← Chapters

တိုက်ခိုက်ခြင်းမရှိဘဲ အပြန်အလှန် ရင်းနှီးမှု

Vol. 30 Ch. 444

တိုက်ခိုက်ခြင်းမရှိဘဲ အပြန်အလှန် ရင်းနှီးမှု

Vol. 30 Ch. 444

တကယ်တော့ အိမ်နီးနားချင်းများက လူဆိုးများ မဟုတ်ကြပေ။ သူတို့က မျက်မှန်သမားနှင့် သားမွေးဝတ်အမျိုးသမီးတို့၏ သွေးထိုးလှုံ့ဆော်မှုအောက်မှာ ကောင်းမွန်သည့် အလုပ်များကို လုပ်ခဲ့ကြခြင်းပင်။

ရွှီဖန်း၏စကားများကို ကြားပြီးနောက် လူတိုင်းက နောက်ဆုံးမှာတော့ သူတို့၏အသိစိတ်များ ပြန်ဝင်လာကြသည်။

တစ်ကယ်ပင် သူတို့က ကျိုးဟွာဘက်မှ ဆူညံသံကို ကြား၍ အမြန်ရောက်လာကြခြင်းပင်။ ထိုနှစ်ယောက်မှ သူတို့၏ဂုဏ်ပုဒ်များကို ဖော်ပြလာသောအခါ သူတို့၏မောက်မာစိတ်ကြောင့် လူတိုင်းကလည်း သူတို့၏ ဂုဏ်ပုဒ်များကို အလွယ်တကူ ယုံကြည်ခဲ့ကြ၏။

ဆယ်စုနှစ်ကြာ အိမ်နီးနားချင်းအဖြစ် နေထိုင်လာခဲ့ကြသော အကြီးအကဲကျိုးတစ်ယောက် ဒုက္ခရောက်နေတာကို မြင်သည့်အခါ သူတို့ ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မည်နည်း။

ထို့ကြောင့်ပင် ဒီလိုနှင့် လူအုပ်ကြီးကလည်း အကြီးအကဲကျိုးကို အကျပ်အတည်းထဲသို့ တွန်းပို့

မိသွားကြသည်။ နောက်ဆုံးမှာတော့ ထိုနှစ်ယောက်၏ ဟန်ဆောင်မှုများကြောင့် သူတို့ လှည့်စားခံခဲ့ရပြီး သူတို့၏ စာနာစိတ်များက လျှံကျလာသည်နှင့်အမျှ ရွှီဖန်းဆီကနေ မေတ္တာရပ်ခံခဲ့ကြ၏။

ကိစ္စ၏အဓိကအချက်ကို ရှာဖွေတွေ့ရှိပြီးနောက်မှာ လူတိုင်းသည် ရှက်ရွံ့မှုအနည်းငယ်ကို ခံစားခဲ့ကြရသည်။ ရွှီဖန်းကို အစောပိုင်းက မေးခွန်းထုတ်ခဲ့သော လူအိုကြီးလည်း အခုတော့ မျက်နှာတစ်ခုလုံး ထိတ်လန့်နေရှာ၏။ သူက မျက်မှန်သမားနှင့် သားမွေးဝတ်

အမျိုးသမီးကို လက်ညှိုးထိုးကာ ရွှီဖန်းကို မေးလေသည်။

"မစ္စတာရွှီ  ဒီလူနှစ်ယောက်က လူလိမ်တွေလို့ ပြောလိုက်တာလား"

လူအိုကြီးတင်မကပေ၊ ပတ်ဝန်းကျင်ရှိ လူတိုင်းက မျက်မှန်သမားကို ကြည့်နေခဲ့ကြ၏။ သူတို့၏ မျက်လုံးထဲမှာ သံသယများ ရှိနေလေပြီ။

