← Chapters

မြွေပွေးအဖွဲ့၏ လှုပ်ရှားမှု

Vol. 4 Ch. 46

မြွေပွေးအဖွဲ့၏ လှုပ်ရှားမှု

Vol. 4 Ch. 46

ရဲရှင်းချန်အနားသို့ မေ့ဝေ့ ချဉ်းကပ်လာသည်ကို တွေ့လိုက်သည်နှင့် ဇီးကွက်၏ လက်ညှိုးသည် သေနတ်မောင်းပေါ်တွင် ရှိနှင့်နေပြီ ဖြစ်သည်။

သူသည် နောက်ဆက်တွဲ ပြဿနာများ မပေါ်ပေါက်စေရန် မေ့ဝေ့ကို တိုက်ရိုက်ပစ်သတ်လိုက်သင့်သလားဟု စဉ်းစားနေခဲ့သည်။

သို့သော် အကယ်၍သာ သေနတ်အား ပစ်ခတ်လိုက်ပါက သူ၏ လျှို့ဝှက်အကာအကွယ်ပေးမှုကား ပေါ်ပေါက်သွားပေလိမ့်မည်။

ရဲရှင်းချန်သာ ဇီးကွက်၏ အတွေးကို သိပါက “ဟားဟား မင်းလေးကို ငါအရင်ကတည်းက သတိထားမိနေတာ ကြာပြီ ကလေးလေးရဲ့” ဟု လှောင်ပြောင်၍ ပြောဆိုမည်မှာ သေချာပေသည်။

ဇီးကွက်သည် သေချာစဉ်းစားပြီးနောက် ချက်ချင်းမပစ်ရန် ဆုံးဖြတ်လိုက်သည်။

ပထမအချက်မှာ စစ်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသည့် သူကိုယ်တိုင်ပင် ရဲရှင်းချန်၏ ခွန်အားကို မမြင်နိုင်သဖြင့် မေ့ဝေ့က သူ့အား ထိခိုက်အောင် ပြုလုပ်နိုင်မည်မဟုတ်ပေ။

ဒုတိယအချက်အနေဖြင့် ဇီးကွက်သည် လျှို့ဝှက်အကာအကွယ်ပေးရာတွင် ပို၍ ကျွမ်းကျင်သည်။

သူနှင့် ဝက်ဝံကန်း၏ အကာအကွယ်ပေးမှုသည် တစ်ဦးက ပွင့်ပွင့်လင်းလင်းနှင့် တစ်ဦးက လျှို့ဝှက်စွာ အကာအကွယ်ပေးသည်က အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

သူသည် ယခုကဲ့သို့ လျင်မြန်စွာ မပေါ်ထွက်ချင်သေးချေ။

……

မေ့ဝေ့သည် ရဲရှင်းချန်အနားသို့ လာရောက်ပြီး “ညီလေး၊ ဒီမှာ တစ်ယောက်တည်းဆိုတော့ အထီးမကျန်ဘူးလား” ဟု ချစ်စဖွယ်ပြုံးကာ ပြောလိုက်သည်။

ရဲရှင်းချန်က မေ့ဝေ့ကို တစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်သွားခြင်း မရှိပေ။

ရဲရှင်းချန်သည် အချစ်ရေးကို စိတ်မဝင်စားကြောင်း တွေ့ရသောအခါ မေ့ဝေ့သည် အနည်းငယ် စိတ်မပျော်မရွှင်ဖြစ်သွားပြီး ရှေ့သို့ ခြေလှမ်း နှစ်လှမ်း လှမ်းလိုက်သည်။

မေ့ဝေ့၏ ပါးစပ်မှ “အမလေး” ဟူသော အာမေဍိတ်သံ ထွက်လာပြီးနောက် မြေပြင်ပေါ်သို့ ပုံလဲကျကာ ရဲရှင်းချန်ထံသို့ တည့်တည့်တိုးဝင်သွားသည်။

