← Chapters

မှင်စာများ

Vol. 1 Ch. 14

မှင်စာများ

Vol. 1 Ch. 14

လသစ်တောအုပ်ချိုင့်ဝှမ်း၊ ညအခါ။

ကျန်းယွီနှင့် လော့ဖေးတို့သည် တောအုပ်၏ မြေပြန့်ပြူးသောနေရာတစ်ခုတွင် မီးပုံဖိုခဲ့ကြ၏။ ဂိမ်းသည် တကယ့်ရာသီဥတုနှင့် အပူချိန်စနစ်များကို တူပထားဟန်တူ၏။ ညဘက်တောင်လေသည် အေးစက်ခြောက်သွေ့ကာ ထင်းများကြားတွင် တိုက်ခတ်ရင်း တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်နေတော့သည်။

ကျန်းယွီသည် သူ၏ညာဘက်လက်တွင် ချွန်ထက်သောကျောက်တုံးတစ်တုံးကို ကိုင်ဆောင်လျက် ရှည်လျားသောအကိုင်းအခက်တစ်ခုကို ထပ်ခါထပ်ခါ ချောမွတ်အောင်ပြုလုပ်နေပြီး တဖြည်းဖြည်းနှင့် ဓားရှည်တစ်ချောင်းပုံစံသို့ ပုံဖော်နေ၏။ သူသည် သစ်သားစများကို မှုတ်ထုတ်လိုက်ပြီး "ဓား" ၏ထိပ်ပိုင်းကို အကြိမ်ကြိမ်အခါခါ ပါးလွှာအောင်ပြုလုပ်လိုက်သည်။

"ပြီးပြီ။" ကျန်းယွီသည် သူ၏လက်ထဲမှ သစ်သားဓားကို သေသေချာချာ စစ်ဆေးလိုက်၏။

နာမည်မြင်စွမ်း သည် စာကြောင်းတစ်ကြောင်းကို ဖော်ပြနေသည်—

「ကောက်ကွေးသော သစ်သားဓားရှည်」- ညံ့ဖျင်းသောလက်သမားတစ်ဦးမှ ပြုလုပ်ထားသော သစ်သားဓားရှည်ဖြစ်ပြီး မထက်မြက်သည့်အပြင် အလွယ်တကူကျိုးပဲ့သွားနိုင်ဟန်ရှိသည်။

ကျန်းယွီသည် နှုတ်ခမ်းထောင့်ကို တွန့်လိုက်သည်၊ "စနစ်ရာ၊ မင်းတော့ လွန်လွန်းနေပြီ..."

သူသည် ဓားကို အနီးရှိမြေပြင်ပေါ်တွင် လဲလျောင်းနေသော လော့ဖေးထံသို့ ပစ်ပေးလိုက်သည်

"ယူလိုက်"

လော့ဖေးသည် ဓားကိုဖမ်းယူလိုက်ပြီး လက်ထဲတွင် ပေါ့ပေါ့ပါးပါးကစားလိုက်၏။

"ကျေးဇူးပဲ ရွာထဲမှာ လူတိုင်းက အပြင်မှာ တောဝက်ဘီလူးတွေ ဆိုးသွမ်းနေတယ်လို့ပြောကြပေမယ့် ငါတို့လမ်းလျှောက်လာတာ တစ်နေ့နီးပါးရှိပြီ၊ ဝက်မွေးတစ်ပင်တောင်မတွေ့သေးဘူး။"

"မင်းသူတို့ကိုမတွေ့တာ ကံကောင်းတာပဲ။ လူတော်တော်များများ အပြင်ထွက်သွားပြီး သူတို့ကိုမနိုင်ခဲ့ဘူး။ ငါတို့ရှောင်နိုင်ရင် ရှောင်သင့်တယ်။"

