အခန်း (၅၈၉-၅၉၁)
Vol. 40 Ch. 589-591
အခန်း (၅၈၉) : နှိုင်းယှဉ်မရအောင်ကြီးစိုးနိုင်စွမ်း
ထိုအသံကြောင့် လူတိုင်း၏အမူအရာမှာပြောင်းလဲသွားပြီး အသံလာရာသို့လှမ်းကြည့်လိုက်ကြလေသည်။ ထိုအမျိုးသမီးမှာကျိုးဟောင်အနားသို့ရောက်ရှိနေခဲ့ပြီဖြစ်လေသည်။
ထိုအမျိုးသမီးပေါ်လာသောအခါ လူတိုင်းတိတ်ဆိတ်သွားကြပြီး သူတို့၏မျက်နှာအမူအရာများမှာလည်းတည်ငြိမ်သွားကြလေသည်။
ကျိုးဟောင်လည်း ထိုအမျိုးသမီးအားကြည့်လိုက်လေသည်။သူမအား အနောက်မှမြင်ရသည်ဖြစ်သော်လည်း သူမဆွဲဆောင်မှုရှိသောခန္ဓာကိုယ်အချိုးအစားကြောင့် ကျိုးဟောင်အကြည့်မလွှဲနိုင်ဖြစ်သွားရလေသည်။
ထိုသို့ဖြစ်ရခြင်းမှာ ကျိုးဟောင်ကနှာဘူးတယောက်ဖြစ်နေလို့မဟုတ်ဘဲ သူမ၏ခန္ဓာကိုအလှအပမှာတကယ့်ကိုပြိုင်ဘက်ကင်းလောက်အောင်ဆွဲဆောင်မှုရှိလေသည်။ ယွင်ယန်တောင်မှ သူမနှင့်မယှဉ်နိုင်ပေ။
ဒါ့အပြင်သူမ၏အရှိန်အဝါမှာအလွန်စွမ်းအားကြီးမားပြီး စစ်နတ်ဘုရားလင်ထျန်းထက်တောင်သာလွန်သောကြောင့် ကျိုးဟောင်မှင်တက်သွားလေသည်။
" ဒါစစ်နတ်ဘုရားရှန့်ဝူပဲဖြစ်မယ်"
ကျိုးဟောင်စိတ်ထဲမှခန့်မှန်းကြည့်လိုက်လေသည်။
ထိုအမျိုးသမီးရောက်လာသည်ကိုမြင်သောအခါ စွင်းရွှင်းလည်းစိတ်အေးသွားရလေသည်။ သူ့ရင်ထဲကအလုံးကြီးလည်းကျသွားလေသည်။ ဒီအမျိုးသမီးရောက်ရှိလာခြင်းကကိစ္စအားလုံးကိုဖြေရှင်းလိုက်သကဲ့သို့ဖြစ်လေသည်။
စောနကအသံစွာစွာဖြင့်ပြောနေသောနင်မိသားစုမှလူသည်လည်း အမူအရာလုံး၀ပျက်ယွင်းသွားလေသည်။ စစ်နတ်ဘုရားရှန့်ဝူပေါ်လာခြင်းက အားလုံး၏မျှော်လင့်ချက်များကိုရိုက်ချိုးလိုက်သလိုဖြစ်သွားလေသည်။ သူတို့အားလုံးစစ်နတ်ဘုရားရှန့်ဝူအား စိတ်ပျက်လက်ပျက်အမူအရာနှင့်ကြည့်နေပြီး ဘာစကားမှ မပြောနိုင်ကြပေ။
ရှန့်ဝူကသူမ၏လှပသောမျက်လုံးလေးများဖြင့်အားလုံးအားတချက်ဝှေ့ကြည့်လိုက်လေသည်။သူမ၏အရှိန်အဝါမှာရေခဲကြာပန်းတပွင့်သဖွယ်အေးစက်နေလေသည်။
" ဘာလဲ ရှင်တို့အားလုံးစကားမပြောနိုင်ကြတော့တာလား"
စစ်နတ်ဘုရားရှန့်ဝူကခပ်ထေ့ထေ့ပြုံးပြီးပြောလိုက်လေသည်။ သူမ၏အပြုံးကလှောင်ပြောင်နေသလိုဖြစ်နေလေသည်။
သို့သော်ဘယ်သူကမှ သူမအားအထွန့်မတက်ရဲပေ။ သူမသည်ဘာကိုကိုယ်စားပြုသည့်လူလဲဆိုတာကိုအားလုံးသဘောပေါက်ကြလေသည်။
ခုနကစကားများနေသောနင်မိသားစုမှလူမှ ပြုံးပြီးပြောလာလေသည်။
"စစ်နတ်ဘုရားရှန့်ဝူ ခင်ဗျားရောက်လာတာအချိန်ကောင်းပဲ။ ခင်ဗျားရောက်လာတော့ ကျုပ်တို့အတွက် တရားမျှတမှုရနိုင်စွမ်းပိုရှိသွားပြီပဲ"
နင်မိသားစုမှလူမှာသူ့အကြံအစည်အတိုင်းဖြစ်ရန်ကြိုးစားနေလေသည်။
သို့သော်စစ်နတ်ဘုရားရှန့်ဝူကထိုနင်မိသားစုမှလူအားတချက်ကြည့်ကာ ဂရုမစိုက်သည့်ပုံဖြင့်ပြောလိုက်လေသည်
"ဘာလဲ ရှင်တို့နင်မိသားစုကလူတယောက်သေသွားလို့လား။ ဒါကြောင့် ကျိုးဟောင်ကိုအပြစ်တင်ဖို့ကြိုးစားနေတာလား
ထိုစကားများကနင်မိသားစုမှလူ၏အမူအရာကိုပျက်ယွင်းသွားစေလေသည်။သူတို့နင်မိသားစုမှလူတယောက်မှ ဆုံးရှုံးခဲ့ခြင်းမရှိပေ။ ထိုအဓိပ္ပာယ်ကသူတို့နင်မိသားစုအနေဖြင့်ဒီကိစ္စတွင်၀င်ရောက်စွက်ဖက်ခွင့်မရှိပေ။
