← Chapters

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း (၆၁၉) : မီးနတ်ဘုရားအဖွဲ့

ထိုအရာမှာအရမ်းစွမ်းအားကြီးပြီး ကြောက်မက်ဖွယ်အရှိန်အဝါလည်းရှိပေသည်။ကင်းမွန်ဧကရာဇ်မှာထိုအရှိန်အဝါကိုခံစားမိပြီး ကြောက်လန့်သွားလေသည်။

"ဒါ....ဒါက...."

၎င်းမှာစကားပြန်ပြောချင်သော်လည်း ကြီးမားသောစွမ်းအင်တခု အာကာအက်ကွဲကြောင်းကိုဖြဲပြီးထွက်လာကာ ၎င်း၏ခန္ဓာကိုအား ဆွဲကိုင်မြှောက်လိုက်လေသည်။

"ကင်းမွန်ဧကရာဇ်"

ထိုစွမ်းအားကြီးလှသည့်လူ၏အသံမှာထွက်လာလေသည်။ ထိုအသံမှာအလွန်နက်ရှိုင်းလှသည့်စွမ်းအင်များဖြင့်ပြည့်နေလေသည်။

"ရှေးဟောင်းကျောက်စာအစွမ်းက အသုံးပြုခွင့်မပေးထားဘူး။ မင်းအခုလျှို့၀ှက်ထားတဲ့အဲ့အစွမ်းအ‌ ယကြောင်းကိုသိသွားပြီဆိုတော့ သေလိုက်တော့....."

ထိုသို့ပြောပြီးနောက် ကြီးမားသောလက်ဖဝါးကြီးက ကင်းမွန်ဧကရာဇ်၏ခန္ဓာကိုယ်အား ပြင်းထန်စွာညှစ်လိုက်လေသည်။

၎င်းမှာ ညှစ်အားဒဏ်ကြောင့်သေခါနီးအထိဖြစ်နေချိန်တွင် အက်ကွဲကြောင်းထဲမှနောက်ထပ်လက်သည်းကြီးတခုထွက်လာလေသည်။ထိုလက်သည်းကြီးတွင်နဂါးတကောင်၏အကြေးခွံများရှိလေသည်။ ထိုလက်သည်းကြီးက သေခါနီးဖြစ်နေသော ကင်းမွန်ဧကရာဇ်အားလုယူလိုက်ပြီးအသံနက်ကြီးတခုထွက်လာလေသည်။

"ဒီကိစ္စကိုငါတို့မျိုးနွယ်ခြားတွေအနေနဲ့ဘယ်သူ့ကိုမှပြန်မပြောပါဘူး။ မင်းအနေနဲ့ ကင်းမွန်ဧကရာဇ်ကိုသတ်ဖို့ငါခွင့်မပြုနိုင်ဘူး"

ထိုအသံမှာ အလွန်အေးစက်ပြီးလွှမ်းမိုးနိုင်စွမ်းရှိလေသည်။

အက်ကွဲကြောင်းထဲမှထွက်လာသောလက်ကြီးမှာခဏလောက်တုံ့ဆိုင်းသွားပြီးလေသည်။ ထို့နောက်သက်ပြင်းချကာပြန်ဆုတ်သွားလေသည်။

ကျိယောင်ယွဲ့ကတော့ ထိုအဖြစ်အပျက်များကိုသတိမထားမိလိုက်ပေ။ သူမသည်သူမ၏တိုက်လေယာဉ်ပေါ်သို့အလျင်အမြန်ပြန်လာခဲ့ပြီး ကျိုးဟောင်အားသူမ၏ကုတင်ပေါ်သို့တင်ထားလိုက်သည်။ ကျိုးဟောင်၏အရှိန်အဝါမှာ မတည်မငြိမ်ဖြစ်နေသောကြောင့် သူမအလွန်စိတ်ပူနေလေသည်။

"အရမ်းလောတဲ့ကောင်လေးပဲ ဒီကမ္ဘာမှာ ရှေးဟောင်းကျောက်စာအစွမ်းကိုအလောတကြီးသုံးလို့မရဘူးလေ။ ဒါကိုမင်းသိသင့်တယ်"

"မင်းသုံးနိုင်ရင်တောင်မှ ထုတ်မသုံးသင့်ဘူး။ ဘာလို့ဆို‌ မင်းနဲ့ကင်းမွန်‌ဧကရာဇ်ကြားကအင်အားကွာခြားချက်ကအလွန်ကြီးမားတယ်။ အလိုအလျောက်တုံ့ပြန်မှုက မင်းကသေသွားစေနိုင်တယ်။ ဘာလို့ မင်းဒီလိုတိုက်ခိုက်တာလဲငါနားမလည်နိုင်ဘူး"

ကျိယောင်ယွဲ့မှာတတွတ်တွတ်ပြောနေသော်လည်း ကျိုးဟောင်ပြန်လည်သက်သာစေရေးအတွက်လုပ်ဆောင်ပေးနေလေသည်။ကျိုးဟောင်အသက်ကိုကယ်နိုင်ရန် သူမတနေ့လုံးကြိုးစားလုပ်ကိုင်ပေးနေလေသည်။

ကျိုးဟောင်မျက်လုံးများဖြေးဖြေးချင်းပွင့်လာတော့မှ သူမသက်ပြင်းချကာ ကျိုးဟောင်ဘေးတွင်ထိုင်လိုက်လေသည်။ သူမရင်ထဲကပူပန်မှုများလည်းအခုမှလျော့ကျသွားလေသည်။

"ကောင်စုတ်လေး နောက်ဆုံးတော့မင်းနိုးလာပြီပေါ့"

ကျိယောင်ယွဲ့ကကျိုးဟောင်အား မျက်စောင်းလေးထိုးပြီးပြောလိုက်လေသည်။

ကျိုးဟောင်နိုးလာသောအခါ သူ၏ခေါင်းမှာတူနဲ့ထုခံထားရသလို အလွန်နာကျင်နေလေသည်။ သူ့ခေါင်းကိုကိုင်ထားရင်း သူ့ခန္ဓာကိုယ်အခြေအနေအားပြန်စစ်ဆေးကြည့်လေသည်။ သူ့ခန္ဓာကိုယ်မှာ အဆင်ပြေသော်လည်း သူ့ဦးနှောက်အခြေအနေကတော့ အရေး‌ကြီးသည့်အခြေအနေသို့ရောက်နေလေသည်။

"စစ်ဆေးနေဖို့မလိုပါဘူး။ ငါမင်းကိုသေချာစစ်ပေးထားပါတယ်။ မင်းခန္ဓာကိုယ်ကအဆင်ပြေပါတယ် ဒါပေမဲ့ မင်းဦးနှောက်ကတော့ ဒဏ်ရာအပြင်းအထန်ရသွားတယ်။ စိတ်ဝိညာဉ်ကျောက်တုံးကြောင့်သာမဟုတ်ရင် မင်းသေသွားတာကြာပြီ"

"ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ငါမင်းကိုဝိညာဉ်ခန္ဓာအရည်တွေထိုးပေးထားပါတယ်။ မင်းပြန်ကောင်းလာမှာပါ ဒါပေမဲ့ ရှေးဟောင်းကျောက်စာအစွမ်းကိုတော့အချိန်တခုအထိမသုံးနဲ့ဦး သဘောပေါက်လား"

