← Chapters

ရွှီဖန်း၏ နည်းလမ်းများ

Vol. 30 Ch. 448

ရွှီဖန်း၏ နည်းလမ်းများ

Vol. 30 Ch. 448

ရွှီဖန်းထံ၌ ကောင်းမွန်သောအကျင့်တစ်ခု ရှိ၏။ ကိစ္စတစ်ခုခုက ကြီးကြီးကျယ်ကျယ် ဖြစ်တော့မည်ဆိုလျှင် အမြဲစိတ်တည်ငြိမ်နေတတ်သည်။

လူများကို အပိုင်းပိုင်းအစစဖြစ်သွားစေနိုင်သော သေဆုံးမှုမျိုး၊ မျက်ခုံးမွေးများတောင် လောင်ကျွမ်းစေနိုင်သည့် အရေးပေါ်ကိစ္စများသည် ရွှီဖန်းအား သူ့အသိစိတ်များ ပျောက်ဆုံးသွားအောင် မလုပ်နိုင်ပေ။

ချန်ဟိုင်းပြည်နယ်တစ်ခုလုံးကို သွေးဖြင့် ဆေးကြောရမည်က ကြီးမားသောကိစ္စလား။

ရွှီဖန်းအတွက်တော့ ကြီးမားတာလည်းမဟုတ်၊ သေးငယ်တာလည်း မဟုတ်ပေ။

သို့သော်ငြား ရွှီဖန်းသည် ဤကိစ္စကို အလေးအနက်ထားရန် ဆုံးဖြတ်ထား၏။ အကြောင်းမှာ ရွှီဖန်းသာ ဒီကိစ္စမှာ ရွေးချယ်မှုတစ်ခုခု လုပ်လိုက်ပြီဆိုတာနှင့် ချန်ဟိုင်းပြည်နယ်တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ရလိမ့်မည်။

ပြည်နယ်တစ်ခု၏အထက်တန်းလွှာအများစု ကျဆုံးခဲ့ရခြင်းသည် သူတို့၏ အတိတ်မှတ်တမ်းများ၊ အကျင့်ပျက်ခြစားမှုများ၊ အာဏာအလွဲသုံးစားလုပ်မှုများ၊ ဓာတ်ပုံရိုက်ခံရခြင်းများ၊ အွန်လိုင်းမှာ တင်ခံရခြင်းများ သို့မဟုတ် အပြစ်ရှိ၍ ကိုယ့်ဘာသာကိုယ် သတ်သေကြခြင်းများ စသည့် ကိစ္စများကြောင့် ဖြစ်၏။

ဒီလိုကိစ္စမျိုးက နိုင်ငံတစ်ဝန်းလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားနိုင်သည်။

ထို့အပြင် မြင်တတ်သူတိုင်း သိကြရမည်မှာ ထိုအရာများအားလုံး၏ နောက်ကွယ်၌ ရွှီဖန်း ရှိနေလိမ့်မည်ဆိုတာကိုပင်။

ထို့ကြောင့် ဤဆုံးဖြတ်ချက်က နောက်ဆုံးသောအခြေအနေပင်။ ရွှီဖန်းသည် တကယ်ပင် အတင်းအကြပ် ဖိအားပေးခံရမှသာ ဒါကို အသုံးပြုမှာဖြစ်သည်။

ဥပဒေက အပြစ်ပေးတာမျိုး မဟုတ်ဘဲ ချန်ဟိုင်းရှိ အထက်တန်းလွှာတစ်ခုလုံးသည် ရွှီဖန်းနှင့် ရန်သူဖြစ်ရန် သူတို့၏ ကိုယ်ပိုင်ဆန္ဒများအလျောက် လျိုဟွားနှင့် ပူးပေါင်းခဲ့ကြ၏။ ရွှီဖန်းအနေဖြင့် သူ၏ နောက်ဆုံးအခြေအနေကို မရွေးချယ်ခင်မှာ တခြားအရာအချို့ကို လုပ်ဆောင်နိုင်သေးသည်။

