အကြီးစားလူလိမ်နှင့် အသေးစားလူလိမ်
Vol. 30 Ch. 446
မျက်မှန်သမားနှင့် သားမွေးဝတ်အမျိုးသမီးတို့သည် ဝမ်ဖေးကို ဆွဲထည့်ရဲသည့်အတွက် ဝမ်ဖေး၏ ပုံပန်းသဏ္ဌာန်ကို သိကြမှာ သေချာသည်။ လက်ရှိအချိန်မှာ သူတို့နှစ်ယောက်သည် ဝမ်ဖေးနှင့် အပေါင်းအဖော်များက ရွှီဖန်း၏အရှေ့မှာ လေးလေးစားစား ရပ်နေတာကို မြင်လိုက်ရ၏။
သူတို့နှစ်ယောက်စလုံး ချက်ချင်းဆိုသလိုပင် အံ့အားသင့်သွားကြသည်။
သူတို့က ပထမဆုံးအကြိမ် ရွှီဖန်းကို မြင်ခဲ့စဥ်က အထင်မကြီးခဲ့ကြပေ။ သူက ယဉ်ကျေးသိမ်မွေ့ကာ လူ့အဖွဲ့အစည်း၏ အညစ်အကြေးများ မကပ်သေးသော ပညာရှင်တစ်ယောက်၏ ပုံပန်းသဏ္ဌာန် ရှိနေခဲ့၏။ ဒီလိုလူမျိုးက သူတို့၏ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
သေချာပေါက် စကားအနည်းငယ်နှင့်တင် သူတို့နှစ်ယောက်ကလည်း ရွှီဖန်းကို ကျဥ်းထဲကျပ်ထဲ တွန်းပို့နိုင်ခဲ့သည်။
သို့သော်ငြား ရွှီဖန်းက ဘီလီယံနှင့်ချီသော သူ၏ ချမ်းသာမှုကို ဖော်ထုတ်ပြခဲ့သည့်အပြင် စူပါစတား စွန်းဖေးဖေးနှင့်တောင် ယောကျ်ား-မိန်းမ ဆက်ဆံရေး ရှိနေလေ၏။
ရွှီဖန်းက သူ့ကိုယ်သူဖော်ပြပြီးနောက် သားမွေးဝတ်အမျိုးသမီးမှာ လက်လျှော့ချင်ခဲ့သည်။ သို့သော်ငြားမျက်မှန်သမား၏ မျက်လုံးများကတော့ အရောင်တောက်ပနေခဲ့၏။ သူသည် အရာအားလုံး လောင်းကာ ရွှီဖန်းဆီကနေ ပိုက်ဆံအချို့ ရအောင် ယူချင်ခဲ့သည်။
ဒီလိုအင်အားကြီးသော ပုဂ္ဂိုလ်တစ်ယောက်၏ သွားကြားထဲကနေ သာမန်အရာအချို့ကို တူးဖော်ထုတ်ယူနိုင်ခဲ့ရင်တောင်မှ သူတို့၏ ဘဝတစ်သက်တာလုံး ဂုဏ်သိက္ခာရှိရှိဖြင့် ချမ်းသာကြွယ်ဝစွာ နေထိုင်ရန် လုံလောက်၏။
သူတို့၏ဟန်ဆောင်မှုက အလွန်အောင်မြင်ခဲ့သည်ဟု ပြောရမည်ပင်။ သူတို့က ဘေးမှာ ကြည့်နေသောသူများကို အလွန်ကြောက်လန့်သွားအောင် လုပ်နိုင်ခဲ့ကြသည်။ သာမန်လူချမ်းသာတစ်ယောက်ဆိုလျှင် သူတို့၏ အမြတ်ထုတ်ခြင်းကို ခံရနိုင်၏။
သို့သော်လည်း ဒီအချိန်ရောက်မှသာ သူတို့ ဘယ်လောက် မှားယွင်းနေခဲ့လဲဆိုတာကို
သဘောပေါက်သွားခဲ့ကြသည်။
