← Chapters

အပိုင်း ၅၈-၆၀

Vol. 4 Ch. 58-60

အပိုင်း ၅၈-၆၀

Vol. 4 Ch. 58-60

အခန်း ၅၈

ဖုံးကွယ်ထားသော အရန်စွမ်းအင်ကို အသက်သွင်းခြင်း

ဝတ္ထုရေးရန် ဆုံးဖြတ်ချက်ချပြီးနောက်တွင် လင်းဇီချန်သည် နေ့ရက်များကို ဇာတ်လမ်းအစအား ‌စဉ်းစားတွေးတောရင်းဖြင့် ဖြတ်သန်းခဲ့သည်။ ဇာတ်လမ်းတန်ဆာဆင်ခြင်းအတွက်မူ လက်တွေ့ကိုသာ အသုံးပြုပေမည်။ ဇာတ်အိမ်သည် သူ၏အရင်ဘဝတွင် ဖတ်ခဲ့ဖူးသည့် ဝတ္ထုများ၏ အပိုင်းအစများကို စုစည်းဖွဲ့စည်း၍ ရှန်ချင်းဟန်နှင့် နေ့စဉ်အတွေ့အကြုံအချို့ကို ထည့်သွင်းရေးသားမည်။ တစ်ခုတည်းသော စဉ်းစားတွေးတောရမည့်အချက်မှာ မိန်းကလေးဇာတ်ကောင်အား အဘယ်သို့ဖန်တီးမည်နည်းဟူသည့်အရာ ဖြစ်သည်။ ယာယီအားဖြင့် သူမကို ပါရမီရှင်မိန်းကလေးအဖြစ် ဖန်တီးရနိုင်သည်။ သို့သော် သူမ၏ပင်ကိုအကျင့်စရိုက်အား အဘယ်သို့ ဖန်တီးရမည်နည်း။

ရှန်ချင်းဟန်ကိုပဲ ပုံတူမကူးသင့်ဘူးလေ ဟုတ်တယ်မလား။ ပါရမီရှင်တစ်ယောက် ဘယ်လိုလုပ်ပြီး အရမ်းရှက်ကြောက်နေမှာတဲ့လဲ။

လင်းဇီချန်သည် ထိုပြဿနာအား တစ်ပတ်ကြာ စဉ်းစားတွေးတောခဲ့သည်။ နောက်ဆုံးတွင်တော့ တိတ်ဆိတ်ငြိမ်သက်သည့် ညတစ်ညတွင် အမျိုးသားဇာတ်ကောင်နှင့် အမျိုးသမီးဇာတ်ကောင်နှစ်ဦးလုံးကို အပြီးသတ်နိုင်ခဲ့သည်။

အမျိုးသားဇာတ်ကောင်: ချောမောသည့်ရုပ်ရည်၊ အားနည်းပေမဲ့ အလွန်လှည့်ဖြားတတ်တဲ့ အကျင့်စရိုက်ရှိ၊ ဉာဏ်နီဉာဏ်နက်များပြီး လိမ်လည်လှည့်ဖြားတတ်၊ မရိုးဖြောင့်ဘဲ အရှက်မဲ့၊ ဏှာဘူးကျတတ်ပြီး အမျိုးသမီးဇာတ်ကောင်ဖြစ်တဲ့ ဘေးအိမ်က မိန်းကလေးကို မကြာခဏ အခွင့်အရေးယူ။

အမျိုးသမီးဇာတ်ကောင်: ပါရမီရှင်တစ်ယောက်၊ အေးစက်ပုံပေါ်ပေမဲ့ စိတ်ထားနူးညံ့၊ ဖြောင့်မတ်မှန်ကန်တဲ့ စည်းမျဉ်းစည်းကမ်းရှိ၊ အနည်းငယ် ခေါင်းမာ၊ အပြင်ပန်းမှာ အေးစက်ပုံပေါ်ပေမယ့် တကယ်တမ်း စိတ်ထဲမှာတော့ အမျိုးသားဇာတ်ကောင်ရဲ့ ချစ်ခင်နှစ်သက်မှုကို တောင့်တနေ။

ဇာတ်လမ်းရဲ့အဓိကအကြောင်းအရာ: အစပိုင်းမှာ အမျိုးသားဇာတ်ကောင်က အားနည်းပြီး ငယ်သူငယ်ချင်းဖြစ်တဲ့ အမျိုးသမီးဇာတ်ကောင်ရဲ့ ကာကွယ်မှုကို မှီခိုပြီးတော့ ရှင်သန်တယ်။ နောက်ပိုင်းမှာ အမျိုးသမီးဇာတ်ကောင်ရဲ့ အင်အားကို ကျော်လွန်တဲ့အထိ သန်မာလာပြီး သူမကို ပြန်ကာကွယ်ပေးတယ်။ အဲဒီအချိန်မှာ ဇာတ်ကောင်နှစ်ယောက်ရဲ့ တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ ခံစားချက်တွေ ပူနွေးလာခဲ့ပြီး ချစ်သူစုံတွဲဟာ နောက်ဆုံးမှာတော့ အကြင်လင်မယားဖြစ်သွားကြတယ်။

၎င်းမှာ စာဖတ်သူများ စိတ်ကုန်လောက်အောင် ဖတ်ဖူးပြီးဖြစ်သော ဖန်တရာတေနေသည့် ဇာတ်လမ်းပုံစံဖြစ်သည်။ သို့သော် ကောင်းမွန်သည့်အချက်မှာ ၎င်းအမျိုးအစားသည် ရေးသားရန်လွယ်ကူပြီး ဇာတ်အိမ်ဆင်နေရန် မလိုအပ်ပေ။ ကွန်ပြူတာရှေ့တွင်ထိုင်၍ ကြုံရာကျပန်း ရေးချနိုင်ပေသည်။ အမျိုးသားဇာတ်ကောင်နှင့် အမျိုးသမီးဇာတ်ကောင်များ၏ အကျင့်စရိုက်များကို ဆုံးဖြတ်ပြီးနောက်တွင် လင်းဇီချန်သည် ဇာတ်လမ်းအစပိုင်းကို ချက်ချင်း စတင်ရေးသားတော့သည်။ ဇာတ်လမ်းအဖွင့် စာလုံးရေ၆၀၀၀ကို ရေးရန်အတွက် သုံးနာရီခန့်ကြာခဲ့သည်။ ထို့နောက် ဝဘ်ဆိုက်တွင် ချက်ချင်းတင်လိုက်ပြီး မီးပိတ်အိပ်ရာဝင်ခဲ့သည်။

နောက်တစ်နေ့ လင်းဇီချန်သည် အိပ်ရာနိုးသည်နှင့် စာရေးသူ၏အထောက်အပံ့appကို ဖွင့်ကြည့်လိုက်ရာ ဝဘ်ဆိုက်မှ စာချုပ်ကမ်းလှမ်းချက်တစ်ခု လက်ခံရရှိထားကြောင်းကို မြင်တွေ့လိုက်ရသည်။ မနက်စာစားနေစဉ် ထိုအကြောင်းကို မိဘများကို ပြောပြခဲ့သည်။ သူ၏မိဘများသည် ကနဦးတွင် အံ့အားသင့်နေခဲ့သည်။

စပြီးစာရေးတဲ့ ပထမဆုံးအကြိမ်မှာပဲ စာချုပ်ကမ်းလှမ်းချက် ရတယ်ပေါ့လေ။ နောက်နေတာ မဟုတ်ဘူးမလား။

အချိန်ခဏကြာပြီးနောက်မှ အသိပြန်ကပ်သွားခဲ့ကာ လင်းဇီချန်သည် စာရေး‌တော်ပေသည်။ သေချာပေါက်ပင် စာရေးဆရာနှစ်ယောက်၏ သားဖြစ်သည်ဟု ပြောလျက် လင်းဇီချန်၏ စာရေးသားမှုပါရမီကို ချီးမွမ်းခဲ့သည်။

“စာရေးဆရာကောင်းပဲ။ ကောင်းကောင်းရေးထား၊ မင်းရဲ့စာအုပ်မှာ စာလုံးရေများလာတာတဲ့ အမေက စာဖတ်သူအဖွဲ့တွေမှာ ညွှန်းပေးမယ်”

“အဖေလည်း မင်းကို ကူညီကြေညာပေးမယ်။ ‌အဖေ စာရေးဆရာသူငယ်ချင်း အများကြီးသိကျွမ်းတယ်။ အချိန်ကျရင် အျဖ သူတို့ကို မင်းရဲ့စာအုပ်ကို အကြံပြုထောက်ခံပေးဖို့ တောင်း‌ဆိုလိုက်မယ်”

ကျန်းဝမ်ရှင်းနှင့် လင်းယန်ရှန်းတို့မှ ပြောသည်။

ရက်အနည်းငယ်ကြာမြင့်ပြီးနောက် စနေနေ့နေ့လယ်ခင်းတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် လမ်းမထက်တွင် အကွာအဝေးခြားပြေးခြင်းဖြင့် အရှိန်နှုန်းနှင့် ခံနိုင်ရည်အားကို လေ့ကျင့်နေကြသည်။ လေ့ကျင့်မှုပြီးဆုံး၍ ခုံတန်းတစ်ခုံပေါ်တွင် ကြွက်သားဖြေလျှော့နေကြစဉ် ရှန်ချင်းဟန်မှ စူးစမ်းလျက် မေးမြန်းလာခဲ့သည်။

“ဇီချန် နင် ငါတို့နှစ်ယောက်ကို အဓိကဇာတ်ကောင်တွေလုပ်ပြီး အွန်လိုင်းဝတ္ထုတစ်ပုဒ်ရေးခဲ့တယ်လို့ အန်တီရှင်းဆီက ကြားခဲ့တယ်။ အဲဒါတကယ်လား”

“အင်း ဟုတ်တယ်”

“ဇီချန် ငါဖတ်ချင်တယ်…”.

