← Chapters

သဘောထား

Vol. 3 Ch. 38

သဘောထား

Vol. 3 Ch. 38

ထိုအမျိုးသမီးကို မြင်လိုက်ရသောအခါ ရဲရှင်းဟွေ့၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ကျစ် တော်တော်လှတာပဲ"

ရဲရှင်းဟွေ့က သူ့ရှေ့တွင် ရပ်နေသော အစ်ကိုဖြစ်သူကို လက်ဖြင့်တို့ကာ ပြောလိုက်သည်။

"အစ်ကို ခင်ဗျားကတော့ မိုက်တယ်ဗျာ"

ရဲရှင်းချန်က သူ့ညီကို လျစ်လျူရှုထားလိုက်သည်။ သို့သော်လည်း တရုတ်ရိုးရာဝတ်စုံဝတ်ဆင်ထားသော လှပသည့်အမျိုးသမီးက ရဲရှင်းဟွေ့ထံ လျှောက်လာပြီး သူမ၏ နူးညံ့သော လက်တစ်ဖက်ကို ကမ်းပေးကာ မိတ်ဆက်လိုက်သည်။

"မင်္ဂလာပါ၊ ကျွန်မက ချယားကျဲပါ။ ရှင့်က မစ္စတာရဲရဲ့ ညီလေးမလား"

ရဲရှင်းဟွေ့ကလည်း လက်တစ်ဖက်ကမ်းကာ ချယားကျဲ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ပြောသည်။

"ကျွန်တော်က ရဲရှင်းဟွေ့ပါ။ ခင်ဗျားမှန်ပါတယ် ကျွန်တော်က သူ့ရဲ့ညီလေးပါ။"

ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့က ပြုံးကာ ချယားကျဲကို ပြောလိုက်သည်။

"ကျွန်တော့်ယောက်မတော်ဖို့ စိတ်ကူးမရှိဘူးလားဗျ။"

ချယားကျဲ:.....

"ဟားဟားဟား"

ချယားကျဲက အနေရခက်စွာ ရယ်မောရင်း ပြောသည်။

"မစ္စတာရဲရဲ့ ညီလေးကတော့ တကယ်နောက်တတ်တာပဲ။ ကျွန်မလိုလူက မစ္စတာရဲနဲ့ ဘယ်လိုလုပ်ထိုက်တန်မှာလဲရှင်"

"ကဲ စကားပြောတာ ရပ်တော့"

ထိုအချိန်တွင် ရဲရှင်းချန်က နောက်ဆုံးတော့ စကားစပြောလာသည်။

"မစ္စချ ခင်ဗျားက ကျွန်တော့်ညီနဲ့ စကားလာပြောတာတော့ မဟုတ်ဘူးမလား။"

ချယားကျဲက ခေါင်းညိတ်ပြပြီး

"မစ္စတာရဲ၊ ကျွန်မတို့ကို ပြင်ဆင်ခိုင်းထားတဲ့ ဆေးပင်တွေ အဆင်သင့်ဖြစ်ပါပြီ။ ကျွန်မအဘိုးရဲ့ ကိုယ်တွင်းဝေဒနာကို သွားကုပေးလို့ရမလားရှင်။"

"အဲ့လောက်မြန်မြန် အဆင်သင့်ဖြစ်သွားပြီလား။"

ရဲရှင်းချန်က ခေါင်းညိတ်လိုက်ပြီး

"ဒါဆို ကျွန်တော့်ကို ခေါ်သွားလေ။"

ထိုစကားကို ကြားသောအခါ ချယားကျဲက ချက်ချင်းပင် ကားရှေ့ခန်းသို့ ပြေးသွားကာ တံခါးဖွင့်ပေးလိုက်သည်။

"မင်းတို့ အရင်ပြန်နှင့်ကြတော့။ ငါကိစ္စလေးတွေ သွားလုပ်ပြီးမှ အိမ်ပြန်လာခဲ့မယ်"

ရဲရှင်းချန်က ရဲရှင်းဟွေ့ကို တစ်ခွန်းပြောပြီး ကားထဲသို့ ဝင်သွားလိုက်သည်။

......

