← Chapters

အခန်း (၆၄၀-၆၄၂)

Vol. 43 Ch. 640-642

အခန်း (၆၄၀-၆၄၂)

Vol. 43 Ch. 640-642

အခန်း (၆၄၀) နတ်ဆိုးကျောက်တုံး

အာကာသယာဉ်ပေါ်တွင် ထိုင်နေသောလူများသည် ဘေးအန္တရာယ်မှ လွတ်မြောက်လာသလို ခံစားနေရပြီး အလွန်တုန်လှုပ်နေကြသည်။

ကျောက်စာတိုင်ကို မြင်လိုက်ရသည့်အချိန်တွင် မြင်တွေ့ခဲ့ရသောကြောက်မက်ဖွယ်ရာမြင်ကွင်းအား သူတို့ မမေ့နိုင်သေးပေ။

ထူးဆန်းသော စွမ်းအင်အတက်အကျများကြောင့် ရှေးဟောင်းသားရဲများသည် ၎င်းတို့၏ အသိဉာဏ်အားလုံးကို ဆုံးရှုံးသွားသကဲ့သို့ ဖြစ်နေသော မြင်ကွင်းသည်လည်း အလွန်အမင်း ထိတ်လန့်စရာကောင်းသည်။

ထိုအချိန်တွင် လူတိုင်း၏ ရင်ထဲတွင် မှောင်မိုက်မှုများဖြင့် ပြည့်နှက်နေသည်။

ထိုကျောက်စာတိုင်သည် အလွန်အမင်း ကြောက်စရာကောင်းသည်။ ၎င်းသည် သားရဲများကို ပြောင်းလဲစေနိုင်ပြီး အချိန်တိုအတွင်းတွင် ၎င်းတို့၏အဆင့်ကို အကြီးအကျယ် တိုးတက်လာစေနိုင်သည်။

အကယ်၍ သန္ဓေပြောင်းသားရဲမဟာမိတ်က ထိုအကြောင်းကို သိရှိသွားပြီး စွမ်းအင်အတက်အကျ၏ တိုက်စားမှုအပေါ် အားကိုး၍ ပိုမိုအားကောင်းလာပါက ကမ္ဘာဂြိုဟ်ကို ၎င်းတို့ သိမ်းပိုက်သွားမည်မဟုတ်ပေလော။

ကျိုးဟောင်သည်လည်း အသက်ပြင်းပြင်းရှူရင်း အလွန်စိုးရိမ်နေခဲ့သည်။

“ငါတို့ စုဆောင်းနိုင်သမျှ အကုန်စုဆောင်းခဲ့ပြီးပြီမလား”

စကော်လာက ခေါင်းညိတ်ပြသည်။

“ဟုတ်တယ် ကျောက်စာတိုင်တွေကိုတောင် စုဆောင်းခဲ့ပြီးပြီ ဒါပေမဲ့ ရှေးဟောင်းပလ္လင်နဲ့ ပတ်ဝန်းကျင်အာကာသထဲက စွမ်းအင်အတက်အကျတွေကနေတော့ ဘာမှစုဆောင်းလို့မရခဲ့ဘူး"

စကော်လာ၏မျက်နှာမှာ စိုးရိမ်မှုများ ဖြင့်ပြည့်နှက်နေသည်။

ထိုကျောက်စာတိုင်သည် အလွန်အမင်း ကြောက်စရာကောင်းသည်။ ၎င်းသည် လက်ရှိခေတ်၏ ပစ္စည်းမဟုတ်ပေ။ ရှေးခေတ်မှပစ္စည်းသာဖြစ်ပေသည်။

သို့သော် ၎င်းသည် ဘယ်ကနေ ရောက်လာမှန်း သူ မသိပေ။

ရှေးခေတ်က ကျန်ရစ်ခဲ့သော အရာများသည် အလွန်ထူးဆန်းပြီး အစွမ်းထက်လှသည်။ ထိုကျောက်စာတိုင်မျိုး ဘယ်လောက်များများ ရှိနေသေးသည်ကို သူတို့ မသိကြပေ။ အကယ်၍အများအပြားရှိနေပါက အလွန်အမင်း ပြဿနာရှိပေလိမ့်မည်။

ထိုအရာကို သန္ဓေပြောင်းသားရဲမဟာမိတ်မှ သိထားပြီးသားပင်ဖြစ်နိုင်သည်။

ကျိုးဟောင်လည်း စိုးရိမ်တကြီး အသက်ပြင်းပြင်းရှူလိုက်သည်။

“ဒီအကြောင်းကို စီနီယာကျိကို သတင်းပို့လိုက်မယ် အားလုံးပဲ မင်းတို့ အားလုံး ပင်ပန်းခဲ့ကြပြီ ပြန်ပြီး ကောင်းကောင်းအနားယူကြပါ”

ကျိုးဟောင် ပြောပြီးသောအခါစကော်လာနှင့် အခြားသူများက ခေါင်းညိတ်ပြလိုက်ကြသည်။

“ခေါင်းဆောင်ကျိုးဟောင် ဒီတိုက်ပွဲမှာ မင်း အပင်ပန်းဆုံးပဲ မင်းသာမရှိရင် ငါတို့အားလုံး သေသွားနိုင်တယ် ဒါကြောင့်… ကျေးဇူးတင်ပါတယ်”

၎င်းတို့သည်စိတ်ရင်းဖြင့်ပြောခြင်းဖြစ်သည်။ သူတို့သည်အစပိုင်းတွင် ကျိုးဟောင်ကို အထင်သေးခဲ့ကြသော်လည်း တဖြည်းဖြည်းနှင့် သူ၏စွမ်းအားကို အသိအမှတ်ပြုလာကြသည်။ တစ်ချိန်တည်းမှာပင် ကျိုးဟောင်၏ တာဝန်ယူစိတ်ကလည်း ၎င်းတို့၏ရင်ထဲသို့ရောက်သွားခဲ့သည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ၎င်းတို့အားလုံးမှာ ကျိုးဟောင်ကို အလွန်လေးစားကြသည်။

ကျိုးဟောင်က ပြုံးကာပြောလိုက်သည်။

“ကျွန်‌တော်တို့က ရဲဘော်ရဲဘက်တွေပဲ တစ်ဦးကိုတစ်ဦး ကူညီတာက သဘာဝပဲ နောင်ကျရင် ဒီလိုစကားမျိုး မပြောကြနဲ့”

မကြာမီ ၎င်းတို့သည် အခြေစိုက်စခန်းသို့ ရောက်ရှိလာသည်။ ကျိုးဟောင်သည် စုဆောင်းခဲ့သောပစ္စည်းများကို ယူပြီး ချက်ချင်းပင် ကျိယောင်ယွဲ့ကို သွားရှာသည်။

ကျိုးဟောင်သည် ကျိယောင်ယွဲ့အား ဤအခြေအနေကို ချက်ချင်းအစီရင်ခံသည်။ ထိုအကြောင်းကို ကြားသောအခါ ကျိယောင်ယွဲ့၏ မျက်နှာသည် ချက်ချင်းပြောင်းလဲသွားသည်။

