← Chapters

ထူးဆန်းသော ကစားသမားများ

Vol. 1 Ch. 2

ထူးဆန်းသော ကစားသမားများ

Vol. 1 Ch. 2

သေဆုံးခြင်း?

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ

ဒီရွာက အသစ်ရောက်တဲ့သူတွေအတွက် ဂိမ်းစဦးအဆင့် မဟုတ်ဘူးလား။

ဘယ်ဂိမ်းက အသစ်ဝင်လာတဲ့ ကစားသမားတွေကို ရွာမှာ သေခွင့်ပေးမှာလဲ?

စနစ်၏ ရုတ်တရက် အသိပေးချက်သည် အလွန်အမင်း ထိတ်လန့်စရာကောင်းပြီး ကျန်းယွီ၏ ရောက်တက်ရောက်ရာ အတွေးများကို ဖြတ်တောက်လိုက်သည်။

—စနစ်၊ ကစားသမား သေဆုံးခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ? သူမ ကမ္ဘာအစစ်ကို ပြန်သွားမှာလား? ဒါမှမဟုတ် ရှင်သန်ထမြောက်ပြီး ဂိမ်းပြန်စရမှာလား?

"စာသားအတိုင်း အဓိပ္ပာယ်တူတူပါပဲ၊ 【ကစားသမား】များ သေဆုံးသည်နှင့်【ကစားသမား】များ ဂိမ်းကို ဆက်ကစားနိုင်မည်မဟုတ်တော့ပါ။ သေဆုံးသွားသော ကစားသမားများသည် ဂိမ်းထဲသို့လည်း ပြန်လည်ဝင်ရောက်နိုင်မည်မဟုတ်ပါ၊ အဲ့ဒါကြောင့် Host ပြောသလို ပြန်လည်ရှင်သန်ထမြောက်

ခြင်းမျိုး မဖြစ်နိုင်ပါဘူး”

“ထို့အပြင် စနစ်သည် Host ပြောသည့် 'ကမ္ဘာအစစ်' ဟုခေါ်သော အရာ၏တည်ရှိမှုကို မသိရှိပါ၊ သို့သော် ဇီဝတိုင်းတာမှုများမှတဆင့် 【ကစားသမားများ】သေဆုံးခြင်းသည်နှင့်အသက်လက္ခဏာများ လုံးဝဆုံးရှုံးသွားမည် ဆိုတာတော့ သေချာစေပါသည်။ ထို့ကြောင့် စနစ်၏ တွက်ချက်မှုအရ သေဆုံးသွားသော 【ကစားသမား】သည် 'ကမ္ဘာအစစ်' ဟုခေါ်သော နေရာတွင် လုံးဝသေဆုံးသွားဖို့ 99.99% သေချာပါသည်"

—မင်း ဘာတွေပြောနေတာလဲ...

စနစ်၏စကားများသည် မိုးကြိုးပစ်သကဲ့သို့ ကျန်းယွီ၏စိတ်ထဲတွင် ပေါက်ကွဲသွား၏။

မူလက ကျန်းယွီသည် ဤဖြစ်ရပ်များအား ဂိမ်း၏ပုံစံမျှသာ ဖြစ်သည်ဟု မျှော်လင့်ချက်

အနည်းငယ် ရှိနေသေးသော်လည်း ရှင်းနန၏ သေဆုံးမှုအရ ထိုဖြစ်ရပ်များသည် သိပ်မရိုးရှင်းကြောင်း သတိထားမိလိုက်သည်။

ဘယ်ဂိမ်းကုမ္ပဏီက လူသတ်ဂိမ်းကို ဖန်တီးမှာလဲ?

ကျန်းယွီသည် ရှင်းနန၏ လုပ်ရပ်များကို စောင့်ကြည့်နေခဲ့သည်။ ထိုမိန်းကလေးသည် သူမ၏အခြေအနေကို မသိရှိပုံရ၏။

နောက်ထပ်အရာတစ်ခုက ကျန်းယွီကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

—ရှင်းနန ဘယ်လိုသေသွားတာလဲ?

