အခန်း (၅၇၄-၅၇၆)
Vol. 39 Ch. 574-576
အခန်း (၅၇၄) : တိုက်ခိုက်ခြင်း
ကျိုးဟောင်မှာ ခပ်ဟဟ ပြုံးလိုက်သည်။ သူပြောပြီးသည်နှင့် သူတို့၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။ ကျိုးဟောင်က ၈၁ မျိုးသော သူတော်စင်ဘုံအဆင့် ကျင့်စဉ်များဟုပြောလိုက်သည်ကို ကြားသောအခါ သူတို့၏ မျက်လုံးများ ချက်ချင်း တောက်ပလာခဲ့သည်။
ဤ သူတော်စင်ဘုံအဆင့်ကျင့်စဉ်သည် သာမန်ကျင့်စဉ်တစ်ခုမဟုတ်ပေ။ သူတို့အားလုံးသည် နက်နဲသော နောက်ခံရှိသော်လည်း ဤကဲ့သို့သောသိုင်းမျိုးကို ရရှိရန်မှာ အလွန်ခက်ခဲဆဲပင်ဖြစ်သည်။
ဤသတင်းကိုကြားသောအခါ နင်ယွမ်ဖုန်း၏ မျက်လုံးများပင် အံ့အားသင့်စွာ တောက်ပသွားခဲ့သည်။
ကျိုးဟောင်ပြောသည်မှာ အမှန်ဖြစ်ပါက သူတို့သည်တကယ်ပင်ဆွဲဆောင်ခဲလိုက်ရမည်ဖြစ်သည်။
သူတို့သည် အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များမှာအောင်ကျို့ခံနေသလိုမဟုတ်ဘဲ အေးစက်သော သတ်ဖြတ်လိုစိတ်များ ပါဝင်နေပေားသည်။
ထိုအချိန်တွင် သူတို့တွင်သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိနေပြီဖြစ်သည်။
သူတို့သည်အစောပိုင်းရ ဤအပြုအမူမျိုး မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကြီးမားသောအကျိုးကျေးဇူးများ၏ ဖြားယောင်းမှု မရှိသောကြောင့် ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် သူတို့၌တိုက်ခိုက်ရန်အကြောင်းပြချက် အပြည့်အဝ ရှိသွားပြီဖြစ်သည်။
ကျိုးဟောင် ဤသို့ပြောရခြင်း၏ အကြောင်းရင်းမှာ လုပ်ငန်းစဉ်အားမြန်ဆန်စေရန်ဖြစ်သည်။ သို့မဟုတ်ပါက အလွန်နှေးကွေးနေပေလိမ့်မည်။ သူတို့အဖွဲ့သည် ဘာမှမပြောဘဲ ဘာမှမလုပ်ပါက သူ၏ စီးပွားရေးအား မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်ရမည်နည်း။
ထိုသို့ပြောပြီးနောက် ကျိုးဟောင်သည် သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သည်။
“ဘာလဲ မင်းတို့ စိတ်မဝင်စားဘူးလား”
ကျိုးဟောင်မှာ ချက်ချင်းမေးလိုက်သည်။ သူသည် ကျင့်စဉ်ကိုပင် ထုတ်ပြလိုက်သည်။ ၎င်းသည် ရှေးဟောင်းအငွေ့အသက်နှင့် တောက်ပနေပြီး လူတိုင်း၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေခဲ့သည်။
ထိုအချိန်တွင် ကျိုးဟောင်နှင့် မလှမ်းမကမ်းမှခန္ဓာကိုယ်ထွားထွားနှင့် လူတစ်ဦးမှာ ထရပ်လိုက်သည်။
“ကျိုးဟောင် မင်းက ဒီလောက်ကောင်းတဲ့ ရတနာကို ရထားတာ တကယ်ကို ထူးခြားတာပဲ ဒါပေမဲ့ မင်းတစ်ယောက်တည်း ကျင့်စဉ် ၈၁မျိုးကို လေ့ကျင့်ဖို့က တော်တော်ခက်ခဲလိမ့်မယ် ဒါမှမဟုတ် ငါတို့ကိုပေးလိုက်ပါလား”
ထိုသို့ပြောပြီးနောက် ကျန်လူလေးဦး၏ အငွေ့အသက်များလည်း ပေါက်ကွဲထွက်လာခဲ့သည်။
ထို့နောက်သူတို့သည် ရုတ်တရက် တိုက်ခိုက်လိုက်ကြသည်။
တိုက်ခိုက်လိုက်သူမှာစုစုပေါင်း ငါးဦးဖြစ်သည်။
အစောပိုင်းက စကားပြောခဲ့သောသူသည် ကျိုးဟောက်၏ လက်ကို အားကြီးသောအငွေ့အသက်ဖြင့် ဖမ်းဆုပ်လိုက်သည်။
မလှမ်းမကမ်းမှ နောက်ထပ်လူတစ်ဦးမှာလည်း သူ့လက်ကို ဝှေ့ယမ်းပြီး အနီ၊ အဝါ၊ အပြာ၊ အစိမ်း ရောင်စုံအဆိပ်များကို ပက်ဖြန်းလိုက်သည်။ ၎င်းသည် လက်ဖဝါးတစ်ခုအဖြစ် ပြောင်းလဲကာ ကျိုးဟောင်ထံသို့ ဦးတည်ဝင်ရောက်လာခဲ့သည်။
လျှပ်စီးစွမ်းအားသည် အမှန်ပင် ထူးခြားပြီး အဆိပ်လည်း ထို့အတူပင်။ ကျိုးဟောင်သည် မျက်လုံးများပင်ကျဥ်းမြောင်းသွားခဲ့သည်။
ထိုငါးဦးထဲတွင် နင်ယွမ်ဖုန်းလည်း ပါဝင်ပေသည်။ သူသည် ဤအကြိမ်၏ စီစဉ်သူဖြစ်ပေရာ တိုက်ခိုက်မည်မှာသဘာဝပင်ဖြစ်သည်။
ဝီလီယံမှာ အစောပိုင်းကစကားမပြောခဲ့သော်ငြား ယခုအချိန်တွင်ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်သည်။ သူသည် ထုံးစံအတိုင်း သတိကြီးကြီးထားတတ်တဲ့သူတစ်ယောက်ပင်ဖြစ်သည်။
သူသည် သူ့၏သိုင်းကို အသုံးမပြုဘဲ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကိုသာ အသုံးပြုလိုက်သည်။ သူ့၏လက်ခံခန္ဓာကိုယ်သည် မိုရိုမျိုးနွယ်စုဝင်ဖြစ်ပြီး ခိုင်မာသော စိတ်စွမ်းအားရှိသော်ငြား သူသည် ဤလောကရှိ လက်ခံခန္ဓာကိုယ်၏ စွမ်းရည်ကိုသာ အသုံးပြုနိုင်ပေသည်။
