မြွေပွေးအဖွဲ့၊ ရေခဲမြွေပွေးနှင့် မေ့မြွေပွေး။
Vol. 3 Ch. 29
စားပွဲတင်တင်းနစ်ခန်းမအရှေ့တွင်။
လူတော်တော်များများက ထိုစုံတွဲလေးကို ဆုတောင်းပေးနေကြသည်။
သူတို့က အထက်တန်းကျောင်းသားများပဲ ဖြစ်ကြပေမဲ့ ဒီကမ္ဘာမှာတော့ အထက်တန်းကျောင်းသားတွေ ချစ်သူထားတာက သာမန်ပါပဲ။
ဒါပေမဲ့ လူတိုင်းက ရဲရှင်းဟွေ့ကို ကြည့်လိုက်တဲ့အခါ သူတို့ရဲ့အကြည့်တွေက ထူးဆန်းသွားခဲ့သည်။ ကျောင်းထဲကို ရောက်လာတာ နှစ်ရက်ပဲ ရှိသေးတယ်၊ သူက ချစ်သူစုံတွဲ နှစ်တွဲကို ပေါင်းဖက်ပေးနိုင်ခဲ့သည်လေ။
ပထမနေ့က အမျိုးသမီးအချင်းချင်းချစ်ကြိုက်တဲ့ စုံတွဲ ပိုင်ထျန်းထျန်းနဲ့ ကျန်းဖန်တို့အတွဲပေါ့။
ဒုတိယနေ့ကတော့ တစ်ယောက်နဲ့တစ်ယောက် ကြိတ်ချစ်နေကြပေမဲ့ ဖွင့်မပြောရဲဖြစ်နေတဲ့ ထန်ယုယန်နဲ့ ယောင်ကျန့်တို့အတွဲ။
ဒါပေမဲ့ ရဲရှင်းဟွေ့ရဲ့ကျေးဇူးကြောင့် နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်က လူတိုင်းရဲ့ရှေ့မှာ ရဲရဲဝံ့ဝံ့ ဖွင့်ပြောဝန်ခံနိုင်ခဲ့ကြသည်။
ထန်ယုယန်နဲ့ ယောင်ကျန့်တို့က လက်ချင်းချိတ်၍ ရဲရှင်းဟွေ့ဆီ လျှောက်လှမ်းလာကြသည်။
သူ့အား ဦးခေါင်းအနည်းငယ် ညွတ်ပြီး "ကျေးဇူးတင်ပါတယ် ကျောင်းသားရဲရှင်းဟွေ့။ မင်းသာမရှိရင် ငါတို့နှစ်ယောက်... ဘယ်လောက်ကြာမှ အတူတူရှိနိုင်မလဲ မသိဘူး!" လို့ ပြောလာခဲ့သည်။
သူတို့နှစ်ဦး၏ ကျေးဇူးတင်စကားကို ကြားလိုက်ရသည့်အခါ ရဲရှင်းဟွေ့၏ နှုတ်ခမ်းထောင့်စွန်းနားသည် တွန့်ကွေးသွားပြီး အနည်းငယ်ပြုံးလျက် "အင်း... ကျောင်းသူထန်ယုယန်၊ စားပွဲတင်တင်းနစ် ဆက်သင်ချင်သေးလား"
ဤစကားကိုကြားတော့ ထန်ယုယန်သည် သူ့ဘေးက ယောင်ကျန့်ကို အရင်တစ်ချက်ကြည့်လိုက်ပြီးမှ "ကျေးဇူးပါပဲ၊ ဒါပေမဲ့ လောလောဆယ်တော့ ဆက်မသင်တော့ဘူး" လို့ ပြောခဲ့လိုက်သည်။
ထန်ယုယန် ဤကဲ့သို့ပြောရသည့် အဓိကအကြောင်းရင်းမှာ သူမနဲ့ ယောင်ကျန့်က ချစ်သူဖြစ်ခါစမို့ ကြည်နူးနေတဲ့အချိန်မှာ ချိန်းတွေ့တာ၊ ရုပ်ရှင်ကြည့်တာတွေ ပြုလုပ်ကြမှာမို့ဖြစ်သည်။
သူမ စားပွဲတင်တင်းနစ်ကို အရမ်းကြိုက်ပေမဲ့ ဒါက ဝါသနာတစ်ခုသက်သက်ပဲဖြစ်ပြီး ချစ်သူကောင်လေးလောက် အရေးမကြီးဘူးလေ။
ထန်ယုယန်ရဲ့ အဖြေအား ကြားလိုက်ရပြီးနောက် ရဲရှင်းဟွေ့သည် နားလည်ကြောင်း ခေါင်းညိတ်ပြကာ သူသွားတော့မည့်အကြောင်းလို့ ပြောခဲ့၏။
ရဲရှင်းဟွေ့ မသိခဲ့တာက ဒီနေ့ကစပြီး ကူယန်အထက်တန်းကျောင်းမှာ နောက်ဆုံးပေါ် ကျောင်းတွင်းဒဏ္ဍာရီတစ်ခု ပေါ်ပေါက်လာခဲ့တယ်ဆိုတာပါပဲ။
အဲ့ဒါကတော့ 【လူသားကျူးပစ်(မြားနတ်မောင်) ရဲရှင်းဟွေ့】 ၏ ဇာတ်လမ်းပင် ဖြစ်သည်။
......
