← Chapters

အခန်း (၆၂၂-၆၂၄)

Vol. 42 Ch. 622-624

အခန်း (၆၂၂-၆၂၄)

Vol. 42 Ch. 622-624

အခန်း (၆၂၂) : ဒုတိယကောင်စီအဖွဲ့၀င်

အပြင်ဘက်တွင်စောင့်နေ‌သူများကလည်း အချိန်ကိုသာကြည့်‌နေမိကြလေသည်။ သူတို့အားလုံးကျိုးဟောင်ကျော်ဖြတ်နိုင်လောက်ပြီလို့တွေးထားကြလေသည်။ စီနီယာကျိက ကိုယ်တိုင်ရွေးချယ်ထားသည့်ပါရမီရှင်ဖြစ်ပြီး လက်ရှိ သူ့ကျင့်ကြံအဆင့်အရ၁၀မိနစ်တော့တောင့်ခံနိုင်စွမ်းရှိလေသည်။

သို့သော်လည်း ၆မိနစ်ခွဲလောက်နှင့် ကျိုးဟောင်တို့နှစ်ယောက်လုံး ပြန်ထွက်လာကြသောကြောင့် သူတို့အားလုံးအံ့အားသင့်သွားကြလေသည်။

ကျိုးဟောင်၏အမူအရာမှာတည်ငြိမ်နေပေမဲ့ ထျဲ့တာက သဘောကျစွာရယ်မောနေလေသည်။ ထိုမြင်ကွင်းကြောင့်အိုက်ရှား ၊လုံအန်း နှင့် ပေချိုးယန်တို့ မှင်တက်သွားကြလေသည်။

"သူတကယ်ပဲ ၁၀မိနစ်အထိတောင့်မခံနိုင်ခဲ့တာလား မဖြစ်နိုင်တာ"

ပထမဆုံးပြောလာသူမှာပေချိုးယန်ဖြစ်လေသည်။သူသည် ကျိုးဟောင်အကြောင်းကိုအကုန်ဖတ်ထားခဲ့ပြီးဖြစ်လေသည်။

"သူက ၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့်တိုက်ခိုက်ရေးစွမ်းရည်ကိုထုတ်သုံးနိုင်သည့်အပြင် ရှေးဟောင်းခန္ဓာကိုယ်သိုင်း၊ စိတ်ဝိညာဉ်ကျောက်တုံးနဲ့ စွမ်းအားကြီး ချပ်၀တ်ရှိနေတာတောင်မှ ၁၀မိနစ်အထိတောင့်ခံဖို့မဖြစ်နိုင်ခဲ့တာလား"

ပေချိုးယန်မှာ‌ရေရွတ်နေခဲ့လေသည်။ အိုက်ရှားနှင့်လုံအန်းသည်လည်း ပဟေဠိဖြစ်နေခဲ့လေသည်။

"ထျဲ့တာ မင်းအားအကုန်သုံးခဲ့တာလား"

လုံအန်းကမရေမရာသောအမူအရာဖြင့်မေးလိုက်လေသည်။

သူတို့တင်မက စွင်းရွှင်းကပါမျက်မှောင်ကြုတ်နေလေသည်။ ကျိုးဟောင်အနေဖြင့်၁၀မိနစ်တော့တောင့်ခံနိုင်လိမ့်မည်လို့ သူတွေးခဲ့လေသည်။

လုံအန်းကစိတ်၀င်တစားနှင့် ထျဲ့တာဘာပြောမလဲဆိုသည်ကို‌ကြည့်နေလေသည်။

"ဟုတ်တယ် ငါအင်အားအကုန်သုံးခဲ့တယ် ပြီးတော့ငါ့ရဲ့ အရှင်သခင်ကိုယ်ခန္ဓာကိုလည်း ၁၀၀%အထိသုံးခဲ့တယ်"

ထျဲ့ထာက ချက်ချင်းပြန်ပြောလာလေသည်။

" ကျိုးဟောင်ကိုစမ်းပဲစမ်းသပ်ခိုင်းတာ သူ့ကိုအသေသတ်ခိုင်းနေတာမဟုတ်ဘူး။ နင်ဘာလို့ဒီလောက်ပြင်းပြင်းထန်ထန်‌လုပ်ရတာလဲ"

အိုက်ရှားက စိတ်ပျက်စွာပြောလာလေသည်။

ကျိုးဟောင်မှာ ပထမမြောက်ကောင်းကင်ဘုံအဆင့်သာရှိသေးသည့်လူသစ်လေးဖြစ်လေသည်။ ဘယ်လိုပင်ပါရမီရှင်ဖြစ်သော်ငြားယခုလိုတော့မလုပ်သင့်ပေ။ ထျဲ့တာကတကယ့်ကိုလေးစားမှုမရှိသလိုပြုမူခဲ့ခြင်းလို့သူမတွေးလိုက်လေသည်။

"တကယ်လို့ထျဲ့တာသာအင်အားအကုန်သုံးပြီးတိုက်ခိုက်ရင် ၉ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်ကိုတောင်အနိုင်ယူနိုင်တယ်။ ဒါကြောင့်မို့ ၆မိနစ်ခွဲကြာတောင့်ခံခဲ့တယ်ဆိုတော့ အဆင့်မှီတယ်လို့သတ်မှတ်နိုင်တယ်"

ပေချိုးယန်ကပြောလာခဲ့သည်။ သူ့တွက်ချက်မှုကတကယ့်ကိုမျှ‌တပေသည်။

"ဟားဟား မင်းတို့အားလုံးမှားနေကြပြီ"

ထိုစကားများကိုကြားသောအခါ ထျဲ့တာက ပိုမိုပြုံးလိုက်ပြီးပြောလာလေသည်။

"ကျိုးဟောင်တောင့်မခံနိုင်တော့လို့စောစောပြီးသွားတာမဟုတ်ဘဲ ငါတောင့်မခံနိုင်တော့လို့ပါ"

ထျဲ့တာက ပွင့်ပွင့်လင်းလင်းပြောလိုက်လေသည်။သူ့စကားကြောင့် အားလုံးမှင်တက်သွားရလေသည်။

"ဘာ.... နင်ဆက်တောင့်မခံနိုင်လို့ဟုတ်လား။ နင်ရှုံးသွားတာလား"

အိုက်ရှားက မျက်လုံးလေးပြူးပြီးမေးလာလေသည်။

လုံအန်းနှင့်ပေချိုးယန်တို့မှာလည်းတုန်လှုပ်သွားလေသည်။ ဒီအတိုင်းဆို သူတို့လည်း ကျိုးဟောင်အားစမ်းသပ်ကြည့်ချင်လေသည်။

"ရှုံးတဲ့အထိတော့မဟုတ်ပါဘူး။ တကယ်က အဲ့ကောင်စုတ်လေးကျိုးဟောင်ကို ငါဘာမှလုပ်လို့မရလို့ပဲ။ သူကငါ့ရဲ့အရှင်သခင်ခန္ဓာကိုယ်ကိုရော ငါ့ရဲ့ကျင့်စဉ်တွေကိုရောခုခံနိုင်ခဲ့တယ်။ အဲ့တော့ အထဲမှာဆက်နေလို့ဘာမှမထူးဘူးလေ"

