သဲလွန်စတစ်ခု
Vol. 1 Ch. 3
အဝေးသို့ရောက်ကာ တစ်စ တစ်စ ပျောက်ကွယ်သွားသည့် ထူကွမ်း၏ ဆံပင်နီနီများကို ကြည့်နေခဲ့ရသည်။ ကျန်းယွီ၏စိတ်နှလုံးသည် ရေခဲတမျှနက်ရှိုင်းသော ချောက်ထဲသို့ ကျဆင်းသွားသလိုပင်။
ကစားသမား သေဆုံးခြင်းကို လက်ခံနိုင်စရာမရှိသလို၊ ကျန်းယွီ၏အကူအညီမပါဘဲ ရွာမှ ထွက်ခွါခြင်းကိုလည်း လက်ခံနိုင်စရာမရှိပေ။
အကြီးမားဆုံးပြဿနာမှာ ရွာဝင်ပေါက်ကို စောင့်နေသော အာ့တန်လည်း သေဆုံးသွားခြင်းဖြစ်သည်။ နောက်ထပ် ကစားသမား ဝင်လာလျှင် ကျန်းယွီ၏အကူအညီမပါဘဲနှင့်တောင် ရွာကနေ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူးလား။
ထိုသို့ဆိုလျှင် ကစားသမားတိုင်းသည် မမျှော်လင့်ဘဲ ရွာမှ ထွက်ခွါသွားနိုင်ကြပြီး ငါ့တာဝန်ကလည်း ဘယ်တော့မှ ပြီးဆုံးတော့မှာ မဟုတ်ဘူးလား။
ကျန်းယွီ၏မျက်နှာသည် ထူးဆန်းသော ပတ်ဝန်းကျင်ကို ကြည့်ရင်း ဖြူဖတ်ဖြူရော် ဖြစ်သွားခဲ့၏။
နေ့လယ်ပိုင်းသာ ရှိသေးသော်လည်း လူတိုင်းသည် ရွာဝင်ပေါက်ကို စိုက်ကြည့်ရင်း ကြောက်စရာကောင်းလောက်အောင် ရပ်တန့်နေကြသည်။ ဂိမ်းထဲမှ တစ်ခုခု မှားယွင်းသွားသလိုပင်။
—စနစ် ရှင်းရှို့ရွာမှာ အထူးကန့်သတ်ချက်တွေရှိတယ်မဟုတ်ဘူးလား ကစားသမားတွေက NPC တွေကို မထိခိုက်နိုင်ဘူးလို့ မင်းပဲပြောခဲ့တာမဟုတ်ဘူးလား အဲ့တာကို ဘာလို့ အာ့တန် အသတ်ခံလိုက်ရတာလဲ
"အမျိုးအမည်မသိ ကုဒ်အိုင်တမ်ကြောင့် အထူးကန့်သတ်ချက်များ၏ အကျိုးသက်ရောက်မှုများကို ဖျက်ပစ်နိုင်ခဲ့ပါသည်"
အမျိုးအမည်မသိ ကုဒ်အိုင်တမ် ဒါ ပုဆိန်ကို ရည်ညွှန်းတာလား? ကျုံးယွီသည် ကွန်ပျူတာအခေါ်အဝေါ်များကို သိပ်နားမလည်သောကြောင့် ဤစကားလုံးကို မရင်းနှီးပေ။
—ငါ အာ့တန်ရဲ့ အလောင်းကို မြင်ချင်တယ်"
ကျုံးယွီ ထိုသို့တွေးလိုက်ကာ သူ့စိတ်ဓာတ်
ပြင်းပြနေသော်လည်း သူ့ခန္ဓာကိုယ်မှ မည်
သည့်အာရုံကြောကိုမှ နိုးစွလို့မရခဲ့ခြေ။သူ့လက်ခြေများက သူ့ခန္ဓာကိုယ်တွင် ကပ်လျက်ရှိသော အလှဆင်ပစ္စည်းများလိုသာ ဖြစ်နေသည်။
ထူးဆန်းသည်မှာ ကျုံးယွီ၏အာရုံများသည် ပုံမှန်အတိုင်းရှိနေပြီး အရင်ကထက်ပင် ပိုမိုထက်မြက်နေ၏။သူသည် မြင်နိုင်၊ ကြားနိုင်၊ အနံ့ခံနိုင်ကာ မြေပြင်ပေါ်ရှိ ခြေထောက်များ၏ အထိအတွေ့ကိုပင် ခံစားနိုင်ပြီး၊ အိပ်ယာပေါ်တွင် လှဲနေသောအခါ သစ်သားကုတင်၏ အေးမြမှုနှင့် ကြမ်းတမ်းမှုကိုလည်း ခံစားနိုင်နေသည်။
ကျုံးယွီသည် သူ့လက်ခြေများကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေစဉ် သူ့ညာဘက်လက်ညှိုးတွင် တုန်ခါမှုအနည်းငယ် ဖြစ်ပေါ်လာသည်။
—ခဏလေး၊ ဒါက...