"နင်မိသားစုမှ ဘယ်...ဘယ်သူမှမသေပါဘူး ဒါ....ဒါပေမဲ့"
"ဒါပေမဲ့ဘာဖြစ်လဲ။ ရှင်ကကျိုးဟောင်ကအီတာယွီမျိုးနွယ်က၂ယောက်ကိုသတ်ခဲ့တယ်လို့တွေးနေတာလား ဒါဆိုရှင့်မှာသက်သေရှိလား။ တကယ်လို့မရှိရင်ငါတို့စစ်နတ်ဘုရားတပ်ရင်းကလူကို အခက်တွေ့အောင်လုပ်တာကကောင်းတဲ့လုပ်ရပ်တော့မဟုတ်ဘူး"
သူမက နှာခေါင်းရှုံ့ကာပြောလိုက်လေသည်။ ထို့နောက်အီတာယွီမိသားစုမှစီရွှမ်းအားကြည့်လိုက်လေသည်။
"စီရွှမ်း မိုရိုတို့ရဲ့စိတ်လောကပွင့်လာတုန်းက ရှင်ကျွန်မဆီလာပြီး ဘလူးနဲ့ကူရုတို့ကိုပို့ပေးဖို့တောင်းဆိုခဲ့တယ်။ အထဲမှာ ဘယ်လောက်အန္တရာယ်များတယ်ဆိုတာကို ကျွန်မသတိမပေးခဲ့ဘူးလား။ အဲ့တုန်းကရှင်ဘာပြောခဲ့လဲ အီတာယွီမိသားစုကအမွေခံတွေကလူညံ့တွေမဟုတ်ပါဘူး သူတို့ကိုယ်သူတို့စောင့်ရှောက်နိုင်တယ်လို့ပြောခဲ့တယ်လေ"
"အခု ရှင့်ရဲ့အမွေဆက်ခံသူတွေသေတော့မှ စစ်နတ်ဘုရားတပ်ရင်းကိုအပြစ်တင်ချင်နေတာလား။ ဒီလိုဆိုငါတို့စစ်နတ်ဘုရားတပ်ရင်းကရှာတွေ့ထားတဲ့ရှေးဟောင်းအပျက်အစီးတွေကိုမျှဝေဖို့ကိစ္စစဉ်းစားဖို့လိုပြီ"
စစ်နတ်ဘုရားရှန့်ဝူ၏စကားများက စီရွှမ်း၏ အမူအရာကိုပျက်ယွင်းသွားစေပြီး ပြောစရာစကားမဲ့သွားစေလေသည်။
စစ်နတ်ဘုရားရှန့်ဝူက အားလုံးကိုတချက်ဝှေ့ကြည့်လိုက်လေသည်။ သူမ၏အကြည့်များမှာ နင်ယွမ်ချန်းဆီမှာအကြာကြီးရပ်နေခဲ့ပြီးမှ စီရွှမ်းဆီသို့ရောက်သွားလေသည်။
"ဒါမှမဟုတ်ရှင့်မှာ ဖုံးကွယ်ထားတဲ့အကြံအစည်တွေရှိနေတာလား။ ကျိုးဟောင်ကမိုရိုတို့ရဲ့အမွေအနှစ်ကိုရယူနိုင်ခဲ့တာကြောင့် အခုလိုအကြောင်းပြချက်ရှာပြီး လုယူပြီး အမြတ်ထုတ်ဖို့ကြိုးစားနေတာလား"
ထိုသို့ပြောနေရင်းစစ်နတ်ဘုရားရှန့်ဝူမှာ သူမ၏ ကျင့်ကြံရေးကိုလှည့်ပတ်ဖွဲ့စည်းလိုက်ပြီး ကြီးမားသောဖိအားတခုကိုလွှင့်ထုတ်လိုက်လေသည်။
အားလုံး၏အမူအရာများထိတ်လန့်သွားကြလေသည်။ ထိုဖိအားမှာကောင်းကင်ဘုံအဆင့်ကိုကျော်လွန်သည့်သူတော်ဘုံအဆင့်မှပညာရှင်တယောက်ထုတ်လွှတ်သည့်အရာမျိုးဖြစ်ပေသည်။
"ဟမ်....ဘယ်လိုတောင်အောက်တန်းကျတဲ့လှည့်ကွက်မျိုးလဲ။ ကျွန်မတို့စစ်နတ်ဘုရားတပ်ရင်းကိုအမြတ်ထုတ်ချင်နေတာလား"
စစ်နတ်ဘုရားရှန့်ဝူမှာဒေါသတကြီးပြောဆိုနေလေသည်။
" ရှေးဟောင်းအပျက်အစီးထဲမှာဖြစ်တဲ့သေဆုံးခြင်းတွေနဲ့ပတ်သက်ပြီး ကျွန်မတို့စစ်နတ်ဘုရားတပ်ရင်းဘက်နေ မိသားစုတွေနဲ့အဖွဲ့အစည်းတွေကိုအသိပေးခဲ့ပြီးသားပါ။ တကယ်လို့ကျွန်မတို့စစ်နတ်ဘုရားတပ်ရင်းကလူသေဆုံးခဲ့ရင်လည်း အဲ့ရလဒ်ကိုလက်ခံမှာပါ။ ဒါ့အပြင်ဒီအထဲကို၀င်မယ့်လူတိုင်းကိုလည်း သဘောတူညီချက်မှာလက်မှတ်ထိုးခဲ့ခိုင်းပါတယ်။ အခုကျ စီရွှမ်းရှင်က ကျွန်မတို့စစ်နတ်ဘုရားတပ်ရင်းကိုအပြစ်တင်ချင်တာလား"
"တကယ်လို့ဘလူးနဲ့ကူရုသာ ရှေးဟောင်းအမွေအနှစ်ကိုရလာခဲ့ရင်ရှင်ကဒီကလူတိုင်းထက်ပြုံးပျော်နေမှာမဟုတ်ဘူးလား"
စစ်နတ်ဘုရားရှန့်ဝူမှာ သက်ညှာမနေတော့ပေ။ တဖက်ကထိုကဲ့သို့မပြောဆိုရဲသော်လည်း သူမကတော့ ပြောရဲလေသည်။ ဒါ့အပြင်သူမပြောသည်များကလည်း အကျိုးအကြောင်းဆီလျော်လေသည်။
