← Chapters

နွေဦးလေပြေ

Vol. 3 Ch. 33

နွေဦးလေပြေ

Vol. 3 Ch. 33

ဝက်ဝံကန်း၏ ခြိမ်းခြောက်မှုကြောင့် မုန်ကျစ်ယွီသည် ရဲရှင်းဟွေ့ကို တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။

ကျင်းချန်ကလပ်က လုံခြုံရေးကို သွားခေါ်ရမယ်တဲ့လား။ သူသာ ပြဿနာရှာခဲ့လျှင် ဤကလပ်ပိုင်ရှင်၏ဖခင်သည်ပင် သူ့ကို လေးစားရိုသေစွာ ဆက်ဆံရသည်။ သူဒီမှာ ပြဿနာရှာနေသည်ကို သူ့အဖေသာ သိသွားလျှင် သူ့ကို သေအောင် ရိုက်လိမ့်မည်ဖြစ်သည်။

ဒီည သူဘာမှလုပ်လို့မရတော့မှန်း သိလိုက်သောအခါ မုန်ကျစ်ယွီသည် သူ့ဘေးမှလူများနှင့် ပူးပေါင်းပြီး ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်ကို နှုတ်ဖြင့် စတင်တိုက်ခိုက်တော့သည်။

တကယ်တော့ ဒါက စော်ကားနေခြင်း မဟုတ်ပေ။ သူတို့က သူတို့ရဲ့ အထက်တန်းကျမှုကို ကြွားဝါနေကြခြင်းသာ ဖြစ်သည်။

ဥပမာအားဖြင့်၊ မင်းတို့မိသားစုမှာ ပိုက်ဆံဘယ်လောက်ရှိလဲ၊ မင်းတို့ကုမ္ပဏီက ဘယ်လောက်ကြီးလဲ၊ ဘာကားစီးလဲ၊ မင်းနာရီက ဘယ်လောက်တန်လဲ စသည်ဖြင့် ဖြစ်သည်။

ထိုသို့ ကြွားဝါနေရင်းနှင့် ရဲရှင်းဟွေ့၏ မိသားစုက ဘာအလုပ်လုပ်သလဲဟုလည်း စတင်မေးလာကြသည်။

ရဲရှင်းဟွေ့က ရိုးရှင်းစွာပင် "ကျွန်တော့်မိသားစုက စူပါမားကတ်တစ်ခု ဖွင့်ထားတယ် ဒါပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းကမှ ဒေဝါလီခံလိုက်ရတယ်" ဟု ပြန်ဖြေလိုက်သည်။

ရဲရှင်းဟွေ့၏ စကားကြောင့် ပတ်ဝန်းကျင်မှလူများအားလုံးသည် ရယ်မောကုန်ကြသည်။

သို့သော် ရဲရှင်းဟွေ့က ဂရုမစိုက်ပေ။ အမှန်တရားကို သိထားသူပီပီ၊ သူကတော့ ဤနေရာတွင် ရှိနေသော သူဌေးသားသမီးများကို လူပြက်များဟုသာ မြင်သည်။

ရဲရှင်းချန်ကတော့ လုံးဝကို ဂရုမစိုက်ပေ။ သူက ဒီလူအုပ်စုကို လျစ်လျူရှုထားသည်။

ဝက်ဝံကန်းမှာတော့ မရပ်မနား စားသောက်နေသည်။ သူသည် အဆုံးမရှိ စားသောက်နေပြီး ကော့လ်တေးလ် အများအပြားကိုလည်း သောက်လိုက်သေးသည်။

ရဲရှင်းဟွေ့ အလွန်ပင် စိတ်ရှုပ်ထွေးသွားသည်။ သူက ကျိုးလင်အိမ်မှာ အများကြီး စားခဲ့ပြီးပြီ မဟုတ်လား၊ ဒီမှာ ဘယ်လိုလုပ် ဆက်စားနိုင်သေးတာလဲ။ သူက အစားကြီးသူတစ်ယောက်ဖြစ်ရင်တောင် ဒီလောက်အများကြီးတော့ စားနိုင်မည် မဟုတ်ပေ။

ရဲရှင်းချန် အတွေးများနေစဉ်မှာပင်၊ သီးသန့်ခန်း၏တံခါးကို အပြင်ဘက်မှ တွန်းဖွင့်လိုက်ပြီးနောက် အနည်းငယ်ထိတ်လန့်နေပုံရသော မိန်းကလေးတစ်ယောက် ဝင်လာသည်ကို တွေ့လိုက်ရသည်။

မိန်းကလေး ဝင်လာသောအခါ ရဲရှင်းဟွေ့က သူမ၏မျက်နှာပေါ်တွင် ပါးရိုက်ခံထားရသည့် လက်ရာတစ်ခုကို တွေ့လိုက်ရသည်။

ထိုမိန်းကလေးသည် ဖုန်းဖြေရန် အပြင်သို့ ခဏထွက်သွားခဲ့ခြင်း ဖြစ်သည်။ သီးသန့်ခန်းထဲရှိ လူငယ်လူရွယ်များက မိန်းကလေး၏မျက်နှာပေါ်မှ ပါးရိုက်ရာကို မြင်လိုက်ရသောအခါ အားလုံး မှင်တက်သွားကြသည်။

"ယောင်ယောင် နင့်ကို ဘယ်သူရိုက်တာလဲ"

"ဟုတ်တယ် ဘာဖြစ်တာလဲ။ ဘယ်သူက နင့်ကို ဒီလိုဖြစ်အောင် ရိုက်လိုက်တာလဲ"

......