တုန်ခါမှုသည် ၀.၁ စက္ကန့်အောက်သာ ကြာခဲ့သော်လည်း ကျုံးယွီ ရှင်းရှင်းလင်းလင်း ခံစားမိသည်။
ကျုံးယွီသည် သူ့ခန္ဓာကိုယ်၏ အသိစိတ်ကို ပြန်ထိန်းချုပ်ရန် ထပ်မံကြိုးစားခဲ့သော်လည်း နေ့တစ်ဝက်ကြာတာတောင် လက်ညှိုးများ လှုပ်သွားစေရန် ထပ်မံ မပြုလုပ်နိုင်တော့ပေ။
နေဝင်ချိန်သို့ ရောက်သောအခါ တစ်နေကုန် ရပ်နေခဲ့သော ရှင်းရှို့ရွာရှိ NPC များ ပြန်လည်
လှုပ်ရှားမှုလာခဲ့ကြသည်။ ကျုံးယွီလည်း လှည့်၍ သူ့အခန်းသို့ ပြန်သွားသည်။
မှောင်မဲနေသောအခန်းထဲသို့ ပြန်ရောက်
သောအခါ ကျုံးယွီသည် အိပ်ယာပေါ်တွင် လှဲလျောင်းကာဖြစ်ပျက်ခဲ့သည့် အရာများကို စတင်စဉ်းစားတော့သည်။ ရှုပ်ထွေးနေသော အတွေးများကြောင့် သူ အိပ်မပျော်နိုင်ပေ။
နောက်တစ်ရက်ကုန်ဆုံးသွားသည်။ ကျူံးယွီသည် အပြင်ဘက်ကောင်းကင် ပြန်လည်လင်းလာသည်ကို ကြည့်နေပြီး သူ့ခန္ဓာကိုယ်က အလိုအလျောက် ထရပ်ကာ သစ်သားတဲအိမ်လေးထဲမှ ထွက်လာသည်။
အလင်းရောင်ကြောင့် သူ့မျက်လုံးများ စူးရှသွားပြီးနောက် မှုန်မှိုင်းနေသော မြူခိုးများ ပျောက်
ကွယ်သွားသည်။ တိမ်တိုက်များက ရွေ့လျားနေကြကာ နှစ်ရက်လောက် နေသာခဲ့ပြီးနောက်တွင် ရှင်းရှိူ့ရွာ၌ မုန်တိုင်းဝင်တော့မည့်အလား မှိုင်းညို့နေ၏။
ကျုံးယွီသည် ရွာဝင်ပေါက်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ရင်းနှီးသောပုံရိပ်တစ်ခု ပေါ်လာခြင်းကြောင့် မနေ့ကမှ စိတ်ငြိမ်သွားခဲ့သော သူ့နှလုံးသားကို ထပ်မံလှုပ်ရှားသွားစေ၏။
မနေ့က ခြံစည်းရိုးနှင့် မြေကြီးပေါ်၌ စွန်းထင်းနေသော သွေးများ ပျောက်ကွယ်သွားခဲ့သည်။ ခန္ဓာကိုယ်ထွားကြိုင်းသော အမျိုးသားတစ်ဦးသည် ရွာဝင်ပေါက်တွင် အကောင်းပကတိအတိုင်း ရပ်နေ၏။ သူ့ခေါင်းပေါ်တွင် ပေါ်နေသော စာသားများကလည်း အထူးတလည် တောက်ပနေလေသည်။
【NPC】 【အာ့တန်】။
မနေ့က သေဆုံးခဲ့တဲ့ NPC တွေ တကယ်ပဲ ပြန်ရှင်နိုင်တာလား
ကျုံးယွီသည် မနေ့ညက စဉ်းစားနေစဉ် ဤဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားခဲ့သည်။ သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်လိုက်ရသောအခါ သူ၏မှန်းဆချက် မှန်ကန်ကြောင်း ယုံကြည်သွား၏။
