အခန်း (၆၃၇-၆၃၉)
Vol. 43 Ch. 637-639
အခန်း (၆၃၇) : ဝါးမျိုခြင်း
ထိုအချက်အား သိလိုက်ရချိန်တွင် ကျိုးဟောင်၏မျက်နှာမှာ ချက်ချင်းဆိုသလို ပျက်ယွင်းသွားခဲ့သည်။
ကျိုးဟောင်မှာသန္ဓေပြောင်းသားရဲ အလောင်းအားစိုက်ကြည့်ရင်းထပ်မေးလိုက်သည်။
“ဒါပေမဲ့ ဘာလို့ ခေါင်းကိုပဲ စားကြပြီး တခြားနေရာတွေကို မစားတာလဲ”
“ခေါင်းကပဲ သူတို့ကို ပြောင်းလဲစေနိုင်တာလား ခန္ဓာကိုယ်ကို စားရင်တော့ အကျိုးမရှိတာလား”
စကော်လာမှာ ခဏမျှတွေဝေသွားပြီး ရှေ့တိုးသွားကာ သားရဲ၏ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးကို ဓားငယ်လေးနဲ့ အစိတ်စိတ်အမြွှာမြွှာလှီးဖြတ်ပြီး သုတေသနအိတ်ထဲ ထည့်လိုက်ကာ ပြန်ရောက်ပါကသန္ဓေပြောင်းသားရဲ၏ဖွဲ့စည်းပုံကို စုံစမ်းစစ်ဆေးရန် ပြင်လိုက်သည်။
ယခုလိုအားလုံးလုပ်ပြီးသွားတော့မှ သူတို့အဖွဲ့သည်ရှေ့ကိုဆက်လျှောက်လာခဲ့ကြသည်။
သို့သော် ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့အရှိန်သည် ယခင်ကထက် အများကြီး ပိုမြန်နေခဲ့သည်။
ယခင်က တစ်လှမ်းချင်းစီ သတိထားပြီး လျှောက်နိုင်ခဲ့သော်ငြား ယခုအချိန်တွင် သူတို့သည်အန္တရာယ်ကင်းဖို့ရာအတွက် ပျံသန်းစက်ကိုသုံးကာ ပုံမှန်ထက်မြန်သောအရှိန်ဖြင့်ရှေ့ကိုပျံသန်းနေရသည်။
ဤနေရာသည်တကယ်ကိုအန္တရာယ်များလှသည်။ ထို့အပြင်အမည်မသိသားရဲများသည်လည်းအချိန်မရွေးပေါ်လာနိုင်ခြေရှိပေသည်။
ထို့အပြင်မျိုးတူအားစားသောက်ခဲ့သည့်သားရဲမှာ မည်သည့်အချိန်ပေါ်လာမလဲမသိရသည့်အတွက် သူတို့သည်စွန့်စားခြင်းမပြုရဲပေ။
အစောပိုင်းကသန္ဓေပြောင်းသားရဲ၏နောက်မှလိုက်လာမှုကြောင့် သူတို့အဖွဲ့၏အရှိန်မှာအများကြီးပိုမြန်လာခဲ့ပေရာ အက်ကွဲကြောင်းများပြည့်နှက်နေသည့်ကန္တာရအားဖြတ်သန်းရန် သူတို့အတွက်မိနစ် ၂၀ မျှသာကြာမြင့်ပေသည်။
သူတို့၏ရှေ့မှ ကန္တာရမှာပျောက်ကွယ်သွားပြီး အစိမ်းရောင်သစ်ပင်များဖြင့်ပြည့်နေသောသစ်တောကြီးအား တွေ့လိုက်ရချိန်တွင် ကျိုးဟောင်တို့အဖွဲ့မှာစိုးရိမ်လာခဲ့ကြသည်။
“ဒီသစ်တောကတော့ သိပ်ပြီး အေးချမ်းတဲ့ပုံမပေါ်ဘူး”
ဗက်ထရန်မှာမျက်လုံးမျာအားမှေးကျဥ်းကာပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးနောက် ကျိုးဟောင်အားစိုးရိမ်တကြီးမေးလိုက်သည်။
“ကျိုးဟောင် ငါတို့ဝင်သွားရင် အန္တရာယ်ရှိနိုင်မလား”
အားလုံးမှာအဝေးရှိသစ်တောအား ကြည့်လိုက်ကြသည်။
အားလုံးမှာ ယခုလိုထူထပ်သောသစ်တောထဲတွင် အမြဲတမ်း အန္တရာယ်တစ်ချို့ ပုန်းကွယ်နေတတ်ပြီး ဘယ်အချိန်မဆို သူတို့၏အသက်ကို ခြွေယူရန်ပြင်ဆင်နေသော သန္ဓေပြောင်းသားရဲများပုန်းခိုနေသည်ဟုခံစားနေရပေသည်။
ကျိုးဟောင်မှာ သစ်တောအဝင်ဝမှာ ခဏရပ်ကာ စဉ်းစားပြီးနောက် လေးနက်စွာပြောလိုက်သည်။
“ဘယ်လောက်ပဲ အန္တရာယ်များများ ငါတို့ ဖြတ်သွားရမှာပဲ ဘာလို့လဲဆိုတော့ ဒါက စီနီယာကျိ ပေးထားတဲ့တာဝန်ပဲ”
ခဏနားပြီးနောက် ကျိုးဟောင်မှာလေးနက်စွာပြောလိုက်သည်။
“သွားကြမယ် ဘယ်အချိန်မဆို ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်အတွက် လူတိုင်း ၁၂၀% အထိသတိရှိနေရမယ်”
အက်ကွဲကြောင်းမှတက်လာရန် ရုန်းကန်နေသော သားရဲ ထောင်ပေါင်းများစွာရဲ့ မြင်ကွင်းက တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။
သူတို့အဖွဲ့မှာ ဒီလောက်များသောသန္ဓေပြောင်းသားရဲများကို ပထမဆုံးအကြိမ်မြင်ဖူးတာဖြစ်သည့်အတွက်အနည်းငယ်ကြောက်ရွံ့ပြီး စိတ်လှုပ်ရှားနေကြသည်။
ကံကောင်းသည်မှာ သူတို့သည်ချပ်ဝတ်များအားဝတ်ထားတဲ့အတွက် သားရဲတွေက သူတို့ရဲ့အနံ့ကို မရနိုင်ပေ။ သူတို့ရဲ့လှုပ်ရှားမှုမကြီးသရွေ့ သားရဲတွေရဲ့ အာရုံကို ဆွဲဆောင်မိမှာမဟုတ်ပေ။
ကျိုးဟောင်ရဲ့ဦးဆောင်မှုအောက်မှာ အားလုံးဟာပြန်လည်တည်ငြိမ်လာခဲ့ကြသည်။