“ဘာပြောလိုက်တာလဲ ကျောက်စာတိုင်က သားရဲတွေကို ပြောင်းလဲစေနိုင်ပြီး အချိန်တိုအတွင်း သူတို့ရဲ့အဆင့်ကို တိုးတက်စေနိုင်တယ် ဟုတ်လား”

ဤအရာက ဘာကိုဆိုလိုကြောင်း ကျိယောင်ယွဲ့ ကောင်းကောင်းသိသည်။

ကျိုးဟောင်က ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။

“ကျောက်စာတိုင်ပတ်ပတ်လည်မှာ ရှေးဟောင်းပလ္လင်တစ်ခုရှိတယ်။ အဲ့ဒီပေါ်က ကျောက်စာတွေကို ကျွန်တော်တို့ လုံးဝနားမလည်ဘူး ပတ်ဝန်းကျင်အာကာသထဲမှာလည်း ကူးပြောင်းရေးစွမ်းအင်အတက်အကျတွေရှိတယ် ဒါက ရှေးဟောင်းအပျက်အစီးတစ်ခုကနေ လာတာလို့ ကျွန်တော်ထင်တယ်”

ကျိုးဟောင်၏ ခန့်မှန်းချက်ကို ကျိယောင်ယွဲ့လည်းသဘောတူကာ ခေါင်းညိတ်လိုက်သည်။

“မင်းပြောတာမှန်တယ် အဲဒီလိုပဲဖြစ်ရမယ်"

ထိုအချိန်တွင် သူမသည် ကျိုးဟောင်ကိုကြည့်ပြီး မေးလိုက်သည်။

“မင်းရဲ့မူလကျောက်စာစွမ်းအားကို သုံးပြီးတောင် မင်း မဖော်နိုင်သေးဘူးလား”

ကျိုးဟောင်က ခေါင်းခါပြလိုက်သည်။ ရိုးရိုးသားသားပြောရပါက သူ ဖော်ချင်ခဲ့သော်ငြား သူတတ်နိုင်တာဘာမှမရှိပေ။

“ဒါက အရမ်းရှေးကျတဲ့ အပျက်အစီးတစ်ခုဖြစ်လိမ့်မယ်လို့ ငါထင်တယ် ဘယ်လိုပဲဖြစ်ဖြစ် ဒီအရာက မျိုးနွယ်ခြားတွေရဲ့ လက်ထဲ ရောက်လို့မရဘူး”

ပြောနေစဉ်မှာပင် ကျိယောင်ယွဲ့သည် ထိုကျွန်းကို ကာကွယ်ရန် စစ်တပ်ကြီးတစ်ခုကို ချက်ချင်းစေလွှတ်လိုက်သည်။

သို့သော် ထိုသို့ဆိုလျှင်ပင် ကျိယောင်ယွဲ့သည် စိုးရိမ်နေဆဲဖြစ်သည်။

“ခုတစ်လော အပျက်အစီးတွေ ပိုပေါ်လာနေတယ် ရိုးရိုးသားသားပြောရရင် ငါ အရမ်းစိုးရိမ်တယ်”

ကျိယောင်ယွဲ့၏စကားကို ကြားသောအခါ ကျိုးဟောင်၏မျက်နှာသည်လည်း စိုးရိမ်မှုများဖြင့်ပြည့်နှက်လာခဲ့သည်။

နောက်ဆုံးတွင် ဤကျောက်စာတိုင်၏ အကျိုးသက်ရောက်မှုသည် အလွန်အားကောင်းလွန်းသည်။

“ကျွန်တော် ပလ္လင်ကိုဖောက်ထွင်းဖို့ ကြိုးစားခဲ့ပြီးပြီ၊ ဒါပေမဲ့ ကျွန်တော့်ရဲ့စွမ်းအားနဲ့ မလုပ်နိုင်ဘူး အနည်းဆုံး သူတော်စင်ဘုံအဆင့်ကို ရောက်မှပဲ ရမယ်”

ကျိယောင်ယွဲ့သည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့သည်။

သူတော်စင်ဘုံအဆင့်ပညာရှင်များသည် လူသားမျိုးနွယ်တွင် ထိပ်တန်းဖြစ်သည်။ သို့သော် သူတော်စင်ဘုံအဆင့်တစ်ဝက် ရောက်နေသော ပညာရှင်ပင်လျှင် ဤအရာကို မဖျက်ဆီးနိုင်သည်မှာ တကယ်ပင် မယုံနိုင်စရာဖြစ်သည်။

လူသားများအနေဖြင့် ဤကိစ္စကို ဖြေရှင်းရန် နည်းလမ်းရှာဖွေမည်ဖြစ်ကြောင်းကို ကျိုးဟောင်သိသည်။ ၎င်းတို့သည် သူတော်စင်ဘုံအဆင့်ပညာရှင်တစ်ဦးကိုပင် စေလွှတ်နိုင်ချေရှိသည်။

သို့သော် ဤကိစ္စကို လျှို့ဝှက်ထားမည်မှာ သေချာသည်။

ကျိုးဟောင်သည် သူ၏အခန်းသို့ ပြန်ရောက်ပြီးနောက် လုံနတ်ဘုရားစစ်သင်္ဘော၏ ပုံရိပ်ယောင်လောကထဲသို့ ချက်ချင်းဝင်ရောက်လာခဲ့သည်။

“ဒီနေ့ စုဆောင်းခဲ့တဲ့ ကျောက်စာတိုင်တွေကို ခွဲခြမ်းစိတ်ဖြာပေး”

ကျိုးဟောင်သည် ထိုကျောက်စာတိုင်များကို ခွဲခြမ်းစိတ်ဖြာရန် ငှက်မွေးတစ်ထောင်ချပ်ဝတ်ကို ချက်ချင်းအမိန့်ပေးလိုက်သည်။ ငှက်မွေးတစ်ထောင်ချပ်ဝတ်သည် လုံနတ်ဘုရားစစ်သင်္ဘောကို ထိန်းချုပ်ထားပြီး ၎င်း၏နည်းပညာသည် ကမ္ဘာပေါ်ရှိ နည်းပညာထက် အဆပေါင်းများစွာ ပိုမိုမြင့်မားသည်။ ထို့ကြောင့်တစ်ခုခုကို ရှာဖွေနိုင်လိမ့်မည်ဟု သူမျှော်လင့်နေပေသည်။

“သခင် ဒီကျောက်စာတိုင်က စကြာဝဠာရဲ့ နတ်ဆိုးကျောက်တုံးနဲ့ လုပ်ထားတာပါ ဒါက အဓိကအားဖြင့် သွေးရည်ကြည်စွမ်းအင်အတက်အကျတွေကို ထုတ်လွှတ်နိုင်တယ် ဒီလှိုင်းလုံးတွေက ခန္ဓာကိုယ်ထဲက သွေးတွေကို ထိခိုက်စေပြီး ပြင်းထန်တဲ့အခြေအနေကို ရောက်စေနိုင်တယ် ဒါက သားရဲတွေရဲ့ မျိုးရိုးဗီဇအပေါ် အကြီးမားဆုံး အကျိုးသက်ရောက်မှုရှိပါတယ်”