ဥပမာအားဖြင့် ကြက်တစ်ကောင်ကို သတ်ကာ စံနမူနာပြခြင်းပင်။

သူဌေးကြီးများက ကစားချင်နေကြသည့်အတွက် ရွှီဖန်းလည်း သူတို့နှင့် တစ်ကြိမ်လောက် ကစားပေးရန် စိတ်ရှိပေ၏။ 

သို့သော်ငြား ရွှီဖန်း၏စိတ်ရှည်မှုက ကန့်သတ်ချက်ရှိသည်။ ဤကိစ္စပြီးနောက် ထိုလူတွေ နောင်တမရကြဘူးဆိုလျှင် ရွှီဖန်းသည် သူ၏ နောက်ဆုံးအခြေအနေကို အသုံးပြုရလိမ့်မည်။

စိတ်တည်ငြိမ်နေသော ရွှီဖန်းကို ကျိုးဟွာက ကြည့်နေ၏။ သို့သော် သူ့စိတ်ထဲမှာတော့ မှိန်ဖျော့သည့် နားလည်မှုတစ်ခု ရှိနေခဲ့သည်။ ဒီကိစ္စက သူထင်ထားသည်ထက် ပိုပြီးကြီးမားနေနိုင်၏။

ကျိုးဟွာသည် နာခံမည်ဖြစ်ကြောင်း မပြောခဲ့သလို ဘာကြောက်ရွံ့မှုမှလည်း မပြခဲ့ပေ။ သူ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ သို့သော် သူ့မျက်လုံးများက ဆုံးဖြတ်ချက်ခိုင်မာနေခဲ့သည်။

ရွှီဖန်းက သူ့ကို နှစ်ကြိမ်ကယ်တင်ပေးခဲ့ပြီး သူ့မြေးမလေးကိုမူ တစ်ကြိမ် ကယ်တင်ပေးခဲ့၏။ သူနှင့် သူ့မြေးမလေးကြားမှ အတားအဆီးကိုတောင် ဖြိုခွဲပေးခဲ့သည်။ 

ဒီလိုကျေးဇူးမျိုးကို ဆပ်၍ မကုန်နိုင်ပေ။ မိမိဘဝနှင့်သာ ပြန်ဆပ်နိုင်လိမ့်မည်။

ပင်လယ်နှင့် မီးတောင်များဖြစ်နေပါစေ၊ ဓားတောင်များ၊ နဂါးအိုင်များ၊ ကျားလိုဏ်ဂူများရှိနေပါစေ၊ လူပေါင်းသန်းနှင့်ချီ၍ ရပ်နေပါစေ...သူ ရွှီဖန်းနှင့် အတူ သွားရလိမ့်မည်။

ထိုအချိန်မှာပင် ကားဘရိတ်အုပ်သံတစ်ခုက တံခါးအပြင်ဘက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ကားတံခါးပိတ်သံများကိုလည်း ဆက်တိုက်ဆိုသလို 

ကြားနေရ၏။

မကြာခင်မှာပင် ဒိုဂျိုအပြင်ဘက်မှနေ၍ တံခါးကို ကျယ်လောင်စွာ ထုနှက်သံများ ထွက်ပေါ်လာခဲ့သည်။ စိတ်မရှည်သော အသံကလည်း ထွက်ပေါ်လာလေ၏။

"တံခါးဖွင့်စမ်း"

ထိုမလေးမစားအသံကို ကြားတော့ ရွှီဖန်း၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်လာသည်။ နောက်ဆုံးမှာ တော့ ထိုသူဌေးကြီးများက သူ့ကို ရန်မစရဲကြပေ။

တံခါးထုသံများက ပို၍ကျယ်လောင်လာလေ၏။ ထိုလူ့အသံက လက်အောက်ငယ်သားအုပ်စုကို အမိန့်ပေးနေသည့်အလား ထွက်ပေါ်လာသည်။

"တံခါးကို ရိုက်ချိုးပစ်! မနက်စောစောစီးစီး ငါ့ကို အိပ်မပျော်အောင် လာလုပ်နေတယ်၊ ငါ့ကို ဒီဒိုဂျိုအတွက် သွားပြီး လက်မှတ်ထိုးခိုင်းနေတယ်လေ..ဒီဒိုဂျိုမှာ..."

