနောက်မှာတော့ သူ တဖြည်းဖြည်းနှင့် ကျွမ်းကျင်လာခဲ့သည်။
ရေခဲသေတ္တာထဲရှိ ပါဝင်ပစ္စည်းများသည် အခြေစိုက်ရုံးကနေ ပို့ပေးထားတာဖြစ်ပြီး ထိုအရာအားလုံးက ကောင်းကင်ဘုံမြေသြဇာကနေ စိုက်ပျိုးထားသောဟင်းသီးဟင်းရွက်များဖြစ်ပြီး အထူးပြုလုပ်ထားသည့် ကြက်သားနှင့် ကြက်ဥများလည်း ရှိ၏။
သူ မီးဖွင့်၍ ဆီထည့်လိုက်သည်။ ၈၀ ရာခိုင်နှုန်းလောက် ပူလာသောအခါ ကြက်ဥကို ဖောက်၍ အိုးထဲမှာ ဖြန့်ထည့်လိုက်၏။
၈၀ရာခိုင်နှုန်း ပူနေသောဆီမှာ မပူလွန်း မအေးလွန်းတာကြောင့် ကြက်ဥများက မကွဲခဲ့ပေ။
သူ ခဏလောက် ကြော်ပြီးနောက် မွှေးကြိုင်သော ကြက်ဥကြော်တစ်လုံးကို ပန်းကန်ပေါ်မှာ တင်လိုက်သည်။ ဤကြက်ဥများသည် ကောင်းကင်ဘုံမြေသြဇာ ဖြင့် မွမ်းမံခံရပြီးနောက်မှာ အထူးပြုလုပ်ထားသောအရာများ ဖြစ်လာ၏။ ၎င်းတို့သည် ကမ္ဘာပေါ်မှာ အမျိုးအစားတစ်ခုတည်းရှိသော ကြက်ဥများဖြစ်ပြီး ၎င်းတို့၏အရောင်က တောက်ပနေကာ မွှေးရနံ့ကလည်း နှာခေါင်းကို ရိုက်ခတ်နေခဲ့သည်။
ကြက်ဥနှစ်လုံးကြော်ပြီးနောက် ရွှီဖန်း မီးထပ်ဖွင့်လိုက်၏။ ကြက်သားအတုံးလေးများကို ဆီပူပူထဲ လောင်းထည့်လိုက်သည်။ မျက်နှာပြင်က ရွှေဝါရောင်ပြောင်းသွားသည်အထိ ကြော်ပြီးနောက် ဆယ်လိုက်၏။ ငရုတ်ကောင်း၊ ကိုကာကိုလာ၊ နာနတ်ပွင့်နှင့် တခြားနံ့သာများကို ထည့်ကာ ရေထည့်လိုက်သည်။
ရေဆူပြီးနောက် ကြက်သားအတုံးလေးများကို ပြန်ထည့်လိုက်၏။ ခဏအကြာမှာတော့ အလားတူ မွှေးကြိုင်သော ကြက်သားပန်းကန်ကြီးတစ်ချပ်က ချက်ပြုတ်ပြီးစီးသွားခဲ့သည်။
ဟင်း သိပ်မများခဲ့ပေ။ အကြောင်းမှာ မနက်စာဖြစ်သောကြောင့်ပင်။ ပန်းကန်ပေါ်ကို တင်ပြီးနောက် ရွှီဖန်းသည် နောက်ထပ် နှံစားပြောင်းဆန်ပြုတ်တစ်အိုးကို ချက်ပြုတ်ခဲ့သည်။
ဆန်ပြုတ်ချက်ပြီးနောက် ရွှီဖန်း အချိန်ကို ကြည့်လိုက်ရာ ညနေ ၆ နာရီ ၃၀ မိနစ် ရှိနေလေပြီ။ စွန်းဖေးဖေးသည် ပင်ပန်းနွမ်းနယ်နေပုံရပြီး မနေ့ကလည်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာကြောင့် သူမက အခုအချိန်ထိ မနိုးသေးပေ။
ရွှီဖန်းလည်း အစာစားပြီးနောက်မှာ ဆိုဖာပေါ်တွင် ထိုင်လျက် သူ့ဖုန်းကို ထုတ်လိုက်သည်။
တစ်ညတာ ကျင့်ကြံပြီးနောက်မှာ သူ၏ကျင့်ကြံမှုက အနည်းငယ် တိုးတက်လာခဲ့သည်ဆိုတာကို သူ ရှင်းလင်းစွာ ခံစားနိုင်ခဲ့၏။ ထို့ကြောင့် ရွှီဖန်းသည် သူ့ကိုယ်သူ ကျင့်ကြံခြင်းနတ်ဆိုးအဖြစ် ပြောင်းလဲရန် လုံးဝ ခွင့်မပြုခဲ့ပေ။ အချိန်တန်လာသည့်အခါ သူကိုယ်တိုင်လည်း အနားယူရန် လိုအပ်သည်။