ဒါ့အပြင်စစ်နတ်ဘုရားရှန့်ဝူမှာအရမ်းစွမ်းအားကြီးပြီး ဒီနေရာတွင်ရှိနေသောဘယ်သူမှ သူမနှင့်မယှဉ်နိုင်ပေ။ သူတို့အားလုံးမှာ အနည်းနှင့်အများတော့ သူမအားကြောက်ရွံ့ကြပေသည်။ ဒါ့ကြောင့်သူမစကားဆုံးသောအခါ ဘယ်သူကမှဘာစကားမှမပြောရဲကြပေ။
"ဒါပေမဲ့ငါတို့စစ်နတ်ဘုရားတပ်ရင်းကအမြဲမှန်ကန်ပြီးဖြောင့်မတ်တယ်။ ငါတို့ဒီကိစ္စကိုစုံစမ်းမှာပါ။ ဒါပေမဲ့ ရှေးဟောင်းအမွေအနှစ်ကိုရယူနိုင်ခဲ့တဲ့ ကျိုးဟောင်ကို ငါတို့စစ်နတ်ဘုရားတပ်ရင်းကလက်လွှဲပေးမယ်ထင်နေတာလား"
" ဒါဆိုငါမေးပါဦးမယ် မင်းတို့ရဲ့မိသားစုတွေထဲက အမွေခံတယောက်အမွေအနှစ်ကိုရယူနိုင်ခဲ့တယ်ဆိုရင် မင်းတို့ရောသူ့ကိုလက်လွှဲပေးနိုင်လို့လား"
စစ်နတ်ဘုရားရှန်ဝူကတည့်တိုးပြောချလိုက်လေသည်။
သူမ၏ဆိုလိုရင်းကရှင်းလင်းလေသည်။ကျိုးဟောင်ကသတ်ခဲ့သည်ဖြစ်စေ မသတ်ခဲ့သည်ဖြစ်စေ သူသည်အမွေအနှစ်ကိုရယူနိုင်ခဲ့သောကြောင့် စစ်နတ်ဘုရားတပ်ရင်းအနေဖြင့် သူ့အားအခြားသူများထံလက်လွှဲမပေးနိုင်ချေ။
ထိုစကားကိုကြားသောအခါကျိုးဟောင်လည်းတုန်လှုပ်သွားလေသည်။ ဒီအမျိုးသမီးသည်တကယ့်ကိုစစ်နတ်ဘုရားပီသပေသည်။ သူမ၏ရဲစွမ်းသတ္တိမှာသာမန်လူများယှဉ်နိုင်သည့်အရာမျိုးမဟုတ်ပေ။ တကယ့်ကိုလွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကြီးမားလေသည်။
"ကောင်းပြီ ငါဘာမှထပ်မပြောချင်တော့ဘူး။ ရှင်တို့ဘာကြံနေလဲကျွန်မသိတယ်။ တကယ်လို့မကျေနပ်ဘူးဆိုရင် ရှင်တို့မိသားစုထဲကအသန်မာဆုံးလူကိုခေါ်လာပြီး ကျွန်မနဲ့လာတွေ့လို့ရတယ်"
ထိုသို့ပြောပြီးနောက်စစ်နတ်ဘုရားရှန့်ဝူမှာနောက်သို့လှည့်ကြည့်လာလေသည်။
စစ်နတ်ဘုရားရှန့်ဝူ၏ရုပ်ရည်ကတကယ့်ကိုလှပလွန်းသောကြောင့်ကျိုးဟောင်တယောက်မှင်တက်သွားလေသည်။ တကယ်လို့သူမသာ လူသားတယောက်မဖြစ်နေပါက နတ်သမီးလို့တောင်အထင်မှားနိုင်လေသည်။
"စွင်းရွှင်း ကျိုးဟောင်ကိုအခြေစိုက်စခန်းဆီပြန်ခေါ်လာခဲ့"
ထိုသို့ပြောပြီးနောက်သူမကလက်ကိုဝှေ့ယမ်းလိုက်လေသည်။ ရုတ်တရက် ကျယ်လောင်သည့်အသံတခုထွက်လာသောကြောင့်ကျိုးဟောင်မှာ အစီအရင်၏အပြင်ရှိ ကောင်းကင်သို့လှမ်းကြည့်လိုက်လေသည်။
ကောင်းကင်တွင် ဖုံးကွယ်ထားသောအာကာသယာဉ်တစင်းလွင့်မြောနေလေသည်။ ၎င်း၏ကိုယ်ထည်မှာ နက်ပြာရောင်တောက်နေပြီး ငရဲမှဝိညာဉ်တခုနှင့်ဆင်တူလေသည်။
စစ်နတ်ဘုရားရှန့်ဝူ၏ခန္ဓာကိုယ်မှာလည်း သူ့အနားမှပျောက်ကွယ်သွားလေသည်။ ထိုအချိန်တွင် အလင်းတန်းတခုကကျိုးဟောင်နှင့်စွင်းရွှင်းပေါ်သို့ကျရောက်လာလေသည်။ခဏအကြာတွင်အလွန်ဆွဲငင်အားပြင်းသောဖိအားတခုကိုကျိုးဟောင်ခံစားလိုက်ရလေသည်။
"မရုန်းကန်နဲ့ စစ်နတ်ဘုရားရှန့်ဝူရဲ့ အပြာရောင်နတ်ဆိုးတိုက်လေယာဉ်ကိုစီးခွင့်ရလို့ကံကောင်းတယ်ပဲတွေးလိုက်"
စွင်းရွှင်းကကျိုးဟောင်အားပြောလိုက်လေသည်။
ကျိုးဟောင်လည်း သူ့ခန္ဓာကိုယ်ကိုဖြေလျော့လိုက်လေသည်။ ဆွဲငင်အားကြောင့်ကျိုးဟောင်မှာ အာကာသယာဉ်ထဲသို့ရောက်ရှိသွားလေသည်။
....................................................................................
