ဒူးထောက်ရင်တောင်မှ ဟန်ဆောင်နေတာကို ပြီးအောင် လုပ်ရမယ်
Vol. 30 Ch. 445
မျက်မှန်သမား၏ စကားများကို ကြားသောအခါ လူတိုင်းက အေးစက်သောလေကို ရှူသွင်းလိုက်မိကြသည်။
ဝမ်ဖေးဆိုတာ ဘယ်လိုလူမျိုးနည်း။ သူက ချန်ဟိုင်းပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး၏ သားဖြစ်ကာ အလွန်ရူးသွပ်နေသော နာမည်ဆိုးဖြင့် ကျော်ကြား၏။
ထိုကဲ့သို့ အင်အားကြီးသောလူနှင့် ရင်ဆိုင်ရသည့်အခါ လူတိုင်းက ရွှီဖန်းကို မြင့်မြင့်မတွေးထားတော့ပေ။ မင်းမှာ ဘီလီယံအများအပြား ရှိနေရင်တောင်၊ မင်းက စွန်းဖေးဖေး၏ ချစ်သူဖြစ်နေရင်တောင်မှ ချန်ဟိုင်းပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး၏အရှေ့မှာ ပြောပလောက်သောအရာ မဟုတ်ပေ။
ပိုက်ဆံနှင့် အင်အားကြားက ရွေးချယ်မှုက ဘာဖြစ်မည်နည်း။
ပိုက်ဆံက အင်အားမရှိပေ။ သူများ၏ စကားတစ်ခွန်းတည်းနှင့်တင် မင်းဆီမှာ ရှိသော ပိုက်ဆံများအားလုံးကို ဆုံးရှုံးသွားနိုင်၏။ အာဏာရှိနေမှတော့ ထိုလူက ပိုက်ဆံအတွက် စိတ်ပူနေရတော့မည် မဟုတ်ပေ။
ထို့ကြောင့် မျက်မှန်သမား၏ စကားများကို ကြားလိုက်ရသောအခါ လူတိုင်းက တုန်ယင်သွားကြပြီး ရွှီဖန်းကို ဖျောင်းဖျရန် ကြိုးစားခဲ့ကြသည်။
"မစ္စတာရွှီ ကျုပ်တို့တွေက အကြီးအကဲကျိုးရဲ့ အိမ်နီးနားချင်းဟောင်းတွေပါ၊ ကျုပ်တို့ကို မ
သတ်ပါနဲ့"
"ဟုတ်တယ်၊ ဒီနေ့ကိစ္စမှာ ကျွန်တော်တို့တွေက အကြီးအကဲကျိုးအတွက် ကူညီပေးချင်ခဲ့တာပါ"
"မစ္စတာရွှီ၊ ဒီအတိုင်း မေ့ထားလိုက်ကြရအောင်"
ရွှီဖန်းကတော့ လူတိုင်းပြောသမျှကို နားထောင်နေရင်းထိုနေရာမှာတင် မလှုပ်မယှက် ရပ်နေခဲ့၏။
မျက်မှန်သမားကတော့ အတိုင်းအဆမဲ့သည့် ယုံကြည်မှုများဖြင့် ပြည့်နှက်နေပုံရသည်။ သူ့မျက်နှာပေါ်ရှိ မကောင်းဆိုးဝါးဆန်သော အပြုံးက ပို၍ ကြီးမားလာပြီး ပြောလာ၏။
"ဒီနေ့ ဘယ်သူမှ လွတ်နိုင်မှာမဟုတ်ဘူး၊ လူတိုင်းက တန်ဖိုးပေးဆပ်ရလိမ့်မယ်"
ထိုအချိန် သားမွေးဝတ်အမျိုးသမီးကလည်း ထရပ်ကာ ကြောက်လန့်နေသော လူအုပ်ကို နှစ်သိမ့်ပေးလာသည်။