သူတို့ဟာ အသက်ကိုပြင်းပြင်းရှူသွင်းပြီး အဝေးရှိသစ်တောအား လေးနက်သောမျက်နှာထားမျိုးဖြင့်စိုက်ကြည့်လိုက်ကြကာ သစ်တောထဲကို ဝင်ရန် အသင့်ပြင်လိုက်သည်။
“သွားကြမယ်”
ကျိုးဟောင်မှာ လက်ပြလိုက်ပြီး ရှေ့ဆုံးမှဦးဆောင်ပြီးအားလုံးကိုသစ်တောထဲကို ခေါ်ဆောင်သွားလိုက်သည်။
အားလုံး သစ်တောထဲကို ဝင်လိုက်သည့်အချိန်တွင် အဝေးမှကြီးမားသော ကျားတစ်ကောင်မှာ ရုတ်တရက်သူတို့ရှိရာဘက်သို့လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ကျား၏ခန္ဓာကိုယ်မှာ အံ့ဩစရာကောင်းလောက်အောင် ကြီးမားကာအလျားအားဖြင့် နှစ်မီတာနီးပါးရှိသည်။ အကွာအဝေးမှာလည်း သူတို့အဖွဲ့နှင့်ဆယ်မီတာပင် မဝေးပေ။
လက်ရှိအချိန်တွင် သူတို့အဖွဲ့အားဤကျားမှလိုက်ဖမ်းမည်ဆိုပါက တိုက်ပွဲတစ်ခု ဖြစ်လာမှာ သေချာပေသည်။
ဤနေရာသည်အစောပိုင်းက ကန္တာရနှင့်မတူဟုပြောနိုင်ပေသည်။ ခြေလှမ်းသုံးလှမ်းတိုင်းတွင် တိမ်များထိရောက်နေသယောင်ထင်ရသည့် ကြီးမားသည့်သစ်ပင်များစွာရှိပေသည်။
တိုက်ပွဲဖြစ်ပြီး ဤသစ်ပင်များကို ထိမိမည်ဆိုပါကသန္ဓေပြောင်းသားရဲများ၏အာရုံကို ဆွဲဆောင်မိမှာ သေချာပေသည်။
အစောပိုင်းက သန္ဓေပြောင်းသားရဲနှင့်တိုက်ပွဲဖြစ်ပြီးနောက်အားလုံးမှာ ဤနေရာရှိသန္ဓေပြောင်းသားရဲများသည် အကြားအာရုံပိုမိုကောင်းမွန်ကြောင်းကို သိခဲ့ပြီးပြီဖြစ်သည်။
သားရဲ ထောင်ပေါင်းများစွာအားဆွဲဆောင်မိပါက တစ်စက္ကန့်မကြာခင်မှာပင် သူတို့အဖွဲ့မှာသားရဲများ၏အစာဖြစ်သွားနိုင်ပေသည်။
ဤအချက်ကို တွေးမိလိုက်ချိန်တွင် ကျိုးဟောင်မှာစိုးရိမ်လာပြီးချွေးသီးချွေးပေါက်များပင်ကျလာခဲ့သည်။
ကံကောင်းသည်မှာ ထိုကျားမှာသူတို့အားသတိမထားမိပေ။ သူသည်ခြေထောက်တွေအားမြှောက်ပြီး မြေပေါ်မှာ ထိုင်နေရင်း တစ်ခုခုအားနားထောင်နေခဲ့သည်။
ခဏအကြာတွင် ကျားကြီးမှာ ရုတ်တရက် ခေါင်းကိုမော့ပြီး ရူးသွပ်သွားသလို အော်ဟစ်လိုက်ကာ အဝေးရှိ တောင်ထိပ်ဘက်ဆီသို့ အမြန်ပြေးသွားတော့သည်။
ကျားကြီးမှာ လေပြေတစ်ခုလိုပင် သူတို့မျက်စိရှေ့မှ အလျင်အမြန်ပျောက်ကွယ်သွားသည်။
သို့သော်အံ့သြစရာကောင်းသည်မှာ ကျားကြီးအော်ဟစ်လိုက်ပြီးနောက်ပိုင်း ပတ်ဝန်းကျင်တွင်အော်သံပေါင်းများစွာ ပေါ်ပေါက်လာခဲ့ခြင်းပင်ဖြစ်သည်။
ဤဆူညံသံများကြောင့် ကျိုးဟောင်တို့အဖွဲ့မှာ ကြက်သေသေသွားခဲ့သည်။
အကြောင်းမှာဆူညံသံများသည် အရပ်မျက်နှာအသီးသီးမှ ထွက်ပေါ်လာခဲ့၍ဖြစ်သည်။ ဤသည်မှာ သန္ဓေပြောင်းသားရဲများသည် နေရာတိုင်းမှာ ရှိနေပြီး သူတို့ပတ်ဝန်းကျင်တွင်အမြဲတမ်း ပုန်းခိုနေသည်ဟူသောသဘောပင်ဖြစ်သည်။
အဆက်မပြတ်ထွက်ပေါ်လာသောဆူညံသံများကြောင့် အားလုံးမှာချွေးအေးများထွက်သည်အထိ ထိတ်လန့်သွားခဲ့ကြသည်။
သူတို့သည် မြေပေါ်တွင်ဝပ်နေပြီး လုံးဝလှုပ်ရှားရဲခြင်းမရှိပေ။ ပတ်ဝန်းကျင်မှသားရဲများမှာ သူတို့အားတွေ့သွားမည်ကို စိုးရိမ်နေကြသည်။
ပတ်ဝန်းကျင်မှ သားရဲများ၏အော်ဟစ်သံများတဖြည်းဖြည်း တိုးလာပြီးနောက်မှာတော့ ကျိုးဟောင်မှာအဖွဲ့အားဦးဆောင်ပြီးရှေ့ကိုဆက်သွားလိုက်သည်။
ကျိုးဟောင်မှာ လက်ထဲတွင်ထောက်လှမ်းရေးစက်ကို ကိုင်ထားပြီး သားရဲအစုအဝေးများအားရှောင်ရှားရင်း အဖွဲ့ကိုဦးဆောင်ကာ တောင်ထိပ်ဘက်ကို အမြန်ဦးတည်သွားနေခဲ့သည်။
ဝှီး… ဝှီး…
ကျိုးဟောင်မှာ ရုတ်တရက်ရောက်ရာနေရာတွင်ရပ်လိုက်ကာ လှည့်ပြီး အဖွဲ့ဝင်တွေကို ကြည့်လိုက်သည်။ ထို့နောက်လေးနက်သောအမူအရာဖြင့်ပြောလိုက်သည်။
“သတိထားမိလား”
“ငါတို့ တောင်ထိပ်နဲ့ နီးလာလေလေ ပတ်ဝန်းကျင်က မြေကြီးတွေ ပိုတုန်ခါလာလေလေပဲ”
“ဟုတ်တယ်”
