← Chapters

မှတ်ဉာဏ်လှောင်အိမ်

Vol. 1 Ch. 12

မှတ်ဉာဏ်လှောင်အိမ်

Vol. 1 Ch. 12

ကျန်းယွီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လူတိုင်းသည် သူ၏အချက်အလက်များကို မငြင်းနိုင်ကြသော်လည်း မကိုက်ညီမှုများစွာ ရှိနေဆဲ ဖြစ်သဖြင့် လူတိုင်း၌ သံသယများ ရှိနေဆဲပင်။

အကြောင်းရင်းမှာ ရိုးရှင်းသည်။ ကျန်းယွီ၏ ဇာတ်လမ်းသည် သူတို့၏ မှတ်ဉာဏ်များနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်။

ရူပဗေဒပညာရှင် ကားလ်ဆာဂန်သည် တစ်ချိန်က ဥပမာတစ်ခုကို ပေးခဲ့ဖူးသည်။ အိမ်တစ်လုံးထဲတွင် မီးမှုတ်နိုင်သော နဂါးတစ်ကောင် ရှိသည်။ သို့သော် ထိုနဂါးသည် ကိုယ်ပျောက်နိုင် ပျံဝဲနိုင် အလေးချိန်မရှိ အပူချိန်မရှိ ၎င်း၏တည်ရှိမှုကိုလည်း မည်သည့်နည်းနှင့်မျှ ထောက်လှမ်း၍ မရပေ။ ဒါဆို နဂါးရှိသလား?

ဤကိစ္စကို များသောအားဖြင့် ရှင်းပြရန်အတွက် အချက်အလက်များစွာ လိုအပ်သည်။ အချက်အလက်အနည်းငယ်နှင့် တိတိကျကျ ရှင်းပြ၍ မရနိုင်ပေ။

ယခုတွင်မူ များပြားသော အချက်အလက်များက ထိုကဲ့သို့သော လူတစ်ယောက် တည်ရှိသည်ဟု ထောက်ပြနေသည်။ သို့သော် မည်သူမှ ထိုလူကို မှတ်မိခြင်းမရှိဘဲ ထိုသို့သောလူ တည်ရှိသည်ကို မယုံကြည်ကြပေ။

ကျန်းယွီသည် ရှင်းပြချက်များစွာကို စဉ်းစားခဲ့သည်။ ဂိမ်းထဲက ချို့ယွင်းချက် ထိုလူသည် ပျောက်နေခြင်း (သို့) ပုန်းနေခြင်း (သို့) သူသည် အချိန်ခရီးသွားပြီး ထိုသူ့ခန္ဓာကိုယ်ကို မတော်တဆ ပိုင်ဆိုင်သွားခြင်းတို့ ဖြစ်သည်...

သို့သော် မည်သည့် ရှင်းပြချက်ကမှ သေချာ ရှင်းပြနိုင်ခြင်း မရှိပေ။ တစ်ခုတည်းသော ရှင်းပြချက်မှာ အခြားရွာသား NPC များ၏ မှတ်ဉာဏ်များတွင် ချို့ယွင်းချက် ရှိနေခြင်း ဖြစ်သည်။

ဒေါသထွက်နေသော အဘိုးခြောက်က ပြန်ပြောသည်။

"မင်းက ငါတို့ရဲ့ မှတ်ဉာဏ်တွေအားလုံး မှားယွင်းနေတယ်လို့ ပြောနေတာလား? ဒီအလောင်းတစ်ခုတည်းအပေါ်မှာ အခြေခံပြီးပေါ့လေ? ဒါက ဟူဝမ် မဟုတ်ရင်တောင် တခြား ဖြတ်သွားဖြတ်လာတစ်ယောက် ဖြစ်နိုင်တာပဲ။ မင်း ဘယ်လိုလုပ်ပြီး အဲဒီလူပဲလို့ အတိအကျ ပြောနိုင်တာလဲ?"

ကျန်းယွီက ပြုံးပြီး ပြောသည်။

"ဒါကတော့ အစ်ကို အာ့တန်အတွက် မေးခွန်းပဲ သူက အရိုးစုအချို့ကို သယ်လာတာ ဘာလို့ တစ်ယောက်ယောက်ရဲ့ အရိုးစုကို မှားယွင်းသွားရတာလဲ?"

