← Chapters

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အခန်း (၅၉၅) : ပွဲတက်ရောက်ခြင်း

ကျိုးဟောင်သည် ပလက်တီနမ်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာများစွာကို ဖွင့်ပြီးပြီဖြစ်သည်။ ဤအရာသည် စွမ်းအင်များစွာ ကုန်ဆုံးစေသော်လည်း ဆုလာဘ်များသည် အလွန်ကောင်းမွန်သည်ပြောရမည်။

ယခုမူ ကျိုးဟောင်၏လျှို့ဝှက်ဆန်းကြယ်သေတ္တာသည် အဆင့်မြင့်သွားပြီဖြစ်သောကြောင့် ယခင်ကနှင့် မနှိုင်းယှဉ်သာတော့ပေ။

“စိန်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာကရော ဘာထူးခြားလဲ”

ကျိုးဟောင်သည် ယွမ် သန်း ၁၀၀ ဖြင့် တစ်ခုဝယ်ပြီး ဖွင့်လိုက်သည်။

ဖွင့်ပြီးနောက် ကျိုးဟောင်သည် ခဏမျှ ကြောင်သွားသည်။

ဤလျှို့ဝှက်ဆန်းကြယ်သေတ္တာနှင့်သည် ပလက်တီနမ်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာတကယ်ပင်ကွာခြားသည်။ ၎င်း၏ လုပ်ဆောင်နိုင်စွမ်းသည် ပိုမိုအားကောင်းလာသည်။

ပလက်တီနမ်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာ က မိမိလိုအပ်သောသိုင်းကျင့်စဉ်ကို ထည့်သွင်းခွင့်ပြုသည်။ ထည့်သွင်းပြီးနောက်ထိုကျင့်စဥ်ရလာနိုင်ခြေရှိပြီး သိုင်းကျင့်စဉ်ကိုပင် ပြည့်စုံအောင်လုပ်ကာ အဆင့်မြှင့်တင်နိုင်သည်။

စိန်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာကမူ ပို၍ပင် ရိုးရှင်းကာတိုက်ရိုက်ဆန်သည်။

မိမိလိုချင်သော သိုင်းကျင့်စဉ်ကို တိုက်ရိုက်ရေးနိုင်သည်။ နာမည်ကို မသိလျှင်ပင် အကျဉ်းချုပ်ကို ထည့်သွင်းလိုက်ပါက စနစ်က ထိပ်တန်းသိုင်းကျင့်စဉ်တစ်ခုကို ရှာဖွေပေးမည်ဖြစ်သည်။

ဥပမာအားဖြင့်သူတော်စင်ဘုံအဆင့်အထက်ရှိ ခန္ဓာကိုယ်ပုံသွင်းသိုင်းကျင့်စဉ်များကိုဖြည့်သွင်းနိုင်သည်။

ဤနည်းဖြင့် လျှို့ဝှက်ဆန်းကြယ်သေတ္တာများမှ ထွက်ရှိလာသော ဆုလာဘ်များသည် ပိုမိုတိကျသည်။

ရွှေကျီးလွတ်မြောက်ရေးသိုင်းကဲ့သို့သော သိုင်းကျင့်စဉ်တစ်ခုခုကို လိုချင်ပါက တိုက်ရိုက်ရေးချနိုင်သည်။

ကျိုးဟောင်သည် အသက်ရှူသွင်းပြီး ခဏမျှ စဉ်းစားကာ နတ်ဘုရားဖျက်ဆီးသိုင်း ဟု ရေးထည့်လိုက်သည်။

ဤ နတ်ဘုရားဖျက်ဆီးသိုင်း သည် နတ်ဘုရားသတ်သိုင်း၏ အဆင့်မြှင့်တင်ထားသော သိုင်းကျင့်စဉ်ဖြစ်သည်။

နတ်ဘုရားသတ်သိုင်း ကပင် အလွန်အားကောင်းနေပြီဖြစ်ရာ ဤ နတ်ဘုရားဖျက်ဆီးသိုင်း က မည်မျှအားကောင်းမည်ကို ကျိုးဟောင် တကယ်ပင် မသိပေ။

ဤအကြောင်းကို တွေးမိသောအခါ ကျိုးဟောင်သည် ယွမ် ၂ ဘီလီယံ သုံးစွဲကာ စိန်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာအလုံး၂၀ ကို တိုက်ရိုက်ဝယ်ယူ ဖွင့်လှစ်လိုက်သည်။

ကံကြမ္မာဘုရင်မ၏အကူအညီဖြင့် ကျိုးဟောင်သည် အားလုံးကိုလျစ်လျူရှုကာချက်ချင်းဖွင့်လိုက်သည်။

“ဒင် စိန်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာကိုဖွင့်ပြီး 'နဂါးဘုရင်ချပ်ဝတ်အစိတ်အပိုင်း' ကို ရရှိခဲ့သည့်အတွက် ‘ငါကသာမန်လူတစ်ယောက်ပါပဲ’ အားဂုဏ်ပြုပါသည်။”

“ဒင် စိန်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာကိုဖွင့်ပြီး စိန်အဆင့်သိုင်းကျင့်စဉ်—အရိပ်တစ်ထောင်ကို ရရှိခဲ့သည့်အတွက် ဂုဏ်ပြုပါသည်။”

“ဒင် စိန်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာကိုဖွင့်ပြီး စိန်အဆင့်သိုင်းကျင့်စဉ်—သွေးမိစ္ဆာခုတ်ချက်ကို ရရှိခဲ့သည့်အတွက် ဂုဏ်ပြုပါသည်။”

“ဒင် စိန်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာကိုဖွင့်ပြီးစိန်အဆင့်လက်နက်—နဂါးကြေးခွံဓား ကို ရရှိခဲ့သည့်အတွက် ဂုဏ်ပြုပါသည်။”

…

သူသည် သေတ္တာများအား ဆက်တိုက်ဖွင့်ခဲ့သည်။ ပစ္စည်းများသည် မဆိုးလှသော်လည်း ကျိုးဟောင် လိုချင်သောအရာများ မဟုတ်သဖြင့် သူ့ကို အနည်းငယ် စိတ်ဓာတ်ကျသွားစေခဲ့သည်။

သို့သော်လည်း သူ စိတ်ဓာတ်မကျခဲ့ပေ။ နတ်ဘုရားသတ်သိုင်း ၏ အဆင့်မြင့်သိုင်းကျင့်စဉ်ဖြစ်သော နတ်ဘုရားဖျက်ဆီးသိုင်းသည် အလွန်ရှားပါးကြောင်း သူအရင်ကတည်းက သိထားခဲ့ပေသည်။ နောက်ဆုံးအကြိမ် ကြိုးစားစဥ်ကလည်း အကြာကြီး ကြိုးစားခဲ့သော်လည်း မရခဲ့သေးပေ!

