စည်ကားနေသောဒိုဂျို
Vol. 30 Ch. 450
သခင်လေးအုပ်စုက သူတို့၏ဖုန်းများကို ထုတ်၍ သူတို့၏အကြီးအကဲများထံ အစီအစဉ်အကြောင်း မေးမြန်းနေတုန်းမှာပင် အနက်ရောင်ကားကြီးများ
က လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် မောင်းဝင်လာခဲ့သည်။
ဘန်း! ဘန်း! ဘန်း! ဘန်း!
ကားတံခါးပိတ်သံများက ဟိန်းထွက်လာလေ၏။ မြို့အနောက်ဘက်ခြမ်း၏ မြေအောက်ဂိုဏ်းခေါင်းဆောင်များအားလုံးက သူတို့၏ကားထဲကနေ ထွက်လာခဲ့ကြ၏။ သူတို့၏အနောက်မှာတော့ အေးစက်ကာ ရက်စက်ပုံပေါ်သည့် အနက်ရောင်ဝတ်စုံများနှင့် နေကာမျက်မှန်များ ဝတ်ဆင်ထားသောလက်အောက်ငယ်သား တစ်ထောင်ကလည်း လိုက်ပါ
လာခဲ့ကြသည်။
သခင်လေးတစ်ရာကျော်သည် အရင်ကလည်း ထိုကဲ့သို့ မြင်ကွင်းကို မြင်ဖူးကြသော်လည်း မြေအောက်ကနေ ထွက်ပေါ်လာသည့် ထောင်နှင့်ချီသော လူမိုက်များ၏ သက်ရောက်မှုကိုမူ တစ်ခါမှ မခံစားခဲ့ဖူးကြပေ။
ဝမ်ဖေးအပါအဝင် လူတိုင်းက ခဏတာမျှ ထိတ်လန့်သွားကြ၏။
ဒီနေ့ သူတို့က ရွှီဖန်း ရှိရာနေရာသို့ ပို့ဆောင်ခံခဲ့ကြရသည်။ ရွှီဖန်း၏သဘောထားကို စမ်းသပ်ရန်သာမက သူတို့ထံ၌ နောက်ထပ် ရည်ရွယ်ချက်တစ်ခုလည်း ရှိနေခဲ့၏။
ဘယ်သူမှ ဝန်ခံရန် ဆန္ဒမရှိကြသော်လည်း ထိုအရာက အမှန်တရားပင်။ တစ်နည်းအားဖြင့် သူတို့က သူတို့မိသားစုများဆီကနေ စွန့်ပစ်ခံထားရပြီးသား ဖြစ်သည်။
ရွှီဖန်းသာ သူတို့ကို တိုက်ခိုက်ရန် တစ်ကယ်ရွေးချယ်ခဲ့မည်ဆိုလျှင် သို့မဟုတ် သူတို့ကို နေခိုင်းခဲ့မည်ဆိုလျှင် မိသားစုများ၏ အကြီးအကဲများသည် ရွှီဖန်း၏ အမူအကျင့်အရ ရွှီဖန်းကို ပြန်လည်အကဲဖြတ်ကြမှာဖြစ်ပြီး ရွှီဖန်းအပေါ်၌ ဆောင်ရွက်မှုတချို့ကို လုပ်ဆောင်ချမှတ်နိုင်လိမ့်မည်။
သို့သော်လည်း ထိုအထဲ၌ သူတို့အတွက် လက်စားချေပေးတာမျိုးကတော့ လုံးဝမပါဝင်ပေ။
ဤသခင်လေးများသည် ရွှီဖန်း ဓား၏ ထက်မြက်မှု၊ ရက်စက်မှုနှင့် သွေးထွက်သံယိုမှုများကို စမ်းသပ်ရန်အတွက် မိသားစုများဆီက ပစ်ချခံထားသော ကြွက်ဖြူလေးများသာ ဖြစ်၏။
ထို့အတွက်ကြောင့် သူဌေးကြီးများ၏ တစ်ဦးတည်းသောသားများ သို့မဟုတ် စွန့်ပစ်ခံရတာကို သည်းမခံနိုင်သည့် သခင်လေးများသည် ရွှီဖန်း၏ သဘောထားကို စမ်းသပ်ရန်အတွက် အမြန်လာရန် အလျင်မလိုခဲ့ကြပေ။ ဤအခြေအနေတွေအောက်မှာ သူတို့နောက်ကျပြီး ရွှီဖန်းမှ သူတို့အပေါ် မကောင်းသော ထင်မြင်ချက်တစ်ခု ရှိသွားခဲ့ရင်တောင်မှ သူတို့ အမြန်မသွားနိုင်ခဲ့ကြပေ။
မိသားစုများဆီကနေ စွန့်ပစ်ခံထားရသော ကြွက်အုပ်စုသည် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသော မြေအောက်အဖွဲ့သား လူထောင်ချီကို ကြည့်ကာ သူတို့၏နှလုံးသားထဲ၌ ပျက်သုဉ်းမှုများဖြင့် ပြည့်နှက်နေခဲ့၏။
