← Chapters

အခန်း (၅၉၂-၅၉၄)

Vol. 40 Ch. 592-594

အခန်း (၅၉၂-၅၉၄)

Vol. 40 Ch. 592-594

အခန်း (၅၉၂) : အဖွဲ့ဆုံစည်းခြင်း

ကျိုးဟောင် စကားပြောပြီးသောအခါ စွန်းရှန်းမှာခေါင်းညိတ်လိုက်သည်။

“အဲဒါလည်းကောင်းတာပဲ မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့"

ဤသို့ပြောပြီးနောက် စွန်းရှန်းကပြုံးလျက်ဆိုသည်။

“မင်းရဲ့ ဒီတစ်ကြိမ် ဆုလာဘ်ကို ဆုံးဖြတ်ပြီးပြီ မင်းအရမ်းကျေနပ်လိမ့်မယ်လို့ ငါယုံကြည်တယ်”

ကျိုးဟောင်သည်ခေါင်းညိတ်ပြလိုက်သည်။ သူတကယ်လည်း ကျေနပ်ပေသည်။ သူ့အတွက် အရေးအကြီးဆုံးအရာ နှစ်ခုရှိသည်။

တစ်ခုမှာ ငွေဖြစ်သည်။

ဘီလီယံ ၅၀ .......

အခြားမည်သည့်အရာကိုမှ ထည့်မတွက်ဘဲ လျှို့ဝှက်ကျင့်စဉ်တစ်ခုတည်းပင် ဘီလီယံ ၅၀ တန်ဖိုးရှိသည်။ ကျိုးဟောင် မည်သို့ စိတ်လှုပ်ရှားမှု မရှိဘဲ နေနိုင်မည်နည်း။

နောက်တစ်ခုက သူ့ရဲ့ အဆင့်အတန်းဖြစ်သည်။

ကျိုးဟောင်၏ အဆင့်အတန်းသည် ဌာနကြီးခုနစ်ခုမှ အကြီးအကဲတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။ ထိုသည်မှာ မည်သည့်အယူအဆနည်း။ တစ်နည်းအားဖြင့် သူသည် ရှုပေမိသားစုခေါင်းဆောင်နှင့် အဆင့်အတန်းတူညီပေသည်။

အကယ်၍ သူသည်ကောင်းကင်ဘုံအဆင့်သို့ရောက်ရှိပါက ဤအဆင့်အတန်းသည် အတည်ဖြစ်သွားလိမ့်မည်။ သူသည် ယခု လက်ရှိတွင် ယာယီအကြီးအကဲသာဖြစ်လင့်ကစား သူ့အား ရှုမိသားစုမှ အလေးအနက်ထား ဆက်ဆံလာအောင် လုပ်နိုင်သော အရည်အချင်းများ ရှိနေဆဲပင်။

ဤကိစ္စကြောင့် ကျိုးဟောင်မှာ အလွန်‌ပျော်ရွှင်နေခဲ့သည်။

“ကောင်းပြီ၊ ကျွန်တော် အားလပ်ရက်ယူတော့မယ် ဦးလေးစွင်း စွင်းယွဲ့နဲ့ တခြားသူတွေကို ကျွန်တော်ကနှုတ်ဆက်တယ်လို့ ပြောပေးပါဦး။”

ကျိုးဟောင်မှာ ပြုံးလိုက်သည်။

“ကောင်းပြီ၊ ငါ လိုက်ပို့မနေတော့ဘူး မင်း ဒီကနေ ဆင်းလို့ရပြီ”

စွန်းရှန်းမှာပြုံးပြီး လေယာဉ်ခန်းတံခါးကို ညင်သာစွာ ဖွင့်လိုက်သည်။ ကျိုးဟောင်မှာ တစ်ချက် အံ့အားသင့်သွားခဲ့သည်။ စီနီယာကျိသည် ဤမျှ စေ့စပ်သေချာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူတို့သည် ကျန်းနန်အခြေစိုက်စခန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် နောက်မှ တွေ့မယ်ဦးလေးစွန်း”

ကျိုးဟောင်မှာရယ်မောကာနှုတ်ဆက်လိုက်သည်။ ထို့နောက်သူ၏ခန္ဓာကိုယ်မှာလှုပ်ရှားသွားပြီး လေယာဉ်ခန်းတံခါးမှ တိုက်ရိုက်ပျံထွက်ကာ ကျန်းနန်သို့ ဦးတည်ပျံသန်းလာခဲ့သည်။

စစ်နတ်ဘုရားတပ်ရင်းသို့ ဝင်ရောက်ပြီးကတည်းက သူ အိမ်ပြန်မရောက်သည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။ မိဘများနှင့် အဆက်အသွယ်ရှိခဲ့သော်လည်း သူတို့သည် သူ့ကို အလွန်စိတ်ပူနေကြမည် ဖြစ်သည်။

ထို့ကြောင့် ကျိုးဟောင်သည် ချက်ချင်းပင် အိမ်ပြန်ခဲ့သည်။

“အိုက်ယား၊ သားလေး…"

ဝမ်ရှုယွင်သည်ကျိုးဟောင် ကို မြင်သောအခါ အလွန်စိတ်လှုပ်ရှားနေပြီး အထူးသဖြင့် ကျိုးရွှယ်ကောပင်။

“ကောင်စုတလေး၊ မင်းသွားတာဒီလောက်ကြာပြီ တစ်နှစ်နှစ်နှစ်နေမှ နှစ်ခါတောင် မပြန်လာဘူး"

ကျိုးရွှယ်ကော မှာ ဤသို့ပြောသော်လည်း သူတို့၏သားသည် အပြင်တွင်ရုန်းကန်ရန် မလွယ်ကူကြောင်း သူသိသည်။ သူတို့မိသားစု၏ ဘဝနှင့် အဆင့်အတန်းအားလုံးကို သူတို့သားကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက သက်ကြီးလင်မယားသည် ဤကဲ့သို့သော အဆင့်အတန်းမြင့်သည်နေရာတွင် နေထိုင်နိုင်မည် မဟုတ်ပေ။

“ကျွန်တော့်တာဝန်ကအရမ်းခက်ခဲလို့ မပြန်ဖြစ်ခဲ့တာပါ ဒီတစ်ခါ တစ်လအားလပ်ရက်ယူခဲ့တယ် အဖေတို့ အမေတို့နဲ့ ပိုပြီး အချိန်ဖြုန်းနိုင်တော့မယ်”

ကျိုးဟောင်မှာ ပြုံးကာပြောလိုက်သည်။

ကျိုးရွှယ်ကော နှင့် ဝမ်ရှုယွင်တို့မှာ အလွန်ပျော်ရွှင်နေကြသည်။ ညဘက်တွင် သူတို့သည်အစား

အသောက်‌ကောင်းများကို ပြင်ဆင်ပြီး မိသားစုပျော်ရွှင်စွာ စားသောက်ခဲ့ကြသည်။

ညဘက်တွင် ကျိုးဟောင်သည် ရှုလင်အား သူပြန်ရောက်ပြီဖြစ်ကြောင်းနှင့် တစ်လအားလပ်ရက်ယူထားကြောင်း ပြောပြရန် မစောင့်နိုင်တော့ပေ။