ထိုအခြင်းအရာကို မြင်သဖြင့် ရဲရှင်းချန်က အနည်းငယ် လှည့်ကာ ရှောင်တိမ်းလိုက်သည်။

မေ့ဝေ့သည်လည်း ရဲရှင်းချန်က သူမ၏ ဟန်ဆောင်လဲကျခြင်းကို ရှောင်တိမ်းသွားသည်ကို မြင်သည့်အခါ မျက်နှာနှင့် မြေကြီး တိုက်ရိုက် ဆောင့်မကျစေရန် လက်တစ်ဖက်ဖြင့် ထောက်ကာ ထိန်းလိုက်သည်။

သို့သော် ရဲရှင်းချန်က ယင်းအား ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်လား မသိရပေ။ သူလှည့်ထွက်သွားစဉ်တွင် သူ၏ ခြေချောင်းများသည် မေ့ဝေ့မြေပြင်ကို ထောက်ထားသည့် လက်ကို မတော်တဆ ပွတ်မိသွားပြီး အောင်မြင်စွာ ခွေးချေးစားသကဲ့သို့ လဲကျစေသည့် အဖြစ်ကို ဖန်တီးပေးလိုက်သည်။

အကယ်၍ ဝမ်ရှောင်လီသာ ယခုဤနေရာတွင် ရှိနေပါက သူမ၏ အတွေ့အကြုံသည် မေ့ဝေ့နှင့် ဆင်တူသည်ဟု ခံစားရမည်မှာ အသေအချာပင်။

……

“ရှင်...” မေ့ဝေ့သည် မြေပြင်မှ ထရပ်လိုက်ပြီး ရဲရှင်းချန်၏ ကျောပြင်ကို ညှိုးညှိုးညှိုင်းညှိုင်းနှင့် မည်သို့ပြောရမည်ကို မသိဘဲ လက်ညှိုးငေါက်ငေါက်ထိုးနေခဲ့သည်။

ရဲရှင်းချန်သည် သူ့အနားသို့ ချဉ်းကပ်လာသည့် မေ့ဝေ့၏ ရည်ရွယ်ချက်ကို မသိသော်လည်း ဤအမျိုးသမီးသည် လူကောင်းတစ်ယောက် မဟုတ်ကြောင်းဟူသည်ကိုတော့ သိထားသည်။

လူများကို ဆုံးဖြတ်ရာတွင် ထောင်စုနှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော နတ်ဘုရားဧကရာဇ်သည် တစ်ကြိမ်တစ်ခါမျှ အမှားလုပ်ခဲ့ဖူးခြင်း မရှိပေ။

အကယ်၍ မေ့ဝေ့၏ ရင်ဘတ်တွင်ရှိသည့် အူရိုဘိုးရို့စ် တက်တူးကို သူမ၏အဝတ်အစားများဖြင့် ဖုံးထားခြင်းသာ မရှိလျှင် သူမသည် ဝိညာဉ်မရှိသော လမ်းလျှောက်နေသည့် ရုပ်အလောင်းတစ်ခုသာ ဖြစ်နေပါလိမ့်မည်။

သို့သော် မေ့ဝေ့သည် ရဲရှင်းချန် မည်သူမည်ဝါဖြစ်သည်ကို မသိရှိဘဲ သေခြင်းတရားကို ဆက်လက်ရှာဖွေနေခဲ့သည်။

“ညီလေး၊ ငါ့ကို ကြည့်ပါဦး၊ ငါ့မှာ ဘာတုံ့ပြန်မှုမှ မရှိဘူးနော်”

သူမသည် ပြောလျက်ဖြင့် မေ့ဝေ့က ထူးဆန်းသောအနံ့ရှိသည့် ရေမွှေးပုလင်းတစ်ပုလင်းကို ထုတ်ယူကာ သူမကိုယ်သူမ ပက်ဖျန်းလိုက်သည်။