နင်ယွမ်ဖုန်းလည်း ထူးခြားပေသည်။ သူတိုက်ခိုက်လိုက်သောအခါ ကြီးမားသော ဓားရောင်ခြည်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤဓားရောင်ခြည်သည် စိတ်စွမ်းအားဖြင့်လည်း ဖွဲ့စည်းထားပြီး အလွန်အစွမ်းထက်ပေသည်။
သူ၏လက်ခံခန္ဓာကိုယ်မှာ ဗဟိုတပည့်မဟုတ်သော်ငြား ဗဟိုတပည့်နှင့်ယှဥ်နိုင်သည့် ပါရမီရှင်တစ်ဦးဖြစ်ပေရာ သူ့နည်းလမ်းများမှာ အစွမ်းထက်ပေသည်။
ပဉ္စမမြောက်လူမှာလည်း အစွမ်းထက်ပေသည်။ သူသည် ထူးဆန်းသော ကိရိယာတစ်ခုအား ထုတ်ကာဖွင့်လိုက်သည်။ ထို့နောက် အပူစွမ်းအားများအားထုတ်လွှတ်နေသော ချပ်ဝတ်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။
ထိုငါးယောက်ဟာ ကြိုတင်ညှိနှိုင်းမှုမရှိဘဲ အတူတူတိုက်ခိုက်ခဲ့ကြသော်ငြား သူတို့အားလုံးမှာ တိုက်ပွဲရာပေါင်းများစွာ ကြုံတွေ့ခဲ့ကြတဲ့သူတွေဖြစ်ပေရာ ဘယ်အချိန်မှာ တိုက်ခိုက်ပါက အထိရောက်ဆုံးဖြစ်မည်ဆိုသည်ကို သဘာဝအတိုင်း သိကြပေသည်။
သို့သော်လည်း သူတို့သည် ကျိုးဟောက်အား လျှော့တွက်မိခဲ့ကြပေသည်။
သူတို့ တိုက်ခိုက်လိုက်သည်နှင့် ကျိုးဟောင်က ပြုံးလိုက်ပြီး အသင့်ပြင်ထားပြီးသားဖြစ်သည်။
ကျိုးဟောင်မှာ သူတို့ဘက်မှမတိုက်ခိုက်မည်ကို အစိုးရိမ်ဆုံးဖြစ်ကာ စင်စစ် ယခုအချိန်တွင်သူတို့တိုက်ခိုက်လိုက်ပါက ပိုပြီး လွယ်ကူသွားမည်ဖြစ်သည်။
သူတို့မစောင့်ဆိုင်းနိုင်ဘူးဆိုသည်ကို ကျိုးဟောင်လည်းသိပေသည်။ ဤသို့အချိန်ဖြုန်းနေမည်ဆိုပါက သူတို့အတွက် ဘယ်လိုမှ အကျိုးမရှိနိုင်ပေ။ ထို့ကြောင့် ယခုလိုလုပ်ပြီး လောင်းကြေးထပ်သည်က ပိုကောင်းပေသည်။ ကံကောင်းပါကအောင်မြင်သွားနိုင်ပေသည်။
“ဟမ့် သူက အစွမ်းထက်ပေမဲ့ ငါတို့ငါးယောက်ကို ခုခံနိုင်မှာတဲ့လား”
“ဒီနေရာက အပြင်လောက မဟုတ်ဘူးသူ့ရဲ့ ပြင်ပခန္ဓာကစွမ်းအားကိုယူလာလို့မရဘူး ပြီးတော့ ငါတို့အားလုံးက စိတ်လောကထဲကိုရောက်ပြီး လက်ခံခန္ဓာကိုယ်ရဲ့ စွမ်းအားကို အသုံးပြုနေကြတာ ငါတို့အနှစ်သာရကိုတောင် ကျွမ်းကျင်စွာ မသုံးနိုင်သေးတာ သူသုံးနိုင်မယ်လို့ ငါတော့မယုံဘူး”
“မောက်မာတဲ့လူ ဒီနေ့သူ့ကိုသတ်ပြီး သူ့ရဲ့ညစ်ပတ်တဲ့ပစ္စည်းတွေကို ခွဲဝေယူကြတာပေါ့"
ထိုလူများမှာ သူတို့၏စိတ်ထဲမှာ လှောင်ပြောင်လိုက်ပြီး ချက်ချင်းတိုက်ခိုက်လိုက်ကြသည်။
ထိုအချိန်တွင် သူတို့သည် စုရှောင်းပင်းနှင့် အခြားသူများ ဝင်ရောက်စွက်ဖက်ခြင်း မရှိသည်ကိုလည်း တွေ့လိုက်ရသည်။ ဖက်တီးကျင်းနှင့် အခြားသူများလည်း ဘေးတွင်သာရပ်နေခဲ့ကြသည်။
ထိုအချိန်တွင် သူတို့သည် ကျိုးဟောင်ကိုသာ မျက်စိထဲတွင်ရှိနေခဲ့ကြသည်။ သို့သော် စုရှောင်းယွီနှင့် အခြားသူများ မည်သည့်အတွက်ကြောင့် ဝင်ရောက်စွက်ဖက်ခြင်း မရှိသည်ကို သူတို့သိသွားပါက သူတို့၏ ဆုံးဖြတ်ချက်ကို ချက်ချင်းနောင်တရသွားမည်ဖြစ်သည်။
“ငါ ဒီမှာငါ့ရဲ့မူလခန္ဓာစွမ်းအားကို မသုံးနိုင်လို့ မင်းတို့ကို ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတာလား ဟဟ မင်းတကယ်မှားနေပြီ”
ကျိုးဟောင်မှာပြုံးလိုက်သည်။ သူပြောပြီးသည်နှင့် သူ၏ စိတ်စွမ်းအားသည် “ဝုန်း” ဟူသော အသံဖြင့် ပေါက်ကွဲထွက်လာပြီး အစွမ်းထက်သော အင်အားတစ်ရပ်မှာပျံ့နှံ့လာခဲ့သည်။
သူသည် ဤရက်အနည်းငယ်အတွင်း သူ၏ စိတ်စွမ်းအားကိုလေ့ကျင့်နေခဲ့ပြီး စမ်းသပ်ချင်နေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ သို့သော် ထိုအချိန်က လေ့ကျင့်ရန် တစ်ဦးတစ်ယောက်မျှမရှိခဲ့ပေ။
ကျိုးဟောင်သည် သူ၏စိတ်စွမ်းအားမည်မျှ အစွမ်းထက်ကြောင်းကိုလည်း စမ်းသပ်ကြည့်ချင်ပေသည်။
ထိုငါးယောက် ရောက်လာသည်နှင့် ကျိုးဟောင်မှာ ချက်ချင်းလှုပ်ရှားလိုက်ကာ သူနှင့် အနီးဆုံးလူကိုကြည့်လိုက်သည်။ ဤသူ၏သိုင်းသည် ထူးခြားသော်လည်း ကျိုးဟောင်၏ မျက်လုံးထဲတွင် သူသည် ဘာမှမဟုတ်ပေ။
သူသည် စိတ်စွမ်းအားလက်ဖဝါးတစ်ခုကို ချက်ချင်းဖွဲ့စည်းပြီး ရိုက်ချလိုက်သည်!
ထိုလူသည် ကျိုးဟောင်၏ လက်ဖဝါးကို မြင်လိုက်သည်နှင့် သူ၏မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ ထိုလက်ဖဝါးတွင် မခံနိုင်သော စွမ်းအားတစ်ခု ရှိနေသည်ကို သူခံစားမိသည်။ ထို့နောက် ဘာစကားမှမပြောဘဲ သူသည် တိုက်ခိုက်ခြင်းမှ ကာကွယ်ခြင်းသို့ ပြောင်းလဲလိုက်သည်!
သို့သော်လည်း သူသည် ကျိုးဟောင်၏ ရိုက်ချက်ဖြင့် လွင့်စဉ်သွားခဲ့သည်!
