← Chapters

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 567-570

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 567-570

အခန်း (၅၆၈): ရှေးဟောင်းမျိုးရိုးကိုယ်ခန္ဓာ

ကျိုးဟောင်မှာခဏလောက်ကြောင်တောင်တောင်ဖြစ်နေလေသည်။ ထိုအမူအရာကိုမြင်သောအခါလီဖန်းချန်က ပြုံးပြီးပြောလာလေသည်။

"အရူးလေး...သားကိုမင်းအဖေကလူဘယ်လိုသတ်ရမလဲသင်ပေးနေတာလေ"

ထိုစကားကိုကြားသောအခါကျိုးဟောင်တယောက်ခေါင်းကိုက်ချင်သလိုဖြစ်သွားလေသည်။ သူ့မိဘများကသူ့အားလူသတ်နည်းသင်ပေးလိမ့်မည်လို့သူမထင်ထားခဲ့ပေ။

"ဟမ် ငါကမင်းကိုလူသတ်လို့အပြစ်ပေးလိမ့်မယ်လို့ထင်နေတာလား။ အဲကိစ္စကိုငါကစိတ်ဆိုးတယ်မင်းထင်နေတာလား။ ကျို့ထျန်း မင်းမှားနေပြီ။ မင်းလူတယောက်ကိုသတ်လိုက်တဲ့အပေါ်မှာ ငါစိတ်မဆိုးဘူး ဒါပေမဲ့ မင်းရဲ့နည်းလမ်းကမမှန်ကန်တာကြောင့်တော့စိတ်ဆိုးတယ်။ မင်းကဧရိယာ၁၀ရဲ့သခင်လေးဖြစ်နေတာကြောင့် လူတယောက်ကိုပေါ်တင်သတ်တာကအမှားပဲ။ မင်းလုပ်ချင်ရင်တိုးတိုးတိတ်တိတ်လုပ်လေ"

၀မ်ချန်သောင့်က မထူးဆန်းသည့်အမူအရာဖြင့်ပြောနေလေသည်။

ကျိုးဟောင်လည်းအခြေအနေကိုသဘောပေါက်လာခဲ့လေသည်။ ထိုအချိန်တွင်သူ့စိတ်ထဲမှအနွေးဓာတ်တခုကိုခံစားမိလိုက်လေသည်။ ဒါ့အပြင်စိတ်စွမ်းအားအတက်အကျတခုကိုလည်းခံစားလာရလေသည်။

ထိုစွမ်းအင်အတက်အကျမှာသူ၏စွမ်းအင်မဟုတ်ဘဲ ၀မ်ကျို့ထျန်း၏ဟာဖြစ်လေသည်။ ထိုစိတ်စွမ်းအင်အတက်အကျထဲတွင် မနာလိုမှု၊ ပြင်းပြသောဆန္ဒနှင့်နောင်တများပါ၀င်နေလေသည်။

ကျိုးဟောင်လည်းအံ့ဩနေရာမှ ရုတ်တရက်ဖားပြောခဲ့ဖူးသောနောင်တဆိုသည့်အကြောင်းကိုပြန်သတိရသွားလေသည်။

၀မ်ကျို့ထျန်းကိုယ်ထဲမှ ကျိုးဟောင်မှာ ၀မ်ချန်သောင့်နှင့် လီဖန်းချန်အားငေးကြည့်ရင်းသူ၏မိဘအရင်းများလို့တောင်ခံစားမိလာလေသည်။ဒါသည်စိတ်ဝိညာဉ်လောကထဲတွင်ဖြစ်ကြောင်းကျိုးဟောင်သိသော်လည်း နွေးထွေးမှုကိုခံစားရပေသည်။ထို့ကြောင့်ကျိုးဟောင်လည်းပြုံးပြီးစိတ်ထဲကပြောလိုက်လေသည်။

" ငါမင်းရဲ့နောင်တရစရာကိစ္စကိုကူညီဖြည့်ဆည်းပေးမယ်"

"အဖေနဲ့ အမေ သားမှားမှန်းသိပါပြီ။ ကျွန်တော့်အမှားကိုသိရုံသာမက ကျွန်တော့်နည်းလမ်းတွေကမှားမှန်းလည်းသိပါပြီ။ သူ့ကိုသားကိုယ်တိုင်သတ်လိုက်တာကမှားယွင်းပါတယ်"

ကျိုးဟောင်၏စကားကိုကြားသောအခါ ၀မ်ချန်သောင့်နှင့်လီဖန်းချန်တို့မှာ တယောက်ကိုတယောက်ကြည့်မိလိုက်ကြပြီး မျက်လုံးထဲတွင်ပျော်ရွှင်မှုများပြည့်နှက်သွားကြလေသည်။

" အို ငါ့သားကမဆိုးဘူးပဲ ကဲဆက်ပြောပါဦး"

လီဖန်းချန်က သူ့သားအားချစ်မြတ်နိုးစွာကြည့်ပြီးပြောလိုက်လေသည်။

"တကယ်တော့သူ့ကိုသတ်ဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ သူမက ဧရိယာခြောက်ရဲ့သာမန်တပည့်တဦးပါ။ သူ့မှာအရည်အချင်းရှိပေမဲ့ သာမန်ပါပဲ။ သူသေလို့ မျိုးနွယ်အပေါ်ဘာမှမထိခိုက်စေပါဘူး။ သူ့ကိုသတ်ဖို့ နည်းလမ်းတွေအများကြီးရှိတယ်။ဥပမာ သူလေ့ကျင့်ပြီးပြန်လာတဲ့အချိန်လူဌားပြီးလုပ်ကြံခိုင်းတာမျိုးလုပ်လို့ရပါတယ်။ အလွယ်ဆုံးနည်းလမ်းကတော့ အဖေ့ဆီက အကူအညီတောင်းလိုက်တာမျိုးပေါ့။ ဧရိယာ၁၀ရဲ့ သခင်တယောက်ဖြစ်တဲ့အဖေ့အတွက် သူ့ကိုသတ်ဖို့ကမခက်ပါဘူး"

သူ့စကားကြောင့် လီဖန်းချန်နှင့် ကျိုးချန်သောင့်တို့နှစ်ယောက်လုံးပြုံးသွားကြလေသည်။

"ဟားဟားဟား မဆိုးဘူး ငါ့သားကထက်မြက်သားပဲ"