ဒီတစ်ခါတော့ သူ သိပ်ပြီး မျှော်လင့်မထားခဲ့ပေ။

“ဒင် စိန်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာကိုဖွင့်ပြီး စိန်အဆင့်ဆေးဝါး—'စကားတစ်ထောင်လင်ဇီး' ကို ရရှိခဲ့သည့်အတွက် ‘ငါကသာမန်လူတစ်ယောက်ပါပဲ’ အားဂုဏ်ပြုပါသည်။”

“ဒင် စိန်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာကိုဖွင့်ပြီးစိန်အဆင့်လက်နက်—စကြဝဠာဖျက်ဓား ကို ရရှိခဲ့သည့်အတွက် ဂုဏ်ပြုပါသည်။”

“ဒင် စိန်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာကိုဖွင့်ပြီးစိန်အဆင့်လက်နက်—နတ်ဘုရားရောင်ခြည်လှံ ကို ရရှိခဲ့သည့်အတွက် ဂုဏ်ပြုပါသည်။”

“ဒင် စိန်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာကိုဖွင့်ပြီး စိန်အဆင့်သိုင်းကျင့်စဉ်—နတ်ဘုရားဖျက်ဆီးသိုင်းကို ရရှိခဲ့သည့်အတွက် ဂုဏ်ပြုပါသည်။”

ကျိုးဟောင်သည် နောက်ထပ် အနည်းငယ် ဖွင့်လိုက်ပြီး နောက်ဆုံးတွင် ကို နတ်ဘုရားဖျက်ဆီးသိုင်းကို အောင်မြင်စွာ ရရှိခဲ့‌‌ပေသည်။

ထိုအချိန်တွင် ကျိုးဟောင်သည် သူ၏ ကံကြမ္မာအမှတ်များ ချက်ချင်းဆိုသလိုပင် ၉၀%မျှကုန်ဆုံးသွားပြီး နောက်ဆုံးတွင် အများကြီး မကျန်တော့သည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။

သူ၏ ကံကြမ္မာအဆင့်သည်လည်း ကံကြမ္မာဘုရင်မမှ ကြွယ်ဝသောကံကြမ္မာအဆင့် သို့ ပြောင်းလဲသွားခဲ့သည်။

ကျိုးဟောင်သည် ယနေ့အတွက် သူ့လျှို့ ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်လှစ်ခြင်းအစီအစဉ်မှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အလွန်အံ့သြသွားသည်။

ယခုအခါ သူသည်ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းနှင့် နတ်ဘုရားဖျက်ဆီးသိုင်း နှစ်ခုလုံးကိုဆောင်ထားပြီး ၎င်းအပြင်ရှေးဟောင်းခန္ဓာသိုင်းကျင့်စဉ်ကိုလည်း လေ့ကျင့်နေပေသည်။ သူ အောင်မြင်သွားပါက သူ၏ ခန္ဓာကိုယ် မည်မျှအားကောင်းမည်ကို မှန်းဆနိုင်ပေသည်။

ကျိုးဟောင်မှာ ရယ်မောလိုက်ပြီး နတ်ဘုရားဖျက်ဆီးသိုင်းကို ချက်ချင်း သင်ယူလိုက်သည်။

သူသည် နတ်ဘုရားသတ်သိုင်းနှင့်လိုက်ဖက်မှုမှာ ၁၀၀%ရှိပြီးသားဖြစ်ရာ ဤနတ်ဘုရားဖျက်ဆီးသိုင်းကို သင်ယူခြင်းသည် သိပ်မကွာခြားတော့ပေ။ မကြာမီ လိုက်ဖက်မှုမှာ ၈၀%အထိရောက်နိုင်ပေလိမ့်မည်။

ကျိုးဟောင်သည် အလွန်အံ့သြနေသည်။ ထိုအချိန်တွင် သူသည်ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ကို အသုံးပြုနေသဖြင့် စမ်းသပ်ကြည့်လို့ မရနိုင်ပေ။ ကျိုးဟောင်သည်ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်မှ ထွက်ပြီး အပြင်ဘက်တွင် နတ်ဘုရားဖျက်ဆီးသိုင်းမည်မျှအားကောင်းသည်ကို စမ်းသပ်ကြည့်ရန် ပြင်ဆင်နေစဉ်နတ်မိမယ်ယွဲ့လင်ထံမှ စာရောက်လာခဲ့သည်။

“သခင်ကြီး အဆင်သင့်ဖြစ်ပြီ ကျွန်မရဲ့ ကိုယ်ပိုင်နေရာကို ဝင်ခွင့်ပြုထားပြီ တိုက်ရိုက်လာလို့ ရတယ်”

ကျိုးဟောင်မှာ ကြည့်လိုက်ပြီး အနည်းငယ် တုံ့ဆိုင်းသွားသည်။

သူ မသွားပါကလည်း သိပ်မကောင်းပေ။

သို့သော် သူ့လိုယောက်ျားလေးတစ်ယောက်က သူမနေရာကို သွားတာကလည်း သိပ်မကောင်းပေ။

သို့သော်လည်း ပြန်စဉ်းစားကြည့်သောအခါ ဤနေရာသည်ပုံရိပ်ယောင်သာဖြစ်ပြီး သိပ်အရေးမကြီးပေ။ ထို့ကြောင့် ကျိုးဟောင်သည် ခပ်ဖွဖွထိလိုက်ပြီး နတ်မိမယ်ယွဲ့လင်၏ ကိုယ်ပိုင်နေရာသို့ တိုက်ရိုက်ဝင်ရောက်သွားလိုက်သည်။

ဝင်ရောက်သွားသည်နှင့် ကျိုးဟောင်သည် ငှက်များ၏အသံနှင့် ပန်းများ၏ရနံ့ကို ရရှိလိုက်သည်။ ထို့နောက် သူသည်ကောင်းကင်ဘုံတစ်ခုကို တွေ့လိုက်ရသည်။

တောင်များ၊ မြစ်များ၊ သစ်တောများအပြင် ဤလှပသောနေရာတွင် ရှေးဟောင်းအဆောင်ငယ်လေးတစ်ခုရှိသည်။ နတ်မိမယ်ယွဲ့လင်သည် အဆောင်ထဲတွင် ထိုင်လျက် ကြိုးတပ်တူရိယာကို သာယာသော တေးသွားဖြင့် တီးခတ်နေသည်။

နတ်မိမယ်ယွဲ့လင်သည် ကျိုးဟောင် ရောက်လာပြီဖြစ်ကြောင်း သိသောအခါ ချက်ချင်း တီးခတ်တော့သည်။ အသံသည် အလွန်ချိုသာပြီး ကျိုးဟောင်သည် ထိုမျှသာယာသော တေးသွားကို တစ်ခါမျှ မကြားဖူးပေ။

နတ်မိမယ်ယွဲ့လင်မှာ နတ်သမီးတစ်ပါးပမာပင်။ သူမသည် ရှေးဟောင်း မသေမျိုးအငွေ့အသက်ရှိသည့်အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ကျိုးဟောင်သည် ရုပ်မြင်သံကြားဇာတ်လမ်းတစ်ခုမှ မြင်ကွင်းကို ကြည့်နေရသလိုပင်။

ကျိုးဟောင်သည် ဤအရာကို မြင်သောအခါ တကယ်ပင် အံ့အားသင့်သွားသည်။

ဖျော်ဖြေပွဲ ပြီးဆုံးသောအခါ ကျိုးဟောင်မှာချက်ချင်းပင်လက်ခုပ်ထတီးလိုက်သည်။

“ကောင်းတယ်၊ တကယ်ကို ကောင်းတယ်။”

ကျိုးဟောင်သည် ဂီတကို မသိသော်လည်း သာယာသည်လား မသာယာဘူးလားဆိုတာကိုတော့ ပြောနိုင်သေးသည်။

သူမ၏ တူရိယာသံသည် စိတ်ကို လှုပ်ရှားစေသည်။ နားထောင်ပြီးနောက် စိတ်ခံစားချက် မြင့်တက်လာသည်။ ၎င်းသည် သေမျိုးလောကတွင် ကောင်းမွန်သော သံစဥ်တစ်ခုပင်။

