← Chapters

အခန်း (၆၂၅-၆၂၇)

Vol. 42 Ch. 625-627

အခန်း (၆၂၅-၆၂၇)

Vol. 42 Ch. 625-627

အခန်း (၆၂၅) : ပြန်ပေးဆွဲခြင်း

လက်ထောက်စုံစမ်းရေးမှူး၏စကားဆုံးသောအခါ ထစုံစမ်းရေးမှူးချုပ် လု ကမျက်မှောင်ကြုတ်ပြီးပြောလိုက်လေသည်။

"ကောင်စီအဖွဲ့၀င်ကျိုးက ကျန်းစီကိုရောက်နေတဲ့ကာလမို့ လောင်ဟို မင်းရဲ့သားကိုပြဿနာမရှာစေနဲ့ဦး"

ထိုကောင်လေးမှာ တကယ့်ကိုဥ‌ပဒေမဲ့ပြုမူတတ်သောကြောင့်‌ စုံစမ်းရေးမှူးလုမှာစိတ်ပူနေလေသည်။ သူ့အဖေ၏လက်ထောက်စုံစမ်းရေးမှူးဆိုသည့်အခွင့်အာဏာကိုသုံးပြီး ထိုကောင်လေးမှာဆိုးချင်တိုင်းဆိုးနေလေသည်။

"ဟုတ်ကဲ့ပါစုံစမ်း‌ရေးမှူးလု ကျုပ်သူ့ကိုချက်ချင်းခေါ်လိုက်ပါ့မယ်"

ဟိုကျန်းဖုန်းမှာသူ၏ဖုန်းကိုထုတ်ပြီးသူ့သားအားခေါ်လေသည်။

"ကောင်စုတ်လေး ဘာလို့ အစောင့်တွေခေါ်ပြီး အပြင်ထွက်သွားတာလဲ မင်းဘာတွေလုပ်နေတာလဲ"

တဖက်ကဖုန်းကိုင်လိုက်သည်နှင့်ဟိုကျန်းဖုန်းမှာဒေါသတကြီးအော်ဟစ်လိုက်လေသည်။

"အာ... ဘာမှမဟုတ်ပါဘူးအဖေ သားညီနောင်တွေကိုခေါ်ပြီး ထမင်းထွက်စားတာပါ။ စိတ်မပူပါနဲ့ သားပြဿနာမရှာပါဘူး အဖေ"

တဖက်ကပြန်ဖြေသည့်သူ့သား၏စကားကိုကြားတော့မှဟိုကျန်းဖုန်းမှာသက်ပြင်းချလိုက်လေသည်။

"ကောင်းပြီ အေးဆေးစားသောက်ပြီးရင်ပြန်ကြတော့။ သခင်ကြီးတယောက် ကျန်းစီမြို့မှာ၂ရက်လောက်နေမှာမို့လို့ဘာပြဿနာမှမရှာနဲ့နော်"

"ဟဲဟဲ စိတ်မပူပါနဲ့အဖေရဲ့ သားက နာခံပြီးသားပါ။ ကဲကဲအဖေသားတို့စားသောက်တော့မှာမို့လို့ နောက်မှပြောတော့မယ်"

ဟိုထျန်းယွီကပြောပြီးဖုန်းချသွားလေသည်။

"တောက်... ဘယ်ကောင်က ငါ့‌အကြောင်းအဖေ့ကိုသတင်းပေးလိုက်တာလဲမသိဘူး။ မဖြစ်တော့ဘူး ငါတို့မြန်မြန်လုပ်မှဖြစ်မယ်။ကျိုးမိသားစုကမိန်းကလေးကိုငါစွဲလမ်းနေတာကြာပြီ။ သူ့ကိုဘာပဲဖြစ်ဖြစ်ငါသိမ်းပိုက်နိုင်ရမယ်"

ဟိုထျန်းယွီကပြောပြီးနောက် ဆရာသခင်အဆင့်နောက်လိုက်၂၀ကျော်ကိုဦးဆောင်ပြီး ပထမလူအမည််ရှိဆေးရုံဆီသို့ဦးတည်လာကြလေသည်။

ထိုအချိန်တွင်ကျိုးဟောင်တို့ကားမှာလည်း ထိုဆေးရုံသို့‌ဆိုက်ရောက်လာခဲ့လေသည်။ ကျိုးရွှယ်ကောနှင့် ၀မ်ရှုယွင်တို့မှာအလျင်အမြန်အပေါ်ထပ်သို့တက်သွားကြလေသည်။ထို့နောက် ဘယ်အခန်းတွေရှိသလဲစုံစမ်းကာထွက်လာကြလေသည်။

ဆံပင်ဖြူဖြူနှင့်လူအိုကြီးတဦးကခုတင်ပေါ်တွင်လဲလျောင်းနေပြီး သူ့ဘေးတွင် အမျိုးသားနှစ်ယောက်နှင့်အမျိုးသမီး၂ယောက်ရပ်နေလေသည်။ ထိုသူတို့မှာအသက်အရမ်းမငယ်တော့ဘဲ သူ့အဖေနှင့်ရွယ်တူလောက်ဖြစ်နေကြလေပြီ။

သူတို့မိသားစုမှာတံခါးခေါက်ပြီး အခန်းထဲသို့ဝင်လာခဲ့လေသည်။

"ဦးလေး ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ"

သူတို့မိသားစု၀င်လာသောအခါ အသက်လတ်ပိုင်းလူတယောက်ကကျိုးဟောင်အဖေကိုမြင်ပြီး ချက်ချင်းနှုတ်ဆက်လေသည်။

ကျိုးရွှယ်ကောမှာ မိသားစု၌အကြီးဖြစ်ပြီး ထိုလူအားလုံး၏စီနီယာလို့ဆိုလို့ရပေသည်။ ခုတင်ပေါ်တွင်လှဲနေသောလူမှာ ကျိုးရွှယ်ကော၏၀မ်းကွဲအစ်ကိုဖြစ်ပြီး ကျိုးဟောင်နှင့်ဦးလေးတော်လေသည်။

"အစ်ကို၀မ်းကွဲနေမကောင်းဖြစ်နေတာကို ငါမလာဘဲဘယ်နေပါ့မလဲ"

ကျိုးရွှယ်ကောကပြောပြီးနောက်စိုးရိမ်တကြီးခုတင်နားသို့သွားလိုက်လေသည်။ ခုတင်ပေါ်မှလူသည်လည်း ကျိုးရွှယ်ကောကိုမြင်သောအခါ အားယူပြီးထလာလေသည်။

"ညီ၀မ်းကွဲလေး အဟွတ်...အဟွတ်... ဘာလို့ငါ့ကိုတွေ့ဖို့သက်သက်ဒုက္ခခံပြီးလာနေရတာလဲ"

ဖုန်းဖျင်ရှန်ကကျိုးရွှယ်ကောကိုကြည့်ပြီးပြောလိုက်လေသည်။

"အစ်ကိုကြီးကြောင့်သာမဟုတ်ရင် ကျွန်တော်ငယ်ငယ်တုန်းကကျောက်မီးသွေးတွင်းထဲမှာသေသွားခဲ့ပြီးပြီ။ အစ်ကို့ကျေးဇူးကိုကျွန်တော်ဘယ်မေ့ပါ့မလဲ။ အစ်ကိုနေစမကောင်းဖြစ်ကတည်းကကျွန်တော်လာခဲ့ရမှာ"

