အခန်း (၆၀၇-၆၀၉)
Vol. 41 Ch. 607-609
အခန်း (၆၀၇) : ပုံရိပ်ယောင်
ကျိုးဟောင်က ပေတစ်ရာတီကောင်ဘုရင်ကို ကြည့်ပြီးလက်အားဝှေ့ယမ်းလိုက်ရာ သူ၏ ပြင်းထန်သော စွမ်းအားမှာ ချက်ချင်းပေါက်ကွဲထွက်လာခဲ့သည် ။
သူသည် နတ်ဘုရားဖျက်ဆီးသိုင်းနှင့်ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းကို အသုံးပြုလိုက်ရာ သူ၏ စွမ်းအားများပေါက်ကွဲထွက်လာသည်နှင့်အမျှ ပေတစ်ရာတီကောင်ဘုရင်သည်လည်း အံ့သြသွားခဲ့သည် ။
ထိုမျှတင်မကသေးဘဲ ကျိုးဟောင်မှာလက်ဝှေ့ယမ်းလိုက်ရာ သူ့ကိုယ်ပေါ်ရှိချပ်ဝတ်နှင့်ဆင်တူသောငွေရောင်ချပ်ဝတ်တစ်ခုမှာတဖြည်းဖြည်းချင်းပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်လိုက်သည် ။ ပေတစ်ရာတီကောင်ဘုရင်၏ အတောင်ပံများနှင့် နှိုင်းယှဉ်လျှင် ကျိုးဟောင်၏ ငွေရောင်ချပ်ဝတ်က ပိုမိုအားကောင်းပေသည်။
“ ပေတစ်ရာတီကောင်ဘုရင် ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက မင်းထက်သာတယ် ငါ့မှာ မင်းနဲ့တူတဲ့ ရတနာလည်း ရှိတယ် ပြောပါဦး ငါမင်းကိုသတ်ဖို့ မလွယ်ဘူးလို့ ထင်နေတုန်းပဲလား”
ကျိုးဟောင် စကားဆုံးသည်နှင့် ပေတစ်ရာတီကောင်ဘုရင်၏ မျက်နှာအမူအရာမှာပြောင်းလဲသွားပြီး နှလုံးသားမှာအေးခဲသွားခဲ့သည် ။
ကျိုးဟောင် ပြောတာမှန်ပေသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် အနည်းဆုံး သုံးဆတိုးလာခဲ့သည်။ ထို့အပြင် သူသည် တစ်ဖက်လူနှင့် ခုနက တိုက်ခိုက်ခဲ့ရာတွင် သရေကျခဲ့သည်။ ယခု စွမ်းအားသုံးဆတိုးလာသည့်အချိန်တွင် တစ်ဖက်လူသည် သူ၏ အသက်ကို စတေးခဲ့လျှင်ပင် သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ ။
လက်ရှိအချိန်တွင် ၎င်းသည် ချက်ချင်း စိတ်ပျက်အားငယ်သွားခဲ့သည် ။
တစ်ဖက်တွင်မူ ငွေအရိုးဝက်ဝံဘုရင်က ရယ်မောနေခဲ့သည် ။
“ပြီးပြီ မင်းတော့ သွားပြီ ပေတစ်ရာတီကောင်ဘုရင်ဒီနေ့ မင်းသေနေစေ့တဲ့နေ့ပဲ"
ပေတစ်ရာတီကောင်ဘုရင်၏ မျက်နှာအမူအရာသည် အလွန်ဆိုးရွားနေခဲ့သည်။ ကောင်းကင်ဘုံအဆင့်သို့ အခုမှရောက်ခါစ လူသားသိုင်းပညာရှင်တစ်ဦးက ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု ၎င်းက မမျှော်လင့်ထားခဲ့ပေ ။
ထို့အပြင် ဤလူကသူ့ထံတွင်ရှိသော အဖြူရောင်ချပ်ဝတ်ကိုလည်း ပိုင်ဆိုင်ထားသေးသည် ။
ဤအရာ၏စွမ်းအားကို သူသိပေသည်။ တိုက်ခိုက်ရေးစွမ်းအားဖြစ်ဖြစ်၊ ကာကွယ်ရေးဖြစ်ဖြစ်၊ ၎င်းမှာနှစ်ခုလုံးတွင် ထိတ်လန့်စရာကောင်းသည် ။
ယခုအခါတွင် ဤလူသားသိုင်းပညာရှင်သည် ၎င်းနှင့်တူညီသောချပ်ဝတ်ကု ပိုင်ဆိုင်ထားရုံသာမက ၎င်းပိုင်ဆိုင်သည့် ချပ်ဝတ်သည် သူ့ဟာထက်ပင် အဆင့်မြင့်နေပေသည် ။ ထို့အပြင် သူ၏ ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းအားသည် ကျိုးဟောင်ထက် အများကြီး နိမ့်ကျနေသည်။ ဤတိုက်ပွဲတွင် သူသေချာပေါက်အရှုံးပေးရတော့မည်ဖြစ်ကြောင်း သူသိပေသည် ။
ထို့ကြောင့် ဤအချိန်တွင် ၎င်းသည် ထွက်ပြေးရန် နည်းလမ်းကို စတင်တွေးတောနေပြီဖြစ်သည်။
“ ပေတစ်ရာတီကောင်ဘုရင် စဉ်းတောင်မစဉ်းစားနဲ့ မင်း ဒီနေ့ ထွက်ပြေးလို့ရမှာ မဟုတ်ဘူး အကြွင်းမဲ့ ခွန်အားရှေ့မှာ ပရိယာယ်အားလုံးက အချည်းနှီးပဲ"
ကျိုးဟောင်က ပြုံးလိုက်သည်။ သူ၏ လက်ရှိတိုက်ခိုက်ရေးစွမ်းအားသည် အလွန်အစွမ်းထက်နေပြီ ဖြစ်သည်။ ထို့အပြင် သူ၌ အဖိုးတန်ဝှက်ဖဲတစ်ခုဖြစ်သည့် မူလကျောက်စာ၏စွမ်းအားလည်း ရှိနေသေးသည် ။
ပေတစ်ရာတီကောင်ဘုရင်သည် ဝိဉာဥ်ကျောက်မှတစ်ဆင့်ထွက်ပေါ်လာသော ကျိုးဟောင်၏ မူလကျောက်စာစွမ်းအားကို လုံးဝ ခုခံနိုင်ခြင်းရှိမည်မဟုတ်ပေ။ ၎င်း၏ ကိုယ်ခန္ဓာသည် အစွမ်းထက်သော်လည်း စိတ်စွမ်းအားသည် အလွန်အားနည်းပေသည် ။
ကျိုးဟောင်စကားဆုံးသည်နှင့် သူ၏ စိတ်စွမ်းအားမှာချက်ချင်း ပေါက်ကွဲထွက်လာပြီး အဆုံးမဲ့လှောင်ချိုင့်ကိုချက်ချင်းအသုံးပြုလိုက်သည် ။
