အခန်း (၅၅၆-၅၅၈)
Vol. 38 Ch. 556-558
အခန်း (၅၅၆) : အိပ်မက်လောကမှထွက်လာခြင်း
ထိုနေရာတွင်မိန်းကလေး ပိုရှိလေကျိုးဟောင်မှာပိုပျော်လေဖြစ်သည်။ သူဘာကြောင့်ယခုလိုခံစားနေရမှန်းနားမလည်သော်လည်း ဤခံစားချက်အားသူအလွန်နှစ်ခြိုက်ပေသည်။
သုံးနှစ်ကြာပြီးနောက် ကျိုးဟောင်မှာမိန်းမထောင်ချီမဟုတ်လျှင်ပင် ရာချီတော့မြင်ဖူးခဲ့ပြီဖြစ်သည်။
အကယ်၍သူ၏ဆွဲဆောင်မှုဖြင့်ဆိုပါက မိန်းမအားလုံးကိုသိမ်းပိုက်နိုင်ပေသည်။ ၎င်းမှာ ဤတိုင်းပြည်ထဲရှိ အလှဆုံးမိန်းကလေးအားသ
ူမမြင်ခင်ကဖြစ်သည်။ ထိုမိန်းကလေးသည်လည်းသူ့အားသဘောကျပေသည်။ သို့သော်သူ့အားချစ်ကြောင်းဝန်ခံပြီးနောက် ထိုမိန်းကလေးမှာတကယ်ပင်မိမိကိုယ်ကိုသတ်သေသွားခဲ့သည်။
သူမသည်ကျိုးဟောင်အတွက်စာတစ်စောင်ချန်ခဲ့ပြီး ထိုထဲတွင်အကြောင်းအရာအများအပြားရေးထားပေသည်၊ ထိုအများကြီးထဲမှ ကျိုးဟောင်ရင်ထဲအရောက်ဆုံးမှာ တစ်ကြောင်းသာရှိသည်။
"ရှင်ကျွန်မကိုမိန်းကလေးတစ်ယောက်အနေနဲ့သဘောကျခဲ့တာ ကျွန်မရဲ့ ဘယ်သူဆိုတာကိုသဘောကျခဲ့တာမဟုတ်ဘူး ကျွန်မရှင့်ဆန္ဒကိုဖြည့်ဆည်းပေးချင်ပါတယ် ဒါပေမဲ့ အနာဂတ်မှာရှင်တခြားမိန်းမတွေနဲ့အတူရှိနေမှာကိုကျွန်မကြည့်မနေနိုင်ဘူး အဲဒီလိုခံစားနေရမဲ့အစား ရှင်ကျွန်မကိုသဘောကျနေတဲ့အချိန်မှာ ဒီလိုထွက်သွားလိုက်တာကပိုကောင်းတယ်"
ကျိုးဟောင်မှာဤစာအားကြည့်ပြီး ရုတ်တရက်ဤလောကကြီးတွင်တမ်းတစရာဘာမှမရှိသလိုခံစားလိုက်ရသည်။
သူသည်ဤမိန်းကလေးအားအလွန်သဘောကျသော်ငြား သူမသည်သူ့ကြောင့်သေဆုံးသွားခဲ့ရသည်။
ကျိုးဟောင်မှာ သူ့ကိုယ်သူအလွန်အပြစ်တင်မိပေသည်။ ထို့ကြောင့်ကျိုးဟောင်မှာကျောက်စိမ်းဆွဲပြားအားလွှတ်ပစ်ကာ နောက်ဆုံးပစ္စည်းဖြစ်သည့် မျက်နှာဖုံးအားယူကာထွက်သွားခဲ့သည်။
မျက်နှာဖုံးဝတ်ထားသောကျိုးဟောင်အား လောကကြီးကမေ့သွားပုံပေါ်သည်။ သူသည်အားလုံးသူ့အားမှတ်မိသွားမည်ကိုမကြောက်သလို ရှာတွေ့သွားမည်ကိုလည်းမစိုးရိမ်ပေ။ ဤမျက်နှာဖုံးတပ်ပြီးချိန်တွင် သူသည်ရုတ်တရက်အလွန်ထူးဆန်းလာခဲ့သည်။ အတိတ်တုန်းကသူမလုပ်ရဲခဲ့သောကိစ္စအားလုံးအား လုပ်နိုင်လာခဲ့သည်။ လူသတ်၊ မီးရှို့၊ အခြားလူများအားအနိုင်ကျင့်ခြင်းနှင့် စာနာစိတ်မရှိသောလုပ်ရပ်များအားလုံးကိုလုပ်လာခဲ့သည်။ သူ၏ပုံစံမှာ ဤမျက်နှာဖုံးသည်သူ၏စိတ်တွင်းရှိဆိုးရွားသောအကျင့်များအားလုံးအား ချုပ်တည်းထားရာမှလွှတ်ပေးလိုက်သလိုပင်။
ကျိုးဟောင်မှာသူ့သားအရွယ်ကလေးတစ်ယောက်နှင့်တွေ့ဆုံသည်အထိ ဤမကောင်းသောလုပ်ရပ်များကြားတွင်ပျော်မွေ့နေခဲ့သည်။ ထိုကလေးသည်လည်းဆုံးသွားသောသူ့သားကဲ့သို့ပင်ပြင်းထန်သောရောဂါရှိနေပေသည်။ သူ၏စိတ်နှလုံးမှာလှုပ်ရှားသွားခဲ့ပြီး ထိုကလေးအားခေါ်ကာကျိုးဟောင်မှာထွက်သွားခဲ့သည်။
"ငါကြားတာတော့အမျိုးသမီးငယ်လေးတစ်ယောက်ရဲ့နှလုံးကမင်းရဲ့ရောဂါကိုကုသနိုင်ပြီး မင်းအသက်ကိုကယ်တင်နိုင်တယ်တဲ့"
ကျိုးဟောင်မှာထိုစကားအားပြောနေသော်ငြား ထိုကလေးမှာအလွန်ထိတ်လန့်နေဟန်ရှိပြီး သူ့စကားအားအာရုံမစိုက်ပေ။
ကျိုးဟောင်နှလုံးအခုတစ်ရာကျော်ယူလာမှသာ ထိုကလေး၏မျက်နှာမှာဖြူဖျော့သွားခဲ့ပြီး ကျိုးဟောင်အားမကောင်းဆိုးဝါးတစ်ကောင်သဖွယ်ကြည့်လာပေသည်။ ကျိုးဟောင်မှာထိုအကြည့်အားလျစ်လျူရှုကာ ထိုကလေးသောက်နိုင်ရန် နှလုံးများအား ဆေးအဖြစ်ပြောင်းလဲပေးလိုက်သည်။ ကောင်လေးမှာအလွန်ကြောက်ရွံ့နေသော်ငြား ကျိုးဟောင်၏စကားအားလိမ္မာစွာဖြင့်နာခံပေသည်။
တဖြည်းဖြည်း အချိန်သုံးနှစ်ကုန်ဆုံးသွားပြီး ကောင်လေးသည်လည်းအရွယ်ရောက်လာခဲ့သည်။ သူသည်ကျိုးဟောင်၏ထူးဆန်းကာ ရက်စက်ပြီးလူမဆန်ဘဲ ကြမ်းကြုတ်သည့်တစ်ဖက်ခြမ်းအားကြည့်ကာ ပို၍ကြောက်လန့်လာခဲ့သည်။