ဤရေမွှေးသည် တစ်မျိုးသော ဆွဲဆောင်အားရှိသည့် ရနံ့တစ်မျိုးဖြစ်၏။

သာမန်ယောက်ျားလေးများပင်မက လိင်တူချစ်သူများပင် ယင်းကို ခုခံနိုင်စွမ်းမရှိပေ။

သို့သော် ရဲရှင်းချန်က သာမန်လူတစ်ဦးတဲ့လား။

မဟုတ်ပေ၊ သူသည် နတ်ဘုရားဧကရာဇ် ဖြစ်ပြီး သာမန်ဆွဲဆောင်အားကောင်းသည့် ဆေးများသည် သူ့အပေါ်တွင် သဘာဝအတိုင်း အာနိသင်မရှိပေ။

ဆွဲဆောင်အားကောင်းစေသည့် ဆေးသည် ရဲရှင်းချန်အပေါ်တွင် အာနိသင်မရှိသော်လည်း အနံ့သည်တော့ သူ့အား ပျို့အန်ချင်စေသည်။

“ဒီမိန်းမ၊ မင်း နောက်တစ်လှမ်း ထပ်လှမ်းရင် သေလိမ့်မယ်”

ရဲရှင်းချန်သည် အသက်ကိုအောင့်ထားကယ အနည်းငယ် အေးစက်သောလေသံဖြင့် ပြောလိုက်၏။

ဤမြင်ကွင်းကို မြင်သောအခါ မေ့ဝေ့သည် ရဲရှင်းချန်၏ တုံ့ပြန်မှုမှာ သူမ၏ ရေမွှေးအာနိသင်ကြောင့် ဖြစ်သည်ဟု ထင်လိုက်မိသည်။

သို့သော် ရဲရှင်းချန်သည် ထိုအနံ့ကို ရွံရှာသောကြောင့်သာ ဖြစ်ကြောင်း သူမတို့ မသိခဲ့ကြချေ။

သေတွင်းသို့ တိုးဝင်လာသည့် မြွေပွေးမသည် ရှေ့သို့ ခြေလှမ်း နှစ်လှမ်း ထပ်မံ၍ လှမ်းလိုက်သည်။

“ဟားဟား အစ်မလေးရဲ့ အနံ့လေးက ကောင်းလား”

ပြောလျက်ဖြင့် မေ့ဝေ့သည် အလွန်ဆွဲဆောင်မှုရှိသော ဟန်ပန်ဖြင့် ပို့စ်ပေးစပြုလာရာ အဝေးမှ စနိုက်ပါရိုင်ဖယ်ဖြင့် သူမကို ချိန်ရွယ်နေသော ဇီးကွက်ပင် ဆက်လက်၍ မကြည့်ရှုနိုင်တော့ပေ။

“ဘာလဲကွ ဒီအမျိုးသမီးက တကယ်ကို အစွမ်းထက်တာဘဲ အဲ့ဒီအရူးအိုကြီးကို ဘာလို့ ဆွဲဆောင်နိုင်တာလဲ ဆိုတာ အံ့ဩစရာတော့မဟုတ်ပါဘူး” ဟု ဇီးကွက်သည် မိမိဘာသာမိမိ ညည်းတွားလိုက်သည်။

……

ရဲရှင်းချန်သည် မေ့ဝေ့တစ်ယောက် ရှေ့သို့ နှစ်လှမ်းထပ်လှမ်းလာသည်ကို မြင်သည့်အခါ မျက်လုံးများကို ကျဉ်းလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ အပြာခရမ်းရောင်စွမ်းအင်သည် မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ မေ့ဝေ့ကို ရိုက်ခတ်လိုက်သည်။

အပြာခရမ်းရောင် မုန်တိုင်းဒဏ်ကို ထိမှန်လိုက်ရသော မေ့ဝေ့သည် အော်ဟစ်လိုက်ပြီးနောက် သူ၏ အနောက်ဖက်သို့ “ဖလပ်” ကနဲ လဒကျသွားသည်။

အကယ်၍ သာမန်လူတစ်ဦးသာ ရဲရှင်းချန်၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုဖြင့် ထိမှန်ခဲ့ပါက အသက်ရှင်နိုင်မည်မဟုတ်ပါ။

