← Chapters

အခန်း (၆၁၆-၆၁၈)

Vol. 42 Ch. 616-618

အခန်း (၆၁၆-၆၁၈)

Vol. 42 Ch. 616-618

အခန်း (၆၁၆) : ချောက်နက်ကြီးထဲသို့

သို့သော် ကျိယောင်ယွဲ့၏အာရုံမှာ ရတနာပစ္စည်းအပေါ်တွင်သာရောက်နေသောကြောင့် ကျိုးဟောင်သူမအားမနှောင့်ယှက်တော့ပေ။

ခဏလောက်ဆင်းသွားပြီး ကြည့်ရှုခြင်းကသူတို့နှစ်ယောက်အတွက်အရမ်းလည်း အန္တရာယ်မများပေ။ အဘယ့်ကြောင့်ဆိုသော် ကျိယောင်ယွဲ့၏တိုက်ခိုက်ရေးစွမ်းရည်မှာအလွန်မြင့်မားပြီး မျက်စိတမှိတ်အတွင်းကင်းမွန်ရေခဲဘုရင်အားအနိုင်ယူနိုင်စွမ်းရှိလေသည်။

ထို့ကြောင့်ကျိုးဟောင်လည်း ကျိယောင်ယွဲ့၏ ညွှန်ကြားချက်အတိုင်း ကြိုးကိုယူကာ သူ၏ခါးတွင်းသေချာချည်လိုက်လေသည်။ကျိယောင်ယွဲ့က ကင်းမွန်ရေခဲဘုရင်အား အေးစက်စွာကြည့်ပြီးအော်ပြောလိုက်သည်။

"သွားကြမယ် ငါတို့ကိုအောက်ချပေးတော့"

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ ကျွန်တော်တို့သွားကြတာပေါ့"

ကင်းမွန်ရေခဲဘုရင် တချက်ပြုံးလိုက်ပြီး ချက်ချင်းပြန်ပြောလေသည်။ထိုသို့ပြောပြီးနောက် ကင်းမွန်ရေခဲဘုရင်မှာ ချောက်၏အစွန်းမှ ဖြေးဖြေးချင်းတွားသွားဆင်းလာလေသည်။

သူ၏လက်တံများတွင် စုပ်ခွက်များစွာပါသောကြောင့် ကမ်းပါးနံရံများအား ကပ်တွယ်ပြီး သွားလာနိုင်လေသည်။ ၎င်း၏သွားနှုန်းမှာ အလွန်မြန်သောကြောင့် ကျိုးဟောင်တယောက်‌ကားမူးသလိုဖြစ်ကာ ခေါင်းနောက်လာလေသည်။

သူတို့ချောက်ကမ်းပါးအစွန်းမှဆင်းလာပြီးအောက်သို့ရောက်လာလေလေ တဖြေးဖြေးပိုပြီးမှောင်မိုက်လာလေလေဖြစ်လေသည်။ အဆက်မပြတ် သားရဲအော်သံများကိုသာကြားနေရလေသည်။

သို့သော် ကင်းမွန်ရေခဲဘုရင်မှာ အလွန်မြန်ပြီး နာရီ၀က်အတွင်း ပေ၁၀၀၀ကျော်အထိခရီးရောက်လေသည်။ မကြာမီ ချောက်ကမ်းပါး၏အောက်ခြေသို့ရောက်ရှိလာခဲ့လေသည်။

ချောက်ကမ်းပါး၏အောက်သို့ရောက်သောအခါ ကျိုးဟောင်နှင့် ကျိယောင်ယွဲ့တို့နှစ်ယောက်လုံးလန့်ပြီးမျက်လုံးပြူးသွားကြရလေသည်။

ပန်းများ၊အပင်များနှင့်သစ်ပင်ကြီးများမှာ ချောက်ကမ်းပါး၏ အောက်ခြေအနှံ့ပြည့်နှက်နေလေသည်။ အဝေးကလှမ်းကြည့်လိုက်ရင် စိမ်းစိုနေသောသစ်တောကြီးပမာသာယာလှပပေသည်။ကမ်းပါ၏အောက်ခြေ၌ကျွန်းလေးတကျွန်းဖွယ်ဖြစ်နေပြီး နတ်ပြည်ကဲ့သို့သာယာလှပနေလေသည်။

ကျိုးဟောင်မှာ‌ဘေးပတ်ပတ်လည်အားကြည့်ရှူရင်းသံသယဖြစ်စွာဖြင့်မေးလိုက်လေသည်။

"ရတနာဆိုတာကဘယ်မှာလဲ"

"ဒီနေရာမှာပဲလေ"

ကင်းမွန်ရေခဲဘုရင်မှာတခစ်ခစ်ရယ်ရင်းနောက်ဆုတ်သွားလေသည်။သူ့မျက်လုံးများတွင်ကောက်ကျစ်မှုများပြည့်နေပြီး ယုတ်မာ‌သည့်အပြုံးဖြင့်ပြုံးနေလေသည်။

"ဘာတွေဖြစ်နေတာလဲ"

ကျိယောင်ယွဲ့မှာ အံ့ဩသွားလေသည်။ သူမက‌ မျက်မှောင်ကြုတ်ပြီးရှေ့တွင်ရှိ‌နေသော ကင်းမွန်ရေခဲဘုရင်အား ကြိမ်းဝါးလိုက်လေသည်။

"မင်းငါတို့ကိုလိမ်ရဲတယ်ပေါ့"

"လိမ်တော့ဘာဖြစ်လဲ"

ကင်းမွန်ရေခဲဘုရင်ကလည်း မျက်လုံးတောက်တောက်ကြီးများဖြင့်ပြန်ကြည့်ရင်းပြောလိုက်လေသည်။

"လူသားငတုံးတွေက မင်းတို့ငါ့ထောင်ချောက်ထဲရောက်သွားပြီ ဟားဟားဟား..."

