← Chapters

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အခန်း (၅၇၇) : ကိုယ့်ကိုယ်ကို တိုက်ခိုက်ခြင်း

သူ့စကားဆုံးသည်နှင့် စိတ်လောကအတွင်းရှိ လူတိုင်းသည်ကောင်းကင်ဘုံမျှော်စင်ကို မော့ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် နင်ယွမ်ဖုန်းလည်း အလားတူပင်။သူ၏ မျက်နှာထားသည် အေးစက်နေခဲ့သည်။

“ကောင်းကင်ဘုံမျှော်စင် ပွင့်သွားပြီ။ အထဲမှာ ကံအခွင့်အလမ်းတွေအများကြီးရှိတယ် ကျိုးဟောင်မင်းစောင့်နေလိုက်”

နင်ယွမ်ဖုန်းမှာစကားဆုံးသည်နှင့် သူသည် ကောင်းကင်ဘုံမျှော်စင်ဘက်သို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့သည်။

“ကောင်းကင်ဘုံမျှော်စင် ပွင့်ဖို့ကမလွယ်ကူဘူး ဒီတစ်ခါတော့ ကံအခွင့်အလမ်းတွေအများကြီး ရကိုရရမယ်”

စိတ်လောကအတွင်း၌ ပုံရိပ်ယောင်မိုရိုမျိုးနွယ်ဝင်များမှာ တစ်ဦးပြီးတစ်ဦးဝင်ရောက်သွားကြသည်။

ကျိုးဟောင်လည်း ထိုမြင်ကွင်းကိုကြည့်ပြီး ပျံသန်းဝင်ရောက်သွားခဲ့သည်။

သူတို့ဝင်သွားသည်နှင့် ဧရိယာသခင်ဆယ်ဦးတို့သည် ၁၀ခုမြောက်ဧရိယာသခင် ဝမ်ချန်သောင့်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်ကြသည်။

“ညီလေးဝမ်၊ မင်းနဲ့ မင်းဇနီးတို့ ပူးပေါင်းပြီး ကောင်းကင်ဘုံမျှော်စင်ကိုဖွင့်ဖို့ မင်းတို့ရဲ့သက်တမ်းတစ်ဝက်ကိုစတေးရတာ တကယ်တန်ရဲ့လား”

ဝမ်ချန်းသောင့်နှင့် လီဖန်းချန်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြသည်။

“ကျွန်တော်တို့ အဲဒါကို ဂရုမစိုက်ပါဘူး။ ဒါက ကျွန်တော်တို့ လုပ်သင့်တဲ့အလုပ်ဆိုတာပဲ သိတယ်…”

ထိုစုံတွဲသည် ပြုံးနေကြသော်လည်း ထိုစကားကို ကြားပြီးနောက်ကျန်လူများ၏ မျက်ဝန်းများတွင် ရှုပ်ထွေးမှုများပြည့်နှက်နေခဲ့သည်။

“ငါတို့ရဲ့ ဝိညာဉ်ခန္ဓာတွေက ဝိညာဉ်ကျောက်ရဲ့စုပ်ယူခံရပေမယ့် လက်ရှိအချိန်မှာ…ငါတို့ ဉာဏ်ရည်တွေလည်း အများကြီး နိုးထလာတယ်။ ဒီဝိညာဉ်လောကကိုဖွင့်တာက အမွေအနှစ်တစ်ခုသက်သက်ပဲ။ ပြီးတော့ မင်းတို့… လက်ရှိ ဝမ်ကျို့ထျန်းက တကယ့်ဝမ်ကျို့ထျန်း မဟုတ်ဘူးဆိုတာကို သိသင့်တယ်”

ဝမ်ချန်းသောင့်၏ မျက်နှာထားသည် မပြောင်းလဲဘဲသူ၏မျက်လုံးများ တောက်ပနေဆဲဖြစ်သည်။

“သူက ကျို့ထျန်း မဟုတ်ရင်တောင် ကျို့ထျန်းက သူ့ခန္ဓာကိုယ်နဲ့ ဝင်ခွင့်ပြုဖို့ ဆန္ဒရှိသရွေ့ ကျွန်တော်တို့အတွက် ကိစ္စမရှိဘူး ဒါက ကျို့ထျန်း အသိအမှတ်ပြုထားတဲ့သူဆိုရင် ကျွန်တော်တို့လည်း အသိအမှတ်ပြုရမှာပေါ့”

ဝမ်ချန်းသောင့်နှင့် လီဖန်းချန်တို့သည် ကျိုးဟောင် ဝင်ရောက်သွားသည်ကို ကြည့်ရင်း ပြုံးနေကြဆဲပင်ဖြစ်သည်။

ကျိုးဟောင်ဝင်ရောက်သွားပြီးနောက် သူသည် အခြားသူများနှင့်မတူပေ။ ဤ ကောင်းကင်ဘုံမျှော်စင်သည် အတိုင်းအဆမရှိ ကျယ်ပြောလှပေသည်။ လူတိုင်းမှာဝင်ရောက်သွားပြီးနောက်သူတို့သည် မိမိတို့၏ကိုယ်ပိုင်နေရာတွင်ပိတ်လှောင်ခံထားရပြီး အခြားသူများကို မမြင်ရဘဲမိမိတို့နှင့်တစ်ပုံစံတည်းတူသော ဤနေရာတွင်ဖွဲ့စည်းထားသည့်ပုံရိပ်တစ်ခုကိုသာ မြင်ကြရသည်။

“ကိုယ့်ကိုယ်ကို အနိုင်ယူနိုင်ရင် နောက်အဆင့်ကို ဝင်ရောက်နိုင်ပါပြီ"

ထိုစကားသည် မိမိတို့နှင့်တစ်ပုံစံတည်းတူသော ပုံရိပ်များမှပြောဆိုလာသည့် ပထမဆုံးစကားများဖြစ်သည်။ ထိုပုံရိပ်များ၏စကားဆုံးသည်နှင့် တိုက်ပွဲစတင်တော့သည်။

ကျိုးဟောင်သည် မိမိနှင့်တစ်ပုံစံတည်းတူညီပြီး တူညီသောကျင့်ကြံမှုအဆင့်ရှိသည့် ပုံရိပ်ကိုကြည့်ကာအလွန်အံ့သြသွားခဲ့သည်။ သူ၏လက်ကို ဝေ့ယမ်းလိုက်သည်နှင့် အဆုံးမရှိပြင်းထန်သော စိတ်စွမ်းအားမှာ ပေါက်ကွဲထွက်လာခဲ့သည်။

ထိုသူသည်လည်း အလားတူပင်။

“သူက ငါနဲ့မခြားဘူး ဒီတိုက်ပွဲကို ငါဘယ်လိုတိုက်ရမလဲ”

ကျိုးဟောင်သည် အလွန်ရှုပ်ထွေးနေသော်လည်း ဝမ်ချန်းသောင့်ပေးထားသည့် ရတနာကိုမသုံးသေးဘဲ သူသည် တစ်ဖက်လူကိုတစ်ဦးတည်း အနိုင်ယူနိုင်မလားဆိုတာကို သိချင်နေပေသည်။

တစ်ဖက်လူ၏ ကိုယ်ခံပညာ ကျင့်ကြံမှုနှင့် စိတ်စွမ်းအားသည် သူ့နှင့် အတိအကျတူညီသည်။ ပြင်းထန်သော စိတ်စွမ်းအားအတက်အကျများသည် ထိုအချိန်တွင်ထွက်ပေါ်လာခဲ့ပြီး သူတို့ သည်တိုက်ခိုက်လိုက်ကြသည်။

