← Chapters

အခန်း (၆၂၈-၆၃၀)

Vol. 42 Ch. 628-630

အခန်း (၆၂၈-၆၃၀)

Vol. 42 Ch. 628-630

အခန်း (၆၂၈) : ၃ စက္ကန့်

ဟိုကျန်းဖုန်း ဒေါသထွက်နေသည်မှာ သဘာဝပင်။ ဒုစုံစမ်းရေးမှူးတစ်ဦးအနေဖြင့် သူ၏သားကို တစ်ယောက်ယောက်က သတ်ရန် ကြိုးစားသည်ကို သူ ဘယ်လို သည်းခံနိုင်မည်နည်း။

ထို့ကြောင့် စကားတစ်ခွန်းမျှ မပြောဘဲ သူသည် ကောင်းကင်သို့ ပျံတက်သွားပြီး သတ်လိုသောစိတ်ဖြင့် ကျန်းစီပြည်သူ့ဆေးရုံသို့ အလျင်အမြန် သွားလိုက်သည်။

သူသည် ပထမမြောက်ကောင်းကင်ဘုံအဆင့်ကျင့်ကြံမှုရှိပြီး ကျိုးဟောင်နှင့်တူသည်။ ထိုအချိန်တွင် သူသည် အရှိန်အပြည့်ဖြင့်ထွက်လာရာ ချက်ချင်းပင်ရောက်လာခဲ့သည်။

သူ့သား၏ အရှိန်အဝါကို ခံစားမိသောအခါ သူသည် အေးစက်စွာနှာခေါင်းကို ရှုံ့လိုက်သည်။ သူ၏အသံသည် ချက်ချင်းပင် လူနာ‌ဆောင်ထဲတွင် ပဲ့တင်ထပ်သွားသည်။ အစွမ်းထက်သော အရှိန်အဝါသည် ဘန်းခနဲအသံနှင့်အတူ ပြတင်းပေါက်ကို ပေါက်ကွဲစေပြီး သူ၏ပုံရိပ်သည် အခန်းထဲတွင်ချက်ချင်းပေါ်လာခဲ့သည်။

အခန်းထဲရှိ ဖုန်းမိသားစုဝင်များသည် ဒုစုံစမ်းရေးမှူးဟိုကို မြင်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ဤလူသည် ကျန်းရှီမှ အရေးပါသောလူတစ်ဦးဖြစ်သည်။ သူလည်း လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။

ပြီးဆုံးသွားပြီ....

အနည်းဆုံးတော့ ဖုန်းရှောင်ရွှီနှင့် ဖုန်းရှောင်ကန်တို့ နှစ်ယောက် တွေးနေကြသည်မှာ ထိုအတွေးပင် ဖြစ်သည်။ သူမတို့နှစ်ယောက်၏ မျက်နှာများသည် ချက်ချင်းပင်ဖြူဖျော့သွားသည်။

ကျိုးဟောင်သည် မျက်မှောင်ကြုတ်လိုက်သည်။ ဤဟိုကျန်းဖုန်းသည် တကယ်ကို ရဲတင်းလှသည်။ သူသည် အခြေစိုက်စခန်းထဲတွင်ကောင်းကင်ဘုံအဆင့်ကျင့်ကြံမှုစွမ်းအားကိုပင် ထုတ်သုံးရဲသည်။ သူသည် တကယ်ကို အနိုင်ကျင့်လွန်းသည်။

ကျိုးဟောင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ သူ၏အရှိန်အဝါသည် ပျံ့နှံ့သွားကာ ဖိအားအားလုံးကို ချက်ချင်းပိတ်ဆို့လိုက်သည်။

မဟုတ်ပါက လွန်ခဲ့သော စက္ကန့်အနည်းငယ်က အရှိန်အဝါသည် အခန်းထဲရှိ လူများအား ပြင်းပြင်းထန်ထန် ဒဏ်ရာရစေရန် လုံလောက်သည်။

ကျိုးဟောင်သည် ထိုနေရာတွင် ရပ်နေပြီး ဟိုကျန်းဖုန်းကို အေးစက်စွာ ကြည့်နေသည်။ တစ်ဖက်လူသည်လည်း ကျိုးဟောင်ကို မြင်လိုက်သောအခါ သူ၏မျက်နှာ အမူအရာသည်ချက်ချင်းပြောင်းလဲသွားသည်။

“လက်…လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုး”

ဟိုကျန်းဖုန်း၏ခေါင်းထဲတွင် တဝီဝီမြည်သွားပြီး သူ၏ဦးရေပြားပင်ထုံကျင်သွားခဲ့သည်။

သူ၏သားသည် လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုး ကို ရန်စခဲ့သည်ဟု သူ မမျှော်လင့်ခဲ့ပေ။

“ဒုစုံစမ်းရေးမှူးဟို ခင်ဗျားက တကယ်ကို မာန်မာနကြီးတာပဲ အခြေစိုက်စခန်းထဲမှာ သိုင်းပညာရှင်တစ်ယောက်ရဲ့ကျင့်ကြံမှုကို အလျင်စလို မသုံးရဘူးဆိုတာ ခင်ဗျား မသိဘူးလား ခင်ဗျားက အဲဒါကို သုံးရုံတင်မကဘူး အတင်းအဓမ္မပါ ဝင်ရောက်လာသေးတယ် ခင်ဗျားကကျုပ်ရဲ့ အမြင်ကို တကယ်ကိုကျယ်စေတာပဲ”

ကျိုးဟောင်၏ စကားများကြောင့် ဟိုကျန်းဖုန်း၏ နှလုံးသားသည် အေးခဲသွားသည်။

ကျိုးဟောင် ဒေါသထွက်နေသည်ကို သူသိသည်။

“လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုး… နား… နားလည်မှုမလွဲပါနဲ့ ကျွန်တော့်မှာ ရွေးချယ်စရာမရှိခဲ့လို့ပါ ကျွန်တော့်သားက တစ်ယောက်ယောက်က သူ့ကို သတ်ချင်တယ်လို့ ပြောလို့…”

ဟိုကျန်းဖုန်းသည် အလျင်အမြန် ပြောလိုက်သည်။ သူသည် ကျိုးဟောင်ကို လွယ်လွယ်ကူကူ ရန်မစရဲပေ။

သူ၏အဆင့်အတန်းသည် အမျိုးမျိုးသောဌာနခွဲများမှ အကြီးအကဲများနှင့် အတူတူပင်ဖြစ်သည်။ သူ့ဘက်မှ ကျိုးဟောင်အား လွယ်လွယ်ကူကူ ရန်စရဲရန်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

“သူ့ကို သတ်ဖို့မလိုပါဘူး ဥပဒေနဲ့အညီ အပြစ်ပေးရင်ရပြီ သူ့ကိုသတ်တာက ကျုပ် လက်ကို ညစ်ပတ်စေရုံပဲရှိမယ် ဒါပေမဲ့ ဒုစုံစမ်းရေးမှူးဟို ကျန်းရှီစခန်းရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ခင်ဗျားက ခင်ဗျားရဲ့သားကို ဒီလိုမျိုး အလိုလိုက်လိမ့်မယ်လို့ ကျုပ်မမျှော်လင့်ခဲ့ဘူး။”

“ကျုပ် အံ့သြနေခဲ့တာက ဟိုထျန်းယွီက ဘာလို့ ဒီလောက်မာနကြီးရတာလဲဆိုတာ သူ့မှာ သူ့ကို ကျောထောက်နောက်ခံပေးတဲ့ ဖခင်ကောင်းတစ်ယောက် ရှိနေတာကိုး"