ရှုလင်မှာ ဤသတင်းကို ကြားသိရသောအခါ အလွန်ပျော်ရွှင်သွားခဲ့သည်။

သို့သော် သူ့အားအံ့အားသင့်စေသည်မှာ ရှုလင်သည် သူ၏အားလပ်ရက်သတင်းကို ချက်ချင်းပင် ဖြန့်ခဲ့ပြီးနှင့် အခြားသူများအားလုံးအားအသိပေးခဲ့ခြင်းပင်ဖြစ်သည်။

ထို့ကြောင့် နောက်တစ်နေ့တွင် သူတို့အဖွဲ့သည် ချက်ချင်းပင်လူစုဖြစ်ခဲ့ကြသည်။

“ကျိုးဟောင်၊ နင်ကအခုတော့ အထင်ကြီးစရာပဲ နင်ကစစ်နတ်ဘုရားတပ်ရင်းရဲ့အဖွဲ့ဝင်ဆိုတော့ ဒါက ငါတို့ အပြင်ထွက်ပြီး လုပ်ချင်တာလုပ်လို့ရပြီဆိုတဲ့ အဓိပ္ပာယ်လား ဘာလို့လဲဆိုတော့ နင်က ငါတို့ကို ကာကွယ်ပေးမှာကိုး”

ယွင်ယန်သည် နဂိုအတိုင်း ဆွဲဆောင်မှုရှိပြီး လှ‌ပနေဆဲပင်။ သူမသည် ကျိုးဟောင်ကို မြင်သောအခါ မစနောက်ဘဲ မနေနိုင်ပေ။

“ငါ့နာမည်ကို သုံးတဲ့အတွက် မင်းတို့ကို လျှော့စျေးပေးမယ်”

ကျိုးဟောင်သည်လည်း စိတ်ကောင်းဝင်နေပေရာ ပြန်လည်စနောက်လိုက်သည်။

ယွမ်ချန်းမှာတော့ နဂိုသည်အတိုင်းပင်။ သူသည် ကျိုးဟောင်ကိုမြင်သောအခါ မနေနိုင်ဘဲပြောလိုက်သည်။

“ကျိုးဟောင်၊ မင်းက အခုစစ်နတ်ဘုရားတပ်ရင်း ရဲ့ အဖွဲ့ဝင်ဆိုတော့ ငါတို့ကို ဝေမျှပေးစရာ ကောင်းတာတစ်ခုခုရှိလား”

ယွမ်ချန်းမှာလုံးဝ ရှက်ရွံ့ခြင်းမရှိပေ။ သူသည်လက်ကို ဆန့်ထုတ်ပြီး ကျိုးဟောင်ထံမှလက်ဆောင်တောင်းလိုက်သည်။

ကျိုးဟောင်မှာ ပြုံးလိုက်သည်။ သူသေချာပေါက်သူတို့အားလုံးအတွက် တစ်ခုစိပြင်ဆင်လာခဲ့ပေသည်။

“တစ်ယောက်ကို တစ်ခုစီ ဒါတွေက မင်းတို့နဲ့ လိုက်ဖက်တဲ့ ကျင့်စဉ်တွေပဲ ဒီကျင့်စဉ်ကို အထင်မသေးနဲ့ ဒါက ကောင်းကင်ဘုံအဆင့်ကျင့်စဉ်ထက်တောင် ပိုပြီး အဖိုးတန်တယ်”

ကျိုးဟောင်သည် ၈၁ ခုသော ကျင့်စဉ်များထဲမှ ကျင့်စဉ်အနည်းငယ်ကို ထုတ်ယူပြီး သူတို့တစ်ဦးစီအား တစ်ခုစီ ပေးလိုက်သည်။ ၎င်းတို့သည် သူတို့နှင့် သင့်တော်သော ကျင့်စဉ်များ ဖြစ်သည်။

ကျိုးဟောင်သည် ကပ်စေးနဲပြီး တစ်ခုတည်းသာ ပေးခြင်း မဟုတ်ပေ။ သို့သော် လက်ရှိတွင် သူတို့သည်မူလသိုင်းပညာရှင်အဆင့်သို့ရောက်ရှိနေခြင်းဖြစ်ပြီး သူတော်စင်ဘုံအဆင့်ကျင့်စဉ်တစ်ခုတည်းကို ကျင့်ကြံရန်ပင် အလွန်ခက်ခဲနေပြီ ဖြစ်သည်။

သူတို့သည် ကျင့်စဉ်ကို ရရှိသောအခါ အံ့အားသင့်သွားကြသည်။

“ဘုရားရေ၊ ဒီကျင့်စဉ်က အစိမ်းရောင်တိမ်တိုက်ဌာမှာ အရမ်းစျေးကြီးတယ်။ ဈေးဖြတ်မရတဲ့ အမျိုးအစားဟ ကျိုးဟောင်မင်းက အရမ်းမိုက်တာပဲ!”

ယွမ်ချန်းမှာ ချက်ချင်းစိတ်လှုပ်ရှားသွားပြီး မပြောဘဲမနေနိုင်တော့ပေ။

ကျိုးဟောင်မှာပြုံးလိုက်သည်။

“မင်းတို့အားလုံး အစိမ်း‌ရောင်တိမ်တိုက်ဌာနကို ပြန်ရောက်နေကြပြီလား”

သူတို့အားလုံးသည် အစိမ်း‌ရောင်တိမ်တိုက်ဌာန လက်အောက်မှာ ရှိပြီ မူလအဆင့်ပညာရှင်များ ဖြစ်ကြပေရာ ရှေ့တန်းသို့ သွားရသည်မှာသဘာဝပင်။

ရှုလင်သည်တော့ သေချာပေါက်ချွင်းချက်ပင်။ ရှုမိသားစုက သူမအားရှေ့တန်းမှာ ထားချင်မည်မဟုတ်ပေ။

သို့သော် အခြားသူများအားလုံးသည် ရှေ့တန်းတွင် ရှိနေကြပေပေသည်။

“ဖန်းယွီ နဲ့ ငါကတော့ အခု နည်းပြပိုင်ဘေးမှာ အလုပ်လုပ်နေတယ်။ သူရှိနေတော့ ငါတို့ ဘဝက အဆင်ပြေပါတယ်”

ပိုင်လင်းလုံသည် သူတို့နှစ်ဦးလုံးကို ပိုင်မိသားစုသို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။ သူတို့နှစ်ဦးသည် သူမနှင့်အတူ လိုက်ပါပြီး ၇ခုမြောက်အက်ကွဲကြောင်းနှင့် ၁၂မြောက်အက်ကွဲကြောင်းကြားကူးလူးသွားလာနေကြပေသည်။

ကျန်းယိမှာ အခက်ခဲဆုံးဖြစ်သည်။ သူသည် ရှေ့တန်းစစ်တပ်သို့ သွားပြီး ပြဿနာရှိသည့်နေရာတိုင်းသို့ သွားရသည်။ တစ်နှစ်ပတ်လုံး အလုပ်များနေသည်ဟု ဆိုနိုင်ပေသည်။

တစ်ဖက်တွင် ယွမ်ချန်းသည် အမြဲတမ်း သေရမှာကြောက်တတ်ပေရာ သူသည် ရှေ့တန်းတွင်ရှိနေသော်လည်း နည်းပညာဌာနမှဖြစ်ပြီးလေယာဉ်များကို တီထွင်ရာတွင် အထူးကျွမ်းကျင်ပေသည်။ ယွမ်ချန်း၏ တိုက်ခိုက်ရေးစွမ်းအားသည် ထူးခြားပြီး တကယ်ကို ပါရမီရှိသူဖြစ်သည်။

