ဟော့ဖြစ်သွားခြင်း - ကမ္ဘာမြေပေါ်က ကျူးပစ်
Vol. 3 Ch. 40
လိုင်းဆွဲအား သိပ်မကောင်းသောကြောင့် 'ဘရုစ်လီ ဒဏ္ဍာရီ' ဇာတ်လမ်းတွဲကို အပိုင်းအနည်းငယ်သာ တင်နိုင်ခဲ့သည်။
အပိုင်းအနည်းငယ်သာ ဖြစ်သော်လည်း ထိုမျှနှင့်ပင် လုံလောက်နေပြီဖြစ်သည်။
အဖြူအမည်း တီဗီလေးတွင် တင်ထားသော ဘရုစ်လီဒဏ္ဍာရီ ဇာတ်လမ်းတွဲ ပြီးဆုံးသွားသည့်အခါ ရဲရှင်းဟွေ့သည် သူ၏ ခန္ဓာကိုယ်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ယခင်က ပရော်ဖက်ရှင်နယ် စားပွဲတင် တင်းနစ် ကစားသမားတစ်ဦးထံမှ ကာယပိုင်းဆိုင်ရာ လေ့ကျင့်မှုများ ခံယူခဲ့ဖူးသောကြောင့် ဖြစ်ကောင်းဖြစ်
ပေလိမ့်မည်၊ ပထမဆုံးအကြိမ် စွမ်းရည်ရရှိခဲ့စဉ်ကကဲ့သို့ ပြင်းထန်သော တုံ့ပြန်မှုမျိုး မရှိခဲ့ပေ။
တိုက်ခိုက်ရေးနှင့် ဒဿနိကဗေဒဆိုင်ရာ အသိပညာအချို့သည် သူ၏ ခေါင်းထဲသို့ တစ်ဖန် ထပ်မံသွတ်သွင်းခြင်းကို ခံလိုက်ရပြီး ခန္ဓာကိုယ်သည်လည်း ဖောင်းကြွလာသကဲ့သို့ ခံစားနေရသည်။ ဤခံစားချက်သည် ဆယ်မိနစ်ခန့် ကြာမြင့်ပြီးမှသာ ပြီးဆုံးသွားသည်။
ပြီးဆုံးသွားပြီးသည့်နောက် ရဲရှင်းဟွေ့သည် ချက်ချင်းမျက်လုံးမဖွင့်ဘဲ သူ၏ဦးနှောက်ထဲသို့ အတင်းအကြပ် သွတ်သွင်းခံလိုက်ရသော အသိပညာများကို ကြိုးစားစုပ်ယူနေလိုက်သည်။
နောက်ထပ် ငါးမိနစ်၊ ခြောက်မိနစ်ခန့် ကြာပြီးမှသာ သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
မျက်လုံးများ ဖွင့်လိုက်သည်နှင့် ရဲရှင်းဟွေ့၏ မူလက ပျင်းရိနေသော မျက်ဝန်းများသည် ရုတ်တရက် အလွန်ထက်မြက်တောက်ပလာခဲ့သည်။
ရဲရှင်းဟွေ့သည် မှန်ကိုယူကာ သူ၏ အချက်အလက်များကို တစ်ဖန်ပြန်ကြည့်လိုက်သည်။
နာမည်: ရဲရှင်းဟွေ့
အသက်: ၁၇ နှစ်
အလုပ်အကိုင်: အထက်တန်း ဒုတိယနှစ်ကျောင်းသား
စွမ်းရည်များ: စားပွဲတင်တင်းနစ် ကျွမ်းကျင်မှု၊ အထူးစွမ်းရည်များ၊ ဝိညာဉ်လျှို့ဝှက်ချက်များ၊ ဧကရာဇ်အင်ဂျင်၊ ဂျိကွန်ဒိုး၊ ဝင်းချွန်း၊ တိုက်ကွမ်ဒို၊ ကရာတေး၊ ဂျူဒို၊ ဓားသိုင်း၊ ဖိလစ်ပိုင်တုတ်တို...