ကျိုးရွှယ်ကောမှာပြောရင်းသူ၏မျက်လုံးများရဲလာလေသည်။

သူ့အဖေနှင့်သူ့ဦးလေးမှာ တကမ္ဘာလုံးအနှံ့နီးပါးအတူသွားလာခဲ့ကြဖူးသည်ကိုကျိုးဟောင်သိလေသည်။ ထိုအချိန်တုန်းက သူ့ဦးလေးမှာ အသက် ၃၀အရွယ်ဖြစ်ပြီး သူ့အဖေ့ကဆယ်ကျော်သက်အရွယ်သာရှိသေးလေသည်။ သူ့အဖေအား ဦးလေးကအပြည့်အ၀စောင့်ရှောက်ပေးခဲ့သည်ကိုကျိုးဟောင်သိထားလေသည်။

"အိုက်ယားး ....ဘာအဖျားလဲ ငါကဒီအတိုင်းအိုလာပြီးအသုံးမ၀င်တော့တာပါ။ ငါ့အချိန်ကနီးလာပြီလေ"

ဖုန်းဖျင်ရှန်က ပြောရင်း၀မ်ရှုယွင်နှင့်ကျိုးဟောင်အားလှမ်းကြည့်လိုက်လေသည်။

"ယောက်မလေးပါလိုက်လာတာလား။ ငါ့လိုလူအိုကြီးအတွက်ဒုက္ခခံပြီးအဝေးကြီးကလာစရာမလိုပါဘူး။ ဒါကရှောင်ဟောင်လား သူတောင်ခဏလေးအတွင်း အတော်ကြီးလာပြီပဲ"

"အစ်ကိုကြီးရယ်အဲ့လိုမပြောပါနဲ့ အရင်က ကျွန်မတို့မိသားစုကိုအများကြီးကူညီပေးခဲ့တာလေ"

၀မ်ရှုယွင်ကလည်း အလျင်အမြန်ပြန်ပြောလေသည်။

"ကဲကဲ ရှောင်ရွှီနဲ့ရှောင်ကန်ရေ ဒီကိုခဏလာပါဦး"

ဖုန်းဖျင်ရှန်ကခေါ်လိုက်သောကြောင့်‌ဖုန်းရှောင်ရွှီနှင့်ဖုန်းရှောင်ကန်တို့၂ယောက်အနားရောက်လာလေသည်။ သူတို့နှစ်ယောက်မှာ ကျိုးဟောင်နှင့်အသက်တူဖြစ်ပြီး မျိုးရိုးတော်စပ်ပုံအရကျိုးဟောင်ကသူတို့၏ဦးလေးဖြစ်လေသည်။

" ဦးလေးငယ်ကို နှုတ်ဆက်လိုက်ကြပါဦး"

ထိုစကားကြောင့်ဖုန်းရှောင်ရွှီနှင့်ဖုန်းရှောင်ကန်တို့မှာကျိုးဟောင်အားနှုတ်ဆက်လိုက်ကြလေသည်။

"ဦးလေးကျိုး.."

"အာ ကျုပ်တို့ကရွယ်တူပဲရှိသေးတာမို့ ခုလိုခေါ်စရာမလိုပါဘူး ကျိုးဟောင်လို့ပဲခေါ်ပါ"

ကျိုးဟောင်ကလက်ကာပြရင်းပြန်ပြောလိုက်လေသည်။

ဘုန်း....

ထိုအချိန်တွင်အခန်းတံခါးမှာကန်ဖွင့်ခံလိုက်ပြီး လူတယောက်မှာ ခန္ဓာကိုယ်တောင့်တောင့်နှင့်လူများကိုခေါ်ဆောင်ပြီး၀င်လာခဲ့လေသည်။

ထိုမြင်ကွင်းကြောင့်အခန်းထဲရှိလူတိုင်းလန့်သွားကြလေသည်။ ဘယ်သူ၀င်လာသလဲဆိုသည်ကိုမြင်လိုက်သောကြောင့် ဖုန်းရှောင်ရွှီ၏မျက်နှာလေးမှာဖြူဖျော့သွားလေသည်။

"ဟိုထျန်းယွီ နင်ဒီကိုဘာလာလုပ်တာလဲ"

သူမကဒေါသတကြီးပြောလိုက်လေသည်။ သူမမျက်လုံးထဲတွင်စိုးရိမ်မှုအရိပ်အယောင်များရှိနေသည်ကိုကျိုးဟောင်မြင်လိုက်လေသည်။

ဖုန်းရှောင်ကောသည်လည်းအတူတူပင်ဖြစ်သည်။သို့သော်သူကသတ္တိမွေးပြီးပြောလိုက်လေသည်။

"ဟိုထျန်းယွီ မင်းငါတို့ကိုဖိအားမပေးနဲ့။ ငါတို့ကသုတေသီတွေဖြစ်ပြီး ကျန်းစီအခြေစိုက်စခန်းကိုအကူအညီပေးနေတဲ့သူတွေပဲ"

ဟိုထျန်းယွီကထိုစကားကိုကြားသောအခါပြုံးလိုက်လေသည်။

"ဟားဟားဟား စိတ်၀င်စားစရာပဲ။ မင်းတို့ရဲ့ဓာတ်ခွဲခန်းသေးသေးလေးနဲ့လား စောက်ရေးမပါတာတွေလာမပြောနဲ့။ ဘာအကူအညီပေးနေတာလဲ ရယ်စရာကောင်းလိုက်တာ "

"ဒီနေ့ငါလာရတဲ့အကြောင်းအရင်းက မင်းငါ့မိန်းမဒါမှမဟုတ် ငါ့ချစ်သူဖြစ်လာပေးဖို့အသိပေးချင်လို့ပဲ။ ငါရှေ့တန်းစစ်တပ်ကနေ ဆေးရည်ကြည်တမျိုးမှာပေးထားတယ်။အဲ့တာကမင်းအဖိုးကိုနောက်နှစ်အနည်းငယ်အထိအသက်ရှင်အောင်လုပ်ပေးထားနိုင်တယ်။ တကယ်လို့ မင်းပြောတာကိုသဘောမတူရင်တော့ အဲ့ဆေးရည်ကြည်ကိုမပေးသင့်အပြင် မင်းတို့မရနိုင်အောင်လည်း ငါနှောင့်ယှက်ဦးမှာ အဲ့တော့မင်းရွေးချယ်မှရမယ်"

ဟိုထျန်းယွီကယုတ်မာသောအပြုံးဖြင့်ပြုံးပြီးပြောလေသည်။

"ရှင်...ရှင်ဘာစကားပြောတာလဲ ကျွန်မက ပထမတန်းသုတေသီပဲ။ အဲ့ဆေးရည်ကြည်ကိုတောင်းခံပိုင်ခွင့်ရှိတယ်"

ဖုန်းရှောင်ရွှီကလည်းဒေါသတကြီးတုံ့ပြန်လာလေသည်။

သူမသည်ခုလိုဖြစ်လာလိမ့်မည်လို့ကြိုသိနေခဲ့လေသည်။ လွန်ခဲ့သောရက်ပိုင်းထဲကသူမကိုခြိမ်းခြောက်မှုများရှိ‌ခဲ့လေသည်။ဒါ့အပြင် ဟိုထျန်းယွီမှာ မိန်းမရှိသူဖြစ်ပြီး ဘယ်လိုလုပ်သူ့ချစ်သူဖြစ်နိုင်မည်နည်း။တကယ့်အောက်တန်းကျသူဖြစ်လေသည်။