"ပြီးတော့ အဲ့ကောင်လေးရဲ့ချပ်၀တ်ကအရမ်းအစွမ်းထက်ပြီး ကိုယ်ပိုင်မြေဆွဲအားပိုင်နက်တခုဖန်တီးနိုင်တယ်။အဲ့ပိုင်နက်ထဲမှာဆို ငါအရိုက်ခံဖို့ပဲတတ်နိုင်တယ်။ သူငါ့ကိုမသတ်နိုင်ပေမဲ့ ငါလည်းသူ့တိုက်ခိုက်ချက်တွေကိုမရှောင်ရှားနိုင်ဘူး။ ငါက‌လက်ဝှေ့ကျင့်တဲ့သဲအိတ်လိုဖြစ်နေပြီး သူထိုးတာပဲခံနေရတယ်။ ဒါ့ကြောင့် ငါတိုက်ပွဲကိုအဆုံးသတ်လိုက်တာပဲ"

ထျဲ့တာကတုံ့ဆိုင်းမနေဘဲ အားလုံးကိုပြောပြလိုက်လေသည်။ သူ့စကားကအားလုံးကိုတုန်လှုပ်သွားစေလေသည်။

"နင်...နင်က သူတိုက်ခိုက်တာပဲခံနေရပြီးပြန်မတိုက်နိုင်ဘူးဟုတ်လား"

အိုက်ရှားကအလွန်အံ့ဩနေသောအမူအရာဖြင့်မေးလာလေသည်။

"ဟုတ်တယ် ဒီကောင်‌စုတ်လေးက အရမ်းမြန်ပြီး သူ့ကျင့်စဉ်တွေကလည်းသူနဲ့လိုက်ဖက်ညီမှုအလွန်မြင့်တယ်။ အဲ့တော့ မြေဆွဲအားပိုင်နက်ထဲမှာ ငါသူ့ကိုထိဖို့ဆိုတာမဖြစ်နိုင်ဘူး။လက်ဝှေ့ကျင့်တဲ့သဲအိတ်လိုအထိုးခံရဖို့ပဲရှိတယ်"

ထျဲ့တာကပြုံးပြီးပြန်ပြောလေသည်။

"အရမ်းစွမ်းအားကြီးတာပဲ"

အိုက်ရှားမှာ မယုံကြည်နိုင်ဖြစ်နေသော်လည်း ထျဲ့တာလိမ်နေမှန်ူမဟုတ်သည်ကိုတော့သူမ သိလေသည်။

လုံအန်းနှင့်ပေချိုးယန်မှာတုန်လှုပ်နေသော်လည်း ပျော်နေပုံတော့ပေါက်လေသည်။

"ညီလေးကျိုး မင်းကတကယ့်ကိုပါရမီရှင်ပဲ။ ခုနကကငါတို့ရဲ့အပြုအမူတွေအတွက်တောင်းပန်ပါတယ်။ မင်းကငါတို့ရဲ့အရေးကြီးတဲ့ရဲဘော်ရဲဘက်ပါ။ မီးနတ်ဘုရားအဖွဲ့ကနေကြိုဆိုပါတယ်။ ငါကလက်ထောက်ကပ္ပတိန်ပါ။ နာမည်ကလုံအန်းပါ ငါကအားလုံးထက်အသက်ကြီးတာမို့ အစ်ကိုကြီးလုံလို့ခေါ်ကြတယ်။ မင်းလည်းအဲ့လိုခေါ်လို့ရပါတယ်"

လုံအန်းက ကျိုးဟောင်နားရောက်လာပြီး ကျိုးဟောင်၏ ပခုံးလေးကိုပုတ်ကာပြုံးပြီးမိတ်ဆက်လေသည်။

"ရပါတယ် အစ်ကိုကြီးလုံ"

ကျိုးဟောင်ကသူတို့ပြောခဲ့သည်များကိုစိတ်ထဲမထားခဲ့ပေ။အလေးစားခံလိုပါကသန်မာသည့်စွမ်းအားမျိုးရှိရန်လိုကြောင်းကျိုးဟောင်သဘောပေါက်လေသည်။

" ရှေ့လျှောက်မင်းက ငါတို့အဖွဲ့ရဲ့ အငယ်လေး၅ ဖြစ်တော့မှာပါ"

အိုက်ရှားကလည်း အနားကပ်လာပြီးပြောလေသည်။

"မဆိုးဘူး ၅လေး မင်းကတကယ့်ကိုအထင်ကြီးစရာပဲ။ အခုမီးနတ်ဘုရားအဖွဲ့ကို အဖွဲ့၀င်အသစ်တယောက်ရောက်လာပြီဆိုတော့ ရှေ့လျှောက်မစ်ရှင်တွေလုပ်ရပိုအဆင်ပြေသွားတာပေါ့"

ပေချိုးယန်ကလည်းပြုံးပြီးပြောလာလေသည်။

ကျိုးဟောင်လည်းပြုံးကာ အဖွဲ့၀င်၄ယောက်အားစိတ်လှုပ်ရှားစွာကြည့်နေလေသည်။

"ကောင်းပြီနောက်မှဆက်ပြောကြတာပေါ့။ ငါကျိုးဟောင်ကိုခေါ်ပြီး သူ့ရာထူးသစ်အတွက်ဘွဲ့နာမည်အသစ်သွားယူရဦးမယ်။ နောက်မှ မင်းတို့အတူပြန်ဆုံကြပေါ့"

စွင်းရွှင်းကကျေနပ်နေသောအပြုံးဖြင့်ပြောလိုက်ပြီး ကျိုးဟောင်အားခေါ်ကာ အပေါ်ထပ်သို့တက်သွားလေသည်။

"ကောင်စုတ်လေး မင်းကတိုက်ပွဲလေးတခုထဲနဲ့သူတို့ကိုတုန်လှုပ်အောင်လုပ်နိုင်ခဲ့တာပဲ။ သူတို့တွေအကုန်လုံးကပါရမီရှင်တွေဖြစ်ပြီး မင်းလိုအထူးပါရမီရှင်ရောက်လာတော့ သူတို့လည်း ပိုကြိုးစားဖို့လိုမှန်းသိသွားကြ‌မှာပါ"

"မင်းစိတ်ထဲလိပ်ပြာမသန့်သလိုဖြစ်နေစရာမလိုဘူး။ မင်းရဲ့ကျင့်ကြံဆင့်ကသူတို့နဲ့အရမ်းကွာတာမို့ မင်းကိုသူတို့နဲ့တန်းတူးထားတဲ့အပေါ်ဒီလိုတုံ့ပြန်ကြမှာဖြစ်သင့်တဲ့အရာပဲ။ အခုမင်းကသူတို့ရဲ့အသိအမှတ်ပြုမှုကိုရသွားပြီတော့ ရှေ့လျှောက်အတူတွဲလုပ်တဲ့အခါပိုမိုအဆင်ပြေသွားလွယ်ကူလာမှာပါ"

စွင်းရွှင်းကပြုံးပြီးပြောလိုက်သည်။

"ကျွန်တော်နားလည်ပါတယ်"

ကျိုးဟောင်ကလည်းခေါင်းညိတ်ပြီးပြန်ဖြေလိုက်လေသည်။

"ကောင်းပြီ အခုမင်းကမီးနတ်ဘုရားအဖွဲ့၀င်ဖြစ်သွားပြီဆိုတော့ မင်းမှာအထူးအခွင့်အရေးတွေရှိလာပြီ။ မင်းက မီးနတ်ဘုရားအဖွဲ့ဝင်တယောက်သာမက မင်းရဲ့ရာထူးက မဟာမိတ်နိုင်ငံကြီး၇နိုင်ငံလုံးမှာ သာမန်ထက်ထူးကဲတဲ့အဆင့်အတန်းပဲ။ မင်းရာထူးကသာမန်သံတမန်တယောက်ထက်အများကြီးပိုတဲ့ လက်ထောက်ကောင်စီအဖွဲ့၀င်ဆိုတဲ့ရာထူးပဲ"

