အခန်း (၅၈၆-၅၈၈)
Vol. 40 Ch. 586-588
အခန်း (၅၈၆) : စမ်းသပ်ချက်
စိုးရိမ်တုန်လှုပ်နေသောသတိပေးသံတခုက ကျိုးဟောင်၏အတွေးထဲတွင်ပေါ်ပေါက်လာလေသည်။ ကျိုးဟောင်ကထိုအသံပိုင်ရှင်အားကြည့်လိုက်သောအခါ ၀မ်ကျို့ထျန်းဖြစ်နေလေသည်။
၀မ်ကျို့ထျန်း၏မျက်လုံးထဲတွင် ဒေါသများနှင့် စိုးရိမ်ပူပန်မှုများပြည့်နှက်နေလေသည်။
"ကျိုးဟောင် ဒီနေရာက ဝိညာဉ်ကျောက်တုံးဖန်တီးထားတဲ့အတုအယောင်နေရာကြီးပဲ။ မနစ်မြောသွားစေနဲ့။ မကျရှုံးစေနဲ့"
၀မ်ကျို့ထျန်းကစိုးရိမ်တကြီးသတိပေးနေလေသည်။ ကျိုးဟောင်လည်း မှင်တက်သွားလေသည်။ သူနတ်ဘုရားရေကိုသောက်ရန်လုပ်နေသည်ကိုချက်ချင်းရပ်တန့်လိုက်လေသည်။
ရှုလင်ကမျက်မှောင်ကြုတ်လိုက်လေသည်။ သူမအမူအရာပျက်ယွင်းသွားသော်လည်း သိုဝှက်လိုက်ပြီး ပြောလိုက်လေသည်။
"၀မ်ကျို့ထျန်းကအရူးပဲ။ သူ့မှာ မနိုးထချင်ရတဲ့ အကြောင်းအရင်းတွေရှိတယ်။ သူကအဲ့ကမ္ဘာမှာတုန်းက ပြင်မရတဲ့ အမှားကြီး တခုကိုကျူးလွန်ခဲ့တယ်။ အဲ့တာကြောင့်အခုကမ္ဘာအစစ်ကိုပြန်ရောက်လာချိန်မှာတော့အရူးတယောက်လိုပြုမူနေတာပဲ။ ကျိုးဟောင် သူ့ကိုဂရုစိုက်မနေနဲ့"
ရှုလင်ကရုတ်တရက်ပြောလာသောကြောင့် ကျိုးဟောင်လည်း မျက်မှောင်ကြုတ်ကာ၀မ်ကျို့ထျန်းအားကြည့်လိုက်မိသည်။
"ကျိုးဟောင်ဒါက ဝိညာဉ်ကျောက်တုံးဖန်တီးထားတဲ့စိတ်ကူးယဉ်ကမ္ဘာပဲ မနစ်မြောသွားစေနဲ့"
၀မ်ကျို့ထျန်းက ထပ်တလဲလဲသတိပေးနေလေသည်။
ထိုအချိန်တွင် နတ်ဘုရားမျိုးနွယ်မှလူများရောက်ရှိလာကြလေသည်။ သူတို့သည်၀မ်ကျို့ထျန်းအားမြင်သောအခါ ဒေါသထွက်သွားကြပြီး အတင်းဖမ်းဆီးဖို့ကြိုးစားကြလေသည်။ သို့သော်၀မ်ကျို့ထျန်းမှာ လျင်မြန်စွာပျောက်ကွယ်သွားပြီး သူတို့ဘယ်လောက်ရှာရှာ မတွေ့တော့ပေ။
ကျိုးဟောင်လည်း ရှုလင်အားပြုံးပြီးပြောလိုက်သည်။
"ကဲပြန်ကြရအောင်"
ရှုလင်လည်း ကျိုးဟောင်အားခဏလောက်မှင်တက်စွာကြည့်နေမိလေသည်။ ပြီးမှပြုံးပြီးပြန်ပြောလိုက်လေသည်။
"အင်း...အင်း ပြန်ကြတာပေါ့။ ငမိုက်သားတကောင်ကြောင့်စိတ်အနှောင့်အယှက်အဖြစ်မခံပါနဲ့"
ကျိုးဟောင်မှာရှုလင်နှင့်အတူပြန်ခဲ့သော်လည်း သူ့စိတ်ထဲတွင် အတွေးတခုကကျယ်လောင်စွာပဲ့တင်ထပ်နေလေသည်။ ဒီလောကကြီးက လုပ်ကြံဖန်တီးထားတဲ့ကမ္ဘာဖြစ်ကြောင်းသူပိုသေချာလာခဲ့လေသည်။
"ဒီဝိညာဉ်ကျောက်တုံးဖန်တီးထားတဲ့ကမ္ဘာက တကယ့်ကိုစွမ်းအားကြီးတာပဲ။ ငါအခုသတိပြန်၀င်နေပြီဆိုပေမဲ့ ဒီပုံရိပ်ယောင်လောကထဲကဘာလို့ဖောက်ထွက်မရတာလဲ"
ကျိုးဟောင်၏နှလုံးသားထဲတွင်သံသယများဖြင့်ပြည့်နှက်နေလေသည်။ သို့သော်ကျိုးဟောင်အနေဖြင့် မနစ်မြောနေသရွေ့ ဒီလောကထဲကထွက်နိုင်မည့်အခွင့်အရေးပေါ်ပေါက်လာမည်ဖြစ်လေသည်။
ပြန်ရောက်သောအခါ ကျိုးဟောင်ကဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ရင်း လူတိုင်းအားနှုတ်ဆက်နေလေသည်။
သူတယောက်ထဲရှိချိန်မှသာ ဒီကမ္ဘာကြီးကသူ့ကမ္ဘာမဟုတ်ကြောင်းသဘောပေါက်နေသည့်အမူအရာထုတ်ပြလေသည်။ သူအရူးတယောက်သလိုဟန်ဆောင်နေသရွေ့ဝိညာဉ်ကသူနစ်မြောနေသည်ဟုထင်မှတ်နေလေမည်။
တရက်ပြီးတရက်အချိန်ကုန်လာခဲ့လေသည်။ ဘယ်လောက်အချိန်ကုန်သွားမှန်းကျိုးဟောင်မသိသော်လည်း မရေမတွက်နိုင်အောင်ကြာနေပြီလို့သူခံစားနေရလေသည်။
ဒီကာလအတောအတွင်း ပုလ္လင်ပေါ်သို့သူတက်မထိုင်ဘဲ အကြောင်းပြချက်မျိုးစုံပေးကာရှောင်လွှဲနေခဲ့လေသည်။ ဒါ့အပြင် ရှုလင်နှင့်လက်ထပ်ပွဲကိုလည်း ဆင်ခြေအမျိုးမျိုးပေးကာရွေ့ဆိုင်းနေခဲ့လေသည်။
သို့သော်လူတိုင်းက ကျိုးဟောင်အား တကယ်ယုံနေခြင်းလား ဒါမှမဟုတ် ဟန်ဆောင်နေခြင်းလားမသဲကွဲသော်လည်း အခုချိန်ထိသူပြောသမျှကိုယုံကြည်ပေးနေကြလေသည်။
ကျိုးဟောင်ကလည်း သတိထားကာ ဒီလောကမှထွက်နိုင်မည့်အခွင့်အရေးကိုစောင့်နေလေသည်။ဝိညာဉ်ကျောက်တုံးတဖြေးဖြေးသတိလျော့လာမည့်အချိန်ကိုစောင့်နေလေသည်။ ကျိုးဟောင်တတ်နိုင်သည်ကလည်းဒါပဲရှိလေသည်။
နောက်ဆုံးတော့ထိုနေ့မှာရောက်ရှိလာခဲ့လေသည်။ နတ်ဘုရားမျိုးနွယ်မှာ မျိုးနွယ်ခြားအများအပြားတို့၏ကျူးကျော်ခြင်းကိုခံရပြီး ကသောင်းကနင်းဖြစ်ကာ စစ်ပွဲဆင်နွှဲနေရလေသည်။
ထိုအဖြစ်အပျက်ကိုကျိုးဟောင်မြင်သော်လည်း၀င်မတိုက်ခဲ့ပေ။ သူ့သူငယ်ချင်းများနှင့် မိသားစု၀င်များက သူ့အားအသည်းအသန်ကာကွယ်ပေးနေကြလေသည်။
"ကျိုးဟောင်.....ပြေး....ပြေးတော့..."