ချက်ချင်းပင် ကြီးမားသောအနက်ရောင်ပိုက်ကွန်ကြီးသည် ပေတစ်ရာတီကောင်ဘုရင်၏ အာရုံကြောများကို ဖုံးအုပ်သွားခဲ့ပေရာ ၎င်းသည် ချက်ချင်းလှောင်အိမ်ထဲသို့ ကျရောက်သွားပြီး ပုံရိပ်ယောင်ထဲသို့ ဝင်ရောက်သွားခဲ့သည် ။
“အ....အစွမ်း...အစွမ်းထက်လိုက်တဲ့ စိတ်စွမ်းအား… သူရဲ့ ခန္ဓာကိုယ်တင်မကဘူး သူ့စိတ်စွမ်းအားကလည်း ဒီလောက်အစွမ်းထက်တာပဲ ပြီးပြီ… လုံးဝပြီးသွားပြီ"
ပေတစ်ရာတီကောင်ဘုရင်သည် အလွန်အံ့အားသင့်သွားခဲ့သည်။ ဤအချိန်တွင် ကျိုးဟောင်၏ ပုံရိပ်သည် အဆုံးမဲ့လှောင်ချိုင့်ထဲတွင် ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။ ကျိုးဟောင် လက်ဝှေ့ယမ်းလိုက်သည်နှင့် အမှောင်ထဲတွင် သစ်ပင်အရွယ်အစားရှိသော သံကြိုးများစွာ ပေါ်လာပြီး ပေတစ်ရာတီကောင်ဘုရင်ကို ချက်ချင်း ချည်နှောင်လိုက်သည်။
“ ပေတစ်ရာတီကောင်ဘုရင် မင်း ဒီနေ့ သေရမယ် ဒါပေမဲ့ သေတဲ့နည်းလမ်းတွေကတော့ မတူဘူး ငါ့ကမ္ဘာထဲမှာ မင်း ဘယ်လိုသေချင်တယ်ဆိုတာ ငါဆုံးဖြတ်နိုင်တယ် ဒါကြောင့် ပိုမြန်မြန်သေပြီး ဒုက္ခနည်းနည်းခံချင်ရင် ငါ့မေးခွန်းကို ကောင်းကောင်းဖြေ မဟုတ်ရင် ငါမင်းကို နှိပ်စက်မယ်။”
ကျိုးဟောင်သည် ၎င်းကို လုံးဝ မသနားပေ။ သူတို့နှစ်ဦးသည် အစကတည်းက ရန်သူများ ဖြစ်သည်။ ထို့အပြင် ၎င်းသည် ဤအက်ကွဲကြောင်းများကို ကိုင်တွယ်ရန်မျိုးနွယ်ခြားများမှ စေလွှတ်ထားသည့် အဓိကပုဂ္ဂိုလ် ဖြစ်သည်။ ထို့ကြောင့် ၎င်းကို သတ်မှသာ သူ့အတွက် အကျိုးရှိမည် ဖြစ်သည် ။
“ဟွန့်၊ လူသားကောင်စုတ်လေး မင်း ငါ့ကို အထင်သေးနေတာပဲ ငါ့ကိုဒီလောက်ပုံရိပ်ယောင်ထဲမှာ မင်းင့ါကိုချုပ်ထားနိုင်မယ်လို့ ထင်နေတာလားငါ ထွက်ပြေးလို့ မရဘူးဆိုပေမယ့် ပုံရိပ်ယောင်အားလုံးက အတုအယောင်တွေဆိုတာ ငါသိတယ် မင်း ငါ့ကိုပုံရိပ်ယောင်လောက်နဲ့ခြောက်လှန့်ချင်တာလား ရယ်စရာပဲ”
ပေတစ်ရာတီကောင်ဘုရင်သည် ရင်ဆိုင်ရန် မလွယ်ကူပေ။ ၎င်းသည် ပုံရိပ်ယောင်များကို ကောင်းစွာနားလည်သဖြင့် လုံးဝ မတွန့်ဆုတ်ဘဲ ချက်ချင်း မျက်လုံးများကို မှိတ်ကာ အာရုံစိုက်လိုက်သည်။
ကျိုးဟောင်က ပြုံးလိုက်သည်။ ဤသိုင်းသည် သူတော်စင်ဘုံအဆင့်သိုင်းပညာ ဖြစ်သည်။ တစ်ဖက်လူသည် ကောင်းကင်ဘုံအဆင့်ပညာရှင်သာဖြစ်ပေရာ ဤသိုင်းပညာ၏ ဖျက်ဆီးခြင်းမှ မည်သို့လွတ်မြောက်နိုင်မည်နည်း။
ထို့အပြင် ဝိဉာဥ်ကျောက်၏ အထောက်အပံ့ဖြင့် ဤပုံရိပ်ယောင်ကို မည်သို့မျှ ခုခံနိုင်မည် မဟုတ်ပေ။
“မင်းကို နည်းနည်းလောက်ပညာမပေးရင် မင်းကစကားကိုနားဝင်မှာမဟုတ်တဲ့ပုံပဲ”
ကျိုးဟောင်မှာပြုံးလိုက်ပြီး လက်အားဝှေ့ယမ်းလိုက်ရာ အဆုံးမဲ့လေနှင့်ဆီးနှင်းများ ချက်ချင်း ရောက်ရှိလာခဲ့သည်။ ဤလေနှင့်ဆီးနှင်းများသည် အလွန်အေးခဲပြီး ပေတစ်ရာတီကောင်ဘုရင်၏ကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်လာခဲ့သည်။ ချက်ချင်းဆိုသလို ပြင်းထန်သော အအေးဓာတ်သည်ပျံ့နှံ့လာခဲ့သည်။ ပေတစ်ရာတီကောင်ဘုရင်၏ ကိုယ်ခန္ဓာမှာ တုန်ယင်သွားပြီး ၎င်း၏ မျက်နှာအမူအရာသည် ချက်ချင်း ဆိုးရွားသွားခဲ့သည် ။
“ဒီပုံရိပ်ယောင်က တကယ်ကို လက်တွေ့ကျတယ် ဒါပေမဲ့ သာမန်ရေခဲလောက်နဲ့ ငါ့ကို အရှုံးပေးအောင်လုပ်နိုင်တယ်လို့ မင်းထင်နေတာကတော့ တကယ်ကို ရယ်စရာကောင်းတယ်"
ပေတစ်ရာတီကောင်ဘုရင်သည် မယိမ်းယိုင်သွားပေ။ လက်ရှိအချိန်ရှိနာကျင်မှုသည် သည်းမခံနိုင်စရာဖြစ်သော်လည်း ၎င်းက ဆက်လက်သည်းခံနေခဲ့သည်။
ကျိုးဟောင်က ပြုံးလိုက်သည်။ သူသည်တကယ်တမ်းတွင် အဆုံးမဲ့လှောင်ချိုင့်အသုံးဝင်ခြင်းရှိမရှိအားစမ်းသပ်ရန်အတွက် ဤမျှလောက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည် ။
မဟုတ်ပါက ကျိုးဟောင်မှာ လက်သီးတစ်ချက်တည်းဖြင့် ဤသတ္တဝါအားအလွယ်တကူ သတ်ပစ်နိုင်ပေသည်။
ကျိုးဟောင်က ဂရုမစိုက်ဘဲ လက်အားဝှေ့ယမ်းလိုက်ရာ ကြီးမားသော လက်တစ်ဖက်သည် လေထဲတွင်ပေါ်လာခဲ့သည်။ ဤလက်သည် အလွန်အစွမ်းထက်လှသည်။ လက်ချောင်းတစ်ချောင်းဖြင့် ကျိုးဟောင်သည် ပေတစ်ရာတီကောင်ဘုရင်အား ချက်ချင်းဖမ်းလိုက်သည်။