နောက်ဆုံးတွင် သူ၏အကြောက်တရားမှာသတ္တိအဖြစ်ပြောင်းသွားခဲ့သည်။ တစ်ညတွင်ကျိုးဟောင်အိပ်နေစဥ် ဓားတစ်ချောင်းအားယူလာပြီးကျိုးဟောင်၏နှလုံးနေရာအားဓားဖြင့်ထိုးလိုက်သည်။ ကျိုးဟောင်မှာမျက်လုံးဖွင့်ကာ သူ၏ရင်ဘတ်ထဲသို့စိုက်ဝင်နေသောဓားအားကြည့်လိုက်သော်ငြား ဘာကြောင့်မှန်းမသိနာကျင်မှုမရှိပေ။ ပုံစံမှာသူ၏နှလုံးသားသည်အစောကတည်းကသေဆုံးသွားခဲ့သည့်အတိုင်းပင်။
"ဟဟ ခင်ဗျားကတကယ်ကိုကျွန်တော်ထင်တဲ့အတိုင်းပဲ ခင်ဗျားက....လူမဟုတ်တော့ဘူး"
ကောင်လေးမှာစကားဆုံးသည်နှင့်သွေးတစ်ပွက်အန်ကာ နေရာမှာပင်သေဆုံးသွားခဲ့သည်။ ကျိုးဟောင်မှာကောင်လေးအားကြည့်ပြီးမျက်နှာဖုံးအားဖြေးညှင်းစွာချွတ်လိုက်ကာ ဝမ်းနည်းနေပုံပေါ်ပေသည်။
ထို့နောက်ကျိုးဟောင်သည်ရုတ်တရက်တာအိုဘုန်းတော်ကြီး၏စကားများအား သတိရလိုက်သည်။ ထိုစကားမှာ သူပင်ပန်းလာပါကသူတို့ရှိရာနေရာသို့ပြန်လာလို့ရကြောင်းပြောခဲ့သောစကားပင်ဖြစ်သည်။ လက်ရှိအချိန်တွင် သူတကယ်ကိုပင်ပန်းနေပြီဖြစ်သည်။
လက်ထဲတွင်လှံတံအားကိုင်ဆောင်ပြီးနောက်ပိုင်းအလွန်ခမ်းနားသောဘဝမျိုးအားတည်ဆောက်ခဲ့ပြီး ထိပ်တန်းအာဏာအားရခဲ့သည်။ သေရည်အားသောက်ပြီးနောက်သူသည်ရုတ်တရက်ဘာကိုမှဂရုမစိုက်ဘဲ ခရီးသွားပြီးအပျော်ရှာချင်စိတ်များသာဖြစ်လာခဲ့သည်။
ကျောက်စိမ်းဆွဲပြားအားဆွဲပြီးနောက် သူသည်ရုတ်တရက်မိန်းမများအားသဘောကျလာခဲ့သည်။ လှပသောမိန်းမဖြစ်ပါက ကျိုးဟောင်မှာမည်သူ့ကိုမဆိုသဘောကျပေသည်။ သူသည်ယောက်ျားအများစု၏ဘဝသက်တမ်းတစ်လျှောက်တွင် တွေ့ဖို့မလွယ်ကူသောအလှပဂေးများနှင့်ကြုံခဲ့ရပေသည်။ ထိုဘဝမျိုးမှာသူ့အားယိမ်းယိုင်စေခဲ့သည်။
မျက်နှာဖုံးအားဝတ်ပြီးနောက် သူ၏ရူးသွပ်မှုနှင့် ရက်စက်သောတစ်ဖက်ခြမ်းမှာ ပွင့်ထွက်လာခဲ့ပြီး အမှောင်ထဲတွင် သူလုပ်ချင်သည့်အရာများအားလုံးအားလုပ်နိုင်ပေသည်။
ဤလေးဘဝမှာ ရုတ်တရက်ကျိုးဟောင်အတွက် အလွန်ငြီးငွေ့စရာကောင်းလာခဲ့သည်။
"ငါဖြတ်သန်းလာခဲ့တဲ့ဒီလေးဘဝက....တကယ်ကိုပဲ......ငြီးငွေ့စရာကောင်းနေတာလား"
ကျိုးဟောင်မှသက်ပြင်းချကာ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာခဲ့ပြီး လှေပေါ်တွင်ထိုင်ကာရေထဲရှိသူ၏ပုံရိပ်အားကြည့်နေခဲ့ပြီး သူ၏အမူအရာမှာအခြားကမ္ဘာတစ်ခုအားမြင်လိုက်ရသလို ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
ထိုလောကတွင်သူသည်သာမန်မိသားစုတွင်မွေးဖွားလာပြီး နည်းပညာအလွန်တိုးတက်သောမြို့တွင်ကြီးပြင်းလာခဲ့သည်။ သူ့အားချစ်သောမိဘများနှင့် သူသဘောကျသောမိန်းကလေးတစ်ယောက်လည်းရှိပေသည်။ တိုးတက်လာရန်အတွက် သူသည်နေ့စဥ်ကြိုးစားနေခဲ့ပြီး အံ့ဖွယ်ဘဝမျိုးဖြင့်နေထိုင်နေခဲ့သည်။
ထို့နောက်ကျိုးဟောင်မှာရုတ်တရက် တစ်ဖက်ခြမ်းရှိကျိုးဟောင်၏ဘဝအားအားကျကာ ထိုဘဝမှာပို၍အဓိပ္ပာယ်ရှိသည်ဟုခံစားလိုက်ရသည်။ ကျိုးဟောင်မှာသက်ပြင်းချကာတာအိုပြိုင်ကွင်းသို့ ဖြည်းဖြည်းချင်းပြန်လာခဲ့သည်။
လက်ရှိအချိန်တွင် တာအိုပြိုင်ကွင်းသည်သူစရောက်လာစဥ်ကအတိုင်းမပြောင်းလဲဘဲရှိနေပေသည်။ တာအိုဘုန်းတော်ကြီးလေးပါးမှာလည်း သူ့အားဖော်ရွေစွာဖြင့်ပြုံးကာကြည့်ရင်းရပ်စောင့်နေဆဲပင်ဖြစ်သည်။ သို့သော်ကျိုးဟောင်မှာခပ်ရေးရေးပြုံးလိုက်သည်။
"ဘဝလေးခု အထွတ်အထိပ်အာဏာ၊ အဆုံးမရှိတဲ့အလှအပ၊ ရူးသွပ်တဲ့စိတ်ထဲကအကျည်းတန်မှုတွေ၊ ပြီးတော့ ထိန်းလို့မရတဲ့ဆိုးယုတ်မှုတွေ အဲဒါဘဝလေးခုနဲ့ ဘယ်သူမှမလွန်ဆန်နိုင်တဲ့မက်လုံးတွေပဲ"