"ပြေးတော့ ကျိုးဟောင် ပြန်လှည့်မကြည့်နဲ့ ။ မင်းဒီနေရာကနေထွက်ပြေးမှရမယ်။ မင်းပလ္လင်ကိုလက်မခံခဲ့လို့ နတ်ဘုရားမျိုးနွယ်ရဲ့ နတ်ဘုရားအစွမ်းတွေထုတ်မသုံးနိုင်တာကြောင့် ဒီမျိုးနွယ်ခြားတွေကိုအနိုင်တိုက်ဖို့မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ငါတို့မင်းကိုအပြစ်မတင်ပါဘူး။ ကောင်းကောင်းရှင်သန်သွားပါ"
"ဟုတ်တယ် ကျိုးဟောင် ရှင်တော့အသက်ရှင်မှရမယ်။ရှင်က ကျွန်မတို့ဘုရင် ကျွန်မတို့မျှော်လင့်ချက်ပဲ"
ဖက်တီးကျင်းသေဆုံးသွားခဲ့ပြီ။ စုညီအစ်မများလည်းသေဆုံးသွားကြပြီ။ သူသိသောလူအတော်များများသေသွားခဲ့ကြလေသည်။သူတို့အားလုံးမသေခင်ထိုစကားများကိုပြောသွားခဲ့ကြလေသည်။
"ကျိုးဟောင်... ဘာ...ဘာလို့ ဒါကကမ္ဘာအစစ်ဆိုတာကိုမယုံနိုင်ရတာလဲ။ ဘာလို့ဒီလောက်ရက်စက်ရတာလဲ"
ရှုလင်လည်းဝိုင်း၀န်းတိုက်ခိုက်ခံထားရသောကြောင့်ဒဏ်ရာဗလပွဖြင့်သေလုနီးပါးအခြေအနေဖြစ်လေသည်။ သူမသည် ကျိုးဟောင်လက်မောင်းပေါ်တွင်လဲလှောင်းရင်းထိုစကားများကိုပြောပြီးနောက် ငြိမ်သက်သွားလေသည်။ သူမ၏အေးစက်သောအကြည့်များက ကျိုးဟောင်ရင်ထဲစူးခနဲဖြစ်သွားရလေသည်။
သို့သော်လည်းကျိုးဟောင်ကအားလုံးအားဂရုမစိုက်ဘဲ အေးစက်စွာရပ်ကြည့်နေလေသည်။ သူ့စိတ်မှာအလွန်တည်ငြိမ်နေပြီး ဒါကပုံရိပ်ယောင်လောကထဲကပြပွဲတခုလိုသာမှတ်ယူထားလေသည်။
"ခွေးကောင်လေး မင်းငါ့သားဖြစ်ဖို့မထိုက်တန်ဘူး။ မင်းလိုကောင်ဘာလို့ငါ့သားဖြစ်နေရတာလဲ။ မင်းကဘာမှကိုသုံးစားမရတဲ့ကောင် ဒီနတ်ဘုရားမျိုးနွယ်ပျက်စီးရတာမင်းကြောင့်ပဲ။ မင်းကငါတို့အတွက်ကပ်ဆိုးပဲ။ ငါမင်းကိုဘယ်တော့မှခွင့်မလွှတ်ဘူး"
သူ့အဖေကျိုးရွှယ်ကောသည်လည်း တိုက်ပွဲမြေပြင်၌မကျဆုံးခင်ကျိုးဟောင်အား အော်ဟစ်ကျိန်ဆဲသွားလေသည်။
ကျိုးဟောင်၏အမေကတော့ ဘာမှ မပြောသော်လည်း သူမ၏မျက်လုံးထဲရှိစိတ်ပျက်မှုကို လူတိုင်းတွေ့နေရလေသည်။ ကျိုးဟောင်၏အမူအရာကတော့အေးစက်နေပြီး စိတ်ထဲတွင်လည်းရယ်မောနေမိလေသည်။ ဒီကမ္ဘာကြီးအဆုံးမှာဘာဖြစ်သွားမလဲသူအရမ်းသိချင်နေမိလေသည်။
နောက်ဆုံး၌ နတ်ဘုရားမျိုးနွယ်ရော မျိုးနွယ်ခြားများပါ အထိအခိုက်အကျအဆုံးများစွာဖြင့်တိုက်ပွဲပြီးဆုံးသွားခဲ့လေသည်။ စစ်မြေပြင်၌အလောင်းများတောင်လိုပုံနေပြီး လူအားလုံးမှာ တိုက်ပွဲထဲ၌သေဆုံးသွားကြလေသည်။ ဒီကမ္ဘာကြီးထဲတွင်ကျိုးဟောင်တယောက်သာ ကျန်ရစ်တော့လေသည်။
သူသည်ထိုအဖြစ်အပျက်အားလုံးကို မထူးဆန်းသလိုကြည့်နေခဲ့လေသည်။ ဒီလောက်အထိလုပ်ပြပြီး သူတုံ့ဆိုင်းသွားမည်လို့ ဝိညာဉ်ကျောက်တုံးကတွေးထားခဲ့လေသလား။
ကျိုးဟောင်မှာ ဗလာနယ်ထဲတွင်ခြေချိတ်လျက်ထိုင်ပြီးစောင့်နေလေသည်။ သူစိတ်ရှည်ရှည်ဖြင့်သည်းခံပြီးစောင့်နေခြင်းကအမှားမရှိပေ။
သို့သော်ထိုအချိန်တွင် ၀မ်ကျို့ထျန်းပြန်ရောက်လာလေသည်။ သူ့မျက်နှာတွင်နောင်တရနေသောအမူအရာများဖြင့်ကျိုးဟောင်အားကြည့်ကာပြောလေသည်။
"ငါ....ငါမှားသွားတယ်။ ဒီ....ဒီကမ္ဘာကတကယ့်အစစ်ပဲ။ ကျိုးဟောင်ငါမင်းကိုလိမ်ခဲ့မိတယ်။ ဒါပေမဲ့ မင်း...မင်းဘာလို့ဒီလောက်ရက်စက်ရတာလဲ။ လူတွေအများကြီးမင်းအရှေ့မှာသေနေတာကို ဘာလို့သူတို့ကိုမကယ်ခဲ့ရတာလဲ"
၀မ်ကျို့ထျန်းလည်း ဒီကမ္ဘာကြီးရဲ့လှည့်စားမှုအောက်ရောက်သွားလေသလား ဒါမှမဟုတ် ဒါက၀မ်ကျို့ထျန်းအစစ်မဟုတ်လေသလား။
ကျိုးဟောင်လည်း စိတ်ညစ်မခံဘဲ သူ၏လက်ကိုဝှေ့ယမ်းလိုက်သော အလင်းတန်းပေါင်းများစွာ ၀မ်ကျို့ထျန်း၏ကိုယ်ပေါ်သို့ကျရောက်သွားပြီး သူ့ဝိညာဉ်မှာပျက်စီးသွားရလေသည်။ဒီနေရာတခုလုံးမှာအတုအယောင်ဖြစ်ကြောင်းသိနေသောကြောင့် ကျိုးဟောင်ညှာတာမနေတော့ပေ။