ကျိုးဟောင်သည် အဆိပ်အသုံးပြုသူကိုလည်း ပြုံးပြကာပြောလိုက်သည်။
“မင်းရဲ့အဆိပ်က အရမ်းရိုးရှင်းတယ်။ ငါ့ကို လုံးဝမသတ်နိုင်ဘူး”
ကျိုးဟောင်သည် လုံးဝဂရုစိုက်ဟန်မပေါ်ပေ။ သူလက်တစ်ချက်ဝေ့ယမ်းလိုက်သည်နှင့် အကာအကွယ်စွမ်းအားတစ်ခုသည် အလင်းမျက်နှာပြင်တစ်ခုအဖြစ် စုစည်းသွားပြီး အဆိပ်ငွေ့များအားချက်ချင်းဖုံးအုပ်သွားကာ တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်။!
ထို့နောက် ထိုလူမတုံ့ပြန်နိုင်ခင်မှာပဲ ကျိုးဟောင်မှာသူ့အား ရိုက်ချလိုက်သည်။
တစ်ချိန်တည်းမှာပင် ဝီလီယံသည်လည်း ရောက်လာခဲ့သည်။ သူ့၏ စိတ်စွမ်းအားမှာ အလွန်အစွမ်းထက်သော်ငြား ကျိုးဟောက်နှင့်ယှဉ်ပါက ကြယ်နှင့်လပမာပင်။
ကျိုးဟောင်မှာ သူ့လက်အားဝေ့ယမ်းလိုက်ရာ အစွမ်းထက်သောစိတ်စွမ်းအားလက်ဖဝါးတစ်ခုပေါ်လာပြီး ရက်ရက်စက်စက် ရိုက်ချလိုက်သည်။ ချက်ချင်းဆိုသလိုပင် တဖက်လူ၏ စိတ်စွမ်းအားလက်ဖဝါးက ပျက်စီးသွားခဲ့သည်။
ထိုမျှမကဘဲ ကျိုးဟောင်၏ခန္ဓာကိုယ်မှာရွေ့လျားသွားခဲ့ပြီး ဝီလီယံ၏ခေါင်းပေါ်သို့ ရောက်လာခဲ့ကာ သူ၏စိတ်စွမ်းအားက တူအဖြစ်ပြောင်းကာရိုက်ချလိုက်သည်။
ဝီလီယံသည်အင်အားအပြည့်ဖြင့် ခုခံရုံသာတတ်နိုင်ခဲ့သည်။
သို့သော် သူသည် ကျိုးဟောင်၏ တိုက်ခိုက်မှုအားမည်သို့ ခုခံနိုင်မည်နည်း။ ချက်ချင်းပင်ထိုနေရာတွင်ပင် လွင့်စဉ်သွားခဲ့ပြီး သွေးအန်လိုက်ရသည်။
ထိုအချိန်တွင် နင်ယွမ်ဖုန်းလည်း ရောက်ရှိလာခဲ့သည်။ သို့သော်သူသည်အစောပိုင်းကသုံးဦးစလုံး ကျိုးဟောင်ထံတွင် ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရပြီဖြစ်သည်။
ထိုအချိန်တွင် ကျိုးဟောင်မှာသရော်ပြုံစပြုံးပြီး နင်ယွမ်ဖုန်းအား ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် ပြင်းထန်သောသတ်ဖြတ်လိုစိတ်များဖြင့်ပြည့်နေသောကြောင့် နင်ယွမ်ဖုန်းမှာ ကျောချမ်းလာပြီးပြီး ခေါင်းပင်ယားလာခဲ့သည်။ သူသည် ကျိုးဟောင်ရဲ့အကြည့်ကြောင့် ကြောက်လန့်သွားခဲ့ပြီး ရောက်ရာနေရာမှာပဲရပ်နေခဲ့ကာ တိုက်ခိုက်ဖို့မရဲတော့ပေ။ သူ၏ခန္ဓာကိုယ်မှာ လေထဲတွင် ရပ်တန့်သွားခဲ့ပြီး ကျောပြင်တွင်ချွေးအေးများစီးကျနေခဲ့သည်။
ကျိုးဟောင်မှာ လှောင်ပြုံးပြုံးလိုက်ပြီး သူ့အားအရေးမလုပ်ပေ။ ထို့နောက် နောက်ဆုံးလူကိုဖြေရှင်းပြီး အားလုံးရှေ့သို့ရောက်လာခဲ့သည်။
“ပြောစမ်း ဘာလို့တိုက်ခိုက်ရတာလဲ ငါမင်းတို့ကို တိုက်ချင်တယ်လို့ ပြောခဲ့လို့လားဒီရတနာကို ငါရထားတာ မင်းတို့လိုချင်ရင် တန်ရာတန်ကြေးပေးရမှာပေါ့ မင်းတို့ ထမင်းစားရင်ထမင်းဖိုးပေးရတယ်မဟုတ်ဘူးလား”
“ဒါကဒီလောက်ရိုးရှင်းတာကို ဘာလို့ တိုက်ခိုက်ရတာလဲ မင်းတို့တွေက တကယ်ကို စည်းမျဥ်းတွေကိုဖောက်ဖျက်နေားကြတာပဲ သိရဲ့လား”
ကျိုးဟောင်မှာပြောရင်း ထိုအဖွဲ့ထဲမှလူတစ်ယောက်၏ ခေါင်းအားဆွဲကိုင်လိုက်ပြီး မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။
......…...........…...........…...........…...........…...........….........
အခန်း (၅၇၄) ပြီးပါပြီ။
အခန်း (၅၇၅) : အလွန်အမင်း အရှက်မဲ့ခြင်း
ကျိုးဟောင်မှာ ရိုက်ချရင်း ပြောလိုက်သည်။
“မင်းတို့ ငါ့ရတနာကို ဘာလို့မကောင်းတဲ့ရည်ရွယ်ချက်ထားရတာလဲ ငါအမှားလုပ်ခဲ့လို့လား ဒီသိုင်းကို လိုချင်ရင် ဝယ်ရမှာပေါ့ ဈေးကို မျှမျှတတပေးရမှာလေ ဘာလို့အော်ပြီး ငါ့ကိုတိုက်ခိုက်ရတာလဲ”
ကျိုးဟောင်မှာပြောနေသော်လည်း သူ့လက်အားမရပ်ခဲ့ပေ။ သူသည် ထိုသူ၏ခေါင်းကို ဆုပ်ကိုင်ထားပြီး မြေပြင်ပေါ်သို့ ဆက်တိုက် ရိုက်ချနေခဲ့သည်။
သိပ်မကြာမီ ထိုသူ၏မျက်နှာတွင် သွေးများဖြင့် ပြည့်နှက်သွားသော်လည်း ထိုသူသည် ကျိုးဟောင်၏လက်မှ လွတ်မြောက်နိုင်ခြင်း မရှိသေးပေ။
ကျိုးဟောင်သည်အစွမ်းထက်သော စိတ်စွမ်းအားဖြင့် သူတို့၏ခန္ဓာကိုယ်များအား တိုက်ရိုက်ချုပ်နှောင်ထားခဲ့သည်။ လက်ရှိအချိန်တွင်သူတို့သည် ကျိုးဟောင်၏ အလိုဆန္ဒအတိုင်းနေနေရပေသည်။
ကျိုးဟောက်၏လုပ်ရပ်မှာ သူတို့အားကြောင်သွားစေခဲ့ပြီး အားလုံးမှာ ကျိုးဟောင်အား ကြောက်ရွံ့စွာကြည့်နေခဲ့ကြသည်။
