ကျင်းချန်ကလပ်
Vol. 3 Ch. 32
ဝမ်ကျားယန်၏ ဦးဆောင်မှုဖြင့် သူတို့လေးယောက် ဓာတ်လှေကားစီးကာ အပေါ်ဆုံးထပ်ရှိ VIP အခန်းသို့ တက်လာခဲ့ကြသည်။
အပေါ်ဆုံးထပ်တွင် VIP အခန်း လေးခန်းရှိပြီး နှစ်ခန်းမှာ လက်ရှိတွင် လူရှိနေသည်။
ဝမ်ကျားယန်နှင့် သူမ၏ သူငယ်ချင်းများရှိနေသော VIP အခန်းမှာ KTV နှင့် ဘားပုံစံ အခန်းဖြစ်သည်။
ကျန်အခန်းသုံးခန်းမှာ SPA အခန်း၊ အပန်းဖြေကစားနည်းအခန်းနှင့် လက်ဖက်ရည်သောက်ခန်းတို့ ဖြစ်ကြသည်။
.....
အခန်းတံခါးမဖွင့်မီတွင် စင်္ကြံလမ်းမှာ တိတ်ဆိတ်နေသော်လည်း အခန်းတံခါးဖွင့်လိုက်သည့်အခိုက်အတန့်မှာပင် ဆူညံသော တေးဂီတသံများက အခန်းထဲမှ ထွက်ပေါ်လာသည်။
ဤဆူညံသော တေးဂီတသံကို ကြားသောအခါ ရဲရှင်းဟွေ့သည် စိတ်လှုပ်ရှားသလို ခံစားလိုက်ရသော်လည်း ရဲရှင်းချန်မှာမူ မျက်မှောင်ကြုတ်လိုက်သည်။
သူ မျက်မှောင်ကြုတ်ရသည့် အကြောင်းရင်းမှာ ဤကဲ့သို့ ဆူညံသော ပတ်ဝန်းကျင်ကို အမှန်တကယ် မကြိုက်သောကြောင့် ဖြစ်သည်။
ဝက်ဝံကန်းကြီးမှာမူ ခံစားချက်မရှိသော မျက်နှာထားဖြင့် ရဲရှင်းဟွေ့နောက်မှ လိုက်ပါနေဆဲဖြစ်သည်။
လူလေးယောက် အခန်းထဲသို့ ဝင်သွားသောအခါ အခန်းထဲရှိ လူငယ်အားလုံး တံခါးဝသို့ လှမ်းကြည့်ကြသည်။
"ကျားယန် နင် အိမ်ပြန်သွားပြီထင်နေတာ။ ဖုန်းဖြေပြီး နှုတ်တောင်မဆက်ဘဲ ထွက်သွားတာ။"
ဝမ်ကျားယန်ကို မြင်သောအခါ မိတ်ကပ်အထူကြီးလိမ်းထားသော မိန်းကလေးတစ်ယောက်က ထပြောလိုက်သည်။
"အိုး ငါ့အမေကတော့ အိမ်ပြန်ခိုင်းတာပဲ။" ထိုသို့ပြောပြီးနောက် ဝမ်ကျားယန်က သူမ၏နောက်သို့ လှည့်ကြည့်ကာ "ဒီ ကပ်တွယ်နေတဲ့ကောင်နှစ်ကောင်ကို ခေါ်မလာခဲ့ရရင်ပေါ့။"
ဝမ်ကျားယန်သည် ဝက်ဝံကန်းကြီးကို လုံးဝဂရုမစိုက်ဘဲ လျစ်လျူရှုထားသည်ဟု ဆိုနိုင်သည်။
အခန်းထဲရှိ လူငယ်များမှာမူ ဝမ်ကျားယန်၏ စကားကိုကြားပြီးနောက် သူမ၏နောက်ရှိ ရဲရှင်းဟွေ့နှင့် နောက်တစ်ယောက်ကို တည့်တည့်ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် ရဲရှင်းဟွေ့ကလည်း အခန်းထဲရှိ လူတော်တော်များများကို သူသိနေကြောင်း သတိပြုမိလိုက်သည်။
ထိုသူများထဲတွင် ကူယန်အထက်တန်းကျောင်းမှ ဩဇာလွှမ်းမိုးမှုရှိသော ကျောင်းသားအချို့ပါဝင်ပြီး သူတို့တစ်ဦးချင်းစီမှာ အလွန်ကောင်းမွန်သော မိသားစု နောက်ခံမှ လာကြသူများဖြစ်သည်။
တိတိကျကျဆိုရလျှင် ဆင်းရဲသော မိသားစုမှလာသူများမှာ ဤအသိုင်းအဝိုင်းထဲသို့ လုံးဝဝင်ရောက်နိုင်မည်မဟုတ်ပေ။
ထို့အတူ ရဲရှင်းဟွေ့သည် သူအရင်က တွေ့ဖူးသော မုန်ကျစ်ယွီကိုလည်း တွေ့လိုက်သည်။
