လက်နက်ပြန်လည်ရရှိခြင်း
Vol. 1 Ch. 6
လော့ဖေးသည် တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်ပြီး သူ့ကိုယ်သူ ကာကွယ်ရန် သူ၏ဓားကို အလိုလို မြှောက်လိုက်သည်။
"ဒါန်း!" သံဓားသည် ရှင်းလင်းသော အသံကို ပြုလုပ်လိုက်ပြီး ဓားသွားပတ်လည်မှာ အပိုင်းအစများအဖြစ် ပဲ့သွားေလသည်။ လော့ဖေးသည် သူ့အပေါ်သို့ ပြင်းထန်သော အားတစ်ခု ရိုက်ခတ်လာသည်ကို ခံစားလိုက်ရ၏။
သူ၏ ဝမ်းဗိုက်သည် ကျောက်ခဲဖြင့် ရိုက်နှက်ခံလိုက်ရသကဲ့သို့ ခံစားရပြီး နောက်သို့ မီတာအနည်းငယ် လဲကျသွားေပသည်။ ထို့နောက် သူ့ဝမ်းဗိုက်၌ ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရ၏။
"အား!" လော့ဖေးသည် သူ့တို့ကို အော်လိုက်သည်။ "မင်းတို့က ဘယ်သူလဲ...?"
သူ စကားမဆုံးခင်မှာပင် လော့ဖေးသည် ဘေးဘက်မှ ဆံပင်ကျစ်ဆံမြီးများနှင့် ပုံရိပ်တစ်ခု သူ့ဆီသို့ ချဉ်းကပ်လာသည်ကို မှုန်ဝါးဝါး မြင်လိုက်ရသည်။
"ငါ့အနားက ထွက်သွား!"
လော့ဖေး အော်ဟစ်လိုက်ပြီး သူ့ဓားကို ဝှေ့ယမ်းကာ အာ့နျူ၏ခေါင်းကို ရိုက်လိုက်သည်။ အာ့နျူသည် သူ၏ဟန်ချက်ပျက်သွားပြီး ယိုင်တိုင်တိုင်နှင့် လဲကျသွား၏။ လော့ဖေးသည် သူ၏ဝမ်းဗိုက်ကို ဘယ်လက်ဖြင့် ဖိကိုင်ထားပြီး ကျန်းယွီ၏ သက်ကယ်မိုးတဲဆီသို့ ပြေးသွားရန် အခွင့်ကောင်းယူလိုက်သည်။
တစ်ချောင်းထုံးနှင့် တာ့နျူသည် လော့ဖေး၏ခေါင်းပေါ်မှ နောက်ဘက်မှ ခုန်ကျော်ကာ သူ့ရှေ့သို့ ဆင်းသက်လာသည်။
လော့ဖေးသည် မနေ့ညက ကျန်း၏စကားများကို သတိရလိုက်သည်။ ရွာထဲတွင် အားအနည်းဆုံးဖြစ်သော အာ့နျူပင် အဆင့် ၂ ဖြစ်သည်။ သူသည် သူ၏အဆင့် ၁ က ထိုမျှလောက် မကွာဘူးလို့ ထင်ခဲ့သော်လည်း ကွာဟမှုက လုံးဝကို အသက်ရှူကိုပင် ကျပ်စေ၏။
ကလေးနှစ်ယောက်တောင်မှ ကိုင်တွယ်ရ ဒီလောက်ခက်နေရင် တခြားလူကြီးတွေ ပါဝင်လာရင် သူ သေဆုံးမှာ သေချာသည်။
တာ့နျူ၏နောက်ဘက် မလှမ်းမကမ်းတွင် ကျန်းယွီ၏သက်ကယ်မိုးတဲမှ ဆီမီးခွက် မီးလင်းလာသည်။ နက်နဲသောပင်လယ်တွင် သူ့ကို လမ်းညွှန်ပေးနေသည့် မီးပြတိုက်တစ်ခုနှင့်တူသည်။ လော့ဖေးသည် မှိန်ပြပြအလင်းရောင်ကို အမှီပြုကာ တာ့နျူ၏ပုံပန်းသဏ္ဍာန်ကို မှုန်ဝါးဝါး မြင်လိုက်ရ၏။
နေ့ခင်းဘက်တွင် သူ မြင်ခဲ့ရသော အပြစ်ကင်းသည့် ကလေးမလေးနှင့်မတူဘဲ တာ့နျူ၏မျက်လုံးများသည် လုံးဝအနက်ရောင်ဖြစ်နေပြီး သူမ၏မျက်နှာသည် သေလောက်အောင် ဖြူဖျော့နေသည်။ သူမ၏ သွယ်လျသောလက်များမှ ချွန်ထက်သော လက်သည်းများ ထွက်နေ၏။
တာ့နျူသည် ကြောက်စရာကောင်းသော အပြုံးကို ပြုံးလိုက်ပြီး သူမ၏အသံသည်လည်း ပုံပျက်ကာ အက်ကွဲနေသည်။
"ကို..ကြီး.ဘယ်သွားမလို့လဲ?"
