← Chapters

ယွမ်နှစ်သိန်းက အရမ်းနည်းတယ်

Vol. 30 Ch. 442

ယွမ်နှစ်သိန်းက အရမ်းနည်းတယ်

Vol. 30 Ch. 442

"နှစ်သိန်း"

သားမွေးဝတ်အမျိုးသမီး၏ စကားကိုကြားတော့ ခန်းမထဲရှိ လူတိုင်းက အေးစက်သောလေကို ရှူသွင်းလိုက်မိကြသည်။

သူတို့အတွက်တော့ တစ်သိန်းကတောင် အလွန်ကြီးမားသည့် ပမာဏဖြစ်နေလေပြီ။ သူတို့ အားလုံးပေါင်းလိုက်လျှင် ကျိုးဟွာအတွက် တစ်သိန်းလောက် စိုက်ထားပေးနိုင်သော်လည်း နှစ်သိန်းဆိုလျှင်တော့ လုံးဝမတတ်နိုင်တော့ပေ။

ထို့ကြောင့် လူအုပ်ကြီးသည် ရွှီဖန်းကို သနားလည်းသနား၊ ဒေါသလည်းထွက်နေသည့် မျက်လုံးများဖြင့် ကြည့်မိကြ၏။

သူတို့က မင်းကို အခွင့်အရေးပေးခဲ့တာ...မင်းက လက်မခံချင်တော့ အခု နှစ်ဆတိုးပေးရတော့မယ်...နောက်ပြီး အကြီးအကဲကျိုးကပါ နောင်မှာ အဖမ်းခံရနိုင်သေးတယ်။

အိမ်နီးနားချင်းများသည် ကျိုးဟွာ၏ စိတ်နေစိတ်ထားကို အလွန်သိသည်။ ဒီကိစ္စက သူ့မြေးမလေးကြောင့် ဖြစ်ခဲ့တာဆိုတော့ ကျိုးဟွာက သူ့ငွေများကို ထုတ်၍ နစ်နာကြေးပေးမည်မှာ အသေအချာပင်။

ရှုပ်ထွေးနေသော အကြည့်များအောက်မှာ ရွှီဖန်းက ညင်သာစွာ ပြုံးလျက် ပြောလာ၏။

"နှစ်သိန်းက မလုံလောက်သေးဘူး၊ မင်းတို့ ငါ့အကြောင်းကို မသိကြသေးဘူးထင်တယ်၊ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးကို ငါ တည်ထောင်ခဲ့တာ၊ အဲ့ဒီကုမ္ပဏီအပြင် တခြားစီးပွားရေးလုပ်ငန်းတွေနဲ့ အထောက်အထားတွေအများကြီးလည်း ရှိသေးတယ်၊ ငါ့မှာ အများကြီးမရှိပေမယ့်လည်း ဘီလီယံနဲ့ချီပြီးတော့ ပေးနိုင်ပါတယ်"

ထိုသို့ပြောရင်း ရွှီဖန်း၏ အကြည့်က အနည်းငယ် လေးနက်လာကာ သားမွေးဝတ်အမျိုးသမီးကို ကြည့်လာသည်။

"ဒီလိုကောင်းမွန်တဲ့အခွင့်အရေးမှာ မင်း ငါ့ကို နှစ်သိန်းပဲ တောင်းတာက အရမ်းနှမြောစရာကောင်းလွန်းတယ် မဟုတ်ဘူးလား"

ရွှီဖန်း၏ ရေခဲကဲ့သို့ အေးစက်နေသော အမူအရာကို ကြည့်၍ သားမွေးဝတ်အမျိုးသမီးသည် အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားခဲ့၏။ သူမက နောက်ပြန်ဆုတ်မိသွားပြီး မျက်မှန်သမား၏ လက်မောင်းထဲသို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော်လည်း သူမ နောက်မဆုတ်ခဲ့ပေ။ သူမ၏ လက်ချောင်းထိပ်မှ မျက်မှန်သမား၏ အပူချိန်ကို ခံစားမိရာ သူမ ထပ်ပြီးတော့ မထီမဲ့မြင်ပြုသော ပုံစံကို ပြန်ပြောင်းလိုက်ပြီး ရွှီဖန်းကို လှောင်ပြောင်လိုက်၏။ 