"ကျေးဇူးပြု၍ ကိုယ့်ဘာသာကိုယ် ရှာဖွေပါ"

—မင်းကတော့ ဘာမှလည်းမသိဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် 'သမိုင်းတစ်လျှောက် အင်အားအကြီးဆုံးစနစ်' လို့ ပြောနေသေးတယ်

"ဖြစ်စဉ်၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးခြင်းသည် Host တာဝန်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အတွက် စနစ်မှအကူအညီမပေးနိုင်ပါ"

—ငါ ဒီစုတ်ပျက်နေတဲ့ အိပ်ယာပေါ်မှာ လှဲနေပြီး လှုပ်လို့ မရဘူး။ ပြောစမ်းပါဦး ဒီလိုအခြေအနေနဲ့ ဘယ်လိုသွားစုံစမ်းရမှာလဲ

"ကျေးဇူးပြုပြီး ကိုယ့်ဘာသာကိုယ် ရှာဖွေပါ"

မျှော်လင့်ထားသည့်အတိုင်း စိတ်ပျက်စရာကောင်းသော စနစ်မှာ သူ့အား ဘာအကူအညီမှ မပေးခဲ့ချေ။ထို့နောက်တွင် ကျန်းယွီသည် စနစ်ကို ဆက်လက်မေးမြန်းရန် မရည်ရွယ်တော့ဘဲ စိတ်ကိုငြိမ်သက်အောင်ထားကာ သူ၏ရှုပ်ထွေးနေသော အတွေးများကို စုစည်းရန် ကြိုးစားလိုက်၏။

—နောက်ဆုံး မေးခွန်း ကစားသမား သေသွားတဲ့အခါ ငါ့ရဲ့တာဝန် ကျရှုံးသွားပြီလား? ငါ အခု ဘာဆက်ဖြစ်သွားမှာလဲ

"အကျိုးသက်ရောက်မှုမရှိပါ။ နောက်ထပ် 【ကစားသမား】ရောက်လာတဲ့အခါ တာဝန်

ပြန်လည်စတင်ပါလိမ့်မယ်။ ရှင်းရှို့ ရွာရဲ့စည်းမျဉ်းက နေ့စဉ် 【ကစားသမား】အသစ်တစ်ယောက်ကို 'ရွှေ့ပြောင်းပေး' ရန် ဖြစ်ပါတယ်။ အကယ်၍ 【ကစားသမား】သေဆုံးသွားရင် သို့မဟုတ် Host ရဲ့တာဝန် ကျရှုံးသွားရင် 【ကစားသမား】အသစ်တစ်ယောက်ကို ထပ်ပြီး 'ရွှေ့ပြောင်းပေး' ပါလိမ့်မယ်။ ထိုသို့အခြေအနေမဟုတ်ဘဲ 【ကစားသမား】အသစ် ထပ်မပေါ်လာပါဘူး”

အင်း၊ ဒီဟာတော့ မှန်သားပဲ

ကျန်းယွီ၏ခန့်မှန်းချက် မှန်ကန်ခဲ့၏။ ရှင်းနနသည် ကစားသမား တစ်ယောက် ဖြစ်ပြီး သူကတော့ NPC ဖြစ်သည်။ အသစ်ရောက်လာသည့် ကစားသမား များ၏တာဝန်မှာ ရွာကနေ ထွက်ခွာဖို့ ဖြစ်ပေလိမ့်မည်။ သို့သော် သူမ၏ ကျရှုံးမှုကြောင့် သူ့တာဝန်တော့ ကျရှုံးသွားမှာမဟုတ်ပေ။

နောက်ထပ် 【ကစားသမား】အသစ်ရောက်လာဖို့ စောင့်ရုံပဲ။

ပြဿနာက နောက်ထပ် ကစားသမား ရောက်လာရင်တောင် အခက်အခဲတွေ ရှိနေတုန်းပဲ - ဂိမ်းရဲ့သတ်မှတ်ချက်တွေ သူ့လှုပ်ရှားမှုတွေ ကစားသမားတွေရဲ့လုပ်ရပ်တွေ။

