အခန်း (၅၅၉-၅၆၁)
Vol. 38 Ch. 559-561
အခန်း (၅၅၉) : တိုက်ခိုက်မှု
အားလုံးမှာဝတုတ်ကျင်း၏စကားများကြောင့်တွေဝေနေကြသော်ငြား သူပြောသောစကားများမှာအဓိပ္ပာယ်ရှိပေသည်။
"အားလုံးသိသင့်တဲ့တခြားကိစ္စတစ်ခုရှိသေးတယ် တကယ်တော့ပိုင်ရန်ရွှယ်ကနင်ယွမ်ဖုန်းကိုလုံးဝမကြိုက်ဘူး အားလုံးလည်းဒါကိုသိလောက်ပါတယ် လက်ထပ်ဖို့ကိစ္စကိုအရင်ဆုံးကမ်းလှမ်းခဲ့တာက နင်မိသားစုပဲ တကယ်တော့ပိုင်မိသားစုကအတိတ်တုန်းကနင်မိသားစုရဲ့ အကူအညီကိုလက်ခံခဲ့ဖူးတယ် ပိုင်မိန်းကလေးကကျေးဇူးကြွေးကို ဘယ်လိုပြန်ပေးဆပ်ရမယ်ဆိုတာကိုသိတဲ့လူတစ်ယောက် ထပ်ပြောရရင်နင်ယွမ်ဖုန်းကအရှက်မရှိဘဲသူ့ကိုအတင်းနားချခဲ့တာ အဲဒါကြောင့်မိန်းကလေးပိုင်ကသဘောတူခဲ့တာ"
"ဒါပေမဲ့တကယ်တမ်းကျ မိန်းကလေးပိုင်ကဒီနင်ယွမ်ဖုန်းကိုလုံးဝဂရုစိုက်တာမဟုတ်ဘူး မင်းတို့ကအဲဒီမှာမရှိတော့ မိန်းကလေးပိုင်ကျိုးဟောင်ကိုကြင်ကြင်နာနာကြည့်နေတာကို သိမှာမဟုတ်ဘူး အဲဒီမြင်ကွင်းကလေအချစ်ဝတ္ထုတွေထဲကလိုပဲ သူ့ရဲ့ပုံစံကအချစ်ပင်လယ်ကြီးထဲကျနေတဲ့မိန်းမပျိုလေးတစ်ယောက်လိုပဲ ရိုးရိုးသားသားပြောရရင် ငါတောင်ရင်ထဲထိတယ်"
"အခုလိုအခြေအနေမျိုးမှာ ငါဘယ်လိုလုပ်သူတို့ကိုခွဲမလဲ မင်္ဂလာပွဲတစ်ခုတာထက်ဘုရားကျောင်းဆယ်ခုကိုဖျက်ဆီးတာကပိုကောင်းတယ်လို့ပြောကြတယ်မဟုတ်ဘူးလား ဒါကဟိုးအရင်ကတည်းကသာမန်ပဲ အားလုံးလည်းဒါကိုသိလောက်ပါတယ်"
ထိုအချိန်တွင်ဝတုတ်ကျင်းမှာ လည်ချောင်းရှင်းရင်းသက်ပြင်းချကာဆက်ပြောလိုက်သည်။
"ဟင်း တကယ်တော့ ငါနင်ယွမ်ဖုန်းကိုအရမ်းသနားတယ် သူခံစားရမှာလည်းငါမကြည့်ရက်ဘူး ဒါပေမဲငါမကြည့်ရက်ရင်တောင် ဒီလောကကြီးမှာဒီလိုအချစ်မျိုးက ကာကွယ်ပေးဖို့ထိုက်တန်တယ်မဟုတ်လား ပြီးတော့ပိုင်ရန်ရွှယ်ကလည်းကောင်းကင်ဘုံကကောင်းချီးပေးခံရတဲ့လူ သူ့လိုလူမျိုးက သူနဲ့မတန်တဲ့လူတစ်ယောက်ကို ကြိုက်ပါ့မလား ကျိုးဟောင်ကိုမင်းတို့မမြင်လိုက်ဘူးလား သူကအရမ်းပြည့်စုံလွန်းတယ် သူ့ရဲ့ကျင့်ကြံဆင့်ဖြစ်ဖြစ် အငွေ့အသက်ဖြစ်ဖြစ် နင်ယွမ်ဖုန်းထက်အများကြီးသာတယ် သူ့လိုလူကပဲမိန်းကလေးပိုင်နဲ့ထိုက်တန်တာ"
"အဲဒါကြောင့် ဒီကိစ္စကပြဿနာရှိတယ်လို့ငါတော့လုံးဝမထင်ဘူး တစ်ဖက်ကကြည့်ရင် တကယ်လို့အဲဒီနေရာမှာငါသာဆိုရင်လည်း ငါလက်လွှတ်ပေးလိုက်မှာပဲ ဒါကယောက်ျားတစ်ယောက်လုပ်သင့်တဲ့တာဝန်ပဲ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ်ချစ်ရသူကိုလေးစားပြီး သူအတူရှိချင်တဲ့လူနဲ့အတူရှိနေနိုင်ခွင့်ပေးရမယ် ဒီကိစ္စနဲ့ပတ်သက်ပြီး နင်ယွမ်ဖုန်းကျိုးဟောင်နောက်ကိုလိုက်သင့်တယ်လို့ငါတော့လုံးဝမထင်ဘူး မင်းတို့ရောဘယ်လိုထင်လဲ ငါသိသလောက်တော့ ဒါကသိုင်းပညာရှင်တစ်ယောက်ရဲ့စိတ်ထားမဟုတ်ဘူး ကလေးတစ်ယောက်ရဲ့စိတ်ထားပဲ"
ဝတုတ်ကျင်း၏ပါးစပ်မှာလက်နက်တစ်ခုသာဖြစ်ပေသည်။ သူသည်အမြန်ဆုံးပင်ဤကိစ္စအားသဘာဝကျကျနှင့် အလွန်ကျိုးကြောင်းဆီလျော်အောင်ဖန်တီးလိုက်ပြီး သူ့စကားအားနားထောင်နေသူများကို တွေဝေသွားအောင်လုပ်လိုက်သည်။
"ပြီးတော့ နင်ယွမ်ဖုန်းကပိုင်ရန်ရွှယ်ကိုသူ့ဘေးမှာထားစရာမလိုဘူးလိုမင်းတို့ပဲပြောတယ်မဟုတ်ဘူးလား သူ့အတွက်ဇနီးလောင်းကဖောက်ပြန်တာခံရတဲ့လူဆိုပြီးနာမည်တပ်ခံရတာကမကောင်းပေမဲ့ ဒီသတင်းလွှင့်တဲ့လူကိုသူကျေးဇူးတင်သင့်တယ် ဒီလိုဆိုသူလည်းစောစောစီးစီးဒဏ်ရာရလိုက်တယ်လို့ပြောလို့ရတယ် တကယ်လို့သူပိုင်ရန်ရွှယ်နဲ့လက်ထပ်ပြီးကလေးမွေးတဲ့အထိစောင့်နေရင် ဒီသတင်းကပိုလန့်စရာကောင်းပြီး ပိုနာကျင်ရမယ်မဟုတ်ဘူးလား အဲဒါကြောင့် ဒီသတင်းဖြန့်တဲ့လူကိုသူကျေးဇူးတင်သင့်တယ်လို့ငါတော့ထင်တယ် တကယ်လို့ငါသာဆိုရင် ငါအဲဒီလူနဲ့ကျိုးဟောင်ကိုပိုတောင်ကျေးဇူးတင်ဦးမယ်"
ဝတုတ်ကျင်း၏စကားများမှာတကယ်ပင်ထိတ်လန့်စရာကောင်းလှပေသည်။ ပွင့်ပွင့်လင်းလင်းပြောရပါက ဤသည်မှာတစ်ဖက်လူသည်ဖောက်ပြန်ခြင်းပင်မဟုတ်ပေလော။