"ဘီလီယံတဲ့လား၊ ရှင် ဒီနေ့ တစ်သန်းထုတ်ပြနိုင်ရင် ကျွန်မ ရှင့်ရဲ့မျိုးရိုးနာမည်ကို ယူလိုက်မယ်၊ ဒါပေမယ့် ရှင် တစ်သန်းမပေးနိုင်ဘူးဆိုရင်တော့ အစ်ကိုဟွားက ရှင့်ကို ပေးဆပ်ခိုင်းလိမ့်မယ်"

မျက်မှန်သမား၏ အမူအရာကလည်း အေးစက်နေသည်။ ရွှီဖန်း၏ တည်ငြိမ်သောပုံစံကို မြင်ခဲ့စဥ်က မျက်မှန်သမားသည် တကယ်တမ်းမှာ နောက်ဆုတ်ရန် ပြင်ခဲ့သော်လည်း ရွှီဖန်း၏ စကားများကို ကြားလိုက်ရသောအခါ မျက်မှန်သမားက လုံးဝစိတ်အေးသွားခဲ့၏။

သူက ဘယ်လိုကြွားရမှန်း မသိဘူးပဲ!

သားမွေးဝတ်အမျိုးသမီးမှ စကားပြောပြီးသည်နှင့် မျက်မှန်သမားက အရှေ့ကိုထွက်လာပြီး ပြောသည်။

"မင်းမှာ အချိန်ဆယ်မိနစ်ပဲ ရှိတယ်၊ ဆယ်မိနစ်အတွင်းမှာ ငွေတစ်သန်းကို မမြင်ရဘူးဆိုရင်တော့ မင်း အကျိုးဆက်တွေကို ခံစားရလိမ့်မယ်"

မျက်မှန်သမားသည် ရွှီဖန်းက ဆယ်မိနစ်အတွင်းမှာ ငွေတစ်သန်းထုတ်နိုင်လိမ့်မည်ကို သဘာဝကျစွာပင် မယုံကြည်ပေ။ ထိုစကားများက ရွှီဖန်းကို အနိုင်ယူရန် သက်သက်သာ ဖြစ်၏။

ရွှီဖန်းကသာ စိတ်လှုပ်ရှားပြီး အပြေးအလွှားဖြစ်နေခဲ့လျှင် ကျန်သောအရာများက အလွန်ရိုးရှင်းသွားလိမ့်မည်။

သို့သော် ရွှီဖန်းက ထိတ်လန့်သောပုံစံမျိုးကို တစ်စက်မှ မပြခဲ့သည့်အတွက် မျက်မှန်သမားမှာ အနည်းငယ်တော့ စိတ်ပျက်မိသည်။ ထိုအစား သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ထပ်ရောက်နေခဲ့၏။

ရွှီဖန်းက အေးအေးဆေးဆေးပင် သူ့အိတ်ကပ်ထဲသို့ လက်ထည့်ကာ ဖုန်းကို ထုတ်နေသည်။ ထို့နောက် သူ ဘဏ်နံပါတ်ကို ခေါ်လိုက်၏။

ရွှီဖန်း၏ပုံစံကိုမြင်တော့ မျက်မှန်သမားနှင့် သားမွေးဝတ်အမျိုးသမီးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တစ်ယောက်မျက်လုံးစီ၌ တစ်ယောက်၏ ထိတ်လန့်မှုကို မြင်လိုက်ရသည်။

ဒီလူငယ်လေးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

သီချင်းသံတစ်ခု ဆူညံသွားပြီးနောက် ဖုန်းထဲကနေ အလွန်ချိုမြိန်သော မိန်းကလေးအသံတစ်ခု ထွက်လာလေ၏။

"ဟယ်လို...ကျွန်မက တရုတ်စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်ရဲ့ သုံးစွဲသူ

ဝန်ဆောင်မှု ၁၀၀၇ ဖြစ်ပါတယ်ရှင့်၊ လူကြီးမင်းကို ဝန်ဆောင်မှုပေးရတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်ရှင့်၊ ဘာလေးများကူညီပေးရမလဲရှင့်"

ရွှီဖန်းသည် သူ့ဖုန်းကို ကိုင်ထားပြီး အေးဆေးတည်ငြိမ်စွာဖြင့်...