ထိုကြီးမားသောလက်နှင့်နှိုင်းယှဉ်လျှင် ပေတစ်ရာတီကောင်ဘုရင်သည် ထိုမျှလောက်ကြီးမားပုံ မပေါ်တော့ပေ ။
ကျိုးဟောင်က ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ရာ ထိုလက်က ၎င်း၏ ခြေထောက်တစ်ချောင်းကို ဖမ်းဆုပ်ပြီး ချက်ချင်းဆုတ်ဖြဲလိုက်သည်။ ပြင်းထန်သောနာကျင်မှုကြောင့် ပေတစ်ရာတီကောင်ဘုရင်၏ ကိုယ်ခန္ဓာမှာတုန်ယင်သွားသည်။ ၎င်းကအော်ဟစ်လိုက်သော်လည်း ဂရုမစိုက်သေးပေ။
ကျိုးဟောင်က ပြုံးပြီး ၎င်းကို လျစ်လျူရှုလိုက်သည်။ ထို့နောက်ထပ်မံကာ သူ၏ လက်ချောင်းများ ဝှေ့ယမ်းလိုက်ပြီး ခြေချောင်းများကို တစ်ချောင်းပြီး တစ်ချောင်းဆုတ်ဖြဲသွားခဲ့သည်။
ဆုတ်ဖြဲခံလိုက်ရသောခြေချောင်းတိုင်းသည် နှလုံးသားကို ထိုးဖောက်သည့် နာကျင်မှုကို ကိုယ်စားပြုသည်။
နောက်ဆုံးတွင် ကျိုးဟောင်သည်အံ့သြသွားခဲ့သည်။ ဤပေတစ်ရာတီကောင်ဘုရင်သည် တကယ်ပင် သခင်ကြီးတစ်ယောက် ဖြစ်ထိုက်ပေသည်။ နာကျင်မှုကို ဤမျှအထိသည်းခံနိုင်သည် ။
သို့သော် ကျိုးဟောင်မှာမစိုးရိမ်ပေ။ သူ၏ ခြေချောင်းများကို ချိုးပြီးနောက် ကျိုးဟောင်သည် ကြီးမားသော လက်ဖြင့် ၎င်း၏ ကိုယ်ခန္ဓာကိုစတင်ကာနင်းခြေတော့သည် ။
ဧရာမလက်ကြီးသည် အလွန်အစွမ်းထက်ပြီး ၎င်း၏ အရေပြားကို ဆွဲကိုင်ကာ ပြင်းထန်စွာ ဆွဲခွာလိုက်သည် ။
ပေတစ်ရာတီကောင်ဘုရင်၏ အရေပြားသည် ၎င်း၏ အစွမ်းအထက်ဆုံး လက်နက်ဖြစ်သော်လည်း ဤကြီးမားသောလက်၏ ဆွဲဖြဲမှုအောက်တွင် အရေပြားသည် ချက်ချင်း စုတ်ပြဲသွားခဲ့သည် ။
ပေတစ်ရာတီကောင်ဘုရင်သည် ချွေးများဖြင့်ရွှဲရွှဲစိုနေကာ ပြင်းထန်သောနာကျင်မှုကြောင့်စိတ်လွတ်သွားလုနီးပါး ဖြစ်ခဲ့သော်လည်းအံကြိတ်ကာ တစ်စက်မှ မပြောပေ။
ကျိုးဟောင်က စိတ်မရှည်မဖြစ်ပေ။ ဘာပဲဖြစ်ဖြစ် သူ့မှာ ၎င်းကို နှိပ်စက်ဖို့ အချိန်အများကြီး ရှိသေးပေသည် ။
၎င်း၏ အရေပြားတစ်ခုလုံးကို ခွာချပြီးနောက်တွင်ပင် ပေတစ်ရာတီကောင်ဘုရင်သည် ဆက်လက် သည်းခံနေခဲ့သည်။ ကျိုးဟောင်သည် တဖြည်းဖြည်း စိတ်မရှည်တော့ဘဲ အလွန်အားမလိုအားမရ ဖြစ်လာခဲ့သည် ။
“မင်းမှာ တကယ်ပဲ စွမ်းရည်အချို့ရှိတဲ့ပုံပဲ ဒါပေမဲ့ ပေတစ်ရာတီကောင်ဘုရင် ဒီပုံရိပ်ယောင်ထဲမှာ ဖြစ်ခဲ့တဲ့အရာတွေအားလုံးက မင်း တကယ့်ကမ္ဘာကို ပြန်ရောက်တာနဲ့ ပျောက်ကွယ်သွားလိမ့်မယ်လို့ မင်းထင်နေတာလား”
“ကောင်းပြီ၊ မင်းကို ပုံရိပ်ယောင်ထဲကနေထုတ်ပေးမယ်”
ကျိုးဟောင်မှာစကားဆုံးသည်နှင့် အဆုံးမဲ့လှောင်ချိုင့်ကို ဖွင့်လိုက်သည်။ ပေတစ်ရာတီကောင်ဘုရင်၏ စိတ်စွမ်းအားသည် ၎င်း၏ ကိုယ်ခန္ဓာသို့ ချက်ချင်း ပြန်ရောက်လာခဲ့သည် ။
၎င်းသည် ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရာ မည်သည့် ပုံမှန်မဟုတ်သည့်အရာမှ မတွေ့ရှိရပေ။ သို့သော်လည်း ၎င်း၏ ခြေလက်များသည် မကျိုးပဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိနေသည်ကို အံ့အားသင့်စွာ တွေ့ရှိလိုက်သည်။ အထူးသဖြင့် ၎င်း၏ ခြေထောက်များတွင် ကျိုးနေသောအရိုးများ ရှိနေခဲ့ပြီး ၎င်း၏ အရေပြားသည် မပြဲသော်လည်း ဒဏ်ရာများစွာ ပေါ်လာခဲ့သည် ။
“ဒါ…”
၎င်းသည် တုန်လှုပ်သွားခဲ့သည်။
“ငါ့ပုံရိပ်ယောင်ရဲ့ တစ်ဝက်က တကယ်ဖြစ်ပြီး ကျန်တစ်ဝက်က အတုအယောင်ပဲ ငါလိုချင်သရွေ့ အရာအားလုံးကို တကယ်ဖြစ်အောင် လုပ်နိုင်တယ် ငါ မင်းခြေထောက်တွေကို အလွယ်တကူ ချိုးနိုင်ပြီး မင်းအရေပြားကို ဆွဲခွာပစ်လို့ရတယ် မင်းအရေပြားတစ်ခုလုံးကို ဆုတ်ဖြဲဖို့ ငါ့အတွက် နည်းနည်းခက်ခဲနေသေးတယ်ဆိုပေမဲ့… ပေတစ်ရာတီကောင်ဘုရင်မင်းကိုဖြေရှင်းဖို့ဆို ငါ့အတွက်လွယ်နေတုန်းပဲ”
ကျိုးဟောင်မှာ လက်နောက်ပစ်ကာ ရပ်နေပြီး တစ်ဖက်လူအားဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။ သူသည် အလွန်စိတ်အေးလက်အေး ရှိနေသော်လည်း ဤအမူအရာမှာ ပေတစ်ရာတီကောင်ဘုရင်ကို ထိတ်လန့်သွားစေခဲ့သည် ။
....................................................................................