"အားလုံးပဲ မကြောက်ကြပါနဲ့၊ အစ်ကိုဟွားက လူကောင်းတစ်ယောက်ပါ၊ ရှင်တို့ကသာ အစ်ကိုဟွားကို စိတ်ဆိုးအောင် မလုပ်ဘူးဆိုရင် ဘာပြဿနာမှ မဖြစ်စေရပါဘူး"
အားလုံးကို နှစ်သိမ့်ပေးနေသကဲ့သို့ ထင်ရသော်လည်း တစ်ကယ်တမ်းမှာတော့ သူမသည် ရွှီဖန်းအား စည်းအပြင် တွန်းထုတ်နေခြင်း ဖြစ်၏။
မျက်မှန်သမားကလည်း ထိုအဓိပ္ပာယ်ကို နားလည်ကာ
"ခင်ဗျားတို့ရဲ့လက်တွေကို လိုချင်သေးရင် ရတယ်၊ ရွှီဖန်းက ကျွန်တော့်ကို တောင်းပန်ပြီး လျော်ကြေးအဖြစ် သန်းတစ်ရာ ပေးရမယ်၊ ဒါဆိုရင် ဘာမှမဖြစ်ခဲ့သလို သဘောထားပြီး အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်မယ်"
သူတို့နှစ်ယောက်၏ အဖွဲ့လိုက်လုပ်ဆောင်မှုက အလွန် ကောင်းသည်ဟု ပြောရမည်ပင်။ စကားအနည်းငယ်နှင့်တင် ရွှီဖန်းကို လူတိုင်းရှေ့မှာ ချထားလိုက်နိုင်၏။
အကြောင်းအရာများကို အများကြီးမသိသေးသော သူဌေးအသစ်တစ်ယောက်ဆိုလျှင် သူတို့နှစ်
ယောက်၏ လှည့်စားမှုကို ခံရပြီး ပိုက်ဆံများ ပေးလိုက်မိမှာ သေချာသည်။
သို့သော်လည်း ဒီနေ့မှာတော့ သူတို့က ရွှီဖန်းနှင့် တွေ့ကာ ဒုက္ခရောက်ရန်သာ ကံကြမ္မာပါနေခဲ့၏။
သူတို့က အနိုင်ရကတ်ကို ထုတ်သုံးလာကြပြီး ထိုအရာကလည်း ချန်ဟိုင်းပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး၏သား ဝမ်ဖေးပင်။ ဒုတိယအုပ်ချုပ်ရေးမှူး ဝမ်ဟန်တောင်မှ ရွှီဖန်းရှေ့မှာ လေးစားသမှုပြရသည်။
မနေ့ညက ပွဲပြီးကတည်းက ချန်ဟိုင်းပြည်နယ်ရှိ နာမည်ကြီးအသိုင်းအဝိုင်းထဲတွင် ဘယ်သူကများ ရွှီဖန်းကို မသိဘဲ နေမည်နည်း။ ဘယ်သူက ရွှီဖန်းကို မလေးမစား လုပ်ရဲမည်နည်း။
သို့သော်ငြား သာမန်လူများအနေဖြင့် ထိပ်သီးပုဂ္ဂိုလ်များ၏ အသိုင်းအဝိုင်းထဲရှိ ဒီလိုကိစ္စမျိုးကို မသိနိုင်ပေ။
ထို့ကြောင့်သာ မျက်မှန်သမားနှင့် သားမွေးဝတ်အမျိုးသမီးတို့၏ သွေးထိုးလှုံ့ဆော်မှုအောက်တွင် လူတိုင်းက ရွှီဖန်းကို ဖျောင်းဖျရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသည်။