အာ့တန်က မချေမငံ ပြန်ပြောသည်။

"အဲဒီနေ့က ငါ သူတို့ကို သွားရှာခဲ့တယ်၊ ဒါပေမဲ့ အရိုးစုသုံးခုပဲ တွေ့တယ်။ သူတို့ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်တွေကို တောရိုင်းတိရစ္ဆာန်တွေက စားထားတာ သူတို့ရဲ့ အဝတ်အစားတွေကို ကြည့်ပြီးပဲ ကျွန်တော် ဆုံးဖြတ်ခဲ့ရတာ။ အရာအားလုံးက ခင်ဗျားပြောသလိုဆိုရင် ဟူဝမ်ရဲ့ အဝတ်အစားတွေက ဒီလူစိမ်းအပေါ်မှာ ဘယ်လိုလုပ် ရှိနေတာလဲ?"

ကျန်းယွီသည် ခေါင်းခါပြီး ပြောသည်။

"ကျွန်တော်လည်း အကြောင်းရင်းကို မသိဘူး။ အရာအားလုံးကို ဟူဝမ်ကို ရှာဖွေပြီးမှ ဖော်ထုတ်ရမည်။ ဒါပေမဲ့ ခင်ဗျားမှာ ဒီလို သံသယတွေ ရှိနေတာကြောင့် ကျွန်တော် ရဲရဲဝံ့ဝံ့ ခန့်မှန်းကြည့်ပါရစေ "

"ဟူဝမ်က တကယ့်တရားခံရဲ့ ပူးပေါင်းကြံစည်သူ ဖြစ်ပြီး တမင်တကာ လူသတ်မှုကို ကျူးလွန်ခဲ့တာ ဖြစ်နိုင်တယ်..."

သူ စကားမဆုံးခင် ဟူဝူက အော်လိုက်သည်။ "မဖြစ်နိုင်ဘူး! အစ်ကိုကြီးက ဒီလိုမျိုး ဘယ်တော့မှ မလုပ်ဘူး!"

ကျန်းယွီက ဆက်‌ေပြာသည်။

"အင်း... ဒါမှမဟုတ် သူက တမင်တကာ သူ့ရဲ့ အဝတ်အစားတွေကို ပြောင်းလဲပြီး သေဆုံးပြီဆိုတဲ့ အထင်အမြင်ကို ဖန်တီးခဲ့တာ ဖြစ်နိုင်တယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကိုတော့ ကျွန်တော် လုံးဝ မသိဘူး"

ကျန်လူများသည် တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ကြသည်။ သူတို့သည် ဟူဝမ်က တရားခံဖြစ်သည်ဟု ဝန်ခံရမည်ဖြစ်ပြီး သို့မဟုတ် သူတို့၏ မှတ်ဉာဏ်များ မှားယွင်းနေသည်ဟု ဝန်ခံရမည်ဖြစ်သည် နှစ်ခုစလုံးက ခက်ခဲသော ရွေးချယ်မှုများ ဖြစ်နေသည်။

လီ‌ေပါ်သည် တုန်ယင်သော အသံဖြင့် ကျန်းယွီကို မေးသည်။

"ဒီ... ဒီမကောင်းဆိုးကောင်... ငါတို့ရဲ့ မှတ်ဉာဏ်တွေ... တကယ်ပဲ မှားယွင်းနေတာလား?"

ကျန်းယွီသည် ချက်ချင်း အဖြေမပေးဘဲ သူတို့ကို ပြန်မေးသည်။

"မနေ့ညက မီးလောင်မှုကို ခင်ဗျားတို့ မှတ်မိသလား?"

ထိုစကားသည် မိုးကြိုးပစ်သကဲ့သို့ ဖြစ်သည်။ ဟူဝူနှင့် အာ့တန်တို့သည် နေရာတွင် တုံးလုံးလဲကျသွား၏။

ထို့နောက် ဟူဝူ ရေရွတ်လိုက်သည်။

"ကျွန်တော် မှတ်မိတယ်... အရက်ဆိုင်..."