"အာဏာဖြစ်ဖြစ် အလှအပဖြစ်ဖြစ် ဒါမှမဟုတ် လွတ်လပ်မှုနဲ့ ထိန်းချုပ်မှုမရှိတာဖြစ်ဖြစ် အားလုံးကအကြီးစားမက်လုံးတွေပဲ ဒီစိတ်စွမ်းအားစမ်းသပ်မှုကဒီလောက်ခက်လိမ့်မယ်လို့မထင်ထားခဲ့ဘူး"
ကျိုးဟောင်မှာပြောရင်း သူ၏မျက်လုံးများမှာတဖြည်းဖြည်းချင်းပြန်လည်ကြည်လင်လာခဲ့သည်။ လက်ရှိအချိန်တွင်သူ့မျက်စိရှေ့ရှိမြင်နေရသောအရာမှာ တာအိုဘုန်းတော်ကြီးလေးပါးမဟုတ်ဘဲ လမ်းလေးခုသာဖြစ်သည်။ ထိုလမ်းများမှာသူလျှောက်ခဲ့သောလမ်းများဖြစ်သည်။
"ဒီနေရာမှာတခြားလူတွေဘယ်လိုနေကြလဲဆိုတာငါမသိဘူး ဘယ်လိုပဲဖြစ်ဖြစ်ငါကတော့ငြီးငွေ့တယ် ငါ့ဘဝကိုဒီလိုမျိုးကြီးမဖြတ်သန်းချင်ဘူး အာဏာဖြစ်ဖြစ် အလှအပဖြစ်ဖြစ် ဒါမှမဟုတ် လွတ်လပ်မှုဖြစ်ဖြစ် ငါမလိုချင်ဘူး"
ထိုအချိန်တွင်ကျိုးဟောင်မှာ လက်အားဝေ့ယမ်းလိုက်ရာသူ၏ပုံပန်းပေါ်လာခဲ့ပြီး အသိစိတ်ရှိသောစက်ရုပ်၏ အသံအားကျိုးဟောင်၏နားထဲတွင်ကြားလိုက်ရသည်။
"ဂုဏ်ပြုပါတယ် သင်သည် အက်စ်အဆင့်အိပ်မက်လောကမှ ထွက်လာနိုင်ရန်လက်ဦးမှုရယူနိုင်ခဲ့ပါတယ် သင်စိတ်စွမ်းအားအနှစ်သာရသုံးခုအားရရှိပါသည်။
ထိုစကားသံပြီးနောက်ကျိုးဟောင်မှာပြန်ကောင်းမွန်လာသည့်ပုံဖြင့် မျက်လုံးများဖွင့်လာခဲ့ပြီး သူရှေ့တွင်ရှိနေသောအရာမှာ ဘာမှမရှိသောအာကာသတစ်ခုသာဖြစ်ပေသည်။ ဂျယ်လီဖြူမှာမူကျိုးဟောင်အားအံ့သြတကြီးကြည့်နေခဲ့သည်။
"သေစမ်း အစ်ကိုကြီးနိုးလာတယ်ပေါ့ မိုရိုမျိုးနွယ်ရဲ့ဒီစိတ်စွမ်းအားစမ်းသပ်မှုကနေ ဘယ်သူမှနိုးမလာနိုင်ဘူးလို့နာမည်ကြီးတာ အစ်ကိုကြီးကတကယ်ပဲဒီစစ်ဆေးမှုကိုလက်ဦးမှုယူထိုးဖောက်မြင်နိုင်ပြီး နိုးလာခဲ့တာ အရမ်းအထင်ကြီးစရာကောင်းတာပဲ"
ဂျယ်လီဖြူမှာပြောနေရင်း သူ၏မျက်လုံးများတွင်လည်းမယုံကြည်နိုင်မှုများဖြင့်ပြည့်နေခဲ့သည်။ ကျိုးဟောင်မှာပြုံးသာပြုံးနေခဲ့သည်။ ထို့နောက်ကျိုးဟောင်၏လက်ထဲတွင်သေးငယ်သောဘူးလေး သုံးဘူးပေါ်လာခဲ့ပြီး ၎င်းတိုမှာစွမ်းအင်အနှစ်သာရတို့ဖြင့်ပြည့်နေသည်။
ကျိုးဟောင်မှာတွေဝေမနေဘဲလမ်းလျှောက်ထွက်လာခဲ့ပြီး စွမ်းအင်အနှစ်သာရအားဖား၏ကိုယ်ပေါ်တွင်ချက်ချင်းထားလိုက်သည်။
တစ်ဖက်လူမှာတစ်ခုခုအားအာရုံခံစားမိပုံပေါ်ကာ ထိုပစ္စည်းအားရူးသွပ်စွာစုပ်ယူလာခဲ့သည်။ ၎င်း၏ အငွေ့အသက်မှာလည်းအားကောင်းသထက်ကောင်းလာကာ နိုးလာရန်အတွက် အချိန်တစ်ခုသာလိုအပ်ပေသည်။
"စိတ်စွမ်းအားအနှစ်သာရသုံးဘူးနဲ့ဆို ရက်ပိုင်းအတွင်းသူနိုးလာမှာ ဟီးဟီးအစ်ကိုကြီးကဒီလောက်အားကိုးရမယ်လို့မထင်ထားခဲ့ဘူး"
ဂျယ်လီဖြူမှာကျိုးဟောင်၏ပခုံးအားပုတ်ကာပြုံးရင်းပြောလာခဲ့သည်။
ကျိုးဟောင်မှာမူပြုံးသာနေခဲ့ပြီးဘာမှမပြောပေ။ သူထွက်သွားတော့မည့်ဆဲဆဲမှာပင် ဝတုတ်ကျင်းတို့အဖွဲ့နှင့်ကြုံလေသည်။
"အစ်ကိုကြီး"
ဝတုတ်ကျင်းမှာကျိုးဟောင်အားမြင်ပြီးနောက် စိတ်အားထက်သန်စွာဖြင့်ပြေးလာခဲ့သည်။ ကျိုးဟောင်မှာဘာပြောရမှန်းမသိဖြစ်နေပေသည်။
"အစ်ကိုကြီးဒီရောက်နေမယ်လို့မထင်ထားဘူး မြန်မြန်ကျွန်တော်နဲ့လိုက်ခဲ့ မိုရိုမြို့ကအတော်လေးစည်ကားနေတယ် အဲဒီနင်မိသားစုကသန်ဘက်ခါစိတ်လောကကိုဖွင့်ဖို့ကိစ္စနဲ့ပတ်သက်ပြီး တကယ်ကြီးအားလုံးကို အစည်းအဝေးမှာပါဝင်ဆင်နွှဲကြဖို့ဖိတ်ခေါ်ထားတယ် ချစ်ပ်ပြားရှိတဲ့ဘယ်သူမဆိုဝင်လို့ရတယ် ဒီတစ်ခေါက်နင်မိသားစုလုပ်ချင်တာက အဖွဲ့ဖွဲ့ချင်တာပဲ ဘာပဲဖြစ်ဖြစ်အားလုံးဝင်ဖို့ဆို ၃ရက်လောက်ကြာပြီး နိုးလာဖို့ဆိုလည်းအနည်းဆုံးသုံးရက်လောက်ကြာမှာ"
....................................................................................