ရွှီဖန်းဟုခေါ်သော ဤလူငယ်လေးသည် အင်အားကြီးမားလွန်းသည့်အတွက် ဒဏ္ဍာရီလာဝမ်ဖေးတောင်မှ အခုအချိန်မှာ သူ့ကို လေးလေးစားစားဖြင့် ဆရာရွှီဟု ခေါ်နေရ၏။
မျက်မှန်သမားနှင့် သားမွေးဝတ်အမျိုးသမီးတို့ ထိတ်လန့်သွားကြသလို သူတို့ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးလည်း အံ့အားသင့်သွားကြသည်။ ကျိုးဟွာတောင်မှ ဒီအချိန်မှာ သူ့ပါးစပ်ကို ဟောင်းလောင်းကြီး ဖွင့်ထားခဲ့ရ၏။
ဝမ်ဖေး၏ဂုဏ်ပုဒ်က အလွန်ကို အထိမခံဖြစ်သည်။ သူ့အဖေက ချန်ဟိုင်းပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဖြစ်ပြီး ချန်ဟိုင်းပြည်နယ်တွင် အဆင့်အတန်းမြင့်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။
ဒီလိုလူမျိုးကို အင်အားကြီးမားသော မည်သည့် မြေအောက်ဂိုဏ်းဖြစ်စေ၊ ပိုက်ဆံဘယ်လောက်ပင် သုံးစွဲနိုင်ပါစေ ဝမ်ဖေးက သူတို့ကို လှည့်ကြည့်မှာတောင် မဟုတ်ပေ။
တကယ့်အင်အားနှင့် ရင်ဆိုင်ရသောအခါ မြေအောက်ဂိုဏ်းဟု ခေါ်သည့်အရာ၊ ပိုက်ဆံဟု ခေါ်သောအရာများက ရယ်စရာများ ဖြစ်သွားခဲ့သည်။
သို့သော် ရွှီဖန်း၏အရှေ့မှာ ဝမ်ဖေးနှင့် အပေါင်းအဖော်များက တလေးတစား ရပ်နေခဲ့၏။
ထိုအချိန်မှာ ရွှီဖန်းက ကြောင်တောင်တောင် ရပ်နေသည့် မျက်မှန်သမားနှင့် သားမွေးဝတ်အမျိုးသမီးကို အေးစက်စွာ မေးလာသည်။
"ကဲ မင်းတို့ ကြွေးကြော်ထားတဲ့ ညီအစ်ကိုဝမ်ဖေးက ဒီမှာ ရပ်နေပြီ၊ ဒီကိစ္စကို ဘယ်လိုမျိုး ဖြေရှင်းစေချင်လဲ"
ချွေးအေးများက သူတို့၏နဖူးကနေ စီးကျလာ၏။ လက်ရှိအချိန်မှာ သားမွေးဝတ်အမျိုးသမီးနှင့် မျက်မှန်သမားတို့နှစ်ယောက်စလုံးသည် ခေါင်းငုံ့ထားကာ တဆတ်ဆတ်တုန်နေကြသည်။ စကားတစ်ခွန်းတောင်မှ မပြောနိုင်ကြတော့ပေ။
ဒီလိုအင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ယောက်ကို စော်ကားမိလျှင် မခံသာနိုင်တော့ဘူးဆိုတာကို သူတို့ ကောင်းကောင်းသိကြ၏။ သူတို့ကို ပျောက်ကွယ်သွားအောင် လုပ်ရန်မှာ စကားတစ်ခွန်းတည်းသာ လိုအပ်သည်။
နောက်ဆုံးမှာတော့ မျက်မှန်သမားသည် အံတင်းတင်းကြိတ်ကာ...
