← Chapters

အခန်း (၆၃၄-၆၃၆)

Vol. 43 Ch. 634-636

အခန်း (၆၃၄-၆၃၆)

Vol. 43 Ch. 634-636

အခန်း (၆၃၄) : အက်ကွဲကြောင်း

"ဒီလမ်းကို ရွေးချယ်ပြီးမှတော့ ဆက်သွားရမှာပေါ့ အခုပြန်ထွက်သွားရင် ဒီလောက်အဝေးကြီးလာရတာ အလကားဖြစ်သွားမှာပေါ့"

ကျိုးဟောင်မှာ အားလုံးကို ဝေ့ကြည့်လိုက်ပြီး သူ့လေသံက ခိုင်မာနေခဲ့သည်။ ထို့နောက် သူက အသံကိုနှိမ့်ကာသတိပေးလိုက်သည်

"အားလုံး သတိထားကြပါ မလိုအပ်တဲ့ ရှုပ်ထွေးမှုတွေ မဖြစ်အောင် ပတ်ဝန်းကျင်ကို အချိန်တိုင်း စောင့်ကြည့်နေပါ"

"ကောင်းပါပြီ"

ကျိုးဟောင်ရဲ့ ခိုင်မာတဲ့စိတ်ကို မြင်တော့ သူတို့အဖွဲ့သည်ခေါင်းညိတ်ပြီး သဘောတူလိုက်ကြသည်။ ထို့နောက် ရှေ့ကို ဆက်လျှောက်သွားခဲ့ကြသည်။

သူတို့၏ပတ်ပတ်လည်တွင် ပါးလွှာသော မြူခိုးများဖြင့် ဝိုင်းနေသည်။ ကျိုးဟောင်မှာသံလိုက်အိမ်မြှောင်ကို ထုတ်ပြီး ရှေ့ဆက်သွားလိုက်သည်။

သွားသည့်ခရီးပိုဝေးလေလေ သံလိုက်စက်ကွင်းက ပိုပြင်းထန်လာလေ ဖြစ်သည်။

ကျိုးဟောင် က ပတ်ပတ်လည်ကို သတိနဲ့ ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

"အားလုံးမှတ်ထားပါ သန္ဓေပြောင်းသတ္တဝါတွေနဲ့ တိုက်ရိုက်တွေ့တာမျိုးမလုပ်မိကြပါစေနဲ့"

"ဘာလို့လဲဆိုတော့ ဒီသန္ဓေပြောင်းသတ္တဝါတွေ ဘယ်လောက်အစွမ်းထက်တယ် ဘယ်လောက်များတယ်ဆိုတာ ကျွန်တော်တို့မသိသေးဘူး အစီအစဥ်မဆွဲခင် ပထမဆုံး ပတ်ဝန်းကျင်ကို စူးစမ်းပြီး အခြေအနေကိုသုံးသပ်သင့်တယ်"

"ကောင်းပြီ ကိစ္စမရှိဘူး"

သူတို့အဖွဲ့မှာ ကျိုးဟောင်၏စကားအား သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။

ကျိုးဟောင်တို့အဖွဲ့လမ်းလျှောက်လာရင်း လွင်ပြင်တစ်ခုကို ရောက်လာခဲ့သည်။ သူတို့ရှေ့တွင် အဆုံးမရှိသောကန္တာရတစ်ခုရှိပြီး အဝေးမှာတော့ တိမ်တွေနဲ့ထိစပ်နေတဲ့ တောင်တန်းကြီးတစ်ခုရှိနေသည်။

ကန္တာရပတ်ပတ်လည်တွင်မိုင်ပေါင်းများစွာ ရှည်လျားသောအက်ကွဲကြောင်းတွေ အများအပြားရှိနေသည်မှာ အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။

ဟူး...ဟူး... ဟူး...

"ဂါး ဂါး"

သူတို့ပတ်ပတ်လည်တွင် သန္ဓေပြောင်းသားရဲများ၏အော်သံများအားကြားနေရသည်။ လေတိုက်သံနှင့်နဲ့အတူ အော်သံများ ထွက်ပေါ်လာချိန်တွင် ကျိုးဟောင်တို့အဖွဲ့မှာချက်ချင်းဆိုသလို တောင့်တင်းသွားပြီး သတိထားကာပတ်ဝန်းကျင်အားကြည့်လိုက်ကြသည်။

"ဒီအသံက ဘာလဲ သန္ဓေပြောင်းသတ္တဝါများလား..."

ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်ဖြစ်သော ဝမ်ဇီလျန်က မျက်မှောင်ကြုတ်ပြီး ပတ်ပတ်လည်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

သို့သော် ပတ်ဝန်းကျင်မှ အသံများမှာ ဆက်တိုက်ထွက်ပေါ်လာပြီး ဘက်ပေါင်းစုံမှကြားနေရသောကြောင့် အသံများမည်သည့်နေရာမှလာကြောင်းအား ရှာဖွေရန်မှာ ဝမ်ဇီလျန်အတွက်မဖြစ်နိုင်ပေ။

ဝမ်ဇီလျန်မှာ လက်ထဲရှိမြှားကျည်တောက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး နောက်ကျောမှာ သယ်ဆောင်ထားသောလေးနှင့်မြှားအား ဘယ်လက်နဲ့ ထုတ်ယူလိုက်ကာ ပတ်ပတ်လည်မှရုတ်တရက် ပေါ်လာနိုင်သောသန္ဓေပြောင်းသားရဲများ၏ရန်မှ ကြိုတင်ကာကွယ်ရန်ပြင်လိုက်သည်။

"ဒီအသံက ရှုပ်ထွေးနေတယ် အရပ်မျက်နှာအနှံ့မှာသန္ဓေပြောင်းသားရဲတွေရှိနေတဲ့ပုံပဲ ပြီးတော့အရေအတွက်ကလည်းများတယ်"

နောက်ထပ်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်ဖြစ်သော ကျန်းရှောင်ရွှယ်ကလည်း သူမခါးမှာချိတ်ထားသော ကြာပွတ်ရှည်ကို ဆုပ်ကိုင်ပြီး ပတ်ပတ်လည်ကို သတိနှင့်ကြည့်လိုက်သည်။

"ဟိုကအက်ကွဲကြောင်းကို ကြည့်လိုက် တစ်ခုခုတက်လာနေသလိုပဲ"

ဗက်ထရန်မှာ အလိုလိုပင်သူ့ခါးရှိဓာတ်ငွေ့သေနတ်ကို ဆွဲထုတ်ပြီး အဝေးကို သတိနဲ့ကြည့်လိုက်သည်။ ထိုနေရာမှာ အနည်းငယ်ဝေးနေသောကြောင့် ကျိုးဟောင်တို့အဖွဲ့မှာ အဝေးတွင် ဘာတွေရှိနေသလဲဆိုသည်အား ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။