ဤအလိမ်အညာသဘောတရားများအား အားလုံး၏စိတ်ထဲသို့ရိုက်သွင်းပေးလိုက်ပြီးနောက် ဝတုတ်ကျင်းမှာထပ်ပြောလာခဲ့သည်။
"အားလုံးပဲ ငါဒီနေ့ပြောတာကိုနားထောင်ပြီးနောက်ပိုင်း မင်းတို့လည်းနားလည်လောက်ပါပြီ ဟုတ်တယ်မလား မင်းတို့သူတို့ရဲ့အချစ်စွမ်းအားကိုမကြုံတွေ့ခဲ့ရဘူးတစ်ဖက်မှာကျ ငါကတကယ့်အချစ်စစ်ဆိုတာဘယ်လိုမျိုးလဲဆိုတာကိုမြင်တွေ့ခဲ့ရတယ် တကယ်လို့ငါသာနင်ယွမ်ဖုန်းဆို ငါသေချာပေါက် ရင်ထဲထိသွားမှာ သူတို့ကိုခွဲဖို့ဆိုတာဝေးရော"
ဝတုတ်ကျင်းမှာအလွန်စိတ်လှုပ်ရှားနေပြီး ထိုအချိန်တွင်ဒေါသဖြစ်နေသာအသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"ဝတုတ်ကျင်း မင်းပါးစပ်ပိတ်ထား"
ရောက်ရှိလာသူမှာနင်ယွမ်ဖုန်းမှလွဲအခြားလူမဟုတ်ပေ။ သူသည်ဝတုတ်ကျင်း၏စကားများအားကြားလိုက်ရချိန်တွင် သူ၏မျက်နှာမှာဒေါသကြောင့်နီရဲနေခဲ့သည်။ ထို့နောက်စကားတစ်ခွန်းမှမဆိုဘဲ ကျင့်ကြံရေးစွမ်းအားအားသုံးကာဝတုတ်ကျင်းအားတိုက်ခိုက်လိုက်သည်။
ဝတုတ်ကျင်းမှာထိုမြင်ကွင်းအားကြည့်ပြီးနှာခေါင်းရှုံ့လိုက်သည်။ သူသည်စကားပြောခြင်းကိုမရပ်နိုင်သော်ငြား လုံးဝချုပ်တည်းမထားခဲ့ပေ။ ထို့နောက်စကားတစ်ခွန်းမှမဆိုဘဲ လက်အားဝေ့ယမ်းလိုက်သည်။
နင်ယွမ်ဖုန်း၏တိုက်ခိုက်ရေးစွမ်းအားမှာထူးခြားသည်ဆိုသော်ငြားကျိုးဟောင်ကြောင့် ဒဏ်ရာအပြင်းအထန်ရပြီးနောက်ပိုင်းတွင် သူ၏တိုက်ခိုက်ရေးစွမ်းအားများလျော့ကျသွားခဲ့လေသည်။
သူတို့နှစ်ယောက်အား၀ိုင်းတားကြပြီးနောက် နင်မိသားစုတပည့်များနှင့် ကျင်းမိသားစုတပည်များမှာချက်ချင်းပင်ပေါ်လာခဲ့ကြသည်။ မိသားစုနှစ်ခုမှာမတိုးသာမဆုတ်သာအခြေအနေတွင်ရှိနေပေသည်။ထို့ကြောင့်လက်ရှိအချိန်တွင် ၀တုတ်ကျင်းအားအနိုင်ယူဖို့မဖြစ်နိုင်ပေ။
"ဟမ့် နင်ယွမ်ဖုန်းမင်းရူးနေလား မင်းစိတ်လွတ်သွားပြီလား မင်းတကယ်ကြီးငါ့ကိုတိုက်ခိုက်တယ် ငါတို့ကမိတ်ဆွေကောင်းတွေဆိုတာမင်းမေ့သွားပြီလား"
ဝတုတ်ကျင်းမှာချက်ချင်းပင်အရှက်မဲ့စွာပြောလိုက်သည်။
"ဝတုတ်ကျင်း မင်းရဲ့ခွေးပါးစပ်ကိုပိတ်ထားလိုက် မဟုတ်ရင်ငါကအားမနာဘူးဆိုပြီးငါ့ကိုအပြစ်မပြောနဲ့"
နင်ယွမ်ဖုန်းမှာသွေးအန်တော့မလိုပင်ခံစားနေရပေသည်။ သူသည်ဝတုတ်ကျင်း၏စကားများအားကြားပြီးနောက် ဒေါသအလွန်ဖြစ်သွားခဲ့သည်။ ဤလူသည်မည်မျှငေါ့တတ်ကြောင်းသူသိပေသည်။
"ချီးပဲ မင်းတကယ်ရူးနေပြီ မိန်းကလေးပိုင်နဲ့ကျိုးဟောင်ကတကယ့်ချစ်သူတွေလို့ငါပြောပြီးသား ဒါပေမဲ့မင်းကသူတို့ကိုခွဲချင်နေတုန်းပဲ ပြီးတော့မင်းကျိုးဟောင်ကိုမနိုင်တာကို ဘာလို့အရမ်းတွေအားကောင်းသလိုဟန်ဆောင်နေတာလဲ ကျိုးဟောင်ဒီနေ့ပေါ်လာရင် မင်းသူ့ကိုသတ်ရဲမှာလား အမှိုက်ကောင် ငါကငါ့ကိုယ်ငါမင်းလိုအဆင့်နိမ့်အောင်မလုပ်ချင်ဘူးဆိုတာမင်းသိတယ်ဆိုတာငါပြောရဲတယ် အဲဒါကြောင့် မင်းဒါကိုအသုံးချပြီး ငါ့ကိုတိုက်ရဲတာ"
ဝတုတ်ကျင်းမှာကြောက်ရွံ့မနေပေ။ ယခုနင်ယွမ်ဖုန်းမှာဒဏ်ရာအပြင်းအထန်ရထားပြီး သူ့အားအနိုင်မယူနိုင်ပေ။ ထို့အပြင်သူ၏အစ်ကိုကြီးသည်လည်း သူ့ဘေးတွင်ရှိနေပေသည်။ အကယ်၍သူတို့တိုက်ကြလျှင်ပင် သူ့အစ်ကိုကြီးဝင်ပါလိုက်သည်နှင့် နင်မိသားစုမှာအဆုံးသတ်သွားမည်ဖြစ်သည်။
"ဝတုတ်ကျင်းပါးစပ်ပိတ်လိုက်တော့ ငါမင်းကိုမသတ်ဘူးလို့မင်းတကယ်ထင်နေတာလား"
နင်ယွမ်ဖုန်း၏မျက်နှာမှာဒေါသကြောင့်နီရဲနေခဲ့ပြီး ကြည့်ရသည်မှာသွေးပင်အန်တော့မလိုပေ။
မူလကဝတုတ်ကျင်းမှာ တစ်ခုခုပြန်ပြောချင်သော်ငြားကျိုးဟောင်မှာချောင်းတစ်ချက်ဟန့်ကာတားလိုက်သည်။
ကျိုးဟောင်၏အမြင်တွင်ဤကိစ္စအားအကျယ်အကျယ်ဖြစ်အောင်မလုပ်သင့်ဟုထင်ပေသည်။ ထို့အပြင် သူသည်ပြဿနာတက်ကာအဖော်မခံရချင်ပေ။ ဝတုတ်ကျင်းမှာကျိုးဟောင်၏စကားအားကြားပြီးနောက် နောက်ဆုတ်သွားခဲ့သည်။ တစ်ဖက်တွင်နင်ယွမ်ဖုန်းမှာကျိုးဟောင်အားကြည့်နေခဲ့သည်။ ဘာကြောင့်မှန်းမသိသူ့စိတ်ထဲတွင် ဤလူအားအနည်းငယ်ရင်းနှီးနေသလိုခံစားရပေသည်။ဘာကရင်းနှီးနေမှန်းသူမပြောတတ်ပေ။
