အခန်း (၅၇၁-၅၇၃)
Vol. 39 Ch. 571-573
အခန်း (၅၇၁) : ရက်ရောသော
“စားပါ ငါ အဆိပ်မခတ်ထားပါဘူး”
အမျိုးသမီးမှာ ထိုစကားအားကြားချိန်တွင် ခဏတာ အံ့ဩသွားခဲ့ပြီး ကျိုးဟောင်ကို ကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်နေသည်။ ကျိုးဟောင် ဒီလိုဘာကြောင့်လုပ်နေသလဲဆိုသည်အား သူမ နားမလည်သလို ဘာကြံစည်နေသလဲဆိုသည်ကိုလည်း မသိပေ။
“ဪ၊ ဟုတ်သားပဲ၊ မင်းအပေါ် မကောင်းကြံတဲ့ မိုရိုလူမျိုးတွေကို ငါရှင်းပြီးပြီ မင်းအခု စိတ်ချလက်ချနေလို့ရပြီ”
ကျိုးဟောင်က သာမန်အတိုင်း ပြောလိုက်သော်လည်း အမျိုးသမီးမှာ ခဏတာ ထိတ်လန့်သွားပြီးကျိုးဟောင်ကို မယုံသင်္ကာဖြင့် မော့ကြည့်လာသည်။
“ရှင်… ရှင်.... ဘာလို့လဲဆိုတာ ပြောပြလို့ရမလား”
ကျိုးဟောင် စကားမပြောသေးခင်မှာပဲ အမျိုးသမီးက စိုးရိမ်တကြီး မေးလိုက်သည်။
“ကျွန်မက သာမန်တပည့်လေးတစ်ယောက်ပါ ရာထူးလည်း သာမန်၊ ကိုယ်ခံပညာလည်း သာမန်၊ အရာရာတိုင်း သာမန်ပဲ ရုပ်ရည်လေးပဲ အသင့်အတင့်ရှိတာ ဒါပေမဲ့ ရှင်နဲ့အတူရှိခဲ့တဲ့ အမျိုးသမီးတွေနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး ရှင်ဘာလို့ ဒီလိုလုပ်နေလဲဆိုတာ ကျွန်မနားမလည်ဘူး… ရှင်ကျွန်မကိုပြောပြလို့ရမလား ကျွန်မ… နည်းနည်း စိတ်ပူနေတုန်းပဲ”
သူမကျိုးဟောင်ကို ကြည့်ပြီး တကယ်ကိုစိတ်ပူနေမိသည်။ ဒီလူက ဘာအကြောင်းမှမရှိဘဲ သူမအပေါ် ဘာကြောင့် ဒီလောက်ကောင်းနေရပါသနည်း။
အကြောင်းပြချက်အား သူမနားမလည်နိုင်ပေ။
“ငါပြောရင် မင်းယုံမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မင်းကသူမ မဖြစ်သေးလို့ပဲ”
ကျိုးဟောင်၏စကားများက အမျိုးသမီးကိုမျက်စိလည်သွားစေခဲ့သည်။
“ရှင်ဆိုလိုတာ ဘာလဲ ကျွန်မနားမလည်ဘူး”
အမျိုးသမီးက ရှုပ်ထွေးစွာ ကြည့်ရင်းမေးလိုက်သည်။
“နောက်ကျ မင်းနားလည်လာလိမ့်မယ်”
ကျိုးဟောင်မှ ပြုံးကာပြောလိုက်သည်။
ဒီအကြောင်းကို ဘယ်လိုပြောပြရမယ်မှန်း သူလည်းမသိပေ။ သို့သော သူပြောသည်မှာအမှန်ပင်ဖြစ်သည်။ ယခုသူမကစုရှောင်းယွီ မဟုတ်သေးသော်ငြား မနက်ဖြန်ဆိုပါကဖြစ်လာတော့မည်ဖြစ်သည်။
သူမသည်အစက ကျိုးဟောင်၏စကားကိုမယုံသော်ငြား ကျိုးဟောင်၏လေးနက်နေသောပုံစံကိုမြင်ကာယုံဖို့ရွေးချယ်လိုက်သည်။
ဤစကားမှာ အနည်းငယ်ထူးဆန်းနေသော်ငြား အနာဂတ်မှာသူမက ယခုလိုပဲရှိနေဦးမည်မဟုတ်ပါလော။ တစ်ဖက်လူ၏စကားမှာမည်သည့်အဓိပ္ပာယ်ပါနည်း။
“ကျွန်မနားမလည်ပေမဲ့ ကျေးဇူးတင်ပါတယ်”
ကျိုးဟောင်မှာ ပြုံးပြီးသာလက်ဝေ့ယမ်းပြလိုက်သည်။ ဒီနေ့ပြီးပါက စုရှောင်းယွီ နိုးထလာပြီး ဤအမျိုးသမီး၏ မှတ်ဉာဏ်များမှာဖျက်ပစ်ခံရကာအစားထိုးခံရတော့မည်ဖြစ်သည်။
ကျိုးဟောင်မှာ ခန်းမထဲမှထွက်လာပြီး တိတ်ဆိတ်စွာစောင့်ဆိုင်းရင်း ခြေချိတ်ထိုင်နေလိုက်သည်။
အမျိုးသမီးက အသက်ပြင်းပြင်းရှူလိုက်သည်။ အစားစားပြီးနောက် သူမက ထိုင်ကာ ဆက်လက်ကျင့်ကြံနေခဲ့သည်။
ကျိုးဟောင် အဝေးမှနေလုံးကိုကြည့်လိုက်မိချိန်တွင် နေလုံးမှာတဖြည်းဖြည်း အောက်သို့နိမ့်ဆင်းပျောက်ကွယ်သွားခဲ့သည်။ နောက်ဆုံးတွင် နေဝင်ပြီး ဆည်းဆာချိန်ရောက်လာခဲ့ပေပြီ။ ကျိုးဟောင်၏မျက်နှာမှာ အနည်းငယ် ညှိုးငယ်နေခဲ့သည်။
ဤလောကသည် မိုရိုမျိုးနွယ်များ၏ကျန်ရစ်ခဲ့သော မှတ်ဉာဏ်နှင့်အမွေအနှစ်များသာဖြစ်သော်ငြား ကျိုးဟောင်မှာ ဤနေရာကိုအလွန်သဘောကျပေသည်။ ဝမ်ကျို့ထျန်းမှာ ယခုလိုလောကကြီးနှင့် ကောင်းမွန်သောညီအစ်ကိုများ များစွာရှိနေသည်ကို သူအရမ်းအားကျမိသည်။
ထို့အပြင် ကျိုးဟောင်က ဝမ်ကျို့ထျန်း၏ နာကျင်မှုကို နားလည်နိုင်ခဲ့သည်။
ဤမျှလောက်ကြာမြင့်စွာ အသက်ရှင်ပြီးနောက် သူသည်မိုရိုမျိုးနွယ်များ သူ့မျက်စိရှေ့တင်ပျောက်ကွယ်သွားတာကို မြင်ခဲ့ရသည်။ မိသားစုနှင့် မိဘ အားလုံး မှာတဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ဤနာကျင်မှုမှာ သာမန်လူတစ်ယောက် ခံစားနိုင်သည့်အရာမျိုးမဟုတ်ပေ။
သူ့နောက်ရှိ အမျိုးသမီးရဲ့ စိတ်စွမ်းအားမှာလည်း တဖြည်းဖြည်း အားနည်းလာခဲ့သည်။ ဖြစ်နိုင်သည်မှာ သူမကိုယ်တိုင် မသိသော်ငြား အခြားစိတ်စွမ်းအားတစ်ခုကနိုးထလာနေပြီဖြစ်သည်။ ဤစွမ်းအားသည်က စုရှောင်းယွီတစ်ယောက်သာပိုင်သောစိတ်စွမ်းအားဖြစ်သည်။