ကျိယောင်ယွဲ့ကပြောလိုက်လေသည်။

"အို..ပြီးတော့ မင်းသူတော်စင်ဘုံအဆင့်ရောက်ရင်တောင်မှ ရှေးဟောင်းကျောက်စာအစွမ်းကိုမသုံးသင့်ဘူး။ ဘာလို့လဲဆိုတာကိုတော့ငါမပြောနိုင်ဘူး ဒါပေမဲ့ ရှေ့လျှောက်အဲ့တာကိုလုံး၀မသုံးပါနဲ့"

ကျိယောင်ယွဲ့မှာ သတိပေးနေသော်လည်း တကယ်လို့ ကျိုးဟောင်သာ ရှေးဟောင်းကျောက်စာအစွမ်းကိုထုတ်မသုံးပါက သူတို့နှစ်ယောက်လုံးသေသွားမည်ကို သူမသဘောပေါက်လေသည်။

"ငါဒီတခေါက်ပေါ့ဆပြီးသေချာမစုံစမ်းခဲ့မိဘူး။ ကင်းမွန်ဧကရာဇ်ကအသက်ရှင်နေပြီးဒီကျွန်းအောက်မှာ ပုန်းနေမယ်လို့ ငါမထင်ထားခဲ့မိဘူး"

ကျိယောင်ယွဲ့က စိတ်ပျက်လက်ပျက်ပြောနေလေသည်။ ကျိုးဟောင်လည်း ခေါင်းညိတ်ကာလှဲနေရာမှထထိုင်လိုက်လေသည်။ သူသည်ကျိယောင်ယွဲ့၏ အိပ်ယာပေါ်ရောက်နေသောကြောင့် အနည်းငယ်ရှက်နေလေသည်။

"ကဲ မင်းလည်း အနည်းငယ်ပြန်ကောင်းလာ‌ပြီပဲ။ သွားပြီးတော့ အနားယူတော့ ငါစွင်းရွှင်းကိုမင်းအတွက်လိုအပ်တာတွေစီစဉ်ခိုင်းလိုက်မယ်"

ကျိယောင်ယွဲ့ကပြုံးပြီးပြောလိုက်လေသည်။ ကျိုးဟောင်လည်း မတ်တပ်ထရပ်ကာ ကျိယောင်ယွဲ့အားသေချာနှုတ်ဆက်ပြီးထိုနေရာမှထွက်သွားလေသည်။

စွင်းရွှင်းမှာ အပြင်ကစောင့်နေပြီး ကျိုးဟောင်ထွက်လာသည်ကိုမြင်သောအခါမှ သက်ပြင်းချလိုက်မိလေသည်။

"မင်းတကယ်ကိုကံကောင်းတာပဲ စီနီယာကျိရဲ့ဝိညာဉ်ခန္ဓာအရည်ကယ်လို့ပေါ့။ အဲ့တာကသူမအတွက်အဆင့်ချိုးဖောက်တဲ့နေရာမှာသုံးတဲ့ပစ္စည်းပဲ။ အဲ့အရည်ကအရမ်းရှားပါးပြီး လူသားမျိုးနွယ်တခုလုံးမှာတောင်မှ အကန့်အသတ်ရှိတဲ့အထောက်အပံ့ပဲ"

စွင်းရွှင်းကသက်ပြင်းချရင်းပြောနေလေသည်။ ကျိုးဟောင်မှာ စီနီယာကျိ၏နေရာတွင်ရောက်နေခဲ့သောကြောင့်သာ အသက်ဘေးမှလွတ်ခဲ့ခြင်းဖြစ်လေသည်။

"ဒါဆိုကျွန်တော်တော်တော်ကံကောင်းလို့ပေါ့"

ကျိုးဟောင်မှာထိတ်လန့်တကြားပြန်ပြောလိုက်လေသည်။

"ဒါပေါ့.... ကဲမင်းအတွက်လိုအပ်တာတွေအကုန်စီစဉ်ပြီးသွားပြီ။ မင်းကအခုစီနီယာကျိရဲ့မီးနတ်ဘုရားအဖွဲ့ရဲ့ တရား၀င်အဖွဲ့၀င်တယောက်ဖြစ်သွားပြီ။ ငါမင်းကိုစခန်းဆီခေါ်သွားပေးမယ် အဲ့မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့ကြည့်ပေါ့"

စွင်းရွှင်းကပြောပြီးနောက် လေယာဉ်၏တံခါးကိုဖွင့်လိုက်လေသည်။ ထို့နောက်သူတို့နှစ်ယောက်လုံးဆင်းလိုက်ပြီး စစ်နတ်ဘုရားတပ်ရင်း၏အဓိကဌာနချုပ်ဆီသို့သွားလိုက်ကြလေသည်။ထိုနေရာမှာ စစ်နတ်ဘုရားတပ်ရင်းအကယ်ဒမီထက် အဆများစွာကြီးမားလေသည်။

" စစ်နတ်ဘုရားတပ်ရင်းကိုတရား၀င်၀င်ရောက်ခွင့်ရပြီဆိုတော့မင်းရဲ့တရား၀င်အထက်လူကြီးက စီနီယာကျိပဲ။ ပြီးတော့ ဘွဲ့ရရချင်းမီးနတ်ဘုရားအဖွဲ့ကို၀င်ရောက်နိုင်တာ မင်းကပထမဆုံးပဲ။ ပြောရရင် မီးနတ်ဘုရားအဖွဲ့ကလူတွေအကုန်လုံးကတိုက်ပွဲအတွေ့အကြုံများတဲ့လူတွေချည်းပဲ။ ပြီးတော့သူတို့ရဲ့အနိမ့်ဆုံးကျင့်ကြံဆင့်ကတောင် ၇ဆင့်မြောက် ကောင်းကင်ဘုံအဆင့်ပဲ။ ဒါပေမဲ့ မင်းကိစ္စမှာတော့ သူတို့က ခြွင်းချက်ထားပေးထားပါတယ်"

စွင်းရွှင်းကပြုံးပြီးရှင်းပြလေသည်။ ထို့နောက်သူသည်ကျိုးဟောင်အားခေါ်ဆောင်ကာ စစ်နတ်ဘုရားတပ်ရင်း၏အဓိကခန်းမကြီးမှတဆင့် တတိယအထပ်သို့တက်သွားကြလေသည်။

"ဒီတတိယအထပ်က မီးနတ်ဘုရားအဖွဲ့၀င်တွေအတွက်နေရာပဲ။ မီးနတ်ဘုရားအဖွဲ့မှာ အဖွဲ့၀င်အများကြီးတော့မရှိဘူး။ မင်းအပါအ၀င်မှ ၅ယောက်ပဲရှိတယ်။ လူအင်အားအများကြီးမရှိပေမဲ့ မီးနတ်ဘုရားအဖွဲ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က စစ်နတ်ဘုရားတပ်ရင်းမှာ နံပါတ်တစ်ပဲ"

"စစ်နတ်ဘုရားတပ်ရင်းမှာ ကောင်းကင်ဘုံအဆင့်ပညာရှင် အယောက်၅၀ရှိတယ်။ လက်ရှိတစ်ကမ္ဘာလုံးမှာ ကောင်းကင်ဘုံအဆင့်ပညာရှင် အယောက် ၃၀၀သာရှိပြီး စစ်နတ်ဘုရားတပ်ရင်းက ၆ပုံ၁ပုံပိုင်ဆိုင်ထားတယ်။ ဒါ့ကြောင့်ပဲ စစ်နတ်ဘုရားတပ်ရင်းကအရမ်း အင်အားကြီးနေရခြင်းပဲ"

