← Chapters

အခန်း (၆၁၀-၆၁၂)

Vol. 41 Ch. 610-612

အခန်း (၆၁၀-၆၁၂)

Vol. 41 Ch. 610-612

အခန်း (၆၁၀) သူတော်စင်ဘုံအဆင့်ဟု ခေါ်ဆိုသည့်အရာ

ကျိယောင်ယွဲ့သည် သူမ၏မျက်လုံးများကို လုံးဝ မယုံဝံ့ပေ။ သူမလိုလူပင် ထိုသို့သော ပါရမီရှင်အားကြည့်ပြီး အပြင်းအထန် အံ့အားသင့်သွားခဲ့ရသည် ။

“တကယ်ကို ပါရမီရှင်ပဲ ကြည့်ရတာသူတော်စင်ဘုံအဆင့်ကိုချိုးဖောက်ဖို့ အခွင့်အရေးများတဲ့ပုံပဲ”

ကျိယောင်ယွဲ့က ပြုံးပြီး ကျိုးဟောင်အား နှောင့်ယှက်လိုက်သည်။

“ကောင်းပြီ စမ်းသပ်မှု ပြီးသွားပြီ ငါ့နောက် လိုက်ခဲ့”

ထိုသို့ပြောပြီးကျိယောင်ယွဲ့မှာကျိုးဟောင်အား သူမအခန်းသို့ ပြန်ခေါ်သွားခဲ့သည် ။

ထို့နောက် သူမသည် ကျိုးဟောင်ကို ကြည့်ပြီး ပြောလိုက်သည်။

“မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားက အရမ်းမြင့်တယ် သာမန်ကောင်းကင်ဘုံအဆင့်ပညာရှင်ထက် ခြောက်ဆအထိတောင်ရောက်နိုင်တယ် င့ါအထင်တော့မင်းမှာ တိုက်ခိုက်ရေးစွမ်းအားကိုတိုးမြှင့်ဖို့ ထူးခြားတဲ့နည်းလမ်းတစ်ခု တော့သေချာပေါက်ရှိရမယ် ဟုတ်တယ်မလား”

ကျိယောင်ယွဲ့မှာပြုံးနေပြီး ကျိုးဟောင်၏ တိုက်ခိုက်ရေးစွမ်းအား ဘာကြောင့် ဒီလောက်အစွမ်းထက်လဲဆိုတာ တစ်ချက်ကြည့်လိုက်တာနဲ့ သိပေသည် ။

သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်အနေဖြင့် သူမသည် အလွန်သတိထားတတ်သူ ဖြစ်သည်။ အထူးနည်းလမ်းများ မရှိပါက ပထမမြောက်ကောင်းကင်ဘုံအဆင့်သာရှိချိန်တွင် ၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့် ခွန်အားကို မည်သူမျှ ထုတ်လွှတ်နိုင်မည် မဟုတ်ပေ ။

ဤကိစ္စမှာ လုံးဝ မဖြစ်နိုင်ပေ ။

“ဟုတ်တယ် ဟုတ်တယ် အခွင့်အရေးတချို့ ရခဲ့လို့… ကျွန်တော့်မှာတိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်ဖို့ နည်းလမ်းတွေ ရှိတယ်”

ကျိုးဟောင်မှာဘာမှ မဖုံးကွယ်ထားပေ။ ယခုလိုကိစ္စမျိုးကို ဖုံးကွယ်ထားဖို့လည်း လုံးဝ မလိုအပ်ပေ။ သိုင်းပညာရှင် အများအပြားတွင် တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်ရန် နည်းလမ်းများရှိပြီး ထိုသို့ရှိသည်မှာ ကျိုးဟောင်တစ်ဦးတည်းမဟုတ်ပေ ။

“လက်ရှိမှာ ငါသိတဲ့ သိုင်းပညာအတော်များများက သွေးအနှစ်သာရကို နှိုးဆွပြီး တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်ဖို့သုံးတာ ဒါပေမဲ့ ဒီနည်းလမ်းတွေက မကောင်းဘူး ဒါကြောင့် မင်းအတွက်လည်းအတူတူပဲဆိုရင် သေရေးရှင်ရေးအခြေအနေမဟုတ်ရင် တတ်နိုင်သလောက်လျှော့သုံးဖို့ ကြိုးစား နားလည်လား”

ကျိယောင်ယွဲမှာ ချက်ချင်းပြောလိုက်သည်။ သူမသည်ကျိုးဟောင်အတွက် ပြောနေခြင်းဖြစ်သည် ။

ကျိုးဟောင်သည်လည်းဤအချက်အားသဘောပေါက်ပေသည်။ ထို့ကြောင့် သူက ချက်ချင်း ပြောလိုက်သည်။

“စီနီယာကျိ စိတ်မပူပါနဲ့ ကျွန်တော် နားလည်ပါတယ်”

ကျိုးဟောင်မှာချက်ချင်း ခေါင်းညိတ်ပြပြီး ပြုံးလိုက်သည်။

“ကောင်းပြီ ငါ့မှာမင်းကိုပြောစရာနောက်ထပ်ကိစ္စနှစ်ခုရှိသေးတယ်”

ကျိယောင်ယွဲ့၏ စကားဆုံးသည်နှင့် ကျိုးဟောင်မှာချက်ချင်းပင် ခေတ္တမျှ ကြောင်အသွားပြီး အံ့သြသွားခဲ့သည်။ သူမသည် ပင်လယ်နက်ထဲကို သွားတော့မည် မဟုတ်ပေလော။ ဒုတိယကိစ္စမှာဘာဖြစ်နိုင်ပါသနည်း။

သို့သော် ကျိုးဟောင်မှာဂရုမစိုက်ပေ။

“ပထမဆုံးအချက်က ပင်လယ်နက်နဲ့ သက်ဆိုင်တယ်အဲဒီနေရာက အက်ကွဲကြောင်းထက် အများကြီး ပိုအန္တရာယ်များတယ် ကမ္ဘာဂြိုဟ်ရဲ့ ၇၀% က သမုဒ္ဒရာတွေနဲ့ ပြည့်နေတယ်လို့ပြောလို့ရတယ် ပင်လယ်ထဲမှာသန္ဓေပြောင်း သားရဲတွေ ရေတွက်မရအောင် ရှိပြီး သူတို့က ပိုပြီးတော့အစွမ်းထက်တယ် ဒါပေမဲ့ သူတို့က ကုန်းပေါ်ကိုလာခဲတာမို့ ငါတို့ လူသားတွေအတွက်အတော်လေးလုံခြုံတယ်”

“ဒါပေမဲ့ ဘယ်ဟာမှတစ်သမတ်တည်းမရှိဘူး ကမ္ဘာကြီး ပြောင်းလဲပြီးနောက်သန္ဓေပြောင်းသားရဲအတော်များများက ကုန်းပေါ်ကိုတက်နိုင်တဲ့ စွမ်းရည်ကို ရခဲ့ကြတယ် တကယ်တော့ ကမ္ဘာက ဒီကိစ္စကို အများကြီး အလေးထားတယ်”

“ပြီးတော့ပင်လယ်အောက်ခြေမှာ အရင်းအမြစ်သယံဇာတတွေ အများကြီးရှိပြီး ဒါတွေက ငါတို့ လူသားသိုင်းပညာရှင်တွေအတွက် အရမ်းအရေးကြီးတယ် ဒါကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ပင်လယ်နက်ကမျိုးနွယ်ခြားတွေနဲ့ စစ်ပွဲတွေမကြာခဏဆိုသလို ဖြစ်ပွားခဲ့တယ်”

ဤနေရာတွင် ကျိယောင်ယွဲ့က မတတ်သာစွာ သက်ပြင်းချလိုက်သည်။ သို့သော် ဤကိစ္စနှင့်ပတ်သက်၍ သူမဘာမှလုပ်လို့မရပေ။