ကျိုးဟောင်သည် အေးစက်စွာဖြင့် ဂရုမစိုက်စွာ ပြောလိုက်သည်။

ထိုစကားကိုကြားပြီးနောက် အခန်းထဲရှိ လူတိုင်းမှာအံ့အားသင့်သွားခဲ့သည်။

အထူးသဖြင့် ဖုန်းမိသားစုဝင်များပင်။ သူတို့သည် အတော်လေးအံ့အားသင့်သွားခဲ့ကြသည်။ သူတို့သည် ဒုစုံစမ်းရေးမှူးဟို၏အဆင့်အတန်းကို သိကြသည်။ လက်ရှိအချိန်တွင် သူသည် ကျိုးဟောင်အား ရိုကျိုးစွာ စကားပြောနေသည်။ ဤသည်မှာ ဘာကိုဆိုလိုသနည်း။

ဤသည်မှာ ကျိုးဟောင်၏ အဆင့်အတန်းသည်အနည်းဆုံး ဒုစုံစမ်းရေးမှူးဟိုထက်ပိုမြင့်သည်ဟုဆိုလိုပေသည်။

ကျိုးရွှယ်ကောနှင့် ဝမ် ရှုယွင်တို့သည်လည်း မျက်လုံးပြူးသွားခဲ့သည်။ သူတို့သည် စုံစမ်းရေးမှူး၏အ‌ထောက်အထားကို သိကြသည်။ သူသည် အမျိုးမျိုးသောစခန်းများမှ အရေးအကြီးဆုံးအရာရှိဖြစ်သည်။ ထိုကဲ့သို့သော အဆင့်အတန်းရှိသူတစ်ဦးပင်လျှင် သူတို့၏သားရှေ့တွင် ဤသို့ပြုမူရသည်။

သူတို့သည် သူတို့၏သား၏အဆင့်အတန်းက ဘာလဲ၊ ဘာကြောင့် သူက ဤမျှအစွမ်းထက်နေရတာလဲဟုတွေးကာ မအံ့သြပဲမနေနိုင်တော့ပေ။

“လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုး ကျွန်တော်… ကျွန်တော့်သား ဘာလုပ်ခဲ့တယ်ဆိုတာ ကျွန်တော် မသိဘူး ဒါပေမဲ့ စိတ်မပူပါနဲ့ ကျွန်တော် သူ့ကို လွယ်လွယ်ကူကူ လွှတ်ပေးမှာ မဟုတ်ပါဘူး”

ဟိုကျန်းဖုန်းသည် အလွန်ကြောက်ရွံ့နေသည်။ သူသည် သူ၏သားကို ကြည့်လိုက်သောအခါ သူ၏မျက်လုံးများသည် ဒေါသခိုးတို့ဖြင့်ပြည့်နေခဲ့သည်။

ထိုအချိန်တွင် ဟိုထျန်းယွီသည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူက မည်မျှပင် ရူးသွပ်နေစေကာမူ "ကောင်စီအဖွဲ့ဝင်" ဟူသော စကားလုံးများက ဘာကိုဆိုလိုသည်ကို သူသိသည်။

သူသည် ဤနေရာတွင် ထိုကဲ့သို့သော သခင်ကြီးတစ်ဦးကို ကြုံတွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

“ဒုစုံစမ်းရေးမှူးဟို အပိုစကားတွေ ပြောမနေနဲ့ တကယ်လို့ ခင်ဗျာတတ်နိုင်ရင် ခင်ဗျားကို ကျောထောက်နောက်ခံပေးတဲ့သူကိုရှာလိုက် သူ ဘယ်သူလဲဆိုတာ ကျုပ်သိချင်တယ် မဟုတ်ရင် ခင်ဗျားသားကိုဒီနေ့အစိုးရရုံးကိုပို့လိုက်မယ် ခင်ဗျားကိုတော့ ခင်ဗျားရဲ့ ကျင့်ကြံမှုကို ချိတ်ပိတ်ပြီး အက်ကွဲကြောင်းဆီကို ၁၀ နှစ်ပို့လိုက်မယ်”

ကျိုးဟောင်သည် သူတို့အပေါ် အကြွင်းမဲ့ အာဏာရှိသည်။ စစ်ပွဲသည် တင်းမာနေပြီးကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦးကို ပေါ့ပေါ့တန်တန် သတ်မရသောကြောင့်သာ မဟုတ်ပါက ကျိုးဟောင်သည် သူ့အားအစောကြီးကတည်းက သတ်လိုက်ပြီဖြစ်သည်။

ထိုကဲ့သို့သောလူတစ်ဦးတွင် ထိုကဲ့သို့သောသား ရှိသည်ဆိုလျှင် သူသည် ကောင်းသောလူတစ်ယောက် မဟုတ်သည်မှာ သေချာသည်။

အနည်းဆုံးတော့ သူသည် ခေါင်းဆောင်ကောင်းတစ်ဦး မဟုတ်ပေ။

“လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုး ခင်ဗျား… ခင်ဗျားက ဒီလောက် ရက်စက်စရာ တကယ်လိုလို့လား ခင်ဗျားကျွန်တော့်သားကို အပြစ်ပေးခဲ့ပြီးပြီပဲ အဲဒါက… လုံလောက်ပြီ မဟုတ်ဘူးလား”

ဟိုကျန်းဖုန်း၏ မျက်နှာ အမူအရာမှာချက်ချင်းပြောင်းလဲသွားပြီး သူ၏စိတ်ထဲတွင်ဒေါသဖြစ်လာခဲ့သည်။

သူ၏သားသည် ယောကျ်ားဂုဏ်ရည်ဖျက်ဆီးခံလိုက်ရပြီး ထိုနေရာတွင်ပင် ဒူးထောက်နေရသေးသည်။ ဤလောက်ဆိုပါက လုံလောက်ပြီ မဟုတ်ပါလော။

တစ်ဖက်လူသည် ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်နေသော်လည်း ဤလုပ်ရပ်သည် တရားလွန်ပေသည်။

“လုံလောက်ပြီလား ဒုစုံစမ်းရေးမှူးဟို ခင်ဗျားက ကျုပ်ပြောတာကို နားမလည်ဘူး ထင်တယ် မိသားစုတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်စည်းကမ်းတွေ ရှိတယ် အလားတူပဲ နိုင်ငံသားတွေအနေနဲ့ကျုပ်တို့က နိုင်ငံရဲ့စည်းကမ်းတွေကို လိုက်နာဖို့ လိုတယ် ကျုပ်က စည်းကမ်းတွေကို လိုက်နာနေတာပဲ”

“ပြီးတော့ ကျုပ်လုံလုံလောက်လောက်သဘောထားကြီးပေးပြီးပြီ ခင်ဗျားကကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်ပြီး လူသားမျိုးနွယ်ကို ကူညီခဲ့လို့သာ မဟုတ်ရင် ကျုပ်ခင်ဗျားကိုသတ်ပစ်လိုက်တာကြာလှပြီ"

ကျိုးဟောင်သည် အေးစက်စွာနှာခေါင်းကို ရှုံ့ကာပြောလိုက်ပြီး သူ၏သဘောထားသည် အလွန်ခိုင်မာနေခဲ့သည်။ ဤမြင်ကွင်းကြောင့် ဟိုကျန်းဖုန်း၏ မျက်နှာ အမူအရာမှာအလွန်ဆိုးရွားသွားသည်။

“လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုး တကယ်လို့ ခင်ဗျားက ဒီလိုလုပ်ချင်တယ်ဆိုရင် ကျွန်တော် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ကျွန်တော့်အသက်ကို စွန့်စားရုံပဲ ရှိတော့မယ်"

ဟိုကျန်းဖုန်းသည် ချက်ချင်း ပြောလိုက်သည်။ ဤကိစ္စသည် ယနေ့ ငြိမ်းချမ်းစွာ ပြီးဆုံးမည်မဟုတ်ကြောင်း သူသိလိုက်ပေသည်။

“ခင်ဗျားက ကျူပ်ရဲ့ပြိုင်ဘက် မဟုတ်ဘူး ကျုပ်တိုက်ခိုက်ရင် ခင်ဗျား သုံးစက္ကန့်တောင် ခံနိုင်မှာ မဟုတ်ဘူး”

ကျိုးဟောင်သည် ဂရုမစိုက်စွာ ပြောလိုက်ရာ ဟိုကျန်းဖုန်းမှာမျက်မှောင်ကြုတ်သွားခဲ့သည်။

“လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုးက ပါရမီရှင်တစ်ဦးဖြစ်ပေမဲ့ ခင်ဗျားက ကျွန်တော့်ကို သုံးစက္ကန့်အတွင်း အနိုင်ယူနိုင်မယ်လို့ တွေးတာက နည်းနည်းချဲ့ကားပြောရာ ရောက်နေတယ် မဟုတ်ဘူးလား”

ဟိုကျန်းဖုန်းသည် ချက်ချင်း ပြောလိုက်သည်။

“ခင်ဗျားက မယုံဘူးလား ကောင်းပြီ‌လေ ကျုပ်ခင်ဗျားကို ပြမယ်”

ကျိုးဟောင်မှာပြုံးလိုက်ပြီး အချိန်ဖြုန်းမနေတော့ပေ။ သူ၏မျက်လုံးထဲတွင် ထူးဆန်းသောစွမ်းအားတစ်ခုဖျက်ခနဲပေါ်လာခဲ့သည်။ သူသည် စိတ်ပိုင်းဆိုင်ရာစွမ်းအား အများကြီးကို မသုံးနိုင်သေးသော်လည်း ရိုးရှင်းသော စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို အသုံးပြုနိုင်သေးသည်။

ထို့ကြောင့် သူ၏မျက်လုံးများက ထူးဆန်းသောအရောင်ဖြင့်ဖျက်ခနဲလင်းသွားသောအခါ ဟိုကျန်းဖုန်းသည် အဆုံးမဲ့လှောင့်ချိုင့်ထဲတွင် ပိတ်မိသွားပြီ ဖြစ်သည်။

ကျိုးဟောင်သည် သူ့အားဂရုမစိုက်ပေ။ သူသည် လက်ကို ချက်ချင်းဝှေ့ယမ်းလိုက်ပြီး ဟိုကျန်းဖုန်းကို စိတ်ဓာတ်ကျသွားစေခဲ့သည်။ နောက်တစ်စက္ကန့်တွင် ဟိုကျန်းဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချွေးအေးများ ဖုံးလွှမ်းသွားပြီး မြေပြင်ပေါ်သို့ ထိုင်ချလိုက်ရသည်။

ကျိုးဟောင်သည် အဆုံးမဲ့လှောင့်ချိုင့်ကို ဖယ်ရှားလိုက်သည့်အခိုက်တွင်ဟိုကျန်းဖုန်းသည် ပြန်လည်ကောင်းမွန်လာပြီး အသက်လုရှူနေသည်။ ထိုအချိန်တွင် သူသည် သူ့ရှေ့မှ လူငယ်သည် မည်မျှအစွမ်းထက်သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

ဤမြင်ကွင်းသည် အခန်းထဲရှိ လူတိုင်းကို ပဟေဠိဖြစ်သွားစေခဲ့သည်။ ကျိုးဟောင် စကားဆုံးသည်နှင့် ဟိုကျန်းဖုန်းမြေပြင်ပေါ် ထိုင်ချလိုက်သည်မှာ စက္ကန့်အနည်းငယ်သာကွာဟပေသည်။

ဤကဲ့သို့သော ခွန်အားသည် ဖုန်းမိသားစုဝင်များကို မျက်လုံးပြူးစေသည်။

သူ့ရှေ့မှ လူသည် ကျန်းရှစခန်းတွင် ဒုတိယစွမ်းအားအကြီးဆုံးပညာရှင်ဖြစ်သည်။ ကျိုးဟောင်သည် ထိုကဲ့သို့သောလူအား ဘယ်လိုများ ချက်ချင်း သတ်နိုင်ပါသနည်း။

“လက်ခံပြီလား ဒုစုံစမ်းရေးမှူးဟို”

ကျိုးဟောင်က ဂရုမစိုက်စွာ ပြောလိုက်သည်။

အစောပိုင်းက စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုသည် ဟိုကျန်းဖုန်း၏တိုက်ခိုက်ရေးစွမ်းအားကို ဆုံးရှုံးသွားစေခဲ့သည်။ ကျိုးဟောင်အတွက် တိုက်ခိုက်ရေးစွမ်းအား နိမ့်ကျသူများကို ကိုင်တွယ်ရန်မှာအလွန်လွယ်ကူလှသည်။

ဟိုကျန်းဖုန်းသည် စကားမပြောနိုင်ဖြစ်နေသည်။ သူ၏မျက်နှာသည် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နေသည်။

ပြီးခဲ့သည့်စက္ကန့်အနည်းငယ်အတွင်းတွင် သူသည် အဆုံးမရှိသော ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားခဲ့ရသည်။ ဤညှဉ်းပန်းနှိပ်စက်မှုသည် သူ၏စိတ်ပိုင်းဆိုင်ရာစွမ်းအားကို တိုက်ရိုက်သက်ရောက်ပြီး သူ့အားပင်ပန်းနွမ်းနယ်စေကာ မည်သည့်တိုက်ခိုက်ရေးစွမ်းအားမျှ မရှိတော့အောင်လုပ်နိုင်ပေသည်။

ထိုအခါမှသာ သူတို့သည် ပထမမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်များဖြစ်ကြသော်လည်း သူနှင့် ကျိုးဟောင်ကြားရှိ ကွာခြားချက်သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသည်ကို သိလိုက်ပေသည်။

သို့သော်လည်း ထိုအချိန်တွင် စင်္ကြံမှ အလောတကြီး ခြေသံများ ထွက်ပေါ်လာသည်။ ထို့နောက် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးသည်တစ်ယောက်ပြီးတစ်ယောက် လူနာဆောင်ထဲသို့ ဝင်လာကြသည်။ သူတို့သည် ထိုမြင်ကွင်းကို မြင်သောအခါ အံ့သြသွားခဲ့ကြသည်။

....................................................................................

အခန်း (၆၂၈) ပြီးပါပြီ။

အခန်း (၆၂၉) : အကြီးအကဲဖန်း

ရောက်လာသူသည် စုံစမ်းရေးမှူးချုပ်လု ဖြစ်သည်။

သူသည် ထိုသတင်းကို ကြားပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ကျိုးဟောင်သည် မည်သူပါနည်း။ သူသည် စီနီယာကျိ အလေးအနက်ထားသောသူ ဖြစ်သည့်အပြင်လက်ထောက်ကောင်စီအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

သူ၏အဆင့်အတန်းဖြစ်စေ ကျင့်ကြံမှုဖြစ်စေ သူတို့ နှိုင်းယှဉ်လို့မရပေ။

ဒုစုံစမ်းရေးမှူးဟို၏သားသည် ထိုကဲ့သို့သောလူတစ်ဦးကို ရန်စခဲ့သည်။ သူသည် ကိုယ့်သေတွင်းကိုယ်တူးနေခြင်း မဟုတ်ပေလော။

သို့သော်လည်း လက်ရှိအချိန်တွင် သူသည် အခြားအလယ်အလတ်အရွယ် အမျိုးသားတစ်ဦး၏နောက်တွင် ရိုသေလေးစားစွာ ရပ်နေသေးပေသည်။

သူသည် ကျန်းရှီအခြေစိုက်စခန်း၏ စုံစမ်းရေးမှူးဖြစ်ပြီး အခွင့်အာဏာအရှိဆုံးလူဖြစ်သော်လည်း သူသည် ဤလူထက် နိမ့်ကျနေသေးသည်။

အကြောင်းမှာ ဤလူသည်အစိမ်းရောင်တိမ်တိုက်ဌာန၏ အကြီးအကဲများထဲမှ တစ်ဦးဖြစ်သော ဖန်ရှန်းပင် ဖြစ်သည်။

ဤလူသည် ဟိုမိသားစု၏ ကျောထောက်နောက်ခံဖြစ်ပြီး ဟိုကျန်းဖုန်း၏ ညီအစ်ကိုဝမ်းကွဲလည်း ဖြစ်သည်။