ထိုနှစ်ယောက်၏ စကားပြောဆိုမှုကို နားထောင်ရင်း ရဲရှင်းဟွေ့က ဖြစ်ကြောင်းကုန်စင်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။

ဟုတ်သည်။ ရဲရှင်းဟွေ့ နောက်တစ်ကြိမ် မှန်သွားပြန်ပြီ။ ချယားကျဲ၏ အဘိုးဖြစ်သူ ချရှုံသည် ကူယန်မြို့၏ သူဌေးကြီးတစ်ဦး ဖြစ်သည်။

ချရှုံသည် တစ်ချိန်က စစ်သားတစ်ဦးဖြစ်ခဲ့ပြီး ဂျပန်တော်လှန်ရေးစစ်ပွဲတွင်ပင် ပါဝင်ခဲ့ဖူးသည်။ အငြိမ်းစားမယူမီက သူသည် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်ခဲ့သည်။ ယခု အငြိမ်းစားယူသွားပြီဖြစ်သော်လည်း စစ်တပ်ထဲတွင် သူ၏အဆက်အသွယ်များက အလွန်ခိုင်မာဆဲ ဖြစ်သည်။

ချရှုံသည် စစ်သားတစ်ဦးသာမက သိုင်းသမားတစ်ဦးလည်း ဖြစ်သည်။

ဂျပန်တော်လှန်ရေးစစ်ပွဲအတွင်း ချရှုံသည် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သူ အသက်ရှင်လွတ်မြောက်ခဲ့သော်လည်း သူ၏ခန္ဓာကိုယ်ထဲတွင် ကိုယ်တွင်းဝေဒနာတစ်ခု ကျန်ရစ်ခဲ့သည်။

ရဲရှင်းချန်သည် ထိုအဘိုးအမြေးနှစ်ယောက်နှင့် တွေ့ဆုံပြီးနောက် စွေ့ရှုံ၏ ကျန်းမာရေးအခြေအနေကို မြင်နိုင်ခဲ့သည်။

မူလက ရဲရှင်းချန်သည် ဂရုစိုက်ချင်စိတ်မရှိခဲ့သော်လည်း စွေ့ရှုံ ကိုင်ဆွဲကစားနေသော ကျောက်စိမ်းပြားကို မြင်လိုက်ရသည့်အခါ သူ၏စိတ်ပြောင်းသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုကျောက်စိမ်းပြားထဲတွင် အလွန်အားကောင်းသော ကြယ်စွမ်းအင်များ ပါဝင်နေသောကြောင့် ဖြစ်သည်။

ထိုကျောက်စိမ်းပြားကို ရရှိရန်အတွက် ရဲရှင်းချန်သည် စွေ့ရှုံ၏ ကိုယ်တွင်းဒဏ်ရာများကို ကုသပေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

......

သူ့အစ်ကိုကို ကားဆီသို့ခေါ်သွားသည်ကို မြင်ပြီးနောက် ရဲရှင်းဟွေ့က ယောင်တန်ကို ကြည့်ကာ ပြောလိုက်သည်။

"သွားကြစို့၊ အစ်မယောင်"

"နေပါဦး... ရှင်းဟွေ့ မင်းအစ်ကိုက အစ်မစွေ့ယာနဲ့ ဘယ်လိုသိသွားတာလဲ။"

ယောင်တန်က မယုံနိုင်စွာဖြင့် ပြောလိုက်သည်။

"ဟေ အဲ့မိန်းမကို သိလို့လား။"

ရဲရှင်းဟွေ့က အနည်းငယ် ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဘယ်လိုမသိဘဲနေမလဲ။ သူက စွေ့မိသားစုရဲ့ သမီးအကြီးဆုံးလေ။"

"စွေ့မိသားစုဆိုတာ ကူယန်မြို့က ထိပ်တန်းမိသားစုတွေထဲက တစ်ခုပဲ။ မစ္စတာကျိုးတောင် သူတို့နဲ့ အဆက်အသွယ်လုပ်ဖို့ ခက်ခဲလိမ့်မယ်။"

ယောင်တန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်မှာတော့ သူဌေးအချမ်းသာဆုံး၏သား မုန်ကျစ်ယွီက ဖန်လုံကို ဘာကြောင့် ကြောက်ရသလဲဆိုတာ ရဲရှင်းဟွေ့ နားလည်သွားတော့သည်။

သူတို့က ဖန်လုံကို ကြောက်တာမဟုတ်ဘဲ ဖန်လုံ၏ နောက်ကွယ်မှ ချမိသားစုကို ကြောက်နေကြခြင်း ဖြစ်သည်။

.......

