← Chapters

ဘယ်ဘက်လိုင်းနှင့် ညာဘက်လိုင်း

Vol. 4 Ch. 56

ဘယ်ဘက်လိုင်းနှင့် ညာဘက်လိုင်း

Vol. 4 Ch. 56

ပန်းခြံထဲက သစ်တောထဲတွင်….။

ရဲရှင်းဟွေ့သည် သူ့လက်တစ်ဖက်စီတွင် ကျီးကန်းနှစ်ကောင်ကို ကိုင်ထားသည်။

ကျီးကန်းနှစ်ကောင်က အဆက်မပြတ် ရုန်းကန်နေကြပြီး ပါးစပ်ကနေ ခြိမ်းခြောက်နေကြ၏။

ရဲရှင်းဟွေ့က နားမလည်တာကို သိပေသည့် သူတို့က ဆက်ပြီး ခြိမ်းခြောက်အော်ဟစ်နေကြဆဲပင်။

“လူသား၊ ငါတို့ကို လွှတ်ပေးလိုက်။ မင်း ငါတို့က ဘယ်သူတွေလဲဆိုတာ မသိဘူးလား “

“မင်း ငါတို့ကို မလွှတ်ပေးရင် မင်းကို နောင်တရအောင် ငါတို့လုပ်ပစ်မယ်။”

…..

“ကယ်... ကယ်ကြပါဦး...”

“ကယ်ကြပါဦး...”

အော်ဟစ်ခြိမ်းခြောက်ပြီးနောက် ကျီးကန်းနှစ်ကောင်ဆီကနေ အကူအညီတောင်းသံတွေ ထွက်ပေါ်လာသည်။

“မင်းတို့ ပါးစပ်ကွဲမတတ်အော်နေလည်း ဘာမှ အကျိုးမရှိဘူး… မင်းတို့ တော်လိုက်တာ ပိုကောင်းမယ်။”

ရဲရှင်းဟွေ့၏ စကားကို ကြားပြီးနောက် ကျီးကန်းနှစ်ကောင်က အမှန်ပင် အကူအညီတောင်းတာ ရပ်သွားသည်။ ထိုအစား သူတို့က ရှုပ်ထွေးစွာဖြင့်

“လည်ချောင်းကျိုးဆိုတာ ဘယ်သူလဲ “

ရဲရှင်းဟွေ့: …..

“ဟင် ခဏလေး… လူသား၊ မင်း ငါတို့ပြောနေတာကို နားလည်တာလား”

သည်အချိန်မှာ ကျီးကန်းတစ်ကောင်က လူသားက သူတို့အော်ဟစ်နေတာကို သိတယ်ဆိုတာ သဘောပေါက်သွားသည်။

“ဟုတ်တယ်။ ငါ နားလည်တယ်။”

ရဲရှင်းဟွေ့၏ အတည်ပြုသောအဖြေကို တွေ့သော် ကျီးကန်းနှစ်ကောင်က ပိုပြီးတောင် အံ့သြသွားသည်။

သူ့ဘေးနားက ဇီးကွက်ကတော့ ရှုပ်ထွေးသောမျက်နှာနှင့် ကြည့်နေ၏။

ဤအချိန်မှာ ဇီးကွက်က မြင်နေရတာက ရဲရှင်းဟွေ့က ကျီးကန်းနှစ်ကောင်နှင့် စကားပြောနေတာဖြစ်ပြီး ကျီးကန်းနှစ်ကောင်ကလည်း အော်မြည်နေကြသည်။

“မင်းတို့... ဆက်သွယ်နေကြတာလား “ ဇီးကွက်က မယုံကြည်နိုင်စွာ မေးလိုက်သည်။

“ငါတော့ အဲလိုထင်တာပဲ။” ရဲရှင်းဟွေ့က ပေါ့ပေါ့တန်တန် ပြန်ဖြေလိုက်ကာ ကျီးကန်းနှစ်ကောင်ကို “မင်းတို့ ခေါင်းဆောင် ဘယ်မှာလဲ “ လို့ မေးလိုက်သည်။

“လူသား၊ မင်း ငါတို့ခေါင်းဆောင်ကို ဘာလုပ်ဖို့လဲ “ ဘယ်ဘက်လက်ထဲမှာ ကိုင်ထားသော ကျီးကန်းက မေးလိုက်သည်။