"ကျွန်တော့်ဘဏ်အကောင့်ထဲက လက်ကျန်ငွေကို စစ်ပေးပါဦး"

ဖုန်းတစ်ဖက်က တိတ်ဆိတ်သွားလေသည်။ 

ဖုန်းတစ်ဖက်က တိတ်ဆိတ်သွားတာနှင့် အခန်းထဲရှိ လေထုက အကြောင်းပြချက်မရှိဘဲ တင်းမာလာခဲ့၏။ အိမ်နီးနားချင်းများအားလုံးသည် မျက်လုံးပြူးမျက်ဆံပြူးဖြင့် ပါးစပ်ထဲမှ တံတွေးများကို အသံမကြားအောင် မြိုချရင်း ဖုန်းပြောလာမည့် အသံကို စောင့်နေကြသည်။

အစပိုင်းမှာ ထိတ်လန့်ခဲ့ကြသော်လည်း အခုအချိန်မှာတော့ မျက်မှန်သမားနှင့် သားမွေးဝတ်အမျိုးသမီးတို့က တည်ငြိမ်သွားလေပြီ။

ဖုန်းက ဘာတုံ့ပြန်မှုမှ မရှိတာကို မြင်သည့်အခါ သားမွေးဝတ်အမျိုးသမီးက လှောင်ပြောင်လာသည်။

"ရှင်က နာမည်ကိုလည်း မပြော၊ အသေးစိတ်အချက်အလက်တွေလည်း မပြောဘဲ ဘဏ်ကို ရှင်ရဲ့ အကောင့်လက်ကျန်ငွေကို စစ်ခိုင်းနေတယ်လား၊ အဲ့ဒီဘဏ်ကို ရှင် ဖွင့်ထားတယ်လို့များ ထင်နေလား၊ တကယ်ဆိုရင် ရှင်က မိမိုက်နေတဲ့ပုံစံကိုတောင် ဖြစ်ဖြစ်မြောက်မြောက် ဟန်မဆောင်တတ်ဘူးပဲ"

သားမွေးဝတ်အမျိုးသမီး၏ စကားများက ခန်းမထဲရှိ လူတိုင်းကို သံသယဝင်သွားစေ၏။ သူတို့၏ ရွှီဖန်းကို ကြည့်နေသော အကြည့်များက သနားစိတ်ကို ပြန်ရောက်သွားကြသည်။

ဒါဆို ဒီလူငယ်လေးက အဲ့ဒီအကွက်နဲ့ လူတွေ ကြောက်လန့်အောင် လုပ်ချင်နေတာကိုး။

သို့သော် သားမွေးဝတ်အမျိုးသမီး၏ စကားအနည်းငယ်နှင့်တင် လူငယ်လေး၏ ဟန်ဆောင်မှုများ ပေါ်ကုန်လေပြီ။ ဒီကိစ္စက ကောင်းကောင်းမွန်မွန်ပြီးတော့မှာမဟုတ်ပေ။

အိမ်နီးနားချင်းများသည် သူတို့၏ အသံများနှင့် တိတ်ဆိတ်မှုကို ချိုးဖျက်တော့မည့် အချိန်မှာပင် ဖုန်းတစ်ဖက်မှ အနည်းငယ်တုန်ယင်နေသော အသံက တိတ်ဆိတ်မှုကို အရင်ချိုးဖျက်လာ၏။

