← Chapters

အခန်း (၆၄၃-၆၄၅)

Vol. 43 Ch. 643-645

အခန်း (၆၄၃-၆၄၅)

Vol. 43 Ch. 643-645

အခန်း (၆၄၃) : ချစ်သူများနေ့

ကျိုးဟောင်သည် ထိုစကားကို ကြားသောအခါ ခဏတာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"စီနီယာကျိ ဒါက ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ပါ တကယ်တော့ ကျွန်‌တော်မပြောပြချင်ဘူး ဒါပေမဲ့စီနီယာက မေးလာတော့ ပြောပြရမှာပေါ့ ဒါပေမဲ့… ဘာကြောင့် သိချင်တာလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ရမလား"

လူသားမျိုးနွယ်ကို ကူညီရန်သာ ဖြစ်ပါက ဤကျောက်စာတိုင်ကိစ္စအား သူ မည်သို့ဖြေရှင်းနိုင်သည်ကို စီနီယာကျိသိရန် မလိုအပ်ပေ။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ စီနီယာကျိ၏ ပင်ကိုယ်စရိုက်ဖြစ်သောကြောင့်ပင်။ သူမသည် "ရှေးဟောင်းခန္ဓာ" ကို ကျင့်ကြံခဲ့သော်လည်း သူမသည် မည်သည့်အခါတုန်းကမျှ ဘာကိုမျှ မပြောခဲ့ပေ။ သူမသည် "ရှေးဟောင်းခန္ဓာ" ကျင့်ကြံနည်းကိုသာ သွယ်ဝိုက်၍ ပြောပြခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူမသည် သူ့အား တိုက်ရိုက်မေးမြန်းလာသည့်အတွက် သူ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

"ဒါဆို အမှန်အတိုင်း ပြောပြမယ် ငါတို့ရဲ့အရှေ့တိုင်းဟွာရှားမှာလည်း သူလျှိုတွေရှိတယ် ဒီကျောက်စာတိုင်တွေကိစ္စကကိစ္စသေးသေးလေးမဟုတ်ဘူး သူတို့ထဲကတစ်ခုခုသာ အပြင်ရောက်ရှိသွားရင် လူသားမျိုးနွယ်ထဲမှာအရှုပ်အထွေးတွေဖြစ်လာလိမ့်မယ်"

"ဒီကိစ္စတွေကမဖြစ်ဖူးတာမျိုးတော့မဟုတ်ဘူး မင်း ရင်းနှီးတဲ့ 'အမှောင်နတ်ဘုရားများ' အဖွဲ့အစည်းကို ဥပမာအဖြစ်ကြည့်ကြည့်လိုက် သူတို့ကို အမြစ်ဖြတ်ဖို့ငါတို့အားအများကြီးစိုက်ထုတ်ခဲ့ရပေမဲ့ အချည်းနှီးပဲ အဲဒါကြောင့် ဒီကျောက်စာတိုင်တွေ ငါတို့ လက်ထဲသို့ ရောက်လာရင် ဒါတွေကိုလုံးဝမကာကွယ်နိုင်မှာကို ငါစိုးရိမ်တယ်"

"အမှောင်နတ်ဘုရားများအဖွဲ့ကနေရာအနှံ့ ပျံ့နှံ့နေတာ သူတို့ကငါတို့သင်တန်းကျောင်းက ပါရမီရှင် ကျောင်းသားတွေကိုတောင်သတ်နိုင်ရင် ဒီကျောက်စာတိုင်တွေကို ဖြေရှင်းဖို့နည်းလမ်းကိုလည်း စဉ်းစားနိုင်မှာပဲ မဖြစ်ခင်ကြိုတင်ကာကွယ်တာကအကောင်းဆုံးပဲ ငါပြောတာကိုမင်းနားလည်တယ်မလား"

ကျိယောင်ယွဲ့၏ စကားများသည် ကျိုးဟောင်အား "အမှောင်နတ်ဘုရားများ" အဖွဲ့မှကျန်းယိ၏ ညီမအားဖမ်းဆီးသွားခဲ့သည်ကို ချက်ချင်း ပြန်လည်အမှတ်ရစေခဲ့သည်။

ဤကျောက်စာတိုင်များမှာ ဟွာရှား၏ နယ်မြေထဲတွင် ဖုံးကွယ်ထားသည်ကို သိရှိသွားပါက ၎င်းတို့သည် လှည့်စားမှုများကို စတင်ပြုလုပ်လာနိုင်လေသည်။

မဖြစ်ခင်ကြိုတင်ကာကွယ်သည်မှာ ပိုကောင်းသည်။ ၎င်းတို့သည် သွေးဆောင်ခံရပြီး ဤအရာများသည် မျိုးနွယ်ခြားများ၏ လက်ထဲသို့ ရောက်ရှိသွားပါက အားလုံးပြီးဆုံးသွားပေလိမ့်မည်။

"စီနီယာကျိ ကျွန်တော် စီနီယာဆိုလိုတာကို နားလည်ပါတယ် ဒါဆို ကျွန်တော် ဒီကျောက်စာတိုင်တွေကို ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲဆိုတာကို ပြောပြပါ့မယ် ကျွန်တော့်နဲ့အတူ လိုက်ခဲ့ပေးပါ"

ကျိုးဟောင်သည် ပြောရင်းဖြင့် ကျိယောင်ယွဲ့၏ အာကာသယာဉ်မှ ထွက်ခွာပြီး ၎င်း၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။

"ဒါက ငါ မင်းကို လက်ဆောင်ပေးခဲ့တဲ့ အာကာသယာဉ် မဟုတ်လား ဘာဖြစ်လို့လဲ ဘယ်ကို ခေါ်သွားမလို့လဲ"

ကျီယောင်ယွဲ့သည် ခဏတာ အံ့အားသင့်သွားခဲ့သည်။

"စီနီယာကျိ စီနီယာလက်ဆောင်ပေးခဲ့တဲ့ အာကာသယာဉ်ကို ကျွန်တော့်အာကာသယာဉ်က စုပ်ယူလိုက်ပြီ"

ကျိုးဟောင်၏ စကားများကြောင့် ကျိယောင်ယွဲ့သည် တုန်လှုပ်သွားသည်။ သူမ ဘာမှမပြောနိုင်မီမှာပင် ကျိုးဟောင်သည် ကျိယောင်ယွဲ့အား အာကာသယာဉ်ထဲသို့ ခေါ်ဆောင်သွားပြီး လုံနတ်ဘုရား စစ်သင်္ဘော၏ အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့သည်။

"အကြီးအကဲကျိ ကြည့်လိုက်ပါ"

ကျိုးဟောင်ဘာမှမပြောရသေးခင်မှာပင် ကျိယောင်ယွဲ့သည် တစ်ချက်ကြည့်ပြီးနောက် အတိုင်းမသိ တုန်လှုပ်သွားခဲ့သည်။

"ဒီ… ဒီအာကာသယာဉ်က… ငါပေးခဲ့တဲ့ဟာမဟုတ်ဘူး ဒီနည်းပညာကအခုချိန်မှာ ငါတို့ ကမ္ဘာဂြိုလ်က ထုတ်လုပ်နိုင်တာမျိုး မဟုတ်ဘူး ဒါက အပျက်အစီးတွေကနေ ရတာလား"