လော့ဖေးသည် သူ့နောက်မှ အာ့နျူ ထရပ်လာပုံရပြီး တာ့နျူနှင့်အတူ ညှပ်တိုက်တော့မည်ကို သတိထားလိုက်မိသည်။
ထားတော့၊ လော့ဖေးသည် သူ့ဓားကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး ရှေ့သို့ ထိုးလိုက်သည်။
သို့သော် တာ့နျူသည် ဓားသွားကို အလွယ်တကူ ရှောင်တိမ်းသွားပြီး သူမ၏လက်သည်းများဖြင့် တစ်ချက်ပွတ်ဆွဲလိုက်ကာ လော့ဖေး၏လက်မောင်းကို ဖြတ်လိုက်သည်။ ပြင်းထန်လွန်းသော နာကျင်မှုတစ်ခုကို သူ့လက်မောင်းထံမှ ခံစားလိုက်ရ၏။
နာကျင်မှုကို လျစ်လျူရှုကာ လော့ဖေးသည် သူ့ဓားကို တာ့နျူ၏လည်ချောင်းဆီသို့ ထိုးသွင်းလိုက်သည်။
တာ့နျူသည် ခုန်လိုက်ပြီး လော့ဖေး၏ခေါင်းကို လှမ်းကုတ်လိုက်သည်။ သူမသည် လက်သည်းများကို ဆန့်ထုတ်ကာ သူ့မျက်လုံးများကို ပစ်မှတ်ထားလိုက်သည်။
ဒါ အဆုံးသတ်ပဲလား...? လော့ဖေး ဝမ်းနည်းစွာ တွေးလိုက်သည်။
လက်သည်းများ ကျရောက်တော့မည့်အချိန်တွင် ကျန်းယွီ၏အခန်းပြတင်းပေါက်မှ အနီရောင်အေဝးပစ်ဓားနှစ်ချောင်း ထွက်ပေါ်လာပြီး တာ့နျူ၏ခေါင်းနောက်ဘက်ကို တည့်တည့်ထိမှန်သည်။
ကောင်းကင်ယံမှ သေးငယ်သောပုံရိပ်သည် ချက်ချင်းပင် အားပျော့သွားပြီး လော့ဖေး၏ရှေ့တွင် လဲကျသွားသည်။
"မြန်မြန် ပြန်လာ!" ကျန်းယွီသည် အိမ်ထဲမှ အော်သည်။
လော့ဖေး ရှေ့ကို ကြည့်လိုက်သည်။ ကျန်းယွီသည် သူ့ကို အိမ်ထဲမှ လက်ယပ်ခေါ်နေသည်။ သူသည် သူ၏ဓားကို ဆွဲကိုင်ပြီး သူ့ဆီသို့ ပြေးသွားသည်။
"အား!!!"
အာ့နျူသည် ပြန်ကောင်းလာပြီး အော်ဟစ်လိုက်ကာ လော့ဖေးဆီသို့ ပြေးလာသည်။
"မြန်မြန်!" ကျန်းယွီ အော်လိုက်သည်။ "တံခါးကို မသုံးနဲ့၊ ပြတင်းပေါက်ကနေ ခုန်ဝင်!"