“သခင်ကြီး အားနာလွန်းနေပါပြီ ”

နတ်မိမယ်ယွဲ့လင်၏မျက်နှာ နီမြန်းသွားပြီး သူမသည်ကျိုးဟောင်ထံလျှောက်လာကာ လှပစွာဦးညွှတ်လိုက်သည်။

“သခင်ကြီး ရှင့်အတွက် ဝိုင်အချို့ ပြင်ဆင်ထားတယ် မြည်းကြည့်ပါဦး”

ပြောရင်း နတ်မိမယ်ယွဲ့လင်သည် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ အလွန်သေးငယ်သော ကျောက်စားပွဲနှင့် ကုလားထိုင်တစ်ခုသည် နေရာလွတ်တွင် ပေါ်လာသည်။ ၎င်းပေါ်တွင် ဟင်းပွဲအချို့နှင့် ဝိုင်အိုးတစ်လုံး ရှိသည်။ ၎င်းမှာ အလွန်ထူးခြားပေသည်။

ကျိုးဟောင်မှာပြုံးလိုက်ပြီး ထိုင်လိုက်သည်။

“ဒီပုံရိပ်ယောင်လောကမှာ ဒီအရာတွေကိုခံစားနိုင်တယ်လား”

ကျိုးဟောင်သည် ဝိုင်နှင့် အစားအသောက်များကို လက်ညှိုးထိုးပြကာမေးလိုက်သည်။

“ဟုတ်တယ် ဒီပုံရိပ်ယောင်လောကက ရှင့်ရဲ့ အာရုံခံစားမှုတွေနဲ့ ချိတ်ဆက်ထားတာ ရှင်သာဆန္ဒရှိရင် ရှင့်ခန္ဓာကိုယ်က ဒီက အရာအားလုံးကို တိတိကျကျ ခံစားနိုင်တယ်”

နတ်မိမယ်ယွဲ့လင်မှာပြုံးလိုက်ပြီး ကျိုးဟောင်အတွက် တစ်ခွက် ငှဲ့ပေးလိုက်သည်။

ကျိုးဟောင်၏ပုံရိပ်ယောင်ပုံရိပ်သည် သံမဏိချပ်ဝတ်ဖြင့် ဖုံးအုပ်ထားသော်လည်း ပါးစပ်ပေါက်တော့ရှိပေသည်။ ကျိုးဟောင်မှာဖန်ခွက်ကို ကောက်ယူပြီး တစ်ငုံတည်းသောက်လိုက်ရာ သူ့ပါးစပ်မှ အလွန်ချိုမြိန်သော အရသာတစ်ခုထွက်ပေါ်လာခဲ့သည်။

“အရသာရှိလိုက်တာ ဒါ ဝိုင်လား”

ကျိုးဟောင်မှာ မနေနိုင်ဘဲမေးလိုက်သည်။

“ဒါက သစ်သီးဝိုင်ပါ ဆိုင်မှာ ရောင်းတဲ့ အမျိုးအစားပဲ တကယ်တော့ ကျွန်မ တစ်ခါမှ မသောက်ဖူးသေးဘူး”

နတ်မိမယ်ယွဲ့လင်မှာပြုံးလိုက်ပြီး သူမလည်း ဝိုင်ကို သောက်လိုက်ကာမနေနိုင်ဘဲ ခေါင်းညိတ်လိုက်သည်။

ဝိုင်တစ်ခွက် သောက်ပြီးနောက်နတ်မိမယ်ယွဲ့လင်သည် ကျိုးဟောင်ကို ကြည့်ပြီး ပြုံးလိုက်သည်။

"သခင်ကြီး ရှင် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ကို မလာတာကြာပြီ တစ်ခုခုများ… ကြုံခဲ့ရလို့လား”

နတ်မိမယ်ယွဲ့လင်သည်မေးရင်း သူမ၏ပုံစံသည်စိုးရိမ်မှုများဖြင့်ပြည့်နှက်နေသဖြင့် ကျိုးဟောင်မှာအနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသည်။

“ဪ… ငါ ကိုယ်ရေးကိုယ်တာ ကိစ္စလေး ရှိလို့ပါ အဆင်ပြေသွားပြီ”

ဟု ကျိုးဟောင်က ပြုံးလျက် ပြောလိုက်သည်။

“ဪ… ကျွန်မ ထင်တာက… သခင်ကြီးက ကျွန်မရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို မလာချင်တော့ဘူးလို့ထင်လို့ သခင်ကြီးမှာ အလုပ်ရှိနေတာကိုး ကျွန်မ အများကြီး တွေးနေမိတာပဲ"

နတ်မိမယ်ယွဲ့လင်၏မျက်နှာမှာ နီမြန်းသွားပြီး သူမသည်မနေနိုင်ဘဲ ပြောလိုက်သည်။ ဤသို့ပြောပြီးနောက် ကျိုးဟောင်မှာစိတ်ထဲမှတွေးလိုက်မိသည်။ ဤမိန်းမ ဘာကို ဆိုလိုချင်ပါသလဲ…

....................................................................................

အခန်း (၅၉၅) ပြီးပါပြီ။

အခန်း (၅၉၆) : ထူးဆန်းသောနှစ်ယောက်

နတ်မိမယ်ယွဲ့လင်က သူမပြောလိုက်သောစကားမှာအနည်းငယ်ထူးဆန်းကြောင်း သိလိုက်ဟန်တူသည်။ သူမ၏ လှပသောမျက်နှာ ချက်ချင်းနီရဲသွားပြီး အလျင်အမြန် ရှင်းပြသည်။

“အမ်… ကျွန်မ ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ သခင်ကြီး နားလည်မှုလွဲမသွားပါနဲ့…”

ကျိုးဟောင်မှာ ဘာမှမပြောပေ။ ရိုးရိုးသားသားပြောရလျှင် သူသည် ဤအမျိုးသမီးကို ကြိုက်သောကြောင့် သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုကို လာရောက်၍ လက်ဆောင်များဝယ်ယူခြင်းမဟုတ်ပေ။ သူသည် ကံကြမ္မာအမှတ်များစွာ ရရှိထားပြီး ပစ္စည်းကောင်းများစွာ ရယူလိုခြင်းသာ ဖြစ်သည်။

သူ ဘယ် တိုက်ရိုက်ထုတ်လွှင့်ရေးခန်းကို သွားသွား အတူတူပင်ဖြစ်သည်။ ထို့ကြောင့်နတ်မိမယ်ယွဲ့လင်၏ ရုတ်တရက် ကြင်နာမှုကြောင့် ကျိုးဟောင် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။

သူ့စိတ်ထဲတွင်သူမကို မြှူဆွယ်မိသလို ခံစားရစေသည်။

“အမ်… နတ်မိမယ်ယွဲ့လင် ဘာလို့ ကျွန်တော့်ကို ခေါ်တာလဲ”

ကျိုးဟောင်မှ မေးလိုက်သည်။

“ကျေးဇူးတင်ဖို့ ခေါ်တာပေါ့ သခင်ကြီးကြောင့် ကျွန်မရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကက ချက်ချင်း ရေပန်းစားလာတယ်။ ကျွန်မရဲ့ ပရိသတ်အင်အားလည်း အများကြီး တိုးလာတယ်။ ဒါကြောင့်… ကျွန်မ ဒီနေ့ သခင်ကြီးကို အထူးကျေးဇူးတင်ဖို့ ခေါ်တာပါ သခင်ကြီးကကျွန်မအတွက် အများကြီး လုပ်ပေးထားတော့ ကျွန်မလည်း ပြန်ပေးဆပ်ရမှာပေါ့…”

