← Chapters

အခန်း (၅၆၅-၅၆၇)

Vol. 38 Ch. 565-567

အခန်း (၅၆၅-၅၆၇)

Vol. 38 Ch. 565-567

အခန်း (၅၆၅) : ဟန်ဆောင်ခြင်း

အားလုံး၏အမူအရာများမှာသရော်နေသလိုပင်။ ၁၀ ခုမြောက်ဧရိယာရှိတပည့်များမှာထိုစကားအားကြားသောအခါဒေါသဖြစ်သွားခဲ့ကြသည်။

"မင်းတို့ကဘာသိလို့လဲ ငါတို့အစ်ကိုကြီးကအဲဒီလိုလုံးဝမဟုတ်ဘူး"

သူတို့သည်မဟုတ်ကြောင်းရှင်းပြနေသော်ငြား မျက်နှာများမှာတော့ဖြူဖျော့နေပေသည်။ မည်သို့ပင်ဖြစ်စေ ဝမ်ကျို့ထျန်းအပြစ်ရှိသည်မှာတကယ်ပင်ဖြစ်သည်။ ကျိုးဟောင်မှာဘာလုပ်ရမှန်းမသိဖြစ်နေ‌ပေသည်။ သူသည်အစောပိုင်းကမှဤနေရာသို့ရောက်လာခဲ့သော်ငြားယခုနှိပ်စက်ခံနေရပြီဖြစ်သည်။ ဤအချက်သည်တကယ်ကိုမတရားလှပေ။

ထို့ကြောင့်ကျိုးဟောင်မှာအခြားလူများဘာတွေးနေသလဲဆိုသည်အားဂရုမစိုက်နိုင်ဘဲ ချက်ချင်းပြောလိုက်သည်။

"ကျွန်တော်မှားပါတယ် ကျွန်တော်မှားပါတယ် မျိုးနွယ်စုခေါင်းဆောင် စိတ်မဆိုးပါနဲ့ ကျွန်တော်ထပ်မလုပ်ရဲတော့ပါဘူး"

ကျိုးဟောင်၏စကားများမှာအားလုံးကိုကြက်သေသေသွားစေခဲ့သည်။ ပုံမှန်အားဖြင့်အထက်စီးဆန်ကာအလွန်ခေါင်းမာသောဝမ်ကျို့ထျန်းမှာ ယနေ့တွင်ရုတ်တရက်သူ၏အမှားအားဝန်ခံလာမည်ဟုမထင်ထားခဲ့ကြပေ။

မျိုးနွယ်စုခေါင်းဆောင်ပင်ရှုပ်ထွေးသွားခဲ့သည်။ သို့သော်ရှုပ်ထွေးနေသော်ငြားစကားဆက်ပြောလိုက်‌ပေသည်။

"မင်းအမှားကိုဝန်ခံတယ်ဆိုပေမဲ့ မင်းအပြစ်လုပ်ခဲ့သေးတာပဲ အဲဒါကြောင့်မင်းသေချာပေါက် အပြစ်ပေးခံရမယ်"

ပြောရင်းစွမ်းအားကြီးသောအားတစ်ခုမှာချက်ချင်းပင်လေထဲတွင်ပျံ့နှံ့လာခဲ့ပြီး ထိုစွမ်းအားတွင်လျှပ်စီးကြောင်းတို့ဖြင့်ပြည့်နေပေသည်။ ၎င်းမှာအပြစ်ပေးသည့်နည်းလမ်းဖြစ်သည်။

ကျိုးဟောင်မှာခေါင်းပင်ထုံလာသလိုခံစားလိုက်ရသည်။

"ချီးပဲ မိုရိုမျိုးနွယ်စုကလူတွေကစိတ်စွမ်းအားကိုကျင့်ကြံကြတာ သူတို့ခန္ဓာကိုယ်တွေကအရမ်းအားနည်းလွန်းလို့ တစ်ချက်ကိုတောင်မခံနိုင်ဘူး ငါဒီကိုလာတာဝိဥာဥ်ကျောက်တုံးအတွက်လာတာ တကယ်လို့ဒါကြီးနဲ့သာအပြစ်ပေးခံရရင်ငါအိပ်ရာထဲကမထနိုင်ဖြစ်သွားမှာမဟုတ်ဘူးလား ဒါဆိုငါရတနာတွေကိုဘယ်လိုသွားရှာရ‌တော့မှာလဲ"

ထိုသို့တွေးမိသောအခါကျိုးဟောင်မှာချက်ချင်းထအော်လိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင် ကျွန်တော်မှားပါတယ် ကျွန်တော်မှားပါတယ် ကျွန်တော်ဒီနေ့နေမကောင်းလို့ ပြစ်ဒဏ်ကိုရွှေ့ဆိုင်းပြီးနောက်တစ်ခါမှရိုက်လို့ရမလားဟင်"

ကျိုးဟောင်မှာအလျင်အမြန်ပင်ပြောလိုက်သည်။ သူယခုလိုနည်းနဲ့အရိုက်မခံချင်ပေ။

"ဟမ် မင်းကငါနဲ့ညှိနှိုင်းချင်သေးတာလား"

မျိုးနွယ်စုခေါင်းဆောင်မှာအလွန်ဒေါသဖြစ်သွားပြီး ချက်ချင်းပင်လျှပ်စီကြောင်းများအားဖြန့်ကြဲလိုက်ရာ လျှပ်စီးကြောင်းများမှာနေရာအနှံ့ပျံ့နှံ့သွားခဲ့သည်။

သို့သော်ထိုအချိန်မှာပင်စိတ်စွမ်းအားဖြင့်ဖန်တီးထားသည့်ကြီးမားသောလက်ကြီးတစ်ခုမှာ ချက်ချင်းပင်ကျိုးဟောင်အားကာကွယ်လိုက်ပြီး အဆုံးမရှိသောလျှပ်စီးစွမ်းအင်များအားတားဆီးလိုက်သည်။

ထို့နောက်ချက်ချင်းပင် ကျိုးဟောင်မှာသူ့ရှေ့တွင်ပေါ်လာသည့် ‌ဒေါသထွက်နေသောအမျိုးသမီးတစ်ယောက်အားမြင်လိုက်ရသည်။

"ဟမ့် အစ်ကိုကြီးကျို့ထျန်းကသူ့အမှားသူဝန်ခံပြီးပြီကို အစ်ကိုကြီးကသူ့ကိုပြင်းပြင်းထန်ထန်အပြစ်‌ပေးချင်နေသေးတယ် ဒါကဒီတိုင်းစွမ်းအင်ကျောက်တုံးလေးပဲမဟုတ်ဘူးလား ဒီဆုံးရှုံးမှုအတွက်ကျွန်မတို့လျော်ပေးမယ် ဒီကိစ္စကိုဒီမှာပဲအဆုံးသတ်လိုက်ကြတာပေါ့ တကယ်လို့နောက်ကိုတစ်ယောက်ယောက်က ဒီကိစ္စကိုဆက်ပြီးအစဖော်နေမယ်ဆိုရင် ကျွန်မကိုအားမနာဘူးဆိုပြီးအပြစ်မတင်နဲ့"

ထိုအမျိုးသမီးမှာပြောရင်းကျိုးဟောင်၏ရှေ့သို့လျှောက်လာခဲ့သည်။ ကျိုးဟောင်မှာထိုအမျိုးသမီးအားကြည့်ကာစိတ်ထဲတွင်တုန်လှုပ်သွားခဲ့သည်။ ဤလူသည် ဝမ်ကျို့ထျန်း၏အမေ လီဖန်းချန်ပင်ဖြစ်သည်။ ထို့အပြင်သူမသည်မျိုးနွယ်စုခေါင်းဆောင်၏အစ်မလည်းဖြစ်သည်။