ကျန်းယွီသည်လည်း နားမလည်နိုင်ဖြစ်နေ၏။ ဂိမ်းတစ်ခုထဲတွင် ကစားသမားများလေ့ကျင့်ပြီး အဆင့်တက်ရန်အတွက် လူသစ်ကျေးရွာအနီးတွင် မိစ္ဆာအချို့ရှိသင့်သည်မဟုတ်လော။ သူတို့နှစ်ဦးသည် တစ်နေ့လုံးလမ်းလျှောက်ခဲ့ကြသော်လည်း ပတ်ဝန်းကျင်သည် ငြိမ်းချမ်းတိတ်ဆိတ်နေပြီး ယုန်တစ်ကောင် သို့မဟုတ် အခြားတိရစ္ဆာန်ငယ်တစ်ကောင်မျှပင် မမြင်တွေ့ခဲ့ရချေ။

အကြီးမားဆုံးပြဿနာမှာ တောဝက်ဘီလူးများနှင့် ကြုံတွေ့ရခြင်းမဟုတ်ဘဲ လမ်းပျောက်ခြင်းပင်ဖြစ်၏။

စနစ်သည် ကျန်းယွီအား လော့ဖေးကို အမွှာရွာသို့ လမ်းညွှန်ရန်ပြောခဲ့သော်လည်း မြေပုံတစ်ခုမျှပင်မရှိခဲ့ပေ။ ရှင်းရှို့ရွာမှလူများသည် နေ့ခင်းဘက်တွင် သာမန် NPC များအဖြစ်သို့ ပြန်လည်ရောက်ရှိသွားပြီး သူတို့၏စကားများကို စက်ရုပ်ကဲ့သို့သာ ရွတ်ဆိုနေကြသည်။ ကျန်းယွီသည် မည်သည့်သဲလွန်စမျှမတွေ့နိုင်သောကြောင့် လော့ဖေးကို ရွာအဝင်ဝ၏မြောက်ဘက်ရှိ တည့်တည့်လမ်းအတိုင်း ခေါ်ဆောင်သွားရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ချေ။

ရလဒ်အနေဖြင့် တစ်နေ့လုံးလမ်းလျှောက်ပြီးနောက် သူတို့သည် သစ်ပင်များနှင့် ကျောက်တုံးများမှလွဲ၍ ဘာတစ်ခုမျှမမြင်တွေ့ခဲ့ကြရပေ။

"ယွီကော၊ မင်းက အဲ့ဒီဓားကို ကာကွယ်ဖို့မသုံးဘူးလား။" လော့ဖေးက မေးလိုက်သည်။

ကျန်းယွီ ခေါင်းခါသည်

"ငါ့ 'ဓား' က မင်းအတွက်ပဲ။ ငါက တိုက်ခိုက်မှုမှာမပါဝင်ဘူး။"

"မိစ္ဆာတစ်ကောင်က မင်းနားကိုကပ်လာရင် ဘယ်လိုလုပ်မလဲ။ ငါမင်းကိုမကာကွယ်နိုင်ဘူးနော်။"

ကျန်းယွီသည် သူ၏ခေါင်းကို လက်ညှိုးဖြင့်တို့လိုက်သည်

"ဒါကိုသုံး။"

လော့ဖေးသည် ခဏတာတိတ်ဆိတ်သွားပြီး သူပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်မိ၏။ သူသည် အများဆုံးအဆင့် ၃ သာရှိပြီး သူ၏အသက်ရှင်နိုင်စွမ်းသည် ကျန်းယွီထက် ပိုမကောင်းနိုင်ပေ။

နှစ်ဦးသား စကားစမြည်ပြောနေစဉ် တောင်လေနှင့်အတူ အော်ဟစ်သံတစ်ခု လွင့်ပါလာသည်။

"ကယ်ကြပါဦး ကယ်ကြပါဦး..."