"ဟယ်လို ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးဖြစ်တဲ့ မစ္စတာရွှီပါလား၊ ကျွန်မတို့ဘဏ်မှာ ရှင့်ရဲ့ အကောင့်လက်ကျန်ငွေက တစ်ဘီလီယံနဲ့ ရှစ်ရာ့ကိုးဆယ့်ငါးသန်း ရှိပါတယ်ရှင့်၊ တောင်းပန်ပါတယ်ရှင်...ဒီနေ့က ကျွန်မရဲ့ပထမဆုံးအလုပ်ဆင်းတဲ့ရက်မို့လို့ မစ္စတာရွှီရဲ့ဖုန်းနံပါတ်ကို ပထမဆုံးအကြိမ်မှာ မမှတ်မိခဲ့လို့ပါရှင့်"

ဘဏ်မှ သုံးစွဲသူဝန်ဆောင်မှုဌာန၏ လေးလေးစားစားပြောဆိုနေသော လေသံက အော်ဟစ်ဆူညံနေသင့်သည့် အခန်းထဲကို တိတ်ဆိတ်ငြိမ်သက်သည့် လေထုဖြင့် ပြည့်သွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် အခန်းထဲရှိ အသံများက တစ်ဖန် တိတ်ဆိတ်သွားပြန်၏။

ဂလု!

လူအချို့ကတော့ သူတို့၏ တံတွေးများကို အသည်းအသန်မျိုချနေခဲ့ကြသည်။

တစ်ဘီလီယံ!

ထိုအရာက ဘဏ်အကောင့်တစ်ခုထဲရှိ လက်ကျန်ငွေသက်သက်သာ ဖြစ်၏။

သူတို့၏အမြင်မှာဆိုလျှင် ယွမ်သိန်းဂဏန်းအနည်းငယ်ကတောင် သူတို့အတွက် အလွန်များပြားနေလေပြီ။ ထိုအရာများကို ရှာဖွေရန်အတွက် သူတို့၏ ဘဝတစ်ခုလုံးကို သုံးစွဲရန် လိုအပ်လိမ့်မည်။ သို့သော် ဒီလူငယ်လေးက အသက်ဘယ်လောက်မှ မရှိသေးပေ။ သူ့ထံ၌ ဒီလောက်ကြီးမားသော ကံကြမ္မာကြီး ရှိနေပြီလော။

ထိုအချိန်မှာ ရွှီဖန်းက ဖုန်းကို ပေါ့ပေါ့ပါးပါး ချလိုက်သည်။ သူ သားမွေးဝတ်အမျိုးသမီးကို ပြုံးပြကာ...

"နှစ်သိန်းက တကယ်ကို အရမ်းနည်းလွန်းတယ်၊ ပြောပါဦး...ငါ ပြောတာမှန်တယ်မဟုတ်လား"

ဂလု!

မျက်မှန်သမားသည် တံတွေးကို မျိုချလိုက်ရကာ သူ့မျက်လုံးများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေလေ၏။

သို့သော်ငြား သားမွေးဝတ်အမျိုးသမီးသည် သွားများကို ကြိတ်ကာ အရင်ကအတိုင်းပင် မထီမဲ့မြင်ပြုသော လေသံဖြင့်...

"ရှင်က အင်တာနက်ပေါ်ကနေ အသံသွင်းထားတဲ့ဟာကို ဒေါင်းလုဒ်ဆွဲပြီး သက်သက်ကြီး အယောင်ဆောင်နေတာလို့ ကျွန်မထင်တယ်၊ ရှင့်လိုလူမျိုးမှာ ဘယ်လိုလုပ်ပြီး ဘီလီယံနဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေ ရှိနိုင်မှာလဲ၊ ရှင် ဒီနေ့ တစ်သန်းမထုတ်ပေးနိုင်ရင် ကျွန်မတို့ရဲ့အစ်ကိုဟွားက..."