"ကောင်စုတ်လေး မင်းထပ်ပြီးပြဿနာရှာပြန်ပြီလားငါမင်းကိုသတ်ပစ်မယ်"

သူမသည်ပြောရင်း သူမ၏လက်အားဆန့်ထုတ်လိုက်ကာ ကျိုးဟောင်ရှိရာဘက်သို့ရွယ်ရင်း‌ဝေ့ယမ်းလိုက်သည်။ ထိုအားမှာပိုစွမ်းအားကြီးကာ အသံများပါထွက်ပေါ်လာပေရာ အားလုံးကိုထိတ်လန့်သွားစေခဲ့သည်။

ကျိုးဟောင်မှာထုံထိုင်းသွားသလိုခံစားလိုက်ရသည်။ သူ့အမေသည်သူ့အားကယ်ရန်ရောက်လာခဲ့ခြင်းမဟုတ်ပါလော။ သူမသည်ဘာကြောင့်ယခုလိုလုပ်ရပါသနည်း။

သို့သော်ထိုလက်ဝါးချက်မှာသူ၏ကိုယ်ပေါ်ရောက်လာချိန်တွင် သူ၏စွမ်းအား ၉၀ ရာခိုင်နှုန်းခန့်မှာပျောက်ကွယ်သွားသော်ငြား လုံးဝနာကျင်မှုမရှိကြောင်းကိုသဘောပေါက်လိုက်သည်။

"ကောင်စုတ်လေး မင်းရူးနေလား မြန်မြန်သွေးအန်ပြီးနာချင်ယောင်ဆောင်အော်လေ"

လီဖန်းချန်၏အသံမှာကျိုးဟောင်၏စိတ်ထဲတွင်ပဲ့တင်ထပ်လာခဲ့သည်။ ထိုအချိန်မှသာကျိုးဟောင်မှာအသိဝင်လာကာ သူ့အမေဖြစ်သူသည်တကယ်ပင်အရှက်မဲ့သည်ဟုစိတ်ထဲမှတွေးလိုက်မိသည်။ သို့သော်ကျိုးဟောင်မှာအလျင်အမြန်ပင်သွေးအန်လိုက်ပြီးအော်လိုက်သည်။ ထိုမျှသာမက မျက်ဖြူပါလန်သွားကာချက်ချင်းသတိမေ့ချင်ယောင်ဆောင်လိုက်သည်။

လီဖန်းချန်မှာမျက်လုံးပြူးကာအံ့သြသွားခဲ့သည်။

"ဒီကောင်စုတ်လေး သရုပ်ဆောင်တာတိုးတက်လာသားပဲ"

ဘေးရှိလူများမှာ လီဖန်းချန်၏တိုက်ခိုက်မှုအားမြင်လိုက်ရချိန်တွင်ခေတ္တမျှမှင်တက်သွားခဲ့ကြသည်။ သူတို့ထင်ခဲ့သည်မှာ လီဖန်းချန်သည်သူမ၏သားအားကာကွယ်ရန်ရောက်လာခဲ့သည်ဟုထင်ခဲ့ခြင်းဖြစ်သော်ငြား မထင်မှတ်ထားစွာပင် သူမ၏အပြစ်ပေးမှုသည် မျိုးနွယ်စုခေါင်းဆောင်နှင့်သိပ်မကွာပေရာ မည်သူမျှဘာမှပြောမလာခဲ့ပေ။

မျိုးနွယ်စု‌ခေါင်းဆောင်မှာကြည့်ရုံဖြင့်သိပေရာ သက်ပြင်းချပြီးထိုသားအမိအားလျစ်လျူရှုကာနေရာမှပျောက်ကွယ်သွားခဲ့သည်။

လီဖန်းချန်မှာချက်ချင်းပင်ကျိုးဟောင်အားသယ်ကာ ၁၀ ခုမြောက်ဧရိယာဆီသို့ထွက်သွားခဲ့သည်။ မကြာမီသူမသည်ခန်းမထဲသို့ရောက်လာခဲ့ပြီး အေးစက်စွာနှာခေါင်းရှုံ့ကာကျိုး‌ဟောင်အားကြမ်းပြင်ပေါ်သို့ပစ်ချလိုက်သည်။

"ကောင်းပြီ ကောင်စုတ်လေး ဟန်ဆောင်မနေနဲ့တော့"

လီဖန်းချန်မှာနှာခေါင်းရှံ့ကာကျိုးဟောင်အားကန်လိုက်သည်။

ကျိုးဟောင်မှာအလျင်အမြန်ပင်အပြုံးတစ်ခုဖြင့်မတ်တပ်ရပ်လာကာ အလျင်အမြန်ပင်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အမေ ခုနကအဲဒီမှာအမေကျွန်တော့်ကိုကယ်ခဲ့တာပဲ"

"ကောင်းပြီ ကောင်စုတ်လေးမင်းပြဿနာဘယ်လိုရှာရမလဲပဲသိတယ် ငါအဲဒီကောင်မ‌လေးကိုသိတယ် နောက်ကျသူ့ကိုခေါ်လာခဲ့ မင်းသူနဲ့အဲဒါလုပ်ခဲ့တယ်မလား မင်းဒီ‌လောက်ရုတ်ရုတ်သဲသဲဖြစ်စေခဲ့တာ သူ့ကိုပြန်ခေါ်လာခဲ့ ငါမင်းတို့အတွက်ရက်ပိုင်းအတွင်းမင်္ဂလာပွဲလုပ်ပေးမယ်"

လီဖန်းချန်မှာနှာခေါင်းရှုံ့ကာကျိုးဟောင်အားစိတ်ပျက်သလိုကြည့်နေပေသည်။ သူမသည်ဒေါသဖြစ်နေသော်ငြား သူမမျက်လုံးထဲရှိမေတ္တာတရားတို့အားကျိုးဟောင်မြင်ပေသည်။

ကျိုးဟောင်မှာရှေ့ဆက်လာမည့်အရာများအားတွေးကာခေါင်းကိုက်လာခဲ့သည်။ ထိုအမျိုးသမီးမည်သူဖြစ်ကြောင်းသူတကယ်ကိုမသိပေ။ သူမ၏နာမည်ကိုပင်မသိပေ။ သူတို့နှစ်ယောက်သည်မိုရိုမျိုးနွယ်စုပြင်ပတွင်သိကျွမ်းခဲ့ကြပြီး ရင်းနှီးသောဆက်ဆံရေးမျိုးရှိခဲ့ကြခြင်းဖြစ်သည်။ သူသည်တကယ်တမ်းတွင်တစ်ဖက်လူအား အလဲအလှယ်အနေဖြင့်ထိုပစ္စည်းအားပေးခဲ့ခြင်းမဟုတ်ဘဲ သူမလိုအပ်နေ၍သာ‌ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ကျိုးဟောင်သည်သူမအားထိုပစ္စည်းပေးရန်အတွက် ခိုးယူခဲ့ခြင်းဖြစ်သည်။

အမေဖြစ်သူထံမှစကားအားကြားချိန်တွင် ကျိုးဟောင်မှာဘယ်လိုပြန်ဖြေရမှန်းမသိတော့ပေ။ သူသည်ချောင်းဟန့်ရင်းသာပြောလိုက်သည်။

"အမ်.....အဲဒီညပြီးတော့ ကျွန်တော်တို့အဆက်အသွယ်မရှိတော့ဘူး သူ့ရဲ့မိသားစုမျိုးရိုးကိုလည်းကျွန်တော်မသိဘူး... တကယ်လို့သူ့ကိုရှာစေချင်တာဆိုရင်တော့ ကျွန်တော်တကယ်...."