ကျိုးဟောင်က သူမကိုမနှောင့်ယှက်ဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ အချိန်တစ်ခုကြားပြီးနောက် စုရှောင်းယွီ၏ စိတ်စွမ်းအားမှာ ရုတ်တရက်
တုန်ခါသွားပြီး သူမသည်လုံးဝနိုးထလာခဲ့သည်။
သူမမျက်လုံးဖွင့်ပြီး ကျိုးဟောင်ကို ကြည့်လိုက်သောအခါ ခံစားရသည့်ခံစားချက်မှာ စိုးရိမ်မှု၊ ကြောက်ရွံ့မှုနှင့် မရင်းနှီးမှုတို့မဟုတ်ဘဲ အနည်းငယ်ရှက်ရွံ့နေခြင်းသာဖြစ်သည်။
နိုးထလာပြီးနောက် သူမ၏ မှတ်ဉာဏ်တွေအားလုံးကို သဘာဝအတိုင်း မှတ်မိနေပေရာ ကျိုးဟောင် သူမအား ဘာတွေလုပ်ခဲ့သည်ဆိုတာကိုလည်း သူမမှတ်မိနေတာကြောင့် သူမ၏ ခံစားချက်များမှာ အနည်းငယ်ရှုပ်ထွေးနေခဲ့သည်။
“မိုရိုမျိုးနွယ်စုရဲ့ စိတ်လောကကနေ ကြိုဆိုပါတယ်”
ကျိုးဟောင်က လှည့်ကာစုရှောင်းယွီကို ပြုံးပြပြီးပြောလိုက်သည်။
စုရှောင်းယွီမှာ အသက်ပြင်းပြင်းရှူပြီး ပြုံးပြရင်းပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
သူမက ကျေးဇူးတင်သည်မှာ သဘာဝကျပေသည်။ အဘယ့်ကြောင့်ဆိုသော် ကျိုးဟောင်မှာဤနှစ်ရက်အတွင်း သူမကိုကာကွယ်ပေးခဲ့ပေသည်။ သူမ နိုးထလာနေသောအချိန်မှာ အလွန်အန္တရာယ်များပေသည်။ ဤလောကတွင် သူမ၏ဝိညာဉ်ခန္ဓာသေဆုံးသွားပါက အတွင်းတွင်အိပ်ပျော်နေသောစိတ်စွမ်းအားကိုလည်း ထိခိုက်စေမည်ဖြစ်သည်။
ဤနေရာမှာ သူမသေဆုံးသွားခဲ့ပါက ပြင်ပမှသူမရဲ့ခန္ဓာကိုယ်သည်လည်း သေဆုံးသွားမည်ဖြစ်သည်။
“ဘာလို့ ဒီလောက်အားနာနေရတာလဲ”
ကျိုးဟောင်ကပြုံးလိုက်ပြီး သူ့ဖခင်ပေးထားခဲ့သော ကျင့်ကြံရေးသိုင်း ၈၁ မျိုး၏ပုံတူကူးယူထားသည့်အရာကို သူမအားချက်ချင်းပေးလိုက်သည်။
“ဒါတွေက အမြင့်ဆုံးကျင့်ကြံရေးသိုင်း ၈၁ မျိုးပဲ ယူပြီး တတ်နိုင်သလောက် သင်လိုက် ဒီအိမ်က ငါ့အိမ်တော်ပဲ ဘယ်သူမှ လက်လွတ်စပယ်မဝင်ရဲဘူး”
ကျိုးဟောင်က ပြုံးကာပြောပြီးသည်နှင့်ထွက်သွားခဲ့သည်။
စုရှောင်းယွီသည်လည်း ပြုံးလိုက်သည်။ ထို့နောက် ကျင့်ကြံရေးသိုင်းများအား ကြည့်လိုက်ပြီးနောက် သူမ၏မျက်နှာအမူအရာမှယပြောင်းလဲသွားခဲ့သည်။
“ဒါ…ဒါ…ဒါက သူတော်စင်ဘုံအဆင့် ကျင့်ကြံရေးသိုင်းတွေလား ဒါတွေအားလုံးက သူတော်စင်
ဘုံအဆင့် ကျင့်ကြံရေးသိုင်းတွေပဲ… ၈၀ ကျော်တောင် ရှိတယ် ဒါသာ အပြင်ရောက်သွားရင်… သေချာပေါက်တန်ဖိုးကြီးမှာပဲ"
“ကျိုးဟောင်က ဒါကိုဒီအတိုင်းငါ့ကို ပေးလိုက်တာလား… ဒါက အရမ်း… ရက်ရောတာပဲ”
စုရှောင်းယွီမှာ အလွန်အံ့ဩသွားခဲ့သည်။ ဟုတ်ပေသည် သူမသည် ယခုအချိန်တွင် ကျိုးဟောင်၏လက်ခံခန္ဓာကိုယ်အကြောင်းကို သိသွားပြီဖြစ်သည်။ ကျိုးဟောင်မှာ မိုရိုမျိုးနွယ် ၁၀ခုမြောက်ဧရိယာသခင်၏ သားဖြစ်သူ ဝမ်ကျို့ထျန်းပင်ဖြစ်သည်။
မြင့်မြတ်ပြီးထူးခြားသော အဆင့်အတန်းတို့အပြင် အစွမ်းထက်သောကျင့်ကြံရေးသိုင်းပါထပ်ပေါင်းလိုက်ပါက ဤကဲ့သို့သောရတနာမှာ ဘာမှမဟုတ်တော့ပေ။
သို့သော်တစ်ဖက်လူသည် သူမအားအလကားပေးလိုက်ခြင်းဖြစ်သည်။
စုရှောင်းယွီမှာနိုးလာပြီးနောက် သက်သာရာရသွားခဲ့သည်။ ယခုအချိန်တွင်သူမသည်မိုရိုမျိုးနွယ်စုများထံမှမည်သည့်အရာများကို ပြန်ယူသွားနိုင်မလဲဆိုသည်အားစတင်စီစဉ်နေပြီဖြစ်သည်။
ကျင့်ကြံရေးသိုင်း ၈၁ မျိုးက အလွန်တန်ဖိုးရှိသော်ငြား ကျိုးဟောင်မှာရည်မှန်းချက်ကြီးပြီး ကျေနပ်မှုမရှိသေးပေ။
“ငါစိတ်စွမ်းအားနဲ့ ဝင်လာတာဆိုတော့ ငါ့စိတ်စွမ်းအားကို သဘာဝအတိုင်း ထိန်းချုပ်နိုင်တယ် မိုရိုမျိုးနွယ်စုတွေက စိတ်စွမ်းအားကိုအထူးကျင့်ကြံတဲ့မျိုးနွယ်ဆိုတော့ စိတ်စွမ်းအားကိုလေ့ကျင့်တဲ့နေရာ ရှိမှာပဲ”
ကျိုးဟောင်ကပြောရင်း မိုရိုမျိုးနွယ်စုများ၏ လေ့ကျင့်ရေးစခန်းဆီသို့တိုက်ရိုက်ဦးတည်သွားလိုက်သည်။
ဒီနေရာမှာ စစ်နတ်ဘုရားတပ်ရင်း၏ လေ့ကျင့်ရေးစခန်းလိုပင်။
သိုင်းပညာရှင်များ လေ့ကျင့်ဖို့ရာအတွက်ကူညီပေးသော ခေတ်မီစက်ပစ္စည်းများအများကြီးရှိပေသည်။
သို့သော် ဤနေရာရှိပစ္စည်းများမှာ စစ်နတ်ဘုရားတပ်ရင်းရှိပစ္စည်းများက နှိုင်းယှဥ်လို့ရသောအရာများမဟုတ်ပေ။
