← Chapters

လူအုပ်ကြီး၏ကောင်းမွန်သောမျက်လုံးများ

Vol. 30 Ch. 443

လူအုပ်ကြီး၏ကောင်းမွန်သောမျက်လုံးများ

Vol. 30 Ch. 443

သူတို့နှစ်ယောက်စလုံး အားကုန်ထုတ်၍ ဟန်ဆောင်နေကြသော်လည်း ရွှီဖန်းက ဘာအပိုစကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူ "ဒူးထောက်" ဟူသော စကားလုံးနှစ်လုံးကိုသာ အေးစက်စက် ပြောခဲ့သည်။ 

သူ့အသံက ကျယ်လောင်နေတာ မဟုတ်သော်လည်း သေချာမှုအပြည့်ရှိနေ၏။

လက်ရှိအချိန်မှာ သားမွေးဝတ်အမျိုးသမီးကတော့  သူမမျက်နှာကို ဖုံးအုပ်ကာ လုံးဝတိတ်ဆိတ်နေခဲ့သည်။ မျက်မှန်သမား၏မျက်နှာကတော့ မှုန်မှိုင်းကာ ဒေါသထွက်နေနေသော ပုံစံရှိ၏။

ရွှီဖန်း၏အမိန့်ကို ကြားတော့ မျက်မှန်သမား၏ မျက်နှာက တင်းမာသွားပြီး ပြောလာသည်။

"မစ္စတာရွှီ မှားနေပါပြီ၊ ကျွန်တော်တို့တွေက မစ္စတာရွှီကို အသိအမှတ်ပြုပြီးသားပါ၊ ဒီကိစ္စရဲ့ အမှားအမှန်ကို လူတိုင်းက သိကြတယ်၊ ကျွန်တော်တို့တွေက မစ္စတာရွှီကို အသိအမှတ်ပြုပြီး မျက်နှာသာပေးပေမယ့် မစ္စတာရွှီရဲ့စကားတွေကတော့ ကျွန်တော်တို့ကို ဘာမျက်နှာသာမှ မပေးပါလား"

မျက်မှန်သမားက နောက်လှည့်ပြီး လူအုပ်ကြီးကို ကြည့်လိုက်လေ၏။ ထို့နောက် သူ့လက်သီးကို 

ဆုပ်ထားကာ အော်ပြောလေသည်။

"အားလုံးပဲ ခင်ဗျားတို့အားလုံးက ဒီအဖြစ်အပျက်တွေကို အစအဆုံးမြင်ခဲ့ပါတယ်၊ လူအများကြီးရဲ့ရှေ့မှာ ရွှီဖန်းက ကျွန်တော့်ကို ဒူးထောက်အောင် လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် မယုံဘူး"

ပထမဦးစွာ မျက်မှန်သမားသည် ရွှီဖန်းကို စကားလုံးများနှင့် ချုပ်ကိုင်ရန် ကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ လူထုကို လှုံ့ဆော်ခဲ့၏။

လက်ရှိအချိန်မှာတော့ သားမွေးဝတ်အမျိုးသမီးကလည်း မာနကြီးသောပုံစံ မရှိတော့ဘဲ ပြောလာသည်။

"ဒါက တကယ်တော့ ကျွန်မရဲ့အမှားပါ၊ နားလည်မှုလွဲတာတွေ ရှိခဲ့နိုင်ပါတယ်...ဒါပေမဲ့ ကျွန်မလည်း အဲဒီအချိန်က ဒေါသထွက်နေခဲ့တာ၊ အခုတော့ ဒီလူက ကျွန်မကို ဒူးထောက်ခိုင်းရုံသာမက အပြစ်မရှိတဲ့ အစ်ကိုဟွားကိုပါ ဒူးထောက်ခိုင်းချင်နေတယ်၊ လူတိုင်းပဲ ပြောကြပါဦး... ဥပဒေဆိုတာ ရှိသေးရဲ့လား"