ဗက်ထရန်၏မျက်နှာမှာ ချက်ချင်းဆိုသလို တည်ကြည်သွားပြီးထောက်လှမ်းရေးစက်အားကိုင်ကာ ခလုတ်ကိုဖွင့်ပြီး အချက်အလက်တွေကို ကြည့်လိုက်ပြီးနောက် ကျိုးဟောင်အား စိုးရိမ်တကြီးပြောလိုက်သည်။
“ငါတို့မကြာခင်သံလိုက်စက်ကွင်းရဲ့ ဗဟိုကိုရောက်တော့မယ် ခရီးရဲ့ ၈၀% ကို ဖြတ်ကျော်လာပြီးပြီ”
ဗက်ထရန်မှာပြောရင်းလည်ပင်းမှာ ချိတ်ထားသည့် မှန်ပြောင်းကို ယူပြီး အဝေးကို ကြည့်လိုက်သည်။
ထို့နောက် အလွန်ထိတ်လန့်စရာကောင်းသည့် မြင်ကွင်းတစ်ခုကို ချက်ချင်းတွေ့လိုက်ရသည်။
တောင်တစ်ဝက်လောက်တွင် အေးစက်စက် အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသော ကြီးမားသည့်ဝက်ဝံအနက်ကြီးတစ်ကောင် ရှိနေပေသည်။
ပတ်ဝန်းကျင်မှသားရဲများအားလုံးမှာရူးသွပ်နေသလို တောင်ထိပ်ဘက်သို့အမြန်ပြေးနေကြသည်။
“ဟိုမှာ… သားရဲတွေ အများကြီးပဲ ကျိုးဟောင် ကြည့်ကြည့်ပါဦး”
ဗက်ထရန်မှာနှလုံးခုန်နှုန်းများမြန်လာခဲ့ပြီး သူ၏ထိတ်လန့်နေပုံရသောအသံမှာလည်းတုန်ယင်နေခဲ့သည်။ သူသည်လက်အားအလျင်အမြန်ဝှေ့ယမ်းကာ ကျိုးဟောင်အားပြောလိုက်သည်။
....................................................................................
အခန်း (၆၃၇) ပြီးပါပြီ။
အခန်း (၆၃၈) : ကြောက်မက်ဖွယ် မြင်ကွင်း
ကျိုးဟောင်၏မျက်နှာမှာတည်ကြည်သွားပြီး ချက်ချင်းပဲ မှန်ပြောင်းကို ကောက်ကိုင်လိုက်သည်။ ထို့နောက် မှန်ပြောင်းမှတစ်ဆင့် ကြောက်မက်ဖွယ်ရာမြင်ကွင်းအားတွေ့လိုက်ရသည်။
မြင်ကွင်းက တကယ်ကိုဗက်ထရန်ပြောသလိုပင်။ များစွာသောသားရဲများမှာ အော်ဟစ်နေကြပြီး တောင်ထိပ်ဘက်သို့အလောတကြီးပျံသန်းနေကြသည်။
မြေကြီး တုန်ခါနေရသည့်အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ သန္ဓေပြောင်းသားရဲအရေအတွက်အလွန်များ၍ဖြစ်သည်။ သူတို့သည် တောင်ထိပ်ဘက်သို့ ရူးသွပ်နေသလို ပြေးနေကြပြီး သူတို့ခြေထောက်များ၏ ပြင်းထန်သောအားကြောင့် တောင်တစ်ခုလုံးကို တုန်ခါနေစေခဲ့သည်။
သို့သော်ထိုမျှပင်မကပေ။ ကျိုးဟောင်အား ပိုပြီးထိတ်လန့်စေသည့်အချက်မှာ ဤသားရဲများမှာသာမန်သားရဲများမဟုတ်ကြပေ။
ဤသားရဲများမှာ တကယ်တမ်းတွပျောက်ကွယ်သွားတာကြာပြီဖြစ်သော ရှေးဟောင်းသန္ဓေပြောင်းသားရဲများသာဖြစ်သည်။
ဤသားရဲများထဲမှ အချို့မှာ ပျောက်ကွယ်သွားခဲ့သည်မှာတစ်နှစ်နီးပါးရှိပြီဖြစ်သည်။ ကျိုးဟောင်သာ အချက်အလက်တွေ အများကြီးဖတ်ထားပြီးဤသားရဲများအားသေချာမှတ်မိနေခြင်းမဟုတ်ပါက သူလည်း သိမှာမဟုတ်ပေ။
သို့သော် ဤမျှလောက်အချိန်အကြာကြီးပျောက်ကွယ်နေခဲ့သောရှေးဟောင်းသန္ဓေပြောင်းသားရဲများမှာ မည်သည့်နေရာမှရောက်လာရပါသနည်း။
ဘာကြောင့် ရုတ်တရက်ဤနေရာတွင်ပေါ်လာရပါသနည်း
ကျိုးဟောင်မှာ ဘာဖြစ်နေမှန်းနားမလည်ပေ။ ကျိုးဟောင်မှာ အဝေးသို့ကြည့်လိုက်ချိန်တွင် ဤသားရဲများမှာ တောင်တစ်ဝက်မှရုတ်တရက် ပေါ်လာပုံရကြောင်းတွေ့လိုက်ရသည်။
မဟုတ်ပါက ဤသားရဲများသည်သူတို့နှင့်လာရာလမ်းကြောင်းတူပါက သေချာပေါက် သူတို့လာသည့်လမ်းကြောင်းအားဖြတ်လာရမည်ဖြစ်သည်။
ဖြစ်နိုင်သည်မှာ ဤရှေးဟောင်းသန္ဓေပြောင်းသားရဲများသည် လေထဲမှပေါ်လာခြင်းပေလော။
“ဂါး ဂါး"
ကျိုးဟောင် စဉ်းစားနေတုန်းမှာပင် အဝေးမှ အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ကျိုးဟောင် ထိတ်လန့်တကြားကြည့်လိုက်ချိန်တွင် ထိုအော်ဟစ်သံမှာဝက်ဝံနက်ကြီးဆီမှ ထွက်ပေါ်လာကြောင်းကို မြင်လိုက်ရသည်။
သို့သော် ကျိုးဟောင်အားပိုပြီးအံ့အားသင့်စေသည်မှာ ဝက်ဝံနက်ကြီးက သူ၏လက်သည်းများကို ဆန့်ထုတ်ပြီး သူ့ဆီပြေးလာသောသားရဲများအားဖမ်းယူလိုက်ခြင်းပင်ဖြစ်သည်။
သူသည် လက်အားဝှေ့ယမ်းလိုက်ပြီး သန္ဓေပြောင်းသားရဲတစ်ကောင်အားချက်ချင်း ဖမ်းလိုက်ကာ လက်နှစ်ဖက်ကိုဆန့်ပြီး ထိုသားရဲအားနှစ်ပိုင်း ဆွဲဖြဲလိုက်သည်။
ဝုန်း..
ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာပြီးနောက် မနှစ်မြို့ဖွယ်ကောင်းသည့်အနံ့ဆိုးတစ်ခု ပျံ့နှံ့လာခဲ့သည်။
ဝက်ဝံနက်ကြီးသည် တမင်တကာထိုနေရာတွင်စောင့်နေပုံပေါ်ကြောင်းသိလိုက်ရချိန်တွင် ကျိုးဟောင်မှာအားသင့်သွားခဲ့သည်။ သူသည် ထိုသန္ဓေပြောင်းသားရဲအားနှစ်ပိုင်းဆွဲဖြဲပြီးနောက် ထိုအပိုင်းများအားသူ၏ ကြီးမားသောပါးစပ်ကြီးထဲထည့်ကာဝါးစားလိုက်သည်။
ထို့နောက် ၎င်းသည်နောက်ထပ်သန္ဓေပြောင်းသားရဲတစ်ကောင်အား လက်သီးတစ်ချက်ဖြင့်အစိတ်စိတ်အမြွှာမြွှာလုပ်ပစ်လိုက်ကာ အသားလုံးတစ်ခုကဲ့သို့လုံးပစ်လိုက်သည်။ထို့နောက် အသားလုံးဖြစ်သွားသောသားရဲအား ပါးစပ်ထဲ ထည့်ပြီး ဝါးစားလိုက်ရာ ပတ်ဝန်းကျင်မှမြေပြင်မှာဆက်တိုက်ဆိုသလိုတုန်ခါလာခဲ့သည်။
ကံကောင်းသည်မှာ တောင်ထိပ်ဘက်သို့ဦးတည်သွားနေသော သားရဲများမှာတိုက်ခိုက်လိုသည့်ရည်ရွယ်ချက်မရှိပေ။
သူတို့သည်ရူးသွပ်နေသလိုပင်။ သူတို့ထံတွင်ပန်းတိုင်တစ်ခုသာရှိပြီး ၎င်းမှာတောင်ထိပ်သို့တက်ရန်သာဖြစ်သည်။
“လမ်းမှာ ပိတ်နေတဲ့ ဝက်ဝံကြီးတစ်ကောင်ရှိတယ် ထွက်သွားတဲ့အခါ သတိထားကြ အဲ့ဒီဝက်ဝံကြီး အားလုံးကို မတွေ့စေနဲ့”
ကျိုးဟောင်မှာ သတိပေးလိုက်ကာရှေ့သို့ဆက်လျှောက်သွားခဲ့သည်။
ကျိုးဟောင်မှာ အဖွဲ့ကို ဦးဆောင်ကာသတိထားပြီး တောင်ထိပ်သို့တက်သွားခဲ့သည်။
သူ ဝက်ဝံနက်ကြီးနှင့် နီးကပ်လာလေလေ ပြင်းထန်သောစွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကိုခံစားမိလေလေဖြစ်သည်။
ကျိုးဟောင်မှာဤအခြေအနေသည်မကောင်းကြောင်းစိတ်ထဲမှတွေးမိကာ နှလုံးခုန်နှုန်းများပင်မြန်လာခဲ့သည်။ ထို့နောက်တီးတိုးရေရွတ်လိုက်သည်။
“သေစမ်း ဒီဝက်ဝံနက်ရဲ့ စွမ်းအားက ၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ကို ရောက်နေပြီထင်တယ်”
သူ့စကားဆုံးသည်နှင့် ကျန်လူများမှာတုန်လှုပ်သွားခဲ့ကြသည်။
သူတို့သည် ၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့်သားရဲတစ်ကောင်အားမနှိမ်နင်းနိုင်ပေ။ ထို့အပြင်သူတို့ပတ်ပတ်လည်တွင်သန္ဓေပြောင်းသားရဲများစွာမှာ တဝေါဝေါတက်လာနေသောလှိုင်းလုံးများသဖွယ်စုပြုံနေပေသည်။
ကျိုးဟောင်မှာ အလိုလိုပင်လက်သီးဆုပ်လိုက်မိပြီး လူတိုင်းအားလေးနက်စွာ ကြည့်လိုက်ပြီးနောက် ခပ်တိုးတိုးပြောလိုက်သည်။
“အားလုံးပဲ သေချာပေါက်သတိထားရမယ်နော်”
ဗက်ထရန်၊ စကော်လာနှင့် ရွှယ်စန်းတို့၏မျက်နှာများတွင် အလွန်စိုးရိမ်ပူပန်နေသောအမူအရာများပေါ်လာခဲ့သည်။ သူတို့သည် မသိလိုက်ခင်မှာပင် ဝက်ဝံနက်ကြီးအားစိုက်ကြည့်နေကြပြီး မျက်နှာများတွင်လည်းစိုးရိမ်နေသောအမူအရာများဖြင့်ပြည့်နေခဲ့သည်။
သူတို့အဖွဲ့ပူးပေါင်းလိုက်ပါက ဤဝက်ဝံအားသတ်နိုင်သည်ဟုယုံကြည်ချက်ရှိသော်ငြား သူတို့ပတ်ဝန်းကျင်တွင် တောင်ပေါ်တက်နေသောသားရဲများမှာအလွန်များနေပေရာ ဤလုပ်ရပ်သည်အန္တရာယ်များလှပေသည်။
လက်ရှိအချိန်တွင် သူတို့သာ ဤသားရဲများ၏အာရုံအားဆွဲဆောင်မိပါက အခြေအနေကဆိုးဝါးသွားမည်ဖြစ်သည်။ သားရဲများမှာအရေအတွက်များလွန်းသည့်အတွက် တက်နင်းခံရရုံဖြင့်သေသွားနိုင်ပေသည်။
“ဒီနေရာမှာ ဒီလောက်အစွမ်းထက်တဲ့ သားရဲရှိနေလိမ့်မယ်လို့ မထင်ထားဘူး”
“ဟုတ်တယ် သူ့ရဲ့စွမ်းအားက အရမ်းကို အစွမ်းထက်တယ် တကယ်လို့သူသာ ငါ့ကိုတိုက်ခိုက်မယ်ဆိုရင် လက်သီးတစ်ချက်တည်းနဲ့ ငါ့ကိုနိုင်လောက်တယ်”
“ဒီသားရဲကြီးက တစ်ခုခုကို စောင့်နေတာလား”
သူတို့အားလုံးဟာ သံသယဝင်စွာနဲ့ မေးလိုက်ကြသည်။