အခန်း (၆၀၇) ပြီးပါပြီ။
အခန်း (၆၀၈) : ထိန်းချုပ်ခြင်း
ပေတစ်ရာတီကောင်ဘုရင်သည် ၎င်း၏ အတွေးများကို စနစ်တကျစုစည်းလိုက်သည်။ ၎င်း၏ရှေ့မှ လူ၏ စိတ်စွမ်းအားနှင့် တိုက်ခိုက်ရေးစွမ်းအား နှစ်ခုလုံးသည် သူနှိုင်းယှဥ်နိုင်သောအရာများမဟုတ်ပေ ။ ဤအချိန်တွင် ၎င်းသည် ပုံရိပ်ယောင်ထဲ၌ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး အလွန်ထိတ်လန့်နေသည်။ ဤပုံအတိုင်းသာ ဆက်သွားနေပါက သူသေချာပေါက်သေမည်ဖြစ်သည်။
“လူသား မင်းရဲ့ တောင်းဆိုချက်အားလုံးကို ငါသဘောတူနိုင်တယ် ဒါပေမဲ့ မင်း ငါ့ကို အသက်ရှင်ခွင့်ပေးရမယ် ပြီးတော့ ငါ့ဘဝတစ်လျှောက်လုံး လူသားတွေကို ဘယ်တော့မှ မဆန့်ကျင်ဘူးလို့ ငါအာမခံတယ်”
ခြေတစ်ရာပိုးကောင်ဘုရင်သည် ဤအချိန်တွင် တကယ်ပင် ကြောက်နေပြီ။ ၎င်း၏ အသက်ထက် အရေးကြီးသည့်အရာ ဘာမှမရှိပါသည် ။
“ဟဲဟဲ ဒီလိုစောစောကတည်းက ပြောခဲ့ရင် ကောင်းတာပေါ့”
ကျိုးဟောင်က ပြုံးပြီး ပြောလိုက်သည်။
“မင်းတို့ရဲ့အက်ကွဲကြောင်းထဲမှာ ကောင်းကင်ဘုံအဆင့်သားရဲတွေ ဘယ်နှစ်ကောင်ပျိုးထောင်ထားလဲ သိချင်တယ် မျိုးနွယ်ခြားတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက လူသားတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်လိုလဲ ပြီးတော့ မင်းတို့မှာ ဝှက်ဖဲတွေ ရှိသေးလား"
တကယ်တော့ ကျိုးဟောင်မှာ သိပ်မမေးခဲ့ပေ။ အကြောင်းမှာ သူမျိုးနွယ်ခြားတွေအကြောင်း သိပ်မသိတဲ့အပြင် အချက်အလက်အများစုက လျှို့ဝှက်အချက်အလက်တွေ ဖြစ်နေ၍ဖြစ်သည် ။ သို့မဟုတ် လူသားများမှာမျိုးနွယ်ခြားများအကြောင်း တကယ်ကိုများများစားစားမသိထားဘဲ ကာကွယ်ရုံသက်သက်သာ လုပ်နေကြခြင်းဖြစ်သည် ။
ထို့ကြောင့် အကြာကြီး စဉ်းစားပြီးနောက်တွင်ပင် ကျိုးဟောင်မှာဤမေးခွန်း ၃ခုပဲ ရှိခဲ့သည်။
“အက်ကွဲကြောင်း သုံးခုတိုင်းမှာ ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦးထိန်းချုပ်တယ် ငါတို့ မျိုးနွယ်ခြားမဟာမိတ်မှာ မျိုးနွယ်ခြားတွေ အများကြီး ရှိတယ် ငါကိုယ်တိုင်လည်း ဘယ်လောက်ရှိတယ်ဆိုတာ မသိဘူး ငါတို့ရဲ့ အစွမ်းက မင်းတို့နဲ့ ယှဉ်လို့ရတယ် မဟုတ်ရင် ကမ္ဘာဂြိုဟ်ကို အစောကြီးကတည်းကပေါင်းစည်းခဲ့ပြီးပြီ မင်းပြောတဲ့ ဝှက်ဖဲကတော့ ငါ မသိဘူး ငါ့ရဲ့ အဆင့်အတန်းက အဲဒီလောက်မမြင့်တဲ့အတွက် အဓိကလျှို့ဝှက်ချက်တွေကိုသိခွင့်မရှိသေးဘူး”
ကျိုးဟောင်သည် ဤအဖြေကို သိပ်ပြီးမခန့်မှန်းနေပေ။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူ၏သရုပ်မှန်သည် ထိုမျှမြင့်မားခြင်း မရှိဘဲ ၎င်းသိထားသည်များက ကန့်သတ်ချက် ရှိနေသည် ။
“ကောင်းပြီ၊ မင်းကို ငါမေးမယ်။ မင်းရဲ့ မျိုးနွယ်ခြားမဟာမိတ်မှာ သူတော်စင်ဘုံအဆင့်ပညာရှင်ဘယ်နှစ်ယောက်ရှိလဲ သူတော်စင်အဆင့်အထက်ရှိတဲ့သူရောရှိသေးလား”
ကျိုးဟောင်က ချက်ချင်း ပြောလိုက်သည် ။
“ငါသိသလောက်တော့ သူတော်စင်ဘုံအဆင့်ပညာရှင်စုစုပေါင်း သုံးယောက် ရှိတယ် ဒီသုံးယောက်ကလွဲရင် တခြားသူ ဘယ်သူမှ မရှိဘူးနဲ့တူတယ် ဒီသုံးယောက်ကမျိုးနွယ်ခြားတွေကို အတူတူ စီမံခန့်ခွဲတယ် သူတို့ထဲက တစ်ယောက်က စက်ယန္တရားမျိုးနွယ်ရဲ့ စစ်သေနာပတိချုပ်ပဲ သူ့ရဲ့ အစစ်အမှန်ပုံပန်းသဏ္ဌာန်ကို ဘယ်သူမှ မမြင်ဖူးသေးဘူး အမြဲတမ်း ပုံရိပ်ယောင်အနေနဲ့ပဲ ပေါ်လာတာ ဒါပေမဲ့ သူက သူတော်စင်ဘုံအဆင့်ပညာရှင်ဆိုတာ လူတိုင်းသိတယ်”
“ဒုတိယမြောက်သူတော်စင်ဘုံအဆင့်ပညာရှင်က ကောင်းကင်နတ်ဆိုးမျိုးနွယ်ကပဲ ဒီမျိုးနွယ်ကရှင်သန်လာတာကြာလှပြီ ပြီးတော့ လုံးဝ သန္ဓေပြောင်းလဲမှုကနေ မွေးဖွားလာတာ မဟုတ်ဘူး ရှေးခေတ်ကတည်းက ကျန်ခဲ့တာ သူတို့က လူသားတွေနဲ့ အများကြီးဆင်တူပြီး ပါရမီအရမ်းကောင်းတယ် သူတို့ရဲ့ စစ်သေနာပတိချုပ်က သူတော်စင်ဘုံအဆင့်ပညာရှင်ပဲ”
“နောက်ဆုံးတစ်ယောက်ကတော့… လူသားကျင့်ကြံသူတစ်ဦးနဲ့တူတယ် ငါတို့ အားလုံးက သူ့ကို အဆင့်မြင့်သူတော်စင်လို့ ခေါ်ကြတယ် သူက မျက်နှာဖုံးနဲ့ အနက်ရောင်ဝတ်ရုံ ဝတ်တယ် သူ့ပုံပန်းသဏ္ဌာန်ကို ဘယ်သူမှ မမြင်ဖူးပေမယ့် သူ့ရဲ့သူတော်စင်အဆင့်ကျင့်ကြံမှုက တကယ်ကို မဆိုးဘူး သူ့ကိုဘာလို့ လူသားလို့ ပြောရတာလဲဆိုတော့ ဒါကကြားရတဲ့ကောလဟလအရပဲ အတည်ပြုလို့တော့မရဘူး”
ပေတစ်ရာတီကောင်ဘုရင်သည် ကောင်းမွန်စွာပူးပေါင်းပြီး အရာအားလုံးကို ထုတ်ဖော်ပြောလာခဲ့သည် ။
ကျိုးဟောင်သည် အလွန်ကျေနပ်သွားခဲ့သည်။
“သဘောပေါက်ပြီ…”
သူတော်စင်ဘုံအဆင့်ပညာရှင်သုံးဦးသည် အလွန်အစွမ်းထက်သော်လည်း လူသားများတွင်လည်း အနည်းဆုံး သူတော်စင်ဘုံအဆင့်ပညာရှင်သုံးဦး ရှိသည်မှာ သေချာပေသည်။
