ငါးမျှားတံအသစ်နှင့် ငါးဖမ်းဖို့နေရာအသစ်
Vol. 2 Ch. 14
လုချင်းသည် ပိုးချည်မျှင်ကို စစ်ဆေးကြည့်လိုက်ရာ၊ ၎င်းထံမှ အနီရောင်အလင်းတန်းဖျော့ဖျော့တစ်ခု ထွက်ပေါ်လာနေသည်ကို တွေ့လိုက်ရ၏။
【နှင်းပိုးမျှင် : လျှို့ဝှက်ဆန်းကြယ်သော နှင်းပိုးကောင်မှ ထုတ်လုပ်ထားပြီး အလွန်အမင်း ခံနိုင်ရည်ရှိသည်။】
【ရေမစို၊ မီးမလောင်၊ ဓားပြီး တုတ်ပြီး လှံပြီးသည့် ထူးခြားဆန်းကြယ်သော ရတနာတစ်ပါးဖြစ်ပုံရသည်။】
【နှင်းပိုးသားဝတ်ရုံ ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည်။】
...
လုချင်းသည် သမားတော်ကြီးပေးလိုက်သော ချည်မျှင်ကို သူ၏စွမ်းရည်ဖြင့် စစ်ဆေးကြည့်လိုက်သောအခါ၊ သူ၏မျက်နှာပေါ်မှ အံ့ဩမှင်သက်မှုကို ဖုံးကွယ်ထားနိုင်ခြင်းမရှိခဲ့ပေ။
ဤလျှို့ဝှက်ဆန်းကြယ်သော ချည်မျှင်သည် အမှန်တကယ်ပင် အနီရောင်အလင်းတန်းထွက်နေသော ပစ္စည်းတစ်ခုဖြစ်နေခဲ့၏။
သူ၏နတ်မျက်စိစွမ်းရည် နိုးကြားလာကတည်းက ၊ လုချင်းသည် သူ ကြည့်လိုက်သော ပစ္စည်းတစ်ခုမှ ထုတ်လွှတ်သည့် အလင်းရောင်သည် ၎င်း၏တန်ဖိုးကို ညွှန်ပြလေ့ရှိသည်ကို သိရှိလာခဲ့သည်။
ယခုအချိန်အထိ သူမြင်ဖူးသော အလင်းရောင်သုံးမျိုးမှာ မီးခိုးရောင်၊ အဖြူရောင်နှင့် အနီရောင်တို့ ဖြစ်ကြ၏။
ထိုအထဲမှ အနီရောင်အလင်းတန်းကိုတော့ သမားတော်ကြီးထံ၌သာ သူ မြင်ဖူးသေးပါ၏။
သူ၏နတ်မျက်စိစွမ်းရည်က သမားတော်ကြီးသည် လျှို့ဝှက်ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ပြသခဲ့၏။
ယခုမူ သူသည် အနီရောင်အလင်းတန်းထွက်သည့် ပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည့်အပြင် ထိုပစ္စည်းကိုလည်း သမားတော်ကြီးကပင် လက်ဆောင်ပေးခဲ့ခြင်းဖြစ်၏။
"ဒါက အနီရောင်အလင်းတန်းထွက်တဲ့ ရတနာတစ်ခုဖြစ်နေလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး"
လုချင်းသည် ထိုချည်မျှင်မှာ သာမန်မဟုတ်ဟု သံသယဝင်ခဲ့သော်လည်း၊ ဤမျှလောက်တန်ဖိုးကြီးလိမ့်မည်ဟုတော့ သူ မမျှော်လင့်ခဲ့ပေ။
သူ၏နတ်မျက်စိစွမ်းရည်က ၎င်းကို ရတနာတစ်ခုအဖြစ် အသိအမှတ်ပြုနေမှတော့ ၎င်းသည် ထူးခြားဆန်းကြယ်သည်မှာ အသေအချာပဲပင်။
ဖော်ပြချက်ကို ရေးထားတဲ့ပုံကိုပဲ ကြည့်လေ။
ရေမစို၊ မီးမလောင်၊ ဓားပြီး တုတ်ပြီး လှံပြီးတယ်တဲ့!