လူတိုင်းသည် အရက်ဆိုင်ကို ချက်ချင်း ကြည့်လိုက်သည်။ မီးလောင်ထားသည့် အစအန တစ်စက်မှ မရှိပေ။ ၎င်းသည် အကောင်းအတိုင်း ရှိနေသည်။

အာ့တန်သည် အရက်ဆိုင်နှင့်ပတ်သက်သော သူ၏ မှတ်ဉာဏ်ကို အစကတည်းက ဆုံးရှုံးခဲ့သည်။ သို့သော် ကျန်းယွီက ဖော်ပြလိုက်သောအခါ ဖျက်ထားသော မှတ်ဉာဏ်များက သူ၏စိတ်ထဲသို့ ပြန်လည်ရောက်ရှိလာ၏။

"အဟင့်..."

အာ့တန်သည် ဒူးတစ်ဖက် ထောက်လိုက်ပြီး ခေါင်းကို နာကျင်စွာ ဖိကိုင်ထားသည်။

"ဘာဖြစ်တာလဲ?" လီ‌ေပါ်သည် အာဒန်ကို ထူပေးရန် ရှေ့သို့ တက်လာသည်။ သူ၏ အခြားလက်ဖြင့် အာ့တန်၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ရာ သွေးခုန်နှုန်းသည် ပုံမှန်ရှိနေသည်။

"ဘာမှမဖြစ်ဘူး ကျွန်တော် အဆင်ပြေပါတယ်..."

မှတ်ဉာဏ်နှင့် လက်တွေ့ဘဝကြားက ပြင်းထန်သော ပဋိပက္ခသည် အာ့တန်ကို အသက်ရှူကျပ်လုနီးပါး ဖြစ်စေသည်။ သူသည် သူ၏ လက်ဖဝါးကို စိုက်ကြည့်သည်။ထို့နောက် အရက်ဆိုင်ကို ကြည့်ရင်း နှစ်ပိုင်းကွဲနေသကဲ့သို့ ခံစားရသည်။

"အဘိုးခြောက်ရဲ့ အရက်ဆိုင်က ဘာလို့ ထိခိုက်မှုမရှိတာလဲ? ကျွန်တော် အိပ်မက်မက်နေတာလား?"

အာ့တန်သည် သူ့ကိုယ်သူ ရေရွတ်သည်။

ကျန်းယွီ ခေါင်းခါသည်။

"ကျွန်တော်သာ လုပ်နိုင်ရင် ဒါတွေအားလုံးက အိပ်မက်ဖြစ်ပါစေလို့ ဆုတောင်းချင်တယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ၊ အရက်ဆိုင်ဟာ မနေ့ညက တကယ်ပဲ ပြာကျခဲ့တယ်။ ခင်ဗျားတို့ရဲ့ မှတ်ဉာဏ်တွေက တကယ်ပဲ ချို့ယွင်းနေတယ်"

"ပိုအရေးကြီးတာက ခင်ဗျားတို့ သတိမထားမိသေးတာ -"

"ခင်ဗျားတို့ဟာ တကယ့်လူတွေ မဟုတ်ဘူး။ ကျွန်တော် အစက ပြောခဲ့သလိုပဲ၊ ခင်ဗျားတို့ဟာ NPC တွေပဲ၊ ကျွန်တော်နဲ့ အတူတူပဲ"

စကားဆုံးသည်နှင့် ခဏတာ တိတ်ဆိတ်သွားသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် အဘိုးခြောက်က တုံ့ပြန်သည်။ သူက ကျယ်လောင်စွာ ဆဲဆိုသည်။ "အဓိပ္ပာယ်မရှိတာ! လုံးဝ အဓိပ္ပာယ်မရှိတာ! မင်းက ငါတို့ရဲ့ မှတ်ဉာဏ်တွေကို ငြင်းပယ်တယ်၊ အခုတော့ ငါတို့ရဲ့ တည်ရှိမှုကိုပါ ငြင်းပယ်ချင်နေတာလား? ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ ကိစ္စလဲ!"

"ဒါတွေအားလုံးက ခင်ဗျားတို့ရဲ့ အဂ္ဂိရတ်ပညာတွေကြောင့် ငါတို့ မျက်စိမှောက်သွားတာပဲ! မင်းရဲ့ အကြံကို ငါတို့ယုံမိလုနီးပါ ဖြစ်သွားတယ် အတူတူ သတ်ပစ်လိုက်ရအောင်!"

