← Chapters

အခန်း (၆၀၁-၆၀၃)

Vol. 41 Ch. 601-603

အခန်း (၆၀၁-၆၀၃)

Vol. 41 Ch. 601-603

န်း (၆၀၁) : ကောင်းကင်ဘုံအဆင့်

ကောင်းကင်ဘုံအဆင့် သို့ တက်လှမ်းရန် နည်းလမ်းသည် အလွန်ရှုပ်ထွေးခြင်းမရှိပေ။ တစ်ကိုယ်လုံးရှိ စွမ်းအင်အနှစ်သာရအားလုံးကို စုစည်းပြီး၏တိကျသော အရွယ်အစားနှင့် သန့်စင်မှုအထိ ဖိနှိပ်(ချုံ့)လိုက်လျှင် အောင်မြင်စွာ တက်လှမ်းနိုင်ပြီဖြစ်သည်။

ကျိုးဟောင်မှာသူ့ခန္ဓာကိုယ်က အလွန်သန်မာသောကြောင့် ချိုးဖောက်ရတာ လွယ်ကူမယ်လို့ ထင်ခဲ့သော်လည်း ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ဦးဟာပိုမိုသန်မာလေ ကောင်းကင်ဘုံအဆင့် ကို ပိုပြီးခက်ခဲစွာ တက်လှမ်းရလေဖြစ်ကာ ဤအချက်မှာနိယာမသာဖြစ်သည်။

ကျိုးဟောင်မှာသက်ပြင်းချလိုက်ပြီး ဘာမှမတတ်နိုင်သော်ငြား သူသည်ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းရန် ခွန်အားရှိနေပြီဖြစ်ရာ အမြန်ဆုံးတက်လှမ်းရမည်ဖြစ်သည်။

ကျိုးဟောင်မှာဘယ်ကိုမှ မသွားဘဲ ငှက်မွေးတစ်ထောင်ချပ်ဝတ်၏ပိုင်နက်သို့ သွားလိုက်သည်။ သူ တက်လှမ်းနေချိန်တွင် မည်သည့်နှောင့်ယှက်မှုမျှအဖြစ်ခံလို့မဖြစ်သည့်အပြင် လုံးဝဘေးကင်းရမည်ဖြစ်သည်။

ထို့ကြောင့် ငှက်မွေးတစ်ထောင်ချပ်ဝတ်၏ပိုင်နက်ထက် ပိုသင့်တော်သည့် နေရာမရှိပေ။

၎င်းမှာစစ်သင်္ဘောနှင့် ပေါင်းစပ်နေဆဲဖြစ်သော်လည်း အခြေခံလုပ်ဆောင်ချက်အချို့ကို အသုံးပြုနိုင်သေးသည်။

ထိုအချိန်တွင် ကျိုးဟောင်သည် စစ်သင်္ဘော၏ သေးငယ်သည့် အခန်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ၎င်းကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို သူ မသိသော်လည်း အလွန်ခိုင်မာသည်။

ဖားနှင့် ဂျယ်လီဖြူတို့ ထွက်လာပြီးကျိုးဟောင်၏ အာကာသယာဉ်ကို အံ့ဩစွာ ကြည့်လိုက်ကြသည်။

“ဟာ၊ ဒါက နောက်ထပ် စကြဝဠာစစ်သင်္ဘော မဟုတ်ဘူးလားဒီလိုအရာမျိုး ဒီကျက်တီးကမ္ဘာကြီးပေါ်မှာ ရှိနေမယ်လို့ ငါမထင်ထားခဲ့ဘူး ကျိုးဟောင် မင်း ဘယ်ကရတာလဲ”

ဖားသည် အနက်ရောင်သားရေအင်္ကျီအားဝတ်ဆင်ထားပြီး အနက်ရောင်မျက်မှန်တပ်ကာယခင်ကပုံစံအတိုင်းပင်ရှိနေပြီး အံ့ဩစွာ ကြည့်လိုက်သည်။

“ကျူးကျော်သူတွေ ထားခဲ့တာ ဖြစ်နိုင်တယ်”

ကျိုးဟောင်က ခပ်အေးအေး ပြောလိုက်သည်။

“မဆိုးဘူး၊ မဆိုးဘူး ဒီဟာက မဆိုးဘူး ကမ္ဘာဂြိုဟ်ကနေ ထွက်ခွာဖို့ လုံလောက်တယ်”

ဖားက အလွန်သဘောကျနေကာ ဂျယ်လီဖြူကို ဆွဲခေါ်ပြီးသင်္ဘော၏ ကျန်ရှိနေသည့် အစိတ်အပိုင်းများကို လိုက်ကြည့်ရန်ထွက်ခွာသွားခဲ့သည်။

ကျိုးဟောင်မှာ သူတို့နှစ်ယောက်အား စိတ်မဝင်စားဘဲ မြေပြင်ပေါ်တွင်တင်ပလ္လင်ခွေထိုင်ကာကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းရန် စတင်လိုက်သည်။

သူ့ခန္ဓာကိုယ်ရှိ များပြားသောစွမ်းအင်အနှစ်သာရများ စုစည်းလာသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

ချက်ချင်းဆိုသလို ခုခံအားများ ထွက်ပေါ်လာပြီး ဤသည်မှာသူ့စွမ်းအားကြီးမားသောကြောင့် ဖြစ်ကြောင်းကို ကျိုးဟောင်သိလိုက်သည်။ သူ့အနှစ်သာရစွမ်းအင်သည် မူလကပင် အလွန်ပေါများပြီး ၎င်းကို ဖိနှိပ်ရန် မလွယ်ကူပေ။

“အဆင့်ချိုးဖောက်ဖို့ ပိုခက်လေ ငါ ပိုသန်မာလာလေပဲ”

ကျိုးဟောင်မှာမျက်လုံးများကို မှေးမှိတ်လိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲစွမ်းအင်အနှစ်သာရကိုဖိနှိပ်ရန် စတင်လိုက်သည်။

သူသည် သူ့စွမ်းအင်အနှစ်သာရကိုသာမက သူ့စိတ်စွမ်းအားကိုပါ ဖိနှိပ်နေပေသည်။

ထိုအချိန်တွင် သူ၏ စွမ်းအင်အနှစ်သာရနှင့် စိတ်စွမ်းအားသည် ဧရာမမြစ်ကြီးကဲ့သို့ ခမ်းနားထည်ဝါနေသည်ကို သူ ခံစားမိသည်။

ကျိုးဟောင်ဖိနှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် ကြီးမားသောမြစ်ထဲတွင် ရေဝဲတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ၎င်းသည် ရုတ်တရက် မြစ်ရေကို ရုတ်တရက် လျှော့ချလိုက်ပြီး မမြင်ရသော လက်တစ်ဖက်က မြစ်ကို ခြောက်သွေ့အောင် ညှစ်လိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။

ရေထဲတွင် အညစ်အကြေးများစွာ ပါဝင်နေသည်။ ၎င်းကို ဖိနှိပ်လိုက်ပြီး မြစ်ရေ လျှင်မြန်စွာ လျော့ကျသွားသည်နှင့်အမျှ အနက်ရောင်ရေစက်များစွာ ကျလာပြီး ကျိုးဟောင်၏ အရေပြားမှတစ်ဆင့် စီးဆင်းထွက်သွားသည်။

၎င်းတို့အားလုံးသည် ကျိုးဟောင်၏ ခန္ဓာကိုယ်တွင် ကပ်ညှိနေသော အညစ်အကြေးများ ဖြစ်သည်။

ကျိုးဟောင်အသက်ပြင်းပြင်းရှူလိုက်သည်။ ဤပြောင်းလဲမှုကို ခံစားမိပြီးနောက် သူ၏ ခွန်အားအပြည့်ကို အသုံးပြုလိုက်သည်။