ရှေးခေတ်ကတည်းက သာမန်လူများသည် အရာရှိများနှင့် မတိုက်ခိုက်ကြပေ။ နှမ်းစေ့အရွယ် ရာထူးသေးငယ်သော အရာရှိတစ်ဦးတောင်မှ သာမန်လူများကို ကြောက်လန့်အောင် လုပ်ရန် လုံလောက်ပေ၏။
ရွှီဖန်းနှင့် စွန်းဖေးဖေးသာ ဒီအချိန်မှာ တည်ငြိမ်နေခဲ့သည်။
လူတိုင်း၏စောင့်ကြည့်မှုအောက်မှာ ရွှီဖန်းသည် သူ့အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်၍ သူ၏ အဆက်အသွယ်စာရင်းထဲ ဖြည်းဖြည်းချင်းရှာဖွေကာ ဝမ်ဖေး၏ နံပါတ်ကို ခေါ်လိုက်၏။
ရွှီဖန်းက ဝမ်ဖေးနှင့် မစိမ်းပေ။ သူက ဝမ်ဖေးနှင့် ကောင်းကင်ပြာဟိုတယ်မှာ ဆုံခဲ့ပြီးသားပင်။
ဒီတစ်ခါလည်း ဖုန်းစပီကာကနေ ချိုသာသော သီဆိုသံက အရင်အတိုင်း ထွက်ပေါ်လာခဲ့သည်။ သို့သော် ခြံဝင်းထဲမှ ဆူညံနေသော လေထုက တစ်ဖန် တိတ်ဆိတ်သွားပြန်၏။ မျက်မှန်သမားနှင့် သားမွေးဝတ်အမျိုးသမီးတို့လည်း သူတို့၏ အသက်ရှူသံများ ကို ထိန်းထားခဲ့ကြသည်။
"ဟယ်လို ဘယ်သူလဲ"
ကျယ်လောင်ကာ ပေါ့ပါးနေသော အသံတစ်သံက ဖုန်းထဲကနေ ထွက်လာ၏။ ကားထဲမှာ ရှိနေပုံရကာ အရှိန်က အလွန်မြန်လွန်းတာကြောင့် လေတိုက်သံကိုပါ ကြားနိုင်လေသည်။
ရွှီဖန်းသည် ဝမ်ဖေးကို ဘယ်တုန်းကမှ ဖုန်းမခေါ်ဖူးသည့်အတွက် ဝမ်ဖေး၏လေသံက လက်ရှိအချိန်မှာ အလွန်ရိုင်းနေ၏။
ရွှီဖန်းကတော့ ဝမ်ဖေးနှင့် တန်းတူ ဖြစ်အောင် မိမိကိုယ်ကို မနှိမ့်ချဘဲ အေးစက်စွာဖြင့်...
"ငါ ရွှီဖန်း"
"ရွှီ... ဆရာရွှီလား...ကျွန်တော် ဘာကူညီပေးရမလဲ"
ဖုန်းတစ်ဖက်မှာတော့ ဝမ်ဖေးသည် ရွှီဖန်း၏ ရုတ်တရက်ဖုန်းခေါ်ဆိုမှုကြောင့် ထိတ်လန့်သွား၏။ ထို့ကြောင့် သူ သေသေချာချာ မေးမြန်းလိုက်သည်။
"တခြားဘာမှမရှိပါဘူး၊ မင်း ဘယ်မှာလဲ...ဒီကိုလာခဲ့"
ရွှီဖန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
"ဆရာရွှီ မနေ့ညက ကျွန်တော့်အဖေက အမိန့်ထုတ်ထားပါတယ်၊ ဒီမနက်မှာ ဆရာရွှီနဲ့ တွေ့ဖို့ ဟွာချန်းကိုယ်ခံပညာကျောင်းကို အပြေးသွားရမယ်လို့ ပြောထားတယ်၊ ကျွန်တော် အခု လမ်းပေါ်မှာပါ"
ရွှီဖန်း ခေါင်းညိတ်ကာ အေးစက်စွာဖြင့်...