ကျုံးယွီသည် ပျော်ရွှင်မှုနှင့် စိုးရိမ်မှု ရောနှောခံစားရသည်။ ဒီနေ့ရောက်လာမယ့် Player အသစ်ဟာ အာ့တန်ရှိခြင်းကြောင့် ရွာကနေ တိုက်ရိုက်မထွက်ခွာတော့တာကို သူ ပျော်
မိသည်။ ထိုအချင်းအရာကြောင့် သူ၏ NPC တာဝန် ကျရှုံးတော့မည်မဟုတ်ပေ။
သူစိုးရိမ်သည့်အရာကတော့ အရာအားလုံးက အစက ပြန်ဖြစ်နေခြင်းပင်။ ဒီနေ့ရောက်လာမယ့် ကစားသမားအသစ်က ရှင်းနနလိုမျိုး ဖြစ်နေရင်တောင် သူ့အခြေအနေက ပြောင်းလဲသွားမှာ မဟုတ်ချေ။
နှစ်နာရီခန့်ကြာပြီးနောက် မျှော်လင့်ထားသည့်
အတိုင်း ရှင်းလင်းသော စက်ရုပ်သံတစ်ခု ရောက်လာသည်။
"ဒင်!ဂိမ်းထဲသို့ 【ကစားသမား】တစ်ဦး ဝင်ရောက်လာကြောင်း တွေ့ရှိရသည်။ Host တာဝန် - 【ကစားသမား】ကို 【ရှင်းရှို့ရွာ】မှ လမ်းညွှန်ပါ"
အလင်းဖြူ ပျောက်ကွယ်သွားပြီးနောက် ကောင်လေးတစ်ယောက် ပေါ်လာသည်။ သူသည် အပြစ်ကင်းစင်ကဋ ကလေးဆန်သော မျက်နှာရှိပြီး သူ၏ဖန်ကဲ့သို့ တောက်ပနေသည့် မျက်လုံးများက သူ၏ နူးညံ့သော ဆံပင်များဖြင့် တစ်ဝက်လောက် ဖုံးအုပ်နေ၏။ သူသည် အထူးတလည် ချောမောခြင်းမရှိသော်လည်း မိန်းကလေးများကို ဆွဲဆောင်နိုင်သော နေရောင်ခြည်လို နွေးထွေးသည့် ကောင်လေးတစ်ယောက် ဖြစ်သည်။
【ကစားသမား】 【လော့ဖေး】။
မင်း ငါ့ကို ကံကောင်းခြင်းတချို့ ယူဆောင်လာပေးပါစေကွာ ဟူ၍ ကျုံးယွီ တိတ်တိတ်လေးဆုတောင်းလိုက်သည်။
လော့ဖေး၏ပထမဆုံးလုပ်ရပ်များက ရှင်းနနနှင့် ထပ်တူနီးပါးဖြစ်သည်။ သူသည် တွေဝေနေပုံရကာ သူနှင့် အနီးဆုံးရွာသားဖြစ်သည့် လီပေါ်ကို ဖမ်းဆွဲပြီး မေးလိုက်သည်။
"ဦးလေး၊ ဒီဟာက ဘယ်နေရာလဲဆိုတာ သိလား"
လီပေါ်က စက်ရုပ်လို ပြန်ဖြေသည်။
"သုံ့ရှင်းရွာမှာ ပိုးကျလို့ လူတွေ အငတ်ဘေးနဲ့ သေကုန်တယ်လို့ ပြောကြတယ်။ အပြင်လောကက အခြေအနေတွေ မတည်ငြိမ်လို့ ငါတို့ရွာကိုလည်း ဘယ်တော့ ထိခိုက်မလဲဆိုတာ မသိရသေးဘူး... အဲ..."
လော့ဖေးက စိတ်ဝင်တစား မေးသည်။ "ကျွန်တော်တို့ ရွာလား? ကျွန်တော်တို့ရွာနာမည်က ဘာလဲ?"