“စိတ်စွမ်းအားကို လေ့ကျင့်ဖို့ နည်းလမ်းနှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုက မျိုးဗီဇပြုပြင်တဲ့ အရည်ကိုသုံးပြီး အစကတည်းက စိတ်စွမ်းအားကို မြှင့်တင်တာနဲ့ ဆေးဝါးသုံးပြီး စိတ်စွမ်းအားကြီးထွားမှုကို လှုံ့ဆော်တာပဲ။ ဒါပေမဲ့ ဒါမှာ အားနည်းချက်ရှိတယ်။ ဒါကြောင့်… မတတ်သာတဲ့အခြေအနေမှမဟုတ်ရင် ဒီနည်းလမ်းကို သုံးလို့မဖြစ်ဘူး”
“အဲဒီပြင် ငါ့စိတ်စွမ်းအားနဲ့ မသင့်တော်ဘူး ဒီပြုပြင်ရည်က မိုရိုမျိုးနွယ်တပည့်တွေအတွက် အဓိကထားတဲ့နည်းလမ်းပဲ တကယ်လို့ငါ တိုက်ရိုက်သုံးပြီး တစ်ခုခုဖြစ်သွားရင် ကြောက်ရတာက နောင်တရဖို့ အရမ်းနောက်ကျသွားမှာကိုပဲ”
“အဲဒါကြောင့်… ဒုတိယနည်းလမ်းက ငါ့အတွက် ပိုသင့်တော်တယ်”
ကျိုးဟောင်က ပြုံးကာထူးဆန်းသောနေရာတစ်ခုအားဝင်ရောက်ရန် တံခါးအားတွန်းဖွင့်ကာဝင်သွားလိုက်သည်။
စိတ်စွမ်းအားအား ပုံသွင်းသောဒုတိယနည်းလမ်းမှာ မိုက်မဲသောနည်းလမ်းတစ်ခုဖြစ်ကာ သံမဏိအားပုံသွင်းတာနှင့်အတူတူပင်ဖြစ်သည်။ စိတ်စွမ်းအားအားမြှင့်တင်ရန် မိမိကိုယ်ကိုညှဉ်းပန်းနှိပ်စက်ရသောနည်းလမ်းသာဖြစ်သည်။
ဤနည်းလမ်းသည် ကျိုးဟောင်လုပ်ချင်သောနည်းလမ်းပင်ဖြစ်သည်။
ဤနေရာသည် စိတ်စွမ်းအားလေ့ကျင့်ရန်အသုံးပြုသောနေရာတစ်ခုဖြစ်သည်။ နာကျင်မှု၊ ဖိအား စသည့်အရာများမှတစ်ဆင့် စိတ်စွမ်းအားအားပုံသွင်းသည့်အကျိုးသက်ရောက်မှုအား ရရှိနိုင်သည်။
ကျိုးဟောင်မှာ ဝင်သွားပြီးသည်နှင့်ချက်ချင်းလေ့ကျင့်တော့သည်။
ဤလေ့ကျင့်မှုပြီးမှဟာ ကျိုးဟောင်မှာ နာကျင်မှုဆိုသည့်အရာအား သေချာနားလည်သွားခဲ့သည်။ စိတ်စွမ်းအား လေ့ကျင့်ရေးသည် ခန္ဓာကိုယ် လေ့ကျင့်ရေးထက် ပိုခက်ခဲပေသည်။ အကယ်၍ကျင့်ကြံသူသည်သန်မာသောစိတ်စွမ်းအားမရှိပါက ယခုလိုညှဉ်းပန်းမှုကြောင့် အလွယ်တကူပြိုလဲသွားနိုင်ပေသည်။
.…..............................…..............................…................
အခန်း (၅၇၁) ပြီးပါပြီ။
အခန်း (၅၇၂) : လက်စားချေခြင်း
ကျိုးဟောင်သည် ထိုနေရာတွင် တစ်နေကုန်နေခဲ့သည်။
ထိုနေ့တွင် သူသည် ၁၀ခုထက်မနည်းသောပုံရိပ်ယောင်များကို ကြုံတွေ့ခဲ့ရသည်။ သူ၏ စိတ်စွမ်းအားသည် မရေမတွက်နိုင်သော လျှပ်စီးများနှင့် မီးလျှံများ၏ဒဏ်ကိုပင် ခံစားခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ သူသည်တတ်နိုင်သမျှ အရာအားလုံးကို ကြိုးစားခဲ့သည်။
တစ်နေကုန်လုံးကျိုးဟောင်၏ ခေါင်းမှာမူးဝေနေခဲ့ပြီး သူ၏ ခိုင်မာသော စိတ်ဆန္ဒကြောင့်သာမဟုတ်ပါက အစောကတည်းကပင် လဲကျသွားလောက်ပြီ ဖြစ်သည်။
နောက်တစ်နေ့တွင် ကျိုးဟောင်သည် သူ၏ လေ့ကျင့်မှုကို ရပ်နားပြီး ၁၀ခုမြောက်ဧရိယာရှိ သူ၏ နေအိမ်သို့ ပြန်လာခဲ့သည်။
သူပြန်ရောက်သည်နှင့် သူ့နောက်လိုက်များက သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။
“အစ်ကိုကြီး ပြန်လာပြီ။ အစ်ကိုကြီး ခေါ်လာတဲ့ မိန်းကလေးက တခြားမိန်းကလေး သုံးယောက်ကို ထပ်ခေါ်လာတယ်။ ကျွန်တော်တို့… သူတို့ကို မတားရဲဘဲ အထဲကို ဝင်ခွင့်ပြုလိုက်ရတယ်”
ကျိုးဟောင်မှာ ခဏတာအံ့အားသင့်သွားသော်လည်း များများစားစားတော့ မတွေးခဲ့ပေ။ စုရှောင်းယွီက သူမ၏ ညီအစ်မများကို ရှာဖွေကာခေါ်ယူလာသည်မှာ သဘာဝကျပေသည်။
“အင်း… ငါနားလည်ပြီ”
ကျိုးဟောင်ပြန်ရောက်ပြီးနောက် သူ၏နေအိမ်ထဲသို့ ဝင်ဝင်လိုက်ချင်း စုညီအစ်မလေးယောက်ကို တွေ့လိုက်ရသည်။ သူတို့၏ စိတ်စွမ်းအားသည် လက်ရှိတွင် မတူညီသော ခန္ဓာကိုယ်များထဲတွင် ရှိနေသော်လည်း စိတ်စွမ်းအား အတက်အကျအရ ဤလူများမှာ သူတို့ဖြစ်ကြောင်းကို သံသယဖြစ်ဖွယ်မရှိ သိနိုင်ပေသည်။
စုရှောင်းယွီသည် ကျိုးဟောင်ပြန်လာသည်ကို မြင်သောအခါ အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ အမှန်ဆိုရလျှင် ဤနေရာသည် ကျိုးဟောင်၏ နယ်မြေဖြစ်သည်။ သူမ၏ ညီအစ်မများကို သူအား ကြိုမပြောဘဲ ခေါ်လာခြင်းသည် မသင့်တော်ပေ။
သို့သော် စုရှောင်းယွီသည် ထိုသို့ပြုလုပ်ခဲ့သည်။ သူမတို့ရရှိထားသော လက်ခံခန္ဓာကိုယ်များသည် ကျိုးဟောင်နှင့် နှိုင်းယှဉ်လျှင် အလွန်နိမ့်ကျနေရုံသာမက ဤနေရာသည်အန္တရာယ်များ ပြည့်နှက်နေသောကြောင့် သူမသည် လက်ဦးမှုရယူကာ သူမ၏ညီအစ်မများအားခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
“ဟဲဟဲ၊ ငါတို့ပြန်တွေ့ကြပြီ”