၀မ်ချန်သောင့်ကပြောပြီးနောက် သူ့လက်ကိုဝှေ့ယမ်းလိုက်လေသည်။ စွမ်းအားတခုကသူ့တကိုယ်လုံးအားလွှမ်းခြုံသွားပြီး ချက်ချင်းဒဏ်ရာများကိုပျောက်ကင်းသွားစေလေသည်။ ထို့နောက်၀မ်ချန်သောင့်က သူ့လက်ထဲမှခေါင်းလောင်းလေးတခုကိုထုတ်ပြလာလေသည်။ ပြီးနောက် ထိုခေါင်းလောင်းလေးကျိုးဟောင်ဆီသို့ပစ်ပေးလိုက်လေသည်။

"ဒါကအဖေ့ရဲ့မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ပစ္စည်းပဲ ခြောက်သွေ့သောခေါင်းလောင်းလို့ခေါ်တယ်။ အဲ့ခေါင်းလောင်းကို ပင်လယ်ရဲ့အနက်ရှိုင်းဆုံးနေရာကရတဲ့ သတ္တုနဲ့တည်ဆောက်ထားပြီး အထဲမှာလည်း ဖွဲ့စည်းတည်ဆောက်ပုံ၈၁ခုတောင်ရှိတယ်။အဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေကလည်းရှေးဟောင်းမျိုးနွယ်တခုရဲ့လက်ရာတွေပဲ။ တကယ်တော့ ဒီခေါင်းလောင်းကအဖေ့ရဲ့ဝှက်ဖဲပဲ။ ခုနကငါမင်းကိုငါ့စွမ်းအင်အနှစ်သာရတဲ့ ၃ပုံ၁ပုံကိုပေးခဲ့တာဖြစ်ပြီး အဲ့တာကသူတော်စင်အဆင့်ပညာရှင်တယောက်က အားကုန်သုံးပြီးတိုက်ခိုက်လာရင်တောင်ခုခံနိုင်တယ်။ဒီခေါင်းလောင်းကမင်းရဲ့အသက်နဲ့ချိတ်ဆက်နေမှာဖြစ်ပြီး မင်းအသက်ရှင်နေသရွေ့ဒီပစ္စည်းက တည်ရှိနေမှာပဲ။ အခုဒီပစ္စည်းကိုမင်းပိုင်သွားပြီ"

"အခုငါ့သားအနေနဲ့ တစုံတယောက်ကိုသတ်ချင်ရင်အားအရမ်းစိုက်ထုတ်နေစရာမလိုတော့ဘူး။ ဒီပစ္စည်းနဲ့ဆိုရင် မင်း၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်နဲ့တောင်ယှဉ်တိုက်နိုင်တယ်"

၀မ်ချန်သောင့်၏စကားဆုံးသည်နှင့် ခေါင်းလောင်းမှာကျိုးဟောင်၏ကိုယ်ရေးအချက်အလက်များနှင့်ပေါင်းစည်းသွားပြီး ကျိုးဟောင်၏ရတနာတခုဖြစ်လာလေသည်။

ကျိုးဟောင်မှာ ရင်ထဲခံစားသွားရသော်လည်း သူသည်စိတ်လောကထဲရောက်နေခြင်းဖြစ်သောကြောင့်ထိုပစ္စည်းကို ပြင်ပလောကတွင်အသုံးမချနိုင်ပေ။ ဒါ့ကြောင့်သူ့အား ကျင့်ကြံရေးသိုင်းတခုခုသင်ပေးခြင်းကပိုကောင်းမည်လို့တွေးနေမိလေသည်။

"အမ် မင်းကြည့်ရတာ သိပ်မကျေနပ်သေးတဲ့ပုံပဲ"

၀မ်ချန်သောင့်ကပြုံးပြီးပြောလာလေသည်။

"ဟီး.... ဒီပစ္စည်းကအရမ်းကိုကောင်းပါတယ် ဒါပေမဲ့ အဖေ သားကို ကျင့်စဉ်တွေသင်ပေးလို့ရမလား။ သားသင်ယူလေ့လာချင်လို့ပါ"

ကျိုးဟောင်ကစပ်ဖြဲဖြဲလုပ်ရင်းပြောလိုက်လေသည်။ သူ့စကားကြောင့် ၀မ်ချန်သောင့်မှာအော်ရယ်မိသွားလေသည်။

"ငါ့သားကြိုးစားချင်စိတ်ရှိတဲ့အချိန်ကတကယ်ရှားတာပဲ။ အရင်တုန်း ငါမင်းကို ကျင့်စဉ်တွေသင်ပေးမယ်ပြောတုန်းကတော့ ငါ့စကားကိုနားမထောင်ခဲ့ဘူး။ အခုတော့ သင်ချင်စိတ်ရှိလာပြီပေါ့။ ကောင်းပြီ ငါကအဖေတယောက်နဲ့လည်းမင်းကိုသင်ပေးဖို့တာ၀န်ရှိတယ်"

၀မ်ချန်သောင့်ကပြောပြီးနောက်သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ ရှေးဟောင်းစာလိပ်တခုပေါ်လာလေသည်။

"ဒီစာလိပ်ထဲမှာရှေးဟောင်းကျင့်စဉ် ၈၁ခုပါတယ်။အဲ့ကျင့်စဉ်၈၁ခုကိုအထင်မသေးနဲ့ ။ တကယ်လို့အဲ့တာတွေအကုန်လုံးကိုသာမင်းကျွမ်းကျင်သွားရင် ငါတောင် မင်းကိုယှဉ်နိုင်မှာမဟုတ်ဘူး"

၀မ်ချန်သောင့်ကပြုံးပြီးပြောလိုက်လေသည်။

ကျိုးဟောင်လည်း ထိုစာလိပ်ကိုကြည့်ကာ ပျော်သွားလေသည်။ သို့သော် ခဏလောက်စဉ်းစားနေခဲ့ပြီးမှပြောလိုက်လေသည်။

" အဖေ သားတို့မိုရိုပညာရှင်တွေက စိတ်စွမ်းအားကြီးကြပေမဲ့ ခန္ဓာကိုယ်တွေကတော့ အားနည်းကြတယ်။ ဒါပေမဲ့သားက စိတ်ကောခန္ဓာကိုယ်ရောကိုပါ သန်မာအောင်ကျင့်ချင်တယ်။ အဲ့တာအဖေ့မှာများ သားလေ့လာနိုင်မယ့်ခန္ဓာကိုယ်ပုံသွင်းတဲ့ကျင့်စဉ်လေးများရှိမလား"