"ကဲ မင်းလုပ်နိုင်တာလဲ ဘာများရှိသေးလဲ ဝိညာဉ်ကျောက်တုံး။ လူတိုင်းကိုမင်းသတ်ပြီးပြီ။ မင်းဒီလိုကြမ်းတမ်းပြယုံနဲ့ ငါယိမ်းယိုင်သွားမယ်ထင်နေတာလား။ မင်းငါ့ကိုအထင်မှားနေပြီ"
ကျိုးဟောင်က အေးစက်စွာပြောလိုက်လေသည်။ သူ့စကားဆုံးသွားသောအခါ မရေမတွက်နိုင်သောအလင်းတန်းများသူ့အရှေ့တွင်ပေါ်လာလေသည်။ လက်ရှိအဖြစ်အပျက်များမှာလုံး၀ပျောက်ကွယ်သွားပြီး အဖြူရောင်ဟင်းလင်းပြင်ကြီးထဲကိုကျိုးဟောင်ရောက်သွားလေသည်။
သူ့အရှေ့တွင်အနက်ရောင်တောင်ဝှေးကိုကိုင်ဆောင်ထားသည့် လူတယောက်ပေါ်လာခဲ့လေသည်။
"မင်းရဲ့စိတ်စွမ်းအားကတကယ့်ကိုသန်မာတာပဲ။ ငါ့ရဲ့ပုံရိပ်ယောင်တွေက မင်းစိတ်ကိုစွန်းထင်းအောင်မလုပ်နိုင်ဘူးပဲ"
ထိုလူကြီးက ရှေးဟောင်းလူမျိုးတို့၏လေသံဖြင့်ပြောလာပြီး အလွန်ဖော်ရွေပုံပေါ်လေသည်။
....................................................................................
အခန်း(၅၈၆)ပြီးပါပြီ။
အခန်း (၅၈၇) : ထွက်ခွာခြင်း
တောင်ဝှေးအနက်နှင့်လူကြီးအား ကျိုးဟောင်ကြည့်လိုက်လေသည်။ ဒီလူကြီးသည် ဝိညာဉ်ကျောက်တုံး၏စိတ်ဝိညာဉ်ဖြစ်ပေသည်။
"မင်းဒီလိုတွေလုပ်ရတာ ငါ့ကိုမသတ်ခင်ဒီပုံရိပ်ယောင်လောကထဲမှာနစ်မွန်းစေချင်လို့ မှတ်လား"
"မင်းကိုသတ်ချင်လို့ဟုတ်လား။ မင်းအထင်မှားနေပြီ ငါမင်းကိုမသတ်ချင်ပါဘူး ငါမင်းရဲ့စိတ်စွမ်းအားတွေကိုသာစုပ်ယူချင်တာပါ။ ပြီးတော့ အဲ့လိုစုပ်ယူဖို့ကြိုးစားစဉ်မှာ မင်းမသေပဲ ငါသေသွားလို့ရှိရင် ဝိညာဉ်ကျောက်တုံးကမင်းကို သူ့သခင်အဖြစ်သတ်မှတ်လိမ့်မယ်။ အဲ့လိုသတ်မှတ်လိုက်ပြီဆိုရင် ငါဆိုတာမတည်ရှိတော့ဘူး"
ကျိုးဟောင်မှာစိတ်ပျက်သွားသလိုအံ့အားလည်းသင့်သွားလေသည်။
" မင်းက ဝိညာဉ်ကျောက်တုံးမဟုတ်ဘူးပေါ့"
"ဟုတ်လည်းဟုတ်သလို မဟုတ်လည်းမဟုတ်ဘူး။ ငါကဝိညာဉ်ကျောက်တုံးနဲ့ရစ်ပတ်နေတဲ့အသိဉာဏ်အမျှင်တန်းလေးတခုပဲ။ ငါဘယ်လိုမွေးဖွားလာသလဲဆိုတာကိုငါမသိဘူး။ ဝိညာဉ်ကျောက်တုံးကအရမ်းစွမ်းအားကြီးပြီး ငါအဲ့တာကိုမထိန်းချုပ်နိုင်ဘူး။ သူ့မှာကိုယ်ပိုင်စိတ်စွမ်းအားရှိတယ်။ ငါမွေးဖွားလာတာကမတော်တဆတခုသက်သက်ပဲဖြစ်မယ်"
ကျိုးဟောင်မှာထိုလူကြီး၏စကားကြောင့်ပိုပြီးအတွေးရှုပ်သွားလေသည်။
"အဲ့အရာကမင်းကိုသခင်အဖြစ်သတ်မှတ်လိုက်ရင်ငါကပျောက်ကွယ်သွားရမှာ ဒါကြောင့်မို့မင်းကိုပုံရိပ်ယောင်ထဲပိတ်ထားပြီး စိတ်စွမ်းအားတွေကိုစုပ်ယူဖို့ငါကြိုးစားရတာပဲ"
တောင်ဝှေးနှင့်လူအိုကြီးကသူ့ရည်ရွယ်ချက်ကိုပွင့်ပွင့်လင်းလင်းပြောပြနေလေသည်။
"အခု မင်းမျှော်မှန်းချက်တွေပျက်စီးသွားပြီဆိုတော့ ငါ့ဆီမှာအညံ့လာခံပြီး ငါ့သစ္စာခံလုပ်တော့မလို့လား"
ကျိုးဟောင်က ပြုံးပြီးမေးလိုက်လေသည်။
"မင်းဆီမှာသစ္စာခံရမယ်.... ငါတော့မထင်ဘူး။ မင်းဝိညာဉ်ကျောက်တုံးကိုတကယ်စုပ်ယူနိုင်ပါ့မလား။ ငါတော့ မင်းတတ်နိုင်မယ်လို့မထင်ဘူး။ ငါမင်းကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့ ငါကျရှုံးခဲ့ပြီ။ မင်းမှာအခုအခွင့်အရေးတော့ရှိလာပြီ ဒါပေမဲ့ မင်းဝိညာဉ်ကျောက်တုံးကိုရနိုင်မရနိုင်က မင်းကံတရားအပေါ်မူတည်သေးတယ်"
တောင်ဝှေးနဲ့လူအိုကြီးကရီပြီးပြောလေသည်။
"မင်းကျရှုံးပါစေလို့ ငါဆုတောင်းတယ်။ ဒါမှ မင်းငါ့ရဲ့အစာဖြစ်လာပြီး ငါလည်း ဝိညာဉ်ကျောက်တုံးကိုထိန်းချုပ်နိုင်ဖို့ခြေတလှမ်းပိုနီးလာမှာ"
ထိုသို့ပြောပြီးနောက် တောင်ဝှေးအနက်နှင့်လူအိုကြီးမှာပျောက်ကွယ်သွားလေသည်။ မျက်စိတဆုံးဖြူဖွေးနေသောနေရာထဲတွင် အဖြူရောင်သလင်းကျောက်တခုကိုကျိုးဟောင်မြင်လိုက်လေသည်။