လော့ဖေးသည် ပြတင်းပေါက်သို့ ပြေးသွားပြီး ခုန်လိုက်ကာ သက်ကယ်မိုးတဲအိမ်အတွင်းရှိ ကျောက်ကြမ်းပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွား၏။
ကျန်းယွီသည် ပြတင်းပေါက်ကို သက်ကယ်ပင်များဖြင့် ဖုံးအုပ်ထားသဖြင့် အာ့နျူ ဝင်မလာနိုင်ပေ။ သူမသည် ပြတင်းပေါက်အပြင်ဘက်တွင် အော်ဟစ်နေသည်။
လော့ဖေးသည် ရင်တုန်နေဆဲပင်။ သူတုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။ "ကျေး...ဇူးတင်ပါတယ်၊ ခင်ဗျား ကျွန်တော့်အသက်ကို ကယ်ပေးခဲ့တာပဲ"
ခဏအကြာတွင် ကျန်းယွီက စိတ်မပါ့တပါနှင့် ပြောလိုက်သည်။
"အခု ငါ့ကို ယုံပြီလား"
ကျန်းယွီသည် မနေ့ညက အချက်အလက်အချို့ကို ချန်လှပ်ထားခဲ့သော်လည်း ကစားသမား များကို ရွာမှ လမ်းညွှန်ခြင်းနှင့်ပတ်သက်၍ လော့ဖေးကို လှည့်စားခဲ့ခြင်း မရှိပေ။ သူသည် သူတို့နှစ်ယောက်လုံး လက်ရှိ ငရဲထဲတွင် ရှိနေသောကြောင့် သူ၏မှန်းဆချက်များကိုပင် မျှဝေခဲ့သည်။
ကံမကောင်းစွာနှင့် လော့ဖေးသည် သူ့အခြေအနေကို လုံးဝမနားလည်သေးသဖြင့် ကျန်းယွီကို လုံးဝမယုံကြည်ခဲ့ပေ။
ထူကွမ်း အာ့တန်ကို သတ်ပြီးနောက် နှစ်ရက်အကြာတွင် ကျန်းယွီသည် ရွာရှိ NPC များသည် သေဆုံးပြီးနောက် ပြန်လည်ရှင်သန်နိုင်ကြောင်း သိခဲ့၏။ သို့သော် ထူကွမ်း ယူသွားသော ပုဆိန်သည် သေတ္တာထဲတွင် ပြန်မပေါ်လာပေ။ ဆိုလိုသည်မှာ ဤအခန်းထဲမှ ပစ္စည်းများသည် ရှားပါးပြီး အစားထိုး၍ မရနိုင်ပေ။ သို့သော် ကစားသမားများကတော့ မဟုတ်ပေ။ ကစားသမား အသစ်တစ်ယောက်သည် သေဆုံးသွားသော ကစားသမားကို အစားထိုးလိမ့်မည်။
လော့ဖေးသည်လည်း ဓားတစ်လက်ကို ယူသွားခဲ့သည့်အတွက် သူ သေဆုံးသွားပါက ကျန်းယွီ၏ အောင်မြင်နိုင်စွမ်းသည်လည်း လျော့နည်းသွားပြီး သူ၏ရွေးချယ်စရာများလည်း နည်းပါးသွားမည်။ ထို့ကြောင့် သူသည် လော့ဖေးကို ကယ်တင်ရန် အဝေးပစ်ဓားနှစ်ချောင်းကို စွန့်လွှတ်ရန် ဆန္ဒရှိခဲ့၏။
ကံကောင်းစွာနှင့် သူသည် နာမည်မြင်နိုင်စွမ်း စွမ်းရည်ရှိ၏။ သို့မဟုတ်ပါက မှောင်မိုက်ေနသောညတွင် ကျန်းယွီသည် တာ့နျူ ဘယ်နေရာတွင် ရှိသည်ကို ရှာဖွေနိုင်မည်မဟုတ်ပေ။
ကျန်းယွီက တင်းမာစွာ ထပ်ပြောသည်။ "ငါက မင်းရဲ့လမ်းညွှန်သူပါ။ မင်းမတိုင်ခင် လူတွေ အများကြီး သေဆုံးခဲ့ကြပြီး မင်းနောက်မှာလည်း လူတွေ အများကြီး သေဆုံးနိုင်သေးတယ်။ ဒီအခြေအနေကို လျှော့မတွက်နဲ့၊ မဟုတ်ရင် ငါတို့ ဒီငရဲကနေ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူး"
လော့ဖေးသည် ၁၆ နှစ်သာ ရှိသေး၏။ သူသည် သေမင်းနှင့် နီးကပ်စွာ ကြုံတွေ့ခဲ့ရသည့်အတွက် ကျန်းယွီ၏စကားများကို သူ့ရင်ထဲ ထိသွားသည်။ သူသည် အားယူဟန်ဆောင်ပြီး "ကျွန်...တော်နားလည်ပါပြီ၊ အစ်ကိုယွီ၊ ကျွန်တော် နောက်တစ်ခါ အလျင်စလို မလုပ်တော့ပါဘူး" ဟု ပြောလိုက်သည်။
ကျန်းယွီ ခေါင်းညိတ်လိုက်သည်။ လော့ဖေးသည် ထိုနေ့အစောပိုင်းက သူ ကြုံတွေ့ခဲ့ရသည့်အရာအားလုံးကို ကျန်းယွီကို ပြောပြသည်။
ဟူဝမ်၊ ဟူဝူ... ဟူထျယ်ကျန်း... ကျန်းယွီသည် သူတို့သည် ဆက်စပ်မှုမရှိဟု မယုံကြည်ပေ။ တာ့နျူ ပြောခဲ့သည့် ဦးလေး ယွင်တန်ကရော ဘယ်သူလဲ?