ကျိယောင်ယွဲ့သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သိပေသည်။ သူမ၏ အာကာသယာဉ်သည်လည်း အပျက်အစီးများမှ ရရှိခဲ့ခြင်းဖြစ်သော်လည်း ကျိုးဟောင်၏ အာကာသယာဉ်နှင့် နှိုင်းယှဉ်ပါက အများကြီး နိမ့်ကျနေသည်။

သူမသည် အာကာသယာဉ်များအကြောင်းကို သိပ်မသိသော်လည်း ခွဲခြားသိနိုင်ပေသည်။

"ဒီအာကာသယာဉ်ကို 'လုံနတ်ဘုရား စစ်သင်္ဘော' လို့ ခေါ်တယ် ကျွန်တော် မမျှော်လင့်ဘဲ ရခဲ့တာ ဒါက ပြင်ပအာကာသကနေ လာပြီး အဆင့်မြင့်နည်းပညာတွေ ရှိတယ် ဒီလုံနတ်ဘုရားစစ်သင်္ဘောပေါ်မှာ ကျောက်စာတိုင်ရဲ့ စွမ်းအားကို ချိပ်ပိတ်ထားလို့ရပြီး ကျွန်တော့်အာကာသယာဉ်အတွက် စွမ်းအင်ပေးနိုင်မဲ့အရင်းအမြစ်တစ်ခုအနေနဲ့သုံးလို့ရတယ်"

"ဒါက ကျွန်တော် တွေးထားတဲ့ ဖြေရှင်းနည်းပါပဲ ကျွန်တော် ဖြေရှင်းနိုင်တယ်လို့ပြောတာဒါကြောင့်ပါ"

ကျိုးဟောင် ပြောပြီးနောက် ကျိယောင်ယွဲ့သည် ချက်ချင်း ထိတ်လန့်သွားခဲ့သည်။ ဤအာကာသယာဉ်သည် တကယ်ကို အစွမ်းထက်လှသည်။ ၎င်းတွင် သီးခြားပုံရိပ်ယောင်လောက ၊ သီးခြား လေ့ကျင့်ရေးအခန်း နှင့် အစွမ်းထက်သော ကာကွယ်ရေးစနစ်ပင် ပါရှိပေသည်။ ထို့ပြင် အလွန်ထက်မြက်သည့်အသိစိတ်တစ်ခုလည်း ပါရှိသည်။

"ဒါဆိုရင် ငါတို့ ဘာကို စောင့်နေကြတာလဲ"

ကျိယောင်ယွဲ့သည် ချက်ချင်း ပြုံးလိုက်သည်။

"ဒါပေမဲ့ ငါတို့ဒီတစ်ကြိမ် ပေါ်တင်ဝင်ရောက်လို့ မရဘူး ငါ့အတွေးကတော့ ကျောက်စာတိုင်တွေကို ယူသွားပြီး ဘယ်သူမှသတိမထားမိအောင် မင်းရဲ့ အာကာသယာဉ်ပေါ်မှာထားသင့်တယ် ဒီလိုဆိုကျောက်စာတိုင် ဘယ်ရောက်သွားမှန်း ဘယ်သူမှမသိဘဲ လေထဲမှာပဲပျောက်သွားတယ်လို့ထင်ကြလိမ့်မယ် အဲဒါက အကောင်းဆုံး ဖြေရှင်းနည်းပဲ မင်းရောဘယ်လိုထင်လဲ"

ကျိယောင်ယွဲ့၏ စကားများသည် ကျိုးဟောင်၏ အတွေးနှင့် ကိုက်ညီနေခဲ့သည်။

"ဒါဆိုရင် ကျွန်တော်တို့အခု ဘာလုပ်သင့်လဲ"

ကျိုးဟောင်သည် ချက်ချင်း ပြောလိုက်သည်။

"အရမ်းလွယ်တယ် ငါက တခြားသူတွေရဲ့ အာရုံကို လွှဲထားမယ် မင်းက ခိုးဝင်လိုက်ပေါ့"

"င့ါဆီကသတင်းကို စောင့်နေ"

ပြောရင်းဖြင့် ကျိယောင်ယွဲ့သည် ထွက်ခွာသွားခဲ့သည်။ သူမသည် အစီအစဉ်များ ပြုလုပ်ရန် ထွက်ခွာသွားခြင်း ဖြစ်မည်။

ကျိုးဟောင်သည်လည်း အာကာသယာဉ်ပေါ်မှ ထွက်ခွာလာခဲ့သည်။

လမ်းတွင် ကျိုးဟောင်သည် အခြေစိုက်စခန်းသို့ ပြန်ရန် ပြင်ဆင်နေစဉ် ငှက်မွေးတစ်ထောင်ချပ်ဝတ် ၏ အသံ ထွက်ပေါ်လာသည်။

"သခင် ဒီနေ့က ချစ်သူများနေ့ပါ မစ္စစ် ရှုလင်ကို အပြင်မှာ ညစာစားဖို့ မခေါ်ဘူးလား"

ကျိုးဟောင်သည် ခဏတာ တုန်လှုပ်သွားပြီးနောက် သူ့နဖူးကို ရိုက်လိုက်သည်။

"ငါ့ကိုကြည့်ပါဦး ငါအရမ်းအလုပ်များနေလို့ မေ့နေတာ နောက်ကိုဒီလိုကိစ္စမျိုးတွေကို မင်းငါ့ကိုသတိပေးရမယ်နော်"

သူသည် ပြောရင်းဖြင့် ဖုန်းကို ထုတ်ကာ ရှုလင်ကို ခေါ်လိုက်သည်။

ရှုလင်သည် သူမ၏ ရုံးခန်းတွင် အရေးကိစ္စများ ဆောင်ရွက်နေစဉ် ကျိုးဟောင်ထံမှ ရုတ်တရက် ဖုန်းဝင်လာသည်။ သူမသည် လျင်မြန်စွာ ကိုင်လိုက်ပြီး ပြုံး၍ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ကျောင်းသူ ရှု ဘာများ အလုပ်များနေလဲ အချိန်ရရင် ချစ်သူများနေ့အတွက် အပြင်ထွက်လာခဲ့ပါလား"

ကျိုးဟောင်သည် ရယ်လိုက်သည်။

သူသည် လက်ထဲတွင် ပန်းစည်းကို ကိုင်ထားသည်။ နူးညံ့သိမ်မွေ့သော အနီရောင်နှင်းဆီ ၉၉ ပွင့်သည် အနက်ရောင် စက္ကူပေါ်တွင် အလွန်ထင်ရှားနေသည်။ ထိုကဲ့သို့သော လှပသည့် နှင်းဆီများသာလျှင် ရှုလင်နှင့် ထိုက်တန်ပေသည်။

ဖုန်းတစ်ဖက်မှ ရှုလင်သည် ညင်သာစွာ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သူမသည် ရယ်လျက် ပြောလိုက်သည်။