“ပင်လယ်ပြင်မှာ ငါတို့ လူသားမျိုးနွယ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ကန့်သတ်ချက်ရှိတယ် ဒါကြောင့် ပင်လယ်နက်ကိုသိမ်းပိုက်ဖို့ အစီအစဉ်က အရမ်းခက်ခဲတယ် ဒီအစီအစဉ်တွေ အလုပ်ဖြစ်ဖို့အတွက်ငါတို့ အလိုအပ်ဆုံးကတော့ ထိပ်တန်းအဆင့် သိုင်းပညာရှင်တွေပဲ တစ်နည်းပြောရရင် သူတော်စင်အဆင့်သိုင်းပညာရှင်တွေပေါ့ ဒါကလည်း ငါမင်းနဲ့ ဆွေးနွေးချင်တဲ့ ဒုတိယအချက်ပဲ"

သူတော်စင်ဘုံအဆင့် ဟူသောစကားလုံးများကို ပြောလိုက်ချိန်တွင် ကျိယောင်ယွဲ့၏ အသက်ရှူသံပင်လေးနက်သွားခဲ့သည်။ ဤအဆင့်ရှိ သိုင်းပညာရှင်တစ်ဦးသည် စစ်မြေပြင်ကို အုပ်စိုးနိုင်သည့် စွမ်းအား ရှိပြီး အလွန်ကြောက်စရာကောင်းသည် ။

မည်သည့်အချိန်တွင်မဆို သူတော်စင်ဘုံအဆင့် သိုင်းပညာရှင်သည် စစ်မြေပြင်တစ်ခုလုံးကို အုပ်စိုးနိုင်သည့် အဓိကပုဂ္ဂိုလ် ဖြစ်သည် ။

ကမ္ဘာဂြိုဟ်ပေါ်တွင် သူတော်စင်ဘုံအဆင့် လူသားသိုင်းပညာရှင် အယောက်နှစ်ဆယ်သာရှိပါက သူတို့သည် ကမ္ဘာဂြိုဟ်ကို အစောကြီးကတည်းကပေါင်းစည်းခဲ့ပြီးလောက်ပြီဖြစ်သည်။ ဤသို့ပြောဆိုခြင်းသည် ချဲ့ကားပြောဆိုခြင်း မဟုတ်ဘဲ အမှန်တရားသာဖြစ်သည်။ သူတော်စင်ဘုံအဆင့်ပညာရှင်၏ စွမ်းအားသည် သာမန်သိုင်းပညာရှင်များ နားလည်နိုင်သည့်အရာ လုံးဝ မဟုတ်ပေ ။

ကျိုးဟောင်မှာဤစကားကို ကြားသောအခါ အံ့သြသွားခဲ့သည်။ ဤအဆင့်ရှိ သိုင်းပညာရှင်တစ်ဦးနှင့်ပတ်သက်ပြီးသူဘာမှသိပ်မသိပေ။

“ကျိုးဟောင်၊ မင်း သူတော်စင်အဆင့် ကျွမ်းကျင်သူတွေအကြောင်း ဘယ်လောက်သိလဲ မသိဘူး။”

ကျိယောင်ယွဲ့က ကျိုးဟောင်ကို ကြည့်ပြီး ချက်ချင်းပြောလိုက်သည် ။

“ဒါကိုတော့… ကျွန်တော် သိပ်မသိဘူး”

ကျိုးဟောင်မှာ ရှက်ရွံ့နေခြင်း မရှိပေ။ မည်သို့ဖြစ်ဖြစ် သူသည်ထိုပညာရှင်များအကြောင်း လုံးဝ မသိပေ။ ထို့ကြောင့် အမှန်အတိုင်းသာပြောလိုက်သည် ။

“မင်း မသိတာက ပုံမှန်ပဲ သူတော်စင်ဘုံအဆင့်က ရောက်ဖို့အရမ်းခက်ခဲတဲ့အဆင့်တစ်ခုပဲ ပြီးတော့ လူသားမျိုးနွယ်ရဲ့ သူတော်စင်ဘုံအဆင့်ပညာရှင်တွေက ပုံမှန်အားဖြင့် သူတို့ကိုယ်သူတို့ထုတ်မပြတတ်ကြဘူး ဒါကြောင့် မင်းမသိတာက သဘာဝပဲ”

ကျိယောင်ယွဲ့က ပြုံးပြီး ပြောလိုက်သည်။

“သူတော်စင်ဘုံအဆင့်အောက်က သိုင်းပညာရှင်တွေက စွမ်းအင်၊ ခန္ဓာကိုယ်၊ နဲ့စိတ်စွမ်းအားတွေကို လေ့ကျင့်ကြတယ် ဒါပေမဲ့ သူတော်စင်ဘုံအဆင့်မှာတော့ စိတ်ဆန္ဒစွမ်းအားကို လေ့ကျင့်ကြတယ်”

“စိတ်စွမ်းအားကလည်း စိတ်ဆန္ဒစွမ်းအားလို့လည်း ပြောလို့ရတယ် ဒါပေမဲ့ ဒီနှစ်ခုကြားမှာ မူလ ကွာခြားချက်ရှိတယ် စိတ်ဆန္ဒစွမ်းအားက စိတ်စွမ်းအားရဲ့ အဆင့်မြှင့်တင်ထားတဲ့ပုံစံပဲ စိတ်ဆန္ဒစွမ်းအားကို ကျွမ်းကျင်မှသာ စစ်မှန်တဲ့ သူတော်စင်ဘုံအဆင့်ပညာရှင်လို့ သတ်မှတ်လို့ရတာ သေချာတာပေါ့ သူတော်စင်ဘုံအဆင့်ကိုချိုးဖောက်တာက ခန္ဓာကိုယ်အတွက်လည်း ကြီးမားတဲ့ချိုးဖောက်မှုတစ်ခုပဲ”

ကျိယောင်ယွဲ့က ချက်ချင်း ပြောလိုက်ပြီး သူမ၏ လက်ချောင်းကိုဆန့်ထုတ်လိုက်သည်။ အလွန်သေးငယ်သော်လည်း အစွမ်းထက်သောအားတစ်ခုသည် သူမ၏ လက်ချောင်းပေါ်တွင် စုစည်းလာပြီး မှိန်ဖျော့သော အလင်းရောင်ဖြင့် တဖျတ်ဖျတ်လက်နေခဲ့သည်။

ဒီစွမ်းအားမှာ သဘာဝအတိုင်း ထူးခြားသောခံစားမှုတစ်ခု ရှိပြီး အရာအားလုံးရဲ့ အထက်တွင်ရှိနေသလိုမျိုးပင်။ ဤစွမ်းအားက ကျိုးဟောင်အားတုန်လှုပ်သွားစေခဲ့သည်။

သို့သော် ဒါက အဆုံးမသတ်သေးပေ။ ကျိယောင်ယွဲ့မှာ သူမလက်ချောင်းဖြင့် ကျိုးဟောင်ထံချိန်ရွယ်လိုက်သည်။ သူမခန္ဓာကိုယ်မှ ကြီးမားသော ဆန္ဒစွမ်းအား ထွက်ပေါ်လာပြီး ကျိုးဟောင်အားဝါးမြိုသွားခဲ့သည်။ ချက်ချင်းဆိုသလို ပင် ကျိုးဟောင်သည် ကမ္ဘာကြီးမှ ခွဲထွက်သွားသလို ခံစားလိုက်ရသည်။ သူသည် သူ့ပတ်ဝန်းကျင်တစ်မီတာအတွင်းရှိ စွမ်းအင်အနှစ်သာရနှင့် လေများ ပါးလွှာသွားသည်ကို ထိတ်လန့်ဖွယ်ရာတွေ့ရှိလိုက်ရသည် ။

ဤမြင်ကွင်းက သူ့အားအများကြီး တုန်လှုပ်သွားစေခဲ့သည် ။

“မင်း ခံစားမိပြီနဲ့ တူတယ် ဒါကစိတ်ဆန္ဒစွမ်းအားပဲ ရိုးရိုးလေးပြောရရင် အရာအားလုံးကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားပဲ"

ထိုသို့ပြောပြီး ကျိယောင်ယွဲ့က သူမ၏လက်ချောင်းကို ပြန်ရုပ်လိုက်ရာ ကျိုးဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံးကိုချုပ်နှောင်ထားသော စွမ်းအားသည် နှင်းမိုးကဲ့သို့ ချက်ချင်း အရည်ပျော်သွားခဲ့သည် ။

“ဒါက စိတ်ဆန္ဒစွမ်းအားပဲ!”