စွင်းရွှင်း၏စကားကြောင့် ကျိုးဟောင်မှာတုန်လှုပ်သွားလေသည်။ လက်ထောက်ကောင်စီအဖွဲ့၀င်ဆိုသောဂုဏ်ပုဒ်မှာသာမန်မဟုတ်ပေ။ သူ့အဆင့်အတန်းက ဌာနကြီး၇ခု၏အကြီးပိုင်းပုဂ္ဂိုလ်များထက်မြင့်ပြီး ထိုဌာနကြီး၇ခု၏ခေါင်းဆောင်များနှင့်ယှဉ်နိုင်လေသည်။

"မင်းလန့်သွားတာလား။ ပုံမှန်ဆိုရင်ဒါက ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တွေသာရနိုင်တဲ့ဂုဏ်ပုဒ်ပဲ။ ဒါပေမဲ့ မင်းကစီနီယာကျိရဲ့အဖွဲ့ကဖြစ်တာကြောင့် မင်းရဲ့ရာထူးကမြင့်ပြီးသားပါ။ မကြာမီမင်းကတရား၀င်ကောင်စီအဖွဲ့၀င်ဖြစ်လာတော့မှာဖြစ်ပြီး ဌာနကြီး၇ခုကအုပ်ချုပ်သူအရာရှိတွေနဲ့အဆင့်တူဖြစ်လာတော့မှာ။ ပြီးတော့မင်းသိထားရမှာက အဲ့အုပ်ချုပ်သူအရာရှိတွေက သူတော်စင်ဘုံအဆင့်တ၀က်ရောက်နေတဲ့သူတွေချည်းပဲ"

စွင်းရွှင်း၏စကားများကကျိုးဟောင်အားပိုမိုစိတ်လှုပ်ရှားတုန်လှုပ်စေလေသည်။

မကြာမီအပေါ်ထပ်သို့ရောက်ရှိလာပြီး လိုအပ်သည်များလုပ်ဆောင်ပြီးသောအခါ ကျိုးဟောင်မှာသူ၏သက်သေခံကတ်ပြားကိုရခဲ့လေသည်။

"လက်ထောက်ကောင်စီအဖွဲ့၀င်မှာ လုပ်ပိုင်ခွင့်အပြည့်အ၀ရှိတယ်။ ဌာန၇ခုက မင်းရဲ့လက်ထောက်ကောင်စီအဖွဲ့ဝင်ရာထူးထက်နိမ့်တဲ့ဘယ်သူ့ကိုမဆို အမိန့်ပေးစေခိုင်းလို့ရတယ်"

"သိုင်းပညာရှင်ပဲဖြစ်ဖြစ်သာမန်လူပဲဖြစ်ဖြစ်မင်းသူတို့ကိုဦးဆောင်နိုင်တယ်။ ဒါငါတို့စစ်နတ်ဘုရားတပ်ရင်းရဲ့အထူးအခွင့်အရေးပဲ ငါတို့ပဲဂုဏ်ပုဒ်ပဲ။ စစ်တပ်ကတောင်မှ ငါတို့ကိုလိုက်လျောပေးရတယ်"

စွင်းရွှင်းကဂုဏ်ယူစွာပြောနေလေသည်။

....................................................................................

အခန်း(၆၂၂)ပြီးပါပြီ။

အခန်း (၆၂၃) : လုံနတ်ဘုရားစစ်ယာဉ်ပျံ

စွင်းရွှင်းကအခြေခံအချက်အလက်များကိုရှင်းပြပြီးနောက်ပြုံးလိုက်သည်။

"မင်းအတွက်အထူးသီးသန့်စစ်ယာဉ်ပျံကိုမင်းရဲ့အခန်းထဲမှာထည့်ထားပေးတယ်။ အဲ့တာက အလယ်အလတ်ကိုယ်ပိုင်ဉာဏ်ရည်ရှိတဲ့ တိုက်လေယာဉ်တစ်စင်းပဲ။ အဲ့စစ်ယာဉ်ပျံကအရမ်းဈေးမပေါဘူး။ အဲ့တာက မီးနတ်ဘုရားအဖွဲ့ရဲ့အစိတ်အပိုင်းတခုပဲ"

"ဒီနေရာက ကျန်းနန်အခြေစိုက်စခန်းနဲ့သိပ်မဝေးတာကြောင့် မင်းဒီမှာနေလည်းရသလို အိမ်ပြန်ချင်လည်းရတယ်"

ထိုသို့ပြောပြီးနောက်စွင်းရွှင်းကထွက်သွားလေသည်။

သူထွက်သွားပြီးနောက် ကျိုးဟောင်မှာ သူ၏ ကိုယ်ပိုင်အခန်းသို့ပြန်လာခဲ့ကာ လှည့်ပတ်ကြည့်‌ပြီးနောက်အံ့ဩသွားရလေသည်။

သူသိချင်စိတိယ်အပြင်းပြဆုံးအရာမှာ ထိုစစ်‌ယာဉ်ပျံဆိုသည့်အရာပင်ဖြစ်လေသည်။ ၎င်းမှာ အလွန်အဆင့်မြင့်သည့်စစ်ယာဉ်ပျံတစင်းဖြစ်‌ပေသည်။ငှက်မွှေးတထောင်ချပ်၀တ်ထိန်းချုပ်ထားသည့်ဂြိုလ်သားယာဉ်ပျံကိုတော့မမှီပေမဲ့ ဆိုးတော့မဆိုးလှချေ။

၎င်းမှာအလယ်အလတ်ကိုယ်ပိုင်အသိဉာဏ်ရှိသည့်ယာဉ်ပျံဖြစ်ပြီး အလိုရှိရာခရီးကိုသွားနိုင်လေသည်။ကျိုးဟောင်သည်အလွန်လျင်မြန်သောအရှိန်ရှိသူဖြစ်သောကြောင့် ယာဉ်ပျံမလိုအပ်သော်လည်း ဒီစစ်ယာဉ်ပျံကသူ့အဆင့်အတန်းကိုဖော်ပြသည့်အရာတခုသက်သက်ဖြစ်လေသည်။

ကျိုးဟောင်မှာ‌ယာဉ်မောင်းခုံတွင်ထိုင်လိုက်ပြီး ဒီစစ်ယာဉ်ပျံနှင့်ရင်းနှီးရန်လုပ်ဆောင်နေလေသည်။ ထိုအချိန်တွင်ငှက်မွှေးတထောင်၏စကားကသူ့စိတ်ထဲတွင်ပေါ်လာလေသည်။

"သခင် ကျွန်တော်ဂြိုလ်သားစစ်ယာဉ်ပျံနှင့်ပေါင်းစပ်ခြင်းပြုလုပ်ပြီးပါပြီ။ အချိန်မရွေး ယာဉ်ပျံကိုစတင်မောင်းနှင်နိုင်ပါပြီ"

ထိုစကားကိုကြားလိုက်သောအခါ ကျိုးဟောင်လုံး၀စိတ်လှုပ်ရှားသွားလေသည်။ သူချက်ချင်းပင် ထထွက်လာခဲ့ပြီး တခဏအတွင်းတွင် ကမ်းပါးနီချောက်ထဲတွင်ဖွက်ထားသောယာဉ်ပျံပေါ်သို့ရောက်လာလေသည်။

"မင်းလုံး၀ပေါင်းစပ်လို့ပြီးသွားပြီပေါ့။ ဘယ်လိုအခြေအနေရှိလဲ"