ကျိုးဟောင်မှာ သူ့လည်ပင်းမှာ ချိတ်ထားတဲ့ မှန်ပြောင်းကို အမြန်ထုတ်ပြီး အက်ကွဲကြောင်းကို ကြည့်လိုက်သည်။ သူ့မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ချက်ချင်းဆိုသလို ကျယ်သွားခဲ့သည်။

"မြေပြင်ပေါ်က အက်ကွဲကြောင်းတွေထဲမှာသန္ဓေပြောင်းသားရဲတွေအပြည့်ပဲ"

ကျိုးဟောင်၏အသံမှာ လေးနက်နေသည်။ ထိုစကားအားကြားချိန်တွင် အားလုံးမှာလက်ထဲရှိ မှန်ပြောင်းများကို မြှောက်ပြီး ကြည့်လိုက်ကြသည်။

အက်ကွဲကြောင်း၏အစွန်းတွင် ကျားများလိုခေါင်းရှိပြီး ဆင်များလိုကြီးမားသောခန္ဓာကိုယ်ရှိသော သန္ဓေပြောင်းသားရဲအများအပြားရှိနေခဲ့သည်။ သူတို့၏ရှည်လျားသော အမြီးများမှာ ဆက်တိုက်လှုပ်ရှားနေပြီး အက်ကွဲကြောင်းထဲမှ အပြင်ကို ထွက်ဖို့ ကြိုးစားနေကြသည်။

ထိုမျှသာမက အက်ကွဲကြောင်းတစ်ခုလုံး ပြည့်လုနီးပါးအထိ သန္ဓေပြောင်းသားရဲအများအပြားရှိနေပြီး မျိုးနွယ်တူများ၏ခန္ဓာကိုယ်များပေါ် နင်းပြီး အပြင်ကို ရုန်းထွက်ဖို့ အလျင်အမြန်ကြိုးစားနေကြသည်။

သို့သော် အက်ကွဲကြောင်းက အလွန်မတ်စောက်နေပြီး သူတို့၏ခြေသည်းများမှာ ကြောင်များလို မချွန်ထက်ပေရာ သူတို့အတွက် အပြင်ကိုတက်ဖို့မှာ မလွယ်ကူပေ။

အချိန်တချို့ကြာတော့ ပင်ပန်းနွမ်းနယ်မှုကြောင့် သန္ဓေပြောင်းသားရဲများမှာ အက်ကွဲကြောင်းထဲကို ပြန်ပြုတ်ကျသွားကြပြီး မီးတောက်များ အများအပြား ထွက်ပေါ်လာခဲ့သည်။

ကျိုးဟောင်မှာ အက်ကွဲကြောင်းအောက်မှာ ဘာရှိလဲဆိုတာ မြင်နိုင်ရန် သစ်ပင်မြင့်တစ်ခုပေါ်သို့ ချက်ချင်းတက်လိုက်သည်။

ထိုအချိန်ရောက်မှ သူ အံ့ဩစရာကောင်းစွာစွာတွေ့ရှိလိုက်ရသည်မှာ အက်ကွဲကြောင်းထဲမှ မီးခိုးများနှင့် ရေငွေ့များ ထွက်ပေါ်နေခြင်းပင်ဖြစ်သည်။ သို့သော် အက်ကွဲကြောင်းရဲ့ အတွင်းပိုင်းမှာ ဘာရှိလဲဆိုတာအား သူမသိခဲ့ပေ။

ယခင်က မြူခိုးတွေ ထူထပ်နေတာကြောင့် သူတို့အဖွဲ့မှာဤသန္ဓေပြောင်းသားရဲများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့သော်ငြား လက်ရှိအချိန်တွင် မြူခိုးများပျောက်သွားပြီဖြစ်သောကြောင့် ယခုလို ကြောက်စရာကောင်းတဲ့ မြင်ကွင်းကို ရုတ်တရက် မြင်လိုက်ရပေသည်။

၎င်းတို့သည် ကမ္ဘာဂြိုဟ်ရဲ့ သံလိုက်စက်ကွင်း ပြောင်းလဲမှုကြောင့် ဒုတိယအကြိမ်သန္ဓေပြောင်းသွားသော သန္ဓေပြောင်းသားရဲပထမအသုတ်ပေလော။

"သေစမ်း ဒုတိယအကြိမ်သန္ဓေပြောင်းသွားတဲ့ သတ္တဝါတွေပဲ"

ကျိုးဟောင်၏ အမူအရာမှာလေးနက်နေခဲ့သည်။ ကျိုးဟောင်မှာလက်ထဲမှ မှန်ပြောင်းကို ချလိုက်ပြီး သူ့အဖွဲ့သားများအား ကြည့်လိုက်သည်။ သူ့လေသံမှာ လေးနက်နေပြီး စကားလုံးတစ်လုံးချင်းစီကို ပြောလိုက်သည်။

"လက်ရှိအချိန်မှာတော့ ဒီပြောင်းလဲနေတဲ့ သတ္တဝါတွေ ဘယ်လိုတိုက်ခိုက်မှုမျိုးကို လုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ မသိသေးဘူး"

"လောလောဆယ် သူတို့နဲ့ ထိပ်တိုက်မတိုက်ခိုက်ကြသေးဘဲ လေ့လာတာကိုပဲ ဆက်လုပ်ကြရအောင်"

အက်ကွဲကြောင်းထဲကို ကြည့်လိုက်ချိန်တွင် ဒုတိယအကြိမ်သန္ဓေပြောင်းပြီးသော သားရဲများမှာအနည်းဆုံး သောင်းနဲ့ချီ ရှိနေပေသည်။

သူတို့ မည်မျှအစွမ်းထက်သည်ဖြစ်စေ အရေအတွက်အလွန်ကွာခြားနေသည့်အတွက် ဤမျှလောက်များပြားသော သန္ဓေပြောင်းသားရဲများကို ချက်ချင်းသတ်ရန်မှာ ခက်ခဲပေသည်။

တကယ်တမ်းတွင် ဤနေရာတွင်တိုက်ခိုက်ကြပါက သန္ဓေပြောင်းသားရဲတွေကို မသတ်နိုင်ခင်မှာပင် သူတို့၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားများမှာ ကုန်ခမ်းသွားနိုင်ပေသည်။

အက်ကွဲကြောင်းထဲတွင် သန္ဓေပြောင်းသားရဲမည်မျှ ပုန်းနေကြောင်းကိုလည်း မသိရပေ။ လက်ရှိအချိန်တွင် ထိပ်တိုက်ရင်ဆိုင်သည်ကိုရှောင်ရုံသာတတ်နိုင်ပေသည်။

"ဟုတ်ကဲ့"

ဤနေရာသည် ကမ္ဘာဂြိုဟ်ပေါ်တွင် သံလိုက်စက်ကွင်းစွမ်းအားအတက်အကျ အပြင်းထန်ဆုံး နေရာမဟုတ်ဘဲ ၂၀% သာရှိသောနေရာသာဖြစ်သည်။ ယခုလိုနေရာတွင်ပင် ဒီလိုပြောင်းလဲမှုမျိုး ဖြစ်လာခဲ့ပေသည်။