မြစ်၏တစ်ဝက်သည် ချက်ချင်း အငွေ့ပျံသွားသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သို့သော် ရေလျော့နည်းသွားသော်လည်း ရေ၏အရည်အသွေးမှာမကျဆင်းသွားခဲ့ဘဲ ယခင်ကထက်ပင် ပိုမိုအားကောင်းလာခဲ့သည်။

ရေ ဆယ်စက်သည် ရေတစ်စက် ဖြစ်လာသည်။

ထို့နောက် တစ်ကြိမ်ဖိနှိပ်ခံထားရပြီးဖြစ်သောရေ ဆယ်စက်သည် တစ်စက်ထပ်ဖြစ်လာသည်။

ဤသို့ဖြင့် ဤသံသရာသည် အဆုံးမရှိ ဆက်လက်လည်ပတ်နေသည်။

နောက်ဆုံးတွင် ဤကြီးမားသောမြစ်ကြီးသည် အချင်း ဆယ်မီတာရှိသော ရေလုံးတစ်ခု ဖြစ်လာသည်။

ယခုအချိန်ထိ ၎င်းသည် ဆက်လက်ဖိနှိပ်နေဆဲဖြစ်သည်။

ကျိုးဟောင် ၏ တစ်ကိုယ်လုံးတွင် အနက်ရောင်အညစ်အကြေးများ ဖုံးလွှမ်းနေသော်လည်း သူသည် ၈၀% သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားနေရသည်။

“တစ်ဝက်ကျော်လောက်တော့ အောင်မြင်သွားပြီ အောင်မြင်ဖို့ ငါးပုံပုံတစ်ပုံပဲ ကျန်တော့တယ်”

ကျိုးဟောင်သည် အလွန်စိတ်လှုပ်ရှားနေသည်။

ထိုအချိန်တွင် အနှစ်သာရစွမ်းအင်မြစ်သည် ဤအဆင့်သို့ စုစည်းသွားပြီးနောက် ကျိုးဟောင်သည် သူ၏စိတ်မြစ်သည်လည်း စတင်စုစည်းလာသည်ကိုခံစားမိသည်။ နောက်ဆုံးတွင် ၎င်းသည်လည်း အချင်း ဆယ်မီတာရှိသော ဘောလုံးတစ်ခု ဖြစ်လာသည်။

သို့သော် တစ်ခုသည်သူ၏ချီပင်လယ်ထဲတွင် ရှိပြီး နောက်တစ်ခုသည် သူ၏စိတ်ထဲတွင် ရှိနေသည်။

"ဝုန်း"

ကျိုးဟောင်မှလွဲ၍ မည်သူမျှ မကြားနိုင်သော အုန်းအုန်းသဲသဲမြည်သံများသည် ကျိုးဟောင်၏ ခန္ဓာကိုယ်ထဲတွင် အဆက်မပြတ် မြည်ဟည်းနေသည်။ ရေလုံးသည် တုန်ခါသွားပြီး အနက်ရောင်အရည်များ ဆက်တိုက်ကျလာခဲ့သည် ကျိုးဟောင်၏ စိတ်စွမ်းအားဖြစ်စေ စွမ်းအင်အနှစ်သာရဖြစ်စေ မည်သည့်အရာမဆို ကြောက်မက်ဖွယ်ကောင်းအောင်သိပ်သည်းပြီး ပို၍ ပို၍ အားကောင်းလာခဲ့သည်။

ကျိုး‌‌ဟောင်၏ စိတ်ထဲတွင်တုန်လှုပ်သွားခဲ့သည်။ သူသည် အလွန်ပျော်ရွှင်နေပြီး အံကြိတ်ကာဆက်လက်ဖိနှိပ်နေခဲ့သည်။

အချိန်မှာလည်း တစတစနှင့်ကုန်ဆုံးသွားခဲ့သည်။ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိဘဲ ကျိုးဟောင်မှာရေလုံးအားထပ်ကြည့်လိုက်သည်။ ဆယ်မီတာမြင့်သော ရေလုံးသည် လက်သီးအရွယ်အစား ဘောလုံးတစ်ခု ဖြစ်နေပြီဖြစ်သည်။ ၎င်းမှ ထွက်ပေါ်လာသော လှုပ်ရှားမှုများသည် ကျိုးဟောင်ကိုပင် ထိတ်လန့်သွားစေခဲ့သည်။

ကျိုးဟောင် ပြုံးလိုက်သည်။

“ငါ အောင်မြင်တော့မယ်”

ကျိုးဟောင်သည်အံကြိတ်ကာ ဆက်လက်ဖိနှိပ်နေသည်။

ထိုအချိန်တွင် ကျိုးဟောင်၏စိတ်ထဲတွင် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့ပြီး ဧရာမစွမ်းအားကြီးတစ်ခုမှာချက်ချင်းပျံ့နှံ့သွားသည်။ ထိုအချိန်တွင် အက်ကွဲသံများ ထွက်ပေါ်လာသည်။ ကျိုးဟောင်အလျင်အမြန်ပင် ခံစားကြည့်လိုက်သည်။

လက်သီးအရွယ်အစားရှိ ဘောလုံးသည် ရုတ်တရက်စုစည်းပြီး အက်ကွဲသွားသည်။ ချက်ချင်းဆိုသလို ကြည်လင်သော ပုံဆောင်ခဲတစ်ခု ပေါ်လာသည်။

တစ်ခုက ရွှေရောင်အလင်းကိုထုတ်လွှတ်ပြီး နောက်တစ်ခုက အဖြူရောင်အလင်းကို ထုတ်လွှတ်နေခဲ့သည်။

ထိုအချိန်တွင်ကျိုးဟောင်သည် အားကောင်းသော စွမ်းအားတစ်ခု ချက်ချင်းပျံ့နှံ့လာသည်ကို ခံစားလိုက်ရသည်။

ရွှေရောင်ပုံဆောင်ခဲသည် ကျိုးဟောင်၏စိတ်စွမ်းအားကို အားဖြည့်ပေးနေပြီး အခြားတစ်ဖက်တွင်မူ အဖြူရောင်ပုံဆောင်ခဲသည် ကျိုးဟောင်၏ တစ်ကိုယ်လုံးသို့ စွမ်းအားတစ်ခုကို ပို့လွှတ်ပေးနေသည်။ ဤစွမ်းအားသည် ကျိုးဟောင်၏တစ်ကိုယ်လုံးကို သက်တောင့်သက်သာ ခံစားရစေသည်။ သူ၏ ကြွက်သားများ၊ အရိုးများ၊ ဆဲလ်များ၊ နှင့် သွေးကြောများအားလုံးသည် ကြီးမားသော ပြောင်းလဲမှုတစ်ခုနှင့်ကြုံတွေ့ခဲ့ရပုံပင်။

ဤသည်မှာ တကယ့်ပြောင်းလဲမှုတစ်ခုပင်ဖြစ်သည်။

“ဒီခံစားချက်… တကယ်ကို မဆိုးဘူး… ဒါက ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ရဲ့ ခံစားချက်လား”

ကျိုးဟောင်မှာအသက်ပြင်းပြင်းရှူလိုက်သည်။ ကောင်းကင်ဘုံအဆင့်ပညာရှင် ဖြစ်လာပြီးနောက် သူသည် သူနှင့် မူလအဆင့်ပညာရှင်ကြား ကွာခြားချက်မှာ မည်မျှကြီးမားကြောင်း နောက်ဆုံးတွင် နားလည်လာခဲ့သည်။