ကျိုးဟောင်မှာ ခပ်ပြုံးပြုံးနှင့် ဝင်လာကာပြောလိုက်သည်။ ကျိုးဟောင် ဒေါသမထွက်သည်ကို မြင်လိုက်သောအခါ စုရှောင်းယွီမှာ စိတ်သက်သာရာရသွားခဲ့သည်။
အစ်မကြီးဖြစ်သူ စုရှောင်းပင်းသည် ထိုအချိန်တွင် ထရပ်ကာ ကျိုးဟောင်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
“ကျိုးဟောင်၊ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ လေလံအိမ်တော်က ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး!” စုရှောင်းပင်းသည် ကျိုးဟောင် သူမတို့အတွက် လုပ်ပေးခဲ့သော ကြီးမားသည့်ကျေးဇူးကို နားလည်ပေသည်။
“ရပါတယ် ငါတို့ကြားမှာ ဒါတွေပြောနေစရာမလိုပါဘူး ဪ ဒါနဲ့ ငါစုရှောင်းယွီကို ငါရခဲ့တဲ့ ကျင့်စဉ်တစ်ခုပေးထားတယ် မင်းတို့လည်း အတူတူ လေ့လာလို့ရတယ် ဒီနေရာက ပိုလုံခြုံတယ် စိတ်ပူစရာမလိုဘူး”
“ဒါပေမဲ့ ငါ့ရဲ့လက်ခံခန္ဓာကိုယ်အရ… ငါက ဘာမှအသုံးမကျတဲ့ အချစ်ရူးကောင်လေးတစ်ယောက် ဖြစ်နေပုံပဲ ဒါကြောင့် လူတွေက မကောင်းတဲ့ ကောလာဟလတွေ ဖြန့်နိုင်တယ် မင်းတို့ စိတ်ထဲမထားဖို့ မျှော်လင့်တယ်”
ကျိုးဟောင်မှာ သူမတို့ ထင်ယောင်ထင်မှား ဖြစ်သွားမည်ကို စိုးရိမ်၍ပြောလိုက်သည်။ သို့သော် ဤနေရာသည် ပုံရိပ်ယောင်စိတ်ကူးအပိုင်းအစတစ်ခုသာဖြစ်ပေရာ သေဆုံးသွားသူများ ဖြန့်သော ကောလာဟလများကို သူမတို့ မည်သို့အတည်မှတ်ယူလို့ရမည်နည်း။
သူမတို့သည်လည်း ဤအရာကို နားလည်ကြပေသည်။ အဘယ်ကြောင့်ဆိုသော် သူမတို့ ၁၀ခုမြောက်ဧရိယာသို့ ရောက်စကပင် ၁၀ခုမြောက်ဧရိယာမှ တပည့်များထံမှ သူမတို့သည် ကျိုးဟောင်၏ ကစားစရာများဖြစ်သည်ဟု ပြောသည်ကို ကြားခဲ့ရသောကြောင့် ဖြစ်သည်။ သို့သော် သူမတို့သည် လုံးဝ ဂရုမစိုက်ခဲ့ပေ။
“ဒါတွေကိုတော့ ကျွန်မတို့ဂရုမစိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါကမှတ်ဉာဏ်အပိုင်းအစတစ်ခုပဲလေ”
စုရှောင်ပင်းမှ ပြုံးကာပြောလိုက်သည်။
သူမတို့သည်လည်း မိုရိုမျိုးနွယ်စု၏ ကံအခွင့်အလမ်းအတွက် ဤနေရာသို့ လာခဲ့ကြသော်ငြား ကျိုးဟောင်၏ လက်ခံခန္ဓာကိုယ်ကိုမြင်ပြီးနောက် သူမတို့သည်လက်လျှော့လိုက်ကြသည်။ ကျိုးဟောင်၏ လက်ခံခန္ဓာကိုယ်သည် မိုရိုမျိုးနွယ်စုတွင် အကောင်းဆုံးလူများထဲမှ တစ်ယောက်ဟု ဆိုနိုင်သည်။
သူမတို့ ယှဉ်ပြိုင်ရန်မှာမဖြစ်နိုင်ပေ!
“အကောင်းဆုံးပဲပေါ့ အော် ဒါနဲ့ ငါမေးစရာရှိတယ် ဒါဘယ်တော့ပြီးမလဲဆိုတာ မင်းတို့ကို မေးချင်တယ် နောက်ပြီး အမွေအနှစ်ကို ဘယ်လိုရနိုင်မလဲဆိုတာ မင်းတို့သိလား”
ကျိုးဟောင်က တိုက်ရိုက်ပင်မေးလိုက်သည်။
ဤစကားကို ကြားသောအခါ စုညီအစ်မများ ချက်ချင်း အံ့အားသင့်သွားပြီး အနည်းငယ် အံ့ဩသွားကြသည်။
“ရှင်မသိဘူးလား”
စုရှောင်းယွီက ရှုပ်ထွေးစွာ မေးလိုက်သည်။
ကျိုးဟောင်က ချောင်းဟန့်ကာပြန်ပြောလိုက်သည်။
“အဲ… ငါတကယ်မသိဘူး ငါသိမှရမှာလား”
“ဟုတ်တာပေါ့ ဒါကလျှို့ဝှက်ချက်တော့မဟုတ်ပါဘူး ဒါပေမဲ့ လူတိုင်းသိကြတဲ့ကိစ္စကို ရှင်မသိလို့ ကျွန်မအံ့သြနေတာပါ ဒါပေမဲ့ ဒါကသိပ်တော့မများပါဘူး ရှင်သာအဲဒီအမွေအနှစ်ကိုလိုချင်ရင် နည်းလမ်းကတစ်ခုတည်းရှိတယ် အဲဒါက ကောင်းကင်ဘုံမျှော်စင်ထဲဝင်ဖို့ပဲ ကိုးထပ်ကိုကျော်ပြီး ဆယ်ထပ်ကိုရောက်တာနဲ့ အမွေအနှစ်ကိုရလိမ့်မယ်”
“ဒါပေမဲ့ ဒီကောင်းကင်ဘုံမျှော်စင်က စစ်နတ်ဘုရားတပ်ရင်းရဲ့ ကောင်းကင်ဘုံမျှော်စင်ထက်တောင် ပိုခက်တယ် ဒါကြောင့် အောင်မြင်ဖို့ တော်တော်ကိုခက်ခဲလိမ့်မယ်”
စုရှောင်းပင်းမှာပြောရင်း သက်ပြင်းချလိုက်သည်။ ဤကိစ္စကို သူမဘာမှမလုပ်နိုင်ပေ။ အကြောင်းမှာ ဤအချက်သည် ဤနေရာ၏ စည်းမျဉ်းဖြစ်ပေသည်။
“သြော်… အဲဒီလိုကိုး”
ဤအဖြေသည် ဝမ်ချန်းသောင့်ပြောခဲ့သည်နဲ့ ဆင်တူပေသည်။ ကျိုးဟောင်လည်း ဤနည်းလမ်းသည်ဝိညာဉ်ကျောက်ကိုရဖို့အတွက် တစ်ခုတည်းသောနည်းလမ်းဆိုတာအား နားလည်သွားခဲ့သည်။
“ဒါဆို ဒီနေရာကနေ ဘယ်လိုထွက်သွားရမလဲ”
ကျိုးဟောင်မှ ထပ်မေးလိုက်သည်။
“ဒါက အရမ်းလွယ်ပါတယ် စိတ်လောကဖွင့်တဲ့အချိန်ကစပြီး အချိန်တစ်လကြာတယ် တစ်လကြာပြီးရင် အဆုံးသတ်ပြီ ဝိညာဉ်ကျောက်တုံးကို တစ်ယောက်ယောက်ကရသွားရင်တော့ သေချာပေါက် စောပြီးအဆုံးသတ်မှာပေါ့”