ယခု သူ့ရဲ့ ညီအစ်ကိုဝမ်းကွဲနဲ့ တူတော်မောင်တို့မှာ ပြဿနာဖြစ်နေသည်ဆိုကတည်းက သူလာကြည့်ရမည်မှာသဘာဝပင်ဖြစ်သည်။

သို့သော်လည်း သူသည် ဝင်လိုက်သည်နှင့် ဤမြင်ကွင်းကို မြင်လိုက်ရသည်။

ဟိုကျန်းဖုန်းသည် ပထမမြောက်ကောင်းကင်ဘုံအဆင့်ကျင့်ကြံမှုရှိသည်။ သို့သော်လည်းသူသည် ချက်ချင်းပင် ကျိုးဟောင်၏ဖြေရှင်းခံလိုက်ရသည်။ ကြည့်ရသည်မှာ သူသည် စိတ်ပိုင်းဆိုင်ရာ စွမ်းအားကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပုံပေါ်သည်။

သူကတော့ တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်သာ ဖြစ်ပေရာ ကျိုးဟောင်ကို ရင်ဆိုင်ရသောအခါ သူသည် ပေါ့ပေါ့တန်တန် စကားပြောရဲမည် မဟုတ်ပေ။

ထို့အပြင် သူသည် ကျိုးဟောင်၏ အချက်အလက်များကိုလည်းကောင်းကောင်းသိထားပေသည်။ မီးနတ်ဘုရားအဖွဲ့ကို ဝင်နိုင်သူများသည် အနည်းဆုံး ၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့် တိုက်ခိုက်ရေးစွမ်းအားရှိကြပေသည်။

ဤလူသည် ပထမမြောက်ကောင်းကင်ဘုံအဆင့်ဖြင့် ဝင်ရောက်ခဲ့သည်ဟူသောအချက်သည် အရာအားလုံးကို ရှင်းပြရန် လုံလောက်သည်။

“လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုး…”

ထိုအချိန်တွင် စုံစမ်းရေးမှူးလုသည် အလျင်အမြန် စကားပြောလိုက်သည်။

ကျိုးဟောင်သည် သူတို့ကို မြင်နေသည်မှာ ကြာပြီဖြစ်ပေရာ မပြုံးဘဲ မနေနိုင်ပေ။

“စုံစမ်းရေးမှူးလု ခင်ဗျားက ဒုစုံစမ်းရေးမှူးဟို ရဲ့ ကျောထောက်နောက်ခံလား ခင်ဗျားလည်း သူ့ကို ကူညီဖို့ ဒီကိုရောက်လာတာလား”

စုံစမ်းရေးမှူးလုသည် ဤစကားကို ကြားသောအခါ ချက်ချင်းပင်ရှက်ရွံ့သွားခဲ့သည်။ ကျိုးဟောင် ဒေါသထွက်နေသည်ကို သူသိပေသည်။ ယနေ့ကိစ္စကို လွယ်လွယ်ကူကူ ဖြေရှင်း၍မရတော့ပေ။

“လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုး မင်္ဂလာပါ ကျွန်တော်က အစိမ်းရောင်တိမ်တိုက်ဌာနရဲ့ အကြီးအကဲတွေထဲက တစ်ဦးဖြစ်တဲ့ ဖန်းရှန်းပင်း ပါ လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုး အရေးယူတယ်ဆိုတော့ ဟိုမိသားစုက ကြီးမားတဲ့အမှားတစ်ခု ကျူးလွန်ထားတာကြောင့် ဖြစ်မယ်ဆိုတာ ကျွန်တော် သိပါတယ် ဒါပေမဲ့ ဟိုမိသားစုရဲ့ လူသားမျိုးနွယ်အတွက်ကူညီပေးခဲ့တာကိုထောက်ထားပြီး ဒီတစ်ကြိမ်တော့ သူ့ကို လွှတ်ပေးဖို့ မျှော်လင့်ပါတယ် ဒီလိုဆိုရင် ကျွန်တော်တို့ ဖန်မိသားစုနဲ့ ဟိုမိသားစုတို့က အရမ်းကျေးဇူးတင်မိမှာပါ”

ဤကိစ္စသည်ကြီးမားသွားလို့ မရပေ။ ဟိုကျန်းဖုန်းသည် ကောင်းကင်ဘုံအဆင့်ပညာရှင်ဖြစ်သည်။ တကယ်လို့ သူ့ကို တစ်ခုခုဖြစ်ခဲ့ရင် သူတို့မိသားစုနှစ်ခုအတွက် ကြီးမားသောဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။

ကျိုးဟောင်သည် ဖန်းရှန်းပင်းကို ကြည့်ပြီး သူ၏မျက်လုံးများကို မှေးလိုက်သည်။ သူသည် ရင်ထဲတွင် တိတ်တဆိတ်အံ့သြနေသည်။ အစိမ်းရောင်တိမ်တိုက်ဌာန၏ အကြီးအကဲအထိ ထွက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သို့သော်လည်း ကျိုးဟောင်သည် ပို၍ပင် ဒေါသထွက်သွားခဲ့သည်။

“ကျုပ်က ဘယ်တုန်းကမှပြဿနာမရှာချင်ခဲ့ဘူး ဒီတိုင်း တချို့လူတွေက အရမ်းပြဿနာရှာလွန်းတယ် ဒါကြောင့် ကျုပ်လုပ်နိုင်တာ ဘာမှမရှိဘူး ဒီကိစ္စက ကျုပ်နဲ့ပတ်သက်နေတယ် ဒီတော့ ဒီလိုမျိုး ဖြေရှင်းဖို့ပဲ ရွေးချယ်လို့ရတယ်”

ကျိုးဟောင်သည် ဖန်ရှန်းပင်းကို ကြည့်ပြီး ပြောလိုက်သည်။

“ခင်ဗျား ဒီကိုရောက်လာတော့ ဒီကိစ္စက ကိုင်တွယ်ရလွယ်သွားပြီ အားလုံးကို မှန်ကန်တဲ့လမ်းကြောင်းပေါ် ပြန်တင်ကြတာ‌ပေါ့ ဟိုထျန်းယွီက ရာဇဝတ်မှုတွေ အများကြီး ကျူးလွန်ထားတယ် ကျုပ်စကားပြောပြီး အချိန်မဖြုန်းတော့ဘူး မြန်မြန်အစိုးရရုံးကိုပို့ပြီး စုံစမ်းစစ်ဆေးခိုင်းလိုက် သူရမဲ့ပြစ်ဒဏ်က သေဒဏ်လား ဒါမှမဟုတ် ပြင်းထန်တဲ့ပြစ်ဒဏ်လားဆိုတာ ကျုပ် သိချင်တယ်”

“ဒီဟိုကျန်းဖုန်း အတွက်ကတော့… ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦးအနေနဲ့ သူက အရမ်းတန်ဖိုးရှိပေမဲ့ သူ့ရဲ့ ကိုယ်ကျင့်တရားကတော့ မညီညွတ်ဘူး သူ့ရဲ့ကျင့်ကြံမှုကို မူလအဆင့်ကို လျှော့ချရမယ် ပြီးတော့ သူ့ကို ရှေ့တန်းကို လေ့ကျင့်ဖို့ ပို့ရမယ်”

ကျိုးဟောင်သည် အပိုစကားများ မပြောဘဲ ချက်ချင်းပြောလိုက်သည်။

ဤစကားများကြောင့် ဖန်းရှန်းပင်း၏ မျက်နှာ အမူအရာမှာချက်ချင်းပင်ဆိုးရွားသွားခဲ့သည်။

အစိမ်းရောင်တိမ်တိုက်ဌာန၏ အကြီးအကဲတစ်ဦးအနေဖြင့် သူ၏အဆင့်အတန်းသည် ကျိုးဟောင်နှင့် အတူတူဖြစ်သည်။ လက်ရှိအချိန်တွင် သူအစောပိုင်းကပြောခဲ့သည့်စကားများကပင် ကိုယ့်ကိုယ်ကို နိမ့်ကျစေနေပြီဖြစ်သည်။ သို့သော်လည်း ကျိုးဟောင်က သူ့ကို မျက်နှာသာပေးခြင်း လုံးဝမရှိပေ။