ကျိုးဟောင်မှာစိတ်လှုပ်တရှားမေးလိုက်လေသည်။

"သခင် ဒီယာဉ်ပျံမှာ ရတနာတွေအများကြီးရှိတယ်။ဒီလေယာဉ်ရဲ့အသွင်အစစ်အမှန်က စကြာ၀ဠာလုံနတ်ဘုရားမျိုးနွယ်ကစစ်ယာဉ်ပျံပဲ။ ဒါပေမဲ့ လုံနတ်ဘုရားမျိုးနွယ်ကအခြားမျိုးနွယ်တွေရဲ့ဝါးမျိုဖျက်စီးခြင်းကိုခံခဲ့ရပြီး ဒီယာဉ်ပျံရဲ့ပိုင်ရှင်က အမွေအနှစ်အားလုံးကိုဒီအပေါ်တင်ဆောင်ပြီးထွက်ပြေးလာခဲ့တာ။ ဒါပေမဲ့ အဲ့ပိုင်ရှင်ကကလည်း လိုက်လံသတ်ဖြတ်ခြင်းမှ မလွတ်မြောက်နိုင်ခဲ့ဘဲ သေဆုံးခဲ့ရပြီး သူ့စစ်ယာဉ်ပျံကလည်း အကြီးအကျယ်ပျက်စီးခဲ့ရတယ်"

"အခုကျွန်တော်အားလုံးကိုပြန်လည်ပြင်ဆင်ပြီးပြီမို့ သခင်၎င်းရဲ့လုပ်ငန်းတာ၀န်တွေကိုစတင်အသုံးပြုလို့ရပါပြီ။ ဒါပေမဲ့ အမွေအနှစ်ပစ္စည်းတွေကိုတော့ သခင်ရဲ့ကျင့်ကြံဆင့်တဖြေးဖြေးမြင့်လာတော့မှဖွင့်လို့ရပါမယ်"

ထိုစကားကိုကြားသောကျိုးဟောင်တယောက်အံ့ဩစွာဖြင့်ပြောစရာစကားမရှိဖြစ်သွားရလေသည်။

"ဘာလို့ပစ္စည်းကောင်းတွေကိုအမြဲဖွက်ထားရတာလဲ။ ငါအဲ့တာတွေကိုဖွင့်နိုင်ဖို့ ကျင့်ကြံဆင့်တွေထပ်မြှင့်ဖို့လိုသေးတာလား မင်းနောက်နေတာပေါ့မဟုတ်ဘူးမှတ်လား"

ကျိုးဟောင်မှာ စိတ်ပျက်သွားရလေသည်။

"သခင် ဒါကလုံနတ်ဘုရားမျိုးနွယ်ရဲ့အမွေအနှစ်တွေဖြစ်တာကြောင့် ကျွန်တော်တို့တတ်နိုင်တာဘာမှမရှိဘူး။ မျိုးရိုးကိုပြောင်းလဲ‌ပေးနိုင်တဲ့ကျောက်မျက်ရတနာတွေကလွဲရင်တခြားရတနာပစ္စည်းတွေအကုန်လုံးက ပိတ်ထားခံရတုန်းပဲ။ သခင်သူတော်စင်ဘုံအဆင့်ကိုရောက်မှ အဲ့တာတွေကိုဖွင့်နိုင်လိမ့်မယ်"

ငှက်မွှေးတထောင်ချပ်၀တ်မှာယာဉ်ပျံ၏အသိဝိညာဉ်နှင့်လုံး၀ပေါင်းစပ်ပြီးပြီဖြစ်သောကြောင့်ယာဉ်ပျံထဲတွင်ဘာ‌ရှိနေသလဲဆိုသည်ကိုကောင်းစွာသိရှိနေလေသည်။

"ကောင်းပြီ ဒါဆိုလည်းငါ့ကိုရတနာတွေလိုက်ပြပါဦး"

ကျိုးဟောင်ကပြောလိုက်သည်။

ငှက်မွှေးတထောင်ချပ်၀တ်မှာ ကလေးတယောက်အသွင်ပြောင်းလဲလိုက်ပြီး ကျိုးဟောင်၏ဘေးတွင်ပေါ်လာလေသည်။ ထို့နောက်သူ့အား ယာဉ်ပျံ၏ အခန်းတခုထဲသို့ခေါ်ဆောင်သွားလေသည်။

ထိုအခန်းတံခါးကိုဖွင့်လိုက်သောအခါ မရေမတွက်နိုင်သောကျောက်မျက်ရတနာများကအထဲတွင် မျက်စိကြိမ်းလောက်အောင်အရောင်တလက်လက်ဖြင့်ဖြစ်နေလေသည်။

"ဒါဘာတွေလဲ"

ကျိုးဟောင်ကမေးလိုက်လေသည်။

"ဒါကကြယ်တိမ်တိုက်ကျောက်တုံးလို့ခေါ်တယ်။ ဒီကျောက်တုံးတွေကဘယ်အရာတွေကိုမဆိုပြုပြင်ပြောင်းလဲပေးနိုင်တယ်။ ပြောရရင် ဒီကျောက်တုံးတွေကသ‌န္ဓေပြောင်းသားရဲတွေကိုကောင်းကင်ဘုံအဆင့်ရောက်အောင်လုပ်ပေးနိုင်စွမ်းရှိတယ်။ ဒီကျောက်တုံးတွေကို သခင်ရဲ့ကိုယ်ပိုင်သားရဲစစ်တပ်တည်ထောင်ရာမှာအသုံးပြုနိုင်တယ်"

ငှက်မွှေးတစ်ထောင်ချပ်၀တ်၏စကားကြောင့်ကျိုးဟောင်မှာ တုန်လှုပ်သွားရလေသည်။

ကိုယ်ပိုင်သားရဲစစ်တပ်.....

ထိုအရာသည်တကယ်ကောင်းသည့်အရာပင်ဖြစ်သည်။ သားရဲထိန်းချုပ်ကွင်းသည်ကောင်းကင်ဘုံလမ်းကြောင်း၌၀ယ်ယူလို့ရပေသည်။ လက်ရှိသူ့တွင်တကွင်းမှမရှိသေးသော်လည်း အလွယ်တကူ၀ယ်ယူလို့ရပေသည်။

သူ့အနေဖြင့်အခုလိုအပ်သည်မှာ မူလအဆင့်သားရဲများကိုဖမ်းဆီးဖို့ဖြစ်လေသည်။ ပြီးနောက်အဆင့်တက်နိုင်ရန်ထိုသားရဲများအားကြယ်တိမ်တိုက်ကျောက်တုံးများပေးပြီးအဆင့်ချိုးဖောက်ခိုင်းရမည်ဖြစ်လေသည်။

ထိုအကြောင်းကိုတွေးမိသောအခါကျိုးဟောင်စိတ်လှုပ်ရှားသွားရလေသည်။

"ဒါကောင်းတာပဲ"

ကျိုးဟောင်မှာအံ့အားသင့်စွာပြောလိုက်လေသည်။

"သခင်အခြားပြဿနာတခုရှိသေးတယ်။ စစ်နတ်ဘုရားတပ်ရင်းကပေးထားတဲ့စစ်‌ယာဉ်ပျံက သခင့်ကိုလုပ်ပိုင်ခွင့်အပြည့်အ၀မပေးထားဘူး။ ကျွန်တော်တို့လုံနတ်ဘုရားစစ်ယာဉ်ပျံကလိုအပ်ရင်အဲ့ယာဉ်ပျံပုံစံပြောင်းလဲလို့ရတယ်။ ဒါ့အပြင် ကျွန်တော်ကသူတို့မသိအောင် စစ်နတ်ဘုရားတပ်ရင်းကယာဉ်ပျံကိုစုပ်ယူပစ်လိုက်လို့ရတယ်"