နတ်မိမယ်ယွဲ့လင်မှာထိုစကားအားပြောပြီးနောက် ရှက်သွားသည့်ပုံပင်။ ကျိုးဟောင်က အလျင်အမြန် ပြောလိုက်သည်။

“အမ်… ရပါပြီ၊ ရပါပြီကျွန်တော်လည်း အကျိုးအမြတ်တွေ အများကြီး ရခဲ့ပါတယ်…”

ကျိုးဟောင်မှာ အလျင်အမြန်ပင် လက်ဝှေ့ယမ်းလိုက်သည်။ ဤနေရာကလေထုမှာရုတ်တရက် ပြောင်းသွားသလိုခံစားနေရပေသည်။

“ဘာဖြစ်လို့လဲ သခင်ကြီး ကျွန်မရှင့်အတွက် ဂရုတစိုက် ပြင်ဆင်ထားတဲ့ အကျိုးအမြတ်တွေကို… မသိချင်ဘူးလား”

နတ်မိမယ်ယွဲ့လင်က သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးကြီးများကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလိုက်သည်။

“အကျိုးအမြတ်… အမ်… ဘာအကျိုးအမြတ်တွေလဲ”

ကျိုးဟောင် တကယ်ပဲ နည်းနည်း သိချင်သွားသည်။ ယခုတစ်ခါ ဘယ်လိုအကျိုးအမြတ်တွေ ဖြစ်မလဲဆိုတာ သူ မသိပေ။

“သခင်ကြီး ခဏစောင့်ပါဦး…”

နတ်မိမယ်ယွဲ့လင်မှာပြောရင်းအလျင်အမြန် ထရပ်ပြီး ထွက်သွားခဲ့ကာဘယ်ရောက်သွားမှန်း မသိပေ။

မကြာမီ မူလကသာမန်ပုံရိပ်ယောင်နေရာတစ်ခုလုံးမှ အလင်းရောင်များ မှောင်မိုက်သွားသည်။ မနီးမဝေးတွင် အလင်းတန်းတစ်ခု ထွန်းလင်းလာပြီး ထိုနေရာတွင် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသောနတ်မိမယ်ယွဲ့လင်မှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

သူမသည် နှိုင်းယှဉ်၍မရအောင် လှပပြီး အလွန်အမင်း ဆွဲဆောင်မှုရှိသည်။ ဤအနီရောင်ဝတ်စုံဖြင့် သူမသည်မျက်စိမလွှဲနိုင်‌လောက်အောင်လှပနေသည်။

ဤမြင်ကွင်းသည် ကျိုးဟောင်ကို ချက်ချင်း ထူးဆန်းသွားစေခဲ့သည်။

ဒီမိန်းမ… အရမ်းလှတယ်ကွာ.....

အလင်းရောင်နှင့်အသံများ ရောက်ရှိလာပြီးနောက် နတ်မိမယ်ယွဲ့လင်မှာစတင် ကတော့သည်။

အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော သူမသည် သူမ၏ ကိုယ်လုံးကို ပြည့်စုံစွာဖော်ပြထားပြီး သူမ၏ ခြေတံရှည်များနှင့် သွယ်လျသော ခါးသေးသေးလေးတို့သည် အမျိုးသားများ၏ အာရုံကို ဖမ်းစားနိုင်စွမ်းရှိသည်။

ကျိုးဟောင်မှာ ဤအရာကို မြင်သောအခါချက်ချင်း အာခြောက်လာသလိုခံစားလိုက်ရသည်။ ထို့အပြင်နတ်မိမယ်ယွဲ့လင်သည်အလွန်ဆွဲဆောင်မှုရှိသည်။ သူမ၏ အကြည့်များသည် ကျိုးဟောင်ကို အဆက်မပြတ်ကျီစယ်နေပေသည်။ ကျိုးဟောင်၏ နှလုံးသားလေးမှာ ခံနိုင်ရည်မရှိတော့ပေ!

ရိုးရိုးသားသား ပြောရလျှင် တစ်ဖက်လူသည် တကယ်ပင် အလွန်လှပသည်။ ကျိုးဟောင်မှာ တကယ်ပင် မထိန်းချုပ်နိုင်တော့ဘဲ အလျင်အမြန် လှစ်ခနဲထွက်ပြေးသွားတော့သည်။

နတ်မိမယ်ယွဲ့လင်မှာ သူမကခုန်နေစဉ် ကျိုးဟောင်ရုတ်တရက်ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သူမသည်ခဏမျှ ထိတ်လန့်သွားပြီးနောက် ကျိုးဟောင်၏စာကို လက်ခံရရှိချိန်တွင်ချက်ချင်း ပြုံးလိုက်မိသည်။

“သည်းမခံနိုင်တော့ဘူး… နတ်မိမယ်ယွဲ့လင် မင်း အရမ်းလှတယ် ငါသာ ဆက်နေရင်ခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး ဒါကြောင့် ငါ အရင်ထွက်သွားတာပါ…”

ဤသို့ပြောပြီးနောက် ကျိုးဟောင်သည်ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်မှ ချက်ချင်းထွက်လိုက်သည်။ သူ၏စိတ်ဝိညာဉ် သူ့ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိလာချိန်အထိ ကျိုးဟောင်မှာအနည်းငယ် မှင်တက်နေဆဲဖြစ်သည်။

“ဒီမိန်းမက အမျိုးသားတွေရဲ့ပြေးမလွတ်နိုင်တဲ့ထောင်ချောက်ပဲ ဒီကမ္ဘာပေါ်မှာ သူ့အလှကိုခုခံနိုင်တဲ့ ယောက်ျား မရှိဘူးထင်တယ်!”

ကျိုးဟောင်ခေါင်းခါပြီး စိတ်ဖြေလိုက်သည်။ ထို့နောက် သူ အသက်ပြင်းပြင်း ရှူသွင်းကာ သူ့ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်းခန္ဓာသိုင်းကျင့်စဉ်နှင့် ဆက်သွယ်လိုက်သည်။

ရှေးဟောင်းခန္ဓာသိုင်းကျင့်စဉ်သည် အလွန်ထူးခြားသောကြောင့် ကျိုးဟောင်သည် ၎င်းကို လုံးဝ မလေ့ကျင့်ဖူးသေးပေ။

“ဖား၊ ဒါကို ဘယ်လိုလေ့ကျင့်ရမှာလဲ”

ထိုအချိန်တွင် ကျိုးဟောင်သည် ဖားနှင့်ဂျယ်လီဖြူကို ခေါ်ထုတ်လိုက်သည်။

မိုရိုမျိုးနွယ်၏ဝိဉာဥ်လောကမှ ပြန်လာပြီးနောက် ဤကောင်နှစ်ကောင်သည် သူ့ကျောပိုးအိတ်ထဲတွင် ပုန်းအောင်းနေခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့နှစ်ကောင် မည်သို့ နာနာခံခံနေနိုင်မည်နည်း။ ထို့ကြောင့် ၎င်းတို့နှစ်ကောင်မှာမကြာခဏ ခိုးထွက်လေ့ရှိသည်။

ကံကောင်းစွာဖြင့် ၎င်းတို့နှစ်ကောင်သည်လည်း အတော်လေး သတိထားတတ်ပေရာပြဿနာများစွာ မဖြစ်စေခဲ့ပေ။