အလုပ်နှင့် စိတ်အပန်းဖြေခြင်းပေါင်းစပ်မှသာ သိပ္ပံနည်းကျလိမ့်မည်။
ရွှီဖန်း သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်၏။ ဝတ္ထုအနည်းငယ်ဖတ်ခြင်း သို့မဟုတ် အစီအစဉ်တစ်ခုကြည့်ခြင်းမျိုး ပြုလုပ်ချင်သည်။ သို့သော် သူ ဖုန်းမျက်နှာပြင်ကို ဖွင့်လိုက်တာနှင့် သတင်းတစ်ခုက နောက်ခံမှာ အလိုအလျောက် ပေါ်လာခဲ့၏။
"နာမည်ကြီးအနုပညာရှင်စွန်းဖေးဖေးက ချန်ဟိုင်းပြည်နယ်ရဲ့ မုန့်မျိုးစုံဆိုင်တန်းမှာ အံ့အားသင့်စရာလုပ်ခဲ့တယ်! လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်ကို သူမရဲ့ချစ်သူအဖြစ် ကြေညာလိုက်တယ်!"
ဆောင်းပါး၏ခေါင်းစဉ်တစ်ခုလုံးမှာ အာမေဋိတ်များစွာ ပါနေနေခဲ့သည်။ စာရေးသူက ထိုဆောင်းပါးကို ရေးနေစဥ်မှာ ဘယ်လောက်အထိ ထိတ်လန့်နေခဲ့လဲဆိုတာကို မြင်နိုင်၏။
ရွှီဖန်းလည်း ဆောင်းပါးကိုဖွင့်ပြီး စာမျက်နှာအနည်းငယ်ဖတ်လိုက်သည်။ ဆောင်းပါးတွင် အခြေအနေကို အလွန် အကျယ်မချဲ့ထားဘဲ အကြောင်းအရာတစ်ခုလုံးကိုသာ ပြန်ရေးထားခဲ့
၏။ ထို့နောက် ရွှီဖန်းနှင့် စွန်းဖေးဖေးတို့ စားသောက်နေသည့်အချိန်က ဓာတ်ပုံအနည်းငယ်ကိုလည်း သူက ရိုက်ယူခဲ့သည်။
အောက်တွင် မှတ်ချက်များကတော့ ပေါက်ကွဲနေလေပြီ။ အများစုကတော့ ကောလာဟလများ ဖန်တီးရန်အတွက် အဓိပ္ပါယ်မရှိသည့်စကားများ ပြောနေသော စာရေးသူကို ဆူပူနေကြခြင်း ဖြစ်၏။ တချို့ဆိုလျှင် သူ့အိမ်ကို ဓားတစ်ချောင်း ပို့ပေးမည်ဟုတောင် ခြိမ်းခြောက်နေခဲ့ကြသည်။
ရွှီဖန်းလည်း ရယ်ချင်လာခဲ့၏။ စွန်းဖေးဖေး၏ ပရိသတ်အုပ်စုကတော့ တကယ်ကို ရူးသွပ်နေကြတာပင်။
ရွှီဖန်းသည် အွန်လိုင်းကြည့်ပြီးနောက် စွန်းဖေးဖေးကို တစ်ချက်ကြည့်ရန် ပြင်လိုက်တုန်းမှာ အိပ်ခန်းထဲကနေ ခြေသံများ ထွက်လာခဲ့၏။ စွန်းဖေးဖေး နိုးနေပြီနှင့် တူသည်။
စွန်းဖေးဖေးက သူမ၏ခေါင်းလေးကို အိပ်ခန်းထဲကနေ ထုတ်၍ အနံ့ခံနေ၏။ သူမ၏မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
လက်ရှိအချိန်မှာ စွန်းဖေးဖေးသည် သူမ ဘယ်ရောက်နေလဲဆိုတာကို မသိသေးသကဲ့သို့ အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရ၏။ သူမက မွှေးရနံ့ကို အနံ့ခံကာ အိပ်ခန်းထဲကနေ ထွက်လာခဲ့သည်။
"အဒေါ်ဖန် မနက်စာ ဘာလုပ်ထားတာလဲ... အရမ်းမွှေးတာပဲ!"