ငှက်မွှေးတထောင်ချပ်၀တ်၏စကားကြောင့်ကျိုးဟောင်စိတ်လှုပ်ရှားသွားရလေသည်။

"ကောင်းပြီ အဲ့တာဆိုလည်းအဲ့ယာဉ်ပျံကိုစုပ်ယူကြည့်တာပေါ့။ ဒါပေမဲ့ ရိပ်တော့မရိပ်မိစေနဲ့"

ထိုယာဥ်ပျံမှာအလွန်ဈေးကြီးလေသည်။ ဒါ့ကြောင့်သူ့အနေဖြင့် တခုခုဖြစ်သွားပါကပြန်အလျော်ပေးဖို့ခက်မည်ဖြစ်လေသည်။

"စိတ်မပူပါနဲ့သခင် ကမ္ဘာဂြိုလ်ကနည်းပညာတွေကခေတ်နောက်ကျနေပါပြီ။ ဒီလုံနတ်ဘုရားစစ်ယာဉ်ပျံရဲ့ကိုယ်ပိုင်အသိဉာဏ်ကိုဆုပ်ယူပြီးတဲ့နောက်မှာ စကြာ၀ဠာတခုလုံးက အသိပညာတွေ၊ နည်းပညာတွေအကုန်လုံးနားလည်သိရှိခဲ့ပြီးပါပြီ ဒီကမ္ဘာကနည်းပညာလောက်ကတော့ကိစ္စမရှိပါဘူး"

ထိုစကားဆုံးသောအခါ ကျိုးဟောင်မှာ လုံနတ်ဘုရားစစ်လေယာဉ်ပျံနှင့်အတူ သူ၏အခန်းထဲသို့ပြန်လာခဲ့လေသည်။ပြန်ရောက်သည်နှင့် ငှက်မွှေးတထောင်ချပ်၀တ်က အောက်ရှိ စစ်နတ်ဘုရားတပ်ရင်းကစစ်ယာဉ်ပျံကိုစတင်စုပ်ယူလေသည်။

ယာဉ်ပျံ၏လုပ်ငန်းစဉ်များကို ငှက်မွှေးတထောင်ချပ်၀တ်ကမှတ်သားပြီးနိုးထလာအောင်ပြုလုပ်ပေးနေလေသည်။ ယာဉ်ပျံ၏ကိုယ်ထည်မှာတော့တစတစကွဲအက်ကာ စုပ်ယူခြင်းခံလိုက်ရလေသည်။

ကျိုးဟောင်ကတော့အသည်းယားစွာကြည့်နေရလေသည်။ သူသည်ထိုကဲ့သို့မလုပ်ချင်သော်လည်း စစ်နတ်ဘုရားတပ်ရင်းကယာဉ်ပျံဆက်ရှိနေပါက လုံနတ်ဘုရားစစ်ယာဉ်ပျံမှာ မြေအောက်ထဲ၌သာနေနေရမည်ဖြစ်လေသည်။

ဒါ့အပြင်ရှေ့လျှောက်အန္တရာယ်များသောအခြေအနေများဖြင့်ကြုံတွေ့လာနိုင်ပြီး ဒီလုံနတ်ဘုရားစစ်ယာဉ်ပျံသာသူနဲ့အတူရှိနေပါက သူ့အတွက်ဘေးကင်းနိုင်ခြေပိုများလေသည်။

"အစက စစ်နတ်ဘုရားယာဉ်ပျံမှာသခင့်ရဲ့လုပ်ပိုင်ခွင့်တွေကိုကန့်သတ်ထားပြီး သူတို့ဆီမှာ လုပ်ပိုင်ခွင့်အပြည့်အ၀ရှိနေတာ။ အခုလုံနတ်ဘုရားယာဉ်ပျံနဲ့အစားထိုးလိုက်ပြီဆိုတော့ သခင့်မှာလုပ်ပိုင်ခွင့်အပြည့်အ၀ရှိသွားပြီ။ ပြီးတော့သူတို့ကလည်း ဒီယာဉ်ပျံအပေါ်အပြည့်အ၀ထိန်းချုပ်နိုင်တယ်လို့ထင်နေဦးမှာပဲ။ တကယ်တော့ကျွန်တော်တို့ခွင့်ပြုသလောက်ပဲသူတို့ထိန်းချုပ်နိုင်မှာပါ"

ငှက်မွှေးတထောင်ချပ်၀တ်ကပြုံးပြီးပြောလိုက်လေသည်။ ကျိုးဟောင်လည်း ခေါင်းညိတ်ပြလိုက်ပြီး သိပ်ဂရုမစိုက်တော့ပေ။

ညရောက်သောအခါ တွေ့ဆုံပွဲတခုကျင်းပကြလေသည်။ သူတို့မီးနတ်ဘုရားအဖွဲ့ဝင်၅ယောက်ပထမဆုံးအကြိမ်ထမင်းလက်ဆုံစားကြခြင်းဖြစ်လေသည်။ လူသစ်လေးဖြစ်သောကျိုးဟောင်ကလည်းအရမ်းနှိမ့်ချတတ်သူဖြစ်လေသည်။ ထျဲ့တာကတော့ကျိုးဟောင်အားအဆက်မပြတ်စကားပြောနေလေသည်။

ထျဲ့တာမှာ စိတ်သဘောရိုးရှင်းပြီးတိုက်ခိုက်ရသည်ကိုခုံမင်သူဖြစ်လေသည်။ သူသည်ကျိုးဟောင်နှင့်တိုက်ခိုက်ခဲ့ရသည်ကို အလွန်နှစ်သက်ပြီး ထိုတိုက်ပွဲပြီးနောက် သူတို့မှာ ရင်းနှီးသောသူငယ်ချင်းများဖြစ်သွားကြလေသည်။

လုံအန်းကတော့လက်ထောက်ကပ္ပတိန်ဆိုသည့်အလျှောက်စကားများများစားစားပြောလေ့မရှိပေ။ သို့သော်တကယ့်ကိုလက်ထောက်ကပ္ပတိန်ဖြစ်ထိုက်သည့်အရည်အချင်းများရှိလေသည်။

ပေချိုးယန်ကတော့အနည်းငယ်မျက်စိဆံပင်မွှေးစူးစရာဖြစ်လေသည်။ သူသည်သိမ်မွေ့ပုံပေါက်သော်လည်း မကောင်းသောအတွေးများအမြဲတွေးတတ်သူဖြစ်လေသည်။ဒါ့အပြင်သူသည် နည်းပညာနှင့်ပတ်သက်ပြီးထူးချွန်သူဖြစ်လေသည်။သူသည်ကျိယောင်ယွဲ့၏ကွန်ရက်ကိုပင်ခိုး၀င်နိုင်သည်အထိထူးချွန်ပေသည်။ စီနီယာကျိမှာထိုကောင်စုတ်လေးအားခနခနသတိပေးနေရလေသည်။

"ကျိုးဟောင်မင်းကတကယ့်ကိုအထင်ကြီးစရာပဲ။ ပထမမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်ဆိုပေမဲ့ မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ကငါတို့အားလုံးထက်မြင့်တယ်။ ငါတို့မင်းရဲ့ကျင့်ကြံဆင့်လောက်တုန်းကဆိုရင် မင်းကိုယှဉ်နိုင်မှာမဟုတ်ဘူး"

ထျဲ့တာကရယ်မောပြီးပြောနေလေသည်။ ထိုစကားကိုလည်း အိုက်ရှားကခေါင်းငြိမ့်ပြီးထောက်ခံလေသည်။

"ငါအစကကိုယ့်ကိုယ်ကိုပါရမီပါရလှပြီထင်နေတာ မင်းနဲ့တွေ့တော့မှပဲ ငါမင်းကိုယှဉ်နိုင်ဖို့လိုသေးတာပဲ"