ဒီလိုပစ္စည်းကမှ ရတနာမဟုတ်ရင် ဘာကို ရတနာလို့ခေါ်နေရဦးမှာလဲ။
"သမားတော်ကြီးရော ဒီချည်မျှင် ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲဆိုတာ သိပါ့မလားမသိဘူး"
လုချင်းသည် စိတ်ထဲတွင် ဝေခွဲမရဖြစ်နေမိ၏။
ရက်အနည်းငယ်အတွင်းမှာပင် သူနှင့်ရှောင်ယန်သည် သမားတော်ကြီးထံ ကျေးဇူးတင်စရာကိစ္စများစွာ ရှိခဲ့ပြီးပြီပင်။
ယခုမူ ဤမျှတန်ဖိုးကြီးမားသော ချည်မျှင်ကိုပင် သူ့အား လက်ဆောင်ပေးခဲ့ပြန်သည်။
ဤအဖြစ်က သူ့ကို ကြည်နူးမှုနှင့်အတူ ရှက်ရွံ့မှုကိုပါ ခံစားရစေခဲ့သည်။
မည်သို့ပင်ဖြစ်စေ၊ သမားတော်ကြီးထံသို့ သူချဉ်းကပ်ရခြင်း၏ ရည်ရွယ်ချက်မှာ လုံးဝကို စိတ်ဖြူဖြူစင်စင်နှင့် မဟုတ်သည်ကို သူကိုယ်တိုင် အသိဆုံးဖြစ်၏။
"ဒီလိုဆိုမှတော့လည်း အဘိုးချန်ကို ပေးဖို့ ငါးကောင်းကောင်းလေးတွေ သေချာ ဖမ်းလိုက်ကြတာပေါ့ကွာ"
လုချင်းတစ်ယောက် သမားတော်ကြီး၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်လိုစိတ် ပြင်းပြနေမိသည်။
သို့သော် သူ၏မိသားစုမှာ ယခုအချိန်တွင် အမှန်တကယ်ပင် ဆင်းရဲနွမ်းပါးလှပြီး၊ ပေးကမ်းစရာ တန်ဖိုးရှိသည့်အရာမှာ ဘာတစ်ခုမှမရှိပေ။
သမားတော်ကြီးပုံမှာလည်း ငွေကြေးလက်ဆောင်များက သူ့ကို အထင်ကြီးစေမည့်ပုံမပေါ်။
မည်သို့ပင်ဆိုစေ သူသည် နှင်းပိုးမျှင်ကဲ့သို့သော ရတနာကိုပင် သူ့အား လက်ဆောင်ပေးခဲ့သူဖြစ်သည် မဟုတ်လော။
လုချင်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သမားတော်ကြီး၏ ဝါသနာမှ စတင်ရန်သာဖြစ်၏။
သူတို့၏ ယခင်စကားစမြည်ပြောဆိုမှုများအရ၊ သမားတော်ကြီးသည် ငါးကို ကြိုက်နှစ်သက်ပုံရသည်။
ကံကောင်းစွာပင်၊ ငါးမျှားခြင်းသည် လုချင်းအတော်ဆုံးအရာဖြစ်နေခဲ့၏။
"မင်းက ငါ့ရဲ့ငါးမျှားကြိုးဖြစ်လာဖို့ ကံပါလာတဲ့ပုံပဲ"
လုချင်းသည် နှင်းပိုးမျှင်လေးတို့ကို ကောက်ယူလိုက်သောအခါ၌ ၎င်း၏နူးညံ့အေးမြသော အထိအတွေ့ကို ခံစားလိုက်ရသည်။
ချည်မျှင်၏အထူသည် သူ၏ယခင်ဘဝက အသုံးပြုခဲ့သော ငါးမျှားကြိုးများနှင့် ဆင်တူ၏။ ဤမျှထူသော ပိုးမျှင်ကို ထုတ်လုပ်နိုင်သည့် နှင်းပိုးကောင်သည် မည်သို့သော လျှို့ဝှက်ဆန်းကြယ်သည့် သတ္တဝါမျိုးဖြစ်မည်ကို သူတွေးတောမိသည်။
နှင်းပိုးမျှင်မှာ ကြည့်လိုက်လျှင် များများစားစားမရှိသော်လည်း၊ လုချင်းမှာ ၎င်းကို လုံးဝဖြေချပစ်လိုက်ပြီး အနီးကပ်စစ်ဆေးကြည့်ရှုလိုက်သောအခါတွင်တော့ ၎င်းက အရှည် မီတာတစ်ရာခန့်အထိပင် ရှိလောက်သည်ကို သိရှိလိုက်ရ၏။
ငါးမျှားကြိုးအတွက်မူ သူသည် ထိုမျှရှည်လျားသောချည်မျှင်ကို မလိုအပ်ပေ။
လုချင်းသည် မီးဖိုချောင်မှ ပုဆိန်ပေါက်တစ်လက်ကို ယူလာပြီး ငါးမျှားကြိုးပြုလုပ်ဖို့အတွက် ချည်မျှင်တစ်ပိုင်းကို ဖြတ်တောက်ရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း သူသည် ချည်မျှင်ကို သစ်သားတုံးတစ်ခုပေါ်တင်ကာ ပုဆိန်ပေါက်ဖြင့် ထုလိုက်သောအခါ၊ ချည်မျှင်နှင့် ပုဆိန်သွားနှစ်ခုလုံးသည် သစ်သားထဲသို့သာ နစ်ဝင်သွားသော်ငြား ချည်မျှင်မှာမူ လုံးဝပြတ်တောက်သွားခြင်းမရှိပေ။
ထိုအခိုက်အတန့်တွင် လုချင်းသည် ချည်မျှင်၏ဖော်ပြချက်ကို ပြန်လည်သတိရလိုက်သည်။
ရေမစို၊ မီးမလောင်၊ ဓားပြီး တုတ်ပြီး လှံပြီးတဲ့!