ကိုယ်ရေးရာဇဝင်အကျဉ်း: ထူးမခြားနား
ကိုယ်ရေးရာဇဝင်သည် ထုံးစံအတိုင်း ထူးမခြားနားပေ။ သို့သော်... စွမ်းရည်များအမြောက်အများ တိုးလာခဲ့သည်။
ဤစွမ်းရည်များထဲမှ အများစုမှာ ကျွမ်းကျင်ပိုင်နိုင်မှုအဆင့်တွင် မရှိသေးဘဲ အများအပြားမှာ အလယ်အလတ်အဆင့်တွင်သာ ရှိနေသည်။
ဤသည်တို့မှာ ဘရုစ်လီ သင်ယူခဲ့သော ကိုယ်ခံပညာ သို့မဟုတ် တိုက်ခိုက်ရေးပညာရပ်များ ဖြစ်ကြသည်။
ယခုအခါ ရဲရှင်းဟွေ့သည် မိမိကိုယ်ကို သိုင်းပညာရှင်တစ်ဦးဟု ခေါ်ဆိုနိုင်ပြီဖြစ်သည်။
သို့သော် ဤသည်မှာ သိုင်းပညာရှင်သာဖြစ်ပြီး တိုက်ခိုက်ရေး မာစတာကြီးတစ်ဦးတော့ မဟုတ်ပေ။
ဘရုစ်လီသည် အံ့သြဖွယ်ကောင်းသော်လည်း သူ၏ ခွန်အားကို အဆုံးစွန်ထိ တွန်းတင်နိုင်ခဲ့သော သာမန်လူတစ်ယောက်သာ ဖြစ်သည်။
ရဲရှင်းဟွေ့သည် တကယ့် ဘရုစ်လီ မည်သို့ရှိသည်ကို မသိသော်လည်း၊ ဒဏ္ဍာရီထဲမှ ဘရုစ်လီမှာမူ ခိုင်မာသောစိတ်ဓာတ်နှင့် သာမန်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်သာ ဖြစ်သည်။
....
ဘရုစ်လီ၏ စွမ်းရည်များကို ရရှိပြီးနောက် ရဲရှင်းဟွေ့သည် တိုက်ခိုက်ရန်ပြင်လိုက်ပြီး လျင်မြန်သော လက်သီးများဖြင့် ဆင့်ကဲထိုးနှက်လိုက်သည်။
ဘရုစ်လီသည် ပညာရပ်များစွာကို သိရှိသော်လည်း သူသိထားသော တိုက်ခိုက်ရေးပညာရပ်အားလုံးကို သူကိုယ်တိုင်ဖန်တီးခဲ့သော ဂျိကွန်ဒိုးထဲသို့ ပေါင်းစပ်ထည့်သွင်းခဲ့သည်။
သူ၏လက်သီးချက်များမှ ထွက်ပေါ်လာသော လေပြင်းများသည် တဝှီးဝှီးမြည်ဟည်းနေခဲ့ပြီး ရဲရှင်းဟွေ့သည် အရွယ်ရောက်ပြီးသူ တစ်ယောက်အား အလွယ်တကူ လဲကျသွားအောင် ထိုးနိုင်လောက်မည်ဟု ခံစားလိုက်ရသည်။
"ငါ မင်းကို ထိုးမယ်... ငါ မင်းကို ထိုးမယ်..."
ရဲရှင်းဟွေ့သည် ဘရုစ်လီကို အတုခိုးကာ အခန်းထဲတွင် အဆက်မပြတ် ခြေကန် လက်သီးထိုးရင်း ဘရုစ်လီ၏ နာမည်ကြီးဟိန်းဟောက်သံကို အော်ဟစ်နေသည်။
ခဏတာ စိတ်လှုပ်ရှားပြီးနောက် ရဲရှင်းဟွေ့သည် နောက်ဆုံးတွင် တည်ငြိမ်သွားသည်။
"ငါ့ရဲ့ လက်ရှိခွန်အားနဲ့ လူသတ်သမားကို အနိုင်ယူနိုင်ပါ့မလား မသိဘူး"
သူ၏လည်ပင်းပေါ်ရှိ အော်ရိုဘိုးရပ်စ် တံဆိပ်ကို တို့ထိရင်း ရဲရှင်းဟွေ့သည် မိမိဘာသာ တီးတိုးရေရွတ်လိုက်သည်။
ရဲရှင်းဟွေ့၏ အကြီးမားဆုံးရန်သူမှာ သူ့အား ပစ်မှတ်ထားနေသည့် လူသတ်သမားအဖွဲ့အစည်းပင် ဖြစ်သည်။
ပြီးခဲ့သည့်တစ်ကြိမ်က စပါးကြီးမြွေအား ဝက်ဝံနက်ကြီးက သတ်ဖြတ်သွားခဲ့သော်လည်း တစ်နေ့နေ့တွင် လူသတ်သမားအသစ်တစ်ယောက် ထပ်၍ ရောက်လာနိုင်သေးသည်။
ရဲရှင်းဟွေ့သည် အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်တစ်ခုတည်းကို ရရှိခဲ့ရုံဖြင့် အလွန်အမင်း ပျော်ရွှင်၍ မနေသင့်ဟု ခံစားမိသည်။
သူ၏ နောက်ထပ်ပန်းတိုင်မှာ သူ၏ အစ်ကို စိတ်ဓာတ်ကျအောင် နည်းလမ်းရှာကြံရန်ပင် ဖြစ်သည်။
စိတ်ဓာတ်ကောင်းနေသရွေ့ စွမ်းရည်တွေ အများကြီး ရလာမှာပဲ။
စိတ်ထဲတွင် မန္တန်အနည်းငယ် ရွတ်ဆိုပြီးနောက် ရဲရှင်းဟွေ့သည် မီးပိတ်ကာ အိပ်ရာဝင်လိုက်သည်။
မနက်ဖြန် ကျောင်းသွားရဦးမည် မဟုတ်ပေလော။
.......