“ဒီသားရဲကြီးက ဒီနေရာကို စောင့်နေတဲ့အတွက် ငါတို့ တောင်ထိပ်ကို သွားဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး”
“အဲဒီလိုတော့အတိအကျလည်းမဟုတ်ဘူး ကြည့်လိုက်ဦး”
ကျိုးဟောင်မှာအဝေးကို လက်ညှိုးထိုးပြပြီးနောက် ရုတ်တရက် အော်ဟစ်သံတစ်ခုအားကြားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် ဝက်ဝံနက်ကြီးထက် အဆပေါင်းများစွာ ပိုကြီးတဲ့ သားရဲများမှာအလျင်အမြန်ရုန်းကန်လာကြပြီးနောက် အော်ဟစ်ကာဝက်ဝံနက်ကြီးရှိရာဘက်ကို ပြေးသွားကြသည်။
ထို့နောက်ချက်ချင်းဆိုသလိုပင် ဝက်ဝံနက်ကြီးအားခြေထောက်များဖြင့်တက်နင်းလိုက်ကြသည်။ သူတို့၏ခြေထောက်များအားပြန်မြှောက်လိုက်သည့်အချိန်တွင် ဝက်ဝံနက်ကြီး၏ခြေလက်အင်္ဂါများမှာ အသားစများကဲ့သို့ကြေမွသွားသည်ကိုတွေ့လိုက်ရသည်။
ဒီမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကျိုးဟောင်တို့အဖွဲ့မှာအလွန်အမင်းထိတ်လန့်သွားခဲ့သည်။
သူတို့သည်ကျိုးဟောင်ကိုကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့်ပြည့်နေခဲ့သည်။ ထို့နောက်တွေဝေစွာဖြင့်မေးလိုက်ကြသည်။
“ဘာတွေဖြစ်နေတာလဲ ကြည့်ရတာသူ့ထက်ပိုပြီးအစွမ်းထက်တဲ့ သားရဲ ပေါ်လာပုံရတယ်”
“ဒါက ရက်စက်တဲ့သန္ဓေပြောင်းသားရဲပဲမဟုတ်ဘူး”
ကျိုးဟောင်၏မျက်နှာမှာ အလွန်အမင်းပျက်ယွင်းသွားခဲ့သည်။ သူ့ရဲ့နှုတ်ခမ်းများမှာ လှုပ်ရှားသွားပြီး စကားလုံးတစ်လုံးချင်းစီ ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ဒါက ရှေးခေတ်ကသန္ဓေပြောင်းသားရဲပဲ”
“ရှေး… ခေတ်ကလား”
အားလုံးက ထိတ်လန့်သွားပြီး ဘာတွေဖြစ်နေမှန်း မသိကြပေ။
သို့သော် သူတို့ မတုံ့ပြန်နိုင်သေးခင်မှာပင် ရုတ်တရက်ကျယ်လောင်သောအသံတစ်ခုကို ကြားလိုက်ရသည်။
ချက်ချင်းဆိုသလို ပတ်ဝန်းကျင်က မြေကြီးမှာ အရှိန်အဟုန်ဖြင့်တုန်ခါလာခဲ့သည်။
ကျိုးဟောင်တို့အဖွဲ့မှာ ဟန်ချက်ပျက်ကာလဲကျတော့မလို့ပင်ဖြစ်နေခဲ့ပေရာ အမြန်မြေပြင်ပေါ်မှာ ဝပ်လိုက်ပြီး တုန်ခါမှုဒဏ်မှမိမိကိုယ်ကိုကာကွယ်လိုက်ကြသည်။
ထိုသို့လှုပ်ရှားမှုရပ်တန့်သွားသည့်အချိန်တွင် အားလုံးမှာမြေပြင်ပေါ်မှခက်ခက်ခဲခဲထလာခဲ့ကြသည်။
“ကျိုးဟောင် အဲဒီရှေးဟောင်းသန္ဓေပြောင်းသားရဲတွေ ပျောက်သွားပြီလား”
ကောင်းကင်ဘုံအဆင့်တစ်ဝက်အဆင့်ရှိ ယန်ဇီဖုန်းမှာ စိုးရိမ်တကြီးဖြင့်ကျိုးဟောင်ဘေးကို လျှောက်လာပြီးတစ်လုံးချင်းစီမေးလိုက်သည်။
“ဒီရှေးဟောင်းသားရဲတွေကစွမ်းအင်အတက်အကျပြီးရင်ပျောက်သွားမှာလား”
“မဟုတ်ဘူး”
သူ့ဘေးမှ ဗက်ထရန်မှာ ဤစကားအားကြားလိုက်ချိန်တွင်ခေါင်းခါပြီးလေးနက်စွာပြောလိုက်သည်။
“သူတို့က တောင်ပေါ်ကိုတက်နေကြတာဖြစ်မယ်”
ဤတောင်မှာ အလွန်ကြီးသော်ငြားအစောပိုင်းက ပျံသန်းသွားသောသန္ဓေပြောင်းသားရဲများမှာသိန်းနှင့်ချီရှိနိုင်ပေသည်။
ဤသားရဲများအားလုံးတောင်ပေါ်သို့တက်သွားပါက ဤတောင်တစ်ခုလုံးချက်ချင်းပြိုကျသွားမည်မဟုတ်ပါလော။
“မြန်မြန် ဒီအခွင့်အရေးကိုယူပြီး တောင်ပေါ်တက်ရအောင်”
ကျိုးဟောင်မှာ လက်အားဝေ့ယမ်းပြလိုက်ပြီး အားလုံးကိုဦးဆောင်ကာတောင်ပေါ်သို့လျင်မြန်စွာတက်သွားခဲ့သည်။
သူတို့အဖွဲ့ ခြေလက်အင်္ဂါများအားအသားစများဖြစ်သည်အထိနင်းချေခံထားရသောက်ဝံနက်ကြီးဘေးမှဖြတ်ကျော်သွားချိန်တွင် ဝက်ဝံကြီးမှာ သူတို့အဖွဲ့အားမော့ကြည့်လာပြီး ဒေါသတကြီးအော်ဟစ်လာခဲ့သည်။
....................................................................................
