← Chapters

လျော်ကြေးတစ်သိန်း

Vol. 30 Ch. 440

လျော်ကြေးတစ်သိန်း

Vol. 30 Ch. 440

ပြိုင်ကားသည် မြို့အနောက်ဘက်ကို အရှိန်နှင့် မောင်းနှင်နေပြီး မျက်စိတစ်မှိတ်စာအတွင်းမှာပင် မြို့၏တစ်ဝက်ကျော်ကို ရောက်ရှိနေလေပြီ။

ပြိုင်ကားပေါ်ကနေ ခုန်ဆင်းလိုက်ပြီးနောက် ရွှီဖန်းသည် စွန်းဖေးဖေးအား ဟွာချန်းကိုယ်ခံပညာကျောင်းထဲသို့ ခေါ်သွားရန် ပြင်လိုက်သော်ငြား သူ အနည်းငယ်ကြောင်သွားပြီးနောက် ခြေလှမ်းများကို ရပ်လိုက်ရ၏။

ဝင်ပေါက်သည် ပုံမှန်ထက် ပိုဆူညံနေပြီး အသွင်အပြင်အရ ဘာမှမမှားနိုင်သော်လည်း ဟွာချန်းကိုယ်ခံပညာကျောင်း၏ ဝင်ပေါက်ပတ်ပတ်လည်မှ လူအုပ်စု၏ ကိုယ်ပိုင်လက္ခဏာများအရ အိမ်နီးနားချင်းများရောက်နေတာ ဖြစ်ရမည်။

ရွှီဖန်းလည်း စိတ်ဝင်စားသွားတာကြောင့် သူ စွန်းဖေးဖေးကို ခေါ်သွားကာ လူအုပ်ထဲသို့ တိုးဝင်သွားခဲ့၏။ သူတို့ လူအုပ်၏အရှေ့သို့ ရောက်သောအခါ နောက်ဆုံးမှာတော့ ကျောင်းအဆောက်အအုံထဲရှိ မြင်ကွင်းကို မြင်လိုက်ရသည်။

လက်ရှိအချိန်မှာတော့ လူနှစ်ယောက်သည် ကျိုးဟွာကို မောက်မာစွာဖြင့် လက်ညှိုးထိုးနေပြီး သူတို့နှလုံးသားထဲရှိ မကျေနပ်မှုများကို ဖွင့်ထုတ်နေခဲ့ကြ၏။ မြို့အနောက်ဘက်ရှိ မြေအောက်အဖွဲ့အစည်းများ၏ ခေါင်းဆောင်အနေဖြင့် ကျိုးဟွာသည် အခုလက်ရှိတွင် ဒေါသထွက်နေကာ ရှက်ရွံ့နေသောအမူအရာဖြင့် ကျိုးပင်း၏အနောက်မှာ ရပ်နေခဲ့သည်။

"လူငယ်လေး... မိန်းကလေး၊ ဒါက ကျွန်တော်တို့ရဲ့အမှားပါ၊ ကျောင်းသားတွေ စုဆောင်းတုန်းက ကျွန်တော်တို့တွေ ကိုယ်ခံပညာကျောင်းရဲ့အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မပြောပြခဲ့မိဘူး၊ မင်းတို့ ဒီကိုယ်ခံပညာကျောင်းကို မကျေနပ်ဘူးဆိုရင် ကျွန်တော်တို့တွေအနေနဲ့ သင်တန်းကြေးအားလုံးကို ပြန်ပေးနိုင်ပါတယ်"

ကျိုးဟွာ၏အရှေ့မှာ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ရှိနေခဲ့၏။ အမျိုးသားသည် နေကာမျက်မှန်တပ်ထားပြီး သူ၏တောက်ပနေသော ဆံပင်များကို ဘီးနှင့်ဖီးထားတာကြောင့် အရောင်းဆိုင်ဟောင်းတစ်ခု၏အကြီးအကဲပုံစံ ပေါက်နေခဲ့သည်။ အမျိုးသမီးသည် သားမွေးအင်္ကျီ၊ ဒေါက်မြင့်ဖိနပ်နှင့် မိတ်ကပ်ထူထူကို လိမ်းကျံထား၏။ လက်ရှိအချိန်မှာ သူမသည် ရိုးရိုးရှင်းရှင်းဝတ်စားထားသော ကျိုးဟွာကို မထီမဲ့မြင်ပြုသောအမူအရာဖြင့် မဖုံးကွယ်ထားဘဲ ကြည့်နေလေသည်။ 