လုချင်းမှာ ထိုဖော်ပြချက်အား ချည်မျှင်၏ခံနိုင်ရည်ကို ဖော်ပြသည့် တင်စားချက်တစ်ခုဟု ထင်မှတ်ခဲ့မိတာပင်။
ဖော်ပြချက်အတိုင်း တကယ်ကြီး ဖြစ်နေလိမ့်မယ်ဟုတော့ သူ မမျှော်လင့်ခဲ့ပေ။
အနည်းဆုံးတော့ သူ၏လက်ရှိအိမ်သုံးပုဆိန်ဖြင့် နှင်းပိုးမျှင်ကို ဖြတ်တောက်ရန်မှာ မဖြစ်နိုင်ပေ။
ယခုအခါ လုချင်းသည် အလျင်မလိုတော့ပေ။
ချည်မျှင်သည် အမှန်တကယ်ပင် ရေမစို၊ မီးမလောင်ဟုတ် ၊ မဟုတ် စစ်ဆေးရန်၊ သူသည် မီးဖိုချောင်တွင် မီးစတစ်စကို မွှေးကာ ချည်မျှင်၏အပိုင်းအစငယ်တစ်ခုကို မီးရှို့ကြည့်လိုက်သည်။
နှင်းပိုးမျှင်သည် ချက်ချင်းမီးမလောင်ပေ။ ငါးမိနစ်အပြည့်ကြာပြီးမှသာ နောက်ဆုံးတွင် ပြတ်တောက်သွားခဲ့သည်။
" 'ရေမစို၊ မီးမလောင်' ဆိုတာက ဖျက်ဆီးရခက်ခဲတယ်လို့ ဆိုလိုတာပဲ၊ လုံးဝမဖြစ်နိုင်ဘူးလို့တော့ ဆိုလိုတာမဟုတ်ဘူးပဲ"
လုချင်းသည် မြေပြင်ပေါ်သို့ကျသွားသော ချည်မျှင်အပိုင်းအစငယ်ကို ကြည့်ရင်း အတွေးနက်နေမိ၏။
သို့ရာတွင် ၎င်း၏ မီးတောက်ထဲတွင် ငါးမိနစ်ကြာအောင် ခံနိုင်ရည်ရှိသည့်စွမ်းရည်မှာ အထင်ကြီးလောက်ပေသည်။
မည်သို့ပင်ဖြစ်စေ ၎င်းသည် ပိုးမျှင်သာ ဖြစ်ပြီး၊ သံမဏိမဟုတ်ပေ။
သို့သော်လည်း ချည်မျှင်ကို မီးရှို့၍ရသည်ဆိုသောအချက်သည် လုချင်းအတွက် သတင်းကောင်းတစ်ခုဖြစ်၏။
မီးကပင် ၎င်းကို ပြတ်တောက်အောင်မလုပ်နိုင်ခဲ့လျှင် သူသည် ယခုငါးမျှားတံထက်ပင် ပိုမိုရှုပ်ထွေးသော ကြိုးအား အတိုးအလျှော့လုပ်နိုင်သည့် လှည့်ဘီးကိုပါ ငါးမျှားတံတွင် ထည့်ရတော့မည်ပင်။
သူ၏ယခင်ဘဝတွင်လည်း လှည့်ဘီးပါသည့် ငါးမျှားတံအတွက် လိုအပ်သည့် အစိတ်အပိုင်းများစွာကို အဆင်သင့်သာ ဝယ်ယူခဲ့ရပြီး၊ အစမှအဆုံး ကိုယ်တိုင်ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။
လက်ရှိအခြေအနေများအရ၊ အသုံးဝင်သောလှည့်ဘီးတစ်ခုကို ပြုလုပ်ရန်မှာ လက်တွေ့မကျပေ။
ကံကောင်းစွာပင် နှင်းပိုးမျှင်ကို မီးရှို့၍ရသောကြောင့် သူ၏ဒုက္ခများစွာကို သက်သာစေခဲ့သည်။
ထို့နောက်တွင်တော့ လုချင်းသည် ငါးမျှားတံပြုလုပ်ခြင်းအပေါ် အာရုံအပြည့်အဝစိုက်လိုက်တော့သည်။
ပထမဦးစွာ သူသည် ဝါးကိုရွေးချယ်ခဲ့၏။
လုချင်းသည် ရွာနောက်ရှိ ဝါးတောထဲတွင် တစ်နေကုန်အချိန်ဖြုန်းကာ သေးငယ်ပြီး မာသော ဝါးတံအချို့ကို ရွေးချယ်၍ အိမ်သို့ယူဆောင်လာခဲ့သည်။
ဝါးတံကိုရွေးချယ်ပြီးနောက်၊ သူသည် ပိုးမကိုက်စေရန် ၎င်းကို ပြုပြင်ထိန်းသိမ်းရမည်ဖြစ်ပြီး၊ ယင်းအတွက် အချိန်များစွာ လိုအပ်ပေသည်။