ကျိုးဟောင်ကဖြေးဖြေးညှင်းချဉ်းကပ်သွားလေသည်။ သူထိုအရာအနားသို့ရောက်သောအခါ အလွန်စွမ်းအားကြီးသောစိတ်စွမ်းအင်တခုပေါက်ကွဲထွက်လာလေသည်။ ထိုစွမ်းအားက ကျိုးဟောင်၏ ခန္ဓာကိုယ်အားနောက်သို့ပြန်ရောက်သွားစေနိုင်သည့်အေးစက်သည့်လေပြင်းများကိုထုတ်လွှတ်နေပြီး အနားကပ်ဖို့မဖြစ်နိုင်ပေ။
ကျိုးဟောင်လည်း အသက်၀၀ရှူပြီးနောက်မြေပြင်ပေါ်သို့ထိုင်ချလိုက်လေသည်။ ဝိညာဉ်ကျောက်တုံးမှာစိတ်စွမ်းအားကိုအခြေခံသည့်ရတနာတခုဖြစ်သာကြောင့် ထိုအရာကိုရနိုင်ဖို့သူ့၏စိတ်စွမ်းအားကိုသာအားကိုးရမည်ဖြစ်ကြောင်းကျိုးဟောင်သဘောပေါက်လေသည်။
ဒါ့ကြောင့်ကျိုးဟောင်မှာသူ၏မျက်လုံးများကိုမှိတ်လိုက်ပြီးစိတ်စွမ်းအားကိုစတင်ထုတ်လွှတ်လိုက်လေသည်။
"ဒီအခြေအနေအထိရောက်လာပြီးမှထပ်ပြီးရုန်းကန်မနေဘဲ ငါ့ရဲ့ကျောက်တုံးဖြစ်လာစမ်းပါ။ ဒါကမင်းအတွက်အကောင်းဆုံးဖြစ်မှာပါ"
ကျိုးဟောင်ကပြောရင်းသူ၏စွမ်းအားကြီးသောစိတ်စွမ်းအင်များကိုကျောက်တုံးထံပို့လွှတ်နေလေသည်။ သူ၏စိတ်စွမ်းအင်မှာ ဝိညာဉ်ကျောက်တုံးထက်နည်းပါးသော်လည်း အားကောင်းလှသောသူ့စိတ်စွမ်းအင်များက အပေါက်တခုသို့ထိုးသွင်းနေသောဓားထက်ထက်တချောင်းကဲ့သို့ဖြစ်နေလေသည်။
ထို့နောက်ကျိုးဟောင်၏စိတ်စွမ်းအင်များက ထိုးဖောက်နိုင်သွားကာ သူ့ခန္ဓာကိုယ်မှာဝိညာဉ်ကျောက်တုံး၏ရှေ့သို့ရောက်ရှိသွားလေသည်။ ကျိုးဟောင်ကအံကြိတ်ကာဝိညာဉ်ကျောက်တုံးအားတင်းကြပ်စွာဆုပ်ကိုင်လိုက်လေသည်။
"မင်းအနေနဲ့ငါ့ကိုသတ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးကွ...."
ကျိုးဟောင်၏စိတ်မှာလုံး၀တည်ငြိမ်နေပြီး ဝိညာဉ်ကျောက်တုံးအားစတင်စုပ်ယူလေသည်။ ဝိညာဉ်ကျောက်တုံးကခုခံနေသော်လည်းကျိုးဟောင်၏ တည်ငြိမ်သောစိတ်က အသန်မာဆုံးလက်နက်ဖြစ်နေလေသည်။
ကျိုးဟောင်အနေဖြင့်အချိန်ဘယ်လောက်အထိကုန်ဆုံးနေသလဲဆိုတာကိုမသိသော်လည်း တကယ့်အပြင်ဘက်တွင်တော့ တခဏမျှသာရှိသေးလေသည်။
ကျိုးဟောင်ပုံရိပ်ယောင်လောကထဲ၀င်ရောက်သွားပြီးမကြာမီပင် ဒီစိတ်လောကမှာကုန်ဆုံးသွားတော့မည့်အချိန်သို့ရောက်လာလေသည်။
" ကျိုးဟောင်ထွက်မလာသေးပါလား။ ဘယ်လောက်အထိကြာဦးမလဲမသိဘူး"
"အစ်ကိုကြီးက ရှေးဟောင်းအမွေအနှစ်ကိုရယူနိုင် လောက်တယ်မှတ်လား"
၀တုတ်ကျင်းနှင့်အခြားသူများမှာပူပန်နေကြလေသည်။ သူတို့အားလုံး၏လက်ခံကောင်တွင်ရှိနေသောစိတ်စွမ်းအင်များမှာတဖြေးဖြေးလျော့ကျလာခဲ့လေသည်။စိတ်စွမ်းအင်များမှာ ဒီရေကဲ့သို့အရှိန်နှင့်ကျဆင်းလာနေသောကြောင့် သူတို့အားလုံးအသက်ပြင်းပြင်းရှူကာမျက်လုံးများမှိတ်လိုက်ကြလေသည်။
သူတို့အားလုံးမျက်လုံးပြန်ဖွင့်လိုက်ကြသောအခါစိတ်လောကအပြင်ဘက်ရှိမိုရိုနယ်မြေထဲသို့ပြန်ရောက်နေကြလေသည်။ သူတို့၏ခေါင်းပေါ်ရှိစိတ်လောကမှာကျန်နေသေးသော်လည်း ကျိုးဟောင်ကလွဲပြီးသူတို့အားလုံးအပြင်ပြန်ရောက်လာကြလေသည်။
ထိုအချိန်တွင် တကယ့်ကမ္ဘာနှင့်ရှေးဟောင်းအပျက်အစီးအကြားပိုင်းခြားသည့်စွမ်းအင်လှိုင်းများမှာအက်ကွဲလာပြီး သယ်ယူပို့ဆောင်ရေးစက်များစတင်အလုပ်ပြန်လုပ်လာလေသည်။
၀တုတ်ကျင်းနှင့်အခြားသူများမှာကျိုးဟောင်အတွက်စိတ်ပူနေသော်လည်းသူတို့ဘာမှမတတ်နိုင်ပေ။ ရှေးဟောင်းအပျက်အစီးထဲရှိနေရာကူးပြောင်းရေးစွမ်းအင်းလှိုင်းများမှာ တဖြေးဖြေးများပြားလာပြီး သူတို့အားလုံး၏အသွင်အပြင်များပျောက်ကွယ်လာလေသည်။
လူအများအပြားမှာအလွန်စိတ်လှုပ်ရှားနေကြလေသည်။
"နောက်ဆုံးတော့ပြီးသွားခဲ့ပြီ။ ငါတို့ဒီနေရာကနေထွက်သွားနိုင်ပြီကွ...."