"ဘာ မင်းသူနဲ့တစ်ညအိပ်ဖို့အတွက်နဲ့ ဒီလိုတန်ဖိုးကြီးတဲ့ဟာကိုပေးလိုက်တယ်ပေါ့ ပြီးတော့တခြားဘာမှလည်းမသိဘူး ဒါကမများလွန်းဘူးလား အရင်တုန်းက မင်းအဖေတောင်ဒီလောက်လက်ဖွာခဲ့တာမဟုတ်ဘူး"

လီဖန်းချန်မှာသားဖြစ်သူ၏စကားအားကြားပြီးနောက်အလွန်ဒေါသဖြစ်သွားခဲ့သည်။

"အာ....အမေ စိတ်လျှော့ စိတ်လျှော့...."

ကျိုးဟောင်မှာချက်ချင်းပင်ပြုံးကာတောင်းပန်သလိုပြောလိုက်သည်။ ဤကိစ္စသည်တကယ်ပင်အဓိပ္ပာယ်မရှိပေ။ ကျိုးဟောင်သည်လည်းဘာမှမတတ်နိုင်ပေ။ စိတ်ထဲတွင်လည်းဤဝမ်ကျို့ထျန်းသည်တကယ်ပင်စိတ်နုသည်ဟုတွေးလိုက်မိသည်။

"ကောင်းပြီ ဒီကိစ္စကိုငါရှင်းပေးမယ် မင်းအဖေမသိစေနဲ့ မဟုတ်ရင် မင်းထပ်ပြီးအရိုက်ခံနေရလိမ့်မယ်"

လီဖန်းချန်မှပြောလိုက်သည်။

ကျိုးဟောင်မှာဝမ်ကျို့ထျန်း၏ဖခင် ဝမ်ချန်သောင့်အကြောင်းတွေးလိုက်မိကာ မျက်မှောင်ကြုတ်သွားခဲ့သည်။ ဝမ်ကျို့ထျန်းမှာအလွန်အာခံတတ်ကာအဖေဖြစ်သူနှင့်အဆင်မပြေပေ။ ထို့ကြောင့်သူတို့သားအဖဆုံသည့်အချိန်တွင် ရန်ဖြစ်တာအပြင်တခြားကိစ္စလုပ်စရာမရှိပေ။

"သိပါပြီ"

ကျိုးဟောင်မှာဘာပြောရမှန်းပင်မသိတော့ပေ။

"ဟင်း မင်းအဖေကတကယ်တော့ မင်းအတွက်စိတ်မကောင်းဖြစ်နေတာ သူကဒီတိုင်းမင်းဆီကဒီထက်ပိုကောင်းတာကိုပဲမျှော်လင့်တာပါ မင်းကပါရမီကောင်းတယ် တကယ်လို့မင်းသာကျင့်ကြံတဲ့နေရာမှာကြိုးစားမယ်ဆိုရင် ဗဟိုတပည့် ၁၀ ယောက်ထဲမှာမင်းအောက်ဆုံးအဆင့်မှာရှိနေမှာမဟုတ်ဘူး မင်းအဖေကိုမမုန်းပါနဲ့ တကယ်တော့သူကအမေ့ထက်မင်းကိုပိုချစ်ပါတယ်"

လီဖန်းချန်သည် သူမခင်ပွန်းနှင့်သားကြားရှိဆက်ဆံရေးအားသိပေရာ သူမသည်မနေနိုင်ဘဲပြောလိုက်သည်။

ကျိုးဟောင်သည်ဝမ်ကျို့ထျန်းမဟုတ်ပေ။ သူသည်အာခံတတ်သည်ကိုသိသော်ငြား ဤကိစ္စအားဘယ်လိုကိုင်တွယ်ရမလဲဆိုသည်အားသူတကယ်ကိုမသိပေ။ မမျှော်လင့်ထားစွာပဲ ထိုအချိန်တွင်အော်သံတစ်ခုထွက်ပေါ်လာခဲ့သည်။

"ဟမ့် တာဝန်မကျေတဲ့သား မင်းကကိုယ့်မျိုးနွယ်ရဲ့စွမ်းအင်ကျောက်တုံးကိုတောင်ခိုးရဲတယ် ငါမင်းခြေထောက်ကိုရိုက်ချိုးပစ်မယ်"

စကားဆုံးသည်နှင့် စွမ်းအားကြီးသောအမျိုးသားတစ်ယောက်မှာခန်းမထဲသို့ဝင်လာခဲ့သည်။ သူ၏ အငွေ့အသက်မှာအတော်လေးစွမ်းအားကြီးကာ ပိုကြောက်စရာကောင်းသည်မှာ သူ့ထံမှထွက်လာသောဖိအားသည်လေဟာနယ်ကိုပင်ဗြောင်းဆန်အောင်ဖျက်ဆီးနိုင်ပြီး ထိန်းချုပ်နိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။

ကျိုးဟောင်၏ခန္ဓာကိုယ်မှာချက်ချင်းပင်ဖမ်းချုပ်ခံလိုက်ရပြီး လုံးဝခုခံနိုင်စွမ်းမရှိပေရာကျိုးဟောင်မှာအံ့သြသွားခဲ့သည်။

"ဒီကျင့်ကြံဆင့်က....မဟုတ်မှသူတော်စင်ဘုံအဆင့်လား"

ကျိုးဟောင်ထိတ်လန့်နေဆဲမှာပင် ထိုအမျိုးသားမှာသူ့ရှေ့ရောက်လာပြီး ကျိုးဟောင်အားဒေါသတကြီးစိုက်ကြည့်နေခဲ့သည်။

....................................................................................

အခန်း (၅၆၅) ပြီးပါပြီ။

အခန်း (၅၆၆) : သတ်ဖြတ်ခြင်း

ကျိုးဟောင်မှာ အနည်းငယ်စိတ်လှုပ်ရှားနေလေသည်။ ၀မ်ကျို့ထျန်းရဲ့အဖေသည် သူ့အမေနှင့်မတူကြောင်းကျိုးဟောင်သိလေသည်။တကယ်လို့တဖက်လူကသူ့အားရိုက်နှက်လာပါက သူ‌တောင့်ခံနိုင်ဖို့မသေချာပေ။

ထိုကဲ့သို့အခြေအနေတွင် ကျိုးဟောင်က ကျိုးနွံစွာဖြင့်ပြောလိုက်လေသည်။

"အ‌ဖေကျွန်တော်မှားသွားပါတယ်"

ကျိုးဟောင်ကအလောတကြီးတုံ့ပြန်မိလိုက်လေသည်။ သူ့မှတ်ဉာဏ်ထဲတွင် ၀မ်ကျို့ထျန်းက ၀မ်ချန်သောင့်အား အဖေလို့ခေါ်ကြောင်းပြန်မှတ်မိလာလေသည်။

ထိုအချိန်တွင် ၀မ်ချန်သောင့် က သူ့အားရုတ်တရက်အဖေလို့ခေါ်လိုက်သောကြောင့်မှင်တက်သွားလေသည်။

"ဘာ... မင်းအခုဘာပြောလိုက်တယ်... မင်းအမှားကို၀န်ခံပြီလား"

၀မ်ချန်သောင့်ကအံ့ဩနေသောအမူအရာဖြင့်ပြောလိုက်လေသည်။

"သား မှားသွားပါတယ်အဖေရယ် ထပ်မရိုက်ပါနဲ့တော့။ အဖေအပြစ်ပေးတာကိုခဏလောက်နောက်ရွှေ့ပေးလို့ရမလား။ သား ဒီနှစ်၂ရင်အတွင်းလုပ်စရာလေးတွေရှိနေလို့ပါ။ အဖေသာသားကိုရိုက်မယ်ဆိုရင်သားအိပ်ယာထဲကနေတောင်ထနိုင်မှာမဟုတ်လို့ပါ"