ဤအဆင့်တက်လှမ်းမှုကြောင့် ဖြစ်ပေါ်လာသော ခွန်အားသည် ကျိုးဟောာင်လုံးဝမျှော်လင့်မထားခဲ့သော အရာဖြစ်သည်။ ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းပြီးနောက် သူသည် အလွန်အစွမ်းထက်လာမည်ကိုသိသော်လည်း သူ့ကိုယ်သူ ဤမျှ အစွမ်းထက်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ထိုအချိန်တွင် ဖားနှင့်ဂျယ်လီဖြူတို့ မှာကျိုးဟောင်ထံလျှောက်လာကြသည်။ သူတို့သည်ကျိုးဟောင်ကို ကြည့်ပြီး ပြုံးလိုက်ကြသည်။

“မဆိုးဘူး မင်း ကောင်းကင်ဘုံအဆင့်ရောက်သွားပြီ အနည်းဆုံးတော့ အခု မင်းမှာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိနေပြီ”

ဖားက ကျိုးဟောင်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

ကျိုးဟောင်သည် ဖား၏ ဤသို့ ပြုမူပုံကို မြင်တွေ့ရသည်မှာ အကျင့်ဖြစ်နေပြီဖြစ်သည်။

“ရှောင်ယွီ ပေါင်းစပ်ဖို့ ဘယ်လောက်ကြာဦးမလဲ”

ကျိုးဟောင်သည် စစ်သင်္ဘောကို ကြည့်လိုက်ပြီး ချက်ချင်းပြောလိုက်သည်။

“သခင် ၈၀% နီးပါးပြီးပါပြီ နောက်ထပ် သုံးလလိုပါသေးတယ်”

ချိုသာသောအသံ ထွက်ပေါ်လာသဖြင့် ကျိုးဟောင်ခေါင်းညိတ်လိုက်သည်။

“ငှက်မွေးတစ်ထောင်ချပ်ဝတ် ရဲ့ တခြားအစိတ်အပိုင်းတွေကို ငါရှာတွေ့ပြီ အချိန်ကျလာရင် ပေါင်းစပ်ဖို့ နည်းလမ်းရှိလား”

ကျိုးဟောင်က တိုက်ရိုက်မေးလိုက်သည်။

“သခင် ကျွန်တော် တခြားအစိတ်အပိုင်းတွေကို ထိန်းချုပ်နိုင်ပါတယ် တကယ်လို့ကျွန်တော်သူတို့ကိုအာရုံခံမိရင်သူတို့ကို ပြန်ခေါ်ပြီး သတ်မှတ်ထားတဲ့အတိုင်းအတာအတွင်းမှာ ပေါင်းစပ်နိုင်ပါတယ်”

ကျိုးဟောင်သည် ဤအရာကို ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည်။

ငှက်မွေးတစ်ထောင်ချပ်ဝတ်တွင် ဉာဏ်ရည်ရှိသောအသိစိတ်တစ်ခုသာ ရှိပြီး ဤဉာဏ်ရည်ရှိသောအသိစိတ်သည် အခြားအစိတ်အပိုင်းများအားလုံးကို လုံးဝထိန်းချုပ်ထားသည်။ ထို့ကြောင့် သူ ပေတစ်ရာတီကောင်ဘုရင် နှင့် တကယ်တမ်းတိုက်ခိုက်ချိန်တွင် ၎င်းသည်ငှက်မွေးတစ်ထောင်ချပ်ဝတ်ကို ထုတ်ဝံ့ပါက ထိုအစိတ်အပိုင်းကို ချက်ချင်းလုယူနိုင်မည်ဖြစ်သည်။

ကျိုးဟောင် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ အချိန်ကျလာရင် ငါ မင်းကို အကြောင်းကြားမယ်”

“သခင် ကျွန်တော့်ရဲ့အဓိကဉာဏ်ရည်ရှိတဲ့အသိစိတ်က လက်ရှိ ပေါင်းစပ်မှုမှာအရေးကြီးတဲ့အခြေအနေမှာရောက်နေလို့ ကျွန်တော်ဒီနေရာကနေ မထွက်ခွာနိုင်သေးဘူး အနည်းဆုံး အစိတ်အပိုင်းကဒီနေရာကနေ ၅၀ ကီလိုမီတာ အချင်းဝက်အတွင်း ရှိနေမှရမယ်”

....................................................................................

အခန်း (၆၀၁) ပြီးပါပြီ။

အခန်း (၆၀၂) : တိုက်ပွဲဗိုလ်ချုပ်

ကျိုးဟောင်မှာဤစကားကိုကြားသောအခါ ခေတ္တမျှ ကြောင်သွား၏။

“အချင်းဝက် ၅၀ကီလိုမီတာ ”

ကျိုးဟောင်သက်ပြင်းတစ်ချက်ချလိုက်သည်။ ဤနေရာသည် ၁၂ခုမြောက်အက်ကွဲကြောင်းနှင့် အလှမ်းဝေးလှသည်။ ပေတစ်ရာတီကောင်ဘုရင်ကို ဤနေရာသို့ မည်သို့ ခေါ်ဆောင်လာနိုင်မည်နည်း။

“ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ကို ဒီကိုပို့ဖို့ နည်းလမ်းရှိလား”

ကျိုးဟောင်က တိုက်ရိုက်မေးလိုက်သည်။

“တောင်းပန်ပါတယ် သခင် ကျွန်တော့်မှာ ဒီလိုစွမ်းရည်မျိုး မရှိပါဘူး။”

ငှက်မွေးတစ်ထောင်ချပ်ဝတ်၏အဖြေက ကျိုးဟောင်ကို အနည်းငယ် စိတ်ပျက်သွားစေခဲ့သည်။

ထိုအခိုက်အတန့်တွင် ဖားမှပြောလာခဲ့သည်။

“ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ကိုနေရာရွှေ့ပြောင်းဖို့လား ဒါက အရမ်းလွယ်တယ် ငါရွှေ့ပြောင်းရေးအစီအရင် နဲ့ ချိတ်ဆက်လိုက်ရုံပဲ”

ကျိုးဟောင်မှာဤစကားကိုကြားသောအခါ ချက်ချင်းပျော်ရွှင်သွားခဲ့သည်။

“ခင်ဗျားမှာ ဖြေရှင်းနည်းရှိတယ်ပေါ့”

“ဟုတ်တာပေါ့ ငါက ဘယ်သူမလို့လဲ ငါက ကမ္ဘာပေါ်မှာပြိုင်ဘက်ကင်းပဲကို”

ဖားသည် ၎င်း၏မျက်မှန်ကိုနေရာချရင်း ဘဝင်မြင့်သည့်ပုံဖြင့်ပြောလိုက်သည်။

ကျိုးဟောင်မှာဤစကားကိုကြားသောအခါ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

“ခင်ဗျား ဘာလိုအပ်လဲ”

“စွမ်းအင်ပြည့်ဝတဲ့ ပုံဆောင်ခဲအချို့ဆိုရင် ရပါပြီ”

ဖားက ဂရုမစိုက်စွာ ပြောလိုက်သည်။

“ဒါနဲ့ရမလား”

ကျိုးဟောင်သည် အထွတ်အထိပ်အဆင့်စွမ်းအင်ဘားကို ချက်ချင်းထုတ်ယူလိုက်သည်။ သူ ထုတ်ယူလိုက်သည်နှင့် ဖားသည် တအံ့တဩဖြစ်သွားသည်။

“ဒီအရာ… ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ”

၎င်းသည် ထွတ်အထိပ်အဆင့်စွမ်းအင်ဘားကို ကြည့်ရင်း မျက်လုံးများကို မှေးလိုက်သည်။ သို့သော် သေချာစဉ်းစားပြီးနောက်ပိုင်းတွင်လည်း ၎င်းသည်ဤအရာအားအဘယ်ကြောင့် ရင်းနှီးနေသည်ကိုမည်သို့မျှမမှတ်မိနိုင်သေးပေ။