“ရတာပေါ့။ ခေါင်းစဉ်က အစိမ်းရောင်မက်မန်းသီး: နတ်ဘုရားမ၏နောက်ကွယ်မှ အဖြူရောင်မျက်နှာလေးတဲ့။ ချီသန့်တရုတ်ကွန်ယက်မှာ တင်ထားတယ်။ နင်ရှာကြည့်လိုက် ရှာတွေ့လိမ့်မယ်”

လင်းဇီချန်သည် ရှက်ရွံ့သည့်ခံစားချက်မရှိဘဲ ရှန်ချင်းဟန်အား စာအုပ်ခေါင်းစဉ်ကို ပြောပြခဲ့သည်။

ထိုခေါင်းစဉ်ကိုကြားသောအခါ ရှန်ချင်းဟန်သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လေး ဖြစ်သွား၏။

အဲဒါက ဘယ်လိုခေါင်းစဉ်ကြီးလဲ။ အရမ်းထူးဆန်းတယ်ရော။

သို့သော် ရှန်ချင်းဟန်သည် လင်းဇီချန်၏ဝတ္ထုကို ဖတ်ချင်ပါသည်။ ထို့ကြောင့် ရှန်ချင်းဟန်သည် ဖုန်းကိုကောက်ယူ၍ လင်းဇီချန်၏ဝတ္ထုကို စိတ်အားထက်သန်စွာ စတင်ဖတ်တော့သည်။ သို့သော် အချိန်ကြာကြာ မဖတ်ရသေးမီတွင် မျက်နှာနီရဲလာရလေသည်။

ဝတ္ထု၏အမျိုးသမီးဇာတ်ကောင်သည် လင်းဇီဟန်ဟု အမည်ရပြီး ဖြူဝင်းသော အသားအရေ၊ လှပသော အသွင်အပြင်၊ ‌ရှည်သွယ်သော ခြေတံများဖြင့် အေးစက်သောမျက်နှာအမူအရာကို တစ်နေ့လုံး ထိန်းသိမ်းထားလေ့ရှိကာ အလွန်ဩဇာလွှမ်းမိုးသော အရှိန်အဝါကို ပိုင်ဆိုင်ပေသည်။ ထိုကဲ့သို့သော အမျိုးသမီးဇာတ်ကောင်အား ဖတ်ရခြင်းသည် ရှန်ချင်းဟန်အား ရှက်ရွံ့စေသည်။ လက်တွေ့ရှိ သူမသည်တော့ သီးသန့်‌ဆန်ကာ ရှက်ကြောက်တတ်သော ကြောင်တစ်ကောင်ကဲ့သို့လူမျိုးဖြစ်ပြီး ဩဇာလွှမ်းမိုးသော အရှိန်အဝါဟူသည် စိုးစဉ်းမျှ မရှိပါချေ။

အချိန်ခဏကြာပြီးနောက်တွင် ထိုဝတ္ထုအား ရှန်ချင်းဟန် ဆက်မဖတ်နိုင်တော့ပေ။ ဝတ္ထုကို သူမ မကြိုက်သောကြောင့် မဟုတ်ဘဲ သူမ၏ဘေးတွင် လင်းဇီချန်ရှိနေသောကြောင့် ဝတ္ထုအား ခံစားဖတ်ရှုရန်အတွက် ကသိကအောက်နိုင်သည်ဟု ခံစားရပေသည်။ ထို့ကြောင့် အိမ်ပြန်ရောက်မှ အခန်းထဲတွင် တစ်ယောက်တည်း ဖတ်ရန် တွေးထားလိုက်သည်။

မိနစ်၂၀ခန့်ကြာမြင့်ပြီးနောက် နှိပ်နယ်ခြင်း ပြီးဆုံးသွားခဲ့ပြီး ရှန်ချင်းဟန်နှင့် လင်းဇီချန်တို့သည် အိမ်သို့ အမြန်ပြန်လာခဲ့ကြသည်။ ခဏမျှ ပြေးပြီးနောက်တွင် ရှန်ချင်းဟန်သည် ရုတ်တရက် ရပ်သွားပြီး အရေးတကြီး သန့်စင်ခန်းသုံးရန် လိုအပ်သောကြောင့် ခြေ‌နှစ်ချောင်းကို ဖိညှစ်လိုက်ရသည်။ သို့သော် အနီးအနားတွင် သန့်စင်ခန်းမရှိလေရာ ရှန်ချင်းဟန်အား အတော်လေး ဒုက္ခများစေပေသည်။

ရှန်ချင်းဟန်၏ အမှန်တကယ် ကူကယ်ရာမဲ့နေပုံကို မြင်လိုက်သောအခါ လင်းဇီချန်မှ ပြောလာသည်။

“အဲဒီမှာပဲ တုံးတုံးအအနဲ့ ရပ်မနေနဲ့လေ။ ဟိုးက သစ်ပင်တွေအနောက်ကို သွားပြီးတော့ ကိစ္စရှင်းလိုက်။ ငါ ဘယ်သူမှ မလာ‌အောင် စောင့်ကြည့်နေမယ်”

“အများပိုင်နေရာမှာ ‌ဆီးသွားတာက အရမ်းရိုင်းပျတယ်…”

ရှန်ချင်းဟန်သည် တွန့်ဆုတ်နေလျက် ဂနာမငြိမ်ဖြစ်နေတော့သည်။

တကယ်တမ်းတွင် ရှန်ချင်းဟန်သည် ထိုအခိုက်အတန့်၌ ယဉ်ကျေးသည်၊ ရိုင်းပျသည်ကို လုံးဝ ဂရုမစိုက်ပါချေ။ လင်းဇီချန် ရှိနေချိန်တွင် လမ်းဘေး၌ ဆီးသွားရခြင်းအား အလွန်ရှက်ရွံ့ဖွယ်ကောင်းသည်ဟု ခံစားရခြင်းသာ ဖြစ်ပါ၏။ လင်းဇီချန်သည် သူမ၏အတွေးကို သတိမထားလေရာ အရေးမထားဟန်ဖြင့် ပြောသည်။

“နင်က ကောင်းမွန်တဲ့လုပ်ရပ်ကို လုပ်တာပါ။ သစ်ပင်ကို မြေဩဇာဖြစ်စေတာလေ။ အဲဒါက ဘယ်လိုလုပ်ပြီး ရိုင်းပျမှာတဲ့လဲ”

“ဒါပေမဲ့…”

“မဟုတ်ဘူး ဒါပေမဲ့ နင်ဆက်ပြီး တွန့်ဆုတ်နေရင် ဘောင်းဘီထဲ ပေါက်ချမိပြီး အဆုံးသတ်သွားလိမ့်မယ်”

“ဒါဆို နင် ဘယ်သူမှ မလာအောင် စောင့်ကြည့်ပေးနေနော်”

ထပ်မံ မအောင့်နိုင်တော့လေရာ ရှန်ချင်းဟန်သည် အရှက်အကြောက်တို့ကို လွှတ်ချ၍ ထိုသို့ပြောခဲ့ကာ ခြေထောက်နှစ်ဖက်ကို ဖိညှစ်လျက် အနေအထားဖြင့် သစ်ပင်နောက်သို့ အလျင်အမြန် ဝင်သွားခဲ့သည်။ ရှန်ချင်းဟန်သည် မကြာခဏ ရုတ်တရက်ဆန်စွာ ဆီးသွားလိုတတ်သော မိမိ၏ခန္ဓာကိုယ်နှင့်ပတ်သက်၍ အတော်လေး စိတ်ပျက်မိပေသည်။ ၎င်းသည် အလွန်တရာ စိတ်မသက်မသာဖြစ်ရပေသည်။

၃မိနစ်ခန့်ကြာမြင့်ပြီးနောက်၌ ရှန်ချင်းဟန်သည် သစ်အင်နောက်မှ ပြန်ထွက်လာသည်။ သူမ၏ မျက်နှာလှလှလေးမှာ ရင့်မှည့်သော မက်မွန်သီးတစ်လုံးကဲ့သို့ နီမြန်းနေပေသည်။ ရှန်ချင်းဟန် ရှက်ရွံ့နေကြောင်း သတိထားမိသောကြောင့် လင်းဇီချန်သည် မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည်ကဲ့သို့ အိမ်သို့ အတူပြန်ခဲ့ကြသည်။ လင်းဇီချန်သည် ရှန်ချင်းဟန်၏ အရေးတကြီး ဆီးသွားတတ်မှုနှင့် ကျင့်သားရပြီး ကြီးပြင်းလာခဲ့သည် မဟုတ်ပါလော။ ခြုံငုံလိုက်လျှင် သူတို့နှစ်ဦးလုံး ကလေးငယ်များဖြစ်ကြသည့် အချိန်မှစတင်၍ ယခုအချိန်အထိ ရှန်ချင်းဟန်သည် သူ့အပေါ်တွင် အကြိမ်တစ်ရာထက် မနည်း ရှူးပေါက်ချခဲ့ဖူးပေသည်။

