← Chapters

အပိုင်း ၇၆-၇၈

Vol. 6 Ch. 76-78

အပိုင်း ၇၆-၇၈

Vol. 6 Ch. 76-78

အခန်း (၇၆) စီနီယာဂုဏ်ထူးတန်းနှစ်တန်း၏ ထိပ်တန်းကျောင်းသား

ကြွက်ဘုရင်ကို သတ်ဖြတ်နေသည့် ဝူရှန်ချန် ၏ ဗီဒီယိုကို ကြည့်ရှုပြီးနောက် လင်းဇီချန်သည် ဆက်လက်၍ သက်ဆိုင်ရာ သတင်းများကို ရှာဖွေကြည့်ရှုလျက်ရှိသည်။ မကြာမီ၌ပင် ကျန်ရှိနေသေးသည့် ထွက်ပြေးတိမ်းရှောင်နေသော ကြွက်နတ်ဘုရားကိုးကွယ်သူများကို ဖမ်းဆီရန် တိုက်တွန်းထားသော ကြေညာစာတစ်စောင်က သူ့ အာရုံကို ဖမ်းစားလိုက်၏။

သတင်းအကြောင်းအရာ၏ အဓိက ရည်ရွယ်ချက်မှာ ထွက်ပြေးတိမ်းရှောင်နေသော ကြွက်နတ်ဘုရားကိုးကွယ်သူ နောက်လိုက်ကိုးဦး ကျန်ရှိနေဆဲဖြစ်ကြောင်းဖော်ပြရန်ဖြစ်သည်။ ပြည်သူ့လုံခြုံရေးဌာနက ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ပြည်သူလူထုကိုထုတ်ဖော် ဖော်ပြကာ ၎င်းတို့ကိုဖမ်းဆီးရာတွင် အထောက်အကူဖြစ်စေသည့် သတင်းအချက်အလက်သဲလွန်စများကို ပြည်သူများမှ ပြန်လည်ရယူနိုင်လိမ့်မည်ဟု မျှော်လင့်လျက်ရှိသည်။

သက်ဆိုင်သော သတင်းအချက်အလက် သဲလွန်စများ ပံ့ပိုးပေးနိုင်သူများအတွက် ဆုငွေချီးမြှင့်မည်ဖြစ်၍ သဲလွန်စအရေးပါမှုအပေါ်မူတည်ကာ ယွမ် ၅၀၀၀ မှ ၅၀၀၀၀၀ အထိ ဆုကြေးငွေ ပေးအပ်မည်ဖြစ်သည်။

လင်းဇီချန်သည် ကျန်ရှိနေသေးသော ကြွက်နတ်ဘုရားကိုးကွယ်သူ တရားခံပြေးကိုးယောက်၏ အသွင်အပြင်များကို သတိပြုမှတ်မိစေရန် ရှာဖွေဖမ်းဆီးခြင်းခံရသည့် ၎င်းတို့၏ဓာတ်ပုံများကို မျက်စိတစ်ချက် ဝေ့ကြည့်လိုက်သည်။

ဤလူကိုးယောက်သည် တစ်ဦးချင်းစီ ယွမ် ၅၀၀၀၀၀ တန်ဖိုးရှိကြသဖြင့် ၎င်းတို့၏မျက်နှာများကို မှတ်သားထားသင့်သည်။ သို့သော် ဆုငွေသည် ဒုတိယထားရာဖြစ်၍ အရေးကြီးသည်မှာ မိမိကိုယ်ကို ကာကွယ်ရန် ဖြစ်သည်။ ကြွက်နတ်ဘုရားကိုးကွယ်သူ တရားခံပြေးများ၏ အသွင်အပြင်ကိုသိထားခြင်းဖြင့် တစ်နေ့၌ သူ ၎င်းတို့နှင့် မတော်တဆတွေ့ကြုံလာရလျှင် ချက်ခြင်းသတိပြုမှတ်မိနိုင်မည်ဖြစ်သည်။ ဤသို့ဖြင့် သူကိုယ်တိုင် ၎င်းတို့အန္တရာယ်မှ အမြန်ဆုံး အဝေးသို့ရှောင်တိမ်းနိုင်လိမ့်မည်ဖြစ်သည်။

လင်းဇီချန်သည် သူ၏လုံခြုံရေးကို သေချာစေရန် လုပ်ဆောင်ပြီးနောက်မှသာ ပြည်သူ့လုံခြုံရေးဆီသို့ သဲလွန်စများ ပေးပို့ကာ ဆုငွေကိုထုတ်ယူမည်ဖြစ်သည်။

“ ရှောင်ချန် မင်း အိပ်ယာက မထသေးဘူးလား ”

“ ခြောက်နာရီ ထိုးနေပြီ ”

“ မင်း အခုမထရင် ကျောင်းနောက်ကျလိမ့်မယ် ”

သူသတင်းများကို စိတ်၀င်စားစွာဖတ်နေချိန်၌ပင် တံခါးပြင်ပမှ ကျန်းဝမ်ရှင်း၏ အသံကို ကြားလိုက်ရသည်။

“ သားသိတယ် ၊ သား အခု ထနေပြီ ”

လင်းဇီချန်က တုန့်ပြန် ပြောဆိုပြီးနောက် အ၀တ်အစားလဲရန် အိပ်ယာမှ ချက်ချင်းအမြန်ထလိုက်သည်။ ထို့နောက် ရေချိုး၍ အောက်ထပ်သို့ဆင်းကာ နံနက်စာ စားသည်။

နာရီဝက်ခန့် ကြာပြီးသည့်နောက်..

လင်းဇီချန်က အိမ်ရှေ့တံခါးမှထွက်လာ၍ အပြင်၌ စောင့်နေသော ရှန်ချင်းဟန်နှင့်အတူ ကျောင်းသို့သွားခဲ့သည်။

လမ်းလျှောက်သွားစဉ် ရှန်ချင်းဟန်က ပုံမှန်ကဲ့သို့ တိတ်ဆိတ်မနေဘဲ ခပ်တိုးတိုး သီချင်းညည်းလျက်ရှိရာ အလွန်သာယာလွန်းသော သီချင်းညည်းသံကို နားထောင်၍ လင်းဇီချန် ပျော်ရွှင်နေသည်။

သူက ရှန်ချင်းဟန်သည် ဒီဇင်ဘာလကုန်ပိုင်း၌ ပြုလုပ်မည့် ပြိုင်ပွဲတွင် ဆုတစ်ဆု သေချာစွာရလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော် အခုအခါ၌မူ ပထမဆုကို အသေအချာရမည်ဟု ယုံကြည်မိလာသည်။ ဆယ်မိနစ်ခန့် မကြာမီ၌ပင် ၎င်းတို့နှစ်ဦးသည် ကျောင်းတံခါးကို ဖြတ်၍ ဝင်လာ၏။

ကျောင်းဝင်းလမ်းကြောင်းတစ်‌လျှောက် လမ်းလျှောက်သွားစဉ်၊ လူများစွာက လင်းဇီချန်ကို လက်ညှိုးထိုး၍ ယမန်နေ့က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို တီးတိုးပြောဆိုနေကြသည်။ ယမန်နေ့က နေ့လည်ပိုင်းတွင် အားကစားကွင်းရှိ ကွင်းစင်မြင်ထက်၌ သူသည် တစ်ကျောင်းလုံးကို စိန်ခေါ်မှုတစ်ခု ကြေညာခဲ့ကာ ယခုအခါတွင် တစ်ကျောင်းလုံးသို့ နာမည်ကြီးကျော်ကြားသွားခဲ့ပြီဖြစ်သည်။