အတွင်းပိုင်းတွင် မည်ကဲ့သို့သောလျှို့ဝှက်ချက်များ ရှိနေသေးတယ်ဆိုသည်အား မသိရသေးပေ။

ကံကောင်းသည်မှာ ဤသန္ဓေပြောင်းသားရဲများမှာ အက်ကွဲကြောင်းထဲမှ အပြင်ကို ထွက်မလာသေးသောကြောင့် သူတို့အတွက် ကြီးမားသောခြိမ်းခြောက်မှုဖြစ်မလာနိုင်သေးခြင်းပင်ဖြစ်သည်။

ထို့အပြင် သူတို့သည် အထူးပြုလုပ်ထားသောချပ်ဝတ်များအား ဝတ်ဆင်ထားသောကြောင့် သန္ဓေပြောင်းသားရဲများမှာတွေ သူတို့၏အနံ့အားအာရုံမခံနိုင်ပေ။ ထို့ကြောင့် သန္ဓေပြောင်းသားရဲများမှာ သူတို့အားမတွေ့နိုင်ပေ။

အားလုံးမှာ အသက်ပြင်းပြင်းရှူပြီး တစ်ခုခုဖြစ်လာပါကသုံးရန် သူတို့လက်ထဲရှိတိုက်ခိုက်ရေးလက်နက်များကို ကိုင်ထားကြသည်။

အားလုံးမှာရှေ့ကို ဆက်လျှောက်သွားခဲ့ကြပြီး မကြာခင်မှာပင် ကြီးမားသောကန္တာရတစ်ခု ရှေ့ကို ရောက်ရှိလာခဲ့သည်။

ပိုမိုအားကောင်းသော သံလိုက်စက်ကွင်းစွမ်းအင်အတက်အကျရှိသောနေရာအားရှာလိုပါက ဤကန္တာရနှင့် အဝေးမှ တောင်တန်းများကို ဖြတ်ကျော်ရမည်ဖြစ်သည်။ စင်စစ်တွင် အပြင်းထန်ဆုံး သံလိုက်စက်ကွင်းစွမ်းအင်အတက်အကျရှိသောနေရာမှာ ထိုတောင်တန်းများ၏ နောက်တွင်ဖြစ်သည်။

ကန္တာရအားဖြတ်ကျော်ရမည်ဟူသောအဓိပ္ပာယ်သည် သန္ဓေပြောင်းသားရဲများနှင့် ပြည့်နှက်နေသော ဤအက်ကွဲကြောင်းအားဖြတ်ကျော်ရမည်ဟူသောအဓိပ္ပာယ်သာဖြစ်သည်။

လက်ရှိတွင် အက်ကွဲကြောင်းအရေအတွက်မှာသိပ်မများသေးပေ။ ၁၀ခုမပြည့်သော်ငြား အားလုံးမှာ ကီလိုမီတာများစွာ ရှည်လျားပြီး တောင်တန်းတွေထဲအထိဖောက်ဝင်သွားပေသည်။

ကျိုးဟောင်၏ အမူအရာမှာ လေးနက်နေပြီး အဖွဲ့သားများအားလက်ယပ်ခေါ်ကာ အမိန့်ပေးလိုက်သည်။

"ပျံသန်းရေးကိရိယာတွေကို ဝတ်ထားလိုက်ကြတော့ လိုအပ်ရင် အဲဒီကို တိုက်ရိုက်ပျံသွားမယ် တတ်နိုင်သမျှ သူတို့နဲ့မတွေ့အောင်ရှောင်ကြ"

ကျိုးဟောင်ရဲ့ အမိန့်ကို လိုက်နာပြီး သူတို့ခြောက်ယောက်က ပျံသန်းရေးကိရိယာတွေကို သူတို့ရဲ့ ခါးတွေမှာ ချက်ချင်းချည်လိုက်ကြသည်။

သူတို့သည် စွမ်းအားသုံးပျံသန်းကာ သန္ဓေပြောင်းသားရဲများ၏အာရုံအားမဆွဲဆောင်လိုပေ။ ထို့ကြောင့် ပြင်ပအင်အားကို အားကိုးကာ သူတို့၏လှုပ်ရှားမှုများကို လျှော့ချကာသန္ဓေပြောင်းသားရဲများ သူတို့၏တည်နေရာကို မသိအောင် လုပ်ရန်သာရွေးချယ်ခဲ့ကြသည်။

ပျံသန်းရေးကိရိယာ၏အစွန်းတစ်ဖက်မှာ ကြိုးတစ်ချောင်းကို ရှေ့ကိုပစ်ထုတ်ပြီး မြေပြင်ထဲသို့ ထိုးစိုက်နိုင်ပေသည်။

ထို့နောက် သူတို့၏ခါးမှလုတ်အားနှိပ်လိုက်သည်နှင့် ကြိုးမှာလျင်မြန်စွာကျုံ့သွားမည်ဖြစ်သည်။ ယခုလိုနည်းဖြင့် သူတို့သည် သိပ်မဝေးသောအကွာအဝေးအား လျင်လျင်မြန်မြန်ပြေးနိုင်ပေသည်။

....................................................................................

အခန်း (၆၃၄) ပြီးပါပြီ။

အခန်း (၆၃၅) ဒုတိယအဆင့်သန္ဓေပြောင်းသားရဲများ

မကြာခင်မှာပဲ လူတိုင်းမှာ ခါးတွင်ပျံသန်းနိုင်သည့်ကိရိယာများအားတပ်ဆင်လိုက်ကြသည်။ ထို့နောက်အားလုံးမှာကိုယ်ကို ကိုင်းညွတ်ပြီး အရှေ့သို့ လျင်မြန်စွာတိုးသွားကြသည်။

ရှပ်....ရှပ်....

ခြေသံတိုးတိုးဖြင့် ကျိုးဟောင်မှာရှေ့တွင်နေ၍ အားလုံးကို ဦးဆောင်ပြီး အဝေးရှိတောအုပ်ဆီ ဦးတည်ကာထွက်လာခဲ့ကြသည်။

ကျန် ၆ယောက်မှာလည်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေပြီး သူတို့၏ မျက်လုံးများမှာလည်း သတိထားစောင့်ကြည့်နေသည်။

ပတ်ပတ်လည်အားကြည့်လိုက်ပါက နှစ်မီတာတိုင်းအကွာအဝေးတိုင်းတွင် အလွန်ရှည်လျားပြီး ကျဉ်းမြောင်းသော ကွဲကြောင်းများရှိနေပြီး အက်ကွဲကြောင်းထဲမှသန္ဓေပြောင်းလဲမှု နှစ်ကြိမ်ခံထားရသည့် သားရဲများ၏ ဟိန်းသံကို မှုန်ဝါးဝါး ကြားနေရသည်။

ထိုအချိန်တွင် သားရဲတစ်ကောင်၏ ခြေသည်းမှာ အက်ကွဲကြောင်း၏ အစွန်းပေါ်သို့ ရောက်နေခဲ့ပြီဖြစ်သည်။

ဂလု...