သို့သော် ဤတစ်ကြိမ်တွင် မမျှော်လင့်ဘဲ ဒုတိယအဖြေကို လီပေါ် ပေးလိုက်သည်။
"ငါတို့ရွာက ရှင်းရှို့ ရွာပါ"
လော့ဖေးက ပြောလိုက်သည်။
"လူသစ်ရွာ ငါ ဂိမ်းထဲ ရောက်နေတာလား? ဂိမ်းတွေက အခုလိုမျိုး နာမည်တွေ ပွင့်ပွင့်လင်းလင်း သုံးတာလား"
လော့ဖေး မေးခွန်းများစွာကို ဆက်မေးသော်လည်း လီပေါ် ပြန်မဖြေတော့ပေ။လီပေါ်၏အဖြေများက သူ့မူလအတိုင်း ထပ်တလဲလဲအဖြေများ ပြန်ဖြစ်သွား၏။
ထို့ကြောင့် လော့ဖေးသည် ကျုံးယွီဆီသို့ ရောက်လာခဲ့သည်။ ကျုံးယွီသည် စိုးရိမ်စိတ်များ ဝင်သွား၏။
—မင်း၊ ငါ့စကားတွေကို သေချာနားထောင်ရမယ်။
လော့ဖေးက မေးလိုက်သည်။
"အစ်ကို၊ ခင်ဗျား ကျွန်တော့်ကို အကြာကြီး စိုက်ကြည့်နေတာ တွေ့တယ်။ ကျွန်တော့်ကို ပြောစရာ တစ်ခုခု ရှိလား"
ကျုံးယွီသည် ကြိုတင်သတ်မှတ်ထားသော စကားများကို စတင်ပြောတော့မလို ဖြစ်သော်လည်း စိတ်ထဲမှ မပြောဘဲနေရန် ကြိုးစားလိုက်၏။ ထိုအခါ သူ့ပါးစပ်မှ အသံများက နှေးကွေးပြီး ပြတ်တောင်း ပြတ်တောင်းထွက်လာတော့သည်။
"ဒီ...နေ့...ဟာ...ရှား...ပါး...စွာ...နေ...သာ...တဲ့...နေ့...ပဲ...ပန်း...တွေ...အ...ကုန်...ပွင့်...နေ...ပြီ..."
ကျုံးယွီသည် ဝါကျတစ်ကြောင်းကို ပြောရန် ဤမျှ ခက်ခဲလိမ့်မည်ဟု မထင်ခဲ့မိပေ။ နှာချေလိုခြင်းကို ထိန်းထားသလို ဖြစ်နေကာ ကြွက်သားများ၏တုံ့ပြန်မှုက သူ့ပါးစပ်ကို လှုံ့ဆော်နေသည်။
တစ်ညတာ လေ့ကျင့်ပြီးနောက် ကျုံးယွီသည် စနစ်၏ မလွန်ဆန်နိုင်သော စွမ်းအားကို စိတ်ထဲမှ တွန်းလှန်ရန် ကြိုးစားလိုက်သည်။
ထိုဝါကျကို အားကုန်ထုတ်ပြီး ပြောပြီးနောက် ကျုံးယွီချွေးများရွှဲသွားခဲ့၏။
လော့ဖေး သံသယဖြင့် မေးလိုက်သည်။
"ဒီနေ့က တိမ်ထူနေတာ။ ဘယ်မှာ နေရောင်ခြည် ရှိလဲ"
ကျုံးယွီ၏ခန္ဓာကိုယ်သည် ဤမေးခွန်းကို မဖြေနိုင်သော်လည်း လော့ဖေးက ချက်ချင်းပင် ထပ်မံမေးသည်။
"အစ်ကို၊ ခင်ဗျား ချွေးတွေ အရမ်းထွက်နေတာပဲ။ နေမကောင်းဘူးလား"
ကျုံးယွီက စက်ရုပ်လို ထပ်ပြောသည်။ "ဒီနေ့ ရှားရှားပါးပါး နေသာတဲ့နေ့ပဲ၊ ပန်းတွေအားလုံး ပွင့်နေပြီ"
လော့ဖေး နားလည်သွားသည်။
"ဒါဆို ခင်ဗျားက သာမန်လမ်းသွားလမ်းလာတစ်ယောက်ပဲလား? တစ်ခုခု ထူးခြားမယ်ထင်နေတာ"
"ငါ အခု ဘာလုပ်သင့်လဲ" ဟု လော့ဖေး ကိုယ့်
ဘာသာကိုယ် ရေရွတ်ပြီးနောက် ကျုံးယွီကို ထားခဲ့ကာ ထွက်သွားသည်။
လော့ဖေး ထွက်ပြေးသွားသည်ကို ကြည့်ရင်း ကျုံးယွီ၏ ခက်ခဲစွာရရှိထားသော မျှော်လင့်ချက်သည် တစ်ဖန်ပြန်၍ လျော့ကျသွားသည်။ သူ လော့ဖေးကို သဲလွန်စပေးရန် တတ်နိုင်သမျှ လုပ်ခဲ့၏။
【ကစားသမားများ】သည် ဂိမ်းရှင်းဖို့အတွက် ကျုံးယွီကို လိုအပ်သည်။ သို့သော် သူက ဒုတိယဝါကျတစ်ကြောင်းကိုတောင် မပြောနိုင်ပေ။ ဒီလိုဂိမ်းစုတ်ကို ဘယ်လိုကစားရမှာလဲ!