သူမ၏စကားများအရ ရွှီဖန်းက သူ့အင်အားကို အသုံးပြုကာ တခြားသူများကို နှိပ်စက်သည့် မကောင်းမှုအမျိုးမျိုးကို လုပ်သော လူဆိုးတစ်ယောက် ဖြစ်သွားခဲ့၏။

လူအုပ်ကြီး၏မျက်လုံးများက ရှင်းလင်းလေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက ရွှီဖန်းဘက်ကို လှည့်ပြီး ဖျောင်းဖျကြ၏။

"မစ္စတာရွှီ ဒါက နားလည်မှုလွဲတာပါ၊ ဒါတွေအားလုံးက နားလည်မှုလွဲတာပါ"

"ခုနက သူတို့ဘက်ကနေလည်း လွန်လွန်ကဲကဲအပြုအမူတွေ ဘာမှ မလုပ်ခဲ့ပါဘူး"

"မစ္စတာရွှီ အသေးအဖွဲကိစ္စဆိုမှတော့ အသေးအဖွဲပဲပေါ့၊ စိတ်မတိုပါနဲ့"

ရွှီဖန်းကို ဖျောင်းဖျပြီးနောက်မှာ လူတိုင်းသည် သားမွေးဝတ်အမျိုးသမီးကိုလည်း ပြန်ပြီး အပြစ်တင်ကြလေသည်။ 

"ညီမလေး နင်လည်း ခုနက အရမ်းစိတ်မြန်လက်မြန် လုပ်ခဲ့တယ်၊ နောက်ဆိုရင် ဘာမဆို နှစ်ခါစဉ်းစားပြီးမှ လုပ်ရမယ်"

"ဟုတ်တယ်၊ မင်းတို့နှစ်ယောက်စလုံးကတော့လေ ဒီကိစ္စက စကားနဲ့ ဖြေရှင်းလို့မရတဲ့ကိစ္စမှ မဟုတ်တာ"

သားမွေးဝတ်အမျိုးသမီးသည် မာနထောင်လွှားကာ အထက်စီးက မဟုတ်တော့ပေ။ သူမက သူမ၏အမှားကို သဘောပေါက်သွားသည့်ပုံဖြင့် လူအုပ်ကြီး၏ ဝေဖန်မှုအောက်မှာ သနားစရာကောင်းသော ပုံစံဖြင့် ခေါင်းညိတ်ပြလေ၏။

"အဲ့ဒီအချိန်တုန်းက ကျွန်မ အရမ်းကို စိတ်မြန်လက်မြန် လုပ်မိခဲ့တယ်၊ အခု ပြန်တွေးကြည့်ရင် တကယ်ပဲ နောင်တရမိပါတယ်၊ ကျွန်မ မှားသွားပါတယ်"

သားမွေးဝတ်အမျိုးသမီးက ကလေးမလေးတစ်ယောက်ကဲ့သို့ ပြုမူနေတာကို မြင်သည့်အခါ လူအုပ်ကြီးကလည်း သူမကို ဆက်ပြီး ဆူပူရန် စိတ်မပါတော့ပေ။ ထို့ကြောင့် သူတို့က ရွှီဖန်းကို ထပ်၍ ဖျောင်းဖျကြပြန်သည်။

ရွှီဖန်းက လှောင်ရယ်နေသော်လည်း သူ့စိတ်ထဲမှာတော့ တကယ်ပင် ဒေါသထွက်နေခဲ့၏။

ဒီနှစ်ယောက်သာ ခုနက သူတို့၏အမှားများကို ဝန်ခံခဲ့လျှင် ရွှီဖန်းသည် သူတို့ကို အနည်းငယ်သာ ဆူပူ၍ အရာအားလုံးကို ပြီးဆုံးစေမှာ ဖြစ်သည်။ 

သို့သော် အခုတော့ သူတို့နှစ်ယောက်စလုံးသည် သူတို့၏အမှားများကို ခေါင်းငုံ့လျက် ဝန်ခံနေပုံရသော်လည်း သူတို့က လူအုပ်ကြီးကို လှုံ့ဆော်ကာ လူအုပ်ကြီး၏ အင်အားကို ငှားရမ်း၍ လွတ်မြောက်ရန် ကြိုးစားနေခဲ့၏။