သူတို့အားလုံး အခြေကျနေသည်ကို မြင်သောအခါ ကျိုးဟောင်သည်လည်း စိတ်သက်သာရာရသွားခဲ့ သည်။

“ဒါဆို ကောင်းပြီ။ နောက် အခက်အခဲတွေ ရှိရင် ငါ့ကိုပြောကြ”

ကျိုးဟောင်မှပြောလိုက်သည်။ သူတို့အားလုံးသည် သေရေးရှင်ရေးအခြေအနေကို အတူတကွ ဖြတ်သန်းခဲ့ကြသော ရဲဘော်ရဲဘက်များဖြစ်သည်။ ကျိုးဟောင်သည်ဤစကားအားကြားကောင်းရုံပြောခြင်းမဟုတ်ပဲ တကယ်ပြောခြင်းသာဖြစ်ကြောင်း သူတို့ လည်းနားလည်ကြပေသည်။။

“ဒါနဲ့ ကျိုးဟောင် မင်းဘယ်ပျောက်နေတာလဲ ဒီလောက်ကြာနေပြီ တစ်လနီးပါး ရှိပြီ”။

ကျန်းယိလိုက်က မေးသည်။။

ကျိုးဟောင်မှာပြုံးပြီး ရှေးဟောင်းအပျက်အစီးအကြောင်းကို သူတို့အားမပြောပြခဲ့ပေ။ ဤကိစ္စသည် လျှို့ဝှက်အဆင့်သတ်မှတ်ထားပြီး သူသည်တာဝန်တစ်ခု ဆောင်ရွက်နေကြောင်းသာ သူတို့ကို ပြောခဲ့ခြင်းဖြစ် သည်။

သူတို့အနည်းငယ်သည် တစ်ယောက်နှင့်တစ်ယောက် မတွေ့ရတာကြပြီဖြစ်သောကြောင့် ပျော်ရွှင်စွာ စားသောက်ရင်းစကားပြောခဲ့ကြသည်။

“မင်းတို့နှစ်ယောက် ဘယ်တော့ အများသိအောင်ကြေငြာပြီးလက်ထပ်ဖို့ စီစဉ်ထားလဲ ကျိုးဟောင် မင်းက ယောက်ျားပဲ ဒီကိစ္စမှာ မင်းဘက်ကစရမယ် နားလည်လား ရှုလင်ကို မင်းအကြာကြီးစောင့်ခိုင်းလိုမရဘူး”

ယွင်ယန်မှာအရက်သောက်ပြီးနောက် ပြောလာခဲ့သည်။ ကျိုးဟောင်သည်လည်း သူမက စေတနာဖြင့်ပြောကြောင်းသိပေရာ ပြုံးလိုက်သည်။

“စိတ်မပူပါနဲ့ ငါကြိုးစားပါ့မယ်”

ရှုလင်သည်ကျိုးဟောင်အား လွမ်းဆွတ်ပြီးတောင့်တသောအကြည့်များဖြင့် ကြည့်နေခဲ့သည်။ သူတို့နှစ်ဦး အတူတူရှိနိုင်ရန် ကျိုးဟောင်ပေမည်သည့်အရာများကို ကြုံတွေ့ခဲ့ရသည်ကို သူမ သိပေသည်။

သူမသည်ကျိုးဟောင်၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်ပြီး ချိုမြိန်စွာ ပြုံးပြလိုက်သည်။

ကျိုးဟောင်သည်လည်း ပြုံးပြီး သူ့လက်ချောင်းများကိုယှက်ကာဆုပ်ကိုင်ထားလိုက်သည်။ သူသည် ရှုလင်ထံမှ နွေးထွေးမှုကို ခံစားရပြီး ထိုခံစားချက်ကို ကျိုးဟောင်တကယ်ပင် နှစ်သက်သည်။

သူ၏ ကြိုးစားမှုအားလုံး အချည်းနှီး မဖြစ်ခဲ့ပေ။ စစ်နတ်ဘုရားတပ်ရင်းသို့ ဝင်ရောက်ပြီး ထိပ်တန်း အယောက်၅၀ တွင် ပါဝင်ကတည်းက ရှုမိသားစုသည် သူ့ကို တရားဝင် အသိအမှတ်ပြုခဲ့ပြီး ဖြစ်သည်။

သို့သော် ၎င်းသည်မလုံလောက်ခဲ့ပေ။ သူသည်ရှုလင် နှင့် သူ၏ ဆက်ဆံရေးသည်အတည်မဖြစ်သေးဟုသာ ခံစားခဲ့ရသည်။

ယခုမူ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်ပြီး သူသည်ရှုမိသားစုသူ့အားအလေးအနက်ထား ဆက်ဆံလာစေရန် လုံးဝစွမ်းဆောင်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။

ထို့ကြောင့်ကျိုးဟောင်သည် ဤကိစ္စကို အပြီးသတ်ဖြေရှင်းရန် ုမိသားစုထံသို့ သွားရောက်ရန် အချိန်တန်ပြီဟုသဘောပေါက်လိုက်သည်။

“မကြာခင် အချိန်ကောင်းရွေးပြီး မင်းအိမ်ကို သွားလည်ရအောင် ကိုယ့်ယောက္ခမတွေနဲ့ မတွေ့ရတာ ကြာပြီ”

ကျိုးဟောင်သည် ရှုလင်၏ နားနားကပ်၍ တိုးတိုးလေးပြောလိုက်သည်။

....................................................................................

အခန်း (၅၉၂) ပြီးပါပြီ။

အခန်း (၅၉၃) : ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ ပြောင်းလဲမှု

ကျိုးဟောင် စကားပြောပြီးသောအခါရှုလင် ၏ နားရွက်များ ချက်ချင်းနီရဲသွားသည်။

ကံကောင်းစွာဖြင့် လူတိုင်း အနည်းငယ် သောက်ထားကြပေရာ ရှုလင် ၏ မျက်နှာသည် မူလကပင် အနည်းငယ်နီနေသောကြောင့် ခွဲခြား၍မရပေ။ မဟုတ်ပါက ယွင်ယန် နှင့် အခြားသူများ တစ်ခုခု မြင်ပါက သူမကို သေချာပေါက် စနောက်ကြလိမ့်မည်။

“အင်း၊ အင်း… နင်ပြောတဲ့အတိုင်း လုပ်ပါ့မယ်။”

ရှုလင်၏ အသံသည် အလွန်နူးညံ့ပြီး သူမသည် အလွန်ရှက်ရွံ့နေသည်။

ညဘက်တွင် သူတို့ပြန်လာပြီးနောက် ကျိုးဟောင်နှင့် ရှုလင်တို့သည်ကျောင်းသားဘဝတုန်းကဲ့သို့ လမ်းတစ်လျှောက် လမ်းလျှောက်ခဲ့ကြသည်။ ကျိုးဟောင်သည် ဤကိစ္စကို အချိန်တွေးတောနေခဲ့သည်မှာကြာပြီဟု ဆိုနိုင်သည်။

တကယ်ဖြစ်လာလိမ့်မည်ဟုတော့ သူ မမျှော်လင့်ခဲ့ပေ။

“ငါ လက်ထပ်ခွင့်တောင်းချိန်တန်ပြီလို့ မင်းမထင်ဘူးလား”

ကျိုးဟောင်သည် ရှုလင် ကို ကြည့်ပြီး ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ ရှုလင်မှာ ချက်ချင်း ပြုံးလိုက်သည်။