“ခင်ဗျား ဒါကို သိလား”

ကျိုးဟောင် ခဏတာ ကြောင်သွားခဲ့သည်။ ဤအရာသည်ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ကရခဲ့ခြင်းဖြစ်သည်။ ဖားသည် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အကြောင်းကို သိနေခြင်းပေလော။

“ငါ မြင်ဖူးတယ် ဒါပေမဲ့ အသေးစိတ်ကိုတော့ မေ့နေပြီ ဒါပေမဲ့ မင်းရဲ့ဒီပစ္စည်းကစွမ်းအင်က သာမန်ပဲရှိတယ် အစီအရင်အသက်သွင်းဖို့ဆိုရင် အနည်းဆုံး အခုတစ်သောင်းလိုလိမ့်မယ်”

ဖားက ချက်ချင်းပြောလိုက်သည်။

တစ်သောင်းသာဖြစ်ပေရာ ကျိုးဟောင်လုံးဝမကြောက်ပေ။ သူ့ကျောပိုးအိတ်ထဲတွင် သန်းနှင့်ချီ၍ ရှိပေသည်။

“ပြဿနာမရှိဘူး တစ်သိန်းဆိုရင်တောင်ရတယ်”

“ဒါဆို ပိုလွယ်တာပေါ့!”

ဖား ပြောဆိုနေစဉ်မှာပင် ကျိုးဟောင်တို့နှင့်အတူ မြေပြင်ပေါ်သို့ ရောက်လာသည်။ ၎င်းသည် မြေပြင်ပေါ်တွင် မည်သည့်အရာကို ထွင်းနေသည်ကို မသိသော်လည်း ရှေးဟောင်းအစီအမံတစ်ခု ဖြစ်ကြောင်းသိနိုင်ပေသည်။

ဤအစီအရင်သည်ကျိုးဟောင်မသိသော ထူးဆန်းသည့် သင်္ကေတများဖြင့် ပြည့်နှက်နေသည်။

“ဒါက အသေးစားအစီအရင်တစ်ခုပဲ စကြာဝဠာထဲမှာဆိုသာမန်ပဲ ကီလိုမီတာ သောင်းနဲ့ချီ အကွာအဝေးကို ရွှေ့ပြောင်းနိုင်တဲ့ ရွှေ့ပြောင်းရေးအစီအရင်က ကလေးကစားစရာလောက်ပဲရှိတာ စကြာဝဠာထဲမှာ တစ်ကြိမ်တည်းခုန်လိုက်တာနဲ့ အလင်းနှစ်တစ်သိန်းကို ဖြတ်ကျော်နိုင်တယ်”

ဖားမှာ ဘဝင်မြင့်စွာဖြင့်ပြောလိုက်သည်။

“အလင်းနှစ် တစ်သိန်း… ဒါက… အရမ်းကို စွမ်းအားကြီးတာပဲ!”

မည်သို့ပင်ဖြစ်စေ ၎င်းမှာအလင်းနှစ် တစ်နှစ်လုံးဖြစ်သည်။ အလင်းနှစ် တစ်နှစ်တည်း မဟုတ်ဘဲ အလင်းနှစ်တစ်သိန်းပင်ဖြစ်သည်!

ထိုမျှဝေးကွာသော အကွာအဝေးကိုရွှေ့ပြောင်းနိုင်ခြင်းသည် တကယ်ပင် ဖြစ်နိုင်ပါသလား။

“အမှိုက် မင်းတို့ ကမ္ဘာဂြိုဟ်ရဲ့ နည်းပညာအဆင့်က အတော်လေးကို ခေတ်မမီတော့ဘူး ဒီလိုအရာမျိုးကိုတောင် မင်းတို့ မမြင်ဖူးတာ မယုံနိုင်စရာပဲ”

ပြောဆိုရင်း ဖားသည်မည်သည့်နေရာကမှန်းမသိသည့် သင်္ကေတတစ်ခုကို ထုတ်ယူပြီး ကျိုးဟောင်အား ပေးလိုက်သည်။

“ဒါက အစီအရင်ကိုအသက်သွင်းနည်းပဲ မှန်ကန်တဲ့ အခွင့်အရေးကို ရှာတွေ့တာနဲ့ရွှေ့ပြောင်းနိုင်လိမ့်မယ် ဒါပေမဲ့ မှတ်ထား ဒီရွှေ့ပြောင်းရေးအစီအရင်မှာ ဘာအကာအကွယ်မှ မရှိဘူး ပြောရရင် ဘယ်သူမှ ခုခံခြင်းမရှိတဲ့အခါမှပဲ မင်းရွှေ့ပြောင်းနိုင်လိမ့်မယ်”

ဖားက ချက်ချင်းဆိုသလို ပြောလိုက်သည်။

ကျိုးဟောင်မှာ မျက်လုံးများအားမှေးကာစဥ်းစားနေခဲ့သည်။ ဤအရာ၌ ထိုသို့သော ပြဿနာရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သို့သော် ကိစ္စမရှိပေ။ တစ်ဖက်လူကိုနေရာပြောင်းနိုင်သရွေ့ သူလုပ်ဆောင်ရန် လိုအပ်သည်မှာ အခွင့်အရေးရှာရန်သာဖြစ်သည်။

ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းပြီးနောက် ကျိုးဟောင်၏ ခွန်အားနှင့် တိုက်ခိုက်ရေးစွမ်းအားများ သဘာဝအတိုင်း တိုးတက်လာခဲ့သည်။ သူသည် ယခုအခါ ရှေးဟောင်းခန္ဓာသိုင်းနှင့် နတ်ဘုရားဖျက်ဆီးသိုင်းကို အသုံးမပြုဘဲ ၃ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦးကို တိုက်ခိုက်နိုင်သည်ဟု ခံစားနေရသည်။ ၎င်းတို့ကို အသုံးပြုပါက၅ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦးကိုပင် တိုက်ခိုက်နိုင်မည်ဖြစ်သည်။

“ဒီတိုက်ခိုက်ရေးစွမ်းအားနဲ့ဆိုရင် သူတို့ကို မနိုင်ရင်တောင် လွတ်အောင်ပြေးနိုင်တယ်”

ကျိုးဟောင်မှာကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ကျိုးဟောင်အဆင့်ချိုးဖောက်ပြီးသိပ်မကြာမီမှာပင် ရှန့်ဝူစစ်နတ်ဘုရားကျိယောင်ယွဲ့ထံမှ မက်ဆေ့ချ်တစ်ခုဝင်လာခဲ့သည်။

ကျိုးဟောင်ခဏတာ ကြောင်သွားပြီး အလျင်အမြန် ဖွင့်လိုက်သည်။ သူသည် ကျိယောင်ယွဲ့၏ လှပသော မျက်နှာလေးကို မြင်လိုက်ရသည်။

“ကောင်လေး မင်းကောင်းကင်ဘုံအဆင့်ကို ရောက်သွားပြီလား မဆိုးဘူးပဲ”

ဤစကားကိုကြားပြီးနောက် ကျိုးဟောင်မှာခဏမျှကြောင်သွားခဲ့သည်။

“စီနီယာကျိ ဘယ်လို… ဘယ်လိုသိတာလဲ”

သူ အဆင့်ချိုးဖောက်ခဲ့ကြောင်း သူမ မည်သို့သိသည်ကိုကျိုးဟောင်တကယ်ကို နားမလည်နိုင်ပေ။ သူမသည် သူ့ကို စောင့်ကြည့်နေခြင်းများလား။