လော့ဖေးသည် ဖျတ်ခနဲထရပ်လိုက်သည်- "အဲ့ဒါ အကူအညီတောင်းသံလား။"

ကျန်းယွီသည် သေသေချာချာနားထောင်လိုက်ရာ ချိုင့်ဝှမ်းထဲမှ တိုးညှင်းသောအသံကို အမှန်ပင်ကြားလိုက်ရ၏။

"ချောင်းကမ်းပါးချိုင့်ဝှမ်းကနေလာတာထင်တယ်။ အဲ့ဒီကိုသွားကြည့်ကြရအောင်။ အခြေအနေကိုအရင်လေ့လာပြီးမှ လှုပ်ရှားကြမယ်။" ကျန်းယွီက ပြောလိုက်သည်။

လော့ဖေးသည် အိုကေဟု လက်ဟန်ပြလိုက်ပြီး မီးပုံကိုအလျင်အမြန်ငြှိမ်းသတ်ကာ တစ်ယောက်လျှင်မီးရှူးတိုင်တစ်တိုင်စီကိုင်ဆောင်လျက် အော်ဟစ်သံလာရာအရင်းအမြစ်သို့ ကျန်းယွီနှင့်အတူ ချဉ်းကပ်သွားသည်။

ကျန်းယွီနှင့် လော့ဖေးတို့စခန်းချရာနေရာသည် ချောင်းကမ်းပါးချိုင့်ဝှမ်းနှင့် မီတာအနည်းငယ်ခန့်သာကွာဝေးပြီး သိပ်မဝေးလှပေ။ မကြာမီမှာပင် သူတို့သည် အသံ၏အရင်းအမြစ်ကို မြင်တွေ့လိုက်ရသည်။

အနည်းငယ်ဝသောလူတစ်ဦးကို ရုပ်ဆိုးသောလူပုံစံမိစ္ဆာသုံးကောင်က လိုက်လံဖမ်းဆီးနေ၏။ သူသည် လက်ထဲတွင်လေးတစ်လက်ကိုင်ဆောင်ထားပြီး သူ၏ဘေးတွင် လူအချို့သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေကာ အသက်မရှိတော့ဟန်တူသည်။ မီးရှူးတိုင်အချို့သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး အခြေအနေကိုလေ့လာရန် အလင်းရောင်ရင်းမြစ်တစ်ခုကို ပံ့ပိုးပေးနေသည်။

လူပုံစံမိစ္ဆာသုံးကောင်သည် သစ်သားခက်ရင်းများနှင့် တုတ်များကိုင်ဆောင်ထားပြီး သူတို့၏ပါးစပ်မှ မနှစ်မြို့ဖွယ်ကောင်းသောအသံများကို ပြုလုပ်နေကြ၏။

"ကယ်ကြပါဦး။" အနည်းငယ်ဝသောလူ၏အသံသည် ယခုအခါ အလွန်ရှင်းလင်းနေပြီဖြစ်သည်။

ကျန်းယွီသည် သေသေချာချာကြည့်လိုက်ရာ အနည်းငယ်ဝသောလူ၏ခေါင်းပေါ်မှနာမည်ကို မြင်လိုက်ရသည်—