ထိုအရာက ရွှီဖန်းကို ဒေါသထွက်စေသည်။

ရွှီဖန်းကို ပိုပြီးဒေါသထွက်စေသောအရာမှာ ဤစေတနာကောင်းသည့် လူအုပ်ကြီးအား သူတို့နှစ်

ယောက်က အကြိမ်ကြိမ်အသုံးပြုနေတာကြောင့်ပင်။

အေးစက်စက် လှောင်ပြောင်လိုက်ရင်း ရွှီဖန်းသည် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးဘက်သို့ လှည့်ကာ ...

"ကျွန်တော်အနေနဲ့ သူတို့ကို ဒူးထောက်အောင် လုပ်ဖို့ ခက်တယ်လို့ ခင်ဗျားတို့ ထင်နေတာလား၊ သူတို့တွေ ခုနက အကြီးအကဲကျိုးကို ယွမ်တစ်သိန်း နစ်နာကြေးပေးခိုင်းတုန်းက သူတို့အတွက် ခက်ခဲလိမ့်မယ်လို့ ခင်ဗျားတို့ ဘာလို့ မခံစားပေးခဲ့ကြတာလဲ"

"ကျွန်တော်က ကျွန်တော့်ရဲ့ခွန်အားကို အသုံးပြုပြီး တခြားသူတွေကို နှိပ်စက်တယ်လို့ ခင်ဗျားတို့ ထင်နေတာလား၊ ခုနတုန်းကလည်း သူတို့က ပိုက်ဆံဆုံးရှုံးသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြီးအကဲကျိုးနဲ့ အားပင်းတို့ကို အမှားဝန်ခံခိုင်းပြီး ယွမ်နှစ်သိန်း နစ်နာကြေးပေးဖို့ တောင်းဆိုခဲ့တယ်၊ အဲ့ဒီတုန်းကကျ သူတို့တွေက ကျွန်တော်တို့ကို နှိပ်စက်နေတယ်လို့ ခင်ဗျားတို့ ဘာလို့ မခံစားခဲ့ကြတာလဲ"

"ကျွန်တော်သာ ဒီနေ့ ဒီမှာ မရှိခဲ့ဘူးဆိုရင် ခင်ဗျားတို့ ဘာဖြစ်သွားနိုင်လဲဆိုတာကိုရော တွေးကြည့်ဖူးလား၊ အကယ်၍ ခင်ဗျားတို့က အကြီးအကဲကျိုးရဲ့ နေရာမှာ ဖြစ်နေရင်ရော"

ရွှီဖန်း၏ပါးစပ်ကနေ မေးခွန်းသုံးခု ထွက်လာပြီးနောက် လူအုပ်ကြီးအား စကားမပြောနိုင်အောင် 

လုပ်နိုင်ခဲ့လေသည်။

ရွှီဖန်းသည် အေးစက်စွာ လှောင်ပြောင်လျက်...

"စာနာထောက်ထားတတ်တာ ကောင်းပါတယ်၊ ဒါပေမယ့် ကောင်းမွန်တဲ့မျက်လုံးတစ်စုံ မရှိဘဲ တခြားသူတွေဆီကနေ အသုံးချခံရပြီးနောက်ပိုင်း မသိမသာနဲ့ သူတို့လို အပေါင်းအပါတွေ ဖြစ်သွားနိုင်တယ်၊ ဒီလိုမျိုးစာနာထောက်ထားမှုက နည်းနည်းတော့ တုံးအတယ်မဟုတ်လား"

ထိုစကားများက ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးအား ချက်ချင်းဆိုသလိုပင် အမျက်ဒေါသများ ပေါက်ကွဲသွားစေခဲ့၏။