သားမွေးဝတ်အမျိုးသမီး၏ စကားမဆုံးခင်မှာပင် ရွှီဖန်းသည် နောက်ပြန်လှည့်၍ စွန်းဖေးဖေးကို လက်ပြလိုက်သည်။

စွန်းဖေးဖေးကို သူ့လက်မောင်းထဲမှာ ဆွဲဖက်ထားရင်း ရွှီဖန်းသည် သားမွေးဝတ်အမျိုးသမီးအား သူငယ်ချင်းဟောင်းနှင့် တွေ့ဆုံရသကဲ့သို့ ပြုံးကာ မိတ်ဆက်ပေးလိုက်၏။

"ဪ ဟုတ်သား​ပဲ၊ သူက ငါ့ရဲ့ရည်းစား စွန်းဖေးဖေး"

နာမည်ကြီးစွန်းဖေးဖေး၏ ပုံပန်းသဏ္ဍာန်ကို လူတိုင်း သိကြသည်။ စွန်းဖေးဖေးက ဒီတစ်ခါမှာ နေကာဦးထုပ်တစ်ခုကို ယူလာခဲ့၏။ ထို့ကြောင့်သာ သူမ လူအုပ်ထဲမှာ ရပ်နေခဲ့ပြီး တိတ်ဆိတ်နေခဲ့ခြင်းပင်။ အခုလိုကိစ္စ ဖြစ်နေသည့်အတွက်ကြောင့်လည်း နာမည်ကြီးအနုပညာရှင်တစ်ယောက် လူအုပ်ထဲ ဝင်လာတာကို ဘယ်သူကမှ သတိမထားမိခဲ့ကြပေ။

အခု ရွှီဖန်းက ပြောလိုက်သည်နှင့် စွန်းဖေးဖေးသည် သူမ၏နေကာဦးထုပ်ကို ချွတ်ကာ အနည်းငယ်နီမြန်းနေသောမျက်နှာဖြင့် ရွှီဖန်း၏ လက်မောင်းကို 

ဖက်လာသည်။ ရွှီဖန်း၏ဘေးမှာ ရပ်နေသောအခါမှသာ ခေါင်းငုံ့ကာ နေကာဦးထုပ်ဆောင်းထားခဲ့သည့် မိန်းကလေးသည် ဒဏ္ဍာရီလာစူပါစတားစွန်းဖေးဖေးဖြစ်နေတာကို အများက သတိထားမိသွားကြ၏။

စိတ်လှုပ်ရှားနေသော လူအုပ်နှင့် မတူဘဲ မျက်မှန်သမားနှင့် သားမွေးဝတ်အမျိုးသမီးတို့သည် စူပါစတားစွန်းဖေးဖေးကို မျှော်လင့်ချက်မဲ့သွားသော မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။

ဖြောင်း!

မျက်မှန်သမားက သားမွေးဝတ်အမျိုးသမီး၏ မျက်နှာကို ကျယ်လောင်စွာ ရိုက်လိုက်လေ၏။ သူက ခေါင်းကို ငုံ့ကာ...

"ရွှီ... မစ္စတာရွှီ၊ ကျွန်တော် မှားပါတယ်၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ပါဘူး၊ ကျွန်တော့်အမျိုးသမီးက အရမ်းခေါင်းမာပြီး စိတ်ဆန္ဒတွေ များသွားရာကနေ မစ္စတာရွှီရဲ့ သူငယ်ချင်းတွေကို တကယ် စော်ကားမိသွားပါတယ်၊ မစ္စတာရွှီ စိတ်မပူပါနဲ့၊ ကျွန်တော် ပြန်ရောက်တဲ့အခါ ဒီမိန်းမကို သင်ခန်းစာ ပေးလိုက်ပါမယ်"

ရွှီဖန်းသည် ဖျော်ဖြေနေကြတုန်းဖြစ်သော ထိုနှစ်ယောက်ကို ကြည့်လိုက်၏။ ထိုအချိန် သူ့ပါးစပ်ကနေ စကားလုံးနှစ်လုံး ထွက်လာသည်။

 "ဒူးထောက်"

**********************

All Chapters