ထိုမျှမက သူတို့၏တိုက်ခိုက်ရေးသိုင်းပညာများပါ အတူတူပင်ဖြစ်သည်။

ထိုအချိန်တွင် ဝမ်ချန်းသောင့်သည် ကျိုးဟောင်အားကြည့်ကာ ပြုံးလိုက်သည်။

“ကောင်းကင်ဘုံမျှော်စင်ထဲမှာ မင်း ကိုယ့်ကိုယ်ကိုနဲ့ အဆက်မပြတ် တိုက်ခိုက်ရလိမ့်မယ် ဘယ်လိုပဲကျင့်ကြံမှုအဆင့်တွေ တူညီနေပါစေဦး ကိုယ်ခံပညာကို နားလည်မှုကတော့ ကွာခြားနေတုန်းပဲ ကောင်းကင်ဘုံမျှော်စင်ထဲက မင်းရဲ့ကိုယ်ပွားတွေက မင်းရဲ့ တကယ့်ကိုယ်ရည်ကိုယ်သွေးနဲ့ခွန်အားရဲ့သရုပ်ပဲ ဒါပေမယ့်… အဲဒီခွန်အားက အထပ်အရေအတွက်နဲ့အညီ တိုးလာလိမ့်မယ် ငါတောင် ၁၀ထပ်မြောက်က မင်းကို အနိုင်ယူဖို့ အရမ်းခက်ခဲလိမ့်မယ် အဲဒါကြောင့်… ငါပေးထားတဲ့ ရတနာကို ကောင်းကောင်းအသုံးချရမယ်”

ဝမ်ချန်းသောင့်၏အသံသည် ကျိုးဟောင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။ ထို့နောက်သူသည် နားလည်သွားသည်။

“ဒီကောင်းကင်ဘုံမျှော်စင်က တော်တော်စိတ်ဝင်စားဖို့ကောင်းတယ် ငါ့ကိုယ်ပွားနဲ့ တိုက်ခိုက်နေရသလိုပဲ ပထမထပ်ကနေ ၁၀ထပ်အထိ ငါ ကိုယ့်ကိုယ်ကို ထပ်ခါထပ်ခါ တိုက်ခိုက်ရမယ်ဆိုပေမယ့် ပိုမြင့်လာတဲ့အထပ်က ငါ့ရဲ့ကိုယ်ပွားတိုင်းက ပိုပြီး ပြီးပြည့်စုံလညလိမ့်မယ်။ ဒါက မှန်ကိုကြည့်နေရသလိုပဲ။ ဒီကောင်းကင်ဘုံမျှော်စင်ထဲမှာ ငါ့အားနည်းချက်တွေကိုပြင်ပြီး တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်ဖို့လိုလိမ့်မယ်”

ကျိုးဟောင်မှာနားလည်သွားပြီးနောက် သူသည် တွန့်ဆုတ်မနေတော့ဘဲ တိုက်ခိုက်လိုက်သည်။

“ကျို့ထျန်း မင်း မှတ်ထားရမှာက ပထမငါးထပ်မှာ မင်းတိုက်ခိုက်ရမယ့် မင်းရဲ့ကိုယ်ပွားက စိတ်စွမ်းအားကိုပဲသုံးပြီး မင်းကို တိုက်ခိုက်လိမ့်မယ် သူတို့က မင်းရဲ့ အတွေ့အကြုံကိုလည်း အားကိုးနိုင်ပြီး သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားကို အစွမ်းကုန် ထုတ်ဖော်နိုင်တယ် ဒါပေမဲ့ ၅ထပ်ပြီးရင် အခြေအနေက မတူတော့ဘူး။ မင်း ၅ထပ်ရောက်ပြီးနောက် မင်းရဲ့ ကိုယ်ပွားတွေက သက်ရှိတွေအကြောင်း ပိုနက်နက်ရှိုင်းရှိုင်း နားလည်ပြီး သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကလည်း မင်းထက်သာလွန်‌နေလိမ့်ယ်။ မင်းရဲ့ နားလည်မှုကို တိုးမြှင့်ဖို့ နည်းလမ်းရှာရမယ် မင်း အနိုင်မရနိုင်ရင် ငါပေးထားတဲ့ ရတနာကိုသုံး ဒါပေမယ့် လုပ်ငန်းစဉ်တစ်ခုလုံးကို မှတ်သားထားဖို့ မမေ့နဲ့"

ဝမ်ချန်သောင့်မှာ ဆက်လက်ပြောဆိုပြီး သူ၏အသံသည် ကျိုးဟောင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

ကျိုးဟောင်သည်ခေါင်းညိတ်ပြပြီး နားလည်သွားခဲ့ကာ အံ့လည်း အံ့သြသွားခဲ့သည်။

“ဒါက မင်းကိုယ်မင်း တိုက်ခိုက်ရမယ့် တစ်ခုတည်းသောအချိန် ဖြစ်လိမ့်မယ်လို့ ငါထင်တယ် ပြီးတော့ မင်းက ပိုပြီးပြည့်စုံတဲ့ မင်းကိုယ်တိုင်ရဲ့ကိုယ်ပွားကို တိုက်ခိုက်ရလိမ့်မယ် တစ်ဖက်လူက မင်းကို တခြားဘယ်သူ့ထက်မဆိုပိုနားလည်မှာပဲ။

ကျိုးဟောင်မှာ ပြုံးလိုက်သည်။ လက်ရှိအချိန်တွင် သူသည် ကိုယ့်ကိုယ်ကို တိုက်ခိုက်နေရုံသာမက ကိုယ့်ကိုယ်ကို အနိုင်ယူရန် နည်းလမ်းကိုလည်းရှာဖွေနေရကြောင်း နားလည်သွားသည်။

တဖြည်းဖြည်းချင်းဖြင့် ကျိုးဟောင်သည် သူ၏အခြားကိုယ်ပွားကို ဖိနှိပ်လာနိုင်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျိုးဟောင်သည် နောက်ဆုံးတွင် တစ်ဖက်ကို အနိုင်ယူနိုင်ခဲ့သည်။

“ပထမအဆင့်ကို အောင်မြင်ရင် ကောင်းကင်ဘုံအဆင့်ကျင့်ကြံသိုင်းကို ရနိုင်တယ်”

စကားဆုံးသည်နှင့် ကျိုးဟောင်သည် ၂ထပ်သို့ ရောက်ရှိလာသည်။

ဤအထပ်တွင်လည်း သူသည် မိမိကိုယ်တိုင်နှင့် ဆက်လက်တိုက်ခိုက်ရမည်ဖြစ်သည်။

သို့သော် ပထမထပ်ရှိ ကိုယ်ပွားနှင့် နှိုင်းယှဉ်လျှင် ဤကိုယ်ပွားသည် ပိုမိုတည်ငြိမ်သည်။ သူ၏အငွေ့အသက်ကိုပိုမိုထိန်းချုပ်ထားနိုင်ပြီး နည်းလမ်းများလည်း ပိုမိုကြွယ်ဝသည်။

တိုက်ခိုက်ရေးအတွေ့အကြုံမှာ ပို၍ပင် ပြည့်စုံပေသည်။

ကျိုးဟောင်သည် ဖိနှိပ်ခံနေရသော်လည်း အပြင်းအထန် သင်ယူခဲ့သည်။ တဖြည်းဖြည်းချင်း သူ၏ စိတ်စွမ်းအားကို နားလည်မှုမှာပိုမိုအားကောင်းလာပြီး ဤစည်းချက်နှင့် တဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်လာခဲ့ကာ တစ်ဖက်ကိုယ်ပွား၏ နည်းလမ်းများကိုလည်းခုခံနိုင်ခဲ့သည်။