"ကောင်းပြီလေ ဘယ်မှာ တွေ့ကြမလဲ"

ကျိုးဟောင်သည် ခဏတာ စဉ်းစားပြီးနောက် နေရာကောင်းတစ်ခုကို ရုတ်တရက် တွေးမိလိုက်သည်။ ထို့ကြောင့် သူသည် ပြုံးပြီး ပြောလိုက်သည်။

"ရင်ပြင်မှာ အသားကင်ဆိုင်တစ်ဆိုင်ရှိတယ် အဲဒီက အစားအသောက်တွေ မဆိုးဘူး မင်း ဘယ်မှာလဲ ကိုယ်လာကြိုရမလား။"

ရှုလင်သည် ထိုစကားကို ကြားပြီးနောက် ပြုံးကာ ပြောလိုက်သည်။

"ရပါတယ် ကျွန်မဘာသာလာခဲ့မယ် ကျွန်မလည်း ရင်ပြင်နဲ့ သိပ်မဝေးဘူး စားသောက်ဆိုင်မှာ တွေ့ကြတာပေါ့။"

"ကောင်းပြီ ကိုယ်လိပ်စာပို့လိုက်မယ်။"

"ကောင်းပါပြီ"

ဖုန်းချပြီးနောက် ကျိုးဟောင်သည် ချိန်းဆိုထားသည့် နေရာသို့ လျင်မြန်စွာ အပြေးသွားခဲ့သည်။

သူသည် တံခါးသို့ ရောက်ရှိသောအခါ ချက်ချင်းအထဲဝင်သွားခဲ့သည်။

"မင်္ဂလာပါရှင့် ကြိုတင်ချိန်းဆိုထားတာ ရှိပါသလား"

ဝန်ထမ်းသည် ကျိုးဟောင် ရောက်ရှိလာသည်ကို တွေ့သောအခါ ပြုံးလျက် မေးလိုက်သည်။

"ရှိပါတယ် ကျွန်တော်က နံပါတ် ၀၂၇ ပါ"

ကျိုးဟောင်သည် ဖုန်းကို ထုတ်ပြီး သူ ကြိုတင်မှာထားသည့် နံပါတ်ကို ဝန်ထမ်းအား ပြလိုက်သည်။

ဝန်ထမ်းသည်ထိုအရာကို တွေ့သောအခါ ပြုံးပြီး ခေါင်းညိတ်လိုက်ပြသည်။

"ဟုတ်ကဲ့ ရပါတယ်ရှင့် ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပါရှင့်"

မိန်းကလေးများ၏ အားကျသော အကြည့်များအောက်တွင် သူသည် ပန်းများနှင့်အတူ ကြိုတင်မှာထားသော ထိုင်ခုံသို့ လျှောက်သွားပြီး ထိုင်လိုက်သည်။

ကျိုးဟောင် ထိုင်ပြီး မကြာမီမှာပင် တံခါးဝတွင် တက္ကစီတစ်စီး ဖြည်းဖြည်းချင်း ရပ်သွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် ရှုလင်သည် အနက်ရောင် ဝတ်စုံဖြင့် ကားပေါ်မှဆင်းလာသည်ကို သူ မြင်လိုက်သည်။

သူမသည် အလွန်လှပပြီးသားဖြစ်ပေရာ ယခု အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသောအခါ သူမသည် ပို၍ပင် ကျော့ရှင်းလှပနေသည်။

ဤသည်ကို မြင်သောအခါ ကျိုးဟောင်သည် ချက်ချင်း ထရပ်ပြီး ရှုလင်ကို ကြိုရန် တံခါးသို့ လျှောက်သွားခဲ့သည်။

တံခါးသို့ ရောက်သောအခါ ရှုလင်သည် ကျိုးဟောင်ကို တွေ့သောအခါ ချက်ချင်း ပြုံးပြီး နှင်းဆီပန်းများကို ရှက်ရွံ့စွာ လက်ခံယူလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ရှုလင်သည် ကျိုးဟောင်၏ လက်ကို ရှက်ရွံ့စွာ ကိုင်ပြီး စားသောက်ဆိုင်ထဲသို့ လိုက်ဝင်လာခဲ့သည်။

ဟင်းပွဲများ မရောက်မီ ကျိုးဟောင်သည် ပြုံးရင်းလက်ဆောင်ဘူးတစ်ခုကို ရှုလင်အားလိုက်သည်။

"ဒါက မင်းအတွက် လက်ဆောင်"

....................................................................................

အခန်း (၆၄၃) ပြီးပါပြီ။

အခန်း (၆၄၄) : ချက်ချင်းထွက်ခွာခြင်း

ကျိုးဟောင်က ပြုံးပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ဖွင့်ကြည့်လိုက်ရင် သိလိမ့်မယ်"

ယခုလို အရေးကြီးတဲ့ အချိန်မျိုးမှာပင် သူက စကားကို ဆက်မပြောဘဲ စိတ်လှုပ်ရှားအောင်လုပ်နေပေသည်။

ရှုလင်သည် သေတ္တာကို ဖွင့်လိုက်သောအခါ ထိုအထဲတွင် ဆီးနှင်းချပ်ဝတ် နှင့် ကျောပိုးအိတ်တစ်လုံးကို တွေ့လိုက်ရသည်။ သူမသည် ကျောပိုးအိတ်ကို ဖွင့်လိုက်သောအခါ 'ခန္ဓာပုံသွင်းရည်' ပုလင်းပေါင်းတစ်သောင်းကို တွေ့လိုက်ရသည်။

"ဒါက…"

ရှုလင်သည် ၎င်းသည် မည်သည့်အရာဖြစ်သည်ကို မသိသော်လည်း အစွမ်းထက်သော ခွန်အားရှိကြောင်း ခံစားမိပြီး အလွန်အံ့အားသင့်သွားသည်။

"ဒါက ခန္ဓာပုံသွင်းရည်ပဲ မင်းက အခုမူလအဆင့်ပညာရှင် ဖြစ်နေပြီ မင်း 'ကောင်းကင်ဘုံအဆင့်' ကိုချိုးဖောက်တဲ့အခါကျ ခန္ဓာကိုယ်ကို ၁၀၀ ရာခိုင်နှုန်းသန့်စင်အောင် ပုံသွင်းရလိမ့်မယ်"

"ဒီ ခန္ဓာပုံသွင်းရည်ကို အထင်မသေးလိုက်နဲ့ ဒါက လူသားမျိုးနွယ်မှာ အစွမ်းအထက်ဆုံးခန္ဓာပုံသွင်းရည်ပဲ"

ကျိုးဟောင်က ဂုဏ်ယူစွာ ပြုံးလိုက်သည်။

ကောင်းကင်ဘုံလမ်းကြောင်း ဆော့ဖ်ဝဲလ်ထဲမှ 'ခန္ဓာပုံသွင်းရည်' သည်ယခု လူသားတွေ ထုတ်လုပ်ထားသော အရည်များထက် အများကြီး ပိုကောင်းသည်မှာ သေချာပေသည်။