“မင်းတို့ခေါင်းဆောင်နဲ့ စီးပွားရေးလုပ်ငန်းတစ်ခု အကြောင်းပြောချင်လို့။ ငါတို့ အောင်မြင်ရင် မင်းတို့မှာ အစားအစာတွေ အများကြီး ရလိမ့်မယ်။”

“အစားအစာ” ဆိုသည့် စကားလုံးကို ကြားလိုက်ရတော့ ကျီးကန်းနှစ်ကောင်၏ မျက်လုံးထဲမှာ ဆန္ဒတွေ ရုတ်တရက် ပေါ်လာ၏။

သည်ကျီးကန်းတွေဟာ ပန်းခြံထဲမှာ အရမ်းကို မာနကြီးသော်လည်း သူတို့က အမြဲတမ်း ဗိုက်မပြည့်ကြ။

အကြောင်းရင်းကတော့ ဤတွင်မှာ ကျီးကန်းတွေ အရမ်းများလွန်းလို့ပင်။ အကယ်၍ မင်းက သတ်မှတ်ထားသည့် အဆင့်အတန်းရှိသော ကျီးကန်းမဟုတ်ရင်၊ မင်း စားချင်ရင် ကိုယ့်ဘာသာကိုယ် အစားအစာရှာရပြီး အစားအစာ ရှာတွေ့မတွေ့ကတော့ ကံပေါ်မှာ မူတည်၏။

“ကျွန်တော်တို့ ခင်ဗျားကို ဘော့စ်ဆီ ခေါ်သွားပေးမယ်၊ ဒါဆို ကျွန်တော်တို့အတွက် ဘာအကျိုးအမြတ် ရမှာလဲ “

ကျီးကန်းနှစ်ကောင် အချင်းချင်း ကြည့်ပြီးနောက် ညာဘက်လက်ထဲမှာ ကိုင်ထားသည့် ကျီးကန်းက ရဲရှင်းဟွေ့ကို မေးလိုက်သည်။

“မင်းတို့ ငါ့ကို မင်းတို့ ဘော့စ်ဆီ ခေါ်သွားပေးရင် ငါ မင်းတို့ကို ငါနဲ့အတူ ခေါ်သွားပြီး အစားအစာ ပေးနိုင်တယ်။ မင်းတို့ ကျီးကန်းအုပ်စုတစ်ခုကို ငါနဲ့အတူ ခေါ်လာနိုင်ရင်တော့ မင်းတို့ကျီးကန်းအားလုံးအတွက် လုံလောက်တဲ့ အစားအစာ ပေးနိုင်တယ်။”

ရဲရှင်းဟွေ့၏ မြှူဆွယ်မှုက ကျီးကန်းနှစ်ကောင်ကို သူတို့ ဘော့စ်ဆီ ခေါ်သွားခိုင်းဖို့ တစ်ခုတည်းမဟုတ်ချေ။ နောက်ထပ်အဓိပ္ပာယ်တစ်ခုကတော့... ကျီးကန်းခေါင်းဆောင်ကို မစည်းရုံးနိုင်ခဲ့ရင်လည်း သည်ကျီးကန်းငယ်လေးနှစ်ကောင်ကို ကျီးကန်းအုပ်စုတစ်ခုကို ဦးဆောင်ပြီး သူ့ဆီ လိုက်ပါစေနိုင်တာပင်။

ရဲရှင်းဟွေ့က ကမ်းလှမ်းသည့် အကျိုးအမြတ်တွေကို ကြားပြီးနောက် ကျီးကန်းနှစ်ကောင်၏ မျက်လုံးလေးလုံးလုံး တောက်ပလာသည်။

“ဘယ်လိုလဲ ငါတို့မှာ အစားအစာသာ ရှိခဲ့ရင် သည်ဆောင်းတွင်းမှာ အေးပြီးသေသွားတဲ့ ကျီးကန်းတွေထဲမှာ ငါတို့ မပါလောက်ဘူး။”

“ဟုတ်တယ် ဟုတ်တယ်။”

“ဒါဆို ငါတို့ သဘောတူကြမလား “

“သေချာတာပေါ့ ငါသဘောတူတယ်။”