သူ့စကားမဆုံးခင်မှာပင် ဝမ်ဖေး၏ အသံက ထွက်လာ၏။

"လျိုယွမ့် မင်းရဲ့လျှာကို ထိန်းပြောစမ်း! မင်းသေချင်နေတယ်ဆိုရင်တောင် ဒီအဖေကို ပါအောင် မဆွဲထည့်နဲ့!"

ဝမ်ဖေးနှင့် ကျန်သူများသည် ရွှီဖန်းမျက်နှာပေါ်ရှိ အေးစက်မှုကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြား တုန်ယင်သွားကြသည်။ တံခါးအပြင်ဘက်မှ မိုက်ရိုင်းနေသော အသံကို ကြားသည့်အခါ သူတို့ပါ ဆွဲထည့်ခံရမည်ကို ကြောက်၍ အမြန်ပင် ဆူပူကြိမ်းမောင်းလိုက်ကြ၏။

သို့သော် တံခါးအပြင်ဘက်မှ လူက အလွယ်တကူ ပြောဆိုလို့ရသောသူ မဟုတ်မှန်း ရှင်းလှသည်။ သူက ဝမ်ဖေး၏ဂုဏ်ပုဒ်ကို လုံးဝမကြောက်ဘဲ တံခါးကနေ

တစ်ဆင့် ဝမ်ဖေးကို အော်ပြောလာ၏။

"မင်းက ငါ့ကို ဒီလိုပြောရဲတယ်လား! ဒီလောင်ဇီက မင်းခေါင်းပြုတ်သွားတဲ့အထိ ရိုက်ပစ်နိုင်မယ်ဆိုတာ မင်းယုံလား"

အပြင်ဘက်တွင်လည်း အပေါင်းအပါ အတော်များများ ရှိနေပုံရသည်။ 

အဖွဲ့ခေါင်းဆောင်က...

"ဝမ်ဖေး၊ မင်း ဘယ်တုန်းကစပြီး ဒီလောက်တောင် ကြောက်တတ်သွားတာလဲ"

"ဟေ့ ဝမ်ဖေး တံခါးဖွင့်ပြီး အစ်ကိုလျိုကို ပေးဝင်လိုက်"

"ငါ မင်းကို တစ်စက္ကန့် အချိန်ပေးမယ်၊ တံခါးမဖွင့်ပေးလို့ကတော့ ဒီစုတ်ပြတ်နေတဲ့ ဒိုဂျိုကို ရိုက်ချိုးပစ်မယ်!"

လက်ရှိအချိန်မှာ ဝမ်ဖေး၏မျက်နှာက အရှက်ရနေပြီး ရွှီဖန်းကို လှည့်ကြည့်လာ၏။

"ဆရာရွှီ၊ အပြင်ဘက်ကလူကို လျိုယွမ့်လို့ ခေါ်တယ်၊ သူက ချန်ဟိုင်းပြည်နယ်ရဲ့ ပထမအုပ်ချုပ်ရေးမှူး၊ လျိုကျင်းရဲ့သားပါ၊ သူက ချန်ဟိုင်းပြည်နယ်မှာ နာမည်ကြီးတယ်၊ ဘာမှအသုံးမကျဘဲ နေရာတကာ ပုန်ကန်နေပြီး ဘာကိုမှ မျက်လုံးထဲ မထည့်ဘူး"

သိသာပေ၏။ ဝမ်ဖေးသည် လျိုယွမ့်အပေါ်၌ ကောင်းမွန်သောအထင်အမြင် မရှိပေ။

ရွှီဖန်း ပြုံးကာ ဝမ်ဖေးကို လက်ဝှေ့ယမ်းပြလိုက်သည်။

"သူတို့ကို နောက်ကျမှ ရောက်လာလို့ အပြင်မှာ စောင့်နေရမယ်လို့ သွားပြောလိုက်"