ကျိုးဟောင်က အလွန်အံ့သြသွားပြီး အလျင်အမြန် ပြောလိုက်သည်။

“စီနီယာကျိ စီနီယာက သူတော်စင်ဘုံအဆင့်ပညာရှင်လား”

ထိုစကားကို ကြားချိန်တွင် ကျိယောင်ယွဲ့က ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး ငါက သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်ပဲ သူတော်စင်ဘုံအဆင့်ကို ရောက်ဖို့ကအရမ်းခက်ခဲတယ် ပါရမီရှိဖို့ လိုရုံတင်မကဘူး အရေးကြီးဆုံးက အစွမ်းထက်တဲ့စိတ်စွမ်းအားရှိဖို့နဲ့ စိတ်ဆန္ဒစွမ်းအားကို နားလည်ဖို့ပဲ ဒါမှ သူတော်စင်ဘုံအဆင့်ကို ရောက်နိုင်မှာ”

“တကယ်တော့ နှိုင်းယှဉ်ပြောရရင် သူတော်စင်ဘုံအဆင့်ကိုရောက်ဖို့ ခန္ဓာကိုယ်အတွက် လိုအပ်ချက်က မမြင့်ဘူး။ ငါတို့ရဲ့ စွမ်းအင်အနှစ်သာရက ခန္ဓာကိုယ်ကို အမြဲတမ်း အာဟာရဖြည့်ပေးနေတာမလို့ ပုံမှန်လေ့ကျင့်ပြီး လုံလောက်တဲ့ အရည်အချင်းရှိရင် ခန္ဓာကိုယ်ကအခြေခံအားဖြင့် ထိခိုက်မှုမရှိဘူး”

“တစ်ခုတည်းသော ကွာခြားချက်ကတော့ စိတ်စွမ်းအားပဲ လူတိုင်းရဲ့စိတ်စွမ်းအားက မတူဘူး ဘာပဲဖြစ်ဖြစ် လူတစ်ဦးရဲ့စိတ်စွမ်းအားက ပါရမီနဲ့ အခွင့်အရေးလို အကြောင်းအရာတွေပေါ် မူတည်တယ် တစ်နည်းမဟုတ်တစ်နည်းနဲ့ အနှစ်ချုပ်လို့ မရဘူး သေချာတာပေါ့အခုငါပြောတာက သာမန်သိုင်းပညာရှင်တွေအကြောင်းပဲ အရမ်းထူးခြားတဲ့သူတွေကတော့ ဒီလို မဟုတ်ဘူး”

ထိုသို့ပြောပြီးနောက်ကျိယောင်ယွဲ့က လက်အားဝှေ့ယမ်းလိုက်ရာအခန်းထဲတွင် မြင်ကွင်းတစ်ခုပေါ်လာခဲ့ပြီးထိုအထဲတွင်သူတော်စင်ဘုံအဆင့်နှင့် ပတ်သက်သောအချက်အလက်အချို့ ပါဝင်‌ပေသည်။

“သူတော်စင်ဘုံအဆင့်ကိုချိုးဖောက်နိုင်ဖို့ ရာခိုင်နှုန်းအများစုက စိတ်စွမ်းအားပေါ် မူတည်ပေမဲ့ ဒီစည်းမျဉ်းမှာ ချွင်းချက်တွေလည်း ရှိတယ် ဥပမာ အရမ်းထူးခြားတဲ့ သိုင်းပညာရှင်တွေပေါ့…”

“အဲဒီလို သိုင်းပညာရှင်တွေထဲမှာ အထင်ရှားဆုံး အမျိုးအစားက ခန္ဓာကိုယ်ပုံသွင်းတဲ့သိုင်းပညာရှင်တွေပဲ အဲဒီလို သိုင်းပညာရှင်တွေက သူတို့ရဲ့ ခန္ဓာကိုယ်ကို အပြည့်အဝအားကိုးပြီး သူတော်စင်ဘုံအဆင့်ကိုရောက်နိုင်တယ် သူတို့ သူတော်စင်ဘုံအဆင့်ကိုရောက်သွားတာနဲ့ ပိုပြီးတော့တောင်အစွမ်းထက်လာလိမ့်မယ်။ ရှေးခေတ်တုန်းကဆို ခန္ဓာကိုယ်ပုံသွင်းတဲ့သိုင်းပညာရှင်တွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက သာမန်သိုင်းပညာရှင်တွေ နှိုင်းယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး။ သူတို့ရဲ့ တိုက်ခိုက်မှုတစ်ခုစီတိုင်းက ကြောက်စရာကောင်းတဲ့ အဖျက်စွမ်းကိုသယ်ဆောင်ထားတာ တစ်ဖက်လူက သူတော်စင်ဘုံအဆင့် သိုင်းပညာရှင်ဖြစ်ရင်တောင် သူတော်စင်ဘုံအဆင့်ခန္ဓာကိုယ်ပုံသွင်းတဲ့သိုင်းပညာရှင်ရဲ့ တိုက်ခိုက်မှုကို ခံရရင် ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်တယ် ဒါမှမဟုတ် သေဆုံးသွားနိုင်တယ်။”

“အဲဒါကြောင့် ခန္ဓာကိုယ်ပုံသွင်းတဲ့သိုင်းပညာရှင်တွေက အရမ်းအစွမ်းထက်ပေမယ့်သူတော်စင်ဘုံအဆင့်ကိုရောက်တဲ့သူ အရမ်းနည်းတယ် ငါတို့မှာရှိတဲ့အချက်အလက်တွေထဲမှာခန္ဓာကိုယ်ကျင့်ကြံတာနဲ့ပတ်သက်ပြီးဖော်ပြထားတဲ့အချက်အလက်က နည်းနည်းလေးပဲရှိတယ်”

....................................................................................

အခန်း (၆၁၀) ပြီးပါပြီ။

အခန်း (၆၁၁) : ကျွန်းတစ်ကျွန်း

ကျိုးဟောင်သည် ထိုစကားကို ကြားသောအခါ အလွန်အမင်းအံ့သြသွားလေသည်။ ခန္ဓာကိုယ်ပုံသွင်းသောသိုင်းပညာရှင်တစ်ဦးသည် အဆင့်ချိုးဖောက်ရန် ဤမျှခက်ခဲမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ခန္ဓာကိုယ်ပုံသွင်းခြင်းသည် ခက်ခဲကြောင်း သူအစောပိုင်းကတည်းက သိရှိခဲ့ပြီးဖြစ်သော်လည်း ဤမျှခက်ခဲလိမ့်မည်ဟုကား မမျှော်လင့်ခဲ့ပေ။

သို့သော် သူတို့၏ရလဒ်များမှာ သာမန်လူများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ခန္ဓာကိုယ်ပုံသွင်းသောသိုင်းပညာရှင်များ၏ တိုက်ခိုက်ရေးစွမ်းအားမှာ သာမန်သိုင်းပညာရှင်များထက် အဆင့်တစ်ဆင့်လုံး ပိုမိုမြင့်မားပေသည်။