ထိုစကားကိုကြားသောအခါ လီဖန်းချန်က ပြုံးလာခဲ့သည်။

"ကဲကဲ အခုသားလေးလည်းသူ့အမှားကို၀န်ခံနေပါပြီ။ သူ့ကိုခွင့်လွှတ်ပေးလိုက်ပါတော့။ သားရောနောက်တခါဒါမျိုးထပ်မမှားနဲ့တော့။ ကျွန်မလည်းသားကို နောက်တခါဒါမျိုးမဖြစ်အောင်သေချာဆုံးမထားလိုက်ပါ့မယ်"

လီဖန်းချန်ကပါ ၀င်ပြောလာသောကြောင့် ၀မ်ချန်သောင့်လည်း ဘာပြောရမှန်းမသိဖြစ်သွားလေသည်။ သူသည်ကျိုးဟောင်အားတချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။

"ဟူး.... မင်းအမှားကို မင်းသိပြီဆိုမှတော့ အဲ့တာကိုနောက်မမှားအောင်ပြင်ဆင်တော့။ အပြစ်ပေးတာကိုတော့နောက်မှာပဲလုပ်တော့မယ်"

ထိုစကားကြောင့် ကျိုးဟောင်လည်းပြုံးလိုက်ပြီး အလျင်အမြန်သဘောတူပြီးနောက်ထိုနေရာမှထွက်သွားလေသည်။

လီဖန်းချန်နှင့် ၀မ်ချန်သောင့်တို့မှာ ရုတ်တရက်သူတို့သားမှာ အသိတရား၀င်လာသောကြောင့် အံ့ဩနေကြလေသည်။ သူတို့သားက သူ့အမှားကိုတောင်၀န်ခံတတ်နေပြီလား။

"ငါများနားကြားမှားသွားသလား...."

၀မ်ချန်သောင့်က လီဖန်းချန်အားကြည့်ပြီးပြောလိုက်လေသည်။

"မဟုတ်ပါဘူး။ ကျွန်မတို့သားလေးရင့်ကျတ်လာတာပါ"

လီဖန်းချန်က ထွက်သွားသောကျိုးဟောင်အားကြည့်ရင်းပြောလိုက်လေသည်။

ခန်းမထဲမှာ ကျိုးဟောင်ထွက်လာသောအခါ ဧရိယာ၁၀မှတပည့်များအပြင်တွင်မတ်တပ်ရပ်စောင့်နေသည်ကိုတွေ့လိုက်ရလေသည်။ သူတို့အားလုံးကျိုးဟောင်ထွက်လာသည်ကိုမြင်တော့မှ စိတ်အေးသွားသောအမူအရာဖြင့်မေးလာကြလေသည်။

"အခြေအနေဘယ်လိုလဲ အဆင်ပြေရဲ့လားသခင်လေး"

"အဆင်ပြေပါတယ်"

ကျိုးဟောင်ကခေါင်းငြိမ့်ပြီး ပြန်ပြောလိုက်လေသည်။

"အဆင်ပြေလို့တော်သေးတာပေါ့ဗျာ"

ကျိုးဟောင်ဘာမှမဖြစ်သည်ကိုတွေ့ရသောကြောင့် သူတို့အားလုံးစိတ်သက်သာရာရသွားကြလေသည်။

ကျိုးဟောင်မှာ သူ့ညီ‌နောင်များအားမြင်လိုက်တော့မှ သူ့အနေဖြင့် ဘလူးနှင့်စာရင်းရှင်းစရာရှိသေးသည်ကိုသတိရသွားလေသည်။ ယခုပထမဆုံးလုပ်ဖို့လိုသည်မှာဘလူးနှင့်စာရင်းရှင်းရန်ဖြစ်ပြီး နောက်မှကျောက်မျက်ရတနာအားယူရန်ဖြစ်သည်။

"ဒီအကြောင်းကိုသတင်းပေးတဲ့လူကဘယ်သူလဲဆိုတာ ကျွန်‌တော်သတင်းရထားတယ်။ ညီနောင်တို့ အဲ့လူကိုကျွန်တော့်အတွက်ရှာပေးပါ"

ကျိုးဟောင်အနေဖြင့် ဘလူးအားရှာတွေ့နိုင်ဖို့မသေချာသော်လည်း သူ့ညီနောင်တို့၏လူအင်အားဖြင့် ဘလူးကိုရှာပါကသာမန်လူတယောက်ကိုရှာသလောက်သာရှိလေသည်။ ဘလူးသည်ဒီ၁၀ခုမြောက်ဧရိယာထဲမှ သင်တန်းသားတယောက်သာဖြစ်လေသည်။

ကျိုးဟောင်မှာ မှာကြားပြီးနောက်အလင်းတန်းအဖြစ်ပြောင်းကာထွက်ခွာသွားပြီး ဘလူးကိုရှာမည့်ကိစ္စကိုသူ့ညီနောင်များလက်ထဲအပ်ထားခဲ့လေသည်။

လက်ရှိကျိုးဟောင်မှာ အဆင့်အတန်းမြင့်မားသူတယောက်ဖြစ်လေသည်။ သူသည် အဓိကတပည့်ဖြစ်ရုံသာမက ဒီ၁၀ခုမြောက်ဧရိယာ၏ သခင်လေးလည်းဖြစ်ပေသည်။သူ့ကျင့်ကြံဆင့်နှင့် အဆင့်အတန်းမှာ သာမန်ထက်ထူးခြားပြီး သာမန်လူများက သူ့အားရန်မစရဲပေ။

"ဒီ၀မ်ကျို့ထျန်းက ဘာမှအသုံးမကျပေမဲ့ လူတွေကိုဦးဆောင်တဲ့နေရာမှာတော့မဆိုးဘူးပဲ။ အထူးသဖြင့်သူ့အဖွဲ့ကိုဦးဆောင်‌တဲ့နေရာမှာ ထူးချွန်ပြီး အကုန်လုံးကသူ့ကိုညီနောင်သဖွယ်သတ်မှတ်ထားကြတယ်။ ဒါကြောင့်လူအတော်များများက သူ့ကို ဘယ်လိုဖြစ်ဖြစ်ကူညီကြတာဖြစ်မယ်"

ကျိုးဟောင်မှာ သူ့အားအစွမ်းကုန်ကူညီပေးနေသော ညီနောင်များကိုကြည့်ပြီး စိတ်ထဲနွေးထွေးမှုကိုခံစားလိုက်ရလေသည်။

ကျိုးဟောင်မှာ သူ့ကြောင့်အခြားသူများအားဒုက္ခမရောက်စေချင်သော်လည်း ဘလူးကတကယ့်ကိုကောက်ကျစ်သူဖြစ်သောကြောင့် သူလွှတ်မထားချင်ပေ။ အချိန်မရွေးနောက်ကျောကဓားနှင့်ထိုးလာနိုင်သောကြောင့် ကျိုးဟောင်မှာ ဘလူးအားအလွတ်မပေးဘဲ အသည်းအသန်ရှာနေလေသည်။

သူတို့အဖွဲ့မှာတောင်အားလုံးနီးပါး ရှာဖွေခဲ့သော်လည်း ဘလူး၏အရိပ်အယောင်ကိုမတွေ့ခဲ့ရပေ။ ဒီနေရာတွင်နေထိုင်သူတိုင်း၏အရှိန်အဝါမှာသန့်စင်ပြီး သူတို့၏ဝိညာဉ်ခန္ဓာကိုယ်၌လည်းစွမ်းအင်အတက်အကျမရှိပေ။ သို့သော် ပြင်ပကလူများဖြစ်သည့် ကျိုးဟောင်နှင့် ဘလူးကတော့ ထိုလူများနှင့်မတူညီသည့် စွမ်းအင်အတက်အကျမျိုးရှိလေသည်။ ဒါ့ကြောင့် ကျိုးဟောင်အနေဖြင့် ဘလူးအားရှာရန်မှာ သိပ်မခက်ခဲပေ။