ဝမ်ဖေးသည် ထိုအမိန့်ကိုကြားသောအခါ အခက်တွေ့သွားရ၏။ ပြောစရာပင် မလိုအောင် တံခါးအပြင်ဘက်ရှိ ဟိတ်ဟန်ထုတ်သူများသည် သူ့စကားကို နားထောင်မှာ မဟုတ်ပေ။

သို့သော်ငြား ရွှီဖန်းက အမိန့်ပေးလိုက်ပြီဖြစ်ရာ ဝမ်ဖေးသည် ရှေ့ကို လှမ်း၍ လျိုချောင်ဖန်နှင့် တခြားသူများကိုလည်း ဒိုဂျိုအပြင်ဘက်သို့ ခေါ်သွားခဲ့ရသည်။

ဝမ်ဖေး ထွက်သွားတာကိုမြင်သည့်အခါ ရွှီဖန်းလည်း သူ့ခေါင်းကို ကျိုးဟွာဘက် လှည့်၍ ပြောလိုက်၏။

"အကြီးအကဲကျိုး အခြေအနေကို ငြိမ်သက်အောင်လုပ်ဖို့အတွက် အကြီးအကဲရဲ့ ညီအစ်ကိုတချို့ကို ခေါ်ပေးဖို့ အခက်တွေ့စေမိပြီ"

ကျိုးဟွာက ပြုံးလျက် ခေါင်းညိတ်လာသည်။ သူက ချက်ချင်းဆိုသလိုပင် ထရပ်ကာ ဖုန်းခေါ်ဆိုမှုများ စတင်လုပ်ဆောင်ခဲ့၏။

ရွှီဖန်း၏ပုံစံမှာ စစ်တပ်ထဲရှိ ရဲရင့်ကာ သတ္တိရှိသော ဗိုလ်ချုပ်တစ်ဦးကဲ့သို့ပင်။ သူက စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ ဖြည်းဖြည်းချင်း သောက်နေသည်။

ထိုလူငယ်များ၏ သဘောထားက အချက်တစ်ခုကို ထောက်ပြနေလေ၏။

ချန်ဟိုင်းရှိ လူအုပ်စုက ရွှီဖန်းကို ရန်စချင်စိတ် မရှိကြပေ။ သို့သော်ငြား သူတို့သည် ရွှီဖန်း၏ ထိန်းချုပ်မှုကို ခံယူ၍ ရွှီဖန်းလက်ထဲရှိ ရုပ်သေးရုပ်များ ဖြစ်လာရန်လည်း မလိုလားကြပေ။

မင်း ရွှီဖန်းက တစ်ယောက်ယောက်ကို ပို့ခိုင်းတာ မဟုတ်လား...ငါတို့ မင်းဆီကို ပို့ပေးလိုက်ပြီ... သူတို့အားလုံးဟာ ငါတို့ရဲ့အမွေဆက်ခံသူတွေပဲ...ဒါပေမယ့် ဒီလူငယ်လေးတွေက သိပ်ပြီးတော့ စကားနားမထောင်ကြဘူးလေ။

မင်း ရွှီဖန်းကသာ ငါတို့ရဲ့သခင်လေးတွေကို သင်ခန်းစာပေးလိုက်မယ်ဆိုရင် မင်းဘက်က မှား

တယ်...ဒါပေမယ့် မင်း ရွှီဖန်းကသာ ဒီသခင်လေးတွေကို သင်ခန်းစာမပေးဘူးဆိုရင်တော့ ဒီသခင်လေးတွေက ကျောင်းကို ဆုတ်ဖြဲကြလိမ့်မယ်။

ထိုကြောင့် ရွှီဖန်းသည် ထိုသခင်လေးများကို သာမန်နည်းလမ်းများနှင့် ဆက်ဆံရန် မရည်ရွယ်မထားပေ။

ပေါ့ပေါ့ပါးပါးဆိုလျှင် အသုံးမဝင်ပေ။ အလွန်လေးနက်လွန်းလျှင်လည်း သူဌေးကြီးများက ပုန်ကန်ကြလိမ့်မည်။