ထို့အပြင်ဟိုထျန်းယွီ၏အဖေမှာ ကျန်းစီအခြေစိုက်စခန်း၏လက်ထောက်စုံစမ်းရေးမှူးဖြစ်သောကြောင့် သူမတို့မိသားစုအားအချိန်မရွေးအစဖျောက်ပစ်နိုင်လေသည်။

"ဟားဟား ဟုတ်ပါတယ် မင်းကတောင်းခံဖို့အဆင့်မှီပါတယ်။ပုံမှန်အခြေအနေမှာဆိုရင်တော့မင်းရဲ့တောင်းခံချက်ကိုသူတို့လိုက်လျောပေးမှာပါ။ ဒါပေမဲ့ ငါစွက်ဖွက်လာရင်တော့ ငါစိတ်ဆန္ဒအလိုအရပဲဖြစ်လာမှာပေါ့။ ငါတခွန်းပြောလိုက်တာနဲ့ သူတို့ကဆေးရည်ပို့ဖို့ကို၂လ ၃လလောက်ကြန့်ကြာအောင်လုပ်လိုက်လိမ့်မယ်။ငါစိတ်ရှိသလောက်ကြန့်ကြာအောင်အချိန်ဆွဲလို့ရပေမဲ့ မင်းအဖိုးကတော့အဲ့လောက်အချိန်ရပါ့မလား"

ဟိုထျန်းယွီက ဖုန်းရှောင်ရွှီအားပိုင်ဆိုင်နိုင်ရန်ယုတ်မာသည့်နည်းလမ်းများကိုပါသုံးလာလေသည်။

"နင်....နင်....ခွေးကောင်..."

ဖုန်းရှောင်ယွီက ဒေါသတကြီးကျိန်ဆဲလိုက်လေသည်။

"ဟိုထျန်းယွီ မင်းကအာဏာကိုအလွဲသုံးစားလုပ်ရဲတယ်ပေါ့ မင်းမှာအခွင့်အရေးတွေရှိနေလို့ ဒီလိုလုပ်ရဲနေတာလဲ"

ဖုန်းရှောင်ကန်ကလည်းဒေါသထွက်နေလေသည်။

"ဟားဟား...ဘာအခွင့်အရေးရှိလို့လဲဟုတ်လား။ငါ့အဖေက ကျန်းစီဒေသရဲ့ဒုစုံစမ်းရေးမှူးပဲ ဒီမြို့မှာ သူ့စကားကအရာရာပဲ"

ဟိုထျန်းယွီကမထူးဆန်းသလိုပြောလာလေသည်။

သူ့စကားကြောင့်ကျိုးဟောင်ကမျက်လုံးမှေးပြီးစိုက်ကြည့်လိုက်လေသည်။ ကျန်းစီဒေသမှာဒီလောက်ပျက်စီးနေလိမ့်မည်လို့သူမထင်ခဲ့ပေ။ ဒီဒေသကြီးဒုစုံစမ်းရေးမှူးသားက နေ့ခင်းကြောင်တောင်ပြန်ပေးဆွဲဖို့ကြိုးစားနေလေသည်။

....................................................................................

အခန်း(၆၂၅)ပြီးပါပြီ။

အခန်း (၆၂၆) : စမ်းကြည့်လိုက်ပါ

ဖုန်းဖျင်ရှန်သည် ထိုစကားကို ကြားသောအခါ အလွန်အမျက်ထွက်ပြီး ချက်ချင်းပင် ပြောလိုက်သည်။

"ငါ ခက်ခဲတဲ့ အခြေအနေတွေ အများကြီး ဖြတ်သန်းခဲ့ပြီးပြီ မင်းလိုလူတစ်ယောက်ကို ဘာလို့ ကြောက်ရမှာလဲ ဒါက ငါ့အသက်ကို ပေးလိုက်ရုံပဲ မဟုတ်လား ငါ့ အသက် ၇၀-၈၀ ရှိနေပြီ သေရမဲ့အချိန်‌ရောက်နေပြီ မြေးမလေး သူ့ကိုဂရုမစိုက်နဲ့"

ဖုန်းဖျင်ရှန်သည် လွယ်လွယ်အရှုံးမပေးတတ်သော လူတစ်ဦးဖြစ်ပေရာ အနည်းငယ် ဒေါသထွက်နေသော မျက်နှာဖြင့် ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ကျိုးဟောင်သည် သူ၏ဦးလေးသည်ယခင်အချိန်က စွမ်းရည်အချို့ရှိခဲ့ကြောင်း သိထားသည်။

သူသည် သိုင်းပညာရှင်မဟုတ်သော်လည်း သူလိုချင်သည့်အတိုင်း ဖြစ်အောင် လုပ်နိုင်စွမ်းရှိသည်။

"ကျုပ်ကို ဂရုမစိုက်နဲ့ ဟုတ်လား....အဘိုးကြီး ခင်ဗျားက ရူးနေတာလား ကျုပ်က ဒီကိုနောက်ပြောင်ဖို့ လာနေတယ်လို့ ထင်နေတာလား"

"ခင်ဗျားက ဒီဆေးရည်ကို မလိုချင်ရင်တောင် ဘာမှမဖြစ်ဘူး ဒါပေမဲ့ ဒီ ဖုန်းရှောင်ရွေ့ ကတော့ ဒီနေ့ ကျုပ်နဲ့အတူ လိုက်ရမယ် သူကျုပ်နဲ့အတူ သုံးရက်ကနေ ငါးရက်လောက် လိုက်နေပေးရင် သူ့ကို ပြန်လာခွင့် ပေးမယ် ပြီးတော့ ခင်ဗျားတို့ လိုချင်တာ အကုန်လုံးကို ကျုပ်ပေးနိုင်တယ် ခင်ဗျားတို့ရဲ့ ဆန္ဒအားလုံးကိုလည်း ကျုပ်ဖြည့်ဆည်းပေးနိုင်တယ်"

"ဒါပေမဲ့ ခင်ဗျားတို့ မသဘောတူရင်တောင်မှ ဒီနေ့ကျုပ် သူ့ကို အတင်းအကြပ် ခေါ်သွားမှာပဲ နားလည်လား"

ဟိုထျန်းယွီက မာနကြီးစွာဖြင့် ချက်ချင်းပင် ပြောလိုက်သည်။

"ရှင်... ရှင်ကအရှက်မရှိတဲ့ လူပဲ" ဖုန်းရှောင်ရွှီ မှာ ဒေါသထွက်သွားခဲ့သည်။

"ဘာဖြစ်လဲ။ ငါက ဘယ်လိုလုပ် အရှက်မရှိတဲ့လူဖြစ်ရမှာလဲ ယောကျ်ားတွေက မိန်းမတွေကို ကြိုက်တာ ပုံမှန်ပဲ မဟုတ်လား မင်းမှာ လှပတဲ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်ရှိလို့သာ ငါ မင်းကို ကြိုက်တာ ဒါကို မင်းဝမ်းသာသင့်တယ် မဟုတ်ရင် ငါက ဘာလို့ မင်းကို ဂရုစိုက်နေရမှာလဲ"