အထူးသဖြင့် ကျိုးဟောင်ကို ယခင်က တိုက်ခိုက်ခဲ့သူများအားလုံးသည် ရေခဲပြင်ပေါ်လမ်းလျှောက်နေရသလိုပင် ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ကျိုးဟောင်သည် သူတို့၏ ဦးခေါင်းများကိုလည်း ဤကဲ့သို့ ရိုက်ချမည်လားဟု မသိသောကြောင့် ဖြစ်သည်။
သို့သော် ဖြစ်လာမည့်အရာကား ဖြစ်လာမည်သာဖြစ်သည်။ ကျိုးဟောင်မှာ သူတို့အားကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်းတို့လည်း… ခုနက ငါ့ကိုတိုက်ခိုက်ခဲ့တယ်မလား ပြောစမ်း မင်းတို့ဘာတွေလုပ်နေကြတာလဲ မင်းတို့ ဘယ်လိုလုပ်ပြီးဒီလိုလုပ်နိုင်တာလဲ ကလေးတွေအတွက် မကောင်းတဲ့ဥပမာဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
ကျိုးဟောင်မှာပြောရင်း ထိုသူကိုပစ်ချပေးလိုက်ပြီး အခြားလူများဆီသို့ လျှောက်သွားခဲ့သည်။
သူတို့ထဲမှတစ်ဦးမှာ အလွန်ကြောက်လန့်နေခဲ့သည်။ လက်ရှိအချိန်တွင် သူသည် ကြောက်လန့်တကြားဖြစ်နေပြီး ကျိုးဟောင်၏ချုပ်နှောင်ထားမှုမှ လွတ်မြောက်ရန်ရုန်းကန်နေခဲ့သည်။ ထို့နောက်သူ၏ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး ထွက်ပြေးသွားခဲ့သည်။
သို့သော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။
ကျိုးဟောင်မှာ သူ့ရှေ့ရောက်လာပြီး သူ၏လက်ဝါးဖြင့်ရိုက်ချလိုက်သည်။ ကြီးမားသောစိတ်စွမ်းအားက တောင်ကြီးတစ်လုံးပမာဖိနှိပ်နေသောကြောင့် ခုခံနိုင်စွမ်းမရှိဘဲ ချက်ချင်းပင် မြေပြင်ပေါ်ကိုလဲကျပြီး သွေးအန်လိုက်ရသည်။
“ဘာလဲ ထွက်ပြေးတာလား မင်းက အရမ်းကို ကိုယ်ကျင့်တရားပျက်ပြားတာပဲ ငါ့ကို ထိုးပြီးတော့ ထွက်ပြေးတယ် အဲဒါနဲ့ လွတ်မယ်ထင်နေဝာာလား”
“နောက်ပြီး ငါတို့အားလုံးက တကယ့်လောကကလာတာ ငါတို့က သူငယ်ချင်းကောင်းတွေနဲ့ ရဲဘော်ရဲဘက်တွေဖြစ်သင့်တာ ဒါပေမဲ့ မင်းတို့ကျတော့ ဘယ်လိုလဲ မင်းတို့က ငါ့ကိုတကယ်အနိုင်ကျင့်ကြတာပဲ လူအများကြီးက ငါ့ကို ရိုက်ဖို့ ကြိုးစားတာ ငါ အရမ်းဝမ်းနည်းတယ် နားလည်လား”
ကျိုးဟောင်၏စကားများမှာ သူတို့အားဒေါသထွက်စေပေသည်။
ကျိုးဟောင်မှာ သူတို့အားသူငယ်ချင်းကောင်းနှင့် ရဲဘော်ရဲဘက်များဟုခေါ်နေပေသည်။
သို့သော် သူသည်ဤအချိန်အတောအတွင်း သူတို့၏ နောက်ကွယ်တွင် ဘာတွေလုပ်နေခဲ့သနည်း။ ဤကောင်လေးသည် သူတို့ကို အထူးတလည်ဒုက္ခပေးခဲ့သည်။ သူတို့ထဲမှ အချို့မှာအပြင်မထွက်ရဲလောက်အောင်ရိုက်နှက်ခံခဲ့ရသည်။
ယခုအချိန်တွင်ဒီလိုစကားတွေပြောနေသည်မှာ အလွန်အရှက်မဲ့ခြင်းမဟုတ်ပေလော။
သို့သော်လည်း ဒီကိစ္စအား ဘယ်သူမှမပြောရဲပေ။ ကျိုးဟောင် နောက်ထပ်ခေါင်းတစ်ခုအားဆုပ်ကိုင်ပြီး မြေပြင်ပေါ်ကိုရိုက်ချလိုက်သည်ကိုမြင်လိုက်ရချိန်တွင် အားလုံးမှင်တက်သွားခဲ့သည်။
“မင်းတို့နှစ်ယောက်လည်း တိုက်ခိုက်ခဲ့တယ်မဟုတ်လား ဒါနဲ့မင်းတို့ ဘာလို့တိုက်ခိုက်ခဲ့လဲဆိုတာ ငါ့ကို မပြောရသေးဘူး ဟုတ်တယ်မလား”
ကျိုးဟောင်မှာ သူတို့နှစ်ယောက်ရှေ့ကို ခုန်ဝင်သွားပြီး ဘေးတစောင်းကြည့်လိုက်သည်။ ကြီးမားသော ခြိမ်းခြောက်မှုနှင့်ဖိအားများကြောင့် သူတို့၏ကျောပြင်များမှာ အေးစက်နေပြီးချွေးအေးတွေ စီးကျလာခဲ့သည်။
သူတို့ထဲမှတစ်ဦးရဲ့ မျက်လုံးများမှာလင်းလက်သွားပြီး သူ့ခေါင်းမှာ ချက်ချင်းပဲအသက်ဝင်လာသလို တောင်းပန်လိုက်သည်။
“ကျိုးဟောင်… မဟုတ်ဘူး မဟုတ်ဘူး အစ်ကိုကျိုး မဟုတ်ဘူး မဟုတ်ဘူး… အဘိုးကျိုး ဒီလိုဆိုရင်ကော… ကျွန်တော်… ကျွန်တော့်ရတနာရဲ့ ၅၀% ကို လျော်ကြေးအဖြစ် ပေးပါ့မယ် ကျွန်တော့်ကို လွှတ်ပေးနိုင်မလား”
ထိုသူသည်စကားပြောပြီးနောက် စိတ်လှုပ်ရှားနေခဲ့သည်။ ကျိုးဟောင်၏ မျက်နှာအမူအရာမှာပျော်ရွှင်နေပြီး ထိုလူအားကြည့်ရင်း ဤလူသည် တကယ်ကို ဉာဏ်ကောင်းသည်ဟုစိတ်ထဲမှတွေးလိုက်သည်။
“ဟေ့ ဟေ့ ဟေ့ ဒါတွေကအားလုံး ဒီတိုင်းအထင်မှားမှုတွေပဲ မဟုတ်လား အစကတည်းက ရှင်းရှင်းလင်းလင်း ပြောလို့မရဘူးလား ငါက အမြဲသဘောထားကြီးတဲ့လူပါ ဒီလိုကိစ္စကို သေးသေးမွှားမွှားကိုစိတ်ထဲမထားပါဘူး ဪ ဒါနဲ့ မင်းရထားတဲ့ရတနာတွေရဲ့ ၇၀% ကိုငါ့ကိုတကယ်ပေးချင်တာလား”
ကျိုးဟောင်မှာ မျက်တောင်ခတ်ပြီးပြုံးပြလိုက်သည်
ထိုသူ၏ မျက်နှာအမူအရာမှာ ချက်ချင်း ကြောင်အသွားခဲ့သည်။
“အစ်ကို ကျိုး… ကျွန်တော် ခုနက ၅၀% လို့ပဲ ပြောခဲ့တာ…”