【ကစားသမား】【ရှုထျန်းသုန်း】【အဆင့် ၃】

လဲကျနေသောလူအချို့၏အပေါ်တွင်မူ သူတို့၏အနက်ရောင်နာမည်များက

【NPC】【ကျန်းချွမ်လီ】【အဆင့် ၃】၊

【NPC】【ဟူဝမ်】【အဆင့် ၄】၊

【NPC】【ယွမ်တန်】【အဆင့် ၂】

【NPC】【အာ့တန်】【အဆင့် ၂】 ဟုရေးသားထားသည်။

ဟင် ဘာဖြစ်နေတာလဲ ကျန်းယွီ နားမလည်နိုင်ဖြစ်သွား၏။

လူပုံစံမိစ္ဆာသုံးကောင်အတွက်မူ ကျန်းယွီသည် သူတို့၏အချက်အလက်ကိုလည်း မြင်နိုင်သည်-

【NPC】【မှင်စာ】【အဆင့် ၆】၊

【NPC】【မှင်စာ】【အဆင့် ၆】၊

【NPC】【မှင်စာ】【အဆင့် ၇】

မှင်စာတွေ။

မှင်စာများသည် အနောက်တိုင်းစိတ်ကူးယဉ်ဂိမ်းများတွင် မကြာခဏပေါ်ပေါက်တတ်သော လူပုံစံမိစ္ဆာတစ်မျိုးဖြစ်၏။ သူတို့သည် အစိမ်းရောင် သို့မဟုတ် အသားမည်းပြီး ရုပ်ဆိုးကာ ချွန်ထက်သောလက်သည်းများနှင့် ရှည်လျားပြီး ထောင်နေသောနားရွက်များရှိသည်။ သူတို့သည် များသောအားဖြင့် ဉာဏ်ရည်မကောင်းကြဘဲ ရက်စက်ကြမ်းကြုတ်ပြီး သွေးသောက်သည့်လူနေမှုဘဝကို ထိန်းသိမ်းထားကြသည်။

သို့သော် တရုတ် ရိုးရာအခြေခံဂိမ်းတစ်ခုတွင် အဘယ်ကြောင့်မှင်စာများရှိနေရသနည်း။

ကျန်းယွီ၏ခေါင်းပေါ်တွင် မေးခွန်းအမှတ်အသားများ ပိုမိုများပြားလာသည်။

"ဘယ်လိုထင်လဲ။" လော့ဖေးက မေးသည်

"ငါတို့ကူညီသင့်လား။"

ကျန်းယွီက ခေါင်းညိတ်သည်

"ဟုတ်တယ် ငါမိစ္ဆာတွေကိုဆွဲဆောင်လိုက်မယ် မင်းသူ့ကိုသွားကူညီလိုက်။ တိုက်ရိုက်တိုက်ခိုက်မှုမလုပ်နဲ့ စောနက မီးပုံမှာပြန်တွေ့မယ်။"

စကားပြောပြီးနောက် ကျန်းယွီသည် လော့ဖေးကိုတွန်းဖယ်လိုက်ပြီး သူ၏မီးရှူးတိုင်ကိုငြှိမ်းသတ်ကာ မှင်စာများ၏နောက်ဘက်သို့ရွှေ့ပြောင်းသွားပြီး လမ်းလျှောက်ရင်း လေချွန်သံအနည်းငယ်ပြုလုပ်လိုက်သည်။

မှင်စာအချို့သည် သူတို့နောက်ကို သတိဖြင့်ကြည့်လိုက်ပြီး လော့ဖေးသည်လည်း ရှုထျန်းသုန်းရှိရာနေရာသို့ ချဉ်းကပ်သွားသည်။

ရှုထျန်းသုန်းသည် တစ်စုံတစ်ယောက်သူ့ထံချဉ်းကပ်လာသည်ကို ခံစားလိုက်ရ၏။ လော့ဖေး၏ပုံရိပ်ကိုမြင်သောအခါ သူသည် ဝမ်းမြောက်စွာပြောသည်၊ "ဟေး... မင်းက ငါ့ကို လာကယ်တာလား။"

ကျန်းယွီ၏ အလျင်စလိုလေချွန်သံများသည် မှင်စာများကို ရှုပ်ထွေးသွားစေသောကြောင့် သူတို့သည် အုပ်စုနှစ်စုခွဲလိုက်ကြ၏။ တစ်စုသည် ရှုထျန်းသုန်းကို ဆက်လက်လိုက်လံဖမ်းဆီးနေပြီး အခြားနှစ်ကောင်မှာမူ ဆန့်ကျင်ဘက်သို့ ရှာဖွေနေကြသည်။