ကျိုးဟောင်ကပြုံးပြီးမေးလိုက်လေသည်။ အဖေတယောက်အနေနှင့် သူ့သားအတွက် အကောင်းဆုံးဖြစ်စေချင်သည့်စိတ်ကိုကျိုးဟောင်သိလေသည်။

"ခန္ဓာကိုယ်ပုံသွင်းတဲ့ကျင့်စဉ်လား"

၀မ်ချန်သောင့်လည်းခေတ္တမှင်သက်သွားလေသည်။

"ဟုတ်တယ်အဖေ သားလေ့လာချင်လို့ပါ"

ကျိုးဟောင်ကအလျင်အမြန်ပြန်ပြောလိုက်လေသည်။

"ခန္ဓာကိုယ်ပုံသွင်းတဲ့ကျင့်စဉ်တွေက နည်းနည်းခက်တယ်။ ငါတို့မိုရိုမျိုးနွယ်တွေဆီမှာလား ခန္ဓာကိုယ်ပုံသွင်းတဲ့ကျင့်စဉ်တွေသိပ်မရှိဘူး။ အဲ့တာတွေသိပ်အကျိုးမရှိတာကြောင့်ပဲ။ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာအသန်မာဆုံးကိုယ်ခန္ဓာကတော့ရှေးဟောင်းမျိုးရိုးကိုယ်ခန္ဓာပဲ"

၀မ်ချန်သောင့်က တည်ကြည်သောအမူအရာဖြင့်ပြောလိုက်လေသည်။

"သိုင်းပညာရှင်တွေအတွက် ကိုယ်ခန္ဓာသိုင်းကထောင်နဲ့ချီရှိတယ် ဥပမာပြောရရင် ခွန်အားတိုးပွားစေတဲ့ကိုယ်ခန္ဓာသိုင်းတို့၊ အမြန်နှုန်းကိုတိုးမြှင့်ပေးတဲ့ကိုယ်ခန္ဓာတို့၊ ဒြပ်စင်တွေအားလုံးကိုထိန်းချုပ်စေခိုင်းနိုင်တဲ သွေးမိုးသစ်တောခန္ဓာသိုင်းတို့ဆိုပြီးများစွာရှိတယ်။ ဒါပေမဲ့ အဲ့တာတွေအကုန်လုံးကရှေးဟောင်းမျိုးရိုးကိုယ်ခန္ဓာသိုင်းကနေဆင်းသက်လာတာတွေပဲ"

"ရှေးဟောင်းမျိုးရိုးခန္ဓာကိုယ်သိုင်းက ဒီမရေမတွင်နိုင်အောင်များတဲ့ကိုယ်ခန္ဓာသိုင်းတွေရဲ့ အရင်းအမြစ်ပဲ။ အဲ့တော့ မင်းအဲ့ရှေးဟောင်းမျိုးရိုးခန္ဓာကိုယ်သိုင်းကိုကျွမ်းရင် ဒီစကြာ၀ဠာမှာအသန်မာဆုံးဆိုတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ပြီပဲ"

ထိုစကားကြောင့်ကျိုးဟောင်၏မျက်လုံးမှာအရောင်တောက်သွားလေသည်။ သူ့တွင် ရှေးဟောင်းကျောက်စာသိုင်း နှင့် စွမ်းအားမြင့်စိတ်စွမ်းအင်ရှိနေသော်လည်း သူ့ခန္ဓာကိုယ်အားကျင့်ကြံချင်သေးလေသည်။

လက်ရှိအချိန်တွင် ကိုယ်ကာယခွန်အားကဘယ်လောက်အရေးပါကြောင်းကျိုးဟောင်သိလေသည်။ ပြောင်းလဲခြင်းကိုးသွယ်ခန္ဓာနှင့် နတ်ဘုရားသတ်သိုင်းတို့က သူ့ခန္ဓာကိုယ်နှင့်ခွန်အားအား တိုးမြှင့်ပေးနေပြီး အဆင့်တူသည့်သိုင်းပညာရှင်ကိုတောင် လက်သီးတချက်တည်းဖြင့်အနိုင်ယူနိုင်လေသည်။ တကယ်လို့ သူသာ "ရှေးဟရှေးဟောင်းမျိုးရိုးကိုယ်ခန္ဓာသိုင်းအား ကျွမ်းကျင်သွားပါက ပို၍ပြည့်စုံသွားမည်ဖြစ်လေသည်။

"အဖေ သား အဲ့တာကိုလေ့လာချင်တယ် ကျေးဇူးပြုပြီးသင်ပေးပါလား"

ကျိုးဟောင်ကစိတ်လှုပ်တရှားပြောလာလေသည်။၀မ်ချန်သောင့်လည်း ရုတ်တရက်ဘာပြန်ပြောရမှန်းမသိဖြစ်သွားလေသည်။

"အဲ့တာကမင်းသင်ချင်တိုင်းသင်လို့ရမယ်ထင်နေတာလား။ အဲ့သိုင်းက ထာ၀ရအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာထွင်းထုထားတဲ့ သိုင်းကိုးခုထဲကတခုပဲ။ မင်းမှာအင်အားကြီးတဲ့အဖေရှိတယ်ဆိုတိုင်းရနိုင်မယ်ထင်နေတာလား။ အဲ့တာ ဝိညာဉ်ကျောက်မျက်ကိုသိမ်းထားတဲ့ ကောင်းကင်မျှော်စင်ထဲမှာရှိတာ။ အဲ့တာက ၁၀ထပ်မြောက်မှာရှိပြီး လွယ်လွယ်နဲ့ရနိုင်မယ်ထင်နေတာလား"

ထိုစကားကိုကြားသော်လည်းကျိုးဟောင်မှာစိတ်မပျက်သွားခဲ့ပေ။ သူသည်ကောင်းကင်မျှော်စင်သို့သွားလည်ရန်ရည်ရွယ်ထားပြီး သူ၀င်ခွင့်ရနေသရွေ့ ဝိညာဉ်ကျောက်မျက်နှင့်ထာ၀ရအထိမ်းအမှတ်ကျောက်စာတိုင်ကိုရယူနိုင်လေသည်။

....................................................................................