အခြားသူများသည်လည်း သူ့နောက်မှ လိုက်၍ ကျန်းယွီကို အော်ဟစ်ကာ ချဉ်းကပ်လာသည်။ မြင်ကွင်းသည် ရှုပ်ထွေးသွား၏။

တွန်းထိုးခြင်း၊ ထိုးကြိတ်ခြင်း၊ ကုတ်ခြစ်ခြင်း၊ ပြီးတော့ ကိုက်ခြင်း...

ဂိမ်း၏ အကာအကွယ်မရှိလျှင် ကျန်းယွီသည် သေချာပေါက် အပိုင်းပိုင်း ပြတ်သွားမည် ဖြစ်သည်။

အတားအဆီးတစ်ခုသည် အခန်းထဲသို့ ဝင်ရောက်ခြင်းကို တားဆီးထား၏။ကျန်းယွီသည် အပြင်တွင် အထိအခိုက်မရှိပေ။ ရွာသားများ၏ စုပေါင်းတိုက်ခိုက်မှုသည်ပင် သူ့ကို ဘာမှ မထိခိုက်နိုင်ပေ။ နောက်ဆုံးတွင် သူတို့ လက်လျှော့လိုက်ကြသည်။

ကျန်းယွီသည် အေးဆေးတည်ငြိမ်စွာ သူ၏လက်ဖျားများကို ခါချလိုက်သည်။ ရွှေရောင်အလင်းသည် ဖုန်မှုန့်များကဲ့သို့ လင်းလက်နေကာ သူ ပြောလိုက်သည်။

"ကျွန်တော်သာ တကယ့် နတ်ဆိုးတစ်ကောင်ဆိုရင် ခင်ဗျားတို့အားလုံးကို သတ်ဖို့ ပိုမလွယ်ဘူးလား? ဘာလို့ အချိန်ကုန်ခံနေရမှာလဲ?"

လူတိုင်းသည် ထိုစကားက အဓိပ္ပာယ်ရှိသည်ဟု ထင်သည်။ နှစ်ဖက်စလုံးသည် ရပ်တန့်သွားကြ၏။ တစ်ဖက်ကမှ အခြားတစ်ဖက်ကို အနိုင်မယူနိုင်ပေ။

"စိတ်မပူကြနဲ့ ကျွန်တော် ပြောလို့မပြီးသေးဘူး..."

"အခု ကျွန်တော် မေးချင်တာက ခင်ဗျားတို့ထဲမှာ နေကို မြင်ဖူးတဲ့သူ တစ်ယောက်ယောက် ရှိသလား?" ကျန်းယွီက ရုတ်တရက် မေးသည်။

ကျန်းယွီ၏ မေးခွန်းကို ကြားရသောအခါ အဘိုးခြောက်သည် ပြန်လည် တုံ့ပြန်ရန် လုပ်သည်။ သို့သော် သူ၏ စိတ်ထဲတွင် ရုတ်တရက် နာကျင်မှုတစ်ခု ပေါ်လာသည်။ မေးခွန်းနှင့် ပတ်သက်ပြီး အနည်းငယ် စဉ်းစားလိုက်သည်နှင့် သူ၏ ဦးနှောက်ကို ချွန်ထက်သော ဓားတစ်ချောင်းက ထိုးဖောက်‌ေနသကဲ့သို့ ဖြစ်သွားသည်။

အခြားသူများလည်း အဘိုးခြောက်နှင့် အတူတူ ခံစားရသည်။ သူတို့၏ ခေါင်းများကို နာကျင်စွာ ဖိကိုင်ထားကြကာ အာ့တန်၏ အစောပိုင်း အမူအရာကဲ့သို့ ဖြစ်နေသည်။

အခန်းထဲက လော့ဖေးသည် တွေဝေစွာ ပြောသည်။ "အစ်ကိုယွီ သူတို့ ဘာဖြစ်နေတာလဲ? အဲဒီမေးခွန်းက ဘာလဲ?"