မကြာမီ သူတို့နှစ်ယောက် အိမ်ပြန်ရောက်ခဲ့ကြသည်။ ရေချိုးသန့်စင်ပြီး ညစာစားပြီးနောက်၌ ရှန်ချင်းဟန်သည် အခန်းထဲတွင် မေးခွန်းစာရွက်အချို့ကို ပြန်လည်ဆန်းစစ်နေခဲ့သည်။ အချိန်ကျလုနီးသည်ကို မြင်သောအခါ ရှန်ချင်းဟန်သည် မီးပိတ်၍ အိပ်ရာထဲသို့ တွားသွားကာ စောင်များအောက်သို့ ဝင်၍ ဘေးတိုက်လဲလျောင်းကာ လင်းဇီချန် ရေးထားသည့် ဝတ္ထုကို ဖုန်းဖြင့် ဖတ်သည်။ အမျိုးသားဇာတ်ကောင်နှင့် အမျိုးသမီးဇာတ်ကောင်၏ အချိုမြိန်ဆုံးသော စကား‌အပြန်အလှန်ပြောဆိုသည့်အခန်းသိင့ ရောက်သောအခါ သူမ၏ မျက်နှာလှလှလေး၌ သူမကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ကာ ကလေးဆန်သော တခစ်ခစ်ရယ်မောသံလေးများ ထွက်ပေါ်လာခဲ့သည်။

ရှန်ချင်းဟန်၏အခန်းနှင့် နံရံနှစ်ချပ်ခြားသည့် အခန်းထဲတွင် လင်းဇီချန်သည် လေ့ကျင့်ခန်းလုပ်၊ ရေချိုးသန့်စင်ပြီး၍ အိပ်ရာထက်တွင်ထိုင်ပြီး ဖုန်းဖြင့် သတင်းဖတ်နေခဲ့သည်။ ရုတ်တရက် သူ၏သာမန်ထက်သာလွန်သော အသိအာရုံကြောင့် တိတ်ဆိတ်သော ညလယ်တွင် ဘေးခန်းဆီမှ ကလေးဆန်သော တခစ်ခစ်ရယ်မောသံလေးကို ကြားလိုက်ရလေသည်။ ရှန်ချင်းဟန်၏အသံဖြစ်ကြောင်း မှတ်မိ‌လိုက်ရာ လင်းဇီချန် ရှုပ်ထွေးသွားခဲ့သည်။

ဒီလောက်နောက်ကျနေတဲ့အချိန်ကြီးမှာ သူဘာလို့ မအိပ်သေးဘဲနဲ့ ရယ်နေရတာတုန်း။

လင်းဇီချန်သည် အကြမ်းဖျင်းမျှသာ သိချင်စိတ်ဖြစ်ပေါ်ခဲ့ပြီး အကြာကြီး စိတ်ထဲမထားပေ။ ခေါင်းခါရမ်းလိုက်ပြီး ဖုန်းထဲမှ သတင်းများကို ဆက်ဖတ်နေလိုက်သည်။ ပွတ်ဆွဲကြည့်နေစဉ် ဧရာမသန္ဓေပြောင်းကြွက်များနှင့် ပတ်သက်နေသည့် သတင်းတစ်ခုတွင် လင်းဇီချန် မျက်လုံးများပြူးကျယ်သွားခဲ့သည်။ ၎င်းသည် ရှန့်ဟိုင်မြို့၏ ဒေသတွင်းသတင်းဖြစ်သည်။ လင်းဇီချန် သတင်းစာမျက်နှာကို ချက်ချင်းဖွင့်ကြည့်လိုက်ပြီး ဆောင်းပါးအပြည့်အစုံကို အမြန်ဖတ်ကြည့်လိုက်သည်။

လွန်ခဲ့သည့်နှစ်နာရီက သန္ဓေပြောင်းကြွက်တစ်ကောင်သည် မြို့စွန်ရှိ ထူးခြားဆန်းပြားသားရဲအသားများ သိုလှောင်ထားသည့် အအေးခန်းကို တိုက်ခိုက်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ‌အအေးခန်းကို စက်ဖြင့်ပြုပြင်မွမ်းမံလူသားတစ်ဦးမှ စောင့်ကြပ်နေခဲ့လေရာ ရုတ်တရက် တိုက်ခိုက်လာသည့်ကြွက်သားရဲအား လျင်မြန်စွာ သတ်ဖြတ်ခြင်းဖြင့် ဆုံးရှုံးမှုပမာဏများမည့်အရေးမှ ကာကွယ်ပေးခဲ့သည်။ သတင်းဖတ်ပြီးနောက် လင်းဇီချန်သည် အထူးဖိုရမ်တစ်ခုသို့ သွား၍ ထိုသတင်းနှင့် ဆက်နွယ်မှုရှိသည့် အခြားသတင်းများကို ရှာဖွေခဲ့သည်။ မကြာမီတွင် ဗီဒီယိုတစ်ပုဒ်ကို ရှာတွေ့ခဲ့သည်။

အအေးခန်းကို တိုက်ခိုက်ခဲ့သည့် သန္ဓေပြောင်းကြွက်သားရဲသည် အလွန်ကြီးမားပြီး စက်ဖြင့်ပြုပြင်မွမ်းမံလူသားနှင့် နှိုင်းယှဉ်တွက်ဆလျှင် ၅မီတာခန့် မြင့်မားလောက်၏။ အစပိုင်းတွင် စက်ဖြင့်ပြုပြင်မွမ်းမံလူသားသည် ကြွက်သားရဲနှင့် ခန္ဓာကိုယ်ချင်း ထိပ်တိုက် တိုက်ခိုက်သည်။ ထိုသို့တိုက်ခိုက်ခြင်းသည် ရှုံးနိမ့်သွားခဲ့ပြီး တစ်ကိုက်တည်းဖြင့် နှစ်ပိုင်းပြတ်အောင် အကိုက်ခံခဲ့ရသည်။ ခန္ဓာကိုယ်အပေါ်ပိုင်း လွင့်ထွက်သွားပြီး ခန္ဓာကိုယ်အောက်ပိုင်းသည် ကြွက်သားရဲ၏သွားစွယ်များကြားတွင် စွဲမြဲစွာ ကိုက်ချီခံရပြီး ဆုတ်ပြဲကြေမွသွားခဲ့သည်။

သို့သော် နှစ်ပိုင်းပြတ်နေသည့် ခန္ဓာကိုယ်သည် မသေဆုံးသေးဘဲ အသက်ရှိနေဆဲပင်။ ၎င်းသည် ခန္ဓာကိုယ်အောက်ပိုင်းကို စွန့်ပစ်၍ ဖုံးကွယ်ထားသော အရန်စွမ်းအင်ရင်းမြစ်ကို အသက်သွင်းလိုက်ခြင်းဖြင့် သန္ဓေပြောင်းကြွက်သားရဲကြီးအား နေရာမှ လွင့်ထွက်သွားစေခဲ့သည်။ ခန္ဓာကိုယ်အောက်ပိုင်း မရှိတော့သည့်တိုင် အသက်ဆက်ရှင်နိုင်ပြီး ရန်သူအား သတ်ဖြတ်ရန်အတွက် အလိုအလျောက်ပေါက်ကွဲစေခဲ့သည်။ ၎င်းမှာ နည်းပညာ၏စွမ်းအားဖြစ်၏။

ထိုမြင်ကွင်း၌ စိတ်ပါဝင်စားသွားပြီးနောက် လင်းဇီချန် အတွေးထဲ နစ်မြောသွားခဲ့သည်။

ဘာလို့ ဧရာမသန္ဓေပြောင်းကြွက်သားရဲတွေ ထပ်ပေါ်လာနေတာလဲ။ ရှန့်ဟိုင်မြို့ထဲမှာ ကြွက်သားရဲတွေ ဘယ်လောက်တောင် ပုန်းအောင်းနေတာလဲ။ ပြီးတော့ သူတို့ရဲ့ အဲဒီလောက် အရမ်းကြီးမားတဲ့ ခန္ဓာကိုယ်ကြီးတွေနဲ့ လူတွေ သတိမထားမိအောင်လို့ တစ်ချိန်လုံး ဘယ်နေရာမှာများ ပုန်းအောင်းနေခဲ့ကြတာလဲ”

အခန်း ၅၉

အထက်တန်းကျောင်းဒုတိယနှစ် သာမန်အတန်း၏ အင်အားအကြီးဆုံးအား စိန်ခေါ်ခြင်း

အချိန်များကုန်ဆုံးသွားပြီး လဝက်ကျော်ခန့် ကုန်ဆုံးသွားခဲ့သည်။ ရှန့်ဟိုင်အထက်တန်းကျောင်း၏ ထိပ်တန်းကျောင်းသားသစ် အတန်း၁သည် အထက်တန်းကျောင်းဒုတိယနှစ် သာမန်အတန်းများ၏ အင်အားအကြီးဆုံးဖြစ်သော အတန်း၆နှင့် စိန်ခေါ်မှုပြုလုပ်ကြသည်။ ပြိုင်ပွဲနေ့သည် ယနေ့ စနေနေ့ မနက်၈နာရီဖြစ်သည်။ ပြိုင်ပွဲနေရာကို ကျောင်းအားကစားခန်းမတွင် စီစဉ်ထားသည်။