အခန်း(၅၆၈)ပြီးပါပြီ။

အခန်း (၅၆၉) : စုရှောင်းယွီ

ကျိုးဟောင်၏စိတ်အားထက်သန်မှုကိုကြည့်ပြီး ၀မ်ချန်သောင့်မှာ ထိုစိတ်အားထက်သန်မှုအားမယုတ်လျော့သွားစေလိုပေ။ ထို့ကြောင့် သူခဏလောက်သေချာစဉ်းစားလိုက်ပြီးနောက်ပြောလိုက်လေသည်။

"မင်းဒီလောက်လေ့လာချင်နေမှတော့ ငါနည်းလမ်းရှာကြည့်ပေးမယ်။အခုတော့ဒီကျင့်စဉ်၈၁ခုကိုပဲအရင်ကျင့်ထားဦး"

"ဟုတ်ကဲ့ပါအဖေ စိတ်မပူပါနဲ့လေ့ကျင့်ထားပါ့မယ်"

ကျိုးဟောင်ကသူ့အားအဖေလို့ဆက်တိုက်ခေါ်နေခြင်းက၀မ်ချန်သောင့်အားစိတ်ချမ်းမြေ့စေလေသည်။

"ကောင်းပြီ ဒီရက်ပိုင်းခဏလောက်ငြိမ်နေလိုက်ဦး နားလည်လား"

ကျိုးဟောင်ကပုတ်သင်ညိုတကောင်ကဲ့သို့ခေါင်းညိတ်ပြနေလေသည်။

"ကောင်းပြီ အခုမင်းသွားလို့ရပြီ"

ကျိုးဟောင်လည်း လီဖန်းချန်နှင့် ၀မ်ချန်သောင့်တို့အားအရိုအသေပေးပြီးထွက်သွားလေသည်။ ကျိုးဟောင်ထွက်သွားသောအခါ သူတို့နှစ်ယောက်မှာတယောက်ကိုတယောက်ကြည့်ရင်းပြုံးနေကြလေသည်။

သူတို့သားအဖနှစ်ယောက်ယခုလိုစကားကောင်းကောင်းမပြောဖြစ်သည်မှာကြာပြီဖြစ်သောကြောင့်လီဖန်ချန်းတယောက်ယခုအခြေအနေကိုကျေနပ်နေလေသည်။

"ငါတို့သားကြည့်ရတာပြောင်းလဲသွားသလိုပဲ...."

၀မ်ချန်သောင့်က‌ဖြေးညှင်းစွာပြောလိုက်လေသည်။

"ပြောင်းလဲသွားတယ်..... ဒါပေမဲ့အဲ့တာကကောင်းတဲ့ပြောင်းလဲခြင်းမဟုတ်ဘူးလား"

လီဖန်းချန်က‌မျက်စောင်းလေးထိုးပြီးပြန်မေးလိုက်လေသည်။

"ဒါပေါ့ကောင်းတာပေါ့။ ဒါပေမဲ့ သူ့အမူအကျင့်တွေသိသိသာသာပြောင်းလဲသွားတယ်လို့ငါခံစားနေရတယ်။ သူ့ရဲ့စွမ်းအင်အနှစ်သာရကိုငါအာရုံခံလို့ရနေလို့ပေါ့ မဟုတ်ရင် မျိုးနွယ်‌ခြားတွေက သူ့ခန္ဓာကိုယ်ကို၀င်ပူးထားတယ်ထင်မိမှာ"

၀မ်ချန်သောင့်ကပြုံးပြီးပြောလာလေသည်။

"ဘာ ရှင်က ရှင့်သားရဲ့စိတ်စွမ်းအားကိုစစ်ဆေးခဲ့သေးတာလား"

လီဖန်းချန်က ချက်ချင်း‌ပြန်မေးလိုက်လေသည်။

"အမ် ပြောရရင် ငါနဲ့သူကတချိန်လုံးရန်ဖြစ်နေတာလေ။ ဒါပေမဲ့ ဒီတခေါက်သူပြန်လာတော့ သူ့အကျင့်တွေပိုကောင်းလာတယ်လို့ခံစားမိတယ်။ ဒါ့ကြောင့် ထူးဆန်းတာနဲ့ ငါလည်းစစ်ဆေးကြည့်ခဲ့တာ"

၀မ်ချန်သောင့်ကပြန်ပြောပြလေသည်။သို့သော်သူမျက်မှောင်ကြုတ်ပြီး တခုခုကိုစဉ်းစားနေလေသည်။ သူ့သားနှင့်တူညီသောစိတ်စွမ်းအားရှိသော်လည်း တခုခုထူးဆန်းနေသလိုသူခံစားနေရလေသည်။

"ထားလိုက်ပါ ရှင်ကလည်းအရမ်းတွေးမနေပါနဲ့ ကျွန်မတို့သားလေးရင့်ကျက်လာတာပါ"

လီဖန်းချန်ကကျေနပ်နေသောအမူအရာလေးဖြင့်နှစ်သိမ့်လေသည်။

"ဟူး...မိုရိုမျိုးနွယ်ကအပြောင်းအလဲတွေအများကြီးနဲ့ကြုံတွေ့နေရပြီ။ စီနီယာဟွမ်ထွက်သွားပြီးကတည်းက ဒီလောက ချိတ်ပိတ်ခြင်းခံခဲ့ရတယ်။ငါတို့အနေနဲ့ တခြားကမ္ဘာလောကကိုဖောက်ထွက်နိုင်ဖို့မတတ်နိုင်ဘူးဖြစ်နေတယ်။ ငါ့ရဲ့သွေးအနှစ်သာရတွေကုန်ခမ်းလာပြီး အိုမင်းလာမယ့်အချိန်ရောက်လာဖို့ကသိပ်မလိုတော့ဘူး။ အဲ့လိုဖြစ်လာတဲ့အခါကျရင် ငါလက်မလွှတ်နိုင်တဲ့တခုသောအရာက ငါ့သားလေးပဲ"

၀မ်ချန်သောင့်၏စကားကိုကြားသောအခါ လီဖန်းချန်လည်းအတူတူပဲခံစားရလေသည်။

"ဒါဆိုရှင်က သားကို ထာ၀ရအမှတ်တရကျောက်တိုင်မှာရှိတဲ့ရှေးဟောင်းမျိုးရိုးကိုယ်ခန္ဓာသိုင်းကိုရယူနိုင်ဖို့ကူညီပေးမလို့လား။ ရှင်သိပါတယ်...အဲ့...အဲ့အရာက...."