"ဟယ်… သာမန်ခန္ဓာပုံသွင်းရည်တောင် တစ်ပုလင်းကို သိန်းပေါင်းများစွာ တန်တာ ဒါက ပိုကောင်းတယ်ဆိုရင် သန်းနဲ့ချီပြီး တန်မှာပေါ့ ဒီမှာက ပုလင်း ၁သောင်းတောင်ရှိနေတာ… ဘာလို့… ဘာလို့ ဒီလောက် အဖိုးတန်တဲ့ အရာကို ကျွန်မကို ပေးတာလဲ"

ရှုလင်သည် တုန်လှုပ်သွားပြီး ကျိုးဟောင်ကို မသိစိတ်က ကြည့်လိုက်မိသည်။ သူ ဘာလို့ ယခုလို အဖိုးတန်တဲ့ လက်ဆောင်မျိုးကို ပေးရတာလဲဆိုတာ နားမလည်နိုင်ဖြစ်နေသည်။

ကျိုးဟောင်၏ မျက်နှာအမူအရာသည် ဂရုမစိုက်ဟန် ရှိသည်။

သူက ပြုံးပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်၊၊

"ဒီပစ္စည်းတွေက အရေးမကြီးဘူး ကိုယ့်အတွက်မင်းက အရေးအကြီးဆုံးပဲ ဒီလက်ဆောင်တွေကို လက်ခံလိုက်"

ဤတိုတောင်းသော စာကြောင်းလေးက ရှုလင်၏ မျက်နှာကို ရဲသွားစေခဲ့သည်။ သူမသည် လက်ဆောင်ကို တွန့်ဆုတ်မနေတော့ဘဲ လက်ခံလိုက်ပြီး ချက်ချင်းပင် ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျိုးဟောင် အရမ်းကျေးဇူးတင်ပါတယ်"

ရှုလင်မှာ ဆက်တိုက် ကျေးဇူးတင်နေတော့ ကျိုးဟောင်၏ မျက်နှာအမူအရာက မကျေမနပ် ဖြစ်လာသည်။

ကျိုးဟောင်မှာ မျက်မှောင်ကြုတ်ပြီး ရှုလင်ကို အလေးအနက် ကြည့်ကာတစ်လုံးချင်းစီ ပြောလိုက်သည်။

"ရှုလင် မင်းကိုယ့်ကို ဒီလောက်အားနာနေစရာ မလိုဘူး ဒီအရာတွေက မင်းအတွက်ကိုယ်လုပ်ပေးရမယ့် အရာတွေပဲလေ"

မကြာမီ ဟင်းပွဲများ ရောက်လာခဲ့သည်။ သူတို့နှစ်ဦး စားသောက်ပြီးနောက် ကျိုးဟောင်သည် ရှုလင်ကို အိမ်ပြန်လိုက်ပို့ပေးခဲ့သည်။

ထို့နောက် ကျိုးဟောင်သည် လေ့ကျင့်ရေးအခြေစိုက်စခန်းသို့ ပြန်ရောက်လာပြီး ခြေထောက်နှစ်ဖက်ကို ချိတ်ကာ ထိုင်လိုက်သည်။ သူသည် မျက်လုံးများကို မှိတ်ပြီး 'ကောင်းကင်ဘုံလမ်းကြောင်း ဆော့ဖ်ဝဲလ်' ကို ဖွင့်လိုက်သည်။

ဆော့ဖ်ဝဲလ်ကို ဖွင့်လိုက်သည်နှင့် "ငါက သာမန်လူတစ်ယောက်ပါပဲ" ဆိုသော နာမည်သည် နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ပေါ်လာသည်။

မူလက တိတ်ဆိတ်စွာ ကြည့်ရှုနေကြသော လူများသည် ဤအိုင်ဒီကို တွေ့သောအခါ ချက်ချင်းပင် အလွန်စိတ်လှုပ်ရှားသွားကြသည်။

"မိုက်လိုက်တာ သခင်ကြီး ပြန်လာပြီ"

"ဟေ့ကောင်တွေ လာပြီးသခင်ကြီးကို ကြည့်ကြ ဒီတစ်ခါ ရော သခင်ကြီးက ဘယ်လိုဒဏ္ဍာရီမျိုးကို ဖန်တီးဦးမှာလဲ"

"သခင်ကြီးက တိုက်ရိုက်ထုတ်လွှင့်မှုကို လွှမ်းမိုးဖို့ ရောက်လာပြီ နတ်မိမယ်ယွဲ့လင် သခင်ကြီးအတွက် ဘာလို့ မကတာလဲ ဘာကို စောင့်နေတာလဲ"

"နတ်မိမယ်ယွဲ့လင်က သခင်ကြီးကြောင့်အံ့သြပြီး ဘယ်လို တုံ့ပြန်ရမှန်းမသိဖြစ်နေတာနေမှာ ဟဲဟဲ ဘယ်လောက်စိတ်ဝင်စားစရာကောင်းလဲ"

"ဟုတ်တယ် ငါ သခင်ကြီး ရောက်လာတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ ဒီသခင်ကြီးက အရမ်းချမ်းသာတယ်လို့ ပြောကြတယ် ဒီနေ့သခင်ကြီး ဘယ်လောက် ချမ်းသာလဲဆိုတာ မြင်ရပါ့မလားမသိဘူး"

"ဒီသခင်ကြီးက ကောလဟလတွေထဲကထက်တောင် ပိုပြီးတော့အထင်ကြီးစရာကောင်းသေးတယ် ခဏနေရင် မင်းကိုယ်တိုင် မြင်ရလိမ့်မယ်"

"ဟဲဟဲ သခင်ကြီးက သခင်ကြီးပါပဲ သူ တိုက်ရိုက်ထုတ်လွှင့်မှုထဲ ဝင်ဝင်ချင်းပဲ ကြည့်ရှုသူ ၅ သန်းကို ချက်ချင်း တက်သွားတယ် ငါ လောင်းရဲတယ် နတ်မိမယ်ယွဲ့လင်ကတော့ ပိုက်ဆံတွေ အများကြီးထပ်ရတော့မယ်"

ရုတ်တရက် ဆူညံသွားသော တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း လူတိုင်းမှာ "ငါက သာမန်လူတစ်ယောက်ပါပဲ" ဆိုသောအိုင်ဒီပိုင်ရှင်အကြောင်းကို ဝိုင်းဆွေးနွေးနေကြသည်။

နတ်မိမယ်ယွဲ့လင်လည်း ကျိုးဟောင်၏အိုင်ဒီ ကို တွေ့လိုက်ရချိန်တွင် သူမက ဖုန်းကိုဖွင့်ပြီး မက်ဆေ့ချ်ပို့လိုက်သည်။

"သခင်ကြီး ရောက်လာပြီလား"

ကျိုးဟောင်သည် မက်ဆေ့ချ်ကို မြင်ပေမဲ့ ပြန်မပို့ဘဲ သူက တိုက်ရိုက်ထုတ်လွှင့်မှုမှာ လက်ဆောင်တွေ ပေးဖို့ စတင်လိုက်သည်။

မကြာခင်မှာပဲ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ဖန်သားပြင်တစ်ခုလုံးမှာ စာသားတစ်ကြောင်း ပေါ်လာခဲ့သည်။