ထိုအကြောင်းကို ကြားသောအခါ ကျိုးဟောင်သည် ချက်ချင်းပြောလိုက်သည်။

“ဒါဆိုရင် ငါတို့မှာ ဒီအရာကို ဖျက်ဆီးဖို့ နည်းလမ်းရှိလား”

“လက်ရှိမှာ ဒီကျောက်စာတိုင်ကို ဖျက်ဆီးဖို့ မလွယ်ပါဘူး ဒါပေမဲ့ ဒါကို လုံနတ်ဘုရားစစ်သင်္ဘောရဲ့ စွမ်းအင်အရင်းအမြစ်အဖြစ် သုံးနိုင်ပါတယ်”

ငှက်မွေးတစ်ထောင်ချပ်ဝတ်မှ ချက်ချင်းပြန်ဖြေလိုက်သည်။

“ဪ ဒါကို စွမ်းအင်အရင်းအမြစ်အဖြစ် သုံးနိုင်တာလား”

ကျိုးဟောင် မှာအလွန်အံ့ဩသွားခဲ့သည်။ ယခုလိုအရာတစ်ခုအား ဤကဲ့သို့အံ့ဖွယ်အသုံးပြုနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“ဟုတ်ပါတယ် လုံနတ်ဘုရားမျိုးနွယ်ရဲ့ လုံနတ်ဘုရားစစ်သင်္ဘောက ဘယ်စွမ်းအင်ကိုမဆို စွမ်းအင်အရင်းအမြစ်အဖြစ် စုပ်ယူနိုင်ပါတယ် ပြီးတော့ နတ်ဆိုးကျောက်တုံးရဲ့ ရေဒီယိုသတ္တိကြွပစ္စည်းက စွမ်းအင်အလွန်ကြွယ်ဝပါတယ် ဒါကို စွမ်းအင်အရင်းအမြစ်အဖြစ် သုံးဖို့ အတော်လေးသင့်တော်ပါတယ်”

ထိုအကြောင်းကို ကြားသောအခါ ကျိုးဟောင်သည် စိတ်ဝင်စားသွားသည်။ သို့သော် ဤအရာကို လူသားများက အကာအကွယ်ပေးထားပြီးဖြစ်သောကြောင့် ယူသွားရန် မလွယ်ကူပေ။

ထို့အပြင် သူကိုယ်တိုင် ပလ္လင်ထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။

“ပလ္လင်ထဲကို ဝင်ချင်တယ်ဆိုရင် တကယ်တော့ အရမ်းလွယ်တယ်”

ထိုအချိန်တွင် ဖားနှင့်ဂျယ်လီဖြူမှာ တွားသွားပြီး ထွက်လာကြသည်။

“ခင်ဗျားတို့မှာ နည်းလမ်းရှိတယ်လား”

ကျိုးဟောင်မှာ ချက်ချင်းမေးလိုက်သည်။

“မင်းရဲ့လူသားမျိုးနွယ်နည်းပညာပဲဖြစ်ဖြစ် ရှေးခေတ်နည်းပညာပဲဖြစ်ဖြစ် ငါ့အတွက် အတူတူပဲ တကယ်တော့ ဒီဂျယ်လီဖြူက သူ့ရဲ့ အငွေ့အသက်ကို ပြောင်းလဲပြီး အနှစ်သာရတစ်ခုအဖြစ် ဟန်ဆောင်နိုင်တယ် မင်းဝင်ဖို့က အရမ်းလွယ်လွန်းတယ်”

ဖားသည် အလွန်ကျေနပ်နေပြီး ဂျယ်လီဖြူသည်လည်း ထို့အတူပင်။ ၎င်းတို့နှစ်ဦးစလုံးမှာ မိမိကိုယ်ကိုအစွမ်းထက်ဟန်ဖြင့်ပြောနေသောကြောင့် ကျိုးဟောင်မှာ စကားမပြောနိုင်အောင် ဖြစ်သွားခဲ့သည်။

“အခုက အချိန်မကျသေးဘူး လူသားတွေက ဒီအရာကို သူတို့ရဲ့ခွန်အားအပြည့်နဲ့ ကာကွယ်နေကြတာ အခုဝင်ရင် မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ် အချိန်နည်းနည်း စောင့်ပြီးမှ သွားကြမယ်”

ကျိုးဟောင်သည် ချက်ချင်းပင်ပြောလိုက်သည်။

ဤကိစ္စကို ဘေးဖယ်ထားပြီးနောက် ကျိုးဟောင်သည် ရေသာခိုနေခြင်းမရှိပေ။ ထိုအချိန်တွင် သူသည် လုံနတ်ဘုရားစစ်သင်္ဘော၏ လေ့ကျင့်ရေးအခန်းထဲတွင် ရူးသွပ်စွာ လေ့ကျင့်နေသည်။

လုံနတ်ဘုရားစစ်သင်္ဘော၏ လေ့ကျင့်ရေးအခန်းသည် လူသားများ၏ လေ့ကျင့်ရေးအခန်းထက် အဆပေါင်းများစွာ ပိုကောင်းသည်။ ၎င်းသည် ဆွဲငင်အားကို ပြောင်းလဲနိုင်ပြီး ဤနေရာငယ်လေးတွင် လုံလောက်သော ဆွဲငင်အားအတက်အကျများကို စုစည်းပေးနိုင်သည်။

ထို့အပြင် ၎င်းသည် တိုက်ပွဲများကို သရုပ်ဖော်နိုင်ပြီး ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ တိုက်ပွဲအမျိုးအစားအားလုံးကို သရုပ်ဖော်နိုင်သည်။

ကျိုးဟောင်သည် ခန္ဓာကိုယ်ပုံသွင်းရည်ကို အသုံးပြု၍ သူ၏ခန္ဓာကိုယ်အားပုံသွင်းခဲ့ပြီးဖြစ်သည်။ သူသည် ရှေးဟောင်းခန္ဓာသိုင်း၏ ဒုတိယအဆင့်သို့ ဆက်သွားသင့်ပြီဖြစ်ကြောင်း သိပေသည်။

“ရှေးဟောင်းခန္ဓာသိုင်းရဲ့ ဒုတိယအဆင့်က လွယ်လွယ်ကူကူမဟုတ်ဘူး ဒါပေမဲ့ မင်းရဲ့စွမ်းအားနဲ့ဆို ပြဿနာမရှိပါဘူး ဒုတိယအဆင့်ကို ထိုးဖောက်ဖို့က ပြဿနာကြီးကြီးမားမားမဟုတ်ဘူး မင်း နာကျင်မှုကို ခံနိုင်ရည်ရှိသရွေ့ အဆင်ပြေတယ်”

ကျိုးဟောင် အဆင်သင့်ဖြစ်နေသည်ကို မြင်သောအခါ ဖားမှပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ ကျွန်တော် ခံနိုင်ရည်ရှိမှာပါ”

....................................................................................