"သူတို့လား ငါ ထင်တာတော့ သူတို့က ပရိုဂရမ်တွေပဲ ဖြစ်လိမ့်တယ်။ သူတို့ ဘာလို့ ကိုယ်ပိုင် အသိစိတ် ရှိလာတယ်ဆိုတာ ငါလည်း မသိဘူး။ ဒါပေမဲ့ ဒီအသိစိတ်ဟာ ဂိမ်းထဲမှာ ညဘက်ပဲ အလုပ်လုပ်လေ့ရှိတယ်။ ဒါကြောင့် သူတို့ရဲ့ နေ့ဘက်နဲ့ ညဘက် အမူအရာတွေက အများကြီး ကွာခြားတယ်"

"နေ့ဘက်နဲ့ ညဘက် အမူအရာ ကွာခြားမှု..." လော့ဖေးသည် ဤအချက်ကို အရင်ကတည်းက သတိထားမိခဲ့သည်။ သို့သော် သူ ပြဿနာကို နားမလည်ခဲ့ပေ။ ကျန်းယွီ၏ စကားများကို ကြားရသောအခါ သူသည် ကွာခြားမှုကို ချက်ချင်း နားလည်သွားသည်။

နေ့ဘက်တွင် ရွာသားများသည် NPC များနှင့် ပို၍ တူသည်။ သူတို့သည် စက်ရုပ်ဆန်ဆန်နှင့် ထပ်ခါတလဲလဲ အလုပ်များကို လုပ်ဆောင်သည် စကားများကို ပြောသည်။ ညဘက်တွင် ရွာသားများသည် ကိုယ်ပိုင် အတွေးများ ရှိကြ၏။ စကားပြောဆိုမှုများကို ရှင်းရှင်းလင်းလင်း နားလည်နိုင်သည် ပြီးတော့ သူတို့၏ကိုယ်ပိုင် ကိုယ်ရည်ကိုယ်သွေး များ ရှိပြီး တကယ့်လူများကဲ့သို့ပင် ဖြစ်သည်။

ပိုအရေးကြီးသည်မှာ သူတို့သည် တကယ့်ကမ္ဘာတွင်ရှိသော AI များပင် မကျွမ်းကျင်သေးသည့် လူသားတို့၏ စိတ်ခံစားမှုများကို ပိုင်ဆိုင်ထားသည်။

"ငါ သူတို့ကို အဲဒီမေးခွန်း မေးခဲ့တာက နေ့ဘက်က သူတို့ရဲ့ မှတ်ဉာဏ်တွေကို သူတို့ မှတ်မိသလားဆိုတာကို စမ်းသပ်ဖို့ပဲ နေ့ဘက်မှာ ဟူဝူက အရက်ဆိုင် မီးလောင်မှုကို မမြင်ဖူးဘဲ ဟူဝမ်ရဲ့ အလောင်းကို မြှုပ်နှံခဲ့တာကို မသိဘူးလို့ ပြောခဲ့သည်ကို ခင်ဗျား မှတ်မိသလား"

"ဒါပေမဲ့ ညဘက်က ဟူဝူကတော့ မတူညီတဲ့အရာကို ပြောခဲ့တယ် သူက မီးလောင်မှုနဲ့ မြှုပ်ထားတဲ့‌ေနရာကို မှတ်မိနေသည်။ ဒါက နေ့ဘက်နဲ့ ညဘက် ရွာသားတွေက မှတ်ဉာဏ်တွေကို မျှဝေခြင်း မရှိဘူးဆိုတာ ပြနေသည်။ တိတိကျကျ ပြောရရင်... သူတို့က တစ်ယောက်တည်းတောင် မဟုတ်ဘူး"

ကျန်းယွီ၏ စကားများသည် လော့ဖေးကို အေးခဲသွားစေခဲ့သည်။

ဤထူးခြားသော အခြေအနေတွင် သူသည် ထိုသို့ရဲတင်း‌ေသာ ကောက်ချက်ကို မည်သို့ ရရှိခဲ့သလဲ? လော့ဖေးသည် အံ့ဩမိသည်။

၎င်းသည် ကျန်းယွီနှင့် အခြားရွာသားများ ပထမဆုံး တိုက်ရိုက်တွေ့ဆုံမှု ဖြစ်သည်။ အကယ်၍ သူ၏ဆုံးဖြတ်ချက် မှားယွင်းပါက သူသည် ဒေါသထွက်နေသော ရွာသားများကြောင့် အပိုင်းပိုင်းပြတ်သွားမည် ဖြစ်သည် ကာကွယ်မှုလည်း မရှိပေ။

"ခင်ဗျား... ခင်ဗျားက တကယ်ပဲ NPC တစ်ယောက်လား?" လော့ဖေးက မေးသည်။

"လုံးဝပဲ"