အနည်းငယ်ချဲ့ကားပြောရလျှင် လမ်းပေါ်ရှိ ခွေးလေခွေးလွင့်များနှင့် ဆရာများက ထိန်းသိမ်းစောင့်ရှောက်ထားသော ခွေးများပင်လျှင် သူ့ကိုမှတ်မိကြပေမည်။ သို့သော် ဤကျော်ကြားမှုသည် တိတိကျကျ ကောင်းသောကျော်ကြားခြင်းမဟုတ်ပေ။ အကြီးတန်းနှစ်များတွင် အထူးသဖြင့် အထက်တန်းကျောင်းသားများကြား၌ ရုပ်ရည်နောက်လိုက်၍ တန်ဖိုးဖြတ်တတ်ကြသည့် ရုပ်ရည်ကိုသာစွဲလမ်းတတ်ကြသော မိန်းကလေးအချို့မှလွဲ၍ စီနီယာ ကျောင်းသား အများစုက သူ့ကို မနှစ်သက်ကြပေ။

ဤကျောင်းသား လူငယ်လေးက မာနကြီးလွန်းကာ စီနီယာများကိုလည်း ပြင်းပြင်းထန်ထန် စော်ကားခဲ့သူဟု ၎င်းတို့က ထင်မိကြသည်။ လင်းဇီချန်သည် လမ်းတစ်လျှောက်၌ရှိသော လူများက သူ့ကိုလက်ညှိုးထိုး၍တီးတိုးပြောသမျှကို လုံး၀ဂရုမစိုက်ဘဲ မည်သည်ကိုမျှ မမြင်မကြားသကဲ့သို့ ဟန်ဆောင်ကာ ပုံမှန်အတိုင်း သူ့အလုပ်ကိုသာ ဆက်လုပ်နေသည်။

၎င်းတို့သည် သူနှင့်အတူ လမ်းလျှောက်လာသော ရှန်ချင်းဟန်ကိုအခက်တွေ့စေသည်။ ကျောင်းတွင် လူမှူဆက်ဆံရေး၌ စိုးရိမ်ပူပန်မှုများစွာရှိနေသော ရှန်ချင်းဟန်သည် လင်းဇီချန်ကိုထိုးနှက်နေသော အခြားသူများ၏အကြည့်များကြောင့် အဆက်မပြတ်တုန်လှုပ်လျက်ရှိသည်။ ခေါင်းကိုငုံ့ကာ ပြန်မော့ကြည့်ရန်ပင် အလွန်စိုးရိမ်ကြောက်ရွံ့လျက်ရှိသည်။

သူမပတ်၀န်းကျင်တွင် အဆက်မပြတ်ပေါ်ထွက်လာသော စကားသံများက သူမကို စိတ်မသက်မသာပိုဖြစ်စေသည်။ သူမ၏ခြေထောက်များပင် လမ်းလျှောက်နည်းကိုမေ့သွားပုံရကာ ခြေလှမ်းတိုင်း အဆင်မပြေသကဲ့သို့ သူမခံစားရသည်။ သူမကို ဤအခြေအနေ၌ မြင်လိုက်ရသော လင်းဇီချန်သည်လည်း အားကိုးရာမဲ့သကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ငယ်သူငယ်ချင်းသည် ကျောင်း၌ အမြဲလိုလိုရှက်ရွံ၍ ယုံကြည်မှုကင်းမဲ့နေခြင်းက သူမကိုအနိုင်ကျင့်ရန် လွယ်ကူသောပစ်မှတ်တစ်ခု ဖြစ်လာစေခဲ့သည်။ သူမ မည်သည့်အချိန်၌ ပို၍ ယုံကြည်မှုရှိလာမည်ကို သူသိချင်နေမိ၏။

နေ့လည် ဆယ့်နှစ်နာရီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ အတန်းပြီးခါနီးတွင် ခေါင်းလောင်းသံကြားသည်နှင့်တပြိုင်နက် လင်းဇီချန်သည် နေ့လည်စာပင်မစားဘဲ စာသင်ခန်းမှထွက်ကာ ကျောင်းအားကစားရုံသို့ ဦးတည်သွားခဲ့သည်။ အတန်းမတက်ခင် အနားယူချိန်တွင် သူသည် ဗိုက်မဆာစေ‌ရန် တစ်ခုခုကို စားထားနှင့်ပြီဖြစ်သည်။ ၎င်းသည် ကျန်းဝမ်ရှင်းလုပ်ပေးသော Onigiri (ထမင်းလုံး) ဖြစ်သည်။ Onigiri သည် ထမင်းဗူး ဆေးရန်လည်းမလိုသဖြင့် အချိန်ကုန်သက်သာကာ သူ့အတွက်အဆင်ပြေသည်။

အားကစားရုံကိုသွားနေသော လင်းဇီချန်ကို မြင်သောအခါ ရှန်ချင်းဟန်သည် ရုံးခန်းထဲမှ သူမ၏နေ့လည်စာကို အပူ‌ပေးရန် ထိုင်ခုံမှအလျင်အမြန်ထ၍ လင်းဇီချန်၏စိန်ခေါ်ပွဲသို့ သူမနှင့်အတူ ပူ‌ပူနွေးနွေးအစားအသောက်များကို ယူဆောင်သွားရန် ပြင်ဆင်နေသည်။ သူမသည် ဖုန်းကို အသုံးပြု၍ လင်းဇီချန်၏ စွမ်းဆောင်မှုများကို မှတ်တမ်းတင်ထိုက်သည့်အချိန်တိုင်း ရိုက်ကူးကာ သူ၏‌ ကျောင်းသားဘဝ၌ ထင်ရှား‌ သော အကြောင်းအရာများကို စုစည်း၍၊ ၎င်းတို့ကို စလိုက်ရှိုး တစ်ခုအဖြစ် ပြင်ဆင်ကာ လက်ဆောင်အဖြစ် ပေးမည်ဟု ရည်ရွယ်ထားသည်။

ထိုအချိန်၌ပင် လင်းဇီချန်သည် အားကစားရုံသို့ရောက်ရှိ၍ တိုက်ခိုက်ရေးစင်ပေါ်သို့ တက်လှမ်းနေပြီဖြစ်သည်။ ထိုအချိန်၌ အားကစားရုံသည် တစ်ဦးတစ်ယောက်မျှ မရှိဘဲ လုံး၀ဗလာဖြစ်နေသည်။ ကျောင်းသားများသည် မကြာသေးခင်မှ အတန်းပြီးခဲ့ကြသဖြင့် အားကစားရုံသို့ မရောက်ကြသေးပေ။

နှစ်မိနစ် သုံးမိနစ်ခန့်ကြာပြီးနောက် ကျောင်းသားများ တဖြည်းဖြည်းအားကစားရုံသို့ ဝင်လာကြသည်။ ဤကျောင်းသားများသည် နေ့လည်စာအတွက် ထမင်းစားခန်းသို့မသွားဘဲ၊ ကျောင်း၀င်းထဲရှိ စတိုးဆိုင်၌ ပေါင်မုန့်အနည်းငယ်သာ ဝယ်ယူကာ လင်းဇီချန်၏ တစ်ကိုယ်တော် စိန်ခေါ်မှု ပြိုင်ပွဲပထမနေ့ကို ကြည့်ရှုရန်လာခဲ့ကြသည်။ အတန်းဖော်များ၊ ကြည့်ရှုသူများ၊ ထောက်ခံဝန်းရံသူ မိန်းကလေးများအပြင်