သို့သော်သူဤလူအားမနှစ်မြို့သလိုခံစားနေရဆဲပင်ဖြစ်သည်။ ဝတုတ်ကျင်းနှင့်ရှိနေသမျှလူအားလုံးအားသူသေချာပေါက်ကြည့်မရပေ။ ထို့ကြောင့်ဤလူသည်မည်သူဖြစ်ကြောင်း သူအဖြေရှာမနေတော့ပေ။
ဝတုတ်ကျင်းမှာထိုင်ချပြီးကျိုးဟောင်အားကြည့်ကာ တိုးတိုးမေးလိုက်သည်။
"အစ်ကိုကြီး ခုနကအဲဒီအမှိုက်ကောင်ကိုဘာလို့သင်ခန်းစာမပေးလိုက်တာလဲ တကယ်လို့အစ်ကိုကြီးသာသင်ခန်းစာပေးလိုက်ရင် နင်မိသားစုကလုံးဝမောက်မာရဲတော့မှာမဟုတ်ဘူး"
"မင်းပြဿနာရှာတာအတော်များနေပြီ စကားမပြောနဲ့တော့"
ကျိုးဟောင်မှာသက်ပြင်းချကာကူကယ်ရာမဲ့သလိုပြောလိုက်သည်။ ဤဝတုတ်ကျင်းမှာတကယ်ပင်စကားပြောကောင်းလှပေသည်။
ကျိုးဟောင်သည်လည်းမူလကအလွန်စိတ်ဆိုးပေသည်။ သို့သော် ဤကိစ္စအားစဥ်းစားပြီးနောက် နင်ယွမ်ဖုန်းသည်အစောကတည်းကသူ့အပေါ်ထင်မြင်ချက်ကောင်းမရှိကြောင်းသဘောပေါက်လိုက်သည်။ သို့သော်ဤကိစ္စသည်ပိုင်ရန်ရွှယ်အပေါ်သက်ရောက်သွားခဲ့သည်။
သို့သော်စင်စစ်တွင်သူတို့နှစ်ယောက်သည် တကယ်ကိုဘာမှမလုပ်ခဲ့ကြပေ။ မည်သို့ပင်ဖြစ်စေကျိုးဟောင်မှာ ယခုလိုကိစ္စမျိုးနှင့်ပတ်သက်ပြီး ဂရုမစိုက်ပေ။
"အစ်ကိုကြီးကအရမ်းစိတ်ထားနူးညံ့လွန်းတယ် နင်ယွမ်ဖုန်းကိုဒီလိုပုံနဲ့မြင်ရတော့အစ်ကိုကြီးသူကိုအနိုင်မကျင့်နိုင်ဘူးဖြစ်နေတာ အစ်ကိုကြီးကသူ့မိန်းကလေးကိုခိုးခဲ့တယ်ဆိုပေမဲ့ ဒါကမှားတယ်လို့ကျွန်တော်တော့မထင်ဘူး သူတို့နှစ်ယောက်ကလက်ထပ်ရသေးတာမှမဟုတ်တာ ဒါလုံးဝအဆင်ပြေတယ် ဒီနေ့ခေတ်မှာ လက်ထပ်ပြီးကွာရှင်းနေကြတဲ့လူတွေလည်းအများကြီးရှိကြတာပဲ အဲဒါကြောင့်အစ်ကိုကြီးအပြစ်ရှိသလိုခံစားမနေနဲ့ ကျွန်တော် အစ်ကိုကြီးနဲ့မိန်းကလေးပိုင်ကို အထင်ကြီးတယ်"
ဝတုတ်ကျင်းမှာကျိုးဟောင်ကိုပင်နှစ်သိမ့်နေသေးသည်။
....................................................................................
အခန်း (၅၅၉) ပြီးပါပြီ
အခန်း (၅၆၀) : ဖားနိုးထလာခြင်း
ကျိုးဟောင်မှာထိုစကားအားကြားသောအခါ ကူကယ်ရာမဲ့သလိုခံစားလိုက်ရပြီးသက်ပြင်းချလိုက်သည်။ အားလုံးသည်ဘာတွေတွေးနေကြမှန်းသူနားမလည်တော့ပေ။ သူနှင့်ပိုင်ရန်ရွှယ်၏ကြားတွင် ဘာမှမဖြစ်ခဲ့ပေ။
နင်ယွမ်ဖုန်းမှာ ဝတုတ်ကျင်းပြန်သွားသည်ကိုမြင်ပြီးနောက် သူသည်လည်းဘေးဘက်သို့ဒေါသတကြီးထွက်သွားခဲ့သည်။ သူ့နောက်တွင်နင်မိသားစုမှတပည့်များရှိနေပြီး သူတို့၏ပုံစံမှာဘေးဘက်သို့ဝေ့ဝဲကြည့်နေရင်း ညှာတာတတ်မည့်ပုံမပေါ်ပေ။
နင်ယွမ်ဖုန်းတွင်လည်းသေချာပေါက်အငွေ့အသက်တစ်ချို့ရှိသေးပေသည်။ ပါရမီရှင်တစ်ယောက်အနေနှင့် သူ့ထံတွင်လည်းတောက်ပမှုတစ်ခုရှိပေသည်။ သူ၏အငွေ့အသက်ဖြစ်စေ၊ ကျင့်ကြံရေးဖြစ်စေ သို့မဟုတ်ရုပ်ရည်ဖြစ်စေ အားလုံးမှာထူးခြားပေသည်။
ထိုအချိန်တွင် ဝတုတ်ကျင်းမှာရုတ်တရက်ကျိုးဟောင်ဘက်သို့ကပ်ကာစကားတိုးတိုးဆိုလိုက်သည်။
"အစ်ကိုကြီး ကျွန်တော်တို့စိတ်လောကထဲဝင်ပြီးရင် ဒီနင်ယွမ်ဖုန်းကိုသတ်ဖို့နည်းလမ်းစဥ်းစားကြမလား ကျွန်တော်ဒီကောင့်ကိုကြည့်မရတာကြာပြီ သူ့ကိုသတ်လို့ရမဲ့အခွင့်အရေးရှာကြမလား"
တစ်ဖက်လူထံမှထိုစကားအားကြားလိုက်ရသောအခါ ကျိုးဟောင်မှာမျက်မှောင်ကြုတ်သွားခဲ့သည်။ ဤလူသည်တကယ်ပင်ရဲတင်းကာဘာမဆိုပြောရဲပေသည်။
စင်စစ်တွင်တစ်ဖက်လူမှထိုစကားအားပြောလိုက်သည့်အချိန်တွင် သူ၏မျက်လုံးများမှာအရောင်တောက်သွားခဲ့သည်။ သူသည်နင်ယွမ်ဖုန်းအားသတ်ရန်ကိုမစောင့်နိုင်တော့ပုံပင်။
ကျိုးဟောင်မှာမျက်မှောင်ကြုတ်သွားခဲ့ပြီးပြောလိုက်သည်။
"မင်းဘာတွေစဥ်းစားနေတာလဲ ဒီလူကဒီလောက်သတ်ရလွယ်မလား နင်မိသားစုကသူ့ကိုလျှောက်သွားခိုင်းရဲတယ်ဆိုကတည်းက သူတို့ကသေချာပေါက် သူ့ကိုအသက်ကယ်နိုင်မဲ့နည်းလမ်းတွေပေးထားပြီးသား မင်းတို့ရှေးဟောင်းမိသားစုရဲ့အသက်ကယ်တဲ့နည်းလမ်းတွေကိုမင်းမသိဘူးလား သူ့ကိုသတ်ဖို့ကအရမ်း အရမ်းကိုခက်လောက်တယ်"