"သခင်လေးရွှီ ဒီနေ့ကိစ္စအတွက် ကျွန်တော်တို့ရဲ့ လုပ်ရပ်ကို ဝန်ခံပါတယ်၊ ဒါပေမယ့် ခင်ဗျား မလုပ်ဆောင်ခင်မှာ ကျွန်တော်တို့က လူလိမ်တွေဆိုတာကို ဘယ်လိုသိခဲ့လဲ ပြောပြပေးလို့ ရမလား"
အစကတည်းက ရွှီဖန်းသည် သူတို့အား မထီမဲ့မြင်ပြုသောအကြည့်နှင့် ကြည့်နေခဲ့ပြီး နောက်ပိုင်းမှာ သူတို့၏ အထောက်အထားများကိုတောင် ဖော်ထုတ်ခဲ့၏။ မျက်မှန်သမားသည် သူတို့၏ ဟန်ဆောင်ခြင်းစွမ်းရည်ကို အမြဲယုံကြည်မှု ရှိခဲ့သည့်အတွက် ထိုသို့ မေးရခြင်းပင်။
ရွှီဖန်း ပြုံးကာ ခေါင်းခါယမ်းလိုက်သည်။ သူက မျက်မှန်သမားကို အဖြေမပေးခဲ့ပေ။
တကယ်တော့ သူတို့၏ဟန်ဆောင်ပုံက အပြစ်အနာအဆာကင်းစင်သည်။ ချို့ယွင်းမှုတစ်စက်မှ မရှိဘဲ အတိုင်အဖောက်ညီခဲ့ကြ၏။
သို့သော် သူတို့၏ဟန်ဆောင်မှုက အလွန်ကို ပြီးပြည့်စုံနေသည့်အတွက် ရွှီဖန်းသည် သူတို့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လူလိမ်များဟု ခွဲခြားသိမြင်နိုင်ခဲ့တာဖြစ်သည်။
ထို့အပြင် မြို့အနောက်ဘက်ခြမ်း၏ ဘုရင်ဖြစ်သော ကျိုးဟွာနှင့် ရင်ဆိုင်ရသောအခါ ဒီနယ်ပယ်ထဲက လူတစ်ယောက်က ကျိုးဟွာ၏အရှိန်အဝါကို ဘယ်လိုလုပ် မခံစားမိဘဲ နေနိုင်မည်နည်း။ ကျိုးဟွာ၏ နာမည်ကို ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။
ရွှီဖန်းသည် အေးစက်စွာ ပြုံးလျက်...
"မင်းတို့လိုလူမျိုးတွေက ငါ ပုဂ္ဂိုလ်ရေးအရ ပြောဆိုဖို့ မပြည့်စုံဘူး၊ မင်းတို့ရဲ့ အထောက်အထားတွေကို ဘယ်လိုရှာတွေ့ခဲ့လဲဆိုတာကတော့ တောင်းပန်ပါတယ်...ငါ ပြောမှာမဟုတ်ဘူး"
ရွှီဖန်းက နောက်လှည့်ကာ အံကြိတ်နေကြသော ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ကြည့်လိုက်သည်။ သူက ကျယ်လောင်စွာဖြင့်...
"အားလုံးပဲ၊ ဒီလူလိမ်နှစ်ယောက်က ဘာပဲပြောပြော ခင်ဗျားတို့ကို လှည့်စားခဲ့ကြတဲ့သူတွေပဲ၊ ခင်ဗျားတို့က အကြီးမားဆုံးသားကောင်တွေ ဖြစ်ခဲ့တဲ့အတွက်ကြောင့် သူတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ ခင်ဗျားတို့ဆီမှာ ကျွန်တော်ထားခဲ့လိုက်မယ်"
ဒေါသထွက်နေသည့် လူအုပ်ကြီးက ချက်ချင်းဆိုသလိုပင် အော်ဟစ်ဆူညံလာ၏။
"သူတို့ကို ရိုက်သတ်ပစ်ရမယ်! ဒီလူလိမ်တွေက အရမ်းမုန်းဖို့ကောင်းတယ်"
"ကျုပ် ငယ်ငယ်လေးကတည်းက လူလိမ်တွေကို အမုန်းဆုံးပဲ၊ လူလိမ်တွေက သူခိုးတွေ၊ ဓားပြတွေထက် ပိုပြီးမုန်းဖို့ကောင်းတယ်!"