နောက်ဆုံးမှာတော့ ရွှီဖန်းက အရူးတစ်ယောက်ပင်။ သူတို့ နည်းနည်းလောက်လေး မလေးမစား လုပ်မိတာကိုတောင် သူက သည်းခံနိုင်ခြင်းမရှိခဲ့ပေ။
သို့သော်ငြား သူတို့ မမျှော်လင့်ထားသည့်အရာမှာ ထောင်နှင့်ချီသော မြေအောက်အဖွဲ့သားများသည် သူတို့၏ကြောက်လန့်နေသော မျက်လုံးများအရှေ့၌ ဝက်သတ်ဓားကို မထုတ်ခဲ့ကြသလို သူတို့၏မိဘများဆီ အော်ဟစ်ငိုယိုကာ တိုင်တန်းသည်အထိ ခန္ဓာကိုယ်များပေါ်၌ ဒဏ်ရာများ လှီးဖြတ်တာမျိုးလည်း မလုပ်ခဲ့ကြပေ။
ဆန့်ကျင်ဘက်အနေဖြင့် ထောင်ချီသော မြေအောက်အဖွဲ့သားများက သူတို့ကို ကြည့်တောင် မ
ကြည့်ခဲ့ကြပေ။
သူတို့ခေါင်းဆောင်၏ ဦးဆောင်မှုအောက်၌ ကောင်းမွန်စွာ လေ့ကျင့်ထားသော မြေအောက်
အဖွဲ့သားထောင်ချီသည် လမ်းမပေါ်ထက် လျင်မြန်စွာ နေရာယူခဲ့ကြသည်။ ကျန်သည့်လူများကတော့ ဟွာချန်းကိုယ်ခံပညာကျောင်း၏ ဝင်ပေါက်မှာ ရပ်နေခဲ့ကြ
ကာ သခင်လေးများ၏ အနောက်၌ ခါးများကို ဖြောင့်မတ်ထားကာ ရပ်နေခဲ့ကြ၏။
အရေပြားပေါ်၌ ချွန်ထက်သောဓားများ ရာနှင့်ချီကာ ဖြတ်သွားသလိုပင်။ မြေအောက်အဖွဲ့သားများ၏ အကြည့်အောက်မှာ သခင်လေးတစ်ရာကျော်သည်
ရေခဲနှင့် နှင်းကမ္ဘာထဲ၌ နှိပ်စက်ခံနေရသလိုမျိုး ခံစားခဲ့ရသည်။
ချွေးအေးများက မြေပြင်ပေါ်သို့ စီးကျနေလေ၏။ သခင်လေးတစ်ရာကျော်သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသော်လည်း ဘယ်သူကမှ အသံထွက်ရန် သတ္တိမရှိကြပေ။
ထိတ်လန့်ပြီးနောက် လူတိုင်းက ရွှီဖန်း၏ လုပ်ဆောင်မှုများကို နားလည်သွားကြ၏။ သူက သူ၏ အင်အားကို ပြသနေတာပင်။
တစ်ယောက်ယောက်ကို ဟွာချန်းကိုယ်ခံပညာကျောင်းကနေ ထုတ်ပစ်လိုက်လျှင် သူတို့အတွက် စောင့်ဆိုင်းနေသည့် ကံကြမ္မာမှာ သူတို့နောက်ကွယ်ရှိ ထောင်နှင့်ချီသော မြေအောက်အဖွဲ့သားများဆီကနေ တစ်ခဏအတွင်း အပိုင်းပိုင်းအစအစ ဖြစ်သွားအောင် လုပ်ခံရတာမျိုး ဖြစ်နိုင်သည်။
ရွှီဖန်း၏ရည်ရွယ်ချက်က ရိုးရှင်း၏။ သူက သူတို့ကို မျက်လုံးထဲတောင် မထည့်ထားပေ။
သူတို့က သူတို့နောက်ကွယ်ရှိ အကြီးအကဲများကို ကိုယ်စားပြုနေသလို ရွှီဖန်းကလည်း သူ၏အာဏာနှင့် အင်အားကို ကြေညာလိုက်ခြင်းပင်။
မင်းသာ ဒါကို လက်မခံဘူးဆိုလျှင် မင်းမှာ ထပ်ပြီး ရွေးချယ်ခွင့်ရှိတော့မှာ မဟုတ်ပေ။
သခင်လေးတစ်ယောက်စီတိုင်းသည် မတွန့်ဆုတ်တော့ဘဲ သူတို့၏ဖုန်းများကို ထုတ်ကာ သူတို့ရောက်ရှိနေသောအခြေအနေနှင့် ရွှီဖန်း၏သဘောထားကို အကြီးအကဲများထံ အစီရင်ခံခဲ့ကြသည်။
သခင်လေးအုပ်စုသည် ဖုန်း၏တစ်ဖက်ကနေ သူတို့အကြီးအကဲများ၏ တုန်ယင်နေသောအသံများကို ပထမဆုံးအကြိမ် ကြားဖူးခဲ့ကြ၏။ သူတို့၏စကားပြောပုံက ကွဲပြားသော်လည်း သူတို့ဖော်ပြသည့် အဓိပ္ပာယ်က အံ့ဩစရာကောင်းလောက်အောင် တစ်ထပ်တည်းဖြစ်နေသည်။
ကောင်းကောင်းမွန်မွန်ပြုမူရမယ်!