လီဖန်းချန်က သူ့ယောကျာ်းအကြောင်းသေချာသိသူဖြစ်သောကြောင့် သူ့ယောကျာ်းဘာတွေးနေသလဲသေချာသိလေသည်။

"ငါသိပါတယ်.... ဒါကငါသေတာနည်းနည်းစောသွားရုံလေးပါ။ စိတ်မပူပါနဲ့ ငါအရင်ကတည်းက ပြင်ဆင်ပြီးသားပါ။ ငါတို့သားလေးထာ၀ရအသက်ရှင်သွားနိုင်ဖို့အတွက်ငါတို့အဲ့အစီအစဉ်ကိုစလုပ်ရမယ်"

၀မ်ချန်သောင့်စကားဆုံးသောအခါ လီဖန်းချန်ကလည်းခေါင်းညိတ်လိုက်ပြီး သူ့ခင်ပွန်း၏ပုခုံးပေါ်တွင်ညှင်သာစွာမှီနေလိုက်လေသည်။

"ငါတို့သားရဲ့ကံကြမ္မာအတွက်ငါတို့အတူလုပ်ကြတာပေါ့။ စိတ်မပူပါနဲ့ ကျွန်မတို့သားလေးကကြီးပြင်းလာပါပြီ။ သူဒီလောကထဲမှာတယောက်ထဲနေနိုင်ပြီလို့ကျွန်မစိတ်ချသွားပါပြီ။ ဒါပေမဲ့ရှင့်ကိုတော့စိတ်ပူသေးတယ်သိလား အဲ့ဒါကြောင့်ရှင်ဘယ်သွားသွားကျွန်မလိုက်မယ်"

လီဖန်းချန်၏စကားကြောင့် ၀မ်ချန်သောင့်မှာ ရင်ထဲခံစားသွားရလေသည်။ ထို့နောက်သူ့မိန်းမအား တင်းကျပ်စွာဖက်ထားလိုက်လေသည်။

ကျိုးဟောင်ကတော့ခန်းမထဲမှစိတ်လှုပ်ရှားစွာထွက်လာခဲ့လေသည်။ သူသည်ရှေးဟောင်းကျင့်စဉ်၈၁တခုအားရရှိပြီး ထိုကျင့်စဉ်များမှာ အရမ်းအစွမ်းထက်ကြောင်းသူ‌သိလေသည်။

ထို့ကြောင့် အချိန်ဆွဲမနေဘဲချက်ချင်းသူ့အခန်းအားပြန်ပြီး ထိုကျင့်စဉ်များအားမှတ်မိနိုင်ဖို့ကြိုးစားနေလေသည်။သူ့အ‌နေဖြင့်ထိုကျင့်စဉ်များကိုအကုန်သေချာမှတ်မိနေပါက ‌အနာဂတ်တွင်အသုံးချနိုင်သလို ပြန်လည်မျှဝေလို့လည်းရလေသည်။

သူသည်စိတ်လောကထဲတွင်ရှိနေသောကြောင့် ဒီပစ္စည်းများအားအပြင်သို့ပြန်သယ်သွားလို့မရပေ။ သူ့အနေဖြင့်မှတ်ထားလို့သာရလေသည်။ ကျိုးဟောင်မှာ ၂ရက်လုံး အခန်းထဲကမထွက်ဘဲ ထိုကျင့်စဉ်၈၁ခုလုံးအားမှတ်သားနေပြီး ကောင်းမွန်စွာနားလည်နေပြီဖြစ်လေသည်။

"ဟဲဟဲ ကျင့်စဉ်၈၁တော့ရပြီ ငါလက်ဗလာနဲ့ပြန်သွာူရတာမျိုးမဖြစ်တော့ဘူး။ ဒါပေမဲ့ ရှေးဟောင်းမျိုးရိုးကိုယ်ခန္ဓာကိုရရင်တော့ အကောင်းဆုံးပေါ့။

"ဒီစိတ်လောကရဲ့အကဲဖြတ်စစ်ဆေးတာကဘာပါလိမ့်။ ငါဘယ်လိုပြန်နိုးလာအောင်လုပ်ရမှာလဲ"

ကျိုးဟောင်ကဒီစိတ်လောကထဲကိုမ၀င်ခင်တုန်းကဒီလောကရဲ့အကြောင်းအနည်းငယ်သာသိလေသည်။သို့သော်သူ၀င်နိုင်ဖို့ကိုသာအာရုံစိုက်ထားခဲ့လေသည်။ ယခု၀င်ရောက်သွားနိုင်သောအခါ ဒီလောက၏စည်းမျဉ်းများသိဖို့လိုလာလေသည်။

ထိုသို့တွေးမိပြီးနောက် သူလှုပ်ရှားလာခဲ့ပြီး သူနဲ့ရင်းနှီးသောသူများအားရှာရန်ထွက်လာခဲ့လေသည်။

ဒီလောကထဲရောက်လာကတည်း လူတိုင်း၏ကျင့်ကြံဆင့်များနှင့်စိတ်စွမ်းအားများကမတူညီကြတော့ပေ။ သူတို့နိုးထလာသည့်အချိန်များမှာလည်းမတူညီကြပေ။ ဘာကြောင့်သူတယောက်ထဲအရင်ဆုံးနိုးလာရသလဲဆိုသည်ကိုကျိုးဟောင်သေချာမသိပေ။၀မ်ကျို့ထျန်းကြောင့်များဖြစ်လေသလား။

ကျိုးဟောင်မှာအများကြီးတွေးမနေဘဲ လေထဲမျောလွင့်နေလိုက်လေသည်။ အချိန်တခုလောက်သူလှည့်ပတ်ရှာနေသော်လည်း သူနှင့်ရင်းနှီးသည့်သူတယောက်မှမတွေ့သေးပေ။ သူပြန်ဖို့ပြင်လိုက်ချိန်တွင် ယောကျာ်းတယောက်နှင့်ရန်ဖြစ်နေသော ချပ်၀တ်အဖြူနှင့်အမျိုးသမီးတယောက်ကိုတွေ့လိုက်လေသည်။ထိုအမျိုးသမီး၏သိုင်းပညာမှာ အရမ်းမသန်မာဘဲ သနားစရာကောင်းအောင်ထိုယောကျာ်းဆီမှအရိုက်ခံနေရလေသည်။

ကျိုးဟောင်မှာသေချာကြည့်လိုက်သောအခါ မှင်တက်သွားလေသည်။

"စုရှောင်းယွီ..."