ကင်းမွန်ရေခဲဘုရင်မှာ ရယ်မောရင်း ပြောနေလေသည်။ထို့နောက် ကင်းမွန်ရေခဲဘုရင်က ကျိုးဟောင်နှင့်ကျိယောင်ယွဲ့အား လက်စားချေလိုသောအကြည့်ဖြင့်ကြည့်လိုက်လေသည်။

ထိုအကြည့်ကိုရိပ်မိသောကြောင့်ကျိုးဟောင်နှင့် ကျိယောင်ယွဲ့တို့၂ယောက်စလုံး သတိဝီရိယရှိရှိအာရုံစိုက်ထားကြလေသည်။

ကင်းမွန်ရေခဲဘုရင်မှာ ဒီနေရာတွင်သူတို့၂ယောက်အားသေချာပေါက်သတ်နိုင်လိမ့်မည်လို့သေချာနေလေသည်။

ကျိယောင်ယွဲ့လည်းသတိကြီးကြီးထားကာ ကျိုးဟောင်၏ လက်မောင်းအားဆွဲလိုက်ပြီး ကင်းမွန်ရေခဲဘုရင်နှင့်ဝေးရာသို့ဆုတ်သွားလေသည်။

"ဟီးဟီး မင်းတို့တွေ ငါ့အဖေရဲ့ပိုင်နက်ထဲရောက်သွားပြီ။ မင်းတို့တွေတကယ်ပဲထွက်ပြေးနိုင်မယ်ထင်နေတာလား"

ကင်းမွန်ရေခဲဘုရင်က ပြုံးရင်းအေးစက်စွာပြောလိုက်လေသည်။

"ငါမင်းတို့ကိုတမင်သွေးဆောင်ပြီးဒီနေရာကိုခေါ်လာတာပဲ။ ငါမင်းတို့ကိုအနိုင်မယူနိုင်ပေမဲ့ ငါ့အဖေကတော့မင်းတို့ကိုအနိုင်ယူနိုင်တယ်"

ကင်းမွန်ရေခဲဘုရင်ကနှာခေါင်းရှုံ့ပြီးပြောလိုက်လေသည်။

ရုတ်တရက် မြေပြင်တခုလုံးမှာပြင်းထန်စွာလှုပ်ခါလာသည်ကိုကျိယောင်ယွဲ့ခံစားလိုက်ရလေသည်။ ကျိုးဟောင်နှင့် ကျိယောင်ယွဲ့တို့မှာ သေချာမတ်တပ်ရပ်ဖို့ခက်ခဲနေပြီး လဲကျမသွားရအောင်သစ်ပင်များကိုကိုင်ထားရလေသည်။

အလွန်ပြင်းထန်သောဖိအားတခုပျံ့နှံ့လာသည်ကိုကျိယောင်ယွဲ့ခံစားလိုက်ရလေသည်။

"ချီးပဲ ဒီနေရာက အလွန်ကြီးမားတဲ့ကင်းမွန်ကြီးတကောင်ပေါ်မှာပဲ ပြေးတော့"

ကျိယောင်ယွဲ့၏အမူအရာမှာပျက်ယွင်းသွားပြီး ကျိုးဟောင်၏လက်မောင်းကိုဆွဲကာ ထွက်ပြေးလေသည်။ သူတို့နှစ်ယောက်မှာ ထိုနေရာမှလွတ်မြောက်သွားသော်လည်း မြေပြင်တခုလုံးမှာ တုန်ခါနေပြီး မတ်တပ်ကောင်းကောင်းရပ်ဖို့မဖြစ်နိုင်ပေ။

"ထွက်ပြေးဖို့ကြိုးစားနေတာလား အဲ့လောက်လွယ်မယ်လို့မထင်ဘူး"

ကြိမ်းဝါးသံကြီးတခုကိုကြားလိုက်ပြီး မြေပြင်မှာ လက်တံရှည်ကြီးများထွက်လာသည်ကိုကျိယောင်ယွဲ့မြင်လိုက်ရလေသည်။ ထိုလက်တံကြီးမှာ လူဆယ်ယောက်ဖက်ထားလို့ရသည့်ပမာဏရှိလေသည်။

ဖြန်းးးး....

ထိုချွဲကျိကျိလက်တံကြီးများကရုတ်တရက်ရိုက်ချလိုက်လာလေသည်။ ကျိုးဟောင်နှင့်ကျိယောင်ယွဲ့မှာဘေးသို့လိမ့်ထွက်လိုက်ပြီး လက်တံကြီး၏တိုက်ခိုက်ချက်ကိုရှောင်ရှားလိုက်ကြလေသည်။

"ဟားဟား ကျိယောင်ယွဲ့ မတွေ့ရတာကြာပြီပဲ။ မင်းနဲ့ဒီနေရာမှာထပ်တွေ့မယ်လို့မထင်ထားခဲ့ဘူး"

သတ်ဖြတ်လိုစိတ်ပြည့်နှက်နေသောအသံနက်ကြီးတခုထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် ကျွန်းတခုလုံးမှာ တဖြေးဖြေးကြွတက်လာပြီး အလွန်ကြီးမားသောခန္ဓာကိုယ်ကြီးတခုပေါ်လာလေသည်။

"နင်....နင်က ကင်းမွန်ဧကရာဇ်လား"

ကျိယောင်ယွဲ့မှာမှင်တက်သွားလေသည်။ ထိုအလွန်တရာမှကြီးမားလှသောခန္ဓာကိုယ်ကြီးကိုမြင်လိုက်သောအခါ ကျိယောင်ယွဲ့တောင်မှ တုန်လှုပ်ပြီး နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားလေသည်။

ထိုအခိုက်အတန့်တွင် ကျွန်းတခုလုံးမှာ ကင်းမွန်ဧကရာဇ်၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေပြီး အဆုံးမရှိသော ချောက်နက်ကြီးများဖြင့်၀န်းရံထားသလိုဖြစ်နေလေသည်။လက်ရှိအခြေအနေအဪ ထိုနေရာမှအမြန်ထွက်ပြေးဖို့သူတို့နှစ်ယောက်လုံးမတတ်နိုင်ဖြစ်နေလေသည်။

"ဟုတ်တယ် ငါပဲ"

ကင်းမွန်ဧကရာဇ်ကအသံနက်ကြီးဖြင့်ပြန်ဖြေလေသည်။

"နင်ဘာလို့မသေသေးတာလဲ။ အရင်ကငါမင်းကိုသတ်ခဲ့ပြီးပြီလေ ဘာလို့...."

ကျိယောင်ယွဲ့၏စကားမဆုံးခင်မှာပင် ကင်းမွန်ဧကရာဇ်က ဒေါသတကြီးအော်ပြော‌လာလေသည်။

"ဘာလို့ဆိုတော့ ငါ သားရဲအူတိုင်တ၀က်ထဲနဲ့ အသက်ရှင်လွတ်မြောက်ခဲ့လို့ပေါ့"

"ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့လွတ်မြောက်ခဲ့ပြီး ဒီ ကျွန်းကြီး‌ရဲ့အောက်မှာ မင်းကျေးဇူးနဲ့ပုန်းအောင်းနေခဲ့ရတယ်"

ကင်းမွန်ဧကရာဇ်မှာ အလွန်ဒေါသထွက်နေပြီး မြေပြင်တခုလုံးမှာလည်းအဆက်မပြတ်တုန်ခါနေလေသည်။

