လုပ်ကြံသတ်ဖြတ်မှု မအောင်မြင်။
Vol. 4 Ch. 47
စားသောက်ပြီးနောက် ရဲရှင်းဟွေ့သည် အိမ်ပြန်ရန် စီစဉ်ခဲ့သည်။
သူနှင့် ဝက်ဝံကန်း တို့ ခြေထောက်နှိပ်နယ်တဲ့ ဆိုင်တစ်ဆိုင်ဘေးနားမှ ဖြတ်လျှောက်လာချိန် ရပ်ပြီး ကြည့်နေလိုက်ကြသည်။
“ကောင်လေး၊ အနှိပ်ခံမလား။”
တံခါးဝမှ အဒေါ်ကြီး၏အသံကို ကြားတော့ ရဲရှင်းဟွေ့က ရှေ့တိုးသွား၍ သတိထားစွာ မေးလိုက်သည်။ “ဒီဆိုင်က တရားဝင် ခြေထောက်နှိပ်နယ်တဲ့ဆိုင်လားဗျာ။”
ခြေထောက်နှိပ်နယ်တဲ့ဆိုင်ပိုင်ရှင်က ရဲရှင်းဟွေ့အား ထူးဆန်းသောအကြည့်နှင့်ကြည့်ပြီး “ဦးလေးထယ်ရဲ့ ဝန်ဆောင်မှု လိုချင်တာလား” ဟု မေးလာခဲ့သည်။
ရဲရှင်းဟွေ့: .....
“ဟာ၊ တကယ်ရှိနေတာပဲ... ဘာလို့ရဲမတိုင်ရတာလဲ။ ဆုကြေးတောင် နည်းနည်းပါးပါးရနိုင်သေးတာပဲ။”
ထိုသို့တွေးလိုက်ပြီး ရဲရှင်းဟွေ့သည် ခြေထောက်နှိပ်နယ်ဆိုင်ထဲကို ဝင်သွားခဲ့သည်။
ဒုတိယထပ်ရှိအခန်းတွင်းသို့ ရောက်သောအခါ ရဲရှင်းဟွေ့နှင့် ဝက်ဝံကန်း တို့ဟာ ခြေထောက်နှိပ်သည့် ဆိုဖာပေါ်တွင် လှဲလျောင်းပြီး စောင့်နေခဲ့ကြသည်။
တစ်ခဏအကြာတွင် ဆံပင်ဖြူနေတဲ့ အသက်လေးဆယ်၊ ငါးဆယ်လောက်ရှိပုံရသည့် လူကြီးတစ်ယောက်က ခြေထောက်စိမ်တဲ့ဇလုံကို ကိုင်ပြီး ဝင်လာခဲ့သည်။
“မင်းတို့ထဲက ဘယ်သူက ဦးလေးထယ်ရဲ့ ဝန်ဆောင်မှု လိုချင်တာလဲ။”
“ခင်ဗျားက... ဦးလေးထယ်လား။”
ရဲရှင်းဟွေ့က ဇလုံကို ကိုင်ထားတဲ့ လူကြီးကို ကြည့်ပြီး မေးမြန်းလိုက်သည်။
“ဟုတ်တယ်... ငါက ဦးလေးထယ်ပါ။ ကောင်လေး ငါ့ကိုရှာနေတာလား။” ဟု ပြောပြီးနောက် ထိုလူကြီးက ဇလုံကို ရဲရှင်းဟွေ့ရဲ့ဘေးမှာ ချလိုက်ကာ စကားဆက်ပြောလာခဲ့သည်။
“မင်း ဦးလေးထယ်ဆီပဲ လာသင့်တယ်။ ဟိုမိန်းကလေးတွေက ဘာအားမှ မရှိကြဘူး...”