တကယ်တမ်းလူသားမျိုးနွယ်တွင်သူတော်စင်ဘုံအဆင့်ထက် အများကြီး သာလွန်သောပညာရှင်တွေတောင် ရှိခဲ့ပေသည် ။
အက်ကွဲကြောင်းအပြင် မြေအောက်လောက၊ ကောင်းကင်မြို့တော် နှင့် အဆုံးမဲ့ပင်လယ်ဒေသတို့လည်း ရှိသေးသည်။ ထိုနေရာများတွင် အစွမ်းထက်သော သန္ဓေပြောင်းသားရဲများ ရှိသည် ။
ထို့ကြောင့် အက်ကွဲကြောင်းများ နောက်ကွယ်ရှိ သန္ဓေပြောင်းသားရဲများဖြင့်သာ လူသားများကိုဖျက်ဆီးရန်မှာ မလုံလောက်ပေ။
ကျိုးဟောင်က ခေါင်းညိတ်လိုက်သည်။
“မင်းရဲ့ အတောင်ပံတွေ ငါ့ကို ပေး”
ပြောရင်း ကျိုးဟောင်က လက်ဆန့်တန်းလိုက်သည်။
ပေတစ်ရာတီကောင်ဘုရင်က မတွန့်ဆုတ်ဘဲ ချက်ချင်းပင် ၎င်း၏ အတောင်ပံများကို ချွတ်ကာ ကျိုးဟောင်ဆီ ပစ်ပေးလိုက်သည် ။
ကျိုးဟောင်သည် ဤပစ္စည်းကို လက်ခံရရှိသောအခါ ချက်ချင်းပင် လိုက်ဖက်ညီမှုတစ်ခုကို ခံစားလိုက်ရသည်။ သို့သော်လည်း ၎င်းကို ပေါင်းစပ်ရန် နည်းလမ်းမရှိသေးပေ။ သူသည် ဤပစ္စည်းအားပေါင်းစပ်ရန် ငှက်မွေးတစ်ထောင်ချပ်ဝတ်ကိုသာ မှီခိုနေရသည် ။
“မင်းရဲ့ အသက်ကို ငါချမ်းသာပေးမယ် ဒါပေမဲ့ မင်းကို ငါမယုံသေးဘူး မင်းကို ငါယုံကြည်ဖို့အတွက်ဆို ငါမင်းကို သားရဲထိန်းချုပ်ကွင်း ပေးမယ် မင်းသဘောတူရင်တော့ ပျော်ရွှင်စရာ အဆုံးသတ်ပဲ မင်းမသဘောတူရင်တော့ မင်းရဲ့ စွမ်းရည်အားလုံးကို ငါဖျက်ဆီးပစ်မယ် ရွေးချယ်”
ကျိုးဟောင်က ချက်ချင်း ပြောလိုက်ရာ ပေတစ်ရာတီကောင်ဘုရင်ကို အံ့အားသင့်သွားစေခဲ့သည်။
“သားရဲထိန်းချုပ်ကွင်း”
၎င်းသည် ဤအရာကို လုံးဝ မနားလည်ပေ။ သို့သော် ဤအရာက၎င်းကို ထိန်းချုပ်နိုင်သည်ဟု ပြောနေခြင်းကို ၎င်းက သိလိုက်သည် ။
၎င်းသည် ငြင်းဆန်လိုသော်လည်း ကျိုးဟောင်၏ ဒုတိယဝါကျကို ကြားသောအခါ ၎င်း၏ မျက်နှာအမူအရာမှာချက်ချင်းပင်ပျက်ယွင်းသွားခဲ့သည်။
မပူးပေါင်းပါက သူ့အစွမ်းများဖျက်ဆီးခံရမည်ဖြစ်သည်။
ဒီလိုအရာမျိုးကို သူဘယ်လို သည်းခံနိုင်မည်နည်း။
“ဒီလူပြောတဲ့ သားရဲထိန်းချုပ်ကွင်းက ကြောက်စရာကောင်းတယ်လို့ ထင်ရပေမယ့် ငါတစ်ခါမှ မကြားဖူးဘူး ဒီအရာက ငါ့လို ကောင်းကင်ဘုံအဆင့်ပညာရှင်ကို ထိန်းချုပ်နိုင်တယ်ဆိုတာငါမယုံဘူး ပြီးတော့ငါတို့မျိုးနွယ်ခြားတွေရဲ့ နည်းပညာက လူသားတွေရဲ့ နည်းပညာထက် မနိမ့်ကျဘူး အချိန်ကျရင် စက်ယန္တရားမျိုးနွယ်ကပညာရှင်တွေကို နည်းလမ်းရှာခိုင်းမယ် ဒီလိုဆိုဒါကို ချွတ်နိုင်မှာပဲ"
ပေတစ်ရာတီကောင်ဘုရင်သည် ချက်ချင်းပင် ဤအချက်ကို စဉ်းစားလိုက်မိပေရာ ၎င်းသည်ကျိုးဟောင်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ သားရဲထိန်းချုပ်ကွင်းကို ငါဝတ်မယ်”
ကျိုးဟောင်က ခေါင်းညိတ်လိုက်သည်။ သူသည် ၎င်းကို ဆိုင်မှ ဝယ်ယူလာခြင်းဖြစ်ကာ အရန်သုံးရန် ဆယ်ခုကျော် တစ်ပြိုင်တည်း ဝယ်ထားခဲ့ခြင်းဖြစ်သည် ။
ဤအချိန်တွင် သူသည်တစ်ခုကို ထုတ်ယူပြီး ဝတ်ဆင်ခိုင်းလိုက်သည်။
“မခုခံနဲ့ မဟုတ်ရင် မင်းသေလိမ့်မယ်”
ကျိုးဟောင်က ထိုသို့ ပြောပြီးနောက် သားရဲထိန်းချုပ်ကွင်းအားတစ်ဖက်လူရဲ့ ကိုယ်ထဲမှာ သိမ်းဆည်းထားလိုက်သည် ။
ချက်ချင်းပင် ကျိုးဟောင်သည် အကြွင်းမဲ့ ထိန်းချုပ်မှုရရှိသွားခဲ့သည် ။
ပေတစ်ရာတီကောင်ဘုရင်မက ခြင်္သေ့ဘုရင်သည်လည်း အတူတူပင်။
သို့သော် ထိုခြင်္သေ့ဘုရင်၏ စွမ်းအားက အလွန်နိမ့်ကျပေရာ သေသွားပြီဖြစ်သည်။ ကျိုးဟောင်မှာထိုအရာအား ဂရုမစိုက်ပေ။ သူသည်ပေတစ်ရာတီကောင်ဘုရင်ကိုသာ မျှော်လင့်ချက်ထားထားပေသည် ။
ဤသတ္တဝါသည် ကောင်းကင်ဘုံအဆင့်ပညာရှင်ဖြစ်သည်။ သူရှိနေခြင်းဖြင့် သူသည် အနာဂတ်တွင်မျိုးနွယ်ခြားများ၏ နယ်မြေကိုစူးစမ်းရန် နည်းလမ်းအချို့ ရရှိလာနိုင်ပေလိမ့်မည် ။
“ဒီအရာကို ချွတ်ဖို့ မကြိုးစားနဲ့ မင်း ချွတ်လို့ မရဘူး ပြီးတော့မင်းကို ငါလုံးဝ ထိန်းချုပ်ထားတယ်မင်း မခုခံနိုင်ဘူး အခု ဒူးထောက်လိုက်”
ကျိုးဟောင်ကပြုံးပြီး ချက်ချင်း ပြောလိုက်သည်။ ချက်ချင်းဆိုသလို ထူးဆန်းသောစွမ်းအင်အတက်အကျတစ်ခုထွက်ပေါ်လာခဲ့ပြီး ပေတစ်ရာတီကောင်ဘုရင်၏ခန္ဓာကိုယ်မှာ အေးခဲသွားခဲ့သည်။ ၎င်း၏ သွေးမျိုးဆက်နှင့် စိတ်ဝိဉာဥ်တို့မှာ ကျိုးဟောင်၏အမိန့်ကို နာခံရန် ရုတ်တရက် တွန်းအားပေးလိုက်ရာ ၎င်းမှာ ထိတ်လန့်သွားခဲ့သည်။
၎င်းမှာမတွန့်ဆုတ်ဘဲ ချက်ချင်း ဒူးထောက်လိုက်သည်။ ဤမြင်ကွင်းသည် ပေတစ်ရာတီကောင်ဘုရင်ကိုသာမက ငွေအရိုးဝက်ဝံဘုရင်ကိုပါ ထိတ်လန့်သွားစေခဲ့သည် ။
“ချီးပဲသေစမ်း ဒီကောင်လေးက ကြမ်းလိုက်တာ ပေတစ်ရာတီကောင်ဘုရင်ကို ဒီလိုပဲ ဖမ်းလိုက်တာလား”