ကျန့်ချွမ်လီနှင့်ပတ်သက်၍ ထိုနာမည်ကို မည်သူမှ မပြောခဲ့ပေ။ သူတို့တွင် သဲလွန်စများ အလုံအလောက် မရှိသေးပုံပင်။
ပြီးတော့ အဘိုးခြောက်ရဲ့ ညမွှေးပန်းဝိုင်...
"အစ်ကိုယွီ၊ ဒါကို ကြည့်ပါဦး" လော့ဖေးသည် သူ့ရင်ဘတ်မှ ကြေမွနေသော ပန်းပွင့်ဖြူများကို ထုတ်ယူလိုက်သည်။
“တာ့နျူ အာ့နျူတို့နဲ့ ကစားရင်းရခဲ့တဲ့ ဆုပဲ "ဒါက အဘိုးခြောက်ပြောတဲ့ ညမွှေးပန်းလား?"
ကျောက်ယွီသည် ပန်းပွင့်များကို ယူပြီး သေသေချာချာ စစ်ဆေးသည်။ ရုတ်တရက် သူ့စိတ်ထဲတွင် အကြံတစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်။
"မဟုတ်ဘူး၊ ဒါ ညမွှေးပန်း မဟုတ်ဘူး" ကျောက်ယွီ ပြုံးလိုက်ပြီး ပြောသည်။
"ငါတို့ လိမ်ညာလို့ရနိုင်တယ်"
...
တံခါးအပြင်ဘက်မှ အနီရောင်နာမည်များ ပျောက်ကွယ်သွားပြီး နောက်တစ်ရက် ရောက်ရှိလာသည်ကို ကိုယ်စားပြုသောအခါ လော့ဖေးသည် ထပ်မံထွက်သွားပြီး မုဆိုးမလီ၏အိမ်ဘက်သို့ ကြည့်လိုက်သည်။
ကျန်းယွီ ပြောခဲ့သည့်အတိုင်း မနေ့ညက အဝေးပစ်ဓားများဖြင့် အသတ်ခံခဲ့ရသော တာ့နျူသည် ရှင်ပြန်ထမြောက်ခဲ့၏။ သူတို့၏မျက်လုံးများ ဆုံတွေ့သောအခါ သူမသည် တောက်ပစွာ ပြုံးပြပြီး လော့ဖေးကို လက်ပြခဲ့သည်။
မြင်ကွင်းက ထူးဆန်းနေသလို စိတ်အနှောင့်အယှက် ဖြစ်စရာလည်း ကောင်းသည်။
လော့ဖေးသည် မရပ်တန့်ဘဲ ရွာ၏အရှေ့ဘက်တွင်ရှိသော ဟူထျယ်ကျန်း၏နေရာသို့ တည့်တည့်သွားသည်။
လော့ဖေး မရောက်ခင်မှာပင် ဟူထျယ်ကျန်း အော်လိုက်သည်။
"သွားစမ်း၊ ငါ့ကို လာမရှုပ်နဲ့!"