“ဘာ ၅၀% လား မင်း ၇၀% လို့ ရှင်းရှင်းပြောခဲ့တာအရှင်းကြီးကို ဘာကိုဆိုလိုတာလဲ ငါ့ကို စနောက်နေတာလား”
ကျိုးဟောင်မှာ ချက်ချင်းပင်ဒေါသထွက်သွားပြီး သူ့အားပြဿနာရှာတော့မည့်ပုံစံဖြင့် ပြုမူလိုက်သည်။
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော်မှားသွားတာ ကျွန်တော်မှားသွားတာ ၇၀% ၇၀% အစ်ကိုကျိုး ၇၀%”
ထိုလူသည် ချက်ချင်းပင်ကြောက်လန့်သွားပြီး သူ့အပြောကို ပြောင်းလိုက်သည်။
“ဟူး… ဟုတ်တယ် ကောင်လေး မင်းမှာ အနာဂတ်ကောင်းရှိတယ်"
ကျိုးဟောင်မှာ သူ့ပခုံးကိုပုတ်ပြီး မျက်စိမှိတ်ပြလိုက်သည်။
“ဒါပေမဲ့ မင်းရဲ့စကားတွေနဲ့ပဲ ငါယုံလို့မရဘူး”
ကျိုးဟောင် ပြောပြီးသည်နှင့် ထိုလူမှာကြောင်အသွားသည်။
“ကျွန်တော် ကျိန်ဆိုပါတယ် ကျိန်ဆိုပါတယ် ရပြီလား”
“ကျိန်ဆိုတာက အသုံးဝင်ရင် ဥပဒေစိုးမိုးရေး ဘာလို့လိုတော့မှာလဲ ငါမင်းကို မယုံဘူး”
ကျိုးဟောင်မှချက်ချင်းပြောလိုက်သည်။
“ဒါဆို… ဒါဆို ကျွန်တော်ဘာလုပ်သင့်လဲ”
ထိုသူသည်လည်း ရှုပ်ထွေးနေပြီး ဘာလုပ်ရမှန်းမသိတော့ပေ။
“ဒါက အရမ်းရိုးရှင်းပါတယ်။ မင်း ငါ့ကို ဒီတိုင်းသဘောတူကြောင်းစာတစ်စောင် ပေးလိုက်လို့မရဘူးလား။ မင်း ကျိုးဟောင်ကိုရတနာတွေရဲ့ ၇၀% နဲ့ မင်းမှာရှိိသမျှအရာအားလုံးရဲ့ အသားတင်တန်ဖိုးကို ပေးရမယ်လို့သာရေးလိုက် ဪဒါနဲ့ ငါ့ကိုရှုပ်ဖို့မကြိုးစားနဲ့နော် မင်းရဲ့ အသားတင်ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲဆိုတာ ငါသိတယ် တကယ်လို့နည်းနေရင်တော့လားဟဲဟဲ ငါရိုင်းပြတယ်လို့ မင်းအပြစ်မတင်နဲ့နော်"
ကျိုးဟောင်မှာ ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။ ထိုလူသည် ဤစကားကို ကြားသောအခါ ချက်ချင်းပင်စာစရေးတော့သည်။
ကျိုးဟောင် အမှတ်တမဲ့အင်အားအလွန်အကျွံသုံးပြီး သူ့အားသတ်လိုက်မည်ကို သူတကယ်စိုးရိမ်နေခဲ့ပေသည်။
ပိုက်ဆံနှင့်ယှဉ်ပါက သူ့အသက်မှာပိုအရေးကြီးပေသည်။
ဥပမာပြသူတစ်ဦးရှိခဲ့သဖြင့် အခြားသူများလည်း အခြေအနေကို နားလည်သွားကြသည်။ သူတို့သည် ချက်ချင်းပင်သူတို့၏ရတနာများ၏ ၇၀% ကို ချက်ချင်းထုတ်ယူကာ မိမိကိုယ်ကို ကာကွယ်ရန်အတွက် သဘောတူစာတစ်စောက်ကိုရေးသားလိုက်ကြသည်!
ကျိုးဟောင်မှာ အလွန်ပျော်ရွှင်နေခဲ့သည်။ ထို့နောက် သူသည် နင်ယွမ်ဖုန်းအား ကြည့်လိုက်သည်။
“အစ်ကိုနင် မင်းကိုကြည့်ပါဦး ဒါက…အင်း”
ကျိုးဟောက်မှာပြုံးလိုက်ပြီး စကားမဆုံးအောင်မပြောပေ။ နင်ယွမ်ဖုန်း၏ မျက်နှာအမူအရာသည် မစင်ထက်ပင် ပို၍ ရုပ်ဆိုးနေခဲ့သည်။
“ယူလိုက်!”
သူသည်ဒေါသကိုမျိုချကာ လက်ကိုဝေ့ယမ်းကာ သဘောတူစာကိုရေးပြီးနောက် ထွက်ခွာသွားခဲ့သည်။
ကျိုးဟောင်မှာပြုံးလိုက်ပြီး ဂရုမစိုက်ပေ။ ထို့နောက် သူသည်လူတိုင်းကို ကြည့်လိုက်သည်။
“ငါ ခုနကပြောခဲ့တဲ့ အရောင်းအဝယ်က မဆိုးပါဘူး ဒါပေမဲ့ မင်းတို့က သူတော်စင်ဘုံအဆင့် သိုင်းကို ၁၀ ဘီလီယံနဲ့ ဝယ်ချင်တယ်ဆိုရင်လည်း ကမ်းလှမ်းချက်က ရှိနေတုန်းပါပဲ ငါမင်းတို့ကို မလှည့်စားပါဘူး”
ကျိုးဟောင်မှယပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူတို့၏မျက်လုံးထဲတွင် ဤလူသည် နတ်ဆိုးတစ်ပါးမျှသာ ဖြစ်သည်။
သို့သော် သူတို့ ဘာလုပ်နိုင်မည်နည်း။ သူတို့က မဝယ်ရဲပေ။ ဤကောင်စုတ်လေးသည် အလွန်ရက်စက်သည်။ မဝယ်ရန် ဆုံးဖြတ်လိုက်ပါက တိုက်ခိုက်မည်ဖြစ်သည်။ နောက်ဆုံးတွင် သူဘာမှမမှားခဲ့သလိုပင် ဟန်ဆောင်မည်ဖြစ်သည်။
ဤကောင်စုတ်လေး ဤမျှလောက် ရိုင်းစိုင်းကြောင်းကို သူတို့ဘာလို့ အစကတည်းက မသိခဲ့ကြသလဲနားမလည်နိုင်ပေ။
ယခုလိုဖြစ်မည်ဆိုသည်ကိုသိခဲ့ပါက ယခုလိုလူမျိုးကို ဆန့်ကျင်ခဲ့မည်မဟုတ်ပေ။
သူတို့ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤလူများသည် သူတော်စင်ဘုံအဆင့်သိုင်းများနှင့်လဲလှယ်ရန်အတွက် သဘောတူစာများကို ထုတ်ယူလိုက်ကြသည်။
ကျိုးဟောင်သည် တဟဲဟဲ ရယ်မောလိုက်သည်။ သူသည်တကယ်ပျော်နေခဲ့ခြင်းဖြစ်သည်။ သဘောတူစာ အများအပြားကို ကိုင်ဆောင်ထားရခြင်းသည် တကယ်ကို အံ့မခန်းပင်။
“ဒါက အနည်းဆုံး ဘီလီယံရာပေါင်းများစွာ တန်ဖိုးရှိတယ် ဘယ်လောက်တောင် စိတ်ကျေနပ်စရာကောင်းလိုက်သလဲ”