ကျင်းချန်ကလပ်၏ အဝင်ဝတွင်။

ဝက်ဝံကန်းက အစ်ကိုကြီးလုံ၏ ညီငယ်တစ်ယောက်ထံမှ စီးကရက်တစ်လိပ်တောင်းကာ မီးညှိဖွာရှိုက်လိုက်ပြီးနောက် ပြောလိုက်သည်။

"ငါပြောမယ်ကွာ မင်းက ဘာလို့အမြဲတမ်း အဲ့လောက်တုန်လှုပ်ချောက်ချားနေရတာလဲ။ သေနတ်အကျိုးအပဲ့လေးတွေပဲဟာ၊ မင်းရှိနေတာပဲ ဘာမှမဖြစ်ပါဘူးကွ"

"ငါရှိနေပေမဲ့ ပစ်မှတ်ရဲ့ လုံခြုံရေးကို အပြည့်အဝသေချာအောင် အာမခံချက်နောက်တစ်လွှာ ထပ်ထည့်ထားတာက ပိုကောင်းတယ်"

ဒီတစ်ကြိမ်မှာတော့ အသံက ဝက်ဝံကန်း၏ နားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အနီးကပ်ကြည့်မည်ဆိုလျှင် ဝက်ဝံကန်း၏နားထဲတွင် မြေပဲစေ့အရွယ် ဘလူးတုသ်နားကြပ်တစ်ခု တပ်ဆင်ထားသည်ကို တွေ့မြင်နိုင်သည်။

......

လွန်ခဲ့သော နာရီဝက်ခန့်က။

အစ်ကိုကြီးလုံ၏ ညီငယ်များက ရဲရှင်းဟွေ့တို့ရှိနေသော သီးသန့်အခန်းထဲသို့ ဝင်ရောက်လာချိန်တွင် အခြားအဆောက်အဦးတစ်ခု၏ အမိုးပေါ်တွင်ရှိနေသော ဇီးကွက်က ဝက်ဝံကန်းတွင် တပ်ဆင်ထားသည့် အဝေးထိန်းကင်မရာမှတစ်ဆင့် ဖန်လုံ၏ ညီငယ်သုံးယောက်တွင် သေနတ်များပါလာသည်ကို တွေ့ရှိခဲ့သည်။

ဝက်ဝံကန်းက ဂရုမစိုက်ချင်ခဲ့‌ပေ။ ထိုလက်နက်ကိုင်များက ရဲရှင်းဟွေ့ သို့မဟုတ် ရဲရှင်းချန်ကို အမှန်တကယ် တိုက်ခိုက်လိုလျှင်တောင်မှ သူတို့ သေနတ်မပစ်မီ ဝက်ဝံကန်းက သူတို့ကို ပစ်သတ်နိုင်စွမ်းရှိသည်။

ဇီးကွက်က ဝက်ဝံကန်း၏ အရည်အချင်းကို ယုံကြည်သော်လည်း သတိထားတာ မမှားဘူးဟု ဆုံးဖြတ်ခဲ့သောကြောင့် ဝက်ဝံကန်းက ရန်သူကြားထဲသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။

ဝက်ဝံကန်းနှင့် ဇီးကွက်တို့ နှစ်ဦးစလုံးသည် ဘလက်ခ်ဟတ် နိုင်ငံတကာ သက်တော်စောင့်ကုမ္ပဏီ လက်အောက်တွင် ဖြစ်သော်လည်းသူတို့သည် တာဝန်ထမ်းဆောင်ရာတွင် ဒေသဆိုင်ရာ ဥပဒေများကို လိုက်နာရသည်။ အထူးသဖြင့် တရုတ်နိုင်ငံတွင် သူတို့ စိတ်တိုင်းကျ ပြုမူ၍မရပေ။ သူတို့ ဘလက်ခ်ဟတ်ကုမ္ပဏီ၏ သူဌေးက တရုတ်လူမျိုးဖြစ်သောကြောင့် သူ၏လက်အောက်ငယ်သားများကို တရုတ်ပြည်တွင် ရှုပ်ရှုပ်ယှက်ယှက်လုပ်ခွင့် မပေးနိုင်သည်မှာ သဘာဝကျသည်။

ထို့ကြောင့်ပင် ဝက်ဝံကန်းရော ဇီးကွက်ပါ လိုအပ်မှသာလျှင် လှုပ်ရှားဆောင်ရွက်ကြသည်။

ဟုတ်သည်။မြွေကွင်းစွပ် အဖွဲ့အစည်းမှ နိုင်ငံတကာလူသတ်သမားများကို ရင်ဆိုင်ရချိန်တွင်တော့ ကွဲပြားသည်။ နိုင်ငံတကာလူသတ်သမားများကို ရင်ဆိုင်ရသည့်အခါ သူတို့သည် တိုက်ရိုက်သတ်ဖြတ်နိုင်ပြီး သူတို့၏ခေါင်းများကို ဆုငွေထုတ်ရုံးတွင် ငွေနှင့်လဲလှယ်နိုင်သည်။

တကယ်တော့ ဖန်လုံ၏ ညီငယ်တစ်စု ကံကောင်းသွားခြင်း ဖြစ်သည်။ သူတို့သာ ဓားများ၊ အရက်ပုလင်းများနှင့် သံတုတ်များအစား သေနတ်များကို ထုတ်သုံးခဲ့မည်ဆိုလျှင် ယနေ့အချိန်တွင် သူတို့ထဲမှ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။

.......