အခန်း (၅၅၆) ပြီးပါပြီ။
အခန်း (၅၅၇) : ဒေါသဖြစ်နေတဲ့အထူးအဖွဲ့အစည်း
ကျိုးဟောင်မှာထိုစကားအားကြားသောအခါ ခေတ္တမျှမှင်တက်သွားပြီးအတော်လေးအံ့သြသွားခဲ့သည်။
"နင်မိသားစုကဘာအတွက်အားလုံးကိုအစည်းအဝေးတက်ဖို့ဖိတ်ကြားနေတာလဲ"
"တခြားဘာရှိရမှာလဲ အနာဂတ်မှာပွင့်လာတော့မဲ့စိတ်လောကအတွက်ပြင်ဆင်ဖို့ပဲပေါ့"
ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။
"အစ်ကိုကြီး အစ်ကိုကြီးအစက နင်ယွမ်ဖုန်းဆီကသူ့မိန်းကလေးကိုလုယူသွားလို့ မကျေနပ်ချက်ရှိတယ်ဆိုတဲ့အချက်ကိုအသာထားလိုက်ဦး ရန်ကြွေးအသစ်တွေရောအဟောင်းတွေရောအကုန်ပေါင်းလိုက်ရင်သူသေချာပေါက်အစ်ကိုကြီးကိုရှာပြီးသတ်ချင်နေမှာပဲ"
"ဒါပေမဲ့ သူဒီလိုလုပ်နိုင်စွမ်းရှိမယ်လို့အစ်ကိုကြီးထင်လား ရယ်စရာပဲ အဲဒီတုန်းကသူတို့လေးယောက်ပေါင်းအစ်ကိုတစ်ယောက်တည်းကိုချတာတောင်မနိုင်တာ အခုသူကဒဏ်ရာအပြင်းအထန်ရထားတာတောင် ဒီလိုစကားမျိုးပြောရဲသေးတယ် ဘယ်လောက်မတန်မရာတွေးလိုက်သလဲ အစ်ကိုကြီးစိတ်ချ သူတို့နင်မိသားစုမှာလူအများကြီးရှိတယ်ဆိုပေမဲ့ ကျွန်တော်တို့ကျင်းမိသားစုမှာလည်း လူနည်းနေတာမဟုတ်ဘူး တကယ်လို့သူတို့အစ်ကိုကြီးကိုခက်ခဲအောင်လုပ်ရင် ကျွန်တော်သူတို့ကိုသတ်ပစ်မယ်"
ဝတုတ်ကျင်းမှာ နင်ယွမ်ဖုန်းအားလုံးဝသဘောမကျပေ။ ထိုကောင်စုတ်လေးမှာအလွန်ဘဝင်မြင့်လှသည်။ ဝတုတ်ကျင်းမှာအစောကြီးကတည်းကဤအချက်အားသည်းမခံနိုင်ခြင်းဖြစ်ပေရာ သူ့အားသတ်ချင်သည်မှာမထူးဆန်းပေ။
ကျိုးဟောင်သည်လည်းဤကိစ္စနှင့်ပတ်သက်ပြီး အနည်းအကျဥ်းသိထားပေရာ ပြုံးနေပြီးဘာမှမပြောပေ။
"မင်းလည်းအစည်းအဝေးကိုသွားတော့မလို့လား"
ကျိုးဟောင်မှမေးလိုက်သည်။
"သေချာတာပေါ့ အဲဒီနင်ယွမ်ဖုန်းဘယ်လိုမျက်နှာထားမျိုးဖြစ်သွားမလဲဆိုတာ ကျွန်တော်သိချင်သေးတယ် ဪဟုတ်သားပဲဒီတစ်ခေါက် နင်မိသားစုကအထူးအဖွဲ့အစည်းကလူတစ်ယောက်ကလွဲလို့အားလုံးကိုဖိတ်ကြားထားတယ် ဟီးဟီးအစ်ကိုကြီးအခုနားလည်လောက်ပါပြီ ဟုတ်တယ်မလား"
ဝတုတ်ကျင်းမှာရုတ်တရက်ပြုံးကာပြောလိုက်သည်။
ကျိုးဟောင်မှာထိုစကားအားကြားပြီးနောက်ခေတ္တမျှမှင်တက်သွားပြီးနောက် ပြုံးလာခဲ့သည်။
ဤနင်ယွမ်ဖုန်းမှာ တကယ်ပင်သဘောထားသေးလှသည်။ ဖြစ်ပျက်ခဲ့သောကိစ္စကြောင့်သူသည်ယခုလိုကိစ္စမျိုးကိုပင်တကယ်လုပ်ပေရာ သူသည်တကယ်ပင်စက်ဆုပ်စရာကောင်းလှပေသည်။
"အချိန်ရောက်လာရင် ဒီနင်ယွမ်ဖုန်းဘယ်လိုအရှက်မရှိတဲ့ဟာတွေလုပ်မလဲဆိုတာငါသွားကြည့်ချင်သေးတယ်"
သူတို့နှစ်ယောက်မှာမိုရိုမြို့သို့လမ်းလျှောက်လာခဲ့ကြသည်။ ကျိုးဟောင်မှာနေရာတစ်ခုအားဖြတ်သန်းသွားသည့်အချိန်တွင် သူ၏အမူအရာမှာပြောင်းလဲသွားခဲ့သည်။ထို့နောက်ထိုနေရာအားကြည့်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။
"ဒီနေရာက...."
"အစ်ကိုကြီး ဘာဖြစ်လို့လဲ"
ဝတုတ်ကျင်းမှအလျင်အမြန်ပင်မေးလိုက်သည်။
ကျိုးဟောင်မှာထိုနေရာအားမြင်သောအခါအတော်လေးထိတ်လန့်သွားခဲ့သည်။ ဤနေရာသည်တောင်အတွင်းပိုင်းဖြစ်သည်။ ထိုစဥ်ကစိတ်ဝိဥာဥ်လက်ကျန်ထံမှလိုက်သတ်ခံရစဥ်က ဤနေရာသို့ထွက်ပြေးပြီးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လက်ရှိအချိန်တွင် ဤနေရာမှာမတူတော့ပေ။
"ဒီနေရာကဘယ်နေရာလဲ"
ကျိုးဟောင်မှမေးလိုက်သည်။ ဝတုတ်ကျင်းမှာအလျင်အမြန်ပင်မြေပုံအားယူကာ သေဆုံးခြင်းအငွေ့အသက်တို့ဖြင့်ပြည့်နေသောနေရာအားကြည့်လိုက်သည်။
"ဒါကတားမြစ်ဧရိယာ မိုရိုမျိုးနွယ်စုရဲ့တောင်အတွင်းပိုင်းပြီးတော့ မိုရိုမျိုးနွယ်စုရဲ့ ၁၀ ခုမြောက်ဧရိယာ ဒါပေမဲ့ဘာလို့မှန်းမသိဒီနေရာက ဒီလိုမျိုးအဆုံးသတ်သွားတယ် မိုရိုမျိုးနွယ်စုရဲ့ဧရိယာတိုင်းမှာ သီးခြားတောင်တစ်လုံးစီရှိတယ် အစ်ကိုကြီး အဝေးကတောင်ကိုးလုံးကိုကြည့်ကြည့်ပါဦး"
ဝတုတ်ကျင်းစကားဆုံးသည်နှင့် ကျိုးဟောင်မှာသူပြရာနေရာအားကြည့်လိုက်ပြီးနောက်ထိတ်လန့်သွားခဲ့သည်။ အကြောင်းမှာ တိမ်စိုင်များအပေါ်သို့ပင်ရောက်နေသောတောင်ကိုးလုံးအားတွေ့လိုက်ရပြီး စိတ်ထဲတွင်ပင်တုန်လှုပ်သွားသလိုခံစားလိုက်ရ၍ဖြစ်သည်။