"ပြီးတော့ မင်းငါ့မိန်းမ မလုပ်နိုင်ဘူးလား မင်းက ငါ့မိန်းမ တစ်နှစ်လုပ်ပေးရင် ငါ မင်းကို သုတေသနအဖွဲ့အစည်းတစ်ခုရဲ့ ဒါရိုက်တာရာထူးကို ချက်ချင်းရာထူးတိုးပေးမယ် ပြီးတော့မုန့်ဖိုးအနေနဲ့ တစ်နှစ်ကို ယွမ် ၁ ဘီလီယံပေးမယ်"

"မင်းရဲ့အဘိုးကို ဆေးရည် ပေးမယ်... မဟုတ်ဘူး မင်းရဲ့အဖေကိုတောင် ဆေးရည် ပေးမယ် ဘယ်လိုလဲ"

ဟိုထျန်းယွီသည် မထီမဲ့မြင်ပုံဖြင့် ထိုစကားများကို ပေါ့ပေါ့ပါးပါးပင်ပြောနေပေသည်။

သို့သော်လည်း သူ၏စကားကို ကြားသောအခါ ဖုန်းမိသားစုသည် အမျက်ထွက်ပြီး သူတို့၏မျက်နှာများ ဖြူဖျော့သွားသည်။

ဝမ် ရှုယွင်နှင့် ကျိုး ရွှယ်ကောတို့သည် ကျိုးဟောင်ကို ကြည့်ကာမေးလိုက်ကြသည်။

"သား ငါတို့ ဘာလုပ်ရမလဲ သား ဖြေရှင်းပေးနိုင်မလား"

ကျိုးဟောင်သည် ဤကိစ္စအားသေချာပေါက်ဖြေရှင်းပေးနိုင်ပေသည်။ ဤကိစ္စသည်ကြီးမားသောကိစ္စ မဟုတ်ပေ။

"စိတ်မပူပါနဲ့ အဖေနဲ့အမေ သားရှိနေရင်အားလုံး အဆင်ပြေသွားမှာပါ"

ကျိုးဟောင်မှာပြုံးရင်းပြောလိုက်သည်။ ထိုစကားကြားပြီးနောက် ကျိုးရွှယ်ကောနှင့် ဝမ်ရှုယွင်တို့ မှာစိတ်အေးသွားကြသည်။

"ကောင်းပြီ ငါ မင်းတို့ကို စဉ်းစားဖို့ သုံးမိနစ် အချိန်ပေးမယ် ဖုန်းရှောင်ရွှီ မင်း သေချာစဉ်းစားပြီးပြီဖြစ်ဖြစ် မစဥ်းစားရသေးဘူးဖြစ်ဖြစ် ငါနဲ့အတူ ထွက်သွားဖို့ ပြင်ဆင်ထားလိုက်တော့"

ဟိုထျန်းယွီသည် သူတို့၏ ထင်မြင်ချက်များကို လုံးဝ ဂရုမစိုက်ပါ။

ကျိုးဟောင်သည် ထိုအချိန်တွင် ပြုံးလိုက်ပြီးပြောလိုက်သည်။

"စိတ်ဝင်စားစရာပဲ ဒီနေ့ လူ့အရေခြုံထားတဲ့ တိရစ္ဆာန်တစ်ကောင်ကို တွေ့ရမယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး"

ကျိုးဟောင်၏ စကားများကြောင့် အခန်းထဲရှိ လူတိုင်း ချက်ချင်းမှင်တက်သွားကြသည်။

အထူးသဖြင့် ဖုန်းမိသားစုဝင်များအားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

"ချီးပဲ မင်းက ငါ့ကို စော်ကားရဲတယ်ပေါ့ မင်းသေချင်နေတာလား"

ဟိုထျန်းယွီမှာ ချက်ချင်းပင်အမျက်ထွက်သွားခဲ့သည်။

သူသည်လက်ကို ဝှေ့ယမ်းပြီးပြောလိုက်သည်။

"လာကြစမ်း ဒီကောင်စုတ်ရဲ့ ခြေထောက်ကို ရိုက်ချိုးလိုက်"

ထိုသို့ပြောလိုက်သောအခါ ခန္ဓာကိုယ်တောင့်တင်းသော အမျိုးသားနှစ်ဦးမှာ နောက်မှ ထွက်လာခဲ့သည်။ ၎င်းတို့သည် သိုင်းပညာရှင်များ ဖြစ်သည်မှာသိသာပေသည်။

"ခဏနေဦး"

ထိုအရာကို မြင်သောအခါဖုန်းရှောင်ရွှီ မှာအလျင်အမြန် အော်ဟစ်လိုက်သည်။

"ဘာဖြစ်လဲ ငါ့အချစ်လေးက သဘောတူလိုက်ပြီလား"

ဟိုထျန်းယွီမှာ ပြုံးလိုက်သည်။

"ဒီကိစ္စက သူ့နဲ့ မဆိုင်ပါဘူး ရှင်တို့မှာ ရန်ငြိုးတစ်ခုခုရှိတယ်ဆိုရင် ကျွန်မကိုပဲအပြစ်ပေး ရှင် ... ရှင် ကတိပေးခဲ့တာ အကုန်လုံးကို လုပ်ပေးနိုင်မယ်ဆိုရင်ကျွန်မ...ကျွန်မ.."

ဖုန်းရှောင်ရွေ့သည် အံကြိတ်ကာပြောလိုက်ပြီး သူမ၏ မျက်နှာသည် ဖြူဖျော့နေခဲ့သည်။ ဤကိစ္စအား သူမ သဘောတူချင်နေပေသည်။

"ဒီလိုလူမျိုးက တိရစ္ဆာန်သာသာပဲရှိတာ မင်း သူ့စကားကို ယုံလို့မရဘူး"

ကျိုးဟောင်ထပ်မံပြောလိုက်ရာ ဟိုထျန်းယွီမှာ ပို၍ပင် အမျက်ထွက်သွားခဲ့သည်။

ဖုန်းရှောင်ရွှီသည် သဘောတူတော့မလို ဖြစ်နေသော်လည်း နောက်ဆုံးတွင် ကျိုးဟောင်က ဝင်ရောက် နှောင့်ယှက်လိုက်သည်။

"မင်းက တကယ်ကို သေတွင်းတူးနေတာပဲ"

ဟိုထျန်းယွီသည် ချက်ချင်းပင်ဆဲဆိုလိုက်သည်။

"ဦးလေး... ဒီလူက ကျန်းရှီအခြေစိုက်စခန်းရဲ့ ဒုစုံစမ်းရေးမှူးရဲ့ သားပဲ သူက အရမ်းအစွမ်းထက်တယ် ဦးလေးဝင်မပါနဲ့ ကျွန်မ ကိုင်တွယ်နိုင်ပါတယ်"

ဖုန်းရှောင်ရွှီမှအလျင်အမြန် ပြောလိုက်သည်။ သူမသည် ကျိုးဟောင်အားဤကိစ္စတွင်ရောမပါစေလိုပေ။

"ဘာမှမဖြစ်ဘူး"

ကျိုးဟောင်သည် လုံးဝ ဂရုမစိုက်ပေ။ ယင်းအစား သူသည် ဟိုထျန်းယွီကို ကြည့်ကာ သူ၏ လက်ညှိုးကို ညင်သာစွာ မြှောက်လိုက်သည်။

ချက်ချင်းပင် ပြင်းထန်သောလေနှစ်ခု ထွက်ပေါ်လာပြီး သိုင်းပညာရှင်နှစ်ဦး၏ ဒူးခေါင်းများကို ထိုးဖောက်သွားပေရာ ထိုနှစ်ဦးအား ချက်ချင်းပင် မြေပြင်ပေါ် ဒူးထောက်လဲကျသွားစေခဲ့သည်။