သူ့ခန္ဓာကိုယ်မှာချက်ချင်းရွေ့လျားသွားပြီးထိုအမျိုးသမီးရှေ့တွင်သွားရပ်လိုက်လေသည်။ ထိုလုပ်ရပ်ကအားလုံးကိုအံ့အားသင့်သွားစေလေသည်။ဒီနေရာသည်သာမန်တိုက်ခိုက်ရေးပြိုင်ကွင်းဖြစ်ပြီး ဒီနေရာမှ တပည့်များမှာလည်း အဆင့်နိမ့်ကြသူများဖြစ်လေသည်။

ကျိုးဟောင်က ထိပ်ဆုံး၁၀ယောက်ထဲရှိသည့်အဓိကတပည့်ဖြစ်ပြီး ဧရိယာ၁၀၏သခင်လေးလည်းဖြစ်လေသည်။ ထိုအဆင့်အတန်းကသူတို့အတွက်အရမ်းမြင့်မား‌ပြီး အားလုံးမှင်တက်နေကြလေသည်။

ကျိုးဟောင်ကဘာမှပြောမနေဘဲ အဖြူရောင်ချပ်၀တ်နှင့်အမျိုးသမီးလေးကိုသာကြည့်လိုက်လေသည်။ သူမ၏အမူအရာမှာချက်ချင်းပြောင်းလဲသွားပြီး ၀မ်ကျို့ထျန်း၏အကြောင်းကိုသေချာသိသောကြောင့် သတိကြီးစွာဖြင့်နောက်သို့ဆုတ်သွားလေသည်။

ကျိုးဟောင်ကပြုံးကာ ခေါင်းသာခါမိနေလေသည်။ဒီ၀မ်ကျို့ထျန်း၏ဂုဏ်သတင်းကတကယ်ကိုညှိုးနွမ်းနေလေသည်။ သူ့ကိုတွေ့သည့်အမျိုးသမီး‌တိုင်းကထိုကဲ့သို့အမူအရာဖြစ်သွားရလေသည်။

စုရှောင်းယွီမကြာမီနိုးလာတော့မည်ကိုသိသောကြောင့် အချိန်ဆွဲမနေတော့ဘဲ သူ့လက်ကိုဝှေ့ယမ်းကာထိုအမျိုးအမီးလေးအားချုပ်ထားလိုက်လေသည်။ လာရောက်ဟန့်တားသည့်လူကိုလည်းမထူးဆန်းသလိုအမူအရာဖြင့်ပြောလိုက်လေသည်။

"ဧရိယာ၁၀မှာ အမျိုးသမီးတပည့်တွေရှားပါးနေလို့ ဒီမိန်းကလေးကို ငါခေါ်သွားမယ်"

ထိုသို့ပြောပြီးနောက် ကျိုးဟောင်ကထွက်သွားလေသည်။

"သခင်လေးကတော့ သခင်လေးပဲ။ တကယ်ကိုအနားမယူဘူး။ သူကသွေးအန်ပြီးမေ့မြောအောင်အရိုက်ခံထားရတာတောင်မှသတိပြန်ရတာနဲ့ မိန်းမလာရှာတော့တာပဲ"

"သခင်လေးကအဲ့လိုပဲလေ။ မိန်းမမကြိုက်တဲ့ယောကျာ်းဆိုတာရောရှိလို့လား။ ဒါပေမဲ့ဒီတခေါက်သခင်လေးအကြိုက်ကတော့နည်းနည်းဆိုးတယ်။ ဒီမိန်းကလေးကလှပေမဲ့ အမူအကျင့်ကရိုင်းစိုင်းတယ်။ ပုံမှန်ဆို သခင်လေးကသူ့ကိုချဉ်းကပ်လာတဲ့ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေကိုပဲကြိုက်တာမှတ်လား"

ကျိုးဟောင်ထိုမိန်းကလေးအားသယ်ပြီးထွက်သွားသောအခါ အားလုံးက တယောက်‌တပေါက်ပြောနေကြလေသည်။

ဒါမျိုးခဏခဏကြုံဖူးနေသောသူတို့အတွက် ဒီကိစ္စကသူတို့အတွက်မထူးဆန်းတော့ပေ။ သို့သော်ဒီ‌တခေါက်အပြောင်းအလဲလေးဖြစ်သွားသောကြောင့်သူတို့ပဟေဠိဖြစ်နေကြလေသည်။

....................................................................................

အခန်း(၅၆၉)ပြီးပါပြီ။

အခန်း (၅၇၀) : နားလည်မှုလွဲခြင်း

ထိုအမျိုးသမီးလေး၏အမူအရာမှာလုံး၀ကိုအံ့ဩမှင်တက်နေလေသည်။ အေးစက်သောလေပြင်းကြောင့် သူမမှာအသိပြန်၀င်လာခဲ့ပြီး စတင်ရုန်းကန်လာလေသည်။

"ကျွန်မကိုအမြန်လွှတ်စမ်း....လွှတ်စမ်းလို့"

ထိုအမျိုးသမီးလေးမှာ အကြောင်အကန်ရုန်းနေပြီး သူမ၏မျက်နှာလေးမှာလည်း ထိတ်လန့်မှုကြောင့်တုန်ရီနေလေသည်။သူမမှာရုန်းကန်နေသော်လည်း အင်အားတော့သိပ်မရှိပေ။ ကျိုးဟောင်ကတင်းကျပ်စွာဖက်ထားသောကြောင့် ရုန်းကန်နိုင်စွမ်းမရှိပေ။

"အရမ်းမကြောက်ပါနဲ့"

ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။စုရှောင်းယွီ၏စိတ်ဝိညာဉ်မှာလည်း နိုးထခါနီးဖြစ်နေလေသည်။သူမ နိုးထလာချိန်တွင်လည်းသူဘယ်သူလဲမသိနိုင်သောကြောင့် စိုးရိမ်နေနိုင်လေသည်။