ကျီးကန်းနှစ်ကောင်က ရဲရှင်းဟွေ့ရှေ့မှာ ဆွေးနွေးတိုင်ပင်ကြသည်။

ဒါပေသည့် သူတို့၏ စကားပြောသံကို နားထောင်လိုက်ကာ ရဲရှင်းဟွေ့က သည်တစ်ကြိမ် မြှူဆွယ်မှုဟာ အလွန်အောင်မြင်တယ်ဆိုတာ သိလိုက်၏။

ရဲရှင်းဟွေ့က သူ့လက်ကို လျှော့လိုက်ပြီး ကျီးကန်းနှစ်ကောင်ကို လွှတ်လိုက်ချိန်မှာပင်။

ကျီးကန်းတစ်ဒါဇင်လောက်ဟာ သည်ဘက်ကို ပျံလာပြီး အော်ခေါ်နေကြသည်။

“ဘော့စ်။ ဒါတွေက ကျွန်တော်တို့၏ အကူအညီတောင်းသံကြောင့် ရောက်လာတဲ့ ရဲဘော်တွေ ဖြစ်လိမ့်မယ်။ သွားပြီး သူတို့ကို အရင်ဆုံး ကြိုဆိုကြရအောင်။”

အဲသည်လို ပြောပြီးနောက် ကျီးကန်းနှစ်ကောင်က ကောင်းကင်ပေါ် ပျံတက်ပြီး အခြား ကျီးကန်းတစ်ဒါဇင်နှင့် ပေါင်းလိုက်သည်။

“ကြံရာမရတော့ဘူးလား ခေါင်းဆောင်တောင် ခေါ်တာကိုး။”

ရဲရှင်းဟွေ့က စိတ်ထဲမှာ တွေးလိုက်တယ်၊ “ပိုက်ဆံ... အိုး မဟုတ်ဘူး... အစားအစာက ကျီးကန်းတွေကို နာခံအောင် လုပ်နိုင်တာပဲ။

…….

ရဲရှင်းဟွေ့ မော့ကြည့်လိုက်လျှင် ကျီးကန်းတစ်ဒါဇင်ကျော် အုပ်စုဆီကို ပျံသန်းနေသည့် ကျီးကန်းနှစ်ကောင်ကို တွေ့လိုက်ရသည်။

အရွယ်အစားကွာခြားတာကလွဲ၍ ကျီးကန်းတွေက တကယ်ပဲ ပုံစံတူတယ်လို့ ပြောရမှာပင်။

ရဲရှင်းဟွေ့ဘက်ကို ကူးပြောင်းသွားခဲ့ပြီးသား ကျီးကန်းနှစ်ကောင်က ကျီးကန်းအုပ်စုထဲကို ပျံဝင်သွားသည်။ ရဲရှင်းဟွေ့အတွက် သူတို့ကို ရှာဖို့ အရမ်းခက်ခဲသွားပြီး သူတို့၏ စကားပြောဆိုမှုကနေတစ်ဆင့်ပဲ ရှာဖွေနိုင်ခဲ့သည်။

……

“မင်းတို့က ခုနက အကူအညီတောင်းခဲ့တဲ့သူတွေလား “

ခေါင်းဆောင်ကျီးကန်းက သစ်ပင်ထိပ်မှာ ဆင်းသက်ပြီး မေးလိုက်သည်။

ဒီကျီးကန်းက ဒီကျီးကန်းအဖွဲ့၏ ခေါင်းဆောင်ဖြစ်နေတာ သေချာသည်။

ရဲရှင်းဟွေ့နှင့် ပေါင်းပြီးသား ကျီးကန်းနှစ်ကောင်က ခေါင်းခါပြီး “ဘာမှမဟုတ်ပါဘူး၊ ပျော်ပျော်ပါးပါး အော်ကြည့်တာ။” လို့ ပြောလိုက်သည်။

“နောက်တစ်ခါ အဲဒီလို မအော်နဲ့။ မင်းတို့ အညစ်အကြေးကို အောင့်ထားရတာ ဘယ်လောက်နာကျင်တယ်ဆိုတာ မင်းတို့ မသိကြဘူးလား “

သူပြောပြီးသည့်နောက် ခေါင်းဆောင်ငယ်လေးက သူ့အတောင်ပံနှင့် အမူအရာတစ်ခု လုပ်လိုက်သည်။ ထိုနောက် သူ့နောက်က ကျီးကန်းတစ်ဒါဇင်လောက်က တစ်ပြိုင်နက်တည်း အညစ်အကြေးစွန့်ကြသည်။