"ရှင် ဘယ်သူ့ကို မိန်းကလေးလို့ လာခေါ်နေတာလဲ၊ ဒီရက်ပိုင်း ရှင်ဆိုတဲ့ အဘိုးကြီးက ဘာဖြစ်နေလဲဆိုတာကို ကျွန်မ မသိဘူး၊ ဒါပေမဲ့ ဘတ်စ်ကားထိုင်ခုံယူတော့ကျ ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်နေတဲ့ပုံနဲ့ သနားစရာကောင်းလွန်းတယ်၊ လူတွေကို အနှောင့်အယှက်ပေးဖို့ လုပ်နေတဲ့အခါကျတော့ အားအင်တွေ ပြည့်နေတာပဲနော်၊ အခွင့်အရေးယူတဲ့အခါ ပိုပြီးတော့တောင် တက်ကြွနေသေးတယ်၊ ကျွန်မ ရှင့်ကို ပြောပြမယ်...အဘိုးကြီး ကျွန်မတို့မှာ ပိုက်ဆံမရှားဘူး!"

မျက်မှန်တပ်ထားသောအမျိုးသားက သားမွေးအင်္ကျီဝတ်ထားသည့် အမျိုးသမီးကို လက်ကိုင်ထားပြီး ကျိုးဟွာကိုမူ မထီမဲ့မြင်ပြုစွာ ကြည့်နေလေ၏။ ကျိုးဟွာကဲ့သို့လူမျိုးကို စကားပြောရတာက သူ့အတွက် ရှက်ရွံ့စရာကောင်းနေသလိုမျိုး စိတ်မပါတပါဖြင့် အော်

လိုက်လေသည်။

သားမွေးအင်္ကျီဝတ်ထားသော အမျိုးသမီးသည် သူမ၏လက်ညှိုးကို ဆန့်ထုတ်ကာ ကျိုးပင်းအားမထိန်းနိုင်မသိမ်းနိုင်ဖြင့် လက်ညှိုးထိုးလာ၏။

"ဒီမိန်းမက မနေ့က ကျွန်မတို့နဲ့ လမ်းပေါ်မှာ တွေ့တော့ ဟိုဟိုဒီဒီ ကြွားနေခဲ့တယ်၊ ကျောင်းမှာ ကိရိယာတွေ စုံလင်ပြီး ဒီနယ်ပယ်မှာ ထိပ်တန်းပဲတဲ့၊ အခုပုံစံကတော့ လမ်းမပေါ်က ပလာဇာနဲ့ နည်းနည်းတော့ တူရှာပါတယ်"

အမျိုးသားက သားမွေးအင်္ကျီဝတ်ထားသော မိန်းမကို ပွေ့ဖက်ကာ အထင်သေးစွာ ပြောသည်။

"လီလီ...ဒီနှစ်ရဲ့ဈေးကွက်တွေမှာ လိမ်လည်သူတွေ အရမ်းများလာတယ်လို့ ငါ မင်းကို အရင်က ပြောဖူးပါတယ်၊ သူတောင်းစားကတောင် စတုရန်းပေတစ်ခုလောက် ပိုင်ဆိုင်ပြီး အဝတ်အစားဟောင်းအနည်းငယ်လောက် ငှားရမ်းနိုင်ရုံနဲ့ သိုင်းပညာသင်ကြားပေးတဲ့ ကျောင်းတစ်ခုကို ဖွင့်ဖို့ ကြွေးကြော်ရဲတယ်!"