“ဘာလဲ သိုင်းကျင့်စဉ်ရလာပြီးမှ မလေ့ကျင့်ချင်ဘူးလား။”

ဖားက ဝတ်စုံနှင့် သားရေဖိနပ်စီးထားပြီး ထွက်လာသည်။ ၎င်းသည် သူ့လက်ကို သူ့အိတ်ကပ်ထဲသို့ ပေါ့ပေါ့ပါးပါး ထိုးထည့်ထားသည်။

၎င်း၏ နေကာမျက်မှန်သည်လည်း ပြောင်းလဲသွားကာပို၍ပင် သေသပ်လှပနေသည်။

ကျိုးဟောင်သည် ဂျယ်လီဖြူ၏ပုံစံကို ပို၍ပင် သည်းမခံနိုင်ဖြစ်သွားသည်။ ဘာကြောင့်မှန်းမသိ ဤကောင်သည် သူ့ကိုယ်သူစူပါမန်း၏ ပုံစံငယ်လေးအဖြစ် ပြောင်းလဲထားသည်။ ၎င်းသည် အနီရောင် အတွင်းခံဘောင်းဘီကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြွက်သားများ ရှိနေသည်။

“ဟာ… မင်းတို့နှစ်ကောင်… ရူးနေတာလား”

ကျိုးဟောင် ဤကောင်နှစ်ကောင်ကို မြင်သောအခါ ကြောင်သွားသည်။ သူတို့ ဘာတွေဝတ်ထားတာလဲ။

ဖားက ဘာမှမပြောပေ။ ဤကောင်သည် အမြဲတမ်း မတူညီခဲ့ပေ။ ကျိုးဟောင်သူ့ကို မြင်တိုင်း ထူးဆန်းသော ဝတ်စုံ၊ ကုတ်အင်္ကျီနှင့် နေကာမျက်မှန်တို့ကို အမြဲတမ်း ဝတ်ဆင်ထားသည်။ ယခု သူ ဝတ်စုံအသစ် ပြောင်းလဲထားသည်ကို ကျိုးဟောင် အံ့အားသင့်နေသော်လည်းလက်ခံနိုင်ဆဲဖြစ်သည်။

သို့သော် ဤဂျယ်လီဖြူမှာမည်သို့ဖြစ်ရပါသနည်း။

ဒီကောင် ဘာလို့ သူ့ကိုယ်သူ စူပါမန်းလို ပုံစံဖန်တီးထားတာလဲ။

အထူးသဖြင့် အနီရောင် အတွင်းခံဘောင်းဘီက တကယ်ကို အလွန်အမင်း သေသပ်လှပသည်။

“အဟမ်း....အဟမ်း ဘယ်လိုလဲ။ မင်းရဲ့ တိုက်တေနီယမ်ခွေးမျက်လုံးတွေကို ငါ့ဝတ်စားဆင်ယင်မှုနဲ့ မျက်စိမှောက်သွားစေပြီလား”

ဟု ဖားက ပါးစပ်ဖွင့်သည်နှင့် လူကြိုက်များသော အင်တာနက်စကားလုံးကို အသုံးပြုလိုက်ရာ ကျိုးဟောင်ပို၍ပင် ထိတ်လန့်သွားသည်။

“ဒီရက်ပိုင်း မင်းတို့ ဘာတွေကြုံခဲ့ရလဲ” ကျိုးဟောင် မနေနိုင်ဘဲ သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။

“ဟဲဟဲ၊ မင်းတို့ရဲ့ လက်ရှိလူသားမျိုးနွယ်က နည်းနည်း စိတ်ဝင်စားစရာကောင်းတယ် အမျိုးသမီးတွေက အများရှေ့မှာ သူတို့ပေါင်တွေကို လှစ်ဟာပြကြတယ် သူတို့က အဝတ်အစားကို တတ်နိုင်သမျှ နည်းနည်းလေးပဲဝတ်ကြသလိုပဲ အရင်ကဒီလိုအခြေအနေမျိုးကငါတို့ ချောင်းကြည့်တဲ့အခါမှသာ မြင်ရတာ”

ယ

“ပြီးတော့ အတွင်းခံဘောင်းဘီကိုတောင်အပြင်ထုတ်ဝတ်ကြတယ် ဒါက နည်းနည်း စိတ်ဝင်စားစရာကောင်းတယ်!”

“ငါပဲ ဒီဂျယ်လီဖြူကို အဝတ်အစားဆင်ပေးခဲ့တာ ဘယ်လိုလဲအရမ်းမိုက်တယ်မလား ဒါစူပါမန်းမဟုတ်လား သူကစွမ်းအားရှင်လေ အထူးသဖြင့် အနီရောင် အတွင်းခံဘောင်းဘီကသူနဲ့အလိုက်ဖက်ဆုံးပဲမလား”

ဖားက တဟီးဟီးရယ်မောလိုက်ရာ ကျိုးဟောင်မှာရယ်ရလားငိုရမလား မသိဖြစ်သွားသည်။

“ထားလိုက်ပါတော့၊ မင်းတို့ နှစ်ယောက်သဘောကျရင်ပြီးတာပဲ အလုပ်ကိစ္စကို ဆက်ကြစို့ ဒီရှေးဟောင်းခန္ဓာသိုင်းကို ဘယ်လို လေ့ကျင့်ရမှာလဲ”

ကျိုးဟောင် ခုနက ထုတ်ကြည့်လိုက်ပြီးနောက် သူ နားမလည်ခဲ့ပေ။ ဤ ရှေးဟောင်းခန္ဓာသိုင်း၏ကျင့်စဉ်သည် ရွှေကျီးလွတ်မြောက်ရေးသိုင်း ဖြင့် သင်ယူနိုင်သောအရာ မဟုတ်ပေ။ ကျိုးဟောင် ကြည့်လိုက်ပြီး ချီပင်လယ် နှင့် သွေးကြောများအကြောင်း အချက်အလက်များကို လုံးဝ နားမလည်နိုင်ခဲ့ပေ။ သူက ဆရာဝန်မဟုတ်သောကြောင့်၏ ရှုပ်ထွေးနေသည်မှာသဘာဝကျပေသည်။

“ဘယ်လောက်တောင် အ လိုက်လဲ ဒီလောက်ရိုးရှင်းတဲ့အရာကိုတောင် နားမလည်နိုင်ဘူးလား မင်းတို့ အခုခေတ် သိုင်းသမားတွေက တကယ်ပဲ မေ့တတ်ကြတယ်ချီပင်လယ် နဲ့ သွေးကြောအကြောင်းကိုတောင် နားမလည်နိုင်ဘူး တကယ်ကို အမှိုက်ပဲ”

ဖားက ဂရုမစိုက်ဟန်ဖြင့်ကြည့်လိုက်ပြီး နှုတ်ခမ်းမဲ့လိုက်သည်။

“အမ်…”

ကျိုးဟောင်မှာ ချက်ချင်း စိတ်မသက်မသာ ဖြစ်သွားသည်။

“ချီပင်လယ်က သိုင်းသမားတစ်ယောက်ရဲ့ လေ့ကျင့်မှုရဲ့ အခြေခံပဲ ပြောကြဆိုကြသလိုပဲ အပြင်ဘက်မှာ ကြွက်သား၊ အရိုး၊ အရေပြားကို လေ့ကျင့်ပြီး အတွင်းဘက်မှာတော့ အတွင်းအားကို လေ့ကျင့်တယ် ဒါက ချီပင်လယ် ကို ရည်ညွှန်းတာပဲ သိုင်းပညာရဲ့ အစွမ်းအားလုံးက တကယ်တော့ချီပင်လယ်ကနေလာတာပဲ။ မင်း မသိရုံလေးပဲ။”