ယောင်ယောင်ဟုခေါ်သော မိန်းကလေးသည် သူ့သူငယ်ချင်းများ၏ အမေးကိုကြားသောအခါ မျက်ရည်များ ကျလာတော့သည်။ ထို့နောက် ငိုရင်းဖြင့်ပင် စောနကကဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။

သီးသန့်ခန်းက ဆူညံလွန်းသောကြောင့် ယောင်ယောင်သည် ဖုန်းဖြေရန် အပြင်သို့ ထွက်သွားခဲ့သည်။ သူမ အပြင်ရောက်သောအခါ ရေချိုးဝတ်စုံနှင့် ခေါင်းပြောင်းအမျိုးသားတစ်ဦးလည်း ဖုန်းပြောနေသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသားက ယောင်ယောင်သည် ရုပ်ရည်ချောမောပြီး ရင့်ကျက်စွာ ဝတ်စားထားသည်ကို မြင်သောအခါ သူမကို ဒီက ဝန်ထမ်းတစ်ဦးဟု ထင်သွားပြီး သူမအနားသို့ လျှောက်လာကာ ပရောပရည်လုပ်ခဲ့သည်။

ယောင်ယောင်သည် အသက် ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးသာ ဖြစ်သည်။ သူမသည် ယခင်က ဤသို့ ပရောပရည်လုပ်ခံရခြင်းမျိုး တစ်ခါမှမကြုံဖူးပေ။ သူမက ထိုခေါင်းပြောင်အမျိုးသားကို လက်လွတ်စပယ် ပါးရိုက်လိုက်သော်လည်း ထိုသူက သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး ယောင်ယောင့်မျက်နှာကို ပြန်ရိုက်ခဲ့သည်။

......

ဖြစ်ကြောင်းကုန်စင်ကို ကြားပြီးနောက်၊ ထိုနေရာရှိ လူငယ်များအားလုံးသည် မခံမရပ်နိုင် ဖြစ်သွားကြသည်။

"ယောင်ယောင်၊ အဲ့ဒီကတုံးကောင် အပြင်မှာ ရှိသေးလား"

လူငယ်တစ်ဦးက အင်္ကျီလက်ကို တံတောင်ဆစ်ထိပင့်တင်ရင်း ပြောလိုက်သည်။

ထိုသို့ မတ်တပ်ရပ်ပြောလိုက်သော လူငယ်၏အမည်မှာ ဟဲကျစ်ဖေးဖြစ်ပြီး သူသည် ယောင်ယောင်ကို လိုက်ပိုးပန်းနေသူဖြစ်သည်။

"ရှိလောက်မယ်ထင်တယ်" ယောင်ယောင်က မျက်ရည်များကို သုတ်ရင်း ဆက်ပြောသည်၊ "ငါထင်တာတော့ အဲ့ဒီလူက နည်းနည်း ကိုင်တွယ်ရခက်မယ့်ပုံပဲ..."

ယောင်ယောင်က ပြဿနာကိုမကြီးစေချင်သော်လည်း ထိုနေရာရှိ ယောကျ်ားလေးများကတော့ မကျေနပ်ကြပေ။

"ယောင်ယောင်၊ အဲ့ဒီလူယုတ်မာက နင့်ကို ရိုက်ရင် ငါက နင့်အတွက် လက်စားပြန်ချေပေးမှာပေါ့။ ပြီးတော့... ငါတို့ ဘာကိုကြောက်စရာလိုလို့လဲ၊ ငါတို့မှာ အစ်ကိုကြီးမုန် ရှိနေတာပဲ မဟုတ်လား"

ထိုသို့ပြောပြီးနောက် ဟဲကျစ်ဖေးက မုန်ကျစ်ယွီကို ပြန်လှည့်ကြည့်ကာ ပြုံးလျက် "အစ်ကိုကြီးမုန်၊ ကျွန်တော်ပြောတာ မှန်တယ်မလား ယောင်ယောင် အရိုက်ခံရတာကို ကျွန်တော်တို့ တရားမျှတမှု ပြန်ရ‌အောင်လုပ်ရမယ်" ဟု ပြောလိုက်သည်။

ဟဲကျစ်ဖေး၏စကားကိုကြားသောအခါ မုန်ကျစ်ယွီသည် အနည်းငယ် အနေရခက်သွားသည်။

×××××

All Chapters