"စစ်နတ်ဘုရားတပ်ရင်းမှာရှိတဲ့ ကောင်းကင်ဘုံအဆင့်ပညာရှင်တိုင်းမှာ ကိုယ်ပိုင်အဆင့်သတ်မှတ်ချက်တွေရှိတယ်။ လက်ရှိတော့ မင်းက အဆင့်၅၀မှာပဲ ပြောရရင်အောက်ဆုံးပေါ့။ မင်းရဲ့အဆင့်တဖြေးဖြေးမြင့်လာလေ‌ မင်းရရှိမယ့် ဆုလာဘ်တွေ အရင်းအမြစ်တွေပိုများလာလေပေါ့"

"မစ်ရှင်တွေအကုန်လုံးမှာ ဆုကြေးတွေရှိပြီးသား မဖြစ်မနေလုပ်ရမယ့် မစ်ရှင်တွေကလွဲရင်ပေါ့"

စွင်းရွှင်းကအကုန်လုံးကိုသေချာရှင်း‌ပြနေပြီး ကျိုးဟောင်လည်း အခြေခံလောက်တော့ နားလည်လာလေသည်။ စည်းမျဉ်းတွေနှင့် တာ၀န်ယူမှုတာ၀န်ခံတွေ‌ကတော့ စစ်နတ်ဘုရားကောလိပ်တုန်းကနှင့်အတူတူပင်ဖြစ်လေသည်။ကွာခြားချက်ကတော့ စဉ်ူမျဉ်းများကပိုမိုတင်းကျပ်ခြင်းဖြစ်လေသည်။

"ကောင်းပြီ ငါမင်းကိုအခန်းထဲ အရင်ခေါ်သွားပေးမယ်"

ပြောပြီးနောက်စွင်းရွှင်းကအခန်းတံခါးအားတွန်းဖွင့်လိုက်လေသည်။ အခန်းထဲကိုမြင်လိုက်ရသောအခါကျိုးဟောင်မှင်တက်သွားလေသည်။

ထိုအခန်းမှာ စတုရန်းမီတာ၁၀၀၀ကျော်ကျယ်၀န်းပြီး အခန်းထဲတွင်လည်း အဆင့်မြင့်နည်းပညာသုံးပစ္စည်းများဖြင့်ဆင်ယင်ထားပြီး အလွန်အထက်တန်းဆန်ပေသည်။

"ဒါက မီးနတ်ဘုရားအဖွဲ့ရဲ့အဆင့်အတန်းပဲ။ ဘယ်လိုလဲမဆိုးဘူးမှတ်လား"

စွင်းရွှင်းကပြုံးပြီးမေးလိုက်လေသည်။

"ဟဲဟဲတကယ်မဆိုးပဲ"

ကျိုးဟောင်မှာ ရယ်ပြီးပြောလိုက်လေသည်။

"စစ်နတ်ဘုရားတပ်ရင်းမှာရှိတဲ့ကောင်းကင်ဘုံအဆင့်ပညာရှင်တွေက ဒီကမ္ဘာကြီးရဲ့ကျောရိုးလို့တောင်သတ်မှတ်လို့ရတယ်။ ကမ္ဘာပေါ်မှာ ကောင်းကင်ဘုံအဆင့်ပညာရှင် အယောက်၃၀၀သာရှိတာမို့ ကျိုးဟောင် မင်းကလည်း လူသားမျိုးနွယ်အတွက်အထွတ်အထိပ်တိုက်ခိုက်ရေးစွမ်းရည်တခုပဲ"

"ကောင်းပြီ ကောင်းပြီ စကားတွေပြောနေတာအတော်များသွားပြီ လာ....မင်းရဲ့အဖွဲ့၀င်တွေနဲ့သွားတွေ့ရအောင်"

စွင်းရွှင်းကပြောပြီးနောက် ကျိုးဟောင်အား တတိယအထပ်၏အဓိက‌ခန်းမတခုထဲသို့ခေါ်သွားလေသည်။ထို့နောက်စွင်းရွှင်းကအကြောင်းကြားလိုက်လေသည်။

"အိုက်ရှား ၊ ထျဲ့ထာ ၊ လုံအန်း ၊ ပေချိုးယန် ခဏလောက်လာပါဦး"

သူ့စကားဆုံးသောအခါ လူ၄ယောက်အခန်းထဲသို့၀င်လာခဲ့လေသည်။

ထိုအမျိုးသား၃ယောက်နှင့် အမျိုးသမီး၁ယောက်မှာ အရှေ့တိုင်းလူမျိုးများဖြစ်ကြလေသည်။ ဒါ့အပြင်သူတို့အားလုံး၏အရှိန်အဝါမှာ အလွန်စွမ်းအားကြီးပြီး သူတို့အထဲမှ အားအနည်းဆုံး ပညာရှင်တောင်မှ ၇ဆင့်မြောက် ကောင်းကင်ဘုံအဆင့်ဖြစ်လေသည်။

စွင်းရွှင်းကပြုံးပြီး ပြောလိုက်လေသည်။

"ကဲငါမိတ်ဆက်ပေးဦးမယ်။ ဒါကတော့ ကျိုးဟောင်ပါ မီးနတ်ဘုရားအဖွဲ့ရဲ့ ၅ယောက်မြောက်အဖွဲ့၀င်ပေါ့"

....................................................................................

အခန်း(၆၁၉)ပြီးပါပြီ။

အခန်း (၆၂၀) : အရှင်သခင်ကိုယ်ခန္ဓာ

စွင်းရွှင်း၏စကားဆုံးသောအခါ သူတို့၄ယောက်လုံးက ကျိုးဟောင်ကိုတချက်ကြည့်လိုက်ပြီးနောက် မှင်တက်သွားလေသည်။ ကျိုးဟောင်မှာပထမမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်အဆင့်သာရှိသေးကြောင်းသိလိုက်ကြလေသည်။

ထိုကဲ့သို့အဆင့်လေးဖြင့် ဌာနကြီး၇ခုကိုအမိန့်ပေးနိုင်သောမီးနတ်ဘုရားအဖွဲ့၏အဖွဲ့၀င်တယောက်ဖြစ်လာစေခြင်းအတွေးတိမ်သောကိစ္စလို့သူတို့တွေးလိုက်‌ကြလေသည်။

"စစ်ဘုရင်စွင်း ကျုပ်နားကြားများမှားသွားတာလား သူကကျုပ်တို့မီးနတ်ဘုရားအဖွဲ့ရဲ့အဖွဲ့၀င်အသစ်ဟုတ်လား။ သူ့ရဲ့လက်ရှိကျင့်ကြံဆင့်နဲ့ဆို အရည်အချင်းမပြည့်မှီမှာ ကျုပ်စိုးရိမ်မိတယ်"

ပထမဆုံးစကားပြောလာသူမှာထျဲ့တာဖြစ်လေသည်။ သူသည်အရပ်ရှည်ရှည်ဖြင့်ကြွက်သားတောင့်တင်းသူဖြစ်လေသည်။ သူ့ခန္ဓာကိုယ်မှာ ပြီးပြည့်စုံပြီးကြံ့ခိုင်လှပေသည်။ အဝေးကကြည့်ရင်တောင်မှ သူ့ခန္ဓာကိုယ်မှာ အင်အားကြီးမားသန်မာသည့်ပုံကိုမြင်နိုင်ပေသည်။