တစ်ဖန် ရွှီဖန်းသည် ထိုအမျိုးသမီး၏အတွေးကို လိုက်နိုင်စွမ်းမရှိတော့ဘူးဟု ခံစားရတာကြောင့် မေးလိုက်မိ၏။
"အဒေါ်ဖန်က ဘယ်သူလဲ"
စွန်းဖေးဖေးက သူမ၏မျက်လုံးများကို ပွတ်လာသည်။ ရွှီဖန်းကို မြင်သောအခါ သူမက ဝမ်းနည်းစွာဖြင့် ပြောပြလာ၏။
"အဒေါ်ဖန်က ကျွန်မကို ထိန်းခဲ့တဲ့ကလေးထိန်းလေ၊ ကျွန်မရဲ့အမေ ထွက်သွားပြီးနောက် အဒေါ်ဖန်က ကျွန်မကို ပြုစုခဲ့တယ်၊ ကံမကောင်းစွာနဲ့ ကျွန်မ ၁၆ နှစ်ပြည့်ပြီးတော့ အဒေါ်ဖန်ကို စပြီး ထားခဲ့ရတယ်"
စွန်းဖေးဖေးက သူမစကားကို ဆုံးပြီးနောက်မှာ အသက်ပြင်းစွာရှူသွင်း၍ စိတ်လှုပ်ရှားစွာဖြင့် ပြောလာသည်။
"ဒီအကြောင်းတွေ မပြောတော့ဘူး၊ ရွှီဖန်း... ရှင့်မှာ စွမ်းရည်တချို့ရှိနေတာကို ကျွန်မ မသိခဲ့ဘူး"
ရွှီဖန်းမှ ပျော်ရွှင်သောအမူအရာကို မထုတ်ပြရသေးခင်မှာ စွန်းဖေးဖေးသည် သူမ၏လက်သေးသေးလေးများကို ဆုပ်ထားခဲ့ပြီး ပြောလာ၏။
"ကျွန်မ သွားပြီးဆေးကြောလိုက်ဦးမယ်၊ အဒေါ်ဖန်ကို သတိရတဲ့အနေနဲ့ ဒီနေ့ ဗိုက်ပြည့်အောင် စားပစ်မယ်!"