"ဒါကြောင့်ပဲ ငါ့သားက မင်းကိုဒီနေရာရောက်အောင်မြှားခေါ်လာပြီး ငါလက်စားချေနိုင်အောင်လုပ်ပေးခဲ့တာပဲ"

မနီး‌မဝေးရှိ ကင်းမွန်ရေခဲဘုရင်ကလည်း သူတို့အား လှောင်ပြောင်အကြည့်ဖြင့်ကြည့်နေလေသည်။ ထို့နောက်သူတို့နှစ်ယောက်ထံသို့တဖြေးဖြေးလမ်းလျှောက်လာလေသည်။

၎င်း၏နောက်တွင်မရေမတွက်နိုင်သော လက်တံကြီးများက လေထဲတွင်ဝဲကာအားပေးနေသကဲ့သို့ဖြစ်နေလေသည်။

"ဟားဟား ငါ့အဖေရဲ့အကူအညီနဲ့ဆို မင်းတို့ကိုငါ‌အေးဆေးဖြေရှင်းနိုင်တယ်။ ကျိယောင်ယွဲ့ မင်းကို ဘယ်သူမှ အနိုင်မယူနိုင်ဘူးလို့ထင်နေတာလား။ ဘယ်လိုတောင်ရယ်စရာကောင်းပြီး တုံးအလိုက်သလဲ"

ကျိယောင်ယွဲ့က ကျိုးဟောင်ကိုဆွဲပြီးနောက်သို့ဖြေးဖြေးချင်းဆုတ်သွားလေသည်။ ထို့နောက်သူမက လှံတံကိုအသုံးပြုပြီး မီးတောက်အတားအဆီးတခုကိုထပ်မံဖန်တီးပြီးနောက် ကျိုးဟောင်အား ထိုအထဲထည့်လိုက်လေသည်။

"ကင်းမွန် ဧကရာဇ် ဒီကိစ္စက မင်းနဲ့ငါ့ကြားက မကျေပွဲပဲ တခြားသူတွေနဲ့ဘာမှ မဆိုင်ဘူး"

"တကယ်လို့မင်းငါ့ကိုအနိုင်ယူနိုင်မယ်လို့ယုံကြည်ချက်ရှိရင် ငါ့ဆီလာခဲ့စမ်း"

ကျိယောင်ယွဲ့က သူမ၏လှံတံကိုတင်းကြပ်စွာဆုပ်ကိုင်ပြီး အေးစက်စွာပြောလိုက်လေသည်။

ကမ္ဘာပေါ်ရှိအသန်မာဆုံးစစ်နတ်ဘုရားတယောက်ဖြစ်သည့်ကျိယောင်ယွဲ့၏ သတ်ဖြတ်လိုစိတ်များပေါက်ကွဲထွက်လာသောကြောင့် ကင်းမွန်ရေခဲဘုရင်မှာ တုန်လှုပ်သွားပြီး နောက်သို့အနည်းငယ်ဆုတ်သွားကာ သတိတကြီး ကြည့်နေလေသည်။

....................................................................................

အခန်း(၆၁၆)ပြီးပါပြီ။

အခန်း (၆၁၇) : ကင်းမွန်‌ဧကရာဇ်

"အဖေ ဒီအမျိုးသမီးကမလွယ်ဘူး ကျွန်တော့်သတိလက်လွတ်ချဉ်းကပ်လို့မရဘူး"

ကင်းမွန်ရေခဲဘုရင်မှာ ကျိယောင်ယွဲ့နှင့်ရင်ဆိုင်ပြီး အပြတ်အသတ်အနိုင်ယူခြင်းခံရသည့်ခံစားချက်ကိုပြန်တွေးမိပြီး တွန့်ဆုတ်သွားလေသည်။ ရုတ်တရက်ရှေ့သို့တလှမ်း‌မှ မတိုးဝံ့တော့ပေ။

ဒါသည်စစ်နတ်ဘုရားတစ်ယောက်၏ခြိမ်းခြောက်နိုင်စွမ်းဖြစ်လေသည်။ ၎င်းတို့မှာ ရုတ်တရက်၀င်မတိုက်ရဲတော့ဘဲ အခွင့်သာမည့်အခြေအနေကိုချောင်းနေလေသည်။

ကင်းမွန်ရေခဲဘုရင်၏အစိမ်းရောင်မျက်လုံးကြီးများထဲတွင် ကြောက်ရွံ့မှုများပြည့်နှက်နေပြီး တုံ့ဆိုင်းနေ လေသည်။

၎င်းတယောက်တည်း ကျိယောင်ယွဲ့အား အနိုင်ယူဖို့မဖြစ်နိုင်ပေ။ ၎င်းအဖေ၏အကူအညီအားလိုအပ်ပေသည်။

ကျိယောင်ယွဲ့မှာ လှံအားတင်းကျပ်စွာဆုပ်ကိုင်ထားလေသည်။ ထို့နောက်သူမ၏လှံထိပ်တွင် ကြီးမားသောမီးတောက်များပေါက်ကွဲထွက်လာပြီး လှံတံသွားသည့်နေရာတိုင်း မီးတောက်အမှတ်အသားများကျန်ရစ်နေလေသည်။

ကင်းမွန်ရေခဲဘုရင်မှာ အစကတည်းကသူ့အဖေအပေါ်အားကိုးနေခဲ့ခြင်းဖြစ်ပြီး မီးတောက်အမှတ်အသားများကိုမြင်သောအခါတကိုယ်လုံးတုန်ရီလာကာ နောက်သို့ဆုတ်သွားလေသည်။

"သား မကြောက်နဲ့။ သူမကလူသားတဦးပါပဲ ငါသူမကိုတချက်ထဲနဲ့အပိုင်းပိုင်းပြတ်သွားအောင်ရိုက်နိုင်တယ်"

၎င်းအဖေ၏စကားကြောင့် ကင်းမွန်ရေခဲဘုရင်မှာ ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ၎င်းခန္ဓာကိုယ်အနှံ့ရှိ ကြွက်သားအစိုင်များဆီမှာ မျက်လုံးအမြောက်အမြားပေါ်လာလေသည်။

ကျိယောင်ယွဲ့က အညှာအတာကင်းမဲ့သောအကြည့်ဖြင့် ကင်းမွန်ဧကရာဇ်အားကြည့်ကာ အော်ပြောလိုက်လေသည်။

"ကင်းမွန်ဧကရာဇ် နင် အရင်တုန်းကငါ့ဆီမှာရှုံးနိမ့်ခဲ့ဖူးတာကိုမေ့သွားပြီလား။ အခုရော နင်ငါ့ကိုအနိုင်ယူနိုင်မယ်ထင်နေတာလား"

"နင့်ကိုငါတခါအနိုင်ယူခဲ့ဖူးတာကြောင့် အခုလည်းထပ်အနိုင်ယူနိုင်မှာပဲ"