"ပြီးတော့ ခန္ဓာကိုယ်ပုံသွင်းသောသိုင်းပညာရှင်တွေက ခန္ဓာကိုယ်၊ သွေးမျိုးဆက်နဲ့ သွေးအနှစ်သာရစွမ်းအားတွေကို အရမ်းအလေးထားကြတယ် အခြေခံအားဖြင့်ပြောရရင် သူတော်စင်ဘုံအဆင့်ကိုဝင်ရောက်နိုင်တဲ့ သိုင်းပညာရှင်အားလုံးက အံ့မခန်းခန္ဓာကိုယ်တွေပိုင်ဆိုင်ကြပြီး ငါတို့သိထားတဲ့ခန္ဓာကိုယ်တွေထက်အများကြီး ပိုသန်မာကြတယ်"

ဤအချိန်တွင် ကျိယောင်ယွဲ့သည် ကျိုးဟောင်ကို ကြည့်ကာ ပြုံးလိုက်သည်။

"မင်းက ခန္ဓာကိုယ်ပုံသွင်းတဲ့သိုင်းပညာရှင် မဟုတ်လား ဒါပေမဲ့ မင်းဆီကနေ ထူးခြားတဲ့ ခန္ဓာကိုယ်ကို ငါမခံစားရဘူး ဒါပေမဲ့ မင်းရဲ့ သွေးအနှစ်သာရစွမ်းအားက တခြားသူတွေထက် အများကြီး သာလွန်နေတာက ငါ့ကို အံ့အားသင့်စေတယ်"

ကျိယောင်ယွဲ့သည် အလွန်ပဟေဠိဖြစ်နေသော်လည်း ဆက်လက်မမေးမြန်းတော့ပေ။ လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိကြသောကြောင့် သူမအနေဖြင့် ဤမျှလောက်မေးမြန်းခြင်းသည် မသင့်လျော်ပေ။

"ငါတို့သိထားတဲ့ ခန္ဓာကိုယ်တွေမှာ ရေခဲကြွက်သားခန္ဓာကိုယ်၊ မီးကြွက်သားခန္ဓာကိုယ်၊ သစ်သားကြွက်သားခန္ဓာကိုယ် နဲ့ ဒြပ်စင်ငါးမျိုးခန္ဓာကိုယ်တွေပါတယ် အရည်ခန္ဓာကိုယ်၊ ကျောက်တုံးခန္ဓာကိုယ်နဲ့ အဆိပ်ခန္ဓာကိုယ်လိုမျိုး အရမ်းထူးခြားတဲ့ ခန္ဓာကိုယ်တွေလည်း ရှိသေးတယ်"

"ဒီခန္ဓာကိုယ်တွေက အရမ်းအစွမ်းထက်ပေမဲ့ သူတော်စင်ဘုံအဆင့်ရဲ့ကန့်သတ်ချက်နယ်ပယ်ကို ချိုးဖောက်ဖို့ကအလှမ်းဝေးနေသေးတယ် ဒါပေမဲ့ ဒီခန္ဓာကိုယ် ပိုင်ဆိုင်ထားတွေက သူတို့ဘဝတစ်လျှောက်လုံး သူတော်စင်ဘုံအဆင့်ကို လုံးဝမကျင့်ကြံနိုင်ဘူးလို့ အတိအကျပြောလို့တော့မရဘူး ဒီတိုင်းချိုးဖောက်ဖို့ခက်ခဲရုံပဲရှိတာ"

ကျိယောင်ယွဲ့မှာပြောဆိုရင်း လက်ကို ဝှေ့ယမ်းလိုက်ရာ မြင်ကွင်းသည် ပြောင်းလဲသွားလေသည်။

"ငါတို့သိထားတဲ့ ခန္ဓာကိုယ်ထဲမှာ သူတော်စင်ဘုံအဆင့်ကိုရောက်ဖို့အခွင့်အလမ်းအမြင့်ဆုံးဖြစ်တဲ့ ခန္ဓာကိုယ်အချို့က ငရဲခန္ဓာကိုယ်၊ အရှင်သခင်ခန္ဓာကိုယ် ၊နတ်ဘုရားခန္ဓာကိုယ်၊ မိစ္ဆာတစ်ထောင်ခန္ဓာ နဲ့ နတ်ဆိုးခန္ဓာကိုယ်တွေပဲ သူတို့အားလုံးက အရမ်းအစွမ်းထက်တဲ့ ခန္ဓာကိုယ်တွေပဲ "

"ဒါပေမဲ့… ဒီခန္ဓာကိုယ်တွေက ရှေးဟောင်းခန္ဓာကိုယ် ထက်အများကြီးနိမ့်ကျနေသေးတယ်"

သူမ စကားဆုံးသောအခါ ကျိယောင်ယွဲ့သည် ကျိုးဟောင်ကို ကြည့်လိုက်သည်။ သူမသည် ကျိုးဟောင်နှင့်အတည်မပြုခဲ့သော်လည်း သူမ၏ ခန့်မှန်းချက်မှာအတော်လေး သေချာနေခဲ့သည်။

မိုရိုမျိုးနွယ်စုသည် ဝိညာဉ်ကျောက်ကို ပိုင်ဆိုင်ရုံသာမက ဤကမ္ဘာပေါ်ရှိ အစွမ်းအထက်ဆုံး ကျင့်ကြံရေးသိုင်းကိုလည်း ပိုင်ဆိုင်ထားသည်။ မည်သို့ပင်ဖြစ်စေ ထိုစဉ်က မိုရိုမျိုးနွယ်စုကို ဟွမ်၏လက်အောက်ခံ ဗိုလ်ချုပ်တစ်ဦးက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ခွန်အားမှာယခုခေတ်နှင့် နှိုင်းယှဉ်၍ မရပေ။

လက်ရှိကောင်းကင်ဘုံအဆင့်မျှော်စင်သည်ပင် မိုရိုမျိုးနွယ်စုရှိ အဆောက်အအုံကို ပုံစံယူ၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ဤအချက်တစ်ခုတည်းဖြင့်ပင် မိုရိုမျိုးနွယ်စု မည်မျှ အစွမ်းထက်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

"ရှေးဟောင်းခန္ဓာသိုင်းက ခန္ဓာကိုယ်အားလုံးရဲ့ ဘိုးဘေးပဲ သူကအခြားခန္ဓာကိုယ်အားလုံး ခွဲထွက်လာတဲ့ အခြေခံခန္ဓာကိုယ်ပဲ ဒါကကိစ္စကြီးတစ်ခုပဲ ရှေးဟောင်းခန္ဓာသိုင်းက ထူးခြားတဲ့စွမ်းအားအမျိုးအစားအားလုံးကို ပိုင်ဆိုင်တယ်ဆိုတဲ့သဘောမဟုတ်ဘူး ဒါပေမဲ့ရှေးဟောင်းခန္ဓာသိုင်းမှာ အခြားခန္ဓာကိုယ်တွေမှာ မရှိတဲ့အရာတစ်ခု ရှိတယ် အဲဒါကအကန့်အသတ်မရှိ ပြောင်းလဲတိုးတက်နိုင်စွမ်းပဲ"

ကျိယောင်ယွဲ့၏ ရှေးဟောင်းခန္ဓာသိုင်းအပေါ် နားလည်မှုသည် ကျိုးဟောင်ကိုပင်အံ့အားသင့်စေခဲ့သည်။ သူသည် ဤအကြောင်းကို ဖားဆီမှကြားဖူးခဲ့ပြီး ကျိယောင်ယွဲ့လည်း သိရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