“ဝိညာဉ်ကျောက်တုံးက ဒီလောကမှာရှိတဲ့ စွမ်းအားအားလုံးရဲ့ အရင်းအမြစ်ပဲ ဝိညာဉ်ကျောက်တုံး မိုရိုမျိုးနွယ်စုကနေ ထွက်သွားတာနဲ့ ဒီနေရာက အရာအားလုံး ပြီးဆုံးသွားလိမ့်မယ် အားလုံးအမှုန်အမွှားအဖြစ်ပျောက်ကွယ်သွားပြီးတော့ပေါ့”
စုရှောင်းပင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီးနောက် ကျိုးဟောင်မှာနောက်ဆုံးတွင်နားလည်သွားသည်။
တစ်နည်းအားဖြင့် သူသည် တစ်လနီးပါး အချိန်ရသေးပြီး အချိန်အများကြီး ရှိနေသေးပေသည်။
“နားလည်ပြီ ဪ ဒါနဲ့ တခြားသူတွေ အားလုံးနိုးကြပြီလား မင်းတို့မှာသူတို့ကိုရှာဖို့ နည်းလမ်းရှိလား”
ကျိုးဟောင်မှ ရုတ်တရက်ပြောလိုက်သည်။
မိန်းကလေးလေးယောက်မှာ ခဏတာ ကြောင်အသွားပြီးနောက် ခေါင်းညိတ်ပြလိုက်ကြသည်။
“ဒါပေါ့ ကျွန်မတို့ ရှာလို့ရတယ် ဒါပေမဲ့… ရှင်ဘာလုပ်ဖို့ စီစဉ်နေတာလဲ”
ကျိုးဟောင်မှာပြုံးလိုက်သည်။
“သေချာတာပေါ့ ငါတစ်ချို့အရေးကြီးကိစ္စတွေကို လေ့လာနေတာ ဒီမှာ ငါ့ကို ဒုက္ခပေးချင်တဲ့ လူတွေအများကြီးရှိတယ်မလား ဘယ်လိုဖြစ်ဖြစ် သူတို့တွေကကို ငါ့ကိုမကျေနပ်ကြဘူး ငါကလည်းကြင်နာတတ်တဲ့လူ မဟုတ်ဘူး ပြောရရင်ဒီထဲမှာတော့ ငါကြိုက်တာလုပ်လို့ရတယ်လေ ဒီအခွင့်အရေးကိုယူပြီး သူတို့ကို သင်ခန်းစာပေးသင့်တယ်မလား”
ကျိုးဟောင်၏စကားဆုံးသည်နှင့် မိန်းကလေးလေးယောက်မှာ ချက်ချင်း ပြုံးလိုက်ကြသည်။ ကျိုးဟောင် ဤသို့ပြောခြင်းသည် အမှန်တကယ် လက်တွေ့ဆန်သည်ဟု အတွေးထဲတွင်လည်းတွေးလိုက်ကြသည်။
“ဘာရယ်နေကြတာလဲ ငါက ဒီအခြေအနေကို အခွင့်ကောင်းယူသင့်တယ် မဟုတ်ဘူးလား ဘာဖြစ်လဲ ငါက စိတ်သဘောထားသေးတယ်လို့ ထင်နေတာလား”
ကျိုးဟောင်မှာလက်နှစ်ဖက်ကို ဆန့်ရင်းပြောလိုက်သည်။
“ဒါဘယ်လိုဖြစ်နိုင်မှာလဲ ကျွန်မသာ အစ်ကိုကျိုးသာဆိုရင် ဒီထက်တောင် ပိုဆိုးဦးမယ်"
စုရှောင်းဖေးမှာ ချက်ချင်း ပါးစပ်ကိုအုပ်ပြီး ရယ်မောလိုက်သည်။ ကျိုးဟောင်မှာ ကြောက်စရာကောင်းသောလူမှန်း သူမ သိပေသည်။ သူမသည်ဝီလီယံ၊ နင်ယွမ်ဖုန်းနှင့် အခြားသူများအတွက် စိုးရိမ်သွားမိသည်။
ဝမ်ကျို့ထျန်း၏အထောက်အထားဖြင့် ကျိုးဟောင်သည် မိုရိုမျိုးနွယ်စုတွင် သူအလိုရှိသလို လုပ်ဆောင်နိုင်ပေသည်။ သူတို့သည် ကျိုးဟောင်ကို ဆန့်ကျင်လိုပါက အပြင်လောကတွင်လုပ်ဆောင်နိုင်ခြင်းမရှိပေ။ သို့သော် ဤနေရာတွင် ဆိုပါကဆန့်ကျင်ရန် ပို၍ပင်ခက်ခဲပေလိမ့်မည်။
“ကောင်းပြီ ဒီကိစ္စကို ကျွန်မတို့ကိုလွှဲထားလိုက် စိတ်မပူပါနဲ့ ကျွန်မတို့ ဘာလုပ်ရမလဲဆိုတာ သိပါတယ်”
စုရှောင်းပင်းမှာ ချက်ချင်းပင်ပြောလိုက်သည်။
“ဟုတ်ပြီ အပြင်ကလူတွေကို မင်းတို့အမိန့်ကို နားထောင်ဖို့ ငါမှာထားပြီးပြီ သူတို့ရှိနေရင် ကိစ္စအားလုံးက ပိုလွယ်လိမ့်မယ်”
ကျိုးဟောင်မှာ မျက်စိမှိတ်ပြလိုက်သည်။ မိန်းကလေးလေးယောက်သည် ဤစကားကို ကြားသောအခါ ကျိုးဟောင်သည် အမှန်တကယ် ဆိုးသွမ်းသူဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
စုရှောင်ဖေးမှာတော့ သေချာပေါက်ဒါကိုသိပြီးသားပင်။
ဤလူသည် ကိုင်တွယ်ရတာမလွယ်ပေ။ သူရှိသောနေရာတိုင်းတွင် သေချာပေါက်ကိစ္စများစွာ ဖြစ်ပျက်ပေလိမ့်မည်။
ကျိုးဟောင်မှာပြောရင်း ထွက်ခွာသွားပြီး စိတ်စွမ်းအားကို ပြန်လည်စတင် ပုံသွင်းတော့သည်။
သို့သော် အပြင်ဘက်ရှိနိုးထလာသော လူများ၏ မျက်နှာများမှာ အလွန်တရာ ပျက်ယွင်းနေကြသည်။
အထူးသဖြင့် နင်ယွမ်ဖုန်းနှင့် အခြားသူများမှာ နိုးလာသည်နှင့် ၁၀ခုမြောက်ဧရိယာရှိတပည့်များ၏ ရိုက်နှက်ခြင်းအားခံလိုက်ကြရသည်။ ဂိုဏ်းမှ ဝမ်ကျို့ထျန်း၏ နောက်လိုက်များကို အပြစ်ပေးခဲ့သော်လည်း ထိုအပြစ်ပေးခြင်းမှာ လုံးဝမလုံလောက်ဘဲ အချိန်တစ်ခုအကြာတွင် သူတို့သည် ဒဏ်ရာများဖြင့် ပြည့်နှက်နေအောင် ရိုက်နှက်ခံလိုက်ကြရပြီး အလွန်စိတ်ဓာတ်ကျသွားခဲ့ကြသည်။
“သေစမ်း သူတို့တွေက လွန်လွန်းတယ်”
ထိုအချိန်တွင် လျှို့ဝှက်ခန်းတစ်ခုအတွင်း၌ နင်ယွမ်ဖုန်းနှင့် အခြားသူများ အတူထိုင်နေကြပြီး ထိုသူများထဲမှ တစ်ဦးသည် မျက်နှာနီရဲပြီးရောင်ရမ်းနေသောမျက်နှာ ဖြင့်ကျိန်ဆဲလိုက်သည်။
....................................................................................