"သိုင်းပညာရှင်တွေအနေနဲ့ မင်းတို့က ငါတို့ရဲ့ ဇာတိမြေကို သေသည်အထိ ကာကွယ်ပေးရမှာကို မင်းတို့က မင်းတို့ရဲ့ စွမ်းရည်ကို အားကိုးပြီး မကောင်းတဲ့သူတွေကို ကူညီပြီး သာမန်လူတွေကို အနိုင်ကျင့်နေတယ် ကောင်းကင်ဘုံက ပေးထားတဲ့ မင်းတို့ရဲ့ပါရမီကို အလဟဿ ဖြစ်စေတာပဲ မင်းတို့က မင်းတို့ရဲ့ပါရမီကို ကောင်းတဲ့နေရာမှာမသုံးဖို့ စီစဉ်ထားတယ်ဆိုမှတော့ ကောင်းကင်ဘုံကိုယ်စား ဒီပါရမီကို ငါ ပြန်သိမ်းလိုက်မယ်"

ထိုသို့ပြောပြီး ကျိုးဟောင်သည် နှာခေါင်း ရှုံ့လိုက်သည်။

အခြားသူများက ဘာမှမခံစားရသော်လည်း သိုင်းပညာရှင်နှစ်ဦးမှာတော့ ထိတ်လန့်သွားခဲ့သည်။

သူတို့သည် အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု သူတို့အား လွှမ်းခြုံနေသည်ကို ခံစားလိုက်ရသည်။ ထိုအရှိန်အဝါသည် ဒုစုံစမ်းရေးမှူးဟိုပင် မယှဥ်နိုင်ပေ။

သူတို့သည် ရုန်းကန်ချင်ခဲ့သော်လည်း အချည်းနှီးပင်။ ကျိုးဟောင်သည် သူတို့၏ သွေးကြောများကို ချက်ချင်း ဖျက်ဆီးပစ်လိုက်ပြီး သူတို့ကို သာမန်လူများအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ဒီနေ့ကစပြီး သူတို့သည် သူတို့၏ကျင့်ကြံမှုစွမ်းရည်ကို ဆုံးရှုံးသွားရပြီဖြစ်သည်။

ဤမြင်ကွင်းသည် ထိုနေရာရှိ လူတိုင်းကို ကြောင်အသွားစေခဲ့သည်။ ဖုန်းရှောင်ရွှီသည် ကြောက်လန့်စွာ အသက်ရှုသွင်းလိုက်သည်။ ကျိုး‌ဟောင်သည် ဤအရာကို လုပ်ခဲ့သည်ဟု သူမ မယုံကြည်ရဲပေ။

ဖုန်းရှောင်ရွှီ၏စိတ်ထဲတွင် ကျိုးဟောင်သည် အလွန်အစွမ်းထက်သည်ဟု ခံစားမိလိုက်သည်။ သူ တစ်ခုခုလုပ်လိုက်သည်ကို သူမ မမြင်လိုက်ရသော်လည်း သိုင်းပညာရှင်နှစ်ဦးသည် မြေပြင်ပေါ် လဲကျနေပြီဖြစ်သည်။

ကျိုး ရွှယ်ကောနှင့် ဝမ် ရှုယွင်တို့လည်း သူတို့၏သားသည် ဤမျှအထိ အစွမ်းထက်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ သူတို့သည် မူလအဆင့်သိုင်းပညာရှင်များနှင့် ဆရာသခင်အဆင့်သိုင်းပညာရှင်များရှိသည်ကို သိကြသော်လည်း ၎င်းတို့၏စွမ်းရည်အတိအကျကို မသိကြပေ။

သူတို့သားသည် အစွမ်းထက်သည်ကို သူတို့သိကြသော်ငြား ဤလူများကို ကိုင်တွယ်ရန် အားထုတ်ရမည်ဟု ထင်ခဲ့ကြပြီး ထိုနှစ်ဦးကို ချက်ချင်း အနိုင်ယူနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ သူသည် အလွန်ပင် ကြမ်းတမ်းလှပေသည်။

"မင်း... မင်း... မင်းက ဘယ်သူလဲ"

ဟိုထျန်းယွီသည် ထိုနေရာ၌ပင် ကြောက်လန့်သွားခဲ့သည်။

သူသည် ကျိုးဟောင်က ဘယ်သူဖြစ်သည်ကို မသိသော်လည်း တစ်ဖက်လူ၏ ကျင့်ကြံမှုသည် အနည်းဆုံး မူလအဆင့်တွင် ရှိသည်ကိုသိ‌ပေသည်။

"မင်း မစော်ကားသင့်တဲ့လူ"

ကျိုးဟောင်သည် သူ့ကိုကြည့်ပြီး ပြုံးလိုက်သည်။ ထို့နောက် သူက ဆက်ပြောလာခဲ့သည်။

"မင်းက ဒီလိုနှာဘူး ဖြစ်နေတာဆိုတော့ ဖြေရှင်းဖို့နည်းလမ်းက တကယ်တော့ အရမ်းရိုးရှင်းပါတယ် ဒီနေ့ကစပြီး မင်းရဲ့ယောကျ်ားတစ်ယောက်အဖြစ် နေထိုင်ခွင့်ကိုဆုံးရှုံးသွားအောင်လုပ်လိုက်ရုံပဲပေါ့"

ထိုသို့ပြောပြီး ကျိုးဟောင်သည် သူ၏ လက်ညှိုးကို ညင်သာစွာလှုပ်ရှားလိုက်ပြီး လေလှိုင်းတစ်ခုကို ပစ်ထုတ်လိုက်သည်။ ၎င်းသည် ဟိုထျန်းယွီ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ချက်ချင်း ထိမှန်သွားသည်။ ချက်ချင်းပင် ဟိုထျန်းယွီသည် သူ၏ဂွကြားကို ဖုံးအုပ်ပြီး အော်ဟစ်လိုက်ရသည်။

ဤမြင်ကွင်းသည် ဖုန်းမိသားစုကို ကြောက်လန့်သွားစေသည်။

ဤလူသည် ဒုစုံစမ်းရေးမှူးဟို ၏ တစ်ဦးတည်းသောသား ဖြစ်သည်။ ဒုစုံစမ်းရေးမှူးဟိုသည် သားဖြစ်သူကို အလွန်ချစ်သည်။ မဟုတ်ပါကဟိုထျန်းယွီသည် ဤကဲ့သို့သောပုံမျိုး ဖြစ်နေမည် မဟုတ်ပေ။

ယခု ကျိုးဟောင်မှာစကားမဆုံးခင်မှာပင် တစ်ဖက်လူ၏ ယောကျ်ားဂုဏ်အင်အားဖျက်ဆီးပစ်လိုက်သည်။ ဤလုပ်ရပ်သည် ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် အတူတူပင်မဟုတ်ပါလော။

"ဦးလေး ဦးလေးက... အရမ်းအလျင်စလို လုပ်လွန်းတယ် သူ့အဖေကဒုစုံစမ်းရေးမှူးဟို ပဲ ဦးလေး... ဦးလေး ထွက်ပြေးတာ ပိုကောင်းမယ်"

ဖုန်းရှောင်ရွှီမှာ အလျင်အမြန် ပြောလိုက်သည်။ ဖုန်းမိသားစုဝင်များမှာလည်း ကြောက်လန့်လွန်း၍ သူတို့၏ မျက်နှာများမှာ ဖြူဖျော့နေခဲ့သည်။