၎င်းသည် တုန်လှုပ်သွားပြီး ကျိုးဟောင်အားအဆုံးမရှိသောလေးစားမှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ကြည့်လိုက်သည် ။
ဤကောင်လေး၏တိုက်ခိုက်ရေးစွမ်းအားမှာ ထူးခြားသည့်အပြင် ယခုလို စွမ်းရည်မျိုးလည်း ရှိသေးပေရာ သူနဲ့ တကယ်တိုက်ခိုက်ပါက သေခြင်းတရားကလွဲ အခြားနည်းလမ်းမရှိပေ။
ပေတစ်ရာတီကောင်ဘုရင်သည် ထိတ်လန့်သွားခဲ့သည်။ လက်ရှိအချိန်တွင် အနည်းငယ်ဆန္ဒမရှိသော်လည်း ၎င်း၏ ကိုယ်ခန္ဓာသည် ထိန်းချုပ်မရနိုင်အောင် ဖြစ်နေသည်ကို ထိတ်လန့်စွာတွေ့ရှိလိုက်ရသည်။ တကယ်တမ်းတွင် ၎င်း၏ စိတ်ဝိညာဉ်က နာခံရန်ဆန္ဒမရှိလျှင်ပင် အလွန်အမင်း ခုခံမှု မပြခဲ့ပေ။
ဤခံစားချက်က ၎င်းကို ကြောက်လန့်သွားစေခဲ့သည် ။
“ဒီသားရဲထိန်းချုပ်ကွင်းက ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်ရုံသာမက ငါ့စိတ်ဝိညာဉ်ကိုပါ ထိန်းချုပ်ထားတာ ငါအခုချိန်မှာအသိဉာဏ်နဲ့ စိတ်ဆန္ဒကို နည်းနည်းထိန်းထားနိုင်သေးတယ်ဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူ ငါ့ကို ထိန်းချုပ်လာမှာ သေချာတယ်”
၎င်းမှာ အလွန်ထိတ်လန့်နေသော်လည်း ကျိုးဟောင်မှာ ပြုံးနေခဲ့သည်။
“မင်းကို ငါထိန်းချုပ်မယ်လို့ ပြောခဲ့ပြီးသား ငါ့ကို ဆန့်ကျင်ဖို့ မစဉ်းစားနဲ့ မဟုတ်ရင် မင်းကိုသတ်ဖို့က ငါ့အတွက်အလွယ်လေးပဲ"
ကျိုးဟောင် စကားပြောရင်း တွေးလိုက်သည်နှင့် သားရဲထိန်းချုပ်ကွင်းသည် ချက်ချင်းပင်ပြင်းထန်သောစွမ်းအားကို ထုတ်လွှတ်လိုက်ပြီး၎င်း၏ စိတ်စွမ်းအားကို ချက်ချင်းတိုက်ခိုက်လာခဲ့သည်။ ခဏလေးအတွင်းမှာပင် ပေတစ်ရာတီကောင်ဘုရင်သည် သွေးတစ်ပွက်အန်လိုက်ရသည် ။
၎င်းသည် ကျိုးဟောင်ကို ကြောက်လန့်စွာ ကြည့်လိုက်သည်။ လက်ရှိအချိန်တွင် ၎င်း၏ မကောင်းသော အတွေးများအားလုံးမှာ မီးရှို့ခံလိုက်ရပြီ ဖြစ်သည် ။
....................................................................................
အခန်း (၆၀၈) ပြီးပါပြီ။
အခန်း (၆၀၉) : အံ့အားသင့်သွားသော ကျိယောင်ယွဲ့
ပေတစ်ရာတီကောင်ဘုရင်သည် လုံးဝ ကြောင်အသွားပြီး ကျိုးဟောင်၏ ထိန်းချုပ်မှုမှ လုံးဝ မလွတ်မြောက်နိုင်ကြောင်းကို သိသွားခဲ့သည် ။
ကျိုးဟောင်သည် ငွေအရိုးဝက်ဝံဘုရင်ကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။
“ညီနောင်ဝက်ဝံ ခင်ဗျားလည်းလူသားတွေကို ဆန့်ကျင်တာမျိုးကျွန်တော်မမြင်ချင်ဘူး မဟုတ်ရင် ကျွန်တော်ကအားမနာဘူးလို့အပြစ်မတင်နဲ့ နားလည်လား”
ပြောရင်း ကျိုးဟောင်က ပေတစ်ရာတီကောင်ဘုရင်ကို ကြည့်ကာစိတ်ချင်းဆက်သွယ်လိုက်ရာ ကျိုးဟောင် ဘာတွေးနေသည်ကို ၎င်းမှာချက်ချင်း သိလိုက်သည် ။
“ဒီကောင်က ငါ့ကို ငွေအရိုးဝက်ဝံဘုရင်ကို သူလျှိုလုပ်ခိုင်းတာပဲ လူသားတွေအတွက် ခြိမ်းခြောက်မှုဖြစ်လာတာမျိုးတွေ့ရင် သတ်ပစ်ခိုင်းတာလား”
ပေတစ်ရာတီကောင်ဘုရင်သည် တုန်လှုပ်သွားခဲ့သော်ငြား မတတ်နိုင်ပေ။ သားရဲထိန်းချုပ်ကွင်း၏ စွမ်းအားသည် ၎င်း ခုခံနိုင်သည့် အရာမျိုး လုံးဝမဟုတ်ပေ ။
ငွေအရိုးဝက်ဝံဘုရင်ကခပ်ဟဟရယ်လိုက်ပြီးချက်ချင်းပြောလိုက်သည်။
“ငါ အဲဒီလောက် မအပါဘူး…”
သူသည် အစကတည်းက လူသားများနှင့် ကြီးမားသော တိုက်ပွဲကို မတိုက်ချင်ပေ။ ဘာပဲဖြစ်ဖြစ် နှစ်ဖက်တိုက်ခိုက်လျှင် သူလည်းသေဆုံးနိုင်ချေ ရှိပေသည်။ သူသည်အသက်ကို အလွန်တန်ဖိုးထားသောကြောင့် ထိုမျှလောက် မိုက်မဲသော အလုပ်ကို လုပ်မည်မဟုတ်ပေ။
ကျိုးဟောင်မှာ၎င်းအားတစ်ချက်မျှကြည့်ပြီးနောက် ထွက်သွားခဲ့သည် ။
ပေတစ်ရာတီကောင်ဘုရင်သည် ငွေအရိုးဝက်ဝံဘုရင်အားမကျေမချမ်းစိုက်ကြည့်ပြီး ထွက်ခွာသွားခဲ့သည် ။
ကျိုးဟောင်မှာထွက်ခွာသွားပြီးနောက် အာကာသယာဉ်ဆီသို့ ချက်ချင်းရောက်ရှိလာခဲ့သည် ။
“ဒုတိယအပိုင်းကို ရှာတွေ့ပြီ ရှောင်ယွီပေါင်းစပ်ဖို့ ပြင်ဆင်တော့”
ကျိုးဟောင်သည် ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာ ဒုတိယအပိုင်းနှင့် ပေါင်းစပ်ပြီးနောက် မည်သည့်အလားအလာများ ထွက်ပေါ်လာမလဲဆိုသည်ကိုကြည့်ရန် အလွန်စိတ်လှုပ်ရှားနေခဲ့သည် ။
လက်ရှိ ငှက်မွေးတစ်ထောင်ချပ်ဝတ်တွင် ကမ္ဘာ့ဆွဲငင်အားစနစ် ပါရှိသည်။ အကယ်၍ ၎င်းသည် ဒုတိယအပိုင်းနှင့် ပေါင်းစပ်လိုက်ပါက လုပ်ဆောင်ချက်အသစ်တစ်ခုကို သေချာပေါက် ဖော်ထုတ်နိုင်ပေလိမ့်မည် ။