“သွေးကြောကတော့ အနှစ်သာရစွမ်းအားသိုလှောင်ရာ နေရာပဲမင်းက လက်ရှိ တတိယအဆင့် အသက်ပုံစံရောက်နေပြီဆိုတော့ မင်းရဲ့သွေးကြောရဲ့ ၃၀% ပဲ တိုးတက်သေးတယ် ဒါပေမဲ့ မင်း ရှေးဟောင်းခန္ဓာသိုင်းကို လေ့ကျင့်ဖို့ လုံလောက်ပြီ”

ဖား ကပြောဆိုရင်း အလွန်အမင်း အန္တရာယ်ရှိသော အပြုံးကို ပြသလိုက်ရာ ကျိုးဟောင်ခဏမျှ ထူးဆန်းသွားသည်။ဤအပြုံးက နည်းနည်း ကြောက်စရာကောင်းတယ်လို့ သူ ခံစားရပေသည်။

“တကယ်တော့ ငါ မင်းကို ပြောချင်တာက မင်းက တတိယအဆင့်အသက်ပုံစံရောက်နေရင်တောင် ရှေးဟောင်းခန္ဓာသိုင်းရဲ့ အစအဆုံး အဆင့်ကို လေ့ကျင့်လို့ရတယ် ကိုယ်ခန္ဓာအထူးအဆင့်မြင့်ဖို့ လိုအပ်တဲ့သိုင်းကျင့်စဉ်တွေ အများကြီး မရှိဘူး ဒါကြောင့် ရှေးဟောင်းခန္ဓာသိုင်းက ဒီလောက် အထင်ကြီးစရာကောင်းတာပဲ!”

...................................................................................

အခန်း (၅၉၆) ပြီးပါပြီ။

အခန်း (၅၉၇) : ကောင်းကင်သို့တက်ခြင်းထက် ပိုခက်ခဲခြင်း

ဖားက ပြောပြီးနောက် ကျိုးဟောင်ကို ကြည့်ကာ ပြုံးလိုက်သည်။

“ရှေးဟောင်းခန္ဓာသိုင်းရဲ့ ထူးခြားချက်က ဘယ်သူမဆို လေ့ကျင့်နိုင်တာပဲ မင်းက အမှိုက်ဖြစ်ဖြစ်၊ ပါရမီရှင်ဖြစ်ဖြစ် ဘာမှမဆိုင်ဘူး သက်ရှိသတ္တဝါတစ်ဦး တတိယအဆင့်အသက်

ပုံစံဖြစ်လာတာနဲ့ လေ့ကျင့်လို့ရတယ် ဒါပေမဲ့…”

“ဒါပေမဲ့” ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ကျိုးဟောင်တစ်ခုခု မှားယွင်းနေပြီဆိုတာ သိလိုက်သည်။

“ဒါပေမဲ့ ဘာလဲ”

“ဒါပေမဲ့… ဒီသိုင်းကျင့်စဉ်ကို လူတိုင်း လေ့ကျင့်နိုင်ပေမဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက အောင်မြင်တဲ့သူ နည်းနည်းလေးပဲ ရှိတယ် သိုင်းကျင့်စဉ် လမ်းကြောင်းမှာ သေသွားတာ ဒါမှမဟုတ် အရင်းအမြစ်မလုံလောက်တာ ဖြစ်နိုင်တယ် အတိုချုပ်ပြောရရင် အောင်မြင်တဲ့သူ အရမ်းနည်းတယ် ရှေးဟောင်းခန္ဓာသိုင်းကျင့်စဉ် အစွမ်းထက်တာကလည်း တခြားသိုင်းကျင့်စဉ်တွေနဲ့ မတူလို့ပဲ သာမန်သိုင်းကျင့်စဉ်တစ်ခုကို လေ့ကျင့်ပြီးလို့အောင်မြင်ရင် ပြီးသွားတာပဲ ဒါပေမဲ့ရှေးဟောင်းခန္ဓာသိုင်းကျင့်စဉ်အတွက် အဆုံးသတ်ကတော့မယုံကြည်နိုင်စရာပဲ ဒါက မင်းကို အဆုံးမရှိ တိုးတက်စေမယ့်သိုင်းကျင့်စဉ်တစ်ခုပဲ!”

ဖားက ပြုံးပြီး ပြောလိုက်ကာ သူ့မျက်လုံးတွေထဲမှာ အံ့သြခြင်းအရောင်တွေ လက်ခနဲထင်ဟပ်သွားသည်။

ကျိုးဟောင် ကြောင်သွားခဲ့သည်။

“အဆုံးမရှိ တိုးတက်နိုင်တယ်… မင်း ငါ့ကို လိမ်နေတာလား”

ကျိုးဟောင်မနေနိုင်ဘဲ မေးလိုက်သည်။

“မဟုတ်ပါဘူး… ဒါက ဒီသိုင်းကျင့်စဉ်ရဲ့ ထူးခြားချက်ပဲ မင်းမှာ လုံလောက်တဲ့ ဇွဲနဲ့ အရင်းအမြစ်ရှိသရွေ့ ရှေးဟောင်းခန္ဓာသိုင်းကို အမြင့်ဆုံးအထိ လေ့ကျင့်နိုင်တယ် ဒါပေမဲ့ ဒီလိုဇွဲရှိတဲ့သူက သိပ်မများဘူး။”

ကျိုးဟောင် ဒီစကားကို ကြားတော့ နည်းနည်း အံ့သြသွားသည်။ လူအများကြီးအတွက် ဘာကြောင့် မဖြစ်နိုင်ပါသနည်း။ အရင်းအမြစ်နဲ့ ဇွဲနှစ်ခုတွင် ကျိုးဟောင်စိတ်ထဲတွင်အရင်းအမြစ်က နည်းနည်း ပိုခက်ခဲသည်ဟု ခံစားရသည်။ သို့သော်ကြီးမားတဲ့ မိသားစုတွေရဲ့ မျိုးဆက်တွေကတော့ အရင်းအမြစ် မချို့တဲ့လောက်ပေ။

“နားမလည်ဘူး ပိုပြီး အသေးစိတ်ပြောပြပေးလို့ရမလား”

ကျိုးဟောင် မနေနိုင်ဘဲ မေးလိုက်သည်။

---

“ပိုပြီး အသေးစိတ်ဆိုတာက တကယ်တော့ ရိုးရှင်းပါတယ် ရှေးဟောင်းခန္ဓာသိုင်းက တခြားခန္ဓာပုံသွင်းသိုင်းတွေနဲ့ မတူဘူး ဒါက မင်းရဲ့ ခန္ဓာကိုယ်ကို မြှင့်တင်ပြီး အစွမ်းထက်တဲ့ ခွန်အားကို အသုံးပြုပြီး မင်းရဲ့ အရေပြားတိုင်း၊ ခန္ဓာကိုယ်ထဲက အရိုးတိုင်းကို ဖျက်ဆီးပစ်လိမ့်မယ် ပြီးရင် မင်း ပြန်လည်မွေးဖွားလာလိမ့်မယ် ဒီနည်းနဲ့ မင်းရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာစွမ်းအားကို တိုးမြှင့်နိုင်လိမ့်မယ်!”