၂ထပ်၊ ၃ထပ်၊ ၄ထပ်…

သူသည် ဤအထပ်များအားလုံးတွင်လည်း ထိုကဲ့သို့သောလုပ်ငန်းစဉ်ဖြင့်ထပ်ခါထပ်ခါ အနိုင်ယူခဲ့သည်။

ကျိုးဟောင်၏ သင်ယူနိုင်စွမ်းသည် အံ့မခန်းဖြစ်ပြီး သူ၏ တိုက်ခိုက်ရေးအရည်အချင်းသည်လည်း အလွန်ထူးခြားပေသည်။ ၎င်းသည် စိတ်လောကတစ်ခုသာဖြစ်နေသေးသော်လည်း ကျိုးဟောင်၏ အမှန်တကယ် တိုက်ခိုက်ရေးစွမ်းအားမှာ ကောင်းကင်ဘုံအဆင့်တွင် ရှိပြီး မူလကျောက်စာကိုပင်သိရှိပေရာသူ၏ စိတ်စွမ်းအားကိုနားလည်မှုမှာ အခြားသူများထက် ပိုမိုလျင်မြန်ပေသည်။

မကြာမီပင်သူသည် ၅ထပ်သို့ ရောက်ရှိလာသည်။

ယခုအထပ်တွင်ပေါ်လာသော သူ၏ကိုယ်ပွားသည် ကွဲပြားနေခဲ့သည်။ သူသည် အငွေ့အသက်မရှိဘဲရပ်နေပေရာကျိုးဟောင်ကိုပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့သည်။

ကျိုးဟောင်သည် အန္တရာယ်ကိုခံစားမိလိုက်သည်။ ထိုအချိန်တွင် သူ့နှင့်တစ်ပုံစံတည်းတူသော ထိုလူသည် အလွန်အစွမ်းထက်သော စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

ဤစိတ်စွမ်းအားသည်အစွမ်းထက်သော်လည်း စွမ်းအင်အတက်အကျမှာသူ့နှင့်အတူတူပင်။ စိတ်စွမ်းအားမှာ တူညီသော်လည်း ထိုကိုယ်ပွားဖွဲ့စည်းလိုက်သည့်နည်းလမ်းမှာ ပိုမိုအားကောင်းပြီး ပိုမိုထက်မြက်သည်။

ကျိုးဟောင်၏ မျက်နှာထားမှာ အလွန်ပျက်ယွင်းနေခဲ့သည်။ ဤအထပ်ရှိ သူ့ကိုယ်ပွားသည် သူခုခံနိုင်မည့်သူ မဟုတ်တော့ကြောင်း ကျိုးဟောင်သိလိုက်သည်။

ထို့ကြောင့် သူသည် တွန့်ဆုတ်မနေတော့ဘဲ ဝမ်ချန်းသောင့်ပေးထားသည့် ရတနာကိုထုတ်ယူကာ ဝိဉာဥ်ကိုယ်ပွားကိုပင် အသုံးပြုလိုက်သည်။

ဤကိုယ်ပွားသည် ကျိုးဟောင်နှင့် တစ်ပုံစံတည်းတူညီပေသည်။ အချိန်တွင် ၎င်းမှာပေါ်ထွက်လာကာ ကျိုးဟောင်၏ အရိပ်ဖြစ်လာခဲ့ပြီ ပြင်းထန်သော စွမ်းအားတစ်ခုထွက်ပေါ်လာခဲ့သည်။

ကျိုးဟောင်၏ မျက်နှာထားမှာပြောင်းလဲသွားပြီး အလွန်အံ့သြသွားခဲ့သည်။

“ဒါက ငါ့မိဘတွေငါ့အတွက်သန့်စင်ပေးထားတဲ့ ဝိဉာဥ်ကိုယ်ပွားလား တကယ်ကို ထူးခြားတာပဲ”

သူ၏ဝိဉာဥ်ကိုယ်ပွား၏ အကူအညီဖြင့် ကျိုးဟောင်၏ ကျင့်ကြံမှုသည် ပိုမိုအားကောင်းလာခဲ့ပြီး သူ၏လက်ကို ဝေ့ယမ်းလိုက်သည်နှင့် အဆုံးမဲ့စိတ်စွမ်းအားများ တိုက်ရိုက်ထုတ်လွှတ်ကာ တစ်ဖက်လူကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။

သူသည် ၅ထပ်၊ ၆ထပ်၊ ၇ထပ်တို့တွင်လည်း အလားတူပင်စိတ်ကိုယ်ပွားအား အသုံးပြုကာအနိုင်ယူခဲ့သည်။

ကျိုးဟောင်သည် ၇ထပ်ကို ချက်ချင်း ပင်ကျော်ဖြတ်နိုင်ခဲ့သည်။

ထိုအချိန်တွင် လူတိုင်း အံ့သြတုန်လှုပ်သွားကြသည်။

အကြောင်းမှာ ၎င်းတို့ထဲမှ အသန်မာဆုံးသူပင် ၅ထပ်အထိသာ ရောက်နိုင်ခဲ့သောကြောင့်ဖြစ်သည်။ အခြားသူများမှာ ၃ထပ် သို့မဟုတ် ၄ထပ်တွင် အားလုံး ကျရှုံးခဲ့ကြသည်။ ကျိုးဟောင် ၇ထပ်သို့ ရောက်ရှိသွားသည်ကို မြင်သောအခါအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ကြသည်။

“ဘယ်လို… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒါ ၇ထပ်မြောက်လေ ကျိုးဟောင် ဘယ်လို ခုခံနိုင်မှာလဲ”

....................................................................................

အခန်း (၅၇၇) ပြီးပါပြီ။

အခန်း (၅၇၈) : ဖားနှင့် ဂျယ်လီဖြူ

သူတို့ အံ့အားသင့်နေကြစဉ်မှာပင် ကျိုးဟောင်သည် ၇ထပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

၇ထပ်တွင်လည်း သူသည်ကိုယ့်ကိုယ်ကိုယ်နှင့်ပင် ရင်ဆိုင်နေရဆဲဖြစ်သည်။ သို့သော် သူ၏စိတ်စွမ်းအားသည် မိဘများ ပေးထားသော ဝိဉာဉ်ကိုယ်ပွားနှင့်ပင် နှိုင်းယှဉ်နိုင်လောက်အောင် အစွမ်းထက်နေပြီဖြစ်သည်။

ကျိုးဟောင်မှာ အလွန်အံ့ဩသွားသည်။

သူ၏ ကိုယ်ပိုင်စွမ်းအားသည် သူတော်စင်ဘုံအဆင့်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် တစ်ဖက်ကိုယ်ပွား၏ ခွန်အားမှာမူ ကောင်းကင်ဘုံအဆင့်တွင်သာ ကန့်သတ်ထားဆဲဖြစ်သည်။

သို့သော် ထိုသို့ဖြစ်နေသည့်တိုင် တစ်ဖက်ကိုယ်ပွားသည် သူ့အားတန်းတူဖြစ်လုနီးပါး တိုက်ခိုက်နိုင်ဆဲပင်ဖြစ်သည်။

ဤကိစ္စသည် အမှန်တကယ်ကိုထူးဆန်းလှသည်။ ကောင်းကင်ဘုံအဆင့်ပညာရှင်သူတစ်ဦးက သူတော်စင်ဘုံအဆင့်ပညာရှင်တစ်ဦးကို မည်သို့တိုက်ခိုက်နိုင်မည်နည်း။ သို့သော် ဤအချိန်တွင်မူ ဖြစ်နိုင်နေပေသည်။