လက်ရှိတွင် သူ့လှုပ်ရှားမှုများက ကန့်သတ်ထားပြီး ကစားသမားများကတော့ စိတ်ကြိုက်လှုပ်ရှားနိုင်သည်။ထို့ကြောင့် အလွယ်ဆုံးနည်းလမ်းက ဂိမ်းရဲ့သတ်မှတ်ချက်များကို စောင့်ကြည့်ရန် ဖြစ်သည်။

ငါ နောက်ထပ် ကစားသမားရောက်လာတာကို စောင့်ပြီး ဘာဖြစ်မလဲဆိုတာ ကြည့်ရုံပဲ။

ဆက်မတွေးတော့ဘဲ ကျန်းယွီသည် သူ့အတွေးများကို ဘေးဖယ်ထားကာ မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားသည်။

...

"ဒင်! ဂိမ်းထဲသို့ 【ကစားသမား】တစ်ဦး ဝင်ရောက်လာကြောင်း တွေ့ရှိရသည်။ Host တာဝန် 【ကစားသမား】ကို 【ရှင်းရှို့ရွာ】မှ ထွက်ခွါနိုင်အောင် လမ်းညွှန်ပါ"

မျက်လုံးဖွင့်လိုက်တော့ ကျန်းယွီသည် မနေ့ညက အိပ်ပျော်သွားခဲ့သည့် အိပ်ယာပေါ်တွင် မရှိတော့ဘဲ သူ့အိမ်တံခါးရှေ့တွင် မနေ့ကအတိုင်း တူညီသော အနေအထားဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ဒီနေ့ နေရောင်ခြည်ကလည်း တောက်ပနေပြီး ရွာသားများကလည်း ရွာအတွင်း ပုံမှန်အတိုင်း လှုပ်ရှားနေကြ၏။အရာအားလုံးသည် ပုံသေနာရီတစ်လုံးကဲ့သို့ ပုံသေအတိုင်း လှုပ်ရှားနေကြသည်။

အဝေးတစ်နေရာတွင် အလင်းဖြူတစ်ခု ထွန်းလင်းလာပြီး မနေ့က ရှင်းနနပေါ်လာခဲ့သည့် နေရာအတိုင်းပင်။

အလင်းဖြူထဲမှ ဆံပင်နီနီနှင့် ခန္ဓာကိုယ်ကြံ့ခိုင်သော အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ သူ၏မျက်နှာထားမှာ ထင်ရှားပြတ်သားကာ သူ့မျက်လုံးများလည်း တောက်ပနေလေသည်။ သူသာ ကမ္ဘာအစစ်တွင် ရန်ဖြစ်

နေသည်ကို မြင်လိုက်ရသည့် သာမန်လူများအားလုံး မဖြစ်မနေ ကြောက်ရွံ့မှုကို ခံစားရမည်ဖြစ်သည်။ထိုလူ၏ အချိုးအစားများက ကောင်းမွန်ပြီး သူ၏လက်မောင်းကြွက်သားများလည်း တောင့်တင်းကာ ကျားသစ်ကဲ့သို့ ပေါ့ပါးသွက်လက်မှုနှင့် ခွန်အား နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားပုံရ၏။

ပတ်ဝန်းကျင်ရှိ ရွာသားများသည် အလင်းဖြူပေါ်လာခြင်းကို လျစ်လျူရှုထားကြပြီး ၎င်းသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်နေသကဲ့သို့ပင် ခေါင်းလှည့်ကြည့်ခြင်းက အချိန်ဖြုန်းမိသည့်အတိုင်း မကြည့်ဘဲနေကြ၏။