ကျိယောင်ယွဲ့၏စကားဆုံးသောအခါ ပေါက်ကွဲသံတချက်နဲ့အတူပတ်၀န်းကျင်တခုလုံးမှာဗြောင်းဆန်သွားလေသည်။ သဲများနှင့်သစ်ပင်အပိုင်းအစများလွှင့်စင်ကုန်လေသည်။

ကင်းမွန်ဧကရာဇ်၏မျက်လုံးထဲတွင်သွေးဆာနေသောအရိပ်အယောင်များပေါ်လွင်နေပြီး ၎င်း၏ လက်တံများဖြင့်ကျိယောင်ယွဲ့ရပ်နေသောနေရာသို့တိုက်ခိုက်လိုက်လေသည်။ ဒါ့အပြင် ကျွန်းတခုလုံးကိုလည်း အဆက်မပြတ်တုန်ခါအောင်လုပ်နေလေသည်။

ကျိယောင်ယွဲ့၏မျက်နှာမှာခက်ထန်သွားလေသည်။ ကင်းမွန်ဧကရာဇ်မှာကောက်ကျစ်စွာဖြင့်သူမအားအလစ်အငိုက်ချောင်းတိုက်လာလေသည်။

"ကောင်းပြီလေ အဲ့လောက်တောင်သေချင်နေမှတော့ ဆန္ဒကိုဖြည့်ဆည်းပေးရသေးတာပေါ့"

ကျိယောင်ယွဲ့မှာ သူမဆီသို့ရိုက်ခတ်လာသည့်လက်တံကြီးအား မမှိတ်မသုန်ကြည့်ရင်းပြောလိုက်သည်။

ကျိယောင်ယွဲ့မှာ အရင်စိတ်တည်ငြိမ်အောင်လုပ်လိုက်လေသည်။ထို့နောက်သူမ၏လည်ဆွဲဆီမှအလင်းတန်းတခုပျံ့လွှင့်လာခဲ့ပြီး နှိုင်းမရအောင်မာကြောလှသည့်ချပ်၀တ်တခုမှာ သူမတကိုယ်လုံးအားဖုံးအုပ်သွားလေသည်။ မကြာမီ ထိုချပ်၀တ်ဆီမှမီးတောက်များပေါ်ထွက်လာပြီး သူမအားအကာအကွယ်ပေးနေလေသည်။

ကင်းမွန်ဧကရာဇ်၏လက်တံရှည်ကြီး၏ရိုက်ခတ်မှုကြောင့် ဘေးပတ်လည်တွင် ဖုန်မှုန့်များ အလိပ်လိုက်ထသွားလေသည်။ကင်းမွန်ဧကရာဇ်ကထိုအဖြစ်အပျက်အားကြည့်ကာ လှောင်ပြောင်ပြုံးဖြင့်ပြောလိုက်လေသည်။

"မင်းငါ့ကိုမယှဉ်နိုင်ပါဘူး"

သို့သော် ကင်းမွန်ဧကရာဇ်ကြီးပြုံးလို့မဆုံးခင်မှာပဲထိုဖုန်စိုင်များကြားမှ တစုံတခုက‌လှုပ်ရှားလာလေသည်။ထိုအရာမှာ ကျိယောင်ယွဲ့ဖြစ်ပြီးသူမကဖြေး‌ညှင်းစွာလမ်းလျှောက်ထွက်လာလေသည်။

ကင်းမွန်ဧကရာဇ်ကြီးမှာတုန်လှုပ်သွားပြီး ၎င်း၏ သွေးကဲ့သို့နီရဲနေသော ပါးစပ်ကြီးဖြင့် ကျိယောင်ယွဲ့ရှိရာသို့လှမ်းကိုက်လိုက်လေသည်။

ကျိယောင်ယွဲ့ကသူမ၏လက်ကိုဆန့်တန့်ပြီး လက်ထဲရှိလှံ့အား ဝှေ့ယမ်းလိုက်လေသည်။ ထို့နောက်ပေါက်ကွဲသံကြီးတခုပေါ်ထွက်လယလေသည်။ ကင်းမွန်ဧကရာဇ်‌ကြီးမှာ ကျိယောင်ယွဲ့အား နှစ်ပိုင်းဖြစ်အောင်မကိုက်ဖြတ်နိုင်ဘဲ ၎င်းမှာကျိယောင်ယွဲ့၏ မီးတောက်များဖြင့်လောင်မြှိုက်ခံလိုက်ရလေသည်။

၎င်း၏မျက်လုံးများမှာ သွေးပျက်သွားသည့်အမူအရာများပြည့်သွားလေသည်။ ၎င်းမှာ သူ၏အမြန်နှုန်းနှင့်သန်မာမှုအပေါ်ယုံကြည်ချက်ရှိလေသည်။

၎င်းမှာ ကျိယောင်ယွဲ့၏အနိုင်ယူခြင်းကိုခံခဲ့ရပြီးနောက် ဒီ‌ကျွန်းအောက်တွင် ပုန်းအောင်းကာ အပြင်းအထန်ကျင့်ကြံခဲ့ပြီး ယခုလိုအခွင့်အရေးရလာမည့်နေ့ကိုတိတ်တဆိတ်စောင့်စားနေခဲ့လေသည်။

သို့သော် ၎င်းမထင်ထားခဲ့သည်မှာ သူကျင့်ကြံနေသည့်ကာလအတွင်း ကျိယောင်ယွဲ့မှာလည်း အလျင်အမြန်တိုးတက်လာခဲ့လေသည်။

ဂါးးး......

၎င်းမှာ အလိုမကျစွာဖြင့်ကောင်းကင်သို့ကြည့်ကာဒေါသတကြီးအော်ဟစ်လိုက်လေသည်။ဒီတကြိမ်တွင်တော့ ၎င်း၏အသန်မာဆုံး ကျင့်ကြံရေးများပေါက်ကွဲထွက်လာပြီး ကျိယောင်ယွဲ့အား တချက်တည်းဖြင့်သတ်နိုင်ရန်ပြင်ဆင်လိုက်လေသည်။

မြေပြင်တခုလုံးမှာလည်း ပြင်းထန်စွာတုန်ခါနေပြီးကြီးမားသောဖိအားကြီးတခုကနေရာတခုလုံးပျံ့နှံ့နေလေသည်။မြေပြင်တခုလုံးမှာ အလွန်အမင်းတုန်ခါနေသောကြောင့် မီးတောက်အကာအကွယ်ထဲတွင်ရှိနေသောကျိုးဟောင်မှာလည်း ကောင်းမွန်စွာမတ်တပ်ရပ်နေရန်ခက်ခဲနေလေသည်။