ရှောင်ယွီက စကားတစ်ခွန်းမှ မပြောဘဲ ချက်ချင်းပင် ပေါင်းစပ်ခြင်းကို စတင်လိုက်သည် ။ ၎င်းတွင် အကြွင်းမဲ့ အားသာချက်ရှိပြီး ဤဒုတိယအပိုင်းတွင် မည်သည့်ဉာဏ်ရည်မျှ မရှိပေ။ ထို့ကြောင့် ရှောင်ယွီမှာချက်ချင်းပင် ဒုတိယအပိုင်းအားဝါးမြိုလိုက်သည် ။
“သခင့်ကို တင်ပြပါတယ် ပေါင်းစပ်မှု ပြီးပါပြီ ငှက်မွေးတစ်ထောင်ချပ်ဝတ်က ၃၀% အထိပြန်လည်ကောင်းမွန်လာပါပြီ ဆွဲငင်အားပိုင်နက်နဲ့ နေရာရွေ့ပြောင်းခြင်းကို အသုံးပြုနိုင်ပါပြီ”
ကျိုးဟောင် ဤစကားကို ကြားသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားလာသည် ။
“နေရာရွေ့ပြောင်းတာ”
“မှန်ပါတယ် သခင် ငှက်မွေးတစ်ထောင်ချပ်ဝတ်အတောင်ပံတွေရဲ့ အကြီးမားဆုံး အကျိုးသက်ရောက်မှုကနေရာရွေ့ပြောင်းတာပါ ဒါပေမဲ့ အခုတော့ အပြည့်အစုံ မဟုတ်သေးပါဘူး နေရာရွေ့ပြောင်းတဲ့ အမြန်နှုန်းကလည်း ကန့်သတ်ချက်ရှိပြီး နေရာရွေ့ပြောင်းနိုင်တဲ့ အကွာအဝေးကလည်း မီတာ ၁,၀၀၀ အတွင်းမှာပဲ ကန့်သတ်ထားပါတယ်”
မီတာတစ်ထောင်ဆိုသောပမာဏမှာအတော်လေးများနေပြီဖြစ်သည်။
တိုက်ပွဲတစ်ခုတွင် မီတာ ၁,၀၀၀ အကွာအဝေးကို နေရာရွေ့ပြောင်းနိုင်မည်ဆိုပါက တိုက်ပွဲရလဒ်အပေါ်သေချာပေါက် သက်ရောက်မှုရှိပေလိမ့်မည် ။
သူ၏ရွှေကျီးလွတ်မြောက်ရေးသိုင်းက အလွန်မြန်သော်ငြား ချက်ချင်းပျောက်ကွယ်သွားသည်အထိတော့မဟုတ်ပေ ။
ထိုအချိန်တွင် ကျိုးဟောင်သည် ချပ်ဝတ်ကိုဝတ်ဆင်ထားပြီး ၎င်း၏ ကျောပေါ်တွင် နှစ်မီတာမျှရှည်လျားသော အတောင်ပံတစ်စုံရှိနေခဲ့သည်။ နောက်တစ်စက္ကန့်တွင် ကျိုးဟောင်သည် နေရာရွေ့ပြောင်းခြင်းကို အသက်သွင်းလိုက်သည် ။
ချက်ချင်းဆိုသလို သူသည် မီတာတစ်ထောင်အကွာအဝေးရှိ ကောင်းကင်ပေါ်သို့ ရောက်ရှိသွားသည်ဟု ခံစားလိုက်ရသည်။
“သခင် ဒီနေရာရွေ့ပြောင်းခြင်းက ဘယ်ဘက်ကိုမဆို လုပ်ဆောင်နိုင်ပါတယ် မီတာတစ်ထောင်အတွင်းမှာ ရှိနေသရွေ့ဘယ်နေရာကိုမဆို ချက်ချင်း နေရာရွေ့ပြောင်းနိုင်ပါတယ်”
ကျိုးဟောင်၏ စိတ်ထဲတွင် ရှောင်ယွီအသံ ထွက်ပေါ်လာခဲ့သည် ။
“ကောင်းလိုက်တဲ့ လုပ်ဆောင်ချက်"
ကျိုးဟောင်မှာရယ်မောလိုက်ပြီး အောက်ဘက်ရှိသစ်တောကို ကြည့်လိုက်သည် ။ သူက သစ်ပင်တစ်ပင်ကို စိုက်ကြည့်လိုက်ပြီး နောက်တစ်စက္ကန့်တွင် ချက်ချင်းပင်နေရာရွေ့ပြောင်းသွားခဲ့သည် ။
“ဟားဟားဟား နတ်ဘုရားနည်းပညာပဲ နတ်ဘုရားနည်းပညာပဲ”
ကျိုးဟောင်သည် အလွန်ပျော်ရွှင်နေသည်။ ဤအရာဖြင့်ဆိုပါက သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာတိုးတက်လာနိုင်ပေသည် ။
ကျိုးဟောင်သည် အလွန်စိတ်လှုပ်ရှားနေခဲ့သည် ။
အချိန်မှာ အလျင်အမြန်ပင် ကုန်ဆုံးသွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျိုးဟောင်သည် တစ်လနီးပါး အနားယူခဲ့ပြီး သူ့အားလပ်ချိန်ကုန်ဆုံးရန် ရက်အနည်းငယ်သာ ကျန်တော့သည်။
ထိုရက်အနည်းငယ်အတွင်း ကျိုးဟောင်သည်မိဘများဘေးတွင်နေပြီး ပုံမှန်အတိုင်းဈေးဝယ်ထွက်ရန်အဖော်ပြုပေးခဲ့သည် ။
“သာမန်လူတွေရဲ့ ဘဝက တကယ်ကို ကျေနပ်စရာပဲ”
ကျိုးဟောင်မှာပြုံးလိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူသည် ရှားပါးလှသော သက်သောင့်သက်သာရှိသည့်အချိန်ကို ခံစားခွင့်ရခဲ့သည်။ စားသောက်သည်နှင့် ဈေးဝယ်ထွက်ခြင်းမှလွဲ၍ ကျိုးဟောင်မှာလုပ်စရာ သိပ်မရှိပေ။
သို့သော်လည်း ဤဘဝမျိုးသည် သူ့အတွက် မသင့်တော်တော့ကြောင်း သူသိသည် ။
တစ်လကြာ အားလပ်ချိန်မှာ နောက်ဆုံးတော့ ကုန်ဆုံးသွားခဲ့ကာ ကျိယောင်ယွဲ့၏ မက်ဆေ့ချ်လည်း ကျိုးဟောင်ထံသို့ အချိန်ကိုက်ပင်ရောက်ရှိလာခဲ့သည် ။
“ကောင်းကင်အမြင့်မှာ ငါ့ကို လာရှာ”
ကျိုးဟောင်သည် မက်ဆေ့ချ်ကို ကြည့်ပြီး မိဘများကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်သို့ ပျံတက်သွားပြီး မီတာတစ်ထောင်အထက်သို့ ချက်ချင်း ရောက်ရှိလာကာ ကျိယောင်ယွဲ့၏ ထူးဆန်းသည့် ပုံသဏ္ဌာန်ရှိသော စစ်သင်္ဘောကိုမြင်လိုက်ရသည် ။
ကျိုးဟောင်ရောက်ရှိသည်နှင့် စစ်သင်္ဘောမှ ဆွဲအားတစ်ခု ထုတ်လွှတ်လိုက်ပြီး ကျိုးဟောင်မှာ မခုခံဘဲ စစ်သင်္ဘောထဲသို့ ဝင်သွားခဲ့သည် ။
“မင်းရဲ့ တစ်လတာ အားလပ်ရက် ဘယ်လိုလဲ နားရတယ်လို့ ခံစားရလား”
စွင်းရွှင်းက ပြုံးပြီး ကျိုးဟောင်ကို ကြည့်ကာမေးလိုက်သည် ။
“မဆိုးပါဘူး…ကျွန်တော်ဒီတိုင်း နည်းနည်း… နေသားမကျသေးရုံပါ”
ကျိုးဟောင်မှ ပြောလိုက်သည် ။
“မင်းရဲ့ ခံစားချက်တွေကို ငါနားလည်ပါတယ် သိုင်းပညာရှင်ရဲ့ ဘဝနဲ့ သာမန်လူတစ်ယောက်ရဲ့ ဘဝက အများကြီး ကွာခြားတယ် ငါတို့က သာမန်လူတွေရဲ့ ဘဝကို မခံစားနိုင်သလို သူတို့ကလည်း သိုင်းပညာရှင်လောကထဲကို မဝင်လာနိုင်ဘူး ဒါက မျှတပါတယ်”