【ကစားသမား】 【ထူကွမ်း】။

ကျန်းယွီ၏ 【နာမည်မြင်နိုင်စွမ်း】 ကြောင့် နာမည်ကိုတော့ မြင်နိုင်ပေသည်။

သို့သော် နာမည်အပြင် မည်သည့်အထောက်အကူမှ မပေးချေ။

ထူကွမ်းသည် သူ့နေရာတွင် ရပ်နေပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ ရှင်းနနကဲ့သို့ တွေဝေမနေသလို လမ်းညွှန်မှုအတွက် လူများကို လိုက်မမေးရန်လည်း ရွေးချယ်ခဲ့သည်။

ထူကွမ်းသည် ကျန်းယွီ၏အကြည့်ကို မြင်

လိုက်သည့်အခါ သူ့ရှေ့တည့်တည့်သို့ လျှောက်လာပြီး မချေမငံ မေးလိုက်သည်။

"မင်းက ဘာလဲ”

—??? မင်း ယဉ်ယဉ်ကျေးကျေး မပြောတတ်ဘူးလား

ကျန်းယွီသည် သူ့အား ထူကွမ်း ဆဲဆိုနေသည်ဟု မသိစိတ်က ထင်လိုက်သည်။ သို့သော် သူ ပြန်စဉ်းစားလိုက်သည် -

သူ NPC အစစ်မဟုတ်ကြောင်း သိသွားတာများလား?

ဒီတစ်ကြိမ်မှာတော့ ကျန်းယွီ ဘာမှမပြောဘဲ နေရန် ဆုံးဖြတ်လိုက်သည်။ သို့သော် လေစီးကြောင်းတစ်ခုက သူ့လည်ချောင်းအောက်မှ တွန်းပို့လာပြီး လျှာပေါ်မှ ဖြတ်သန်းသွား၏။သူ့နှုတ်ခမ်းများကိုသူ မထိန်းချုပ်နိုင်ဘဲ ပွင့်လိုက်ပိတ်လိုက်ဖြစ်သွားကာ အဓိပ္ပာယ်မဲ့သော စကားတစ်ခွန်း ထပ်ထွက်လာသည်။

"ဒီနေ့ ရှားရှားပါးပါး နေသာတဲ့နေ့ပဲ၊ ပန်းတွေအားလုံး ပွင့်နေပြီ"

ငါ မဖြေဘဲနေလို့ မရဘူးလား? ကြည့်ရတာ ဂိမ်းရဲ့သတ်မှတ်ချက်က 【ကစားသမား】တစ်

ယောက်သာ စကားစရင် 【NPC】က မဖြစ်မနေ ပြန်ဖြေရမယ်ဆိုတဲ့ပုံပဲ။

တစ်စုံတစ်ရာက ထိန်းချုပ်ထားသလို စကားပြောရခြင်းသည် အလွန်ထူးဆန်းသော အတွေ့အကြုံဖြစ်၏။ ပုံမှန်အားဖြင့် ဘာသာစကားကို ဦးနှောက်က ထိန်းချုပ်သည်။ အချက်ပြမှုများကို ရင်ဘတ်၊ အသံအိုး၊ လျှာ၊ ပါးစပ် တို့အား ပေးပို့ပြီးမှသာ စကားပြောနိုင်သော်လည်း ကျန်းယွီသည် သူ့ခန္ဓာကိုယ်ကို အခြားဦးနှောက်တစ်ခုက ထိန်းချုပ်နေသလို ခံစားရပြီး သူ၏အသိစိတ်က အရာအားလုံးကို ထိန်းချုပ်မရဘဲ အာရုံခံနိုင်ရုံသာ တတ်နိုင်သည်။

"တောက်" ထူကွမ်းသည် ရွံရှာသောပုံစံကို ပြသလိုက်၏။

နောက်တစ်စက္ကန့်တွင် သူသည် ကျန်းယွီ၏မျက်နှာသို့ လက်သီးဖြင့် ထိုးလိုက်သာ်။

!!!