အိုက်ရှားကသောက်ရင်းပြောနေလေသည်။သောက်ထားသောကြောင့်သူမ၏မျက်နှာလှလှလေးမှာနီရဲနေလေသည်။

"ကျိုးဟောင်မင်းကလူသစ်လေးဖြစ်တာကြောင့် တကယ်လို့နားမလည်တာရှိရင်ငါတို့ကိုမေးလို့ရတယ်။ အခုတော့မင်းကအဆင့်၅၀မှာပေါ့။ တကယ်လို့မင်းအဆင့်တဖြေးဖြေးမြင့်လာရရင်အရင်းအမြစ်တွေလည်း ပိုများများရလာလိမ့်မယ်။ သွားပြီးတော့ ကောင်းကင်မျှော်စင်ကိုစိန်ခေါ်ကြည့်ပါ။ မင်းရဲ့လက်ရှိစွမ်းရည်နဲ့ဆို အဆင့် ၃၀အတွင်းအသာလေး၀င်နိုင်တယ်"

လုံအန်းကပြုံးပြီးပြောပြလေသည်။

ကျိုးဟောင်ကခေါင်း‌ညိတ်ပြလိုက်လေသည်။ကျိုးဟောင်မှာ အရမ်းထင်ထင်ပေါ်ပေါ်မနေလိုသောရည်ရွယ်ချက်ရှိပေသည်။ သို့သော်သူ့အနေဖြင့်ထိုအရင်းအမြစ်များကိုလည်းလိုအပ်သေးပေသည်။

ယခုလုံနတ်ဘုရားစစ်ယာဉ်ပျံမှာ၏ရတနာပစ္စည်းများကိုလည်းဖွင့်လို့မရသေးပေ။လက်ရှိသူသုံးလို့ရသည်မှာ ကြယ်တိမ်တိုက်ကျောက်တုံးများသာဖြစ်ပြီး ထိုကျောက်တုံးများကိုသူ့အတွက်သုံးလို့မရဘဲ သားရဲစစ်တပ်တည်ဆောက်ဖို့အတွက်သာသုံးလို့ရသောကြောင့် အချိန်တခုအထိအသုံးမ၀င်သေးပေ။

ဒါ့ကြောင့်ကျိုးဟောင်အနေဖြင့်စစ်နတ်ဘုရားတပ်ရင်း၏အရင်းအမြစ်များကိုလိုအပ်နေလေသည်။

....................................................................................

အခန်း(၆၂၃)ပြီးပါပြီ။

အခန်း (၆၂၄) : ကျန်းစီစခန်းသို့ချီတက်ခြင်း

နောက်တနေ့မနက်တွင်ကျိုးဟောင်မှာ မစ်ရှင်ပေးသည့်ခန်းမထဲသို့ရောက်နေလေသည်။ မီးနတ်ဘုရားအဖွဲ့၏အဖွဲ့၀င်ဖြစ်သောကြောင့် လူအများ၏ အာရုံစိုက်ခြင်းကိုခံနေရလေသည်။ထိုနေရာတွင်မီးနတ်ဘုရားအဖွဲ့၀င်များအပြင်အခြားအဖွဲ့၀င်များလည်းရှိနေသောကြောင့်ဖြစ်လေသည်။

ကောင်းကင်ဘုံအဆင့်ပညာရှင်များမှာ များသောအားဖြင့်အရေးကြီးသောတာ၀န်များကိုအမြဲလုပ်ဆောင်ရလေသည်။

ကျိုးဟောင်အတွက်လည်း အရေးကြီးသောအမိန့်များရှိပေသည်။သို့သော်လက်ရှိတွင်ထိုအမိန့်များသူ့ထံရောက်မလောသေးပေ။

နှိုင်းယှဉ်ပြီးပြောရလျှင် မီးနတ်ဘုရားအဖွဲ့နှင့်မိုးကြိုးနတ်ဘုရားအဖွဲ့တို့မှာ အခြားသူများပိုမိုအရေးကြီးပြီးခက်ခဲသည့်မစ်ရှင်များကိုလုပ်ဆောင်ရလေသည်။ ထိုအဖွဲ့များမှာ ကြည့်လိုက်ရင်အေးဆေးဖြစ်ပုံပေါက်သော်လည်း အမြဲခက်ခဲကြမ်းတမ်းသောမစ်ရှင်များကိုလုပ်ဆောင်ရလေသည်။

ကျိုးဟောင်လည်းဘာမှလုပ်စရာမရှိသောကြောင့် မစ်ရှင်စင်တာသို့လာပြီး မစ်ရှင်များနှင့်ဆုကြေးများကိုလာရောက်လေ့လာနေခြင်းဖြစ်လေသည်။

မစ်ရှင်အများစုမှာ သန္ဓေပြောင်းသားရဲများကိုနှိမ်နင်းရသည့်မစ်ရှင်များဖြစ်ပေသည်။ ဒါသည်လည်း မူလအဆင့်ပညာရှင်များအတွက် အဆင့်တိုးတက်နိုင်အောင်လုပ်ပေးသည့် မစ်ရှင်များဖြစ်လေသည်။

ကျိုးဟောင်မျက်လုံးကစားပြီးလျှောက်ကြည့်လိုက်သောအခါ ကောင်းကင်ဘုံအဆင့်သားရဲအများအပြားကိုစာရင်းတွင်တွေ့လိုက်ရလေသည်။ ထိုသားရဲများကိုနှိမ်နင်းဖို့အတွက်ကမခက်ခဲလှပေ။သို့သော်ရှာဖွေဖို့အတွက်က အလွန်ခက်ခဲလှပေသည်။

ဥပမာအားဖြင့် ပေတရာတီ‌ကောင်ဘုရင်၏ဆုကြေးမှာ ၁၀ဘီလီယံဖြစ်လေသည်။သို့သော်ထိုတီကောင်ဘုရင်မှာပေါ်လာခဲပေသည်။ ပြောရရင် ထိုတီတောင်ဘုရင်ပေါ်လာမည့်နေ့ကိုထိုင်စောင့်ရင်းဘယ်သူမှအချိန်မဖြုန်းလိုကြပေ။

ကျိုးဟောင်မှာလိုက်ကြည့်နေရင်းရုတ်တရက်အကြံတခုရလာလေသည်။ လက်ရှိသူ့အားအလုပ်အကျွေး ပြုနေသော ပေတရာတီကောင်ဘုရင်နှင့် သံမဏိအရိုး၀က်ဝံတို့ရှိလေသည်။ ထိုသားရဲနှစ်ကောင်အကူအညီဖြင့် အခြားကောင်းကင်ဘုံအဆင့်သားရဲများကိုသွေးဆောင်ပြီးခေါ်ထုတ်မည့်အကြံဖြစ်လေသည်။

ဒါ့အပြင် ထိုသားရဲတို့၏လက်အောက်တွင်ရှိသောမူလအဆင့်သားရဲများကိုလည်းဖမ်းဆီးပြီး သားရဲထိန်းချုပ်ကွင်းသုံးကာ ကောင်းကင်ဘုံအဆင့်ရောက်ရင်ပျိုးထောင်လို့လည်းရပေသည်။

ထိုသို့တွေးမိနောက်ချက်ချင်းကျိုးဟောင်မှာယာဉ်ပျံဖြင့်ထွက်လာခဲ့လေသည်။ သွားနေရင်း ကျိုးဟောင်မှာ ပေတရာတီကောင်အား ထွက်လာပြီးသူနဲ့လာတွေ့ရန်အကြောင်းကြားထားလေသည်။

"ငါမူလအဆင့်သားရဲသုံးကောင်လိုချင်တယ်။ ဖမ်းဆီးပြီးငါ့ဆီအခုလာပို့"