ထိုပြိုင်ပွဲအတွက် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အိပ်ရာစောစာထ၍ မနက်၆နာရီမတိုင်မီ ကျောင်းသို့ ထွက်လာခဲ့ကြသည်။ ပြိုင်ပွဲချိန်သည် မနက်၈နာရီတွင် စတင်မည်ဖြစ်ရာ သွေးပူလေ့ကျင့်ခန်းအတွက် ပြိုင်ပွဲချိန်မတိုင်မီ အနည်းဆုံးတစ်နာရီခန့် စောရောက်နေရပေမည်။ အစောကြီးထွက်လာခဲ့သောကြောင့် မိဘများသည် မနက်စာ ပြင်ဆင်မပေးရသေးလေရာ နှစ်ဦးလုံးသည် ဗိုက်ဟောင်းလောင်းဖြင့် လမ်းဘေးရှိ မနက်စာစားသောက်ဆိုင်တစ်ဆိုင်သို့ အမြန်ဝင်သွားလိုက်ကြပြီး ဝက်သားနှစ်ပွဲနှင့် ဝမ်းတွင်းသားတို့ကို မှာယူစားသောက်ကြသည်။ မနက်စာစားနေစဉ်တွင် ရှန်ချင်းဟန်သည် လင်းဇီချန်အား တံတောင်ဖြင့်တို့ထိ၍ ဆိုင်၏ထောင့်တစ်နေရာကို ညွှန်ပြလျက် တီးတိုးပြောသည်။

“ရှောင်ချန် ဟိုနားက ကောင်လေးက ကျန်းခိုင်ရဲ့ ဝမ်းကွဲညီမဟုတ်လား”

“ကျန်းခိုင်ရဲ့ဝမ်းကွဲလား”

ရှန်ချင်းဟန် ညွှန်ပြရာသို့ကြည့်လိုက်ရာ လင်းဇီချန်သည် အလွန်ရင်းနှီးနေသော ရွှေရောင်ဆံပင်ကောင်လေးကို မြင်တွေ့လိုက်ရသည်။ တကယ်ကို ကျန်းခိုင်၏ဝမ်းကွဲညီလေး ဖြစ်နေပေသည်။ ထိုကောင်လေးသည် သူ၏ဖခင်ဖြစ်ဟန်ထင်ရသော သက်လတ်ပိုင်းအရွယ်လူကြီးနှင့် စကားပြောဆိုရင်း မနက်စာစားနေသည်။ လင်းဇီချန်သည် တစ်ချက်သာ ကြည့်လိုက်ပြီးနောက် အာရုံမထားတော့ဘဲ စားသောက်ခြင်းကိုသာ အာရုံပြန်စိုက်သည်။ သို့သော်ငြား မဝေး‌လှသော အကွာအဝေးကြောင့် သူတို့ပြောနေသည့်စကားများကို ကြားနေရလေသည်။

“အဖေ ကျွန်တော် ‌ဆိုင်ကယ်တစ်စီးဝယ်ချင်တယ်”

“ဘာ‌ဝယ်ချင်တယ်.. မင်းရဲ့ဝမ်းကွဲအစ်ကို ခြေထောက်ပျက်စီးသွားပြီး ဖြတ်တောက်ကုသလိုက်ရတာမှ မကြာသေးဘူးကို။ အခု သူ့မှာ ခြေတုတပ်ဖို့ ပိုက်ဆံမရှိတော့ သူ့ရဲ့ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက်လုံးကို ဝှီးချဲပေါ်မှာ နေသွားရတော့မယ်။ မင်းအဲဒါကို မေ့သွားပြီလား”

“ဒါဆိုလည်း ကျွန်တော် မဝယ်တော့ပါဘူး…”

“ဒီလိုမှပေါ့။ မင်းရဲ့ဝမ်းကွဲအစ်ကိုက ခြေထောက်ဖြတ်လိုက်ရပေမဲ့ ဆိုင်ကယ်ကတော့ ပျက်စီးမသွားဘူး။ စီးလို့ရသေးတယ်။ မင်းဘာလို့ မင်းအစ်ကိုရဲ့ဆိုင်ကယ်ကိုပဲ မစီးလိုက်တာလဲ။ ငါဒီနေ့နေ့လယ်ကျ မင်းအန်တီဆီ သွားပြီး မင်းအတွက် ဆိုင်ကယ်ယူလာပေးမယ်”

ကျန်းခိုင်က ခြေထောက်ထိခိုက်သွားပြီး ဖြတ်လိုက်ရတယ်လား။

ထိုစကားကြောင့် လင်းဇီချန် အံ့အားသင့်သွားခဲ့သည်။ ဘဝသည် တကယ့်ကိုပင် မသေချာမှုများဖြင့် ပြည့်နှက်နေပေသည်။ မိမိထံသို့ မတော်တဆမှုနှင့် ကောင်းမွန်သည့်မနက်ဖြန်တို့တွင် အဘယ်အရာက ဦးစွာရောက်ရှိလာမည်ကို မသိနိုင်ပေ။

ရှန့်ဟိုင်အထက်တန်းကျောင်း အားကစားခန်းမ၌

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ ကျောင်းသို့ရောက်ရှိချိန်သည် ၇နာရီအတိဖြစ်သည်။ အတန်းနှစ်တန်းလုံးမှ ကျောင်းသားများအားလုံးလည်း စုဝေးနေကြလေပြီ။ မိမိတို့၏ သက်ဆိုင်ရာ အတန်းပိုင်ဆရာ၏ ဦးဆောင်မှုအောက်တွင် ကျောင်းသားများသည် ရိုးရှင်းသော သွေးပူလေ့ကျင့်ခန်းများကို ပြုလုပ်ကြသည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ကျောပိုးအိတ်များကို နေရာချပြီးနောက် ဝင်ရောက်လေ့ကျင့်ခန်းလုပ်ကြသည်။

၇နာရီမိနစ်၄၀သို့ ရောက်သောအခါ ဟန်ယွမ်ဖုန်းမှ ကျောင်းသားများကို နာမည်ခေါ်သည်။

“ဇီချန်၊ ဟယ့်ယွီ၊ လုကန်း၊ ရှုကျယ် မင်းတို့လေးယောက် ဒီကိုခဏလာဦး”

သူတို့လေးယောက် စုဝေးလိုက်သောအခါ ဟန်ယွမ်ဖုန်းသည် ဒုတိယနှစ်အတန်း၆၏ အခြေအနေကို လေ့လာအကဲခတ်ပြီး နည်းဗျူဟာများ စီစဉ်ချမှတ်သည်။

“တစ်ယောက်တစ်ယောက်စီ တာဝန်ယူမယ်။ သူတို့ရဲ့ ထိပ်တန်းအင်အားက ဆရာတို့အတန်းလောက် အားမကောင်းဘူး”

“‌ဒါပေမဲ့ သူတို့မှာက ဆရာတို့အတန်းထက် ထိပ်တန်းအဆင့်တိုက်ခိုက်ရေးသမား အရေအတွက် ပိုများတယ်။ အဲဒါကြောင့် သူတို့အတန်းရဲ့ စုစုပေါင်း ပျမ်းမျှအင်အားက ဆရာတို့အတန်းထက် ပိုများတယ်”

“ဒီလိုအခြေအနေမှာ နှစ်ဖက်အတန်းလုံးရဲ့ ထိပ်တန်းတိုက်ခိုက်ရေးသမားတွေက နောက်ပိုင်းမှ ကစားကြမယ်ဆိုရင် သူတို့အတန်းက သူတို့ရဲ့လူအရေအတွက်များတဲ့ အားသာချက် အသုံးချပြီးတော့ ခုခံမှုမှာ အာရုံစိုက်ပြီး ပြိုင်ဘက်ကို တစ်စတစ်စ အားလျော့ဆုတ်ယုတ်စေတဲ့ တိုက်ပွဲကို ဆင်နွှဲလိမ့်မယ်။ အဲဒီလိုနည်းနဲ့ မင်းတို့လေးယောက်ကို ပြိုင်ပွဲမှာ အောင်မြင်စွာနဲ့ ဖြုတ်ချဖို့ ကြိုးစားလိမ့်မယ်”

“မှတ်ထား.. မင်းတို့အလှည့်ရောက်တဲ့အခါ ပြိုင်ဘက်နဲ့ ယှဉ်တိုက်ပြီးတော့ အင်အားကို မဖြုန်းတီးလိုက်နဲ့။ ပြိုင်ပွဲစင်ပေါ်ရောက်တာနဲ့ တိကျပြတ်သားပြီးလျင်မြန်တဲ့ တိုက်ခိုက်မှုနဲ့ ပြိုင်ပွဲကို အဆုံးသတ်ရမယ်။ နားလည်ပြီလား”

“နားလည်ပါပြီ”

သူတို့လေးဦးမှ ချက်ချင်း တုံ့ပြန်သည်။

ဟန်ယွမ်ဖုန်းသည် သူတို့၏တုံ့ပြန်မှုကို စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ကျန်သော ကျောင်းသားများဘက်သို့ လှည့်၍ ပြောသည်။

“အားလုံးပဲ ခဏလောက် သွေးပူလေ့ကျင့်ခန်းလုပ်တာ ရပ်လိုက်ကြဦး။ ရပ်ပြီး ဆရာပြောတာကို နားထောင်ကြမယ်”