ဤမြင်ကွင်းအားမြင်လိုက်ရချိန်တွင် အားလုံး၏ နှလုံးခုန်သံများမှာ မြန်ဆန်လာပြီး ကြောက်ရွံ့စွာနဲ့ တံတွေးပင်မျိုချမိလိုက်ကြသည်။

သန္ဓေပြောင်းထားသည့် သားရဲများမှာ သူတို့နှင့် မီတာဝက်လောက်သာ ဝေးပေရာ မည်သည့်အချိန်မဆို အပြင်သို့ ထွက်လာနိုင်သည်။

ဤအက်ကွဲကြောင်းထဲမှ သန္ဓေပြောင်းသားရဲများအကြောင်းကို သူတို့ မသိထားသေးပေ။

ကျိုးဟောင်မှဦ နောက်ရှိလူများအားချက်ချင်း လက်ပြလိုက်ပြီး နေရာမှာတင် ရပ်နေရန်နှင့်အဆောတလျင် မလုပ်ကြရန် အချက်ပြလိုက်သည်။

ခဏကြာ လေ့လာပြီးနောက်သန္ဓေပြောင်းသားရဲများ၏ ခြေသည်းများမှာကောင်းကောင်းမကုပ်နိုင်တာကြောင့် အက်ကွဲကြောင်းမှ တက်လာဖို့ ခက်ခဲကြောင်းကို လူတိုင်း သဘောပေါက်သွားကြသည်။

ဗက်ထရန်မှာ စမ်းသပ်သည့် ကိရိယာတစ်ခုကို ရုတ်တရက် ထုတ်လိုက်ပြီး အက်ကွဲကြောင်းဆီကို လျှောက်သွားခဲ့သည်။

“ဗက်ထရန်! မင်း ဘယ်ကို သွားနေတာလဲ။ မြန်မြန် ပြန်လာခဲ့”

စကော်လာမှာ ဤအခြေအနေကို မြင်လိုက်တော့ ချက်ချင်း စိတ်ပူသွားခဲ့သည်။ သူသည် ဗက်ထရန်အဆောတလျင်တစ်ခုခု လုပ်လိုက်မှာကို စိုးရိမ်နေခဲ့သည်။

ဗက်ထရန်မှာ တိတ်တိတ်နေရန်အချက်ပြလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“သူတို့အကြောင်းကို ပိုသိရအောင် စက်တွေသုံးလို့ရတယ်”

ဤစကားကို ကြားတော့ လူတိုင်းမှာ ချက်ချင်း လေးနက်သွားကြသည်။ သူတို့ရဲ့ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေပြီး သူတို့ရှေ့ရှိဗက်ထရန်အားစိုးရိမ်တကြီး ကြည့်နေကြကာ တစ်ခုခုဖြစ်မှာကို စိုးရိမ်နေကြသည်။

လူတိုင်းက မမျှော်လင့်ဘဲ တစ်ခုခုဖြစ်လာမှာကို ကြောက်ရွံ့စွာဖြင့် ဤမြင်ကွင်းကို သတိဖြင့် ကြည့်နေကြသည်။

ကံကောင်းစွာနဲ့ အရာအားလုံးမှာ တည်ငြိမ်နေသေးသည်။ သန္ဓေပြောင်းသားရဲများ၏ ခြေသည်းများက အက်ကွဲကြောင်းအစွန်းပေါ်တွင် ရှိနေသော်လည်း ခဏအတွင်း တက်မလာနိုင်သေးတာကြောင့် လုံခြုံသည်ဟု ယူဆနိုင်ပေသည်။

ဗက်ထရန်မှာလက်ထဲမှ စမ်းသပ်သည့် ကိရိယာကို ချက်ချင်း ဖွင့်လိုက်ပြီး သားရဲတစ်ကောင်၏ ခြေသည်းဆီသို့ ကပ်လိုက်ပြီး စကန်ဖတ်လိုက်သည်။

မကြာခင်မှာပဲ သူတို့ ခုနစ်ယောက်၏ရှေ့တွင် ပွင့်လင်းမြင်သာသော မျက်နှာပြင်တစ်ခု ပေါ်လာခဲ့သည်။

မျက်နှာပြင်၏ ဘယ်ဘက်အစွန်ဆုံးမှာ ကျားခေါင်းနှင့် မြွေအမြီးပါသည့် မျိုးပြောင်းထားသည့် သားရဲတစ်ကောင်က ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်။ ညာဘက်မှာတော့ မျိုးပြောင်းထားသည့် သားရဲ၏ခွဲခြမ်းစိတ်ဖြာချက်များ ပေါ်လာသည်။

မျိုးစိတ်- (မသိရှိရသေး)

ရုပ်ပိုင်းဆိုင်ရာညွှန်းကိန်း- ၅၀၀

ခွန်အားညွှန်းကိန်း- ၂၀၀

ဥာဏ်ရည်- ၂၀

အားလုံးမှာ ကြည့်ပြီးနောက်ကျိုးဟောင်မှာ သူ့ရှေ့မှာ ပေါ်လာသည့် ပို့ဆောင်ရေးခလုတ်ကို ချက်ချင်း နှိပ်လိုက်သည်။ ထို့နောက်ဤအချက်အလက်ကို ပို့ဆောင်လိုက်ပြီး မျက်နှာပြင်ကို ချက်ချင်း ပိတ်လိုက်သည်။

“စနစ်ကလည်း ဒီသန္ဓေပြောင်းသားရဲက ဘာလဲဆိုတာ မသိဘူးနဲ့ တူတယ် ဒီသန္ဓေပြောင်းသားရဲအသစ်တွေက အန္တရာယ်များနိုင်တဲ့အလားအလာရှိတယ် လူတိုင်း သတိထားကြပါ”

ကျိုးဟောင်မှာလူတိုင်းကို သတိထားဖို့ သတိပေးပြီးနောက် လျင်မြန်စွာဖြင့်ရှေ့ကို လျှောက်သွားခဲ့သည်။

“ဂါး ဂါး”

ပတ်ဝန်းကျင်တွင် သန္ဓေပြောင်းသားရဲများ၏ အော်ဟစ်သံများက အဆက်မပြတ်ထွက်ပေါ်နေပြီး မြေကြီးကလည်း အနည်းငယ် တုန်ခါနေခဲ့သည်။

ကျိုးဟောင်မှာစိတ်ထဲတွင် အခြေအနေမကောင်းဘူးဟု တွေးလိုက်မိသည်။ မြေကြီးတုန်ခါခြင်းက သူတို့အတွက် ကောင်းတဲ့ သတင်းမဟုတ်ပေ။

ကျိုးဟောင်၏ များပြားသောတိုက်ခိုက်ရေးအတွေ့အကြုံအရဆိုပါက ဤသည်မှာ ပြင်းထန်သော ပုံမှန်မဟုတ်တဲ့ အရာတစ်ခု ရှိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေခြင်းဖြစ်သည်။

ဂလု..