ဤအချက်သည် သူ့ကို အလွန်မကျေနပ်စေသည်။

“လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုး ခင်ဗျားက ကျွန်တော်တို့ ကျန်းစီစခန်းရဲ့ ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိဘူးလို့ထင်တာပဲ ဟုတ်တယ်မလား”

ဖန်းရှန်းပင်းသည် ချက်ချင်း ပြောလိုက်သည်။

“ဟုတ်လား ကျုပ်မှာသေချာပေါက်ရှိတာပေါ့ ”

ကျိုးဟောင်မှာပြောနေစဉ်မှာပင် သူ၏တံဆိပ်ပြားကို ထုတ်ယူပြီး ဖန်းရှန်းပင်းကို ပြလိုက်သည်။

ဤအရာကြောင့် ဖန်းရှန်းပင်း၏ မျက်နှာ အမူအရာသည်ချက်ချင်းဆိုးရွားသွားသည်။

ကျိုးဟောင်သည် အကြီးအကဲအဆင့်အောက်ရှိ မည်သူ့ကိုမဆို အပြစ်ပေးနိုင်သည်။ ပြဿနာရှိနေသရွေ့ သူသည် သူတို့ကို အပြစ်ပေးနိုင်ပေသည်။

“သူတို့ကို ကိုင်တွယ်ဖို့အတွက် သင့်တော်တဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ အထောက်အထားတွေ လိုအပ်နေသေးတယ် ဒါကြောင့် အကြီးအကဲဖန်ကိုပဲ အကူအညီတောင်းရမှာပဲ”

ကျိုးဟောင်သည် ဂရုမစိုက်စွာ ပြောလိုက်သည်။

ဖန်းရှန်းပင်းသည် အသက်ပြင်းပြင်း ရှူပြီး ကျိုးဟောင်ကို ကြည့်လိုက်သည်။

“ခင်ဗျားက ကိစ္စတွေကို ဒီလောက်ပြင်းထန်အောင်လုပ်မှဖြစ်မှာလား လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုး ခင်ဗျားက အခု အဆင့်မြင့်အရာရှိဖြစ်နေပေမဲ့ ညှိနှိုင်းမှုလုပ်ဖို့လောက်တော့ အခွင့်အရေးပေးရမယ်လေ မဟုတ်ရင် ကောင်းမှာ မဟုတ်ဘူး”

ဖန်းရှန်းပင်း၏ စကားများသည် ခြိမ်းခြောက်မှုနှင့်သတိပေးလိုခြင်းတစ်ဝက်ရောနေကြောင်းကို ကျိုးဟောင်‌သိပေသည်။‌

“အကြီးအကဲဖန်း ခင်ဗျားရဲ့စကားတွေက အရမ်းစိတ်ဝင်စားစရာကောင်းတာပဲ သူတို့ရဲ့အမှားတွေအတွက် အပြစ်ပေးမယ့်အစား ခင်ဗျားက သူတို့ကို ခွင့်လွှတ်ဖို့ ကျုပ်ကို တောင်းဆိုနေတယ် ဒါ ဘယ်လိုကမ္ဘာမျိုးလဲ တရားမျှတမှုဆိုတာ မရှိတော့ဘူးလား”

“ဟိုထျန်းယွီက နေ့ခင်းကြောင်တောင်မှာ သူ့အစောင့်တွေနဲ့ လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ပြီး သုတေသီတွေ တောင်းဆိုတဲ့ ဆေးရည်ကိုမရအောင်အနှောင့်အယှက်ပေးဖို့ သူ့ရဲ့အခွင့်အာဏာကိုတောင် အသုံးပြုခဲ့တယ် ဒါကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးသင့်တယ် မဟုတ်ဘူးလား သူ့ကို အပြစ်ပေးသင့်တယ် မဟုတ်ဘူးလား”

“သိုင်းပညာရှင်တွေက လူတွေ ဒါပေမဲ့ သာမန်လူတွေလည်း လူတွေပဲ မဟုတ်ဘူးလား ပြီးတော့ သူတို့ရဲ့လူငယ်ဘဝကို သုတေသနအတွက် ပေးဆပ်ခဲ့တဲ့သူတွေကလည်း လူတွေပဲ မဟုတ်ဘူးလား”

“ကျန်းစီအခြေစိုက်စခန်းက တကယ်ကို စိတ်ပျက်စရာကောင်းလွန်းတယ် အကြီးအကဲဖန်း ခင်ဗျားတကယ်လို့ ဒီလိုကိစ္စ‌ေတွေကို ဆက်လုပ်နေမယ်ဆိုရင် ခင်ဗျားရဲ့ အကြီးအကဲရာထူးက မကြာခင် အဆုံးသတ်‌တော့လိမ့်မယ်လို့ ကျွန်တော် ထင်တယ်”

ကျိုးဟောင်၏စကားများသည် ယဉ်ကျေးမှု မရှိပေ။ လက်ရှိအချိန်တွင် သူသည် တကယ်ကိုဒေါသထွက်နေပြီဖြစ်သည်။

ဖုန်းရှောင်ရွှီနှင့် ဖုန်းရှောင်ကန်းတို့သည် သုတေသီများ ဖြစ်သည်။ သိုင်းပညာရှင်များအတွက်ဖြစ်စေ သာမန်လူများအတွက်ဖြစ်စေ သူတို့သည် အများကြီး ပံ့ပိုးကူညီခဲ့သည်။

ထိုကဲ့သို့သောလူများသည် အကျိုးအမြတ် အနည်းငယ်အတွက် သူတို့၏အသက်ကို စွန့်စားခဲ့သည်။ နောက်ဆုံးတွင် သူတို့သည်ယခုလိုနည်းလမ်းဖြင့်ပင် အသုံးချခံခဲ့ရသည်။

ရှေ့တန်းသုတေသနအတွက် နှစ်ပေါင်းများစွာ ပံ့ပိုးကူညီခဲ့သော သူ၏ညီမကိုပင်အသုံးချသည့်အတိုင်းအတာအထိလုပ်ခဲ့ခြင်းဖြစ်သည်။ ဟိုထျန်းယွီသည် သူမအားလှပသည်ဟုခံစားရသောကြောင့် သူနှင့်တစ်ညတာဖြတ်သန်းရန်အတွက် ပြန်ပေးဆွဲရန်ပင် ကြိုးစားခဲ့သည်။

ဤသည်မှာ ဘယ်လိုကမ္ဘာမျိုးလဲ။ ဤလူများမှာ ဓားပြတွေထက်ပင်ပို၍ ဆိုးယုတ်နေပေသည်။

ဤသည်မှာ ဥပဒေဖြင့် အုပ်ချုပ်သောလူ့အဖွဲ့အစည်းဖြစ်သည်။

ကျိုးဟောင်၏ စကားများကြောင့် ဖန်ရှန်းပင်းသည် ဘာမှပြောနိုင်ခြင်းမရှိတော့ပေ။ ဤကိစ္စတစ်ရပ်လုံးသည် ဟိုမိသားစု၏အမှားဖြစ်ပြီး သူသည် သူတို့အားလုံးဝ ကာကွယ်ပေးလို့မရပေ။

ကျိုးဟောင်ဘက်က အတင်းအကျပ်ပြောနေသရွေ့ သူ လုပ်နိုင်တာ ဘာမှမရှိပေ။

ထို့ကြောင့် သူသည် ကျိုးဟောင်နှင့် ညှိနှိုင်းလိုက်သည်။

“လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုး ခင်ဗျားက… ကရုဏာထားပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ ဖန်းမိသားစုနဲ့ ဟိုမိသားစုက ခင်ဗျားကို အပြည့်အဝ ထောက်ခံပေးမယ် အနာဂတ်မှာ ဖုန်းမိသားစုက ပြဿနာတစ်ခုခု ရှိလာရင်လည်း ကျွန်တော်တို့က သူတို့ကို ကျွန်တော်တို့ရဲ့ ခွန်အားအပြည့်နဲ့ ကူညီပေးမယ်”