အလွန်ပြင်းထန်သောဟာရီကိန်းမုန်တိုင်းတခုလေထဲတွင်ပေါ်ပေါက်လာခဲ့လေသည်။ ကျိယောင်ယွဲ့ကမော့ကြည့်လိုက်သောအခါ ကင်းမွန်ဧကရာဇ်၏ လက်တံကြီးများက သူမဆီသို့ဝှေ့ယမ်းပြီး၀င်လာလေသည်။

လက်တံကြီး၏ရိုက်ချက်ကြောင့်သစ်ပင်များမှာထက်ပိုင်းပြတ်ထွက်ကုန်လေသည်။ ကျိယောင်ယွဲ့မှာလည်း မြေပြင်မှခုန်ပြီးရှောင်တိမ်းလိုက်လေသည်။သူမလက်ထဲမှလှံကိုလေထဲတွင်ဝှေ့ယမ်းလိုက်သောအခါမီးနံရံတခုမြေပြင်မှထွက်ပေါ်လာလေသည်။

သို့သော်လည်း ကင်းမွန်ဧကရာဇ်မှာရင်ဆိုင်ရခက်ခဲလေသည်။ ကျိယောင်ယွဲ့၏လှံတံမှာအစွမ်းထက်သော်လည်း ကင်းမွန်ဧကရာဇ်ကြီး၏ခန္ဓာကိုယ်မှာ အလွန်ကြီးမားသောကြောင့်သူမအနေဖြင့် ၎င်း၏လက်တံများကိုဖြတ်တောက်ရန်အခက်တွေ့နေလေသည်။သူမအနေဖြင့် ၂မီတာအနက်သာရှိသည့်ဒဏ်ရာများသာ ပေးနိုင်နေလေသည်။

ထိုဒဏ်ရာလေးများကကင်းမွန်ဧကရာဇ်အတွက်စာမဖွဲ့လောက်ပေ။ ၎င်းမှာ အရင်ကတည်းကပြန်လည်ကောင်းမွန်နိုင်စွမ်းအလွန်မြင့်မားနေလေသည်။ ၎င်းမှာဒဏ်ရာများရသွားသော်လည်း အလွန်လျင်မြန်သောအဟုန်ဖြင့်ပြန်လည်သက်သာနေလေသည်။

"ဟားဟား ကျိယောင်ယွဲ့ မင်းမြင်ပြီလား ဒါငါ့အဖေရဲ့အင်အားပဲ"

ကင်းမွန်ရေခဲဘုရင်မှာ ရယ်မောနေလေသည်။ ၎င်းမှာ သူ့အဖေ၏စွမ်းအားကြီးမားပုံကိုကြည့်ပြီး ပိုမိုယုံကြည်ချက်ရှိလာလေသည်။ ၎င်းမှာ ရှေ့သို့တလှမ်းချင်းတိုးလာလေသည်။

သို့သော် ကျိယောင်ယွဲ့မှာ လျင်မြန်စွာဖြင့် ကင်းမွန်ရေခဲဘုရင်၏ခန္ဓာကိုယ်၌ချည်ထားသောကြိုးများကိုလှမ်းဆွဲလိုက်လေသည်။

"အာ.... ငါ့ကိုချည်ထားတဲ့ကြိုးတွေဖြေဖို့မေ့သွားတာပဲ"

ကင်းမွန်ရေခဲဘုရင်မှာထိုအချက်ကိုတွေးမိပြီး တောင့်တင်းသွားလေသည်။ ၎င်း၏အတွေးမဆုံးခင်မှာပင် ၎င်းခန္ဓာကိုယ်ကြီးမှာ ပေါ့ခနဲခံစားလိုက်ပြီး အတင်းဆွဲဆောင့်ယူခြင်းခံလိုက်ရလေသည်။

"ဝူးး အားးး...."

ကျိယောင်ယွဲ့၏ကြီးမားသောအင်အားက ကင်းမွန်ရေခဲဘုရင်အား သူ့အဖေကင်းမွန်ဧကရာဇ်၏လက်တံများအောက်သို့ရောက်အောင်ဆွဲယူနေလေသည်။

တကယ်လို့၎င်းအဖေ၏လက်တံများ ၎င်းအပေါ်ကျရောက်ပါလာ ၎င်းမှာ ကင်းမွန်နံပြားဖြစ်သွားလေမည်။

"လွှတ်....ငါ့ကိုလွှတ်စမ်း။ အားးးး..."

ကင်းမွန်ရေခဲဘုရင်မှာကြောက်လန့်တကြားအော်ဟစ်ရုန်းကန်နေလေသည်။၎င်းအနေနဲ့ အမြန်မရှောင်ပါက သေချာပေါက်သေမည်ဖြစ်လေသည်။

ထိုအခိုက်အတန့်တွင်ကင်းမွန်ရေခဲဘုရင်မှာစိတ်ဆုံးဖြတ်ပြီး ၎င်း၏လက်တံများကိုဖြတ်ပစ်လိုက်လေသည်။

"ဝူးး အ အားးးး"

အသည်းပေါက်မတတ်အော်ဟစ်သံကြီးတခုထွက်ပေါ်လာလေသည်။ ထို့နောက် ကင်းမွန်ရေခဲဘုရင်မှာ၎င်းခန္ဓာကိုယ်ကိုလှိမ့်ကာ သူ့အဖေ၏လက်တံရိုက်ချက်ကိုရှောင်တိမ်းလိုက်လေသည်။

....................................................................................

အခန်း(၆၁၇)ပြီးပါပြီ။

အခန်း (၆၁၈) : ရှေးဟောင်းကျောက်စာပြန်လည်ထွက်ပေါ်လာခြင်း

ကင်းမွန်ရေခဲဘုရင်မှာသူ့အဖေဘယ်လောက်အင်အားကြီးသလဲသိသောကြောင့် အမြန်ရှောင်ထွက်လိုက်လေသည်။ကျိယောင်ယွဲ့တောင်မှ ၎င်းအဖေ၏ အင်အားကို ယှဉ်ဖို့မလွယ်ပေ။

ကျိယောင်ယွဲ့မှာလည်းထိုအချက်ကိုသေချာသဘောပေါက်လေသည်။သူမအနေဖြင့်ယခုလို သူတော်စင်ဘုံအဆင့်သားရဲတကောင်ဖြင့်ရင်ဆိုင်ရမည်လို့မထင်ထားခဲ့ပေ။ သူမ ကြိုသိခဲ့ပါကကျိုးဟောင်အားလေ့ကျင့်ရန်အတွက်ခေါ်လာခဲ့မည်မဟုတ်ပေ။