အခန်း(၅၈၉)ပြီးပါပြီ။
အခန်း (၅၉၀) : ကျိယောင်ယွဲ့
ကျိုးဟောင်မှာ အာကာသယဉ်ထဲရောက်သွားသောအခါ ဘေးပတ်၀န်းကျင်ကိုတချက်ကြည့်လိုက်လေသည်။ အားလုံးမှာ အဆင့်မြင့်နည်းပညာများဖြစ်ပြီး များပြားလှသောခလုပ်များကြောင့်ခေါင်းတောင်မူးသွားရလေသည်။
သို့သော်သူ့ကိုယ်ပိုင်အာကာသယဉ်နှင့်ယှဉ်ပါက နည်းပညာပိုင်းလိုအပ်ချက်ရှိနေသေးသည်လို့ခံစားရလေသည်။ ငှက်မွှေးတထောင်ချပ်၀တ်ကသူ့အာကာသယာဉ်အားထိန်းချုပ်ပေးနေခြင်းကြောင့်သူ့ယာဉ်ပျံတွင်ခလုပ်များစွာရှိမနေပေ။ ကြီးမားသောဖန်သားပြင်ကြီးတချပ်သာရှိလေသည်။
"ဘာတွေစဉ်းစားနေတာလဲ"
ကျိုးဟောင်တယောက်အတွေးလွန်နေသည်ကိုမြင်သောကြောင့် စွင်းရွှင်းကမေးလိုက်လေသည်။
"အမ်.... နည်းနည်းတုန်လှုပ်သွားတာပါ"
ကျိုးဟောင်ကအမြန်ပြန်ဖြေလိုက်လေသည်။
"ဒါပေါ့ ဒီအပြာရောင်နတ်ဆိုးတိုက်လေယာဉ်က စစ်နတ်ဘုရားရှန့်ဝူရဲ့အထူးတိုက်လေယာဉ်ပဲ။ ဒီလိုဟာမျိုးကမ္ဘာပေါ်မှာသိပ်မရှိဘူး။ ဒီမှာရှိတာတွေအကုန်လုံးကကမ္ဘာ့အဆင့်မြင့်ဆုံးနည်းပညာသုံးပစ္စည်းတွေချည်းပဲ။ ပြီးတော့ ဒီတိုက်လေယာဉ်ကရှေးဟောင်းအပျက်အစီးတွေထဲမှာတွေ့ခဲ့တာဖြစ်ပြီး ရှေးဟောင်းလူတွေရဲ့ထုတ်ကုန်တခုပဲ။ ဒီလေယာဉ်ကနည်းပညာတွေပဲအဆင့်မြင့်တာမဟုတ်ဘူး သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကကြောက်ခမန်းလိလိပဲ"
စွင်းရွှင်းက အားကျနေသောမျက်လုံးများဖြင့်ပြောနေလေသည်။
" ဒါကတကယ့်ကိုအဖိုးတန်တာပဲ ဒါက ငှက်မွေးတထောင်ချပ်၀တ်နဲ့ယှဉ်နိုင်လောက်မလား"
ကျိုးဟောင်တယောက်တွေးကြည့်နေလေသည်။
"ကောင်းပြီ ဒီတခေါက်စစ်နတ်ဘုရားရှန့်ဝူကိုယ်တိုင်လာရတဲ့အကြောင်းက မင်းကိုကာကွယ်ပေးဖို့တင်မဟုတ်ဘဲ သူမင်းကိုပြောစရာရှိလို့ပဲ"
စွင်းရွှင်းကပြောပြီးနောက် လေယာဉ်ထိုင်ခုံပေါ်တွင်ထိုင်လိုက်လေသည်။ ကျိုးဟောင်တယောက်ဘာလုပ်ရမှန်းမသိဖြစ်နေချိန်တွင် စက်ရုပ်လေးတရုပ်သူ့ရှေ့တွင်ပေါ်လာလေသည်။
"မစ္စတာကျိုးဟောင် စီနီယာကျိစောင့်နေပါတယ် ကျေးဇူးပြု၍နောက်ကလိုက်ခဲ့ပေးပါ"
စက်ရုပ်လေးကပြောပြီးနောက်အရှေ့ကဦးဆောင်သွားလေသည်။ကျိုးဟောင်လည်းနောက်ကချက်ချင်းလိုက်လာခဲ့လေသည်။ထို့နောက်အလွန်ကြီးမားသောအခန်းကြီးတခုထဲသို့ရောက်ရှိသွားလေသည်။
ထိုအခန်းကြီးမှာအလွန်ရိုးရှင်းပြီး ဆိုဖာအကြီးကြီးတခု ရုပ်ရှင်ပြစက်အကြီးကြီးတခုနှင့် အိပ်ယာအကြီးကြီးတခုသာရှိလေသည်။
"လခွမ်း ဒါက စစ်နတ်ဘုရားရှန့်ဝူရဲ့အိပ်ခန်းများလား"
ကျိုးဟောင်အံ့ဩသွားလေသည်။
ထိုအချိန်မှာပင် ရှန့်ဝူမှာ ရေချိုးခန်း၀တ်ရုံကို၀တ်ဆင်ထားပြီး သူမ၏ဆံပင်ကိုသုတ်ကာ ကျိုးဟောင်၏ အနောက်ဘက်ရှိတံခါးမှထွက်လာလေသည်။ သူမဆံပင်တွင်ရေများစိုနေသေးပြီး ရနံ့မှာလည်းသင်းပျံ့နေလေသည်။ သူတဖြေးဖြေးလမ်းလျှောက်လာပုံမှာတကယ့်ကိုလှပပြီးဆွဲဆောင်မှုရှိလေသည်။သူမ၏ခြေတံသွယ်သွယ်လေးများက ကျိုးဟောင်အားမျက်တောင်မခတ်နိုင်အောင်ဖြစ်စေလေသည်။
"ဆောရီး ငါနောက်ကျသွားတယ် လုပ်စရာလေးတခုရှိနေလို့"
စစ်နတ်ဘုရားရှန့်ဝူကပြောပြီးနောက်ဆိုဖာပေါ်တွင်ထိုင်လိုက်လေသည်။ ကျိုးဟောင်လည်းဘာလုပ်ရမှန်းမသိဖြစ်နေလေသည် ။
"ဒါငါ့အခန်းပဲ သန့်ရှင်းရေးတော့မလုပ်ရသေးဘူး။ ထိုင်ပါဦး"
စစ်နတ်ဘုရားရှန့်၀ူကကျိုးဟောင်ရှေ့ရှိဆိုဖာကိုညွှန်ပြရင်းပြောလိုက်လေသည်။
"အာ....ဟုတ်ကဲ့"
သူ့ရှေ့ရှိအမျိုးသမီးမှာအလွန်လှပသော်လည်း ကျိုးဟောင်တယောက်မရဲတင်းဝံ့ပေ။ သူ့အနေဖြင့်သူမအားသေချာတောင်မကြည့်ရဲပေ။
"နာမည်ကကျိုးဟောင်ဟုတ်တယ်မှတ်လား အထင်ကြီးစရာပဲ။ မိုရိုမျိုးနွယ်ရဲ့ဝိညာဉ်ကျောက်တုံးသာမက သူတော်စင်ဘုံအဆင့်ကျင့်စဉ်တွေပါရခဲ့သေးတယ်။ ဒီတခေါက်ခရီးကမင်းအတွက်အတော်အကျိုးရှိသွားတာပဲ"
စစ်နတ်ဘုရားရှန့်ဝူကပြုံးပြီးပြောလိုက်လေသည်။ ထို့နောက်သူမ၏မျက်နှာသုတ်ပဝါကိုဘေးသို့လွှင့်ပစ်လိုက်ပြီး ဆေးလိပ်တလိပ်အားမီးညှိပြီးသောက်ကာ ကျိုးဟောင်အားကြည့်နေလေသည်။
" အိုမေ့လို့ ငါ့ကိုယ်ငါမိတ်ဆက်ရဦးမှာပဲ ငါ့နာမည်ကကျိယောင်ယွဲ့ဖြစ်ပြီး စစ်နတ်ဘုရားတပ်ရင်းရဲ့စစ်နတ်ဘုရားရှန့်ဝူပဲ"