၎င်းမှာ "'ခန္ဓာပုံသွင်းရည်' ပုလင်း ၁သောင်းလက်ဆောင်ပေးသွားသည်အတွက် 'ငါက သာမန်လူတစ်ယောက်ပါပဲ' အားဂုဏ်ပြုပါသည်" ဟူသောစာကြောင်းပင်ဖြစ်သည်။

ဤစာတန်းကိုမြင်လိုက်ရချိန်တွင် အင်တာနက်အသုံးပြုသူအားလုံးမှာ သူတို့ရှေ့က မြင်ကွင်းကြောင့် ချက်ချင်း ထိတ်လန့်သွားကြသည်။

သူတို့အားလုံး တိတ်ဆိတ်နေကြသည်။ ခဏအကြာမှာတော့ စိတ်အားထက်သန်သော ဆွေးနွေးမှုတစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး ဆူညံသွားခဲ့သည်။

နတ်မိမယ်ယွဲ့လင်လည်း တုန်လှုပ်သွားခဲ့သည်။ သူမက တိုက်ရိုက်ထုတ်လွှင့်မှုထဲက လက်ဆောင်တွေကို ကြည့်ရင်း အချိန်အကြာကြီး သတိမဝင်နိုင်လောက်အောင် အံ့အားသင့်နေခဲ့သည်။

"မိုက်လိုက်တာ! မင်းတို့ မြင်လိုက်လား သူက တကယ်ကိုသခင်ကြီးပဲ ရက်ရောလိုက်တာ ခန္ဓာပုံသွင်းရည် ပုလင်း ၁သောင်းတောင် ပေးသွားတယ်။ သူက တကယ်ကို အရမ်းချမ်းသာတာပဲ"

"ဟုတ်တယ်။ ခန္ဓာကိုယ် သန့်စင်အရည်က အရမ်းတန်ဖိုးရှိတာ။ သာမန်လူတွေက တစ်ခါမှ မမြင်ဖူးလောက်ဘူး။ အခုတော့ သူက ပုလင်း ၁၀,၀၀၀ တောင် ပေးသွားတယ် ဘယ်လောက် ရက်ရောလိုက်သလဲ"

"အဟမ်း ငါ သိသားပဲ ငါ ဒီတိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ အကြာကြီးနေရင် ဒီသခင်ကြီးနဲ့ တွေ့မှာပဲဆိုတာ ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ တကယ်တွေ့လိုက်ရပြီ"

"နတ်မိမယ်ယွဲ့လင်လို လှပတဲ့ မိန်းကလေးတစ်ယောက်သာ ဒီသခင်ကြီးရဲ့ အာရုံစိုက်မှုကို ရနိုင်တာ"

"သခင်ကြီး၊ သခင်ကြီး၊ သခင်ကြီး"

"လက်ဆောင်ထပ်ပေးပါဦး သခင်ကြီး လက်ဆောင်ထပ်ပေးပါဦး"

"အား အားကျစရာကောင်းလိုက်တာ"

"ဟဲဟဲ နတ်မိမယ်ယွဲ့လင်ကို တကယ် အားကျတယ် ခန္ဓာပုံသွင်းရည် ပုလင်း ၁သောင်း‌တောင်ရသွားတာာဆိုတော့ သူတော့ချမ်းသာတော့မှာ"

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ချက်ချင်းဆိုသလို ဆူညံသွားခဲ့သည်။

ကျိုးဟောင်က ပြုံးလိုက်သည်။ သူ့ရဲ့ ကံကောင်းခြင်းအမှတ်တွေက သိပ်မမြင့်ပေမဲ့ 'ခန္ဓာပုံသွင်းရည်' ပုလင်း ၁သောင်းကို ပေးလိုက်ပြီးနောက် ပုလင်း ၂သောင်း ပြန်ရလိုက်သည်။

လက်ဆောင်တွေ ပေးပြီးနောက် ကျိုးဟောင်မှာ ဘာမှမပြောဘဲ တိုက်ရိုက်ထုတ်လွှင့်မှုမှ ထွက်သွားခဲ့သည်။

ဤအပြုအမူက လူတွေကို ပိုပြီး ရူးသွပ်သွားစေခဲ့သည်။

"မင်းတို့ မြင်လိုက်လား ဒါကသခင်ကြီးရဲ့ ပုံစံပဲ ခန္ဓာပုံသွင်းရည် အများကြီး ပေးပြီး ဘာမှမဖြစ်သလိုပဲ ချက်ချင်း ထွက်သွားတာ"

"ဘယ်လောက် ချမ်းသာလိုက်လဲ။ ငါတို့ ဘယ်တော့မှ ဒီလိုစွမ်းရည်မျိုး ရနိုင်ပါ့မလဲ"

"ဟားဟားဟား အိပ်မက်မက်နေလိုက်'ကောင်းကင်ဘုံလမ်းကြောင်း ဆော့ဖ်ဝဲလ်' ထဲမှာသခင်ကြီးလောက် အထင်ကြီးစရာကောင်းတဲ့သူ မရှိဘူး သခင်ကြီး ကျွန်တော် ခင်ဗျားကို ဒူးထောက်ခစားဖို့ ဆန္ဒရှိပါတယ်"

သူတို့ စိတ်အားထက်သန်စွာ ပြောနေကြတုန်းမှာပင် ကျိုးဟောင်မှာ ထွက်သွားပြီဖြစ်သည်။

ဆိုင်ထဲ ဝင်ကြည့်ပြီးနောက် ကျိုးဟောင်မှာ 'ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်' မှ ထွက်ရန်ပြင်လိုက်သည်။

သူ ထွက်တော့မည့်ဆဲဆဲမှာပင် နတ်မိမယ်ယွဲ့လင်ထံမှ မက်ဆေ့ချ်တစ်စောင် ဝင်လာခဲ့သည်။

"သခင်ကြီး ဘာလို့ ဒီလောက်မြန်မြန် ထွက်သွားတာလဲ"

ကျိုးဟောင်က ပြုံးပြီး ပြန်ဖြေလိုက်သည်။

"ငါ လတ်တလော အလုပ်များနေလို့ လက်ဆောင်တွေ မပေးဖြစ်ဘူး… ဒီနေ့ စိတ်ထဲရောက်လာလို့ ခဏဝင်ပြီး လက်ဆောင်တွေ ပေးလိုက်တာ တခြား ဘာမှမရှိတော့ရင် သွားတော့မယ်"

"သခင်ကြီးက တကယ်ကိုအပူအပင်ကင်းတာပဲ"

နတ်မိမယ်ယွဲ့လင်က ပြုံးပြီး ပြန်ဖြေလိုက်သည်။

ကျိုးဟောင်လည်း စတစ်ကာတစ်ခု ပြန်ပို့ပြီး တစ်ဖက်အားလျစ်လျူရှုကာ လေ့ကျင့်ရေးခန်းထဲသို့ဝင်သွားခဲ့သည်။