"အဆင်ပြေပါတယ် စိတ်မပူပါနဲ့။"

ကျိုးဟောင်သည် ပြုံးလိုက်ပြီး လုံးဝ ဂရုမစိုက်ပေ။ ဤသည်မှာ ဖုန်းရှောင်ရွှီကို ဘာပြောရမှန်းမသိ ဖြစ်သွားစေခဲ့သည်။

"မင်းကောင်စုတ် မင်းက ငါ့ကို ဒီလိုလုပ်ရဲတယ်... ငါ... ငါ မင်းကို သတ်ပစ်မယ် သွား ဗိုလ်ကြီးကျောက်ကို သွားရှာ သွား"

ဟိုထျန်းယွီသည် ချက်ချင်း အော်ဟစ်လိုက်ပေရာ သူ၏နောက်မှ သိုင်းပညာရှင်များမှာအလျင်အမြန်ပင် ပြေးထွက်သွားကြသည်။

ကျိုးဟောင်သည် ထိုလုပ်ရပ်အားတားဆီးခြင်းမပြုပေ။ သူသည် ကျန်းစီရှိ အရာရှိများ မည်မျှ အကျင့်ပျက်ခြစားနေသည်ကို ကြည့်ချင်သည်။ အကျင့်ပျက်ခြစားမှုများ အလွန်အမင်း များနေပါက သူ ကူညီကာရှင်းလင်းပေးရန် စိတ်ထဲမထားပေ။

"ကောင်းပြီလေ သွားပြီးအကူအညီ ခေါ်လိုက် ဒီနေ့ ဘယ်သူက မင်းကို ကယ်တင်နိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ကျိုးဟောင်သည် စိတ်အနှောင့်အယှက်ဖြစ်မနေပေ။ ထို့နောက် သူသည် နောက်လှည့်၍ခန္ဓာပုံသွင်းအရည်တစ်ခုကို ထုတ်လိုက်သည်။

"ဦးလေး ကျွန်တော့်မှာ ဆေးရည် မရှိဘူး ဒါပေမဲ့ ဒီအာဟာရဖြည့်ရည်က ဆေးရည်ထက် ပိုကောင်းတယ် ဦးလေးစမ်းကြည့်လိုက်ပါ"

ကျိုးဟောင်မှာပြုံးကာပြောရင်း ၎င်းအားဖုန်းရှောင်ရွေ့ကိုပေးလိုက်သည်။

....................................................................................

အခန်း (၆၂၆) ပြီးပါပြီ။

အခန်း (၆၂၇) : နောက်ခံ

ဖုန်းရှောင်ရွေ့သည် ပစ္စည်းကို လက်ခံရရှိသောအခါ ခဏတာ အံ့အားသင့်သွားသည်။

သုတေသီတစ်ဦးဖြစ်သည့်အတွက် သူမသည် ဆေးဝါးများစွာကို နားလည်သည်။

ဤအရာကို သူမ မမြင်ဖူးသော်လည်း အရည်အသွေးကိုကြည့်၍ ပစ္စည်းကောင်းဖြစ်ကြောင်း သိနိုင်သည်။

သူမသည် အလျင်အမြန် စမ်းသပ်ရေးကိရိယာကို ထုတ်ပြီး ဆေးတစ်စက်ကိုချလိုက်သည်။

ချက်ချင်းပင် ပြသလာသည့် ဂဏန်းများသည် ဖုန်းရှောင်ရွှီနှင့် ဖုန်းရှောင်ကန်တို့ကို ထိတ်လန့်သွားစေခဲ့သည်။

“ဒီ… ဒီ အာဟာရဖြည့်ရည်က ကျွန်မတို့တီထွင်ထားတဲ့ တိုးမြှင့်အရည်ထက် အဆတစ်ရာ ပိုပြီး ထိရောက်မှုရှိတယ်… ဒါက…”

ဖုန်းရှောင်ရွှီသည် တုန်လှုပ်ပြီး မယုံနိုင်ဖြစ်နေသည်။

ဤသည်မှာ အခြေခံအကျဆုံးခန္ဓာပုံသွင်းရည် သာ ဖြစ်သည်။ ကျိုးဟောင်ထံတွင် ဤပစ္စည်း အများအပြားရှိသည်။ သူသည် လက်ဖျောက်တစ်ချက်ခတ်ပြီး အလုံးတစ်ရာပါသော သေတ္တာတစ်လုံးကို ချက်ချင်းထုတ်ယူလိုက်သည်။

“ငါ့မှာ ဒီထက်မက အများကြီးရှိသေးတယ် အကုန်ယူလိုက်”

ကျိုးဟောင်၏စကားဆုံးသောအခါ ဖုန်းရှောင်ရွှီနှင့် ဖုန်းရှောင်ကန်တို့မှာပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

“မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး… ဒါက… ဒါက အရမ်းဈေးကြီးတယ်…”

ဖုန်းရှောင်ရွှီ၏ အသက်ရှူသံမှာ ထိုနေရာတွင်ပင်မြန်လာခဲ့သည်။

“ဒီပစ္စည်းက အရမ်းဈေးကြီးတာလား ရှောင်ဟောင် မင်းက ဒါတွေကို အလကားရခဲ့တာ မဟုတ်လောက်ဘူး တကယ်လို့ အသုံးဝင်မယ်ဆိုရင် ဦးလေး မင်းဆီကနည်းနည်းဝယ်မယ် မင်းပိုက်ဆံကိုမရှုံးစေရပါဘူး”

ဖုန်းဖျင်ရှန်သည် ထိုအချိန်တွင် ပြောလိုက်သည်။ သက်ကြီးတစ်ဦးအနေဖြင့် သူသည် လူငယ်တစ်ဦးထံမှ ပစ္စည်းတစ်ခုကို ပေါ့ပေါ့တန်တန် ဘယ်လိုတောင်းနိုင်မည်လဲ။

“မလိုပါဘူး ဦးလေး ဦးလေးက ကျွန်တော်တု့ိမိသားစုကိုအများကြီးကူညီပေးခဲ့တာ ကျွန်တော်တို့ကလည်း ဦးလေးကို ကူညီရမှာပေါ့” ကျိုးဟောင်မှာ ပြုံးကာပြောလိုက်သည်။

“မှန်တယ် ဝမ်းကွဲညီ လက်ခံလိုက်ပါ”

ကျိုးရွှယ်ကောသည် ဒီပစ္စည်း၏ တန်ဖိုးကို မသိပေ။ မည်သို့ပင်ဖြစ်စေ သူ၏သားက တစ်ဖက်လူကို ပေးလို့ရသည်ဟုဆိုနေပါက ကိစ္စမရှိပေ။

သို့သော်လည်း ဖုန်းရှောင်ရွှီသည် ခေါင်းကို အလျင်အမြန် ခါသည်။

“ဒါက… ဒါက အကူအညီသေးသေးလေး မဟုတ်ဘူး ကျွန်မတို့ကုမ္ပဏီက တီထွင်ထားတဲ့တိုးမြှင့်အရည် တစ်ခုကို ယွမ် ၅သိန်းကျတယ် ဦးလေး ထုတ်လာတဲ့ဟာက တိုးမြှင့်အရည်အခု ၁၀၀ နဲ့ ညီမျှတယ် အဲဒါက… ယွမ် သန်း ၅၀တောင်တန်တယ်…”

“ပြီးတော့ အဲဒီလိုပစ္စည်းအပြည့်ပါတဲ့ သေတ္တာကြီးတစ်ခုဆို ဒါက… စုစုပေါင်း… စုစုပေါင်း ယွမ် ၅ ဘီလီယံပဲ!”