ကျိုးဟောင်မှာ အံ့အားသင့်သွားခဲ့သည်။

“ဒါ သက်ရှိတွေအကြောင်းသူနားလည်တဲ့အတွက်ကြောင့်လား စိတ်စွမ်းအားကို အသုံးပြုတဲ့ ပုံစံကကွဲပြားနေသလိုပဲ လုံးဝအဆင့်သစ်တစ်ခုကို ရောက်ရှိနေတဲ့ ပုံစံမျိုးလိုခံစားရတယ်”

ကျိုးဟောင်မှာ အံ့အားသင့်ပြီးမယုံနိုင်လောက်အောင်ဖြစ်နေခဲ့သည်။

“သူကအရမ်းအစွမ်းထက်ပေမယ့် အဖေပေးထားတဲ့ ဝိဉာဉ်ကိုယ်ပွားကတော့ မင်းကို အနိုင်ယူနိုင်စွမ်းရှိပါသေးတယ်”

ကျိုးဟောင်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ခွန်အားအကုန်ထုတ်သုံးလိုက်သည်။ အရိပ်အဖြစ်ရှိနေသော ဝိဉာဉ်ကိုယ်ပွား၏ခွန်အားကို အဆုံးမဲ့တိုးမြှင့်ပေးသည့် စွမ်းအားကြီးသော စွမ်းအင်ကျောက်မြောက်မြားစွာကိုပင် ကျိုးဟောင်မှာထုတ်ယူလိုက်သည်။

ဤစွမ်းအားကြောင့်ပင် သူသည် တစ်ဖက်အား ချက်ချင်းသတ်ပစ်နိုင်ခဲ့သည်။

ကျိုးဟောင်သည် အသက်ပြင်းပြင်းရှူလိုက်မိသည်။ ၇ထပ်ပင် အလွန်ခက်ခဲပေရာ ၈ထပ်ရောက်ပါက သူဘာလုပ်ရမည်နည်း။

ထို့နောက် ကျိုးဟောင်မှာ ၈ထပ်သို့ ဝင်ရောက်သွားခဲ့သည်။ သို့သော် ထူးဆန်းစွာပင် ၇ထပ်တွင် သူ့ကိုယ်ပွားကိုမတွေ့ရဘဲ ဖားတစ်ကောင်ကိုသာတွေ့ရသည်။

ဤဖားကို မြင်လိုက်ရသောအခါ ကျိုးဟောင်မှာချက်ချင်းပင် ကြောင်အသွားခံ့သည်။

“ဖား… ဖားက ဘာလို့ ဒီမှာရှိနေတာလဲ”

ဖားသေးသေးလေးမှာ ကျိုးဟောင်ကို ကြည့်ကာ တဟဲဟဲ ရယ်နေခဲ့သည်။

“ဟေး ၈ထပ်ကို ရောက်လာတဲ့သူတောင် ရှိပါလား ငါဒီမှာ ပျင်းနေတာ ကြာပြီ လာ လာငါနဲ့ အချီ ၃၀၀ တိုက်ကြမယ်”

ဖားသေးသေးလေးမှာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ၎င်း၏ ခန္ဓာ မှာလှုပ်ရှားသွားပြီး ချက်ချင်းပင် ဧရာမ ဖားကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်း၏ ကြီးမားသောခြေချောင်းများသည် ကျိုးဟောင်ထက်ပင် ပိုမိုမြင့်မားပြီး သူ့အား ပြင်းထန်စွာ နင်းချလိုက်သည်။

ကျိုးဟောင်မှာ ထိုတိုက်ခိုက်မှုကြောင့်‌ ခေါင်းပင်ကျိန်းသွားခဲ့သည်။ ၈ထပ်တွင် ဖားရောက်ရှိနေသည့်အတွက် သူသည်ရှုပ်ထွေးနေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဤကောင်သည် အမှန်တကယ် အစွမ်းထက်ပြီး ထိုမျှကြီးမားသော ခန္ဓာကိုယ်အဖြစ်ပင် ပြောင်းလဲနိုင်သည့်အတွက်လည်း သူ အံ့အားသင့်နေမိသည်။

သူသည်အလျင်အမြန်ပင် ဖားနှင့် တိုက်ခိုက်ရင်း နည်းလမ်းရှာရန်ကြိုးစားနေခဲ့သည်။

ဖား၏စွမ်းအားကြောင့် ကျိုးဟောင်၏ နှလုံးခုန်နှုန်းမှာမြန်ဆန်နေခဲ့သည်။ သူ့ထံတွင် ဝိဉာဉ်ကိုယ်ပွား၏ အကူအညီရှိနေသော်လည်း တစ်ဖက်လူကို သူအနိုင်မယူနိုင်သေးပေ။

“ဝိုး ကောင်လေး မင်းက အရမ်းကို မကောင်းဆိုးဝါးဆန်တာပဲ မင်း ဘယ်ရတနာကို သုံးနေတာလဲ မင်းရဲ့ စိတ်စွမ်းအင်က ဘာလို့ ဒီလောက် ပြည့်ဝနေတာလဲ တစ်ခုခုတော့ မှားနေပြီ ကျွမ်းကျင်တဲ့လူတစ်ဦးဦးက မင်းကို ဝိဉာဉ်ကိုယ်ပွားလုပ်ပေးခဲ့တာ သေချာတယ် မဟုတ်ရင် မင်းဒီကိုဘယ်လိုရောက်လာနိုင်မှာလဲ”

ဖားသည် အမှန်တကယ်ပင် ဉာဏ်ကောင်းသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သိသွားခဲ့သည်။

ကျိုးဟောင်သည်အသက်ပြင်းပြင်းရှူလိုက်ပြီး အော်လိုက်သည်။

“သူရဲကောင်းဖား ခင်ဗျား ဂျယ်လီဖြူကို သိလား”

ထိုသို့ပြောပြီးနောက် ဖားသည်ကြောင်အသွားပြီး ချက်ချင်းဆိုသလို ပြောလိုက်သည်။

“၉ထပ်က ဂျယ်လီဖြူလား မင်း သူ့ကို သိတာလား"

ဖားမှာ ကြီးမားသော မျက်လုံးများဖြင့် ကျိုးဟောင်ကို ကြည့်ပြီးမေးလိုက်သည်။

“သေချာတာပေါ့ အစ်ကိုဖား အဲဒီလူက ခင်ဗျားက သူ့ကို မိန်းမတွေ ရေချိုးတာ ခဏခဏ ခေါ်ပြတယ်လို့ ပြောတယ် ခင်ဗျားကို သူက အရမ်းမုန်းတာ အစကတော့ ခင်ဗျားကို ဒါမပြောချင်ပေမယ့် ခင်ဗျားရဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်ကို မြင်လိုက်ရတော့မပြောဘဲမနေနိုင်တော့ဘူး။”

ကျိုးဟောင်မှာ အလျင်အမြန်ပင်ပြောလိုက်သည်။ သူ ဖား၏ စိတ်နေသဘောထားကို သိသည်။ ဤကောင်သည် မိုရိုမျိုးနွယ်စုက မဟုတ်ပေ။ အပျော်သက်သက်အဖြစ် ဤနေရာတွင်နေခဲ့သည်မှာ သေချာပေသည်။

ထို့ကြောင့် သူ့ကိုလှုပ်ရှားသွားစေနိုင်သော စိတ်ဝင်စားစရာ တစ်ခုခုကို ပြောလိုက်ရုံဖြင့် တစ်ဖက်လူသည်တောင်းဆိုချကိအား သဘောတူမည်မှာ သေချာပေသည်။

အမှန်တကယ်ပင် ဖားသည် ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး ချောင်းဟန့်လိုက်သည်။