“ကြည့်ပါဦး ဒီလိုဆိုရင်ကော”

သာမန်လူများသည် ငြင်းဆန်မည်မဟုတ်ပေ။ ဖန်းမိသားစုသည် အစိမ်းရောင်တိမ်တိုက်ဌာန၏ အကြီးအကဲမိသားစုဖြစ်သည်။ ဟို မိသားစု၏ ခေါင်းဆောင်သည် ကျန်းရှီဒေသ၏ ဒုစုံစမ်းရေးမှူးပင်ဖြစ်သည်။

ဤအဆင့်အတန်းနှစ်ခုလုံးသည် မြင့်မားပြီး အစွမ်းထက်သည်။ သာမန်လူများဆိုပါက ဤအချက်ကို သေချာပေါက် သဘောတူလိမ့်မည်။

သို့သော်လည်း သူတို့သည် ကျိုးဟောင်ကို အထင်သေးနေသေးပေသည်။

ဤစကားကို ကြားသောအခါ ကျိုးဟောင်သည် တကယ်ကို ဒေါသထွက်သွားခဲ့သည်။

“ခင်ဗျားတို့ ဘာဖြစ်နေကြတာလဲ ဒီကိစ္စက ဘာလဲဆိုတာ ခင်ဗျားတို့မသိဘူးလား ခင်ဗျားတို့က ကိုယ့်အကျိုးအတွက် ဒီအဆင့်အထိတောင်ရောက်နေပြီ အကြီးအကဲဖန်း ခင်ဗျားက ကျုပ်ကို အများကြီး သင်ပေးလိုက်တာပဲ ထားလိုက်ပါတော့ ခင်ဗျားနဲ့ ဆက်ပြောနေလည်းအသုံးမဝင်တော့ဘူး ဒီကိစ္စကို စစ်နတ်ဘုရားတပ်ရင်းကိုကိုင်တွယ်ခိုင်းလိုက်မယ်”

ကျိုးဟောင်သည် နှာခေါင်းကို ရှုံ့လိုက်ပြီး စိတ်ထဲထားမနေတော့ပေ။ သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ အစွမ်းထက်သောကျင့်ကြံမှုစွမ်းအားတစ်ခု ပေါ်လာခဲ့သည်။ သူသည်ချက်ချင်းပင် ဟိုကျန်းဖုန်းကို ရိုက်လိုက်ပြီး သူ၏ကျင့်ကြံဆင့်ကိုမူလအဆင့်အထိ ချိပ်ပိတ်ရန် မူလကျောက်စာ၏ချိပ်ပိတ်သိုင်းကို အသုံးပြုလိုက်သည်။

ကျိုးဟောင်သည် ထို့နောက် သူ၏လက်ညှိုးဖြင့်ချိန်ရွယ်လိုက်ပြီး ဟိုထျန်းယွီကို ထိန်းချုပ်လိုက်သည်။ ထို့နောက်သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ဟိုထျန်းယွီအား ဖမ်းဆီးကာ သူ၏ဘေးသို့ ခေါ်ဆောင်လိုက်သည်။

ဤမြင်ကွင်းကြောင့် ဖန်းရှန်းပင်း၏ မျက်နှာ အမူအရာမှာအလွန်ဆိုးရွားသွားခဲ့သည်။

“လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုး ခင်ဗျား ဒီလိုလုပ်ဖို့ ဆုံးဖြတ်ပြီးပြီလား”

ဖန်းရှန်းပင်းသည် စကားတစ်ခွန်းမျှ မပြောဘဲ ချက်ချင်း တိုက်ခိုက်လိုက်သည်။ သူ၏ တတိယမြောက်ကောင်းကင်ဘုံအဆင့် တိုက်ခိုက်ရေးစွမ်းအားသည် ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။

....................................................................................

အခန်း (၆၂၉) ပြီးပါပြီ။

အခန်း (၆၃၀) : တာဝန်

ကျိုး‌ဟောင်က နှာခေါင်း ရှုံ့လိုက်ပြီး အချိန်မဖြုန်းတော့ဘဲ သူ၏ ၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့်တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်လိုက်ရာ ဖန်းရှန်းပင်း၏ မျက်နှာသည် ချက်ချင်းဆိုးရွားသွားသည်။

"အကြီးအကဲဖန်း ကိုယ့်ကိုယ်ကို လေးစားပါ ဒီလိုကိစ္စကြောင့် လက်‌ထောက်ကောင်စီအဖွဲ့ဝင်ကို တိုက်ခိုက်မယ်ဆိုရင် ကျုပ်မှာခင်ဗျားကို ကိုင်တွယ်လို့ရတဲ့အခွင့်အရေးရှိတယ်"

ကျိုး‌ဟောင်၏ အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း သူ၏သဘောထားသည် အလွန်ခိုင်မာနေသောကြောင့် ဖန်းရှန်းပင်းသည် ချက်ချင်းဒေါသထွက်သွားခဲ့သည်။

သို့သော်လည်း သူသည် တိုက်ခိုက်ရဲခြင်း မရှိပေ။

ကျိုး‌ဟောင်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်အစွမ်းထက်ပြီး ၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့်တွင်ရှိပေရာ တစ်ဖက်လူကို သူဘယ်လိုများ တိုက်ခိုက်နိုင်မည်နည်း။

သူတို့ကြားရှိအဆင့်ကွာခြားချက်မှာ သုံးဆင့်ဖြစ်သည်။

ထို့ကြောင့် သူသည် သူ၏လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းပြီး ထွက်ခွာသွားရုံသာတတ်နိုင်ပေသည်။

"ညီအစ်ကိုဝမ်းကွဲ..."

ဟိုကျန်းဖုန်းသည် ထိုအရာကို မြင်သောအခါ သူ၏ခေါင်းထဲတွင် တဝီဝီမြည်သွားခဲ့သည်။ ဟိုထျန်းယွီမှာမူ သတိမေ့သွားခဲ့သည်။ သူသည် ထိုကဲ့သို့သော ထိုးနှက်ချက်မျိုးကိုခံနိုင်ရည်မရှိပေ။

အကြီးအကဲဖန်ပင် ဤကိစ္စကို ဖြေရှင်းနိုင်ခြင်း မရှိပေရာ သူတို့၏ဟိုမိသားစုတွင် မည်သူမျှသူ့ကို ကယ်တင်နိုင်မည်မဟုတ်တော့ပေ။

စုံစမ်းရေးမှူးလုသည် သက်ပြင်းချလိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။

"လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုး ဒီကိစ္စ..."

"ဒီကိစ္စကို ခင်ဗျားကိုပဲ လွှဲပေးခဲ့မယ် ဟိုထျန်းယွီ ဘာတွေလုပ်ခဲ့လဲဆိုတာ စုံစမ်းစစ်ဆေးလိုက်ပါ ပြီးတော့ ဟိုကျန်းဖုန်းကို ကျွန်တော်ခေါ်သွားမယ် ခင်ဗျား စိတ်ပူစရာ မလိုဘူး"

ကျိုး‌ဟောင်သည် ချက်ချင်းပြောလိုက်သောကြောင့် စုံစမ်းရေးမှူးလုသည် ဘာမှပြောနိုင်ခြင်း မရှိတော့ပေ။ အကြီးအကဲဖန်ပင် ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ရဲခြင်း မရှိပေရာ သူကမည်သို့စွက်ဖက်ရဲမည်နည်း။

"နားလည်ပါပြီ လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုး"

စုံစမ်းရေးမှူးလုသည် အသက်ပြင်းပြင်း ရှူပြီး ဒုစုံစမ်းရေးမှူးဟို၏ အစောင့်များကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဘာစောင့်နေကြတာလဲ။ သူတို့ကို အကုန်ခေါ်သွား"