“ပြိုင်ပွဲစတင်တဲ့အခါ ကျောင်းသားအားလုံး ပါဝင်နိုင်အောင်လို့ အားအနည်းဆုံးသူကို ပြိုင်ပွဲစင်ပေါ်ကို အရင်စေလွှတ်ပါမယ်။ အဲဒီလိုဆို အင်အားကြီးတဲ့‌သူက အရင်တက်သွားပြီး အလွယ်ကလေး အများကြီးကျော်ဖြတ်သွားလို့ ကျောင်းသားအချို့ မပြိုင်လိုက်ရဘဲ ဘေးမှာ ရပ်ကြည့်ရပြီး ပြိုင်ပွဲပြီးဆုံးသွားမှာကို ကာကွယ်ပြီးသားဖြစ်သွားမယ်”

“ပြီးတော့ ဆရာတို့တွေက အတန်းငယ်တဲ့ စိန်ခေါ်သူတွေဖြစ်ပေမဲ့ ဆရာတို့အတန်းက ထပ်တန်းကျောင်းသားတွေရဲ့အခန်းပဲ။ ဆရာတို့အတန်းရဲ့ တစ်ယောက်ချင်းစီတိုင်းက ပါရမီရှင်ကျောင်းသားတွေချည်းပဲဖြစ်တယ်။ အဲဒါကြောင့် ပြိုင်ပွဲစင်ပေါ်ကို တက်တဲ့အခါ ယုံကြည်မှုရှိရှိနဲ့ စင်ကြောက်လန့်တာမျိုး မဖြစ်စေနဲ့ ဟုတ်ပြီလား”

“နားလည်ပါပြီ”

တစ်တန်းလုံး တစ်ပြိုင်နက်တည်း ပြန်လည်တုံ့ပြန်ကြသည်။

တစ်ဖက်၌ အထက်တန်းဒုတိယနှစ် အတန်း၆၏ အတန်းပိုင်ဆရာသည် ပြိုင်ဘက်အတန်း၏ကျောင်းသားများသည် ပါရမီပိုကောင်းမွန်သူများဖြစ်ကြသည့်တိုင် လေ့ကျင့်သည့်အချိန်ကာလသည် ပို၍နည်းပါးကြောင်း ပြောဆိုလျက် သူ၏ကျောင်းသားများကို အားပေးပြောဆိုနေသည်။

'အားလုံးပဲ ယုံကြည်ချက်ရှိကြပါ။ ထိပ်တန်းအတန်းကို အပြတ်အသတ် အနိုင်ယူလိုက်ကြရအောင်”

ထိုစကားကို ကျောင်းသားများသည် အယ်ဒရီနယ်လင်းများ ထိုးသွင်းခံရသည့်အလား တက်ကြွစွာ တုံ့ပြန်ကြသည်။

မကြာမီ ၈နာရီထိုးသွားခဲ့သည်။ ချစ်ကြည်ရေးပြိုင်ပွဲသည်လည်း တရားဝင် စတင်လေပြီ။ ပြိုင်ပွဲပုံစံသည် သိုင်းပညာပွဲစဉ် အများအပြားပါဝင်သည့် ပြိုင်ပွဲကြီးပုံစံပင် ဖြစ်သည်။ အတန်းနှစ်တန်းလုံးသည် မိမိအတန်း၏ ကိုယ်စားပြုပြိုင်ပွဲဝင်ကို စေလွှတ်သည်။ ရှုံးနိမ့်သူသည် ပြိုင်ပွဲမှ ထွက်ခွာရပြီး ရှုံးနိမ့်သူ၏အတန်းမှ ကိုယ်စားပြုပြိုင်ပွဲဝင် အသစ်တစ်ယောက်ကို စေလွှတ်ရသည်။ အနိုင်ရရှိသူသည်တော့ ပြိုင်ပွဲစင်ပေါ်တွင် ကျန်ရစ်ခဲ့ရပြီး နောက်ထပ်ပြိုင်ပွဲဝင်ကို ရင်ဆိုင်ခုခံရသည်။

ပထမဆုံးပြိုင်ပွဲ၏ အစပိုင်း၌ လင်းဇီချန်မှ တိုက်ခိုက်ရန် ရှေ့ထွက်ဆန္ဒပြုခဲ့သည်။ ထို့နောက် ဟန်ယွမ်ဖုန်း၏ တုံ့ပြန်မှုကို မစောင့်ဘဲ ပြိုင်ပွဲစင်ပေါ်သို့ တက်သွားခဲ့သည်။ လင်းဇီချန်သည် ‘’ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဆုံးသော အောင်နိုင်သူ’ သွေးမျိုးဆက်ဆင့်ကဲတိုးတက်မှုအား ရရှိနိုင်ရန်အတွက် တတ်နိုင်သမျှ များပြားသော ပြိုင်ဘက်များကို အနိုင်ရယူရန် လိုအပ်နေ၏။ ထို့ကြောင့် လင်းဇီချန်အတွက်မူ ပြိုင်ပွဲစင်ပေါ်သို့ မြန်မြန်တက်နိုင်လေ ပိုကောင်းလေ ဖြစ်သည်။

တစ်ဖက်ရှိ ဒုတိယနှစ်အတန်း၆မှ ပထမဆုံးပြိုင်ပွဲဝင်သည် လှပသော စီနီယာအစ်မတစ်ယောက်ဖြစ်သည်။ သူမသည် အတန်းထဲတွင် အားအနည်းဆုံးသူဖြစ်ပြီး အတန်း၏နည်းဗျူဟာအရ ပထမဆုံးထွက်လာရခြင်းဖြစ်သည်။

“ဆရာ သူတို့က ချက်ချင်း အင်အားအကြီးဆုံးတစ်ယောက်နဲ့ စတိုက်တာပဲ။ ကျွန်မ ဒီပြိုင်ပွဲကို ဘယ်လိုတိုက်ရမလဲ”

ပထမဆုံးပြိုင်ပွဲဝင် စီနီယာအစ်မသည် ပြိုင်ပွဲစင်ပေါ်သို့တက်လာသည့် လင်းဇီချန်ကို မြင်သောအခါ သူမ၏အတန်းပိုင်ဆရာဘက်သို့ လှည့်၍ ခါးသီးစွာ ပြောသည်။

ဒုတိယနှစ်အတန်း၆၏ အတန်းပိုင်ဆရာသည် ဟန်ယွမ်ဖုန်းသို့ ချက်ချင်းလှည့်လာပြီး ရှုပ်ထွေးနေသောမျက်နှာဖြင့် မေးမြန်းသည်။

“ယွမ်ဖုန်း မင်းဘာဖြစ်လို့ အင်အားအကြီးဆုံးတစ်ယောက်ကို ပြိုင်ပွဲအစမှာ လွှတ်လိုက်တာလဲ။ ဒါက စည်းကမ်းနဲ့ မညီဘူးနော်”

ထိုအခါ ဟန်ယွမ်ဖုန်းသည် ချက်ချင်းတုံ့ပြန်လာပြီး ပြိုင်ပွဲစင်ပေါ်ရှိ လင်းဇီချန်အား အော်ပြောသည်။

“ဇီချန် ပြန်ဆင်းလာခဲ့။ နောက်မှ မင်းပြိုင်ဖို့အလှည့်ပေးမယ်။ အားနည်းတဲ့အတန်းဖော်တွေကို အရင်ပြိုင်ခိုင်းလိုက်”

လင်းဇီချန်သည် စည်းမျဉ်းများကို ပြောင်းလဲမရနိုင်ကြောင်း နားလည်လိုက်၍ ရှက်ကိုးရှက်ကန်း ရယ်လျက် စင်ပေါ်မှ ပြန်ဆင်းလာရန်သာ တတ်နိုင်ပေသည်။ သူ၏ ပထမဆုံး အတန်းပြိုင်ပွဲတွင် စည်းမျဉ်းများကို မေ့လျော့မိခြင်းအတွက် တောင်းပန်လိုက်ရလေသည်။ လင်းဇီချန် ပြန်ဆင်းလာသောအခါ ဟန်ယွမ်ဖုန်းသည် အတန်းထဲရှိ အရပ်ပုသော ‌ကျောင်းသူတစ်ဦးကို ပြိုင်ပွဲစင်ပေါ်သို့ တက်စေခဲ့သည်။

“ယွင်ထုန် မင်းအရင်သွားလိုက်”

“ကျွန်မ အရင်လား”

မိန်းကလေးသည် မိမိကိုယ်ကိုယ် လက်ညွှန်းညွှန်ပြလျက် နှုတ်ခမ်းနှစ်လွှာမှာ အံ့အားသင့်မှုကြောင့် အနည်းငယ် ခပ်ဟဟဖြစ်နေသည်။ အချိန်တစ်ခုအထိ သူမမှာ မိမိနားကြားမှားခြင်းဟု တွေးထင်မိခဲ့သည်။