နောက်တစ်နေ့တွင် ရဲရှင်းဟွေ့သည် နောက်တစ်ကြိမ် ထပ်မံ၍ စောစောထကာ အပြင်သို့ ပြေးထွက်ခဲ့သည်။
ဤတစ်ကြိမ် ပြေးခြင်းက ယခင်အကြိမ်များနှင့် အနည်းငယ် ကွာခြားသည်။
အကြောင်းရင်းမှာ ရဲရှင်းဟွေ့သည် ပြေးနေလျက် ရပ်လိုက်ပြီး နေရာမှာပင် လက်သီးထိုး ခြေကန် လုပ်နေသောကြောင့် ဖြစ်သည်။
အိမ်သို့အပြန်တွင် ရဲရှင်းဟွေ့သည် လူငါးယောက်အတွက် မနက်စာကို ဝယ်လာခဲ့သည်။
တစ်ယောက်စာမှာ သူ့အတွက်ဖြစ်ပြီး ကျန်လေးယောက်စာမှာ ဝက်ဝံကန်းအတွက် ဖြစ်သည်။
အိမ်ပြန်ရောက်ပြီးလျှင်ဝက်ဝံကန်းနှင့်အတူ မနက်စာစားပြီးနောက် သူတို့နှစ်ဦးသည် အတူတူ ကျောင်းသို့ သွားခဲ့ကြသည်။
ကျောင်းဂိတ်ဝသို့ ရောက်သောအခါ ရဲရှင်းဟွေ့သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။
သူ၏ ပတ်ဝန်းကျင်မှ ကျောင်းသားကျောင်းသူများက သူ့အား ထူးဆန်းစွာ ကြည့်နေကြသည်ဟု အမြဲခံစားနေရသည်။
အထူးသဖြင့် မိန်းကလေးများက သူ့အား ရှားပါးတိရစ္ဆာန်တစ်ကောင်လို ကြည့်နေကြသည်။
ဤအခြေအနေသည် ရဲရှင်းဟွေ့ အတန်းထဲသို့ ပြန်ရောက်သည်အထိ ဆက်ရှိနေခဲ့သည်။
ဤတစ်ကြိမ်တွင် သူ့အား ထူးဆန်းစွာ ကြည့်နေကြသူများမှာ သူ၏ အတန်းဖော်များ ဖြစ်ကြသည်။
ရဲရှင်းဟွေ့သည် နောက်ဆုံးတွင် မအောင့်သီးနိုင်တော့ပဲ ကျောင်းသားတစ်ဦးကို ကျပန်းဆွဲကိုင်ကာ မေးလိုက်သည်။
"ငါ မေးပါဦးမယ်... မင်းတို့အားလုံး ငါ့ကို ဘာလို့ ဒီလိုထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတာလဲ ငါ့မျက်နှာပေါ်မှာ ဘာများပေနေလို့လဲ"
ရဲရှင်းဟွေ့၏ ဆွဲကိုင်ခြင်းကို ခံလိုက်ရသော ကျောင်းသားသည် မယုံနိုင်စွာဖြင့် ပြန်မေးလိုက်သည်။
"မင်းအတန်းဖော်တွေက မင်းကို ဘာလို့ဒီလိုကြည့်နေလဲဆိုတာ မင်းတကယ်မသိဘူးလား"
"ငါ သိသင့်လို့လား"
"ကောင်းပြီ။" ထိုသူသည် သူ၏ အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး ကူယန်အထက်တန်းကျောင်း၏ ကျောင်းတွင်းကွန်ရက်ကို ဖွင့်လိုက်သည်။