မုန်ကျစ်ယွီက ရဲရှင်းဟွေ့ကို မြင်သောအခါ သူ့မျက်လုံးများက အေးစက်နေသော်လည်း ရဲရှင်းဟွေ့ကမူ မုန်ကျစ်ယွီကို မြင်သောအခါ ပြုံးရုံသာ ပြုံးလိုက်သည်။
အခြားအကြောင်းကြောင့်မဟုတ်၊ မုန်ကျစ်ယွီသည် ရဲရှင်းဟွေ့အတွက် အချက်ပြမီးတစ်ခု ဖြစ်နေသောကြောင့်ပင်။
မုန်ကျစ်ယွီကသာ သူ့ကို တိုက်ခိုက်ရန် တစ်ခုခုလုပ်လိုက်လျှင် သူ၏အစ်ကိုဖြစ်သူ၏ စိတ်အခြေအနေမှာ သေချာပေါက် ပြောင်းလဲသွားလိမ့်မည်။
သူ၏အစ်ကို စိတ်အခြေအနေပြောင်းလဲသွားလျှင် သူ၏ တီဗီလေးတွင် လိုင်းမိလာလိမ့်မည်။
ထိုသို့တွေးမိသောအခါ ရဲရှင်းဟွေ့၏ မုန်ကျစ်ယွီကို ကြည့်သော အကြည့်များက ပို၍ပင် နူးညံ့သွားသည်။ နောက်ဆုံးတော့ ဒီကောင်က မကြာခင် ဒုက္ခရောက်တော့မည့်သူ ဖြစ်သည် မဟုတ်လား။
.......
"ဟားဟား ရဲရှင်းဟွေ့၊ ရဲရှင်းချန်၊ ရောက်လာကြပြီဆိုတော့ လာထိုင်ကြလေ။"
အဓိကနေရာတွင် ထိုင်နေသော မုန်ကျစ်ယွီက စတင်စကားပြောလိုက်သည်။
မုန်ကျစ်ယွီ၏ ဘေးရှိလူများက သူ၏စကားကို ကြားသောအခါ မုန်ကျစ်ယွီက ညီအစ်ကိုနှစ်ယောက်ကို ကောင်းကောင်းသင်ခန်းစာပေးတော့မည်ကို သိလိုက်ကြပြီး ဘေးသို့ရွှေ့ကာ လူနှစ်ယောက်စာ နေရာဖယ်ပေးလိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ရဲရှင်းဟွေ့က ရယ်မောကာ "မုန်ကျစ်ယွီ မင်းရဲ့ဆုံးဖြတ်ချက်က သိပ်မကောင်းသေးဘူးထင်တယ်။ ငါ့နောက်မှာ နောက်ထပ် ညီအစ်ကိုတစ်ယောက်ရှိနေတာ မမြင်ဘူးလား။"
ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့က သူ၏နောက်တွင် ရပ်နေသော ဝက်ဝံကန်းကြီးကို လက်ညှိုးထိုးပြလိုက်သည်။
ရဲရှင်းဟွေ့၏ စကားကိုကြားသောအခါ မုန်ကျစ်ယွီလည်း အံ့ဩသွားသည်။ သူက ဝက်ဝံကန်းကြီးကို ကျင်းချန်ကလပ်မှ လုံခြုံရေးဝန်ထမ်းဟု ထင်နေခဲ့သော်လည်း ယခုကြည့်ရသည်မှာ လုံခြုံရေးဝန်ထမ်း လုံးဝမဟုတ်ပေ။
"အိုး ဒါဆို မင်းတို့က ဒီတစ်ယောက်ကိုလည်း ခေါ်လာတာပေါ့။ ကောင်းပြီလေ အတူတူဝင်ထိုင်ကြ။"
ပါးစပ်မှ ထိုသို့ပြောနေသော်လည်း မုန်ကျစ်ယွီ၏ စိတ်ထဲတွင်မူ "မင်းတို့နှစ်ယောက်ကို ရှင်းရမယ့်ကိစ္စပဲ။ တစ်ယောက်ပိုလာလည်း ဘာမှမဖြစ်ပါဘူး။" ဟု တွေးနေခဲ့သည်။
မုန်ကျစ်ယွီကို စိတ်ပူစေသည့် တစ်ခုတည်းသောအရာမှာ ဝက်ဝံကန်းကြီး၏ ခန္ဓာကိုယ်အရွယ်အစားပင်ဖြစ်သည်။
ဝက်ဝံကန်းကြီး၏ ခန္ဓာကိုယ်က သူ့ကို ဖိအားပေးနေသလို ခံစားရစေသောကြောင့် လျှော့မတွက်ရဲပေ။
သုံးယောက်သား ထိုင်လိုက်ကြသောအခါ မုန်ကျစ်ယွီက စားပွဲပေါ်မှ ကော့တေးသုံးခွက်ကိုယူကာ သူတို့သုံးယောက်ထံ ကမ်းပေးလိုက်သည်။
×××××