ကျိုးဟောင်ပြောလိုက်ချိန်တွင် ဝတုတ်ကျင်းမှာခေါင်းညိတ်လာသည်။ ကျိုးဟောင်ပြောသည်မှာအမှန်ပင်ဖြစ်သည်။ သူတို့၏ရှေးဟောင်းမိသားစုတွင် အသက်ကယ်နည်းပေါင်းများစွာရှိပေသည်။ ထို့အပြင်တစ်ဖက်လူမှာ သူတို့မိသားစုထဲတွင် မျက်နှာသာအပေးခံရဆုံးပါရမီရှင်တစ်ယောက်ဖြစ်သည်။ သူ့ထံတွင်အမည်မသိသောအသက်ကယ်နည်းလမ်းပေါင်းများစွာရှိမည်မှာ သဘာဝပင်ဖြစ်သည်။
"ဟင်း အဲဒါအမှန်ပဲ ဒါပေမဲ့ကျွန်တော်ကသူ့ကိုဒီတိုင်းသတ်ချင်တာ ကျွန်တော်တကယ်သူ့ကိုသဘောမကျဘူး"
ကျိုးဟောင်မှာသက်ပြင်းချလိုက်သည်။ ဤဝတုတ်ကျင်းသည်တကယ်ပင် လောကကြီးအားရှုပ်ထွေးအောင်လုပ်ရမှစားဝင်အိပ်ပျော်သူဖြစ်ပေသည်။ သိပ်မကြာမီ အားလုံးရောက်ရှိလာခဲ့ကြပြီး နင်ယွမ်ဖုန်းမှာ အားလုံးအားသက်ပြင်းချကာကြည့်လိုက်သည်။
"အားလုံးပဲ စိတ်လောကကမနက်ဖြန်ဆိုဖွင့်တော့မယ် ဒီတစ်ခေါက်ကျွန်တော်တို့နင်မိသားစုကပါရမီရှင်အားလုံးကိုစုဝေးရတာက စိတ်လောကရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကိုအတူတကွရှာဖွေဖို့ ဆွေးနွေးချင်လို့ပါ အတော်များများကဒီနေရာကို မိုရိုမျိုးနွယ်စုရဲ့ဝိဥာဥ်ကျောက်တုံးနဲ့မိုရိုမျိုးနွယ်စုရဲ့အမွေအတွက်လာခဲ့ကြတယ်ဆိုတာ ကျွန်တော်သိပါတယ် အဲဒါကြောင့်ဒီနေ့အစည်းအဝေးကိုကျင်းပဖို့လိုတယ်ဆိုပြီးကျွန်တော်တွေးခဲ့တာပါ"
နင်ယွမ်ဖုန်းပြောနေစဥ်တွင် အောက်ရှိလူများမှာပါးစပ်သာပိတ်နေကြပြီး ဘာမှမပြောကြပေ။ ဒီနေရာရှိလူများထဲတွင် နင်ယွမ်ဖုန်း၏အဆင့်အတန်းနှင့်ယှဥ်ပြိုင်နိုင်သူများများစားစားမရှိပေ။ ဝတုတ်ကျင်းမှာတော့ လူနည်းစုထဲတွင်ပါပေရာ သူ၏ပုံစံမှာအထင်သေးသည့်ပုံပေါ်နေပေသည်။
စင်စစ်တွင်နင်ယွမ်ဖုန်း၏ပုံစံအားကြည့်ကာ ဝတုတ်ကျင်းမှာအထင်သေးသည့်ပုံမျိုးဖြင့်ခပ်ရွဲ့ရွဲ့ပင်ပြုံးနေပေသည်။ ဝတုတ်ကျင်း၏အမူအရာမှာ
"တကယ်လို့မင်းမှာအဲဒီလိုအစွမ်းရှိရင် ငါနဲ့ဘာလို့ထိပ်တိုက်လာမတွေ့လဲ"
ဟူပြောနေသလိုပင်ထင်ရပေသည်။
နင်ယွမ်ဖုန်းမှာအလွန်ဒေါသဖြစ်နေသော်ငြား ဝတုတ်ကျင်း၏အမူအရာအားမမြင်သလိုသာဟန်ဆောင်ကာ စကားဆက်ပြောနေပေသည်။
နင်ယွမ်ဖုန်းစကားဆုံးသည်နှင့် လူအတော်များများမှာထပြောလာခဲ့သည်။
"အစ်ကိုနင်ပြောတာမှန်တယ် ကျွန်တော်တို့ဒီကိစ္စကိုတကယ်ပဲဆွေးနွေးသင့်တယ် ကျွန်တော်တို့ဝင်သွားပြီးနောက်ပိုင်း စိတ်လောကထဲကတန်ဖိုးရှိတဲ့အခွင့်အရေးတွေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေအတွက် အချိန်ကိုအကျိုးရှိရှိသုံးသင့်တယ်လို့ထင်တယ်"
လူအတော်များများသည်ဤကိစ္စတွင်ဝင်ပါလာကြသည်။ ထိုလူများမှာနင်ယွမ်ဖုန်းဘက်မှလူများဖြစ်သည်မှာပြောနေစရာပင်မလိုပေ။
"အဲဒီလူတစ်အုပ်က တကယ်ကိုကျောရိုးမရှိတဲ့သတ္တဝါတွေပဲ သူတို့ကပုံမှန်လည်းနင်မိသားစုကိုမျက်နှာလိုမျက်နှာရလုပ်နေကျဆိုပေမဲ့ အခုအချိန်မှာတောင်ဒီလိုလုပ်နေတုန်းပဲ သူတို့လိုအမှိုက်တွေက ဘာလို့ဒီနေရာကိုရောက်လာလဲဆိုတာကျွန်တော်တကယ်ကိုမသိဘူး"
ဝတုတ်ကျင်းမှာစိတ်မထိန်းနိုင်ဘဲ တိုးတိုးဖြင့်ကျိုးဟောင်နားကပ်ကာမကျေနပ်ကြောင်းပြောနေပေသည်။ ကျိုးဟောင်မှာပြုံးပြီးသာဆက်နားထောင်နေပေသည်။ နင်ယွမ်ဖုန်းမှာသူ့အားထောက်ခံနေသူများအားကြည့်ကာပြုံးပြီးနောက် ဆက်ပြောလာခဲ့သည်။
"ကျွန်တော်ပြောချင်တာလည်းအဲဒါပဲ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအပြင်လောကကလူတွေ ဒီနေရာကအရာတွေအားလုံးကကျွန်တော်တို့နဲ့မရင်းနှီးဘူး ဒါကြောင့်ဒီလောကထဲမှာကိုယ့်ရဲ့အခွင့်အလမ်းကိုရှာချင်တယ်ဆိုရင် ကျွန်တော်တို့စည်းလုံးမှရမယ် အဲဒါကြောင့်ကျွန်တော်တို့စည်းမျဥ်းသုံးခုချမှတ်ဖို့အကြံပြုချင်တယ် အားလုံးပဲကိုယ့်အချင်းချင်းအတတ်နိုင်ဆုံးမတိုက်ခိုက်ကြပါနဲ့ နားလည်ရခက်တဲ့အရာတွေကိုနဲ့ ဆိုးဝါတဲ့အန္တရာယ်တွေကို မဆွဲဆောင်မိစေဖို့ အတွင်းပိုင်းပဋိပက္ခတွေအစမပြုမိပါစေနဲ့"
နင်ယွမ်ဖုန်း၏စကားများမှာကျိုးကြောင်းဆီလျော်ပေသည်။ သူတို့သည်ဦးနှောက်မရှိကြသူများမဟုတ်ကြပေရာ ဤကိစ္စ၏လေးနက်မှုအား ကောင်းကောင်းနားလည်ကြပေသည်။