တွေ့သည်နှင့်ကျိုးဟောင်ကချက်ချင်းအမိန့်ပေးလိုက်လေသည်။ ပေတရာတီကောင်ဘုရင်မှာလည်းတုံ့ဆိုင်းမနေရဲဘဲ ချက်ချင်းလုပ်ဆောင်လေသည်။ ၆နာရီလောက်ကြာသောအခါ ၎င်းသည်မူလအဆင့်သားရဲ၃ကောင်ဖမ်းပြီးပြန်ရောက်လာလေသည်။

ထိုသားရဲများမှာ လင်းယုန်ကျားသစ်ဘုရင်၊ ကန္တာရလိပ်မိကျောင်း နှင့်အရိပ်သိမ်းငှက်တို့ဖြစ်လေသည်။ထိုသားရဲ၃ကောင်မှာ ပေတရာတီကောင်နှင့် ကျိုးဟောင်တို့အားကြောက်လန့်ပြီး မယုံကြည်နိုင်သောမျက်လုံးများဖြင့်ကြည့်နေလေသည်။

၎င်းတို့ခစားနေသောပေတရာတီကောင်မှာ လူသားတို့၏လက်ပါးစေဖြစ်နေလိမ့်မည်လို့သူတို့မထင်ထားခဲ့ပေ။

ကျိုးဟောင်ကကျေနပ်အားရစွာဖြင့်ထို၃ကောင်အား စစ်ယာဉ်ပျံထဲသို့ခေါ်ဆောင်သွားလေသည်။ စစ်ယာဉ်ပျံမှာအရမ်းမကြီးသော်လည်း ၎င်းတွင် သီးခြားချိတ်ပိတ်ထားနိုင်သောနေရာလွတ်သက်သက်ရှိလေသည်။

ကျိုးဟောင်မှာ သားရဲ၃ကောင်ကို အလွန်ကြီးမား သောအခန်းတခုထဲသို့ခေါ်ဆောင်ထားပြီး သူတို့ကိုချုပ်ထားသောချိန်းကြိုးများကိုဖြေပေးလိုက်လေသည်။ ထို့နောက်ချက်ချင်းသားရဲထိန်းချုပ်ကွင်းသုံးကာထိန်းချုပ်လိုက်ပြီး ကြယ်တိမ်တိုက်ကျောက်တုံး၃တုံးကိုထုတ်လိုက်လေသည်။

"ဒါတွေကိုစားလိုက်မင်းတို့အဆင့်ချိုးဖောက်နိုင်သွားလိမ့်မယ်"

ကျိုးဟောင်မှာ သေချာမသိသေးသောကြောင့်ထိုစကားသာပြောခဲ့လေသည်။

သားရဲသုံးကောင်မှာတုံ့ဆိုင်းမနေရဲဘဲချက်ချင်းစားလိုက်ကြလေသည်။ ၎င်းတို့စားပြီးသောအခါ ကြယ်တိမ်တိုက်ကျောက်တုံးမှာ၎င်းတို့၏ခန္ဓာကိုယ်ထဲတွင်ပေါက်ကွဲသွားပြီး ၎င်းတို့မှာအဆင်မပြတ်အော်ဟစ်နေကြလေသည်။ ဒါ့အပြင်၎င်းတို့၏ကိုယ်ပေါ်ရှိအရှိန်အဝါမှာလည်းအဆက်မပြတ်ပြောင်းလဲနေလေသည်။

နောက်စက္ကန့်အနည်းငယ်အကြာတွင် ထိုသားရဲ ၃ကောင်မှာတိုးတက်မှုရှိသည်ကိုကျိုးဟောင်ခံစားလိုက်ရသည်။ ၎င်းတို့၏ခန္ဓာကိုယ်ဖြစ်ဖြစ် ကျင့်ကြံဆင့်ဖြစ်ဖြစ် တခုခုတော့ တဖြေး‌ဖြေး‌တိုးတက်ပြောင်းလဲလာလေသည်။

သို့သော်ထိုသားရဲ၃ကောင်မှာ ပြောင်းလဲမှုဒဏ်ကိုမခံနိုင်ဘဲ တကောင်ပြီးတကောင်မေ့မျောသွားကြလေသည်။ ပြောင်းလဲမှုကတော့ဆက်လက်ဖြစ်နေဆဲဖြစ်ပေသည်။ ကျိုးဟောင်စိတ်ရှည်ရှည်ဖြင့်စောင့်ရန်ဆုံးဖြတ်လိုက်ပြီးထိုနေရာမှထွက်သွားလေသည်။

ကျိုးဟောင်ယာဥ်ပျံအခန်းထဲသို့ပြန်ရောက်လာသောအခါ သူ့အဖေကျိုးရွှယ်ကောဆီမှဖုန်း၀င်လာသည်ကိုတွေ့လိုက်ရလေသည်။

ကျိုးဟောင်မှာတခုခုများဖြစ်လို့လားလို့တွေးမိပြီးချက်ချင်းဖုန်းကိုင်လိုက်လေသည်။ နောက်တော့မှ သူတို့၏အမျိုးတယောက်အလွန်ဖျားနာနေသောကြောင့် သွားတွေ့လို၍ဖြစ်ပြီး သူတို့အားလာခေါ်ဖို့ပြောခြင်းဖြစ်လေသည်။

ကျိုးဟောင်လည်းချက်ချင်းအိမ်သို့ပြန်ရန်ပြင်လိုက်ပြီး စစ်ယာဉ်ပျံအား ကျန်းနန်စခန်းသို့ မောင်းနှင်လိုက်လေသည်။ထို့နောက်သူ့မိဘများကိုယာဉ်ပျံပေါ်သို့ခေါ်လာလေသည်။

"သား ဒါ...ဒါက သားရဲ့လေယာဉ်လား"

ယာဉ်ပျံပေါ်မှာထိုင်ရင်း ကျိုးရွှယ်ကောနှင့်၀မ်ရူယွင်တို့မှာ အံ့ဩနေကြလေသည်။သူတို့နှစ်ယောက်မှာထိုကဲ့သို့အရာမျိုးကိုတခါမှမမြင်ဖူးသောကြောင့် မယုံနိုင်ဖြစ်နေကြလေသည်။

"သားရဲ့ခေါင်းဆောင်ကပေးထားတာပါ"

ကျိုးဟောင်ကထိုစကားတခွန်းကိုသာပြုံးပြီးပြောလိုက်လေသည်။ သူ့အနေဖြင့်သူ့မိဘများကိုသူ့နှင့်ပတ်သက်ပြီးအများကြီးမသိစေလိုပေ။ သူ့အကြောင်းအများကြီးသိနေပါက သူတို့အတွက်အန္တရာယ်ရှိပေသည်။

"သားကခေါင်းဆောင်ကောင်းတယောက်ရထားတာပဲ"

ကျိုးရွှယ်ကောမှာယာဉ်ပျံ၏များပြားလှသောခလုပ်များကိုကြည့်ရင်း မလှုပ်ရဲလောက်အောင်ဖြစ်နေလေသည်။

ကျိုးဟောင်လည်းသူ့မိဘများကိုသူ့အခန်းထဲခေါ်သွားပြီးလက်ဖက်ရည်ဖျော်တိုက်လေသည်။

"အဖေ ဦီးလေးဘယ်လိုနေသေးလဲ"