အခန်း (၅၇၂) ပြီးပါပြီ။
အခန်း (၅၇၃) : စီးပွားရေး
အားလုံးမှာ ပျက်ယွင်းနေသောမျက်နှာများဖြင့် အတူထိုင်နေကြသည်။
ဤလူများအားလုံးမှာ ပါရမီရှင်တွေဖြစ်ပြီး ကောင်းမွန်သောလက်ခံခန္ဓာကိုယ်တွေကိုတောင် ရရှိခဲ့ကြပေသည်။
သူတို့၏ အဆင့်အတန်းမှာသိပ်မမြင့်သော်ငြား မိုရိုမျိုးနွယ်စုတွင်အရေးပါသောတပည့်များဟု သတ်မှတ်နိုင်သေးပေသည်။ သူတို့သည် ကနဦးမှာ ကံအခွင့်အလမ်းတွေ အများကြီးရနိုင်မယ်လို့ ထင်ခဲ့ကြသော်ငြား ကျိုးဟောင်မှာ ယခုလိုမျိုးမြင့်မားသော ဂုဏ်ပုဒ်မျိုးရှိနေလိမ့်မည်ဟု မည်သူမှမထင်ထားခဲ့ပေ။
တစ်ဖက်တွင် ကျိုးဟောင်မှာအခြေအနေကို ပြောင်းပြန်လှန်ပြီး ဤလူအုပ်စုအား ဒုက္ခပေးခဲ့သည်။ ဤရက်အနည်းငယ်အတွင်းတွင် သူတို့အဖွဲ့သည် အရိုက်ခံရလျှင်အရိုက်ခံရ သို့မဟုတ် အိမ်ထဲမှ မထွက်နိုင်သောအခြေအနေမျိုးဖြစ်နေပေသည်။ ပြောရပါက မိုရိုမျိုးနွယ်စုရှိ ကံအခွင့်အလမ်းရှာဖွေနိုင်သည့်အခွင့်အရေးမှန်သမျှကို ပိတ်ဆို့ခံထားရပေသည်။
တချို့မှာ စိုးရိမ်ပူပန်နေကြပြီး တချို့မှာတော့ပျော်ရွှင်နေကြပေသည်။ ဝတုတ်ကျင်းမှာ ဤအကြောင်းအားသိလိုက်သည်နှင့် ကျိုးဟောင်အား ချက်ချင်းပင်ရှာတွေ့သွားခဲ့သည်။ စွန်းယွဲ့လည်း အတူတူပင်။
ကျိုးဟောင်မှာ သူတို့အားကြိုဆိုပြီး အခွင့်အရေးများစွာပေးခဲ့သည်။ ၁၀ခုမြောက်ဧရိယာမှာ သူတို့၏ အိမ်လို ဖြစ်လာခဲ့သည်။
သို့သော်လည်း သူတို့သည် ကျိုးဟောင်၏လုပ်ရပ်များအတွက် အနည်းငယ်စိုးရိမ်နေတုန်းပင်။
“ဒီလူတွေပေါင်းပြီး ရှင့်ကို ဒုက္ခပေးမှာကို မကြောက်ဘူးလား”
စွန်းယွဲ့မှမနေနိုင်ဘဲ မေးလိုက်မိသည်။
“ဘာလို့ကြောက်ရမှာလဲ သူတို့က အပြင်မှာလည်း ငါ့ကို မယှဉ်နိုင်ဘူး ဒီမှာဆိုရင် ပိုတောင်မယှဉ်နိုင်တော့ဘူး”
ကျိုးဟောင်မှာ ပြုံးလိုက်ပြီး အေးအေးဆေးဆေးပင်ပြန်ပြောလိုက်သည်။ သူသည် အမှန်အတိုင်း ပြောနေခြင်းဖြစ်သည်။ ကျိုးဟောင်အတွက် သူတို့သည် အပြင်တွင် သူ့ကို မယှဉ်နိုင်ခဲ့သလို ဒီနေရာတွင်လည်း ပို၍ပင် မယှဉ်နိုင်တော့ပေ။
“အဲ… ရှင်က တကယ်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာပဲ”
စွန်းယွဲ့ မှပြုံးလိုက်ပြီး မနေနိုင်ဘဲ ပြောလိုက်သည်။
ထိုအချိန်တွင် ဖက်တီးကျင်းပြေးလာခဲ့သည်။
“အစ်ကိုကြီး ဒီလူတွေက အစ်ကိုကြီးနဲ့ တိုက်ချင်နေကြတယ်"
ကျိုးဟောင်မှာ ခဏတာအံ့အားသင့်သွားခဲ့သည်။
“တိုက်ချင်တာလား”
“အဲ… သူတို့တွေ စုပေါင်းပြီး အစ်ကိုကြီးနဲ့ စကားပြောချင်နေကြတယ်တဲ့ ကျွန်တော်တို့ သွားသင့်လား”
ကျိုးဟောင်မှာ ပြုံးလိုက်သည်။
“သေချာတာပေါ့ ငါသွားပြီး သူတို့မှာဘယ်လိုနည်းလမ်းတွေ ရှိလဲဆိုတာ ကြည့်ရမယ် သူတို့မှာ ဘာမှမရှိဘူးဆိုရင် မိုရိုမျိုးနွယ်စုရဲ့ စိတ်လောကထဲမှာ ကံအခွင့်အလမ်းကိုလိုချင်ရင် ငါ့စကားကို နားထောင်မှရမယ် မဟုတ်ရင်တော့… ဟမ့်”
“အစ်ကိုကြီး သူတို့အားလုံးကို ဘာလို့မသတ်ပစ်လိုက်တာလဲ ဒီမှာဆိုကျွန်တော်တို့လုပ်တယ်ဆိုတာဘယ်သူမှ မသိနိုင်ဘူးလေ ကျွန်တော်တို့သာပါးစပ်ပိတ်ထားရင် တခြားသူတွေလည်း သိမှာမဟုတ်ဘူး”
ဖက်တီးကျင်းက မျက်စိမှိတ်ပြကာပြောလိုက်သည်။ သူသည် ဘာကိုမှ လုံးဝမကြောက်တတ်ပေ။
“အားလုံးကို သတ်ပစ်ရမှာလား”
ဤစကားကို ကြားသောအခါ စွန်းယွဲ့၊ စုရှောင်းပင်းနှင့် အခြားသူများမှာ အံ့အားသင့်သွားကြသည်။ ဖက်တီးကျင်းသည် ရိုးသားသူတစ်ယောက်ကဲ့သို့ ထင်ရသော်လည်း အမှန်တကယ် ရက်စက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