အခန်း (၆၄၀) ပြီးပါပြီ။

အခန်း (၆၄၁) : ပြဿနာ

ကျိုးဟောင်မှာလက်ရှိ သူ့အခြေအနေအပေါ်တွင်ယုံကြည်မှုပိုရှိလာလေသည်။ လုံစစ်နတ်ဘုရားယာဉ်ပျံ၏ချိတ်ပိတ်ထားသောနေရာမှာ အခြားနေရာများထက်ပိုပြီးလုံခြုံပေသည်။ ဒါ့ကြောင့် ကျိုးဟောင်မှာထိုနေရာတွင်နေပြီး ကျင့်ကြံနေခြင်းဖြစ်လေသည်။

ထိုအခိုက်အတန့်တွင် ရှေးဟောင်းခန္ဓာသိုင်း၏ ဒုတိယအဆင့်ကို ဖွဲ့စည်းကျင့်ကြံနေလေသည်။ အဆင့်ချိုးဖောက်သည့်ကျင့်ကြံရေးတိုင်းမှာ သေရေးရှင်ရေးတမျှခက်ခဲပြင်းထန်လေသည်။

ရှေးဟောင်းခန္ဓာသိုင်း၏စွမ်းအားအစစ်အမှန်မှာ ဆဲလ်တခုခြင်းစီ၏သန်မာမှုကိုတိုးမြင့်အောင်လုပ်ဆောင်ခြင်းဖြစ်လေသည်။ ထို့ကြောင့် ဒီကျင့်စဉ်မှာအလွန်နာကျင်သော်လည်း ကျင့်ကြံသူ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ၊ အရိုးအဆစ်များကိုပြောင်းလဲစေပြီး နတ်ဘုရားခန္ဓာကိုယ်ကိုရရှိစေလေသည်။

ကျိုးဟောင်မှာ ကျင့်စဉ်ကိုခန္ဓာကိုယ်ထဲ၌လှည့်ပတ်နေရင်း အလွန်ကြီးမားပြင်းထန်သည့်မီးတောက်တခုသူ့ခန္ဓာကိုယ်ထဲ၌တောက်လောင်လာသည်ကိုခံစားလိုက်ရလေသည်။

ထိုမီးတောက်၏အပူချိန်မြင့်တက်လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်များ ၊ အသွေးအသား နှင့်အခြားအရာအားလုံးမှာ ပြန်လည်ပြုပြင်မွမ်းမံခြင်းခံနေရလေသည်။

အလွန်ပြင်းထန်သောလောက်ကျွမ်းမှုကြောင့် ကျိုးဟောင်၏ခန္ဓာကိုမှာ ရှုံ့တွနေပြီး အကင်ခံနေရသလိုဖြစ်နေလေသည်။ သို့သော် သူ့ခန္ဓာကိုယ်ထဲရှိ မရေမတွက်နိုင်သောအညစ်အကြေးများမှာ သန့်စင်ခံလိုက်ရပြီး အငွေ့ပျံသွားကာ သူ့ခန္ဓာကိုယ်မှာ နှိုင်းယှဉ်မရအောင်သန့်စင်သွားလေသည်။

သူ၏ကိုယ်ခန္ဓာအင်အားမှာလည်း တဖြေးဖြေးတိုးပွားလာလေသည်။ သို့သော်မခံမရပ်နိုင်အောင်နာကျင်မှုတော့အနည်းငယ်ကျန်နေသေးလေသည်။

ကျိုးဟောင်မှာ ထိုကဲ့သို့နာကျင်မှုအတွက်စိတ်ကိုကြိုတင်ပြင်ဆင်ထားသော်လည်း တကယ်ကြုံတွေ့ရချိန်တွင်တုန်လှုပ်သွားခဲ့ရသည်။ ဒီနာကျင်မှုမှာသာမန်ကြွက်သားနာကျင်မှုမျိုးမဟုတ်ဘဲ သူ့ခန္ဓာကိုယ်ထဲရှိဆဲလ်တခုချင်းစီမှထွက်ပေါ်လာသည့်နာကျင်မှုမျိုးဖြစ်လေသည်။

ကံကောင်းထောက်မစွာဖြင့် ကျိုးဟောင်မှာထိုနာကျင်မှုကိုတောင့်ခံနိုင်ခဲ့ပြီး သူ့ခန္ဓာကိုယ်မှာသိသိသာသာပြောင်းလဲလာသည်ကိုခံစားမိလေသည်။

"ငါ့ခန္ဓာကိုယ်က အရင်ထက်၂ဆလောက်ပိုစွမ်းအားကြီးလာတာပဲ။ အခုချိန်ရှေးဟောင်းခန္ဓာသိုင်း ၊ ပြောင်းလဲခြင်းကိုးသွယ်ခန္ဓာသိုင်းနဲ့ နတ်ဘုရားသတ်သိုင်းတို့ကိုသုံးလိုက်ရင် ၇ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်ရဲ့စွမ်းအားမျိုးကိုထုတ်လွှတ်နိုင်ပြီပဲ"

ကျိုးဟောင်မှာ တွေးရင်း ပျော်နေစဉ်မှာပင် သူ၏ ဆက်သွယ်ရေးကိရိယာမှာမြည်လာခဲ့လေသည်။ ကျိုးဟောင်မှာချက်ချင်းပင်ကိုင်လိုက်လေသည်။

သူ့အားဆက်သွယ်လာသူမှာ အခြားသူမဟုတ်ဘဲ စီနီယာကျိသာဖြစ်လေသည်။ စီနီယာကျိ၏အမူအရာမှာ အနည်းငယ်စိတ်လှုပ်ရှားနေပုံပေါက်လေသည်။

"ကျိုးဟောင် စစ်နတ်ဘုရားတပ်ရင်းရဲ့ ပုံရိပ်ယောင်ခန်းမကိုအခု၀င်ရောက်လိုက်ပါ။ မင်းအရေးတကြီးတက်ရမယ့် အစည်းအဝေးတခုရှိတယ်"

ထိုစကားကြောင့် ကျိုးဟောင်မှာ အံ့ဩသွားလေသည်။ ဒါသည်သူ့အတွက်ပထမဆုံးအကြိမ်အစည်းအဝေးတက်ဖို့တောင်းဆိုခံရခြင်းဖြစ်လေသည်။

ကျိုးဟောင်လည်း တုံ့ဆိုင်းမနေဘဲ ဖုန်းချပြီးတာနဲ့ ငှက်မွှေးတထောင်ချပ်၀တ်အား ပုံရိပ်ယောင်ခန်းမနှင့်ဆက်သွယ်ခိုင်းလိုက်လေသည်။

ထို့နောက်ချက်ချင်းပင်ထိုနေရာသို့၀င်ရောက်လိုက်လေသည်။ သူရောက်သောအခါ ခန်းမထဲတွင် လူအယောက်၂၀ရောက်ရှိနေနှင့်လေသည်။

ထိုလူများမှာ စစ်နတ်ဘုရားတပ်ရင်း၏ပညာရှင်များဖြစ်ပြီး အနည်းဆုံး လက်ထောက်ကောင်စီအဖွဲ့၀င်ရာထူးရှိသူများဖြစ်လေသည်။ ထိပ်ပိုင်းတွင်ထိုင်နေသူများကတော့ ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်များဖြစ်လေသည်။