ရှင်းရှို့ရွာသည် သေးငယ်သောကြောင့် လော့ဖေး မကြာမီပင် လေ့လာကြည့်ရှု ပြီးသွားသည်။
နာရီအနည်းငယ်ကြာပြီးနောက် လော့ဖေးသည် ရွာရှိ ကျန်ရှိသောလူများနှင့် စကားပြောခဲ့ပြီး - စုစုပေါင်း ကိုးယောက်သာ ရှိကြောင်း သိလိုကသည်။ သူသည် မေးခွန်းများမှတဆင့် သဲလွန်စများ ရှာရန် ကြိုးစားနေခဲ့သော်လည်း အသုံးဝင်သော အချက်အလက်များ မရရှိခဲ့ပေ။
လော့ဖေးသည် ရှင်းရှို့ရွာရှိ အခြားအိမ်လေးလုံးကိုလည်း ရှာဖွေခဲ့သော်လည်း ဘာမှ မတွေ့ရချေ။
လော့ဖေးသည် ဂိမ်းရှင်းဖို့အတွက် အဓိကသော့ချက်က ရွာအပြင်ဘက်တွင် ရှိနိုင်ကြောင်း သဘောပေါက်သွားသော်လည်း အာ့တန်က ဝင်ပေါက်တွင် သူ့လမ်းကို ပိတ်ဆို့ထား၏။
စိတ်ပျက်အားငယ်စွာဖြင့် လော့ဖေးသည် ကျုံးယွီထံသို့ ပြန်လာခဲ့သည်။ သူသည် ကျုံးယွီကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက်သူ၏သက်ကယ်မိုးအိမ်ကို အကြိမ်များစွာ လှည့်ပတ်ကာ နောက်ဆုံးတွင် ကျုံးယွီထံ ပြန်လာပြီး ပြောလိုက်သည်။
“မင်းက ဒီရွာတစ်ခုလုံးမှာ အထူးဆန်းဆုံးလူပဲ။ ငါ သဲလွန်စလိုက်ရှာလို့ရမလား မင်းအခန်းထဲ ဝင်ကြည့်ချင်တယ်"
ကျုံးယွီ၏ စက်ရုပ်လို အဖြေကို ရရှိပြီးနောက် လော့ဖေးသည် သူ့ကို ယဉ်ကျေးစွာ တွန်းဖယ်
ကြည့်သော်လည်း ကျုံးယွီသည် မလှုပ်မယှက် ရပ်နေပြီး တံခါးကို ပိတ်ဆို့ထားသည်။
လော့ဖေး ရေရွတ်လိုက်သည်။
"ဘာလဲ? ငါ့ကို ဝင်ခွင့်မပြုဘူးလား? ... ဒါပေမယ့် ဒါက ငါ မစစ်ကြည့်ရသေးတဲ့ တစ်ခုတည်းသော အိမ်ပဲ"
ကျုံးယွီသည် သူ့ကို သတိပေးရန် ထပ်မံကြိုးစားပြီး လော့ဖေး နားလည်လိမ့်မည်ဟု မျှော်လင့်လိုက်သည်။ လေတစ်ချက်က သူ့နှုတ်ခမ်းများမှ ထွက်သွားပြီး သူသည် သူ့စိတ်ဝိဉာဉ်ကို အတင်းအကျပ် ထိန်းချုပ်ကာ စကားလုံးများကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ဒီ...
နေ့...ရှား...
ပါး...စွာ...
နေ...သာ...
တဲ့...နေ...
ပဲ...ပန်း...
တွေ...အ...
ကုန်...ပွင့်...
နေ...ပြီ..."
ပြောပုံပြောနည်းက ကွဲပြားနေသည့်အတွက် လော့ဖေးက ၎င်းသည် ဂိမ်း၏ပဟေဠိအစိတ်အပိုင်းဖြစ်သည်ဟု ခံစားလိုက်ရသည်။
လော့ဖေး လိုက်ပြောလိုက်သည်။ "ဒီ...နေ့...ရှား...ပါး...စွာ...နေ...သာ...တဲ့...ပန်း...တွေ...ပွင့်...နေ...ပြီ။ ဘာလို့ ဒီလိုထူးဆန်းတဲ့ စကားလုံးတွေ သုံးတာလဲ?"