“စစ်နတ်ဘုရားတပ်ရင်းရဲ့ စာကြည့်တိုက်မှာ လူတိုင်းရဲ့အချက်အလက်တွေ ရှိတယ် ပြီးတော့ အချိန်နဲ့တစ်ပြေးညီ သတင်းအချက်အလက်တွေကိုပြတယ် မင်းဆီမှာရှိတဲ့ စစ်နတ်ဘုရားတပ်ရင်းတံဆိပ်မှာ အသက်လက္ခဏာတွေကို စောင့်ကြည့်နိုင်တဲ့အရာတစ်ခု ပါတယ် ဒီအရာက မင်းရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်မှာမဟုတ်ပေမယ့် မင်းရဲ့ခန္ဓာကိုယ်အခြေအနေကိုတော့ စောင့်ကြည့်နေမှာ”

“အန္တရာယ်ရှိချိန်မှာပဲဖြစ်ဖြစ် လုံခြုံတဲ့အချိန်မှာပဲဖြစ်ဖြစ် မင်းရဲ့အချက်အလက်တွေကို စနစ်ထဲမှာ တင်ပြမှာ ခုနကပဲ မင်းရဲ့ခန္ဓာကိုယ်ကနေ အားကောင်းတဲ့စွမ်းအင်အတက်အကျတစ်ခု ထွက်ပေါ်လာတာကို ငါ ခံစားမိပြီးတော့ အချက်အလက်တွေကလည်း ကောင်းကင်ဘုံအဆင့်ဆိုပြီးပြောင်းသွားတယ် အဲဒါကြောင့် ငါမင်းကို မက်ဆေ့ချ်ပို့တာ ဂုဏ်ယူပါတယ်”

ကျိယောင်ယွဲ့မှာပြုံးလိုက်သည်။ ဤစကားကို ပြောပြီးနောက် ကျိုးဟောင်မှာအနည်းငယ် အံ့အားသင့်သွားပြီး စစ်နတ်ဘုရားတပ်ရင်းသည်တကယ်ကို အထင်ကြီးစရာကောင်းသည်ဟုစိတ်ထဲတွင်တွေးလိုက်မိသည်။

“မင်း ကောင်းကင်ဘုံအဆင့်ကိုရောက်သွားပြီဖြစ်တဲ့အတွက် စစ်နတ်ဘုရားတပ်ရင်းရဲ့ တရားဝင်အဖွဲ့ဝင် ဖြစ်သွားပြီ မင်းက ငါ့ရဲ့ ကောင်းကင်ဘုံအဆင့်လက်အောက်ခံလည်း ဖြစ်သွားပြီ မင်းရဲ့ဒီအဆင့်အတန်းအသစ်ကို အများသိ‌အောင်ကြေညာလိမ့်မယ် မင်းရဲ့ရာထူးက ဗိုလ်ချုပ်အဆင့်ဖြစ်ပြီး အဖွဲ့အစည်း ခုနစ်ခုက အကြီးအကဲတွေနဲ့တူတူပဲဖြစ်သွားပြီ ဒီကြေညာချက်ကို အဖွဲ့အစည်း ခုနစ်ခုရဲ့ အကြီးအကဲအားလုံးဆီကိုလည်း ပို့လိမ့်မယ်”

ကျိယောင်ယွဲ့ပြောပြီးနောက် ကျိုး‌ဟောင်မှာမှင်တက်သွားခဲ့သည်။

“ဘာလို့ ဒါတွေအားလုံးကို လူသိရှင်ကြား ကြေညာရတာလဲ ဒီတိုင်း‌လေးပဲ သိုဝှက်ပြီးနေလို့မရဘူးလား”

ကျိုးဟောင်က လူအများ၏ အာရုံစိုက်မှုကို မလိုချင်ပေ။

“ငါတို့က အထင်ကြီးခံနေရမှန်းလည်း သိတယ် ဒါပေမဲ့ အဖွဲ့အစည်းတိုင်းက ကောင်းကင်ဘုံအဆင့်ပညာရှင်တိုင်းရဲ့ အဆင့်အတန်းကို အရှေ့တိုင်းသိုင်းပညာရှင်အဖွဲ့အစည်းကို အသိပေးဖို့ လိုအပ်တယ် ဒါက ဘာလို့လဲဆိုတော့ အချိန်မရွေး အန္တရာယ်ရှိလာနိုင်လို့ပဲ ဒီလိုဆိုရင် မင်းကို အမိန့်မပေးထားရင်တောင်အရန်အဖြစ်ထားလို့ရတယ်လေ ဘယ်လိုဖြစ်ဖြစ် တစ်ဦးချင်းစီမှာ ကိုယ်ပိုင်တာဝန်ရှိပြီး အပိုလူဆိုတာလည်းမရှိဘူး နားလည်ပြီလား”

“အန္တရာယ်မဖြစ်ခင်မှာ တန်ပြန်တုံ့ပြန်မှုတွေကို အရင်စီစဉ်ရမယ် ဒါမှပဲ နည်းဗျူဟာချမှတ်နိုင်မယ် ဒီလိုအခြေအနေမှာအရှေ့တိုင်းသိုင်းပညာရှင်တွေမှာမူလအဆင့်သိုင်းပညာရှင်နဲ့ ကောင်းကင်ဘုံအဆင့်သိုင်းပညာရှင် ဘယ်လောက်ရှိတယ်ဆိုတာ သိဖို့လိုတယ် ဒါကြောင့် ဒီအရေအတွက်ကို ဖုံးကွယ်ထားလို့ မရဘူး မင်းရဲ့ ကျင့်ကြံဆင့်ကိုလည်းကြေငြာပြီးပြီဆိုတော့ မင်းရဲ့ အဆင့်အတန်းကို ဖုံးကွယ်ထားဖို့လည်း မလိုအပ်တော့ဘူး မဟုတ်လား”

ကျိယောင်ယွဲ့ ၏ စကားများက ကျိုးဟောင်အားသဘောပေါက်သွားစေခဲ့သည်။

“ဪ၊ ဟုတ်သားပဲ အခု မင်းကောင်းကင်ဘုံအဆင့်ကိုရောက်ပြီဆိုတော့ မင်းရဲ့မိဘတွေလည်း စစ်နတ်ဘုရားတပ်ရင်းရဲ့ အခြေစိုက်နေထိုင်ရာနေရာကို ပြောင်းရွှေ့လို့ရပြီ အဲဒီနေရာက ပိုလုံခြုံပြီး အရင်းအမြစ်တွေလည်း ပိုကောင်းတယ် ငါ စွန်းရွှင်းကို စီစဉ်ခိုင်းထားပြီးပြီ”

ကျိယောင်ယွဲ့မှာထပ်ပြောလိုက်ရာ ကျိုးဟောင်မှာခေါင်းညိတ်လိုက်သည်။

ဤအကျိုးကျေးဇူးများမှာ မဆိုးပေ။

“စိတ်မလှုပ်ရှားပါနဲ့ ငါတို့စစ်နတ်ဘုရားတပ်ရင်းရဲ့ ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်အနေနဲ့ ဒီအကျိုးကျေးဇူးတွေကို ခံစားခွင့်ရှိပါတယ် ငါတို့စစ်နတ်ဘုရားတပ်ရင်းတစ်ခုတည်း မဟုတ်ပါဘူး တခြားအဖွဲ့အစည်းတွေလည်း အတူတူပဲ ပညာရှင်တွေက ဘယ်သွားသွား လေးစားခံရတယ်”

ကျိယောင်ယွဲ့မှာပြုံးပြီး လက်ဝှေ့ယမ်းပြလိုက်သည်။

“ဪ ဟုတ်သားပဲ မင်းနားပြီးရင် ငါနဲ့အတူ မင်းသွားရမယ့်နေရာတစ်ခုရှိတယ် ပြင်ဆင်ထား အချောင်ခိုမနေနဲ့ နောက်မှတွေ့မယ်”