" ဒီတခေါက်ခရီးကနေ ငါအကျိုးတော်တော်များရခဲ့တယ်။ အကောင်းဆုံးပဲဟေ့"
လူအားလုံးမှာပျော်ရွှင်စွာပြောဆိုနေခဲ့ကြလေသည်။
"ကျိုးဟောင်... မင်းစောင့်နေလိုက် ဒီနေရာကဘာမှအရေးမပါဘူး။ ငါတို့ရဲ့တကယ့်ကမ္ဘာကိုပြန်ရောက်တဲ့အခါကျရင် ငါဘယ်လောက်စွမ်းအားကြီးကြောင်းမင်းကိုပြရသေးတာပေါ့"
နင်ယွမ်ဖုန်းကအေးစက်စွာပြောပြီးနောက်သူ့ခန္ဓာကိုယ်မှာတဖြေးဖြေးပျောက်ကွယ်သွားလေသည်။ ပိုင်ရန်ရွှယ်ကတော့ဘာမှမပြောဘဲသက်ပြင်းပဲချလိုက်ကာ ထိုနေရာမှထွက်ခွာသွားလေသည်။
စုရှောင်းယွီမှာသူမ၏မျက်လုံးလှလှလေးများဖြင့် ကောင်းကင်၌ရှိနေသောစိတ်လောကအားကြည့်နေလေသည်။ သူမအကြည့်ထဲတွင် ခံစားချက်များရောထွေးနေလေသည်။ ထို့နောက်သူမလည်းထိုနေရာမှထွက်ခွာသွားခဲ့လေသည်။
လူတိုင်းအကုန်လုံးထွက်ခွာသွားကြပြီး ကျိုးဟောင်တယောက်ထဲသာကျန်ရစ်ခဲ့လေသည်။ ကျိုးဟောင်မှာစိတ်လောကထဲတွင်နစ်မြုပ်နေပြီး ဝိညာဉ်ကျောက်တုံးအားတဖြေးဖြေးစုပ်ယူနေလေသည်။ အချိန်ဘယ်လောက်အထိကုန်ဆုံးနေမှန်းကျိုးဟောင်မသိခဲ့ပေ။
နောက်ဆုံး၌သူ၏မျက်လုံးများပွင့်လာခဲ့ပြီး သူ့မျက်ခုံးနှစ်ခုအလယ်တွင်အဖြူရောင်အလင်းစက်လေးတခုလင်းလာခဲ့လေသည်။ သူထိုအလင်းစက်လေးအားလက်ဖြင့်ထိကြည့်လိုက်သောအခါ ဝိညာဉ်ကျောက်တုံးမှာသူ့ခန္ဓာကိုယ်ထဲသို့ရောက်ရှိသွားပြီဖြစ်ကြောင်းခံစားလိုက်ရလေသည်။
"ပြီးသွားပြီလား"
ကျိုးဟောင်မှာအံ့ဩပြီးနားမလည်နိုင်ဖြစ်နေလေသည်။
"ကောင်လေးမင်းနောက်ဆုံးတော့နိုးလာပြီပေါ့။ မိုရိုလောကကြီးကတဖြေးဖြေးပျောက်ကွယ်နေပြီး လူတိုင်းကလည်းဒီနေရာကထွက်ခွာသွားကြပြီ။ ကဲမင်းလည်းမြန်မြန်ထွက်သွားဖို့ပြင်တော့"
ဖားနှင့်ဂျယ်လီဖြူကကျိုးဟောင်၏ပုခုံးပေါ်ခုန်တက်လာရင်းပြောလိုက်လေသည်။
"သူတို့အားလုံးထွက်သွားကြပြီလား"
ကျိုးဟောင်ကအံ့ဩတုန်လှုပ်စွာမေးလိုက်လေသည်။
"ဒါပေါ့ မင်းလည်းအခုဝိညာဉ်ကျောက်တုံးကိုရပြီ အဲ့တာကတကယ့်ရတနာပစ္စည်းတခုပဲ။ အခုတော့အဲ့အရာကိုမလေ့လာသေးနဲ့ဦး။ငါတို့ဒီနေရာကအရင်ထွက်သားပြီးမှဆက်ပြောကြတာပေါ့"
ဖားကပြောပြရင်းသူ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ နေရာကူးပြောင်းရေး၀င်ပေါက်တခုသူတို့ရှေ့တွင်ပေါ်လာလေသည်။
ကျိုးဟောင်လည်းခေါင်းညိတ်ပြလိုက်ပြီးထိုနေရာမှထွက်ခွာရန်ပြင်ဆင်လိုက်သည်။သို့သော်သူရုတ်တရက်အနောက်သို့လှည့်ကြည့်လိုက်သောအခါ ချပ်၀တ်၀တ်ဆင်ထားသည့်လူတယောက်ကိုတွေ့လိုက်ရလေသည်။
"၀မ်ကျို့ထျန်း....."
ကျိုးဟောင်ရုတ်တရက်ရေရွတ်လိုက်မိလေသည်။
"ထွက်သွားတော့ ဒီကမ္ဘာကမင်းနဲ့မသက်ဆိုင်ဘူး။ အဖေကမင်းကိုအသိအမှတ်ပြုခဲ့ပြီးပြီ။ဒါကြောင့်ရှေ့လျှောက်မင်းကငါ့ရဲ့ညီငယ်လေးပဲ။ သိပ်မကြာခင်ငါလည်းဒီလောကကထွက်သွားတော့မှာပါ။ အဲ့အချိန်ကျငါတို့ပြန်တွေ့ကြတာပေါ့"
၀မ်ကျို့ထျန်းကပြုံးပြကာလက်ပြနှုတ်ဆက်နေလေသည်။ ကျိုးဟောင်လည်း၀င်ပေါက်ထဲသို့၀င်ရောက်လိုက်ပြီး ထိုနေရာမှတဖြေးဖြေးပျောက်ကွယ်သွားလေသည်။
နောက်စက္ကန့်အနည်းငယ်အကြာတွင် အရင်ကမိုရိုလောကထဲသို့၀င်ရောက်ရန်စုစည်းခဲ့ကြသည့်ရှေးဟောင်းအစီအရင်ပေါ်သို့ကျိုးဟောင်ပြန်ရောက်လာခဲ့လေသည်။
သို့သော်ထိုအချိန်တွင် အလွန်အန္တရာယ်များသောခံစားချက်တခုအားကျိုးဟောင်စိတ်ထဲ၌ခံစားလိုက်ရလေသည်။
....................................................................................