ကျိယောင်ယွဲ့ကတော့ အားလုံး၏အလည်တွင်ထိုင်နေပြီး လက်ထောက်ကောင်စီအဖွဲ့၀င်များအားကြည့်ကာ သက်ပြင်းချလိုက်လေသည်။

"အားလုံးပဲ ငါ့မှာ သတင်းဆိုးတခုရှိတယ်။ ငါတို့မှာရှိတဲ့ သတင်းအချက်အလက်တွေအရ ကမ္ဘာပေါ်မှာရှိတဲ့ ရှေးဟောင်းအပျက်အစီးတွေမှာပြဿနာတခုခုဖြစ်နေပြီလို့ ငါပြောချင်တယ်။ အလွန်ထူးဆန်းတဲ့ကျောက်တိုင်အများအပြားပေါ်ပေါက်လာခဲ့တယ်။ အခုလက်ရှိတော့ ငါတို့ ၃ခုကိုရှာတွေ့ထားတယ်။ ငါတော့အဲ့အရာတွေက မကောင်းတဲ့လက္ခဏာတွေလို့ထင်တယ်။ အရမ်းဆိုးရွားတဲ့အရာပဲ"

ကျိယောင်ယွဲ့၏စကားများက ဘာကိုဆိုလိုချင်မှန်းသိသာထင်ရှားလေသည်။ ထိုအရာများကို သန္ဓေပြောင်းမဟာမိတ်အဖွဲ့တွေက ရှာတွေ့သွားပါက မခန့်မှန်းနိုင်လောက်သောကပ်ဆိုးကြီးဖြစ်ပေါ်လာနိုင်လေသည်။

"အဲ့ကျောက်တိုင်၃ခုကို သူတော်စင်ဘုံအဆင့်တ၀က်သားရဲတွေကစောင့်ရှောက်နေပြီးအဲ့သားရဲတွေကအရမ်းစွမ်းအားကြီးတယ်။ ငါတို့အဲ့ကျောက်တိုင်တွေကိုချိတ်ပိတ်ချင်ရင် ငါတို့အဲ့သားရဲကြီးတွေကိုအရင်ဖြေရှင်းရမယ်"

ကျိယောင်ယွဲ့မှာပြောနေရင်းအမူအရာပျက်ယွင်းသွားလေသည်။ တကယ်တော့ သူတော်စင်ဘုံအဆင့်တ၀က်သားရဲများကိုဖြေရှင်းရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။

သူတော်စင်ဘုံအဆင့်တ၀က်သားရဲတကောင်ကိုဖြေရှင်းရန် သူတော်စင်ဘုံအဆင့်တ၀က်လူသားပညာရှင်၂ယောက်လိုအပ်လေသည်။

"ကျွန်တော်တို့က သူတော်စင်ဘုံအဆင့်တ၀က်သားရဲအများကြီးကိုဘယ်လိုကိုင်တွယ်နိုင်မှာလဲ။ ဒါ....ဒါက သူတော်စင်ဘုံအဆင့်ပညာရှင်ကလုပ်သင့်တဲ့အရာမဟုတ်ဘူးလား"

ကောင်စီအဖွဲ့၀င်တယောက်က တုန်လှုပ်စွာပြောလာလေသည်။

ထိုစကားကိုကြားသောအခါအားလုံးက ခေါင်းညိတ်ပြကြလေသည်။ ဒီကိစ္စသည် သူတော်စင်ဘုံအဆင့်ပညာရှင်တွေ၀င်ရောက်ကိုင်တွယ်ပါက အလွယ်တကူပြီးဆုံးသွားမည်ဖြစ်လေသည်။

"သူတော်စင်ဘုံအဆင့်ပညာရှင်တွေနဲ့ သူတော်စင်ဘုံအဆင့်သားရဲတွေကြားမှာ သဘောတူညီချက်စာချုပ်တခုရှိတယ်။ သူတို့တွေအနေနဲ့ တိုက်ပွဲတွေထဲမဆင်မခြင်၀င်ပါလို့မရဘူး။ သူတို့၀င်ရောက်တိုက်ခိုက်ရင် သန္ဓေပြောင်းသားရဲမဟာမိတ်တွေနဲ့စာချုပ်ပျက်စီးပြီး လူသားမျိုးနွယ်အပေါ်ကပ်ဘေးကျရောက်လယလိမ့်မယ်"

"အက်ကွဲကြောင်းရဲ့အနက်ရှိုင်းဆုံးနေရာတွင်သာမက ရေအောက်ကမ္ဘာ ၊ကောင်းကင်မြို့တော်နဲ့ မြေအောက်လောကတွေလည်း သန္ဓေပြောင်းသားရဲမရေမတွက်နိုင်အောင်ရှိတယ်။ ငါတို့အနေနဲ့ သူတို့အကုန်လုံးကိုဖမ်းဆီးထိန်းချုပ်ဖို့ဆိုတာမလွယ်ကူဘူး။ ပြီးတော့ ငါတို့လူသားမျိုးနွယ်တွေအနဲ့ သန္ဓေပြောင်းသားရဲ မဟာမိတ်အဖွဲ့ကိုယှဉ်နိုင်ဖို့လိုအပ်ချက်တွေ‌ရှိသေးတယ်။ ငါတို့ရဲ့ သူတော်စင်ဘုံအရေအတွက်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်ဆန်းတွေကြောင့်သာ သန္ဓေပြောင်းသားရဲမဟာမိတ်အဖွဲ့ကို ငါတို့လူသားမျိုးနွယ်တွေကိုမတိုက်ခိုက်ရဲသေးတာပဲ"

"ဒါပေမဲ့ ငါတို့အနေနဲ့ စည်းမျဉ်းကိုချိုးဖောက်လိုက်ရင်တော့ စစ်ပွဲကိုဖိတ်ခေါ်လိုက်တာနဲ့ အတူတူပဲ"

ကျိယောင်ယွဲ့က ခေါင်းကိုရမ်းရင်းပြောပြလေသည်။ လူအတော်အများများက ထိုအချက်ကိုသိကြသော်လည်း ဒီသူတော်စင်ဘုံအဆင့်တ၀က်သားရဲများကိုဖြေရှင်းဖို့က ဒီနည်းတနည်းသာရှိလေသည်။

"စီနီယာကျိ ကျုပ်တို့ဘာဆက်လုပ်ကြမလဲ"

အဖွဲ့၀င်များက မနေနိုင်တော့ဘဲမေးမိလိုက်လေသည်။ သူတို့အနေဖြင့် သူတော်စင်ဘုံအဆင့်တ၀က်သားရဲများကို ဘယ်လိုဖြေရှင်းရမှန်းနားမလည်နိုင်ဖြစ်နေကြလေသည်။

ကျိယောင်ယွဲ့မှာလည်း ထိုကိစ္စကိုစိုးရိမ်နေလေသည်။ကံကောင်းစွာဖြင့် သူမသည် ကျောက်တိုင်များရှိသည့်‌နေရာ၏ အချင်း၀က် ၅၀ကီလိုမီတာကို လုံခြုံအောင်ဆောင်ရွက်ထားနိုင်ခဲ့လေသည်။ ဒါက လူသားတို့အတွက်သတင်းကောင်းတခုလို့ဆိုနိုင်ပေသည်။