သို့သော် ယခုအခါ၌ လုချင်းသည် ထိုမျှကြာအောင် မစောင့်နိုင်သောကြောင့်၊ ယူဆောင်လာသည့် ဝါးတံတွေထဲကမှ တစ်ခုကို ရွေးချယ်ကာ လျင်မြန်စွာပြုပြင်ပြီးနောက် ငါးမျှားတံပြုလုပ်ရန် အသုံးပြုလိုက်တော့သည်။
ကျန်ရှိသောဝါးတံများကိုမူ ငါးမျှားတံကောင်းကောင်းလုပ်ဖို့အတွက် ထားထားလိုက်သည်။
ဝါးတံအဆင်သင့်ဖြစ်သည်နှင့် ကျန်အရာများမှာ လွယ်ကူသွားတော့သည်။
မကြာမီမှာပင် လုချင်းသည် ငါးမျှားတံအသစ်တစ်ချောင်းကို ဖန်တီးပြုလုပ်ပြီးစီးသွားခဲ့၏။
"ဒန် ဒန်! ရှောင်ယန်၊ ကိုကိုလုပ်ထားတဲ့ ဒီငါးမျှားတံအသစ်ကို ကြည့်စမ်း။ လှတယ်မဟုတ်လား"
လုချင်းသည် သူ၏ငါးမျှားတံအသစ်ကို ရှောင်ယန်အား ဂုဏ်ယူစွာပြသလိုက်သည်။
"လှလိုက်တာ!"
နာခံတတ်ပြီး ချစ်စရာကောင်းသော ရှောင်ယန်သည် ချက်ချင်းပင် အားပေးသူတစ်ဦးဖြစ်လာပြီး အားရပါးရ ခေါင်းညိတ်ပြလိုက်သည်။
"ကိုကိုလည်း လှတယ်လို့ထင်တယ်!"
လုချင်းသည် ကျေနပ်သောပြုံးရိပ်ဖြင့် ငါးမျှားတံကို လွှဲရမ်းလိုက်သည်။
သူသည် ၎င်းကို အလျင်အမြန်ပြုလုပ်ခဲ့သော်လည်း၊ ဤငါးမျှားတံအသစ်၏ အရည်အသွေးမှာ မဆိုးလှပေ။
လုချင်း၏အမြင်တွင်၊ ငါးမျှားတံအသစ်သည် အဖြူရောင်အလင်းတန်းပြင်းပြင်းတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
【နှင်းပိုးငါးမျှားတံ : နှင်းပိုးမျှင်ဖြင့် ပြုလုပ်ထားသော ငါးမျှားတံတစ်ချောင်း။】
【ငါးမျှားကြိုးသည် အရမ်းကိုခိုင်ခံ့ကာ ပေါင်တစ်ရာကဲ့သို့သောအလေးချိန်ဆွဲအားကိုပင် ပြတ်တောက်ခြင်းမရှိဘဲ ခံနိုင်ရည်ရှိသည်။ ဤငါးမျှားတံဖြင့်ဆိုလျှင် ငါးကြီးများ ဖမ်းမိနိုင်ပေမည်။】
ဤဖော်ပြချက်များကို သူပထမဆုံးမြင်လိုက်ရသောအခါ၊ လုချင်းသည် လန့်သွားခဲ့သည်။
သူ လုပ်ထားတဲ့ ငါးမျှားတံအသစ်က ပေါင်တစ်ရာ ဆွဲအားကိုတောင် ခံနိုင်ရည်ရှိတယ်တဲ့လား။
နှင်းပိုးမျှင်သည် ရတနာတစ်ခုဖြစ်တာကြောင့် ထိုသို့သောအားကို ခံနိုင်ရည်ရှိခြင်းမှာ အထင်ကြီးစရာကောင်းတာကို သူ နားလည်နိုင်ပါ၏။
သို့သော် ရွာ၏နောက်တောင်ကုန်းမှ ဝါးတံသည် ဤမျှမာကျောသည်မှာ အမှန်တကယ်ပင် မမျှော်လင့်ထားသောအရာပင်။
နှင်းပိုးမျှင်ကဲ့သို့သော ရတနာများ တည်ရှိနိုင်ရုံသာမက၊ ဝါးပင်များပင် ထူးခြားဆန်းကြယ်နေသည့် ဤကမ္ဘာသစ်ကြိးကြောင့်ဟုပဲ မှတ်ယူရပေမည်။
သူ၏ယခင်ဘဝမှ ငါးမျှားဖော်သူငယ်ချင်းများသာ ဤအကြောင်းကို သိရှိခဲ့လျှင်၊ သူတို့၏မျက်လုံးများသည် မနာလိုမှုကြောင့် စိမ်းဖန့်သွားပေလိမ့်မည်ပင်။
"ကိုကို၊ အခု ငါးမျှားတံအဆင်သင့်ဖြစ်ပြီဆိုတော့၊ ငါးသွားမျှားကြတော့မှာလားဟင်" ရှောင်ယန်က မေးလိုက်သည်။
"ဒါပေါ့ ၊ သွားကြရအောင်!"