သားမွေးအင်္ကျီဝတ်ထားသော အမျိုးသမီးသည် မျက်မှန်နှင့်လူ၏လက်ထဲမှာ နူးညံ့သိမ်မွေ့နေခဲ့၏။ ကျိုးဟွာ၏အရှေ့မှာမူ သူမသည် စုန်းမတစ်ယောက်ကဲ့သို့ သွားများကို ဖြဲကာ လက်သည်းများကို ဝေ့ ယမ်းနေခဲ့သည်။ 

"ကျွန်မ ရှင်ကို အမှန်အတိုင်း ပြောပြမယ်...အဘိုးကြီး၊ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့အရာက ကျွန်မတို့ကို ပိုက်ဆံပြန်ပေးတာလောက် မရိုးရှင်းဘူးနော်! ကျွန်မ အစ်ကိုဟွားရဲ့အချိန်က တစ်မိနစ်ကို ဘယ်လောက်ကုန်ကျနေလဲဆိုတာ ရှင် သိရဲ့လား၊ ဒီလောက်အထိ အချိန်ဖြုန်းနေရင် ရှင် ကျွန်မတို့ကို လျော်ကြေးကြီးကြီး ပေးရလိမ့်မယ်!"

ထိုအချိန်မှာ မျက်မှန်တပ်ထားသော အမျိုးသားက မကျေနပ်သည့် အမူအရာကို ထုတ်ဖော်ခဲ့ပြီး သားမွေးအင်္ကျီဝတ်ထားသော အမျိုးသမီးကို အေးစက်စွာဖြင့် ပြောလေ၏။

"လီလီ ငါတို့တွေက ပိုက်ဆံရှားတဲ့လူတွေလား"

သားမွေးအင်္ကျီဝတ်ထားသည့် အမျိုးသမီးသည် ဘေးကလူများ၏ စိုက်ကြည့်ခံရမှုကို လျစ်လျူရှု၍ မျက်မှန်တပ်ထားသော အမျိုးသားကို ပွေ့ဖက်ကာ ယိမ်းထိုးနေခဲ့သည်။

"အစ်ကိုဟွား ဒီလူလိမ်က ကျွန်မတို့ကို လှည့်စားခဲ့တာ၊ ကျွန်မ ဒေါသမထွက်ဘဲ မနေနိုင်ဘူး! ကျွန်မတို့တွေအနေနဲ့ လူလိမ်တွေကို အပြစ်ပေးပြီးရင် ပိုက်ဆံတွေကိုလည်း မီးရှို့ပစ်ရမယ်၊ အစ်ကိုကျန်းကို တခြားညီအစ်ကိုတွေရဲ့ရှေ့မှာ မျက်နှာမပျက်စေရဘူး"

ထိုစကားကိုကြားတော့ မျက်မှန်တပ်ထားသူ၏ အမူအရာက အနည်းငယ် လျော့ပါးသွားခဲ့၏။ သူသည် အခုထိ ထိတ်လန့်မှုကနေ မသက်သာသေးသော ကျိုးဟွာကို ငုံ့ကြည့်ကာ မေးခွန်းထုတ်စရာမလိုဘဲ ပြောလိုက်သည်။

"ဒါဆိုလည်း ဒီနေ့ လီလီကို မျက်နှာသာပေးလိုက်မယ်၊ မင်းတို့ တစ်သိန်းပဲ ပေးလိုက်ပါ"

သူတို့နှစ်ယောက်စလုံးသည် ကျိုးဟွာကို ကြားဖြတ်ပြောရန် အခွင့်အရေးမပေးခဲ့ပေ။ သူတို့ စကားပြောပြီးနောက်မှာ လေယူလေသိမ်းတစ်ခုဖြင့် နေရာမှာ ရပ်နေသော ကျိုးဟွာကို အေးစက်စွာကြည့်လာ၏။ သူတို့၏နှုတ်ခမ်းထောင့်များက လှောင်ပြောင်မှုတစ်ခုအဖြစ် ကွေးညွတ်သွားခဲ့သည်။

ကျိုးဟွာကို မပြောနှင့် ပုံမှန်ဆို ဥာဏ်ကောင်းသည့် ကျိုးပင်း တောင် ကြောင်အနေခဲ့၏။ သူတို့ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများအားလုံးက သူတို့၏အိမ်နီးချင်းအဘိုးကြီး ကျိုးဟွာကို တားရန် ကြိုးစားနေကြသည်။

"အဘိုးကျိုး သူတို့ကို ပေးလိုက်ပါ၊ ကြည့်ရတာ သူတို့က လွယ်လွယ်ကူကူ နှောင့်ယှက်လို့ရတဲ့သူတွေ မဟုတ်ဘူး၊ သူတို့ တကယ်ပဲ တခြားလူတွေကို ခေါ်လာ

ခဲ့ရင်..."