အခန်း(၅၈၇)ပြီးပါပြီ။
အခန်း (၅၈၈) : သစ္စာမဲ့သော နင်မိသားစု
အလွန်များပြားပြင်းထန်သောအကြမ်းဖက်လိုစိတ်ကိုခံစားလိုက်ရသောကြောင့် ကျိုးဟောင်မှာသူ၏ မျက်လုံးများကိုဖွင့်ကြည့်လိုက်လေသည်။ ထို့နောက်သူ၏အမူအရာမှာလုံး၀ပြောင်းလဲသွားလေသည်။
ရှေးဟောင်းအစီအရင်ထဲတွင် လူအားလူအများအပြားကဝိုင်းထားကာစိုက်ကြည့်နေကြလေသည်။ ကျိုးဟောင်၏အမူအရာမှာလုံး၀ခက်ထန်သွားပြီး သတ်ဖြတ်လိုစိတ်များလည်းပြင်းထန်လာလေသည်။
"အီတာယွီ မိသားစု....."
သူ့အားဝိုင်းထားကြသူများမှာ အီတာယွီမိသားစုမှဖြစ်လေသည်။
ကျိုးဟောင်မှာ မိုရိုတို့၏ပိုင်နက်ထဲတွင်ကူရုအားသတ်ခဲ့ပြီး စိတ်လောကထဲတွင်ဘလူးအားသတ်ခဲ့လေသည်။ ဒါ့ကြောင့် သူရှေးဟောင်းအပျက်အစီးထဲမှထွက်လာသောအခါ အီတာယွီမိသားစုမှလာရှာကြခြင်းဖြစ်လေသည်။
"ကျိုးဟောင်....."
ထိုအခိုက်အတန့်တွင်စွင်းရွှင်းမှာကျိုးဟောင်ဘေးသိူ့ပျံဝဲပြီးလာရပ်လေသည်။
" အီတာယွီမိသားစုက မင်းဘလူးနဲ့ ကူရုကိုသတ်ခဲ့တယ်လို့ပြောတယ်။ အဲ့ကိစ္စကဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဘယ်သူမှသက်သေပြလို့ရတဲ့ကိစ္စမဟုတ်ဘူး။ မင်းအနေနဲ့သူတို့ကိုမသတ်ခဲ့ဘူးလို့ပဲ အခိုင်အမာပြောရမယ်သဘောပေါက်လား။ ငါ စစ်ဘုရင်အန်းဆီလူလွှတ်ပြီးအကြောင်းကြားပြီးပြီ သူတို့မကြာခင်ရောက်လာကြလိမ့်မယ်"
စွင်းရွှင်းကသူ့ရှေ့တွင်ရပ်ကာမှာကြားနေလေသည်။ ယခုလိုစွင်းရွှင်းကသူ့ဘက်ကမားမားမတ်မတ်ရပ်တည်ပေးသောကြောင့်ကျိုးဟောင်မှာစိတ်အေးသွားရလေသည်။ စစ်နတ်ဘုရားတပ်ရင်းက သူ့အားပစ်ပယ်ထားမည့်ပုံမပေါ်ပေ။
"ကောင်လေး စိတ်အေးမနေနဲ့ဦး။ အီတာယွီမိသားစုကသူတို့ရဲ့အမွေဆက်ခံသူ၂ယောက်သေရုံနဲ့ဒီလိုလူအင်အားအလုံးအရင်းစေလွှတ်မှာမဟုတ်ဘူး။ ဒါကအကြောင်းပြချက်တခုသက်သက်ပဲ။ မင်းမိုရိုမျိုးနွယ်ရဲ့နယ်မြေထဲမှာဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာသတင်းပြန့်နေပြီ။ ကောင်လေး မင်းတကယ့်ကိုလုပ်ရည်ကိုင်ရည်ကောင်းတာပဲ။ မင်းဝိညာဉ်ကျောက်တုံးကိုရခဲ့တယ်မှတ်လား"
စွင်းရွှင်းကသွေးအေးအေးဖြင့်ပြောလိုက်လေသည်။ ကျိုးဟောင်လည်းသူဘာဆိုလိုချင်မှန်းချက်ချင်းသဘောပေါက်လေသည်။
ကျိုးဟောင်တချက်ဝှေ့ကြည့်လိုက်သောအခါ သူ့အမူအရာလုံး၀ပြောင်းလဲသွားရသည်။ အီတာယွီမိသားစုသာမက ချိုက်မက်မိသားစု နှင့် နင်မိသားစုတို့ပါရောက်နေကြလေသည်။
ကျင်းမိသားစုနှင့် လေလံစံအိမ်တော်ကနဂိုကတည်းကရှိနေခဲ့ကြပြီးသားဖြစ်ပေသည်။ ထိုမိသားစုအားလုံးကသူထွက်လာသည်ကိုစောင့်နေကြခြင်းပေလော။
၀တုတ်ကျင်းနှင့် စုရှောင်းယွီတို့မှာ သူ့ဘက်တွင်ရှိသော်လည်း သူတို့၏မိသားစုကတော့ သူ့ဘက်ကမဟုတ်ပေ။
စွင်းရွှင်း၏စကားအရ မိသားစုအားလုံးက ကျိုးဟောင်မိုရိုတို့၏နယ်မြေထဲမှ ရရှိခဲ့သည်များကိုသိထားကြပြီး ထိုအရာအတွက် လျှို့ဝှက်လှုပ်ရှားမှုများပြုလုပ်ရန်ကြံရွယ်နေကြလေသည်။
ဘလူးနှင့်ကူရုအားသတ်ခဲ့သည့်ကိစ္စကပြဿနာကြီးတရပ်ဖြစ်သော်လည်း ဒီလောက်သိုင်းပညာရှင်ပမာဏအများအပြားရောက်ရှိလာလောက်မည့်ပြဿနာမျိုးတော့မဟုတ်ပေ။ သူတို့အားလုံးယခုလိုပြုမူနေကြသည်မှာ ကျိုးဟောင်ဆီမှ ဝိညာဉ်ကျောက်တုံးအားရယူလို၍ဖြစ်လေသည်။
"ကောင်လေး မင်းနောက်ဆုံးတော့သဘောပေါက်သွားပြီပေါ့ ဒါပေမဲ့မစိုးရိမ်ပါနဲ့ စစ်နတ်ဘုရားတပ်ရင်းကမင်းကိုပစ်မထားပါဘူး"
စွင်းရွှင်း၏စကားကကျိုးဟောင်၏စိတ်ထဲနွေးထွေးသွားစေလေသည်။