အခန်း (၆၃၈) ပြီးပါပြီ။
အခန်း (၆၃၉) : ထူးဆန်းသော စွမ်းအင်အတက်အကျ
ထိုမြင်ကွင်းကြောင့် သူတို့အားလုံး ထိတ်လန့်သွားကြသည်။ ဗက်ထရန်သည် စိတ်မရှည်သူဖြစ်သောကြောင့် ထိုမြင်ကွင်းကို မြင်ပြီးနောက် ချက်ချင်းပင် ဝက်ဝံနက်ကြီး၏ ဦးခေါင်းကို ခြေထောက်ဖြင့် ကန်လိုက်သည်။
“တော်ပြီ သူ့ကိုထားလိုက်တော့ တောင်ပေါ်ကို မြန်မြန်တက်ပြီး ဘာဖြစ်နေလဲ သွားကြည့်ရအောင်”
စကော်လာမှာ ဗက်ထရန်ကို ဆွဲခေါ်ပြီး အမြန်ထွက်သွားသည်။
လူတိုင်း ရှေ့သို့လျှောက်လာကြစဉ် ထောက်လှမ်းရေးစက်ကို ကြည့်လိုက်သောအခါ စွမ်းအင်အတက်အကျရှိရာနေရာနှင့် အကွာအဝေးမှာ တစ်စတစ လျော့နည်းလာသည်ကို တွေ့ရသည်။
၁၅%…
၁၀%…
၅%…
စွမ်းအင်အတက်အကျရှိရာနေရာသို့ ရောက်ခါနီးတွင် ကျိုးဟောင်သည် ရုတ်တရက် ရပ်တန့်သွားသည်။
ကျိုးဟောင် ဆက်မသွားတော့သည်ကို မြင်သောအခါ အားလုံးမှာလည်းတစ်ယောက်ပြီးတစ်ယောက် ရပ်လိုက်ကြသည်။
သူတို့သည် တောင်ထိပ်သို့ ရောက်နေပြီဖြစ်သည်။ ကျိုးဟောင်သည် ရုတ်တရက် လက်ယမ်းကာ လူတိုင်းကို တိတ်ဆိတ်စွာနေရန် အမူအရာပြလိုက် သည်။ ထို့နောက် တည်ကြည်သောမျက်နှာဖြင့်ပြောလိုက်သည်။
“အားလုံးပဲ မြေပြင်ပေါ်မှာဝပ်ပြီး ပုန်းနေကြ ရှေ့မှာ… ပြဿနာရှိတယ်”
ထိုစကားကို ကြားသောအခါ လူတိုင်းသည် ချက်ချင်းပင် ကိုယ်ကိုနှိမ့်ကာ ချုံပုတ်များနောက်တွင် ပုန်းလိုက်ကြသည်။ သူတို့သည် တောင်ထိပ်၏ အဝေးကို သတိထား၍ ကြည့်နေကြသည်။
တောင်ထိပ်၏အဝေးမှမြင်ကွင်းအားမြင်လိုက်သောအခါ အားလုံးမှာချက်ချင်းပင် ထိတ်လန့်သွားကြသည်။
တောင်ထိပ်၏အဝေးတွင် ကြီးမားသော လျှိုမြောင်တစ်ခုရှိသည်။ လျှိုမြောင်ထဲတွင် ရှေးဟောင်းသားရဲများစွာ စုဝေးနေကြသည်။ ၎င်းတို့သည် တောင်ထိပ်သို့ ပြေးလာခဲ့ကြသော သားရဲများပင်ဖြစ်သည်။
ရှေးဟောင်းသားရဲများအားလုံးသည် စက်ဝိုင်းပုံသဏ္ဌာန် စုဝေးနေကြပြီး အလယ်ဗဟိုတွင် အနည်းဆုံး ဆယ်မီတာအမြင့်ရှိသော ကျောက်စာတိုင်ကြီးတစ်ခုရှိနေသည်။
ကျောက်စာတိုင်ပေါ်တွင် စာလုံးများစွာ ရေးထိုးထားသော်လည်း ကျိုးဟောင်တို့သည် ထိုစာလုံးများကို လုံးဝနားမလည်ကြပေ။
နောက်တစ်စက္ကန့်တွင် ကျောက်စာတိုင်မှ နားကွဲမတတ်ကျယ်လောင်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် မမြင်ရသော စွမ်းအင်အတက်အကျလှိုင်းလုံးများ ပျံ့နှံ့သွားပြီး ထိုသားရဲများကို ချက်ချင်းလွှမ်းခြုံလိုက်သည်။
မြေကြီးမှာလည်းတုန်ခါလာပြီး ကျောက်စာတိုင်မှ ထွက်လာသော စွမ်းအင်အတက်အကျလှိုင်းလုံးများဖြင့်လွှမ်းခြုံခံထားရသော သားရဲများအားလုံးသည် ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့လိုက်ရသည်။
အချို့သည် အသားအရေမရှိသော အလောင်းများအဖြစ် ပြောင်းလဲသွားသော်လည်း လှုပ်ရှားနေဆဲဖြစ်ပြီး အရင်ကထက်ပင် ပိုမိုအားကောင်းလာကြသည်။
အချို့မှာ ပုံပန်းသဏ္ဌာန်ပျက်သွားကြသည်။ ၎င်းတို့တွင် ကျားခေါင်း၊ နွားကိုယ်၊ မြွေအမြီးနှင့် နဂါးခြေသည်းများ ပါရှိသည်။ ၎င်းတို့သည် ပါးစပ်ကိုဖွင့်ကာ ပူပြင်းသောမီးလျှံများကို ထုတ်လွှတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ ပန်းများနှင့် သစ်ပင်များကို ချက်ချင်းပင် မီးလောင်ကျွမ်းသွားစေသည်။