မျှော်လင့်ချက်ရှိသော စိန်ခေါ်သူများလည်းရှိကြသည်။ ၎င်းတို့အပြင် ရန်ပုံငွေရှာရန်အတွက် ထိုနေရာကို ရောက်ရှိလာသော ကျောင်းသားများလည်း ရှိကြသည်။ ဤပြိုင်ပွဲတွင် ကျောင်းသားများ တက်ကြွစွာ ပါဝင်ဆောင်ရွက်စေရန်အတွက်၊ အမျိုးသမီး ကျောင်းအုပ်က မည်သူမဆို ပြိုင်ပွဲတွင် ပါဝင်လျှင် ကံစမ်းမဲ တစ်စောင် ရရှိမည်ဟု ဆုလာဘ် တစ်ခုကို ထည့်သွင်းကြေညာခဲ့သည်။ အဆိုပါ ဆုများသည် အီလက်ထရွန်းနစ် ထုတ်ကုန်များ၏ နောက်ဆုံးပေါ် မော်ဒယ်လ်အမျိုးအစားမျိုးစုံ ပါ၀င်သော ကြီးကျယ်ခမ်းနားသော ဆုများပင်ဖြစ်သည်။

"အထက်တန်းဒုတိယနှစ်ဂုဏ်ထူးတန်းက ထိပ်တန်းကျောင်းသား ဇီချန်က မင်းကို အာရုံစိုက်နေပြီ"

"ဒီနေ့ သူက မင်းကို တိုက်ခိုက်ရေးစင်မှာ မနားမနေ နှိပ်စက်ပြီး၊ မင်းအ‌မေတောင် မင်းကိုမမှတ်မိတဲ့အထိ ရိုက်ချင်နေတာ"

စင်အောက်တွင် ဟယ့်ယွီသည် ပေါင်မုန့်ကို တဖြည်းဖြည်းစားလျက် ဒုတိယနှစ် ဂုဏ်ထူးတန်း‌ ခေါင်းဆောင်၏ ခြိမ်းခြောက်သံကို အတုယူကာ၊ သွေးထိုးလှုံ့ဆော်သော မိန်းမဆိုးအသွင်အပြင်ဖြင့် သတင်းကို လင်းဇီချန်ဆီသို့ လက်ဆင့်ကမ်း ပြောပြခဲ့သည်။

ဝမ်ရှုကျယ် သည် ဤစကားကို ကြားလိုက်သည့်နှင့် ချက်ချင်း လှောင်ရယ်လိုက်၏။

“သူက တစ်နှစ်ပိုပြီး လေ့ကျင့်ထားတဲ့ တန်ဖိုးမရှိသူတစ်‌ယောက်ပဲ။ လင်းဇီချန်အတွက် ပြိုင်ဘက်တောင် ဖြစ်နိုင်ပါ့မလား”

လုကန်း ကလည်း ဝင်ပြော၏။

“ အထက်တန်းကျောင်းသားတွေဟာ ရေတွင်းထဲကဖားတွေလိုပါပဲ၊ လင်းဇီချန်က ဘယ်လောက်တောင် သန်မာလဲဆိုတာ သူတို့မသိရဘူး”

ဤအချိန်၌ပင် နန့်ကွမ်မြို့မှ ထိပ်တန်းအောင်မြင်သူ နှစ်ဦးစလုံးသည် လင်းဇီချန်ကို မတ်တပ်ရပ်ထောက်ခံ၍ ဒုတိယနှစ်ဂုဏ်ထူးတန်းမှ ထိပ်တန်းကျောင်းသားများကို အထင်သေးစွာငုံ့ကြည့်နေကြသည်။ ၎င်းတို့နှစ်ဦးစလုံးသည် တုန်လှုပ်ခြောက်ခြားခြင်း ၊ ကြောက်ရွံ့ခြင်း အစရှိသည့် ဖြစ်တည်လာသော သံသယများစွာကို ခံစားသိရှိပြီးနောက် လင်းဇီချန်၏သာလွန်မှုကို လက်ခံခဲ့ကြ၍ သူသည် ရှန်ဟိုင်းအထက်တန်းကျောင်း၏ နံပါတ်တစ်ကျောင်းသားဖြစ်ကြောင်း သေချာစွာ ယုံကြည်လက်ခံခဲ့ကြသည်။ ၎င်းတို့သည် ဤသို့ ခန့်မှန်းနိုင်သဖြင့် မိမိတို့ကိုယ်မိမိတို့ ဉာဏ်ကြီးရှင်များအဖြစ် ယုံကြည်နေကြသည်။

“ရှေ့ဆက် ကံကောင်းပါစေ၊ ရှောင်ချန်”

ရှန်ချင်းဟန်သည် သူမအပူပေးထား‌သောအစာများကို ကိုင်ဆောင်လျက် စင်အောက်ထောင့်တစ်နေရာတွင် ထိုင်ကာ လင်းဇီချန်အတွက် အားပေးစကားတစ်ခွန်းကို ခပ်ပြုံးပြုံး အော်ပြောလိုက်သည်။

သူမအနားတွင်ရှိသော လီချူရှင်း ကလည်းအော်လိုက်၏။

“ ဇီချန်၊ အောင်မြင်ပါစေ”

လင်းဇီချန်က နှစ်ယောက်စလုံးနှင့် ကျန်အတန်းသားများကို ပြုံးပြကာ နောက်ပြန်လက်ဝှေ့ပြလိုက်သည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် .... ဒိုင်တာ၀န်ခံဆရာမ ရောက်ရှိလာသည်။ ဤသည်ကိုမြင်သော လင်းဇီချန်သည် တစ်စက္ကန့်မျှ အချိန်မဖြုန်းဘဲ စင်အောက်၌ရှိ‌သောလူအားလုံးကို ချက်ချင်းမေးလိုက်သည်။

“အားလုံးပဲ၊ တစ်ဦးချင်းစိန်ခေါ်ပွဲက စပါပြီ။ တိုက်ခိုက်လေ့ကျင့်ချင်တဲ့သူရှိလား”

“ ငါ လုပ်မယ် ”

ဆံပင်ကို မြင်းမြီးပုံစံစုချည်၍ စည်းချ‌ထားသော မိန်းကလေးသည် သိမ်မွေ့သောအသံဖြင့် တိုက်ခိုက်ရေးစင်မြင့်ထက်သို့ ခုန်တက်သွားသည်။ သူမက သာမန်အတန်းမှ ပထမတန်းကျောင်းသူတစ်ဦးဖြစ်ကာ ရှန်ချင်းဟန်ထက် ပို၍အင်အားနည်းသည်။ သူမ စိန်ခေါ်မှုကို လက်ခံရခြင်း၏ အဓိကအကြောင်းရင်းမှာ လင်းဇီချန်နှင့် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုရရှိလိုခြင်း‌ကြောင့်ဖြစ်သည်။ လင်းဇီချန်သည် သူမက မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း အလွယ် အလျော့မပေးခဲ့ပေ။ နောက်ထပ်စိန်ခေါ်သူများနှင့် ရင်ဆိုင်ရန် အချိန်ကုန်သက်သာစေရေးအတွက် သုံးစက္ကန့်မပြည့်မီ၌ပင် သူမကို ထိုးနှက် အနိုင်ယူခဲ့သည်။

“ အောင်မြင်မှု တစ်မှတ်”

“နောက်တစ်ယောက်က ငါပဲ ”

“အခု ငါ့အလှည့်ပဲ၊ ငါ့အလှည့် ”

“ပြီးတော့ ငါရောပဲ ”

ထို့နောက်တွင် ထောက်ခံအားပေးသူ မိန်းကလေးပရိသတ်ငယ်ငယ်လေးများသည် လင်းဇီချန်နှင့်ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခွင့်ရရန် စိတ်အားထက်သန်စွာဖြင့် စင်မြင့်ပေါ်တက်ရန်အတွက် အလှည့်ကျ စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြသည်။ ထို့နောက် နာရီ၀က်မပြည့်မီတွင် လင်းဇီချန်သည် အမာခံမိန်းကလေးပရိတ်သတ် အယောက်တစ်ရာနီးပါးကို ဖြုတ်ချနိုင်ခဲ့၍ သူ၏အောင်မြင်မှုသည် များစွာသောအမှတ်များဖြင့်သိသိသာသာ တိုးတက်လာခဲ့သည်။ နာရီ၀က်မပြည့်မီအတွင်း ကိုးဆယ့်ငါးမှတ် တိုးတက်မှုနှုင့်အတူ သူသည်ဤနှုန်းဖြင့် ယခုအပတ်တွင် အသန်မာဆုံး အောင်မြင်မှု အောင်မြင်မှုကို အပြီးသတ်အောင်နိုင်‌မည်ဟု သူတွေးထားသည်။