"သူတို့က ငါတို့ရဲ့လက်တွေကို ဖြတ်ပစ်မယ်လို့ ပြောခဲ့တာမလား၊ ဒီနေ့ သူတို့ရဲ့လက်တွေကို ဖြတ်ပစ်ကြတာပေါ့!"
ဒီနေ့ ရွှီဖန်းသာ ဒီမှာမရှိခဲ့လျှင် ထိုနှစ်ယောက်၏ လှည့်စားမှုကြောင့် သူတို့ အရပ်မျက်နှာကိုတောင် ရှာလို့ရတော့မှာ မဟုတ်ပေ။ အခုတော့ ရွှီဖန်းက သူတို့၏ အထောက်အထားများကို ဖော်ထုတ်ခဲ့သည့်အတွက်ကြောင့် ခြိမ်းခြောက်မှုများ မရှိတော့ပေ။
လူလိမ်တစ်ယောက်က ဘယ်လောက်တောင်မှ စက်ဆုပ်ဖွယ်ကောင်းသနည်း။
လူလိမ်အမျိုးအစားများစွာ ရှိပေ၏။ ယေဘုယျအားဖြင့် ပြောရလျှင် သူတို့အများစုက ကောင်းသောလူများ မဟုတ်ကြပေ။
အကြီးစားလူလိမ်တစ်ယောက်က နိုင်ငံတစ်ခုအပေါ် ဘေးဒုက္ခကို ယူဆောင်နိုင်သည်။ ထိုကဲ့သို့ လူလိမ်များက ယေဘုယျအားဖြင့် အလွန်အင်အားကြီးမား၏။ သူတို့က လူပေါင်းများစွာကို အလွယ်တကူ ကစားနိုင်ကြသည်။ သို့သော်ငြား အကြီးစားလူလိမ်များက အနည်းငယ်သာ ရှိ၏။ ထို့အပြင် အသေးစားလူလိမ်ကလည်း အလားတူပင် မုန်းစရာကောင်းသည်။
ဥပမာအားဖြင့် ဒီနှစ်ယောက်သည် သာမန်ဉာဏ်ရည်ရှိနေသော လူတစ်ယောက်ကို လှည့်စားရန် ယုံကြည်ချက် မရှိကြပေ။ ထို့ကြောင့် သူတို့၏ ရွေးချယ်မှုက အားနည်းသောသူများ ဖြစ်လာခဲ့၏။
အကြီးအကဲကျိုးကသာ မြို့အနောက်ဘက်ခြမ်း၏ မြေအောက်ဘုရင်ဆိုသည့် ဂုဏ်ပုဒ်မရှိထားဘဲ ဒိုဂျိုကို အားကိုးကာ အသက်ရှင်နေသော အထီးကျန်လူအို
ကြီးတစ်ယောက်ဆိုလျှင် သူ့အပေါ် ဖြစ်လာမည့်အရာများက ရှင်းလင်းလှသည်။
သူကိုယ်တိုင်ပျက်စီးကာ သူ့မိသားစုလည်း ပျောက်ကွယ်သွားလိမ့်မည်။
ထို့ကြောင့် ရွှီဖန်းသည် လူလိမ်များနှင့် ဆက်ဆံသောအခါမှာ မည်သည့်သနားညှာတာမှုမျိုးကိုမှ မပြသခဲ့ပေ။ သူက အမျက်ဒေါသထွက်နေသည့် လူအုပ်ကြီးကိုသာ လွှဲပေးခဲ့၏။
လူအုပ်ကြီးက တွန်းထိုးနေကြရင်း လူလိမ်နှစ်ယောက်ကို ဝိုင်းရံခဲ့ကြသည်။ လက်ရှိအချိန်မှာတော့ လူလိမ်နှစ်ယောက်ကလည်း ခုခံတာကို လက်လျှော့ခဲ့ကြလေပြီ။ သူတို့က ခေါင်းကို ငုံ့ထားကာ လူတိုင်း၏ လက်သီးများနှင့် ခြေထောက်များမှ ဆင်းသက်လာသော ဒေါသကို ကြိတ်မှိတ်ခံစားနေကြရသည်။