"ဒီရှေးဟောင်းခန္ဓာကိုယ်ရဲ့အကန့်အသတ်မရှိ ပြောင်းလဲတိုးတက်နိုင်စွမ်းက ဒီခန္ဓာကိုယ်ရဲ့နောက်ပိုင်းအဆင့်တွေမှာပုံသွင်းနိုင်စွမ်းကိုအရမ်းမြင့်မားစေတယ် အဆုံးမှာလူတစ်ယောက်ကို မပျက်စီးနိုင်တဲ့အဆင့်တစ်ခုအထိရောက်စေပြီးတော့ သိုင်းပညာအားလုံးနဲ့ရင်ဆိုင်ရချိန်မှာတောင်ပြိုင်ဘက်ကင်းအောင်လုပ်ပေးနိုင်စွမ်းရှိတယ် ရှေးခေတ်၊ မိုရို မျိုးနွယ်စုခေတ်မတိုင်ခင်ကတည်းက ရှေးဟောင်းခန္ဓာကိုယ်သိုင်းပညာရှင်တစ်ဦးက သူတော်စင်ဘုံအဆင့်ကို ချိုးဖောက်နိုင်ခဲ့တဲ့အကြောင်းကို မှတ်တမ်းတွေမှာဖော်ပြထားတာကိုငါမှတ်မိသေးတယ် သူ့ရဲ့အစွမ်းထက်တဲ့ကျင့်ကြံမှုနဲ့ အဲဒီပညာရှင်ကပြောရရင် စစ်နတ်ဘုရားတစ်ပါးလူ့လောကကိုဆင်းလာသလိုပဲ သူ့ကိုဘယ်သူမှ မတိုက်ခိုက်နိုင်သလို လောကကြီးမှာလည်းပြိုင်ဘက်ကင်းပဲ"

"အဲဒီကာလတုန်းက ကမ္ဘာကြီးကရှေးဟောင်းခန္ဓာကိုယ်သိုင်းပညာရှင်တစ်ဦးတည်းရဲ့ ထိန်းချုပ်မှုအောက်မှာပဲ လုံးဝရှိခဲ့တယ်လို့ပြောလို့ရတယ် အခုချိန်အထိဒီကိစ္စကငါ့ကိုအံ့အားသင့်စေတုန်းပဲ"

ကျိယောင်ယွဲ့သည် ပြုံးကာလက်ကိုဝှေ့ယမ်းပြီး အချက်အလက်များကို သိမ်းဆည်းလိုက်သည်။

သူမသည် ဤမျှလောက်ပြောဆိုနေခြင်းမှာ ကျိုးဟောင်ကို ခန္ဓာကိုယ်ပုံသွင်းခြင်းနှင့်ပတ်သက်သည့် အချက်အလက်အချို့ကို ပြောပြလို၍သာဖြစ်ပြီး အခြားအဓိပ္ပာယ် မရှိပေ။

ထို့အပြင် သူမသည် ကျိုးဟောင်၏ ရှေးဟောင်းခန္ဓာကိုယ်ကိစ္စကို ဖုံးကွယ်ရန်တမင်တကာ ကူညီနေခဲ့ခြင်းလည်းဖြစ်သည်။

ကျိုးဟောင်သည် စစ်နတ်ဘုရားတပ်ရင်းမှ ဖြစ်ပြီး အခြားမည်သည့် အဖွဲ့အစည်းကမှ မဟုတ်ပေ။ ထို့အပြင်လူသားများမှာလည်း စည်းလုံးမှု မရှိကြပေ။ ထို့ကြောင့် ဘေးကင်းရေးအတွက် ကျိယောင်ယွဲ့သည်ဤတစ်လျှောက်လုံး ကျိုးဟောင်၏ နောက်ခံကို မသိဟန်ဆောင်ခြင်းက ပိုမိုကောင်းမွန်သည်ဟု ခံစားရသည်။

အကြောင်းမှာ ကျိုးဟောင်ကို စိတ်အေးစေရန်နှင့် စိတ်ပူပန်မှုနည်းစေရန်လည်း ဖြစ်သည်။

"ဒါတွေပဲ ငါပြောချင်တာ ကျိုးဟောင် မင်းက ငါမြင်ဖူးသမျှထဲမှာ အရည်အချင်းအရှိဆုံးသူပဲ ဒါကြောင့် မင်း သူတော်စင်ဘုံကို ထိုးဖောက်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ် လက်ရှိ မင်းရဲ့ ကျင့်ကြံမှုအဆင့်က မလုံလောက်သေးဘူး မင်း ၁၀ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ကို ရောက်တဲ့အခါ ငါမင်းကို အခွင့်အရေးတွေ ပေးမယ်"

ဤကတိသည် ပေါ့ပေါ့တန်တန် ပေးခြင်းမဟုတ်ပေ။ မည်သည့်ကောင်းကင်ဘုံအဆင့်ပညာရှင်အတွက်မဆို ဤသို့သော ကတိသည် အလွန်အရေးကြီးသည်။

"လက်ရှိမှာတော့ သူတော်စင်ဘုံအဆင့်ကို ထိုးဖောက်မယ့် နည်းလမ်းကို မင်း မသိသေးဘူး ငါမင်းကို အများကြီး ရှင်းပြပြီးပြီ ဖြစ်ပေမဲ့ သူတော်စင်ဘုံအဆင့်ကို ထိုးဖောက်ဖို့အတွက် မင်းလိုအပ်မယ့် အရာတွေ အများကြီး ရှိသေးတယ် အချိန်တန်ရင် မင်း သိလိမ့်မယ်"

ကျိယောင်ယွဲ့ မှာစကားဆုံးသောအခါ သူမ၏ချပ်ဝတ်ကိုဝတ်ဆင်လိုက်သည်။ တောက်ပနေသော အနီရောင်ချပ်ဝတ်သည် သူမ၏ အလွန်လှပသော ခန္ဓာကိုယ်ကို ပေါ်လွင်စေသည်။

"ကောင်းပြီ၊ ငါတို့ ပင်လယ်နက်ပိုင်းကို ရောက်ပြီ သွားကြစို့"

ထိုသို့ပြောဆိုရင်း ကျိယောင်ယွဲ့အပေါ်မှ လေယာဉ်ခန်းသည် ပွင့်သွားပြီး သူမသည် တစ်လှမ်းတည်းဖြင့် ပင်လယ်နက်ပိုင်း၏အပေါ်သို့ ရောက်ရှိသွားခဲ့သည်။

ကျိုးဟောင်လည်း နောက်မှနီးကပ်စွာလိုက်ပါသွားခဲ့သည်။ ဧရာမပင်လယ်ကြီးကို မြင်သောအခါကျိုးဟောင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။

မှောင်မိုက်သော တိမ်တိုက်များသည် ကျယ်ပြောလှသော ပင်လယ်ကြီးကို ဖုံးအုပ်ထားကာ ပင်လယ်သည် ကျိုးဟောင်ထင်ထားသည့် ပုံစံနှင့် လုံးဝကွဲပြားနေခဲ့သည်။

ဤမြင်ကွင်းသည် ကမ္ဘာကြီး၏အဆုံးသတ်လိုဖြစ်ပြီး တုန်လှုပ်ဖွယ်ရာကောင်းပေသည်။

"ဒါ… ပင်လယ်လား"

ကျိုးဟောင်သည် အလွန်အံ့အားသင့်သွားသည်။ ၎င်းသည် သူတီဗီထဲတွင် မြင်ဖူးသည်နှင့် မတူပေ။

"ဒါက ပင်လယ်ပဲ ဒါပေမဲ့ မင်းတွေးထားတဲ့ ပင်လယ် မဟုတ်ဘူး ငါတို့ လူသားတွေအုပ်စိုးတဲ့ပင်လယ်က ဒါထက် အများကြီး လှတယ် ဒါက ပင်လယ်နက်ပိုင်း ပင်လယ်သားရဲတွေရဲ့ ပိုင်နက်ပဲ"

ကျိယောင်ယွဲ့သည် ပြုံးကာ အောက်ဖက်ရှိ ကျွန်းငယ်လေးကို လက်ညှိုးထိုးပြသည်။

"အဲ့ဒါက မကြာသေးခင်ကမှ ပေါ်လာတဲ့ ကျွန်းပဲ ပြီးတော့ ဒီတစ်ခါ ငါတို့သွားမယ့်နေရာပဲ အဲဒီကျွန်းပေါ်မှာ ပေါ်လာတဲ့ အနှစ်သာရသလင်းကျောက်တွေကို စုဆောင်းဖို့ ငါတို့သွားကြမှာ ဒီ အနှစ်သာရသလင်းကျောက်တွေက အရမ်း တန်ဖိုးရှိပြီး ပုံသွင်းရတာ အရမ်းလွယ်တယ် ချပ်ဝတ် ဒါမှမဟုတ် လက်နက်တွေသွန်းလုပ်ဖို့အတွက် အရမ်းသင့်တော်တယ်"