ငါးမျှားတံအသစ်ကို လက်ထဲကိုင်ထားရင်း၊ လုချင်းသည် ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။
ထို့အပြင် ဤငါးမျှားတံကိုပြုလုပ်ရန်အတွက် သူသည် အချိန် ၂ရက်ပင် ယူခဲ့ရသည်။
ထို့ကြောင့် သူတို့အိမ်တွင် သိမ်းထားသည့်ငါးတို့မှာလည်း ကုန်လုနီးပါးဖြစ်နေပြီပင်။
ပို၍အရေးကြီးသည်မှာ၊ နောက်တစ်ရက်ဆိုလျှင် သမားတော်ကြီးဆီ အပ်စိုက်ကုထုံးခံယူရမည့်အချိန် ရောက်ရှိတော့မည်ဖြစ်သည်။
ဤတစ်ကြိမ်တွင်တော့ သူလက်ဗလာဖြင့် သွား၍မဖြစ်ပေ။
"ယေးးးး! ငါးသွားမျှားလို့ရပြီဟေ့!" ရှောင်ယန်က အော်ဟစ်လိုက်သည် "ကိုကို၊ ညီမလေး တီကောင်တူးဖို့ ကူညီပေးမယ်နော်"
သူမသည် စိတ်အားထက်သန်စွာဖြင့် အပြင်သို့ ပြေးထွက်သွား၏။
လုချင်းသည် ခေါင်းခါလိုက်မိသည်။
ကလေးအများစု၊ အထူးသဖြင့် မိန်းကလေးများသည် တီကောင်များကို အနည်းငယ်တော့ ကြောက်ရွံ့တတ်ကြပါ၏။
သို့သော် ရှောင်ယန်မှာမူ လုံးဝမကြောက်သည့်အပြင်၊ တီကောင်ဖမ်းရာတွင်လည်း ကူညီလိုစိတ်ရှိနေသည်မှာ သာမန်မိန်းကလေးများထက် များစွာပို၍ ရဲစွမ်းသတ္တိရှိသည်ကို ပြသနေခဲ့သည်။
"ရှောင်ယန်သာဘကြီးလာရင် မိန်းကလေးဆန်ဆန်လေးဖြစ်လားမလား ဒါမှမဟုတ် ယော်ကျားဆန်ဆန်လေးဖြစ်လာမလား" လုချင်းသည် အနည်းငယ်စိုးရိမ်စိတ်ဖြင့် တွေးတောမိသည်။
ယောကျာ်းလေးဆန်ခြင်းက ဘာမှမမှားသော်လည်း၊ သူကတော့ သူ၏ညီမလေးကို နူးညံ့သိမ်မွေ့ပြီး မိန်းမဆန်သော မိန်းကလေးတစ်ဦးသာ ဖြစ်လာစေလိုသည်။
ဤသို့သော မလိုအပ်သေးသည့် အတွေးများကို ဖယ်ရှားလိုက်ပြီးနောက် လုချင်းသည် ငါးမျှားတံကို ကိုင်ကာ အပြင်သို့ထွက်လာခဲ့လိုက်တော့၏။
အပြင်ဘက်တွင် ရှောင်ယန်သည် တီကောင်များပြည့်နေသော ဝါးပုံးတစ်ခုကိုကိုင်ကာ သူ့ကိုစောင့်နေလေ၏။
"မြန်မြန်လုပ်ပါ ကိုကိုကလည်း!" ရှောင်ယန်က ပြောလာ၏။
"လာပြီ လာပြီ"
လုချင်းသည် ဂေါ်ပြားတစ်လက်ကိုယူကာ လျှောက်သွားလိုက်သည်။
တီကောင်များတူးပြီးနောက်၊ လုချင်းသည် အိမ်ထဲမှ အဝတ်အိတ်ငယ်တစ်ခုကိုယူကာ သူ၏အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
"ကိုကို၊ အဲ့ဒါကဘာလဲဟင်" ရှောင်ယန်က စူးစမ်းစွာမေးလိုက်သည်။
"ဒါက ကိုကိုတို့ရဲ့လျှို့ဝှက်လက်နက်ပဲ။ ဒီနေ့ ငါးကြီးတွေဖမ်းမိမလားဆိုတာ ဒါ့အပေါ်မှာမူတည်တယ်" လုချင်းက လျှို့ဝှက်စွာဖြင့် ပြောလာ၏။
"ငါးကြီးကြီး!" ရှောင်ယန်၏မျက်လုံးများမှာ တလက်လက်တောက်ပသွားသည်။
ကိုကိုပြောတဲ့ ငါးကြီးဆိုတာက ဘယ်လောက်ကြီးလဲဆိုတာကို သူ မသိပေမဲ့လည်း ကြားရတာကတော့ အထင်ကြီးစရာကောင်းတယ်လေ!