သူတို့ ရွှီဖန်း ဒေါသထွက်သွားအောင် လုံးဝလုပ်လို့မရပေ။
ရွှီဖန်း၏တိတ်တဆိတ်သဘောထားသည် တကယ်တမ်းမှာတော့ အလွန်ရက်စက်ပေ၏။ သူက ဘာအခွင့်အရေးမှ မချန်ထားပေးပေ။ သူဌေးကြီးများအားလုံးကလည်း သူတို့၏သဘောထားများကို ထုတ်ဖော်ပြခဲ့ကြ၏။
ဘယ်တော့မှ ရွှီဖန်း၏ရန်သူ မဖြစ်ရပေ။
အထူးသဖြင့် အခုလိုအခက်အခဲမျိုး၌ မျောက်များကို ထိန်းရန်အတွက် သတ်ခံရသည့် ကြက်တစ်ကောင် ဘယ်တော့မှ မဖြစ်ရပေ။
ခဏအကြာမှာတော့ ရာနှင့်ချီသည့် သခင်လေးများသည် အရပ်လေးမျက်နှာကနေ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြသည်။ သူတို့က ဟွာချန်းကိုယ်ခံပညာကျောင်း၏ ဝင်ပေါက်မှာ တလေးတစား ရပ်နေကြပြီး ခေါင်းများကို ငုံ့ထားကာ တိတ်ဆိတ်နေခဲ့ကြ၏။
ပြိုင်ကားများက တန်းစီပြီးရပ်ထားကြသည်။ ပုံမှန်ဆိုလျှင် ဤနေရာ၌ ပြိုင်ကားတစ်စီး မြင်ရန်တောင် ခက်ခဲလှသည်။ ဒီနေရာမှာတော့ အနည်းဆုံး ပြိုင်ကား ရာနှင့်ချီပြီး ရှိနေလေ၏။
ကျိုးဟွာ၏အိမ်နီးချင်းများသည် လူလိမ်နှစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းပြီးနောက် မနက်စာစားရန်အတွက် အိမ်ပြန်သွားခဲ့ကြသည်။ ထိုစဥ် ပြိုင်ကားအင်ဂျင်၏ ကျယ်လောင်သော ဟိန်းသံကြီးများကြောင့် သူတို့ လန့်ဖြတ်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြ၏။
သူ အိမ်အပြင်ဘက်ကို ထွက်လျှောက်လာကာ အပြင်ဘက်သို့ ကြည့်လိုက်မိသည်။
သောက်ကျိုးနည်း!
ပြိုင်ကားရာနှင့်ချီရှိသည်မှာ သူတို့အတွက် ဘာမှမထူးခြားသေးပေ။ အကြောင်းမှာ သူတို့က ရွှီဖန်း၏ ဂုဏ်ပုဒ်ကို သိနေပြီးသားဖြစ်သောကြောင့်ပင်။ ဘီလီယံနှင့်ချီကာ ချမ်းသာသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ချန်ဟိုင်းပြည်နယ်တစ်ခုလုံးက ဘယ်လိုလုပ် မျက်နှာသာမပေးဘဲ နေကြမည်နည်း။
ရွှီဖန်းဆီကနေ ဖိတ်ကြားခံခဲ့ရသူက သူဌေးတစ်ယောက် မဟုတ်ဘဲ ဘယ်သူဖြစ်နိုင်ဦးမည်နည်း။ လူချမ်းသာတစ်ယောက်က ပြိုင်ကားမောင်းသည်မှာ ပုံမှန်ပင်။
သို့သော်ငြား အနက်ရောင်ဝတ်စုံများနှင့် အနက်ရောင်နေကာမျက်မှန်များ ဝတ်ဆင်ထားသည့် လူတစ်ထောင်ကျော်က သူတို့ကို တကယ်ပင် ကြောက်လန့်စေခဲ့၏။
သူ စစ်တိုက်တော့မလို့လား ဒါမှမဟုတ် ရုပ်ရှင်ရိုက်တော့မလို့လား။ ဒီလိုကြောက်စရာကောင်းတဲ့ပုံစံတွေနဲ့ သတ်ဖြတ်လိုစိတ်တွေက အရမ်းကြောက်
စရာကောင်းနေတာ မဟုတ်ဘူးလား။