"မင်းကို အချိန်သုံးမိနစ်ပေးမယ်၊ ဟွာချန်းကိုယ်ခံပညာကျောင်းရဲ့ဝင်ပေါက်မှာ မင်းကို မြင်
ချင်တယ်"
ပြိုင်ကား၏ ဟိန်းသံက ပိုပြီးမြည်ဟည်းသွားလေသည်။
"ဆရာရွှီ၊ ကျွန်တော် ဝမ်ဖေးက တစ်မိနစ်အတွင်း ဒိုဂျိုကို ရောက်နိုင်တယ်လို့ အာမခံပါတယ်!"
ရွှီဖန်း ဖုန်းကို ချလိုက်၏။ ထို့နောက် သူ သားမွေးဝတ်အမျိုးသမီးနှင့် မျက်မှန်သမားကို
လှောင်ပြောင်ကာ ကြည့်လိုက်သည်။
လက်ရှိအချိန်တွင် သူတို့နှစ်ယောက်စလုံး၏ နဖူးပေါ်၌ ချွေးအေးများ ပျံနေခဲ့၏။ သို့သော် သူတို့က လက်မလျှော့ကြသေးပေ။
သူတို့နှစ်ယောက်စလုံးက အရေးပေါ်အခြေအနေမှာ ရှိနေခြင်းပင်။ သူတို့၏ဒေါသများအားလုံးကို ထုတ်လွှတ်ရန်ကလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ပေ။ သူတို့ ဒူးထောက်ခဲ့လျှင် ယခင်က ဟန်ဆောင်ခဲ့သမျှအရာအားလုံးက အဆုံးသတ်သွားလိမ့်မည်။
ဝမ်ဖေး၏နာမည်ကြောင့် လူအုပ်ကြီး ဆူညံသွားတာကို မြင်သည့်အခါ မျက်မှန်သမားက အမြန်ထရပ်၍ ပြောလာသည်။
"ကျွန်တော်ပြောနေတာ ဝမ်ဖေးနော်၊ သူက ချန်ဟိုင်းပြည်နယ်၊ ဒုတိယမျိုးဆက်သခင်လေး၊ သူက မဟုတ်တရုတ် ကြောင်တွေ၊ ခွေးတွေ မဟုတ်ဘူး"
သားမွေးဝတ်အမျိုးသမီးကလည်း...
"ဝမ်ဖေးနဲ့ နာမည်တူတဲ့ တစ်ယောက်ကို ရှာပြီး ဘယ်သူ့ကို ကြောက်အောင် လုပ်ချင်နေတာလဲ"
သူတို့နှစ်ယောက်စလုံးထံ၌ ထိတ်လန့်သောပုံစံ တစ်စက်မှမရှိကြပေ။ ထိုအစား သူတို့က ရွှီဖန်းကိုသာ လှောင်ပြောင်နေခဲ့ကြ၏။
ရွှီဖန်းက မလှုပ်မယှက် ရပ်နေပြီး တစ်ခုခုကို စောင့်နေလေသည်။
မည်သို့ပင်ဆိုစေကာမူ တစ်မိနစ်သာ ကြာလိမ့်မည်။ ဤနှစ်ယောက်နှင့် ယခု အငြင်းပွားနေစရာ မလိုသေးပေ။
တကယ်တော့ အကြီးအကဲကျိုး၊ ဤအိမ်နီးနားချင်းများနှင့်သာ မပတ်သက်နေခဲ့လျှင် ရွှီဖန်းသည် ဒီနှစ်ယောက်နှင့် ဒီလောက်အထိ စကားများနေမှာ မဟုတ်ပေ။ သူ လူတစ်ယောက်ကို ဖုန်းခေါ်လိုက်ရုံနှင့် အရာအားလုံး ဖြေရှင်းနိုင်၏။
ရွှီဖန်းက ယုံကြည်မှုအပြည့်ဖြင့် စကားမပြောဘဲ ရပ်နေခဲ့သည်။ ထိုအချိန် မျက်မှန်သမားနှင့် သားမွေးဝတ်အမျိုးသမီးတို့လည်း တည်ငြိမ်သွားခဲ့ကြ၏။ သူတို့က သူတို့၏နဖူးမှ ချွေးများကို သုတ်ကာ စောင့်နေကြသည်။