ထိုလုပ်ရပ်သည် ကျန်းယွီ၏ ခန့်မှန်းချက်ကို လုံးဝ ကျော်လွန်သွားသည်။ သူ မျက်လုံးပိတ်ဖို့ပင် အချိန်မရလိုက်ပေ။ သို့သော် လက်သီးက သူ့မျက်နှာပေါ်သို့ တည့်တည့်ကျရောက်ခဲ့သော်လည်း သူ နာကျင်မှုကို မခံစားရချေ။

—ဟမ်? ဘာလို့ လုံးဝမနာတာလဲ?

ကလေးထံမှ သေးငယ်သော အားလေးတစ်ခုကပင် အာရုံခံစားမှုမှတဆင့် အနည်းငယ်တော့ နာကျင်မှုကို ဖြစ်ပေါ်စေသည်။ သို့သော် ကြီးကောင်ဝင် အမျိုးသားတစ်ဦး၏ ပြင်းထန်သောထိုးချက်ကိုတော့ လေတိုးသွားသကဲ့သို့ မည်သည့်နာကျင်မှုကိုမှ ကျန်းယွီမခံစားခဲ့ရချေ။

စနစ်၏ စက်ရုပ်သံ မြည်လာခဲ့သည်။

"【ရှင်းရှို့ရွာ】၏ အထူးကန့်သတ်ချက်များကြောင့် 【NPC】များသည် မည်သည့်ထိခိုက်မှုကိုမျှ မခံစားရပါ"

ကျန်းယွီသည် သူ့မျက်နှာမှ အလင်းအနည်းငယ် ထွက်ပေါ်လာသည်ကို မျက်စိထောင့်မှ မြင်

လိုက်၏။ အလင်းမှုန်များက သူ့အရေပြားမျက်နှာပြင်မှ ထွက်ပေါ်လာပြီး လေထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

"တောက်! သွားစမ်း!"

ကျန်းယွီကို တိုက်ခိုက်ခြင်းက အရာမရောက်

သည်ကို မြင်သောအခါ ထူကွမ်းက သူ့ကို ကြမ်းတမ်းစွာ တွန်းဖယ်လိုက်သည်။

ထို့နောက် သူသည် ကျန်းယွီ၏နောက်မှ တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ပြီး အခန်းထဲသို့ အလျင်အမြန် ဝင်သွားကာ တစ်စုံတစ်ခုကို ရှာဖွေလိုက်သည်။

ကျန်းယွီ မနေ့ညက အခန်းထဲသို့ ဝင်ခဲ့ပြီးသားဖြစ်၏။အထဲတွင် ဘာမှမရှိပေ။ တစ်ခုခု ထူးခြားတာရှိတယ်ဆိုရင်တော့ နံရံနှင့် ကပ်လျက်ရှိသော သေတ္တာကြီးပဲ ဖြစ်လိမ့်မည်။

ဂိမ်းအများစုတွင် သေတ္တာများ၌ ရတနာများ သို့မဟုတ် ပစ္စည်းများ ပါရှိတတ်သည်။

ပန်ဒိုရာသော့ သည် သေတ္တာထဲတွင် ဝှက်ထားနိုင်ပြီး ကစားသမားကို ရွာမှ ထွက်ခွာစေရန် လမ်းညွှန်သည့်နည်းလမ်း ပါဝင်လောက်မလား မသိချေ။

ကျန်းယီသည် အပြင်ဘက်မှနေ၍ အခန်းထဲသို့ မမြင်နိုင်ပေ။ ခဏအကြာတွင် ထူကွမ်း ထွက်လာသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ သူ့လက်ထဲတွင် ဒယ်အိုးအဖုံးအရွယ်ခန့်ရှိသော ပုဆိန်ကြီးတစ်လက် ရှိနေခြင်း ဖြစ်သည်။

၎င်းသည် သာမန်ပုဆိန်တစ်လက်ဖြစ်၏။အညိုရောင်သစ်သားလက်ကိုင်တွင် သံချေးတက်နေသော သံတုံးတစ်ခု ချိတ်ထားသလိုပင်။ ကျန်းယွီ သေသေချာချာ စစ်ဆေးကြည့်လိုက်ရာ ပုဆိန်သွားက မထက်ပေ။ ထင်းခုတ်ဖို့ပင် ခက်ခဲလိမ့်မည်။