သို့သော် မေ့ဝေ့သည် မည်သို့ပင်ဖြစ်စေ သိုင်းပညာရှင်တစ်ဦးဖြစ်သောကြောင့် လွယ်လွယ်ကူကူ ‌မသေဆုံးခဲ့ပေ။

သူမသည် မသေခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

မေ့ဝေ့သည် ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို သည်းခံပြီး အစွမ်းကုန် အားထုတ်ကာ ကန်၏ တစ်ဖက်ကမ်းသို့ ကူးခတ်သွားလေသည်။

စိုးရိမ်တကြီးဖြင့် ကန်မှ ထွက်လာပြီးနောက် မေ့ဝေ့သည် သွေးများကို ချက်ချင်းအန်ထုတ်လိုက်သည်။

“ရဲရှင်းချန်က ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နိုင်ရတာလဲ”

မေ့ဝေ့သည် ယခုအခါ၌ မစ်ရှင်အား စွန့်လွှတ်ပြီး တရုတ်နိုင်ငံမှ ထွက်ခွာရန် ရည်ရွယ်နေခဲ့သည်။

“မဟုတ်သေးဘူး ငါ အစ်မပင်းကို ချက်ချင်း ဆက်သွယ်ရမယ် ဒီမစ်ရှင်က ခဏတာ ပြီးဆုံးပြီ”

အဆိပ်ခတ်ခြင်းအပြင် မြွေပွေး၏ အကြီးမားဆုံးသော ကျွမ်းကျင်မှုမှာ ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းခြင်းဖြစ်သည်။

ထောက်လှမ်းရေးအချက်အလက်များကို မကြာခဏ စုဆောင်းသူတစ်ဦးအနေဖြင့် သူမသည် မစ်ရှင်တစ်ခုအတွင်း ပစ်မှတ်နှင့်ပတ်သက်ပြီး စုဆောင်းထားသည့် အချက်အလက်များ မမှန်ကန်ခြင်း သို့မဟုတ် မပြည့်စုံပါက အလွန်အန္တရာယ်ရှိသော လုပ်ရပ်ဖြစ်သည်ကို ကောင်းစွာ သိရှိထားသည်။

သူတို့သည် အစ်ကိုနှစ်ဦးအား မသမာသည့် ကုမ္ပဏီမှ ကိုယ်ရံတော်များက အကာအကွယ်ပေးထားသည်ကိုသာ ယခင်က သိခဲ့သော်လည်း ဤအစ်ကိုနှစ်ဦး၏ အမှန်တကယ် ခွန်အားကား မည်သို့ရှိမည်နည်း။

ယခင် ထောက်လှမ်းရေးအချက်အလက်များတွင် အစ်ကိုနှစ်ဦးသည် သာမန်လူများဖြစ်ကြောင်း ပြသထားသည်မှာ သေချာသည်။

သို့သော် ယခင်က ဖြစ်ပျက်ခဲ့ပြီးနောက်တွင် ရဲရှင်းချန်သည် သာမန်လူတစ်ဦး လုံးဝမဟုတ်ကြောင်းကို မေ့ဝေ့တစ်ယောက် စိတ်ချသွားသည်။

သူသည် လူသားတစ်ဦး ဟုတ်၊ မဟုတ် ဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

ရဲရှင်းချန်တွင် ထိုမျှ အစွမ်းထက်သော ခွန်အားရှိသည်ဆိုလျှင် မစ်ရှင်၏ ပစ်မှတ်ဖြစ်သော ရဲရှင်းဟွေ့သည်လည်း မည်သို့ရှိမည်နည်း။

ဤအကြောင်းကို စဉ်းစားပြီးနောက် မေ့ဝေ့သည် သူမ၏ လက်ကိုင်ဖုန်းကို ချက်ချင်းထုတ်ယူကာ ခန္ဓာကိုယ်ပေါ်တွင် ဝှက်ထားသော အချက်ပြမှု ပိတ်ဆို့သည့် ကိရိယာကို ပိတ်လိုက်ပြီးနောက် ပင်းဝေ့ကို ခေါ်ဆိုလိုက်သည်။

…..