ကျန်းယွီသည် ဤနေရာတွင် အချိန်အကြာကြီး မနေလိုသလို လော့ဖေးကိုလည်း သူ့အကြောင်း အလွန်အမင်း သိရှိစေလိုခြင်း မရှိပေ။ အထူးသဖြင့် ဤစိတ်အနှောင့်အယှက်ဖြစ်စေသော စနစ်ကို ရှောင်ရှားရန် ဖြစ်သည်။ အကယ်၍ ၎င်းသာ နောက်ထပ် ချို့ယွင်းချက်တစ်ခုကို ဖန်တီးပါက သူ ပြဿနာကြီးကြီးမားမား တက်လိမ့်မည်။

လော့ဖေးသည် ပညာရှိစွာ ထပ်ပြီး မမေးတော့ပေ။ သူသည် စက်ရုပ်များက ပုန်ကန်ပြီး လူသားများကို သတ်သည့် ရုပ်ရှင်များကို တကယ့်ကမ္ဘာတွင် အများကြီး မြင်ဖူးသည်။ သူ၏ လမ်းညွှန် သည်လည်း ကိုယ်ပိုင်အသိစိတ် နိုးထလာသလားဟု တွေးမိသည်။

ကျန်းယွီသည် သူ၏ ခွဲခြမ်းစိတ်ဖြာမှုကို ဆက်လက်လုပ်ဆောင်သည်။

"ငါ ခုမှ သတိထားမိတဲ့ နောက်တစ်ခု ရှိသေးတယ်။ အဘိုးခြောက်က အချိန်အကြောင်း ဘာပြောခဲ့သလဲဆိုတာ မင်းမှတ်မိသလား?"

လော့ဖေးက ခေါင်းညိတ်သည်။ "ဟုတ်"

"သုံးယောက် သတ်ခံရတဲ့ အချိန်ကနေ ခင်ဗျား ရွာကို ရောက်တဲ့အချိန်အထိ တစ်လမပြည့်သေးဘူး။ ဒါပေမဲ့ အရိုးတွေရဲ့ ပုပ်ဆွေးမှုက အချိန်အကြာကြီး ရှိနေပြီလို့ ပြနေတယ်။ ဒါပေမဲ့ ခင်ဗျား သိသင့်တာက ဒီရွာထဲက လူတိုင်းနဲ့ အရာအားလုံးက ကိုယ်တိုင် ပြန်လည်ပြုပြင်နိုင်တဲ့ လုပ်ဆောင်ချက် ရှိတယ်။ အရက်ဆိုင် မီးလောင်သွားရင်တောင် ပြန်ပြင်မယ်။ တာ့နျူတစ်ခါ သေသွားရင်တောင် ပြန်ရှင်လာမယ်။ ဒါက ဘာကို ဆိုလိုတာလဲ?"

ခေါင်းကွဲလုနီးပါး ဖြစ်နေသော တာ့နျူသည် ကျောက်ယွီ၏ စကားများကို ကြားလိုက်သည်။ သူမ၏ ပျောက်ဆုံးနေသော မှတ်ဉာဏ်များသည် သူမ၏စိတ်ထဲသို့ တဖြည်းဖြည်း ပြန်လည်ပေါင်းစည်းလာသည်။ သူမ အော်ဟစ် ငိုယိုသည်။ သူမ၏ ခေါင်းကိုက်မှုကို မနည်း ထိန်းချုပ်ထားသော ကျန်းမုဆိုးမသည် တာ့နျူ၏ နားများကို ပိတ်ထားပြီး သူမကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ဖက်ထားသည်။

လော့ဖေးက ဘယ်လို ပြန်ဖြေရမှန်း မသိသည်ကို မြင်သောအခါ ကျန်းယွီသည် သူ့ဘာသာသူ ပြန်ဖြေသည်။

"ဒါက ရွာနဲ့ မသက်ဆိုင်တဲ့ အရာတွေကို ပြန်လည်ပြုပြင်မှာ မဟုတ်ဘူးဆိုတာကို ဆိုလိုတယ်။ အရိုးစုသုံးခုက ရွာအပြင်ဘက်မှာ သေဆုံးခဲ့တယ်။ ဒါကြောင့် သူတို့က ရှင်းရှို့ ရွာနဲ့ မသက်ဆိုင်ဘူးလို့ သတ်မှတ်ခံရတယ်။ အဲ့ဒါကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ သူတို့ကိုယ်သူတို့ ပြန်မပြင်နိုင်ဘဲ ဆွေးမြေ့သွားခဲ့တာ"