“ဒါက ရှေး‌ခေတ်လို့ထင်နေတာလား လက်ထပ်ခွင့်တောင်းတာလား နင်ဘာတွေတွေးနေတာလဲ…”

ရှုလင်မှာစိတ်ထဲအလွန်ရယ်ချင်သွားပြီး ကျိုးဟောင်၏အ‌တွေအားလိုက်မမီတော့ပေ။

“အာ… ဒါဆို… ဒါဆို ဘာလုပ်ရမလဲ”

ကျိုးဟောင်မှာ အလျင်အမြန် ပြောလိုက်သည်။

“နင်က ရူးနေတာလား သေချာပေါက်… သေချာပေါက်… အရင်ဆုံး ချိန်းတွေ့သင့်တာပေါ့…”

ရှုလင်မှာ ဤစကားကို ပြောသောအခါ အလွန်ရှက်ရွံ့နေခဲ့သည်။

ရိုးရိုးသားသားပြောရလျှင် သူတို့နှစ်ဦးသည် ချစ်သူရည်းစားများပင် မဖြစ်သေးပါ။ အနည်းဆုံးတော့ သူတို့နှစ်ဦးသည် နားလည်မှုရှိရုံမျှသာ ဖြစ်သည်။ သို့သော် သူတို့သည် နှုတ်ဖြင့်ထုတ်မပြောခဲ့ကြပေ။

ကျိုးဟောင်မှာ ဤစကားကို ကြားသောအခါ ချက်ချင်းနားလည်လိုက်သည်။ သူသည်စကားတစ်ခွန်းမှ မပြောဘဲ ချက်ချင်းပင် ဒူးတစ်ဖက်ထောက်လိုက်သည်။

သို့သော် ရှုလင်က သူ့ကို ဆွဲလိုက်သည်။

“အရူးလေး ငါကနင့်ကို စနေတာ နင့်ကို အဲလိုမျိုးလုပ်ခိုင်းချင်တာ မဟုတ်ပါဘူး နင့်ရဲ့ ချစ်သူဖြစ်ဖို့ ငါ ဆန္ဒရှိပါတယ် အရမ်းကိုဆန္ဒရှိတယ်"

ရှုလင် သည် ညင်သာစွာပြောလိုက်သည်။ သူမ၏ လှပသော မျက်လုံးများ မှာရှက်ရွံ့နေသော်လည်း ဆုံးဖြတ်ချက်တို့ခိုင်မာနေပေသည်။

ဤသည်မှာ သူမ၏ရည်ရွယ်ချက်ပင်။ ကျိုးဟောင်သည် သူမအတွက် ဒီလောက်အများကြီး လုပ်ပေးခဲ့ပေရာ ယခုလို မလိုအပ်သောအရာများကို သူမလုံးဝ ဂရုမစိုက်ပေ။ သူမ ကျိုးဟောင် ရဲ့ နှလုံးသားထဲတွင်ရှိနေကြောင်း သိရရုံဖြင့်လုံလောက်ပေသည်။

ကျိုးဟောင်သည်စိတ်လှုပ်ရှားစွာခုန်‌‌ပေါက်နေပြီး ချက်ချင်းပင် ရှုလင် ကို ပွေ့ဖက်ကာ ကောင်းကင်သို့ ပျံတက်ပြီး ကောင်းကင်ယံတွင် ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

“ဝိုး…...”

ရှုလင် သည် ကျိုးဟောင် ၏ ရင်ခွင်ထဲတွင် အလွန်ရှက်ရွံ့နေသည်။ တစ်ချိန်တည်းမှာပင် သူမသည် ကျိုးဟောင် ဒီလောက်အများကြီး ကြုံတွေ့ပြီးနောက် ပိုင်းမှာပင် ဘာလို့ ကလေးတစ်ယောက်လို ဖြစ်နေသေးတာလဲဟု တွေးလိုက်မိသည်။

သူမစိတ်ထဲ စိတ်မကောင်းဖြစ်ရပြီး စိတ်ထိခိုက်ရသည်။

နောက်ဆုံးတော့ သူမလည်း သူ့လိုပဲ ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်သာ ဖြစ်သည်။

သူတို့နှစ်ဦး ကောင်းကင်ယံတွင် အကြာကြီး ပျံသန်းပြီးမှ ကျိုးဟောင် က သူမကို ပြန်ပို့ပေးသည်။

သူမကို အိမ်ပြန်ပို့ပြီးနောက် ကျိုးဟောင် မှာအိမ်ပြန်လာခဲ့သည်။

လမ်းတွင် ကျိုးဟောင် သည် အလွန်စိတ်လှုပ်ရှားနေဆဲပင်။

သူ၏ အခန်းသို့ ပြန်ရောက်ပြီးနောက် ကျိုးဟောင်မှာ ကုတင်ပေါ် လှဲချပြီး အတွေးများကို စုစည်းလိုက်သည်။ ထို့နောက်မှ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ကို ဖွင့်လိုက်သည်။

ကျိုးဟောင်သည် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲသို့ အချိန်အကြာကြီး မဝင်ဖြစ်ခဲ့ပေရာ အဆင့်မြှင့်ထားခြင်းရှိမရှိ မသိပေ။

သူကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် ကျိုးဟောင် ခဏတာ ကြောင်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤဆော့ဖ်ဝဲလ်သည် နောက်ထပ် အဆင့်မြှင့်တင်မှုတစ်ခုကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။

မျက်နှာပြင်တစ်ခုလုံးသည် အများကြီး ပိုမိုလှပနေသည်။ ထို့အပြင် ကျိုးဟောင် ကို အံ့အားသင့်စေသည်မှာ ယခုတစ်ခါ ၂D မဟုတ်ဘဲ ၃Dဖြစ်သည်။

“လေးစားရပါသော ‘ငါကသာမန်လူတစ်ယောက်ပါပဲ' ထူးချွန်သော ပလက်တီနမ်အဖွဲ့ဝင်တစ်ဦးအနေဖြင့် သင်၏ ကိုယ်ပိုင်အချက်အလက်ကို ပုံဖော်ပေးပါ”

ကျိုးဟောင်သည် အဆင့်မြှင့်တင်ပြီးနောက် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းဖြစ်သည်။ ကျိုးဟောင်သည် ဝင်ရောက်ရန် ပုံရိပ်ယောင် ကိုယ်ပိုင်အချက်အလက်တစ်ခု ဖန်တီးရန် လိုအပ်သည်။

ဤအရာက ကောင်းကင်ဘုံမျှော်စင် နဲ့ နည်းနည်းဆင်သော်လည်း ကွဲပြားနေသေးသည်။

“ဒီ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်က ပိုကောင်းလာတာပဲ။”

ကျိုးဟောင် ပြုံးပြီး သံမဏိလူသားဝတ်စုံ နှင့်နည်းနည်းဆင်သော သံချပ်ကာဝတ်စုံနဲ့ ပုံတစ်ပုံ ဖန်တီးလိုက်သည်။

သူ၏ မူလရုပ်ရည်ကို အသုံးမပြုလိုပေ။ ဤနည်းဖြင့် သူ့အတွက်ကိုယ်ပိုင်လွတ်လပ်ခွင့်ရနိုင်ပေသည်။

ကျိုးဟောင်သည်သူ၏ပုံစံ ကို တည်ဆောက်ပြီးနောက် ကောင်းကင်ဘုံမျှော်စင်ကဲ့သို့ ပုံရိပ်ယောင်လောက ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။