နောက်ထပ် နာရီ၀က်‌ကျော်သွားပြီးနောက် စင်အောက်က အမာခံမိန်းကလေးပရိတ်သတ်လေးများ၏ ထောက်ပံ့အားပေးမှု ကုန်လုနီးပါးဖြစ်နေပြီဖြစ်ကာ ဤအချိန်တွင် အသန်မာဆုံး အောင်မြင်မှု သည် တဖြည်းဖြည်း ၃၀၉ မှတ်အထိ ရောက်ရှိလာသည်။ တစ်နာရီအတွင်း အမှတ် 190 ဆက်တိုက်ရရှိခြင်းဖြစ်သည်။

တိုးတက်မှုနှုန်းသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သူရရှိစုဆောင်းထားခဲ့သော အမှတ်များစွာထက်ကျော်လွန်၍ အလွန်ထူးခြားစွာ ထိရောက်မှုရှိခဲ့သည်။ တစ်ချိန်တည်း၌ပင် ပရိတ်သတ်မိန်းကလေး အချို့သည် ရှုံးနိမ့်‌သော်လည်း ၎င်းတို့အရှုံးကိုလက်မခံနိုင်ကြဘဲ ထပ်မံစိန်ခေါ်ချင်ကြသည်။

လင်းဇီချန်သည် မည်သည့်အရှုံးသမားထံမှ ဒုတိယအကြိမ် စိတ်ခေါ်မှုကိုပြန်လည်လက်ခံမည်မဟုတ် ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။အဘယ်ကြောင့်ဆိုသော် အသန်မာဆုံး အောင်မြင်မှု ဆုတံဆိပ်ရရှိရန်အတွက်၊ သူ၏ပြီးမြောက်အောင်မြင်မှုကို တိုးမြှင့်ရန် သူသည် မတူညီသော ပြိုင်ဘက်အသစ်များကို အနိုင်ယူရမည်ဖြစ်သည်။

“အခြားစိန်ခေါ်သူများရှိသေးလား”

မိန်းကလေးပရိတ်သတ်ငယ်‌လေးများကို အသုံးချပြီးနောက်၊ လင်းဇီချန်က အခြားသူများကို ငုံ့ကြည့်ကာ မေးလိုက်သည်။

“ရှိပါတယ် ” စင်အောက်မှ ချက်ခြင်း တုံ့ပြန်မှု ထွက်ပေါ်လာသည်။ စိန်ခေါ်ရန် ခြေလှမ်းစပြီးသည့်နောက်တွင် ကံစမ်းမဲလက်မှတ် တစ်စောင်ရရှိ‌မည်ဖြစ်သည်။ လူတိုင်းက စိန်ခေါ်မှုအတွက် ၎င်းတို့အလှည့်ကို တန်းစီကာ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။

နာရီဝက်အကြာတွင် အသန်မာဆုံး အောင်မြင်မှု အောင်မြင်မှုအတွက် ပြီးစီးတိုးတက်မှုသည် ၄၁၉မှတ်ရောက်ရှိခဲ့ရာ တစ်ဝက်နီးပါးပြီးစီးခဲ့သည်။ တစ်ချိန်တည်း၌ပင်၊ ဆုအတွက် စုဆောင်းထားသောငွေစုစုပေါင်းသည် ယွမ် ၂,၀၀၀ သို့ရောက်ရှိခဲ့သည်။

"နောက်တစ်ယောက် ထပ်လာချင်သေးလား"

လင်းဇီချန်က အောက်ကိုငုံ့ကြည့်၍ မေးလိုက်သည်။ ထိုအချိန်တွင် မိန်းကလေးပရိတ်သတ်ငယ်လေးများ နှင့် ကံစမ်းမဲလက်မှတ်ရချင်ကြသော ကျောင်းသားများ၏အလှည့်များအားလုံး ပြီးသွားသည်။

"ငါလာမယ်"

တတိယနှစ်မှ အဓိကကျ‌သောအတန်းတစ်တန်းက အကြီးတန်း ‌ ကျောင်းသားသည် တောင်ကြီး နှင့်တူသော ကြွက်သားများ၊ နှစ်မီတာရှည်သော ကြီးမားသော ကိုယ်ခန္ဓာဖြင့် သိုင်းပညာစင်မြင့် ပေါ်သို့ ခုန်တက်လာသည်။ သူ၏ မျက်လုံးများက ဆုငွေ ယွမ်၂,၀၀၀ ကိုသာကြည့်နေခဲ့သည်။

"ဂျူနီယာ၊ မင်းသန်မာတာကိုငါသိတယ်။ ဒါပေမယ့် ပထမနှစ်ကျောင်းသားတစ်ယောက်အနေနဲ့ တစ်ကျောင်းလုံးကို စိန်ခေါ်လိုက်တာကတော့ မင်း စိတ်ကြီး၀င်နေတာပဲ။ ဒီနေ့ ငါ မင်းကို သင်ခန်းစာပေးမယ်"

ဤကဲ့သို့ပြောပြီးနောက် စီနီယာ ကျောင်းသားက လူအများရှေ့တွင်အင်္ကျီချွတ်ကာ ရင်ဘတ်ကြွက်သားများကို ချဲ့ကားပြသ၍ အကွေးအဆန့်တိုင်းတွင် တဒုတ်ဒုတ်မြည်စေရန် အားပြင်းစွာဖြင့် လှုပ်ခါပြလိုက်သည်။

ဆယ်စက္ကန့်ကြာပြီးနောက်…

“ဘန်း”

တိုက်မိသံတစ်ခု ထွက်ပေါ်လာသည်။ ကြွက်သားများဖြင့် ယုံကြည်မှုအပြည့်ရှိနေသော စီနီယာကျောင်းသားသည် သိုင်းဇာတ်ခုံမှ နောက်ပြန်ပျံကျသွားသည်။

“နောက်တစ်ယောက်”

ကြွက်သားများအပြည့်ဖုံးလွှမ်းနေသော စီနီယာကျောင်းသားကိုဖြုတ်ချပြီးနောက် လင်းဇီချန်သည် စင်အောက်ကလူများကို ချက်ခြင်းအော်ပြောခဲ့သည်။ သို့သော်လည်း စိန်ခေါ်ရန် မည်သူမျှ တက်မလာခဲ့ကြပေ။ တတိယနှစ် စီနီယာကျောင်းသားကို လျင်မြန်စွာ အနိုင်ယူလိုက်သည်ကို မြင်လိုက်ရသော လူတိုင်းသည် ၎င်းတို့၏ ဖြစ်နိုင်ချေအလားအလာများကို နားလည်ကြ၍ အရှက်တကွဲဖြစ်‌‌စေမည့်ခြေလှမ်းကို မလှမ်းဝံ့ကြပေ။

ကံစမ်းမဲလက်မှတ်များကိုမူ လူတိုင်းက ဂရုမစိုက်ကြခြင်းမဟုတ်ပေ။ လင်းဇီချန်က ယနေ့ တစ်နေ့တာအတွက် ပြီးမြောက်ပြီဟု ထင်နေစဉ်၌ပင် ရုတ်တရက် စင်အောက်မှ ပွက်လောရိုက်သံများ ထွက်ပေါ်လာခဲ့သည်။

"ယန်ရှောင်ယွမ်ရောက်လာပြီ ”