"အခုတော့ သန္ဓေပြောင်းသားရဲတွေအဲ့နေရာကိုမချဉ်းကပ်လာနိုင်အောင်နဲ့ ဒီကျောက်တိုင်တွေသတင်းကိုသန္ဓေပြောင်းသားရဲမဟာမိတ်အဖွဲ့မသိအောင်လုပ်နိုင်ခဲ့ပြီ။ ဒါပေမဲ့ ဒါတွေက ရေရှည်အတွက်မကောင်းဘူး။ ဒါ့ကြောင့် ငါတို့ရဲ့ဦးစားပေးက ဒီသူတော်စင်ဘုံအဆင့်တ၀က်သားရဲကြီးတွေကိုဖြေရှင်းဖို့နည်းလမ်းတခုခုရှာနိုင်ဖို့ပဲ"

"အခု ငါတို့မှာ ရှေးဟောင်းအပျက်အစီးတွေထဲကနေရရှိထားတဲ့ လက်နက်တွေအများအပြားရှိတယ်။ ငါတို့အရင်ဆုံးလုပ်ရမှာက အဲ့လက်နက်တွေရဲ့အဖျက်စွမ်းအားကိုတိုးမြှင့်ရမယ်။ အဲ့လက်နက်တွေသုံးပြီး သူတော်စင်ဘုံအဆင့်တ၀က်သားရဲကြီးတွေကိုသတ်နိုင်ရင်တော့အကောင်းဆုံးပေါ့"

"ပြီးတော့ ဒုတိယခြေလှမ်းက အဲ့သူတော်စင်ဘုံအဆင့်တ၀က် သားရဲကြီးတွေကိုခွဲထုတ်ပြီး ရှင်းပစ်ဖို့ပဲ။ သူတော်စင်ဘုံအဆင့်တ၀က်သားရဲတကောင်က လူသားတွေရဲ့ သူတော်စင်ဘုံအဆင့်တ၀က်ပညာရှင်တယောက်ထက် တိုက်ခိုက်ရေးစွမ်းရည်၃ဆလောက်ပိုပြင်းတယ်။ အဲ့‌တာကြောင့် ငါတို့ ပညာရှင် ၄ ၊၅ ၊၆ယောက်သုံးပြီး ဒီသားရဲကြီးတွေကိုခွဲထုတ်ပြီးရှင်းပစ်ရမယ်"

ကျိယောင်ယွဲ့၏စကားဆုံးသောအခါ အားလုံးကခေါင်းညိတ်လိုက်ကြလေသည်။ သူတို့၏ပထမအစီအစဉ်မှာ အောင်မြင်ဖို့အလားအလာနည်းသော်လည်း ဒုတိယ‌အစီအစဉ်ကတော့အောင်မြင်နိုင်ချေရှိလေသည်။

လူသားမျိုးနွယ်တွင် သူတော်စင်ဘုံအဆင့်တ၀က်ပညာရှင် ၁၀ယောက်ရှိပြီး ထို၁၀ယောက်သာအတူတကွစုစည်းလုပ်ဆောင်ပါက ထိုသန္ဓေပြောင်းသားရဲကြီးများကိုဖြေရှင်းနိုင်မည်ဖြစ်လေသည်။

"စီနီယာကျိပြောတာကိုတော့သဘောပေါက်ပါတယ်။ ဒါပေမဲ့ အခုပြဿနာက ဟွာရှားပိုင်နက်ထဲမှာဖြစ်နေတာဆိုတော့အခြား၂ဖွဲ့ကကူညီပါ့မလား"

ကမ္ဘာပေါ်တွင် အင်အားကြီးအဖွဲ့ ၃ဖွဲ့ရှိပြီး ၎င်းတို့မှာ အရှေ့တိုင်းဟွာရှားမဟာမိတ်အဖွဲ့ ၊ အနောက်တိုင်းမဟာမိတ်အဖွဲ့နှင့် အာဖရိကန်မဟာမိတ်အဖွဲ့တို့ဖြစ်လေသည်။ ပုံမှန်အားဖြင့်ထိုအဖွဲ့များမှာ အချင်းချင်းကူညီကြသော်လည်း သေရေး‌ရှင်ရေးပြင်းထန်သောကိစ္စများ‌တွင်တော့ ကူညီဖို့လက်တွန့်တတ်ကြလေသည်။

ဒါကြောင့်လည်း ကျိယောင်ယွဲ့က ဒီကျောက်စားပွဲများသတင်းကိုမပေါက်ကြားအောင်လုပ်ထားခြင်းဖြစ်လေသည်။

....................................................................................

အခန်း(၆၄၁)ပြီးပါပြီ။

အခန်း (၆၄၂) : လျှို့ဝှက်ဆွေးနွေးခြင်း

လူသားတွေမှာအတူစုပေါင်းပြီးမျိုးနွယ်ခြားများကိုခုခံနေကြသော်လည်း အမှန်တိုင်းဆိုရလျှင် သူတို့၏နှလုံးသားများကတော့ အတူစည်းစည်းလုံးလုံးမရှိကြသေးပေ။

ဒါကြောင့် ကျိယောင်ယွဲ့မှာ ထိုသတင်းကိုမပေါက်ကြားအောင်လုပ်ခြင်းက အန္တရာယ်အကင်းဆုံးဖြစ်ပေသည်။

"အခုငါတို့မှာ ဖြေရှင်းနိုင်ဖို့အချက်တွေများများစားစားမရှိသေးပေမဲ့ ငါတို့အနေနဲ့ ကျောက်တိုင်တွေရဲ့ပတ်၀န်းကျင်ကိုကန့်သတ်ပြီး အဆင့်တစ်တိုက်ပွဲအခြေအနေကိုပြင်ဆင်ထားရမယ်။ ဒါကငါတို့လူသားမျိုးနွယ်အတွက် စိန်ခေါ်မှုကြီးတခုပဲ"

ကျိယောင်ယွဲ့ကတည်ကြည်သောအမူအရာဖြင့်ပြောလိုက်လေသည်။

ကျိုးဟောင်လည်း ထိုကျောက်တိုင်များကိုတိတ်တဆိတ်ရယူနိုင်မည့်အကြံတခုကိုစဉ်းစားလိုက်မိလေသည်။

ကျိုးဟောင်မှာထိုကျောက်တိုင်များကိုလိုချင်နေခြင်းကလည်း ထိုရတနာများ၏ဆွဲဆောင်ခံရခြင်းကြောင့်မဟုတ်ဘဲ ထိုရတနာများကိုလူသားများအနေဖြင့်မဖြေရှင်းနိုင်သောကြောင့်ဖြစ်လေသည်။