သူရောက်သည်နှင့် မှတ်ချက်များ ကောင်းကင်ယံတွင် ပေါ်လာသည်၊

“ကြိုဆိုပါတယ်၊ ပလက်တီနမ်အဖွဲ့ဝင်_ငါကသာမန်လူတစ်ယောက်ပါပဲ"

ကောင်းကင်ဘုံလမ်းကြောင်း ဆော့ဖ်ဝဲလ်အသုံးပြုသူ အများအပြားသည် ဆူညံသွားကြသည်။

“ဘုရားရေ၊ သခင်ကြီးပေါ်မလာတာတစ်လလောက် ရှိပြီ"

“သခင်ကြီးဘယ်ရောက်နေတာလဲ ဒီလောက်ကြာအောင် လိုင်းတက်မလာဘူး”

ဤနေရာတွင် လူအများအပြား အံ့သြစွာ အော်ဟစ်ကြသည်။ ကျိုးဟောင် ၏ ပုံရိပ် ပေါ်လာသည်ကို မြင်သောအခါ သူတို့သည်ချက်ချင်း ဝိုင်းရံလိုက်ကြသည်။

“သခင်ကြီး မတွေ့တာကြာပြီ ဒီတစ်ခါ လျှို့ဝှက်ဆန်းကြယ်သေတ္တာဆီ ကို သွားမှာလား ဒါမှမဟုတ် တိုက်ရိုက်ထုတ်လွှင့်ရေးအခန်း ကိုလား ဒါမှမဟုတ် ဆိုင်ကိုလား”

“သခင်ကြီး မင်းမရှိတော့ ကောင်းကင်ဘုံလမ်းကြောင်း ဆော့ဖ်ဝဲလ်မှာ ငါတို့ဘဝတွေက အရမ်းသာမန်ပဲစိတ်လှုပ်ရှားစရာ ကိစ္စတွေမဖြစ်တာကြာပြီ”

ကျိုးဟောင်မှာပြုံးလိုက်သည်။ သူ၏ဘေးတွင် အမျိုးမျိုးသော ထူးဆန်းသည့် ပုံရိပ်ယောင် ပုံရိပ်များ ပေါ်လာသည်ကို မြင်သောအခါ သူ မပြုံးဘဲ မနေနိုင်တော့ပါ။

ဒီလောက်ကြာအောင် မလာတာတောင် သူတို့ သူ့ကို မှတ်မိနေလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပါ။

ကျိုးဟောင်သည် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ကို အခုမှအဆင့်မြှင့်ထားသောကြောင့် လုပ်ဆောင်ချက်အသစ်များအကြောင်း သိပ်မသိပါ။ ထို့နောက် သူသည် လုပ်ဆောင်ရေးစာမျက်နှာကို ဖွင့်လိုက်သောအခါ ခဏတာ ကြောင်သွားသည်။

လျှို့ဝှက်ဆန်းကြယ်သေတ္တာများ၊ တိုက်ရိုက်ထုတ်လွှင့်ရေးအခန်း နှင့် ဈေးဆိုင် အပြင်ကိုယ်ပိုင်ပိုင်နက် အပိုတစ်ခုလည်း ရှိသည်။

ကျိုးဟောင်သည် ပလက်တီနမ်အဖွဲ့ဝင်ဖြစ်သောကြောင့် စတုရန်းမီတာ ၁၀၀ အကျယ်ရှိသော ကိုယ်ပိုင်နေရာတစ်ခု ပိုင်ဆိုင်နိုင်သည်။

ကျိုးဟောင် ၎င်းကို တိုက်ရိုက်ဖွင့်လိုက်ပြီး သူ၏ ကိုယ်ပိုင်နေရာထဲသို့ ဝင်ရောက်သွားခဲ့သည်။

“လေးစားအပ်ပါသော ပလက်တီနမ်အသုံးပြုသူ ငါကသာမန်လူတစ်ယောက်ပါပဲ ဒါက သင့်ရဲ့ကိုယ်ပိုင်နေရာပါ ဒီနေရာမှာရှိတဲ့ အရာအားလုံးကို လူအများနဲ့ ခွဲခြားထားပါလိမ့်မယ်”

ကျိုးဟောင် ခေါင်းညိတ်လိုက်မိသည်။ ဤကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်သည် မဆိုးသော်လည်း ဤမျှ ပြည့်စုံလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဤစတုရန်းမီတာ ၁၀၀ နေရာတွင် ဘာမှမရှိသော်လည်း လုပ်ဆောင်ချက်အမျိုးမျိုးနှင့် ချိတ်ဆက်နိုင်ပါလေသည်။

လျှို့ဝှက်ဆန်းကြယ်သေတ္တာ၊တိုက်ရိုက်ထုတ်လွှင့်ရေးအခန်း သို့မဟုတ် ဈေးဆိုင် ဖြစ်ပါစေ ၎င်းတို့အားလုံးကို သူ၏ ကိုယ်ပိုင်နေရာတွင် ကြည့်ရှုနိုင်သည်။

ကျိုးဟောင်စျေးဆိုင်ကို ဖွင့်လိုက်သည်။ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲသို့ ပထမဆုံးဝင်ရောက်စဉ်ကတည်းက ဤနေရာအားဖွင့်နိုင်ခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုအချိန်က ဈေးဆိုင်၏ ဝှက်ထားသော လုပ်ဆောင်ချက်ကို ဖွင့်နိုင်ခဲ့သည့် ပထမဆုံးလူလည်း ဖြစ်သည်။

ယခုတစ်ခါ ဝင်ရောက်လိုက်သောအခါ ဆိုင်ထဲတွင် လူများစွာ ပိုများလာသည်ကို ကျိုးဟောင်ရုတ်တရက် သတိပြုမိသည်။

တစ်လအတွင်း လူများစွာသည် ဆိုင်၏ လျှို့ဝှက်လုပ်ဆောင်ချက်ကို ဖွင့်နိုင်ခဲ့ကြသည်။

ကျိုးဟောင် အနည်းငယ် အံ့အားသင့်သည်။ သူ သေချာကြည့်ရှုရန် ပြင်ဆင်နေစဉ် နတ်မိမယ်ယွဲ့လင် ထံမှကိုယ်ပိုင်ဝင်စာတစ်ခု လက်ခံရရှိလိုက်သည်။

“သခင်ကြီး ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ကိုမလာတာကြာလှပြီ ကျွန်မကိုမေ့သွားပြီလို့တောင်ထင်နေတာ”

ကျိုးဟောင်မှာပြုံးလိုက်သည်။ သူမတိုက်ရိုက်ထုတ်လွှင့်နေသည်ကို မြင်သောအခါ သူချက်ချင်းနှိပ်လိုက်ပေသည်။ ထို့နောက် မျက်နှာပြင်မှာပြောင်းလဲသွားပြီး သူမ၏တိုက်ရိုက်ထုတ်လွှင့်ရေးအခန်းသို့ ရောက်ရှိသွားသည်။

ယခုတစ်ခါတိုက်ရိုက်ထုတ်လွှင့်ရေးအခန်းက အရင်ကနှင့်မတူပေ။ သူ သူမ၏အိမ်ကို ရောက်နေသလိုခံစားရပေသည်။

နတ်မိမယ်ယွဲ့လင်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှေ့ရှိစင်တစ်ခုပေါ်တွင် ထိုင်နေသည်။ သူမအောက်တွင် ပုံရိပ်ယောင်အသုံးပြုသူများစွာ ထိုင်နေသည်။