"ဟားဟား စီနီယာကျိကသူ့ကိုရွေးချယ်ရတဲ့အကြောင်းအရင်းရှိတယ်။ ပြီးတော့ စီနီယာကျိကမှာလိုက်တယ် တကယ်လို့သူ့ကိုရွေးချယ်လိုက်တာကိုမကျေနပ်ဘူးဆိုရင် ကျိုးဟောင်နဲ့တယောက်ချင်းယှဉ်ပြိုင်တိုက်ခိုက်ကြည့်လို့ရတယ်တဲ့ တယောက်နဲ့တယောက်မသတ်မိသရွေ့အဆင်ပြေတယ်တဲ့"

စွင်းရွှင်းကလက်ပိုက်ပြီးပြောလိုက်လေသည်။

ဒီအဖွဲ့မှလူများမှာအရမ်းမာနကြီးသူများဖြစ်ကြလေသည်။ ကျိုးဟောင်သာ ၅ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်ဖြစ်နေပါက သူတို့ဘာမှပြောကြမည်မဟုတ်ပေ။

သို့သော်ယခုလိုပထမအဆင့်သာရှိသေးသည့်ပညာရှင်တယောက်ကို သူတို့နှင့် တန်းတူလာထားသောကြောင့် သူတို့မှာ မကျေမနပ်ဖြစ်နေကြခြင်းဖြစ်လေသည်။

ကောင်းကင်ဘုံအဆင့်ဆိုရင်တော့ အဆင့်ကွာခြားချက်ပေါ်လိုက်ပြီး မတူညီကြပေ။ တချို့လူများမှာ နောက်တဆင့်သို့တသက်လုံးမချိုးဖောက်နိုင်သည့်အခြေအနေများလည်းရှိပေသည်။

စွင်းရွှင်းကသူတို့အား ကျိုးဟောင်ကိုစိန်ခေါ်ခွင့်ပေးခဲ့ခြင်းမှာ ကျိုးဟောင်၏အင်အားကိုသိစေလို၍ဖြစ်လေသည်။

"ဟားဟားကောင်းပြီလေ ကောင်စုတ်လေး မင်းချပ်၀တ်ကို၀တ်ပြီး လေ့ကျင့်ရေးခန်းမကိုသွားကြတာပေါ့။ မင်းငါ့တိုက်ခိုက်ချက်တွေကို၁၀မိနစ်အထိတောင့်ခံနိုင်ရင် ငါမင်းကိုအသိအမှတ်ပြုပေးမယ်"

အခြား၃ယောက်ကတော့ ထျဲ့တာပြောသည်ကိုသာကြည့်နေကြလေသည်။ သူတို့မှာ ထျဲ့တာဘယ်လောက်သန်မာကြောင်းသိကြလေသည်။ ပထမမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်မဆိုထားနှင့် ၅ဆင့်မြောက် ကောင်းကင်ဘုံအဆင့်ပညာရှင်တောင်မှထျဲ့တာ၏တိုက်ခိုက်မှုကို ၁၀မိနစ်အထိတောင့်ခံထားဖို့မဖြစ်နိုင်ချေ။

ထျဲ့တာမှာ ၈ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်ဖြစ်သော်လည်း သူ့တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ထူးခြားပြီး တော်ရုံလူတောင့်ခံနိုင်ဖို့မဖြစ်နိုင်ပေ။

"ကောင်းပါပြီ"

ကျိုးဟောင်ကလည်းပြန်ဖြေလိုက်လေသည်။ သူ့အနေဖြင့် စွင်းရွှင်း၏သဘောကို နားလည်လေသည်။

"ဟားဟား ကောင်းပြီလေ အနည်းဆုံးတော့မင်းက သွေးကြောင်တတ်သူမဟုတ်ဘူးပဲ။ သွားကြတာပေါ့"

ထျဲ့တာကစကားဆုံးသောအခါ သူ၏အနက်ရောင်ချပ်၀တ်ကို၀တ်ဆင်လိုက်လေသည်။ ထို့နောက်သူသည်ခလုတ်တခုကိုနှိပ်လိုက်သောအခါ အ‌ပေါက်တခုသူ့ခြေဖဝါးအောက်တွင်ပေါ်လာလေသည်။ထိုမီတာရာကျော်နက်သည့်အပေါက်မှာမည်သည့်နေရာနှင့်ချိတ်ဆက်ထားမှန်းမသိနိုင်ပေ။

"ဒီမြေအောက်မီတာ၁၀၀အနက်မှာရှိတာက အထူးလေ့ကျင့်ရေးအခန်းပဲ။ အဲ့နေရာမှာ မင်းအင်အားအကုန်ထုတ်သုံးလို့ရတယ်။အဲ့နေရာပျက်စီးသွားမှာကိုစိုးရိမ်စရာမလိုဘူး။ အဲ့အခန်းက ရှေးဟောင်းအပျက်အစီးကလေ့ကျင့်ရေးစခန်းတခုကိုယူသုံးထားတာ။ သူတော်စင်ဘုံအဆင့်ပညာရှင်တောင်မှ လွယ်လွယ်နဲ့ပျက်စီးအောင်လုပ်ဖို့မလွယ်ဘူး"

စွင်းရွှင်းကပြုံးပြီးပြောလိုက်သည်။

ထို့နောက်ထျဲ့တာက ခုန်ဆင်းသွားလေသည်။ ကျိုးဟောင်လည်း ခေါင်းညိတ်ပြလိုက်ပြီး သူ၏ငှက်မွှေးတစ်ထောင်ချပ်၀တ်အား၀တ်ဆင်လိုက်လေသည်။

"ဝိုး.....သူ့ချပ်၀တ်ကလှလိုက်တာ"

အိုက်ရှားကပြောလာ‌လေသည်။ သူမသည်အဖွဲ့ထဲမှ တဦးတည်းသောမိန်းကလေးဖြစ်လေသည်။ သူမမှာအလွန်လှပပြီး စွမ်းအားကြီးပုံပေါက်လေသည်။ အရေးကြီးအချက်က သူမတွင်အလွန်စွမ်းအားကြီးသောစိတ်စွမ်းအားရှိလေသည်။ ကျိုးဟောင်လည်းထိုအမျိုးသမီးမှာစိတ်စွမ်းအားကိုအသုံးပြုပြီးတိုက်ခိုက်သူဖြစ်ကြောင်းခံစားမိလေသည်။

"ကြည့်ကောင်းယုံနဲ့တော့ အခြေအနေမှာအသုံးမ၀င်ဘူး"

လုံအန်းကလည်းပြောလာလေသည်။ သူသည်အားလုံးထဲတွင်အသက်အကြီးဆုံးဖြစ်ပြီး ကျင့်ကြံအားလည်းအကောင်းဆုံးဖြစ်လေသည်။ သူသည်၁၀ဆင့်မြောက် ကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်ဖြစ်လေသည်။

သူသည်ကျိုးဟောင်အားမထူးဆန်းသလိုကြည့်နေပြီး ဘယ်လောက်မှတောင့်ခံနိုင်မှာမဟုတ်ဘူးလို့တွေးနေလေသည်။

ပေချိုးယန်ကတော့ ကျိုးဟောင်အားသေချာကြည့်နေပြီးနောက် သူ၏ဖုန်းကိုထုတ်လိုက်လေသည်။ သူဟိုနှိပ်ဒီနှိပ်လုပ်လိုက်ပြီးနောက် သူ၏မျက်ခုံးများပင့်တက်သွားလေသည်။ထို့နောက်သူပြုံးပြီးပြောလိုက်လေသည်။

"ငါတော့ သူ၁၀မိနစ်တောင့်ခံနိုင်မယ်ထင်တယ်"