ဤဂဏန်းကို ပြောလိုက်သောအခါ လူတိုင်းမှာပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

ကျိုးရွှယ်ကောပင်လျှင် အံ့အားသင့်သွားသည်။ ဒီ… ဒီပစ္စည်းက တကယ် ယွမ် ၅ ဘီလီယံ တန်သည်လော။

သူ့သားသည် လွန်ခဲ့သောအချိန်က သူ့ကို အများကြီး ပေးခဲ့သည်။

ဒါ့အပြင် မကြာသေးခင်က သူက ပိုကောင်းတဲ့အရာတစ်ခုအားပြောင်းပေးခဲ့သည်။ အဲဒီအသစ်က ပိုပြီးတောင် ဈေးကြီးမည် မဟုတ်ပေလော။

ဝမ်ရှုယွင်လည်း သဘောပေါက်သွားပြီး အံ့အားသင့်နေခဲ့သည်။

ဖုန်းဖျင်ရှန်သည်လည်း ပါးစပ်အဟောင်းသားဖြစ်နေသည်။

“ဘာ… ၅ ဘီလီယံ… ဒီ… ဒီ…”

“ဒါက ကျွန်မရဲ့ အကြမ်းဖျင်း ခန့်မှန်းချက်ပဲ အာနိသင်က အဆတစ်ရာ တိုးလာပေမဲ့ ဈေးနှုန်းက အဆတစ်ရာထက် ပိုများနိုင်တယ် အဆတစ်ထောင် ဖြစ်နိုင်တယ် ဦးလေး ဦးလေး ပေးတဲ့ ဒီပစ္စည်းက တကယ်ကို အရမ်းဈေးကြီးလွန်းတယ် ကျွန်မတို့ တကယ်မယူနိုင်ဘူး”

ဖုန်းရှောင်ရွှီသည် အလျင်အမြန် ပြောလိုက်ရာ ကျိုးဟောင်မှာသက်ပြင်းချလိုက်သည်။

“ထားလိုက်ပါ ဒီအရာတွေက ငါ့အတွက် ဘာမှမတန်ပါဘူး ပြီးတော့ မင်းက သုတေသီတစ်ယောက် မင်းရဲ့သုတေသန အောင်မြင်ပြီး ကောင်းတဲ့အရာတွေ ထုတ်နိုင်တဲ့အခါ ငါ့ကို ပြန်ပေးလို့ရတယ်လေ”

ကျိုးဟောင်က ပြုံးပြုံးရွှင်ရွှင်နှင့် အလျင်အမြန် ပြောလိုက်သည်။

“ပြီးတော့ ဦးလေးက အခု ဒါကိုလိုအပ်နေတာ အားနာနေစရာ မလိုပါဘူး ဘယ်လိုဖြစ်ဖြစ်ငါတို့က မိသားစုပဲလေ”

ဤစကားများကြောင့် ဖုန်းရှောင်ရွှီအား ငြင်းဆန်ရန် တကယ်ခက်ခဲစေသည်။ ကျိုးဟောင်၏ စကားများက သူမအတွက် လက်ခံရန် အလွန်လွယ်ကူစေသည်ဟု ပြောရမည်။

“ဒါ… ဒါ…”

ဖုန်းရှောင်ရွှီသည် အသက်ပြင်းပြင်း ရှူပြီး ခေါင်းညိတ်လိုက်သည်။

“ဦးလေး ကျေးဇူးတင်ပါတယ်… ကျွန်မတို့ ဖုန်းမိသားစုက ဒီကျေးဇူးကို မေ့မှာမဟုတ်ပါဘူး”

ကျိုးဟောင်မှာပြုံးလိုက်သည်။ ထိုအချိန်တွင် တံခါးအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။ လူရောက်မလာမီ အသံက အရင်ထွက်ပေါ်လာသည်။

“ဘယ်ကကောင်စုတ်က ဒုစုံစမ်းရေးမှူးဟိုရဲ့သားကို ထိရဲတာလဲ တကယ်ကို ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”

သူ စကားပြောပြီးသည်နှင့် ခန္ဓာကိုယ်တောင့်တင်းသော အမျိုးသားတစ်ဦးသည် တံခါးကို ကန်ဖွင့်ပြီး ဝင်လာသည်။

ထိုလူကို မြင်သောအခါ ဟိုထျန်းယွီသည် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

“အကိုကျောက် သူပဲ အဲဒီလူပဲ"

ဗိုလ်ကြီးကျောက်သည် ကျိုးဟောင်ကို ကြည့်ပြီး အေးစက်စက်ပုံဖြင့် နှာခေါင်းကို ရှုံ့လိုက်သည်။ သူသည်ကျိုးဟောင်ကို လျစ်လျူရှုပြီး ဟိုထျန်းယွီကိုတိုက်ရန် ဆေးတချို့အားအလျင်အမြန် ထုတ်လိုက်သည်။

“သခင်လေးဟို ဒါကို သောက်ပြီးရင် တစ်ရှူးတွေ အားလုံး ပြန်ကောင်းလာလိမ့်မယ်။ အဲဒီနေရာဆိုရင်တောင် ပြန်ကောင်းနိုင်တယ် အရင်သောက်လိုက်ပါ ခဏနေရင် စစ်ဘက်ဧရိယာကို ခေါ်သွားပြီး အကောင်းဆုံးကိရိယာတွေနဲ့ သခင်လေးရဲ့ဒဏ်ရာတွေကို စစ်ဆေးပေးလိမ့်မယ်”

ဗိုလ်ကြီးကျောက်၏ စကားများကြောင့် ဟိုထျန်းယွီသည် အလွန်ပျော်ရွှင်သွားပြီး ဆေးကို အလျင်အမြန် သောက်လိုက်သည်။

ဤမြင်ကွင်းကြောင့် ကျိုးဟောင်၏ မျက်နှာမှာပျက်ယွင်းသွားခဲ့သည်။ ဒီဗိုလ်ကြီးကျောက်သည် တကယ်ကို မောက်မာပြီး ရွံစရာကောင်းသူ ဖြစ်နေပေသည်။

“ဗိုလ်ကြီးကျောက် ဟုတ်တယ်နော် ဒီလိုလုပ်တာက သူ့ကို တူညီတဲ့အကြောက်တရားကို နောက်တစ်ကြိမ် ခံစားရစေမယ်ဆိုတာ မင်းသိလား”

ကျိုးဟောင်မှာချက်ချင်းပြောလိုက်သည်။

ဗိုလ်ကြီးကျောက်သည် မျက်မှောင်ကြုတ်လိုက်သည်။

“ကောင်လေး မင်း ဘာပြောချင်တာလဲ”

“မင်းက သူ့ကို ဒုတိယအကြိမ် ခံစားရအောင် လုပ်နေတာပဲ” ကျိုးဟောင်က ဂရုမစိုက်စွာ ပြောလိုက်သည်။

“ဟားဟားဟား ရယ်စရာကောင်းလိုက်တာ ကောင်လေး မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ အခု ငါရောက်နေပြီဆိုတော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့ မင်းက သခင်လေးဟိုကို ထိခိုက်အောင် လုပ်ရဲတယ် မင်းက မကြာခင် သေတော့မယ့်သူ ဖြစ်တော့မှာ”