ပြောင်းလဲရန် မအောင်မြင်သူများမှာမူ မီးသွေးခဲအဖြစ်သို့ ပြောင်းသွားကြသည်။ ကျယ်လောင်သော အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျကာ မီးခိုးငွေ့များအဖြစ်သို့ပြောင်းကာချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ထို့အပြင် ထိုသားရဲများ ပြောင်းလဲပြီးနောက် သူတို့၏အဆင့်များမှာ အချိန်တိုအတွင်း သိသိသာသာ တိုးတက်လာသည်ကို ကျိုးဟောင် ရှင်းရှင်းလင်းလင်း ခံစားမိပေသည်။
အချို့သောသားရဲများ၏ အမြင်အာရုံသည် ပိုမိုကောင်းလာပြီးအချင်းဝက်ငါးကီလိုမီတာပတ်လည်ရှိ အရာအားလုံးကို မြင်နိုင်လာသည်။
အချို့သောသားရဲများမှာ အကြားအာရုံခံစားမှုပိုမိုကောင်းလာကြသည်။ ၎င်းတို့သည် ဆူညံသောပတ်ဝန်းကျင်တွင်ပင် ပိုမိုသေးငယ်သောအသံများကိုပင်ကြားနိုင်လာသည်။
အနံ့ခံအာရုံတွင် တိုးတက်လာသော သားရဲများလည်းရှိသည်။ ၎င်းတို့သည် ယခုအခါ ဓာတ်ငွေ့အမျိုးပေါင်း ၁၀,၀၀၀ ကျော်ကို ခွဲခြားသိမြင်နိုင်လာပေသည်။
ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ထိုနေရာတွင် အနည်းဆုံး သားရဲ တစ်သိန်းနီးပါး စုဝေးနေကြပြီး အနည်းဆုံး ၅သောင်းမှာ အောင်မြင်စွာသန္ဓေပြောင်းနိုင်ခဲ့သည်။
ကျိုးဟောင်ကို ပို၍ အံ့အားသင့်စေသည်မှာ ပတ်ဝန်းကျင်ရှိ လေထုမှာ တဝီဝီမြည်နေပြီး လေဟာနယ်တွင် စွမ်းအင်အတက်အကျလှိုင်းများအဆက်မပြတ် ရှိနေခြင်းပင်ဖြစ်သည်။ ထို့အပြင် အာကာသအက်ကွဲကြောင်းများစွာသည် လေထဲမှ ရုတ်တရက် ပေါ်လာသည်။
အာကာသအက်ကွဲကြောင်း၏ အတွင်းပိုင်းသည် မဲမှောင်နေပြီး အတွင်း၌ ဘာရှိသည်ကို မည်သူမျှမသိကြပေ။
“ဂါး ဂါး"
အဝေးမှ သားရဲတစ်ကောင်မှာ ရုတ်တရက် အော်ဟစ်လိုက်သည်။ ထို့နောက် ၎င်း၏လင်းယုန်ကဲ့သို့ စူးရှသော အကြည့်သည် ကျိုးဟောင်တို့ဆီသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။
“သေစမ်း သားရဲတစ်ကောင် ငါတို့ကို တွေ့သွားပြီ ပြေး အာကာသယာဉ်ဆီ ပြန်ရအောင်”
ကျိုးဟောင်သည် မြေပြင်ပေါ်တွင် ဝပ်နေသော အဖွဲ့သားများအားအလျင်အမြန် ဆွဲထူပြီး ပြေးလိုက်သည်။
ထိုအချိန်တွင် သူတို့သည် ထိုသားရဲများက ၎င်းတို့ကို တွေ့သွားသည်ကို ဂရုမစိုက်နိုင်တော့ပေ။
မြေကြီး ပြင်းထန်စွာတုန်ခါနေရသည့် အကြောင်းရင်းကို စုံစမ်းသိရှိပြီးဖြစ်ပေရာ သူတို့သည်ဤနေရာမှ အမြန်ဆုံး ထွက်သွားရမည်ဖြစ်သည်။
မဟုတ်ပါက ဤနေရာတွင် ကြာကြာနေပါက မလိုလားအပ်သော ပြဿနာများစွာ ဖြစ်ပေါ်လာနိုင်သည်။
အဖွဲ့သည် အလျင်အမြန် ရှေ့သို့ပျံသန်းနေသော်ငြား သူတို့အားတွေ့သွားသော သားရဲ၏ အာရုံခံစားမှုများမှာ စူးရှရုံသာမက ၎င်း၏အရှိန်မှာလည်း အံ့မခန်း မြန်ဆန်နေပေသည်။
သားရဲသည် သူတို့နောက်ဆယ်မီတာအကွာမှ လိုက်နေပြီး ၎င်းအားမျက်ခြည်ဖြတ်ရန်မှာလုံးဝမဖြစ်နိုင်ပေ။
ဤအရှိန်အတိုင်းဆိုလျှင် အာကာသယာဉ်သို့ ရောက်သွားပါကလည်း ထွက်ခွာရန် အခွင့်အရေးရှိမည်မဟုတ်ပေ။ ထို့အပြင် အာကာသယာဉ်သည် ထိုသားရဲကြောင့် ပျက်စီးသွားပါက ၎င်းတို့ ပြန်နိုင်တော့မည်လုံးဝမဟုတ်ပေ။
“ဒီလိုဆက်သွားလို့မဖြစ်တော့ဘူး”
ကျိုးဟောင်၏ မျက်နှာသည်ပျက်ယွင်းသွားပြီး အော်ဟစ်လိုက်သည်။
“မင်းတို့အရင်သွားကြ အာကာသယာဉ်ပေါ် အရင်တက်ကြငါ သူ့ကို အချိန်ဆွဲထားလိုက်မယ် မင်းတို့ နောက်မှ အာကာသယာဉ်နဲ့ ငါ့ကိုလာခေါ်ကြ”