ကျိယောင်ယွဲ့ မှာစကားဆုံးသောအခါ ကျိုးဟောင်ကို ကြည့်လိုက်သည်။

"မင်းရဲ့ ချပ်ဝတ်ကို ဝတ်ထားလိုက် ဒီနေရာက အန္တရာယ်တွေအပြည့်ပဲ ဘာတွေဆက်ဖြစ်မလဲဆိုတာ ငါ အာမ မခံနိုင်ဘူး"

ကျိယောင်ယွဲ့မှာ ကျိုးဟောင်အားညွှန်ကြားလိုက်သည်။

ကျိုးဟောင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ငှက်မွေးတစ်ထောင် ကို ချက်ချင်း ဝတ်ဆင်လိုက်သည်။

ဤငွေရောင် အမွေးရှိသောငှက်မွေးချပ်ဝတ်သည် ကျိယောင်ယွဲ့ကို ချက်ချင်း အံ့အားသင့်သွားစေခဲ့သည်။ သူမသည် မနေနိုင်ဘဲ ပြောလိုက်သည်။

"ကျိုးဟောင် မင်းရဲ့ ဒီချပ်ဝတ်က မဆိုးဘူးပဲ ဒါ ရှေးဟောင်းပစ္စည်းဖြစ်ရမယ် ဟုတ်တယ်မလား"

ကျိုးဟောင်သည် ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ ငါတို့ ဆင်းကြစို့"

ကျိယောင်ယွဲ့ မှာပြောရင်း ကျိုးဟောင်နှင့်အတူ ကျွန်းဆီသို့ ပျံသန်းသွားသည်။

ကျိုးဟောင်သည် သတိကြီးကြီးထားနေခဲ့သည်။ ဤနေရာသည်မိုရိုမျိုးနွယ်စုနယ်မြေမဟုတ်ဘဲ အလွန်အန္တရာယ်များသည်။ ထို့အပြင် ကျိယောင်ယွဲ့ပင်လျှင် လက်နက်အပြည့်အစုံ ဝတ်ဆင်ထားပေသည်။

သူတို့နှစ်ဦး၏အရှိန်သည် အလွန်လျင်မြန်ပြီး မျက်စိတစ်မှိတ်အတွင်း ကျွန်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။

ပိုမိုနီးကပ်လာသောအခါ ကျိုးဟောင်၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။ သူသည် ဧရာမကျွန်းကြီးကို ကြည့်ကာ ဘာပြောရမှန်း မသိတော့ပေ။

ဤနေရာသည်… ကျိုးဟောင်မျှော်မှန်းထားသည့်ကျွန်းနှင့် မတူပေ။ ၎င်းသည် ပျက်စီးနေသော မိစ္ဆာသစ်တော တစ်ခုပမာပင်။

ဤနေရာ၏ မြေပြင်သည် အနက်ရောင်၊ သစ်ပင်များသည် အနက်ရောင်၊ အရာအားလုံးသည် အနက်ရောင်ချည်းသာ ဖြစ်သည်။ ၎င်းသည် လူတစ်ဦးကို ဖိနှိပ်မှုနှင့် ကြောက်ရွံ့မှုကို ခံစားရစေသည်။တစ်ချက်ကြည့်လိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ ဖြစ်ပေသည်။

....................................................................................

အခန်း (၆၁၁) ပြီးပါပြီ။

အခန်း (၆၁၂) : ကင်းမွန် ရေခဲဘုရင်

ကျိုးဟောင်သည် ဧရာမကျွန်းကြီးကို ကြည့်ကာ အလွန်အမင်းအံ့သြသွားခဲ့သည်။

"ဒီနေရာက... အရမ်းထူးဆန်းတယ် ကျိုးဟောင် ခဏနေအနက်ပိုင်းကိုဆင်းတဲ့အခါ သတိထား ငါ့နောက်က လိုက်ခဲ့ နားလည်လား"

ကျိယောင်ယွဲ့ မှာပြောဆိုရင်း ကျိုးဟောင်နှင့်အတူ ကျွန်းပေါ်သို့ ဆင်းသက်လိုက်သည်။

အပြင်ဘက်မှကြည့်လျှင်ပင် ကျွန်းသည် အလွန်အမင်းဆိုးရွားပုံရပေရာ အတွင်းသို့ ရောက်သောအခါ ပို၍ပင်ဆိုးရွားလာသည်။ ကျိုးဟောင်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ဤနေရာသည် နေရာတိုင်းတွင်အန္တရာယ်အငွေ့အသက်ကိုခံစားရပြီး ကြောက်မက်ဖွယ်ကောင်းလှကာ ထိတ်လန့်ဖွယ်ရာရုပ်ရှင်ကားကြီးတစ်ကားနှင့် ဆင်တူနေသည်။

"ငါတို့ရဲ့ ထောက်လှမ်းမှုအရ ဒီကျွန်းရဲ့ ဗဟိုမှာ ကြီးမားတဲ့ချောက်နက်ကြီးတစ်ခု ရှိတယ် ငါတို့ လိုချင်တဲ့ အရင်းအမြစ်တွေက အဲ့ဒီချောက်ကြီးထဲမှာပဲ ဒီတစ်ခါငါတို့ရဲ့ အဓိကရည်ရွယ်ချက်က ဒီအရင်းအမြစ်တွေကို ပြန်ယူဖို့ မဟုတ်ဘဲ စူးစမ်းဖို့ပဲ မူလက ဒီလိုတာဝန်တွေကငါ ဒါမှမဟုတ် လင်းထျန်လိုလူအတွက်ပဲ ရည်ရွယ်ထားတာ"

"ဒါပေမဲ့ ဒီတစ်ခါ မင်းကို ခေါ်လာတာက မင်းကို အတွေ့အကြုံ ရစေချင်လို့ ပြီးတော့ မင်းရဲ့ စွမ်းအားကိုငါလက်ခံတယ်သိပ်မကြာတော့တဲ့အနာဂတ်မှာမင်းငါတို့ကို တကယ်ကူညီနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်"

"ငါတို့ရဲ့ရည်ရွယ်ချက်က တကယ်တော့ အရမ်းရိုးရှင်းပါတယ် ဒီနေရာက အရမ်းအန္တရာယ်များတယ်ဆိုရင် စွန့်ပစ်လိုက်ရုံပဲ လူသားမျိုးနွယ်ပညာရှင်တွေကို လုံးဝစွန့်စားခွင့်မပြုသင့်ဘူး တကယ်လို့ ဒီနေရာက အန္တရာယ်မရှိဘူး ဒါမှမဟုတ် အန္တရာယ်ကို ထိန်းချုပ်နိုင်တယ်ဆိုရင်တော့ ငါတို့ရဲ့ နောက်တစ်ဆင့်ကတူးဖော်ရေးအဖွဲ့ကို ခေါ်လာဖို့ပဲ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ရဲ့ ခွန်အားက ကန့်သတ်ချက်ရှိတယ် မင်းနားလည်လား ကျိုးဟောင်"

ကျိယောင်ယွဲ့ ပြောပြီးနောက် ကျိုးဟောင်သည် ခေါင်းညိတ်ပြလိုက်သည်။ သူမတို့၏ နည်းလမ်းကို သူအလွန်သဘောကျသည်။ ဤနေရာသည် အန္တရာယ်များနှင့် ပြည့်နှက်နေသည်ဆိုပါက ၎င်းတို့ကို မဖြေရှင်းဘဲ လာရောက်ပါက သေတွင်းထဲ တိုးဝင်ခြင်းနှင့် မည်သို့ ကွာခြားမည်နည်း။