ဒီမတိုင်ခင်မှာ ထိုနှစ်ယောက်က လူလိမ်များဟု သူတို့ တစ်ခါမှ မတွေးခဲ့ဖူးကြပေ။ အကြောင်းမှာ သူတို့၏ ဟန်ဆောင်မှုက အလွန်ကို သဘာဝကျနေသောကြောင့်ပင်။ အထူးသဖြင့် မျက်မှန်သမားမှ ထိုနေရာ၌ ရပ်နေသောအခါတွင် ဖြစ်သည်။ သူ၏ အေးစက်ကာ စိတ်ဓာတ်ပြင်းထန်သောပုံစံက တကယ်ပင် ယုံကြည်စရာ ကောင်းလွန်း၏။

ရွှီဖန်းက ပြန်မဖြေခဲ့ပေ။ ထိုအစား သူ ခပ်ပေါ့ပေါ့ပင် ခေါင်းလှည့်ကာ မျက်မှန်သမား၏ဘေးမှာ ရပ်နေသော သားမွေးဝတ်အမျိုးသမီးကို ကြည့်လိုက်သည်။

ထိုအချိန်မှာ သားမွေးဝတ်အမျိုးသမီးက အမြန်ရှေ့တိုးလာပြီး ရှင်းပြလာ၏။

"အားလုံးပဲ သူ့စကားတွေကို မယုံကြပါနဲ့၊ ရွှီနာမည်ရလူ...ရှင့်မှာ သတ္တိရှိရင် လူအုပ်ကြီးကို မလှုံ့ဆော်နဲ့၊ ဒီလိုလှည့်ကွက်မျိုးက တကယ်ကို ယုတ်မာတယ်"

လူလိမ်တစ်ယောက်က...သူတို့၏ လူလိမ်အဖြစ်ဂုဏ်ပုဒ်ကို ဝန်ခံလိုက်ပြီဆိုတာနှင့် သူတို့ကို ဘယ်လိုကံကြမ္မာမျိုးက စောင့်ကြိုနေမည်နည်း။

ရဲစခန်းသွားရမလား။ ထိုအရာက နောက်ဆုံးအရာပင်။ ပထမဦးစွာ ကောင်းကောင်းမရိုက်နှက်ဘဲ သစ်ပင်ပေါ်မှာ မချိတ်ဆွဲခံခဲ့ရလျှင် လူတိုင်း၏ စိတ်ထဲမှ အမျက်ဒေါသကို ဘယ်လိုလုပ်ပြီး ငြိမ်းသတ်နိုင်မည်နည်း။ 

လက်ရှိအချိန်မှာ သားမွေးဝတ်အမျိုးသမီးသည် ဘာမဆိုလုပ်ရန် မတုံ့ဆိုင်းတော့ဘဲ ရွှီဖန်းကို ပြန်တိုက်ခိုက်ကာ လူအုပ်ကို လှုံ့ဆော်မှုဖြင့် စွပ်စွဲခဲ့၏။

ရွှီဖန်း၏မျက်နှာပေါ်၌ အေးစက်သောအပြုံးတစ်ခုသာ ရှိနေခဲ့သည်။ ပတ်ဝန်းကျင်ရှိ လူများကတော့ မျက်မှန်သမားကို ကြည့်နေကြ၏။ သားမွေးဝတ်အမျိုးသမီး၏ အကြည့်များက ပို၍ မဖော်မရွေ ဖြစ်လာသည်။

အရေးပါသောပုဂ္ဂိုလ်များကို ရင်ဆိုင်နေရသည့်အခါ သူတို့ကို လက်နက်များနှင့် ဓားများ ပေးထားရင်တောင်မှ တစ်ခုခု လုပ်ရန် သတ္တိရှိကြမည် မဟုတ်ပေ။ သို့သော် လူလိမ်ဆိုသည့်အရာနှင့် ရင်ဆိုင်သည့်အခါမှာတော့ သူတို့ ဘယ်လိုလုပ်ပြီး နောက်ဆုတ်နေနိုင်မည်နည်း။

ထိုအချိန်မှာ မျက်မှန်သမားက တစ်ဖန်ထရပ်လာသည်။ သူ့လက်များကို ကျောနောက်မှာ ထားရင်း အေးစက်စက် ပြုံးကာ ပြောလာ၏။

"မင်းက ငါ့ကို လူလိမ်လို့ ပြောလိုက်တာလား၊ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ၊ ရွှီဖန်း၊ ပိုက်ဆံကိစ္စမှာ ငါ မင်းလောက် မချမ်းသာဘူးဆိုပေမယ့် မြေအောက်လောကမှာတော့ ငါက မင်းကို အကြိမ်တစ်ရာလောက် အနိုင်ယူနိုင်တယ်"

ထိုသို့ပြောရင်း မျက်မှန်သမားသည် လူတိုင်းကို အေးစက်သောအကြည့်ဖြင့် ကြည့်ကာ...