သို့သော် လူအများစုမှာလုံးဝဂရုမစိုက်ကြပေ။ နင်ယွမ်ဖုန်းယခုလိုလုပ်ရသည့်အကြောင်းအရင်းမှာ သူတို့၏အခွင့်အရေးကောင်းများအားချောချောချူချူရယူလို၍သာဖြစ်သည်။ သူတို့မိသားစုတွင် စိတ်လောကထဲသို့ဝင်ရောက်နိုင်သူအများအပြားရှိပေသည်။ မည်သူမျှပြဿနာမရှာသရွေ့ သူတို့သည်သေချာပေါက် ပစ္စည်းကောင်းများအားအမြန်ဆုံးရရှိနိုင်ပေသည်။
ထို့အပြင် ဤနေရာတွင်ရှိနေသောလူများမှာနင်ယွမ်ဖုန်းအားဆန့်ကျင်ပါက မည်သည့်ကောင်းကျိုးမှရှိမည်မဟုတ်ပေ။ ထို့ကြောင့် ထိုအချက်အားစဥ်းစားပြီးနောက်လူအများစုမှာသဘောတူလိုက်ကြသည်။ ဤအစည်းအဝေးမှာအလွန်တိုတောင်းလှသည်။ အဆုံးသတ်သွားပြီးနောက် ကျိုးဟောင်နှင့်ဝတုတ်ကျင်းမှာ ကျင်းမိသားစုနေထိုင်ရာသို့ပြန်လာခဲ့သည်။
ကျိုးဟောင်ခြေကုပ်ယူထားသောနေရာသို့ပြန်တော့မည့်ဆဲဆဲမှာပင် ကျိုးဟောင်မှာသူ၏ကျောပိုးအိတ်ထဲမှစွမ်းအင်အတက်အကျတစ်ခုအားခံစားလိုက်ရသည်။ ထို့နောက်ဖားခုန်ထွက်လာသည်ကိုမြင်လိုက်ရသည်။
"မဆိုးဘူး မဆိုးဘူး ကောင်လေး မင်းတကယ်ကိုငါ့အတွက်စိတ်စွမ်းအားစမ်းသပ်မှုကိုဖြတ်ကျော်ခဲ့တာပဲ မင်းကငါ့ကိုအံ့သြစေတာပဲ"
ဖားမှာတက်ကြွနေပြီး ပြီးခဲ့သည့်တစ်ခေါက်ထက်ကပင်ပို၍တောက်ပနေပေသည်။ ၎င်းမှာစိတ်စွမ်းအားအနှစ်သာရအားစုပ်ယူပြီးနောက်ပိုင်း အကျိုးအမြတ်ကြီးစွာရသွားမှန်းသိသာပေသည်။
"ဘာလဲ ပြန်ကောင်းသွားပြီလား"
ကျိုးဟောင်မှာဖားအားကြည့်ကာပြုံးပြီးမေးလိုက်သည်။
"အင်း ပြန်ကောင်းသွားပြီ ပြီးတော့အဲဒီအနှစ်သာရကအရမ်းကောင်းတယ် ငါအရင်ကထက်ပိုပြီးအခြေအနေကောင်းသွားပြီ"
ဖားမှာခပ်ဟဟရယ်ရင်းပြောလာသည်မှာ သူလည်းပျော်ရွှင်နေကြောင်းသိသာစေပေသည်။
ကျိုးဟောင်သည်လည်းပြုံးလာခဲ့သည်။
"ခင်ဗျားနိုးလာတာကောင်းတယ် စိတ်လောကကမနက်ဖြန်ဖွင့်မှာ အဲဒီနေရာနဲ့ပတ်သက်ပြီးကျွန်တော်ဘာမှမသိဘူး"
ကျိုးဟောင်မှပြောလိုက်သည်။
ဖားမှာသူ့ရင်ဘတ်အားပုတ်ကာ ချက်ချင်းပင်ပြောလိုက်သည်။
"ခုလိုကိစ္စအသေးအမွှားလေးကို ငါမငြင်းပါဘူး"
"ကျောက်တုံးဖြစ်စေ ဒါမှမဟုတ်တခြားကောင်းမွန်တဲ့အခွင့်အလမ်းဖြစ်ပါစေ အားလုံးကစိတ်စွမ်းအားမျှော်စင်ထဲမှာပဲ မင်းတို့ခုခေတ်လူသားမျိုးနွယ်တွေဆီမှာ ကောင်းကင်ဘုံမျှော်စင်ရှိတယ်မလား မိုရိုမျိုးနွယ်စုမှာလည်းဒီလိုဟာမျိုးတစ်ခုရှိတယ် ရတနာတွေအားလုံးကအဲဒီထဲမှာ"
ကျိုးဟောင်မှာခေတ္တမျှကြက်သေသေသွားခဲ့သည်။
"ဟမ် ကျွန်တော်တို့လူသားမျိုးနွယ်ရဲ့ကောင်းကင်ဘုံမျှော်စင်အကြောင်းကိုခင်ဗျားတကယ်သိတာလား"
"အဓိပ္ပာယ်မရှိတဲ့မေးခွန်းတွေကွာ....ငါသေချာပေါက်သိတာပေါ့ ငါဟွမ်နောက်နှစ်တွေအကြာကြီးလိုက်ခဲ့တာ အတော်များများကသူချန်ခဲ့တာတွေကြီးပဲ"
ကျိုးဟောင်မှာအံ့သြသွားခဲ့သည်။
"ဒါပေမဲ့ တကယ်လို့မင်းစိတ်လောကထဲဝင်သွားရင် ကိုယ့်ကိုယ်ကိုယ်ပဲအားကိုးလို့ရမှာ ဘယ်လိုပဲဖြစ်ဖြစ်ငါလည်းလိုက်ဝင်လို့မရဘူး ငါပြောနိုင်တာကမင်းရဲ့အဆင့်အတန်းမြင့်လေလေ မျှော်စင်ထဲဝင်ပြီးအခွင့်အလမ်းကောင်းတွေရှာဖို့အခွင့်အရေးပိုများလေပဲ အဲဒီကျောက်တုံးကမျှော်စင်ရဲ့ ၉ထပ်မြောက်မှာရှိတယ် မင်းရနိုင်မရနိုင်ကတော့ မင်းကံအပေါ်ပဲမူတည်တယ်"
ဖားမှာလေးနက်စွာပြောလိုက်သည်။
"ကျွန်တော်တို့ချစ်ပ်ပြားကိုရထားပြီးပြီ ပိုမြင့်တဲ့အဆင့်အတန်းဆိုတာဘာလဲ"
ကျိုးဟောင်မှမေးလိုက်သည်။
"ချစ်ပ်ပြားကစိတ်လောကနဲ့ချိတ်ဆက်ပေးနိုင်တဲ့သော့တစ်ခုသာသာပဲရှိတာ ဒါပေမဲ့မင်းလက်ခံသူကိုရှာရဦးမယ် ရှင်းရှင်းပြောရရင် မင်းကတခြားလူရဲ့စိတ်လောကထဲဝင်ရမှာ ဒါကြောင့်မင်းတခြားတစ်ယောက်ရဲ့အထောက်အထားကိုသုံးရမယ် မင်းသုံးတဲ့လူရဲ့အထောက်အထားကမြင့်လေ မင်းမျှော်စင်နားပိုကပ်နိုင်လေပဲ တကယ်လို့မင်းမိုရိုမျိုးနွယ်စုခေါင်းဆောင်ရဲ့အထောက်အထားကိုရှာနိုင်ရင် ဝိဥာဥ်ကျောက်တုံးမပြောနဲ့ အဲဒီထဲကအရာအားလုံးကမင်းအပိုင်ပဲ"
....................................................................................