ထိုလူများသည် ပါးစပ်အဟောင်းသားဖြစ်နေပြီး မနာခံဘဲမနေရဲကြပေ။ သူတို့သည် ဗိုလ်ကြီးကျောက်နှင့် ဟိုထျန်းယွီတို့ကို ချက်ချင်းခေါ်ဆောင်သွားကြသည်။

ထိုအချိန်တွင် အခန်းသည် တိတ်ဆိတ်သွားသည်။ ဤအခြေအနေသည် အားလုံးကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်။

ကျိုး‌ဟောင် ဟိုကျန်းဖုန်းနှင့်အတူ ထွက်ခွာသွားပြီးနောက်တွင်ပင် သူတို့သည် စကားမပြောကြပေ။

"အဖေ အမေ အဖေတို့ စကားပြောကြပါ ကျွန်တော် သူ့ကို အရင်ဖြေရှင်းလိုက်ဦးမယ်"

ကျိုး‌ဟောင်မှာပြောနေရင်းပင် ဟိုကျန်းဖုန်းကို ဆွဲပြီး ပျောက်ကွယ်သွားခဲ့သည်။

ကျိုးဟောင် ထွက်ခွာသွားပြီးနောက် ဖုန်းမိသားစုသည်အသိစိတ်ပြန်ဝင်လာပြီး ကြောက်လန့်စွာ အသက်ရှုလိုက်မိသည်။

"လက်ထောက်ကောင်စီအဖွဲ့ဝင်ကျိုး ကျွန်တော့်ကို လွှတ်ပေးလို့ရမလား..."

ဟိုကျန်းဖုန်းသည် ချက်ချင်းပင် ခွင့်လွှတ်ပေးရန် တောင်းပန်လာခဲ့သည်။

"အရမ်းနောက်ကျသွားပြီ..."

ကျိုး‌ဟောင်၏ မျက်နှာ အမူအရာသည် အေးစက်နေပြီး သူသည်ရွှေကျီးလွတ်မြောက်ရေးသိုင်းအား အသုံးပြုလိုက်သည်။ မိနစ်အနည်းငယ်အတွင်းတွင် သူတို့သည် ၁၂ ခုမြောက်အက်ကွဲကြောင်းသို့ ရောက်ရှိလာခဲ့ပြီး ကောင်းကင်ဘုံဘုရင်ကျူးဇောင် ကို တွေ့လိုက်ကြရသည်။

ကျိုး‌ဟောင်သည် ဤကိစ္စအကြောင်းကို ကျူးဇောင်းကိုချက်ချင်းပြောပြလိုက်ရာ ကျူးဇောင်းသည် ချက်ချင်းပင်ခါးသက်စွာပြုံးလိုက်သည်။ ထို့နောက် သူသည်ဟိုကျန်းဖုန်းကိုကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။

"ဟွန့် ကပ်ပါးကောင်တွေလဲ။ မင်းတို့တွေလက်ထဲအခြေစိုက်စခန်းကို အပ်ထားမိတာ ငါသေချာပေါက် မျက်စိကန်းနေတာပဲ"

ကောင်းကင်ဘုံဘုရင်ကျူး သည် အကြီးအကဲတစ်ဦးနှင့် အဆင့်တူပေသည်။ ၅ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦးအနေဖြင့် သူအလွန်ဒေါသထွက်နေသည်မှာ သဘာဝကျပေသည်။

သူသည်တွေဝေမနေဘဲ ချက်ချင်းပင်လူများအားခေါ်ကာ ဟိုကျန်းဖုန်းအား အက်ကွဲကြောင်း ၏ ရှေ့တန်းသို့ ပို့ခိုင်းလိုက်သည်။

"ကျိုး‌ဟောင် မင်း ဒီလိုလုပ်တာက အရမ်းကျေနပ်စရာကောင်းပေမဲ့ အနာဂတ်မှာ ဒီလိုမျိုးလုပ်တဲ့အခါ နှစ်ခါစဉ်းစားရမယ် ဘာဖြစ်လို့လဲဆိုတော့ လူ့စိတ်က ရှုပ်ထွေးတယ် စီနီယာကျီက မင်းကို ကာကွယ်ပေးနေပေမဲ့ မင်းပေါ့ပေါ့ဆဆနေလို့မရဘူး နားလည်လား"

"ငါ မင်းကို အပြစ်တင်နေတာမဟုတ်ဘူးနော် ငါ ထင်တာက မင်းက ငယ်သေးတယ် တစ်ခါတစ်ရံ ဒီကိစ္စတွေကို ဖြေရှင်းဖို့အတွက် မင်းက အလျင်စလို လုပ်ဖို့မလိုဘူး နားလည်လား"

ကျူးဇောင်မှာသူ့အားစေတနာထားကာပြောကြောင်းကိုသိပေရာ ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် နားလည်ပါတယ် ကောင်းကင်ဘုံဘုရင်ကျူး စိတ်မပူပါနဲ့ နောက်ကိုကျွန်တော် ဒီလောက်အလျင်စလို မလုပ်တော့ပါဘူး"

ကျိုး‌ဟောင်သည် ပြုံးလိုက်ပြီး ကျူးဇောင်နှင့် ခဏတာ စကားပြောပြီးနောက် ကျန်းစီအခြေစိုက်စခန်းသို့ ပြန်လာခဲ့သည်။

ထို့နောက် သူသည် သူ၏မိဘများကို ခေါ်ဆောင်ပြီး အိမ်သို့ ပြန်ပို့ပေးလိုက်သည်။

လမ်းတစ်လျှောက်တွင် သူ၏မိဘများသည် အလွန်ပျော်ရွှင်နေကြသည်။ သူတို့၏သားသည် ဤမျှစွမ်းဆောင်နိုင်သောကြောင့် သူတို့သည်ဂုဏ်ယူနေကြပေသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ကျိုး‌ဟောင်ကို သူ၏ရာထူးအကြောင်း ဆက်လက်မေးမြန်းနေခဲ့သည်။

ကျိုး‌ဟောင်သည် သူ၏ကောင်စီအဖွဲ့ဝင်ဟူသော အဆင့်အတန်းအားထုတ်ဖော်‌ပြောလိုက်ပြီး အရှေ့တိုင်းလူသားမျိုးနွယ် တစ်ခုလုံးတွင် ကောင်းကင်ဘုံအဆင့်ပညာရှင် ရာကျော်သာ ရှိသည်ဟု ပြောလိုက်သောအခါ သူ၏မိဘများ၏ မျက်လုံးများမှာချက်ချင်းပင်ပြူးကျယ်သွားခဲ့သည်။

ကျိုး‌ဟောင်သည် ပြုံးလိုက်ပြီး ထပ်မံရှင်းပြခြင်း မရှိတော့ပေ။

ကိစ္စပြီးဆုံးသွားပြီးနောက် ကျိုး‌ဟောင်သည် သူ၏မိဘများကို နှုတ်ဆက်လိုက်သည်။

ကျိုး‌ဟောင်သည် အာကာသယာဉ်ကို ယူပြီး စစ်နတ်ဘုရားတပ်ရင်းသို့ ပြန်လာတော့မည့်အချိန်တွင် ကျိယောင်ယွဲ့၏ မက်ဆေ့ချ်ရောက်လာခဲ့သည်။

ကျိုး‌ဟောင်သည် အလျင်အမြန် ဖွင့်လိုက်ရာ မျက်နှာပြင်ပေါ် တွင် ဆွဲဆောင်မှုရှိပြီးအလွန်လှပသောအမျိုးသမီးတစ်ဦး ချက်ချင်းပေါ်လာခဲ့သည်။ သူမသည် ရေချိုးဝတ်စုံကို ဝတ်ထားပြီး မွှေးရနံ့များ သင်းပျံ့နေသည်။

ကျိုး‌ဟောင်သည် ရှက်ရွံ့နေသည်။ သူသည် စီနီယာကျိအား ယခုလိုပုံစံမျိုးဖြင့် မြင်ရတိုင်း တကယ်ကိုရှက်သလိုခံစားရပေသည်။