ပြိုင်ပွဲစည်းမျဉ်းအရ ပထမဆုံးပြိုင်ပွဲဝင်သည် အတန်းထဲတွင် အားအနည်းဆုံးသူဖြစ်သည်ဟု အဓိပ္ပာယ်သက်ရောက်ပေသည်။ သို့သော် သူမသည် အတန်းထဲတွင် အားနည်းသူများထဲ တစ်ယောက်အပါအဝင်ဖြစ်သည့်တိုင် အားအနည်းဆုံး မဟုတ်ပါချေ။ ရှန်ချင်းဟန်သည် အားအနည်းဆုံးဖြစ်၏။ ထို့ကြောင့် စည်းမျဉ်းအရ ရှန်ချင်းဟန်သည် ပထမဆုံးပြိုင်ပွဲဝင် ဖြစ်သင့်ပေသည်။ သူမသည် ပထမဆုံးပြိုင်ပွဲဝင်ဖြစ်ရခြင်းအား မကျေမနပ် ခံ‌စားနေရလျက် စိတ်ထဲမှလည်း သူမသည် အတန်း၏ အားအနည်းဆုံးသူ မဟုတ်ပါဘဲနှင့် အဘယ်ကြောင့် ပထမဆုံးပြိုင်ပွဲဝင်ဖြစ်ရသနည်းဟု တဖျစ်တောက်တောက်ငြီးတွားနေခဲ့သည်။ သူမ၏အတွေးထဲတွင် ‘အတန်း၏အားအနည်းဆုံးသူ'ဟူသော စကားလုံးဖြင့် ပြည့်ကျပ်နေတော့သည်။

ဟန်ယွမ်ဖုန်းသည် ထိုကျောင်းသူလေး၏စိတ်ကို နားလည်ပါ၏။ သို့သော် ရှန်ချင်းဟန်၏ လင်းဇီချန်နှင့် ဆက်ဆံရေးကို ထောက်ထား၍ ရှန်ချင်းဟန်အား အတန်း၏အားအနည်းဆုံးသူအဖြစ် တံဆိပ်မကပ်ရန် ဆုံးဖြတ်ခဲ့သည်။ ရှန်ချင်းဟန်အား ဦးစားပေးဆက်ဆံမှုအချို့ ပြသပေးခြင်းဖြင့် လင်းဇီချန်ကို စိတ်ကျေနပ်ခြင်းမှာ ပိုကောင်းလိမ့်မည်ဟု တွေးထားခဲ့သည်။ လင်းဇီချန်၏အရည်အချင်းသည် အလွန်မြင့်မားကောင်းမွန်ပြီး အနာဂတ်တွင် ဂုဏ်သတင်းကြီးလိမ့်မည်မှာ သေချာပေသည်။ ယခုအချိန်တွင် လင်းဇီချန်နှင့် သင့်မြတ်စွာ ဆက်ဆံရေးထိန်းသိမ်းခြင်းသည် အနာဂတ်တွင် အကျိုးအမြတ်များစွာကို သယ်ဆောင်ပေးနိုင်မည်ဖြစ်၏။

ရှန်ချင်းဟန်သည် ဟန်ယွမ်ဖုန်း၏ အတွေးတို့ကို မသိပါချေ။ ရှန်ချင်းဟန် သိနေသည့် တစ်ခုတည်းသောအရာမှာ သူမ ပထမဆုံးပြိုင်ပွဲဝင်အဖြစ် ပြိုင်ပွဲစင်ပေါ်သို့ မတက်ခဲ့လျှင် ယွင်ထုန်သည် ဤကိစ္စကြောင့် သူမအပေါ် မကျေချမ်းမှုဖြင့် အငြိုးထားလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ရှန်ချင်းဟန်သည် ဟန်ယွမ်ဖုန်းရှေ့သို့ လက်ဦးမှုယူ၍ လျှောက်သွားလိုက်ပြီး နူးညံ့ညင်သာစွာဖြင့် ပြောလိုက်သည်။

“ဆရာဟန် ကျွန်မက အတန်းထဲမှာ အားအနည်းဆုံးသူပါ။ ကျွန်မ အရင်သွားလိုက်ပါမယ်…”

အခြားကျောင်းသားများသည် သူမ၏ ဘက်လိုက်မှုအခွင့်အရေးရယူ‌ထားသော သရုပ်မှန်ကို ရိပ်မိနေကြပြီဖြစ်ရာ ရှန်ချင်းဟန်သည် အတန်းထဲတွင် အလွန်သတိထား၏။ အခြားကျောင်းသားများကို အနှောင့်အယှက်ပြုမိပြီး အခြားသူများ၏ မနှစ်မြို့ခြင်းခံရမည်ကို ကြောက်ရွံ့ပေသည်။ ထိုမြင်ကွင်းကိုမြင်သောအခါ လင်းဇီချန်သည် အနည်းငယ် စိတ်မသက်မသာခံစားလိုက်ရသည်။ လင်းဇီချန်သည် ရှန်ချင်းဟန်၏ အတန်းထဲရှိ ကသိကအောက်ဆန်သော အခြေအနေကို ပြောင်းလဲပေးချင်သည်။ သို့သော် တစ်ဖန်ပြန်စဉ်းစားလိုက်သောအခါ သူမအား တတ်နိုင်သမျှ လေ့ကျင့်ပေးခြင်းဖြင့် ပို၍သန်မာလာ‌ေစရန် ကူညီပေးခြင်းမှအပ သူပြုလုပ်ပေးနိုင်သည့်အရာ များစွာမရှိပေ။

အခန်း ၆၀

ရှန်ချင်းဟန် က ဦးစွာပထမဆုံး တိုက်ခိုက်ချင်တာကို မြင်သည့်အတွက် ဟန်ယွမ်ဖုန်း က ငြင်းစရာ အကြောင်းမရှိတာကြောင့် သူမက ပထမတိုက်ပွဲကို ပြုလုပ်လိုက်၏။ မကြာမီ လူတိုင်း၏အကြည့်အောက်တွင် ရှန်ချင်းဟန် သည် သိုင်းပြိုင်ပွဲစင်ပေါ်သို့ တက်လာသည်။

သူမ၏ လှပသော ရုပ်ရည်ကြောင့် အတန်း 6-2 မှ စီနီယာ ကောင်လေးများက

၏ မျက်လုံးမျာက သူမကို တွေ့လိုက်သောအခါတွင် ချက်ချင်း တောက်ပလာသည်။

အထိန်းအကွပ်မဲ့သော အကျင့်စရိုက်ရှိသည့် အနည်းငယ်သော အချို့သောသူများသည် ချစ်ဖို့ကောင်းသည့် ဂျူနီယာညီမကို အလျော့ပေးရန် အတန်းဖော်အား အော်ငေါက်ကာ ပရိသတ်ထံမှ အားပေးမှုများက ပျံ့လွင့်‌ေန၏။ မရပ်မနား အော်ဟစ်နေကြပီး ဆရာက သူတို့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်သောအခါ ပါးစပ်ပိတ်ပြီး တိတ်တိတ်နေဖို့ နားလည်လိုက်ကြသည်။

"ဟန်ဟန် မင်းလုပ်ပစ်လိုက်"

"အသင်းဖော်၊ သူ့ကို ဖြုတ်!"

စင်အောက်က လီချူရှင်း နဲ့ ဟဲယု က ရှန်ချင်းဟန် ကို အားပေးနေ၏။ ရှန်ချင်းဟန် က သူတို့နှစ်ယောက်ကို ပြန်ပြုံးပြပြီး သူမ၏ အပြုံးသည် ရန်လိုသည့် စိတ်ဓာတ် လုံးဝကင်းမဲ့ပီး ဖြူစင်နေ၏။ သူမသည် မည်မျှအားနည်းသည်ကို သူမသိပြီး တိုက်ပွဲစပြီးသည်နှင့် သူမ၏ပြိုင်ဘက်က တစ်ဖက်သတ်အနိုင်ရမည်မှာ သေချာနေသည်။

သူများတွေ ဘယ်လောက်ပဲ အားပေးနေပါစေ ဒီအချက်ကို ပြောင်းလဲမှာ မဟုတ်‌ေပ။

အမှန်တကယ်တွင် သူတို့ ပိုအားပေးလေလေ၊ သူမ ဖိအားတွေ ပိုခံစားရလေဖြစ်ပြီး၊ သူမကို ရင်ထဲမှ ဖိအားများကြောင့် သူမ အသက်ရှူမဝနိုင်အောင် ဖြစ်နေလေသည် ။

"ပြိုင်ပွဲဝင်နှစ်ယောက် အဆင်သင့်ဖြစ်ပြီလား"

စင်ပေါ်မှာ ဒိုင်လူကြီးအဖြစ် တာဝန်ယူနေသောနေတဲ့ ဆရာက နှစ်ယောက်စလုံး အနေအထားမှာ ရှိနေတာကို တွေ့တော့ ကျယ်လောင်စွာ မေးလိုက်၏။

“အဆင်သင့်ပါ။”

ရှန်ချင်းဟန် နှင့် သူမ၏ စီနီယာ နှစ်ယောက်စလုံးက တစ်ချိန်တည်းတွင် ပြန်ဖြေသည်။ ဒိုင်လူကြီးက ဒါကိုမြင်တော့ ညာလက်ကို ချက်ချင်း မြင့်တင်လိုက်ပြီး အောက်ကို အလျင်အမြန် ချလိုက်၏။၊

"တိုက်ပွဲစတင်ပါ!"