ဖားရဲ့ စကားတွေက ကျိုးဟောင်ခေါင်းထဲမှာ မူးနောက်သွားစေခဲ့သည်။

“ဘာရယ်”

ဤသို့ဆိုပါက အရမ်း အန္တရာယ်များနေမှာ မဟုတ်ပေလော။

ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရမယ့်ကိစ္စဖြစ်တဲ့အတွက် မအောင်မြင်ပါက…

“ကြောက်နေတာလား ရှေးဟောင်းခန္ဓာသိုင်းက ဒီလိုပဲ စိတ်ဆန္ဒခိုင်မာမှ တောင့်ခံနိုင်မှာ ဒါ့အပြင် မင်းမှာ လုံလောက်တဲ့ အရင်းအမြစ်တွေလည်းလိုတယ် ရှေးဟောင်းခန္ဓာသိုင်းကို အဆင့်တစ်ခါချိုးဖောက်ဖို့ ဘယ်လောက်များတဲ့ ရတနာတွေ လိုအပ်မယ်ဆိုတာ စိတ်ကူးဖို့တောင် ခက်တယ် တစ်ခါချိုးဖောက်တိုင်း ကုန်ကျစရိတ်တွေ အဆများစွာ တိုးလာတယ်လို့ ပြောနိုင်တယ် ဒါကြောင့်ကောင်လေးမြန်မြန် ပိုက်ဆံရှာတော့…”

ဖားက တဟီးဟီး ရယ်မောလိုက်ပြီး ကျိုးဟောက်ရဲ့ နဖူးအလယ်ကိုခပ်ဖွဖွထိလိုက်ရာ အချက်အလက်တစ်ခုဝင်လာသည်။

၎င်းက ရှေးဟောင်းခန္ဓာသိုင်းကျင့်စဉ် အကြောင်း ရှင်းပြချက်ဖြစ်ပြီး ကျိုးဟောင်ကို သူ့ခန္ဓာကိုယ်ထဲကသွေးကြောနှင့်ချီပင်လယ်တွေကို ပိုမိုနားလည်စေဖို့လည်း ကူညီပေးခဲ့သည်။

ကျိုးဟောင် ထိုအချက်အလက်အားစုပ်ယူပြီးနောက်တုန်လှုပ်သွားသည်။ သူ ရှေးဟောင်းခန္ဓာသိုင်းကို နောက်တစ်ကြိမ် ကြည့်လိုက်သောအခါ ဤကျင့်စဉ်သည် အလွန်ဖိအားများကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။

“မင်းလိုချင်တဲ့ ရှေးဟောင်းခန္ဓာသိုင်းက ဒီမှာပဲ ဒါပေမဲ့ မင်း လေ့ကျင့်ရဲလား မလေ့ကျင့်ရဲဘူးလားဆိုတာ မင်းအပေါ် မူတည်တယ် ငါ အခုချက်ချင်း ပြောပြနိုင်တာက ရှေးဟောင်းခန္ဓာသိုင်းကို လေ့ကျင့်ရင်း သေဆုံးသွားတဲ့သူတွေ အများကြီး ရှိခဲ့တယ်မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရလိမ့်မယ်။”

ဒီလိုပြောပြီးနောက် ဖားက ကျိုးဟောင်ကို ဂရုမစိုက်တော့ဘဲ သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။

“ကောင်းပြီ၊ တခြားဘာမှ မရှိရင် ငါ့ကို မနှောင့်ယှက်နဲ့တော့ ငါတို့ စူပါမန်းကားသွားကြည့်မလို့”

သူပြောရင်းဂျယ်လီဖြူကိုပါ ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။

ကျိုးဟောင်မှာအသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်နှာမှာလေးနက်သွားသည်။

ရိုးရိုးသားသားပြောရလျှင် သူသည် ဤသိုင်းကျင့်စဉ်အတွက် အလွန်စိုးရိမ်နေသည်။

ဖား ပြောတာမှန်ပါက ဤစွမ်းအင်ကျင့်စဉ်သည်သက်အန္တရာယ်ရှိသောအရာတစ်ခုပင်။ ပေါ့ဆပါက သေသွားနိုင်သည်။

သို့သော် ဤသိုင်းကျင့်စဉ်သည် အလွန်အားကောင်းသည်။ ကျိုးဟောင် မလေ့ကျင့်ပါက နှမြောစရာကောင်းပေသည်။

“ဒီကမ္ဘာမှာ မင်း ဘာမှမပေးရဘဲ ရနိုင်တဲ့ အမြတ်အစွန်းဆိုတာ မရှိဘူး ပေးဆပ်မှသာ ရနိုင်မယ်!”

“ပြီးတော့ပညာရှင်ဖြစ်ဖို့ လမ်းမှာ ဖြတ်လမ်းဆိုတာမရှိဘူး!”

ကျိုးဟောင်မှာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက်ဘာမှမပြောဘဲဆုံးဖြတ်ချက်ချပြီး ချက်ချင်းလေ့ကျင့်တော့သည်။

ဤရှေးဟောင်းခန္ဓာသိုင်းသည် လေ့ကျင့်ရန် မခက်ခဲပေ။ ၎င်းက ခန္ဓာကိုယ်ကိုပုုံသွင်းရန် စွမ်းအင်အနှစ်သာရကို စုပ်ယူခြင်းဖြစ်သည်။

အလားတူပင်သူသည် ခန္ဓာပုံသွင်းအနှစ်သာရရည်နှင့် စွမ်းအင်ဘားတို့ကိုလည်း စုပ်ယူနိုင်သည်။

ကံကောင်းစွာဖြင့် ကျိုးဟောင်၏ကျောပိုးအိတ်ထဲတွင် ထိုပစ္စည်းများမှာအများကြီးရှိသည်။ သူထံတွင် ခန္ဓာပုံသွင်းအနှစ်သာရရည်နှင့် အထွတ်အထိပ်အဆင့်စွမ်းအင်ဘားသိန်းနှင့်ချီရှိသည်။

ကျိုးဟောင်မှာ ချက်ချင်းပင်ထိုထဲမှပမာဏတစ်ခုကို ထုတ်ယူပြီး လေ့ကျင့်တော့သည်။

ဤ ရှေးဟောင်းခန္ဓာသိုင်း၏ လေ့ကျင့်မှုသည် အလွန်ရိုးရှင်းသည်။ ဤပစ္စည်းကို စုပ်ယူပြီးနောက်ရှေးဟောင်းခန္ဓာသိုင်းတစ်ဆင့် ခန္ဓာကိုယ်သို့ပို့ဆောင်နိုင်သည်။

ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်း၊သွေးကြောတိုင်း၊ အကြောအဖုတိုင်းနှင့် ဆဲလ်တိုင်းသည် ၎င်းကို စုပ်ယူနိုင်မည်ဖြစ်သည်။

ကျိုးဟောင်မျက်လုံးမှိတ်လိုက်ပြီး ရှေးဟောင်းခန္ဓာသိုင်းကို စတင်လေ့ကျင့်တော့သည်။ မျက်စိတစ်မှိတ်အတွင်း သူသည်အနှစ်သာရရည် ၁သောင်း ကို စုပ်ယူပြီးပြီဖြစ်သည်။ သူ၏ ရှေးဟောင်းခန္ဓာသိုင်းစုပ်ယူမှုသည်လည်း ပထမအဆင့်သို့ ရောက်ရှိပြီဟု မှတ်ယူနိုင်သည်။

ဤရှေးဟောင်းခန္ဓာသိုင်းတွင် အဆင့် ကိုးဆင့် ရှိပြီး ကျိုးဟောင်သည် ပထမအဆင့်တွင်သာ ရှိသေးသည်။ သူသည် ဒုတိယအဆင့်သို့ ရောက်ရန် အလှမ်းဝေးသေးသည်။