ကျိယောင်ယွဲ့မှာပြောပြီးသည်နှင့် သူမသည် ဆက်သွယ်မှုကိုချက်ချင်းဖြတ်တောက်လိုက်သည်။ ဤအမျိုးသမီးသည် ကျိုးဟောင်ကို တကယ်ကိုပြောစရာစကားမရှိအောင်လုပ်နိုင်ပေသည်။ သူမစကားပြောသည်မှာအလွန်မြန်ဆန်ပြီး သူ စကားဖြတ်ပြောဖို့ အခွင့်အရေးပင် မရလိုက်ပေ။

သို့သော်ကျိုးဟောင်မှာဂရုမစိုက်ပေ။ ထိုအခိုက်အတန့်တွင် သူ အိမ်ပြန်ရောက်လာပြီးနောက် ချက်ချင်းပင်အံ့သြသွားခဲ့ရသည်။

အကြောင်းမှာကျန်းနန်အခြေစိုက်စခန်း၏ စစ်ဆေးရေးမှူးချုပ်၊ စစ်ဆေးရေးမှူးနှင့် အထူးသံတမန်များအားလုံး ဤနေရာတွင် ရှိနေသည်ကို သူ မြင်လိုက်ရခြင်းကြောင့်ဖြစ်သည်။

ရှုလင်ပင်သူတို့ထဲတွင် ပါဝင်ပေသည်။

ကျိုးဟောင်၏အမူအရာမှာရှုပ်ထွေးနေပြီး သူ စကားမပြောနိုင်ခင်မှာပင်စစ်ဆေးရေးမှူးချုပ်လင်းဇီထောင်က ကျိုးဟောင်ထံအလျင်အမြန်လျှောက်လာခဲ့သည်။

“ကျန်းနန်ခရိုင် ရဲ့စစ်ဆေးရေးမှူးချုပ်လင်းဇီထောင် ဗိုလ်ချုပ်ကို နှုတ်ဆက်ပါတယ်!”

အခြားသောသံတမန်များလည်း အတူတူပင်။ ရှုလင်ပင် ကျိုးဟောင်အားအလေးပြုနေခဲ့သည်။

....................................................................................

အခန်း (၆၀၂) ပြီးပါပြီ။

အခန်း (၆၀၃) : စိတ်ဝိညာဉ်ကျောက်တုံး

ကျိုးဟောင်မှာ ခေါင်းကိုက်လာသလို ခံစားလိုက်ရပြီး ထိုင်းမှိုင်းစွာဖြင့် သူတို့ကို ကြည့်လိုက်မိသည်။

“အမ်… စီနီယာလင်း ခင်ဗျား ဘာလုပ်နေတာလဲ"

လင်းဇီထောင်က အလျင်အမြန် ပြောလိုက်သည်။

“စီနီယာဗိုလ်ချုပ် အဲဒီလို မပြောပါနဲ့ ခင်ဗျားက အခုကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်ပြီး စစ်နတ်ဘုရားတပ်ရင်းရဲ့ ဗိုလ်ချုပ်တစ်ဦးပါ ခင်ဗျားရဲ့ အဆင့်အတန်းက မြင့်မြတ်ပါတယ်”

လင်းဇီထောင်၏ပုံစံမှာ လေးစားမှုနှင့် ရိုသေမှုတို့ဖြင့် ပြည့်နှက်နေသည်။ ထိုအချိန်တွင်ကျိုးဟောင်က စိတ်ဝင်တစား မေးလိုက်သည်။

“မလိုပါဘူး… အမ်… စီနီယာလင်းရောက်လာရတဲ့ အကြောင်းရင်းက…”

ကျိုးဟောင်က စိတ်ဝင်တစား မေးလိုက်သည်။

“အထက်အရာရှိတွေက အမိန့်ပေးထားလို့ စီနီယာကျိုး ခင်ဗျားနဲ့ ခင်ဗျားမိသားစုနေထိုင်ဖို့ကိစ္စစီစဉ်ဖို့ အတွက်ကျွန်တော် လာခဲ့တာပါ”

မလှမ်းမကမ်းတွင် ရှုလင်သည်လည်း ကျိုးဟောင်ကို ပြုံးကာကြည့်‌နေပြီး သူမ၏ မျက်လုံးများတွင်ဂုဏ်ယူမှုများ ပြည့်နှက်နေသည်။

“ဪ… စီနီယာစွန်းက စီစဉ်ပေးတာလား”

ကျိုးဟောင်က မေးလိုက်သည်။

“ဟုတ်ပါတယ် စီနီယာစွန်းက တရားဝင်စီစဉ်ပေးခဲ့တာပါ”

ထိုအချိန်တွင် ကျိုးရွှယ်ကောနှင့် ဝမ်ရှုယွင်တို့ ထွက်လာကြသည်။ အိမ်နီးချင်းများနှင့် မိတ်ဆွေများ အများအပြားလည်း ရှိကြသည်။ သူတို့အားလုံးသည် ကျိုးဟောင်ကို ပျော်ရွှင်စွာ ကြည့်နေကြသည်။

“သား… မင်း… ဗိုလ်ချုပ် ဖြစ်သွားပြီ…”

ကျိုးရွှယ်‌ကောမှာ ဘာပြောရမှန်းမသိဖြစ်နေသည်။ အစောပိုင်းက သူ ဗိုလ်ချုပ်ဆိုတာ ဘာမှန်းမသိခဲ့သော်ငြားကံကောင်းစွာဖြင့် တစ်စုံတစ်ယောက်က သိနေ၍ရှင်းပြလာခဲ့သည်။ ထိုအခါမှ သူ၏သားသည် တကယ်ကို ထိုမျှ အလားအလာရှိကြောင်း နားလည်ခဲ့သည်။

“အမ်… ဒီနေ့မှဖြစ်တာပါ”

ကျိုးဟောင်က ခေါင်းကုတ်လိုက်ပြီး အနည်းငယ်ရှက်ရွံ့နေခဲ့သည်။

“ဦးလေး အန်တီ ဦးလေးတို့အတွက်အိမ်အသစ် စီစဉ်ပေးပြီးပါပြီ နောက်ကျ ကြယ်ပင်လယ်နိုင်ငံတကာအိမ်ရာ မှာ နေရပါလိမ့်မယ် အဲဒီနေရာက စစ်နတ်ဘုရားတပ်ရင်းကပညာရှင်တွေရဲ့ မိသားစုတွေအတွက် ဆောက်ထားတဲ့အိမ်ရာပါ တစ်နေ့ကို လေးနာရီဆရာသခင်အဆင့်ပညာရှင်တွေနဲ့ မူလအဆင့်ပညာရှင်တွေက ကာကွယ်ပေးထားပါတယ် အရမ်းလုံခြုံပြီး အဖွဲ့အစည်းက ခင်ဗျားတို့ကို ခေါ်ဖို့ ကျွန်တော့်ကိုလွှတ်လိုက်တာပါ”

လင်းဇီထောင်က အလျင်အမြန် ပြောလိုက်သည်။

“အာ… ကြယ်ပင်လယ်နိုင်ငံတကာအိမ်ရာ…"

အသက်ကြီးသောဇနီးမောင်နှံမှာ ဤစကားကို ကြားသောအခါ တုန်လှုပ်သွားကြသည်။ ထိုနေရာက ဘယ်လိုနေရာမျိုးပါလဲ။ ကျိုးဟောင်မသိတာ အဆင်ပြေပေမယ့် သူတို့ကတော့ သိကြပေသည်။