ရှုထျန်းသုန်းသည် အချိန်အတော်ကြာလိုက်လံခံရပြီးနောက် မောပန်းနွမ်းနယ်နေ၏။ သူသည် သူ့နောက်မှမှင်စာ၏ဖမ်းဆီးခြင်းခံရတော့မည်ပြုစဉ် အနက်ရောင်ပုံရိပ်တစ်ခုသည် တောအုပ်ထဲမှ လျှပ်တပြက်ထွက်ပေါ်လာသည်။

"ပြင်းထန်သောထိုးနှက်ချက်"

သစ်သားဓားသည် အနက်ရောင်လျှပ်စီးကြောင်းကဲ့သို့ အပူရှိန်ကိုဖြတ်သန်းသွားပြီး ဓားထိပ်သည် မှင်စာ၏လည်ချောင်းကို တိကျစွာထိမှန်ကာ မီတာအနည်းငယ်အကွာသို့ လွင့်စင်သွားစေသည်။

လော့ဖေးသည် အမှောင်ရိပ်ထဲမှထွက်ပေါ်လာပြီး ရှုထျန်းသုန်းကို ထူမပေးလိုက်သည်။

"ပြေး"

အဆင့် ၃ သို့အဆင့်မြှင့်တင်ပြီးနောက် လော့ဖေး၏ခွန်အားသည် များစွာတိုးတက်လာခဲ့၏။ လူတစ်ယောက်ကိုသယ်ဆောင်ရင်းပြေးလျှင်ပင် သူသည် အထူးတလည်မောပန်းနွမ်းနယ်မည်မဟုတ်ပေ။

မှင်စာသည် လွင့်စင်သွားပြီးနောက် ဒဏ်ရာမရခဲ့သော်လည်း ခဏတာတွေဝေပြီးနောက် နှစ်ဦးစလုံး တောအုပ်ထဲသို့ ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရ၏။ သူသည် နေရာမှာပင် ဒေါသတကြီးခြေဆောင့်ရုံသာ တတ်နိုင်တော့သည်။

တစ်ဖက်တွင် ကျန်းယွီသည် ချောင်းကမ်းပါးသို့ချဉ်းကပ်ပြီး အရိပ်ထဲတွင်ပုန်းအောင်းကာ ကျောက်စရစ်ခဲတစ်ဆုပ်ကို ကိုင်ဆောင်ထား၏။

မှင်စာမချဉ်းကပ်မီမှာပင် သူသည် ကျောက်စရစ်ခဲများကို ချောင်းထဲသို့ပစ်လိုက်သည်။

"ဒင်"

ကျောက်တုံးများသည် ရေထဲသို့ကျရောက်သွားပြီး ရှင်းလင်းသောအသံထွက်ပေါ်လာ၏။

ထို့နောက် ကျန်းယွီသည် ကျောက်တုံးများကို ပို၍ဝေးသောနေရာသို့ ဆက်လက်ပစ်လိုက်သည်။

"ဒင် ဒင်” နောက်ထပ်အသံနှစ်သံ။

ကျန်းယွီသည် ကျောက်တုံးအချို့ကို ပို၍ပင်ဝေးသောနေရာများသို့ ပစ်လိုက်သည်။

မှင်စာများသည် တစ်စုံတစ်ယောက်ချောင်းကမ်းပါးတစ်လျှောက်ဖြတ်သန်းသွားသည်ဟုထင်ကာ ကျောက်စရစ်ခဲများ၏အသံနောက်သို့ လိုက်ပါသွားကြ၏။

ကျန်းယွီသည် မှင်စာများထွက်ခွာသွားသည်ကိုအသုံးချကာ သူလာခဲ့သောလမ်းအတိုင်း အလျင်အမြန်ပြန်လာခဲ့သည်။

မီးပုံသို့ပြန်ရောက်သောအခါ ကျန်းယွီသည် လော့ဖေးနှင့် တုန်လှုပ်နေဆဲဖြစ်သော ရှုထျန်းသုန်းကို တွေ့လိုက်ရ၏။