“ဒီစိန်ခေါ်ပွဲကို အထူးတလည်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားပါဘူး။ သူက ဒီပထမနှစ်ကျောင်းသားလေးကို တော်တော် မကြိုက်လို့ သင်ခန်းစာပေးဖို့ရောက်လာတာပဲဖြစ်ရမယ်။ ဒါက စိတ်ဝင်စားစရာပါပဲ။ အခုတော့ ကြည့်ဖို့ကောင်းတဲ့အခန်းတစ်ခုလာပါပြီ။"

အားကစားရုံကိုလာကြသော ကျောင်းသားအများစုသည် ယန်ရှောင်ယွမ်က လင်းဇီချန်ကို သင်ခန်းစာပေးသည်ကို ကြည့်ရန် ရောက်လာကြခြင်းပင်ဖြစ်သည်။ အချိန်အ‌တော်ကြာ စောင့်ပြီးနောက်မှသာလျှင် ဒုတိယနှစ်၏ထိပ်တန်းအတန်းမှ ဤအထင်ကရပုဂ္ဂိုလ်ကို သုံးသပ်ကြည့်ရှုခွင့်ရခဲ့ကြသည်။

“ယန်ရှောင်ယွမ်က ဘယ်သူလဲ”

အောက်မှအသံများကိုကြားလိုက်ပြီးနောက်၊ လူတိုင်း၏ မျက်လုံးများက အဝေးတစ်နေရာမှ တိုက်ခိုက်‌ရေးစင်မြင့်ဆီသို့ တဖြည်းဖြည်းချဉ်းကပ်လာသော ကောင်လေးဆီသို့‌ ရောက်ရှိနေကြသည်ကို မြင်လိုက်ရသောအခါ လင်းဇီချန်သည် အံ့ဩစူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။

လင်းဇီချန်က သိချင်စိတ်ဖြင့်၊‌‌ ခေါင်းကိုလှည့်၍ အောက်တွင်ဖြစ်ပျက်သောအကြောင်းအရာများကို ကောင်းကောင်းသိထားသူ ဟီယုကိုကြည့်လိုက်သည်။ လင်းဇီချန်၏ စူးစမ်းလျက်ရှိသည့် မျက်လုံးများကိုမြင်သော ဟီယုသည် သူသိလိုသောအကြောင်းအရာကို သိ၍ ချက်ချင်းမိတ်ဆက်ပေးလိုက်သည်။

"ယန်ရှောင်ယွမ် က ငါအရင်က ပြောခဲ့ဖူးတဲ့ ဒုတိယတန်း ထိပ်ဆုံးတန်းက နံပါတ်တစ်ကျောင်းသားပဲ။ သူက လက်တစ်ဖက်တည်းနဲ့ ၅၆၀ ကီလိုဂရမ်ရှိတဲ့ ၀ိတ်တုံးကို အေးဆေး မ နိုင်ပြီး၊ ၁၀၀ မီတာကို ၆.၃၈ စက္ကန့်အတွင်း ပြေးနိုင်တယ်။ သူ့ခွန်အားက ကျောင်းတစ်ခုလုံးရဲ့ ထိပ်တန်းငါးယောက်ထဲပါတယ်”

လင်းဇီချန်သည် ထိုစကားကိုကြားပြီးနောက် ထိတ်လန့်ကျောက်ရွံ့ခြင်းအလျင်းမရှိဘဲ ခေါင်းကို ညိတ်လိုက်သည်။ ထိုအချိန်တွင် ပိန်ပိန်ပါးပါး လူတစ်ဦး လူအုပ်ထဲမှ ခုန်ထွက်လာကာ

အမြင့်သည် ၄ မီတာ နီးပါး ခုန်တက်သွားသည်။ ထို့နောက် ကောင်းကင်မှဆင်းသက်လာသော နတ်ဘုရားကဲ့သို့ “ဘုတ်ခနဲအသံ” ဖြင့် တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

အခန်း (၇၇) အသန်မာဆုံး အောင်မြင်မှု ၏ အရည်အချင်းများ

“ရပ်နေတဲ့နေရာကနေ ၄.၂ မီတာ အမြင့်ခုန်လိုက်တာလား။

ဒီလူက ဘယ်လိုလူစားမျိုးလဲ ”

"လက်တစ်ဖက်နဲ့ ၆၉၀ ကီလိုဂရမ် ဝိတ်တုံးကို မြှောက်နိုင်တာဆိုရင်၊ သူ့လက်သီးတစ်ချက်ကနွားတစ်ကောင်သေနိုင်လောက်မယ်။ မဟုတ်ဘူး၊ နွားနှစ်ကောင်တောင်သေနိုင်လောက်တယ်။"

"၁၀၀ မီတာကို ၅.၈၆ စက္ကန့်အတွင်းပြေးနိုင်တယ်၊ ဝူရှင်း တကယ့်သူရဲကောင်းပဲ"

ပထမနှစ်စီနီယာအတန်း၏ စာသင်ခန်းထဲရှိသော ကျောင်းသားများသည် ကြွက်သားတောင့်တောင့်တင်းတင်းရှိသော ကောင်လေးကို ချီးမွမ်းနေကြသည်။

ကောင်လေး၏အမည်မှာ စီနီယာအတန်းတွင် ထိပ်တန်းကျောင်းသားများ၏ဘုရင် ချန်ဝူရှင်းဖြစ်သည်။ ကျိုတိုတက္ကသိုလ်၏ အရည်အချင်းစစ်အထူးစာမေးပွဲမှ ၎င်း၏ ရလဒ်များသည် မကြာသေးမီက ထွက်ခဲ့ကာ အတန်းဖော်များအကြား ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။

"ဝူရှင်း၊ ယန်ရှောင်ယွမ်က မာန်တဲ့နေတဲ့ကောင်လေးကို ပညာပေးဖို့ gym ကိုသွားနေတယ်လို့ကြားတယ်။ မနှစ်က မင်းသူ့ကိုလုပ်ခဲ့တာတွေကို အတုယူဖို့ ကြိုးစားနေပုံပဲကွာ။"

“သူက ငါ့လောက် ရုပ်ချောတာ လည်းမဟုတ်ဘူး၊ ငါ့လို အရည်အချင်းလည်း သူ့မှာမရှိဘူး။ သူ သင်ယူလို့ မရဘူး။” ချန်ဝူရှင်းက တည်ငြိမ်သော မျက်နှာဖြင့် ပြောလိုက်သည်။

ထို့နောက် ထိုင်ခုံမှထကာ စာသင်ခန်းထဲမှ ထွက်လာခဲ့သည်။ ပခုံးထိဆံပင်အရှည်ရှိ‌သော အတန်းစည်းကမ်းထိန်းသိမ်း‌ရေးအရာရှိမိန်းကလေးသည် သူ အိမ်သာဘက်သို့သွားနေခြင်းမဟုတ်၊ အောက်ထပ်ကိုဆင်းနေသည်ကိုသတိပြုမိသည့်အတွက် ချက်ခြင်းသူ့နောက်ကလိုက်လာ၍ မေးလိုက်သည်။

"ချန်ဝူရှင်း အတန်းစတော့မယ်။ ဘယ်ကိုသွားနေတာလဲ။

“ အကြီးတန်းနှစ်ကကျောင်းသားက ဒုတိယတန်းကိုဘယ်လို သင်ကြားပြသင့်လဲဆိုတာပြဖို့ အားကစားရုံကို သွားမလို့”

"အတန်းစဖို့ ၁၀မိနစ်ပဲ လိုတော့တယ်။ အတန်းပျက်ဖို့ နင်စဉ်းစားနေတာလား။”