"ဟုတ်တယ် အဘိုးကျိုး၊ ကျွန်တော်တို့ တတ်နိုင်သလောက် ပေးခဲ့ရင်တောင် ဒါက နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့အမှား ဖြစ်နေလို့ပဲလေ"

"လူတိုင်းပဲ အားပင်းကို အပြစ်မတင်ကြပါနဲ့၊ သိုင်းကျောင်းအတွက် ကျောင်းသားတွေ စုဆောင်းဖို့ သူလည်းပဲ ကောင်းမွန်တဲ့စိတ်ကို ပြသခဲ့တာပါ"

သူတို့သည် တစ်ချိန်တည်းမှာပင် စကားပြောနေကြပြီး စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။ လူတိုင်းက ထိုယောက်ျားနှင့် မိန်းမ၏ ပုံစံကြောင့် ကြောက်ရွံ့နေခဲ့ကြ၏။ သူတို့အားလုံးသည် အဘိုးကျိုးကို ပိုက်ဆံသုံး၍ ငြိမ်းချမ်းရေးကို ဝယ်ရန် အကြံပေးနေခဲ့ကြသည်။

လူအကန့်အသတ်ကလွဲ၍ အိမ်နီးချင်းများသည် ကျိုးဟွာက မြို့အနောက်ဘက်အခြမ်း၏ ဘုရင်ဖြစ်လာသည်ဆိုတာကို မသိခဲ့ကြပေ။ လက်ရှိအချိန် ကျိုးဟွာက အခက်အခဲထဲ ကျရောက်နေတာကို မြင်သည့်အခါ သူတို့အားလုံး သူ့ကို ဝိုင်းအကြံပေးနေကြ၏။

အခြေအနေ၏အလယ်မှာ ကျိုးဟွာလည်း နောက်ဆုံးမှာ သတိပြန်ဝင်လာသော်ငြား တစ်ဖန် သံသယဖြစ်မိပြန်သည်။ ကျိုးဟွာသည် မျက်မှန်တပ်ထားသူ ပြောသော ရာနှင့်ချီသည့် ညီအစ်ကိုများကို စိတ်ထဲမထားသော်လည်း လက်ရှိကိစ္စက တကယ်ပင် သူ့အမှားဖြစ်နေ၏။

ကျိုးပင်းက ဒီရက်ပိုင်းမှာ ကိုယ်ခံပညာကျောင်းကို ကြော်ငြာရန် လမ်းများပေါ်ဆီ ကိုယ်တိုင် သွားခဲ့သည်။ သူမသည် ကျောင်းအတွက် ကျောင်းသားသစ်များ စုဆောင်းရန် များစွာကြိုးစားခဲ့၏။ နောက်ဆုံးမှာ သူမအနေနှင့် ကျောင်းသားသစ်အနည်းငယ်ရအောင် လုပ်နိုင်ခဲ့သော်လည်း ဒီနေ့မှာတော့ ဒီလိုဒုက္ခမျိုးနှင့် တွေ့ကြုံခဲ့ရသည်။

ခဏတာ တွေဝေပြီးနောက် ကျိုးဟွာသည် စိတ်ဓာတ်ကျနေသော သူ့မြေးမလေးကို ကြည့်

ကာ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့၏။ သူတို့၏ အခြေအနေများကို သဘောတူ၍ ဒီကိစ္စကို ပိုက်ဆံနှင့် ဖြေရှင်းရန် ပြင်လိုက်တုန်းမှာ ရင်းနှီးသော ရယ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

အခုလို တင်းမာနေသည့် အခြေအနေမျိုးမှာ လူတိုင်းသည် ဤဘေးအန္တရာယ်အတွက် စိုးရိမ်နေကြ၏။ ထိုစဥ် ရုတ်တရက် ရယ်မောသံတစ်ခုက ပေါ်လာခဲ့သည်။