ပေချိုးယန်၏စကားကြောင့်ကျန်နှစ်ယောက်မှာအံ့ဩသွားလေသည်။

ကျိုးဟောင်လည်း ပေချိုးယန်ကိုတချက်ကြည့်လိုက်‌မိသည်။ဒီလူသည်မျက်လုံးအရောင်တောက်တောက်နှင့်ထက်မြက်မည့်ပုံပေါ်လေသည်။

ကျိုးဟောင်လည်း ထိုသုံးယောက်လုံးအားကြည့်ပြီးနောက်အောက်သို့ခုန်ဆင်းသွားလေသည်။ကျိုးဟောင်ခုန်ဆင်းသွားတော့မှ အိုက်ရှားကမေးလိုက်လေသည်။

"ပေချိုးယန် နင်ဘာလို့ဒီလောက်သေချာနေရတာလဲ။ သူက ပထမမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်သာရှိသေးတာ။ ထျဲ့တာတချက်ရိုက်ရုံနဲ့သေသွားနိုင်တယ်"

လုံအန်းကတော့ ဘာမှမပြောပေ။ သို့သော်အိုက်ရှားနှင့်အတွေးအတူတူပင်ဖြစ်လေသည်။

"မင်းတို့ကကျိုးဟောင်ကိုအရမ်းအထင်သေးလွန်းတာပဲ။ ဒီကောင်လေးက စစ်နတ်ဘုရားတပ်ရင်းရဲ့ပါရမီရှင်ကျောင်းသားပဲ။ သူကအကယ်ဒမီကိုရောက်တာတနှစ်ပဲရှိသေးပေမဲ့ မူလအဆင့်ပညာရှင်ကနေ ကောင်းကင်ဘုံအဆင့်ကိုတက်လှမ်းနိုင်ခဲ့တဲ့သူပဲ။သူက ပြီးတဲ့ရှေးဟောင်အပျက်အစီးခရီးစဉ်ထဲမှာပါ၀င်လေ့ကျင့်ခဲ့ပြီး အမွေအနှစ်အားလုံးကိုလည်းရယူနိုင်ခဲ့တယ်။ သူစကြာ၀ဠာအကောင်းဆုံးကိုယ်ခန္ဓာသိုင်းကိုတောင်ရခဲ့တယ်လို့ဆိုနိုင်တယ်။ အသေးစိတ်ပြောရရင် ရှေးဟောင်းကိုယ်ခန္ဓာသိုင်းပေါ့"

ထိုစကားများကိုကြားသောအခါ လုံအန်းနှင့်အိုက်ရှားတို့နှစ်ယောက်မှင်တက်သွားလေသည်။

"တကယ်လား ဒီကောင်လေးကအဲ့လောက်တောင်ကြောက်စရာကောင်းတာလား"

အိုက်ရှားမှာအနည်းငယ်တုန်လှုပ်သွားလေသည်။

"အဲ့တာတွေတင်မကပဲ သူက စိတ်ဝိညာဉ်ကျောက်တုံးကိုလည်းရခဲ့သေးတယ်။ အဲ့ကျောက်တုံးက စိတ်စွမ်းအားကိုအဆများစွာတိုးမြှင့်ပေးနိုင်တယ်။ အိုက်ရှားရေ မင်းတော့မကြာခင်ပြိုင်ဘက်တယောက်ရလာတော့မယ်ထင်တယ်"

ပေချိုးယန်ကပြုံးပြီးပြောလိုက်လေသည်။

"အရမ်းစွမ်းအားကြီးပုံပဲ။ ငါလည်းစမ်းကြည့်ရဖို့မစောင့်နိုင်တော့ဘူး"

အိုက်ရှားကလည်းပြောလာလေသည်။

"မင်းတို့ကလေ တကယ်မလွယ်ကြောပဲ။ ပေချိုးယန် ငါမင်းကို စီနီယာကျိရဲ့အချက်အလက်တွေကို သွားသွားခိုးမကြည့်ဖို့ဘယ်နှခါပြောရမလဲ။ တကယ်လို့သူမသာ သိသွားလို့ကတော့ မင်းကို လက်ဝှေ့ကျင့်ဖော်လုပ်လိုက်လိမ့်မယ်"

စွင်းရွှင်းကပြုံးလိုက်လေသည်။ပေချိုးယန်ကထိုစကားကိုကြားသောအခါ လန့်သွားပြီး သူ့ဖုန်းကိုသိမ်းလိုက်လေသည်။

"ဒါပေမဲ့ ပေချိုးယန်ပြောတာလည်းမမှားပါဘူး။ ကျိုးဟောင်ရဲ့အင်အားကမင်းတို့ထင်ထားတာထက်ပိုတယ်။ ဒါပေမဲ့အိုက်ရှား အခုတော့ မင်းသူ့ကိုစမ်းသပ်လို့မရသေးဘူး။ သူနဲ့စီနီယာကျိ က ကင်းမွန်ဧကရာဇ်လက်ကနေထွက်ပြေးလာခဲ့ရတာ။ စီနီယာကျိဆီကနေ ငါကြားတာကတော့ သူတို့လွတ်မြောက်နိုင်ဖို့အတွက်ကျိုးဟောင်က သူ့ရဲ့စိတ်စွမ်းအားကိုသုံးပြီးကင်းမွန်ဧကရာဇ်ကိုခဏလောက်ချုပ်ထားခဲ့ရတာတဲ့"

"ဒါပေမဲ့ အဲ့လိုလုပ်ခဲ့ရတာကြောင့် သူ့ဦးနှောက်က ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး အချိန်တခုတော့ ပြန်ကောင်းဖို့အနားယူရမယ်။ ဒါကြောင့်မို့မင်းအနေနဲ့စောင့်‌ဖို့လိုတယ်"

ထိုစကားများကိုကြားသောအခါ အိုက်ရှားနှင့်အခြားလူနှစ်ယောက်မှာမှင်တက်သွားရလေသည်။

"သူက သူတော်စင်ဘုံအဆင့်တ၀က်သားရဲဆီကနေ လွတ်မြောက်နိုင်ခဲ့တာလား"

ပေချိုးယန်မှာပါးစပ်အဟောင်းသားနှင့်မေးလိုက်လေသည်။

စွင်းရွှင်းကပြုံးသာပြုံးနေခဲ့ပြီး ဘာမှပြန်မပြောခဲ့ပေ။သူ့အနေဖြင့်ကျိုးဟောင်အပေါ်အကောင်းမြင်စေရန်ထိုစကားများကိုပြောခဲ့ခြင်းဖြစ်လေသည်။ဒါ့အပြင်ကျိုးဟောင်မှာလက်ရှိရာထူးနှင့်ထိုက်တန်ကြောင်းကိုလည်းသိစေချင်သောကြောင့်ဖြစ်လေသည်။

ဒါ့အပြင်သူတို့အနေဖြင့်ကျိုးဟောင်အားလေးစားစေချင်သောကြောင့်ဖြစ်ပြီး ဒါမှသာသူတို့အနေဖြင့်ရဲဘော်ရဲဘက်ကောင်းများဖြစ်လာကြမည်ဖြစ်လေသည်။

ကျိုးဟောင်ကတော့ အပေါ်တွင်ဘာတွေဖြစ်နေကြသလဲဆိုတာကိုမသိဘဲ တွင်းပေါက်ထဲသို့ခုန်ဆင်းပြီး လေ့ကျင့်ရေးအခန်းထဲသို့ရောက်သွားခဲ့လေပြီဖြစ်သည်။