"ငါက ကျိုတို တက္ကသိုလ်အတွက် အထူး၀င်ခွင့်စာမေးပွဲကို အောင်မြင်ပြီးသားပဲ။ အခု ကျောင်းထွက်လိုက်ရင်တောင်၊ နောက်လာမယ့်စက်တင်ဘာလမှာ ကျိုတို တက္ကသိုလ်ကကျောင်းသားတစ်ယောက်ဖြစ်နေမှာပါပဲ။ မင်းတို့ကို စည်းနှောင်ထားတဲ့ စည်းမျဉ်းတွေနဲ့ ငါ့ကိုလာပြီးမချုပ်ချယ်နဲ့၊ နားလည်လား။” ထိုသို့ပြောပြီးနောက်၊ ချန်ဝူရှင်းသည် ပြန်လှည့်သွားကာ လှေကားဘက်သို့ ပြေးဆင်းသွားသည်။

မိန်းကလေးသည် လျင်မြန်ဖျတ်လတ်စွာထွက်သွားသော သူ၏ နောက်ကျောကို ကြည့်၍သာ ကျန်ရစ်ခဲ့သည်။

အားကစားရုံတွင်းတွင် လူနှစ်ယောက်သည် တိုက်ခိုက်ရေးစင်ပေါ်၌ ရပ်နေကြသည်။

တစ်ယောက်က ခုခံကာကွယ်သူနေရာကို ယူထား‌သောလင်းဇီချန်ဖြစ်ကာ ကျန်တစ်ယောက်သည်မူ စိန်ခေါ်သူ ယန်ရှောင်ယွမ်ဖြစ်သည်။ ရှေ့ကလူက ပထမနှစ်၏ အရှင်သခင်ဖြစ်၍နောက်မှလူသည် ဒုတိယနှစ်၏ အရှင်သခင်ဖြစ်သည်။ ဤပွဲသည် ကျောင်းသားသစ်နှင့်‌ ကျောင်းသားဟောင်းတို့ကြားက ပြိုင်ပွဲတစ်ခုဖြစ်သဖြင့် ကြည့်ရှုသူများစွာကို ဆွဲဆောင်ခဲ့သည်။ နောက်ထပ်စာသင်တန်းမရှိသည့် ဆရာများပင် ဤထိပ်သီးပြိုင်ပွဲကို ကြည့်ရှုရန် လာရောက်ခဲ့ကြသည်။

"ဘယ်သူအနိုင်ရမယ်လို့ မင်းထင်လဲ"

"ယန်ရှောင်ယွမ်လို့ ငါထင်တယ်"

"ငါလည်းအဲ့လိုပဲထင်တယ်။ လင်းဇီချန်က မကြာသေးမီကနာမည်ကြီးလာတာမှန်ပေမယ့် ဒုတိယနှစ်၊ အတန်း ၃ ရဲ့တစ်ဝက်နီးပါးကို တစ်ယောက်တည်းနဲ့ဖြုတ်ချနိုင်‌တာက အဆင့်မြင့်အတန်းတစ်ခုပဲလေ။ ထိပ်သီးအတန်းနဲ့တော့ တန်းမတူဘူး။"

"ယန်ရှောင်ယွမ်က မနှစ်က တစ်ယောက်တည်းနဲ့ အတန်းတစ်ခုလုံးကို အလွယ်တကူဖြုတ်ချနိုင်ခဲ့တာပဲ။ အဲ့နောက် ဘာဖြစ်သွားလဲ။ သူ့ထက်တစ်ဆင့်မြင့်တဲ့ ချန်ဝူရှင်းကို စိန်ခေါ်သွားတော့၊ မရှုမလှနဲ့ပဲ ရှုံးနိမ့်သွားတာ မဟုတ်ဘူးလား”

“အမှန်တော့ သူတို့ကလက်ရွေးစင်အတန်းတွေက ပါရမီရှင်တွေပဲလေ ပင်ကိုယ်စွမ်းရည်တွေလည်း သိသိသာသာကွာခြားမှုမရှိကြဘူး ပိုလေ့ကျင့်တဲ့သူက ပိုသန်မာမြဲပဲ”

နောက်ဆုံးတွင်မူ လူတိုင်းက ဝူရှန်ချန်ကဲ့သို့ ပထမနှစ်‌ကျောင်းသားဘဝ၌ ကျောင်းတစ်ခုလုံးကို ဖြုတ်ချနိုင်သည်အထိ ထက်မြက်ထူးချွန်သော သူများမဟုတ်ကြပေ။ ထို့အပြင်၊ ဝူရှန်ချန် ပထမနှစ်ကျောင်းသားဘဝက စီနီယာ ကျောင်းသားများသည် အင်အားနည်းနေသောကြောင့်သာ ကျောင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ရန် အခွင့်အရေးရခဲ့ခြင်းဖြစ်သည်။

ယန်ရှောင်ယွမ်က လက်တစ်ဖက်ကို အိပ်ကပ်ထဲထည့်၍ နဖူးပြင်ပေါ်ရှိ မျက်လုံးများကိုဖုံးနေ‌သော ဆံပင်ရှည်များကို ပေါ့ပေါ့ပါးပါး အသာအယာလှန်လိုက်ကာ၊ မောက်မာသောအသံဖြင့် ပြောလိုက်သည်။

“ဂျူနီယာ၊ငါလည်း ပထမနှစ်တုန်းက မင်းလိုပဲ မာနကြီးခဲ့တယ်။”

"ဒါပေမယ့်၊ လူတစ်ယောက် ဖိနှိပ်တာခံရပြီးတော့ ကိုယ့်ထက် ပိုကောင်း၊ ပိုတော်တဲ့သူတစ်ယောက် အမြဲတမ်းရှိနေတတ်တာကို သင်ယူခဲ့ရတယ်။ ဒီနေ့ မင်းကို မင်းဘဝရဲ့ ပထမဆုံး သင်ခန်းစာသင်ပေးမယ်။ မင်းကို မာနမထောင်လွှားဘဲ သတ္တိရှိတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်အောင် သင်ပေးမယ်"

လွန်ခဲ့သောနှစ်က ပထမနှစ်တွင် သူသည် မောက်မာလွန်းခဲ့၍ စာသင်နှစ်အစမှစကာ စီနီယာအတန်းတစ်ခုလုံးနှင့် ရန်ဖြစ်ခဲ့သည်။ ဒုတိယနှစ်မှစတင်၍ လက်ရွေးစင်အဆင့်သို့ရောက်သည်အထိ ပုံမှန်တန်းများနှင့် အဆင့်မြင့်အတန်းများကို ကျော်ဖြတ်ကာ နောက်ဆုံးတွင် ချန်ဝူရှင်း၏ တိုက်ခိုက်ချေမှုန်းခြင်းကို ခံခဲ့ရသည်။

ယခု သူ အကြီးတန်းကျောင်းသားဖြစ်လာခဲ့ပြီးနောက် သူ့ထက် အတန်းနိမ့်သော ပါရမီရှင်များကို အနိုင်ကျင့်လိုသဖြင့် သူကြုံတွေ့ခဲ့ရသည့် တူညီသောအရှက်တရားများကို ခံစား‌စေချင်ခဲ့သည်။

သူ့ထက်အတန်းမြင့်သူများကို မနိုင်လျှင်၊ သူ့ထက် အတန်းနိမ့်သူများကို မနိုင်နိုင်သလော။

ယနေ့တွင် သူကိုယ်တိုင်း ကျောင်းသားအသစ်ကို ပြင်းပြင်းထန်ထန် အပြတ်အသတ်အနိုင်ယူ၍ လက်တွေ့ပြတော့မည်ဖြစ်သည်။ လင်းဇီချန်က ယန်‌ရှောင်ယွမ်၏ စိတ်ထဲမှ ပြဿနာများကို မသိသဖြင့် သူ၏ ဖခင်တစ်ယောက်ကဲ့သို့ သင်ကြားမှုများကို နားထောင်လိုစိတ်မရှိခဲ့ပေ။