အခန်း (၅၆၀) ပြီးပါပြီ။
အခန်း (၅၆၁) : အချစ်မျိုးစေ့
ကျိုးဟောင်မှာထိုစကားအားကြားပြီးနောက် ခေတ္တမျှမှင်တက်သွားခဲ့သော်လည်းသူနားမလည်နိုင်သေးပေ။
"ဒါပေမဲ့ အဲဒီအဆင့်အတန်းမြင့်တဲ့လူကိုကျွန်တော်ဘယ်မှာသွားရှာရမှာလဲ"
ဖားမှာထိုစကားအားကြားသောအခါပြုံးလိုက်ပြီး ထူးဆန်းသောအမူအရာတစ်ခုလည်းပေါ်လာခဲ့သည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီးစိတ်မပူနဲ့ အချိန်ကျလာရင် ငါမင်းကိုကူညီမယ် ကောင်းပြီ ပြီးခဲ့တဲ့ရက်တွေအတွင်း ငါအိပ်နေခဲ့တာဆိုတော့ သေလောက်အောင်ပျင်းနေပြီ အပြင်ထွက်ပြီးကစားချင်တယ်"
ပြောရင်းဖားမှာဂျယ်လီဖြူနှင့်ထွက်သွားခဲ့သည်။ ကျိုးဟောင်မှာသက်ပြင်းသာချကာ ဘာကြောင့်ဤနှစ်ယောက်သည်ဤမျှလောက်အားမကိုးရသနည်းဟုတွေးနေမိပေသည်။
မကြာမီနောက်တစ်နေ့ရောက်ရှိလာခဲ့သည်။ ကျိုးဟောင်မှာအခန်းထဲတွင်ထိုင်နေရင်း ထူးဆန်းသောစိတ်စွမ်းအားတစ်ခုထွက်ပေါ်လာသည်ကိုခံစားလိုက်ရသည်။ ထိုအချိန်တွင် ဝတုတ်ကျင်းမှာအလောတကြီးပြေးလာပြီးအော်လာခဲ့သည်။
"အစ်ကိုကြီးစိတ်လောကပွင့်ပြီ ကောင်းကင်ကိုကြည့်လိုက်"
ကျိုးဟောင်မှာခေတ္တမျှကြက်သေသေသွားပြီးနောက် အလျင်အမြန်ပင်ပြေးထွက်သွားခဲ့သည်။ ထို့နောက်ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်ပြီးနောက် သူ၏အမူအရာမှာပြောင်းလဲသွားခဲ့သည်။
လက်ရှိအချိန်တွင် ကောင်းကင်ဘုံ၌ နောက်ထပ်လောကတစ်ခုပေါ်နေပေသည်။
ဤလောကမှာပြင်ပလောကနှင့်တစ်ထပ်တည်းကျပြီး များစွာပိုမိုပေါ့ပါးဟန်ပေါ်ပေသည်။ စင်စစ်တွင် ပုံရိပ်အများအပြားလှုပ်ရှားနေသည်ကိုပင်မြင်နိုင်ပြီး လောကတစ်ခုလုံးမှာအသက်ဝင်လာပုံပေါ်ပေသည်။
ကျိုးဟောင်မှာထိတ်လန့်သွားခဲ့သည်။ သူသည်မျက်စိရှေ့ရှိမြင်ကွင်းအားမယုံရဲပေ။
ထိုအချိန်တွင် သူ့လက်ထဲရှိချစ်ပ်ပြားမှစွမ်းအင်အတက်အကျတို့ထွက်ပေါ်လာသည်မှာ လမ်းညွှန်ပေးနေသောအားတစ်ခုပမာပင်။ လေထဲတွင်လည်း အလင်းတန်းများပေါ်ပေါက်လာခဲ့သည်။ ချစ်ပ်ပြားရှိသည့်လူများသာဤအလင်းတန်းများအနားသို့ကပ်နိုင်ပေသည်။
ကျိုးဟောင်မှာကောင်းကင်ပေါ်တွင်ပေါ်လာသောမြို့အားကြည့်ကာအံ့သြနေခဲ့သည်။ သူသည်ယခုလိုခမ်းနားသောမြင်ကွင်းမျိုးအားတစ်ခါမှမမြင်ဖူးပေ။
သိပ်မကြာမီကြီးမားသောကောင်းကင်ကြီးမှာ ခြေထောက်အောက်ရှိလောကကြီးသဖွယ်ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်တွင်ကျိုးဟောင်မှာရုတ်တရက်လှည့်ကြည့်လိုက်ရာ အလင်းတန်းနှစ်ခုပေါ်လာပြီးသူ့ပခုံးပေါ်ရောက်လာကာ ဖားနှင့်ဂျယ်လီဖြူအဖြစ်ပြောင်းလဲသွားသည်ကိုမြင်လိုက်ရသည်။
"ချီးပဲ ငါဒီလောက်စိတ်လှုပ်ရှားတယ်လို့မခံစားရတာကြာပြီ ဘယ်လိုလဲ ကောင်းလား"
ဖားမှာဂျယ်လီဖြူအားကြည့်ကာမနေနိုင်ဘဲမေးလိုက်သည်။
"ငါ့ဖင်ကြီးကိုကောင်း မင်းတကယ်ကြီးငါ့ကိုဒီလိုရွံစရာကောင်းတဲ့ကိစ္စမျိုးကိုမင်းနဲ့အတူလုပ်ခိုင်းတာပဲ ငါမင်းကိုစိတ်ပျက်မိတယ်"
"ချီး ခုနကမင်းပဲစိတ်လှုပ်ရှားနေတာမဟုတ်ဘူးလား တကယ်လို့မင်းစိတ်လှုပ်ရှားနေတာမဟုတ်ရင် ဘာလို့ဒီလောက်လိုက်လျှောက်ကြည့်နေတာလဲ ဘာလို့လက်တွေသုံးနေတာလဲ မင်းမိန်းမဖိနပ်ကြိုးတွေကိုင်တိတ်တိတ်လေးဘယ်လောက်တောင်ခိုးခဲ့လဲဆိုတာငါမသိဘူးမထင်နဲ့"
ဖားမှာချက်ချင်းပင် တည့်တိုးပြောလာခဲ့သည်။
"ငါခိုးတာမဟုတ်ဘူး မတော်တဆယူလာမိတာ"
"မတော်တဆ မတော်တဆလား ဒီလောက်အမဲရောင်ဖိနပ်ကြိုးတွေအများကြီးယူလာတာ ဘယ်လိုလုပ်ပြီးမတော်တဆဖြစ်နိုင်မှာ ချီးပဲ မင်းကစိတ်ပျက်စရာအကောင်ဆုံးကို မင်းကများငါ့ကိုဝေဖန်ရဲသေးတယ်"