“ဒါ…ဒါကတိုက်ရိုက်ထုတ်လွှင့်ရေးအခန်းနဲ့ မတူတော့ဘူးပြဇာတ်ရုံနဲ့ ပိုတူတယ်”

ကျိုးဟောင်မှာချက်ချင်းပြုံးလိုက်သည်။

ထိုအချိန်တွင် လူအများအပြားမှာကျိုးဟောင်ကို သတိထားမိလာကြပြီး အော်ဟစ်လာကြသည်။

“သခင်ကြီးရောက်လာပြီ တကယ်ပဲသခင်ကြီးက နတ်မိမယ်ယွဲ့လင်ကိုမမေ့သွားဘူး”

“ဟာ သခင်ကြီးမလာတာကြာလှပြီ ဒီတစ်ခါတော့ သေချာပေါက်အရူးအမူးသုံးမှာပဲ”

“ဟုတ်တယ်သခင်ကြီး လာဖန်သားပြင်မှာအံ့အားသင့်စရာကြော်ငြာချက်တွေတက်လာအောင်လုပ်ပစ်လိုက် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မနေနဲ့”

သူတို့အားလုံးပြောနေကြပေရာနတ်မိမယ်ယွဲ့လင်ပင် အနည်းငယ်မျှော်လင့်နေမိသည်။

ကျိုးဟောင်မှာပြုံးပြီး သူ့ကံကြမ္မာအမှတ်များကိုကြည့်လိုက်ရာ ခေါင်းထဲတွင်ချက်ချင်းဆိုသလိုပင် မြည်ဟီးသွားခဲ့သည်။

သူ၏ကံကြမ္မာအမှတ်မှာကြောက်စရာကောင်းနေခဲ့ပြီး စုစုပေါင်း… ၅ ဘီလီယံရှိနေပြီဖြစ်သည်။

သူ၏အဆင့်သည် “ကံကြမ္မာဘုရင်မ” အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤမြင်ကွင်းသည်ကျိုးဟောင်ကို ချက်ချင်း အံ့အားသင့်သွားစေခဲ့သည်။

....................................................................................

အခန်း (၅၉၃) ပြီးပါပြီ။

အခန်း (၅၉၄) : ရူးသွပ်စရာကြေညာချက်များ

ယခင်စစ်ဆေးတုန်းက သူ့ကံကြမ္မာအမှတ်တွေ ဒီလောက်မများဘူးဆိုတာ ကျိုးဟောင် မှတ်မိနေသေးသည်။

ဒါ့အပြင် ဒီတစ်ခါမှာ သူ့ကံကြမ္မာအမှတ်တွေ ဒီလောက်များတာပထမဆုံးအကြိမ်ပဲဖြစ်သည်။

သူ တစ်ခုခုများ လုပ်ခဲ့မိသလား။

သူသန္ဓေပြောင်းသတ္တဝါတွေကို မသတ်ခဲ့ပါဘဲ ဘယ်လိုလုပ် ဒီလောက်များတဲ့ ကံကောင်းမှတ်တွေ ရခဲ့တာလဲ။ ဒါ…ဒါက နည်းနည်းတော့ ရယ်စရာကောင်းနေပြီဖြစ်သည်။

ကျိုးဟောင် ခေါင်းထဲမှာ မူးနောက်သွားပြီး ရှုပ်ထွေးနေပုံရသည်။

“ရှေးဟောင်းအပျက်အစီးထဲ ရောက်သွားလို့များလား။ ဒါပေမဲ့ အဲဒီမှာ ငါသန္ဓေပြောင်းသတ္တဝါတွေကို မသတ်ခဲ့ဘူးလေ”

ကျိုးဟောင် ခေါင်းထဲ ပိုမူးနောက်လာသည်။ ဘာဖြစ်နေမှန်း သူ မသိသော်လည်း သူ့ကံကြမ္မာအမှတ်များဟာယခုဆိုရင် အစွန်းရောက်အောင် မြင့်တက်နေပြီဖြစ်သည်။ သူ ဘာမဆို ယုံကြည်မှုအပြည့်နဲ့ လုပ်နိုင်ပြီဖြစ်သည်။

ကျိုးဟောင်က သူ့ရဲ့ အဆင့်ကို ကြည့်လိုက်သည်။စိန်အဆင့်အဖွဲ့ဝင် ဖြစ်ဖို့အတွက် ယွမ် ၁၀ ဘီလီယံလိုနေသေးသည်။

ကျိုးဟောင် အကောင့်ထဲကို ယွမ် ၅၀ ဘီလီယံ ဝင်ပြီးသားဖြစ်သည်။ သူ ဘာမှမပြောဘဲ ချက်ချင်း ယွမ် ၁၀ ဘီလီယံ ထပ်ဖြည့်လိုက်ပြီး သူ့အဆင့်အတန်းကို စိန်အဆင့်သို့ တိုက်ရိုက်မြှင့်တင်လိုက်သည်။

ယခုလိုလုပ်လိုက်တော့ တိုက်ရိုက်ထုတ်လွှင့်မှုမှပရိသတ်တွေရဲ့ အားပေးသံတွေ ပိုကျယ်လာခဲ့သည်။

“ဟာ စိန်အဆင့် စိန်အဆင့်”

“သခင်ကြီးက ခုတစ်မဟုတ်ချင်း စိန်အဆင့်ဖြစ်သွားတယ်!”

“ဟာကွာ… သိပ်အားကျတာပဲ အဲဒါ ယွမ် ၁၀ ဘီလီယံထက် ပိုကုန်မှာပဲ”

“ငါ မှတ်မိသလောက်ဆို သခင်ကြီးက ပလက်တီနမ်အဆင့်ဖြစ်တာ မကြာသေးဘူး သူ ဖြည့်ထားတဲ့ တန်ဖိုးက ယွမ် ၁၀ ဘီလီယံပြည့်ဖို့လိုလောက်သေးတယ် ဆိုလိုတာက သခင်ကြီးကအနည်းဆုံး ယွမ် ၅ ဘီလီယံ ဖြည့်လိုက်တာပေါ့”

“ဘုရားရေ…သခင်ကြီးကတော့သခင်ကြီးပဲ အားလုံးသူ့ကိုကိုးကွယ်ကြဟေ့”

သူတို့အားလုံး စိတ်လှုပ်ရှားနေကြပြီး နတ်မိမယ်ယွဲ့လင် လည်း အံ့အားသင့်နေသည်။

မည်သည့်တိုက်ရိုက်‌ထုတ်လွှင့်သူအတွက်မဆို စိန်အဆင့်သခင်ကြီးဆိုသည်မှာ တိုက်ရိုက်ထုတ်လွှင့်မှုမှာ တန်ဖိုးရှိသော တည်ရှိမှုတစ်ခုဖြစ်သည်။

သူမလိုနာမည်မရှိသည့်တိုက်ရိုက်‌ထုတ်လွှင့်သူထံတွင် အားပေးတဲ့သခင်ကြီးများများစားစား မရှိပေ။ ပလက်တီနမ်အဆင့်သခင်ကြီးအနည်းငယ်သာ ရှိသည်။

ကျိုးဟောင် ရုတ်တရက် စိန်အဆင့်သခင်ကြီး ဖြစ်လာတာက သူမကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။ ဒါက သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိုမိုရေပန်းစားလာစေသည်။