"ဒီ ၁၀ခုမြောက်တောင်ကလည်း တစ်ခါက ၁၀ ခုမြောက်ဧရိယာပဲ ဒါပေမဲ့နောက်ပိုင်းကျတားမြစ်ဧရိယာဖြစ်သွားတယ် ကြားတာတော့ဝင်သွားတဲ့လူတိုင်းဘယ်သူမှအသက်မရှင်ကြဘူးတဲ့"
ဝတုတ်ကျင်း၏စကားများမှာ ကျိုးဟောင်အားအံ့သြသွားစေခဲ့သည်။ အကြောင်းမှာထိုနေရာတွင်လျှို့ဝှက်ဆန်းကြယ်သောအမျိုးသားတစ်ယောက်ရှိကြောင်းသူမှတ်မိပေသည်။
"အစ်ကိုကြီးအမြန်သွားကြစို့ အစည်းအဝေးလုပ်မဲ့အချိန်ရောက်တော့မယ် ကျွန်တော်တို့အချိန်မမီပဲနေဦးမယ် ပြောမရဘူးအစ်ကိုကြီးပိုင်ရန်ရွှယ်နဲ့တောင်တွေ့လောက်တယ်"
ထိုအချိန်တွင်ကျိုးဟောင်မှာဘာမှမတတ်နိုင်သလိုခံစားလိုက်ရသည်။
"ငါနဲ့မိန်းကလေးပိုင်ကြားမှာ ဘာမှမရှိဘူးမဟုတ်တာတွေလျှောက်ပြောမနေနဲ့တော့"
ကျိုးဟောင်မှာပြောစရာစကားပင်မရှိတော့ပေ။ ဝတုတ်ကျင်းမှာဤမြင်ကွင်းအားကြည့်ပြီးနောက် ချက်ချင်းပင်စိတ်လှုပ်ရှားသွားကာ မနေနိုင်ဘဲစိတ်ထဲမှတွေးလိုက်မိသည်။
"အစ်ကိုကြီးကထင်ထားတဲ့အတိုင်းပဲ ပိုင်ရန်ရွှယ်တောင်မှသူ့ဆီကအာရုံစိုက်ခံရဖို့မတန်ဘူး ကြည့်ရတာအဲဒီမိန်းကလေးကငါ့အစ်ကိုကြီးနောက်လိုက်နေတာပဲဖြစ်ရမယ်"
ကျိုးဟောင်မှာ ဝတုတ်ကျင်း၏အတွေးများအားမသိပေ။ သိပါကသေချာပေါက်အကြီးအကျယ်ဒေါသဖြစ်မည်သာဖြစ်သည်။
သူတို့နှစ်ယောက်မှာအလောတကြီးထွက်လာခဲ့ကာ မိုရိုမြို့သို့လျင်မြန်စွာပင်ရောက်လာခဲ့ပြီး ဝတုတ်ကျင်းမှဦးဆောင်ကာကျိုးဟောင်နှင့်အတူမိုရိုမြို့တွင်းသို့ဝင်သွားခဲ့သည်။
သို့သော် ပြဿနာမဖြစ်စေရန်ကျိုးဟောင်မှာ ကျင်းမိသားစုနေထိုင်ရာနေရာသို့မရောက်ခင် ရုပ်ဖျက်ကာမျက်နှာအားဖုံးလိုက်သည်။ တစ်ချိန်တည်းမှာပင် အထူးအဖွဲ့အစည်းတွင်လည်း နင်မိသားစု၏လုပ်ရပ်အားကြားပြီးနောက် အားလုံးမှာဒေါသအကြီးအကျယ်ထွက်နေကြပေသည်။
"ချီးပဲ သူတို့ကိုယ်သူတို့ဘာထင်နေတာလဲ သူတို့ကငါတို့အထူးအဖွဲအစည်းကိုဆန့်ကျင်တော့မလို့လား ဘယ်လိုလုပ်ပြီးငါတို့ကိုမဖိတ်ကြားဘဲနေရဲတာလဲ နင်မိသားစုကတကယ်ကိုသေလမ်းရှာနေတာပဲ"
"ဟုတ်တယ် နင်မိသားစုဆီအခုသွားပြီး အဲဒီနင်ယွမ်ဖုန်းကိုသွားသတ်ကြစို့"
အားလုံးမှာအလွန်ဒေါသဖြစ်နေကြပြီး တိတ်ဆိတ်နေကြပေသည်။ ပထမအကြောင်းအရင်းမှာ ပိုင်ရန်ရွှယ်နှင့်ပတ်သက်သောကိစ္စကြောင့်ဖြစ်ပြီး ဒုတိယတစ်ခုမှာ နင်မိသားစု၏လုပ်ရပ်များမှာတကယ်ပင်သည်းမခံနိုင်စရာဖြစ်နေ၍ဖြစ်သည်။
ထိုအချိန်တွင် အိုးယန်ထင်းရွှယ်မှာအလျင်အမြန်ပင်မတ်တပ်ရပ်ကာအော်ပြောလာခဲ့သည်။
"တော်ပြီ ရပ်ကြတော့ စကားမပြောကြနဲ့တော့"
အိုးယန်ထင်းရွှယ်အားကြည့်ပြီးအားလုံးမှာချက်ချင်းပင်အလွန်လေးစားဟန်များပေါ်လာခဲ့ပြီး တိတ်ဆိတ်သွားခဲ့သည်။ အိုးယန်ထင်းရွှယ်မှာ ပိုင်ရန်ရွှယ်ကဲ့သို့ပင်အဖွဲ့ဥက္ကဌ၏တပည့်ဖြစ်သည်။ ဥက္ကဌတွင်စုစုပေါင်းတပည့်နှစ်ယောက်ရှိသော်ငြား အိုးယန်ထင်းရွှယ်သည်သာအမြဲတမ်းဥက္ကဌဘေးတွင်ရှိနေခြင်းဖြစ်သည်။ အချို့လူများမှာ အိုးယန်ထင်းရွှယ်သည်ဥက္ကဌ၏သမီးဟုပင်ထင်ကြေးပေးကြပေသည်။ သို့သော်ဤကိစ္စအားသက်သေမပြနိုင်ပေ။
"အစ်မကြီးအိုးယန် နင်မိသားစုကအရမ်းတရားလွန်နေပြီလို့မထင်ဘူးလား သူတို့ဘာအဓိပ္ပာယ်လဲ သူတို့ကကျွန်တော်တို့အထူးမိသားစုကိုပစ်မှတ်ထားရဲတယ် သူတို့ကကျွန်တော်တို့ကိုသဘောလွယ်တဲ့လူတွေလို့ထင်နေတာလား"
အထူးအဖွဲ့အစည်းမှလူများမှာအလွန်စွမ်းအားကြီးကြသည်။ သူတို့ကျင့်ကြံသောအထူးစွမ်းရည်များမှာ သာမန်ကျင့်ကြံရေးသိုင်းများလုံးဝမယှဥ်နိုင်ပေ။ သူတို့သည် အတိုင်းအတာတစ်ခုအထိ သိုင်းပညာရှင်များထက်ပိုမိုသန်မာကြပေသည်။ သူတို့သည် စွမ်းရည်တစ်ခုအပေါ်တွင်သာအထူးအလေးပေးပြီး သူတို့၏အထူးစွမ်းရည်များမှာလည်း အစောကတည်းကပြည့်စုံပြီးသားဖြစ်ပေရာ အားကောင်းကြသည်မှာသဘာဝကျပေသည်။
အိုးယန်ထင်းရွှမ်မှာ ထိုစကားအားကြားသောအခါသက်ပြင်းချလိုက်သည်။