လော့ဖေးသည် သူ၏အိတ်ကို ချွတ်လိုက်ပြီး အတွင်းတွင် ထည့်ထားသော မုဆိုးလေး၊ သံလက်ကာနှင့် အနီရောင်အေဝးပစ်ဓားတစ်ချောင်းကို ထုတ်လိုက်သည်။ သူသည် ဟူထျယ်ကျန်းကို "လက်နက်တွေ ဝယ်ချင်လား? ကျွန်တော် ခင်ဗျားကို အားလုံး ရောင်းမယ်" ဟု ပြောလိုက်သည်။
ဟူထျယ်ကျန်းက ငြင်းဆန်ချင်သော်လည်း လက်နက်များကို မြင်သောအခါ သူတို့ကို ကောက်ယူလိုက်ပြီး အနီးကပ်ကြည့်ရင်း တော်တော်ကြာအောင် သေသေချာချာ စစ်ဆေးကြည့်သည်။
ရုတ်တရက် အဘိုးအို ပန်းပဲဆရာသည် ဝမ်းနည်းမှုဖြင့် လွှမ်းချုံသွားပြီး သူ၏မျက်လုံးများတွင် မျက်ရည်များ ရစ်ဝဲလာသည်။ သူ ဝမ်းနည်းစွာဖြင့် သက်ပြင်းချ၏။ "ငါ့သား!"
မမျှော်လင့်ထားသည့် အခြေအနေပင်။ လော့ဖေးသည် ရှေ့သို့ တိုးသွားပြီး စိုးရိမ်ပူပန်စွာ "အဘိုး၊ ဘာဖြစ်တာလဲ?" ဟု မေးလိုက်သည်။
ဟူထျယ်ကျန်းသည် ငိုယိုကာ ဒေါသတကြီးဖြင့် "ဒီလေးက ဝမ်အာရဲ့ လက်နက်ပဲ! ဒါက ဘယ်လိုလုပ် မင်းလက်ထဲ ရောက်နေတာလဲ?!"
ဘာတွေဖြစ်နေတာလဲ? ဒါက အစ်ကိုယွီရဲ့ အစီအစဉ်အတိုင်း မဟုတ်ဘူး!
"ကျွန်...ကျွန်တော် တွေ့တာပါ" လော့ဖေး လိမ်ညာလိုက်သည်။ "ကျွန်တော် တောင်ပေါ်မှာ တွေ့ခဲ့တာပါ အဲ့တာကို ကြေးဒင်္ဂါးအချို့နဲ့ လဲလှယ်ချင်လို့"
ဟူထျယ်ကျန်း အော်ဟစ်လိုက်သည်။ "လိမ်ေပြာေနတယ်! ငါ့ရဲ့ ဝမ်အာက ကိုယ်ခံပညာ အရမ်းကောင်းတယ် သူက တောဝက်ဘီလူးတွေကို တောင် မကြောက်ဘူး။ ဒါပေမယ့် သူ မမျှော်လင့်ဘဲ သေဆုံးသွားတယ် မင်း ငါ့ရဲ့ ဝမ်အာကို သတ်လိုက်တာလား?"
လော့ဖေးလည်း ဒေါသထွက်လာသည်။ "ကျွန်တော့်ရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်က ကိုယ်ခံပညာ အလွန်ကောင်းတဲ့ ခင်ဗျားရဲ့သားကို သတ်နိုင်မယ်လို့ ထင်ေနတာလား? ကျွန်တော့်ကို မဟုတ်တာတွေ မစွပ်စွဲနဲ့! ဝယ်မှာလား မဝယ်ဘူးလား? မဝယ်ရင် ပြန်ယူသွားမယ်!"