သူသည် အကြည့်လွှဲလိုက်ပြီးကျိယောင်ယွဲ့၏ဆွဲဆောင်မှုပြင်းသော ခန္ဓာကိုယ်ကို မကြည့်မိစေရန် တားဆီးကာ မေးလိုက်သည်။

"စီနီယာကျိ ဘာများညွှန်ကြားစရာရှိလို့လဲ"

"ရှိတယ် မကြာသေးခင်က ကမ္ဘာဂြိုဟ်ရဲ့ တောင်ပိုင်းက တက်အာလာဟန်သဲကန္တာရဧရိယာမှာ ငလျင်တစ်ခု ရုတ်တရက် လှုပ်ခတ်ခဲ့တယ် အဲဒီမှာသန္ဓေပြောင်းနေသလိုမျိုး အစွမ်းထက်တဲ့ သံလိုက်စက်ကွင်းစွမ်းအားအတက်အကျကို ငါ ခံစားမိတယ်"

"ငါက တခြားကိစ္စတွေကို ကိုင်တွယ်ရဦးမှာမလို့ လောလောဆယ်ထွက်သွားလို့မရဘူး ဒါကြောင့် ဒီတာဝန်ကို မင်းကို လွှဲပေးလိုက်မယ်"

"အဆင့်မြင့်လေ့ကျင့်ရေးစခန်း ကိုသွားပြီး လူနည်းနည်းနဲ့ အဖွဲ့တစ်ခုဖွဲ့လိုက် အဲဒီအဖွဲ့နဲ့တက်အာလာဟန် သဲကန္တာရရဲ့ တောင်ဘက်ဒေသကို သွားစစ်ဆေးကြ အဲဒီမှာဖြစ်ပျက်နေတာကိုတတ်နိုင်သမျှငါ့ကိုအမြန်ဆုံးအစီရင်ခံ"

ပါးလွှာသော အခိုးအငွေ့တို့သည် ကျိယောင်ယွဲ့ကို ဝန်းရံနေဆဲဖြစ်ပြီး အပေါ်သို့ဆက်တိုက်တက်လာနေသည်။ သူမ၏မျက်နှာသည် အပူချိန်ကြောင့် အနည်းငယ်နီနေပြီး သူမကို ဆွဲဆောင်မှုရှိနေစေသည်။

ကျိုး‌ဟောင်သည် ကျိယောင်ယွဲ့ကို ခိုး ကြည့်လိုက်ပြီး ထိုမြင်ကွင်းကြောင့် ချက်ချင်းတုန်လှုပ်သွားခဲ့သည်။ သူသည် မျက်နှာရဲရဲဖြင့် ခေါင်းကို အလျင်အမြန်ငုံ့လိုက်ပြီး သဘောတူလိုက်သည်။

"ကောင်းပါပြီ၊ ကျွန်တော် အခုပဲ လူသွားရွေးလိုက်ပါ့မယ်"

ကျိုး‌ဟောင်သည် ဖုန်းချပြီးနောက် ချက်ချင်းထကာ အထူးလေ့ကျင့်ရေးစခန်းသို့ ထွက်ခွာသွားပြီး တိုက်ခိုက်ရေးမစ်ရှင်တွင် သူ့နှင့်အတူ လိုက်ပါရန် ပါဝင်မည့်အဖွဲ့တစ်ဖွဲ့အားရွေးချယ်ရန် ပြင်ဆင်လိုက်သည်။

မကြာမီ ကျိုး‌ဟောင်သည်အဆင့်မြင့်အခြေစိုက်စခန်း၏ ဝင်ပေါက်သို့ ရောက်လာခဲ့ကာ တံခါးကို တွန်းဖွင့်ပြီး ဝင်သွားခဲ့သည်။ ထို့နောက် အိမ်ထဲတွင် စိတ်အားထက်သန်စွာ လေ့ကျင့်နေသော အဖွဲ့တစ်ဖွဲ့ကို မြင်လိုက်သည်။

"အားလုံးပဲ"

ကျိုး‌ဟောင်သည် လူတိုင်းကို လက်ခုပ်တီးပြီး ပြုံးပြကာပြောလိုက်သည်။

"စီနီယာကျိက အရေးပေါ်တာဝန်တစ်ခုပေးလိုက်တယ် ခုတစ်လောကမ္ဘာဂြိုဟ်ရဲ့ တောင်ဘက်က တက်အာလာဟန်သဲကန္တာရဧရိယာမှာ ပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်"

"အနီးအနားမှာ သံလိုက်စက်ကွင်းစွမ်းအင်အတက်အကျတွေက မကြာခဏဆိုသလိုဖြစ်နေတယ် စီနီယာကျိက သန္ဓေပြောင်းလဲမှုတစ်ခုခုဖြစ်နေမှာစိုးလို့ ကျွန်တော့်ကို အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပြီး ကျွန်တော်နဲ့အတူ ဒီတာဝန်မှာ ပါဝင်မယ့် အဖွဲ့ဝင် ၆ ဦးကို လာရွေးခိုင်းလိုက်လို့ပါ"

"ဒီမှာ စုဝေးပေးကြပါ"

ကျိုး‌ဟောင် စကားပြောပြီးသည်နှင့် သူသည် အနီးအနားရှိ လူများစွာ၏ အာရုံကို ချက်ချင်းဆွဲဆောင်နိုင်ခဲ့သည်။

သူတို့အားလုံးသည် ကျိုး‌ဟောင်ကို ကြည့်နေကြသည်။ကျိုး‌ဟောင်သည် ပထမမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦးသာ ဖြစ်သည်ကိုခံစားမိသောအခါ သူတို့၏ မျက်နှာ အမူအရာများသည် ချက်ချင်း မထီမဲ့မြင် ဖြစ်လာခဲ့သည်။

"ဟေးဟေး စီနီယာကျိကအမူးမပြေသေးတာလား သူက အားနည်းတဲ့ပထမမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦးကို အဖွဲ့ခေါင်းဆောင်အဖြစ် တကယ်လုပ်ခိုင်းနေတာလား ငါတို့ မရောက်ခင်ပဲ ဒီကောင်လေးကို သန္ဓေပြောင်းသားရဲတွေစားသွားမှာကြောက်ရတယ် ဟုတ်တယ်မလား"

"မှန်တယ် သူက ငါတို့ တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တွေကို အထင်သေးနေတာပဲ ဘယ်လောက်တောင် ရှက်စရာကောင်းလဲ"

"ဒီလိုလူမျိုးက ငါတို့နဲ့အတူ တိုက်ခိုက်ရင် ငါတို့ကို အနှောင့်အယှက်ပေးရုံပဲရှိမှာ မဟုတ်ဘူးလား တက်အာလာဟန် သဲကန္တာရမှာတာဝန်လုပ်ဆောင်ဖို့ ငါတို့ဘာသာအဖွဲ့ဖွဲ့လိုက်လို့တောင်ရတယ် ဘာလို့ သူ့လို အသုံးမကျတဲ့သူက ငါတို့ရဲ့ခေါင်းဆောင်လုပ်ပြီး ငါတို့ကို အမိန့်ပေးဖို့ လိုမှာလဲ"

ထိုအဖွဲ့က ကျိုး‌ဟောင်ကို လုံးဝဂရုမစိုက်ဘဲ ထိုကဲ့သို့သောအကြောက်အလန့်မရှိသောစကားများကို ပြောလိုက်ကြသည်။

ထို့အပြင် သူတို့၏အသံများသည် အလွန်ကျယ်လောင်ပေရာ ကျိုးဟောင်မှာရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။

ကျိုး‌ဟောင်၏ မျက်လုံးများသည်ဖျက်ခနဲလင်းသွားပြီး သူ၏အကြည့်သည် လူတိုင်း၏မျက်နှာများဆီရောက်ရှိသွားခဲ့သည်။ ထို့နောက် သူသည် ပြုံးလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"မင်းတို့က မကျေနပ်ကြဘူးလား"

....................................................................................

All Chapters