"နင်မိသားစုဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာကို ငါတို့ဂရုစိုက်စရာမလိုဘူး ပြီးတော့နင်ယွမ်ဖုန်းကဒဏ်ရာအပြင်းအထန်ရထားလို့ ဒီပါရမီရှင်တွေကိုသူ့အတွက်အလုပ်လုပ်ပေးအောင် ပိုက်ဆံနည်းနည်းလောက်သုံးချင်နေတာ ဒါပေမဲ့ သူကသူ့ကိုယ်သူတအားဘဝင်မြင့်ပြီး ကျန်တဲ့လူတွေကိုအထင်သေးနေတာ စိတ်လောကကအရေအတွက်နဲ့စိန်ခေါ်လို့ရတဲ့နေရာတစ်ခုမဟုတ်ဘူး လိုအပ်တာကအရည်အချင်းပဲ အဲဒါကြောင့် အဲဒီသာမန်တပည့်တွေက အများကြီးကူညီပေးနိုင်မှာမဟုတ်ဘူး ဘာပဲဖြစ်ဖြစ် တကယ့်ပါရမီရှင်တွေကတော့အရင်ဆုံးသူ့စကားကိုနားထောင်ကြမှာပဲ"
"ငါတို့မှာစိတ်လောကကိုဝင်ဖို့အခွင့်အရေးတစ်ခုပဲရှိတယ် ဘယ်သူကကိုယ့်အတွက်အကောင်းဆုံးဖြစ်အောင်မလုပ်ဘဲနေမှာလဲ သူ့ရဲ့အရေးမပါတဲ့ကိုယ်ကျိုးအတွက် ဘာလို့သူတို့ကသူ့ကိုကူညီပေးရမှာလဲ"
အိုးယန်ထင်းရွှယ်ပြောသည်မှာမှန်ပေသည်။ အကယ်၍နင်မိသားစုသည်အားလုံးထံမှအကူအညီယူလိုသည်ဆိုပါက ဤလုပ်ရပ်သည်လောကကြီးရှိသူရဲကောင်းများအားအထင်သေးလိုက်ခြင်းပင်ဖြစ်သည်။
အထူးအဖွဲ့အစည်းရှိအဖွဲ့ဝင်များမှာ ထိုစကားအားကြားပြီးနောက်ခေါင်းညိတ်ပြလိုက်သည်။ သို့သော်သူတို့သည်ပိုင်ရန်ရွှယ်အတွက်စိတ်ပူနေဆဲပင်ဖြစ်ပေရာ မနေနိုင်ဘဲမေးလိုက်သည်။
"အမ်....အစ်မကြီးအိုးယန်....အစ်မကြီးပိုင်....အဆင်ပြေရဲ့လား"
သူတို့ယခုလိုမေးခြင်းသည်စိတ်ပူ၍သာဖြစ်သည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းတို့စိတ်ပူစရာမလိုဘူး ရန်ရွှယ်ဘယ်လိုလူလဲဆိုတာမင်းတို့အားလုံးကောင်းကောင်းသိတာပဲ ငါတို့အထူးအဖွဲ့အစည်းကတခြားလူတွေသွားပုပ်လေလွင့်ပြောမှာကိုမကြောက်ဘူး သူတို့ဘာပြောပြောကိစ္စမရှိဘူး ငါတို့အထူးအဖွဲ့အစည်းကဖြောင့်မတ်ပြီးတရားနည်းလမ်းကျတယ် တခြားသူတွေဘာပြောပြောငါတို့မကြောက်ဘူး အဲဒါကြောင့် မင်းတို့လည်းတခြားသူတွေဘယ်လိုတွေးသလဲဆိုတာကိုဂရုစိုက်စရာမလိုဘူး"
အိုးယန်ထင်းရွှယ်မှာစကားဆုံးသည်နှင့် တခြားစကားထပ်မပြောတော့ဘဲ ထွက်သွားခဲ့သည်။ အားလုံးမှာလည်းခေါင်းညိတ်ရင်းသာကျန်ခဲ့ကြသည်။ သူတို့သည်လည်းပြင်ကလောကရှိကောလဟလများအားမယုံကြည်ပေ။
....................................................................................
အခန်း (၅၅၇) ပြီးပါပြီ။
အခန်း (၅၅၈) : သန့်ရှင်းသောအချစ်
မကြာမီကျိုးဟောင်နှင့်ဝတုတ်ကျင်းမှာမိုရိုမြို့သို့ရောက်လာခဲ့ကြသည်။ ခဏနားပြီးနောက် သူတို့သည်အစည်းအဝေးတက်ရန်ထွက်လာခဲ့ကြသည်။
ကျိုးဟောင်မှာရုပ်ဖျက်ကာစကားတစ်ခွန်းမှမဆိုဘဲဝတုတ်ကျင်းနောက်မှလိုက်လာခဲ့သည်။ ဝတုတ်ကျင်းမှာကျိုးဟောင်အားလှည့်ကြည့်ကာ ကူကယ်ရာမဲ့သလိုခံစားလိုက်ရပေသည်။
သူတို့သည်မိုရိုမြို့၏အလယ်ရှိမြေကွက်လပ်သို့ရောက်လာခဲ့ပြီး လူအများအပြားအားတွေ့လိုက်ရသည်။ အများစုမှာကျိုးဟောင်မသိသောသူများဖြစ်သည်။ သို့သော် လေလံအိမ်တော်မှလူများ၊ ချိုက်မက်မိသားစုမှလူများနှင့် အီတာယွီမိသားစုမှလူများကိုတော့ကျိုးဟောင်သိပေသည်။ သူတို့အားမြင်သော်လည်းကျိုးဟောင်မှာစကားတစ်ခွန်းမှမပြောပေ။
တစ်ဖက်တွင်စုရှောင်းယွီတို့မှာလက်ရှိအချိန်တွင် လူအတော်များများ၏အာရုံအားဖမ်းစားထားကြပေသည်။ လေလံအိမ်တော်၏လေလံခေါင်းဆောင်လေးယောက်အနေနှင့် သူမတို့၏အဆင့်အတန်းမှာမြင့်မားလှပေသည်။ ထိုမျှသာမကသူမတို့လေးယောက်မှာလှပသောမျက်နှာလေးများလည်းရှိကြပေရာ သူတို့၏သွင်ပြင်နှင့်ပင်လူအများ၏အာရုံအားဆွဲဆောင်နိုင်သည်မှာ သဘာဝပင်ဖြစ်သည်။
ကျိုးဟောင်မှာစုရှောင်းဖေးအားကြည့်လိုက်သည်။ ထိုအမျိုးသမီးသည်သူမ၏အစ်မသုံးယောက်နောက်မှလိုက်လာရင်းချစ်စဖွယ်ပုံစံဟန်ဆောင်နေပေသည်။ စင်စစ်တွင်သူမသည်မည်မျှစွမ်းအားကြီးကြောင်းကျိုးဟောင်ကောင်းကောင်းသိပေသည်။
ကျိုးဟောင်မှာထိုကိစ္စအားများများစားစားတွေးမနေတော့ဘဲ ဝတုတ်ကျင်းနောက်လိုက်လာခဲ့လိုက်သည်။
သူဝင်သွားသည်နှင့် လူအများ၏တီးတိုးပြောနေသံများအားကြားလိုက်ရသည်၊။
"ဒီနင်ယွမ်ဖုန်းကအရမ်းအရှက်မရှိတာပဲမလား သူကနင်မိသားစုရဲ့နာမည်ကိုအသုံးချပြီးဒီအစည်းအဝေးကိုလုပ်ချင်နေသေးတယ် တကယ်ကိုအရှက်မရှိတာပဲ ငါတို့ကသူ့အတွက်အလုပ်လုပ်ပေးမယ်လို့သူတကယ်ထင်နေတာလား"