ဖားမှာသက်ညှာမှုမရှိပြောလိုက်သည်။
ကျိုးဟောင်မှာသူ့ပခုံးတစ်ဖက်တစ်ချက်တွင်နေရာယူကာငြင်းခုံနေသောနှစ်ယောက်အားကြည့်ကာမျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူသည်ဂရုမစိုက်နိုင်ပေ။ သူတို့လုပ်ခဲ့သမျှကိစ္စအများစုမှာ ကောင်းသောအရာများမဟုတ်လောက်ပေ။
သို့သော်ထိုအချိန်တွင် များစွာသောခမ်းနားသည့်အငွေ့အသက်များမှာ ချက်ချင်းပင်ရောက်လာခဲ့သည်။ ခြွင်းချက်မရှိရောက်လာသောသူများအားလုံးမှာအမျိုးသမီးများဖြစ်ကြသည်။ ထို့အပြင်အားလုံးမှာမိန်းမလှများဖြစ်ကြသည်။ အရေအတွက်မှာအယောက် ၂၀ ကျော်သည်။ သူတို့သည်ဒေါသထွက်နေကြပြီး ကျိုးဟောင်၏ပခုံးပေါ်ရှိနှစ်ယောက်အားမြင်သောအခါချက်ချင်းပင်ပြောလာခဲ့ကြသည်။
"ဟမ့် လတ်စသတ်တော့ရှင်ပဲ ရွံစရာကောင်းတဲ့လူ ရှင်တကယ်ကြီးရှင့်ရဲ့ဝိဥာဥ်သားရဲကိုဒီလိုကိစ္စမျိုးခိုင်းတယ်ပေါ့"
"ရွံစရာကောင်းလိုက်တဲ့လူ ရှင်တကယ်ကိုဒီလိုရွံစရာကိစ္စမျိုးလုပ်တာပဲ ဒီနေ့ကျွန်မတို့ရှင့်ကိုသင်ခန်းစာ ကောင်းကောင်းပေးပစ်မယ်"
အမျိုးသမီးသိုင်းပညာရှင်အများကြီးရောက်လာကြသည်ကိုမြင်သောအခါ ကျိုးဟောင်မှာရှုပ်ထွေးနေကာ ဘာဖြစ်နေမှန်းနားမလည်ဖြစ်နေပေသည်။
ထိုအချိန်တွင် ကျိုးဟောင်မှာနောက်ရှိနှစ်ယောက်အားလှည့်ကြည့်လိုက်ကာချက်ချင်းပြောလိုက်သည်။
"ဘာဖြစ်တာလဲ ခင်ဗျားတို့နှစ်ယောက်ဘယ်လိုဖြစ်ပြီး သူတို့ကိုရန်သွားစမိထားတာလဲ"
ဖားနှင့်ဂျယ်လီဖြူမှာအချင်းချင်းကြည့်ကာ ပြူးကြောင်ကြောင်ဖြင့်လုပ်နေကြသည်။
"အမယ်လေး အမယ်လေး ငါ...ငါဒဏ်ရာထပ်ရသွားပြန်ပြီ ငါနားဖို့လိုနေပြီ"
ပြောရင်းဖားမှာချက်ချင်းပင်ကျိုးဟောင်၏ ကျောပိုးအိတ်ထဲဝင်သွားခဲ့သည်။ ဂျယ်လီဖြူသည်လည်းပြူးကြောင်ကြောင်ဖြင့်သာကြည့်နေပေသည်။
"သူဒဏ်ရာရထားတယ် ကျွန်တော်သူ့ကိုဂရုစိုက်ပေးလိုက်ဦးမယ် ကျိုးဟောင်ကံကောင်းပါစေ"
ပြောရင်းဂျယ်လီဖြူသည်လည်း ကျောပိုးအိတ်ထဲသို့ဝင်သွားခဲ့သည်။
ကျိုးဟောင်မှာခေါင်းပင်ကျိန်းလာခဲ့သည်။ ဤအမျိုးသမီးများသူ့နောက်လိုက်နေသည်ကိုမြင်ပြီး ကျိုးဟောင်မှာဘာမှမပြောဘဲချစ်ပ်ပြားအားယူကာ ချက်ချင်းပင်လေပေါ်သို့ပျံသွားခဲ့သည်။
"ပြေးချင်တယ်ပေါ့"
"နှာဘူးကောင် ရှင်တကယ်ခုလိုကိစ္စမျိုးလုပ်ခဲ့တာ ဘယ်လောက်ရွံစရာကောင်းလိုက်သလဲ ဒီနေ့ကျွန်မတို့ဒေါသပြေဖို့ရှင့်ကိုသတ်ရမှဖြစ်မယ်"
ကျိုးဟောင်ပြေးသည်နှင့် အမျိုးသမီးများမှာသူ့နောက်မှလိုက်လာကြပြီး ကျိုးဟောင်အားတိုက်ခိုက်လာကြသည်။
ကျိုးဟောင်မှာအလျင်အမြန်ပင်ရှောင်ကာပြောလိုက်သည်။
"မိန်းမလှလေးတို့ မင်းတို့...မင်းတို့ဘာဖြစ်နေကြတာလဲ ငါမင်းတို့နှစ်ယောက်ကိုမသိဘူး မင်းတို့ရဲ့မကျေနပ်ချက်ကိုသူတို့နဲ့ပဲရှင်းသင့်တာလေ"
ကျိုးဟောင်မှာဤကိစ္စအတွက် အပြစ်တင်မခံလိုပေ။ သို့သော်သူ့ပြောစကားများမှာအသုံးမဝင်ပေ။ သူမတို့သည် ဝိဥာဥ်သားရဲနှစ်ကောင်မှာ ကျိုးဟောင်၏လွယ်အိတ်တွင်းသို့ဝင်သွားသည်ကိုမြင်လိုက်ပေသည်။
"ဟမ့် ရှင်ဘာပြောပြောအသုံးမဝင်ဘူး တကယ်လို့သူတို့ကရှင့်ရဲ့ဝိဉာဥ်သားရဲမဟုတ်ဘူးဆိုရင် ဘာလို့ရှင့်လွယ်အိတ်ထဲဝင်သွားမှာလဲ "
"ဟုတ်တယ် ရှင်ကကျွန်မတို့ကိုလိမ်ချင်တာလား ရယ်စရာပဲ မြန်မြန်အရှုံးပေးလိုက် မဟုတ်ရင်ကျွန်မတို့ရှင့်ကိုအားနာနေမှာမဟုတ်ဘူး"
သူမတို့၏ယခုလိုပုံစံအားမြင်လိုက်ရချိန်တွင် ကျိုးဟောင်သည်ဤကိစ္စသည်ထင်သလောက်မရိုးရှင်းမှန်းသိလိုက်ပေသည်။