ကျိုးဟောင်လည်းသိချင်စိတ်ဖြင့်မေးလိုက်သည်။

"သားရဲ့ဦးလေးကအသက်၈၀ကျော်တဲ့အထိတခါမှမဖျားခဲ့ဖူးဘူး။ ဒါပေမဲ့ သတ်မှတ်ချိန်ရောက်လာရင်တော့လူတိုင်းကတောင့်ခံထားဖို့မဖြစ်နိုင်တော့ဘူးလေ။ အခုသူ့ဆီသွားလည်ချင်လို့ တကယ်လို့အခုသာမသွားဖြစ်ရင် သူ့ကိုနောက်တခါတွေ့ရဖို့မသေချာတော့မှာစိုးရိမ်မိတယ်"

ကျိုးရွှယ်ကောကသက်ပြင်းချရင်းပြောလိုက်လေသည်။

ထိုစကားကိုကြားလိုက်သောအခါ ကျိုးဟောင်လည်းသက်ပြင်းချလိုက်မိသည်။သိုင်းပညာရှင်များ၏ သက်တမ်းမှာရှည်လျားသော်ငြား သာမန်လူများ၏ သက်တမ်းကတော့တိုတောင်းလှပေသည်။ ကျိုးဟောင်မှာသူ့မိဘများ၏ခေါင်းပေါ်မှဆံပင်ဖြူလေးများကိုကြည့်ရင်းသက်ပြင်းချလိုက်မိသည်။

ကျိုးဟောင်မှာ သူ့မိဘများအား ကိုယ်ခန္ဓာပုံသွင်းအရည်အားလျှို့ဝှက်ပြီးကျွေးနေသော်လည်း သိပ်ထူးခြားပုံမရပေ။သူ့အနေဖြင့်သူ့မိဘများအတွက် ပိုကောင်းသည့်ဆေးဖက်၀င်ပစ္စည်းများကိုရှာဖို့ဆုံးဖြတ်လိုက်လေသည်။ ဒါမှအနည်းဆုံးသူတို့အသက်ကြီးလာသည်ကို‌တဖြေး‌ဖြေးနှေးစေပြီး သူတို့၏ခန္ဓာကိုယ်ကိုလည်းပြောင်းလဲစေမည်ဖြစ်လေသည်။

သိပ်မကြာခင်ပင် သူ့ဦီးလေးရှိရာကျန်းစီစခန်းသို့ရောက်လာလေသည်။ ကျိုးဟောင်မှာအချိန်မဖြုန်းလိုတော့သောကြောင့်ယာဉ်ပျံကို ကျန်းစီစခန်း၏ ဌာနချုပ်တွင်သာရပ်ထားလိုက်လေသည်။

ကျိုးဟောင်ရောက်လာသည်ကိုမြင်သောအခါ ကျန်းစီဌာနချုပ်၏သမ္မတ၊ ထောက်လှမ်းရေးမှူးနှင့်အထူးသံတမန်များအကုန်ထွက်လာပြီး သူ့အားကြိုဆိုကြလေသည်။

ထိုလူများမှာ ကျန်းစီအခြေစိုက်စခန်း၏ရာထူးကြီးပုဂ္ဂိုလ်များဖြစ်ကြလေသည်။သို့သော် ကျိုးဟောင်၏ မျက်လုံးများကိုကြည့်လိုက်သောအခါ သူတို့၏ ရာထူးနှင့် ကျင့်ကြံဆင့်များမှာ ဘာမှ မဟုတ်တော့ကြောင့်ခံစားလိုက်ပြီး ရိုသေကျိုးနွံစွာကြိုဆိုကြလေသည်။

"ကောင်စီအဖွဲ့ဝင် ကျိုး ရောက်လာပြီပဲ"

ကျန်းစီစခန်း၏ထောက်လှမ်းရေးမှူးချုပ်ကရှေ့သို့လျှောက်လာပြီး ရိုသေစွာပြောလိုက်လေသည်။ ထိုသူသည်ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ဖြစ်လေသည်။

"ထောက်လှမ်းရေးမှူး လု ဘာမှ အရေးတကြီးမဟုတ်ပါဘူး။ ကျွန်တော်အခုလာတာက ကောင်စီအဖွဲ့၀င်အနေနဲ့မဟုတ်ဘဲ သာမန်လူတယောက်အနေနဲ့လာတပါ။ ကျွန်တော့်မိဘတွေက အမျိုးတွေဆီလာချင်တယ်ဆိုလို့လိုက်ပို့ပေးရုံပါ"

ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။

"ကျုပ်သိပါပြီ။ ကောင်စီအဖွဲ့၀င်ကျိုး ကိုကာကွယ်ဖို့အတွက်တယောက်ယောက်စေလွှတ်....အာ ကျွန်တော်မေ့သွားတယ် ကောင်စီအဖွဲ့၀င်ကျိုးက ကောင်းကင်ဘုံအဆင့်ပညာရှင်ပဲ တယောက်ယောက်ကကာကွယ်ပေးစရာမှမလိုတာ"

ထောက်လှမ်းရေးမှူးချုပ်ကပြုံးပြီးပြောလိုက်လေသည်။

"ဟားဟား ကျုပ်အတွက်ကားပဲစီစဉ်ပေးပါဗျာ"

ကျိုးဟောင်ကရယ်မောပြီးပြောလိုက်လေသည်။

"ဟုတ်ကဲ့ပါ အရာရှိကျိုး ကျုပ်တို့ကားတွေကြိုတင်ပြင်ဆင်ထားပါတယ်"

ထောက်လှမ်းရေးမှူးချုပ်ကပြောပြီးနောက်ကျိုးဟောင်အားကားများထားထားသည့်ပါကင်သို့ခေါ်သွားလေသည်။

"အရာရှိကျိုး ဘာကိုကြိုက်သလဲမသိတာကြောင့် ကျုပ်ကား၁၀စီးတော့ပြင်ဆင်ထားပါတယ် ကြည့်ကြည့်ပါဦး"

ကားအတော်များများမှာ ဇိမ်ခံကားများဖြစ်လေသည်။ ကျိုးဟောင်လည်း ထိုအထဲမှ အနည်းငယ်သိုသိုဝှက်ဝှက်နိုင်သောကားတစီးကိုရွေးကာ သူ့မိဘများနှင့်ထွက်လာခဲ့လေသည်။

သူထွက်သွားတော့မှာ အဖွဲ့၀င်များနှင့် အထူးသံတမန်တို့မှာသက်ပြင်းချနိုင်ကြလေသည်။ ကျိုးဟောင်မှာ ရာထူးကြီးအထက်ပုဂ္ဂိုလ်များနှင့်တန်းတူအဆင့်ရှိသည့်လူဖြစ်သောကြောင့် သူတို့တခုခုအမှားလုပ်မိသွားမှာစိုးရိမ်နေကြလေသည်။

"ဒီကောင်စီအဖွဲ့၀င်ကျိုးက တော်တော်ငယ်သေးတာပဲ"

လက်ထောက် ထောက်လှမ်းရေးမှူးချုပ်က အလွန်ကြည်ညိုလေးစားသည့်မျက်လုံးများဖြင့်ပြောလာလေသည်။

"ကောင်စီအဖွဲ့၀င်ကျိုးနဲ့ယှဉ်လိုက်ရင်ငါ့သားက တကယ့်ကိုအမှိုက်ပဲ။ အဲ့ကောင်က သိုင်းပညာအရည်အချင်းကမကောင်းယုံသာမက တနေ့လုံးလည်း ပြဿနာကရှာသေးတယ်"

လက်ထောက်ထောက်လှမ်းရေးမှူးမှာစကားပြောရင်းပင် ဖုန်းတကော၀င်လာခဲ့လေသည်။

"ဘာ... ဟိုကောင်စုတ်လေးကအစောင့်တွေနဲ့ထွက်သွားပြန်ပြီလား"

....................................................................................

All Chapters