ကျိယောင်ယွဲ့ကရိုးရိုးရှင်းရှင်းမိတ်ဆက်လိုက်လေသည်။
"ကဲဒါဆို ငါမေးပါဦးမယ် မင်းဘလူးနဲ့ကူရုကိုသတ်ခဲ့တာလား"
ကျိယောင်ယွဲ့၏အမေးကြောင့်ကျိုးဟောင်မှင်တက်သွားလေသည်။ သူငြင်းဖို့ကြိုးစားစဉ်မှာပင် ကျိယောင်ယွဲ့ တခုခုသိနေသောအပြုံးမျိုးဖြင့်သူ့ကိုကြည့်နေလေသည်။
" မင်းသူတို့ကိုမသတ်ခဲ့ဘူးလို့ ငါ့ကိုမညာချင်စမ်းပါနဲ့။ တခြားသူတွေမသိပေမဲ့ငါတော့သိတယ်။ မိုရိုတို့ရဲ့ပိုင်နက်ထဲမှာ ရုပ်သံဖမ်းကင်မရာတွေမရှိပေမဲ့ စိတ်စွမ်းအင်လှိုင်းကိုဖမ်းယူနိုင်တဲ့ ကိရိယာတွေတော့ရှိတယ်။ ဘလူးရော ကူရုရော မင်းနဲ့ရင်ဆိုင်တွေ့ပြီးနောက်သူတို့ရဲ့စိတ်စွမ်းအင်တွေပျောက်ဆုံးသွားတယ်။ ဒါကိုတိုက်ဆိုင်မှုလို့တော့မင်းမပြောနဲ့"
ထိုစကားကြောင့်ကျိုးဟောင်တယောက်ဘာပြောရမှန်းမသိဖြစ်သွားလေသည်။ သူတယောက်ယောက်ကိုသတ်ခဲ့သည့်အကြောင်းကိုသူမ သိနေလေသည်။
သို့သော် သူမ သိထားခဲ့တာတောင်မှ သူ့အားအကြောင်းပြချက်ပေးပြီး ကာကွယ်ခဲ့လေသည်။ ယခုသူမအမှန်အတိုင်းပြောပြနေပုံအရ သူ့အပေါ်ယုံကြည်မှုရှိနေသည့်အဓိပ္ပာယ်ပင်ဖြစ်သည်။
" အာ.... စီနီယာကျိ တကယ်...တကယ်ကြီးသိနေတာလား"
ကျိုးဟောင်ကခေါင်းကုတ်ရင်းပြောလိုက်လေသည်။
"ဒါပေါ့ ငါသေချာပေါက်သိနေတာပေါ့"
ကျိယောင်ယွဲ့ကပြုံးပြီးပြောလာလေသည်။
"မင်းကမင်းစွမ်းအားအစစ်အမှန်ကိုဖုံးကွယ်ထားတာပဲ။ လင်ထျန်းကပြောတယ် မင်းက စီနီယာကျိုးဆို ဟုတ်လား"
ကျိယောင်ယွဲ့၏စကားများကကျိုးဟောင်အားပိုပြီးအခက်တွေ့လာစေလေသည်။
"အရမ်းထိတ်လန့်နေဖို့မလိုပါဘူး။ မင်းသတ်ခဲ့တဲ့ကိစ္စကိုမင်းနဲ့ငါပဲသိတာပါ။ တခြားဘယ်သူမှမသိနိုင်ဘူး။ လင်ထျန်းကိုတောင်မှ ငါပြန်မပြောပါဘူး"
ကျိယောင်ယွဲ့ကသူမ၏လက်ကိုခါပြရင်း ဂရုမစိုက်သည့်ပုံဖြင့်ပြောလိုက်လေသည်။ထို့နောက်သူမ၏ မျက်လုံးများကိုမှေးပြီးကျိုးဟောင်အားကြည့်လိုက်လေသည်။
" ဒါပေမဲ့ မင်းအနေနဲ့ စစ်နတ်ဘုရားတပ်ရင်းမှာတသက်လုံးနေပြီး ငါတို့ကိုသစ္စာမဖောက်ရဘူး။ အဲ့လိုမှမဟုတ်ရင်တော့ ငါမင်းကိုသတ်ရလိမ့်မယ်"
သူမ၏စကားကကျိုးဟောင်အားကျောချမ်းသွားစေလေသည်။
"စီနီယာကျိ အဲ့တာစိတ်ဝိညာဉ်ကျောက်တုံးကြောင့်လားလို့မေးပါရစေ"
ကျိုးဟောင်ကပြောလိုက်သည်။
"ဒါပေါ့ ဒါပေမဲ့မစိုးရိမ်ပါနဲ့ စိတ်ဝိညာဉ်ကျောက်တုံးကမင်းကိုသခင်အဖြစ်မှတ်ယူပြီးသွားရင် အဲ့အရာကိုပြန်ရယူဖို့ခက်ခဲတယ်။ တကယ်လို့မင်းကိုသတ်လိုက်ရင်တောင်မှ အဲ့အရာက အာကာသထဲပြန်ပျောက်ကွယ်သွားမှာ။ တကယ်လို့ပြန်ရှာတွေ့ခဲ့ရင်လည်းသာမန်လူကသူ့သခင်မဖြစ်လာနိုင်ဘူး။ မိုရိုမျိုးနွယ်ထဲမှာ ထူးချွန်ပြီးစွမ်းအားကြီးတဲ့ပညာရှင်အများအပြားရှိတာတောင်မှ အဲ့ကျောက်တုံးကိုထိန်းချုပ်နိုင်ခဲ့တာ ၅ယောက်ပဲရှိတယ်"
ကျိယောင်ယွဲ့ကရှင်းပြလိုက်လေသည်။ထိုအချိန်မှကျိုးဟောင်လည်းစိတ်အေးသွားရလေသည်။
"စီနီယာကျိ စိတ်မပူပါနဲ့ ဝိညာဉ်ကျောက်တုံးရှိရှိ မရှိရှိ ကျွန်တော်စစ်နတ်ဘုရားတပ်ရင်းကနေမထွက်ပါဘူး"
ကျိုးဟောင်ကချက်ချင်းပြန်ပြောလိုက်သည်။
"ဟီးဟီး မင်းအဖြေကငါ့ကိုအံ့အားသင့်စေတာပဲ။ ဒါပေမဲ့ မင်းစစ်နတ်ဘုရားတပ်ရင်းမှာနေတဲ့အချိန်တွေမှာ ငါမင်းကိုမနှိပ်စက်ပါဘူး။ မင်းမိုရိုတို့ရဲ့အမွေအနှစ်ကိုရခဲ့တယ်ဆိုတာက လျှို့ဝှက်ချက်ပဲ။ ဒီတခေါက်စစ်ဆင်ရေးမှာပါတဲ့သူတွေပဲဒါကိုသိတာ။ အဲ့သူတွေကလည်း ဝိညာဉ်ကျောက်တုံးအကြောင်းသေချာမသိကြပါဘူး။ ဒါ့ကြောင့် မင်းရဲ့လုံခြုံရေးကိုအာမခံနိုင်ပါတယ်"
"ပြီးတော့ မင်းအခုလိုအောင်မြင်မှုအကြီးကြီးနဲ့ပြန်လာတာကြောင့် ငါမင်းကိုကျောင်းသားအနေနဲ့ဆက်မထားနိုင်တော့ဘူး။ ဒီနေ့ကစပြီး မင်းကစစ်နတ်ဘုရားတပ်ရင်းရဲ့တရား၀င်အဖွဲ့၀င်တယောက်ဖြစ်ပြီး ငါတို့ရှန့်ဝူဌာနရဲ့အဖွဲ၀င်ပဲ။ မင်းရဲ့အဆင့်အတန်းက ဌာနအသီးသီးက အကြီးအကဲတွေနဲ့ယှဉ်နိုင်ပြီ။ ပြီးတော့ မင်းသာကောင်းကင်ဘုံအဆင့်ကိုတက်လှမ်းနိုင်ရင် တရား၀င်အကြီးအကဲတယောက်ဖြစ်လာမယ်။ ကဲဘယ်လိုသဘောရလဲ"
....................................................................................