သားမွေးဝတ်အမျိုးသမီး၏ အခြေအနေက အနည်းငယ် ပိုကောင်း၏။ အကြောင်းမှာ သူမက
အမျိုးသမီးတစ်ယောက်ဖြစ်နေသောကြောင့်ပင်။ လူများက သူမ၏မျက်နှာကို လက်ညှိုးထိုးကာ အကြိမ်အနည်းငယ် ဆဲဆိုကြရုံသာ ရှိကြသည်။ မျက်မှန်သမား၏အခြေအနေကတော့ ဆိုးရွားလှ၏။
သို့သော်ငြား လူအုပ်ကြီးသည် သူတို့နှစ်ယောက်ကို သစ်ပင်မှာ တိုက်ရိုက်ချည်၍ ရိုက်သတ်တာမျိုး သို့မဟုတ် လူလိမ်နှစ်ယောက်၏ လက်ကို တကယ်ဖြတ်ပစ်တာမျိုး မလုပ်ခဲ့ကြပေ။
ဒေါသထွက်နေသည့်လူအုပ်ကြီးက အလွန်ကြောက်စရာကောင်းလှသည်။ သူတို့ အော်ဟစ်ဆူညံနေရင်း တရားမဝင်သည့် အရာတစ်ခုကိုတောင် လုပ်မိတော့မလို့ပင်။ သို့သော်ငြား ထိုအချိန်မှာ ကျိုးဟွာက ထွက်လာပြီး ဒေါသထွက်နေသော လူအုပ်ကြီးကို ထိန်းချုပ်ပေးလာခဲ့၏။ ထို့နောက် အလွန်သနားစရာကောင်းသည့် အခြေအနေမှာ ရှိနေသော လူနှစ်ယောက်ကို အမှိုက်ကဲ့သို့ မြေပြင်ပေါ် ပစ်ချကာ ရဲကို ခေါ်ခဲ့သည်။
ကျိုးဟွာသည် ရွှီဖန်းက အကြောင်းပြချက်မရှိဘဲ ဒိုဂျိုကို လာမှာမဟုတ်ဘူးဆိုတာကို အလွန်ရှင်းလင်းစွာ သိ၏။ သူ့မှာ အရေးကြီးကိစ္စတချို့ ရှိနေနိုင်သည်။ ဒီလိုမျိုး လူလိမ်နှစ်ယောက်ကြောင့် အချိန်မကုန်သင့်ပေ။
ရဲကားတစ်စီးက မောင်းလာပြီး လူလိမ်နှစ်ယောက်ကို ခေါ်သွားခဲ့၏။ ဝမ်ဖေးနှင့် တခြားသူများကို တွေ့ပြီးနောက်မှာ ရဲနှစ်ယောက်ကလည်း ဘာမှ မပြောရဲတော့
ပေ။ သူတို့က ဝမ်ဖေးနှင့် တခြားသူများကို လေးလေးစားစား ခေါင်းညိတ်ပြကာ သူတို့၏ ချွေးအေးများကို သုတ်လျက် လူလိမ်နှစ်ယောက်ကို ရဲကားထဲသို့ ဖမ်းထည့်သွားကြသည်။
ရဲနှစ်ယောက်မှာ ဝမ်ဖေးနှင့် အပေါင်းအပါများကို သတ္တိရှိရှိ စော်ကားရဲသည့် လူလိမ်နှစ်ယောက်အား စာနာမှုအပြည့်ဖြင့် ကြည့်နေခဲ့ကြ၏။
ထိုလူလိမ်နှစ်ဦးကို ကိုင်တွယ်ဖြေရှင်းပြီးနောက် အိမ်နီးနားချင်းများအားလုံးလည်း ကွဲသွားကြသည်။ ဟွာချန်းကိုယ်ခံပညာကျောင်း၏ ဝင်ပေါက်က တစ်ဖန် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
**********************