"ငါ့ရဲ့ ရှေးဟောင်းခန္ဓာသိုင်းက ဒုတိယအဆင့် ရောက်နေပြီ ငါ့ရဲ့ ကျင့်ကြံမှုကလည်း ပထမမြောက်ကောင်းကင်ဘုံအဆင့်' ပဲ ရှေးဟောင်းခန္ဓာသိုင်း၊ နတ်ဘုရားဖျက်ဆီးသိုင်း နဲ့ ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းတွေပါထည့်ပေါင်းလိုက်ရင် ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက သာမန်ထက်ထူးခြားနေပေမဲ့ နတ်ဘုရားဖျက်ဆီးသိုင်း နဲ့ ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်း နှစ်ခုစလုံးက အကန့်အသတ်ကို ရောက်နေပြီဆိုတာငါ ခံစားမိတယ် ငါအဆင့်တက်သွားရင် သူတို့နှစ်ခုရဲ့အစွမ်းတွေလျော့သွားမှာကိုစိုးရိမ်မိတယ်"

ကျိုးဟောင် မှာစိုးရိမ်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် သူ့၏တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်ထူးခြားနေဆဲပင်ဖြစ်သည်။

သူ့ရဲ့ စိတ်စွမ်းအင်ကလည်း အစွမ်းထက်ပေသည်။ မည်သို့ပင်ဖြစ်စေ စိတ်ဝိညာဉ်ကျောက်တုံးကြောင့် သူ၏စိတ်စွမ်းအားမှာ သာမန်ကောင်းကင်ဘုံအဆင့်ပညာရှင်များနှိုင်းယှဥ်လို့မရပေ။

....................................................................................

အခန်း (၆၄၄) ပြီးပါပြီ။

အခန်း (၆၄၅) စိတ်ဝိညာဉ်ထိန်းချုပ်ကျောက်တုံး

ကျိုးဟောင်သည် လေ့ကျင့်ခန်းခန်းထဲတွင် ရူးသွပ်စွာ လေ့ကျင့်နေသည်။

သူ၏ စိတ်စွမ်းအင်ဖြစ်စေ၊ ခန္ဓာကိုယ်ဖြစ်စေ၊ တတ်နိုင်သမျှ မြန်မြန် ဆက်လက်တိုးတက်ရန် ပိုမို ကြိုးစားအားထုတ်ရမည်ဖြစ်သည်။

ခဏကြာ လေ့ကျင့်ပြီးနောက် သူသည် ကျိယောင်ယွဲ့ထ့မှ မက်ဆေ့ချ်ဝင်လာခဲ့သည်။

"ကျိုးဟောင်အားလုံး အဆင်သင့်ဖြစ်ပြီ မနက်ဖြန် စစ်နတ်ဘုရားလင်းထျန်နဲ့ငါ သူတော်စင်ဘုံတစ်ဝက်အဆင့် သားရဲကို ချိပ်ပိတ်ဖို့ အတူသွားကြမယ် သေချာပေါက်ဒါက မင်းအတွက် အချိန်ဆွဲဖို့ ငါ့ရဲ့ အကြောင်းပြချက်သက်သက်ပဲ"

ကျိုးဟောင်သည် ချက်ချင်း ပြန်ဖြေလိုက်သည်။

"စိတ်ချပါ စီနီယာကျိ"

ကျိယောင်ယွဲ့သည် ခေါင်းညိတ်ပြီး ဆက်သွယ်ရေးကိရိယာကို ပိတ်လိုက်သည်။

ကျိုးဟောင်လည်း လျင်မြန်စွာ ပြင်ဆင်လိုက်သည်။ နောက်နေ့တွင် သူသည် အဖွဲ့ထဲသို့ ရောနှောဝင်ရောက်ပြီး ကျောက်စာတိုင်များရှိရာ ကျွန်းသို့ ဝင်ရောက်သွားသည်။

စီနီယာကျိနှင့် စစ်နတ်ဘုရားလင်းထျန်မှအဖွဲ့ကို ဦးဆောင်သည်။

စစ်နတ်ဘုရားတပ်ရင်းမှ သခင်ကြီးနှစ်ဦး သန္ဓေပြောင်းသားရဲတစ်ကောင်ကို အတူတူကိုင်တွယ်ဖြေရှင်းခြင်းမှာ အလွန်ရှားပါးသည်။

သို့သော်လည်း လူအများစုသည် ဤတစ်ကြိမ်တွင် သူတို့၏ ရည်ရွယ်ချက်ကို အောင်မြင်နိုင်မလားဆိုတာနှင့်ပတ်သက်ပြီး သိပ်ပြီး အကောင်းမြင်စိတ် မရှိကြချေ။

"စီနီယာညီမလေးကျိ ငါတို့နှစ်ယောက် လုပ်နိုင်ပါ့မလား ငါတို့မှာချိပ်ပိတ်တဲ့သိုင်းကျင့်စဉ်ရှိပေမဲ့ အဲဒါက သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်လေ ဒါက အရမ်းအန္တရာယ်များတယ် မဟုတ်ဘူးလား"

လင်းထျန်သည် အံ့အားသင့်နေကာ သူ့စီနီယာညီမလေးက ဘာကြောင့် ရုတ်တရက် ဒီလောက် ရဲတင်းလာသလဲဆိုတာအား နားမလည်နိုင်ဖြစ်နေသည်။

"ကြိုးစားကြည့်ရအောင် မဟုတ်ရင်လည်း ကျွန်မတို့ ဘာမှလုပ်လို့မရဘူး ခဏနေ တိုက်ခိုက်တဲ့အခါ ကိုယ့်လုံခြုံရေးကို သေချာဂရုစိုက်ရမယ် တိတိကျကျပြောရရင် ဒါက စမ်းသပ်မှုတစ်ခုပဲ အစ်ကို နားလည်တယ်မလား။"

ကျိယောင်ယွဲ့က ပြောလိုက်သည်။

လင်းထျန်သည်လည်း ခေါင်းညိတ်ပြလိုက်သည်။

"နားလည်ပါတယ်။"

အဖွဲ့သည် ကျွန်းထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။ ကျိုးဟောင် ခိုးဝင်သွားတာကို မည်သူမှ မသိကြချေ။

သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်နှစ်ဦးရှိသောကြောင့် ခရီးက အတော်လေး ရိုးရှင်းသည်။ ပေါ်လာသော သားရဲများသည် ထိုနှစ်ဦးလက်ချက်ဖြင့် အားလုံး ဖျက်ဆီးခံလိုက်ရသည်။

"ဒီမှာ ရှေးဟောင်းသက်ရှိတွေ အများကြီးပဲ ဒီကောင်တွေ အကုန်လုံး ပြန်နိုးထလာပုံရတယ် ဒါက ငါတို့အတွက် သတင်းကောင်းမဟုတ်ဘူး ဘာပဲဖြစ်ဖြစ် သူတို့ကမျိုးနွယ်ခြားတွေ သူတို့သာသန္ဓေပြောင်းသားရဲမဟာမိတ်အဖွဲ့ နဲ့ မဟာမိတ်ဖွဲ့လိုက်ရင် ငါတို့အတွက် ဆိုးကျိုးတွေပဲ ရှိလာလိမ့်မယ်"