ကျန်းယွီသည် သူ၏မီးခြစ်တံကိုထုတ်ကာ မီးပုံကိုပြန်လည်မွှေးလိုက်သည်။

ရှုထျန်းသုန်းသည် အသက်ရှူမှန်သွားသည်- "ဟူး၊ ငါ့ကိုကယ်တင်ပေးလို့ကျေးဇူးတင်ပါတယ်။ မင်းတို့လည်း ကစားသမားတွေလား။"

ကျန်းယွီသည် စကားမပြောဘဲ လော့ဖေးက ပြန်ဖြေသည်- "ဟုတ်ပါတယ်။ ကျွန်တော့်နာမည် လော့ဖေးပါ။ ခင်ဗျားက..."

ရှုထျန်းသုန်းသည် သူ၏လက်မှချွေးများကို သူ၏ဖျင်အင်္ကျီဖြင့်သုတ်လိုက်ပြီးနောက် လော့ဖေး၏လက်ကို စိတ်လှုပ်ရှားစွာဆုပ်ကိုင်လိုက်သည်

"ဝိုး ငါ အသက်ရှင်နေတဲ့လူတွေနဲ့တွေ့ရုံတင်မကဘူး၊ မင်းနဲ့ပါ နာမည်တူနေတာပဲ”

"ငါ့နာမည်က ရှုဖေး၊ တွေ့ရတာဝမ်းသာပါတယ်... အိုး စကားမစပ် ဒီအသုံးမကျတဲ့ဂိမ်းကနေ ဘယ်လိုထွက်ရမလဲဆိုတာ မင်းသိလား။"

"အမ်..." ရုတ်တရက် ရင်းနှီးစွာ ပြောဆိုမှုကြောင့် လော့ဖေး ကြောင်သွားသည်။

"ကျွန်တော်သာထွက်လို့ရရင် ထွက်သွားတာ ကြာလောက်ပြီ။"

"ဟုတ်တယ်မလား သေစမ်း ဒီအသုံးမကျတဲ့ဂိမ်းရဲ့ဒီဇိုင်းက လုံးဝကျိုးကြောင်းဆီလျော်မှုမရှိဘူး။ သူတို့ဒါရိုက်တာကို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် လျော်ကြေးတောင်းပြီး တရားစွဲပစ်မယ်။" ရှုထျန်းသုန်းက ကျိန်ဆဲသည်။

ထို့နောက် ရှုထျန်းသုန်းသည် ကျန်းယွီကိုကြည့်ကာ သူ၏လက်ကိုဆန့်တန်းပြီး လက်ဆွဲနှုတ်ဆက်ရန်ပြုသည်

"အေးစက်တဲ့ညီလေး မင်းက သူ့သူငယ်ချင်းလား မင်းနာမည်ဘယ်လိုခေါ်လဲ။"

ကျန်းယွီသည် ရှုထျန်းသုန်းကို လျစ်လျူရှုလိုက်၏။ သူသည် မီးပုံထဲမှထင်းများကို အကိုင်းအခက်တစ်ခုဖြင့် ဆက်လက်မွှေနှောက်နေပြီး ခြောက်သွေ့သောထင်းကိုလှန်လိုက်ရာ ထင်းများသည် တဖျစ်ဖျစ်မြည်လာသည်။

ရှုထျန်းသုန်းသည် သူ၏လက်ကို ရှက်ရွံ့စွာ ပြန်ရုပ်သိမ်းလိုက်ပြီး လော့ဖေးကိုပြောသည်-

"ဟာ၊ မင်းသူငယ်ချင်းက တကယ်အေးစက်တာပဲ”

လော့ဖေးသည် ပြန်မဖြေဘဲ မေးလိုက်သည်- "ခုနကဘာဖြစ်သွားတာလဲ။ ဘာလို့အဲ့ဒီမိစ္ဆာတွေက မင်းကိုလိုက်နေတာလဲ။"