ကျိုးဟောင်၏စိတ်မှာချက်ချင်းပင်လေးလံသွားပြီး သူက မနေနိုင်ဘဲ အရှိန်တင်လိုက်သည်။

လက်ရှိအချိန်တွင် အက်ကွဲကြောင်းထဲမှသန္ဓေပြောင်းသားရဲအားလုံး အပြင်သို့ထွက်လာပါက သူတို့မည်မျှအစွမ်းထက်သည်ဖြစ်စေ ဤသန္ဓေပြောင်းသားရဲများကို ယှဉ်နိုင်မည်မဟုတ်ပေ။

အကြောင်းမှာ ၎င်းတို့၏အရေအတွက်မှာ အလွန်များနေ၍ဖြစ်သည်။ ထိုသတ္တဝါများမှာခွန်အားမသုံးဘဲခြေထောက်ဖြင့်နင်းလျှင်ပင် သူတို့ ခုနစ်ယောက်ကို အလွယ်တကူ သေဆုံးအောင် နင်းခြေပစ်နိုင်ပေသည်။

အမြဲတမ်း တည်ငြိမ်နေတတ်တဲ့ ကျိုးဟောင်ပင် သူ့ကျောပေါ်တွင် ချွေးစီးများစီးကျလာသည်ကို ခံစားလိုက်ရသည်။

ကံကောင်းသည်မှာ မြေကြီးက ခဏသာ တုန်ခါပြီး ချက်ချင်း တည်ငြိမ်သွားသည်။

ကျိုး‌ဟောင်ရှေ့ဆက်သွားနေချိန်မှာပင် ရုတ်တရက်ဆိုသလိုနောက်ဘက်မှအော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။

လူတိုင်းမှာချက်ချင်းပင်ထိတ်လန့်သွားခဲ့သည်။အားလုံးမှာ နေရာမှာတင် ရပ်လိုက်ပြီး သူတို့ရဲ့ နောက်ကို မြန်မြန် လှည့်ကြည့်လိုက်သည်။

မကြာခင်မှာပင် သန္ဓေပြောင်းသားရဲတစ်ကောင်မှာ အခြားသန္ဓေပြောင်းသားရဲတစ်ကောင်၏ ကိုယ်ပေါ်ကို နင်းပြီး အက်ကွဲကြောင်းထဲမှ လျင်မြန်စွာ တက်လာနေတာကို လူတိုင်း တွေ့လိုက်ရသည်။

“သေစမ်း”

ကျိုးဟောင်ရဲ့ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့သည်။ သူသည် သန္ဓေပြောင်းသားရဲတစ်ကောင်မှာ အက်ကွဲကြောင်းမှ ထွက်လာလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ!

ဤသန္ဓေပြောင်းသားရဲ၏အငွေ့အသက်မှာအလွန်အစွမ်းထက်ပြီး ၆ဆင့်မြောက် ကောင်းကင်ဘုံအဆင့်သို့ ရောက်နေပြီလို့ ယူဆနိုင်ပေသည်။

အကယ်၍ ဤသားရဲနဲ့ တိုက်ခိုက်မည်ဆိုပါက ဤသတ္တဝါအားချက်ချင်းသတ်ပစ်နိုင်သည်ဟု ကျိုးဟောင်ယုံကြည်ချက်ရှိပေသည်။

သို့သော် လက်ရှိအချိန်တွင် သူတို့အဖွဲ့သည် သံလိုက်စက်ကွင်း တုန်ခါရခြင်းအကြောင်းရင်းကို စုံစမ်းဖို့အတွက်သာ ဤနေရာကို ရောက်လာခြင်းဖြစ်ပြီး ဤသတ္တဝါများအားရှင်းလင်းရန်လုံးဝမဟုတ်ပေ။

ထို့အပြင် အက်ကွဲကြောင်းထဲတွင် သန္ဓေပြောင်းသားရဲအများအပြားရှိနေပေသည်။

အကယ်၍ ဤနေရာတွင်အချိန်ဖြုန်းပြီး ဤသန္ဓေပြောင်းသားရဲနှင့်တိုက်ခိုက်နေပါက အက်ကွဲကြောင်းထဲမှအခြားသန္ဓေပြောင်းသားရဲများပါထွက်လာလျှင် သူတို့အဖွဲ့အတွက်အဆုံးသတ်သွားမည်ဖြစ်သည်။

ထို့ကြောင့် ကျိုးဟောင်မှာ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ကာ အအဖွဲ့ဝင်တွေကို လက်ပြပြီး အော်ပြောလိုက်သည်။

"ပြေး... သူတို့နဲ့ထိပ်တိုက်မတိုက်နဲ့"

သူ စကားဆုံးသည်နှင့် လူတိုင်းမှာခါးတွင်တပ်ထားသော ပျံသန်းနိုင်သည့် ကိရိယာကို ချက်ချင်း ဖွင့်လိုက်ပြီး သန္ဓေပြောင်းသားရဲများထံမှအာရုံစိုက်မခံရအောင် အကွာအဝေးအနည်းငယ်အားပျံသန်းလိုက်ကြသည်။

အစပိုင်းတွင် သန္ဓေပြောင်းသားရဲမှာတည်ငြိမ်နေပုံရသော်ငြား အက်ကွဲကြောင်းထဲမှ လွတ်မြောက်လာပြီးနောက် ရုတ်တရက် မငြိမ်မသက်ဖြစ်လာခဲ့သည်။

ထိုသတ္တဝါမှာရုတ်တရက်နှာခေါင်းတရှုံ့ရှုံ့ဖြင့် သူတို့၏ဦးတည်ရာအားရှာရန်ခေါင်းစောင်းလာခဲ့ပြီးနောက် အပေါ်မော့ကာအော်ဟစ်လာခဲ့သည်။

သန္ဓေပြောင်းသားရဲ၏အော်သံမှာအလွန်စူးကာ သင်ပုန်းပေါ်ကို လက်သည်းနဲ့ ကုတ်ခြစ်သလိုမျိုး အသံထွက်နေပြီး နားကွဲမတတ် ပြင်းထန်လှပေသည်။

ဤအသံကြောင့် လူတိုင်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။

လူတိုင်းမှာ သူတို့ရဲ့ ချပ်ဝတ်ပေါ်ရှိ ခလုတ်တစ်ခုအားချက်ချင်း နှိပ်လိုက်သည်။ မကြာခင်မှာပင် သူတို့၏နားပတ်ပတ်လည်တွင် ကိရိယာများချက်ချင်း ပေါ်လာပြီး အသံကြောင့် သူတို့ရဲ့ အကြားအာရုံကို မထိခိုက်အောင် ကာကွယ်ပေးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သန္ဓေပြောင်းသားရဲမှာရူးသွပ်သွားပုံရသည်။ ၎င်းမှာမြေပြင်ပေါ်သို့လှဲချလိုက်ကာ သူတို့ရှိရာဘက်သို့လျင်မြန်စွာ ပြေးလာခဲ့သည်!