ဦးလေးထယ်၏ စကားကို ကြားပြီးနောက် ရဲရှင်းဟွေ့ဟာ သူလှည့်စားခံရပြီဆိုတာ သိသွားခဲ့သည်။
“ဟို... ဦးလေးထယ်ဆိုတာ ဟုတ်တယ်နော်။ ကျွန်တော်က ခင်ဗျားကို ကျွန်တော့်ရဲ့ ဒီအစ်ကိုကြီးကို နှိပ်ပေးဖို့အတွက် လာရှာတာပါ။”
ရဲရှင်းဟွေ့က ဝက်ဝံကန်းအား လက်ညှိုးထိုးပြပြီး ဆက်ပြောလိုက်သည်။
“သူ့အရွယ်အစားကို ကြည့်လိုက်တာနဲ့ သိပါလိမ့်မယ်။ သာမန်အတတ်ပညာရှင်တစ်ယောက်ဆိုရင် သူ့ကို နှိပ်နိုင်မှာ မဟုတ်ပါဘူး။”
ဦးလေးထယ်က ဝက်ဝံကန်းကို လှည့်ကြည့်၍ ခေါင်းညိတ်လိုက်ကာ “ဟုတ်တယ်၊ မှန်တယ်” လို့ ပြောလိုက်သည်။
အဲဒီနောက် ဦးလေးထယ်က ဝက်ဝံကန်းကို တာဝန်ယူလိုက်ပြီး ရဲရှင်းဟွေ့ကိုတော့ မျက်နှာသေနဲ့ အမျိုးသမီးတစ်ယောက်က တာဝန်ယူပေးခဲ့သည်။
……
ဆယ်မိနစ်ကျော်ကြာပြီးသည့်နောက် ရဲရှင်းဟွေ့သည် တီဗီကြည့်ရင်း ခြေထောက်နှိပ်တာကို ခံစားနေခဲ့ကာ တစ်ချိန်တည်းမှာပဲ ဝက်ဝံကန်းကတော့ ဦးလေးထယ်နဲ့ ပညာရပ်ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးနေခဲ့ချေသည်။
ဦးလေးထယ်က ဝက်ဝံကန်းဟာ ခြေထောက်နှိပ်နယ်သူ ဖြစ်ဖို့အတွက် အလားအလာရှိတယ်ဆိုတာကို တစ်ချက်တည်းကြည့်လိုက်တာနဲ့ပင် သိလိုက်သည်။
တခြားဘာကိုမှ မပြောနှင့် သူ့ရဲ့နေကာမျက်မှန်အကြီးကြီးကို ကြည့်ရုံနဲ့တင် သူဟာ မျက်မမြင်အနှိပ်သည်ဖြစ်နိုင်တယ်ဆိုတာ အသေအချာ။
ဝက်ဝံကန်းက မျက်စိမမြင်တာမဟုတ်ဘူးလား။ မျက်စိမမြင်တဲ့ အနှိပ်သည်တွေက မျက်စိမမြင်ရမယ်လို့ ဘယ်သူပြောလဲ။ နေကာမျက်မှန် တပ်ထားတဲ့သူတိုင်းဟာ မျက်စိမမြင်တဲ့ အနှိပ်သည်တွေပဲ။
ဦးလေးထယ်နှင့် ဝက်ဝံကန်းတို့ ကုသမှုကိစ္စများ ရှင်းပြနေသည်ကို နားထောင်ရင်း ရဲရှင်းဟွေ့ နည်းနည်းစိတ်ဝင်စားလာခဲ့သည်။
ဒီနေရာက ကုသမှုတွေ ဘယ်လောက်ကောင်းလွန်းလို့ စိတ်ဝင်စားသွားတာ မဟုတ်၊ အဲဒီဝက်ဝံကန်းဆိုတဲ့ လူ့ဇာတိခံ လူယုတ်မာကို အဝေးကို ပို့ပြီး အလုပ်ရှာပေးနိုင်ဖို့ပဲ။
ဒါဆို ဝက်ဝံကန်းက နေ့တိုင်း သူ့နောက်ကို လိုက်နေစရာ မလိုတော့ဘူး။
ယခုဆို ရဲရှင်းဟွေ့ လမ်းလျှောက်သွားတိုင်း လူအများစုက သူ့နောက်က ဝက်ဝံကန်းကိုသာ အရင်ဆုံး သတိထားမိကြပြီး သူ့ကို နောက်မှ သတိထားမိတယ်ဆိုတာကိုပါ တွေ့ရှိလာခဲ့ရသည်။