လင်းထျန်၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နေသည်။

သူ စိုးရိမ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်က အားနည်းပေသည်။

"ဒါကြောင့် ကျွန်မတို့ အကောင်းဆုံး ကြိုးစားမှရမယ် ကျွန်မတို့နှစ်ယောက်သာ 'သူတော်စင်ဘုံအဆင့်' ကို ရောက်သွားရင် ဆရာနဲ့ တခြားသူတွေလည်း အများကြီး စိတ်သက်သာရာ ရသွားလိမ့်မယ်"

ကျိယောင်ယွဲ့က တိုက်ရိုက် ပြောလိုက်သည်။

"'သူတော်စင်ဘုံအဆင့်' ကို ရောက်ဖို့က အရမ်းခက်တယ် ငါတို့ရဲ့ ကျင့်ကြံမှုက လိုအပ်ချက်ပြည့်မီရင်တောင် ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေကြောင့် အတားအဆီးတွေ ရှိနေသေးတယ် ငါတို့ရဲ့ အသက်ပုံစံအဆင့်တွေက သိပ်မမြင့်တဲ့အတွက် အဆင့်ချိုးဖောက်ဖို့က အရမ်းခက်တယ်"

"ဆရာက သူ့မျိုးရိုးဗီဇတွေ ပြောင်းလဲသွားပြီး သာမန်လူတွေထက် အများကြီး ပိုအားကောင်းလာလို့ပဲ အဆင့်ချိုးဖောက်နိုင်ခဲ့တာမဟုတ်ဘူးလား အဲဒါကြောင့်ပဲ သူ အခွင့်အရေး ရခဲ့တာ မဟုတ်လား"

လင်းထျန်က သက်ပြင်းချလိုက်သည်။

ကျိယောင်ယွဲ့လည်း ဒါကို သိနေသည်။ သို့သော် သူမက ဂရုမစိုက်ချေ။ ဒီလိုအရာမျိုးကို အတင်းအကျပ်လုပ်ယူလို့ မရနိုင်ပေ။

"ကောင်းပြီလေ နောက်မှ အခြေအနေပေါ်မူတည်ပြီး လုပ်ကြတာပေါ့ ကျွန်မတို့က ဒီကောင်ရဲ့ စွမ်းရည်ကို စမ်းသပ်ချင်ရုံပဲ"

လက်ရှိအချိန်တွင် ကျိယောင်ယွဲ့နှင့် လင်းထျန်သည် အဖွဲ့အားအလယ်ဗဟိုသို့ ရောက်အောင် ခေါ်လာခဲ့ပြီဖြစ်သည်။

ချက်ချင်းဆိုသလို တဝုန်းဝုန်းသံများ ထွက်ပေါ်လာပြီး ဒေါသတကြီး အော်ဟစ်သံများက နေရာအနှံ့ ပျံ့နှံ့သွားသည်။

ထို့နောက်ခြင်္သေ့ကြီးတစ်ကောင် ပေါ်လာခဲ့သည်။ ဤသတ္တဝါသည် ပြီးခဲ့တဲ့တစ်ခေါက်ထက် အများကြီး ပိုကြီးလာခဲ့သည်။

၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေပြီး အလွန်စွမ်းအားကြီးလှပေသည်။

"စွမ်းအားကြီးလိုက်တာ ဒီအငွေ့အသက်… ဒီကောင်က ငါတို့ထက် 'သူတော်စင်ဘုံအဆင့်' နဲ့ ပိုနီးစပ်နေတယ်"

လင်းထျန်မှာ ဤမြင်ကွင်းကိုကိုမြင်လိုက်ရချိန်တွင် ချက်ချင်း တုန်လှုပ်သွားခဲ့သည်။

"ရတယ် ကျွန်မတို့က သူ့ရဲ့ အစွမ်းကို စမ်းသပ်ရုံပဲ"

ကျိယောင်ယွဲ့ ပြောရင်းဖြင့် သူမသည် ချပ်ဝတ်ကို ဝတ်ဆင်ပြီး လက်ထဲတွင် မီးလျှံလှံအားဖွဲ့စည်းလိုက်ပြီး တိုက်ခိုက်ရန် ပြေးဝင်သွားသည်။

လင်းထျန်သည်လည်း ထိုနည်းအတိုင်းပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အဆုံးမဲ့ လျှပ်စီးများ ထွက်ပေါ်နေပြီး အလွန်ပြင်းထန်သော စွမ်းအင်အတက်အကျများအား ထုတ်လွှတ်နေတဲ့ ဧရာမတူကြီးကို ကိုင်ထားသည်။

သို့သော်လည်း ထိုခြင်္သေ့သည်လည်း သာမန်မဟုတ်ချေ။ ၎င်းသည် ချက်ချင်းအော်ဟစ်လာကာ ၎င်း၏ လက်ဖဝါးဖြင့် သူတို့နှစ်ဦးအား ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဧရာမလက်ဖဝါးကြီးက လေထဲတွင် လေပြင်းကိုပင် ဖြစ်ပေါ်လာစေပြီး အဆုံးမဲ့ခွန်အားဖြင့် ရိုက်ချလိုက်သည်။

ဤလက်သည်းဖြင့်တိုက်ခိုက်မှုကြောင့် ကျိယောင်ယွဲ့နှင့် လင်းထျန်တို့၏ မျက်နှာအမူအရာမှာသိသိသာသာပြောင်းလဲသွားခဲ့သည်။

"ကြုံသလိုတိုက်လိုက်တဲ့လက်သည်းချက်က ဒီလိုမျိုးစွမ်းအားကြီးတာ ကြောက်စရာကောင်းလိုက်တာ"

လင်းထျန်မှာ အသက်ရှုပင်မှားသွားခဲ့သည်။ ထို့နောက် မီးတောက်များနှင့်လျှပ်စီးများဖြင့် ကောင်းကင်တစ်ခုလုံးကို ပြည့်စေပြီးခြင်္သေ့အားတိုက်ခိုက်လိုက်သည်။

ထိုတိုက်ခိုက်မှုကြောင့် ခြင်္သေ့မှာ နာကျင်စွာ အော်လိုက်ပြီး ၎င်း၏ အသံသည် အလွန်ကျယ်လောင်ကာ သားရဲများစွာကို တဆတ်ဆတ်တုန်ကာသေဆုံးသည်အထိကြောက်ရွံ့စေပေသည်။

ကျိုးဟောင်မှာဤမြင်ကွင်းကြောင့် အတိုင်းမသိ တုန်လှုပ်သွားခဲ့သည်။ ဤခြင်္သေ့သည် တကယ်ကို အလွန်အစွမ်းထက်လှသည်။

သို့သော်လည်း ကျိုးဟောင်တွင် ဒါကိုကြည့်နေရန် အချိန်မရှိချေ။ သူသည် အခွင့်အရေးရှာပြီး ထွက်သွားကာ ယဇ်ပလ္လင်၏ နောက်သို့ ရောက်လာခဲ့သည်။

"အားလုံး အဆင်သင့်ဖြစ်ပြီ ခင်ဗျားတို့နှစ်ယောက် စလို့ရပြီ"

ကျိုးဟောင်သည် သူ့ရဲ့ နတ်ဘုရားအာရုံဖြင့် ဖားနှင့်ဂျယ်လီဖြူအား ချက်ချင်း ဆက်သွယ်လိုက်သည်။

"ဂျယ်လီဖြူဘာကို စောင့်နေတာလဲ မြန်မြန် ဝင်ပေါက်တစ်ခု လုပ်တော့လေ"

ဖားစကားဆုံးသည်နှင့်ဂျယ်လီဖြူမှာမပျော်မရွှင်ဖြင့်ပြောလိုက်သည။

"ငါ သိပါတယ် မင်းငါ့ကိုလောနေစရာ မလိုပါဘူး!"