အခန်း(၅၉၀)ပြီးပါပြီ။
အခန်း (၅၉၁):အားလပ်ရက်
ကျိုးဟောင်မှာ ဤစကားကိုကြားသော် ချက်ချင်းပင် အလွန်စိတ်လှုပ်ရှားသွားလေသည်။
အမှန်စင်စစ် သူသည် ယာယီအကြီးအကဲတစ်ဦးအနေဖြင့် သူ၏အဆင့်အတန်းသည် ရှုမိသားစု၏ ဘိုးဘေးနှင့် အတူတူပင်မဟုတ်ပါလော။
တစ်ဖက်လူသည် ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်ပြီး အစိမ်းရောင်တိမ်တိုက်ဌာန၏ အကြီးအကဲတစ်ဦး ဖြစ်သည်ကို သိထားရပေမည်။
အကယ်၍ သူသည် ရှန့်ဝူဌာနသို့ ဝင်ရောက်လိုက်ပါက ကောင်းကင်ဘုံအဆင့်သို့ ရောက်သည်နှင့် သူတို့နှင့်တူညီသွားမည်ဖြစ်သည်။
ထိုအချိန်၌ ရှုမိသားစုပင်လျှင် သူ့ကို အလေးအနက်ထား ဆက်ဆံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ကျိုးဟောင်မှာ အလွန်စိတ်လှုပ်ရှားနေသည်။ ပိုင်လင်းလုံသည်တကယ်ပင် အမှန်ကိုပြောနေခြင်းဖြစ်သည်။
“ကောင်းပြီစွင်းရွှင်း က ဒီကိစ္စပြီးရင် မင်းကိုကိုယ်တိုင်အသေးစိတ်ရှင်းပြလိမ့်မယ် ငါမင်းကို အရမ်းအများကြီး မပြောတော့ဘူး သူတော်စင်ဘုံအဆင့်ကျင့်စဉ်အကြောင်း အရင်ပြောရအောင် မင်းအဲဒီကျင့်စဉ် ၈၁ ခုလုံးကို သိမ်းထားလို့ရတယ်၊ ဒါပေမယ့် ငါ တစ်ခုတော့ လိုတယ် သေချာပေါက်အလကားတော့ မဟုတ်ဘူး ငါ မင်းကို ယွမ် ၅၀ ဘီလီယံ ပေးမယ် အဆင်ပြေရဲ့လား”
ကျိယောင်ယွဲ့၏ ပထမဆုံးစကားများကြောင့် ကျိုးဟောင်၏ ခေါင်းထဲတွင် တဝီဝီ မြည်ဟီးသွားသည်။
ဘီလီယံ ၅၀…
ဤပမာဏသည် အရမ်းရက်ရောလွန်းသည်။
“စီနီယာကျိ ပြဿနာမရှိပါဘူး ဘီလီယံ ၅၀ မပြောနဲ့ ပိုက်ဆံမပေးရင်တောင် စစ်နတ်ဘုရားတပ်ရင်းကို ပေးမှာပါ”
ကျိုးဟောင်မှာချက်ချင်းပင် မဆိုင်းမတွ ပြောလိုက်သည်။
“ဟဲဟဲ ထားလိုက်ပါ ငါ့ စစ်နတ်ဘုရားတပ်ရင်းက အဲဒီလောက်ပိုက်ဆံမရှားပါဘူး”
ကျိယောင်ယွဲ့သည် ကျိုးဟောင်ကို မျက်စောင်းထိုးလိုက်သည်။ သူမသည် သူ့ရဲ့မဟုတ်တရုတ်စကားတွေကို မယုံပါ။
“မင်းက ကျင့်စဉ်တွေကို စုမိသားစု၊ ကျင်းမိသားစုနဲ့ စွန်းမိသားစုတို့ကိုလည်း ပေးခဲ့တယ် ဒါက ကောင်းပါတယ်ဘာလို့လဲဆိုတော့ ဒီမိသားစုတွေအားလုံး ငါ့စစ်နတ်ဘုရားတပ်ရင်းနဲ့ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြတယ်လေ”
ကျိယောင်ယွဲ့သည် ပေါ့ပေါ့ပါးပါးပြောရင်း ဆက်လက်ပြောကြားလာသည်။
“ဒုတိယအချက်က မင်းရဲ့ဝိဉာဥ်ကျောက်အကြောင်းပဲ မင်း ဝိဉာဥ်ကျောက်အကြောင်း တစ်ခုခုတော့ သိလာလောက်မယ် ထင်တယ်၊ ဟုတ်တယ်မလား”
ကျိယောင်ယွဲ့မှ မေးလိုက်သည်။
“နည်းနည်းသိပါတယ် စကြာဝဠာရဲ့ ရှေးခေတ်ပစ္စည်းဖြစ်ပြီး ရှေးဟောင်းမျိုးနွယ်တွေကို ဖွင့်ပေးနိုင်ပြီး အစွမ်းထက်တဲ့ စွမ်းအားတွေကို ရရှိနိုင်တယ်လို့ ပြောကြတယ် ပြီးတော့စကြာဝဠာထဲမှာ ကြေညာချက်တွေလုပ်ဖို့တောင် ဖြစ်နိုင်တယ်လို့လည်းပြောကြတယ် ”
ကျိုးဟောင်သည်ဟွမ် ပြောခဲ့သည့်အရာများကို ကျိယောင်ယွဲ့ အားပြောပြလိုက်သည်။
“မှန်တယ် ဒီအကြောင်းကို လူသိသိပ်မများဘူး… မင်းအပါအဝင် ဆယ်ယောက်တောင် မပြည့်ဘူးတခြားသူတွေကတော့ ဒါဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်တစ်ခုလို့ပဲ သိကြတယ် သူတို့ရဲ့အမြင်မှာတော့ ဒါဟာ ရတနာတစ်ခုသက်သက်ပဲ စကြာဝဠာထဲက ရှေးဟောင်းမျိုးနွယ်က လာတာကို သူတို့မသိဘူး ဒီလိုကျောက်ငါးခုရှိတယ်ဆိုတာလည်း သူတို့မသိဘူး”
ကျိယောင်ယွဲ့ သည် ခေါင်းညိတ်ပြီး ပေါ့ပေါ့ပါးပါး ပြောလာသည်။
“မင်း ဒီပစ္စည်းကို ရပြီဆိုတော့ ဖြည်းဖြည်းချင်း ကျွမ်းကျင်အောင် လုပ်ရမယ် ဝိညာဥ်ကျောက်က အရမ်းအစွမ်းထက်ပြီး မင်းအတွက် အများကြီး အထောက်အကူဖြစ်စေလိမ့်မယ်ငါ အများကြီး မပြောတော့ဘူး”