လျှို့ဝှက်လက်နက် အဆင်သင့်ဖြစ်သည်နှင့်၊ လုချင်းသည် ငါးထည့်ရန် အသုံးပြုသော သစ်သားပုံးကိုရှာလိုက်ပြီးနောက် ငါးမျှားတံအသစ်နှင့်အတူ ထွက်ခွာလာခဲ့သည်။
"သွားကြရအောင် ၊ သွားကြရအောင်!"
"သွားကြရအောင်!" ရှောင်ယန်က ပျော်ရွှင်စွာလိုက်အော်သည်။
...
မကြာမီမှာပင် မောင်နှမနှစ်ယောက်သည် ရွာအဝင်ဝသို့ ရောက်ရှိလာခဲ့ကြသည်။
တီကောင်များထည့်ထားသော ဝါးပုံးကိုကိုင်ထားသည့် ရှောင်ယန်သည် ရှေ့မှခုန်ပေါက်ပြေးလွှားရင်း၊ "ငါးကြီး၊ ငါးကြီး..." ဟု ရွတ်ဆိုနေလေ၏။
ဖြတ်သွားဖြတ်လာ ရွာသားများသည် သူမ၏စိတ်အားထက်သန်မှုကို မြင်သောအခါ မပြုံးဘဲမနေနိုင်တော့ပေ။
"ရှောင်ယန်၊ မင်းနဲ့မင်းအစ်ကိုက ဘယ်သွားကြမလို့လဲ"
"ဦးလေးကျောက်ပါလား။ သမီးတို့က မြစ်ထဲမှာ ငါးသွားမျှားမလို့လေ။ ငါးကြီးတွေ ဖမ်းမှာ!" ရှောင်ယန်က ယဉ်ကျေးစွာပြန်ဖြေသည်။
"အိုး၊ ငါးကြီးလား။ ငါးကြီးဖမ်းမိမယ်ဆိုတာ မင်းဘယ်လိုသိလဲ" ဦးလေးကျောက်က စနောက်လိုက်သည်။
"သိတာပေါ့။ ကိုကို ပြောပြထားတာလေ။ ကိုကိုက ငါးမျှားတဲ့နေရာမှာ အတော်ဆုံးပဲ!" ရှောင်ယန်က ဂုဏ်ယူစွာဆိုသည်။
"ဟုတ်ပါ့၊ ဟုတ်ပါ့၊ မင်းအစ်ကိုက အတော်ဆုံးပါပဲ"
သူမ၏ဂုဏ်ယူနေသော မျက်နှာလေးကိုမြင်သောအခါ၊ ဦးလေးကျောက်သည် အားရပါးရရယ်မောလိုက်သည်။
"ကလေးစကားဆိုတော့ အပြစ်ကင်းပါတယ်၊ သူ့ကို စိတ်မဆိုးပါနဲ့နော်" လုချင်းက တောင်းပန်လိုက်သည်။
"ကိစ္စမရှိပါဘူး၊ ရှောင်ယန်က ချစ်စရာလေးလေ။ မင်းနေမကောင်းတုန်းကဆို သူငိုလိုက်တာဆိုတာ ငါတို့တောင် ရင်ကွဲမတတ်ပဲ" ဦးလေးကျောက်က နွေးထွေးစွာဆိုသည်။
"ဒါပေမဲ့ မင်းငါးမျှားနေတုန်းမှာ ရှောင်ယန်ကို သေချာစောင့်ကြည့်နော်။ ပြီးတော့ ရေနဲ့ ဝေးဝေးမှာ နေခိုင်း"
"ကျွန်တော် သိပါတယ်ဗျ" လုချင်းက လေးနက်စွာပြန်ဖြေသည်။
"ရှောင်ယန်၊ မင်းအစ်ကိုစကားနားထောင်နော်။ မြစ်ကမ်းရောက်ရင် ရေထဲမှာ မဆော့နဲ့ ဟုတ်ပြီလား" ဦးလေးကျောက်က သူမကိုသတိပေးသည်။
"သမီး သိပါတယ်" ရှောင်ယန်က လိမ်မာစွာပြန်ဖြေသည်။ "သမီးက အရမ်းလိမ္မာပါတယ်"
"ဟုတ်ပါ့၊ ရှောင်ယန်က အလိမ္မာဆုံးပဲ"