ကျိုးဟောင်က စိန်အဆင့်သခင်ကြီးဖြစ်တာကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို လူသိများအောင် လုပ်ပေးနိုင်သည်။ သူ တစ်ယောက်ယောက်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုထဲ ဝင်ပြီး ပိုက်ဆံသုံးလိုက်တာနဲ့ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်က တိုက်ရိုက်ထုတ်လွှင့်သူကို အလိုအလျောက် ပရိုမိုးရှင်းလုပ်ပေးသည်။

ဒါကစိန်အဆင့်အဖွဲ့ဝင်တစ်ယောက်ရဲ့ အခွင့်အာဏာနဲ့ အစွမ်းအစဖြစ်သည်။

ကျိုးဟောင်က ဒါကို ဂရုမစိုက်ဘဲ တိုက်ရိုက်ထုတ်လွှင့်မှုထဲက လက်ဆောင်တွေကို အလျင်အမြန် စစ်ဆေးလိုက်သည်။

မူရင်း ရှားပါးအဆင့်စွမ်းအင်ဘား ကလည်း အထွတ်အထိပ်အဆင့်စွမ်းအင်ဘား ဖြစ်သွားပြီး၊ နားလည်နိုင်စွမ်းအပိုင်းအစမှာလည်း နားလည်နိုင်စွမ်းစာအုပ်ဖြစ်သွားသည်။ ဒါ့အပြင် ကျိုးဟောင်ကို ပိုစိတ်လှုပ်ရှားစေတဲ့ အရာတစ်ခုလည်း ရှိသေးသည်။

၎င်းမှာခန္ဓာပုံသွင်းအနှစ်သာရအရည်ပင်။

ဒီပစ္စည်းက အလွန်တန်ဖိုးရှိသည်။ တစ်ခုလျှင် ယွမ် ၅၀ သန်း ကုန်ကျသည်။

အထွတ်အထိပ်အဆင့်စွမ်းအင်ဘားက တစ်ခုကို ယွမ် ၅ သန်းသာ ကုန်ကျသည်။ နားလည်နိုင်စွမ်းစာအုပ်ကလည်း စျေးမ‌ပေါပေ။ တစ်ခုကို ယွမ် ၁၀ သန်း ကုန်ကျသည်။

ဒါက တကယ်ကို သာမန်သူဌေးတွေ ဝယ်နိုင်တဲ့အရာ မဟုတ်ပေ။

သို့သော်လည်း ကျိုးဟောင်က ဂရုမစိုက်ပေ။ သူက ကံကြမ္မာဘုရင်မရဲ့ အထောက်အပံ့ ရထားပေရာယခုတစ်ခါတော့ သူ အဝယူရမည်။

အရေးအကြီးဆုံးကတော့ ခန္ဓာပုံသွင်းအနှစ်သာရအရည်ပင်ဖြစ်သည်။

ကျိုးဟောင် ပြန်ရောက်ပြီးနောက် သူ၏ရှေးဟောင်းခန္ဓာသိုင်း စတင်အလုပ်လုပ်တာကို သူ မတွေ့ရသေးပေ။ သို့သော် သူက စကြာဝဠာအသက်ပုံစံကို ဖန်တီးချင်သမျှကာလပတ်လုံး ခန္ဓာပုံသွင်းရည် လိုအပ်မည်ဖြစ်သည်။

ကျိုးဟောင်က လက်ရှိ တတိယအဆင့်အသက်ပုံစံဖြစ်ပြီး ပထမအဆင့်အသက်ပုံစံဖြစ်ဖို့ နည်းနည်းလိုသေးသည်။ ဒါကြောင့် သူက ဒီ ခန္ဓာပုံသွင်းအနှစ်သာရအရည်ကို ရယူဖို့ စိတ်ပိုင်းဖြတ်ထားသည်။

ဘာမှမပြောဘဲ ကျိုးဟောင်မှာ ချက်ချင်း ခန္ဓာပုံသွင်းအနှစ်သာရအရည် ၁၀၀ကို လက်ဆောင်ပေးလိုက်သည်။

တစ်ရာလုံးဆို စုစုပေါင်း ၅ ဘီလီယံ ကုန်ကျသည်။

ဒါ့အပြင် ကျိုးဟောင်က သူ့ရဲ့ မြှောက်ဖော်ကိန်းကို ကြည့်လိုက်သည်။ ၎င်းမှာ ၁ မှ ၁ သောင်းအတွင်းဖြစ်သည်။

သူသာ အနိုင်ရခဲ့ရင် အလွန်ပင်ကောင်းမည်မဟုတ်ပေလော။

ကျိုးဟောင်မှာ ဘာမှမပြောဘဲ ချက်ချင်း လက်ဆောင်ပေးလိုက်သည်။

တမဟုတ်ချင်း ဖန်သားပြင်မှာကြေညာချက်များပေါ်လာသည်!

“ဒင် ဆုလာဘ် ၃၀၀၀ ဆ ရရှိခဲ့သည့်အတွက် ‘ငါကသာမန်လူတစ်ယောက်ပါပဲ’အား ဂုဏ်ပြုပါသည်”

“ဒင် ဆုလာဘ် ၈၀၀၀ ဆ ရရှိခဲ့သည့်အတွက် ‘ငါကသာမန်လူတစ်ယောက်ပါပဲ’အား ဂုဏ်ပြုပါသည်”

“ဒင် ဆုလာဘ် ၆၀၀၀ ဆ ရရှိခဲ့သည့်အတွက် ‘ငါကသာမန်လူတစ်ယောက်ပါပဲ’အား ဂုဏ်ပြုပါသည်"

“ဒင် ဆုလာဘ် ၁၀၀၀၀ ဆ ရရှိခဲ့သည့်အတွက် ‘ငါကသာမန်လူတစ်ယောက်ပါပဲ’အား ဂုဏ်ပြုပါသည်”

ဒီမြင်ကွင်း ပေါ်လာတာနဲ့ လူတိုင်းရဲ့စိတ်မှာ ဗလာဖြစ်သွားသည်။

တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ကောင်းကင်တစ်ခုလုံး ကျိုးဟောင်ဆီက လက်ဆောင်တွေနဲ့ ပြည့်နှက်နေသည်။ သူတို့က လက်ဆောင်တွေကို လုံးဝမကြည့်ဘဲ ဆုလာဘ်တွေကြောင့်သာ အံ့အားသင့်နေကြသည်။

ပတ်ပတ်လည်ကြည့်လိုက်တော့ မြှောက်ဖော်ကိန်းတွေအားလုံး ၁၀၀၀ အထက်မှာ ရှိနေသည်။

ဒီလိုမျိုး မြှောက်ဖော်ကိန်းမျိုးနဲ့ဆိုပါက အမှိုက်တွေနဲ့ ဆုချခံရရင်တောင် အမြတ်ထွက်နေမှာပင်!