ထူကွမ်းသည် ကျန်းယွီကို ကြည့်ပြီး မချေမငံ စကားတစ်ခွန်းဆိုကာ တံတွေးထွေးလိုက်သည်။

"ငါ သတိပေးလိုက်မယ်၊ ဘာမှ ထပ်မလုပ်ဖို့ ကြိုးစားနဲ့"

ထိုသို့ပြောပြီးနောက် ထူကွမ်းသည် ကျန်းယွီကို လျစ်လျူရှုကာ ထွက်သွားသည်။

ထိုအခိုက်အတန့်၌ ကျန်းယွီ၏စိတ်ထဲမှ မေးခွန်းများမှာ ပိုများလာခဲ့သည်။

ဘာဖြစ်တာလဲ၊ ဒီဂိမ်းရဲ့ထူးဆန်းမှုက ကျန်းယွီရဲ့နားလည်နိုင်စွမ်းကို ကျော်လွန်နေသည်။

ထူကွမ်း၏ ရင်းနှီးနေသလို အပြုအမူများအရ သူတစ်ခုခုကို သိပုံရသည်။

သူက ကစားဖူးတဲ့သူများ ဖြစ်နေမလား?

ဒါပေမယ့် ဒီလိုလည်း မဖြစ်နိုင်ဘူး!

【ထာဝရကုန်းမြေ】သည် အသစ်ထွက်ရှိလာသော ဂိမ်းဖြစ်သည်။ ယခင်က ကျန်းယွီသည် ဂိမ်းမီဒီယာများမှတဆင့် နာမည်ကျော် ဂိမ်းကုမ္ပဏီ Rollmoon မှ ဆယ်နှစ်ကြာ ကြိုးစားအားထုတ်ကာ ဖန်တီးထားသော MMORPG ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ဝါရင့်ဂိမ်းဝါသနာရှင်တစ်ဦးအနေဖြင့် ကျန်းယွီသည် ဂိမ်းကို ကြိုတင်မှာယူထားပြီး ကမ္ဘာတစ်ဝန်းလုံး တစ်ပြိုင်နက် ထွက်ရှိမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။

ဂိမ်းစတင်သည့်နေ့တွင် မျှော်လင့်ချက်အပြည့်

ဖြင့် ကျန်းယွီသည် ဂိမ်းထဲသို့ ဝင်ရောက်ခဲ့သည်။ ထိုအတွက်ကြောင့် သူသည် မနက်ပိုင်းအတန်းများကို ကျော်ကာ အဆောင်၌ပုန်းနေပြီး ဂိမ်းကို ကစားခဲ့သည်။

ကျန်းယွီသည် ပထမဆုံးဝင်ရောက်သူ မဟုတ်

ရင်တောင်မှ ဤမျှတိုတောင်းသောအချိန်အတွင်း ဂိမ်းကို ရှင်းလင်းနိုင်သည်ဟု မထင်မိပေ။

သူက ဂိမ်းစမ်းသပ်သူ တစ်ယောက်လား? ဒါမှမဟုတ် ဂိမ်းဝန်ထမ်းတစ်ယောက်လား?

ဂိမ်း၏ကန့်သတ်ချက်သည် ထူးဆန်းလွန်းနေပြီဖြစ်ရာ ယခုထပ်ပြီး လျှို့ဝှက်ဆန်းကြယ်သော ကစားသမား နောက်တစ်ဦးဖြစ်သည့် ထူကွမ်း ရှိနေပြန်သည်။