ပြောပြီးပြီးချင်း ကျိုးဟောင်သည် ရုတ်တရက်နောက်လှည့်ကာ ရပ်လိုက်သည်။ ထို့နောက် ကျားခေါင်းရှိသော သားရဲဆီသို့ အလျင်အမြန်ပြေးသွားခဲ့သည်။
“ကျိုးဟောင် မင်း ၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့်သားရဲကို မနိုင်ဘူး”
လူတိုင်းသည် ချက်ချင်း စိုးရိမ်လာကြသည်။ သို့သော် ကျိုးဟောင်မှာ လုံးဝမကြောက်ဘဲ အမြန်ပြေးသွားသည်။
“မဖြစ်ဘူး ငါ သူ့ကို ကူညီမယ်”
စကော်လာသည် ထိတ်လန့်သွားပြီး ပြန်လှည့်ရန်ပြင်လိုက်သည်။
“ငါရောပဲ”
ကောင်းကင်ဘုံအဆင့်တစ်ဝက် အဖွဲ့ဝင်သုံးဦးလည်း စိုးရိမ်တကြီးပြောလိုက်ကြသော်လည်း ဗက်ထရန်က ၎င်းတို့အား ဆွဲထားလိုက်သည်။
“မင်းတို့သာ ပြန်သွားရင် ကျိုးဟောင်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လိမ့်မယ်”
ဗက်ထရန်က အော်ဟစ်ပြီး စိုးရိမ်တကြီးပြောလိုက်သည်။
“ငါတို့ ကျိုးဟောင်ရဲ့ အစီအစဉ်ကို နားထောင်ကြမယ် သူက ငါတို့အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ ငါ သူ့ရဲ့ဆုံးဖြတ်ချက်ကို ယုံကြည်တယ်”
“ငါတို့ အမြန်ဆုံး အာကာသယာဉ်ပေါ်တက်ပြီး သူ့ကိုပြန်လာခေါ်ရမယ် မဟုတ်ရင် မင်းတို့ အချိန်ပိုဖြုန်းလေလေ သူ အန္တရာယ်ပိုများလေလေပဲ”
ဗက်ထရန်၏ အော်ဟစ်သံကြောင့်စကော်လာနှင့် အခြားသူများသည် နောက်ဆုံးတွင် အသိပြန်ဝင်လာကြသည်။
“ကျိုးဟောင်၊ စိတ်မပူနဲ့ ဘာပဲဖြစ်ဖြစ် မင်းကို ငါတို့ ပစ်မထားခဲ့ဘူး”
ဗက်ထရန်၏ မျက်လုံးများမှာ နီရဲနေပြီး သူ၏စွမ်းအားကို စုစည်းကာ အာကာသယာဉ်ဆီသို့ အမြန်ပြေးသွားသည်။ မကြာမီ သူတို့သည် အာကာသယာဉ်ပေါ် တက်ပြီး ကျိုးဟောင်ဆီသို့ အမြန်ပြေးလာကြသည်။
ထိုအချိန်တွင် ကျိုးဟောင်သည် သူ့ဆီသို့ ခုန်အုပ်လာသော ကျားခေါင်းသားရဲနှင့် ရင်ဆိုင်နေရသည်။ သူသည် မူလကျောက်စာ၏ စွမ်းအားကို ချက်ချင်းအသက်သွင်းလိုက်ရာ ရေတွက်မရသော ကျောက်စာများသည် သူ့ပတ်ပတ်လည်တွင် ချက်ချင်းစုစည်းလာခဲ့သည်။
ထို့နောက် လက်ညှိုးဖြင့် ထိုးလိုက်ပြီး ကျားခေါင်းသားရဲကို ချက်ချင်း ချုပ်နှောင်လိုက်သည်။
သို့သော် ပြင်းထန်သော ရိုက်ခတ်မှုသည် သူ ခံနိုင်ရည်ရှိသည်ထက် ပိုနေသည်။ ကျိုးဟောင်၏ ဒွါရခုနစ်ပေါက်မှ သွေးများ ချက်ချင်းစီးကျလာခဲ့သည်။ သူ၏ အသက်ရှူနှုန်းမှာမြန်လာခဲ့ပြီး မျက်နှာမှာဖြူဖျော့သွားခဲ့သည်။
“အခုပဲ”
ဗက်ထရန်သည် ချက်ချင်းပင် တံခါးကိုဖွင့်ကာလှေကားကို ချလိုက်သည်။ ကျားခေါင်းသားရဲ ချုပ်နှောင်ခံထားရသည်ကို အခွင့်ကောင်းယူကာ ကျိုးဟောင်၏ ခါးပတ်ကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ပြီးအပေါ်သို့ ဆွဲတင်လိုက်သည်။
ကျိုးဟောင် ဆွဲတင်ခံရသည်နှင့် တစ်ပြိုင်နက် မူလကျောက်စာ၏ စွမ်းအားမှာချက်ချင်းပျောက်ကွယ်သွားပေရာ ကျားခေါင်းသားရဲသည် ချက်ချင်းအော်ဟစ်ပြီး သူတို့နှစ်ဦးဆီသို့ ခုန်အုပ်လာခဲ့သည်။
ထိုအချိန်တွင် လှေကားသည်လည်း အမြန်ပြန်တက်သွားခဲ့ရာ ကျားခေါင်းသားရဲမှာ လွဲချော်သွားပြီး အော်ဟစ်ကာ အာကာသယာဉ်ကိုကြည့်ရင်းကျန်နေခဲ့ရုံသာတတ်နိုင်ခဲ့သည်။
....................................................................................