"ဇီးကွက် ငါတို့တာဝန်က ဘယ်တော့ပြီးမှာလဲ။"

ဝက်ဝံကန်းက အဝေးတွင်ရှိသော ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်ကို ကြည့်ရင်း မေးလိုက်သည်။

"သူဌေးပြောတာကတော့ ရဲချန် တရုတ်ပြည်ကို မပြန်မလာသရွေ့ ငါတို့တာဝန်က ဘယ်တော့မှ ပြီးဆုံးမှာမဟုတ်ဘူးတဲ့"

"တကယ်လား... ဒါပေမဲ့ ဒီလိုလည်း ကောင်းပါတယ်။ တရုတ်ပြည်မှာ တာဝန်ထမ်းဆောင်ရတာက တော်တော်လေး လုံခြုံတယ်လို့ ပြောရမှာပဲ။"

ထိုသို့ပြောပြီးနောက် ဝက်ဝံကန်းက သူ၏စီးကရက်ကို ငြှိမ်းသတ်ကာ ရဲရှင်းဟွေ့ထံသို့ လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်နှင့် အမျိုးသမီးတစ်ဦး ကလပ်တံခါးမှ ထွက်လာပြီး ရဲရှင်းဟွေ့ထံသို့ လျှောက်လာသည်။

ထိုအမျိုးသမီးက ဝက်ဝံကန်းအနားမှ ဖြတ်သွားသောအခါ သူ့ကို မျက်စိတစ်ဖက်မှိတ်ပြသွားသော်လည်း ဝက်ဝံကန်းကမူ မမြင်သကဲ့သို့ လျစ်လျူရှုထားလိုက်သည်။

ထိုအခိုက်တွင် ဇီးကွက်၏အသံက နားကြပ်ထဲမှ ထပ်မံထွက်ပေါ်လာသည်။

"အဘိုးကြီးဝက်ဝံ ဒီမိန်းမက ရုပ်ဖျက်ထားတာ သူ့ကို စောင့်ကြည့်ထား၊ မင်းကာကွယ်နေတဲ့ ပစ်မှတ်အနားကို အကပ်မခံနဲ့"

ထိုစကားကို ကြားပြီးနောက်တွင်လည်း ဝက်ဝံကန်းက ထိုအမျိုးသမီးကို လှည့်မကြည့်ခဲ့ပေ။

ဝက်ဝံကန်းက သူမကို လျစ်လျူရှုထားသည်ကို မြင်သောအခါ ထိုအမျိုးသမီးက လမ်းကြောင်းပြောင်းကာ ရဲရှင်းဟွေ့တို့နှင့် ဆန့်ကျင်ဘက်အရပ်သို့ လျှောက်သွားလိုက်သည်။

ထိုအမျိုးသမီး ထွက်သွားပြီးနောက် ဝက်ဝံကန်းက လှည့်ကာ သူမ၏ ကျောပြင်ကို ကြည့်လိုက်သည်။

"ဒီကျောပြင်ကို ရင်းနှီးနေသလိုပဲ"

ဝက်ဝံကန်းက သူ့ဘာသာသူ ရေရွတ်လိုက်သည်။

"ဟေး... ဝက်ဝံကန်း သွားတော့မလို့လား။"

ဝက်ဝံကန်းက ထိုအမျိုးသမီး၏ ကျောပြင်ကို ကြည့်နေစဉ် ရဲရှင်းဟွေ့က သူ့ကို လှမ်းအော်ခေါ်လိုက်သည်။

"လာပြီ"

ဝက်ဝံကန်းက ပြန်ဖြေရင်း ထိုအမျိုးသမီးကို ဂရုမစိုက်တော့ပေ။

"သိမ်းငှက်ကို ဒီမိန်းမအကြောင်း စုံစမ်းခိုင်းလိုက်”

ဇီးကွက်ကို ထိုသို့ပြောပြီးနောက် ဝက်ဝံကန်းက ရဲရှင်းဟွေ့ထံသို့ ပြေးသွားလိုက်သည်။

××××

All Chapters