"သူတို့ရဲ့ မှတ်ဉာဏ်တွေကို ထပ်ခါတလဲလဲ လှည့်ပတ်နေတဲ့ ရှင်းရှို့ ရွာမှာ ပိတ်မိနေတယ်။ သူတို့က သူတို့ရဲ့ ကိုယ်ပိုင် အသိစိတ်နဲ့ ယုတ္တိဗေဒကို သုံးပြီး လက်စားချေနိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ သူတို့ဟာ ဂိမ်းရဲ့ ညွှန်ကြားချက်ကို သစ္စာရှိရှိလိုက်နာနေကြတာပဲ - ရောက်လာတဲ့ ကစားသမားတိုင်းကို သတ်ပါ။ လုပ်ငန်း ပြီးဆုံးသွားတဲ့အခါ သူတို့ရဲ့ မှတ်ဉာဏ်တွေက သုံးယောက်ကို မြှုပ်နှံပြီးတဲ့ နောက်တစ်နေ့ကို ပြန်‌ေရာက်ရှိသွားလိမ့်မယ်"

"နေဦး အစ်ကိုယွီ” လော့ဖေးက ဖြတ်ပြောသည်။ "ဒါပေမဲ့ ဒီသက်ကယ်မိုးတဲက..."

"မင်း ဘာပြောချင်လဲဆိုတာ ငါသိတယ်"

ဟု ကျန်းယွီက ဆက်‌ေပြာသည်။

"အချက်အလက်အားလုံးကို အခြေခံပြီး ငါ သံသယဝင်တာက ဒီတဲဟာ ရှင်းရှို့ရွာနဲ့ မသက်ဆိုင်ဘူး။ ရှင်းရှို့ ရွာရဲ့ သတ်မှတ်ချက်အရ NPC တွေဟာ ထိခိုက်မှု မရှိသင့်ဘူး။ ဒါပေမဲ့ သေတ္တာထဲက လက်နက်တွေက NPC တွေကို ထိခိုက်စေနိုင်ပြီး သတ်တောင် သတ်နိုင်တယ်"

လော့ဖေးက ရေရွတ်သည်။ "တာ့နျူရဲ့ တုန်းကလိုလား?"

ကျန်းယွီက ခေါင်းညိတ်သည်။ "ဟုတ်တယ်။ ပြီးတော့ နောက်တစ်ကြိမ်"

လော့ဖေးသည် ကျန်းယွီ ပြောခဲ့သော လက်နက်ငါးခုကို ပြန်သတိရသည်။ အဲဒါက ပုဆိန်လား?

"ဒါတင်မကဘူး။ အခန်းထဲက ပစ္စည်းတွေအားလုံးကလည်း သူတို့ကိုယ်သူတို့ ပြန်မပြင်နိုင်ဘူး။ ရေနံဆီမီးခွက်နဲ့ လက်နက်တွေ‌ေရာပဲ။ ငါ စားပွဲကို ကုတ်ခြစ်ပြီး စမ်းသပ်ကြည့်သေးတယ်။ တစ်ရက်အကြာမှာတောင် ပြန်မပြင်နိုင်ခဲ့ဘူး"

"ကံမကောင်းစွာပဲ လက်တွေ့ဘဝကတော့ နောင်တတွေနဲ့ ပြည့်နေတတ်တယ် ပျက်စီးသွားတာတွေက ပြင်လို့မရတော့ဘူး။ ဆုံးရှုံးသွားတာတွေက ပြန်မရတော့ဘူး။ ပုံရိပ်‌ေယာင်ကမ္ဘာမှာပဲ ပြန်လည်ပြုပြင်မှုတွေ ရှိတယ်၊ ပြန်လည်မွေးဖွားခြင်းဆိုတာ ရှိတယ်"

"ဂိမ်းလို့ ခေါ်ရတဲ့ အကြောင်းရင်းကတော့ ကစားသမားတွေဟာ အမြဲတမ်း အစကနေ ပြန်စဖို့ အခွင့်အရေးရှိလို့ပဲ"

ကျန်းယွီသည် သက်ပြင်းကို လေးလေးနက်နက် ချလိုက်သည်။

All Chapters