သို့သော် ဒီကျွန်းကကင်းမွန်ဧကရာဇ်၏ပိုင်နက်ဖြစ်နေလိမ့်မည်လို့ဘယ်သူမှကြိုမသိခဲ့ပေ။ကျိယောင်ယွဲ့မှာလည်းအလွန်စိုးရိမ်နေရပေသည်။ ကင်းမွန်ရေခဲဘုရင်၏လက်တံများဖြင့်ရိုက်လိုက်တိုင်း ကျွန်းတခုလုံးမှာ တုန်ခါသွားရလေသည်။ ကျိယောင်ယွဲ့မှာလည်းခန္ဓာကိုယ်မှမီးများတောက်ပနေပြီး ရှောင်တိမ်းနေလေသည်။

"ကျိယောင်ယွဲ အရင်တခါတုန်းမင်းလက်ချက်ကြောင့် သေမလိုဖြစ်ခဲ့ရတယ် ဒါပေမဲ့ နှစ်အတော်ကြာရေအောက်လောကရဲ့ စွမ်းအင်အနှစ်သာရတွေကိုစုပ်ယူပြီးနောက် မင်းအခုငါ့ကိုအနိုင်ရဖို့မဖြစ်နိုင်တော့ဘူး"

ကင်းမွန်ဧကရာဇ်ကပြောရင်း ၎င်းလက်တံများဖြင့်အဆက်မပြတ်တိုက်ခိုက်နေလေသည်။

ကျွန်းတခုလုံးမှာ ကင်းမွန်ဧကရာဇ်၏ခန္ဓာကိုယ်ပေါ်တွင်တည်ရှိနေပြီး ကျိယောင်ယွဲ့မှာ ၎င်း၏ခန္ဓာပေါ်၌တိုက်ခိုက်နေရသလိုဖြစ်နေလေသည်။ ဒီလိုတိုက်ပွဲမျိုးတွင်သူမအနေဖြင့် ဘယ်လိုအနိုင်တိုက်ဖို့ဖြစ်နိုင်မည်နည်း။

"ကျိယောင်ယွဲ့ မင်းကသူတော်စင်အဆင့်တ၀က်ပညာရှင်တယောက်သာဖြစ်ပြီး ငါက သူတော်စင်ဘုံအဆင့်ပညာရှင်ဖြစ်လုနီးပါးသားရဲတကောင်ပဲ။ ဒီနေ့တော့ မင်းသေနေ့စေ့ပြီ"

ထိုသို့ပြောပြီးနောက် ကင်းမွန်ဧကရာဇ်၏အရှိန်အဝါမှာပေါက်ကွဲထွက်လာပြီး ကျွန်းတခုလုံးအား ကြီးမားသောဖိအားကြီးဖြင့်ဖိနှိပ်ထားလေသည်။

ကျိယောင်ယွဲ့လည်း အမူအရာလုံး၀ပျက်ယွင်းသွားရလေသည်။ သူမကိုယ်ပေါ်၌အကာအကွယ်ပေးနေသော မီးတောက်များမှာလည်း တဖြေးဖြေးမှိန်လာခဲ့လေသည်။

လက်တံကြီးများ၏ရိုက်ခတ်နှုန်းမှာလည်း အဆက်မပြတ်ပြင်းထန်စွာရိုက်ခတ်နေလေသည်။ကျိယောင်ယွဲ့မှာ အလွန်သတိရှိသူဖြစ်သော်လည်း ယခုကဲ့သို့ အဆက်မပြတ်တိုက်ခိုက်ချက်များကို အကုန်လုံးရှောင်တိမ်းနိုင်ဖို့မဖြစ်နိုင်ပေ။

သူမအနေဖြင့်အကြိမ်တော်တော်များများ ကင်းမွန်ဧကရာဇ်၏ခေါင်းပေါ်သို့တက်ကာတိုက်ခိုက်ဖို့ကြိုးစားသော်လည်း လက်တံကြီးများ၏တိုက်ခိုက်ချက်ကိုခံရပြီး မြေပေါ်သို့အရှိန်ပြင်းစွာပြုတ်ကျပြီးဒဏ်ရာရကာ သွေးများအန်ခဲ့ရလေသည်။

ကျိယောင်ယွဲ့အနေဖြင့် ဒီလိုအခြေအနေမှလွတ်မြောက်နိုင်မည့်အခွင့်အရေးကိုရှာဖွေမရသောကြောင့်စိုးရိမ်စိတ်၀င်လာလေသည်။

ဒါ့အပြင် ကင်းမွန်ရေခဲဘုရင်ရှိနေသေးကိုလည်းမေ့ထားလို့မရပေ။ လက်ရှိတွင်ကျိုးဟောင်မှာ ၀င်ရောက်တိုက်ခိုက်နိုင်စွမ်းမရှိသေးပေ။ ထို့ကြောင့် ကင်းမွန်ရေခဲဘုရင်အနေဖြင့် ကျိုးဟောင်အားခြုံခို၀င်ရောက်တိုက်ခိုက်နိုင်မည့်အခွင့်အရေးမရအောင်လည်းသူမသတိထားနေရလေသည်။

"ဒီအတိုင်းဆက်ဖြစ်နေရင်အဆင်မပြေတော့ဘူး။ ဒီနေရာကိုစစ်ကူလှမ်းပို့ခိုင်းဖို့ကလည်းမလွယ်ကူဘူး။ လင်းထျန်ကလည်း မြေအောက်လောကကိုဆင်းသွားတာမို့ ခဏလောက်ဆက်သွယ်လို့ရမှာမဟုတ်ဘူး။ ငါဘာလုပ်ရမှာလဲ။ ငါ့မှာလှုပ်ရှားစရာတခုပဲရှိတော့တယ်ထင်တယ်"

ကျိယောင်ယွဲ့မှာ တုံ့ဆိုင်းနေလေသည်။ သူမ‌တွေးထားသည့်လှုပ်ရှားစရာဆိုသည်မှာ စွမ်းအင်အနှစ်သာရအများအပြားသုံးစွဲရသည့်သိုင်းတခုဖြစ်လေသည်။ သေရေးရှင်ရေးအခြေအနေမဟုတ်ဘဲသူမအနေဖြင့်ထိုသိုင်းကိုထုတ်မသုံးချင်ပေ။

"ဟားဟားဟား ကျိယောင်ယွဲ့ ဒီလိုနေ့ကိုရောက်လာဖို့ငါအကြာကြီးစောင့်ခဲ့ရတာ။ ငါစွမ်းအင်အနှစ်သာရအများကြီးကိုစုပ်ယူခဲ့ရုံသာမက ဒီရှေးဟောင်းကျွန်းကိုလည်း စုပ်ယူပြီး ငါ့ခန္ဓာကိုယ်ရဲ့တစိတ်တပိုင်းဖြစ်အောင်လုပ်ယူခဲ့တယ်။ ငါ့ပုံစံကကို့ယို့ကားယားနိုင်ပေမဲ့ ငါ့အင်အားကတော့အဆုံးမဲ့ပဲ။ မင်းငါ့ကိုမယှဉ်နိုင်‌ပါဘူး။ ဒီနေ့တော့မင်းကိုငါသတ်မယ်"