ဒီလိုသာ ဆက်လုပ်နေရင် ရည်းစားရဖို့ အချိန်အကြာကြီး ယူရလိမ့်မယ်။ အဲဒါကြောင့် ဒီဝက်ဝံကန်းကို အရင်ဆုံး ခပ်ဝေးဝေး ပို့ထားတာ ပိုကောင်းတယ်။
……
“ဒါနဲ့ ဒီကမ္ဘာက တီဗီအစီအစဉ်တွေက တကယ်ကို ပျင်းစရာကောင်းတာပဲ”
ရဲရှင်းဟွေ့တစ်ယောက် တီဗီရီမုတ်ကိုကိုင်၍ အချိန်အကြာကြီး ကြည့်နေခဲ့ပြီးမှ ဒီကမ္ဘာက ဖျော်ဖြေရေးတွေက တကယ်မကောင်းဘူးဆိုတာ သဘောပေါက်လိုက်သည်။
ပျင်းလာသည်နှင့် ရဲရှင်းဟွေ့သည် သူ၏မျက်လုံးအစုံကို ဖွင့်လိုက်သည်။
သူ့အား ခြေထောက်နှိပ်ပေးနေတဲ့ မိန်းကလေးက သူ့အပေါ်မှာ ကောင်းတဲ့အမြင်ရှိသလား၊ ဆိုးတဲ့အမြင်ရှိသလားဆိုတာကို သိချင်လာခဲ့သည်။
မျက်လုံး ဖွင့်လိုက်ပြီးနောက် အမျိုးသမီး၏ ဦးခေါင်းပေါ်ရှိ သွေးလိုနီနေသော အနီရောင်တန်းကြီးကို တွေ့လိုက်ရသည့်အခါ သူ ဖျားချင်သလိုပင် ခံစားလိုက်ရသည်။
“ဟာ... ငါက ခြေဖဝါးနှိပ်ဖို့လာတာကို ဘာဖြစ်လို့ တစ်ယောက်ယောက်က ငါ့ကို သတ်ချင်နေရတာလဲ။”
ထိုသို့တွေးလိုက်ပြီးနောက် ရဲရှင်းဟွေ့က သူရှေ့မှ အမျိုးသမီး၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
နာမည်: ချီဘာ တာကေရှိ (ရေခဲမြွေပွေး)
အသက်: ၃၃။
အသက်မွေးဝမ်းကျောင်း: လုပ်ကြံသတ်ဖြတ်သူ၊ ဆုငွေလိုက်ရှာသူ၊ နှိပ်နယ်သူ၊ မော်ဒယ်၊ ရေငုပ်သမား၊ မိတ်ကပ်ပညာရှင်...
စွမ်းရည်: အသံတိတ်လုပ်ကြံသတ်ဖြတ်ခြင်း၊ သတ်ဖြတ်ခြင်း နည်းပညာတစ်ထောင်၊ Parkour ကျွမ်းကျင်မှု၊ ယောဂကျွမ်းကျင်မှု...
ဘဝဖြတ်သန်းမှု: ???
သူ၏ရှေ့မှ အမျိုးသမီး၏ အချက်အလက်များကို ဖတ်ပြီးနောက် ရဲရှင်းဟွေ့သည် တုန်လှုပ်သွားခဲ့သည်။
“န နောက်ထပ် လူသတ်သမားတစ်ယောက်ပဲ...”
“ဝက်ဝံကန်းကို နောက်မှပဲ အလုပ်ထုတ်ပစ်ဖို့ စောင့်ကြည့်ရတော့မယ် ထင်တယ်။”
ထိုသို့တွေးရင်းဖြင့် ရဲရှင်းဟွေ့သည် ဝက်ဝံကန်း ကို လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် ဝက်ဝံကန်းမှာ ဦးလေးထယ်နှင့် စကားစမြည်ပြောနေကြပြီး ဦးလေးထယ်ကိုတောင် သူ၏ ဆရာသခင်အဖြစ် ကိုးကွယ်တော့မလိုပင်။
“ဟေ့ ဝက်ဝံအိုကြီး၊ သက်တောင့်သက်သာဖြစ်ပြီဆိုရင် သွားကြမယ်...”