ရဲရှင်းဟွေ့က ဝက်ဝံကန်းနဲ့ ရှီမင်ယန်ကို ခေါ်ပြီး ကျောင်းအပြင်ကို ထွက်လာခဲ့သည်။
"မင်ယန်၊ ငါ ဝက်ဝံကန်းနဲ့ လုပ်စရာလေးရှိလို့ မင်းအရင်ပြန်နှင့်တော့"
ရှီမင်ယန်ကို ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့က ဝက်ဝံကန်းကိုခေါ်လိုက်ပြီး ရှေ့နှစ်လမ်းကျော်လောက်တွင်ရှိသော စီးပွားရေးဆိုင်ရာလမ်းမကြီးဘက်ကို လျှောက်သွားခဲ့သည်။
ငါအမှတ်မမှားဘူးဆိုရင် အဲ့လမ်းပေါ်မှာ ထီဆိုင်တစ်ဆိုင်ရှိတယ်။
ဟုတ်ပါတယ်... ရဲရှင်းဟွေ့က ထီကဒ်တွေ သွားဝယ်မလို့ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုက်ပြည့်အောင်စားရဖို့က အရေးအကြီးဆုံးပဲ မဟုတ်လား။
ရဲရှင်းဟွေ့နဲ့ ဝက်ဝံကန်းတို့ ထီဆိုင်ဘက်သို့ လျှောက်သွားနေတုန်းမှာပဲ သူတို့နှစ်ယောက်လုံး သတိမထားမိလိုက်တာက သူတို့နောက်က သစ်ပင်တစ်ပင်ဘေးမှာ လူတစ်ယောက်က ဖုန်းနဲ့ ဓာတ်ပုံခိုးရိုက်နေသည်ဆိုတာပင်။
ဓာတ်ပုံရိုက်လိုက်ပြီးနောက် ထိုလူက ဖုန်းကိုဖွင့်ပြီး ဓာတ်ပုံကို MMS နဲ့ ပို့လိုက်သည်။
.....
တစ်ချိန်တည်းမှာပဲ။
ကူယန်မြို့၏ ဆိပ်ကမ်းတွင် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အချိုးအစားနဲ့ အမျိုးသမီးတစ်ယောက်သည် အပျော်စီးသင်္ဘောပေါ်ကနေ ဆင်းလာနေသည်။
သူမ သင်္ဘောပေါ်က ဆင်းလာစဥ်တွင်ပဲ ဖုန်းစာတိုဝင်တဲ့အသံကို ကြားလိုက်ခဲ့ရသည်။
ဖုန်းကိုဖွင့်ကြည့်ပြီးနောက် ထိုအမျိုးသမီးသည် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး "အိုး၊ ဒီတစ်ခါတော့ တော်တော်ချောတဲ့ မောင်လေးတစ်ယောက်ပဲ! သူ့လည်ပင်းမှာ အမှတ်အသားတစ်ခုပါတယ်ဆိုတော့ သူက ပစ်မှတ်ပဲဖြစ်ရမယ်!"
ထိုအမျိုးသမီး စကားဆုံးတာနှင့် သူမ၏အနောက်ကနေ ဒေါက်ဖိနပ်သံများ ထွက်ပေါ်လာကာ အေးစက်စက်အမျိုးသမီးအသံတစ်ခုသည် "သူဌေးက ငါတို့ကို သတိထားဖို့ပြောထားတယ်။ ပန်းစပါးအုံးခေါင်းပေါ်က ဆုငွေကို တစ်ယောက်ယောက်က ယူသွားပြီ!"