"ကျိုးဟောင်ငါမင်းကိုအနိုင်မကျင့်ချင်ဘူး ဒါကြောင့်မို့ငါတိုက်ခိုက်ရေးစွမ်းအားရဲ့တ၀က်ကိုပဲသုံးမယ်။ တကယ်လို့မင်းတောင့်မခံနိုင်ရင်တော့ ငါ့ကိုအပြစ်မတင်နဲ့"

ထျဲ့တာကပြုံးပြီးပြောလိုက်လေသည်။ ထိုသို့ပြောပြီးနောက် သူ၏ကျင့်ကြံရေးစွမ်းအားများပေါက်ကွဲထွက်လာလေသည်။ ဒါ့အပြင်သူ၏ကိုယ်ခန္ဓာမှာလည်း ထူးခြားလွန်းလှပေသည်။

"ငါ့ခန္ဓာကိုယ်ကအရမ်းထူးခြားတယ်။ ဒါကအရှင်သခင်ခန္ဓာကိုယ်သိုင်းမို့လို့မင်းအနေနဲ့သတိထားဖို့လိုတယ်"

ထိုစကားကိုကြားသောအခါ ကျိုးဟောင်မှာအံ့ဩသွားလေသည်။ မနေ့တုန်းကစီနီယာကျိက ထိုခန္ဓာကိုယ်အကြောင်းပြောခဲ့သည်ကိုကြားဖူးပြီး ယနေ့တွင်ထိုခန္ဓာကိုယ်ရှိသူနှင့်ရင်ဆိုင်‌ရလေသည်။

"အကိုထျဲ့တာ ခင်‌ဗျားရဲ့အင်အားတွေကိုလျော့ချဖို့မလိုပါဘူး။ ဘာလို့ဆို ကျွန်တော်က ရှေးဟောင်းကိုယ်ခန္ဓာသိုင်းကိုကျင်ထားခဲ့လို့ပါ"

ကျိုးဟောင်က စိတ်အားထက်သန်စွာဖြင့်ပြောလိုက်လေသည်။

....................................................................................

အခန်း(၆၂၀)ပြီးပါပြီ။

အခန်း (၆၂၁) : တိုက်ပွဲဝါသနာအိုး

ကျိုးဟောင်စကားဆုံးသောအခါ ထျဲ့တာက မယုံကြည်နိုင်သောမျက်လုံးများဖြင့်ကျိုးဟောင်အားကြည့်လိုက်လေသည်။

"ရှေးဟောင်းကိုယ်ခန္ဓာသိုင်းဟုတ်လား ဟားဟား မင်းတကယ်ကြီးလေ့ကျင့်ခဲ့တာပေါ့ ကောင်းတယ်ကွာ"

ထျဲ့တာမှာတကယ့်တိုက်ပွဲရူးသွပ်သူဖြစ်လေသည်။

ကျိုးဟောင်၏စကားများကိုကြားသောအခါ သူအရမ်းစိတ်လှုပ်ရှားသွား‌ လေသည်။ရုတ်တရက်ထျဲ့တာမှာအော်ဟစ်လိုက်ပြီးသူ့ခန္ဓာကိုယ်မှာအမြှောက်ဆံတခုသဖွယ်ဖြစ်သွားပြီးကြယ်တာရာအငွေ့အသက်များထုတ်လွှတ်နေလေသည်။

" မင်းသတိထားဖို့တော့လိုမယ်။ ငါ့အရှင်သခင်ခန္ဓာကိုယ်သိုင်းကအရမ်းအစွမ်းထက်တယ်။ ငါ့ရဲ့စွမ်းအင်အနှစ်သာရတွေကတဆင့် ကြယ်တာရာအငွေ့အသက်တွေထုတ်လွှတ်လာတဲ့အချိန်မှာဆို အဲ့အရှိန်အဝါတွေက စတီးကိုတောင်ဖြတ်တောက်နိုင်တယ်"

သူ့စကားဆုံးသောအခါ အလွန်စွမ်းအားကြီးသော ဖိအားတခုပွင့်ထွက်လာလေသည်။

အဖျက်စွမ်းအားတွင် အရှင်သခင်ခန္ဓာသိုင်းမှာ ကိုယ်ခန္ဓာသိုင်းများထဲတွင်ထိပ်တန်းဖြစ်လေသည်။ ထိုကြယ်တာရာအငွေ့အသက်မှာ အလွန်လွှမ်းမိုးနိုင်ပြီး ပြင်းထန်လေသည်။ သာမန်စွမ်းအင်အနှစ်သာရမျိုးဖြင့်ခုခံဖို့မဖြစ်နိုင်ပေ။

သို့သော်သူ၏ပြိုင်ဘက်မှာ ရှေးဟောင်းကိုယ်ခန္ဓာသိုင်းကိုကျင့်ကြံထားသူဖြစ်လေသည်။ ရှေးဟောင်းကိုယ်ခန္ဓာသိုင်း၏အဆုံးမရှိသော တိုးတက်ပြောင်းလဲမှုကြောင့် ၎င်း၏ရှေ့တွင်အခြားကိုယ်ခန္ဓာသိုင်းများမှာတိုးမပေါက်တော့ပေ။ ကြယ်တာရအငွေ့အသက်တောင်မှ မလုံလောက်တော့ချေ။

ဒါပေမဲ့ ကျိုးဟောင်မှာ နောက်ဆုံးအဆင့်သို့ချိုးဖောက်နိုင်ခြင်းမရှိသေးသောကြောင့် သူ့အနေဖြင့် ရှေးဟောင်းကိုယ်ခန္ဓာသိုင်း၏အင်အားအစစ်အမှန်ကိုထုတ်လို့မရသေးပေ။

ထို့ကြောင့် ကျိုးဟောင်မှာ သတိလက်လွတ်မနေရဲပေ။ သူသည်ချက်ချင်းပင် နတ်ဘုရားသတ်သိုင်းနှင့် ပြောင်းလဲခြင်းကိုးသွယ်ကိုယ်ခန္ဓာသိုင်းကို အသက်သွင်းလိုက်ပြီး သူ့တိုက်ခိုက်ရေးစွမ်းရည်မှာ တဟုန်ထိုးမြင့်တက်လာလေသည်။

ထိုအခြင်းအရာက ထျဲ့တာအား အံ့အားသင့်သွားစေခဲ့သည်။

"လခွမ်း သူ့မှာ ဒီလောက်ကောင်းတဲ့ နည်းစနစ်တွေရှိမယ်မထင်ထားခဲ့ဘူး။ ချက်ချင်း သူ့ကျင့်ကြံဆင့်က ၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ကိုရောက်လာတာအထင်ကြီးစရာပဲ။ ဒါပေမဲ့ ၆ဆင့်မြောက် ကောင်းကင်ဘုံအဆင့်လောက်နဲ့တော့မလုံလောက်သေးဘူး"

ထျဲ့တာကတွေးနေလေသည်။

သူတို့နှစ်ယောက်ကြားတွင်အဆင့်၂ဆင့်လောက်ကွာဟနေသေးလေသည်။ ကောင်းကင်ဘုံအဆင့်ပညာရှင်အချင်းချင်းကြားတွင်အဆင့် ၁ဆင့်လောက်ကွာရင်တောင်မှ တိုက်ခိုက်ရာတွင်သက်ရောက်မှုကြီးမားလှပေသည်။

သို့သော်ထိုအချက်ကသာမန်ကောင်းကင်ဘုံအဆင့်ပညာရှင်အတွက်သာဖြစ်ပြီး ကျိုးဟောင်လိုပါရမီရှင်အတွက်တော့ မဟုတ်ပေ။