ကျိုးဟောင်မှာအလွန်အမင်း ပျော်ရွှင်နေခဲ့သည်။ စုရှောင်းယွီနှင့် အခြားသူများလည်း ကျိုးဟောင်ကို ဤသို့မြင်သောအခါ စကားပင်မပြောနိုင်အောင် ဖြစ်သွားကြသည်။
ကျိုးဟောင်သည် ဤမျှလောက်အရှက်မဲ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
စုရှောင်းဖေးမှာတော့ ကျိုးဟောင်ဤမျှအရှက်မဲ့ကြောင်းသေချာပေါက်သိပြီးသားပင် ထို့အပြင်ကျိုးဟောင်သည် ဉာဏ်လည်းကောင်းပေသည်။ ကံကောင်းစွာဖြင့် သူမတို့သည်ကျိုးဟောင်နှင့် သူငယ်ချင်းများဖြစ်နေခဲ့သည်။ ရန်သူတွေဆိုပါကလုံးဝခုခံနိုင်မှာမဟုတ်ပေ။ အကြောင်းမှာကျိုးဟောင်သည် ဘာမဆိုလုပ်နိုင်ပေသည်။
ကျိုးဟောင်မှာပြုံးလိုက်ပြီး သူရရှိထားသောပစ္စည်းများနှင့်အတူ ပြန်သွားခဲ့သည်။
သူ၏နေအိမ်သို့ ပြန်ရောက်သောအခါ ကျိုးဟောင်သည် ငွေများကို ခွဲဝေပြီး သူ၏စိတ်စွမ်းအားအားပုံသွင်းရန် ထွက်သွားခဲ့သည်။
သို့သော် ထိုအချိန်တွင် ဝမ်ချန်းသောင့်၏ ပင်ပန်းနွမ်းနယ်နေသောအသံမှာကျိုးဟောက်၏ စိတ်ထဲတွင်ပေါ်လာခဲ့သည်။
“ကောင်စုတ်လေး လာခဲ့ဦး”
ကျိုးဟောင်မှာ ခဏတာအံ့အားသင့်သွားခဲ့ပြီး တွန့်ဆုတ်မနေဘဲ ၁၀ခုမြောက်ဧရိယာရှိ ခန်းမဆောင်သို့ချက်ချင်းထွက်သွားခဲ့သည်။ ခန်းမဆောင်သို့ရောက်ရှိပြီးမိဘများအား မြင်လိုက်ရချိန်တွင် ကျိုးဟောင်မှာခေတ္တမျှကြက်သေသေသွားခဲ့သည်။
....................................................................................
အခန်း (၅၇၅) ပြီးပါပြီ။
အခန်း (၅၇၆) : မိုရိုကောင်းကင်ဘုံမျှော်စင်အား ဖွင့်လှစ်ခြင်း
ကျိုးဟောင်သည် ဝမ်ချန်းသောင့်နှင့် လီဖန်းချန်တို့ကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။ သူတို့နောက်ဆုံးတွေ့ဆုံပြီးသည်မှာမကြာသေးသော်လည်း သူ၏မိဘများမှာသိသိသာသာအိုမင်းရင့်ရော်နေပြီး ပင်ပန်းနွမ်းနယ်ကာအားနည်းနေပုံရသည်။
"အဖေ အမေ အမေတို့ဒဏ်ရာရထားကြတာလား"
ကျိုးဟောင်မှစိုးရိမ်တကြီး မေးလိုက်သည်။
"ကောင်စုတ်လေး၊ စကားကောင်းကောင်း မပြောတတ်ဘူးလား"
လီဖန်းချန်မှ သားဖြစ်သူအားဆူလိုက်သည်။ ထို့နောက် သူမသည်လက်အားဝေ့ယမ်းကာ အက်ကွဲကြောင်းလက်စွပ်တစ်ခုကို ကျိုးဟောင်ထံပစ်ပေးလိုက်သည်။
"ငါတို့ စုဆောင်းထားတဲ့အရာတွေအားလုံးကို ဒီထဲမှာ ထည့်ထားတယ်ထိပ်တန်းအဆင့် စွမ်းအင်ကျောက်တွေနဲ့ လက်နက်တွေအများကြီးလည်း ပါတယ် မင်းအဖေနဲ့ငါတို့ နှစ်ယောက်ပေါင်းပြီး မင်းအတွက်ကိုယ်ပွားတစ်ခုကို ဖန်တီးထားတယ် ဒီကိုယ်ပွားကငါနဲ့မင်းအဖေရဲ့စိတ်စွမ်းအားတစ်ဝက်ဆီကို ပေါင်းစပ်ထားတာ သူတော်စင်ဘုံအဆင့်ပညာရှင်တွေ ဒါမှမဟုတ်အထွတ်အထိပ်သူတော်စင်ဘုံအဆင့်ပညာရှင်တွေကိုပါ ခုခံနိုင်တယ်"
ကျိုးဟောင်သည် သူတို့၏ ရည်ရွယ်ချက်ကို နားမလည်ဘဲရှုပ်ထွေးနေခဲ့သည်။
"အဖေ၊ အမေ အမေတို့သိမ်းထားပါ ဘာလို့... ဘာလို့ ကျွန်တော့်ကို ပေးတာလဲ"
ကျိုးဟောင်မှလျင်မြန်စွာ ပြောလိုက်သည်။
ဝမ်ချန်းသောင့်က ခပ်ဖွဖွ ပြုံးလိုက်သည်။
"ကောင်စုတ်လေး မင်းရှေးဟောင်းခန္ဓာသိုင်းကို လိုချင်တယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား မင်းအမေနဲ့ ငါ အကြာကြီး စဉ်းစားခဲ့ပေမယ့် ဘယ်လိုယူပေးရမလဲဆိုတာမသိဘူး ဒါကြောင့် ဒီပစ္စည်းတွေကို မင်းအတွက် ပြင်ဆင်ထားတာ ရက်အနည်းငယ်ကြာရင် ကောင်းကင်ဘုံမျှော်စင်ပွင့်မယ် အဲဒီအခါကျ မင်းဒီပစ္စည်းတွေနဲ့ဝင်လို့ရပြီ"
"ကောင်းကင်ဘုံမျှော်စင်ကို အောင်နိုင်ဖို့ ကအင်မတန် ခက်ခဲတယ် အထပ်တိုင်းမှာ စိန်ခေါ်မှုက အရမ်းခက်ခဲတယ် မင်းရဲ့ လက်ရှိကျင့်ကြံဆင့်နဲ့ဆိုပထမသုံးထပ်ကိုပဲ ဖြတ်ကျော်နိုင်လိမ့်မယ် ကျန်တဲ့ ခုနစ်ထပ်ကိုတော့ ဖြတ်နိုင်မှာ မဟုတ်ဘူး ဒါကြောင့် ဒီပစ္စည်းတွေက မင်းကို ကျန်တဲ့ ခုနစ်ထပ်ကို ဖြတ်ကျော်ပြီး ရှေးဟောင်းခန္ဓာသိုင်းကို ရဖို့ကူညီပေးလိမ့်မယ်"
ဝမ်ချန်းသောင့်မှ အသက်ရှူကာ ပြောလိုက်ချိန်တွင်ချောင်းဆိုးသွားရာ ကျိုးဟောင်မှာစိုးရိမ်သွားခဲ့သည်။
"ရပါတယ် လွန်ခဲ့တဲ့ ရက်တွေက ပင်ပန်းခဲ့လို့ပါ ဘာမှ အရေးမကြီးဘူး ငါတို့ မသေသေးပါဘူး"
ဝမ်ချန်းသောင့်မှ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"အဖေ၊ အမေ... အမေတို့..."