ထိုနေရာသည် အလွန်အဆင့်အတန်းမြင့်သော လူနေဧရိယာတစ်ခုဖြစ်သည်။ သာမန်လူတွေ လုံးဝနေထိုင်ခွင့်မရှိပေ။ ချူမြို့သိုင်းပညာအဖွဲ့အစည်းဥက္ကဌတောင်ထိုနေရာမှာ နေထိုင်ဖို့ အရည်အချင်းမပြည့်မီပေ။

“ဟေ့ ကြယ်ပင်လယ်နိုင်ငံတကာအိမ်ရာ ဒါက နေရာကောင်းတစ်ခုပဲ လောင်ဝမ် မင်းက အခုတော့ မတူတော့ဘူး မင်းမှာသားလိမ္မာတစ်ယောက်ရှိတာပဲ”

“ဒီနေရာက သာမန်နေရာမဟုတ်ဘူး လောင်ဝမ်ကျုပ်တော့ အရမ်းအားကျတယ်ဗျို့ ”

အခြားအိမ်နီးချင်းများမှာ ဤစကားကို ကြားသောအခါ စိတ်လှုပ်ရှားသွားပြီး ကျိုးဟောင်ကို အားကျစွာ ကြည့်လိုက်ကြသည်။

ကျိုးဟောင်မှာဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ထို့နောက်သူ၏မိဘများကို ကြည့်ပြီးမေးလိုက်သည်။

“အဖေ၊ အမေ၊ ကျွန်တော်တို့ ပစ္စည်းတွေထုပ်ပြီး အဲဒီကို သွားကြတော့မလား”

“ကောင်းပြီ ကောင်းပြီ ကောင်းပြီ…”

ကောင်းတဲ့နေရာမှာ နေထိုင်ခွင့်ရတာကို သူသေချာပေါက်ပျော်ပေသည်။ ကျိုးရွှယ်ကောဟာ သူ့ဇနီးနဲ့အတူ အလျင်အမြန် ထုပ်ပိုးနေခဲ့ပြီး ထိုမြင်ကွင်းကိုမြင်သောအခါ ရှူလင်ကချက်ချင်းပဲ လိုက်သွားပြီး သူတို့ကို ထုပ်ပိုးဖို့ ကူညီပေးနေခဲ့သည်။

ကျိုးဟောင်မှာဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပြုံးလိုက်သည်။ သူသည် ရှုလင်နားသို့ တိုးကပ်သွားပြီးပြုံးကာစလိုက်သည်။

“အာ… မင်းက မင်းရဲ့ ယောက္ခမတွေကို အိမ်မှုကိစ္စတွေ ကူညီလုပ်ပေးနေပြီလား”

ရှုလင်မှာဤစကားကို ကြားသောအခါ သူမ၏ နားရွက်များမှာနီရဲသွားပြီး သူ့ကို စူးစူးစိုက်စိုက်ကြည့်ကာပြောလာခဲ့သည်။

“သွား ရှင့်ကိုဒီမှာမလိုဘူး အနှောင့်အယှက်လာမပေးနဲ့"

ကျိုးဟောင်မှာချက်ချင်းပြုံးလိုက်သည်။

“ကျိုးဟောင်ရဲ့အခန်းက ငယ်ငယ်လေးကတည်းက ရှုပ်ပွနေတာ သူ့အခန်းကိုတောင် သေချာမရှင်းဘူး နောက်ကျမင်းကိုပဲ အားကိုးရတော့မယ် ဒါပေမဲ့ သူ မင်းကို အနိုင်ကျင့်ရင် ပြော ငါ သူ့ကို သေချာပေါက် ရိုက်ပစ်မယ်”

ဝမ်ရှုယွင်သည်လည်းပြုံးလိုက်ပြီး ရှူလင်ဘေးသို့ လျှောက်လာခဲ့သည်။

ဤမြင်ကွင်းကို မြင်သောအခါကျိုးဟောင်မှာအလွန်ပျော်ရွှင်သွားသည်။ ရှုလင်၏ မျက်နှာလေးသည် နီရဲနေသော်လည်း သူမ၏ မျက်လုံးများတွင် တကယ်ပင်ပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေခဲ့သည်။

ကျိုးဟောင်သည် ကြယ်ပင်လယ်နိုင်ငံတကာအိမ်ရာရှိ သူတို့၏နေအိမ်သို့ ရောက်သောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူတို့ကို ပေးထားသော အိမ်သည် ဧရာမဗီလာတစ်ခု ဖြစ်ပြီး အလွန်ကြီးမားသည်။ သီးခြားခြံဝင်းတစ်ခုရှိပြီး ခြံဝင်းထဲတွင် ရေကူးကန်ပင် ပါဝင်သည်။ ၎င်းသည်တကယ်ကို အဆင့်အတန်းမြင့်လှသည်။

သို့သော် ဤအရာများသည် ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦးအတွက် ဘာမျှမဟုတ်ပေ။ တကယ်တမ်းဆိုလျှင် ထိုသို့သော အိမ်တစ်လုံးသည် ကျိုးဟောင်ပိုင်ဆိုင်သော အထွတ်အထိပ်အဆင့်စွမ်းအင်ဘား အနည်းငယ်မျှပင် တန်ဖိုးမရှိပေ။

သို့သော် သူ၏မိဘများအတွက်မူ ဤအရာသည် အလွန်တန်ဖိုးရှိနေပြီဖြစ်သည်။

သူ၏မိဘများ အလွန်ပျော်ရွှင်နေသည်ကို မြင်ရသောအခါကျိုးဟောင်သည်လည်း သူကြိုးစားခဲ့ရသမျှသည်တန်သည်ဟု ခံစားလိုက်ရသည်။

ညဘက်ရောက်သည်အထိ ကျိုးဟောင် နှင့်ရှုလင်တို့မှာလမ်းပေါ်တွင် လျှောက်သွားနေကြဆဲဖြစ်သည်။ ကျိုးဟောင်သည် အထွတ်အထိပ်အဆင့်စွမ်းအင်ဘားသန်းချီပါဝင်သောအိတ်ကလေးကို ထုတ်ယူလိုက်သည်။

“ဒီအကြောင်း ဘယ်သူမှ မသိစေနဲ့ ကျင့်ကြံဖို့ယူထား ငါ့ဆီမှာ နောက်ထပ်ရှိသေးတယ် ဒီလောက်ဆိုမင်း ကောင်းကင်ဘုံအဆင့်တစ်ဝက်အဆင့်အထိကျင့်ကြံဖို့ လုံလောက်မယ်လို့ ထင်တယ်”

ရှုလင်မှာယူလိုက်ပြီး ကြည့်လိုက်ပြီးနောက် သူမသည်ချက်ချင်း တုန်လှုပ်သွားခဲ့ကာအလျင်အမြန် ပြောလိုက်သည်။

“မဖြစ်ဘူး… ငါ မယူနိုင်ဘူး နင်ကစစ်နတ်ဘုရားတပ်ရင်းမှာ အရမ်းကြိုးစားနေရတာ ဒီအရင်းအမြစ်တွေက အရမ်းတန်ဖိုးရှိမှာပဲ နင့်အတွက် သိမ်းထားလိုက်ပါ”

ကျိုးဟောင်မှာထိုစကားအားကြားသောအခါ ပြုံးလိုက်သည်။

“ဒီအရာတွေက ငါ့အတွက် သိပ်အသုံးမဝင်ဘူး အရေးမကြီးပါဘူး”