နောက်ဆုံးတော့ ခြောက်ခုမြောက်ဧရိယာ၌ ဘလူးအားရှာတွေ့ခဲ့လေသည်။ ကျိုးဟောင်ကတခြားသူ့ညီနောင်များအားတချက်ကြည့်လိုက်ပြီး လက်ညိုးထိုးပြကာအော်ပြောလိုက်လေသည်။

"အဲ့ဒါသူပဲ။ သူ့ကိုဖမ်းကြစမ်း"

ဆယ်ခုမြောက်ဧရိယာ၏တပည့်များမှာရုတ်တရက်အံ့ဩသွားသော်လည်း ဘာမှပြောမနေဘဲ ချက်ချင်းထိုလူအားဝိုင်းဖမ်းကြလေသည်။

သို့သော်သူတို့အားလုံး ပဟေဠိဖြစ်နေကြလေသည်။ ယခုဖမ်းထားသည့်သူမှာ ကျော်ကြားသူတယောက်မဟုတ်ဘဲ ၆ခုမြောက်ဧရိယာ၏အရည်အချင်းရှိသောတပည့်တယောက်သာဖြစ်လေသည်။ထိုသူမှာနှိမ့်နှိမ့်ချချနေတတ်သူဖြစ်ပြီး တခါမှာလည်း အပြစ်မလုပ်ဖူးသူဖြစ်လေသည်။ ဘာကြောင့် သူတို့အကိုကြီးကထိုသူအားဖမ်းခိုင်းပါသနည်း။

ရုတ်တရက်အဖမ်းခံရသောကြောင့်ထိုလူမှာလည်းမှင်တက်သွားပြီး အလျင်အမြန်သနားခံလာလေသည်။

"အစ်ကို၀မ်....ကျွန်...ကျွန်တော်အစ်ကိုကြီးကိုတခါမှ ရန်မစဖူးပါဘူး။ ဘာ...ဘာလို့ ကျွန်တော့်ကိုဖမ်းရတာပါလဲ"

ထိုလူမှာအရမ်းကိုကြောက်လန့်နေပြီး ဘောင်းဘီထဲတွင်သေးများပါထွက်ကျနေလေသည်။ ထိုလူမှာအရည်အချင်းရှိသော်လည်း ငကြောက်‌တကောင်ဖြစ်လေသည်။ ဒါ့အပြင်၀မ်ကျို့ထျန်းမှာဘယ်လိုလူဖြစ်ကြောင်းသူသေချာသိလေသည်။ ၀မ်ကျို့ထျန်းမှာရက်စက်သူဖြစ်ပြီး သူ၏ဖမ်းဆီးခြင်းကိုခံရပါက မသေရင်တောင်မှ အရှင်လတ်လတ်အရေခွံဆုတ်ခံရမည်ဖြစ်လေသည်။

ထိုလူ၏အမူအရာကိုကြည့်ပြီးကျိုးဟောင်မှာ ဘလူးတယောက်မနိုးလာသေးကြောင်းသဘောပေါက်လိုက်လေသည်။ သို့သော်မကြာမီအချိန်တွင်းနိုးလာတော့မည်ကိုတော့အာရုံခံမိလေသည်။ အဘယ့်ကြောင့်ဆိုသော် ဘလူး၏ ဝိညာဉ်ခန္ဓာကိုယ်မှာ တဖြေးဖြေးဖွဲ့စည်းရင်းသန်မာလာသည်ကိုသူခံစားမိလေသည်။

တကယ်လို့ဘလူးသာနိုးလာပါက သူ့အနေဖြင့်သတ်ရခက်သွားမည်ဖြစ်လေသည်။ ဘလူးသည်အသက်ရှင်နိုင်ဖို့ဘာမဆိုလုပ်မည့်သူဖြစ်ပြီးဉာဏ်နီဉာဏ်နက်များလေသည်။ ယခုဒီလူကိုလွှတ်ပေးလိုက်ပါက ဘလူးသည်လည်းလွတ်မြောက်သွားလေမည်။

ဒါ့‌ကြောင့် ကျိုးဟောင်မှာချက်ချင်းထိုသူအားသတ်ပစ်ချင်နေလေသည်။

"ငါတို့ဒီကောင်ကိုဒီအတိုင်းထားလို့မဖြစ်ဘူး"

ကျိုးဟောင်၏သတ်ဖြတ်လိုစိတ်ကိုအာရုံခံမိသောကြောင့်အခြားသူများအားလုံးမှင်တက်သွားကြလေသည်။

"သခင်လေး တကယ်ပဲသူ့ကိုသတ်မလို့လား"

"ဟုတ်တယ်သခင်လေး တကယ်ကြီးသတ်မလို့လား။ မိုရိုမျိုးနွယ်ကလူတယောက်ကိုသတ်တာက ကောင်းတဲ့ရွေးချယ်မှုတော့မဟုတ်ဘူး"

သူတို့အားလုံးမှာ အံ့ဩတကြီးပြန်မေးနေကြလေသည်။

"ကောင်းတဲ့ရွေးချယ်မှုမဟုတ်ရင်တောင်မှ ငါတို့သူ့ကိုသတ်ရမယ်"

ကျိုးဟောင်ကခေါင်းညိတ်ပြီးပြန်ပြောလိုက်လေသည်။ဧရိယာ၁၀မှတပည့်များမှာ ထိုစကားကိုကြားပြီးနောက် ခတ္တမှင်တက်သွားကြသော်လည်း ချက်ချင်းသူတို့၏အကြည့်များမှာအေးစက်သွားလေသည်။

"သခင်လေးတကယ်သူ့ကိုသတ်ချင်တာဆိုရင်လည်းသတ်ကြတာပေါ့။ သခင်လေးက အပြစ်တခုလုပ်ထားခဲ့ပြီး မျိုးနွယ်ခေါင်းဆောင်ဆီကအဆူခံထားရတာ။ နောက်ထပ်အပြစ်တခုထပ်လုပ်မယ်ဆိုရင်အဆင်မပြေလောက်ဘူး။ ဒီကောင့်ကိုအတူတူသတ်ကြမယ်။ ဒီလိုဆို အပြစ်ပေးခံရရင်တောင်မှအတူတူခွဲဝေပြီးခံပြီး အပြစ်ဒဏ်လည်းလျော့သွားနိုင်တယ်"

သူတို့အားလုံးကရုတ်တရက်ပြောလာလေသည်။

သို့သော်ကျိုးဟောင်ကသူတို့အားလုံးအား အမှုမပတ်စေလိုသောကြောင့် တုံ့ဆိုင်းမနေဘဲ သူ့ခန္ဓာကိုလှုပ်ရှားလိုက်ကာ ချက်ချင်းတိုက်ခိုက်လိုက်လေသည်။ ကျိုးဟောင်မှာသူ၏လက်ဖဝါးဖြင့် ထိုလူ၏ငယ်ထိပ်အားရိုက်ချလိုက်လေသည်။