“ဟုတ်တယ် ငါက သေချာပေါက်ချောမောခန့်ညားတာပေါ့ ဒါပေမယ့် ငါက ချောင်းကြည့်တဲ့သူတော့မဟုတ်ဘူး ငါ အဲဒီကောင်ကို ယောက်ျားလေးနဲ့ မိန်းကလေး ဘယ်လိုခွဲခြားရမလဲဆိုတာ သင်ပေးနေရုံပဲ အဲဒီကောင်က ယောက်ျားလေးနဲ့ မိန်းကလေးတောင် ခွဲခြားမသိဘူး သနားစရာကောင်းလောက်အောင်ကို တုံးတာ”

ဖားက လှောင်ပြောင်ပြောဆိုလိုက်သည်။

“အစ်ကိုဖား အဲ့ဒီဂျယ်လီဖြူက ကျွန်တော့်ကို ယောက်ျားလေးနဲ့မိန်းကလေး ဘယ်လိုခွဲခြားရမလဲဆိုတာ သင်ပေးဖို့ တောင်းဆိုခဲ့သေးတယ် ဒါပေမယ့် ခင်ဗျားကြောင့် ကျွန်တော်ဂျယ်လီဖြူကို ငြင်းလိုက်တယ် ကျွန်တော်ကခင်ဗျားကို အရမ်းလေးစားတာလေ ဒါကြောင့်… အင်း… ကြည့်ပါဦး ကျွန်တော့်ကို လွှတ်ပေးလို့ ရမလားဟင်”

ကျိုးဟောင်သည်ဖား၏စိတ်သဘောကိုသိ‌ပေရာမြှောက်ပင့်ပြောလိုက်သည်။ ဖားသည် ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။

“စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းက ငါ့အကြိုက်နဲ့ ကိုက်တယ် ဒါဆို… မင်းကို ငါသွားခွင့်ပြုမယ် ဘာပဲဖြစ်ဖြစ် ငါကအစောင့်မှမဟုတ်တာ ဒီမှာ ဘယ်သူမှ ငါ့ကို အနှောင့်အယှက် မပေးနိုင်လို့ ငါ အရမ်းအိပ်လို့ ကောင်းလို့သာ‌နေနေတာ”

ဖားက လက်အားဝေ့ယမ်းလိုက်ရာချက်ချင်းပင် အလင်းရောင်တစ်ခုထွက်ပေါ်လာခဲ့သည်။ ကျိုးဟောင်သည် အံ့အားသင့်နေရင်းပင် ၉ထပ်သို့ချက်ချင်းရောက်ရှိသွားခဲ့သည်။

ကျိုးဟောင်သည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ဤဖားသည် ထူးဆန်းသော စိတ်နေသဘောထားရှိပေသည်။ အစောပိုင်းကအထိ အော်ဟစ်သတ်ဖြတ်နေခဲ့သော်လည်း ယခုမူ သူ့အားအလွယ်တကူ လွှတ်ပေးလိုက်သည်။ ဤကောင်သည် ဘာကိုမှ ဂရုမစိုက်။ သူသဘောကျသည့်အတိုင်းသာ အားလုံးကိုလုပ်ဆောင်ပေသည်။

ထိုအချိန်တွင် ကျိုးဟောင်သည် ၉ထပ်သို့ ရောက်ရှိလာခဲ့ပြီး လေထဲတွင် ပေါလောပေါ်နေသောကြီးမားသည့် မျက်နှာဖြူတစ်ခုကိုတွေ့လိုက်ရသည်။

ကျိုးဟောင်မှာ အံ့အားသင့်သွားခဲ့သည်။ ဤအရာသည် ဂျယ်လီဖြူမဟုတ်ပေလော။

သို့သော်လက်ရှိအငွေ့အသက်မှာတော့… အနည်းငယ် ပြင်းထန်နေပြီး သူ့နောက်ကိုလိုက်စဉ်ကထက် ပိုအားကောင်းနေပေသည်။ ဘာကြောင့်မှန်းတော့ကျိုးဟောင်မသိပေ

“ဟေ့ကောင်လေး မင်း ဒီအထပ်ကို ရောက်လာတာပဲ အဲဒီဖားက မင်းကို တက်လာခွင့်ပြုလိုက်တာလား"

ဂျယ်လီဖြူမှာ အလွန်အံ့အားသင့်သွားသည်။ သူ ဖား၏ နည်းလမ်းများကို သိပေရာ ဤကောင်သည် မည်သို့ တက်လာနိုင်ခဲ့ပါသနည်း။

ကျိုးဟောင်မှာပြုံးလိုက်သည်။

“အဘိုးဂျယ်လီဖြူ ဟို… ကျွန်တော့်ကို ဖားက ဒီကိုပို့လိုက်တာ အဘိုးကို ယောက်ျားလေးနဲ့ မိန်းကလေး ခွဲခြားနည်း သင်ပေးစေချင်လို့တဲ့”

“ဘာ”

ဂျယ်လီဖြူမှာထိုစကားကိုကြားသောအခါ ချက်ချင်းပင်စိတ်လှုပ်ရှားသွားခဲ့သည်။

“မင်း တကယ်ပဲ ငါ့ကို ယောက်ျားလေးနဲ့ မိန်းကလေး ခွဲခြားနည်းသင်ပေးနိုင်ဝာလား ငါ နှစ်တွေအများကြီးကြာတာတောင် ခွဲခြားမသိခဲ့ဘူး”

သူ မယုံရဲပေ။ ကျိုးဟောင်ကို ကြည့်ပြီး မနေနိုင်တော့ဘဲထအော်မိလိုက်သည်။

“ဟုတ်တာပေါ့ ဒါပေမယ့် တောင်းဆိုချက်ကတော့ အဘိုးကျွန်တော့်ကို သွားခွင့်ပြုရမယ်”

ကျိုးဟောင်သည် ပြုံးကာပြောလိုက်သည်။ သူပြောပြီးသည်နှင့် ဂျယ်လီဖြူ၏မျက်လုံးများမှာ စဉ်းစားနေသလိုမှေးစင်းသွားခဲ့သည်။

“ဟေး မင်းက ၁၀ထပ်ကို သွားချင်တာပဲ မင်းတော်တော် ရဲရဲတင်းတင်း ရှိတာပဲ ၁၀ထပ်မှာ သေမှာ မကြောက်ဘူးလား”

ဂျယ်လီဖြူက ရုတ်တရက် လှောင်ပြောင်လိုက်သဖြင့် ကျိုးဟောင်မှာကြောင်အသွားခဲ့သည်။

“ဘာလို့လဲ ၁၀ထပ်က ကံအခွင့်အလမ်းတွေရှိတဲ့ နေရာမဟုတ်ဘူးလား”

ကျိုးဟောက် မမေးဘဲ မနေနိုင်တော့ပေ။

“ဒါ ကံအခွင့်အလမ်းတွေရှိတဲ့နေရာဆိုပေမယ့် အဲဒါကမင်း အသက်ရှင်သန်နိုင်မှပဲဖြစ်နိုင်မှာ ကောင်လေး မင်းရဲ့စွမ်းရည်နဲ့ဆိုရင် ၁၀ထပ်ထဲ ဝင်သွားတာနဲ့ သေမှာ သေချာတယ် ၉ထပ်အထိ ရောက်လာတာတောင် မလွယ်ဘူး အပေါ်ကို မသွားဘဲနဲ့တောင် ကံအခွင့်အလမ်းတွေ အများကြီး ရနိုင်တာပဲ ဒါကြောင့် လောဘမကြီးနဲ့”