“သူတို့ကို သတ်ပစ်တာက မကောင်းတဲ့ရွေးချယ်မှုတော့ မဟုတ်ဘူး ဘာလို့လဲဆိုတော့ ငါတို့က သူတို့ကို အပြစ်လုပ်ပြီးပြီဆိုတော့ ပြန်လည်သင့်မြတ်ဖို့ မဖြစ်နိုင်တော့ဘူး ဒါပေမဲ့ အခုသူတို့ကို သတ်ပစ်တာကတော့ စွန့်စားရာကျတယ် သူတို့မှာ နည်းလမ်းတစ်ချို့တော့ ရှိမှာပဲ ငါတို့သာ ရှုံးနိမ့်ခဲ့ရင်အပြင်ထွက်တဲ့အခါ အားလုံးဝေဖန်ခံရမှာကို ငါစိုးရိမ်တယ်”
မည်သို့ပင်ဖြစ်စေ ဤနေရာသည်အချိန်အကန့်အသတ်ရှိပြီး တစ်သက်လုံးနေရမည့်နေရာမဟုတ်ပေ။ အချိန်တန်ပါက ဤနေရာမှထွက်သွားရမည်ဖြစ်သည်။
ကျိုးဟောင်သည် စစ်နတ်ဘုရားတပ်ရင်းမှလူဖြစ်သည်။ သူသည် ထိုလူများကို မကြောက်သော်လည်း သူ၏မိသားစုရှိသေးပေသည်။
ဤလူများမှာ ကိုင်တွယ်ရမလွယ်ပေ။ နင်ယွမ်ဖုန်းကို ဥပမာပေးရပါက ရှေးဟောင်းသိုင်းပညာရှင်မိသားစုမှ လူများက သူ့မိသားစုအားရှင်းပစ်လိုပါက သူပင်မသိလိုက်ဘဲ မိဘများ၏အသက်ကို အန္တရာယ်ဖြစ်စေနိုင်ပေသည်။ ထို့ကြောင့် ကျိုးဟောင်မှာ အရမ်းမရက်စက်လိုခြင်းဖြစ်သည်။
သို့သော်လည်း သင်ခန်းစာပေးစရာတွေတော့ ရှိသေးပေသည်။
“ဟုတ်တာပေါ့… အစ်ကိုကြီး ကျွန်တော်တို့ ဘာလုပ်သင့်လဲ”
ဖက်တီးကျင်းမှ ချက်ချင်းပြောလိုက်သည်။
“ငါသူတို့နဲ့တွေ့မယ် သူတို့အခြေအနေကိုကြည့်ပြီးဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ရအောင်”
ကျိုးဟောင်မှာပြောရင်း သဘောတူထားရာနေရာဆီသို့ တိုက်ရိုက်ထွက်သွားခဲ့သည်။
မိုရိုမျိုးနွယ်စုနယ်မြေမှာ အလွန်ကျယ်လှသည်။ နင်ယွမ်ဖုန်းနှင့်အခြားလူများမှာ အတွင်းပိုင်းကို တမင်ရှောင်ရှားပြီး အပြင်ဘက်တွင်တွေ့ဆုံရန် နေရာတစ်ခုစီစဥ်ခဲ့ကြသည်။
ကျိုးဟောင်ရောက်သွားသောအခါ ထိုနေရာတွင်ရှိနေသောလူများ၏ မျက်နှာအမူအရာများအလွန်ဆိုးရွားနေသည်ကို မြင်ပြီး ပြုံးလိုက်သည်။
“အားလုံးပဲ မတွေ့တာကြာပြီ”
ကျိုးဟောင်မှာပြောရင်း အကြည့်အား နင်ယွမ်ဖုန်းထံတွင် ရည်ရွယ်ချက်ရှိရှိ ရပ်တန့်လိုက်သည်။ နင်ယွမ်ဖုန်းမှာနှာမှုတ်လိုက်ပြီး ဘာစကားမှမပြောဘဲ ကျိုးဟောင်အားကြည့်နေခဲ့သည်
သို့သော်လည်း ကျိုးဟောင်မှာ ဂရုမစိုက်ဘဲ အဓိကထိုင်ခုံမှာထိုင်ကာ ထိုအဖွဲ့အားကြည့်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဒီမိုရိုမျိုးနွယ်စုက ရှေးခေတ်က အင်အားကြီးမျိုးနွယ်စုဖြစ်ဖို့တကယ်ကို ထိုက်တန်ပါတယ် ဒီအခွင့်အရေးတွေက မယုံနိုင်စရာပဲ မင်းတို့အားလုံး ဒီရက်အတွင်း ဘာတွေများရခဲ့ကြလဲမသိဘူး”
“သေချာတာပေါ့ မင်းတို့က ကံအခွင့်အလမ်းလိုချင်တယ်ဆိုရင် ငါ့မှာကူညီပေးနိုင်တဲ့ အစွမ်းရှိတယ် ဒါပေမဲ့ ငါ့အကူအညီအတွက် ဈေးကအရမ်းမြင့်တယ် မင်းတို့လိုချင်မလား မသိဘူး”
ကျိုးဟောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်ရာ သူ့စကားများကမှာ တစ်ဖက်ရှိမျက်နှာများကို ရုပ်ဆိုးသွားစေခဲ့သည်။
သူတို့၏ကံအခွင့်အလမ်းရှာဖွေခြင်းအားတားဆီးခဲ့သူမှာ သူပင်ဖြစ်ကာ ယခုကျတော့ သူထွက်လာပြီး ကံအခွင့်အလမ်းရှာရန်ကူညီပေးချင်သည်ဟုပြောနေပေသည်။ ဤလူသည် တကယ်ကို မျက်နှာပြောင်တိုက်လွန်းပေသည်။
သူတို့၏ မျက်နှာအမူအရာများမှာ ပျက်ယွင်းနေပြီး နင်ယွမ်ဖုန်းအားကြည့်ကာ ဘာမှမပြောကြပေ။
ကျိုးဟောင်သည်လည်း ပြုံးလိုက်သည်။
“ဘာလဲ ပြောစရာမရှိဘူးလား မရှိရင် ငါသွားတော့မယ်။ ငါ့အချိန်က ပိုက်ဆံပဲ မိုရိုမျိုးနွယ်စုမှာ ငါလေ့ကျင့်လို့ရတဲ့ နေရာတွေ အများကြီးရှိတယ် ငါ့အချိန်ကို အကောင်းဆုံး အသုံးချရမယ်”
ကျိုးဟောင်သည်ပြောရင်း ထွက်သွားရန် ပြင်လိုက်သည်။
နင်ယွမ်ဖုန်းနှင့် အခြားလူများက ကျိုးဟောင်အား ဤသို့ ထွက်ခွာခွင့်ပြုမည် မဟုတ်ပေ။
ထို့ကြောင့် နင်ယွမ်ဖုန်းကထရပ်ပြီး ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