စကားတွေပြောပြီးတာနဲ့ စီနီယာက ရှန်ချင်းဟန် ကို အားသွင်းပြီး မြှားတစ်စင်းလို ရှေ့ကို တိုးသွားတယ်။

ရှန်ချင်းဟန် သည် ဤအရာအတွက် ပြင်ဆင်ထားပြီး သူမကိုယ်သူမ ကာကွယ်ရန်နှင့် ထိုးနှက်ရန် လက်ကို အမြန်မြှောက်လိုက်သည်။

သူမသည် တိုက်ခိုက်မှုများကို အဆုံးအဖြတ်ခံယူရုံမျှသာဖြစ်ပြီး ခက်ခက်ခဲခဲ ပြန်လည်တိုက်ခိုက်‌ေနရ၏။

ပြန်တိုက်ဖို့ အရမ်းကြောက်တာတော့ မဟုတ်ပေမယ့် သူ၏ပြိုင်ဘက်ကို အနိုင်ယူဖို့ အခွင့်အရေး မရှိဘူးဆိုတာ သူ့စိတ်ထဲမှာ သိနေသည်။ သူမလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ပြိုင်ဘက်၏စွမ်းအားကို လျော့နည်းသွားအောင် အတတ်နိုင်ဆုံးထိန်းထားရန်ဖြစ်သည်။

သူမကို လိပ်နဲ့တူတဲ့ နည်းဗျူဟာကို ချမှတ်ထားပီး ဘယ်လောက်ပဲ အရိုက်ခံရပါစေ ပြန်မတိုက်ရဲသည့်အခါ စီနီယာက စိတ်မရှည်သလို ပြင်းထန်သည့် ခွန်အားတွေ အပြည့်နဲ့ ဆက်တိုက် တိုက်ခိုက်လိုက်၏။

သုံးမိနစ်ကျော်လောက်ကြာသွားပီး ရှန်ချင်းဟန် သည် တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ စီနီယာ၏ ထိုးနှက်မှုကြောင့် သိုင်းစင်မြင့်မှ ပြုတ်ကျခဲ့သည်။ နာကျင်စွာ ပြတ်ုကျပေမယ့် သူမမျက်နှာမှာ အမူအရာ အများကြီးမပြဘဲ တိတ်တိတ်လေးထကာ အတန်းအဖွဲ့ဆီ ပြန်သွားခဲ့၏။

"ဟန်ဟန် ၊ ဆိုးရွားတဲ့ တိုက်ပွဲမဟုတ်ဘူး။ မင်းဟာ ပြိုင်ဘက်ရဲ့ စွမ်းအင်ကို ကုန်ဆုံးစေဖို့အတွက် ကာကွယ်ရေးကို အာရုံစိုက်ဖို့ ကောင်းကောင်းသိတယ်၊ အရမ်း‌ေတာ်တာပဲ။

ဟန်ယွမ်ဖုန်း သည် ရှန်ချင်းဟန် ကို လက်မထောင်ပြပြီး သူ့မျက်နှာပေါ်တွင် နှစ်သက်သဘောကျသောအကြည့်ဖြင့် သူမကို ချီးမွမ်းသည်။ ရှန်ချင်းဟန် က သူ့ကို ပြုံးပြပြီး လင်းဇီချန်ထံ အမြန်လျှောက်သွားလိုက်သည်။

လင်းဇီချန်သည် ရှန်ချင်းဟန် အနီးသို့ ချဉ်းကပ်လာသည်ကို မြင်ပြီး‌ေနာက် သူမအား ပြုံး၍ ချီးကျူးကာ "ဒါက အရမ်းကောင်းပါတယ်၊ လေ့ကျင့်မှု တစ်နှစ်ထပ်လုပ်ထားတဲ့ စီနီယာတစ်ယောက်နဲ့ ၃ မိနစ်ကျော်ကြာအောင် ထိန်းထားနိုင်တာ တော်တော်ကောင်းပါတယ်။ မင်း အများကြီး တိုးတက်လာတယ်။"

“ကျွန်တော် ဒီလောက် မတိုးတက်သေးဘူး။ လိပ်ခွံဗျူဟာကို သုံးဖို့ ဆုံးဖြတ်ပြီး အရိုက်ခံရတာကြောင့် နည်းနည်းကြာကြာ ခံနိုင်ရည်ရှိလို့ပါ”

"မင်းတိုးတက်ရင် မင်းတိုးတက်လာတာ‌ေပါ့ ကိုယ့်ကိုယ်ကို အမြဲနှိမ့်ချမနေပါနဲ့။"

လင်းဇီချန်သည် ရှန်ချင်းဟန် ကို သူ့ဘေးနားသို့ ထိုင်ခိုင်းရန် ဆွဲယူလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို ဒဏ်ရာများ ရရှိစေသော နေရာများ ရှိမရှိကို စတင်စစ်ဆေးခဲ့သည်။ နောက်ဆုံးတော့ သူမဟာ စီနီယာရဲ့ ပြင်းထန်သည့် တိုက်ခိုက်မှုကနေ စင်ပေါ်မှာ ရက်ရက်စက်စက် ရိုက်နှက်ခံခဲ့ရပြီး ဒဏ်ရာတွေ အများကြီး ရခဲ့တာ သေချာ၏။

" အ့ နာကျင်တယ်!"

ရှန်ချင်းဟန် သည် ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်သည်။ လင်းဇီချန်သည် သူ့တွင်ရှိ‌ေသာ ဒဏ်ရာနေရာကို အကြည့်ရောက်သွားခဲ့သည်။ ဒါကိုမြင်တော့ လင်းဇီချန်ဟာ သူ့ခန္ဓာကိုယ်ကို ချက်ချင်းအသုံးပြုပြီး ရှန်ချင်းဟန် ရဲ့အဝတ်အစားတွေကို အနည်းငယ် ဖယ်ကြည့်သောအခါ သူမရဲ့ခါးမှာ သိသိသာသာ ထင်ရှားသည့် ဒဏ်ရာတွေကို တွေ့ရှိလိုက်ရ၏။

“အခုလောလောဆယ် သွေးထွက်တာကိုရပ်ဖို့ အအေးခံထားတဲ့ ကွန်ပလိန်းကို လိမ်းလိုက်မယ်၊ မနက်ဖြန်မှာ သွေးလည်ပတ်မှုကို မြှင့်တင်ပေးပြီး အမာရွတ်တွေကို ဖယ်ရှားပေးနိုင်မှာ စိတ်မပူနဲ့”

"ကောင်းပြီ ငါသိပါတယ်။"

ရှန်ချင်းဟန် က နာခံစွာ ခေါင်းညိတ်လိုက်သည်။ လင်းဇီချန်သည် သူ၏ ကျောပိုးအိတ်မှ အအေးဒဏ်ခံ အနာဆေးကို ယူကာ သူမ၏ ခါးပေါ်ရှိ ပွန်းပဲ့သော နေရာကို ညင်သာစွာ လိမ်းပေးသည်။ ထိုအချိန်တွင် လင်းဇီချန်၏ လက်ချောင်းထိပ်များမှ ထိတွေ့မှုနှင့် နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် ရှန်ချင်းဟန် ၏ ပါးပြင်များ နီရဲလာသည်။

သူတို့ရဲ့ အပြုအမူတွေက ရင်းနှီးလွန်းပြီး ပတ်ဝန်းကျင်က လူတော်တော်များများ၏ အကြည့်အောက်တွင် သူမ ရှက်နေ၏။လင်းဇီချန်ကမူ သူမထင်သလောက် အတွေးများစွာမရှိခဲ့ဘဲ အခြားဒဏ်ရာများရရှိရန် သူမ၏ခန္ဓာကိုယ်ကို တိတ်တဆိတ် ဆက်လက်စစ်ဆေးခဲ့သည်။ အတန်းတွင်းရှိ မိန်းကလေးများစွာသည် ထိုမြင်ကွင်းကို ကြည့်နေကြပြီး၊ သူတို့၏မျက်နှာများသည် ရှန်ချင်းဟန် အပေါ် မနာလိုမှုများနှင့် ပြည့်နှက်နေသည်။

ရှန်ချင်းဟန် သည် လင်းဇီချန်၏ဘေးအိမ်တွင်မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက သူနှင့်အတူကြီးပြင်းခဲ့ရခြင်းမှာ တကယ်ကံကောင်းသည်ဟု သူတို့ကိုယ်သူတို့ ထင်ခဲ့ကြသည်။ မဟုတ်ရင် သူမရဲ့ ပညာရေးစွမ်းဆောင်ရည်နဲ့ လင်းဇီချန်ကို စကားတစ်ခွန်းလောက်ပြောဖို့ ထိုက်တန်ပါသလား။

အခြားလူအများစု၏ အမြင်တွင် သူမသည် သိမ်မွေ့သောဘဝတစ်ခုကို ဦးဆောင်ရန် ရည်မှန်းထားသော ဆွဲဆောင်မှုအနည်းငယ်ရှိသော လမ်းဘေးတောရိုင်းပန်းတစ်ပွင့်မျှသာ ဖြစ်လိမ့်မည်။ ထိုအချိန်တွင် ရှက်သည်းဖိုနေသော ရှန်ချင်းဟန် သည် အတန်းရှိမိန်းကလေးများထံမှ အကြည့်များကို ယောင်ဝါးဝါးမြင်လိုက်ရသည်။

ထိုအကြည့်များတွင် ငြူစူခြင်းနှင့် မနာလိုခြင်း ရောထွေးနေသည်ကို ခံစားလိုက်ရသဖြင့် ခေါင်းငုံ့ကာ နှုတ်ခမ်းများကို ကိုက်၍ အကူအညီမဲ့နေသလို ခံစားရ၏။