ဒါ့အပြင် တစ်ခါချိုးဖောက်တိုင်း ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန် လိုအပ်သည်။

သူက နဝမအဆင့်သို့ တိုးတက်ချင်ပါက ကိုးကြိမ်ချိုးဖောက်ရန် လိုအပ်မည်ဖြစ်သည်။

ထို့အပြင် တစ်ခါချိုးဖောက်တိုင်း ပို၍ ပို၍ ခက်ခဲလာမည်ဖြစ်သည်။

ကျိုးဟောင် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ဒါက တကယ်ကို အရမ်းခက်ခဲလွန်းသည်။

၉ကြိမ်ထဲက တစ်ကြိမ်မအောင်မြင်တာနှင့် သူ သေဆုံးမှာဖြစ်သည်။ အခက်အခဲက အတော်လေး မြင့်မားသည်။

သို့သော်လည်း ကျိုးဟောင်မှာ စိတ်ဓာတ်မကျနေခဲ့ပေ။ သူ့အကြည့်များက ဆုံးဖြတ်ချက်တို့ဖြင့်ခိုင်မာနေသည်။

တစ်ညလုံးလေ့ကျင့်ပြီးနောက် မနက်ဖြန်မနက်တွင် သူ့ခန္ဓာကိုယ်မှာ အများကြီးပိုအားကောင်းလာသည်ကို ကျိုးဟောင်အံ့အားသင့်စွာ တွေ့ရှိခဲ့သည်။

“တကယ်ပဲ ထူးခြားတာပဲ …”

ကျိုးဟောင်ပြုံးလိုက်ပြီး အလွန်ကျေနပ်နေခဲ့သည်။

ယခု သူ့စိတ်စွမ်းအားမှာထူးခြားပြီး ဝိညာဉ်ကျောက်တုံး၏အထောက်အပံ့လည်းရှိနေသဖြင့် သူ ယုံကြည်မှုရှိနေသည်။ ထို့အပြင် သူ၏ မူလကျောက်စာစွမ်းအားလည်း နှိုင်းယှဉ်၍မရအောင် အစွမ်းထက်သည်။

သူသည်ထိုစွမ်းအားအား မဆင်မခြင်မသုံးရဲသော်လည်းသေရေးရှင်ရေးအခြေအနေတွင် သုံးနိုင်သေးပေသည်။

သူ့ခန္ဓာကိုယ်အတွက်ဆိုလျှင် ရှေးဟောင်းခန္ဓာသိုင်း၏ ၊ နတ်ဘုရားဖျက်ဆီးသိုင်းအပြင် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းတို့၏ အထောက်အပံ့ရှိသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားလည်း မဆိုးပေ။ အဝေးတိုက်ပွဲဖြစ်စေ အနီးကပ်တိုက်ပွဲဖြစ်စေ ကျိုးဟောင်ဘာကိုမှ မကြောက်ပေ။

“မဆိုးဘူး တစ်ညတည်းနဲ့ ပထမအဆင့် ရောက်သွားတယ် အထင်ကြီးစရာပဲ”

ဖားနှင့် ဂျယ်လီဖြူက ခုန်ထွက်လာပြီး မနေနိုင်ဘဲ ပြောလိုက်သည်။

ဒီကောင်နှစ်ကောင် တစ်ညလုံး ဘာတွေကြည့်နေခဲ့မှန်း မသိပေ။ ဖားက အနောက်တိုင်းဝတ်စုံကို မဝတ်တော့ဘဲ ရှေးဟောင်းတရုတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လိမ်နေသော မက်မွန်သီးများဖြင့် ပြည့်နေသော သံကြိုးကြီးတစ်ခုကို ဆွဲထားသည်။

ဂျယ်လီဖြူကလည်းစူပါမန်းပုံစံမဟုတ်တော့ဘဲ ဘရု့စ်လီပုံစံဖြစ်နေသည်။

ကျိုးဟောင် ကိုယ့်နဖူးကိုယ်သာရိုက်လိုက်မိသည်။ ဒီနှစ်ကောင်မှာ အမြဲတမ်းဇာတ်ကောင်အဝတ်အစားတွေသာလိုက်ဝတ်နေတာကြောင့် ကျိုးဟောင်မှာ တကယ်ပင်ပြောစရာစကားမရှိတော့ပေ။

“လေ့ကျင့်ရတာ လွယ်တယ်၊ ဒါပေမဲ့… မင်း အဆင့်ချိုးဖောက်တဲ့အခါ…”

ကျိုးဟောင် မနေနိုင်ဘဲ သက်ပြင်းချလိုက်ပြီး ဖိအားအများအပြားခံစားလိုက်ရသည်။

“ရှေးဟောင်းခန္ဓာသိုင်းရဲ့ အခက်အခဲက အဓိကကချိုးဖောက်တဲ့နေရာမှာပဲ လူတစ်ယောက်ရဲ့ စိတ်ဆန္ဒက ခိုင်မာမှုမရှိရင် ချိုးဖောက်မှုရဲ့ နာကျင်မှုကို လုံးဝ မခံနိုင်ဘူး ဒါကြောင့် မင်းအံကြိတ်ပြီးသည်းခံမှရမယ်"

ဖားက ကျိုးဟောင်ရဲ့ ပခုံးကို ပုတ်ပြီး အားပေးလိုက်သည်။

ကျိုးဟောင်က ဖားကို မျက်လုံးလှန်ကြည့်လိုက်ပြီး စိတ်ပျက်ဟန်လုပ်ပြကာ ဂရုမစိုက်နေတော့ပေ။

ကျိုးဟောင်သည် မနေ့က ရရှိခဲ့သောနတ်ဘုရားဖျက်ဆီးသိုင်းကို မစမ်းသပ်ရသေးပေ။ ထိုအချိန်တွင် ကျိုးဟောင်သည် အိမ်ထဲမှ ထွက်လာခဲ့သည်။

သူ့ခန္ဓာကိုယ်မှာရွေ့လျားသွားပြီးအက်ကွဲကြောင်းတစ်ခုထဲသို့ ချက်ချင်းရောက်ရှိသွားသည်။ သူသည် သူ၏ နတ်ဘုရားဖျက်ဆီးသိုင်းမည်မျှအားကောင်းသည်ကို စမ်းသပ်ကြည့်လိုပေသည်။

နတ်ဘုရားသတ်သိုင်းသည် လူတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအားကို သုံးဆ တိုးမြှင့်ပေးနိုင်ပြီး ဤ နတ်ဘုရားဖျက်ဆီးသိုင်းကမည်မျှ တိုးမြှင့်ပေးနိုင်မည်ကို မသိရသေးပေ။

ကျိုးဟောင်စမ်းသပ်ရန် ပြင်ဆင်နေစဉ် ရုတ်တရက်ရင်းနှီးသော အငွေ့အသက်တစ်ခုကို ခံစားမိလိုက်သည်။ သူ အောက်ကို ငုံ့ကြည့်လိုက်ပြီး ချက်ချင်း ထိတ်လန့်သွားသည်။

သံမဏိအရိုးဝက်ဝံဘုရင်လား။

မဟုတ်ပေ၊ သူ့ကို အခု ငွေအရိုးဝက်ဝံဘုရင်ဟုခေါ်သင့်ပေသည်။

....................................................................................

အခန်း (၅၉၇) ပြီးပါပြီ။

All Chapters