"ကျွန်မကိုအနိုင်မကျင့်ပါနဲ့။ ရှင်ကအဓိကတပည့်တဦးလေ ရှင်ကျွန်မကိုတခုခုလုပ်လိုက်ရင်တခြားတပည့်တွေက ဘယ်လိုတွေးကြမလဲဆိုတာ ရှင်စဉ်းစားဦး"

ထိုအမျိုးသမီးမှာပြောဆိုရင်း အတင်းရုန်းကန်နေလေသည်။

"စိတ်မပူပါနဲ့ ငါမင်းကိုဘာမှမလုပ်ပါဘူး။ တကယ်လို့ငါမင်းကိုတခုခုလုပ်လိုက်ရင်တောင်မှာ မင်းအနေနဲ့ခုခံဖို့မဖြစ်နိုင်ဘူးမှတ်လား"

ကျိုးဟောင်ကထိုအမျိုးသမီးလေးကာ တမင်စိုက်ကြည့်ကာ စနောက်ပြီးပြောလိုက်လေသည်။

"ရှင်....."

ထိုစကားကိုကြားသောအခါ အမျိုးသမီးလေးမှာကျောက်ရုပ်ပမာမှင်တက်သွားလေသည်။ ကျိုးဟောင်၏စကားမှာတကယ့်မနှစ်မြို့ဖွယ်ကောင်းသော်လည်း အကျိုးအကြောင်းဆီလျော်မှုရှိလေသည်။

တကယ်လည်းကျိုးဟောင်အနေဖြင့်သူမအားတခုခုလုပ်ခဲ့ပါကသူမ ဘာမှမတတ်နိုင်ပေ။ လက်ရှိကျိုးဟောင်၏အဆင့်အတန်းမှာ ထိပ်တန်းအဆင့်တွင်ရှိပြီး သူမအား အရုပ်ကလေးတရုပ်သဖွယ်ဆက်ဆံရင်တောင်မှ သူမအနေဖြင့်ဘာမှဆင်ခြေပေးနိုင်စွမ်းမရှိပေ။ ဒါ့အပြင် တညတာအပျော်ဆက်ဆံခဲ့ရင်တောင်မှ သူမ ငြင်းဆန်နိုင်စွမ်းမရှိပေ။

ဒါကြောင့်သူမ ကြောက်ရွံ့ကာ အလွန်ရှက်နေပြီးမျက်နှာလေးမှာလည်း ရဲတွတ်နေလေသည်။အထူးသဖြင့်ကျိုးဟောင်ကသူမအားတင်းကျပ်စွာဖက်ထားခြင်းကြောင့်ပိုရှက်နေရလေသည်။

သူမဘ၀တွင် ပထမဆုံးအကြိမ်အဖြစ်အမျိုးသား၏ ယခုလိုဖက်ထားခြင်းမျိုးကိုခံရခြင်းဖြစ်လေသည်။ ဒါ့ကြောင့်သူမအနေဖြင့်အလွန်ရှက်နေပြီး ဘာ‌လုပ်ရမှန်းမသိ‌ဖြစ်နေခြင်းဖြစ်လေသည်။

မကြာမီတွင် ကျိုးဟောင်ဟာ ခန်းမဆီသို့ရောက်လာပြီးတံခါးအားတွန်းဖွင့်လိုက်လေသည်။ထိုလုပ်ရပ်ကြောင့်သူမမှာပို၍လန့်သွားလေသည်။

ဒါ့ကြောင့် သူမသည်ကျိုးဟောင်အားတွန်းထုတ်လိုက်ပြီး သူမစိတ်ချရသောအကွာအဝေးတခုတွင်နေနေလေသည်။ သူမ၏မျက်လုံးတွင်ဒေါသရိပ်တို့ဖြင့်ပြည့်နေပြီး မပျော်ရွှင်ဖြစ်နေသောအသံဖြင့်ပြောလိုက်လေသည်။

" ရှင်အရမ်းလွန်နေပြီနော်။ ရှင်ပြောတော့ကျွန်မကိုဘာမှမလုပ်ဘူးဆို"

သူမစကားကြောင့်ကျိုးဟောင်ပြုံးလိုက်မိသည်။ထို့နောက်သူ၏လက်ကိုဝှေ့ယမ်းလိုက်သော‌အခါ စွမ်းအင်အနှစ်သာရတခုက ထိုအမျိုးသမီးလေး၏ ခန္ဓာကိုယ်အားဖုံးလွှမ်းသွားပြီး သူမ၏ဒဏ်ရာများကိုသက်သာပျောက်ကင်းသွားစေလေသည်။

ပြီးနောက်ကျိုးဟောင်က အခိုင်းအစေတယောက်အားသူမအတွက်မိန်းမ၀တ်ဂါ၀တ်တခုယူလာခိုင်းပြီးသူမဆီပေးလိုက်လေသည်။

"ဒီခန်းမရဲ့နောက်ထဲမှာရေချိုးခန်းရှိတယ်။ မင်းခန္ဓာကိုယ်တခုလုံးကညစ်ပေနေတာမို့ မြန်မြန်ရေချိုးပြီး ဒီသန့်ရှင်းတဲ့အ၀တ်အစားတွေပြောင်း၀တ်လိုက်"

ကျိုးဟောင်ကပြောပြီးနောက် နောက်လှည့်ကာထွက်သွားပြီး ခန်းမ၏အ၀င်အ၀နားတွင်သွားထိုင်နေလေသည်။

ကျိုးဟောင်လှည့်ထွက်သွားသည်ကိုမြင်တော့မှ ထိုမိန်းကလေးမှာ စိတ်အေးသွားပြီးသက်ပြင်းချလိုက်လေသည်။သို့သော်လည်း သူမစိုးရိမ်စိတ်ရှိနေစဲဖြစ်သည်။ သူမ၏ပျက်စီးနေသောချပ်၀တ်ကိုကြည့်ကာ ခဏလောက်စဉ်းစားနေခဲ့လေသည်။

ခဏလောက်တုံ့ဆိုင်းနေခဲ့ပြီးနောက် သူမစိတ်ဆုံးဖြတ်လိုက်ပုံရပြီး ရေချိုးသန့်စင်ကာထိုအဝတ်အစားအသန့်များဖြင့်လဲလှယ်လိုက်လေသည်။