အရင်အချိန်တွင်မူ သူမရဲ့ ရွယ်တူအမျိုးသမီးတွေဆီက ဒီလို ငြူစူခြင်း သို့မဟုတ် မနာလိုတဲ့ အသွင်အပြင်ကို ရရှိသည့်အခါ သူမ ပျော်ရွှင်နေမိမှာပင်။ သို့သော် သူမ အသက်ကြီးလာသည်နှင့်အမျှ သူမနှင့် လင်းဇီချန်အကြား ကွာဟချက်ကို သတိပြုမိလာပြီး ဤကွာဟချက်ကြောင့် ရန်လိုမှုများနှင့်အတူ သူမသည် ထိုအရာများကို တဖြည်းဖြည်း ကြောက်ရွံ့လာသည်။

သူမဟာ လင်းဇီချန်နဲ့ မထိုက်တန်ဘူးလို့ အမြဲခံစားရပြီး ဖိအားတွေအောက်မှာ နေ့စဉ်နေထိုင်ခဲ့ရ၏။ အခြားတစ်ဖက်တွင်၊ ဒုတိယတိုက်ပွဲသည် သိုင်းစင်မြင့်ပေါ်တွင် စတင်နေပြီဖြစ်သည်။ အစောပိုင်းက ဟန်ယွမ်ဖုန်း က ပထမဆုံး တိုက်ခိုက်ရန် စီစဉ်ခဲ့သော မိန်းကလေးသည် ယခုအခါ စင်ပေါ်တွင် ရောက်ရှိနေခဲ့ပီဖြစ်သည်။

သူမ၏မျိုးရိုးအမည်မှာ ဝမ်ဖြစ်ပြီး သူမ၏အမည်မှာ ယွန်းတုံဖြစ်သည်။

ဝမ်ယွမ်တုံ သည် ပြင်းထန်သော စရိုက်ရှိပြီး ခုခံတိုက်ခိုက်သည့်ပုံစံကို မကြိုက်ပါ။ ရန်ပွဲစသည်နှင့် တပြိုင်နက်တွင် သူမ၏ စီနီယာဘက်သို့ အလျင်အမြန်ပင်စတင်ကာ မျက်နှာကို ပြင်းပြင်းထန်ထန် ကန်ကျောက်ခဲ့သည်။

ရှန်ချင်းဟန် နဲ့ စင်ပေါ်မှာ သုံးမိနစ်သာကြာတဲ့ စီနီယာတစ်ယောက်ဟာ အမှိုက်ဖြစ်ရမယ်လို့ သူမထင်ခဲ့သလို သူမကိုယ်သူမ အားအပြည့်နဲ့ ကန်ထုတ်လိုက်တာက သူတို့ကို လွယ်လွယ်ကူကူ ဖြုတ်ချဖို့ လုံလောက်မယ်လို့ သူမထင်ခဲ့၏။ သို့သော် ဒီစီနီယာသည် သူမ စိတ်ကူးထားသည့် အမှိုက်နှင့် ဘာမှမဆိုင်ပါ။

သူမ၏ ကန်ချက်ကြောင့် စီနီယာသည် ရင်သပ်ရှုမောဖွယ် တိကျမှုဖြင့် ကန်ချက်ကို ဘေးသို့ အနည်းငယ် လွှဲလိုက်ကာ ရိုးရှင်းစွာ လှည့်ထွက်သွားသည်။ ထို့နောက် ယွမ်တုံ၏ ခြေထောက်ကို ဆန့်ထုတ်လိုက်ခြင်းကို အခွင့်ကောင်းယူပြီး သူမသည် ယွမ်တုံ ၏ မျက်နှာကို ညာဘက် လက်သီးတစ်ချက် ထိုးပစ်လိုက်ရာ မှိန်းခနဲ ထိမိ၍သွားသည်။

သူမ၏ အားသာချက်ကို ကျော်လွန်ပြီးနောက်၊ ခြေထောက်ကို တွန်းထုတ်လိုက်ခြင်းဖြင့် ယွမ်တုံသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာပီး လျင်မြန်စွာ နင်းခံရသွားကာ လှုပ်ရှားရန် သို့မဟုတ် အသက်ရှူရန် ခက်ခဲစေသည်။

ဒါကိုမြင်တော့ ဒိုင်လူကြီးက အောင်နိုင်သူကို ချက်ချင်းကြေငြာလိုက်၏။ စီနီယာက မြေပြင်ပေါ်ကနေ မတ်တပ်ထရပ်ပြီး ရှုံးနိမ့်သွားသည့် ပြိုင်ဘက်ကို အပေါ်စီးကနေ ငုံ့ကြည့်ရင်း ရယ်မောပီး

" ကာကွယ်ရေးအတွက် စိတ်မပူဘဲ သာမာန် လူတယောက်လူလို ငါ့ကို နှိမ့်ချ ထင်နေတာလား။"

“ဟုတ်ပါတယ်၊ ငါ့မှာ မင်းရဲ့ အရည်အချင်းတွေ မရှိနိုင်ပေမယ့် ငါ မင်းထက် တစ်နှစ် ပိုလေ့ကျင့်ခဲ့တယ်။ မင်းက အခု ငါ့ထက်တောင် သန်မာနေတယ်ဆိုတာ ဘာက ယုံကြည်နေတာလဲ။"

"မင်း ငါ့ကို တိုက်ခိုက်ဖို့ မကြိုးစားခင် နောက်ထပ်တစ်နှစ်လောက် လေ့ကျင့်နိုင်မယ်!"

ဝမ်ယွမ်တုံက ဘာမှပြန်မပြောဘဲ ငြိမ်ငြိမ်လေးထရပ်ပြီး သိုင်းဇာတ်ခုံမှ ထွက်သွားသည် ။ စင်ပေါ်မှဆင်းပြီးသည်နှင့် ဟန်ယွမ်ဖုန်း သည် ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ သူမကို ဝေဖန်လိုက်သည်။

"ယွမ်တုံ ဒီတိုက်ပွဲပုံစံက ဘယ်လိုလဲ ကာကွယ်ရေးမစဉ်းစားဘဲ တိုက်ခိုက်ဖို့ပဲ ဦးစားပေးသိတယ်၊ အတန်းထဲမှာ သင်ပေးသမျှကို မေ့နေပြီလား"

“ဆရာ၊ ကျွန်မ အထင်ကြီးပီး မှားသွားတယ်။ ထပ်တူ အမှားမျိုး ထပ်မလုပ်တော့ပါဘူး"

သူမ၏အမှားကို ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။ဟန်ယွမ်ဖုန်း က သူ့အမှားကို ဝန်ခံပြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။

ဒါပေမယ့် သူ့ကိုယ်သူ တွေးနေခဲ့ပီး ဝမ်ယွမ်တုံက စင်ပေါ်မှာ သုံးမိနစ်ထက် ပိုကြာတဲ့ ရှန်ချင်းဟန် လောက်တောင် မကောင်းဟု ထင်မြင်လိုက်၏။ မကြာခင်မှာပဲ တတိယအကြိမ်မြောက် တိုက်ပွဲစတင်ခဲ့ပီး ပြိုင်ပွဲဝင်သူမှာ လီချူရှင်း ဖြစ်သည်။

သူမ၏ ခွန်အားသည် အတန်းထဲတွင် အောက်ခြေမှ တတိယဖြစ်ပြီး ရှန်ချင်းဟန် နှင့် ဝမ်ယွမ်တုံထက်သာလွန်သည်။

“ဟန်ဟန်၊ ငါ မင်းကို လက်စားချေမယ်။ ငါတိုက်ခိုက်တာကို ကြည့်စမ်းပါ"

"ဟမ်၊ သွားကြည့်။"

"စောင့်ကြည့်လိုက်ပါ၊ သူမကို ဖြုတ်ချဖို့ ငါးမိနစ်လောက် ကြာမှာ မဟုတ်ဘူး!"

ဒီစကားတွေကို ပြောလိုက်ပြီးနောက် စင်ပေါ်ကို စိတ်ချလက်ချ တက်သွားတယ်။ သူ့စကားအတိုင်း မှန်ခဲ့ပီး ငါးမိနစ်မပြည့်မီတွင် စီနီယာကို အနိုင်ယူခဲ့သည်။

ဒါကို စင်မြင့်အောက်ကနေ မြင်လိုက်ရတော့ ရှန်ချင်းဟန် က အံ့သြစွာ " ရှောင်းချန် ချူရှင်းက တကယ်ကို အံ့သြစရာပဲ"

“မင်းလည်း အံ့သြစရာပဲ။ စောစောက စီနီယာကို ပင်ပန်းအောင် တိုက်ခိုက်ထားတာ မဟုတ်ရင် ချူရှင်းက လွယ်လွယ်နဲ့ အနိုင်ရမှာ မဟုတ်ဘူး” လို့ လင်းဇီချန်က သူမကို ချီးကျူးစကားဆိုခဲ့ပါတယ်။

ရှန်ချင်းဟန် ထိုစကားများက အဖြစ်မှန်များနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး သူမအား နှစ်သိမ့်ရန်အတွက်ဟုသာ သိသော်လည်း သူမသည် အလွန်ပျော်ရွှင်နေဆဲဖြစ်သည်။

All Chapters