"ပန်းစပါးအုံးတကောင်လား... ငါတို့အဖွဲ့မှာ ရက်အနည်းငယ်ခြားတစ်ခါ ပန်းစပါးအုံးမြွေတစ်ကောင်လောက် သေသွားတာက သာမန်ပဲမဟုတ်ဘူးလား... ဘာပဲဖြစ်ဖြစ် ငါတို့က ဟိုအရူးနဲ့ အဖွဲ့အတူတူပဲဟာကို။"
"ဒီတစ်ခါတော့ မတူဘူး။ ဒီတစ်ခါသေသွားတဲ့ ပန်းစပါးအုံးမြွေက သူဌေးရဲ့ယောက်ဖအရင်းပဲ၊ ဒါကြောင့် ငါတို့ ဒီမစ်ရှင်ကို အလေးအနက်ထားရမယ်! ပြီးတော့..."
ထိုအမျိုးသမီးက သူမဖုန်းထဲရှိ ဓာတ်ပုံကိုထိုးပြလိုက်ပြီး "သူ့ဘေးက အနက်ရောင်ဝတ်စုံနဲ့ နေကာမျက်မှန်တပ်ထားတဲ့လူက နည်းနည်း မရိုးသားဘူး။" လို့ ဆက်ပြောလာခဲ့သည်။
"ဟေး အစ်မဘင်း စိတ်မပူပါနဲ့။ ဒီလိုကောင်လေးမျိုးကို ကိုင်တွယ်တဲ့နေရာမှာ ကျွန်မက အတော်ဆုံးပဲ။ ဟိုမျက်မှန်သမားအတွက်တော့ အရေးမကြီးပါဘူး။ အိပ်ရာထဲမှာ အဲ့ကောင်လေးနောက်ကို သူလိုက်နေလို့မှမရတာ"
သူမသည် စကားဆုံးသွားသည်နှင့် ဆွဲဆောင်မှုရှိပြီး ညှို့ငင်တဲ့ဟန်ပန်တစ်ခုကိုလည်း လုပ်ပြလိုက်သေးသည်။ ဒါကြောင့် ဖြတ်သွားသော အမျိုးသားတော်တော်များများက သူမကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့ကြသည်။
ထိုအမျိုးသားများဟာ တစ်ခုခုနဲ့ တိုက်မိတာ ဒါမှမဟုတ် ဘေးက အမျိုးသမီးအဖော်ရဲ့ ရိုက်ပုတ်ခြင်းကို ခံလိုက်ရမှပဲ သတိပြန်ဝင်လာကြတော့သည်။
အမျိုးသမီးနှစ်ယောက်လုံးသည် မြွေကွင်းစွပ်အဖွဲ့အစည်း၏ လုပ်ကြံသတ်ဖြတ်သူတွေပင်ဖြစ်ချေသည်။
အေးစက်သောအသံပိုင်ရှင်သည်ကား ရေခဲမြွေပွေး ဖြစ်၍ ဆွဲဆောင်မှုရှိသော ညှို့ငင်သည့်အသံပိုင်ရှင်ကတော့ မေ့မြွေပွေးဖြစ်သည်။
သူတို့နှစ်ယောက်အား မြွေကွင်းစွပ် အဖွဲ့အစည်းထဲတွင် မြွေပွေးအမွှာပန်းညီအစ်မ လို့ လူသိများကြသည်။
ရေခဲမြွေပွေးသည် လုပ်ကြံသတ်ဖြတ်ရာတွင် အလွန်တော်၍ သူမ၏ လက်စွပ်ထဲတွင် ဝှက်ထားသော သံမဏိအပ်တစ်ချောင်းကို အသုံးပြုရာတွင်လည်း ကျွမ်းကျင်လေသည်။
သူမသည် ပစ်မှတ်အနားကို ကပ်နိုင်သရွေ့ ပစ်မှတ်အား ချက်ချင်းသတ်ဖြတ်ပစ်နိုင်လေသည်။
တစ်ခါတစ်ရံတွင် ၎င်းပစ်မှတ်သည် ခြေလှမ်းတော်တော်များများ လှမ်းပြီးသွားတဲ့အထိ နာကျင်မှုကို မခံစားရသေးဘဲ တစ်ခဏကြာမှ သေဆုံးသွားတတ်သည်။