ထိုမြင်ကွင်းကို တွေ့သော် ရဲရှင်းဟွေ့လည်း နည်းနည်း ရှုပ်ထွေးသွားသည်။

“ဟာ။ ခုနက သဘောတူညီမှု မရခဲ့ရင် ဒီအကောင်တွေ ငါ့ပေါ် ကျမလာဘူးလား “

ရဲရှင်းဟွေ့က စကားမပြောနိုင်ဘဲ စဉ်းစားလိုက်သည်။

တစ်ချိန်တည်းမှာပဲ ကျီးကန်းတွေက အညစ်အကြေးစွန့်ပြီး ထွက်သွားကြသည်။ ရဲရှင်းဟွေ့ဘက်ကို ကူးပြောင်းခဲ့ပြီးသား ကျီးကန်းနှစ်ကောင်ကတော့ သူ့ပခုံးပေါ် လာနားကြသည်။

“ဘော့စ်၊ ကျွန်တော် ခင်ဗျားကို ခေါင်းဆောင်ဆီ ခေါ်သွားပေးမယ်။”

ဘယ်ဘက်က ကျီးကန်းက မြှောက်ပင့်ပြောလိုက်သည်။

“မင်းတို့ ငါ့ကို ဘော့စ်လို့ ခေါ်တဲ့အတွက် မင်းတို့ကို နာမည်ပေးမယ်။”

ထိုလိုပြောပြီး ရဲရှင်းဟွေ့က ခဏလောက် စဉ်းစားလိုက်ပြီး သူ့ဘယ်ဘက်ပခုံးပေါ်က ကျီးကန်းကို လက်ညှိုးထိုးပြပြီး “မင်း၏နာမည်က ဘယ်ဘက်လိုင်းပဲ။” လို့ ပြောလိုက်သည်။

ထို့နောက် ညာဘက်က ကျီးကန်းကို လက်ညှိုးထိုးပြီး “မင်းရဲ့နာမည်က ညာဘက်လိုင်းပဲ။” လို့ ပြောလိုက်သည်။။

ကျီးကန်းနှစ်ကောင်ကို ခွဲခြားသိမြင်နိုင်ရန်အတွက် ရဲရှင်းဟွေ့က သူတို့နှစ်ကောင်ကို သတိလစ်အောင်လုပ်ဖို့ အရင်ကသုံးခဲ့သော ရာဘာကြိုးကို ထုတ်ယူပြီး ကျီးကန်းနှစ်ကောင်၏ ဘယ်ဘက်ခြေထောက်နှင့် ညာဘက်ခြေထောက်တွေမှာ အသီးသီး ချည်နှောင်ပေးလိုက်သည်။

ဘယ်ဘက်လိုင်း၏ ဘယ်ဘက်ခြေထောက်မှာ ချည်ထားပြီး ညာဘက်လိုင်း၏ ညာဘက်ခြေထောက်မှာ ချည်ထားသည်။

ကျီးကန်းနှစ်ကောင်က သူတို့ခြေထောက်မှာ ရာဘာကြိုး ချည်နှောင်ခံရတာကို ဘာမှ စက်ဆုပ်ရွံရှာမှု မခံစားရချေ။ ဘာပဲဖြစ်ဖြစ် ချိုးငှက်တွေကိုတောင် ဝါးပြွန်ငယ်လေးတွေနှင့် ချည်နှောင်နိုင်သေးတာပဲ၊ ဒါကြောင့် သူတို့ခြေထောက်မှာ ရာဘာကြိုးနှစ်ချောင်း ချည်နှောင်ရတာ ဘာမှမဟုတ်သည့် ကိစ္စပင်။

“အိုး ဘုရားရေ ရဲရှင်းဟွေ့၊ မင်းက တိရစ္ဆာန်ရိုင်းတွေကို ထိန်းချုပ်တဲ့သူလား ဒီကျီးကန်းနှစ်ကောင်က အရမ်းနာခံနေတာပဲ “

ဇီးကွက်က သည်မေးခွန်းကို မေးလိုက်ချိန်မှာပဲ သူ ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။

အဲဒါက သူ ဂျင်ချန်ကလပ်ရှေ့က အဆောက်အအုံပေါ်မှာ စနိုက်ပါရိုင်ဖယ်နှင့် ရဲရှင်းချန်နှင့် ရဲရှင်းဟွေ့ကို ကာကွယ်ပေးခဲ့တုန်းက မြင်ခဲ့ရသည့် မြင်ကွင်းဖြစ်ပုံရသည်။