"ဟုတ်တယ် နင်ယွမ်ဖုန်းကသာမန်ထက်ထူးခြားတယ်ဆိုပေမဲ့ ငါတို့လည်းဆိုးဝါးနေတာမှမဟုတ်တာ ငါတို့လည်းအဖွဲ့အသီးသီးကပါရမီရှင်တွေပဲ သူကငါတို့ကိုဘာလုပ်စေချင်နေတာလဲ တကယ်ကိုရယ်ရတယ်"
"ဟီးဟီး လွန်ခဲ့တဲ့ရက်အနည်းငယ်ကနင်ယွမ်ဖုန်းနဲ့ပိုင်ရန်ရွှယ်ဖြစ်ခဲ့တဲ့ကိစ္စကို အားလုံးကြားကြတယ်မလား တကယ်လို့ဒီနင်ယွမ်ဖုန်းသာလက်ရှိအချိန်မှာထွက်လာရဲရင် ဖောက်ပြန်တဲ့မိန်းမရဲ့ခင်ပွန်းလောင်းလို့အထင်ခံရမှာကိုမကြောက်လို့ဖြစ်နိုင်တယ်မလား ဒီလိုအခြေအနေမှာသူဘယ်လိုများပေါ်လာရဲသေးတာလဲ"
သူတို့သည်ပြောရင်းအမူအရာများမှာလည်းဒေါသထွက်နေသလိုပင်။ နောက်မှလိုက်လာသောကျိုးဟောင်မှာလည်းထိုစကားများအားကြားသောအခါ အနည်းငယ်ရှက်သလိုခံစားလိုက်ရပြီး ဘာမှမတတ်နိုင်သလိုခံစားလိုက်ရသည်။
ဝတုတ်ကျင်းမှာထိုစကားအားကြားသောအခါအလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ သူသည်ဤကိစ္စအားမည်ကဲ့သို့အစဖော်ရမလဲဟုစဥ်းစားနေခဲ့ခြင်းဖြစ်သည်။
"ငါ့ကိုပြော အဲဒီကျိုးဟောင်ကပိုင်ရန်ရွှယ်ကိုဘယ်လိုရခဲ့တာလဲ"
"ဒါကအရမ်းစက်ဆုပ်စရာကောင်းတယ်လို့ ငါတော့ထင်တာပဲ"
"မဖြစ်နိုင်ဘူး အဲဒီကျိုးဟောင်ကဒီလောက်စွမ်းအားကြီးတာသူဒီလိုကိစ္စမျိုးတော့မလုပ်လောက်ဘူးမလား"
"အဲဒါကပြောလို့မရဘူး ဒီကျိုးဟောင်ကတိုက်ခိုက်တဲ့နေရာမှာပဲတော်တာ ဒါပေမဲ့ငါကြားတာတော့သူ့မှာဘာနောက်ခံမှမရှိဘူးတဲ့ သူကဒီတိုင်းစစ်နတ်ဘုရားတပ်ရင်းကကျောင်းသားတစ်ယောက်ပဲ တခြားလူတွေနဲ့ယှဥ်ရင် သူ့အဆင့်အတန်းကသေချာပေါက်နိမ့်တယ် ငါတော့ပိုင်ရန်ရွှယ်ကသူ့ကိုသဘောကျမယ်မထင်ဘူး သူသေချာပေါက်နည်းလမ်းတစ်ခုခုသုံးပြီး ပိုင်ရန်ရွှယ်သူ့ကိုလက်ခံလာအောင်ဖိအားပေးခဲ့တာပဲဖြစ်မယ်"
ထိုစကားအားကြားသော်လည်းကျိုးဟောင်မှာဂရုမစိုက်ပေ။ ဤလူများမှာအားလုံးကောလဟလများကိုသာနားထောင်ကြသူများဖြစ်သည်။ ကျိုးဟောင်မှာသူတို့အားလေလိုသာသဘောထားပေသည်။ သိုသော်ဝတုတ်ကျင်းမှာထိုစကားအားကြားပြီးနောက် မကျေမနပ်ဖြစ်ကာချက်ချင်းပင်ထပြောလိုက်သည်။
"ချီးပဲ မင်းတို့ဘာတွေပြောနေကြတာလဲ"
ဝတုတ်ကျင်း၏စကားအားကြားသောအခါအားလုံးမှာကြက်သေသေသွားခဲ့ကြသည်။ ဝတုတ်ကျင်းမှာအလွန်စိတ်ဆိုးနေပေသည်။ တစ်ဖက်လူမှာအခြားကိစ္စအားပြောပါကကိစ္စမရှိသော်လည်း သူ၏ညီအစ်ကိုအားစော်ကားနေသောစကားများကိုတော့ သူသည်းမခံနိုင်ပေ။ ထို့ကြောင့်မနေနိုင်တော့ဘဲ မတ်တပ်ထရပ်ကာပြောလိုက်ခြင်းဖြစ်သည်။
"အမ်.....ညီနောင်ကျင်း ဘာဖြစ်ခဲ့သလဲဆိုတာခင်ဗျားသိလား"
သူတို့သည်ဝတုတ်ကျင်းအားလေးစားမှုအပြည့်ဖြင့်မေးလိုက်သည်။ ဤလူသည်လည်းနင်ယွမ်ဖုန်းလိုပင် ရှေးဟောင်းသိုင်းပညာရှင်မိသားစုမှလာသူဖြစ်သည်။ သူတို့၏အဆင့်အတန်းမှာမြင့်မြတ်ပြီး သာမန်လူများယှဥ်ပြိုင်နိုင်သောအဆင့်အတန်းမဟုတ်ကြပေ။ ထို့ကြောင့်ဝတုတ်ကျင်း၏ထိုစကားအားကြားသောအခါ မည်သူမျှစိတ်မဆိုးရဲကြပေ။
"ဘာဖြစ်ခဲ့လဲဆိုတာငါသိလား ဟုတ်လား ငါသေချာပေါက်သိတာပေါ့"
ဝတုတ်ကျင်းမှာပြောရင်းအားလုံအားကြည့်ပြီးပြောလိုက်သည်။
"အဲဒီကိစ္စကိုမြင်ခဲ့တဲ့လူနည်းစုထဲမှာငါလည်းပါတယ် အဲဒီတုန်းကအစ်ကိုကျိုးက ပိုင်ရန်ရွှယ်နဲအာကာသထဲကလမ်းလျှောက်ထွက်လာတဲ့အချိန် ငါသူတို့ကိုမြင်လိုက်တယ် သူတို့ကတကယ်ကပြီးပြည့်စုံတဲ့စုံတွဲပဲ ကျိုးဟောင်က အရပ် ၁.၉ မီတာလောက်ရှိပြီး ရုပ်ရည်ချောမောပြီးအပူအပင်ကင်းတယ် ပိုင်ရန်ရွှယ်အကြောင်းတော့ငါအများကြီးမပြောတော့ဘူး ဘယ်လိုပဲဖြစ်ဖြစ်သူကသေချာပေါက်တိုင်းပြည်တောင်ပျက်အောင်လုပ်နိုင်တဲ့အလှပဂေးပဲကို သူတို့နှစ်ယောက်အတူတွဲရပ်နေတဲ့အချိန်မှာ လုံးဝလိုက်ဖက်နေတာ"
"အဲဒီအချိန်တုန်းက သူတို့နှစ်ယောက်ကတအားရင်းနှီးတယ် ပိုင်ရန်ရွှယ်ကအစ်ကိုကျိုးရဲ့ရှပ်အင်္ကျီအဖြူကိုတောင်ဝတ်ထားသေးတယ် စဥ်းစားကြည့် ပိုင်ရန်ရွှယ်ကမင်းအင်္ကျီကိုဝတ်မယ်ထင်လား ပြီးတော့ပိုင်ရန်ရွှယ်ကနင်ယွမ်ဖုန်းရဲ့အင်္ကျီကိုဝတ်တယ်ဆိုတာရောကြားဖူးလား"
"ငါတော့အဲဒီလိုမထင်ဘူး ပိုင်ရန်ရွှယ်ဘာကြောင့်အစ်ကိုကျိုးရဲ့အင်္ကျီကိုဝတ်လဲဆိုတာကတော့ မင်းတို့မိန်းကလေးမိတ်ဆွေတွေကိုမေးကြည့်လို့ရတယ် သူတို့ကိုမေးကြည့်လိုက်သူတို့ဘယ်အချိန်နဲ့ဘာကြောင့်ယောက်ျားလေးတစ်ယောက်ရဲ့အဝတ်ကိုဝတ်လဲဆိုတာ အဲဒီအခါကျအဖြေကိုသိသွားလိမ့်မယ်"