ဦးလေးကျောက်သည် သူမ၏ခေါင်းလေးကိုပုတ်ပေးလိုက်သည်။ သူ၏လေသံမှာ အတိတ်ကိုလွမ်းဆွတ်နေသကဲ့သို့ဖြစ်နေ၏။
ဦးလေးကျောက်ကို နှုတ်ဆက်ပြီးနောက်၊ မောင်နှမနှစ်ယောက်သည် မြစ်ဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။
သို့သော်လည်း မြစ်ကမ်းသို့ရောက်သောအခါ၊ သူတို့နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။
လုချင်းနောက်ဆုံးအကြိမ် ငါးမျှားခဲ့သောနေရာသည် လူပြည့်နေခဲ့ပြီပင်။
တစ်ယောက် ၊ နှစ်ယောက်သာမက၊ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် ထိုနေရာငယ်လေးထဲတွင် ကြပ်ညပ်စွာရှိနေကြသည်။
ထိုလူများကို သူတို့မောင်နှမနှစ်ယောက်လုံး မှတ်မိကြပါ၏၊ သူတို့သည် ရွာသားများဖြစ်ကြသည်။
"လုချင်း၊ မင်းလည်း ငါးလာမျှားတာလား။ ငါတို့နဲ့ အတူတူလာပြီးငါးမျှားမလား"
ရွာသားတစ်ဦးက သူတို့ကိုနှုတ်ဆက်လာသည်။
"ဟုတ်ဗျ ၊ အိမ်မှာငါးကုန်သွားလို့ ၊ ထပ်ဖမ်းမလားလို့ စဉ်းစားမိတာနဲ့ လာလိုက်တာ" လုချင်းက ပြုံးရင်းပြန်ဖြေသည်။
ထို့နောက် သူက စူးစမ်းစွာမေးလိုက်သည်။ "ဘာလို့အားလုံး တစ်နေရာတည်းမှာပဲ စုပြီး ငါးမျှားနေကြတာလဲ။ ကြိုးတွေငြိမှာ မကြောက်ကြဘူးလား"
"ပြောမနေနဲ့တော့။ ငါတို့လည်း ဒီလိုငါးမမျှချင်ပါဘူးကွာ" ထိုရွာသားက ခါးသက်သောပြုံးဖြင့် ပြောလာ၏။ "တခြားနေရာတွေက ငါးဖမ်းရတာ အရမ်းခက်တယ်၊ တစ်ကောင်မျှားမိဖို့ အချိန်အကြာကြီးစောင့်ရတယ်။ ဒီတစ်နေရာပဲ ပိုလွယ်တာ။ အားဟူဆီကကြားတာတော့ မင်း အရင်တစ်ခါက ဒီမှာပဲ ငါးမျှားခဲ့တယ်ဆို?"
ဒါဆို ဒီနေရာက ငါးရတာ လွယ်လို့ အားလုံး ဒီမှာ ကြပ်ကြပ်ညပ်ညပ်နဲ့ ငါးထိုင်မျှားနေကြတာပေါ့။
လုချင်းမှာ စကားပင်မပြောနိုင်တော့ပေ။
သို့သော် သူခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ကျွန်တော် အရင်တစ်ခါက ဒီမှာပဲ ငါးမျှားခဲ့တာ"
"မင်းက တကယ်တော်တာပဲ!" ထိုရွာသားက လက်မထောင်ပြသည်။ "မင်း နေရာကောင်းကောင်းကို ရှာတွေ့ခဲ့တာပဲ။ ငါတို့တွေလည်း ဒီနေရာမှာပဲ ငါးမျှားကြတာ။ ဒါပေမဲ့ ဒီနေ့တော့ ငါးတွေက အရင်လောက် ငါးစာကို လာမဟပ်တော့ဘူး"
ဘယ်လိုလုပ်ငါးစာကို လာဟပ်တော့မှာလဲ!