ထိုအချိန်တွင်အီတာယွီမိသားစုမှလူတယောက်မတ်တပ်ရပ်လာလေသည်။
"မစ္စတာစွင်း အခုကျိုးဟောင်လည်းထွက်လာပြီဆိုတော့ ခင်ဗျားတို့စစ်နတ်ဘုရားတပ်ရင်းကဘက်ကတာ၀န်ယူဖို့အချိန်ရောက်ပြီ။ မင်းတို့အရှေ့တိုင်းသားတွေရဲ့ဆိုရိုးစကားအတိုင်း မျက်လုံးတလုံးအတွက်မျက်လုံးတလုံး အသက်တချောင်းအတွက် အသက်တချောင်း ပြန်ပေးဆပ်ဖို့အချိန်ကျပြီမဟုတ်ဘူးလား"
ထိုစကားကိုကြားသောအခါစွင်းရွှင်းကပြုံးလိုက်လေသည်။
"ဟုတ်တယ် ကျုပ်တို့ရဲ့ရှေးလူကြီးတွေကအဲ့လိုပြောခဲ့ပါတယ်။ ကျုပ်မငြင်းဆိုဝံ့ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ရဲ့ရှေးလူကြီးတွေက စွပ်စွဲချက်တိုင်းမှာသက်သေရှိရမယ်လို့လည်းပြောကြားခဲ့တယ်။ ဒါကြောင့်ကျုပ်မေးပါရစေ မစ္စတာစီရွှမ်း ခင်ဗျားမှာသက်သေရှိပါသလား"
စွင်းရွှင်းကဖြေးညှင်းစွာပြောလိုက်လေသည်။ သူ့အနေဖြင့်အချိန်တတ်နိုင်သလောက်ဆွဲထားချင်နေပေသည်။
"သက်သေဟုတ်လား.... ဘယ်လိုဟာမျိုးကိုမင်းလိုချင်တာလဲ။ သူ့ဆီမှာ ဘလူးနဲ့ကူရုတို့ရဲ့အငွေ့အသက်တွေရှိနေတယ်ဆိုတာ ငါအာရုံခံလို့ရတယ်။ အဲ့တာကသက်သေပဲမဟုတ်ဘူးလား"
စီရွှမ်းက တွတ်ထိုးပြောလိုက်လေသည်။
"မစ္စတာစီရွှမ်း အဲ့တာကသက်သေလို့ပြောလို့မရဘူး။ ကျိုးဟောင်က သူတို့နှစ်ယောက်နဲ့တိုက်ခိုက်ခဲ့တာကြောင့် သူ့ဆီမှာ သူတို့ရဲ့အငွေ့အသက်တွေကျန်နေတာဖြစ်နိုင်တာပဲ။ ဒါကကြည့်ပြီးကျိုးဟောင်သတ်တယ်လို့ပြောလိုမရဘူးပဲ။ သူတို့နှစ်ယောက်ကျိုးဟောင်နဲ့တိုက်ခိုက်ပြီးလွတ်သွားချိန်မှ အသတ်ခံရတာဖြစ်နိုင်တာပဲ"
စွင်းရွှင်းကပြုံးပြုံးလေးနှင့်ငြင်းဆိုနေလေသည်။သူ့စကားက စီရွှမ်း၏အမူအရာကိုပိုမိုပျက်ယွင်းလာစေလေသည်။
"မစ္စတာစွင်း ခင်ဗျားကဆင်ခြေတွေပေးနေတာပဲ။ ခင်ဗျားအရှေ့တိုင်းသားတယောက်အနေဖြင့် ခင်ဗျားလုပ်ရပ်အတွက်အကျိုးဆက်ကိုတာ၀န်ယူရမယ်။ ကျိုးဟောင် မင်းငါ့ရဲ့မေးခွန်းတွေကိုဖြေဆိုနိုင်ပါ့မလား"
စီရွှမ်းက လက်မလျော့ပဲ ကျိုးဟောင်ဘက်မြှားဦးလှည့်လာလေသည်။ သို့သော်ကျိုးဟောင်ကလည်း ငတုံးမဟုတ်ပေ။
"စီနီယာစီရွှမ်း ကျွန်တော်တောင်းပန်ပါတယ်။ ခင်ဗျားဘာကိုပြောချင်နေမှန်းကျွန်တော်နားမလည်ဘူး။ ကျွန်တော်ဘလူးနဲ့တိုက်ခိုက်ခဲ့ပေမဲ့ သူ့ကိုတော့မသတ်ခဲ့ပါဘူး။ ဒါကိုလူတွေအများကြီးသက်သေခံပေးနိုင်ပါတယ်"
ကျိုးဟောင်ကရင်ခုန်သံတချက်မမြန် မျက်နှာတချက်မပျက်ပဲပြန်ပြောနေလေသည်။
"မင်း....မင်းလိမ်နေတာ"
ထိုစကားကိုကြားသောအခါ စီရွှမ်းစိတ်လွတ်သွား လေသည်။
စီရွှမ်းတယောက်ဘာမှ မပြောနိုင်ဖြစ်နေသည်ကိုမြင်သောအခါ နင်မိသားစုမှလူတယောက်ထွက်လာလေသည်။ ထိုသူသည်အနောက်တိုင်း၀တ်စုံကိုသန့်ပြန့်စွာ၀တ်ထားပြီး ကြည့်ရတာကျက်သရေရှိနေလေသည်။
"မစ္စတာစီရွှမ်း ဒီကိစ္စက မေးစရာကိစ္စတွေအများကြီးနဲ့ပြည့်နေတဲ့ကိစ္စပဲ။ ဒါပေမဲ့ ကျိုးဟောင်ကသတ်ခဲ့သည်ဖြစ်စေ မသတ်ခဲ့သည်ဖြစ်စေသူကသံသယရှိသူဖြစ်နေဆဲမဟုတ်လား။ ဒီကိစ္စကိုသေချာမသိသေးဘဲ ကျိုးဟောင်ကိုအပြစ်တင်နေတာထက် သေချာစုံစမ်းစစ်ဆေးတာကပိုမကောင်းဘူးလား"
ထိုလူကပြုံးပြီးပြောလာလေသည်။သူ့စကားကိုကြားသောအခါ စီရွှမ်းကနင်မိသားစုမှလူအားတချက်ကြည့်လိုက်လေသည်။
"ဟဲဟဲ ညီအစ်ကိုနင် ခင်ဗျားရဲ့စကားက အကျိုးအကြောင်းသင့်လျော်သားပဲ။ ကျုပ်တို့ဒီကိစ္စကိုအရင်စုံစမ်းစစ်ဆေးကြတာပေါ့။ ကျုပ်တို့စစ်နတ်ဘုရားတပ်ရင်းကဒီကိစ္စကိုစုံစမ်းပေးပြီး စိတ်ကျေနပ်စေလောက်မယ့်အဖြေမျိုးပြန်ပေးရင်ကော ဘယ်လိုလဲ။ အခုတော့နောက်ကျနေပြီ ကျိုးဟောင်နဲ့အခြားလူတွေလည်းအခုမှရှေးဟောင်းအပျက်အစီးထဲကထွက်လာကြတာဆိုတော့ လုပ်စရာတွေရှိနေဦးမှာပဲ။ ဒီကိစ္စကိုနောက်နေ့ကျထပ်ပြောကြတာပေါ့"