ဤသို့ဖြင့် သူက ဒိုင်ကိုကြည့်၍ ပြောလိုက်၏။

"ဆရာ၊ ကျွန်တော်တို့နှစ်ယောက်လုံး အဆင်သင့်ဖြစ်နေပြီ၊ ပြိုင်ပွဲစလို့ရမလား"

ဒိုင်လူကြီးက ခေါင်းညိတ်ပြပြီးနောက် ယန်ရှောင်ယွမ် ဘက်လှည့်ကာ "အဆင်သင့်ဖြစ်ပြီလား" ဟု မေးလိုက်၏။

“အဆင်သင့်ဖြစ်ပြီ”

ဤသည်ကို ကြားသောအခါ ဒိုင်လူကြီးက ချက်ချင်းပင် သူ၏ ညာလက်ကို မြှောက်၍ လျင်မြန်စွာပြန်ချကာ

“ပွဲစ” ဟု ကြွေးကြော်လိုက်၏။

"ဂျူနီယာ ငါ အကြံပေးတယ်…”

ဘမ်း

ယန်ရှောင်ယွမ်က တစ်ခုခုကို ပြောချင်နေသေးသော်လည်း သူပြန်မပြောခင်၌ပင် လင်းဇီချန်က သူ့ကို စင်ပေါ်မှ ကန်ထုတ်လိုက်သည်။

‘အာချောင်နေတယ်၊ ကျန်တဲ့လူတွေ စိန်ခေါ်ရအောင် စင်ပေါ်ကနေ အမြန်ဆင်းတော့၊ ငါ့ “အသန်မာဆုံး အောင်မြင်မှု” ကို မနှောင့်နှေးစေနဲ့။’ လင်းဇီချန်က စိတ်ထဲမှ ရေရွတ်လိုက်သည်။

"နေ့လည်စာစားချိန် ပြီးခါနီးပြီ၊ နောက်ထပ်တခြားသူတွေ စိန်ခေါ်ချင်သူရှိ‌ သေးလား"

စင်အောက်မှ မည်သူမျှတုံ့ပြန်မှု မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ထိုနေရာ၌ ရှိသောလူများအားလုံးသည် အံသြတုံ့ဆိုင်းသွားကြ‌သောကြောင့်သာဖြစ်သည်။

‘ဘာဖြစ်သွားတာလဲ’

ယန်ရှောင်ယွမ်သည် တစ်စက္ကန့်အတွင်း ရှုံးနိမ့်သွားခဲ့သည်။ သူသည် ကျောင်းတစ်ခုလုံးတွင် ထိပ်တန်းငါးဦးစာရင်းဝင်သည့် ဒုတိယနှစ်၏ အရှင်သခင်ဖြစ်ခဲ့သည်။

‘ဒါပေမယ့် သူ့ကိုပထမနှစ်သားတစ်ယောက်က တစ်ချက်ထိုးလိုက်တာနဲ့ရှုံးသွားတာလား’

‘သူနောက်နေတာဖြစ်ရမယ်’

‘ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’

ခဏအကြာတွင် တုန်လှုပ်ခြောက်ခြားသွားသည်နှင့်အမျှ အားကစားရုံတစ်ခုလုံး စကားသံများဖြင့် ဆူညံလာသည်။ တစ်ဦးတစ်ယောက်စီတိုင်းက မျက်မြင်တွေ့ရသည့်အရာသည် အဖြစ်မှန်လား၊ အိပ်မက်မက်နေသလားကို မယုံမကြည်နိုင်ဖြစ်နေကြသည်။

သက်ဆိုင်သူ ယန်ရှောင်ယွမ်က သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်ထွက်သွားသကဲ့သို့ ကြောင်အစွာဖြင့် မြေပြင်ပေါ်တွင် ထိုင်နေသည်။

‘မနှစ်က ငါဂျူနီယာဖြစ်တုန်းကလည်း စီနီယာတွေရဲ့ အနိုင်ကျင့် ရိုက်နှက်တာကို ခံခဲ့ရတယ်။ အခု ငါ စီနီယာဖြစ်နေပြီ ၊ ငါ့ကို ဖြုတ်ချဖို့ ကြိုးပမ်းနေတဲ့ ဂျူနီယာတွေ အနိုင်ယူတာ ချက်ခြင်းခံလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ်၊ အမြဲတမ်း အရိုက်ခံရသူက ငါပဲဖြစ်‌နေသလိုပဲ’

လင်းဇီချန်သည် သူ့လက်အောက်၌ ရှုံးနိမ့်သူများကိုပင် တစ်ချက်မျှ မကြည့်ဘဲ သူ့ပတ်ဝန်းကျင်မှ ဆက်တိုက်ထွက်ပေါ်လာသော အံ့ဩခြင်းအငွေ့အသက်များကို လျစ်လျူရှုလိုက်သည်။

ထို့နောက် စင်မြင့်အောက်က လူများကို လှည့်ပတ်ကြည့်၍ အော်လိုက်သည်။

“ထပ်ပြီး စိန်ခေါ်မယ့်သူ မရှိတော့ဘူးလား။ ဆုမဲတွေယူဖို့ ပါ၀င်ကြပါဦး၊လက်ဖက်ရည်ကို တစ်လလုံးအခမဲ့သောက်ခွင့်ရမယ့်ဆုတွေအပြင် နောက်ဆုံးထွက် အသီးတံဆိပ်ဖုန်းလည်းရနိုင်တယ်”

အချိန်အနည်းငယ်ကြာအောင် အော်ဟစ်ပြီးနောက် မည်သူမှ ရှေ့မတိုးတော့သည်ကို မြင်လိုက်ရသောအခါ လင်းဇီချန်က သိုင်းဇာတ်ခုံအစွန်း၌ ရပ်နေသော မျက်ကပ်မှန်တပ်ထားသည့် မိန်းကလေးဆီ လှည့်လာ၍ ခပ်ပါးပါးပြုံးကာမေးလိုက်သည်။

"အေ့ အမ်... ငါက စာပေအတန်းထဲက ပထမနှစ်ကျောင်းသူလေ။ ဒီတိုင်း အပျော်လာခဲ့တာ”

"စိတ်မပူပါနဲ့၊ အတွေ့အကြုံကိုရယူလိုက်ပါ"

ဤသို့ပြောကာ လင်းဇီချန်က မျက်ကပ်မှန်တပ်ထားသည့် မိန်းကလေးကို စင်မြင့်ထက်သို့ခေါ်၍ ကံစမ်းမဲလက်မှတ်တစ်စောင်ကို သူမရဲ့လက်ထဲကို ထည့်လိုက်ကာ တစ်ချက်တည်းဖြင့်ချက်ချင်းတွန်းထုတ်လိုက်သည်။

အသန်မာဆုံး အောင်မြင်မှု အောင်မြင်တိုးတက်မှု နောက်ထပ်တစ်မှတ်

ဤသည်ကိုကြည့်၍ အမျိုးသမီးကျောင်းအုပ်က အနည်းငယ်အံ့ဩသွားခဲ့သည်။ လင်းဇီချန်သည် ကိုယ်ပိုင်စိန်ခေါ်မှု ပြိုင်ပွဲတစ်ခု စီစဉ်ခဲ့ရာ သူသည် အင်အားကြီးသူများနှင့်သာ တိုက်ခိုက်ရန် စိတ်အားထက်သန်နေသင့်သည် မဟုတ်လော ဟု သူမတွေးနေမိ၏။ အပျော်သဘောပါဝင်လာခဲ့ကြသော စာပေပညာအတန်းမှ ကျောင်းသူလေးကိုပင် အဘယ်ကြောင့် မသက်ညှာရသနည်း။

‘သူ့မှာ ရန်ပွဲစွဲလမ်းမှုတွေများ ရှိနေသလား။’