ဒီစကားကို ကြားတော့ ဝက်ဝံကန်းက ခေါင်းညိတ်ပြလာပြီး “အင်း” လို့ ပြောလိုက်သည်။
“ဟေ့... မင်းတို့ တစ်ကိုယ်လုံးအနှိပ်ခံရသေးတာ မဟုတ်ဘူးနော်...” ဟု ဦးလေးထယ်က ရဲရှင်းဟွေ့နဲ့ တခြားသူတွေကို ပြောလာခဲ့သည်။
“မဟုတ်ဘူး၊ ကျွန်တော်တို့ အမြန်ပြန်မှရမယ်။”
ထိုသို့ပြောလိုက်ပြီးနောက် ရဲရှင်းဟွေ့သည် သူ၏ဖိနပ်ကို စီး၍ ထွက်သွားရန် ပြင်ဆင်လိုက်သည်။
ရေခဲမြွေပွေးနားမှ ဖြတ်သွားမိသည့်အချိန်မှာပင် သံမဏိအပ်တစ်ချောင်းဟာ ရဲရှင်းဟွေ့၏ ရင်ဘတ်သို့ မယုံနိုင်စရာကောင်းသော ထောင့်ချိုးတစ်ခုဖြင့် ဖောက်ဝင်လာခဲ့သည်။
ဘရုစ်လီ၏ တုံ့ပြန်နိုင်စွမ်းမျိုးနှင့် ရဲရှင်းဟွေ့ဟာ အန္တရာယ်ကို အမြန်သတိထားမိလိုက်သည်။
ထို အန္တရာယ်ကို အာရုံခံမိလိုက်တာနှင့် ရဲရှင်းဟွေ့သည် သတိကြီးစွာဖြင့် အနောက်သို့ဆုတ်လိုက်သည်။
ထိုအခါမှသာ ရေခဲမြွေပွေး၏ လက်ထဲကနေ ထွက်လာသော သံမဏိအပ်ကို သူမြင်လိုက်ရသည်။
ဤချိန်တွင် သံမဏိအပ်ဟာ ရဲရှင်းဟွေ့၏ ရင်ဘတ်သို့ ဖောက်ဝင်သွားပြီဖြစ်ပြီး သူ့ရင်ဘတ်ထဲတွင် ပြင်းထန်သည့် နာကျင်မှုအား ခံစားခဲ့လိုက်ရသည်။
သူသာ စောစောစီးစီး နောက်မဆုတ်ခဲ့ရင် ဒီအပ်က သူ့နှလုံးကို သေချာပေါက် ဖောက်ဝင်သွားမှာပင်။
၎င်းသံမဏိအပ်သည် ပန်းထိုးအပ်တစ်ချောင်းနှင့် အထူအတူတူလောက်ပဲရှိပြီး သိပ်မထူပါ။ သို့ပေမယ့် သူ့ပတ်လည်မှာ မြင်နိုင်တဲ့ လေစီးကြောင်းတစ်ခုက လှည့်ပတ်နေတယ်။
ရဲရှင်းဟွေ့သည် ထိုသံမဏိအပ်တွင် လေစီးကြောင်းမရှိပါက လူတစ်ယောက်ကို ဤအပ်နဲ့ သတ်ဖို့ဟာ လုံးဝမဖြစ်နိုင်ဘူးလို့ ခန့်မှန်းမိလိုက်သည်။
ဘေးတွင်ရပ်နေသည့် ဝက်ဝံကန်းကလည်း တကယ့်ကို သတ်ဖြတ်ချင်တဲ့စိတ်ကို ခံစားရမိလိုက်ပြီး ၎င်းသတ်ချင်စိတ်ရဲ့ ရင်းမြစ်က ရဲရှင်းဟွေ့ကို နှိပ်နယ်ပေးနေတဲ့ အမျိုးသမီးဆီကပင်။
“အား... ငါ ပေါ့ဆသွားပြီ။”
စိတ်ထဲကနေပင် ဆဲဆိုရင်း ဝက်ဝံကန်းသည် သူ၏လက်ကြီးကို ဆန့်ထုတ်လိုက်၍ ရေခဲမြွေပွေးရဲ့ လည်ပင်းကို တိုက်ရိုက်ဆွဲကိုင်လိုက်သည်။