“ကျိုးဟောင် ငါတို့ ဒီကိုမလာခင်က တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်ဖို့ သဘောတူညီချက်ရှိခဲ့တယ် မင်းဒီလိုလုပ်တာက ငါတို့ရဲ့ သဘောတူညီချက်ကို ချိုးဖောက်တာပဲ”
“သဘောတူညီချက်လား တောင်းပန်ပါတယ် မင်းက ငါ့ကို အဲဒီအစည်းအဝေးကို မဖိတ်ခဲ့သလို ငါလည်း မသွားခဲ့ဘူးဒါကြောင့် ဒီသဘောတူညီချက်က ဘာလဲဆိုတာ ငါမသိဘူး”
ကျိုးဟောင်မှပြုံးကာပြောလိုက်သည်။ သူ၏ စကားများက နင်ယွမ်ဖုန်း၏ မျက်နှာကို ချက်ချင်း ပျက်ယွင်းသွားစေခဲ့သည်။
သူ့ဘေးနားရှိ လူများမှာ ပို၍ပင်ဒေါသထွက်နေကြပေသည်။ သူတို့သည် ချက်ချင်း စားပွဲအား ရိုက်ကာဒေါသတကြီး အော်ဟစ်လာကြသည်။
“ကျိုးဟောင်၊ မင်းက အရမ်းဘဝင်မြင့်တာပဲ မင်းကိုယ်မင်းအရမ်းအစွမ်းထက်တယ်လို့ ထင်နေတာလား ငါဒီနေ့မင်းကိုသတ်ပစ်မယ်”
ပြောရင်း ထိုလူဟာ သည်းမခံနိုင်တော့ဘဲ ချက်ချင်းတိုက်ခိုက်လိုက်သည်။ ဒီနေရာတွင် သူ၏တိုက်ခိုက်ရေးစွမ်းအားကိုထုတ်မသုံးနိုင်ဘဲ လက်ခံခန္ဓာကိုယ်ပိုင်ရှင်၏စွမ်းအားကိုသာသုံးလို့ရပေသည်။
လက်ခံခန္ဓာကိုယ်ပိုင်ရှင်မှာ ယခုမှမူလအဆင့်သို့ရောက်သော ပညာရှင်တစ်ယောက်ဖြစ်ပြီး ကျိုးဟောင်မှာတော့ ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုလူလက်သီးဖြင့် ထိုးလိုက်သည်ကိုမြင်ချိန်တွင် ကျိုးဟောင်မှာလက်ဝေ့ယမ်းလိုက်ရာ အားပြင်းပြင်းအားတစ်ခုက မြေပြင်ပေါ် ပြုတ်ကျသွားစေခဲ့ပြီး သွေးအန်သွားစေခဲ့သည်။
“မင်းရဲ့သတ္တိက ချီးကျူးစရာပဲ ဒါပေမဲ့ မင်းမေ့နေတာက… မင်းတို့ဒီမှာ ငါ့ကို အနိုင်ယူလို့မရဘူး”
ကျိုးဟောင်မှာပြုံးလိုက်ပြီး လူတိုင်းကို စိုက်ကြည့်ကာ ဆက်ပြောသည်။
“မင်းတို့ရှိတဲ့ အင်အားကိုအားကိုးချင်တယ်ဆိုရင်လည်း ရတယ် ငါကငြင်းမှာ မဟုတ်ဘူး ဒါပေမဲ့ မင်းတို့ ငါ့ရဲ့စွမ်းအားကို ခုခံနိုင်ပါ့မလားဆိုတာတော့ ငါမသိဘူး”
ကျိုးဟောင်မှာ အလွန်တည်ငြိမ်လှပေသည်။ ထိုစကားအားပြောပြီးနောက် ဤနေရာတွင်ရှိနေကြသူများ၏ မျက်နှာများသည် ပို၍ပင် ရုပ်ဆိုးသွားခဲ့သည်။ တစ်ဖက်တွင် ဖက်တီးကျင်းနှင့် အခြားသူများကတော့ ပြုံးပြုံးရွှင်ရွှင်နှင့် ပွဲကြည့်နေကြသလိုပင်။
နင်ယွမ်ဖုန်းသည် ဤနည်းလမ်းသည် လုံးဝဖြေရှင်းချက်မဟုတ်ကြောင်း သိပေသည်။ ထို့ကြောင့် သူသည်လေးလေးနက်နက် အသက်ရှူသွင်းပြီး ချက်ချင်းပြောလိုက်သည်။
“ကျိုးဟောင်၊ မင်းဘာလုပ်ချင်တာလဲ ပြောလိုက်”
နင်ယွမ်ဖုန်းသည် ဤသို့ ပြောရမည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ယခုအချိန်တွင်တစ်မိုးအောက်တည်းအတူတူ နေနေနေရပြီး ခေါင်းငုံ့ခံရမည့် အခြေအနေသို့ရောက်နေသောကြောင့် ဖြစ်သည်။ ဤစိတ်လောကသည် တစ်လသာ တည်ရှိမည်ဖြစ်ပြီး ယခု သူတို့နိုးထလာချိန်တွင် တစ်ပတ်ခန့်ပင် ကုန်လွန်နေပြီဖြစ်သည်။ ဤသို့ ဆက်လက် ကြန့်ကြာနေပါက စိတ်လောကတစ်ခုလုံး မပြီးဆုံးမီမည်သည့်ကံအခွင့်အလမ်းမှ ရရှိတော့မည် မဟုတ်ပေ။
ကျိုးဟောင်သည် နင်ယွမ်ဖုန်းကို ကြည့်လိုက်ပြီး တဖက်လူမှာ အလွန်ဒေါသထွက်နေသည်ကို မြင်သောအခါ ရယ်ချင်စိတ်ပေါက်လာသည်။ သို့သော် သူသည်ဟန်မပျက်ဘဲ သူ၏ တောင်းဆိုချက်အားပြောပြလိုက်သည်။
“ငါ့တောင်းဆိုချက်က အရမ်းရိုးရှင်းပါတယ် ပြင်ပလောကက မင်းတို့ရဲ့ကြွယ်ဝမှုကို ငါလိုချင်တယ် အလဲအလှယ်အနေနဲ့ သူတော်စင်ဘုံအဆင့်ကျင့်စဉ်တစ်ခုကိုပေးမယ် စုစုပေါင်း ၈၁ မျိုးရှိတယ် မင်းတို့လိုချင်တဲ့ အမျိုးအစားအားလုံးရှိတယ် ဒါပေမဲ့ မင်းတို့ရဲ့ကြွယ်ဝမှုကငါတို့ သဘောတူညီချက်ရဖို့အတွက် အဓိက အစိတ်အပိုင်းတစ်ခုဖြစ်လိမ့်မယ် ငါပေးမဲ့သိုင်းကျင့်စဉ်တစ်ခုရဲ့ ဈေးနှုန်းကတော့တစ်ခုကို ၁ ဘီလီယံပဲ”
…….............................…….............................……............
အခန်း (၅၇၃)ပြီးပါပြီ။