ထူးဆန်းသည်၊ အမှန်တကယ်ပင် ထူးဆန်းလွန်းလှသည်။

ကျန်းယွီသည် စိတ်ရှုပ်ထွေးစွာဖြင့် သဲလွန်စများကို စုစည်းနေရင်း သူ၏မျက်လုံးများသည် ထူကွမ်း၏လုပ်ရပ်တိုင်းကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။ သူသည် ရွာဝင်ပေါက်ကို စောင့်နေသော အာ့တန်ထံသို့ တည်ငြိမ်စွာ လျှောက်သွားသည်ကို မြင်လိုက်ရ၏။ ထူကွမ်းသည် အာ့တန်ထက် စင်တီမီတာအနည်းငယ် ပိုပုသည်။ နှိုင်းယှဉ်ကြည့်လျှင် မနေ့က ရှင်းနနနှင့် အာ့တန်တို့ ကဲ့သို့ အလွန်ပမင်း အရပ်ကွာခြားမှုတော့ ရှိမနေချေ။

အာ့တန်သည် သူ့လက်ကို မြှောက်လိုက်ပြီး တစ်ခုခု ပြောနေပုံရသော်လည်း ထူကွမ်းက တစ်ခွန်းမှ မပြောဘဲ သူ့ပုဆိန်ကို မြှောက်ကာ ခုတ်ချလိုက်သည်။

ထင်းခုတ်ဖို့ပင် ခက်ခဲသင့်သည့် မထက်သောပုဆိန်သည် နတ်ဘုရားလက်နက်ကဲ့သို့ ဖြစ်သွားပြီး သန်မာသော အာ့တန်ကို ဒေါင်လိုက် ထက်ခြမ်းခွဲလိုက်သည်။ သူ့ကိုယ်မှ သွေးများသည် မီးရှူးမီးပန်းများကဲ့သို့ ပန်းထွက်သွားပြီး ရွာခြံစည်းရိုးပေါ်တွင် ပက်ဖျန်းကာ မြေပြင်ကို ရေလောင်းပေးလိုက် သကဲ့သို့ပင်။

ရွာရှိ အခြားရွာသားများသည် သူတို့၏ စက်ရုပ်လို လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ရွာဝင်ပေါက်သို့ အားလုံး ခေါင်းလှည့်ကြည့်ကြသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် လူတိုင်းကို အံ့အားသင့်စွာ ရပ်သွားစေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ကျန်းယွီသည် သူ၏ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး အခြားရွာသားများ၏ မျက်နှာပေါ်ရှိ အမူအရာများကို လျင်မြန်စွာ ကြည့်ရန် ကြိုးစားလိုက်သည်။

၎င်းတို့ မျက်နှာပေါ်တွင် ထုံထိုင်းမှုနှင့် ရှုပ်ထွေးမှု ရောစပ်နေခဲ့သည်။

အာ့တန်ကို တစ်ချက်တည်း ခုတ်ချပြီးနောက် ထူကွမ်းသည် ရွာဝင်ပေါက်ဆီသို့ လျှောက်သွားပြီး ထွက်ခွာသွားသည်။

ထူးဆန်းသော လေထုသည် ရှင်းရှို့ရွာ၏ ထောင့်တိုင်းသို့ ပျံ့နှံ့သွားသည်။ ရှင်းပြမရနိုင်သော စွမ်းအားတစ်ခုက ရွာရှိလူတိုင်းကို ရပ်တန့်စေသည်။ မည်သူမှ လှုပ်လို့မရ၊ မည်သူမှ စကားမပြောနိုင်။

ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေပြီး သစ်ပင်ရိပ်များကြားတွင် ငှက်ကလေးများ၏ အသံသာ ရံဖန်ရံခါ ကြားနေရသည်။

နောက်ဆုံးတွင် စနစ်၏ စက်ရုပ်သံသည် အချိန်ကိုက် ထွက်လာခဲ့သည်။

"ဒင်! 【ကစားသမား】 【ထူကွမ်း】သည် မမျှော်လင့်ဘဲ ရွာမှ ထွက်ခွာသွားကြောင်း တွေ့ရှိရသည်။ Host ရဲ့တာဝန် ကျရှုံးသွားပါပြီ"

All Chapters