သန္ဓေပြောင်းသားရဲ၏ခန္ဓာကိုယ်မှာအလွန်ကြီးကာ အနည်းဆုံး နှစ်မီတာခန့် ရှည်လျား‌ပေသည်။ သူ ပြေးလာပြီး မြေပြင်ပေါ်ကို နင်းလိုက်တိုင်း ပြင်းထန်သောတုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။

၎င်းပြေးလာရာလမ်းကြောင်းတစ်လျှောက်တွင် ဖုန်များအလုံးလိုက်ထကာကျန်နေခဲ့ပြီး တစ်ခဏအတွင်းမှာပင် သဲမုန်တိုင်းလိုမျိုးနောက်တွင် ဖုန်မှုန့်များအများအပြားထလာခဲ့သည်။

သန္ဓေပြောင်းသားရဲမှာအစွမ်းကြီးသော်ငြားအရှိန်မှာသူတို့လောက်မမြန်ပေ။ ထို့အပြင် လူတိုင်းမှာပျံသန်းရေးကိရိယာအားသုံးနေတာကြောင့် သန္ဓေပြောင်းသားရဲနှင့်သူတို့အဖွဲ့ကြားရှိအကွာအဝေးမှာ ဝေးကွာသွားခဲ့သည်။

“ဟူး... ဒီသန္ဓေပြောင်းသားရဲကဖြေရှင်းဖို့မလွယ်ဘူး”

ဗက်ထရန်မှာ လေယာဥ်အားလက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး မီတာတစ်ရာအကွာမှ သူတို့နောက်လိုက်နေသောသန္ဓေပြောင်းသားရဲအားလှည့်ကြည့်လိုက်သည်။

....................................................................................

အခန်း (၆၃၅) ပြီးပါပြီ။

အခန်း (၆၃၆) : ရုတ်တရက် ပြောင်းလဲခြင်း

“ကျွန်တော်တို့ကို မမြင်နိုင်တဲ့ပုံပဲ”

ကျိုးဟောင်မှာ ပျံသန်းစက်ကို လက်တစ်ဖက်နဲ့ ကိုင်ထားရင်း ပျံသန်းနေတုန်းမှာပဲ သူတို့နောက်မှ အပြင်းအထန် လိုက်နေတဲ့ သန္ဓေပြောင်းသားရဲအား လှည့်ကြည့်လိုက်သည်။

ဤသားရဲရဲ့ မျက်လုံးတွေမှာ အဖြူရောင်ဖြစ်ပြီး မျက်ဆံမဲမပါပေ။

ပိုပြီးဆိုးသည်မှာ ၎င်းသည်ခြေချော်ကျပြီးအက်ကွဲကြောင်းထဲကို ပြုတ်ကျရန်သီသီလေးသာလိုခြင်းဖြစ်သည်။

“ကျွန်တော် သဘောပေါက်ပြီ အက်ကွဲကြောင်းရဲ့ အစွန်းဘက်ကနေ ကပ်ပြီးသွားမယ် ကျွန်တော်တို့ကိုလိုက်ဖမ်းနေရင်းနဲ့ အထဲကို ပြုတ်ကျအောင် ကြိုးစားကြည့်ရအောင် ဘာပဲဖြစ်ဖြစ် သူက ကျွန်တော်တို့ကို မမြင်နိုင်ဘူး တကယ်လို့ သူသာ ပြုတ်ကျသွားရင် ပြန်တက်ဖို့ကအရမ်းခက်လိမ့်မယ်”

ကျိုးဟောင်မှာ လက်ယမ်းလိုက်ပြီး ချက်ချင်းဆိုသလို အမိန့်ပေးလိုက်သည်။

လူတိုင်းမှာ သူတို့အားလိုက်နေသော သန္ဓေပြောင်းသားရဲအားလှည့်စားရန် မြေပြင်ပေါ်က အက်ကွဲကြောင်းတွေဘက်ဆီသို့ဦးတည်ပြေးသွားကြသည်။

သို့သော် သန္ဓေပြောင်းသားရဲမြေပြင်ပေါ်ကို ခြေချလိုက်ချိန်တိုင်း တုန်ခါသွားသည့်ပြင်းထန်သောအသံများကြောင့် အက်ကွဲကြောင်းထဲမှ သားရဲများအားသတိပေးသလိုဖြစ်နေပေရာ သူတို့တက်လာသောအရှိန်မှာ ရုတ်တရက် ပိုမြန်လာခဲ့ပြီး သူတို့ရဲ့ အော်ဟစ်သံတွေမှာလည်း အကြိမ်ရေစိတ်ကာပိုမိုပြင်းထန်လာခဲ့သည်။

မြေပြင်မှာပိုမိုပြင်းထန်စွာ တုန်ခါလာခဲ့ကာ သူတို့အဖွဲ့မှာလည်းဟန်ချက်ပျက်ပြီး လဲကျလုနီးပါး ဖြစ်နေခဲ့သည်။

ဂါး....ဂါး....

သန္ဓေပြောင်းသားရဲတစ်ကောင်မှာ အပေါ်တက်ရန်ကြိုးစားနေသော အခြားသားရဲတစ်ကောင်၏ လက်သည်းပေါ်သို့ တက်နင်းလိုက်သည်။ ထို့နောက်၎င်းမှာ ရုတ်တရက် အော်ဟစ်လိုက်ပြီး မျိုးတူသားရဲအားဆွဲကိုင်လိုက်သည်။

“သေစမ်း… နောက်တစ်ကောင်တက်လာပြန်ပြီ…”

ဗက်ထရန်မှာ လှည့်ကြည့်လိုက်ပြီး ဤကြောက်စရာကောင်းတဲ့ မြင်ကွင်းအားတွေ့လိုက်ရချိန်တွင် သူ့ရဲ့ ဦးရေပြားတစ်ခုလုံး ထုံကျင်သွားခဲ့သည်။

တစ်ကောင်အား မျက်ခြေဖြတ်ရန်ပင် မလွယ်သေးသောအခြေအနေတွင် နောက်တစ်ကောင် ပေါ်လာပြန်ပြီဖြစ်သည်။

သို့သော် စက္ကန့်ပိုင်းကြာပြီးနောက် သန္ဓေပြောင်းသားရဲ၏လုပ်ရပ်မှာ အားလုံးကိုထိတ်လန့်ပြီးကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်သွားစေခဲ့သည်။

၎င်းမှာ သန္ဓေပြောင်းသားရဲသည် ၎င်း၏မျိုးတူအဖော်အားဆွဲကိုင်လိုက်ပြီး အဖော်ရဲ့ခေါင်းကို ကိုက်ဖြတ်လိုက်ခြင်းပင်ဖြစ်သည်။