လူတွေ ဒီလောက်အများကြီး တစ်နေရာတည်းမှာ ငါးမျှားနေတာ၊ ဘယ်လောက်ပဲငါးတွေရှိရှိ၊ ကြောက်လန့်ပြီး ထွက်ပြေးကုန်မှာပဲလေ။
လုချင်းသည် ခေါင်းခါလိုက်မိသည်။
ဒီငါးဖမ်းတဲ့နေရာကတော့ ပျက်စီးသွားလောက်ပြီပဲ။
အနည်းဆုံးတော့ အချိန်ခဏလောက်အထိ အရင်လိုငါးမျှားလွယ်တဲ့အခြေအနေကို ပြန်ရောက်ဦးမှာမဟုတ်လောက်ဘူး။
"ဦးလေးတို့ ဆက်မျှားကြပါဦး။ ကျွန်တော် တခြားနေရာမှာ ကံစမ်းကြည့်လိုက်ဦးမယ်"
စိတ်ပျက်လက်ပျက်ဖြင့်၊ လုချင်းသည် ရှောင်ယန်ကိုခေါ်ကာ အခြားနေရာတစ်ခုသို့ ထွက်ခွာလာခဲ့သည်။
ရွာသားများကလည်း သူတို့ကို မတားဆီးကြပေ။ အမှန်တကယ်တော့ သူတို့မှာ စိတ်အေးသွားသည့်ပုံပင်။
ဒီမှာက လူပြည့်နေပြီ၊ နောက်တစ်ယောက်ထပ်တိုးလာရင်တော့ သည်းမခံနိုင်လောက်အောင်ဖြစ်သွားမည်။
လုချင်းက အခြားနေရာတွင် ကံစမ်းကြည့်မည်ဆိုသည်ကို သူတို့စိတ်မဝင်စားကြပေ။
သူတို့သည် မကြာသေးမီက မြစ်၏အခြားနေရာများတွင် ငါးမျှားခဲ့ကြပြီးဖြစ်ကာ ရလဒ်ကတော့ မကောင်းခဲ့ပေ။
ဒီမှာငါးမျှားခြင်းက ငါးရနှုန်းအကောင်းဆုံးဖြစ်တာကြောင့် ဒီနေရာမှာပဲ လူများစုဝေးနေခြင်းဖြစ်သည်။
လူထူထပ်သော ငါးဖမ်းရာနေရာမှထွက်ခွာလာပြီးနောက်၊ လုချင်းနှင့်ရှောင်ယန်သည် မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်လာခဲ့ကြသည်။
ရွာသားများ၏လုပ်ရပ်ကို စိတ်ပျက်မိသော်လည်း၊ သူ ဘာမှမပြောနိုင်ခဲ့ပေ။
မြစ်သည် အားလုံးအတွက်ဖြစ်ပြီး၊ မည်သူမဆို ထိုနေရာတွင်ငါးမျှားခွင့်ရှိသည်။
တစ်စုံတစ်ယောက်က တစ်ကြိမ်ငါးမျှားခဲ့ရုံနှင့် ထိုနေရာကို ပိုင်ဆိုင်သွားသည်မျိုး မဟုတ်ပေ။
ထို့ကြောင့် လုချင်းသည် ရွာသားများက ထိုငါးဖမ်းရာနေရာအား သိမ်းပိုက်ထားသည်ကို စိတ်ထဲမထားတော့ပေ။
သူ၏နတ်မျက်စိစွမ်းရည်နှင့်ဆိုလျှင်၊ သူသည် နောက်ထပ်နေရာတစ်ခုကို အမြဲတမ်းရှာဖွေနိုင်ပေသည်။
မြစ်သည် ရှည်လျားပြီး၊ ဖြစ်နိုင်ခြေရှိသောနေရာများစွာလည်း ရှိပါ၏။
ဤသို့တွေးတောရင်း လုချင်းသည် ရှောင်ယန်ကိုခေါ်ကာ မြစ်ကမ်းတစ်လျှောက် ပိုမိုဝေးကွာသောနေရာသို့ လျှောက်သွားခဲ့သည်။
သူသည် ယခင်ကရှာဖွေတွေ့ရှိခဲ့သော အခြားနေရာနှစ်ခုကိုပင် မစစ်ဆေးခဲ့ပေ။
ထိုနေရာများမှာ ရွာသားများမြင်နိုင်သောနေရာများဖြစ်သည်။
သူ ငါးများဖမ်းမိလာလျှင်၊ သူတို့သည် ထိုနေရာ၌ နောက်တစ်ကြိမ်စုရုံးလာကြပြီး၊ နောက်ထပ်လူထူထပ်သောအခြေအနေတစ်ခုကို ဖန်တီးမိပေမည်။
ထို့ကြောင့် သူသည် ပိုမိုဝေးကွာသော၊ မမြင်နိုင်သည့်နေရာသို့ သွားရန် ဆုံးဖြတ်လိုက်တော့၏။ ဤသည်မှာ မလိုအပ်သောပြဿနာများကို ရှောင်ရှားရန်အတွက်သာ။
သူသည် ငါးမျှားတံ၊ ပုံးနှင့် ငါးဖမ်းဖို့နေရာကိုပြင်ဆင်ဖို့ ပုဆိန်တစ်လက်ပင် ယူဆောင်လာပါ၏။
မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်နေစဉ်၊ လုချင်းသည် သူ၏နတ်မျက်စိစွမ်းရည်ကိုအသုံးပြု၍ ရေထဲကို အဆက်မပြတ်စစ်ဆေးနေခဲ့သည်။
ထိုအချိန်မှာပဲ ရုတ်တရက်၊ သူ၏မျက်လုံးများ အရောင်တောက်သွားသည်။