ထိုလူမှာချက်ချင်းသွေးပွက်ပွက်အန်လာပြီး သေဆုံးခါနီးအသွေ့အသက်များပေါ်လာလေသည်။ ထိုအခိုက်အတန့်မှာပင် ဘလူး၏ဝိညာဉ်ခန္ဓာကိုယ်မှာနိုးထလာခဲ့လေသည်။ သူနိုးနိုးချင်းသူ့ဝိညာဉ်ခန္ဓာကိုယ် ၏လက်ခံသူမှာ သေဆုံးခါနီးအခြေအနေဖြစ်နေပြီး သူပါလိုက်သေဆုံးရတော့မည်ကိုခံစားမိလိုက်လေသည်။

သူသည်ကျိုးဟောင်၏အရှိန်အဝါကိုခံစားလိုက်မိပြီးအော်ဟစ်လိုက်လေသည်။

"ကျိုးဟောင်......မင်းပဲလား"

သူဒေါသတကြီးအော်ဟစ်နေသော်လည်း အသုံးမ၀င်တော့ပေ။ ကျိုးဟောင်မှာချက်ချင်းဒုတိယလက်ဝါးချက်ကိုသုံးလိုက်ပြီးဘလူးနှင့်သူ၏လက်ခံခန္ဓာကိုယ်အားအဆုံးသတ်ပေးလိုက်လေသည်။

အားလုံးကလည်းရုတ်တရက်ကျိုးဟောင်ကတိုက်ခိုက်လိုက်သောကြောင့် မှင်တက်သွားကြပြီးမယုံကြည်နိုင်ဖြစ်နေကြလေသည်။

သူတို့အားလုံးမှာ သူတို့သခင်လေးအပြစ်ပေးမခံရ‌ စေရန်အပြစ်အားခွဲ‌ယူဖို့ဆုံးဖြတ်ထားခဲ့ကြလေသည်။ သို့သော်ကျိုးဟောင်ကဒီလိုရုတ်တရက်တိုက်ခိုက်လိုက်မည်လို့သူတို့မထင်ထားခဲ့ပေ။

ထိုအချိန်တွင် ရှေးဟောင်းခန်းမကြီးထဲ၌ မံမီကဲ့သို့ဆင်မြန်းထားသည့်လူကြီးတယောက်မှာမျက်လုံးများပွင့်လာလေသည်။ သူ၏အမူအရာမှာ မနှစ်မြို့ဖွယ်ဖြစ်နေပြီး သူ့ရှေ့တွင်ရှိနေသောဝိညာဉ်ဖန်ပုလင်းအားကြည့်ကာပြောလိုက်လေသည်။

"သေပြီ.....ဘလူးကဘယ်လိုသေသွားရတာလဲ။ ဘာလို့ဘလူးပါထပ်သေသွားရတာလဲ"

....................................................................................

အခန်း(၅၆၆)ပြီးပါပြီ။

အခန်း (၅၆၇) : မသိတတ်သောသား

ထိုလူကြီးမှာအလွန်တုန်လှုပ်နေပြီး မယုံကြည်နိုင်လောက်အောင်ဖြစ်နေလေသည်။သို့သော်သူသည်ရှေးဟောင်းအပျက်အစီးတွေထဲ မ၀င်ရောက်နိုင်သောကြောင့်ဘာတွေဖြစ်ပျက်နေသလဲမသိနိုင်ပေ။

ဒါ့အပြင်သူသည် ဘလူးနှင့်ကူရုကိုရှေးဟောင်းအပျက်အစီးပို့ပေးရန် စစ်နတ်ဘုရားအဖွဲ့အစည်းထံတောင်းဆိုခဲ့သူဖြစ်သောကြောင့် ဒီလိုဖြစ်ပျက်သွားသည့်အပေါ်သူ့အနေဖြင့် အပြစ်တင်လို့မရတော့ပေ။ ယခုဘလူးနှင့်ကူရုနှစ်ယောက်သေဆုံးသွားကိစ္စမှာလည်း စစ်နတ်ဘုရားအဖွဲ့အစည်းမှ တာ၀န်ယူပေးစရာမလိုပေ။

ဒါ့အပြင်ရှေးဟောင်းအပျက်အစီးများက အန္တရာယ်များနှင့်ပြည့်နှက်နေသောနေရာဖြစ်လေသည်။ ဒါ‌ကြောင့် သူ့အနေဖြင့်ဒေါသထွက်နေသော်လည်းဘာမှမတတ်နိုင်ပေ။

ထိုအချိန်တွင်ကျိုးဟောင်ကတော့ဘလူးအားသတ်နိုင်ခဲ့ခြင်းကြောင့် ပြုံးနေလေသည်။ သူသည်ဖြစ်လာမည့်အကျိုးဆက်များကိုကြိုတင်တွေးထားခဲ့ပြီးဖြစ်လေသည်။ သူသည်လက်ရှိတွင်အဆင့်တန်းမြင့်မျိုးရိုးဖြစ်ပြီးအလွယ်တကူမသေနိုင်သော်လည်း ဒီကိစ္စက ပြဿနာကြီးဖြစ်နိုင်လေသည်။

ဧရိယာ၆၏ဆရာဖြစ်သူမှာအလျင်အမြန်ရောက်လာခဲ့ပြီး ထိုမြင်ကွင်းကိုမြင်လိုက်သောအခါ သူ့မျက်လုံးတွင်ဒေါသရိပ်များဖြင့်ပြည့်နှက်သွားလေသည်။သူသည်၀မ်ကျို့ထျန်းအားသတ်ချင်သော်လည်း သူ မတတ်နိုင်ပေ။

၀မ်ကျို့ထျန်းမှာဧရိယာ၁၀၏ခေါင်းဆောင်သားဖြစ်သည့်အပြင် မျိုးနွယ်ခေါင်းဆောင်အစ်မ၏သွေးသားဖြစ်လေသည်။ သူအလွယ်သွားထိလို့မရသောလူစားမျိုးဖြစ်နေလေသည်။

ဒါ့အပြင်ဒီကိစ္စမှာလည်းအလွယ်တကူပြီးသွားမည့်ကိစ္စမဟုတ်သည်ကိုသူသိလေသည်။ ဒါကြောင့် သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး ထိုသတင်းအားပျံ့နှံ့စေလိုက်လေသည်။ မကြာမီပင် လူ၁၀ယောက်ရောက်ရှိလာခဲ့ပြီးထိုအထဲတွင်လီဖန်းချန်လည်းပါ၀င်လေသည်။

သူတို့အားလုံးထိုမြင်ကွင်းကိုမြင်လိုက်သောအခါ သူတို့၏အမူအရာများလုံး၀ပျက်ယွင်းသွားကြလေသည်။

" ဟမ်...အစ်မလီ အစ်ကို၀မ် ခင်ဗျားတို့သားကိုကြည့်ပါဦး။ နေ့ခင်းကြောင်တောင်ကြီးမှာတောင်မှကျုပ်တို့ရဲ့တပည့်တယောက်ကိုသတ်ခဲ့ပြီ။ ဒီအပြုအမူကမိစ္ဆာတကောင်နဲ့မခြားတော့ဘူးလေ"

မျိုးနွယ်ခေါင်းဆောင်မှာအရမ်းဒေါသထွက်နေလေသည်။ ဒီ၀မ်ကျို့ထျန်းမှာသူ၏တူဖြစ်နေသောကြောင့်သူကာကွယ်ပေးဖို့လည်းလိုအပ်လေသည်။သို့သော် ယခုကိစ္စမှာဘယ်လောက်ပြင်းထန်ကြောင်းသူတို့အားလုံးသိနေသောကြောင့် သူ့အနေဖြင့်ကာကွယ်ပေးချင်ရင်တောင်မှမဖြစ်နိုင်ပေ။

လီဖန်းချန်လည်းထိုမြင်ကွင်းကြောင့် ခဏလောက်မူးမိုက်သွားပြီး ထိတ်လန့်သွားသောကြောင့်မျက်နှာလေးဖြူဖျော့သွားလေသည်။ ခိုးယူခြင်းနှင့်သတ်ဖြတ်ခြင်းကမတူညီသောအရာနှစ်ခုဖြစ်လေသည်။