ဂျွတ်

သွေးများဟာ ချက်ချင်းဆိုသလို ပန်းထွက်လာခဲ့သည်။ သို့သော်ဤသားရဲများ၏သွေးများမှာတကယ်တမ်းတွင် အစိမ်းရောင်ဖြစ်နေသည်။

သွေးများမှာ နေရာအနှံ့ ပန်းထွက်သွားပြီး မြေပြင်ပေါ်ကျရောက်သွားပြီးနောက်တစီစီမြည်သံများ ထွက်ပေါ်လာခဲ့သည်။ အဖြူရောင် ပူဖောင်းများလည်း ထွက်လာခဲ့ပုံအရ ဤသွေးများဟာ အဆိပ်ရှိပုံပေါ်သည်။

ဤမြင်ကွင်းက သူတို့ကို တကယ်ကို ထိတ်လန့်သွားစေခဲ့သည်။

ဤ သန္ဓေပြောင်းသားရဲမှာ မျိုးနွယ်တူချင်းကိုက်ဖြတ်စားသောက်မည်ဟု မည်သူမျှမမျှော်လင့်ထားခဲ့ပေ။

သန္ဓေပြောင်းသားရဲမှာ ၎င်း၏သွေးများဖြင့်ပေပွနေသောပါးစပ်ကို ဖွင့်ပြီး မျိုးတူသားရဲ၏ခေါင်းအား ပါးစပ်ထဲ ထည့်ကာဝါးစားလိုက်သည်။ထိုသို့စားနေရင်း အစိမ်းရောင်သွေးများမှာတောက်လျှောက်စီးကျနေပေရာ ဤမြင်ကွင်းမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။

“သေစမ်း.... ဒီမြင်ကွင်းက အရမ်းကို ကြောက်စရာကောင်းတယ် မြန်မြန်မှတ်တမ်းတင်ပြီး ဌာနချုပ်ကို သတင်းပို့လိုက်”

ဗက်ထရန်က ချက်ချင်းဆိုသလို မှတ်တမ်းတင်စက်ကို ထုတ်ယူပြီးအစောပိုင်းမြင်ကွင်းကို မှတ်တမ်းတင်ကာ ဌာနချုပ်ထံချက်ချင်းပို့လိုက်သည်။

“ဒီအခွင့်အရေးကိုယူပြီး ပြေးရအောင်”

ကျိုးဟောင်မှာ ဂရုမစိုက်တော့ပေ။ သူ၏ဦးစားပေးမှာ အဖွဲ့ဝင်တွေ၏ဘေးကင်းရေးကို သေချာစေရန်ပင်ဖြစ်သည်။

သို့သော် သူ့စကားဆုံးသည်နှင့်မျိုးတူအဖော်အားစားလိုက်သောသားရဲမှာရုတ်တရက် ပြင်းထန်စွာ အော်ဟစ်လိုက်လာခဲ့ပြီး ၎င်း၏အရှိန်မှာလည်းရုတ်တရက် အများကြီး ပိုမြန်လာခဲ့သည်။

ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင်ကလူတွေရဲ့ မျက်နှာများမှာ သိသိသာသာပြောင်းလဲသွားခဲ့သည်။

ဤသားရဲ၏အရှိန်ပိုမြန်လာခြင်းသည်ကောင်းသောအရာမဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် အဓိပ္ပာယ်မှာ သူတို့ဤသားရဲလက်မှလွတ်မြောက်ရန် ပျံသန်းမှရမည်ဟူသောသဘောသက်ရောက်ပေသည်။သို့သော် သူတို့ပျံသန်းမယ်ဆိုပါက ဤနေရာရှိ ပုန်းကွယ်နေသော တခြားသားရဲတွေရဲ့ အာရုံကို ဆွဲဆောင်မိနိုင်သည်။

ဘာပဲဖြစ်ဖြစ် ဤနေရာမှာ သူတို့အတွက် မသိရသေးသောကမ္ဘာတစ်ခုပင်။ ဤနေရာတွင် တခြားကြောက်မက်ဖွယ် သားရဲတွေ ပုန်းကွယ်နေမလားဆိုတာအား မည်သူမျှမသိပေ။

ပျံသန်းနိုင်သော ကြောက်မက်ဖွယ် သားရဲတစ်ကောင်ဖြင့် ထိပ်တိုက်တွေ့မည်ဆိုပါက သူတို့ သေချာပေါက်သေမည်ဖြစ်သည်။

ဤအချက်ကို တွေးမိချိန်တွင် ကျိုးဟောင်မှာချက်ချင်းဆိုသလို အော်ဟစ်လိုက်သည်။

“အက်ကွဲကြောင်းကနေ ခွာပြီး အနောက်မြောက်ဘက်မှာရှိတဲ့ နေရာကို သွားကြ ရောက်တာနဲ့ မြေပေါ်မှာ ဝပ်နေမလှုပ်ကြနဲ့”

သူတို့အဖွဲ့သည်အားကုန်သုံးကာ ထိုနေရာသို့ပြေးသွားခဲ့ကြသည်။

ကျိုးဟောင်မှာ ဤသားရဲသည်သူတို့အားလိုက်ဖမ်းရန် ၎င်း၏အမြင်အာရုံကိုသုံးခြင်းမဟုတ်ကြောင်းသိလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းမှာမျက်စိကွယ်နေပြီး ပတ်ဝန်းကျင်ကို မမြင်နိုင်သောကြောင့် အက်ကွဲကြောင်းထဲသို့ ပြုတ်ကျလုနီးပါးအကြိမ်ကြိမ်ဖြစ်ခဲ့ပေသည်။

ထို့ အပြင် သူတို့၏ချပ်ဝတ်များမှာ သူတို့၏အနံ့ကို ဖုံးကွယ်နိုင်သောကြောင့် သားရဲများမှာအနံ့ခံပြီး ၎င်းတို့အားရှာဖွေခြင်းလည်းမပြုနိုင်ပေ။

၎င်းသုံးနိုင်သော တစ်ခုတည်းသော အရာမှာ ၎င်း၏ထက်မြက်သောအကြားအာရုံသာဖြစ်သည်။

ဤသားရဲ၏အကြားအာရုံမည်မျှကောင်းမွန်ကြောင်း သူတို့မသိပေ။

ထိုအချိန်တွင် သားရဲ၏အရှိန်မှာ သိသိသာသာ ပိုမြန်လာခဲ့သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူတို့ အတော်လေးဒုက္ခခံပြီးပြေးခဲ့သော မီတာ ၅၀၀ အကွာအဝေးကို ချက်ချင်းဆိုသလိုလိုက်မီလာခဲ့သည်။