"ငါတို့ အတူတူ လောင်းကြေးတစ်ခုလောက် လုပ်ကြမလား၊ ငါ ဒီနေ့ဖုန်းခေါ်လိုက်ပြီး ညီအစ်ကိုရာနဲ့ချီ ခေါ်ခဲ့ရင် ဒီနေရာမှာ ရှိတဲ့လူတိုင်းက လက်တစ်ဖက်စီ ဆုံးရှုံးရလိမ့်မယ်၊ မင်း ဒီလောင်းကြေးကို လုပ်ချင်လား"

မျက်မှန်သမား၏စကားများက ခြိမ်းခြောက်မှုအပြည့်ပင်။ ဆူညံနေသော လူအုပ်ကြီးက ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်သွားလေ၏။

လက်တစ်ဖက်။ သူတို့အနေနှင့် ထိုကဲ့သို့ အန္တရာယ်မျိုးကို မယူရဲကြပေ။

ဘီလီယံနှင့်ချီကာ ချမ်းသာသော ရွှီဖန်းပင် ဖြစ်စေ၊ ညီအစ်ကိုရာနှင့်ချီရှိသော မျက်မှန်သမားပင် ဖြစ်သေ၊ သူတို့သည် ထိုအရေးပါသောပုဂ္ဂိုလ်နှစ်ဦးကြားမှ ပဋိပက္ခထဲ ပါဝင်ဖို့ သတ္တိမရှိကြပေ။

မျက်မှန်သမားက လူလိမ်ပုံပေါက်သော်လည်း သူတို့က အန္တရာယ်ကို မယူရဲကြသေးပေ။

သူတို့အနေနှင့် မယုံကြည်တာထက် ယုံကြည်လိုက်တာက ပိုကောင်းသည်။ သူတို့သာ အမှားတစ်ခုခု လုပ်မိသွားလျှင် သာမန်လူများအနေဖြင့် သူတို့ ကျေမွသွားကြလိမ့်မည်။

လူတိုင်း၏ ကြောက်လန့်နေသော ပုံစံများကို မြင်သည့်အခါ သူ့နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော ပုံစံတစ်ခု ပေါ်လာခဲ့၏။ သို့သော် ရွှီဖန်းကို ကြည့်နေသော သူ့အကြည့်များက ပိုပိုပြီး အေးစက်လာခဲ့သည်။

"မစ္စတာရွှီ ငါတို့ရဲ့ဂုဏ်ပုဒ်နဲ့ဆိုရင် တိုက်ခိုက်မှုတစ်ခုက ငါတို့နှစ်ယောက်စလုံးကို အကျိုးမရှိစေဘူး၊ ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စက တကယ်တော့ ငါတို့ရဲ့အမှားပါ၊ မစ္စတာရွှီကို စော်ကားမိလို့ တောင်းပန်ပါတယ်"

ထိုသို့ပြောပြီးနောက် သူတို့နှစ်ယောက်စလုံး ရွှီဖန်းကို ဦးညွှတ်လိုက်ကြ၏။ သို့သော် မျက်မှန်သမားဆီမှ ထွက်လာသောမာနပုံစံက တစ်စက်မှ မလျော့သွားပေ။ထိုအချိန် သူက ရွှီဖန်းကို လှောင်ပြောင်လာပြီး...