အန္တရာယ်မရှိလျှင် သို့မဟုတ် အန္တရာယ်ကို ထိန်းချုပ်နိုင်လျှင် ကိစ္စများမှာ လွယ်ကူသွား‌ပေလိမ့်မည်။

ထိုသို့ဆိုပါကတူးဖော်ရေးအဖွဲ့အတွက် လာရောက်ပြီး တူးဖော်ရေးလုပ်ငန်း စတင်ရန်လည်းအလွန်လွယ်ကူပေသည်။

ကျိယောင်ယွဲ့ မှာပြောဆိုပြီးနောက် ချက်ချင်းပင် ကျိုးဟောင်ကို အလယ်ဗဟိုဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။

သို့သော် ဤအချိန်တွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ မြေပြင်မှာလှုပ်ခါလာပြီး မြေကြီးထဲမှတွန့်လိမ်တွန့်လိမ်ဖြင့်အနက်ရောင်သတ္တဝါများစွာ တွားသွား၍ ထွက်လာကြသည်။

ဤအရာများသည် လူတစ်ဦး၏ လက်မောင်းအရွယ်ခန့် ရှိသည်။ ၎င်းတို့တွင် မျက်လုံးမရှိသော်လည်း သွားများဖြင့် ပြည့်နေသော ပါးစပ်များရှိပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။

"ဒါတွေက သွေးသောက်ပင်လယ်သတ္တဝါတွေပဲ သူတို့က သိပ်အစွမ်းမထက်ဘူး ဒါပေမဲ့ သူတို့ရှိနေရင် ဒီအနီးအနားမှာအနည်းဆုံးကောင်းကင်ဘုံအဆင့်ပင်လယ်သားရဲတစ်ကောင် ရှိတယ်ဆိုတဲ့ သဘောပဲ"

ကျိယောင်ယွဲ့သည် ဤအရာများကို ကြည့်ကာအချိန်မဖြုန်းတော့ပေ။ ထို့နောက်သူမသည်လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသောမီးတောက်တစ်ခု ထွက်ပေါ်လာပြီး ဤအရာများကို ချက်ချင်း ပြာဖြစ်သွားစေသည်။

"ဘာလို့ သူတို့ရှိနေတာက ကောင်းကင်ဘုံအဆင့်ပင်လယ်သားရဲတစ်ကောင် အနီးအနားမှာ ရှိနေတယ်ဆိုတာကိုပြတာလဲ"

ကျိုးဟောင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"သူတို့က များသောအားဖြင့် ကြီးမားတဲ့ ပင်လယ်သားရဲတွေရဲ့ ခန္ဓာကိုယ်မှာ တွယ်ကပ်ပြီး သူတို့ရဲ့ အရေပြားပေါ်မှာ ပေါ်လာတဲ့ အညစ်အကြေးတွေကို စုပ်ယူစားသုံးကြတယ် အညစ်အကြေးတွေဆိုပေမဲ့ သူတို့အတွက်ကအားဆေးလိုပဲ"

ကျိယောင်ယွဲ့က ချက်ချင်း ရှင်းပြလိုက်သည်။

ကျိုးဟောင်က ခေါင်းညိတ်လိုက်သည်။ ဤကဲ့သို့သော အရာမျိုးကို သူတစ်ခါမျှ မကြားဖူးသည်မှာ သဘာဝပင်။

"ကောင်းကင်ဘုံအဆင့်ပင်လယ်သားရဲတွေက အရမ်းအစွမ်းထက်တယ် ငါတို့ ကုန်းပေါ်မှာ မြင်ဖူးတဲ့ သန္ဓေပြောင်းသားရဲတွေထက်တောင် ပိုကြီးတယ် သူတို့ရဲ့ ပျမ်းမျှအမြင့်က ပေတစ်ရာလောက်ရှိပြီး သူတို့ရဲ့ ခွန်အားက ကြောက်စရာကောင်းတယ် မင်းအရမ်းသတိထားရမယ် ပေါ့ဆလို့မရဘူး"

ကျိယောင်ယွဲ့သည် ကျိုးဟောင်ကို အစ်မကြီးတစ်ယောက်လို ရှင်းပြသည်။ သူမ၏ ရှင်းပြချက်ပြီးနောက် ကျိုးဟောင်သည်ပင်လယ်နက်ပိုင်းနှင့် ပတ်သက်၍ အလျင်အမြန်ပင်နားလည်သွားခဲ့သည်။

ဤ သွေးသောက်ပင်လယ်သတ္တဝါများ သေဆုံးပြီးနောက် ၎င်းတို့သည် ရပ်တန့်မသွားခဲ့ပေ။ ကြီးမားသော ပင်လယ်သားရဲများစွာမှာမြေကြီးထဲမှ ထွက်လာကြသည်။ ၎င်းတို့သည် မီတာဆယ်ချီရှည်လျားပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော ရုပ်ဆင်းသဏ္ဌာန်များ ရှိကာပင်လယ်နက်ပိုင်းရှိသတ္တဝါများနှင့် တူသည်။

ကျိယောင်ယွဲ့ မှာဤအရာကို မြင်သောအခါ နှာမှုတ်လိုက်သည်။

"ဒီတော့ ဒီကျွန်းက ပင်လယ်အောက်ခြေမှာ နစ်မြုပ်နေတာပေါ့ ဒါပေမဲ့ ဘာလို့ရုတ်တရက် ပေါ်လာတာလဲ"

ကျိယောင်ယွဲ့သည် မေးခွန်းများစွာဖြင့် ပြည့်နှက်နေသည်။ ကျိုးဟောင်သည် ထိုသတ္တဝါများသည် ပင်လယ်နက်ပိုင်းတွင်နေထိုင်သောသတ္တဝါများဖြစ်သောကြောင့်သာ ကျိယောင်ယွဲ့ ကဤမေးခွန်းကို မေးကြောင်းသဘောပေါက်ပေသည်။

"သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က မူလအဆင့်ပဲ ရှိတယ် ကြောက်စရာမလိုပါဘူး"

ကျိယောင်ယွဲ့သည် ကျိုးဟောင်ကို ကြည့်လိုက်ရာ သူသည် ချက်ချင်း နားလည်သွားသည်။ ထို့နောက်စကားတစ်ခွန်းမှ မပြောဘဲ သူ၏ ခန္ဓာကိုယ်သည် ရှေ့သို့ တိုးဝင်သွားခဲ့သည်။

သူသည် မည်သည့်လက်နက်မှ ထုတ်မလာခဲ့ပေ။ အကြောင်းမှာ သူ့ခန္ဓာကိုယ်နှင့် ငှက်မွေးတစ်ထောင်ချပ်ဝတ်ကိုပင် လက်နက်များအဖြစ် သတ်မှတ်နိုင်သောကြောင့်ပင်ဖြစ်သည်။

အစွမ်းထက်သော အတောင်ပံများသည် ဆယ်မီတာအရွယ်အထိချက်ချင်းကျယ်ပြန့်သွားခဲ့သည်။ ကျိုးဟောင်၏ အစွမ်းထက်သောခန္ဓာကိုယ်ဖြင့် ဤမူလအဆင့် ပင်လယ်သားရဲများသည် တစ်ချက်တည်းဖြင့် ခုခံနိုင်စွမ်းပင်မရှိဘဲ ချက်ချင်းရှင်းလင်းခံလိုက်ရသည်။

ကျိယောင်ယွဲ့သည် တိုက်ခိုက်ခြင်းမရှိဘဲ ပတ်ဝန်းကျင်ကိုသာ သတိထားနေခဲ့သည်။

ကောင်းကင်ဘုံအဆင့်ပင်လယ်သားရဲတစ်ကောင် အနီးအနားတွင် ရှိနေသောကြောင့် သူမသည် မဆင်မခြင် မလုပ်ရဲပေ။

ဒါကလည်းသူမကျိုးဟောင်ကို တိုက်ခိုက်ခိုင်းရတဲ့ အကြောင်းရင်းပဲ ဖြစ်သည်။

ဤသတ္တဝါများကို သတ်ပြီးနောက် သူတို့နှစ်ဦးသည် ဆက်လက်ရှေ့တိုးခဲ့ကြသည်။ ခဏအကြာတွင် မလှမ်းမကမ်းရှိကြီးမားသောချောက်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

ဤချောက်ကြီးမှ အဖြူရောင်အငွေ့များနှင့် အေးစက်သောအငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။ ပတ်ဝန်းကျင်ရှိ အနက်ရောင်သစ်ပင်များမှာလည်း ဆီးနှင်းများ ဖုံးအုပ်နေသည်မှာ ငွေရောင်ဖုံးလွှမ်းနေသည့်နှယ် ထင်ရပေသည်။

"တစ်ခုခုမှားနေပြီ..."