တစ်မိနစ်မပြည့်ခင်မှာပင် ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့အလား မြည်ဟိန်းသံတစ်ခုက အဝေးကနေ ထွက်ပေါ်လာ၏။
ရွှီဖန်း မြင်ဖူးသော ပြိုင်ကားတစ်စီးက အော်ဟစ်မြည်ဟည်းကာ မြင်ကွင်းထဲ ဝင်လာလေသည်။ တာယာများက မြေပြင်ပေါ်တွင် ကျယ်လောင်သည့် အသံဖြင့် ခြစ်မိကာ နောက်ဆုံးမှာတော့ ဒိုဂျိုဝင်ပေါက်နှင့် အနည်းငယ် ကွာဝေးသောနေရာမှာ ရပ်တန့်သွားခဲ့၏။
ကားတံခါးပွင့်လာပြီးနောက် ပြိုင်ကားထဲကနေ လူတစ်ယောက်ထွက်လာသည်။ သူက ရွှီဖန်းဆီသို့ တည့်တည့်လျှောက်လာလေ၏။
သို့သော်ငြား မျက်မှန်သမားက ထိုလူကို ကြည့်၍ လှောင်ပြောင်လာသည်။
"ရွှီဖန်း မင်းခေါ်လိုက်တဲ့ဝမ်ဖေးက ဒီလူလား၊ ကျေးဇူးပြုပြီး ရုပ်တူတဲ့လူတစ်ယောက်ကို ရှာပေးပါလား၊ အနည်းဆုံးတော့ နည်းနည်းလေး ဆင်တဲ့လူကို ရှာမှပေါ့"
ဝမ်ဖေးက အလွန်ကို အဆင့်အတန်းမြင့်မားပြီး သတင်းထဲမှာ အကြိမ်ကြိမ်ပါဝင်ခဲ့ဖူး၏။ ရလဒ်အနေနှင့် ချန်ဟိုင်းပြည်နယ်ထံတွင် သူ့ကို မသိသူ မရှိပေ။
မျက်မှန်သမား လှောင်ပြောင်ရသည့် အကြောင်းအရင်းမှာ ပြိုင်ကားထဲကနေ ထွက်လာသူသည် ဝမ်ဖေး မဟုတ်ဘဲ ဝဖိုင့်သော လျိုချောင်ဖန် ဖြစ်နေသောကြောင့်ပင်။
သို့သော်ငြား မျက်မှန်သမား၏ ရယ်သံမဆုံးသေးခင်မှာပင် ပြိုင်ကားများ၏ ဒေါသတကြီးဟိန်းသံများကို တစ်စီးပြီးတစ်စီး ထပ်မံကြားလာရသည်။
Toyota's domineering ၊ Bentley နှင့် Rolls-Royceများက တစ်စီးပြီးတစ်စီး နောက်ကနေလိုက်လာပြီး ဟွာချန်းကိုယ်ခံပညာကျောင်း၏ ဂိတ်ဝမှာ ရပ်သွားကြ၏။
နောက်ဆုံးမှာတော့ ဝမ်ဖေးနှင့် ချန်ဟိုင်းပြည်နယ်၏ တခြားသခင်လေးများက ပြိုင်ကားထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာပြီး ရွှီဖန်းဆီသို့ လေးလေးစားစားဖြင့် လျှောက်လာခဲ့ကြသည်။
"ဆရာရွှီ!"
သခင်လေးများစွာက ရွှီဖန်းအရှေ့ကို လျှောက်လာပြီး လေးစားစွာဖြင့် ခေါင်းညိတ်အရိုအသေပေးလာကြလေ၏။
***********************