စွန်းရှန်းက ပြုံးပြီး ပြောလိုက်သည် ။
“ကောင်းပြီ စီနီယာကျိက မင်းကို ရှာနေတယ် သွားလိုက်ပါဦး”
သူသည်ပြောရင်း သူသည် ကျိုးဟောင်ကို ကြည့်လိုက်ရာ အလွန်အံ့သြသွားခဲ့သည် ။
ဤကောင်လေးသည် ကောင်းကင်ဘုံအဆင့်ကို ရောက်နေပြီဖြစ်သည်။ဤကျင့်ကြံမှုသည် နှစ်တစ်ထောင်အတွင်း လူငယ်တွေထဲတွင် ထိပ်တန်းအဆင့် ရောက်နေပြီဖြစ်သည်။
ထို့အပြင် အရေးအကြီးဆုံးမှာ သူသည် ဤရှေးဟောင်းအပျက်အစီးခရီးစဉ်အတွင်း သူ့သမီးထံမှ ကျိုးဟောင်အကြောင်း အများကြီး သိခဲ့ရသည်။ ဤကောင်လေး၏တိုက်ခိုက်ရေးစွမ်းအားမှာ အံ့မခန်းပင်။ မိသားစုအတော်များများနှင့် အဖွဲ့အစည်းအတော်များများမှ ပါရမီရှင်များ ပူးပေါင်းကာတိုက်ခိုက်ခဲ့သော်ငြား ကျိုးဟောင်မှာ အားလုံးကိုအနိုင်ယူခဲ့သည် ။ ဤရလဒ်မှာ ယခင်ကစီနီယာကျိတောင် မရခဲ့သောအရာ ဖြစ်သည် ။
ကျိုးဟောင်သည် ကျိယောင်ယွဲ့၏ အခန်းသို့ ရောက်ရှိလာခဲ့သည် ။ ဤအမျိုးသမီးနှင့် ဘာဖြစ်နေမှန်းကို သူ မသိပေ။ ကျိုးဟောင် ရောက်လာချိန်တိုင်း သူမရေချိုးနေတာနှင့်သာကြုံနေရသည် ။
ကျိုးဟောင်သည် အလွန် စိတ်ညစ်နေပေသည်။ ဤအစ်မကြီးမှာသူမ ဘယ်လောက်လှလဲ မသိခြင်းပေလော သူမ ခန္ဓာကိုယ် ဘယ်လောက်လှလဲ မသိခြင်းပေလော သူမဘယ်လောက် စွဲမက်ဖွယ်ကောင်းလဲမသိခြင်းပေလော။ အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်ကို ယခုလိုလုပ်ခြင်းသည် နှိပ်စက်ခြင်းသက်သက်ပင်ဖြစ်သည်။
ကျိုးဟောင်သည် ခေါင်းသာငုံ့နေခဲ့ပြီး သူမကို မကြည့်ဝံ့ပေ ။
“ကောင်စုတ်လေး မင်းရဲ့ အားလပ်ရက် ကုန်ဆုံးသွားပြီ ဒီနေ့ ငါနဲ့အတူ ပင်လယ်နက်ထဲကို လိုက်ခဲ့”
ကျိယောင်ယွဲ့မှာ ချက်ချင်းပင် မတွန့်ဆုတ်ဘဲပြောလိုက်သည် ။
ကျိုးဟောင်သည် ခေတ္တမျှ ကြောင်သွားပြီး မေးလိုက်သည်။
“ပင်လယ်နက်”
“ဟုတ်တယ် အဲဒီမှာထူးဆန်းတဲ့ကျွန်းတစ်ကျွန်း ပေါ်လာပြီး အရမ်းတန်ဖိုးရှိတဲ့ အရင်းအမြစ်တွေ ရှိတယ် ပင်လယ်ထဲက ဂနာမငြိမ်တဲ့ ကောင်တွေကအဲဒါတွေကိုလုချင်နေကြတယ် သူတို့မရောက်ခင် ငါတို့က အဲဒီနေရာကို ဖြေရှင်းရမယ်”
ကျိယောင်ယွဲ့က သူမဆံပင်ကို သုတ်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။
“ကိစ္စမရှိဘူး”
ကျိုးဟောင်မှာ ခေါင်းညိတ်ပြလိုက်သည် ။
“အင်း… အဲဒီမတိုင်ခင် မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်ကြည့်ချင်တယ် ဒါမှ ငါသိရအောင်လို့”
ကျိယောင်ယွဲ့စကားဆုံးသည်နှင့် ကျိုးဟောင်က ခေါင်းညိတ်လိုက်ပြီးငြင်းဆန်ခြင်းမရှိပေ ။
“ဘယ်လိုမျိုးလဲ”
ကျိုးဟောင်မှ မေးလိုက်သည် ။
“ငါနဲ့ လိုက်ခဲ့”
ကျိယောင်ယွဲ့မှာပြောရင်း ကျိုးဟောင်ကို သီးသန့်နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည် ။
“ဒီနေရာမှာ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားကို မင်းစိတ်ရှိသလောက်ထုတ်လို့ရတယ် ဒီနေရာကို ဖျက်ဆီးမိမှာကိုမစိုးရိမ်နဲ့ ငါတောင် ဒီနေရာကိုလုံးဝပျက်စီးအောင်မလုပ်နိုင်ဘူး”
ကျိယောင်ယွဲ့က ပြောသည် ။
ကျိုးဟောင်သည် ဘာကိုမှ ဖုံးကွယ်မထားပေ။ သူ၏ ကောင်းကင်ဘုံအဆင့် စွမ်းအားမှာပေါက်ကွဲထွက်လာပြီးနတ်ဘုရားဖျက်ဆီးသိုင်း၊ ရှေးဟောင်းခန္ဓာသိုင်းနှင့် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းတို့ကိုပါ အသက်သွင်းလိုက်သည် ။
ထို့နောက် ချက်ချင်းဆိုသလိုပင် သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာမြင့်တက်လာခဲ့သည် ။
အစပိုင်းတွင် ကျိယောင်ယွဲ့၏ မျက်နှာအမူအရာသည် ပုံမှန်ပင်ဖြစ်သော်လည်း ကျိုးဟောင်၏အငွေ့အသက် ပိုမိုပြင်းထန်လာသည်ကို မြင်သောအခါသူမသည် ချက်ချင်း တုန်လှုပ်သွားခဲ့သည် ။
“ကောင်းကင်ဘုံအဆင့်… ၆ဆင့်မြောက်တိုက်ခိုက်ရေးစွမ်းအား”
သူမသည် အံ့အားသင့်မဆုံး ဖြစ်နေခဲ့သည် ။
“သူက ပထမမြောက်ကောင်းကင်ဘုံအဆင့် စွမ်းအားနဲ့ ဘာရတနာမှမသုံးဘဲ ၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့် တိုက်ခိုက်ရေးစွမ်းအားမျိုးကိုထုတ်နိုင်နေပြီ တော်တော် ကြောက်စရာကောင်းတာပဲ!”
ကျိယောင်ယွဲ့သည် ကျိုးဟောင်၏ပါရမီမှာ ထူးခြားကြောင်းကို သိပေသည်။ သာမန်ပါရမီရှင်များသည် သာမန်သိုင်းပညာရှင်များ၏ တိုက်ခိုက်ရေးစွမ်းအား၏ နှစ်ဆကိုသာ ထုတ်နိုင်ကြသည် သို့သော် ကျိုးဟောင်၏ တိုက်ခိုက်ရေးစွမ်းအားသည် ခြောက်ဆအထိတိုးလာခဲ့သည်။
ကျိုးဟောင်သည်စွမ်းအားများအားတစ်နေရာမှခိုးယူနေခြင်းပေလော။
....................................................................................
အခန်း (၆၀၉) ပြီးပါပြီ။