ကျိုးဟောင်ကပြုံးပြီး သူ၏ရှေးဟောင်းကိုယ်ခန္ဓာသိုင်းကိုထုတ်လွှတ်လိုက်လေသည်။ ထို့နောက်ကျိုးဟောင်မှာ အလွန်စွမ်းအားကြီးသောလက်သီးချက်တခုထိုးလွှတ်လိုက်လေသည်။

ထိုမြင်ကွင်းကြောင့် ထျဲ့တာမှာတုန်လှုပ်သွားရလေသည်။

"ဟားဟားး ကြည့်ရတာ ငါမင်းကိုအထင်သေးမိခဲ့တာပဲ။ ကောင်းပြီ ငါ့စွမ်းအားကို ၅၀%ကနေ ၈၀%အထိတိုးမြှင့်ပေးလိုက်မယ်"

ထိုသို့ပြောပြီးနောက် ထျဲ့တာမှာ စွမ်းအားကိုမြှင့်တင်လိုက်ပြီး လက်သီးချက်တခုပြန်ထိုးလွှတ်လိုက်လေသည်။

ဘုန်းးးးး

အလွန်ကြီးမားသောပေါက်ကွဲအားတခုထွက်ပေါ်လာခဲ့ပြီး ကျိုးဟောင်မှာနောက်သို့ဆုတ်သွားခဲ့ရလေသည်။ သို့သော် ငှက်မွှေးတထောင်ချပ်၀တ်က တိုက်ခိုက်ချက်များကို စုပ်ယူပြီးကာကွယ်ပေးခဲ့သောကြောင့် ကျိုးဟောင်အနေဖြင့်ဘာဒဏ်ရာမှမရခဲ့ပေ။

ထျဲ့တာကတော့နောက်သို့မရွေ့သွားဘဲနေရာတွင်ရပ်ကျန်နေခဲ့သော်လည်း ထိုးလိုက်သောသူ့လက်မှာ ထုံကျဉ်မှုကိုခံစားလိုက်ရလေသည်။

"ငါနဲ့လက်ချင်းယှဉ်ချနိုင်တဲ့ကောင်းကင်ဘုံအဆင့်ပညာရှင်များများစားစားမရှိဘူး ဒီကောင်လေးကျိုးဟောင်ကတော့အစွမ်းတချို့ရှိပုံပဲ"

ထျဲ့တာကတွေးပြီးပြုံးလိုက်လေသည်။ သူ့လက်သီးကို‌ပြန်လည်‌ဖြေလျော့လိုက်ပြီး ကျိုးဟောင်အားကြည့်နေလေသည်။

"ငါ့ရဲ့ကိုယ်ခန္ဓာသိုင်းကိုအားမကိုးရင်တောင်မှ ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကလျော့မကျသွားဘူး။ ငါ့မှာအစွမ်းထက်တဲ့ကျင့်စဉ်တွေရှိသေးတယ်။ ဒါလေးမြည်းကြည့်စမ်းပါဦး ကောင်းကင်မြင့်တက်လက်ဝါးသိုင်း"

ထျဲ့တာကပြောပြီးနောက် လေထဲတွင်အလွန်ကြီးမားသောလက်ဖဝါးကြီးတခုဖန်တီးလိုက်လေသည်။ထိုလက်ဝါးကြီး၏၈ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ကျင့်ကြံအားများပါ၀င်သောကြောင့် အရမ်းစွမ်းအားကြီးမားလှပေသည်။

ထိုကျင့်စဉ်ကကျိုးဟောင်အားမှင်တက်သွားစေလေသည်။ ဒီထျဲ့တာကတကယ့်ကိုစွမ်းအားကြီးမားလှပေသည်။ သူ့ကိုယ်ခန္ဓာသိုင်းမှာ အလွန်စွမ်းအားကြီးပြီး သူ့ကျင့်စဉ်များမှာလည်း သာမန်ထက်ထူးခြားဆန်းကြယ်လှပေသည်။

"ဟားဟား အကိုထျဲ့တာ ခင်ဗျားက ကျင့်စဉ်တွေက အရမ်းစွမ်းအားကြီးတယ်ဆိုတာကျုပ်မငြင်းလိုပါဘူး။ ကဲကျုပ်ရဲ့ကျင့်စဉ်လေးတွေကိုတချက်လောက်ကြည့်ကြည့်ပါဦး"

ကျိုးဟောင်ကပြောပြီးနောက်ချက်ချင်းပင် အစိမ်းရောင်သစ်သားသိုင်းကိုသုံးလိုက်လေသည်။

သူသည်လက်ရှိတွင်ကောင်းကင်ဘုံအဆင့်ပညာရှင်ဖြစ်နေသောကြောင့် အစိမ်းရောင်သစ်သားသိုင်းအားအလွယ်တကူထုတ်သုံးလို့ရလေသည်။ ချက်ချင်းနွယ်ပင်များစွာထွက်ပေါ်လာပြီး ကောင်းကင်ကိုဖုံးလွှမ်းမတက်မြင့်တက်လာကာ ကြီးမားသောလက်ဖဝါးကြီးအား ချုပ်ကိုင်ထားလိုက်လေသည်။

ထိုအရာကိုမြင်လိုက်သောအခါ ထျဲ့တာကပြုံးလိုက်လေသည်။

"ကဲဒါဆိုလည်း ပြိုင်ဘက်ကင်းတိုက်ပွဲလက်သီးဆိုရင်ကော ဘယ်လိုလဲ"

ထျဲ့တာကပြောပြီးနောက် လက်သီးတချက်ထိုးလွှတ်လိုက်လေသည်။ အလွန်အဖျက်စွမ်းအားကြီးပြီးပြင်းထန်သောလက်သီးကြီးတခုက လေထဲကိုဖြိုခွင်းပြီး လေဟာကိုတောင်တုန်ခါစေသောအဟုန်ဖြင့်ရောက်လာလေသည်။

ကျိုးဟောင်ကအော်ဟစ်လိုက်လေသည်။

"အရိပ်ဓား၇ချောင်း......"

ကျိုးဟောင်၏လက်ထဲတွင်ဓားမရှိသော်လည်း သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ ကြီးမားထက်ရှလှသည့်ဓားကြီးတချောင်းကလေထုကိုထိုးဖောက်ထွက်လာလေသည်။

ထိုဓားကြီးမှာ အလွန်ကြီးမားကြီး စွမ်းအားပြင်းထန်လှပေသည်။ ထိုဓားကြီးနဲ့လက်သီးချက်တို့ရင်ဆိုင်တွေ့သောအခါ ပေါက်ကွဲသံကြီးတခုထွက်ပေါ်လာပြီးပတ်၀န်းကျင်တခုလုံးတုန်ခါသွားရလေသည်။

ထျဲ့တာကထိုမြင်ကွင်းကိုကြည့်ပြီးတုန်လှုပ်သွားရလေသည်။

"တကယ့်ကိုအထင်ကြီးစရာပဲ။ စီနီယာကျိရွေးလိုက်တဲ့ဒီကောင်လေးက တကယ့်ကိုအံ့ဖွယ်ပဲ။ သူက ပထမမြောက်ကောင်းကင်ဘုံအဆင့်သာရှိသေးပေမဲ့၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ထိရောက်အောင်တိုးမြှင့်ပေးနိုင်တဲ့နည်းစနစ်ရှိတယ်။ ပြီးတော့ သူ့ရဲ့ကျင့်စဉ်တွေအားလုံးကလိုက်ဖက်ညီမှု ၉၀% ကျော်ပုံရတယ်။ မဟုတ်ရင် သူငါ့တိုက်ခိုက်မှုတွေကိုခုခံနိုင်မှာမဟုတ်ဘူး"