ဤသည်ကိုမြင်တော့ ရေခဲမြွေပွေးသည် ပေါ့ပါးဖျတ်လတ်သည့် မြွေပါတစ်ကောင်အလား အနောက်ကို ခုန်လိုက်ပြီး ဝက်ဝံကန်း၏ လက်ကြီးကို ရှောင်တိမ်းလိုက်လေသည်။
ပြီးနောက် နောက်ထပ်သံမဏိအပ်နှစ်ချောင်းအား ရဲရှင်းဟွေ့၏ မျက်လုံးများဆီ တိုက်ရိုက် ပစ်သွင်းလိုက်သည်။
“ဟာ၊ ဒါက တကယ် လူသတ်တော့မှာပဲ...” ရဲရှင်းဟွေ့ဟာ တစ်ခုခုမှားနေပြီလို့ စိတ်ထဲမှာ တွေးမိလိုက်ပြီး သံမဏိအပ်နှစ်ချောင်းကို ရှောင်ရှားဖို့ နောက်ကို မှီချခဲ့သည်။
အရင်တစ်ခေါက်တုန်းက ပန်းစပါးအုံးကို ဝက်ဝံကန်းက ရဲရှင်းဟွေ့အား မတိုက်ခိုက်ခင် လမ်းကြားထဲသို့ ခေါ်သွားခဲ့သည်။
ယခု သူ၏ရှေ့က ရေခဲမြွေပွေးကတော့ သူပြန်လည်မွေးဖွားပြီးကတည်းက တိုက်ရိုက် ထိတွေ့ခဲ့ရတဲ့ ပထမဆုံးလူသတ်သမားပဲ။
မေဝေ က တိုက်ခိုက်မှုနှစ်ခုလုံးကို ရှောင်တိမ်းလိုက်နိုင်တာ တွေ့ရသောအခါ ဤမစ်ရှင်၏ ပစ်မှတ်သည် ထောက်လှမ်းရေးသတင်းတွေမှာ ပြောထားသလို အသုံးမကျတဲ့သူ မဟုတ်ဘူးဆိုတာကို သူမသိသွားခဲ့သည်။
ထောက်လှမ်းရေးသတင်းတွေမှာ ပြောထားသလို အသုံးမကျတဲ့သူဆိုရင် ဝက်ဝံကန်းရဲ့ ကာကွယ်မှု ရှိနေရင်တောင် သူမက သူ့ကို လွယ်လွယ်ကူကူ သတ်နိုင်တယ်။
“အချက်အလက်တွေ မှားနေတယ် ထင်တယ်။”
ရေခဲမြွေပွေးသည် ဆွဲဆောင်မှုရှိသောမြွေဆိုး (Charm Viper) နှင့် အတွေးတူတူပင် တွေးနေခဲ့သည်။
ယေဘူယျအားဖြင့် ထောက်လှမ်းရေးအချက်အလက်များ မှားယွင်းနေသည့်အခါ ပထမဆုံး လုပ်ရမည့်အရာသည် အခင်းဖြစ်ရာနေရာမှ ထွက်ခွာသွားဖို့ပင်။
ရေခဲမြွေပွေးကလည်း အဲဒီလိုလုပ်ဖို့ စီစဉ်လိုက်သည်။
သူမသည် သံမဏိအပ်အချို့ကို ထပ်မံထုတ်လိုက်ကာ ရဲရှင်းဟွေ့၊ ဝက်ဝံကန်းနှင့် ကြောင်တောင်တောင် ဖြစ်နေသောဦးလေးထယ်ဆီ ပစ်လွှတ်လိုက်သည်။
သံမဏိအပ်များကို ပစ်ထုတ်ပြီးနောက် ရေခဲမြွေပွေးသည် ဒုတိယထပ်ပြတင်းပေါက်ကနေ တိုက်ရိုက် ခုန်ချသွားခဲ့လေသည်။
…..