ထို့နောက် ရှုထျန်းသုန်းသည် လျှို့ဝှက်စွာပြောသည်

"ငါမင်းကိုပြောပြမယ်၊ ဒီဂိမ်းက အရမ်းယုတ်မာတယ်။"

"အိုး ဘယ်လိုလဲ။"

လော့ဖေး စိတ်ဝင်စားလာသည်။

ရှုထျန်းသုန်းသည် တိုးတိုးလေးပြောသည်-

"「ထာဝရကုန်းမြေ」 မှာ အဓိကဆာဗာနှစ်ခုရှိတယ်၊ ကမ္ဘ့ာအ‌ေရှ့ခြမ်းဆာဗာ 「ကျင့်ကြံခြင်း」 နဲ့ ကမ္ဘာ့အ‌ေနာက်ခြမ်းဆာဗာ 「မိစ္ဆာသတ်ဖြတ်ခြင်း」 ပဲ။ တီထွင်သူတွေက အရှေ့နဲ့အနောက်က ကစားသမားတွေရဲ့စိတ်ကြိုက်ကို ဖြည့်ဆည်းပေးချင်လို့ ဂိမ်းစနစ်နဲ့တန်ဖိုးတွေက ဆင်တူပေမယ့် ဆာဗာနှစ်ခုလုံးက ဇာတ်လမ်းတွေ၊ ဂိမ်းအရင်းအမြစ်တွေနဲ့ ဂေဟစနစ်တွေက လုံးဝကွဲပြားတယ်။"

"「ကျင့်ကြံခြင်း」 ရဲ့ကမ္ဘာက ကျင့်ကြံသူကမ္ဘာဖြစ်ပြီး မတူညီတဲ့နိုင်ငံအလိုက်ဆာဗာခွဲတွေမှာ ထူးခြားတဲ့အသက်မွေးဝမ်းကျောင်းတွေနဲ့ ရန်သူတွေရှိလိမ့်မယ်၊ 「မိစ္ဆာသတ်ဖြတ်ခြင်း」 ရဲ့ကမ္ဘာကတော့ အနောက်တိုင်းစိတ်ကူးယဉ်ကမ္ဘာဖြစ်ပြီး သူရဲကောင်းက နဂါးဆိုးကိုတိုက်ခိုက်တဲ့ဇာတ်လမ်းမျိုးပေါ့။"

"ဥပမာ ငါတို့ဆာဗာ 「ကျင့်ကြံခြင်း」 မှာ အပြင်မှာကြုံတွေ့ရတဲ့မိစ္ဆာတွေက များသောအားဖြင့် ယုန်နတ်ဆိုးတွေ မီးအိမ်မိစ္ဆာတွေနဲ့ တောဝက်တွေပဲဖြစ်တယ်၊ ခုနကပေါ်လာတဲ့မှင်စာတွေကတော့ ကမ္ဘာ့အ‌ေနာက်ခြမ်းဆာဗာမှာပဲပေါ်ပေါက်နိုင်ခြေရှိတဲ့မိစ္ဆာတွေ သူတို့ကလူသစ် ဧရိယာနားကမိစ္ဆာတွေမဟုတ်ဘဲ နောက်တစ်ဆင့်မြေပုံမှာမှပေါ်ပေါက်တဲ့မိစ္ဆာတွေပဲ။"

"လူသစ်ကျေးရွာမစ်ရှင်ပြီးသွားရင် မင်းက အဆင့် ၃ ပဲရှိသေးတာ၊ ပျမ်းမျှအားဖြင့် အဆင့် ၆ ဒါမှမဟုတ် ပိုမြင့်တဲ့မိစ္ဆာတွေကို ဘယ်လိုနိုင်နိုင်မှာလဲ။”

All Chapters