ကင်းမွန်ဧကရာဇ်ကကျယ်လောင်စွာရယ်မောပြီးပြောလေသည်။ ထို့နောက် ကျွန်းတခုလုံးတုန်ခါကာ မရေမတွက်နိုင်သောရေခဲသလင်းကျောက်များပေါ်ထွက်လာလေသည်။ ပတ်၀န်းကျင်တခုလုံးမှာအလွန်အေးခဲလာပြီး ရေခဲကမ္ဘာတခုတဖွယ်ပြောင်းလဲသွားလေသည်။

ကျိယောင်ယွဲ့မှာလည်း အစွမ်းကုန်ခုခံနေလေသည်။ သူမလက်ထဲရှိ လှံဆီမှာ မီးတောက်များအဆက်မပြတ်တောက်လောင်နေသော်လည်း ပတ်၀န်းကျင်မှာ ရေခဲအမှတ်သုညအောက်ရောက်သောနေကြောင့် အကြိမ်ကြိမ်ပြန်လည်ငြိမ်းသက်နေလေသည်။ သူမအနေဖြင့် အစွမ်းကုန်ထုတ်ဖို့ခက်ခဲ့သည့်အနေအထားဖြစ်လာလေသည်။

"ဒီကင်းမွန်ဧကရာဇ်ကတကယ်စေ့စပ်တာပဲ ကျွန်းတခုလုံးကိုရေခဲသလင်းကျောက်တွေနဲ့ဖြည့်ပြီး ငါနဲ့ရင်ဆိုင်ဖို့လုပ်နေတာပဲ"

ကျိယောင်ယွဲ့ကအေးစက်စွာငြီးတွားလိုက်လေသည်။ သူမခန္ဓာကိုယ်တခုလုံးဒဏ်ရာများဖြင့်ပြည့်နေပြီး သူမ၏အနီရောင်ချပ်၀တ်မှာလည်း ပျက်စီးနေလေပြီဖြစ်သည်။

ကျိယောင်ယွဲ့တွင်အလွန်အားကောင်းသောစိတ်စွမ်းအားရှိသော်လည်း ကင်းမွန်ဧကရာဇ်အားရင်ဆိုင်ဖို့အထိတော့မဖြစ်နိုင်သေးပေ။ သူတို့နှစ်ယောက်လုံးမှာသူတော်စင်အဆင့်တ၀က်ပညာရှင်များဖြစ်သော်လည်း ကင်းမွန်ဧကရာဇ်၏ကျင့်ကြံအားမှာ သူမထက်ပိုနက်ရှိုင်းလေသည်။ ဒါ့ကြောင့် သူမအနေဖြင့် ကင်းမွန်ဧကရာဇ်အပေါ်စိတ်စွမ်းအားသုံးခြင်းကအကျိုးမရှိပေ။

အခြေအနေများပိုမိုဆိုးရွားလာသည်ကိုကြည့်ပြီး ကျိုးဟောင်မှာပိုပြီးစိတ်ပူလာလေသည်။ သူ့အနေဖြင့်လက်ရှိကျဆင်းနေသောအပူချိန်ကိုတောင့်ထံထားဖို့ခက်ခဲနေလေသည်။ သူ့အင်အားတွင်လိုအပ်ချက်ရှိသေးသည်ကိုလည်းပိုမိုသိမြင်လာလေသည်။

"ဘာလုပ်သင့်လဲ ငါတို့ဘာလုပ်သင့်လဲ တကယ်လို့စီနီယာကျိသာသေဆုံးသွားရင် ငါတို့လူသားမျိုးနွယ်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုပဲ"

ကျိုးဟောင်မှာအလွန်အမင်းစိုးရိမ်နေလေသည်။ ထိုအချိန်တွင် အချိန်အတော်ကြာအထိငြိမ်သက်နေခဲ့သောမုရုံရွှင်းကစကားပြောလာလေသည်။

"အခုမင်းကိုကယ်နိုင်မယ့်တခုတည်းသောအရာက ဝိညာဉ်ကျောက်တုံးပဲ။ အဲ့တာကို ရှေးဟောင်းကျောက်စာနဲ့တွဲသုံးလိုက်။ အဲ့တာဆို မင်း ကင်းမွန်ဧကရာဇ်ကိုခဏလောက်ချုပ်ထားနိုင်လိမ့်မယ်။ အဲ့တာက မင်းတို့နှစ်ယောက်ထွက်ပြေးနိုင်ဖို့အချိန်ခဏလောက်ရစေလိမ့်မယ်။ ဒါပေမဲ့ ကင်းမွန်ဧကရာဇ်ကသူတော်စင်ဘုံအဆင့်ရောက်လုနီးပါးဖြစ်တာကြောင့် သူ့ရဲ့အလိုအလျောက်တုံ့ပြန်နိုင်စွမ်းကပြင်းထန်မှာကိုငါစိတ်ပူမိတယ်"

မုရုံရွှင်း၏စကားကြောင့်ကျိုးဟောင်မှာသေချာစိတ်ဆုံးဖြတ်လိုက်ပြီးအေးစက်သောအကြည့်ဖြင့် သူ့လက်ဖဝါးကိုဆန့်ထုတ်လိုက်လေသည်။

ဝိညာဉ်ကျောက်တုံးကို အသက်သွင်းလိုက်ပြီး စိတ်စွမ်းအားတခုကိုဖန်တီးလိုက်လေသည်။ စွမ်းအားကြီးမားသောအရှိန်အဝါတခုကိုကျွန်းတခုလုံးအားဖုံးလွှမ်းသွားလေသည်။ ထိုအခြင်းအရာကြောင့် ကျိယောင်ယွဲ့နှင့် ကင်းမွန်ဧကရာဇ်၂ယောက်လုံးမှင်တက်သွားလေသည်။

"ကျိုးဟောင် ဘာလုပ်နေတာလဲ ရပ်လိုက်...... အဲ့စွမ်းအားကိုမသုံးနဲ့ မင်းသေသွားလိမ့်မယ်"

ကျိယောင်ယွဲ့ကစိုးရိမ်တကြီးသတိပေးလိုက်လေသည်။ သူမအနေဖြင့် ကျိုးဟောင်ဘာလုပ်ချင်နေသလဲသေချာသိလေသည်။