ရွှီဖန်း လုပ်ချင်သောအရာသည် ထိုသူဌေးကြီးများကို သူ၏ ရုပ်သေးရုပ်များဖြစ်အောင် လုပ်တာ မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းသာ ပူးပေါင်းဆောင်ရွက်ချင်ခြင်း ဖြစ်၏။ 

ထိုကြောင့် ရွှီဖန်းသည် ဒီကိစ္စကိုအသုံးပြုကာ သူဌေးကြီးများကို သူ့သဘောထားအား ပြောပြချင်ခဲ့သည်။

ဒီချန်ဟိုင်းမြေပေါ်မှာ မင်း ငါ့ကို မလွန်ဆန်သရွေ့ မင်းရဲ့ကိစ္စအရပ်ရပ်တွေကို ငါ ဂရုစိုက်မှာမဟုတ်ဘူး၊ ဒါပေမယ့် မင်းကသာ အပြင်လူတွေနဲ့ ပူးပေါင်းပြီး ငါ့ကို ရန်စရဲရင်တော့ မင်းအနေနဲ့ အဖိုးအခ ပေးဆပ်ရလိမ့်မယ်။

ထိူလူများ၏သားသမီးများကို ဟွာချန်းကိုယ်ခံပညာကျောင်းသို့ လာပူးပေါင်းခိုင်းရသည့် အကြောင်းရင်းမှာ သူတို့ကို ဓားစာခံအဖြစ် အသုံးပြုရန် မဟုတ်ဘဲ သူဌေးကြီးများနှင့် ဆက်သွယ်ရန် တံတားအဖြစ် အသုံးပြုရန် ဖြစ်သည်။

ဒိုဂျို၏တံခါးကို ဝမ်ဖေးက ဖွင့်လိုက်လေ၏။ သူ ဤကဲ့သို့ ကြီးကြီးကျယ်ကျယ်ကိစ္စမျိုးနှင့် တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။ သူ့လက်များကို ကျောနောက်မှာ ထားလျက် ဝမ်ဖေးသည် တံခါးမှာရပ်နေသော အသုံးမကျသူ လူဒါဇင်ပေါင်းများစွာကို အေးစက်စက် စိုက်

ကြည့်ကာ ပြောလိုက်၏။

"မင်းတို့အားလုံးရဲ့ ခေါင်းထဲမှာ ချေးတွေပဲ ရှိနေကြတာလား၊ မင်းတို့သာ ဆက်ပြီး လေပန်းနေမယ်ဆိုရင် ဆရာရွှီကို ဒေါသထွက်စေလိမ့်မယ်၊ မင်းတို့ သေသွားတဲ့အခါကျမှ ငါ သတိမပေးခဲ့ဘူးလို့ မပြောနဲ့"

ဤအသုံးမကျသော လူငယ်အုပ်စုသည် ပုံမှန်အားဖြင့်လည်း ဘာကိုမှ မျက်စိထဲ မထည့်ကြသော်ငြား သူတို့ထဲက ဘယ်သူကများ သူတို့၏မိဘများဆီက သတင်းအချက်အလက်များ မရရှိထားဘဲ ဒီနေရာကို ရောက်လာမည်နည်း။

သူတို့သည် ရွှီဖန်းကို တမင်တကာ ဒေါသထွက်အောင် လုပ်ချင်နေတာ မဟုတ်ဘဲ သူတို့မိဘများ၏ ရွှီဖန်းအပေါ်ထားရှိသော သဘောထားကို ဖော်ပြချင်ကြတာဖြစ်၏။

ချန်ဟိုင်းပြည်နယ် ပထမနှင့် ဒုတိယ အုပ်ချုပ်ရေးမှူး၏ သားများဖြစ်သော ဝမ်ဖေးနှင့် လျိုယွမ့်တို့၏ စိတ်များက မှန်တစ်ချပ်ကဲ့သို့ ရှင်းလင်းလှသည်။

ဝမ်ဖေး၏ဆိုလိုရင်းက အလွန်ရှင်း၏။ ရွှီဖန်းက စိတ်ရှည်သူ မဟုတ်ပေ။ မင်းတို့ လွန်လွန်ကျူးကျူး မလုပ်မိအောင် သတိထားသင့်၏။

********************

All Chapters