မေ့မြွေပွေးသည်တော့ သတင်းအချက်အလက်စုဆောင်းရာနှင့် အဆိပ်ခတ်သည့်နေရာတွင် အလွန်ပင်ကျွမ်းကျင်သည်။
သူမတွင် ဝါသနာတစ်ခုလည်း ရှိနေသေးသည်။ အဲ့ဒါကတော့ မစ်ရှင်ရဲ့ပစ်မှတ်အား သွေးဆောင်ဖြားယောင်း၍ သူမကို ချစ်လာအောင်လုပ်ပြီး၊ နှစ်ယောက်သား အိပ်ရာထဲ ချစ်တင်းနှောနေချိန်တွင် ပစ်မှတ်ကို သတ်ပစ်လိုက်ခြင်းပင်ဖြစ်သည်။
၎င်းမြွေပွေးအဖွဲ့သည် စပါးကြီးမြွေအဖွဲ့လောက် မသန်မာသော်လည်း.. အမျိုးသားပစ်မှတ်တွေကို သတ်ဖြတ်ရာတွင်တော့ သူတို့၏ အောင်မြင်မှုနှုန်းသည် ၁၀၀% အထိ မြင့်မားနေသည်....။
အကြောင်းရင်းမှာ အမျိုးသမီးနှစ်ယောက်လုံးက အလွန်လှပကာ အမျိုးသားတွေဆို ဖျက်ဆီးတတ်တဲ့ တကယ့် ကံကြမ္မာဆိုးအမျိုးသမီးတွေဖြစ်နေလို့ပင်။
သူ့ကို လူသတ်သမားအသစ်က ပစ်မှတ်ထားနေပြီဆိုတာကို လုံးဝမသိသော ရဲရှင်းဟွေ့သည် ဝက်ဝံကန်းအား ထီဆိုင်ဆီသို့ ခေါ်လာခဲ့သည်။
ထီဆိုင်ထဲရှိ လူတိုင်း၏အာရုံသည် ဝက်ဝံကန်းဆီတွင်ပဲ စုနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အရပ်အရမ်းရှည်ပြီး ရဲရှင်းဟွေ့၏ အရှိန်အဝါကိုပါ လုံးဝဖုံးလွှမ်းသွားလို့ပင်။
"သူဌေး၊ ထီကဒ်တွေ ထုတ်ပေးပါ!"
ရဲရှင်းဟွေ့သည် ကောင်တာရှေ့သို့သွား၍ ဆိုင်ရှင်အား ပြောလိုက်သည်။
ဆိုင်ရှင်သည် သူ့စကားကို ကြားတော့ ကတ်ထူပုံးတစ်ပုံးအား ထုတ်ယူလိုက်ပြီး "ဒီထဲက ကိုယ့်ဘာသာရွေး!" လို့ ပြောလာခဲ့သည်။
ရဲရှင်းဟွေ့က ဝက်ဝံကန်းအား ကတ်ထူပုံးထဲရှိ ချဲလ်ကဒ်တွေကို ယူခိုင်းခဲ့ကာ သူ၏ ထိုးဖောက်မြင်နိုင်သော မျက်လုံးများဖြင့် တစ်ခုချင်းစီကို ကြည့်လိုက်သည်။
ကဒ်တစ်ဒါဇင်လောက်ကို ကြည့်ခဲ့ပြီးနောက် ကောင်တာရှိဆိုင်ရှင် နည်းနည်းစိတ်မရှည်ဖြစ်လာချိန်တွင်တော့ ရဲရှင်းဟွေ့သည် နောက်ဆုံးမှာ ပေါက်မဲပါသည့်ကဒ်သုံးကဒ်အား ရွေးထုတ်လိုက်နိုင်ခဲ့သည်။
ဆုတွေက မများဘူး၊ ယွမ်ငါးဆယ်တန်နှစ်ကဒ်နဲ့ ယွမ်နှစ်ဆယ်တန်တစ်ကဒ်ပဲ။
"ဟမ်...ထီကဒ်တွေက သောင်းချီ၊ သိန်းချီတောင် ပေါက်နိုင်တယ်လို့ ပြောနေကြတာ မဟုတ်ဘူးလား? ဘာလို့ တစ်ခုမှမရှိရတာလဲ"