ဂျယ်လီဖြူမှ လက်ဝေ့ယမ်းလိုက်ပြီး ချက်ချင်း ပြောလိုက်သည်။

ကျိုးဟောင်မှာ ဤအချက်အား သေချာပေါက်သဘောမတူနိုင်ပေ။ ၁၀ ထပ်တွင် ဝိဉာဉ်ကျောက်နှင့်‌ရှေးဟောင်းခန္ဓာလျှို့ဝှက်သိုင်းရှိပေရာ မသွားပါပနှမြောစရာကောင်းလှ‌ပေသည်။

“အဘိုးဂျယ်လီဖြူ ၁၀ထပ်မှာ ဘာအန္တရာယ်တွေ ရှိလဲဆိုတာ ကျွန်တော်တကယ်သိချင်တယ် ဘာလို့ ဝင်သွားတာနဲ့ သေမှာလဲ”

ကျိုးဟောင်မှ ချက်ချင်း မေးလိုက်သည်။

“ဘာဖြစ်လို့လဲဆိုတော့… အဲဒီမှာ ကြမ်းကြုတ်တဲ့ဝိညာဉ်တစ်ခုကို အကျဉ်းချထားလို့ပဲ။”

ဤစကားများမှာကျိုးဟောင်အား ချက်ချင်း ကြောင်အသွားစေခဲ့သည်။

“ကြမ်းကြုတ်တဲ့ဝိညာဉ်လား အဲ့ဒါ ဘာလဲ”

ကျိုးဟောင်မှာ နားမလည်ဘဲမေးလိုက်သည်။

“လူဆိုးတစ်ယောက်ရဲ့ ဝိညာဉ်ခန္ဓာပဲ ဒီလူကို မိုရိုမျိုးနွယ်စုက ၁၀ထပ်မှာ အကြာကြီး အကျဉ်းချထားပြီး ၁၀ထပ်က ဝိဉာဥ်ကျောက်တုံးနဲ့ အထွတ်အထိပ်လျှို့ဝှက်ကျမ်းတွေကို စောင့်ရှောက်ဖို့ အသုံးချခဲ့တာ မင်း ဝင်သွားရင် သူဆွဲဖြဲတာခံရမှာ သေချာတယ် ဒါကြောင့် စကားနားထောင်ပြီး ပြန်သွားရင်တော့ မင်းအသက်ရှင်နိုင်သေးတယ်”

ဂျယ်လီဖြူ ပြောပြီးသည်နှင့် ကျိုးဟောင်မှာတကယ်ပင် ခဏတာမျှတုံ့ဆိုင်းသွားခံ့သည်။

ဂျယ်လီဖြူသည် အစကတည်းကထူးခြားပြီး သူ့အားလိမ်လည်ခဲ့ဖူးခြင်းမရှိပေ။ ထို့ကြောင့် ၁၀ထပ်သည် အန္တရာယ်များဖြင့် ပြည့်နှက်နေမည်မှာ သေချာပေသည်။

....................................................................................

အခန်း (၅၇၈) ပြီးပါပြီ။

အခန်း (၅၇၉) : အမှောင်လူသား

ကျိုးဟောင်မှာ မဝံ့မရဲဖြစ်လာမိသည်။ သို့သော် ၁၀ထပ်သို့ မသွားပါက သူတစ်သက်လုံး နောင်တရနေမည်ဖြစ်သည်။ သို့သော် သွားမည်ဆိုပါက လည်း ဂျယ်လီဖြူပြောသလို တစ်ခုခုမှားယွင်းသွားမည်ကို စိုးရိမ်မိသည်။

“ဘိုးဘိုးဂျယ်လီဖြူ အဲဒီလိုဆိုရင်တောင်ကျွန်တော်ဆယ်ထပ်ကို သွားချင်ပါသေးတယ်”

ကျိုးဟောင်က သက်ပြင်းရှိုက်ကာပြောလိုက်သည်။

“သေချာလား”

“သေချာပါတယ်”

ကျိုးဟောင်က ပြတ်သားစွာပြန်ဖြေသည်။

“မင်းသွားချင်ရင် ငါမတားဘူး ဒါပေမဲ့ မင်းမသွားခင် ယောက်ျားမိန်းမဘယ်လိုခွဲခြားလဲဆိုတာ ငါ့ကိုအရင်ပြောပြ”

ဂျယ်လီဖြူက ဒီအကြောင်းကို မမေ့သေးဘဲ ပြောလိုက်သည်။

ကျိုးဟောင် ခေါင်းညိတ်ကာ လေဟာနယ်ထဲတွင် ယောက်ျားနှင့် မိန်းမပုံသဏ္ဍာန်ကို စိတ်စွမ်းအားဖြင့် ဖန်တီးလိုက်သည်။

“ဂျယ်လီဖြူဘိုးဘိုး၊ တကယ်တော့ ယောက်ျားမိန်းမ ခွဲရတာ အရမ်းလွယ်တယ်။ ဒီမှာကြည့်…”

ကျိုးဟောင်က ပြောရင်း ယောက်ျားနှင့် မိန်းမ၏ ရင်ဘတ်ကို လက်ညှိုးထိုးပြသည်။

“ဒီမှာ ဖောင်းနေတဲ့အရာက မိန်းမ‌တွေမှာပဲရှိတာ မိန်းမတွေရဲ့ဒီနေရာကို ထိလိုက်ရင် သူတို့ သေချာပေါက် ဒေါသထွက်ပြီး စိတ်တိုလိမ့်မယ် ဘိုးဘိုးကို သတ်ချင်စိတ်တောင် ပေါက်လာနိုင်တယ် ပြီးတော့ ဒီဟာကထိရတာနူးညံ့တယ်”

“ဘိုးဘိုးထိလိုက်တာက မာကျောပြီး ကြွက်သားတွေဆိုရင်တော့ အဲဒ်ယောက်ျားပဲ သူတို့ကတော့သာမန်အားဖြင့် ဒေါသသိပ်မထွက်ပေမဲ့ စိတ်ဆိုးတော့ဆိုးလိမ့်မယ် ဒါပေမဲ့ သူတို့ဒေါသက မိန်းမတွေရဲ့ဒေါသကိုလိုက်မမီပါဘူး”

ကျိုးဟောင်မှာ ရှင်းပြလိုက်သည်။

ဤစကားအားလုံးမှာ အဓိပ္ပါယ်မရှိသောစကားများဖြစ်သော်ငြား ဂျယ်လီဖြူကတကယ်နားထောင်နေပေသည်။

“ဪ… ဖားနဲ့ငါ ရေချိုးနေတဲ့လူတွေကို ချောင်းကြည့်တုန်းက ရင်ဘတ်မှာ နူးညံ့တဲ့အလုံးတွေရှိတဲ့ လူအများကြီးကို တွေ့ခဲ့တယ် သူတို့တွေအားလုံးက မိန်းမတွေဖြစ်နေတာကိုး ဖားအဲဒီလိုဆိုးဆိုးရွားရွား မျက်နှာပေးနဲ့ကြည့်နေတာ အံ့သြစရာမရှိတော့ဘူး”

ဂျယ်လီဖြူက ပြောလိုက်ရာ ကျိုးဟောင်လည်း ဘာပြောရမှန်းမသိဖြစ်ကာ အမြန်ပြောလိုက်သည်။

“ဒါဆို ဘိုးဘိုးဂျယ်လီဖြူ ကျွန်တော်ပြောပြပြီးပြီဆိုတော့ အခုကျွန်တော့်ကို သွားခွင့်ပေးနိုင်ပြီလား”

ကျိုးဟောင်က ပြုံးကာအမြန်ပြောလိုက်သည်။

“ကောင်းပြီ သွားတော့”