အစည်းအဝေးပြီးသောအခါ ကျိုးဟောင်မှာ ပုံရိပ်ယောင်ခန်းမထဲမှ ချက်ချင်းထွက်လာလေသည်။

"ဖား ၊ ဂျယ်လီဖြူ မင်းတို့မှာ နတ်ဆိုးကျောက်တိုင်ကိုရယူနိုင်မယ့်နည်းလမ်းတွေရှိလား။ အဲ့နေရာမှာ သူတော်စင်ဘုံအဆင့်တ၀က်သားရဲတွေက စောင့်ကြပ်နေသေးတယ်။ ငါတို့တခုခုလုပ်နိုင်မယ်လို့ထင်လား"

ကျိုးဟောင်မှာသိချင်စိတ်ကိုထိန်းမရဘဲမေးလိုက်လေသည်။ သူ့အနေဖြင့် ထိုကျောက်တိုင်များကိုခိုးယူဖို့ကတယောက်ထဲလုပ်ဆောင်လို့မရဘဲ ဖားနှင့်ဂျယ်လီဖြူတို့၏အကူအညီကိုလိုအပ်လေသည်။

"သူတော်စင်ဘုံအဆင့်တ၀က်လား အနည်းငယ်တော့ခက်ခဲသွားပေမဲ့ မဖြစ်နိုင်တာတော့မဟုတ်ပါဘူး"

"ငါတို့ဘာလုပ်လို့ရလဲ"

ကျိုးဟောင်မှာ စိတ်လှုပ်ရှားသွားပြီးမေးလိုက်လေသည်။

"ရှင်းပါတယ် တယောက်ယောက်က ကောင်းကင်ဘုံအဆင့်တ၀က်သားရဲတွေကိုအချိန်ဆွဲထားရင် ငါတို့အလွယ်တကူ၀င်ရောက်ပြီး ခိုးယူလို့ရတယ်"

ဖား၏စကားဆုံးသွားသောအခါ ကျိုးဟောင်မှာ ဒေါသထွက်သွားလေသည်။

"ဒါကတော့ မင်းပြောမှာလား။ တယောက်ယောက်ကသာ ဒီသန္ဓေပြောင်းသားရဲတွေကိုဖြေရှင်းပေးနိုင်ရင် စီနီယာကျိနဲ့ အခြားလူတွေရဲ့ပူပန်မှုတွေပြေလျော့သွားမှာပဲ"

ကျိုးဟောင်ကပြောလိုက်လေသည်။

"ဟူးး... ကျိုးဟောင် မင်းကတကယ်ကိုတုံးအတာပဲ"

ဖားက‌ ခေါင်းခါရမ်းရင်းကျိုးဟောင်အားမမှိတ်မသုံကြည့်ပြီးပြောလိုက်လေသည်။

"ကဲဘာလဲ ငါ့ကိုစိုက်ကြည့်မနေဘဲပြောစမ်းပါဦး"

ကျိုးဟောင်မှာစိတ်မရှည်တော့ဘဲပြောလိုက်လေသည်။

"မင်းဘက်မှာ စီနီယာကျိရှိတယ်မဟုတ်လား။ သူမက အဲ့သန္ဓေပြောင်းသားရဲကြီးတွေကိုမသတ်နိုင်ရင်တောင်မှ အချိန်တော့ဆွဲထားပေးနိုင်တယ်လေ"

"သူမသာ ဆယ်မိနစ်လောက်အချိန်ဆွဲထားပေးနိုင်ရင် ငါတို့အသာလေး၀င်ယူပြီးပြန်ထွက်လို့ရတယ်။ အဲ့တော့ မင်းသူမနဲ့တချက်တိုင်ပင်ကြည့်ပါလား"

ဖား၏စကားအရ ဒီသူတောင်းစားကစီနီယာကျိအား အသုံးချချင်နေမှန်းကျိုးဟောင်သိသွားလေသည်။

ကျိုးဟောင်မှာမျက်မှောင်ကြုတ်စဉ်းစားနေပြီး ဒီကိစ္စအားစီနီယာကျိကိုဘယ်လိုပြောရမှန်းသူ မသိပေ။တကယ်လို့ပြောပြခဲ့ရင်တောင်မှ သူ့အားလောဘကြီးသူလို့စီနီယာကျိထင်သွားနိုင်လေသည်။

တကယ်လို့ဒီကျောက်တိုင်များသာသန္ဓေပြောင်းမဟာမိတ်အဖွဲ့ဆီရောက်သွားပါက အခြေအနေအကုန်လုံးဆိုးရွားသွားမည်ဖြစ်လေသည်။

"သေချာစဉ်းစားကြည့်ဦးနော်။ ငါတော့ပြဿနာကြီးကြီးမားမားရှိမယ်မထင်ဘူး။ ဘာလို့ဆို မင်းမှာရည်ရွယ်ချက်ကောင်းတွေရှိပြီး လူသားမျိုးနွယ်ကိုကူညီ‌နေတာပဲလေ"

ဖားကတကယ့်ကိုမျက်နှာပြောင်တိုက်ပြီးပြောနေလေသည်။ဒီဖားသည်စကားကိုတကယ်လှည့်ပတ်ပြီးပြောနိုင်စွမ်းရှိလေသည်။

သို့သော် ဒီလိုပြောပြလိုက်ခြင်းကအလုပ်ဖြစ်ပါ့မလား ကျိုးဟောင်သေချာမသိပေ။

"ကောင်းပြီ ဒီကိစ္စကိုစီနီယာကျိကိုပြောပြဖို့ကြိုးစားကြည့်မယ်"

ကျိုးဟောင်သက်ပြင်းချပြီးပြောလိုက်သည်။ ထို့နောက်ကျိုးဟောင်က စီနီယာကျိအားဆက်သွယ်လိုက်လေသည်။

မကြာမီ စီနီယာကျိက ဗီဒီယိုကောလ် ကိုလက်ခံလိုက်လေသည်။ သူမ၏ဆွဲဆောင်မှုရှိသောမျက်နှာလေးမှာ စိုးရိမ်မှုများဖြင့်ပြည့်နှက်နေလေသည်။

" ဘာဖြစ်လို့လဲ ကျိုးဟောင် ကိစ္စတခုခုရှိလို့လား"

စီနီယာကျိကမေးလိုက်လေသည်။

"စီနီယာကျိ ကျွန်တော်ဆွေးနွေးချင်တာလေးရှိလို့ လူချင်းတွေ့လို့ရမလား "

ကျိုးဟောင်၏စကားကြောင့် စီနီယာကျိမှာမှင်တက်သွားလေသည်။ သို့သော် သူမ များများစားစားစဉ်းစားမနေတော့ပေ။

" ကိစ္စမရှိပါဘူး။ ငါမင်းကိုတည်နေရာကိုဩဒိနိတ်တွေပို့လိုက်မယ်။ လာတွေ့ပါ"

သူမကပြောရင်း တည်နေရာအားကျိုးဟောင်ထံပို့ပေးလိုက်လေသည်။

ကျိုးဟောင်လည်း လုံနတ်ဘုရားယာဉ်ပျံကိုမောင်းပြီးချက်ချင်းထွက်လာလေသည်။ ဒီလိုကိစ္စသည်လူကိုယ်တိုင်တွေ့ပြီးပြောခြင်းက ပိုပြီးသင့်တော်လေသည်။