ကျိယောင်ယွဲ့မှာ ချက်ချင်းပြောလိုက်သည်။

ကျိုးဟောင်သည် ခဏတာ ထိတ်လန့်သွားသော်ငြား မည်သည့်အမှားအယွင်းကိုမှ မတွေ့ရှိရပေ။

"ဒီကျွန်းက အရင်က ရေနက်ပိုင်းမှာ နစ်မြုပ်နေတာ ဘာလို့ ရုတ်တရက် ပေါ်လာတာလဲ ပြီးတော့ ဒီချောက်ထဲမှာ ရေခဲသလင်းကျောက် တွေရဲ့ အငွေ့အသက်တွေ ဘာလို့ရှိနေတာလဲ"

ဤစကားကို ကြားသောအခါ ကျိုးဟောင်သည် ရေခဲသလင်ကျောက်ဆိုသည်မှာ မည်သို့သော အရာများဖြစ်သည်ကို မသိရှိသဖြင့် ရှုပ်ထွေးသော အမူအရာဖြင့် ရှိနေခဲ့သည်။

"ရေခဲသလင်းကျောက်ဆိုတာအရမ်းတန်ဖိုးရှိတဲ့ ရေခဲဒြပ်စင်ရှေးဟောင်းကျောက်တုံးပဲ ဒီအရာက ထုတ်လွှတ်တဲ့စွမ်းအင် အနှစ်သာရကို ရေခဲဒြပ်စင်သိုင်းပညာရှင်တွေ စုပ်ယူနိုင်ပြီး အာနိသင်ကအရမ်းကောင်းတယ် ဒီအရာက ရေနက်ပိုင်းမှာ မထွက်ဘူး ဒါပေမဲ့ ဒီမှာ ဘာလို့ ရေခဲသလင်းကျောက်တွေ အများကြီး ရှိနေတာလဲ"

ကျိယောင်ယွဲ့သည် ရှုပ်ထွေးနေပေသည်။

ထိုအချိန်တွင် ကျိုးဟောင်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အလွန်မှောင်မိုက်သောအငွေ့အသက်တစ်ခုကို ခံစားမိလိုက်သောကြောင့်ပင်။

ဤစွမ်းအင်သည် အလွန်အစွမ်းထက်ပြီး ကျိုးဟောင်နှင့် အခြားသူများကို သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေသလိုခံစားရပေသည်။

"လာပြီ"

ကျိယောင်ယွဲ့သည် နှာမှုတ်လိုက်ပြီး ချောက်ကြီးကို ကြည့်လိုက်သည်။ ချက်ချင်းပင် ကျိုးဟောင်သည် ဧရာမလက်တံကြီးတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက်ရေဘဝဲ ကဲ့သို့သော ဧရာမသတ္တဝါတစ်ကောင် တက်လာသည်ကိုတွေ့လိုက်ရသည်။

သို့သော် ၎င်းသည်ရေဘဝဲနှင့် မတူပေ။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နှင်းဖြူရောင်ရှိပြီး အလွန်အေးစက်သောအငွေ့အသက်တစ်ခုကို သယ်ဆောင်ထားသည်။

"ဒါ ကင်းမွန်ရေခဲဘုရင်ပဲ"

ကျိယောင်ယွဲ့သည် ဤပင်လယ်သားရဲကို သိရှိပုံရပြီး ချက်ချင်းပင် အာမေဍိတ်သံ ပြုလိုက်သည်။

"ကင်းမွန်ရေခဲဘုရင်......"

ကျိုးဟောင်သည် ဤသတ္တဝါသည် မည်သို့သော အရာဖြစ်သည်ကိုမသိပေ။

"ဒီသတ္တဝါက၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ကျင့်ကြံမှု ရှိပြီး ရေနက်ပိုင်းမှာ အမြဲတမ်းလှည့်လည်နေတာ ပြီးတော့ အရမ်းဉာဏ်များတယ် ငါသူ့ကို သတ်ချင်ခဲ့ပေမဲ့ သူကခဏခဏလွတ်သွားတယ် သူဒီကို လာရဲလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

ကျိယောင်ယွဲ့က အေးစက်စွာ‌ပြောလိုက်သည်။ သူမသည်ပြောရင်း သူမ၏ အနီရောင်ချပ်ဝတ်သည် ချက်ချင်းမီးတောက်များဖြင့် ပြည့်နှက်သွားသည်။ မီးတောက်များမှ ထွက်လာသော အပူဓာတ်သည် ကျိုးဟောင်ကိုအံ့သြသွားစေခဲ့သည်။

ကျိုးဟောင်၏ ငှက်မွေးတစ်ထောင်ချပ်ဝတ်သာ သာမန်ထက်မထူးခြားပါက အစောကတည်းက သံရည်အဖြစ် အရည်ပျော်သွားလောက်ပြီဖြစ်သည်။

"လူသား ဒါက ငါ့နယ်မြေပဲ မဆင်မခြင်ရှေ့တိုးမလာနဲ့ မဟုတ်ရင်သေရမယ်"

ကင်းမွန်ရေခဲဘုရင်သည် လူသားဘာသာစကားဖြင့် ခြိမ်းခြောက်သောလေသံဖြင့် ပြောဆိုလိုက်သည်။

"ကင်းမွန်ကြီး မင်းတကယ်င့ါကို မေ့သွားတာပဲ လွန်ခဲ့တဲ့သုံးနှစ်လောက်က မင်းရဲ့ လက်တံသုံးခုကို ငါဖြတ်ခဲ့တာ မင်းမေ့နေပြီလား"

ကျိယောင်ယွဲ့သည် နှာမှုတ်လိုက်ပြီးဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။

"မင်းပဲ"

ကင်းမွန်ရေခဲဘုရင်သည် ကျိယောင်ယွဲ့ကို ကြောက်ရွံ့စွာ ကြည့်ကာ ချက်ချင်းပင် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။

"မှန်တယ် ဒီတစ်ခါ မင်းဒီကို ရောက်လာတော့ ပြန်မသွားနဲ့တော့ ငါ ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပင်လယ်သားရဲတစ်ကောင်ကို မသတ်ရတာတော်တော်ကြာပြီ"

ကျိယောင်ယွဲ့ မှာပြောရင်း သူမ၏ ကျင့်ကြံရေးစွမ်းအားကိုချက်ချင်းအသက်သွင်းလိုက်ရာ လက်ထဲတွင် အလွန်ပူပြင်းသောမီးလျှံလှံတစ်ချောင်း ဖြစ်ပေါ်လာခဲ့သည်။

ကင်းမွန်ရေခဲဘုရင်သည် အလွန်ကြောက်လန့်သွားခဲ့သည်။ ၎င်းသည် ချက်ချင်းပင် လက်ချောင်းများဖြင့်မြေပြင်ကိုပုတ်ကာ ရေခဲငွေ့များစွာကို ကျိုးဟောင်နှင့် အခြားသူများဆီသို့ လှည့်ပတ်မှုတ်ထုတ်လိုက်သည်။

....................................................................................

အခန်း (၆၁၂) ပြီးပါပြီ။

All Chapters