ကျိုးဟောင်သည် တကယ်ကို ရင်ထဲထိသွားခဲ့သည်။ ဝမ်ကျို့ထျန်း၏ မိဘများသည် သူ့အပေါ်အင်မတန်ကြင်နာကြသည်။ သူတို့သည်ကျိုးဟောင်အားသူတို့သားဟု ယုံကြည်ထားသောကြောင့် သူ့အားယခုလိုဆက်ဆံကြောင်းကိုသိသော်လည်း ထိုစိတ်ခံစားမှုက သူ့ကို နက်နက်ရှိုင်းရှိုင်း ရင်ထဲထိစေခဲ့သည်။
"ရပြီ မင်းက လူငယ်လေးဖြစ်ပြီး ဘာလို့ ရှက်နေရတာလဲ"
လီဖန်းချန်မှာ ကျိုးဟောင်အား ရယ်စရာလုပ်ကာ မျက်လုံးလှန်ပြလိုက်သည်။
"ဒါနဲ့ မင်း ဒီမှာ မိန်းကလေးတွေ အများကြီးခေါ်ထားပေမယ့် ဘယ်သူနဲ့မှ ဘာမှ လုပ်ပုံမရဘူးနော် ဒါဘာသဘောလဲ မင်း... မင်း အဲဒါမလုပ်နိုင်တော့တာလား"
လီဖန်းချန်၏ ရုတ်တရက် ခေါင်းစဉ်ပြောင်းလိုက်ခြင်းက ကျိုးဟောင်ကို စကားမဲ့သွားစေခဲ့သည်။ ဤစကားကသည် မိခင်တစ်ယောက် ပြောသင့်သောစကားပေလော။ သူ့အား တကယ်ကို အံ့အားသင့်သွားစေခဲ့သည်။
"အမေ၊ သူတို့တွေက ကျွန်တော့် သူငယ်ချင်းတွေပါ"
ကျိုးဟောင်မှလျင်မြန်စွာ ရှင်းပြလိုက်သည်။
"သူငယ်ချင်း အရက်သောက်ဖော်တွေ မဟုတ်ဘူးလား"
လီဖန်းချန်မှ မေးလိုက်သည်။
"ဘယ်လို အရက်သောက်ဖော်တွေလဲ"
ကျိုးဟောင်သည် ထိုစကားလုံးကို တစ်ခါမျှ မကြားဖူးသောကြောင့် ခဏတာ ကြောင်အသွားခဲ့သည်။
"အရက်သောက်ပြီးတဲ့နောက် ရုပ်ပိုင်းဆိုင်ရာဆက်ဆံရေးရှိတဲ့ ရင်းနှီးတဲ့ သူငယ်ချင်း အဲဒါက... မင်းတို့ရဲ့ ဆက်ဆံရေး မဟုတ်ဘူးလား"
လီဖန်းချန်မှ အသေးစိတ် ရှင်းပြလိုက်သည်။
"အာ.. သူတို့က ကျွန်တော့် သူငယ်ချင်းကောင်းတွေပါ အမေပြောသလိုမျိုး လုံးဝ မဟုတ်ပါဘူး"
ကျိုးဟောင်မှာ ပြောစရာစကားလုံးများပင်မရှိတော့ပေ။
"ရပါပြီ ရပါပြီ မပြောတော့ပါဘူး ဒါပေမယ့် မင်းရဲ့ အသက်အရွယ်ဆို မိသားစုဘဝ စတင်ဖို့လည်း အချိန်တန်ပြီ ဂိုဏ်းထဲမှာ မင်းရဲ့ နာမည်က ဆိုးနေတော့စေ့စပ်တောင်းရမ်းဖို့က လွယ်မှာမဟုတ်ဘူး မင်း ကြိုက်တဲ့ ကောင်မလေးရှိရင် ပြောပြလိုက် ငါအားလုံးကူညီပေးမယ်။ ကျန်တာတွေ အားလုံးကို ငါ့ဆီသာလွှဲထားလိုက်ဘယ်လိုလဲ"
လီဖန်းချန်မှာ ကျိုးဟောင်ကို မျက်စိမှိတ်ပြပြီးပြောလိုက်သည်။ သူမ၏ မသင့်လျော်သော စကားများက ကျိုးဟောင်အား စိတ်ဓာတ်ကျစေပေသည်။
လက်ရှိအချိန်တွင် သူ၏အတွေးများမှာ ဤကိစ္စပေါ်တွင်လုံးဝမရှိပေ။ သူသည် ရှေးဟောင်းခန္ဓာသိုင်းနှင့် ဝိညာဉ်ကျောက်တုံးကိုသာ အမြန်ဆုံးရယူလိုခြင်းဖြစ်သည်။ သို့သော်မိဘများကို ထိုကဲ့သို့ပုံဖြင့်မြင်တွေ့ရခြင်းက ကျိုးဟောင်အားအနည်းငယ် နှမြောတသဖြစ်စေပေသည်။
"ကျွန်တော်... အစွမ်းကုန် ကြိုးစားပါ့မယ်..."
ကျိုးဟောင်သည်သက်ပြင်းချကာပြောလိုက်သည်။
"ရပြီ ပြန်သွားပြီးပြင်ဆင်တော့"
ဝမ်ချန်းသောင့်ကပြုံးလိုက်ပြီး လက်ဝေ့ယမ်းကာ ကျိုးဟောင်အားခန်းမဆောင်ထဲမှထွက်သွားစေလိုက်သည်။
ကျိုးဟောင်သည် သက်ပြင်းချလိုက်ပြီး ခန်းမဆောင်ကိုကြည့်လိုက်ပေရာ သူ၏နှလုံးသားမှာ အနည်းငယ်လေးလံနေသလိုခံစားရသည်။
ကျိုးဟောင် ထွက်ခွာသွားပြီးနောက် ခန်းမဆောင်ရှိ လူနှစ်ဦး၏မျက်လုံးများတွင်ဆုံးဖြတ်ချက်ပြတ်သားမှုများ ပေါ်လာခဲ့သည်။ သူတို့သည်တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
"ကျွန်မတို့သားလေး ကြီးလာပြီ..."
"ဟုတ်တယ်... သူကြီးလာပြီ... ဒါပေမဲ့..." ဝမ်ချန်းသောင့်မှာသက်ပြင်းချကာသူ့ကိုယ်သူနှင့် ခန်းမဆောင်ကိုကြည့်လိုက်သည်။
"ဒါပေမယ့်... ငါတို့... သေဆုံးသွားတာ ကြာပြီ ငါတို့ရဲ့ စိတ်စွမ်းအားကလည်း မိုရိုမျိုးနွယ်ရဲ့ ဝိဉာဥ်ကျောက်တုံးနဲ့ဆက်စပ်နေတာ ဒီတစ်ခါ ဘာလို့ နိုးလာတာလဲ"
ဝမ်ချန်းသောင့်မှာ သူ၏ဇနီးကို ကြည့်ကာ တီးတိုးပြောလိုက်သည်။
လီဖန်းချန်မှာခဏတာမျှ အံ့အားသင့်သွားသော်လည်း သူမ၏ မျက်လုံးများက ချက်ချင်း ကြည်လင်လာသည်။
"ဘာလို့လဲ... ကျွန်မတို့ရဲ့ စိတ်စွမ်းအား... စိတ်လောကပွင့်ပြီးနောက်ပိုင်း နိုးလာတာ ဖြစ်နိုင်မလား"
ဝမ်ချန်သောင့်က သက်ပြင်းချလိုက်သော်လည်း မကြာမီ ပြုံးလိုက်သည်။
"ဒီဝိညာဉ်ကျောက်ရဲ့ ထိန်းချုပ်မှုကနေ ကြည်လင်မှုအစအနကို ပြန်ရနိုင်တယ်ဆိုကတည်းက ငါတို့သား အောင်မြင်သွားပြီလို့ ဆိုလိုတာပဲ သေဆုံးပြီးသားလူရဲ့စိတ်စွမ်းအားကိုရှင်သန်နေတဲ့ လူရဲ့ စိတ်စွမ်းအားကသာ နိုးထစေနိုင်တာ ကငါတို့ နှစ်ယောက်လုံးကို တစ်ပြိုင်နက် နိုးထစေနိုင်တဲ့သူက တစ်ယောက်ပဲ ရှိတယ်"
ဝမ်ချနသောင့်မှာ ပြောရင်း ပြုံးလိုက်သည်။ လီဖန်းချန်လည်းအတူတူပင်။
"ဒါဆို အဲဒီ ကောင်လေးက..."