စီနီယာကျိပေးတော့ကိုဩဒီနိတ်အတိုင်းလုံနတ်ဘုရားယာဉ်ပျံကိုမောင်းလာခဲ့လေသည်။ စီနီယာကျိ၏ ယာဉ်ပျံဆီ‌သို့ရောက်သောအခါ ကျိုးဟောင်မှာ အထဲသို့၀င်လာခဲ့လေသည်။

ဒီတခါတော့အထဲတွင် စွင်းရွှင်းအားမတွေ့ရပေ။ထို့ကြောင့် ကျိုးဟောင်လည်း စီနီယာကျိ၏အခန်းဆီသို့တန်းထွက်လာခဲ့လေသည်။

"မင်းရောက်လာပြီပဲ။ ကဲပြောပါဦး ဘာကိစ္စမို့လူချင်းတွေ့ပြီးပြောချင်ရတာလဲ"

ကျိယောင်ယွဲ့ကမေးလိုက်လေသည်။

"အဟမ်း.... စီနီယာကျိ ကျွန်တော့်မှာယဇ်ပလ္လင်ထဲကို၀င်ပြီး ကျောက်တိုင်ကိုလုယူနိုင်မယ့်နည်းလမ်းရှိတယ်"

ကျိုးဟောင်ကချောင်းတချက်ဟန့်လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့်ပြောလိုက်လေသည်။

ထိုစကားက ကျိယောင်ယွဲ့အား မတ်တပ်ထရပ်လောက်သည်အထိအံ့ဩသွားစေလေသည်။ ဒီကိစ္စသည်သူမအား ခေါင်းကိုက်စေသည်အထိဒုက္ခပေးနေခဲ့လေသည်။

"ဘာပြောလိုက်တယ် မင်းမှာနည်းလမ်းရှိတယ်ဟုတ်လား"

ကျိယောင်ယွဲ့ကအံဩစွာမေးလိုက်လေသည်။

"ကျွန်တော့်မှာနည်းလမ်းတော့ရှိပေမဲ့ အချိန်လိုအပ်တယ်"

ကျိုးဟောင်က ဒဲ့တိုးပြောလိုက်သည်။

"ရတယ် ငါ သူတော်စင်ဘုံအဆင့်တ၀က်ကိုအချိန်ဆွဲထားပေးမယ် မင်းသာအဲ့ယဇ်ပလ္လင်ထဲကို၀င်နိုင်တယ်ဆိုရင်အဆင်ပြေတယ်"

ကျိယောင်ယွဲ့ပြောလိုက်လေသည်။

သူမတို့သည် ထိုကျောက်တုံးများကိုချိတ်ပိတ်ရန် ကြိုးစားခဲ့ဖူးပြီး ယဇ်ပလ္လင်၏အတားအဆီးကြောင့် အနားသို့ကပ်မရခဲ့ပေ။

ကျိယောင်ယွဲ့ပျော်သွားသည်ကိုမြင်ပြီး ကျိုးဟောင်အံ့ဩသွားလေသည်။

"အမ်... စီနီယာကျိ ကျွန်တော် ဒီကိစ္စကိုအခြားလူ‌တွေကိုမသိစေချင်ဘူး။ ဒါကိုလျှို့ဝှက်အဖြစ်ထားထားပေးနိုင်မလား"

ကျိုးဟောင်မှာစိုးရိမ်နေပြီး သူ့လုပ်နိုင်စွမ်းကို စောစောစီးစီးမပေါ်ပေါက်စေလိုပေ။

"အို...."

ကျိ‌ယောင်ယွဲ့မှာ အံ့ဩသွားသော်လည်း သူမချက်ချင်းသဘောပေါက်လေသည်။

"ကိစ္စမရှိပါဘူး ငါကူညီပေးပါ့မယ်"

ကျိယောင်ယွဲ့ကပြန်ပြောလိုက်လေသည်။ဒါ့အပြင်သုမသည် လူအများက ကျိုးဟောင်အား အာရုံစိုက်နေခြင်းကိုလည်းသိနေလေသည်။

"ပြီးတော့လေ စီနီယာကျိ အဲ့ကျောက်တိုင်ရဲ့အပိုင်းအစတခုလောက် ကျွန်တော်ယူလို့ရမလား"

ကျိုးဟောင်မှာ သူအလုပ်ကြိုးစားခဲ့ခြင်းကြောင့် ဒီလောက်တော့ တောင်းဆိုခွင့်ရှိလေသည်။

ကျိယောင်ယွဲ့မှာကျိုးဟောင်၏စကားကြောင့်မှင်တက်သွားလေသည်။

"အဲ့ကျောက်တိုင်တွေမှာအရမ်းပြင်းထန်တဲ့ရေဒီယိုသတ္တိကြွစွမ်းအင်လှိုင်းတွေရှိတယ်။ မင်းလိုချင်တာသေချာရဲ့လား။ ငါတို့ရဲ့ပညာရှင်ပြောစကားအရ ငါတို့အတွက်တောင် ဘေးကင်းလုံခြုံစေဖို့ မြေအောက် မီတာ၃၀၀၀လောက်မှာမြှုပ်ထားဖို့လိုတယ်တဲ့။ ပြီးတော့ အဲ့ကျောက်တိုင်တွေက လူသားတွေအတွက်အသုံးမ၀င်ဘူးတဲ့"

ကျိယောင်ယွဲ့ကနားမလည်နိုင်သောပုံဖြင့်ပြောလိုက်လေသည်။

"အဲ့လိုဆိုရင် ကျွန်တော်အဲ့ကျောက်တိုင် ၃ခုလုံးရနိုင်မလား။ ကျွန်တော့်မှာအဲ့တာတွေကိုဖြေရှင်းဖို့နည်းလမ်းရှိတယ်"

ကျိုးဟောင်၏စကားကြောင့် ကျိယောင်ယွဲ့မှာသူမ၏မျက်လုံးများကိုမှေးပြီး ကျိုးဟောင်အားအတွေးရှုပ်နေသည့်အမူအရာဖြင့်ကြည့်နေလေသည်။

သူမအနေဖြင့်ကျိုးဟောင်မှာ လျှို့ဝှက်များရှိသည်ကိုသိသော်လည်း စဉ်းစားမရဖြစ်နေခဲ့လေသည်။ အချိန်တခုကြာစဉ်းစားပြီးနောက်သူမကပြောလာခဲ့လေသည်။

"မင်းသာအဲ့ကျောက်တိုင်တွေကိုဖြေရှင်းဖို့နည်းလမ်းတကယ်ရှိတာဆိုရင်တော့ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မင်းမှာဖြေရှင်းဖို့ဘယ်လိုအစီအစဉ်တွေ ဘယ်လိုအရင်းအမြစ်တွေရှိလဲဆိုတာတော့ ငါသိချင်တယ်။ မင်းရဲ့ရဲဘော်ရဲဘက်အနေနဲ့ ငါလည်းသိပိုင်ခွင့်ရှိတယ်လို့ထင်တယ်"

....................................................................................

All Chapters