ဂျယ်လီဖြူက ကတိတည်ပေသည်။ သူ့လက်အား ဝှေ့ယမ်းလိုက်ရာ ကျိုးဟောင်၏ ခန္ဓာကိုယ်သည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လူတိုင်း၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျိုးဟောင်သည်၁၀ထပ်သို့ ရောက်ရှိသွားပြီဖြစ်သောကြောင့်ဖြစ်သည်။

၁၀ထပ်ကို မမြင်ရပေ။ လူတိုင်းသည် ၉ထပ်အထိသာ မြင်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၁၀ထပ်သည် ကောင်းကင်ယံတွင်ဖုံးအုပ်နေပြီး တိမ်များဖြင့် ပိတ်ဆို့နေသောကြောင့် မည်သူမျှမမြင်နိုင်ပေ။

ဝမ်ချန်းသောင့်သည် လီဖန်းချန်ကို ကြည့်ကာ ပြုံးလိုက်သည်။

ကျိုးဟောင်သည် ဂျယ်လီဖြူနှင့် ဖားကို ဘာပြောလိုက်သည်ကို သူတို့မသိကြသော်လည်း သူတို့သားသည် ၁၀ထပ်သို့ ရောက်နေပြီဖြစ်ကြောင်းကိုတော့ သူတို့သိပေသည်။

ဤမြင်ကွင်းသည် အခြားဧရိယာသခင်များကို ထိတ်လန့်သွားစေခဲ့သည်။

ထိုနေရာသည် ကောင်းကင်ဘုံမျှော်စင်၏ ၁၀ထပ်ပင်။

“ဝမ်ကျို့ထျန်းက ၁၀ထပ်ကိုတောင် ရောက်သွားပြီ အဲဒီနေရာ… ငါတို့တောင် ဘယ်နားမှန်းမသိဘူး”

“အဲဒီနေရာက အင်မတန်ထူးခြားတယ်လို့ပဲ ကြားဖူးတယ် အဲဒီကိုရောက်သွားရင် အလွယ်တကူ သေသွားနိုင်တယ် ငါတို့ရခဲ့တဲ့ ဝိညာဉ်ကျောက်ကို အဲ့ဒီမှာ သိမ်းဆည်းထားပြီး အထွတ်အထိပ်လျှို့ဝှက်ကျမ်းတွေလည်း အဲဒီမှာရှိတယ် အခု ဝမ်ကျို့ထျန်းက ၁၀ထပ်ကို ရောက်သွားပြီဆိုတော့ အဲ့ဒီဝိညာဉ်ကျောက်ကိုတကယ်ရပြီး သူ့ကိုသခင်အဖြစ် အသိအမှတ်ပြုလာအောင် လုပ်နိုင်မလား မသိဘူး”

ဒီအချိန်မှာတော့ ဧရိယာသခင်ဆယ်ဦးဟာ ငြိမ်ငြိမ်မနေနိုင်ကြတော့ပေ။ သူတို့ဟာ အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။ ကျိုးဟောင်မှာတော့ပြင်ပရှိဖြစ်ရပ်များကိုမသိဘဲ ၁၀ထပ်မှာ ပေါ်လာခဲ့သည်။

သူပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျိုးဟောင်မှာ အဆုံးမဲ့မှောင်မိုက်ခြင်းနှင့်အဆုံးမဲ့အေးစက်မှုကို ခံစားလိုက်ရသည်။

‌ဤအေးစက်မှုနှင့် မှောင်မိုက်မှုက သူ့အား ပင်လယ်နက်ထဲကပါးစပ်ဟထားသောသားရဲကြီးတစ်ကောင်ရဲ့ရှေ့မှာ ရောက်နေသလို ခံစားရစေပြီး ဘာမှမမြင်ရသော်ငြား သေခြင်းတရား၏ခြိမ်းခြောက်မှုကိုတော့ ခံစားမိပေသည်။

ကျိုးဟောင်က မြေကြီးနဲ့ ရိုက်ခံရသလို ခံစားလိုက်ရတာကြောင့် ဖြစ်လာမည့်အရာကိုခုခံဖို့ သူ့ကျင့်ကြံဆင့်ကို အလျင်အမြန် လှည့်ပတ်လိုက်သည်။

ထိုအချိန်တွင် သံအချင်းချင်း ရိုက်မိသလို ကြည်လင်သောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

နောက်တစ်စက္ကန့်မှာတော့ သံကြိုးများဖြင့်ချည်ထားသော လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

ဤလူမှာ ကျိုးဟောင်ရဲ့ မျက်နှာအမူအရာကို ပြောင်းလဲသွားစေခဲ့သည်။

သူအံ့ဩသွားရသည့်အကြောင်းအရင်းမှာ ထိုလူကြောင့်မဟုတ်ဘဲ ဤသံကြိုးကြောင့်သာဖြစ်သည်။

ဤသံကြိုးက သူအရင်ကမြင်ခဲ့ဖူးသော မိုးပြာရောင်နဂါးဘုရင်အား ချုပ်နှောင်ထားသည့်ကြိုးနှင့် တစ်ပုံစံတည်းတုနေခဲ့ပြီး မူလကျောက်စာ၏စွမ်းအားများ အပြည့်အဝပါနေခဲ့သည်။

ဤလူကိုလည်း ထိုလူယုတ်မှာ ဒီနေရာ တွင် ချုပ်နှောင်ထားခဲ့ခြင်းပေလော။

“ဟဲဟဲ၊ ဒီလောက်ထိ ရောက်လာတဲ့သူ ရှိတာလား… ဒီနှစ်ပေါင်းများစွာအတွင်း ငါဘယ်သူ့ကိုမှမတွေ့ရသေးဘူး”

ထိုလူသည် ဆံပင်များမှာရှုပ်ပွနေကာ မျက်နှာမှာညစ်ပတ်နေသည်။ သူ၏ရုပ်ရည်ကို ကောင်းစွာမမြင်ရသော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အငွေ့အသက်ကြောင့် ကျိုးဟောင်မှာခေါင်းပင်ကျိန်းလာခဲ့သည်။

ထိုသူသည် သူတော်စင်ဘုံအဆင့်ထက်ပင်ကျော်လွန်နေပြီး သူ့ဖခင်ဝမ်ချန်းသောင့်ထက်ပင် ပိုမိုအားကောင်းနေပေသည်။

အကြောင်းမှာသူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အငွေ့အသက်သည် သူ့ဖခင်၏အငွေ့အသက်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသောကြောင့် ဖြစ်သည်။

ကျိုးဟောင်က သက်ပြင်းရှိုက်ကာပြောလိုက်သည်။

“ဂါရဝပြုပါတယ် အကြီးအကဲ”

ကျိုးဟောင်သည် သူ့အားမည်သို့ ခေါ်ဝေါ်ရမှန်းမသိပေရာ ဤသို့သာပြောလိုက်သည်။

“ယဉ်ကျေးလိုက်တဲ့ ကောင်လေး မင်း ဒီကို ဝိညာဉ်ကျောက်တုံးအတွက် လာတာမလား စိတ်မကောင်းဘူး ငါမပေးနိုင်ဘူး ဒါတင်မကသေးဘူး မင်းကိုသတ်ပြီး မင်းခန္ဓာကိုယ်ကိုပါအပိုင်သိမ်းပြီး ထွက်ပြေးချင်သေးတာ”

ထိုလူက အေးစက်စက်ပြုံးလိုက်သည်။

ကျိုးဟောင်မှာ သက်ပြင်းချလိုက်မိသည်။

“အကြီးအကဲ ဘာဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမဲ့… အကြီးအကဲရဲ့ခန္ဓာကိုယ်ပေါ်က သံကြိုးတွေက မူလကျောက်စာတွေရဲ့ စွမ်းအားနဲ့ လုပ်ထားတာလားဆိုတာ ကျွန်တော်မေးချင်တယ်”