"သူကငါတို့သားမဟုတ်ပေမဲ့ ငါတို့သားရဲ့စိတ်စွမ်းအားနဲ့ ဒီလောကထဲကို ဝင်လာတာဆိုတော့ ငါတို့သားကသူ့ကို အသိအမှတ်ပြုထားတာဖြစ်ရမယ် ငါတို့သားက အသိအမှတ်ပြုထားတဲ့သူဆိုတော့ သူ့ကိုလည်းငါတို့သားလို့သတ်မှတ်လို့ရတယ်"
ဝမ်ချန်းသောင့်က ပြုံးလိုက်သည်။ သူ၏ အကြည့်ကခန်းမဆောင်ကို ဖောက်ထွင်းကာ အဝေးမှကျိုးဟောင်ကို မြင်နိုင်ပုံရသည်။ သူသည် ဝမ်ကျို့ထျန်း၏စစ်မှန်သော စိတ်စွမ်းအားကကျိုးဟောင်တွင်ရောပါနေသည်ကိုပင်မြင်နိုင်ခဲ့ပေသည်။
ကျိုးဟောင်သည် ဤအကြောင်းကို မသိခဲ့ပေ။ သူသည် မကြာမီ ပွင့်တော့မည့် ကောင်းကင်ဘုံမျှော်စင်အတွက် အစွမ်းကုန် ပြင်ဆင်နေခဲ့သည်။ အကြောင်းမှာ သူသည်အခွင့်အရေး တစ်ကြိမ်သာရှိကြောင်း သိရှိထားသောကြောင့်ဖြစ်သည်။ ယခု အခွင့်အရေးကို မဆုပ်ကိုင်နိုင်ပါက ဝိညာဉ်ကျောက်တုံးကို ရရှိနိုင်မည်မဟုတ်သည့်အပြင် ရှေးဟောင်းခန္ဓာသိုင်းကိုလည်း လက်လွတ်ရလိမ့်မည်။ ထို့ကြောင့် ကျိုးဟောင်သည်လုံးဝတုံ့ဆိုင်းမနေခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်း သုံးရက် ကုန်ဆုံးသွားခဲ့သည်။
တတိယမြောက်နေ့ နံနက်တွင် မိုရိုမျိုးနွယ်တစ်ရပ်လုံးတွင် ရှေးဟောင်းအငွေ့အသက်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုရှေးဟောင်းအငွေ့အသက် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပုံရိပ်ဆယ်ခုသည် ကောင်းကင်သို့ချက်ချင်းတက်သွားခဲ့သည်။ လေထဲရှိ ချပ်ဝတ်မများသည် ၎င်းတို့၏ ခန္ဓာကိုယ်နှင့်ပေါင်းစပ်သွားပြီး ချက်ချင်းပင် အစွမ်းထက်သော စိတ်စွမ်းအားများ ပေါက်ကွဲလာသည်။ ၎င်းတို့ ဆက်သွယ်မိသည်နှင့် မျှော်စင်ပုံသဏ္ဌာန်သို့ တိုက်ရိုက် ပေါင်းစပ်သွားခဲ့သည်။
ဤမျှော်စင်တွင် စုစုပေါင်း ကိုးထပ် ရှိသည်။ သို့သော် ၉ထပ်မြောက်အပေါ်ပိုင်းတွင်မှုန်ဝါးနေသော မြင်ကွင်းကြောင့် ကျိုးဟောင်သည် ၁၀ထပ်မြောက်ရှိမရှိကို မမြင်နိုင်ခဲ့ပေ။
မိုရိုမျိုးနွယ်ဝင်အားလုံးသည် ကောင်းကင်ဘုံမျှော်စင်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။
"မိုရိုကောင်းကင်ဘုံမျှော်စင် ပွင့်လိမ့်မယ်လို့ မထင်ထားဘူး!"
"ငါတို့ မိုရိုမျိုးနွယ်ရဲ့ ကောင်းကင်ဘုံမျှော်စင်က တခြားကောင်းကင်ဘုံမျှော်စင်တွေနဲ့ မတူဘူး ဒါကတကယ့်အစစ်အမှန်ပဲ ဒီကမ္ဘာကရတနာတွေ အားလုံးနီးပါး ဒီထဲမှာရှိနေတယ်"
မိုရိုမျိုးနွယ်ဝင်များအားလုံး အံ့အားသင့်နေကြသည်။ သူတို့သာမက တကယ့်ကမ္ဘာမှ စုရှောင်းယွီနှင့် အခြားသူများလည်း ထိုနည်းတူပင်။
"ငါတို့ ကမ္ဘာမှာလည်း ကောင်းကင်ဘုံမျှော်စင်တွေ အများကြီးရှိတယ် မိသားစုမျိုးစုံနဲ့ အဖွဲ့အစည်းတွေမှာ အရွယ်အစားပေါင်းစုံနဲ့ ကောင်းကင်ဘုံမျှော်စင်တွေရှိကြပေမယ့် အဲဒါတွေက တကယ့်အစစ်အမှန်မဟုတ်ဘူး စစ်နတ်ဘုရားတပ်ရင်းမှာရှိတဲ့ဟာတောင် အစစ်အမှန် မဟုတ်ဘူး တကယ့်အစစ်အမှန်က ဒီမှာပဲ... ဒါကမှစစ်မှန်တဲ့ ကောင်းကင်ဘုံမျှော်စင်ပဲ"
အားလုံးမှာအံ့အားသင့်စွာ တီးတိုးပြောဆိုနေကြသည်။
ထိုအချိန်တွင် အလင်းရောင်တောက်နေသော ပုံသဏ္ဌာန်ဆယ်ခုထဲမှ မိုရိုမျိုးနွယ်ခေါင်းဆောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မိုရိုမျိုးနွယ်ရဲ့ ကောင်းကင်ဘုံမျှော်စင်ကခုနစ်ရက်ကြာ ပွင့်လိမ့်မယ် ငါတို့ မိုရိုမျိုးနွယ်ဝင်အားလုံး အထဲကိုဝင်ရောက်ပြီး ကံအခွင့်အလမ်းတွေကိုရှာဖွေနိုင်တယ် ခုနစ်ရက်ကြာပြီးရင် ကောင်းကင်မျှော်စင်ကပိတ်သွားပြီး နှစ်တစ်ရာကြာမှပြန်ပွင့်လိမ့်မယ် ဒါကြောင့်... ဒီအခွင့်အရေးကိုတန်ဖိုးထားပြီး ရတနာတွေကို တတ်နိုင်သမျှ များများ ရယူကြပါ"
"ကောင်းပြီ ဝင်ကြတော့"
…....................................…...........................................
အခန်း (၅၇၆) ပြီးပါပြီ။