သူတို့သည် ထောင်နှင့်ချီသော မြေအောက်ဂိုဏ်းသားများအား အဝေးကနေ ကြည့်နေကြကာ တံခါးနောက်တွင် ပုန်းကွယ်နေခဲ့ကြ၏။ သူတို့၏နှလုံးသားထဲမှ ထွက်ပေါ်လာသော ကြောက်ရွံ့မှုကို သူတို့ မတားဆီးနိုင်ခဲ့ကြပေ။
သူတို့ကို ပိုပြီးတုန်လှုပ်စေသောအရာမှာ ဟွာချန်းကိုယ်ခံပညာကျောင်း၏ ဝင်ပေါက်တွင် ခေါင်းငုံ့ထားသည့် လူငယ်အုပ်စုပင်။
လူအ,တွေတောင်မှ ဒီလူငယ်အုပ်စုက အရှုံး သို့မဟုတ် သူတို့၏ အမှားများကို ဝန်ခံနေတာမှန်း ပြောနိုင်လေသည်။ ဝမ်ဖေးတောင်မှ သူတို့ထဲမှာ ပါဝင်နေခဲ့၏။
လက်ရှိအချိန်၌ အိမ်နီးနားချင်းများသည် သူတို့၏ဦးနှောက်များ ထူပူနေရင်တောင်မှ ရွှီဖန်းက ဘယ်လိုလူမျိုးလဲဆိုတာကို နားမလည်နိုင်ကြသေးပေ။
ဘီလီယံအနည်းငယ်ရှိတာနှင့် ဒီလူငယ်များက ခေါင်းငုံ့ကာ သူတို့၏အမှားများ ဝန်ခံလာရန် လုံလောက်ပြီလော။
မဟုတ်နိုင်ပေ။
ဒီအချိန်ရောက်မှသာ သူတို့သည် လူအုပ်ထဲမှာ ရပ်နေခဲ့ပြီး သူတို့နှင့် ဖော်ဖော်ရွေရွေ စကားပြောခဲ့သော လူငယ်လေးက ဘယ်လောက်တောင်မှ ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်တစ်ယောက်လဲဆိုတာကို တကယ်တမ်း နားလည်လာခဲ့ကြသည်။
မတိုင်ခင်က သူတို့ ရွှီဖန်း၏စကားများကို မယုံခဲ့ကြပေ။ သူတို့က လူလိမ်နှစ်ယောက်၏ ခြိမ်းခြောက်တာကိုပင် ခံခဲ့ကြရ၏။
ဘယ်လောက်တောင်မှ အဓိပ္ပာယ်မရှိလိုက်သလဲ။
ယဉ်ကျေးသိမ်မွေ့သောပုံစံရှိပြီး ပြောသမျှ၊ လုပ်သမျှအရာတိုင်း မှန်ကန်သည့် ထိုလူငယ်လေးသည် တကယ်တမ်းမှာတော့ နဂါးစစ်စစ်ဖြစ်နေသည်။
တံခါးကို တိတ်ဆိတ်စွာ ပိတ်ပြီးနောက် အိမ်နီးနားချင်းများသည် သူတို့၏အိမ်ထဲ၌ တစ်ဖန် ပြန်ပုန်းနေခဲ့ကြ၏။
လွန်ခဲ့သောတစ်ကြိမ်တွင် လူလိမ်နှစ်ယောက်ကြောင့် သူတို့ ရွှီဖန်း၏အချိန်ကို အကြာကြီးဆွဲထားမိသလို ဖြစ်သွားခဲ့သည်။ ရွှီဖန်းက သူတို့နှင့် တန်းတူ ပြောဆို ဆက်ဆံရင်တောင်မှ ထိုကဲ့သို့ ကြီးမားသည့်ကိစ္စမျိုး၌ သူတို့ ရွှီဖန်းကို ခွင့်လွှတ်ပေးလိုက်ပါရန် တောင်းဆိုရဲတော့မည် မဟုတ်ပေ။
ထိုပြဇာတ်ကို ဘေးကနေကြည့်နေခြင်းကသာ အဆင်ပြေလိမ့်မည်။ အနည်းငယ်လေး ပါဝင်ပတ်သက်မိခဲ့ရင်တောင် သူတို့ မြေတောင်အမြှုပ်မခံရဘဲ သေဆုံးသွားလိမ့်မည်။
ဟွာချန်းကိုယ်ခံပညာကျောင်း၏ ဝင်ပေါက်တံခါးကို ပြန်ဖွင့်လိုက်သောအခါ ကျယ်လောင်သည့်အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
************************