ရွှီဖန်း၏စကားများကို လူတိုင်းကြားပြီးနောက် အနည်းငယ်နားလည်ကြသော်လည်း သူ၏ ပွင့်

ပွင့်လင်းလင်းနှင့် ရက်ရက်စက်စက် ပြောဆိုသော လေသံကိုတော့ မခံနိုင်ကြပေ။

ချက်ချင်းပင် ကျိုးဟွာနှင့် အသက်တူလောက်မည့် အမျိုးသားတစ်ယောက်က ထရပ်လာပြီး ရွှီဖန်းကို ပြောလာသည်။

"ငါတို့အားလုံးက အိမ်နီးနားချင်းတွေဖြစ်ပြီး ငါတို့အားလုံးက ကြင်နာတတ်ကြတယ်၊ ခုနကလည်း ငါတို့အားလုံးက အစ်ကိုကျိုးအတွက် ပိုက်ဆံစုဖို့ ပြင်ဆင်နေခဲ့ကြတာ၊ ဒါပေမယ့် မင်းက ဘယ်လိုလုပ်ပြီး ဒီလိုပြောနိုင်ရတာလဲ"

ကျောက်တုံးတစ်တုံးက လှိုင်းလုံးတစ်ထောင်ကို ဖြစ်စေသကဲ့သို့ လူတိုင်းက ရွှီဖန်းကို စတင်ဝေဖန်လာကြ၏။ ရွှီဖန်း၏ဂုဏ်ပုဒ်ကြောင့် အလွန်အကျွံ မလုပ်ရဲ

ကြသော်လည်း သူတို့၏ပြောပုံဆိုပုံထဲတွင် မတိုင်ခင်ကလို လေးစားမှု မရှိတော့ပေ။

ကျိုးဟွာကတော့ ရှေ့မတိုးသာ၊ နောက်မဆုတ်နိုင်ဖြစ်နေရကာ အလယ်မှာ ရပ်နေလေသည်။ တစ်ဖက်မှာတော့ ဆယ်စုနှစ်ကြာ အတူနေလာခဲ့သော အိမ်နီးနားချင်းများရှိပြီး နောက်တစ်ဖက်မှာတော့ ရွှီဖန်း ရှိနေခဲ့၏။

ဘယ်သူမှားလဲ..ဘယ်သူမှ မမှားပေ။

ကျိုးပင်းကတော့ ပိုပြီးရိုးရှင်းသည်။ သူမ ရွှီဖန်းနှင့် မတည့်ဘဲ အမြဲတမ်း တကျက်ကျက်ဖြစ်နေခဲ့သော်ငြား အခုအချိန်မှာတော့ ရွှီဖန်းဘက်ကနေ ခိုင်ခိုင်မာမာ 

ရပ်တည်ပြီး မကျေနပ်မှုအပြည့်ဖြင့် လူတိုင်းကို ကြည့်နေခဲ့၏။

မျက်မှန်သမားနှင့် သားမွေးဝတ်အမျိုးသမီးတို့သည် လူအုပ်ကြီးကြားမှာ တိတ်တဆိတ် ရပ်နေခဲ့ပြီး ရွှီဖန်းအား မာနကြီးသောပုံစံဖြင့် ကြည့်နေခဲ့ကြသည်။

ဆူညံနေသော လူအုပ်ကြီးအား ရင်ဆိုင်ရင်း ရွှီဖန်း၏ မျက်နှာပေါ်တွင် လှောင်ပြောင်သောပုံစံရှိနေခဲ့၏။ 

"ခင်ဗျားတို့ရဲ့ပုံစံအရ ကျွန်တော့်အမြင်ကို သဘောမတူကြဘူးထင်တယ်၊ ဒါဆို ကျွန်တော်လည်း ဆိုလိုရင်းကို ပြောပြရတော့မှာပေါ့"

ပုံမှန်ဆိုလျှင်တော့ ရွှီဖန်းသည် အကြီးအကဲကျိုးနှင့် သူ့ဆက်ဆံရေးကို ထောက်ထားပြီး ဟာသလုပ်ကာ ဤအဖြစ်အပျက်ကို အဆုံးသတ်လိုက်မည်ပင်။