ဤစကားများက ချက်ချင်းဆိုသလို ထိုလူ၏ မျက်နှာအမူအရာကို သိသိသာသာပြောင်းလဲသွားစေခဲ့သည်။ သူသည်အံ့သြတကြီးဖြင့်ကျိုးဟောင်အား မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

“မင်းက မူလကျောက်စာ အကြောင်းကို သိနေတာကိုး ဒီ မိုရိုမျိုးနွယ်စုတစ်ခုလုံးမှာ ဒါကိုသိတဲ့သူ သိပ်မများလောက်ဘူးလို့ ငါထင်တယ် မင်းလို လူငယ်တစ်ယောက်က ဘယ်လိုလုပ်သိမှာလဲ”

“ဒါ့အပြင်… မင်း ဒီအထိတောင် ရောက်လာနိုင်ခဲ့တယ်… မင်း ဘယ်လိုရောက်လာတာလဲ”

ထိုလူသည်နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး အလျင်အမြန်ပြောလိုက်သည်။

“ကျွန်တော် တစ်ထပ်ချင်းစီ တက်လာတာပါ”

ကျိုးဟောင်မှ ပြောလိုက်သည်။

“မင်းမှာ စွမ်းရည်အချို့တော့ ရှိသားပဲ မင်းပြောတာ ဒီသံကြိုးကမူလကျောက်စာတွေရဲ့ စွမ်းအားနဲ့ လုပ်ထားတာဆို။ မေးပါရစေ၊ မင်း မူလကျောက်စာတွေအကြောင်း ဘာတွေသိလဲ”

ထိုလူက စိုးရိမ်တကြီးပြောလိုက်သည်။

“သေချာ‌ပေါက်....ကျွန်တော်ကလည်း မူလကျောက်စာဆရာတစ်ယောက်မလို့‌ပေါ့”

ကျိုးဟောင်က ချက်ချင်းဆိုသလိုပြောလိုက်ရာ တစ်ဖက်လူ၏မျက်နှာမှာသိသာစွာ ပြောင်းလဲသွားခဲ့သည်။

“မင်း မူလကျောက်စာအကြောင်းသိတယ်ဆိုတော့… မင်းက ဟွမ်ရဲ တပည့်လား ဒါမှမဟုတ် မင်းက အဲ့ဒီမိစ္ဆာနဲ့ ပတ်သက်နေတာလား”

ဤနေရာမှာတော့ ထိုလူက အသံကိုနှိမ့်လိုက်ပြီး သူ့ခန္ဓာကိုယ်မှလည်းကြမ်းကြုတ်သောအငွေ့အသက်များ ထွက်လာခဲ့သည်။ ကျိုးဟောင်တစ်ခုခုမှားယွင်းစွာ ပြောလိုက်ပါက ချက်ချင်းသတ်ပစ်တော့မည့်ဟန်ပင်။

“အဲဒီမိစ္ဆာနဲ့လည်း မပတ်သက်သလို ဟွမ်ရဲ့တပည့်လည်း မဟုတ်ပါဘူး ကျွန်တော်မူလကျောက်စာရဲ့စွမ်းအားကို မရည်ရွယ်ဘဲရခဲ့ပြီး သူ့ရဲ့အနှစ်သာရကို အမွေဆက်ခံခဲ့တာပါ”

ကျိုးဟောင်မှ မှန်ကန်စွာ ပြန်ဖြေလိုက်သည်။

ထိုသူသည် မျက်လုံးများကိုမှေးစင်းကာ ကျိုးဟောင်ကို ကြည့်လာခဲ့သည်။

“မင်း မတော်တဆ ရခဲ့တယ်ပေါ့ဒီအဖြေကို ငါကျေနပ်မှု မရှိဘူး”

ထိုလူက နှာမှုတ်ပြီး အနားသို့ဖြည်းဖြည်းချင်း လျှောက်လာသည်။

“သူများတွေ ပြောတာကို ငါမယုံဘူး ငါကိုယ်တိုင်မြင်တာကိုပဲ ငါယုံတယ် မင်းက မူလကျောက်စာတွေအကြောင်း သိပြီး ငါ့ဆီလာပြီဆိုတော့ မင်းထွက်သွားနိုင်တော့မှာ မဟုတ်ဘူး မင်းခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး မင်းရဲ့မှတ်ဉာဏ်တွေကို သေချာကြည့်ကြည့်ဦးမယ်”

ထိုလူက ပြောရင်း သူ့လက်အားဝေ့ယမ်းလိုက်ရာ အဆုံးမဲ့မှောင်မိုက်ခြင်းက ကျိုးဟောင်ကို ဝါးမျိုသွားခဲ့သည်။

ဤမှောင်မိုက်ခြင်းက အလွန်နက်ရှိုင်းပြီး အားကြီးလှပေရု ကျိုးဟောင်မှာ ဘာမှခုခံနိုင်ခြင်းမရှိပေ။

“အကြီးအကဲ”

ထိတ်လန့်တကြားဖြစ်နေသော ကျိုးဟောင်က အလျင်အမြန်အော်ဟစ်လိုက်သည်။

ထိုလူက ကျိုးဟောင်ကို ကြည့်ကာ လှောင်ပြောင်လာခဲ့သည်။

“ဘာလို့လဲ ကြောက်နေတာလား ထိတ်လန့်နေတာလား ဒီလိုပျော်ရွှင်မှုကို မခံစားရတာ ကြာပြီ မင်းကို ကြိုတင်တောင်းပန်ပါရစေ အားတော့နာတယ် ဒါပေမဲ့ ငါမခံစားရတာ ကြာပြီဖြစ်တဲ့ ပျော်ရွှင်မှုကို မင်းကိုအသုံးချပြီး ခံစားချင်တယ်”

ထိုလူမှာပြောရင်း ထိန်းချုပ်မထားတော့ပေ။ အမှောင်ထုသည် ကျိုးဟောင်အားချက်ချင်းဝါးမျိုလာခဲ့သည်။ လက်ရှိအချိန်တွင် ကျိုးဟောင်သည် အမှောင်ထုထဲသို့ကျရောက်တော့မည် ဖြစ်သည်။

အမှောင်ထုထဲရောက်သွားတာနှင့် သေခြင်းသာစောင့်ကြိုနေမှန်း ကျိုးဟောင်သိပေသည်။

ကျိုးဟောင်သည်အံကြိတ်ကာ ချက်ချင်းလက်နှစ်ဖက်အားပူးကပ်လိုက်ပြီး အမှောင်ထုကို ပြင်းပြင်းထန်ထန်ညွှန်ပြလိုက်သည်။

“ချိတ်ပိတ်”

ဤသည်မှာ မူလကျောက်စာ၏စွမ်းအားပင်ဖြစ်သည်။ ကျိုးဟောင်သည် ဤစွမ်းအားကိုသုံးနိုင်မလားမသိသော်ငြားသူသည်မူလကျောက်စာဆရာဖြစ်သည့်အတွက် သေချာပေါက်သုံးနိုင်မည်ဟုဆက်တိုက်ခံစားနေရသည်။ ၎င်းမှာလက်တွေ့လောကထဲမှာဖြစ်စေ ပုံရိပ်ယောင်လောကမှာပဲဖြစ်စေ ကိစ္စမရှိပေ။

…...........................…...........................….......................

အခန်း (၅၇၉) ပြီးပါပြီ။

All Chapters