"အထူးသဖြင့်သူ့ခန္ဓာကိုယ်ကအရမ်းထူးခြားတယ်။ ရှေးဟောင်းကိုယ်ခန္ဓာသိုင်းကိုကျင့်ကြံထားတာကြောင့် သူ့တိုးတက်နိုင်စွမ်းကအဆုံးမဲ့ပဲ"

ထိုသို့တွေးပြီးနောက်ထျဲ့တာက ကျိုးဟောင်အားကြည့်လိုက်လေသည်။ သူသည်ကျိုးဟောင်အားနောက်ထပ်အထင်မသေးတာမျိုးမရှိတော့ပေ။

"ကျိုးဟောင် မင်းကအထင်ကြီးအောင်တကယ်လုပ်နိုင်တာပဲ။ ကဲ ငါ့စွမ်းအားတွေကိုထိန်းချုပ်ထားမနေတော့ဘူး"

ထျဲ့တာမှာ တိုက်ခိုက်လိုစိတ်များမြင့်တက်လာလေသည်။ သူသည်တိုက်ခိုက်နေရသည်ကိုခုံမင်သူဖြစ်ပြီး သူ့အား ကျိုးဟောင်ကဲ့သို့တိုက်ခိုက်နိုင်သူမျိုးမကြုံခဲ့ဖူးပေ။ ဒါ့ကြောင့် သူ့စိတ်ဆန္ဒအလိုအရ အဆုံးအထိတိုက်ခိုက်ကြည့်ချင်နေလေသည်။

ကျိုးဟောင်လည်း ပြုံးပြီးပြန်ပြောလိုက်လေသည်။

"အကိုထျဲ့တာ ဒါဆိုကျုပ်လည်းတွန့်ဆုတ်မနေတော့ဘူး သတိထားတော့။ မြေဆွဲအားပိုင်နက်..."

ကျိုးဟောင်စကားဆုံးသောအခါ ငှက်မွှေးတထောင်ချပ်၀တ်ဆီမှ အတောင်များထွက်ပေါ်လာခဲ့ပြီး အလွန်ပြင်းထန်သောစွမ်းအင်အတက်အကျလှိုင်းများမှာချပ်၀တ်ဆီမှပျံ့နှံ့လာလေသည်။

ထို့နောက်ချက်ချင်းပင် ထိုစွမ်းအင်လှိုင်းများမှာ မီတာ၁၀၀အထိဖုံးလွှမ်းသွားပြီး မြေဆွဲအားကို ၃ဆအထိတိုးမြှင့်လိုက်လေသည်။ဒါသည် ငှက်မွှေးတထောင်ချပ်၀တ်၏အထူးစွမ်းရည်ဖြစ်ပေသည်။

ထိုမြေဆွဲအားပိုင်နက်ထဲတွင်ရှိသောမည်သူမဆို လျင်မြန်နှုန်းမှာဖိနှိပ်ခံထားရမည်ဖြစ်လေသည်။ လျင်မြန်မှုမရှိပါက တိုက်ခိုက်ရေးစွမ်းရည်မှာလည်းကျဆင်းလာမည်ဖြစ်လေသည်။ ထိုအချက်က ထျဲ့တာအား မှင်တက်သွားစေလေသည်။

"ပိုင်နက်....တကယ်ကိုစွမ်းအားကြီးတဲ့ချပ်၀တ်ပဲ။ဒီလိုအစွမ်းမျိုးရှိလိမ့်မယ်လို့မထင်ထားမိဘူး။ ဒါကရှေးဟောင်းအပျက်အစီးထဲကရတနာပဲဖြစ်ရမယ်"

ထျဲ့တာကတွေးနေစဉ်မှာပင် ကျိုးဟောင်ကသူ၏ ချပ်၀တ်မှအတောင်ပံများကိုဖြန့်ထုတ်လိုက်သောကြောင့် ထျဲ့တာတုန်လှုပ်သွားလေသည်။

"အကိုထျဲ့တာ ခင်ဗျားရဲ့အကောင်းဆုံးအကာအကွယ်ကိုပြင်ဆင်ထားတော့ မဟုတ်ရင်ခင်ဗျားကျုပ်ရဲ့တိုက်ခိုက်ချက်ကိုခုခံနိုင်မှာမဟုတ်ဘူး"

ထျဲ့တာမှာ ကျိုးဟောင်၏စကားကိုကြားရသောအခါစိတ်လှုပ်ရှား‌သွားလေသည်။ သူဘာတခွန်းမှမပြောဘဲ သူ့အရှင်သခင်ခန္ဓာကိုယ်အား အကန့်အသတ်ထိရောက်အောင်မြှင့်တင်လိုက်လေသည်။ ဒါ့အပြင်သူ၏အနက်ရောင်ချပ်၀တ်မှလည်းအလင်းတန်းများကလည်း သူ့တကိုယ်လုံးအား ဖုံးအုပ်ပြီးကာကွယ်ထားလေသည်။

မြေဆွဲအား ၃ဆလောက်မြှင့်တင်ထားသောနေရာတွင်သူ့အနေဖြင့်ကျိုးဟောင်၏တိုက်ခိုက်ချက်များကိုရှောင်တိမ်းဖို့မဖြစ်နိုင်ပေ။ ဒါကြောင့် သူ့အနေဖြင့်ရှောင်တိမ်းလို့မရပါက ထိပ်တိုက်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်လေသည်။

"လာစမ်းပါကျိုးဟောင် မင်းရဲ့တိုက်ခိုက်ချက်တွေက ငါ့အရှင်သခင်ခန္ဓာကိုယ်ကိုထိုးဖောက်နိုင်မလားကြည့်ရသေးတာပေါ့"

ထျဲ့တာကအော်ဟစ်ကြုံးဝါးလိုက်လေသည်။

ကျိုးဟောင်ကျောရှိအတောင်ပံမှာလည်း ငှက်မွှေးလေးများအဖြစ်ပြောင်းလဲသွားလေသည်။ ထိုအတောင်ပံမှအလွန်စွမ်းအားကြီးသောအင်အားတခုကိုလည်း ကျိုးဟောင်ခံစားလိုက်မိလေသည်။

"ဒါက ငှက်မွှေးတစ်ထောင်ချပ်၀တ်၏အင်အားပေလား။ ဒါတောင်ချပ်၀တ်က ၃၀%ပဲပြန်လည်ကောင်းမွန်သေးတာ။ ၁၀၀%သာပြန်ကောင်းသွားရင်တော့ဘယ်လောက်စွမ်းအားကြီးလိုက်မလဲ"

ကျိုးဟောင်လည်းတုန်လှုပ်သွားလေသည်။ ကျိုးဟောင်ကသူ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ ထျဲ့တာဆီသို့ ဥက္ကာခဲသဖွယ်ပြေး၀င်သွားလေသည်။

မြန်ဆန်သွားသောကြောင့်ထျဲ့တာမှာအလင်းတန်းတခု အားအပြည့်နှင့်၀င်ရောက်လာသည်ကိုသာခံစားလိုက်ရလေသည်။ ပေါက်ကွဲသံအကြီးကြီးတခုပေါ်ထွက်လာလေသည်။

....................................................................................

All Chapters