လူအားလုံးရှေ့တွင်သတ်ဖြတ်ခဲ့ခြင်းကပေါ့သေးသေးကိစ္စမဟုတ်ပေ။ သူမအနေဖြင့်ပြောစရာစကားပင်ရှာမတွေ့တော့ချေ။ ၀မ်ချန်သောင့်မှာသူ့မိန်းမပြိုလဲနေသည်ကိုဖေးမရင်း သူ၏အမူအရာမှာပျက်ယွင်းနေလေသည်။

"မျိုးနွယ်ခေါင်းဆောင် အစ်ကို၀မ် ဒီကိစ္စအတွက်ကျုပ်ဖြေရှင်းချက်လိုချင်တယ်"

ဧရိယာ၆၏ခေါင်းဆောင်က‌ ဒေါသတကြီးပြောလာခဲ့လေသည်။

"မသိတတ်တဲ့သားမိုက် တကယ်ကိုမသိတတ်တဲ့သား...."

၀မ်ချန်သောင့်ကဒေါသတကြီးအော်ဟစ်လိုက်လေသည်။ ထို့နောက်သူ၏လက်အားဝှေ့ယမ်းလိုက်သောအခါအားပြင်းသောတွန်းအားတခုက ကျိုးဟောင်အားထိမှန်သွားလေသည်။ထိုထူးဆန်းသောတွန်းအားကြောင့် ကျိုးဟောင်မှာချက်ချင်းသွေးများအန်သွားရလေသည်။

"ဒီကလေးက ၀မ်မျိုးရိုးနဲ့မသက်ဆိုင်တော့ဘူး။ပြီးတော့ကျုပ်သားလည်းမဟုတ်တော့ဘူး။ မင်းတို့ကြိုက်သလိုလုပ်ကြ သူ့ကိုသတ်ခဲ့ရင်တောင်မှကိစ္စမရှိဘူး"

၀မ်ချန်သောင့်ကရုတ်တရက်ပြောလိုက်လေသည်။ ထိုစကားကိုကြားသောအခါလီဖန်းချန်ကငိုယိုပြီး အသနားခံလာလေသည်။

" အားလုံးပဲ ကျွန်မသားလေးကိုခွင့်လွှတ်ပေးကြပါ။ ကျွန်မတောင်းပန်ပါတယ်.... ကျွန်မသားလေးက ငယ်သေးတော့ သေချာမတွေးခေါ်တတ်လို့ပါ"

၀မ်ချန်သောင့်ကတော့ သူ့မိန်းမ၏အဖြစ်ကိုကြည့်ရင်းရင်ဘတ်ထဲက တဆစ်ဆစ်အောင့်လာလေသည်။ သို့သော်ဒီအချိန်တွင် သူစကားကုန်ပြောခဲ့ပြီးဖြစ်သောကြောင့် သူ့သားအားကာကွယ်ပေးချင်ရင်တောင်မှမဖြစ်နိုင်တော့ပေ။

"အစ်ကိုကြီးနဲ့ညီနောင်တို့ ကျုပ်ဒီကိစ္စမှာ၀င်ရောက်မစွက်ဖက်တော့ပါဘူး။ ခင်ဗျားတို့သူ့ကိုကြိုက်သလိုအပြစ်ပေးပါ။ ကျုပ် ၀မ်ချန်သောင့်က ကံအကျိုးပေးမကောင်းခဲ့ဘူး။ ကျုပ်အရင် ညီနောင်တွေ အစ်မတော်တွေနဲ့အတူ တောင်တွေနဲ့မြစ်ချောင်းတွေထဲမှာတိုက်ခိုက်ခဲ့ပြီး လူတွေအများကြီးသတ်ခဲ့ဖူးတယ်။ ဒါ့ကြောင့် ကောင်းကင်ကအပြစ်ပေးတဲ့အနေနဲ့ ဒီလိုသားတယောက်ဖန်ဆင်းပေးခဲ့တာဖြစ်မယ်။ ကျုပ်တဘ၀လုံးမှာဒီသားတယောက်ပဲရှိခဲ့တာပါ။ တကယ်လို့သူသေသွားခဲ့ရင်တော့ ဒါကကျုပ်တို့ ၀မ်မိသားစုရဲ့အဆုံးသတ်လို့ပဲမှတ်ယူရမှာပေါ့"

၀မ်ချန်သောင့်ကသူ့စကားဆုံးသောအခါ လီဖန်းချန်အားခေါ်ပြီးထိုနေရာမှထွက်သွားလေသည်။

သို့သော်လည်းသူ့စကားကြောင့်အားလုံးမှာသက်ပြင်းချမိလိုက်ကြသည်။သူတို့အားလုံး ၀မ်ချန်သောင့်၏ အခက်အခဲကိုသဘောပေါက်ကြလေသည်။ ဧရိယာ၆၏ခေါင်းဆောင်မှာလည်းသက်ပြင်းချနေရုံသာတတ်နိုင်လေသည်။

သို့သော်လည်းသူ၏အရင်တုန်းကအကြောင်းများကိုအတွေးထဲပြန်ပေါ်လာလေသည်။ တိုက်ပွဲများဆင်နွှဲခဲ့စဉ်တုန်းက ၀မ်ချန်သောင့်မှာသူ၏အသက်အားကယ်ခဲ့ဖူးလေသည်။ဒါ့အပြင်အခုသေဆုံးသွားသူမှာလည်းသာမန်ကျောင်းသားတဦးသာဖြစ်ပြီး သူနှင့်ပတ်သက်မှုမရှိပေ။ ဒါ့ကြောင့်ယခုကိစ္စကိုလျော့ပေါ့ပေးဖို့ဆုံးဖြတ်လိုက်လေသည်။သိုင်းပညာရှင်တို့၏လောကမှာဒီလိုပဲအေးစက်လှပေသည်။

သူတို့အားလုံးတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးတီးတိုးတိုင်ပင်နေကြလေသည်။ သူတို့အားလုံးဆွေးနွေးပြီးနောက် တယောက်ပြီးတယောက်အလျှိုလျှိုထွက်သွားကြလေသည်။ ဧရိယာ၆၏ ခေါင်းဆောင်တယောက်သာကျန်ရစ်ခဲ့လေသည်။

"မင်းကငါ့ဧရိယာ၆ကတ‌ပည့်တယောက်ကိုသတ်ခဲ့တယ်။ ဒါကလွယ်လွယ်နဲ့ ကျော်သွားလို့ရတဲ့ကိစ္စမဟုတ်ဘူး။ဒါ့ကြောင့်မင်းငါအပြစ်ပေးတာကိုခံရမယ်"

ဧရိယာ၆၏ခေါင်းဆောင်ကပြောလာလေသည်။ထို့နောက် သူ၏လက်ကိုရုတ်တရက်ဝှေ့ယမ်းလိုက်သောအခါပြင်းထန်သောအားတခုက ကျိုးဟောင်၏ ခန္ဓာကိုယ်ရိုက်ခတ်သွားလေသည်။

ကျိုးဟောင်အနေဖြင့်ထိုတိုက်ခိုက်ချက်အားရှောင်ချိန်မရလိုက်ပေ။ ထိုလူ၏ကျင့်ကြံဆင့်မှာသူတော်စင်အဆင့်ဖြစ်‌နေသောကြောင့် သူ့အတွက်အခွင့်အရေးမရခဲ့ပေ။