သို့သော်ကျိုးဟောင်ကသတိပေးမှုကိုလျစ်လျူရှူလိုက်လေသည်။ သူ့အနေဖြင့် ဒီစွမ်းအားကိုမသုံးပါက ကျိယောင်ယွဲ့ကျဆုံးသွားမည့်အခြေအနေရောက်နေသည်ကိုသဘောပေါက်လေသည်။

ကျိုးဟောင်သူ၏မျက်လုံးများကိုမှိတ်လိုက်ပြီး ဝိညာဉ်ကျောက်တုံးမှာ သူ့နဖူးအလည်တွင်ပေါ်ပေါက်လာလေသည်။ ကျိုးဟောင်တကိုယ်လုံးတွင်လည်းရှေးဟောင်းစာများပေါ်ပေါ်လာပြီး ကျွန်းတခုလုံးအား ကြွတက်လာစေလေသည်။

"ဒါ ....ဒါ ရှေးဟောင်းကျောက်စာအစွမ်းပဲ။ မင်း....မင်းတို့လူသားတွေရှေးဟောင်းကျောက်စာအပေါ်လက်မလျော့ကြသေးဘူးပဲ"

ကင်းမွန်ဧကရာဇ်မှာရှေးဟောင်းကျောက်စာအစွမ်းကိုအာရုံခံမိပြီး တုန်လှုပ်သွားရလေသည်။ ကင်းမွန်ရေခဲဘုရင်လည်းအတူတူပင်ခံစားလိုက်ရသည်။

ကျိုးဟောင်အနေဖြင့် ဝိညာဉ်ကျောက်တုံးအစွမ်းအားအကန့်အသတ်အထိရောက်အောင်သုံးလိုက်ပြီး သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ ရှေးဟောင်းကျောက်စာစာလုံးများက "ချိတ်ပိတ်"ဟူသောစာသားအဖြစ်ပေါ်ပေါက်လာလေသည်။

"ချိတ်ပိတ်....."

ကျိုးဟောင်က သူ့လက်ကိုဆန့်တန်းကာ ကင်းမွန်ဧကရာဇ်အားညွှန်ပြရင်းအော်ဟစ်လိုက်သည်။စိတ်စွမ်းအင်မုန်တိုင်းတခုကပေါ်ထွက်လာလေသည်။

"ကောင်းကင်ဘုံအဆင့်သာသာပညာရှင်လေးက ငါ့ကိုချိတ်ပိတ်ချင်တာလား။ မင်းကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ"

ကင်းမွန်ဧကရာဇ်ကပြောပြီးနောက်၎င်း၏စိတ်စွမ်းအားကိုသုံးလိုက်လေသည်။ ၎င်း၏ခန္ဓာကိုယ်တခုလုံး ရွှေရောင်ဖုံးလွှမ်းသွားပြီး ကျိုးဟောင်၏ တိုက်ခိုက်ချက်ကိုပြန်လည်တိုက်ခိုက်လိုက်လေသည်။

"ချိတ်ပိတ်....."

ကျိုးဟောင်မှာထပ်မံအော်ဟစ်လိုက်ပြီး စွမ်းအားကြီးမားသောလှိုင်းတခုပေါက်ကွဲထွက်လာလေသည်။ကင်းမွန်ဧကရာဇ်ကလည်း သူ့စိတ်စွမ်းအားကိုကြီးမားသောကင်းမွန်ကြီးအဖြစ်ပြောင်းလဲကာပြန်လည်ခုခံလေသည်။ ထိုအချိန်တွင် အားကောင်းသောတုံပြန်မှုကြောင့် ကျိုးဟောင်မှာသွေးများအန်လာလေသည်။

သို့သော်ကျိုးဟောင်မှာအံကိုကြိတ်ရင်း တောင့်ခံထားလေသည်။ ရှေးဟောင်းကျောက်စာ၏စွမ်းအားက တကယ့်ကိုအနှိုင်းမဲ့ပင်ဖြစ်သည်။ ထိုအရာကို စကြာ၀ဠာအစွမ်းထက်ဆုံးကျောက်တုံးတတုံးဖြစ်သည့်စိတ်ဝိညာဉ်ကျောက်တုံးနှင့်တွဲသုံးသောအခါ သာမန်စိတ်စွမ်းအားမျိုးဖြင့်ခုခံဖို့မဖြစ်နိုင်ပေ။

လက်ရှိကျိုးဟောင်၏ကျင့်ကြံဆင့်မှာနိမ့်ပါးနေသေးသောကြောင့် ခက်ခဲနေသော်လည်း သူသည်သူတော်ဘုံအဆင့်သို့ရောက်ပါက တဖက်လူအား အလွယ်တကူပင်ချိတ်ပတ်နိုင်မည်ဖြစ်လေသည်။

သို့သော်လည်း သူ့ရှေးဟောင်းကျောက်စာများကို ကင်းမွန်ဧကရာဇ်အား အဆက်မပြတ်နာကျင်စေပြီးအော်ဟစ်နေစေလေသည်။ များစွာသော ရှေးဟောင်းကျောက်စာများမှ သံကြိုးများပေါ်ပေါက်လာပြီး ကင်းမွန်ဧကရာဇ်တကိုယ်လုံးအား ရစ်ပတ်ချုပ်နှောင်နေလေသည်။

ကျိုးဟောင်လည်း မျက်စိ၊နား၊နှာခေါင်းနှင့်ပါးစပ်များမှာ သွေးများစီးကျနေပြီး မူးဝေလာလေသည်။ ထို့နောက်သူခဏသတိလစ်သွားလေသည်။ သူသတိမလစ်ခင်လှပသောအသွင်အပြင်လေးတခုကသူ့အနားရောက်လာသည်ကိုမြင်လိုက်ရလေသည်။

နောက်မိနစ်အနည်းငယ်အကြာတွင် သူသတိပြန်ရလာရလေသည်။ ကျိယောင်ယွဲ့ကသူအား အလွန်စိုးရိမ်နေသောအမူအရာဖြင့်ကြည့်ပြီးပြောလိုက်လေသည်။

"အရူးလေး ဘာလို့ဒီလောက်လောရတာလဲ"

ထိုသို့ပြောပြီးနောက် သူမကကျိုးဟောင်အား ပွေ့ဖက်ကာ ရလာသောအခွင့်အရေးကိုအသုံးချပြီးလေထုထဲပျံတက်လိုက်လေသည်။ ထို့နောက်အလင်းတန်းတခြအဖြစ်ပြောင်းလဲကာပျောက်ကွယ်သွားလေသည်။

ထိုအချိန်မှာပဲ အလွန်အားကောင်းသောစိတ်စွမ်းအားတခုကရောက်ရှိလာလေသည်။

All Chapters