နောက်ဆုံးတွင် Like ၃၀,၀၀၀ ကျော် ရရှိထားသော ထိပ်ဆုံး၌ တင်ထားသည့် ပို့စ်တစ်ခုကို ဖွင့်လိုက်သည်။
ကူယန်အထက်တန်းကျောင်း တစ်ခုလုံးတွင် အငယ်တန်းနှင့် အကြီးတန်းပေါင်းမှ ကျောင်းသားကျောင်းသူ နှစ်ထောင်မှ သုံးထောင်အထိသာ ရှိသည်ကို သိထားရမည်။
သို့သော် ဤပို့စ်မှာ Like သောင်းချီရရှိထားသဖြင့် မည်မျှလူကြိုက်များနေသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
ထိုအတန်းဖော်သည် ဖုန်းကို ရဲရှင်းဟွေ့ထံသို့ ပေးလိုက်သည်။
ရဲရှင်းဟွေ့သည် ဖုန်းကိုယူလိုက်ပြီး ရှေ့ဆုံးစာမျက်နှာမှ ပို့စ်၏ခေါင်းစဉ်ကို မြင်လိုက်ရသည်။
[တင်ဆက်ခြင်း: လူ့လောကထဲမှ ကျူးပစ်]
ဤခေါင်းစဉ်ကို မြင်လိုက်သည်နှင့် ရဲရှင်းဟွေ့၏ စိတ်ထဲတွင် နမိတ်မကောင်းသော ခံစားချက်တစ်ခု ဝင်လာသည်။
ပို့စ်ကို ဖွင့်ကြည့်လိုက်ပြီးနောက် ဤခံစားချက်သည် အမှန်တကယ် ဖြစ်လာခဲ့သည်။
ပို့စ်ထဲတွင် ဗီဒီယိုနှစ်ခု ပါရှိသည်။ တစ်ခုမှာ ရဲရှင်းဟွေ့နှင့် ကျန်းဖန်တို့ ဘတ်စကတ်ဘောပွဲ အနိုင်ရပြီးနောက် မိန်းကလေးစုံတွဲတစ်တွဲကို အောင်မြင်စွာ ဖူးစာဖက်ပေးခဲ့သည့် ဗီဒီယိုဖြစ်သည်။
ဒုတိယဗီဒီယိုမှာ ရဲရှင်းဟွေ့သည် အားကစားကွင်းအဝင်ဝတွင် ယောင်ဇီကျန့်နှင့် တွေ့ဆုံခဲ့ပြီး နောက်ဆုံးတွင် ယောင်ဇီကျန့်နှင့် ထန်ယွီယန်တို့သည် တစ်ယောက်ကိုတစ်ယောက် ချစ်ရေးဆိုကာ အောင်မြင်စွာ စုံတွဲဖြစ်သွားခဲ့သည့် ဗီဒီယိုဖြစ်သည်။
ပို့စ်ထဲတွင် ဗီဒီယိုများသာမက ပို့စ်တင်သူ၏ သုံးသပ်ချက်နှင့် ကမ္ဘာမြေပေါ်မှ ကျူးပစ်ဖြစ်သူ ရဲရှင်းဟွေ့၏ စွမ်းရည်များအကြောင်း မိတ်ဆက်ဖော်ပြချက်များလည်း ပါရှိသည်။
အဓိပ္ပာယ်အကျဉ်းချုပ်မှာ ရဲရှင်းဟွေ့အနားသို့ ချဉ်းကပ်နိုင်သရွေ့ သင်၏အချစ်စစ်ကို မုချတွေ့လိမ့်မည်ဟူ၍ ဖြစ်သည်။
......