"ပြောနေကြတဲ့စကားအတိုင်းပဲ၊ မတိုက်ခိုက်ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် မသိနိုင်ဘူး၊ ပိုက်ဆံ၊ အမျိုးသမီးတွေကို မစ္စတာရွှီ စိတ်ကြိုက် တောင်းဆိုလို့ရတယ်၊ သုံးရက်အတွင်းမှာ ကျွန်တော်ကိုယ်တိုင် မစ္စတာရွှီရဲ့အိမ်ကို ပို့ဆောင်ပေးပါမယ်၊ မစ္စတာရွှီ...ဘယ်လိုလဲ"

သူ့ပုံစံမှာ တည်ငြိမ်ပြီး ယုံကြည်မှုရှိနေ၏။

မျက်မှန်သမားက ပြောပြီးနောက်မှာ ရွှီဖန်းအား အေးဆေးတည်ငြိမ်စွာ ကြည့်လာလေသည်။ သူလုပ်သော လှုပ်ရှားမှုတိုင်းက မြင့်မြတ်သော သိမ်မွေ့မှုကို ဖော်ပြနေ၏။

ထိုအချိန် ရွှီဖန်းက ပြုံးလိုက်သည်။ သူ့ညာဘက်လက်ကို မြှောက်ကာ မျက်မှန်သမား၏မျက်နှာကို ရိုက်ချလိုက်၏။

"မင်း!" 

မျက်မှန်သမားသည် သူ၏နီရဲကာ ရောင်ကိုင်းလာသော ပါးကို အုပ်ထားကာ မယုံကြည်နိုင်စွာဖြင့် ရွှီဖန်းကို ကြည့်နေခဲ့သည်။

ရွှီဖန်းက ရုတ်တရက်ကြီး ဒီလိုထလုပ်လိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့ကြပေ။  အထူးသဖြင့် မျက်မှန်သမားမှ ခြေတစ်လှမ်းနောက်ဆုတ်၍ အင်မတန်ရက်ရောသော အခြေအနေများကို ပေးခဲ့သည့် အချိန်မှာမှပင်။ 

"ရှင် အစ်ကိုဟွားကို တိုက်ခိုက်ဖို့ သတ္တိရှိရဲတာလား!အစ်ကိုဟွား အဆင်ပြေရဲ့လား!"

သားမွေးဝတ်အမျိုးသမီးသည် လဲကျသွားသော မျက်မှန်သမား၏ ခန္ဓာကိုယ်ကို ထူပေးလိုက်၏။

မူလအတိုင်းသာဆိုလျှင် သားမွေးဝတ်အမျိုးသမီးသည် ရွှီဖန်းပေါ်သို့ ခုန်တက်ကာ ကုတ်ခြစ်မည်ဖြစ်သည်။ သို့သော်ငြား ရွှီဖန်း၏ အေးစက်သော အကြည့်ကို မြင်ပြီးနောက် သားမွေးဝတ်အမျိုးသမီးသည် ချက်ချင်းဆိုသလိုပင် သူမ၏စိတ်ကို ပြောင်းလဲ

ကာ မျက်မှန်သမားကို ထူပေးရန်အပြေးသွားခဲ့၏။

"ထွက်သွားစမ်း! မင်း! ငါ့ကို ရိုက်ဖို့ သတ္တိရှိနေတယ်ပေါ့!"

ထိုအချိန် မျက်မှန်သမားက သားမွေးဝတ်အမျိုးသမီးကို တွန်းထုတ်၍ မယုံကြည်နိုင်စွာဖြင့် ရွှီဖန်းကို ကြည့်လာသည်။

ရွှီဖန်းကတော့ ထိုစကားကို တုံ့ပြန်သည့်အနေဖြင့် သူ့လက်ကို မြှောက်ကာ မျက်မှန်သမား၏ ထိတ်လန့်တကြား မျက်လုံးများရှေ့မှာ မျက်မှန်သမား၏ မျက်နှာတစ်ဖက်ကို ထပ်ရိုက်လိုက်၏။

ထိုအချိန်မှာတော့ ရွှီဖန်း၏မျက်နှာက ပြေလျော့နေလေပြီ။

"မင်းပဲ ငါတို့က တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်ဘဲနဲ့ မသိနိုင်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား၊ ဒီနေ့တော့ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ပိုသိအောင် လုပ်ကြစို့"