ကျိယောင်ယွဲ့ မှာပေါ့ပေါ့ပါးပါးဖြစ်ပြီး အချိန်မဖြုန်းပေ။
“မိုရိုမျိုးနွယ်စုရဲ့နေရာမှာ ဒီလောက်ရက်တွေ အများကြီး ကြုံတွေ့ခဲ့ရတော့ မင်းပင်ပန်းနေလောက်ပြီ ဒါကြောင့် ငါ မင်းကို တစ်လ အားလပ်ရက်ပေးမယ် တစ်လကြာရင် ငါ မင်းကို ကိုယ်တိုင်လာရှာမယ် ဒီတစ်လအတွင်းမှာ မင်း သေချာ အနားယူနိုင်တယ်။ အဲဒီနောက်ပိုင်း ငါ့ ရှန့်ဝူဌာနကိုဝင်ပြီးရင်တေ မင်းဘဝက မလွယ်တော့ဘူး။ နားလည်လား”
ကျိယောင်ယွဲ့ သည် စိတ်ကျေနပ်မှုဖြင့် ပြုံးလိုက်သည်။
သူမသည် ကျိုးဟောင်ယခုလိုကံကြမ္မာကို ရရှိနိုင်လိမ့်မည်ဟုပင် မတွေးဖူးခဲ့ပါ။
သို့သော် ဤကောင်လေးသည် တကယ်ကို အံ့အားသင့်စရာတွေ ပြည့်နေမှန်း မည်သူက သိမည်လဲ။
ဝိဉာဥ်ကျောက်သည် အခြားနေရာတွေထက် စစ်နတ်ဘုရားတပ်ရင်းမှာ ရှိနေတာက ပိုကောင်းပေသည်။ အနည်းဆုံးတော့ သူမရှိနေပါက ထိုအရာကို ကာကွယ်ပေးနိုင်ပြီး ကြီးကြပ်ပေးနိုင်ပေမည်။
အကယ်၍မကောင်းဆိုးဝါး မိသားစုတစ်စုလက်ထဲ ရောက်သွားပါကဆိုးဝါးသွားလိမ့်ပေမည်။
တစ်လ အားလပ်ရက်ပေးမည်ဟူသောစကားအားကြားလိုက်ရချိန်တွင် ကျိုးဟောင်မှာအရမ်းပျော်သွားခဲ့သည်။ စစ်နတ်ဘုရားတပ်ရင်းကို ရောက်ပြီးကတည်းက သူ အနားမယူနိုင်ခဲ့ပါ။
ယခုတစ်ခါ ရှေးဟောင်းအပျက်အစီးနေရာက ထွက်လာပြီးနောက် အခြေအနေက ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
သူ၏ သိုင်းပညာပဲ ဖြစ်ဖြစ်၊ သူ၏ မူလအခြေအနေပဲ ဖြစ်ဖြစ်၊ ယခင်နှင့်နှိုင်းယှဉ်၍မရတော့ပါ။
“ဘာလဲ၊ စိတ်ဝင်စားသွားပြီလား စိတ်ဝင်စားသွားပြီဆိုတော့ မင်းရဲ့ အားလပ်ရက်ကို ငါ အနှောင့်အယှက် မပေးတော့ဘူး စွင်းရွှင်းနဲ့ စကားပြောပြီးရင် မင်း အပန်းဖြေနိုင်ပြီ”
ကျိယောင်ယွဲ့ မှာ ပြုံးလိုက်သည်။ သူမ၏ပုံစံသည်စစ်နတ်ဘုရားတစ်ဦးပုံလုံးဝမပေါ်ဘဲ၊ အမျိုးသမီး လူမိုက်တစ်ဦးပုံသာပေါက်ပေသည်သည်။
ကျိုးဟောင်မှာချောင်းတစ်ချက်ဟန့်ကာမေးလိုက်သည်။
"စီနီယာကျိ … ကျွန်တော်… မေးခွန်းတစ်ခုလောက်… မေးလို့ရမလား”
ကျိုးဟောင်သည် တကယ်ပင် အလွန်သိချင်နေပြီး မမေးဘဲ မနေနိုင်တော့ပါ။
“ဪ… ဘာမေးခွန်းလဲ”
ကျိယောင်ယွဲ့ သည်လည်း အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
“အမ်… စီနီယာကျိ… အသက်...အသက်ဘယ်လောက်လဲ”
ကျိုးဟောင်သည် ကျိယောင်ယွဲ့ ကို ကြည့်လိုက်သည်။ သူမသည်ဘယ်လိုကြည့်ကြည့် သူ့အသက်လောက်ပဲ ရှိသည်ဟု ထင်ရသည်။ ခန့်မှန်းရမည်ဆိုလျှင် သူ့ထက် နှစ်နှစ် သုံးနှစ်လောက်ပဲ ကြီးမည်ဟု ပြောနိုင်ပေသည်။
သူမ၏ ကိုယ်ပိုင်စရိုက်၊ စိတ်နေစိတ်ထား၊ သို့မဟုတ် ရုပ်ရည်အားဖြင့် ဘယ်လိုမှ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးပုံမပေါက်ပေ။
သို့သော် သူမ၏ ကျင့်ကြံမှုသည် ကောင်းကင်ဘုံအဆင့်မဟုတ်ဘဲ သူတော်စင်ဘုံအဆင့်တွင် ဖြစ်သည်။
ဤသို့သော ကျင့်ကြံမှုကို နှစ်နှစ်ဆယ်အတွင်း ကျင့်ကြံနိုင်ပါသလား။
ဟုတ်ပေသည်။ ဤမေးခွန်းကို ကြားသောအခါ ကျိယောင်ယွဲ့ မှာပြုံးလိုက်သည်။ သူမသည် အချိန်မဖြုန်းချင်တော့ပါ။ သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အခန်းတစ်ခုလုံးတွင် ကြီးမားသော ဖန်သားပြင်တစ်ခု ပေါ်လာသည်။ ထို့နောက် ကမ္ဘာဂြိုဟ်ပေါ်ရှိ ဟွာရှားသိုင်းပညာရှင်များ၏ ကိုယ်ရေးအချက်အလက်များကို ပြသလာခဲ့သည်။
ကျိုးဟောင်မှာအလျင်အမြန် ကြည့်လိုက်ပြီး မွေးသက္ကရာဇ်ကဏ္ဍကို မြင်သောအခါ မျက်လုံးများမှာ ချက်ချင်းပြူးကျယ်သွားသည်။