ထမင်းစားပွဲဝိုင်းမှာ စွန်းဖေးဖေးသည် သူမ၏ကတိကို တကယ်ပင် ဖြည့်ဆည်းခဲ့သည်။ သူမက ထမင်းစားပွဲဝိုင်းရှိ အစားအစာများအားလုံးကို ဖယ်ရှားပစ်ခဲ့သည်။
ထမင်းစားပြီးနောက်မှာ ရွှီဖန်းသည် စွန်းဖေးဖေးအတွက် အဝတ်အစားဝယ်ရန် အောက်ထပ်ကို ဆင်းသွားခဲ့၏။ စွန်းဖေးဖေးကလည်း ရွှီဖန်း ဝယ်လာပေးသည့် အဝတ်အစားများကို ဝတ်ခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်စလုံး အောက်ထပ်ကို ဆင်းသွားကာ သူတို့၏ကားဖြင့် မြို့အနောက်ဘက်မှာရှိသော ဟွာချန်းကိုယ်ခံပညာကျောင်းဘက်ကို မောင်းသွားခဲ့၏။
မနေ့က ပွဲတွင် ထိပ်သီးပုဂ္ဂိုလ်များနှင့် ရွှီဖန်း ထိပ်တိုက်ရင်ဆိုင်ခဲ့စဥ်တွင် စွန်းဖေးဖေးက ထိုနေရာမှာ မရှိခဲ့တာကြောင့် သူမက ရွှီဖန်းသွားချင်သည့် တည်နေရာကို မသိခဲ့ပေ။
စွန်းဖေးဖေးသည် ရွှီဖန်းကို ယုံကြည်ရန် အကျင့်ဖြစ်နေပုံရသည်။ သူမ ဘာမှမမေးဘဲ ရွှီဖန်း၏ကားထဲကို ဝင်ခဲ့လေသည်။
ထိုအချိန် စွန်းဖေးဖေးက အဒေါ်ဖန်နှင့် ပတ်သက်ပြီး ရွှီဖန်းနှင့် တက်ကြွစွာ စကားပြောနေခဲ့၏။ အဒေါ်ဖန်က သူမအား ကိုယ်ပိုင်ကလေးကဲ့သို့ အလွန် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာ ဖြစ်နိုင်သည်။ သို့သော် ကံမကောင်းစွာဖြင့် အဒေါ်ဖန်သည် ဖုန်းကို ဘယ်လိုသုံးရမှန်း မသိခဲ့ပေ။ အိမ်မှာ တစ်ခုခု ဖြစ်ခဲ့ပုံရ၏။ စွန်းဖေးဖေးသည် ဒီနှစ်တွေအတွင်းမှာ အဒေါ်ဖန်အကြောင်း မေးရန် အကြိမ်အနည်းငယ် ဖုန်းခေါ်ခဲ့သော်လည်း အမြဲမသိဘူးဟုသာ ပြန်ပြောခဲ့လေသည်။
ရွှီဖန်းက စွန်းဖေးဖေး စကားဆုံးသည်အထိ စောင့်ပြီးမှ ဂရုတစိုက် မေးလိုက်၏။
"ဖေးဖေး မင်း ဒီနေ့သတင်းကို ကြည့်ပြီးပြီလား၊ ကျွန်တော် မေးချင်တာက မင်း ဖျော်ဖြေရေးနယ်ပယ်မှာ ဆက်နေပြီး စူပါစတားတစ်ယောက် ဆက်လုပ်ချင်လား၊ ဒါမှမဟုတ်..."
ရွှီဖန်း၏စကားများကို ကြားသော်လည်း စွန်းဖေးဖေးသည် ပေါ့ပေါ့ပါးပါးဖြင့် စိတ်အေးလက်အေး ရှိနေပုံရသည်။
"ဒီနေ့သတင်းကို ကျွန်မ ကြည့်ဖို့ မလိုပါဘူး၊ ကျွန်မ ရှင့်ရဲ့ဘေးမှာ ရှိနေရမယ်ဆိုတာပဲ သိတယ်၊ နေ့တိုင်း ကျွန်မက ရှင့်ပတ်ပတ်လည်မှာပဲ နေနေရမှာဆိုတော့ ဘယ်လိုလုပ်ပြီး စူပါစတားတစ်ယောက်ဖြစ်ဖို့ အချိန်ရတော့မှာလဲ"
စွန်းဖေးဖေး၏ လွတ်လပ်ကာ အလွယ်တကူရှိနေသောပုံစံကို မြင်မှသာ ရွှီဖန်းလည်း နောက်ဆုံးမှာ စိတ်အေးလက်အေး ရှိသွားခဲ့၏။
စွန်းဖေးဖေးသည် ရွှီဖန်းက သူမနှင့်ပတ်သက်၍ စိုးရိမ်နေမည်ကို ကြောက်တာကြောင့်...