ထိုလက်ဝါးရိုက်ချက်ကြောင့် ကျိုးဟောင်မှာလဲကျပြီးသတိလစ်သွားလေသည်။ ထို့နောက်သူတဖြေးဖြေးသတိရလာသောအခါ ခန်းမတခုထဲသို့ရောက်နေလေသည်။ သူ့မိဘများမှာဘေးတွင်ရှိနေပြီး သူ့အားကြည့်နေကြလေသည်။

"နိုးလာပြီလား ဘယ်လိုနေသေးလဲ"

လီဖန်းချန်မှာသူ့သားလေးနိုးလာသည်ကိုမြင်သောအခါစိုးရိမ်တကြီးမေးလိုက်လေသည်။

"ဟွန်းးး သူအဆင်ပြေမှာပါ ရှိသမျှဆေးတွေအကုန်သောက်ထားတာလေ။ သူတခုခုဖြစ်ခဲ့ရင်လည်း ဆေးတွေအကုန်ထားတဲ့ဘေးထွက်ဆိုးကျိုးပဲဖြစ်လိမ့်မယ်"

၀မ်ချန်သောင့်ကနှာခေါင်းရှုံ့ပြီးပြောလာလေသည်။ သူသည်ထိုကဲ့သို့ပြောနေသော်လည်း သူ၏စိတ်စွမ်းအားအားသုံးကာကျိုးဟောင်၏ခန္ဓာကိုယ်အားသေချာစစ်ဆေးနေလေသည်။ ဘာမှမဖြစ်တော့ဘူးဆိုသည်ကိုသိလိုက်ရမှသာစိတ်အေးသွားလေသည်။

"ဒီအဘိုးကနံပါတ်၆ကတော့ အတော်လွန်တာပဲ။ ကျွန်မတို့သားလေးကိုဒီလိုပြင်းထန်တဲ့အပြစ်မှုမျိုးလုပ်ခဲ့တာပဲ။ ဟွန်းးး အဲ့လိုမှန်းသိရင်ဟိုးအရင်တုန်းကသူ့ကိုမကယ်ခဲ့ပါဘူး"

လီဖန်းချန်က စိတ်ညစ်စွာငြီးတွားနေလေသည်။

"ကောင်းပြီး ဒီကိစ္စကပြီးသွားပြီလို့ထားလိုက်။ ကျို့ထျန်း ငါမင်းကိုမေးမယ် မင်းအမှားကဘာလဲ"

၀မ်ချန်သောင့်က ကျိုးဟောင်အားစိုက်ကြည့်ပြီးမေးလိုက်လေသည်။

ကျိုးဟောင်က အလျင်အမြန်ထပြီးခေါင်းကိုငုံ့ကာအရိုအသေပေးရင်းပြောလိုက်လေသည်။

"ဟုတ် သားအမှားကိုသားသိပါတယ်"

သူ့စကားကိုကြားသောအခါ ၀မ်ချန်သောင့်ကရုတ်တရက်ကျိုးဟောင်၏ပါးကိုရိုက်လိုက်လေသည်။

"သောက်ရေးမပါတာ ဘာလဲမင်းအမှားကပြောစမ်း...."

ထိုရိုက်ခတ်တွင် ၀မ်ချန်သောင့်မှာသူ၏ကျင့်ကြံရေးကိုထည့်မသုံးခဲ့သောကြောင့် ကျိုးဟောင်ဘာမှမခံစားရပေသည်။ သို့သော်သူ့အဖေ၏စကားကြောင့်အံ့ဩသွားလေသည်။

"အမ်.... သားလူတယောက်ကိုသတ်ခဲ့တာလေ။ အဲ့တာအမှားမဟုတ်ဘူးလား"

ကျိုးဟောင်ကဇဝေဇဝါဖြစ်သွားပြီးပြန်မေးလိုက်မိလေသည်။

"လူတယောက်ကိုသတ်တာဘာမှားလို့လဲ။ ငါဆို လူသန်းနဲ့ချီသတ်ခဲ့တာ။ ငါ့ကိုဘယ်သူအပြစ်တင်ရဲလို့လဲ"

၀မ်ချန်သောင့်ကအေးစက်စွာအော်ပြောလိုက်လေသည်။ပြီးနောက်ဆက်ပြောလာလေသည်။

"မင်းကဘာတခုမှဖြစ်ဖြစ်မြောက်မြောက်မရှိပေမဲ့ အကြမ်းဖက်တတ်တဲ့လူစားမျိုးမဟုတ်ပါဘူး။ မင်းကမင်းရဲ့အင်အားတွေကိုမိန်းမတွေနဲ့ပျော်မွေ့ဖို့ပဲသုံးနေခဲ့ပြီး ‌အော်ဟစ်တာတွေ သတ်ဖြတ်တာတွေကိုစိတ်မ၀င်စားပါဘူး။ ဒါပေမဲ့ ဒီနေ့တော့ လူအများကြီးရှေ့မှာမင်းလူတယောက်ကိုမဆင်မခြင်သတ်ဖြတ်ခဲ့တယ်။ အဲ့လိုလုပ်ရတဲ့အကြောင်းအရင်းတော့ရှိမှာပဲ ငါမမေးတော့ဘူး"

"ဘာကြောင့်လဲမေးပြီး အာရုံမနောက်ချင်ဘူး။ ငါတို့ကသိုင်းပညာရှင်တွေဖြစ်တာကြောင့်သာမန်လူတွေနဲ့မတူဘူး။ ငါတို့လူတွေသတ်ရတယ်။ အဲ့တာကဘာမှအရေးမကြီး။ ငါ့အသက်၆နှစ်တုန်းက လူတယောက်ကငါ့ကိုအနိုင်ကျင့်လို့ သူ့ကို ငါအဆိပ်ခတ်ပြီးသတ်ခဲ့ဖူးတယ်။ဒါပေမဲ့ဘယ်သူမှငါ့ကိုသံသယမ၀င်ခဲ့ဘူး။ အဲ့တော့ပြောချင်တာက လူသတ်တာကမမှားဘူးဒါပေမဲ့နောက်ဆက်တွဲတွေကိုတော့မင်းသတိမထကတော့မှားတယ်။ အဲ့တော့ငတုံးလုပ်မနေနဲ့ သဘောပေါက်လား"

၀မ်ချန်သောင့်၏စကားများကျိုးဟောင်အားမှင်တက်သွားစေလေသည်။ ဒါသည်ကအဖေတယောက်သားအားပြောသင့်သောစကားလား။

"ဘာဖြစ်တာလဲ လန့်သွားတာလား။ ကောင်စုတ်လေးမင်းကငယ်ရွယ်ပြီးအတွေ့အကြုံမရှိတာပဲ။ လူသတ်တာကပြဿနာမရှိဘူး ဒါပေမဲ့ မင်းနည်းလမ်းတွေကအမှိုက်သာသာပဲ။ မင်းနည်းလမ်းတွေက ငါ့ရဲ့တ၀က်လောက်တောင်မကောင်းဘူး။ မင်းရဲ့အဆင့်အတန်းမင်းရဲ့အရှိန်အဝါနဲ့ လူတယောက်ကိုသတ်ဖို့ကလွယ်လွယ်လေးပဲ။ ဒါပေမဲ့ မင်းအနေနဲ့ပရိယာယ်ကြွယ်ရမယ်။ ဒါကမင်းမှားခဲ့တဲ့အမှားပဲ"

"ကဲဒါဆိုမင်းဘာမှားလဲသိပြီလား"

၀မ်ချန်သောင့်ကမေးလိုက်လေသည်။ သူ့စကားများ၏အရှက်မရှိပုံကြောင့် ကျိုးဟောင်အံ့ဩနေရလေသည်။

....................................................................................

အခန်း(၅၆၇)ပြီးပါပြီ။

All Chapters