ဟူထျယ်ကျန်းသည် လော့ဖေး၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူတို့ တိုက်ခိုက်ခဲ့ပါက ဟူဝမ်သည် လူသုံးယောက်ကို လက်တစ်ဖက်တည်းဖြင့် သတ်နိုင်၏။လော့ဖေးက လူသတ်သမား ဖြစ်နိုင်စရာ မရှိပေ။
ဟူထျယ်ကျန်း သက်ပြင်းချသည်။ "ကောင်းပြီ။ လက်နက်တွေကို ထားခဲ့။ ငါ မင်းကို ငွေသုံးကျပ် ပေးမယ်"
"မဟုတ်ဘူး၊ လေးကျပ်။ တစ်ပြားမှ မလျော့စေနဲ့" လော့ဖေး ပြောသည်။
ဟူထျယ်ကျန်းက ငြင်းခုံချင်သော်လည်း လော့ဖေး၏ ခိုင်မာသောသဘောထားကို မြင်သောအခါ သူ၏လက်ကို ဝှေ့ယမ်းသည်။ "ကောင်းပြီ၊ ကောင်းပြီ၊ လေးကျပ်"
အဘိုးအို ပန်းပဲဆရာသည် အတွင်းသို့ ဝင်သွားပြီး ငွေလေးစကို ယူလာကာ လော့ဖေးကို ပေးလိုက်သည်။
ကျန်းယွီသည် စနစ်ကို အသုံးပြု၍ ဤကမ္ဘာတွင် လဲလှယ်နှုန်းသည် ငွေတစ်ကျပ်လျှင် ဒင်္ဂါး ၁၀၀၀ ဖြစ်ကြောင်း သိလိုက်ရသည်။ လော့ဖေးသည် ငွေလေးစကို အိမ်နီးချင်း အရက်ဆိုင်သို့ ယူသွားပြီး အဘိုးခြောက်၏ ညမွှေးပန်းဝိုင် ရှစ်အိုးနှင့် လဲလှယ်လိုက်၏။
အခြေအနေကို ကျန်းယွီအား ရှင်းပြပြီးနောက် လော့ဖေးသည် ဝိုင်ကို ချထားပြီး မနေ့က မိန်းကလေးနှစ်ယောက်နှင့် ကစားခဲ့သော ညောင်ပင်ဆီသို့ ထွက်သွားသည်။ သူသည် မြေပြင်မှ ပန်းဖြူအချို့ကို ခူးယူပြီး ကျန်းယွီ၏အခန်းသို့ ပြန်လာခဲ့၏။
"ခင်ဗျား ခိုင်းတာ အားလုံးလုပ်ခဲ့ပြီးပြီ" လော့ဖေး ပြောပြီးနောက် "နောက် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ? ဒီပန်းတွေက ဘာလဲ?" ဟု မေးလိုက်သည်။
မနေ့ညကတည်းက လော့ဖေးသည် ကျန်းယွီ၏ တစ်နေ့တာ အစီအစဉ်ကို နားမလည်သေးပေ။
သူသည် မနေ့က ယူလာခဲ့သော ပန်းဖြူများနှင့် ဆက်စပ်နိုင်ကြောင်း မသဲမကွဲ ခံစားမိသည်။
ကျန်းယွီသည် လော့ဖေး ယူလာခဲ့သော ပန်းဖြူများနှင့် အစေ့များကို ကြေမွအောင် လုပ်ပြီး ကြေမွနေသော ပွင့်ချပ်များကို ဝိုင်အိုးများထဲသို့ ဖြူးလိုက်သည်။ ညမွှေးပန်းပွင့်ချပ်များနှင့် လော့ဖေး ယူလာခဲ့သော ပန်းပွင့်ဖြူများသည် ဝိုင်နှင့် ရောလိုက်သောအခါ သိပ်မကွာခြားေတာ့ပေ။
ထို့နောက် ကျန်းယွီ ရှင်းပြလိုက်သည်။ "မင်း ယူလာတဲ့ ပန်းတွေက ညမွှေးပန်း မဟုတ်ဘူး၊ ဂမ္ဘီရဆေးပင်တွေ"
"ဂမ္ဘီရဆေးပင်?
"ဟုတ်တယ်၊ ဂမ္ဘီရဆေးပင်တွေက အဆိပ်ရှိတယ်။ သူတို့မှာ မူးယစ်စေတဲ့ ထုံဆေးအာနိသင်တွေ ရှိတယ်။ ဝိုင်ထဲ ထည့်လိုက်ရင် ပြီးပြည့်စုံတဲ့ အိပ်ဆေးဖြစ်သွားလိမ့်မယ်" ဟု ကျောက်ယွီ ရှင်းပြလိုက်သည်။
လော့ဖေး ရုတ်တရက် နားလည်သွား၏။
"ခင်ဗျား သူတို့ကို မူးယစ်ဆေးသုံးပြီး ရွာကနေ ထွက်ဖို့လား?"
ကျန်းယွီ ခေါင်းညိတ်သော်လည်း သူ့မျက်နှာထားက ပေါ့ပေါ့ပါးပါး မဟုတ်ပေ။