"ကျွန်မကို နာမည်ကြီးအောင် လုပ်ဖို့အတွက် ကျွန်မမိသားစုက စီစဉ်ခဲ့တာ"
စွန်းဖေးဖေးက သက်ပြင်းချလျက် သူမကိုယ်သူမ လှောင်ရယ်လာသည်။
"အဲ့ဒီအချိန်ထိ ကျွန်မမိသားစုက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာကို မသိခဲ့ရဘူး၊ နာမည်ကြီးကျော်ကြားသူဆိုပေမယ့်လည်း မိသားစုနဲ့ စကားပြောပိုင်ခွင့်မရှိဘူး၊ ကျွန်မရဲ့မိသားစုက ကျွန်မကို နာမည်ကြီးတစ်ယောက်ဖြစ်စေချင်တဲ့အကြောင်းရင်းက ကျွန်မ တစ်ခါမှတောင် မတွေ့ဖူးတဲ့ စေ့စပ်သူကို ကျေနပ်စေချင်လို့ပဲ"
"တခါတလေကျတော့ ကျွန်မရဲ့ရွေးချယ်မှုက မှန်လား မှားလားဆိုတာ ကျွန်မ တကယ်မသိဘူး၊ ရွှီဖန်း...တစ်နေ့မှာ ကျွန်မရဲ့မိသားစုက ကျွန်မကို တကယ် ဒီမှာရှာတွေ့ခဲ့ရင် ရှင် တတ်နိုင်သလောက် ဝေးဝေးပြေးတာ ပိုကောင်းလိမ့်မယ်၊ ကျွန်မရဲ့ဘဝမှာ လွတ်လပ်မှုအနည်းငယ်ကို ခံစားခဲ့ရရုံနဲ့ ပျော်မွေ့နိုင်ပါတယ်..."
စွန်းဖေးဖေးက ပြောနေရင်း မျက်လုံးများ နီရဲလာခဲ့၏။ သူမက ရွှီဖန်း၏မျက်လုံးများကို ကြည့်ကာ ထိုစကားလုံးတိုင်းကို အလေးအနက်ထား၍ ပြောခဲ့သည်။
ရွှီဖန်းသည် သူ့လက်ကို ဆန့်ထုတ်ပြီး စွန်းဖေးဖေး၏ လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်၏။ သူ ပေါ့ပါးစွာ လှုပ်ယမ်းကာ ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
"မင်းရဲ့လွတ်လပ်မှုက ဘယ်လောက်ပဲ သေးငယ်ပါစေဦး အဲ့ဒီနောက်ကို လိုက်ဖို့ အကောင်းဆုံးကြိုးစားသင့်တယ်၊ ကျွန်တော်တို့ ဘယ်တုန်းကမှ မမှားခဲ့ဘူး၊ မှားတာက မင်းရဲ့မိသားစုပဲ"
အရှိန်ပြင်းစွာ မောင်းနေသော ပြိုင်ကားထဲမှာ ရွှီဖန်းသည် သူ့ရှေ့ကလမ်းကို အလေးအနက်ထားသော အမူအရာဖြင့် အာရုံစိုက်နေခဲ့၏။
ရွှီဖန်း၏မျက်လုံးထဲမှာတော့ ရိုးရိုးရှင်းရှင်းပြောရလျှင် စွန်းမိသားစုဆိုတာ ဘာမှမဟုတ်ပေ။
စွန်းမိသားစုက ကြီးမားပြီး ရွှီဖန်းကို အလွယ်တကူ ချေမှုန်းနိုင်ရင်တောင်မှ သူ ခြေတစ်လှမ်းမှ ပြန်ဆုတ်ခွာမည် မဟုတ်ပေ။
မင်းကို စိတ်ပျက်အောင် မလုပ်ဘူး...ကျွန်တော် မင်းကို စိတ်ပျက်အောင် လုပ်မှာမဟုတ်ဘူး။
စွန်းဖေးဖေးက လမ်းကိုအာရုံစိုက်နေသော ရွှီဖန်း၏ မျက်နှာတစ်ဖက်ခြမ်းကို ကြည့်နေသည်။ ထိုခဏတာမှာတော့ သူမသည် အတွေးထဲမှာ ပျောက်ဆုံးနေခဲ့၏။
*************************