“ဟာကွာ… ဟာကွာ”

“မင်း အဖိုးကို ဟာကွာ”

“ဒီ… ဒီကောင်ကွာ…”

“သခင်ကြီး… ဒါက အရမ်းကြမ်းတယ်ကွာ”

“ဒါ ‘ငါကသာမန်လူတစ်ယောက်ပါပဲ’ ရဲ့ အစွမ်းအစလား”

ဒီမြင်ကွင်းက ဒီတိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲမှာတင် မကဘဲကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ရဲ့ ကောင်းကင်တစ်ခုလုံးမှာလည်း ပေါ်လာသည်။

လူတိုင်းက ဒီမြင်ကွင်းကို တွေဝေစွာ ကြည့်နေကြပြီး ပါးစပ်အဟောင်းသား ဖြစ်နေသည်။

ဒီလိုမျိုးအရာကို လူတစ်ယောက်တည်းမှပြုလုပ်နေခြင်းဆိုသည်ကို သူတို့ မယုံဝံ့ကြပေ။

နတ်မိမယ်ယွဲ့လင်သည်လည်း စိတ်လှုပ်ရှားစွာ ပါးစပ်ကို လက်ဖြင့်အုပ်ထားသည်။ သူမက တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှာ တစ်ခါတုန်းက သူမမျက်နှာကို ပြသဖူးသည်။ ဒါကြောင့် သူမရဲ့ ပုံရိပ်ယောင် အထောက်အထားက သူမရဲ့ တကယ့်အထောက်အထားဖြစ်သည်။

သူမရဲ့ ပုံရိပ်ယောင် အထောက်အထားက သူမရဲ့ ထူးခြားတဲ့ သိမ်မွေ့တဲ့ ရနံ့ကို ဖော်ပြနိုင်ခြင်း မရှိသော်လည်း သူမက လှပတဲ့ အမျိုးသမီးတစ်ဦးဆိုတာ သိသာထင်ရှားသည်။

သို့သော်လည်း ဒီအချိန်မှာတော့ ဒီလှပတဲ့ အမျိုးသမီးက သူမပုံရိပ်ကို ဂရုမစိုက်တော့ဘဲ အံ့သြစွာပါးစပ်ပင်ဟောင်းလောင်းပွင့်နေပေသည်။

ကျိုးဟောင်က ဂရုမစိုက်တော့ပေ။ ကံကြမ္မာဘုရင်မရဲ့ ကောင်းချီးနဲ့ဆိုပါက သူက လက်ဆောင်တွေကို ဦးနှောက်မပါဘဲပေးနေနိုင်မည်ဖြစ်သည်။

သူ့ကျောပိုးအိတ်ထဲက ခန္ဓာပုံသွင်းရည်အရေအတွက်ကို မရေမတွက်နိုင်တော့သော်လည်း ကျိုးဟောင်မှာဂရုမစိုက်ပေ။ သူနားလည်နိုင်စွမ်းစာအုပ်အများကြီးအပြင် အထွတ်အထိပ်အဆင့်စွမ်းအင်ဘားတွေကိုလည်း လက်ဆောင်ပေးခဲ့သည်။

ဒီအချိန်မှာ လူတိုင်း အံ့အားသင့်နေကြသည်။

နတ်မိမယ်ယွဲ့လင် ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း လူပေါင်းများစွာ ချက်ချင်း ဝင်လာကြသည်။

ကျိုးဟောင်မှာပြုံးလိုက်ပြီး သူ့ဆုလာဘ်တွေက မဆိုးဘူးလို့ ခံစားရသည်။ ယွမ် ၇.၈ ဘီလီယံ သုံးပြီးနောက် သူ ထွက်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကနေ ထွက်ခွာသွားခဲ့သည်။

ကျိုးဟောင်ရဲ့ ဒီလုပ်ရပ်က တခြားတိုက်ရိုက်ထုတ်လွှင့်မှုခန်းတွေထဲက လူတွေကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

သူတို့က ကျိုးဟောင်ထက်တကယ်ပင်အများကြီးနိမ့်ကျသည်။ ဒီလောက်များတဲ့ ပိုက်ဆံတွေကို မြန်မြန်ထွက်သွားဖို့သက်သက်နဲ့ ဝင်သုံးနိုင်တဲ့ တခြားဘယ်သူမှမရှိပေ။

“ဒါက သခင်ကြီးလားသူ ဒီလောက်များတဲ့ လက်ဆောင်တွေ ပေးပေမဲ့ ဘာမှ ပြန်မတောင်းဘူးလား”

“ဘုရားရေ နတ်မိမယ်ယွဲ့လင်က တကယ်ပဲ အမြတ်အစွန်းများတယ် ဒီလိုသခင်ကြီးရှိနေရင် အနာဂတ်မှာ ဘာကို စိတ်ပူစရာ ရှိတော့မှာလဲ”

“ဟဲဟဲ၊ ငါ့အမြင်အရဆို နတ်မိမယ်ယွဲ့လင် နဲ့ ‘ငါကသာမန်လူတစ်ယောက်ပါပဲ’ ကြားမှာ မသင်္ကာစရာ တစ်ခုခု ရှိရမယ် မဟုတ်ရင် သခင်ကြီးက ဒီလောက်ရက်စက်မှာ မဟုတ်ဘူး။ မင်းတို့ မမြင်ဘူးလားအဆင့် ၂ နေရာက လူပေးတဲ့ လက်ဆောင်တွေကသခင်ကြီး ပေးတဲ့ လက်ဆောင်တွေထက် အများကြီး နည်းနေတယ်…”

သူတို့ တိတ်တိတ်ကလေး ခန့်မှန်းနေကြတုန်းမှာနတ်မိမယ်ယွဲ့လင်သည်လည်း အံ့အားသင့်နေသည်။ ကျိုးဟောင်ချက်ချင်းထွက်သွားတာကို မြင်တော့ သူမ အလွန်ရှုပ်ထွေးသွားပြီး ကျိုးဟောင်ကို ချက်ချင်းစာပို့လိုက်သည်။

“သခင်ကြီး ဘာ… ဘာလို့ ထွက်သွားတာလဲ…”

ကျိုးဟောင်မှပြုံးပြီး ပြန်ဖြေလိုက်သည်

“အထူးအကြောင်းပြချက် မရှိပါဘူး လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေ ဖွင့်ချင်လို့ပါ။”

“ဪသခင်ကြီး… ကျွန်မ...ကျွန်မ...မကြာခင်လိုင်းပေါ်ကဆင်းတော့မယ် ကျွန်မရဲ့ ကိုယ်ပိုင်နေရာကို ဧည့်သည်အဖြစ် ဖိတ်ခေါ်လို့ ရမလား မသိဘူး။”

နတ်မိမယ်ယွဲ့လင်မှာနည်းနည်းတော့ စိတ်လှုပ်ရှားနေခဲ့သည်။ ကျိုးဟောင်မလာမှာကို သူမ စိုးရိမ်နေသည်။

ကျိုးဟောင်သည် ကိုယ့်ရဲ့ ကိုယ်ပိုင်နေရာအား တခြားလူကို ဖိတ်ခေါ်လို့ ရသေးတယ်ဆိုတာ သူ မသိခဲ့ပေ။ ဒါကြောင့် သူ ခဏစဉ်းစားပြီး သဘောတူလိုက်သည်။

“ကောင်းပြီလေ တိုက်ရိုက်လွှင့်တာပြီးရင် ငါ့ကို လာခေါ်လိုက်”

ကျိုးဟောင်မှာ ပြောပြီးနောက် သူ သိပ်မစဉ်းစားတော့ဘဲ လျှို့ဝှက်ဆန်းကြယ်သေတ္တာကို ဖွင့်လိုက်သည်။

ဒီတစ်ခါက ပလက်တီနမ်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာဖြစ်သည်။ သို့သော်လည်း ကျိုးဟောင်လိုချင်တဲ့ ရတနာကတော့ ပါနေတုန်းပဲ ဖြစ်သည်။

....................................................................................

အခန်း (၅၉၄) ပြီးပါပြီ။

All Chapters