စကားပြောနေစဉ်မှာပင် ဗိုလ်ကြီးကျောက်၏ ကျင့်ကြံမှုစွမ်းရည် ထွက်ပေါ်လာခဲ့သည်။ ၆ဆင့်မြောက် မူလအဆင့်စွမ်းအားဖြင့် သူသည်လည်း ပညာရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။

သို့သော်လည်း ထိုကဲ့သို့သော ပညာရှင်သည် ကျိုးဟောင်၏ မျက်လုံးထဲတွင် အလွန်သေးနုပ်လှသည်။

“၆ဆင့်မြောက် မူလအဆင့်ပညာရှင်တစ်ယောက်ကငါ့ရှေ့မှာဘဝင်မြင့်ရဲတယ် ရယ်စရာကောင်းလိုက်တာ”

ကျိုးဟောင်မှာ ပြုံးလိုက်ပြီး လှုပ်ရှားခြင်းမရှိသေးပေ။ ထို့နောက် သူ၏ကျင့်ကြံမှုစွမ်းရည်မှာ ပေါက်ကွဲထွက်လာခဲ့ပြီး ဗိုလ်ကြီးကျောက်ကို ဖိနှိပ်လိုက်သည်။

ကောင်းကင်ဘုံအဆင့်၏ အစွမ်းထက်သော ခွန်အားသည် ဗိုလ်ကြီးကျောက်ကို ချက်ချင်း သွေးအန်သွားစေသည်။ သူသည် ထိုဖိအားကြောင့် ချက်ချင်း မြေပြင်ပေါ် ဒူးထောက်လဲကျသွားခဲ့သည်။

ခလွပ်....

စင်စစ်တွင် ဤအစွမ်းထက်သော ဖိအားအောက်တွင် သူ၏ ခြေထောက်များမှာ ချက်ချင်းပင်ကျိုးသွားခဲ့ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပြင်ပေါ်တွင်ပြားပြားဝပ်နေပြီး လှုပ်ရှား၍ပင်မရတော့ပေ။

“မူလအဆင့်ရှိတဲ့ အရာရှိတစ်ယောက်က တကယ်ကို မလျော်ကန်တဲ့ အပြုအမူတွေ လုပ်နေပြီး သူများအကြိုက်လိုက်နေတယ် ကျန်းစီအခြေစိုက်စခန်းရဲ့ အဓိကအဖွဲ့ဝင်တွေကို ကိုင်တွယ်ရတော့မယ် ထင်တယ်!”

ကျိုးဟောင်သည် ချက်ချင်း ပြောလိုက်ရာ ဗိုလ်ကြီးကျောက်မှာအလွန်အမင်း တုန်လှုပ်သွားခဲ့သည်။

တစ်ဖက်လူက ဒီလိုစကားမျိုး ပြောရဲသည်ဆိုကတည်းက သူသည်သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာကို ဖော်ပြနေခြင်းပင်ဖြစ်သည်။ ထို့အပြင် သူ့ရဲ့ကျင့်ကြံမှုစွမ်းရည်က တကယ်ကို အစွမ်းထက်လွန်းလှသည်။

သူ၏အသက်မှာ မည်မျှသာရှိသေးပါသနည်း။ သူသည် အသက်နှစ်ဆယ်ကျော်လေးသာရှိသေးသော်ငြား ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်နေပေပြီ ဤအချက်သည်ဘယ်လိုမှမဖြစ်နိုင်ပေ။

“မိတ်ဆွေ မင်းဘယ်သူလဲဆိုတာ ပြောပြပေးပါ… တကယ်လို့ အခွင့်အရေးရှိရင်… ငါ ညှိနှိုင်းချင်တယ် ငါက ဒုစုံစမ်းရေးမှူးဟို ရဲ့ ကိုယ်ရေးကိုယ်တာအစောင့်ပါ”

ထိုအချိန်တွင် ဗိုလ်ကြီးကျောက်က ဒုစစ်ဆေးရေးမှူး ဟိုအကြောင်းကိုပင် ထည့်ပြောလိုက်သည်။ သို့သော် ကျိုးဟောင်၏ မျက်နှာက ပို၍ပင်ပျက်ယွင်းသွားသည်။

“မင်းက ငါ့ရဲ့ သရုပ်မှန်ကို သိဖို့ အရည်အချင်းမရှိဘူး ဒုစုံစမ်းရေးမှူးဟိုဟုတ်လား မဆိုးဘူး တကယ်ကို မဆိုးဘူး”

ကျိုးဟောင်သည် အေးစက်စက်ပုံဖြင့်နှာခေါင်း ရှုံ့လိုက်ပြီး အလွန်ဒေါသထွက်နေခဲ့သည်။

ဤသည်မှာ ဒေသတစ်ခုတည်းသာ ဖြစ်ပြီး ဤမျှ အကျင့်ပျက်ခြစားနေပေရာ အခြားဒေသများမှာရော မည်သို့ဖြစ်နေမည်နည်း။ သေချာပေါက် အတူတူပင်ဖြစ်နေလောက်သည်။

ရှေ့တန်းက စစ်သားများမှာ သွေးထွက်သံယို တိုက်ပွဲဝင်နေကြချိန်မှာ သူတို့က အေးအေးချမ်းချမ်းခံစားနေရရုံမက ယခုလိုမျိုးအရာတွေကိုပင် လုပ်ရဲနေသေးသည်။ သူတို့သည် တကယ်ကို သေတွင်းတူးနေခြင်းဖြစ်သည်!

ကျိုးဟောင်သည် အချိန်မဖြုန်းတော့ဘဲ ဟိုထျန်းယွီကို ချက်ချင်းပြောလိုက်သည်။

“မင်း ငါ့ကို ကိုင်တွယ်ဖို့ တစ်ယောက်ယောက်ကို ရှာချင်နေတာမလား ငါ မင်းကို အခွင့်အရေး ပေးမယ် မင်းတို့ ဟိုမိသားစုရဲ့ ကျောထောက်နောက်ခံကို ခေါ်လိုက် ဘယ်သူလဲဆိုတာ ငါသိချင်တယ်”

ကျိုးဟောင်ပြောပြီးသောအခါ ဟိုထျန်းယွီသည် ဒေါသတကြီးပြောလိုက်သည်။

“မင်း ငါ့ကို ကြောက်အောင် လုပ်ချင်နေတာလား မင်းအထင် ငါ မလုပ်ရဲဘူးလို့ တကယ်ထင်နေတာလား ကောင်းပြီ မင်းစောင့်သာနေလိုက်”

စကားပြောနေစဉ်မှာပင် ဟိုထျန်းယွီမှာ သူ၏ ဖခင်ကို ဖုန်းခေါ်လိုက်သည်။

“အဖေ၊ မြန်မြန်လာပါဦး လူတစ်ယောက်က ကျွန်တော့်ကို သတ်ချင်နေတယ်”

သူသည် ဖုန်းထဲတွင် ချက်ချင်း အော်ဟစ်ပြောလိုက်သည်။ ဤမြင်ကွင်းကြောင့် ဟိုကျန်းဖုန်း၏ မျက်နှာမှာချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။

“ဘာ မင်း ဘယ်မှာလဲ ငါ အခုပဲလာခဲ့မယ်”

...................................................................................

All Chapters