"ဒီကောင်ငါ့ကိုဘာလုပ်ဖို့ကြံစည်နေတာပါလိမ့်"

ထိုအမျိုးသမီးလေးကရေချိုးနောက်အပြင်ဘက်တွင်ရှိသောကျိုးဟောင်အားချောင်းကြည့်လိုက်လေသည်။

ကျိုးဟောင်ကခြေထောင်ချိတ်လျက်ထိုင်နေပြီး ဘာမှမကောင်းသည့်ရည်ရွယ်ချက်မျိုးမတွေ့သောကြောင့် သူမ စိတ်အေးသွားလေသည်။

သူမမှာတနေ့လုံး ပြိုင်ပွဲကွင်း၌အသည်းအသန်တိုက်ခိုက်နေခဲ့ရပြီး အင်အားအများအပြားကုန်ဆုံးခဲ့လေသည်။ ရုတ်တရက်သူမ၏ဗိုက်ထဲမှ ဆာလောင်မှုကိုခံစားလိုက်ရသည်။ ထိုဗိုက်ထဲမှမြည်သံကြောင့် ကျိုးဟောင်မှာ မျက်လုံးဖွင့်ကြည့်လိုက်လေသည်။ ထို့နောက် စားသောက်ပွဲများလှမ်းပြင်ခိုင်းလိုက်ပြီး ခန်းမထဲသို့ယူလာခိုင်းလိုက်လေသည်။

"မင်းစိတ်ကြိုက်စားပါ အစားအသောက်တွေထဲမှာအဆိပ်မခတ်ထားပါဘူး"

ကျိုးဟောင်ကပြုံးပြီးပြောလိုက်သည်။

ထိုအမျိုးသမီးလေးမှာ နားမလည်နိုင်သောအမူအရာဖြင့်ကြောင်ကြည့်နေလေသည်။ သူမအားဘာဖြစ်စေချင်မှန်းနားမလည်နိုင်ဖြစ်နေလေသည်။

သူမသည်ရှေ့တွင်ရှိနေသော တန်ဖိုးကြီးမားသောစားကောင်းသောက်ဖွယ်များကိုကြည့်ပြီး တံတွေး‌တောင်သီးနေလေသည်။

"ထားလိုက်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေအနေကနေငါ‌လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ သေသွားတော့လည်းဘာဖြစ်လဲ"

အမျိုးသမီးလေးလည်းစိတ်ဆုံးဖြတ်လိုက်ပြီး သူမရှေ့ရှိစားစရာများကို စတင်စားသောက်လေသည်။ထိုမြင်ကွင်းကိုမြင်သောအခါ ကျိုးဟောင်တယောက်ပြုံးမိသွားလေသည်။

မနီးမဝေးတွင်ရပ်နေသော အိမ်စေများမှာ ကျိုးဟောင်၏ အမူအရာကိုကြည့်ပြီး အတွေးရှုပ်သွားကြလေသည်။

"သခင်လေး ဘာဖြစ်သွားတာလဲ"

"ဟုတ်တယ် သခင်လေးက ဒီလိုမိန်းကလေးမျိုးကိုဘာလို့ကောင်းကောင်းဆက်ဆံနေတာလဲ။ အရင်တုန်းအဲ့လိုမိန်းကလေးမျိုးဆို အနားတောင်အကပ်မခံပါဘူး"

"သခင်လေးရုတ်တရက်ပြောင်းလဲသွားတာများလား"

လူတိုင်းသည်သူတို့သခင်လေးကထိုမိန်းကလေးအပေါ်ဆက်ဆံနေသည့်ပုံစံကိုကြည့်ပြီး နားမလည်နိုင်ဖြစ်နေကြလေသည်။

သူတို့၏တီးတိုးပြောစကားများကိုကြားသောအခါ ၀မ်ချန်သောင့်လည်းဇဝေဇဝါဖြစ်သွားလေသည်။ သူ့သားကသူ့စကားကိုနားထောင်ပြီး အိမ်ထောင်တခုထူထောင်တော့မည်လားလို့တွေးမိသွားလေသည်။

သူ့သားက မိန်းကလေးတယောက်ကိုသေချာလက်ထပ်ကာ အိမ်ထောင်တခုထူထောင်ပြီး သူ့အတွက် မြေးလေးတယောက်မွေးပေးဖို့က၀မ်ချန်သောင့်၏ရည်မှန်းချက်ဖြစ်လေသည်။

၀မ်ချန်သောင့်မှာ ခဏလောက်ချောင်းကြည့်နေခဲ့ပြီး ဘာတွေဖြစ်နေမှန်းသေချာနားမလည်သောကြောင့်ခေါင်းကိုရမ်းကာလှည့်ထွက်သွား‌ခဲ့လေသည်။

မကြာမီညနက်လာခဲ့ပြီး အမျိုးသမီးလေးကစားသောက်ပြီးသောအခါ စတင်အနားယူနေလေသည်။ကျိုးဟောင်က တံခါးကိုဖြေးညှင်းစွာဖွင့်ပြီးခန်းမထဲသို့၀င်လာခဲ့လေသည်။အမျိုးသမီးလေးအိပ်နေတာကိုကြည့်ပြီး သူ၏ခြုံထည်အားချွတ်ပြီးခြုံပေးလိုက်လေသည်။

ထို့နောက်သူ၏‌ယောကျာ်းအစေခံများအားစိတ်ထဲ၌အမိန့်ပေးလိုက်လေသည်။

"ဒီမိန်းကလေးနဲ့ပတ်သက်ပြီး မကောင်းတဲ့အတွေးတွေတွေးနေတဲ့သူအားလုံးကိုသတ်ပစ်လိုက်"

သူ့နောက်လိုက်များမှာ ချက်ချင်းဓားများဆွဲကာထွက်လာကြပြီး မကြာမီပင် အပြင်ဘက်၌အလောင်းများပုံသွားလေသည်။ ထိုသူများမှာ မကောင်းသောအတွေးများရှိနေသူများဖြစ်လေသည်။

"သခင်လေး အားလုံးရှင်းလင်းပြီးပါပြီ"

....................................................................................

အခန်း(၅၇၀)ပြီးပါပြီ။

All Chapters