သံမဏိအပ်နှစ်ချောင်းမှာ သူ့အား တိုက်ခိုက်လာ၍ ရဲရှင်းဟွေ့ လှည့်ပြီး ရှောင်လိုက်ရသည်။
ဝက်ဝံကန်းက ဦးလေးထယ်အား သူ့ဘေးသို့ ဆွဲခေါ်ပြီး အတူတူထိုင်ချလိုက်သည်။ သို့သော်လည်း ဦးလေးထယ်သည် အသက်တော်တော်ကြီးနေပြီမို့ ခြေထောက်နှင့် ခြေဖဝါးများဟာ သိပ်အဆင်မပြေချေ။
အသက်သေစေနိုင်သည့် အစိတ်အပိုင်းများအား ရှောင်လိုက်နိုင်ပေမယ့် သူ့လက်မောင်းကတော့ သံမဏိအပ်နဲ့ ထိုးဖောက်ခံလိုက်ရသည်။
“အိုး... နာလိုက်တာ...” ဦးလေးထယ်သည် မြေပြင်ပေါ်တွင် လှဲလျောင်းရင်း အော်ဟစ်နေခဲ့သည်။
အောက်ထပ်ရှိ ဆိုင်ပိုင်ရှင်အမျိုးသမီးနှင့် ခြေထောက်နှိပ်နယ်ဆိုင်မှ တခြားဝန်ထမ်းများသည် အခန်းထဲက ဆူညံသံများကို ကြားရသောကြောင့် ဘာဖြစ်နေလဲဆိုတာ ကြည့်ဖို့ ပြေးလာခဲ့ကြသည်။
“ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထား၊ ငါ အဲဒီမိန်းမကို သွားသတ်တော့မယ်...”
ထိုသို့ပြောပြီးနောက် ဝက်ဝံကန်း သည်လည်း ဒုတိယထပ်ပြတင်းပေါက်ကနေ ခုန်ချသွားခဲ့သည်။
ဤသည်ကိုမြင်ပြီး ရဲရှင်းဟွေ့လည်း သူတို့နောက်ကို လိုက်သွားဖို့ရာ ကြံလိုက်ပေမယ့် ခြေထောက်နှိပ်ဆိုင်ပိုင်ရှင်က သူ့အား တားဆီးလိုက်တယ်။
“ဟေး... ဘာဖြစ်တာလဲ ပြောစမ်း။ ဦးလေးထယ်က ဘယ်လိုလုပ် ဒဏ်ရာရတာလဲ။”
“ငါ မင်းကို လှည့်စားဖို့ ကြိုးစားနေရင်တောင် မင်းက ဦးလေးထယ်ကို မနာကျင်စေရဘူး။ သူက ငါတို့ဆိုင်ရဲ့ အမာခံ၊ အထူးပညာရှင်... သူဒဏ်ရာရရင် ငါဘယ်လောက် ကုန်ကျမယ်ဆိုတာ မင်းသိလား။”
……
ဆိုင်ပိုင်ရှင်အမျိုးသမီး၏ စကားပြောသံ အဆက်မပြတ်ကို ကြားရသည့်အခါ ရဲရှင်းဟွေ့ အနည်းငယ်စိတ်အနှောင့်အယှက် ဖြစ်လာခဲ့သည်။
“ဟေး... ကျွန်တော် ခင်ဗျားကိုတောင် ဘာမှမပြောရသေးဘူး... ဘာဖြစ်လို့ ခင်ဗျားက ကျွန်တော့်ကို ပြဿနာလာရှာနေတာလဲ။”
“တကယ်တော့ ခင်ဗျားဆိုင်က အနှိပ်သည်က ကျွန်တော့်ကို သတ်ချင်တာ။ အဲဒါ ခင်ဗျားသိလား။ ဦးလေးထယ်လည်း အဲဒီလူကြောင့် ဒဏ်ရာရတာ။ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး”
“အာ...”