လူအုပ်ထဲတွင် ရပ်နေသော ရွှီဖန်းနှင့် စွန်းဖေးဖေးတို့သည် အချိန်အကြာကြီးကတည်းက ကြည့်နေခဲ့တာ ဖြစ်၏။ စွန်းဖေးဖေးနှင့် ကျိုးပင်းတို့၏ အခြေအနေက တူခဲ့သည်။ တစ်ယောက်က ဖျော်ဖြေရေးနယ်ပယ်မှာဖြစ်ပြီး နောက်တစ်ယောက်က ကျောင်းဝင်းထဲမှာဖြစ်၏။ သူတို့သည် လူ့အဖွဲ့အစည်း၏ နိမ့်ကျသောအဆင့်များနှင့် ဘယ်တုန်းကမှ မထိတွေ့ခဲ့ဖူးပေ။ လက်ရှိအချိန်မှာ သူတို့နှစ်ယောက်စလုံးသည် ထိုယောက်ျားနှင့် မိန်းမ၏ အခြေအနေကြောင့် ကြောက်လန့်နေကြပြီး သူတို့၏စကားများကိုသာ နားထောင်နေခဲ့ကြသည်။

သို့သော်ငြား စွန်းဖေးဖေးသည် ကျိုးဟွာနှင့် ကျိုးပင်းတို့က လိမ်လည်သူ မဟုတ်ဘူးဆိုတာကို ပြောနိုင်လေ၏။ သူတို့က ဒီလောက်ရိုးသားပုံပေါက်ရာ ဘယ်လိုလုပ် လူလိမ်တွေ ဖြစ်နိုင်မည်နည်း။

စွန်းဖေးဖေးက လူ့အဖွဲ့အစည်း၏ မတရားမှုနှင့် ပတ်သက်၍ မတတ်နိုင်ဘဲ သက်ပြင်းချမိသည်။ ရိုးသားသူများကို ချမ်းသာသူများကသာ အနိုင်ကျင့်နိုင်ပေ၏။ 

ရွှီဖန်းလည်း ကျယ်လောင်စွာ မရယ်ဘဲ မနေနိုင်ခဲ့ချေ။ ပထမဆုံးအနေဖြင့် ထိုယောက်ျားနှင့် မိန်းမက ချမ်းသာသည်ဖြစ်စေ၊ မချမ်းသာသည်ဖြစ်စေ သူ မပြောသေးပေ။ ကျိုးဟွာက တခြားလူများ၏ အနိုင်ကျင့်မှုကိုသာ ခံနိုင်သူတစ်ဦးလား။ 

မြေအောက်အဖွဲ့အစည်းတစ်ခုလုံးမှာ လူပေါင်း သောင်းချီ မရှိရင်တောင် ညီအစ်ကို ၇ ထောင်ကနေ ၈ ထောင်လောက်တော့ ရှိသင့်သည် မဟုတ်ပါလော။

ကျိုးဟွာက မြို့အနောက်ဘက်ခြမ်းရှိ မြေအောက်အဖွဲ့အစည်းများ၏ ဘုရင်ပင်။

သို့သော်လည်း ကျိုးဟွာသည် ဒီနေ့မှာ တကယ်ကို သနားစရာကောင်းနေခဲ့၏။ စွန်းဖေးဖေး၏ ထိုညည်းတွားသံနှင့် ပေါင်းလိုက်တော့ ရွှီဖန်းမှာ ကျယ်လောင်စွာ မရယ်ဘဲ မနေနိုင်ခဲ့ချေ။

သို့သော်ငြား စွန်းဖေးဖေးက အမှန်တရားတစ်ခုကိုတော့ ပြောခဲ့ခြင်းပင်။ ရိုးသားသူများက တကယ်ပင် အနိုင်ကျင့်ရလွယ်သည်။ သူတို့က ဘုရင်များဖြစ်နေရင်တောင် ရိုးအနေသ၍ သာမန်လူနှစ်ယောက်၏ ခေါင်းပေါ် တက်စီးတာကို ခံရနိုင်၏။

လူတိုင်း၏အကြည့်များက သူမဆီ ရောက်နေရတာကို မြင်တော့ စွန်းဖေးဖေးသည် ရွှီဖန်း၏ အနောက်မှာ မသိစိတ်ကနေ အလိုလို ပုန်းအောင်းနေမိသည်။ သို့သော်လည်း ရွှီဖန်းသည် အလျင်မလိုဘဲ မျက်နှာပေါ်မှာ လှောင်ပြောင်မှုတစ်ခုနှင့်အတူ လျှောက်သွားခဲ့၏။

***********************

All Chapters