ထိုသို့ပြောပြီးနောက် ရွှီဖန်းသည် မြေကြီးပေါ် လဲကျနေသော မျက်မှန်သမားဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့၏။ သူ့မျက်လုံးများက အေးစက်မှုများဖြင့် ပြည့်နေခဲ့သည်။

သားမွေးဝတ်အမျိုးသမီးသည် သူမတို့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာနေသော ရွှီဖန်းကို 

ကြည့်ကာ တုန်ယင်လာပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်ငြား မျက်မှန်သမား၏ ပါးရိုက်ခြင်းကို ခံလိုက်ရ၏။

"ထွက်သွားစမ်း! သောက်ရမ်းကြည့်ရဆိုးချက်!"

သားမွေးဝတ်အမျိုးသမီးကို ရိုက်ပြီးနောက် မျက်မှန်သမားသည် ရူးနေသလို မျက်နှာထားဖြင့် ရွှီဖန်းကို ကြည့်လာသည်။

"မင်း ငါ့ကို ရိုက်ရဲတယ်လား၊ ကောင်းပြီ...ကောင်းတယ်! စိတ်ဝင်စားစရာပဲ!"

မျက်မှန်သမားသည် လူအုပ်ကြီးအား ယိုင်နဲ့နဲ့ ကြည့်ကာ...

"ဒီနေ့ ဒီပါးရိုက်ချက်အတွက် လူတိုင်းက တန်ဖိုးပေးဆပ်ရလိမ့်မယ်၊ သူ ငါ့ကို နှစ်ချက်ရိုက်တယ်၊ ငါ့ရဲ့ညီအစ်ကိုတွေက မင်းတို့ရဲ့လက်နှစ်ဖက်စလုံးကို ဖြတ်ပစ်လိမ့်မယ်၊ သူ ငါ့ကို ထပ်ထိရဲရင်..."

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် လူလိမ်များအတွက် အသုံးအများဆုံးဖြစ်သည့် အင်အားအကြီးမားဆုံး လက်နက်တစ်ခု ဖြစ်လာသည်။

မျက်မှန်သမား၏ ခြိမ်းခြောက်မှုကို ကြားသောအခါ လူတိုင်းက ထိတ်လန့်သွားကြ၏။ သူတို့က မျက်မှန်သမားကို ခွင့်လွှတ်ပေးရန် တောင်းပန်လာသည့်အပြင် ရွှီဖန်းကိုပါ ဆက်မတိုက်ခိုက်ရန် အကြံပေးလာကြသည်။

မျက်မှန်သမားသည် သူ့အရှေ့မှာ ရပ်နေသော ရွှီဖန်းကို ကြည့်ကာ ခြိမ်းခြောက်လေ၏။

"မင်းက ဘီလီယံချီပြီး ချမ်းသာတာနဲ့ပဲ ငါက အထင်ကြီးစရာလား၊ ငါ မင်းကို ပြောပြမယ်၊ တကယ့်ခွန်အားနဲ့ ရင်ဆိုင်ရတဲ့အခါ မင်းရဲ့ရယ်စရာကောင်းလွန်းတဲ့ အသားတင်တန်ဖိုးက ထိုးချက်တစ်ချက်စာတောင် တန်ဖိုးမရှိဘူး၊ ဝမ်ဖေးကို မင်းသိလား"

ချန်ဟိုင်းပြည်နယ်၊ ဒုတိယအကြီးအကဲ၏နာမည်သည် သူ၏ အဆင့်အတန်းမြင့်မားမှုကြောင့် 

နာမည်ကြီးလေသည်။

ထိုအချိန်မှာ မျက်မှန်သမားက ရွှီဖန်းကို ကြည့်၍ ရယ်လာ၏။

"ချန်ဟိုင်းပြည်နယ်ရဲ့ဒုတိယမျိုးဆက်သခင်လေး ဝမ်ဖေးက ငါ့ညီအစ်ကိုပဲ၊ ငါ တစ်ခုခုပြောလိုက်တာနဲ့ မင်းဆီက ဘီလီယံနဲ့ချီတဲ့ ယွမ်ငွေတွေက ဘာမှမဟုတ်တော့ဘူး"

********************

All Chapters