သို့သော် ဒီနေ့မှာတော့ ရွှီဖန်းက အနည်းငယ် ဒေါသထွက်နေခဲ့၏။

"ခင်ဗျားတို့ရဲ့ ကြင်နာတဲ့ရည်ရွယ်ချက်ကို ကျွန်တော် ဘယ်တော့မှ သံသယမဝင်ခဲ့ဘူး၊ ဒါပေမယ့် ခင်ဗျားတို့ရဲ့လုပ်ရပ်တွေက အကြီးအကဲကျိုးကို အကျပ်အတည်းထဲ ကျရောက်စေတယ်"

"သေချာစဉ်းစားကြည့်လိုက်... ခင်ဗျားတို့အားလုံးက ဒီနေရာက ဆူညံသံကိုကြားပြီး ရောက်လာခဲ့ကြတာမလား"

"ပြီးတော့ ဒီနှစ်ယောက်ရဲ့စကားတွေကို ကြားပြီး ပထမဆုံးစဥ်းစားမိတာက အကြီးအကဲကျိုးကို ဖျောင်းဖျဖို့ပဲမလား"

"ခင်ဗျားတို့တွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အခွင့်အရေးရော ပေးဖူးကြရဲ့လား၊ အမှန်တရားက ခင်ဗျားတို့ ထင်ထားသလို တကယ်ပဲဟုတ်ပါ့မလား"

"ခင်ဗျားတို့သာ လုံလုံလောက်လောက် တည်ငြိမ်နေခဲ့ရင် အကြီးအကဲကျိုးကလည်း ဒီကိစ္စကို အေးအေးဆေးဆေး ဖြေရှင်းနိုင်မှာပဲ၊ ဒါပေမယ့် ခင်ဗျားတို့ရောက်လာကတည်းက တစ်ယောက်က တစ်ယောက်ရဲ့လက်နက် ဖြစ်သွားပြီး အခြေအနေကို ပိုပြီးကြီးထွားလာအောင် လုပ်ခဲ့ကြတယ်၊ အဲ့ဒါကြောင့် အကြီးအကဲကျိုးကလည်း အကျပ်အတည်းထဲ ကျ ရောက်ခဲ့ရတယ်"

ရွှီဖန်းသည် ထိုသို့ပြောရင်း ပတ်ဝန်းကျင်ကို ကြည့်ကာ ဒေါသတကြီးဖြင့် ပြုံးလိုက်သည်။

"အခုတော့ ကျွန်တော်က ဒီလူလိမ်နှစ်ယောက်ကို နှိမ်နင်းဖို့ အရှေ့ကိုထွက်လာခဲ့တယ်၊ ဒါပေမယ့် လူလိမ်နှစ်ဦးက စကားနည်းနည်းလောက် ပြောလိုက်ရုံနဲ့ ခင်ဗျားတို့ကို လှုံ့ဆော်နိုင်ခဲ့ပြီး ဒီလူလိမ်နှစ်ဦးအတွက် ခွင့်လွှတ်ပေးဖို့ ခင်ဗျားတို့က ကျွန်တော့်ဆီမှာ တောင်းပန်နေခဲ့ကြတယ်၊ ကိုယ့်ဘာသာကိုယ် စဥ်းစားပြီး ပြောကြည့်ပါဦး...ကျွန်တော် ပြောခဲ့သမျှမှာ မှားယွင်းနေတာရှိလား"

ရွှီဖန်း၏စကားများက ခွန်အားအပြည့်ရှိနေခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် နက်ရှိုင်းသော အတွေးထဲသို့ ကျရောက်သွားခဲ့ကြ၏။ လွန်ခဲ့သည့် တစ်မိနစ်က ပျော်ရွှင်နေခဲ့သော သားမွေးဝတ်အမျိုးသမီးနှင့် မျက်မှန်သမားတို့သည် ရွှီဖန်း၏ 'လူလိမ်' ဟူသော စကားကို ကြားလိုက်ရသည့်အခါ အလွန်ကြောက်လန့်သွားကြသည်။

"မစ္စတာရွှီ၊ ခင်ဗျားပြောပုံအရ ဒီနှစ်ယောက်က လူလိမ်တွေလား"

********************

All Chapters