ယမန်နေ့က

မေ့ဝေ့သည် ရဲရှင်းချန်ကို ရှာရန် ဆုံးဖြတ်လိုက်ချိန်တွင် ပင်းဝေ့သည် မစ်ရှင်ပစ်မှတ်ဖြစ်သော ရဲရှင်းဟွေ့ကို တစ်ဦးတည်း လုပ်ကြံရန် ကြိုးစား၍ စီစဉ်ခဲ့သည်။

မေ့ဝေ့မှ အလျင်စလို လုပ်ဆောင်၍ မရခဲ့ခြင်းမှာ အဓိကအားဖြင့် ဝက်ဝံကန်းက သူမကို သိရှိနေခြင်းကြောင့်ဖြစ်ပြီး သူမသာ တိုက်ခိုက်ပါက မစ်ရှင်ပျက်စီးနိုင်သည့် အခွင့်အရေးရှိသည်။

သို့သော် ပင်းဝေ့သည်တော့ ကွဲပြားသည်။

ဝက်ဝံကန်းသည် ပင်းဝေ့ကို မသိသကဲ့သို့ ပင်းဝေ့၏ လုပ်ကြံမှုပုံစံသည် ဘေးကင်းစွာ ထွက်ပြေးရန် ပိုမိုလွယ်ကူနေသည်။

ထိုကဲ့သို့ပင် မေ့ဝေ့သည် ရဲရှင်းချန်ထံမှ သူမ၏ ပန်းတိုင်ကို အောင်မြင်စေရန်အတွက် အခွင့်အရေးရှာဖွေရန် လာခဲ့ချိန်တွင် ပင်းဝေ့ကမူ မစ်ရှင်၏ ပစ်မှတ်ဖြစ်သော ရဲရှင်းဟွေ့ကို ရှာရန် သွားခဲ့သည်။

……

“တောင်းပန်ပါတယ်၊ မိတ်ဆွေခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါသည်”

စက်ပိတ်ထားသည့် အသံကို ကြားသည့်အခါ မေ့ဝေ့သည် ပင်းဝေ့ စတင်လှုပ်ရှားနေပြီ ဖြစ်နိုင်ကြောင်း သိလိုက်သည်။

“ဘုရားရေ” ဟု စိတ်ထဲမှ ကျိန်ဆဲပြီးနောက် မေ့ဝေ့သည် သူမ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ လမ်းဘက်သို့ ပြေးထွက်သွားသည်။

သူမ၏ မော်တော်ဆိုင်ကယ်အား လမ်းဘေး၌ ရပ်ထားခဲ့သည်။

…….

ထိုအချိန်၌ပင်

ရဲရှင်းဟွေ့နှင့် ဝက်ဝံကန်းတို့သည် သူတို့ ယခင်က ရှိနေခဲ့သည့် စားသောက်ဆိုင်မှ ထွက်လာခဲ့ကြသည်။

“ဒီ ဒေါ်လာခြောက်သောင်းတန် ဝိုင်နီပုလင်းက အရသာ တကယ်ကောင်းတာပဲ”

ရဲရှင်းဟွေ့သည် သူ၏ ဗိုက်ကို ကိုင်ရင်း ပြောလိုက်သည်။

ဝမ်ရှောင်လီ ငွေရှင်းပြီးနောက် ကျန်ရှိနေသေးသည့် ဝိုင်နီတစ်ဝက်ပုလင်းကို သိမ်းထားခဲ့သည်။

ယခုအခါတွင် ၎င်းသည် ရဲရှင်းဟွေ့၏ လက်ထဲသို့ သဘာဝအတိုင်း ရောက်ရှိသွားသည်။

ယခုမှသာ ရဲရှင်းဟွေ့သည် ဝမ်ရှောင်လီကဝိုင်ရောင်းချသည့်အဖွဲ့မဟုတ်ဘဲ မွေးဖွားရာတွင် သူမနှင့် အဖော်ပြုရန် တစ်စုံတစ်ဦးကို ရှာဖွေနေခဲ့ကြောင်း နောက်ဆုံးတွင် သိရှိသွားတော့သည်။

All Chapters