ကျိုးဟောင် သည် အမှန်တရားကို ပြောနေခြင်းဖြစ်သည်။ သူသည် ယခု ကောင်းကင်ဘုံအဆင့်ပညာရှင်ဖြစ်နေပြီဖြစ်ပြီး ဤအထွတ်အထိပ်အဆင့်စွမ်းအင်ဘားသည် သူ့အတွက် တကယ်ပင် အသုံးမဝင်တော့ပေ။ ထိုပစ္စည်းအခု ၁သောင်း ကို စုပ်ယူခြင်းသည် သူ၏စွမ်းအင်အနှစ်သာရကို အနည်းငယ်သာ ပြန်လည်ရရှိစေနိုင်သည်။ ထိုပစ္စည်း ၁သောင်းလောက်ဖြင့်စွမ်းအင် အနှစ်သာရ ပုံဆောင်ခဲတစ်ခုကိုဖွဲ့စည်းနိုင်မည်မဟုတ်ပေ။

ရှုလင်မှာဤစကားကို ကြားသောအခါ ခေတ္တမျှ ချီတုံချတုံဖြစ်ပြီး လက်ခံလိုက်သည်။

“နင်နဲ့ ငါ့ကြားက ကွာခြားချက်က အခု ပိုကြီးလာပြီ ဒါပေမဲ့ ငါ စိတ်ဓာတ်မကျပါဘူး ကျောင်းတုန်းကနင်က အဆင့်အနိမ့်ဆုံးမှာ ရှိခဲ့ပြီး ငါက ငါ့အတန်းမှာ ပထမပဲ နင် ငါ့ကို ကျော်တက်သွားလို့ ငါတကယ်မကျေနပ်ဘူး စောင့်နေလိုက် ငါနင့်ကို အနှေးနဲ့အမြန်ကျော်တက်သွားစေရမယ်”

ရှုလင်မှာနှုတ်ခမ်းဆူပြီး ချစ်စရာကောင်းစွာ ပြောလိုက်သည်။ သူမသည် အလွန်ချစ်စရာကောင်းနေသည်။

“ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ကျွန်တော့်ရဲ့ အဘွားလေးရယ်”

ကျိုးဟောင်မှာ ရှုလင်နှင့်ခဏကြာ စနောက်နေပြီးနောက် သူမကို အိမ်ပြန်ပို့ခဲ့ကာ သူသည်လည်း အိမ်ပြန်လာခဲ့သည်။

သူ့အားလပ်ချိန်၏ တစ်ဝက်ကျော်လွန်သွားပြီဖြစ်သည်။ ကျိုးဟောင်သည် ဤရက်များတွင် ပျော်ရွှင်နေခဲ့သော်လည်း သူ၏လေ့ကျင့်မှုမှာ နောက်ကျကျန်ခဲ့ခြင်းမရှိပေ။ သူသည်နေ့စဉ် ရှေးဟောင်းခန္ဓာသိုင်းကို မရမကလေ့ကျင့်ရန် နေခဲ့သည်။

ရှေးဟောင်းခန္ဓာသိုင်း၏ ခွန်အားမှာ လူတစ်ဦး၏ ခန္ဓာကိုယ်ကို အဆက်မပြတ်ပြောင်းလဲပေးနိုင်ပေသည်။ ပုံမှန်အတိုင်းဆိုပါက လူတစ်ဦး၏ ခန္ဓာကိုယ်ကို ပြောင်းလဲရန် အလွန်ခက်ခဲသည်ဟုပြောလို့ရပေသည်။ မည်မျှပင် အစွမ်းထက်သော သိုင်းဖြစ်စေကာမူ ခန္ဓာကိုယ်ကို အဆက်မပြတ် တိုးတက်စေနိုင်မည်မဟုတ်ပေ။

သို့သော် ရှေးဟောင်းခန္ဓာသိုင်းမှာတော့ ထိုသို့လုပ်ဆောင်နိုင်ပေသည်။

“ရှေးဟောင်းခန္ဓာသိုင်းက တကယ်ကို ထူးခြားဆန်းကြယ်တယ် ဘယ်သူ ဖန်တီးခဲ့တာလဲဆိုတာ စိတ်ကူးဖို့တောင် ခက်တယ်”

ကျိုးဟောင်သည် အလွန်တုန်လှုပ်နေခဲ့သည်။ သူ ကောင်းကင်ဘုံအဆင့်သို့ ရောက်ပြီးနောက် သူ၏ရှေးဟောင်းခန္ဓာသိုင်းသည် ပိုမိုအားကောင်းလာသည်ကို သူ ခံစားမိသည်။

သူ၏ ဖျက်ဆီးနိုင်စွမ်းတင် တိုးတက်လာရုံသာမက ကာကွယ်နိုင်စွမ်းနှင့် ပြန်လည်ကောင်းမွန်နိုင်စွမ်းသည်လည်း တိုးတက်လာခဲ့သည်။

ကျိုးဟောင်၏ ခန္ဓာကိုယ်ထဲတွင် စကြဝဠာမူလသစ်ပင်ရှိနေဆဲဖြစ်ပြီး စွမ်းအင်အနှစ်သာရကို အဆက်မပြတ် ထောက်ပံ့ပေးနေသဖြင့် သူသည် အနှစ်သာရစွမ်းအင်အတွက် စိုးရိမ်စရာ မလိုတော့ပေ။

“စိတ်စွမ်းအားကိုကျင့်ကြံဖို့က အရမ်းခက်ခဲတယ် ဒါပေမဲ့ င့ါမှာစိတ်ဝိဉာဥ်ကျောက်တုံးရှိတယ် အခုချိန်မှာငါ ကောင်းကင်ဘုံအဆင့်ကို ရောက်နေပြီဆိုတော့ စိတ်ဝိဉာဥ်ကျောက်တုံးကို သုံးလို့ရပြီ"

ကျိုးဟောင်မှာ ပြောနေရင်းပင် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏စိတ်ထဲရှိ စိတ်ဝိဉာဥ်ကျောက်တုံးကို အာရုံခံလိုက်သည်။ ကျိုးဟောင်သည်အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်စွမ်းအားဖြင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။

ကျိုးဟောင် ကောင်းကင်ဘုံအဆင့်တစ်ဝက်တွင်ရှိစဉ်က စိတ်ဝိဉာဥ်ကျောက်တုံးသည် ဘာတုံ့ပြန်မှုမှ မရှိဘဲ သာမန်ကျောက်တုံးတစ်တုံးလို ဖြစ်နေခဲ့သည်။ သို့သော်ကောင်းကင်ဘုံအဆင့်သို့ ရောက်ပြီးနောက် ကျိုးဟောင်သည် ၎င်းမှ အဆက်မပြတ် ထွက်ပေါ်လာသော စွမ်းအားကို ခံစားမိခဲ့သည်။

၎င်းသည် ဤစွမ်းအားကို အမြဲတမ်းထုတ်လွှတ်နေခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော် သူ၏ ကျင့်ကြံဆင့်သည် မလုံလောက်သေးသောကြောင့်သာ ကျိုးဟောင် ခံစားနိုင်ခြင်းမရှိခဲ့ခြင်းဖြစ်သည်။

ကျိုးဟောင်၏ စိတ်စွမ်းအားသည်စိတ်ဝိဉာဥ်ကျောက်တုံးအနီးသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။ ရုတ်တရက်ဆိုသလို စိတ်ဝိဉာဥ်ကျောက်တုံးမှ စုပ်ယူနိုင်သောစွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျိုးဟောင်၏ မျက်နှာအမူအရာ မှာပြောင်းလဲသွားခဲ့သည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် ဤအရာသည် သူ၏စိတ်စွမ်းအားကို စုပ်ယူသွားခဲ့ကာ နောက်တစ်စက္ကန့်တွင် ကျိုးဟောင်သည် ထူးဆန်းသောနေရာတစ်ခုတွင် ပေါ်လာခဲ့သည်။

....................................................................................

အခန်း (၆၀၃) ပြီးပါပြီ။

All Chapters