စွင်းရွှင်းက နင်မိသားစုမှာရည်ရွယ်ချက်ကောင်းရှိပုံမပေါ်သည့်အကြောင်းကိုသဘောပေါက်သောကြောင့် ကြိုပိတ်ထားကြည့်လေသည်။
"မစ္စတာစွင်းရွှင်းကခင်ဗျားကတကယ့်ကိုအခြေအမြစ်မရှိတာပဲ။ စစ်နတ်ဘုရားတပ်ရင်းဆိုတာဥပဒေအလိုက်နာဆုံးနေရာတခုမဟုတ်ဘူးလား။ ဒါပေမဲ့အခုခင်ဗျားလုပ်ရပ်က အဲ့တာနဲ့ဆန့်ကျင်ဘက်ဖြစ်နေပြီ။ တကယ်လို့ကျိုးဟောင်ကသံသယရှိသူဆိုရင်ချက်ချင်းစစ်ဆေးမေးမြန်းသင့်တယ်မဟုတ်ဘူးလား။ပြီးတော့စစ်နတ်ဘုရားတပ်ရင်းကအဖွဲ့၀င်တယောက်အနေနဲ့ ခင်ဗျား၀င်မပါဘူး။ ခင်ဗျားကိုဒီစစ်ဆေးမှုထဲဘာကြောင့်ထည့်ရမှာလဲ"
"ဒီမှာ ဩဇာကြီးမိသားစုမျိုးနွယ်တွေများစွာရှိပြီး သူတို့ကာ ဒီစစ်ဆေးမှုမှာပါ၀င်ကြီးကြပ်သင့်တာမဟုတ်ဘူးလား။ ပြီးတော့ကျုပ်အထင်တော့ ခင်ဗျားတို့စစ်နတ်ဘုရားတပ်ရင်းကဒီတခေါက်စုံစမ်းစစ်ဆေးရေးမှာတော့မပါသင့်ဘူး"
နင်မိသားစုမှလူ၏စကားဆုံးသွားသောအခါ ကျိုးဟောင်တယောက်ရင်ခုန်သံများမြန်ဆန်လာလေသည်။
ထိုလူမှာတကယ့်ကိုစကားပြောကောင်းပေသည်။သူ့စကားတခွန်းတည်းနှင့်ပင် စစ်နတ်ဘုရားတပ်ရင်းအား အားလုံး၏ဆန့်ကျင်ဘက်ဖြစ်အောင်လုပ်လိုက်နိုင်လေသည်။
သူတို့ဒီလိုစီစဉ်ရသည်မှာ သူတို့အနေဖြင့်ကျိုးဟောင်အားပို၍ထိန်းချုပ်ချင်၍ဖြစ်ပေသည်။ ဒါ့အပြင် ကျိုးဟောင်၏ဝိညာဉ်ကျောက်တုံးအားသူတို့အားလုံးလိုချင်ကြပေသည်။ ယခုနင်မိသားစုကယခုလိုပြောလာသောအခါ မိသားစုမျိုးနွယ်များအားလုံး သူတို့ဘက်မှပါ၀င်ပူးပေါင်းလာကြမည်ဖြစ်လေသည်။
စစ်နတ်ဘုရားတပ်ရင်းအနေနှင့်ကျိုးဟောင်အားကကာကွယ်လိုပါက သူတို့မိသားစုမျိုးနွယ်ကြီးများအားလုံးနှင့်ဆန့်ကျင်ရမည့်အခြေအနေရောက်သွားလေသည်။
ကျိုးဟောင်လည်း ဒေါသထွက်သွားလေသည်။ ဒီနင်မိသားစုမှာတကယ့်ကိုကောက်ကျစ်ပြီးဉာဏ်နီ ဉာဏ်နက်များလှပေသည်။ စွင်းရွှင်းလည်းအခြေအနေကိုသဘောပေါက်သောကြောင့်အမူအရာမှာပျက်ယွင်းသွားပြီး နင်မိသားစုမှထိုလူအား မျက်လုံးမှမီးတောက်မတတ် စိုက်ကြည့်နေလေသည်။
"ညီနောင် နင် ခင်ဗျားဘာကိုဆိုလိုချင်နေမှန်းကျုပ်တော့နားမလည်တော့ဘူး။ ကျိုးဟောင်ကိုခင်ဗျားတို့ဆီလက်လွှဲပေးရမည့်ကျုပ်တို့ရဲ့ စစ်နတ်ဘုရားတပ်ရင်းရဲ့အင်အားကို ခင်ဗျားစိတ်တိုင်းကျစစ်ဆေးနိုင်ဖို့လက်လွှဲပေးရမယ်လို့ပြောချင်တာလား"
စွင်းရွှင်း၏လေသံမှာ မပြောင်းလဲသွားသော်လည်းသူအလွန်ဒေါသထွက်နေသောကြောင့်သူ့လေသံထဲတွင်အေးစက်သည့်သတ်ဖြတ်လိုစိတ်များပါ၀င်နေလေသည်။
"မစ္စတာစွင်း ခင်ဗျား အထင်လွဲနေပြီ ကျုပ်တို့ဆီလက်လွှဲပေးရမှာမဟုတ်ပါဘူး။ တကမ္ဘာလုံးဆီကိုပါ ဟုတ်တယ်မှတ်လား"
နင်မိသားစုမှလူသည်အောင်နိုင်သူအပြုံးဖြင့်ပြုံးပြီးပြောလိုက်လေသည်။
သို့သော်ရုတ်တရက်အေးစက်သည့်အရှိန်အဝါဖြင့်အသံတခုထွက်ပေါ်လာခဲ့လေသည်။
"ဘယ်လိုသတ္တိနဲ့ ငါတို့စစ်နတ်ဘုရားတပ်ရင်းကလူတယောက်ကိုထိပါးရဲတာလဲ"
ထိုစကားသံဆုံးသွားသောအခါ အလွန်တရာမှလှပသောအမျိုးသမီးတယောက်ကျိုးဟောင်ရှေ့သို့ရောက်လာလေသည်။ သူမမှာ အလွန်ဆွဲဆောင်မှုရှိပြီး သူ့တကိုယ်လုံးရှိအငွေ့အသက်များမှာ ကမ္ဘာကြီးတောင်ကိုင်လှုပ်နိုင်သည်အထိစွမ်းအားကြီးမားလေသည်။
....................................................................................
အခန်း(၅၈၈)ပြီးပါပြီ။