“တစ်နှစ်… ကျွန်တော့်ထက် တစ်နှစ်ကြီးတာလား”
ကျိုးဟောင်၏ မျက်လုံးများမှာမယုံကြည်နိုင်စွာ ပြူးကျယ်သွားခဲ့သည်။
“စီနီယာကျိ… စီနီယာက… ကျွန်တော့်ထက် တစ်နှစ်ပဲ ကြီးတာလား”
ဤအချိန်တွင် ကျိုးဟောင်သည် အလွန်အမင်း စပ်စုသူတစ်ယောက်လို ဖြစ်သွားပြီး သူ့ပါးစပ်ဖွင့်လိုက်သည်နှင့် ကျိယောင်ယွဲ့ မှာမျက်မှောင်ကြုတ်သွားခဲ့သည်။
“ဘာလဲ ငါက အသက်ကြီးတဲ့ပုံ ပေါ်နေလို့လား”
ကျိယောင်ယွဲ့ မေးလိုက်သည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး… ဒါပေမယ့်… စီနီယာကျိရဲ့ ကျင့်ကြံမှုက ဘာလို့…”
ကျိုးဟောင်မှာစကားမဆုံးလိုက်ပေ။ သူ တကယ်ပင် ရှုပ်ထွေးနေသည်။ တစ်ဖက်လူက သူ့ထက် တစ်နှစ်ပဲ ကြီးတာကို ဒီအဆင့်အထိ ဘယ်လို ကျင့်ကြံခဲ့တာလဲ။
သူ့ကျင့်ကြံမှုကကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ကို ရရှိပြီးမှပဲ မြင့်တက်လာခဲ့ခြင်းဖြစ်ပြိး ဒါတောင်မှ သူက ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်နိုင်ပေသည်။
သူ၏ကျင့်ကြံမှုအရှိန်သည် မကောင်းဆိုးဝါးတစ်ကောင်နှင့်နှိုင်းယှဥ်ပါက သိပ်မကွာသော်လည်းသူမနှင့် နှိုင်းယှဉ်ပါက သူသည် လုံးဝယှဉ်မရအောင် နိမ့်ကျ ပေသည်။
“ဟွန့် ဒါက… လျှို့ဝှက်ချက်ပဲ ကောင်းပြီ မင်း သွားလို့ရပြီ”
ကျိယောင်ယွဲ့ မှာလှောင်ပြောင်ပြီး လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျိုးဟောင်ကိုချက်ချင်းတွန်းထုတ်လိုက်သည်။ ချက်ချင်းပင် ကျိုးဟောင်သည် သူမ၏ အခန်းမှထွက်လာခဲ့ပြီး စွင်းရွှင်း၏ရှေ့သို့ ရောက်ရှိလာသည်။
“စကားပြောလို့ အဆင်ပြေလား ကောင်းရဲ့လား”
စွင်းရှန်းမှာ ပြုံးပြီး ကျိုးဟောင်ကို ကြည့်လိုက်သည်။
ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်ပြီး အလျင်အမြန် ပြောလိုက်သည်၊
"ဦးလေးစွန်း ကျွန်တော် မေးချင်တာက စီနီယာကျိကအခုအသက်ဘယ်နှစ်နှစ်လဲ ခုနက သူ ကျွန်တော့်ကို သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပြတယ် သူက ကျွန်တော့်ထက် တစ်နှစ်ပဲ ကြီးတယ်တဲ့ ကျွန်တော်… နည်းနည်း သံသယရှိတယ် သူ တကယ် ကျွန်တော့်ထက် တစ်နှစ်ပဲ ကြီးတယ်ဆိုရင် ဒါကအရမ်းကို ထူးဆန်းလွန်းတယ်"
စွန်းရှန်းမှာထိစကားကို ကြားသောအခါ ပြုံးလိုက်သည်။
"ဒီကိစ္စက လျှို့ဝှက်ချက်ပဲ စိတ်မကောင်းပါဘူး ငါမင်းကိုမပြောပြနိုင်ဘူး"
စွန်းရှန်းမှာပြောပြီးနောက် စိတ်ပျက်နေသောကျိုးဟောင် ကို လျစ်လျူရှုကာ ပြောလိုက်သည်။
“မိုရိုမျိုးနွယ်အပျက်အစီးနေရာမှာ မင်းရခဲ့တဲ့ အရာတွေကို လွှဲပေးပါ ပစ္စည်းအားလုံးကို ရောင်းလို့ရတယ် ဒါမှမဟုတ် သိမ်းထားလို့ရတယ် ဒါပေမယ့် သူတော်စင်ဘုံအဆင့်ကျင့်စဉ် ၈၁ ခုကိုတော့ ထုတ်ပေးရမယ်”
ကျိုးဟောင်လည်း ဒါကို သိပေရာ သူ၏ ပစ္စည်းများကို သိမ်းပြီးနောက် ကျန်ရှိသော ပစ္စည်းများကို ကျောပိုးအိတ်ထဲသို့ထည့်ကာ ကျောပိုးအိတ်ကို စွင်းရွှင်းထံ ပေးလိုက်သည်။
“ဒီဟာတွေ ဘာမှမလိုချင်ဘူးလား ပိုက်ဆံနဲ့ မလဲချင်ဘူးလား ဒါမှမဟုတ် မင်း ဘာများလိုချင်တာရှိလဲ အခွင့်အရေးတွေနဲ့လည်းလဲလှယ်လို့ရတယ်”
ကျိူးဟောင်သည်သူဘာလိုအပ်နေမှန်းတကယ်ကိုစဥ်းစားလို့မရပေ။ ထို့ကြောင့် သူ ခဏစဉ်းစားပြီး ပြောလိုက်သည်။
“ဒါဆို အရင်လွှဲပေးထားလိုက်ပါ့မယ် နောက်မှကျွန်တော်လိုအပ်လာတာရှိရင်တောင်းဆိုပါ့မယ် ကောင်းပြီလား”
..................................................................................
အခန်း (၅၉၁)ပြီးပါပြီ။