အဲဒါကတော့ ရဲရှင်းဟွေ့က မသိသည့် နည်းလမ်းကိုသုံးပြီး ထို အနက်ရောင်ဝတ်ထားသော ညီအစ်ကိုတွေကို သူတို့လက်ထဲက လက်နက်အားလုံးကို ပစ်ချစေခဲ့တာပင်

။

ကွန်းယန်မြို့၏ ဒေသခံဘုရင်ခံဖြစ်သော ပန်းလုံတောင်မှ အထူးအဖွဲ့တွေလို့ခေါ်သော သူတို့သုံးသည့် မျက်လှည့်နည်းပညာတွေကို သိတယ်၊ အပြည်ပြည်ဆိုင်ရာ ကိုယ်ရံတော်နှင့် အပြည်ပြည်ဆိုင်ရာလူသတ်သမားဖြစ်သော ဇီးကွက်ဖြစ်ကြောာင်း ပြောစရာပင် မလိုချေ။

“မျက်လှည့်ဖြစ်နေတာကိုး။ ရဲရှင်းဟွေ့က ဒီကျီးကန်းနှစ်ကောင်ကို ထိန်းချုပ်ဖို့ မျက်လှည့်ကို သုံးနေတာပဲ။”

ဇီးကွက်က အရာအားလုံးကို သူနားလည်သွားပြီဟု ခံစားလိုက်ရသော်လည်း သူ မသိခဲ့တာကတော့ တကယ့်အမှန်တရားက ရဲရှင်းဟွေ့ပြောသလိုပဲ သူ တိရစ္ဆာန်တွေနှင့် ဆက်သွယ်နိုင်သည်ဆိုတာပင်။

……

ကျီးကန်းနှစ်ကောင်၏ ဦးဆောင်မှုနှင့် ရဲရှင်းဟွေ့ဟာ ပန်းခြံကို ဝိုင်းရံထားသည့် သစ်တော၏ အနက်ရှိုင်းဆုံးနေရာကို ရောက်လာလေသည်။

ပိုမိုနက်ရှိုင်းသည့်နေရာကို သွားလေလေ၊ ပိုပြီးများသည့် ကျီးကန်းတွေကို မြင်ရလေလေပင်။

ကျီးကန်းတွေက သစ်ပင်ပေါ်မှာ ရပ်ပြီး ရဲရှင်းဟွေ့နှင့် ဇီးကွက်ကို စိုက်ကြည့်နေကြ၏။

စကားပြောဆိုမှုကနေတစ်ဆင့် သည်ကျီးကန်းတွေဟာ လူသားတွေအပေါ် ဘာရန်လိုမှုမှ မရှိဘူးဆိုတာကို ရဲရှင်းဟွေ့ သိလိုက်ရသည်။

ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးသည့်နောက် ပန်းခြံတစ်ခုလုံးမှာ အကြီးဆုံးသစ်ပင်ကို ရဲရှင်းဟွေ့ တွေ့လိုက်ရ၏။

သည်သစ်ပင်ကြီး၏ ထိပ်မှာ တောက်ပသည့် အလင်းရောင်တစ်ခု ထွက်ပေါ်နေသည်။

ရဲရှင်းဟွေ့က သေချာကြည့်လိုက်လျှင် အဲဒါတွေအားလုံးဟာ အလင်းပြန်နိုင်သည့် အရာတွေဖြစ်နေတာကို တွေ့လိုက်ရ၏။

ထိုအထဲမှာ ဖန်ထည်ပစ္စည်းတွေ၊ မှန်ငယ်လေးတွေ၊ မသိသည့်ပစ္စည်းတွေနှင့် လုပ်ထားသည့် လက်ဝတ်ရတနာတွေနှင့် ငွေရောင်လက်ကိုင်ဖုန်းတချို့တောင် ပါဝင်သည်။

ဒီမြင်ကွင်းကိုတွေ့သော် ရဲရှင်းဟွေ့က ကျီးကန်းခေါင်းဆောင်ဟာ ဒီသစ်ပင်ပေါ်မှာ ရှိနေလိမ့်မည်ဟု သိလိုက်သည်။

All Chapters