ပို့စ်ကို ဖတ်ပြီးနောက် ရဲရှင်းဟွေ့၏ မျက်နှာသည် ဒေါသကြောင့် စိမ်းမြသွားသည်။
"ဘာ လူ့လောကထဲက ကျူးပစ်လဲ ဘယ်သောက်ရေးမပါတဲ့ကောင်က ငါ့ကို အသရေဖျက်နေတာလဲ"
"ဘရုစ်လီရဲ့ စွမ်းရည်တွေ နောက်ဆုံးတော့ အသုံးဝင်လာပြီထင်တယ်"
ရဲရှင်းဟွေ့၏ မျက်နှာ အနည်းငယ် ပျက်နေသည်ကို မြင်သောအခါ ရဲရှင်းဟွေ့ မေးမြန်းရန် ခေါ်ထားသော အတန်းဖော်သည် ဖုန်းကို ပြန်ယူရန် ကြံလိုက်သည်။
သို့သော် ထိုအတန်းဖော် လက်လှမ်းလိုက်သည်နှင့် ရဲရှင်းဟွေ့သည် ဘေးသို့ရှောင်တိမ်းလိုက်သည်။
ဖုန်းကို ပြန်ကောက်ကိုင်ရင်း ရဲရှင်းဟွေ့သည် ဤပို့စ်ကို မည်သူက အပျင်းပြေ ရေးခဲ့သည်ကို သိချင်နေသည်။
ပို့စ်ကိုရေးသားခဲ့သူမှာ [ရှီမင်ယန်] ဖြစ်ကြောင်း ရဲရှင်းဟွေ့ မြင်လိုက်ရသောအခါ သူ၏ မျက်နှာသည် စိမ်းနေရာမှ မည်းနက်သွားသည်။
"ခွေးမသား... ရှီမင်ယန် ဖြစ်နေတာပဲ။"
ထိုအချိန်၌ ရှီမင်ယန်သည် သီချင်းလေးတစ်ပုဒ်ကို ညည်းရင်း စာသင်ခန်းထဲသို့ ဝင်လာသည်။
ရဲရှင်းဟွေ့သည် ရှီမင်ယန်ကို မြင်သည်နှင့် သူ့ထံသို့ ပြေးသွားကာ ပါးကို အားပါးတရ တစ်ချက်ရိုက်ချလိုက်သည်။
"ဘာဖြစ်တာလဲ။ ရဲရှင်းဟွေ့၊ မင်း ဘာလုပ်တာလဲ"
ရဲရှင်းဟွေ့သည် ဖုန်းကို ယခင်အတန်းဖော်ထံသို့ မပြန်ပေးသေးဘဲ ဖုန်းကို ရှီမင်ယန်၏ မျက်နှာရှေ့သို့ ထိုးပြလိုက်သည်။
ရှီမင်ယန်သည် သူ၏ရှေ့မှ ပို့စ်ကိုမြင်သောအခါ ပထမ၌ ကြောင်သွားပြီးနောက် ထိတ်လန့်သွားသည်။
ဤပို့စ်ကို ရှီမင်ယန် ရေးခဲ့သည်က အမှန်ပင်ဖြစ်သည်။
သို့သော် သူသည် နောက်ပြောင်လိုစိတ်၊ လူများ ရယ်မောနိုင်အောင် ပြုလိုစိတ်ဖြင့်သာ ရေးသားခဲ့ခြင်းဖြစ်သည်။
သို့သော် တစ်ညတည်းနှင့် ကျောင်းတစ်ကျောင်းလုံးတွင် ဤမျှလောက် နာမည်ကြီးသွားပြီး ကျောင်းပြင်ပမှ လူများပင် ကြိုက်နှစ်သက်ကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"အမ်... ရှင်းဟွေ့၊ ငါ့ဆင်ခြေကို နားထောင်ပါဦး... မဟုတ်ဘူး၊ မဟုတ်ဘူး... ငါ့ရှင်းပြတာကို နားထောင် ငါ... ငါ ဒီပို့စ်က ဒီလောက် နာမည်ကြီးသွားမယ်လို့ မထင်ခဲ့ဘူး ငါ အခုချက်ချင်း ဖျက်လိုက်မယ်လေ၊ ဟုတ်ပြီလား"
ထိုသို့ပြောပြီးနောက် ရှီမင်ယန်သည် သူ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ ချက်ချင်းဖျက်ပစ်နိုင်ကြောင်း အမူအရာပြရန် ရဲရှင်းဟွေ့၏ ရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
မီးဖိုချောင်ထဲတွင် ရဲချန်နှင့် စုချင်းတို့သည် ရဲရှင်းဟွေ့၏ အသက်ကို မည်သို့ကယ်တင်ရမည်ကို ဆွေးနွေးနေကြစဉ် ရဲရှင်းဟွေ့တစ်ယောက် ဘာလုပ်နေခဲ့သနည်း။
သူသည် နေရာအမျိုးမျိုးပြောင်းကာ လိုင်းရှာနေခဲ့သည်။
ရဲရှင်းဟွေ့သည် သူ၏ လက်တစ်ဖက်ကို ပြတင်းပေါက်အပြင်ဘက်သို့ ဆန့်တန်းထားပြီး သူ၏ လက်ဖဝါးပေါ်တွင် အဖြူအမည်း လှိုင်းကျားများသာ ပြသနေသော တီဗီလေးတစ်ခုက ပျံဝဲနေခဲ့သည်။
×××××××