လော့ဖေး ထပ်မံရေရွတ်လိုက်သည်။
"နေ...ပန်း...ပွင့်? ဒီနေ့က တိမ်ထူနေတာ။ ပန်းတွေလည်း မရှိဘူး။ ဒါက သဲလွန်စတစ်ခု ဖြစ်ရမယ်"
"နေသာ...ပန်း...ပွင့်? ဒါက မမှန်ဘူး..."
—မြန်မြန်၊ လော့ဖေး၊ မင်း နီးစပ်နေပြီ။ ကျုံးယွီ တိတ်ဆိတ်စွာဖြင့် လော့ဖေးကို အားပေးလိုက်သည်။
ချွေးများရွှဲနေသော ကျုံးယွီသည် တစ်ဖန် ခက်ခက်ခဲခဲနှင့် ထိုဝါကျကို ပြောလိုက်သည်။ "ဒီ...နေ့...ရှားပါးစွာ (တိုးတိုးလေး)...နေ...သာ...တဲ့...ပန်း...တွေ...အ...ကုန်...ပွင့်...နေ...ပြီ"
လော့ဖေးသည် ကျုံးယွီ၏နှုတ်ခမ်းများကို အာရုံစိုက် စိုက်ကြည့်ပြီး စကားလုံးတစ်လုံးချင်းစီကို လိုက်ပြောသည်။ "ဒီ...နေ...ပန်း...ပွင့်?"
"အတွင်းထဲဝင်၊ ရှောင်လိုက်!" လော့ဖေး ရုတ်တရက် နားလည်သွားသည်။
ကျုံးယွီ သက်ပြင်းရှည်ကြီး ချလိုက်၏။ ကောင်စုတ်လေး မင်း နောက်ဆုံးတော့ နားလည်သွားပြီ၊ပဲ
ကျုံးယွီသည် တစ်ညလုံး ထိုအကြောင်းကို စဉ်းစားခဲ့သည်။ ညဘက်တွင် သူ့အခန်းထဲသို့ ဝင်ပြီးနောက် ရှင်းရှိူ့ရွာအပြင်ဘက်တွင် ဘာရှိမှန်း သူ မသိပေ။ လော့ဖေးကို အပြင်မှာ တစ်ယောက်တည်း ထားခဲ့ရင် သူ ရှင်းနနရဲ့ ကံကြမ္မာကို ထပ်မံခံစားရမှာ သေချာသည်။
ကျုံးယွီရဲ့အခန်းက လုံခြုံတယ်ဆိုတာ သိထားပြီး
သားပင်။ ထို့ကြောင့် လော့ဖေးကို ညဘက်၌ အခန်းထဲသို့ ဝင်ခိုင်းခြင်းက သူ့ကို ရှင်သန်နိုင်စေမှာ သေချာသည်။
ညနေစောင်းလာသည်။
တိမ်ထူနေသော ကောင်းကင်တွင် နေဝင်ချိန် မရှိပေ။ တိမ်မည်းများဖြင့် အုပ်မှိုင်းနေပြီး လေးလံနေသည်။ စက်ရုပ်လို လမ်းလျှောက်နေသော ရွာသားများသည် သူတို့၏အိမ်များသို့ စတင်
ဝင်ရောက်သွားကြသည်။ ကျုံးယွီ၏ ခန္ဓာကိုယ်လှည့်သွားပြီး သူ့နောက်မှ တံခါးကိုဖွင့်ကာ အတွင်းသို့ ဝင်သွားသည်။
လော့ဖေးသည် သံသယဖြင့် အခန်းထဲသို့ ကြည့်လိုက်သည်။ အန္တရာယ်မရှိကြောင်း သေချာသောအခါ သူသည် ကျောက်ယွီနောက်သို့ လိုက်
ဝင်သွား၏။
စနစ်၏အသံသည် မမျှော်လင့်ဘဲ ထွက်ပေါ်လာသည်။
"ဒင် Host ရဲ့ ပထမအဆင့် လမ်းညွှန်မှုတာဝန်ကို ပြီးမြောက်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ။ 【နာမည်မြင်နိုင်စွမ်း】ကို 【LV2】သို့ အဆင့်မြှင့်တင်လိုက်ပြီး 【လွတ်လပ်သောစိတ်ဆန္ဒ】 လုပ်ဆောင်ချက်ကို ဖွင့်လိုက်ပါပြီ"