"အရှုံးပေးရမယ် တကယ်လို့ကျွန်တော်အရှုံးပေးရင်တောင်ခင်ဗျားတို့ကအားနာမှာမဟုတ်ဘူး"
ကျိုးဟောင်မှာပြောရင်းအရှိန်အားတင်လိုက်သည်။ သူသည်သူမတို့အားလျစ်လျူမရှုဝံ့ပေ။
ထိုအချိန်တွင်ကျိုးဟောင်မှာလေထဲတွင်ပတ်ပြေးနေပေရာ အားလုံး၏အာရုံမှာကျိုးဟောင်ထံရောက်နေကြပေသည်။
စုရှောင်းယွီမှာတစ်ချက်လှမ်းကြည့်လိုက်ပြီး ကျိုးဟောင်အားမြင်လိုက်သောအခါ မျက်မှောင်ကြုတ်သွားခဲ့သည်။ ကျိုးဟောင်နောက်ရှိအမျိုးသမီးများအားတွေ့လိုက်ရချိန်တွင် သူမ၏အမူအရာမှာပို၍ပင်ပျက်ယွင်းသွားခဲ့သည်။
တစ်ဖက်တွင် စုရှောင်းဖေးမှာမအောင့်ထားနိုင်ဘဲပြုံးလိုက်သည်။
"ဒီကျိုးဟောင်ကတကယ်ကို မျက်နှာများတာပဲ သူ့မှာအချစ်ရေးဇာတ်လမ်းတွေတအားများတယ် ကြည့်ရတာသူနဲ့ပိုင်ရန်ရွှယ်ကြားကကောလဟလတွေကမှန်နိုင်တဲ့ပုံပဲ"
ပိုင်ရန်ရွှယ်မှာလည်းလေထဲမှကျိုးဟောင်အားမြင်ပြီး အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်သူမသည်နောက်လှည့်ကာအခန်းသို့ပြန်သွားခဲ့သည်။ အိုးယန်ထင်းရွှမ်မှာလည်းပြုံးကာသာကြည့်နေပြီး ဂရုစိုက်ပုံမပေါ်ပေ။
စွန်းယွဲ့သည်လည်းထိုမြင်ကွင်းအားမြင်ပြီး ပါးစပ်အားလက်ဖြင့်အုပ်ကာရယ်လိုက်မိသည်။ ထိုမြင်ကွင်းအားမြင်လိုက်ရသောဖုန်းပိုင်ချွမ်း၏အမူအရာမှာပို၍ပင်ပျက်ယွင်းသွားခဲ့သည်။
ပြီးခဲ့သည့်တစ်ခေါက်ကကျိုးဟောင်ထံမှသင်ခန်းစာပေးခြင်းမခံခဲ့ရသူမှာသူတစ်ယောက်သာရှိသည်။ သူသည်ထိုကိစ္စနှင့်ပတ်သက်ပြီးအနည်းငယ်စိတ်ဆိုးနေကာ ကျိုးဟောင်သည်သူ့အားအထင်သေးသလိုခံစားနေရပေသည်။
ထိုအချိန်တွင် နင်ယွမ်ဖုန်းသည်လည်းကျိုးဟောင်အားမြင်သွားပြီး သူ၏အမူအရာမှာပို၍အကျည်းတန်သွားခဲ့သည်။
သူသည်ကျိုးဟောင်အားရှာဖွေနေသည်မှာကြာလှပြီဖြစ်သည်။ ယခုအချိန်တွင်သူသည်ချက်ချင်းပင်ကျိုးဟောင်ရှိရာဆီပျံသန်းသွားရင်း အော်ပြောလာခဲ့သည်။
"ကျိုးဟောင် ငါနောက်ဆုံးတော့မင်းကိုတွေ့ပြီ ဒီနေ့အကြွေးဟောင်းတွေအကုန်လုံးကိုရှင်းကြတာပေါ့"
သူ့စကားဆုံးသည်နှင့်အားလုံးမှာအပေါ်သို့မော့ကြည့်လာကြပြီး ကျိုးဟောင်အားမြင်သောအခါ ချက်ချင်းပင်အံ့သြသွားကြသည်။
"ဒီလူက.....ဒီလူကတကယ်ပဲကျိုးဟောင်လား"
"မမှားဘူး နင်ယွမ်ဖုန်းကိုယ်တိုင်အတည်ပြုလိုက်တာမမြင်ဘူးလား"
"ဟုတ်တယ် ဒီလူကကျိုးဟောင်ပဲ သူကတကယ်ကိုကျက်သရေရှိတာပဲ သူကဘယ်လိုလုပ်ဒီလောက်မိန်းကလေးတွေအများကြီးကိုရန်သွားစတာလဲ ကြည့်ရတာသူနဲ့ပိုင်ရန်ရွှယ်ကြားကကိစ္စကအခြေအမြစ်မရှိတာမဟုတ်ဘူးပဲ"
အားလုံးမှာအံ့သြနေကြသော်ငြား အမျိုးသားများမှာမူအားကျနေသောအမူအရာများဖြင့်ကြည့်နေကြပေသည်။
"ဟင်း ယောက်ျားတစ်ယောက်ကဒီလိုပဲဖြစ်နေသင့်တာ သူကတကယ်ကို အချစ်ရေးဇာတ်လမ်းတွေများတာပဲ အားကျစရာကောင်းလိုက်တာ"
"ဟုတ်တယ် ပိုင်ရန်ရွှယ်ရှိနေတာတောင်သူကမကျေနပ်သေးဘူး ဒီလူကတကယ်ကိုဒီလောက်မိန်းကလေတွေအများကြီးကိုရန်သွားစထားတာပဲ သူကတကယ်ကိုမျက်နှာများတဲ့လူဆိုတာငါပြောနိုင်တယ်"
လက်ရှိအချိန်တွင်ကျိုးဟောင်မှာအလွန်စိတ်ညစ်နေပေသည်။ သူသည်ချက်ချင်းပင်အလင်းတန်းများထဲသို့ဝင်ရောက်သွားကာ ကောင်းကင်ထဲရှိလောကထဲသို့ဝင်ရောက်သွားခဲ့သည်။ သူ့နောက်ရှိအမျိုးသမီးများမှာ ချစ်ပ်ပြားမရှိပေရာ သူမတို့အားခါထုတ်လိုက်နိုင်ခဲ့သည်။
"ဟင်း....နောက်ဆုံးတော့သူတို့ကိုရှင်းနိုင်ခဲ့ပြီ"
ကျိုးဟောင်မှာချွေးများအားသုတ်ရင်း ပြောလိုက်သည်။
....................................................................................
အခန်း (၅၆၁) ပြီးပါပြီ။