စင်စစ်တွင်ဤအကြောင်းပြချက်အားမေးစရာ လုံးဝမလိုပေ။ အကယ်၍နီးစပ်သောဆွေမျိုးကဲ့သို့သောလူမဟုတ်ပါက ယခုလိုကိစ္စမျိုးမှာသေချာပေါက်မဖြစ်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ ထိုသို့လုပ်ရန်ဆိုပါက သူတို့နှစ်ယောက်ထံတွင် ရင်းနှီးပြီးသာမန်ထက်ထူးခြားသောဆက်ဆံရေးမျိုးရှိရန်လိုအပ်ပေသည်။ ထို့ကြောင့်ဤတစ်ချက်တည်းဖြင့်အားလုံးကိုရှင်းပြရန်လိုအပ်ပေသည်။
ထိုစကားအားကြားသောအခါအားလုံးမှာမျက်မှောင်ကြုတ်သွားခဲ့သည်။ သူတို့ထဲမှအချို့မှာယုံကြသော်လည်း အချို့မှာတော့ယခုထိမယုံကြသေးပေ။ ထိုအချိန်တွင်ဝတုတ်ကျင်းမှဆက်ပြောလာခဲ့သည်။
"ငါမင်းတို့ကိုပြောပြမယ် တကယ်တော့ ငါအဲဒီတုန်းကဒီမြင်ကွင်းကိုမြင်တုန်းကအရမ်း အရမ်းကိုဒေါသဖြစ်တာ အားလုံးလည်းသိကြတာပဲ ငါနဲ့နင်ယွမ်ဖုန်းကမိတ်ဆွေကောင်း ညီအစ်ကိုကောင်းတွေဆိုတာ ငါတို့နှစ်ယောက်လုံးကရှေးဟောင်းသိုင်းပညာရှင်မိသားစုကပြီးတော့ တစ်ဖက်တည်းကလူတွေ သူ့မိန်းကလေးကတခြားယောကျ်ားလေးနဲ့အရမ်းရင်းနှီးနေတာမြင်လိုက်ရတော့ ငါဘယ်မှာဒေါသမဖြစ်ဘဲနေပါ့မလဲ"
"အဲဒီအချိန်တုန်းကငါအရမ်းဒေါသဖြစ်ပြီး သူ့ကိုသွားပြဿနာရှာပြီး သူတိုနှစ်ယောက်အကြောင်းကိုဖော်ပစ်လိုက်ချင်တာ ဒါပေမဲ့ငါခြေလှမ်းလှမ်းတော့မဲ့အချိန်မှာပဲ ရပ်သွားခဲ့တယ် ဘာလို့ရပ်သွားလဲသိလား"
ဝတုတ်ကျင်းမှာအလွန်စိတ်လှုပ်ရှားနေပုံပေါ်ပေသည်။ သူသည်ထိုစကားအားပြောလိုက်သည့်အချိန်တွင် ပို၍ပင်စိတ်လှုပ်ရှားလာခဲ့သည်။ သူသည်ထိုစကားအားပြောပြီးနောက်အားလုံးကိုကြည့်လိုက်သည်။
အားလုံးသည်လည်းအတော်လေးအူမြူးနေကြပေသည်။ တစ်ဖက်လူပြောသောစကားများမှာမှန်မမှန်သူတို့မသိပေ။ ဝတုတ်ကျင်းနှင့် နင်ယွမ်ဖုန်းတို့မှာမိတ်ဆွေကောင်းများဟူသောအချက်မှာတော့ တကယ့်ကိုအဓိပ္ပာယ်မရှိသောစကားသာဖြစ်သည်။
ဝတုတ်ကျင်းနှင့်နင်ယွမ်ဖုန်းမှာ မီးနှင့်ရေလိုမျိုးဖြစ်ကြောင်းအားလုံးသိကြပေသည်။ ဝတုတ်ကျင်းမှာနင်ယွမ်ဖုန်းအားသင်ခန်းစာပေးရန် အကြိမ်ကြိမ်ပင်ခြိမ်းခြောက်ခဲ့ပေသည်။ သို့သော်သူသည်နင်ယွမ်ဖုန်းအားမနိုင်ဘဲတစ်ဖက်လူအားမကောင်းပြောရုံသာတတ်နိုင်ခဲ့ပေသည်။
သို့သော်လက်ရှိအချိန်တွင်သူသည်နင်ယွမ်ဖုန်းနှင့်မိတ်ဆွေကောင်းများဖြစ်သည်ဟုဆက်တိုက်ပြောနေပေရာ မည်သူကဤစကားအားယုံမည်နည်း။ သို့သော်တစ်ဖက်လူအားမျက်နှာသာပေးရန် သူတို့သည်ဟန်ဆောင်ကာမေးလိုက်ကြသည်။
"အစ်ကိုကျင်း ဘာလို့လဲ"
ဝတုတ်ကျင်းမှာချောင်းတစ်ချက်ဟန့်ကာအလွန်ဘဝင်မြင့်နေပုံပေါ်ပေသည်။ သူသည်ချက်ချင်းပင်လက်အားဝေ့ယမ်းလိုက်ကာဟိတ်ကြီးဟန်ကြီးထုတ်ကာပြောလိုက်သည်။
"ဘာလို့လဲဆို.....ငါဒီလောကကြီးထဲကအဖိုးတန်ဆုံးအချစ်ကိုတွေ့ခဲ့လို့ပဲ"
သူထိုစကားအားပြောလိုက်ချိန်တွင်အားလုံးမှာကြက်သေသေသွားခဲ့သည်။ ဝတုတ်ကျင်းယခုလိုစကားမျိုးပြောလိမ့်မည်ဟုမည်သူမျှမထင်ထားခဲ့ပေ။
"ရိုးရိုးသားသားပြောရရင် ငါတကယ်ရင်ထဲထိသွားတာ ဒီနှစ်ယောက်ကသေချာပေါက်တကယ့်ချစ်သူအစစ်တွေဖြစ်မယ် သူတို့အချစ်ကအသန့်စင်ဆုံးအချစ်ပဲအခုလိုအချစ်ရှေ့မှာ အားလုံးကအကျည်းတန်သွားတယ် အချစ်စစ်ကဘာလို့တန်ဖိုးဖြတ်မရလဲဆိုတာနဲ့ ဘာနဲ့တူလဲဆိုတာမင်းတို့သိလား အဲဒီအချိန်မှာ ငါနောက်ဆုံးမှာနားလည်သွားခဲ့တာ"
"ဒါကငါ့ကိုတားခဲ့ပြီးတော့ ငါ့ရဲ့သိမ်ငယ်စိတ်ကိုအရှက်ရစေခဲ့တဲ့အချစ်ရဲ့စွမ်းအားပဲ ငါရှေ့ကိုလုံးဝဆက်မသွားနိုင်တော့ဘူး သူတို့ကိုထိပ်တိုက်တွေ့ဖို့ဆိုပြောမနေနဲ့တော့ သူတို့ရဲ့အချစ်စွမ်းအားကအရမ်းကြီးလွန်းတယ်"
ဝတုတ်ကျင်း၏စကားများမှာမယုံကြည်နိုင်စရာပေ။ အားလုံးမှာကြက်သေသေနေကြပြီး ရှေ့ရှိမြင်ကွင်းအားကြည့်ပြီးတစ်ယောက်နှင့်တစ်ယောက်တွေဝေနေသောပုံစံများဖြင့်ကြည့်နေကြပေသည်။ အားလုံးမှာဝတုတ်ကျင်း၏စကားများကြောင့်အံ့သြနေကြပေသည်။
....................................................................................
အခန်း (၅၅၈) ပြီးပါပြီ။