ဤအရှိန်ဖြင့်ဆိုပါက သူတို့အဖွဲ့ထဲမှတစ်ယောက်ယောက်သာအဖမ်းခံလိုက်ရပါက ကျိုးဟောင်မှာအားလုံးကိုဂရုစိုက်နိုင်ရန်မှာလုံးဝမဖြစ်နိုင်ပေ။

သူအချိန်အများကြီး ဖြုန်းခဲ့ပြီးပြီဖြစ်ပြီး ဤနေရာမှအမြန်ဆုံးထွက်သွားရမည်ဖြစ်သည်။ ထို့အပြင် ရှေ့တွင် ပိုမိုအန္တရာယ်များသော အရာများကစောင့်ကြိုနေသေးပေသည်။

လူတိုင်းကမြေပြင်မှာဝပ်နေပြီး အသက်အောင့်ကာသေချာကြည့်နေကြပြီး အသက်ပင်ပြင်းပြင်းမရှူဝံ့ပေ။

သားရဲမှာရုတ်တရက် ရပ်တန့်သွားခဲ့ကာ နားရွက်များအားလှုပ်ကာပတ်ဝန်းကျင်ကို သတိထားပြီး နားထောင်လိုက်သည်။ သို့သော်အချိန်အတော်ကြာသည်အထိ ကျိုးဟောင်တို့အဖွဲ့၏ထွက်ပြေးသွားသောခြေသံအားမကြားရပေ။

သန္ဓေပြောင်းသားရဲမှာ ရုတ်တရက် ဒေါသထွက်လာပြီး မျိုးတူအဖော်အားဆွဲကာ အလျင်အမြန်ပင်စားပစ်လိုက်သည်။

သန္ဓေပြောင်းသားရဲနှင့် ကျိုးဟောင်တို့အဖွဲ့၏အကွာအဝေးမှာတစ်မီတာမျှသာရှိသည်။ ၎င်းမှာ မျိုးတူသားရဲ၏လည်ပင်းအား ကိုက်ဖြတ်လိုက်ရာ သွေးများမှာ ချက်ချင်းဆိုသလိုဗက်ထရန်နှင့် စကော်လာတို့၏ချပ်ဝတ်များပေါ် စင်လာခဲ့သည်။

“သေစမ်း… ရွံစရာကောင်းလိုက်တာ”

စကော်လာမှာ ရွံရှာနေဟန်ဖြင့်ပြောလိုက်သည်။

ချက်ချင်းဆိုသလို ဆိုးရွားသောအနံ့ကစကော်လာ၏ခေါင်းထဲကို ဝင်လာခဲ့ပြီး ပျို့အန်ချင်သလို ဖြစ်သွားစေခဲ့သည်။

သူသည် သတိထားပြီးလက်ကိုလှုပ်ကာခေါင်းဆောင်းပေါ်မှ ခလုတ်အားနှိပ်လိုက်သည်။ ထိုအချိန်မှသာ အသက်ရှူစက်ပွင့်လာပြီး စက်ဆုပ်ဖွယ် အနံ့ကို ပိတ်ဆို့ထားနိုင်ခဲ့သည်။

သားရဲမှာ ပျော်ရွှင်စွာ စားသောက်နေရင်းကနေ ရုတ်တရက် ရပ်တန့်သွားပြီး နားရွက်များအားလှုပ်ကာပတ်ဝန်းကျင်မှ အသံအားနားထောင်နေခဲ့သည်။ ခဏအကြာတွင် ၎င်းမှာရုတ်တရက် ခေါင်းကိုမော့ပြီး အော်ဟစ်လိုက်သည်။

ထို့နောက် အဝေးရှိနေရာဆီသို့ အမြန်ပြေးသွားခဲ့သည်။

ကျန်ခဲ့သည့်အရာမှာ အနံ့ဆိုးများထွက်နေပြီး မြေပြင်ပေါ်တွင်လဲကျလျက်ရှိသောခေါင်းဖြတ်ခံထားရသည့် သားရဲအလောင်းသာဖြစ်သည်။

သန္ဓေပြောင်းသားရဲ၏ပုံရိပ် သူတို့ရှေ့မှလုံးဝ ပျောက်ကွယ်သွားပြီးနောက်တွင် ကျိုးဟောင်တို့အဖွဲ့မှာမြေပြင်မှထထိုင်လိုက်ကြသည်။

စကော်လာမှာ သူ၏ချပ်ဝတ်အင်္ကျီပေါ်ရှိ စေးကပ်နေသောအစိမ်းရောင်သွေးများအား ရွံရှာစွာ ကြည့်လိုက်ပြီး ပျို့အန်ချင်သလို ဖြစ်သွားခဲ့သည်။

“ဒီဟာက ဘာလို့ နှပ်ချေးနဲ့ တူနေရတာလဲ”

“မြန်မြန်စုဆောင်းပြီး ပြန်ယူသွား ဒါမှ နမူနာယူပြီး ခွဲခြမ်းစိတ်ဖြာနိုင်မှာ ဒါက ဘုရားသခင်က ငါတို့ကို ပေးတဲ့ အခွင့်အရေးပဲ အနည်းဆုံးတော့ ငါတို့နမူနာတွေ ရပြီ ပြီးတော့ငါတို့ ဘာအလုပ်မှတောင် လုပ်စရာမလိုဘူး”

ဗက်ထရန်မှာချက်ချင်းဆိုသလို ရှေ့ကိုသွားပြီး ဓားမြှောင်ဖြင့် သားရဲ၏အလောင်းမှအသားတစ်ပိုင်းကို လှီးဖြတ်လိုက်ကာ ထိုအရာအားနမူနာအိတ်ထဲထည့်လိုက်ပြီး လေဆုတ်ကာ ကျောပိုးအိတ်ထဲ ထိုးထည့်လိုက်သည်။

တစ်ဖက်တွင်စကော်လာမှာလည်း ရွံရှာစိတ်အားသည်းခံပြီး ချပ်ဝတ်‌ပေါ်ရှိစင်ထားသောသွေးများအား ဖန်ပုလင်းထဲ ထည့်လိုက်ပြီးကျောပိုးအိတ်ထဲ သိမ်းလိုက်သည်။

“အခုနကသန္ဓေပြောင်းသားရဲက မျိုးတူသားရဲကို စားပြီးတဲ့နောက်မှာ ပြောင်းလဲသွားတယ်ဆိုတာ အားလုံးသတိထားမိလား”

ကျိုးဟောင်မှာ မျက်လုံးကိုမှေးပြီး သေနေပြီဖြစ်သောသားရဲအလောင်းအား ကြည့်ပြီးလေးနက်စွာပြောလိုက်သည်။

“မဟုတ်မှ ဒီသားရဲတွေမှာ သူတို့ရဲ့အစွမ်းကို တိုးမြှင့်ဖို့အတွက် သူတို့ရဲ့အဖော်တွေကို ဝါးမျိုစား‌သောက်နိုင်တဲ့ စွမ်းရည်ရှိတာလား”

....................................................................................

All Chapters