ပြောရင်းဖြင့် ဂျယ်လီဖြူသည် ထူးဆန်းသော အဝါရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။

၎င်းသည် ယဇ်ပလ္လင်နှင့် ထိတွေ့လိုက်သည်နှင့် အဝါရောင်အလင်းသည် သဟဇာတဖြစ်စွာပေါင်းစည်းသွားပုံရပြီး တကယ်ကို အလွန်ထူးဆန်းသွားခဲ့သည်။

ထိုစွမ်းအင်သည်လည်း ချက်ချင်း ကျိုးဟောင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

"ကောင်းပြီ၊ မင်းမှာ ဒီယဇ်ရာပလ္လင်နဲ့ တူညီတဲ့ အငွေ့အသက် ရှိသွားပြီ ဒါက မင်းကိုငြင်းဆိုမှာမဟုတ်တော့ဘူး ငါတို့ ဒီတိုင်းလမ်းလျှောက်ဝင်သွားလို့ ရပြီ"

ဖားက မနေနိုင်ဘဲ ပြောလိုက်သည်။

ကျိုးဟောင်မှာ တွန့်ဆုတ်မနေတော့ဘဲ ဝင်သွားခဲ့သည်။

အပြင်ဘက်ကနေဆိုပါက ကျောက်စာတိုင်ကိုပဲ မြင်ရသော်ငြား ဝင်သွားပြီးနောက် ကျိုးဟောင်မှာအံ့အားသင့်သွားခဲ့သည်။

ဤနေရာထဲတွင် များစွာသောသန္ဓေပြောင်းသားရဲများမှာ သူတို့၏ပါးစပ်များကို ဖြဲရင်း စွမ်းအင်များကို စုပ်ယူနေကြသည်။

သန္ဓေပြောင်းသားရဲအမျိုးအစားများစွာ ရှိသော်လည်း ကျိုးဟောင် မြင်ဖူးသည့်သန္ဓေပြောင်းသားရဲများ မဟုတ်ကြချေ။

"ကမ္ဘာဂြိုလ်မှာ ဘာဖြစ်နေတာလဲ ဘာလို့ ဒီလို ရှေးဟောင်းသက်ရှိတွေ ရုတ်တရက် ပေါ်လာရတာလဲ ထားလိုက်ပါတော့ ကျောက်စာတိုင်ကို ရဖို့က ပိုအရေးကြီးတယ်"

ကျိုးဟောင် ပြောရင်းဖြင့် ကျောက်စာတိုင်ဆီသို့ လျှောက်သွားလိုက်သည်။

ဤအရာသည်အဝေးမှကြည့်ပါက အတော်ကြီးမားပုံရသော်ငြား ဝင်သွားပြီးနောက်ကျိုးဟောင်သိလိုက်ရသည်မှာ ဤပစ္စည်း၏စွမ်းအားရင်းမြစ်သည်ကျောက်စာတိုင်မဟုတ်ဘဲ ကျောက်စာတိုင်အောက်ရှိ ကြီးမားသောအဖြူရောင်ကျောက်တုံးကြီးသာ ဖြစ်သည်။

ကျောက်စာတိုင်အတွက်စွမ်းအားများအားထုတ်ပေးနေသောအရာမှာ ဤပစ္စည်းသာဖြစ်သည်။

"ဒါက ဘာလဲ"

ကျိုးဟောင်သည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။

ဖားက ဒါကိုမြင်တော့ ချက်ချင်းပင် အံ့သြသွားခဲ့သည်။

"သေစမ်း ဒါက တကယ်တော့သားရဲထိန်းချုပ်ဌာနရဲ့ စိတ်ဝိညာဉ် ထိန်းချုပ်ကျောက်တုံး ပဲ"

ကျိုးဟောင်မှာ ဤစကားကိုကြားလိုက်ရချိန်တွင် ခေတ္တမျှမှင်တက်သွားခဲ့သည်။

"စိတ်ဝိညာဉ် ထိန်းချုပ်ကျောက်တုံး"

"ဟုတ်တယ် စကြာဝဠာထဲမှာ အရမ်းတိုးတက်တဲ့ မျိုးနွယ်တစ်ခု ရှိတယ် သူတို့က စကြာဝဠာသားရဲတွေကို ထိန်းချုပ်နိုင်တဲ့ ကျောက်တုံးတစ်ခုကို တီထွင်ခဲ့တယ် ဒီဟာက စွမ်းအင်တွေကို ထုတ်လွှတ်ပြီး သန္ဓေပြောင်းသားရဲတွေရဲ့ ဦးနှောက်အာရုံကြောစနစ်နဲ့ ချိတ်ဆက်ပြီး ထိန်းချုပ်နိုင်တဲ့အစွမ်းမျိုးရှိတယ် ဒါပေမဲ့ ဒီဟာ ကမ္ဘာဂြိုလ်ပေါ်မှာ ရှိနေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး"

ဖား စကားဆုံးသည့်နောက် ကျိုးဟောင် သဘောပေါက်သွားခဲ့သည်။ ဤပစ္စည်းသည်သန္ဓေပြောင်းသားရဲများအားထိန်းချုပ်ရန်ဖန်တီးထားသောပစ္စည်းသာဖြစ်သည်။

"ဒါက တခြား အသုံးဝင်တာရော ရှိသေးလား"

ကျိုးဟောင်က လျင်မြန်စွာ မေးလိုက်သည်။

"မရှိဘူး သန္ဓေပြောင်းသားရဲတွေရဲ့ စိတ်စွမ်းအားနဲ့စွမ်းအားတွေကို သက်ရောက်မှုရှိစေတာကလွဲလို့ ဒီဟာက တခြားအသုံးဝင်တာမရှိဘူး နောက်ပိုင်းမှာ ဒီကျောက်တုံးရဲ့သန္ဓေပြောင်းမှုက သန္ဓေပြောင်းသားရဲတွေကို ထိန်းချုပ်မရအောင် ဖြစ်လာစေတဲ့အတွက် အဲဒီမျိုးနွယ်ကရှင်းပစ်ခံလိုက်ရတာ"

"ဒါပေမဲ့ ဒီပစ္စည်းရဲ့ စွမ်းအင်ကတော့ အရမ်းအစွမ်းထက်တုန်းပဲ သူ့ကိုစွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုဖို့ရွေးလိုက်တာက သိပ်မဆိုးတဲ့ ရွေးချယ်မှုတစ်ခုပဲ"

....................................................................................

All Chapters