ဆိုင်ရှင်၏ နားမလည်နိုင်သည့်ပုံစံနှင့် စိတ်မရှည်သောအကြည့်အောက်တွင် ရဲရှင်းဟွေ့သည် ပုံးထဲရှိ ချဲလ်ကဒ်အားလုံးကို ကြည့်ရှုလိုက်သည်။
ချဲလ်ကဒ်အချပ်တစ်ရာကျော်လောက်ရှိပေမဲ့ ဆုပါတဲ့ကဒ်က အနည်းငယ်ပဲရှိပြီး... တန်ဖိုးအကြီးဆုံးဆုက ယွမ်တစ်ထောင်ပဲရှိကာ အဲ့ဒါကလည်း တစ်ချပ်တည်းပဲတဲ့လေ။
"ဘယ်လိုတောင်ဖြစ်ရတာလဲ? ဒီချဲလ်ကဒ်တွေက တော်တော်လိမ်ညာနိုင်တာပဲ"
စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီးနောက် ရဲရှင်းဟွေ့သည် ယွမ်တစ်ရာတန်နှစ်ကဒ်နဲ့ ယွမ်တစ်ထောင်တန်ကဒ်ကို ယူလိုက်ပြီး ကျန်တဲ့ကဒ်တွေကို ပုံးထိပ်ပေါ်တွင် စုပုံထားခဲ့လိုက်သည်။
ချဲလ်ကဒ်လာဝယ်တဲ့ ဘယ်သူမဆို မရွေးဘဲနဲ့တောင် ဆုတစ်ခုတော့ သေချာပေါက်နိုင်မှာပဲ။
ရဲရှင်းဟွေ့သည် ဝက်ဝံကန်းအား ပိုက်ဆံပေးလိုက်ပြီး ချဲလ်ကဒ်သုံးကဒ်ကို ဝယ်လိုက်ကာ စတင်ပြီးခဲခြစ်လိုက်သည်။
ရဲရှင်းဟွေ့ သည် သူ၏ ထွင်းဖောက်ကြည့်နိုင်သောမျက်လုံးနှင့် မြင်ခဲ့သည့်အတိုင်းပင်၊ ချဲလ်ကဒ်သုံးကဒ်မှယ တစ်ထောင်နဲ့ တစ်ရာနှစ်ခါ အသီးသီးပေါက်ခဲ့လေသည်။
ရဲရှင်းဟွေ့ ဆုငွေသွားထုတ်သောအခါ ကောင်တာကဆိုင်ရှင်လည်း ကြောင်သွားခဲ့သည်။သူသည် ဤချဲလ်ကဒ်ပေါက်ဖို့အခွင့်အရေး ဘယ်လောက်နည်းလဲဆိုတာကို သိသည်။ ဆုကြီးပေါက်ဖို့ဆို ပိုလို့ပင်ဆိုးသေးသည်။
ရဲရှင်းဟွေ့နှင့် ဝက်ဝံကန်းတို့အား ဆုပေါက်သည့်ချဲလ်ကဒ်တွေကို ၁၀၀% တိတိကျကျ ဘယ်လိုရွေးသွားလဲဆိုတာကို သူနည်းနည်း အံ့ဩနေပေမဲ့၊ လူအများကြီးကြည့်နေတဲ့နေရာမှာ သူတို့နှစ်ယောက်အတွက် ဆုငွေမလဲပေးလို့လည်း မဖြစ်ချေ။
ဤသို့နှင့် ရဲရှင်းဟွေ့သည် ယွမ် ၁၂၀၀ ကို အောင်အောင်မြင်မြင် ရရှိခဲ့လေသည်။ အစပိုင်းတွင်တော့ ယွမ် ၁၂၀၀ ရလို့ ရဲရှင်းဟွေ့သည် အနည်းငယ်ပျော်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒါက ပိုက်ဆံကောက်ရသလိုပဲ၊ ဘယ်သူကြုံကြုံ ပျော်မှာပဲလေ။
ဒါပေမဲ့...ဝက်ဝံကန်းကို မြင်လိုက်တဲ့အခါတွင် သူ မပြုံးနိုင်တော့ပါ၊ ဘာလို့လဲဆို ဒီတစ်ထောင့်နှစ်ရာက မကြာခင်မှာ ဝက်ဝံကန်းရဲ့ အစာဖိုးဖြစ်သွားတော့မယ်ဆိုတာ သူသိလို့ပင်။