သူမ မကြာခင်ကမှ အလုပ်ခန့်ထားသည့် ဝန်ထမ်းက လုပ်သွားတာဖြစ်ပြီး လူတစ်ယောက်ကိုတောင် သတ်ချင်တယ်ဆိုတာ သိလိုက်ရတော့ ဆိုင်ပိုင်ရှင်အမျိုးသမီးသည် စကားမပြောနိုင်ဖြစ်သွားခဲ့သည်။
လွန်ခဲ့တဲ့မိနစ်ပိုင်းက ရဲရှင်းဟွေ့နှင့် တခြားသူများ ဤခြေထောက်နှိပ်နယ်ဆိုင်ကို ရောက်ရှိလာပြီးနောက် ရေခဲမြွေပွေးလည်း အလုပ်လျှောက်ဖို့ ဝင်လာခဲ့သည်။
ရေခဲမြွေပွေးဟာ ကြည့်ကောင်းသည့်ပုံစံရှိသောကြောင့် ဆိုင်ပိုင်ရှင်အမျိုးသမီးက သူမကို အစမ်းခန့်လိုက်ပြီး ခြေထောက်နှိပ်နယ်ဆိုင်ရဲ့ အချိန်ပြည့်ဝန်ထမ်းအဖြစ် ခန့်အပ်လိုက်ခဲ့သည်။
ဘာတွေဖြစ်ခဲ့လဲဆိုတာ သိရှိပြီးနောက် ဆိုင်ပိုင်ရှင်အမျိုးသမီးဟာ သူမအရင်က အနည်းငယ် ဆုံးဖြတ်ချက်မှားခဲ့ပြီဆိုတာကို သဘောပေါက်သွားခဲ့လေသည်။
“ဟေ့...ကောင်လေး၊ ဒီနေ့ဖြစ်သွားတဲ့ ကိစ္စကို ကြည့်ပါဦး...”
ဆိုင်ပိုင်ရှင်အမျိုးသမီး၏ သဘောထားပြောင်းလဲသွားတာကို တွေ့ရသည့်အခါ ရဲရှင်းဟွေ့သည် ပိုမာကျောလာပြီး “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ကို သတ်ချင်တဲ့သူက ခင်ဗျားဆိုင်က ဝန်ထမ်းတစ်ယောက်ပဲ။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် နစ်နာကြေးတချို့ တောင်းခံလို့ ရမလား။”
“ဒါကတော့...” ရဲရှင်းဟွေ့ရဲ့စကားကို ကြားပြီးနောက် ဆိုင်ပိုင်ရှင်အမျိုးသမီးက နည်းနည်းရှက်ရွံ့သွား၍။
တစ်ခဏကြာစဉ်းစားပြီးနောက် သူမက ဆက်ပြောလာခဲ့သည်။
“မောင်လေး၊ ဒီလိုဆိုရင် ဘယ်လိုလဲ။ အစ်မတို့ဆိုင်က ယွမ်သုံးထောင်တန် ကတ်ပြားတစ်ချပ် ပေးမယ်။ ဒါကို အနှိပ်၊ ခြစ်၊ ဖလားကပ်နဲ့ တခြားကုသမှုတွေအတွက် သုံးလို့ရတယ်...”
“ဦးလေးထယ်ရဲ့ ဝန်ဆောင်မှု လိုချင်ရင်တောင် ရတယ်...”
ရဲရှင်းဟွေ့: .....
ရဲရှင်းဟွေ့ ဆိတ်ဆိတ်နေတာကို တွေ့တော့ ဆိုင်ပိုင်ရှင်အမျိုးသမီးက ဆက်ပြီးပြောလိုက်သည်။
“ဟေး မောင်လေး၊ အစ်မတို့ဆိုင်က အခုမှ ဖွင့်တာပါ။ ဖွင့်ပြီးတာနဲ့ ရဲတွေရောက်လာရင် အစ်မဒီဆိုင်ကို ဆက်လုပ်လို့ရတော့မှာ မဟုတ်ဘူး”
ဤစကားကိုကြားသည့်အခါ ရဲရှင်းဟွေ့သည် ခဏလောက်စဉ်းစားပြီး သဘောတူလိုက်သည်။
ဘာပဲဖြစ်ဖြစ် ရေခဲမြွေပွေးက သူ့ကို သတ်ဖို့လာတာဖြစ်ပြီး ဒီခြေထောက်နှိပ်နယ်ဆိုင် ဒါမှမဟုတ် ဆိုင်ပိုင်ရှင်အမျိုးသမီးနဲ့ ဘာမှမဆိုင်ပါဘူးလေ။
ရဲရှင်းဟွေ့ ထိုသို့ပြောရတဲ့ အဓိကအကြောင်းရင်းက သူ့ရှေ့က ဆိုင်ပိုင်ရှင်အမျိုးသမီးက အရမ်းနှေးလွန်းလို့ သူ့အား ခြောက်လှန့်ချင်တာကြောင့် ပင်ဖြစ်သည်။