‘အရူးလား’

‘သူ့ပြိုင်ဘက်တွေကို လုံးဝ သေချာမ‌ရွေးချယ်ဘူးလား။’

အမျိုးသမီး ကျောင်းအုပ်ကြီးလည်း လမ်းပျောက်သွားခဲ့သည်။

သို့သော် သူမနားမလည်ခြင်းက အရေးမကြီးပေ။ သူမ စိတ်ထဲရှိနေသည်မှာ လင်းဇီချန်၏လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးရန်ဖြစ်သည်။ ဤသို့တွေး၍ အမျိုးသမီးကျောင်းအုပ်ကြီးက စင်ပေါ်တက်ရန် အလှည့်မကျသေး‌သောကျောင်းသားများနှင့် လင်းဇီချန်ကို စိန်ခေါ်ရန် တက်လာသောကျောင်းသားများကို စုစည်းရန်ဆရာမများကိုညွှန်ကြားကာ ချက်ချင်းစီစဉ်ပေးလိုက်သည်။

ဤသို့ဖြင့်နောက်လာမည့်အချိန်တွင် မူလက အပျော်သဘောဖြင့် ရောက်လာသော ကျောင်းသားအများအပြားသည် စင်ပေါ်သို့ အုပ်စုလိုက်ရောက်ရှိလာ၍လင်းဇီချန်ကိုချက်ချင်း ရှုံးနိမ့်ခဲ့ကြသည်။ တိုးတက်မှုဘားတန်းကိုမြင်လိုက်ရသော လင်းဇီချန်သည် အလွန်အမင်း ဝမ်းသာသွား၏။

မကြာမီ၌ပင် သင်တန်းခေါင်းလောင်းမြည်လာပြီးနောက် ကျောင်းသားများက အတန်းတက်ရန် လိုသေးကြောင်း ပြောလာကြသောအခါ အမျိုးသမီးပါမောက္ခချုပ်က အေးဆေးသော မျက်နှာဖြင့် ပြောလိုက်သည်။

"စိတ်ပူစရာမလိုပါဘူး၊ ဆရာမတွေက လာမေးလာရင်၊ ကျောင်းအုပ်က အားကစားရုံမှာ‌ ဆက်နေဖို့ပြောတားတာလို့ပဲပြောလိုက်ပါ"

"ကြည့်ပါဦး၊ ချန်ဝူရှင်းလာပြီ"

"သူက စိန်ခေါ်ဖို့ လာတာလား”

“ကျောင်းရဲ့ထိပ်တန်းကျောင်းသားဖြစ်တဲ့ ချန်ဝူရှင်းတောင် စိန်ခေါ်မှုအတွက်လာမယ်လို့ မထင်ထားဘူး။ ဒီတစ်ခါတော့ စိတ်ဝင်စားစရာကောင်းပြီ"

ခေါင်းလောင်းမြည်သံပြီးသွားသည့်အချိန်၌ပင် လူအုပ်ထဲမှ ရုန်းရင်းဆန်ခတ်ဖြစ်သည့်အသံ ထွက်ပေါ်လာသည်။

လင်းဇီချန်သည် လူအုပ်ကြီး၏အကြည့်ရှိရာ ဝေးဝေးမှ လာနေသော ကောင်လေးတစ်ဦးဆီသို့ လှမ်းကြည့်လိုက်သည်။

“ချန်ဝူရှင်းလား”

"ကျောင်းရဲ့နံပါတ်တစ်ကျောင်းသားလား”

"ဒါဆို ဂျူနီယာတွေပြီးရင် စီနီယာတွေ လာတော့မှာလား”

သူ့ကိုကြည့်နေသည်ကိုမြင်‌သောကောင်လေးသည် ချက်ချင်းအရှိန်မြှင့်ကာ ပြေး၍ စင်ပေါ်သို့ အရှိန်ပြင်းစွာဖြင့် ခုန်တက်လာသည်။ ယန်ရှောင်ယွမ် ဝင်ရောက်လာစဉ်ကကဲ့သို့ပင် ဖြစ်၍

တစ်ခုတည်းသောခြားနားချက်မှာ ဤလူငယ်၏ ခြေထောက်ကြွက်သားများသည် ပိုမိုပေါက်ကွဲထွက်နိုင်စွမ်းရှိကာ ပိုမြင့်မြင့်ခုန်နိုင်သည့်အပြင် မျက်နှာသည်လည်း ပိုမို ခန့်ညားခြင်းဖြစ်သည်။

“မင်းရှုံးမယ်လို့ ငါတကယ်မမျှော်လင့်ထားဘူး ယန်ရှောင်ယွမ်”

ချန်ဝူရှင်းသည် သူ့ထက်ပင် ဆွဲဆောင်မှုရှိသော လင်းဇီချန်ကို ကြည့်၍ တည်ငြိမ်စွာပြောခဲ့သည်။

“မင်းက တကယ်ကို သန်မာတယ် ဒါပေမယ့်…”

"ဆရာမ၊ ကျွန်တော်တို့ အားလုံးအဆင်သင့်ဖြစ်ပြီ။ ပြိုင်ပွဲစလို့ရပြီလား”

ချန်ဝူရှင်း၏ စကားဆုံးသည်ကို မစောင့်ဘဲ လင်းဇီချန်က ဒိုင်ကို လှမ်းပြောလိုက်သည်။ ချန်ဝူရှင်းက စကားစမပြတ်သေးပုံရသော်လည်း လင်းဇီချန်ကမူ ယင်းနှင့်ပတ်သက်၍ အချိန်မဖြုန်းလိုခဲ့ပေ။

"ဂျူနီယာ၊ မင်းနည်းနည်းတော့ စိတ်မရှည်ဘူး" ချန်ဝူရှင်းက သူ့ခေါင်းကို ခါယမ်းကာ ပြုံး၍ပြောလိုက်သည်

"ဒါပေမဲ့ ကောင်းပြီ၊ ပွဲစပြီးတာနဲ့ မင်း သေချာနားထောင်တတ်အောင် သင်ပေးမယ်"

ဆယ်စက္ကန့်ခန့် ကြာပြီးနောက်၊

“ဘန်း”

အသံနှင့်အတူ လင်းဇီချန်ကို သင်ခန်းစာတစ်ခု သင်ပေးရန် စိတ်ကူးထားသည့် ကျောင်း၏ ထိပ်တန်းကျောင်းသားသည် သူ၏ မာနနှင့်အတူ ချက်ခြင်းပင် စင်မြင့်ထက်မှ ကန်ထုတ်ခြင်းခံခဲ့ရသည်။ ပတ်ဝန်းကျင်ရှိ လူများ၏ ထိတ်လန့်တုန်လှုပ်မှုကို ဂရုမစိုက်ဘဲ လင်းဇီချန်က အောက်တွင်တန်းစီနေသော ကျောင်းသားများကို စင်မြင့်ပေါ်တက်ရန် တိုက်တွန်းခဲ့သည်။

"အတန်းဖော်တို့ အိမ်မက်မက်မနေနဲ့၊ စင်ပေါ်ကို မြန်မြန်တက်။"

“အိုး၊ အိုကေ၊”

အတန်းရှေ့က ကောင်လေးက ချက်ချင်းပြန်ဖြေ၍ စင်ပေါ်သို့ တက်လာလိုက်ရာ လင်းဇီချန်မှ အလျင်အမြန် အနိုင်ယူခဲ့သည်။ စင်ပေါ်တက်ချိန်မှ ပြုတ်ကျသည်အထိ ဖြစ်စဉ်တစ်ခုလုံးသည် 10 စက္ကန့်အောက်သာ ကြာကာ လျင်မြန်သန့်ရှင်းသောပုံစံဖြင့် ပြီးသွားသည်။

"နောက်တစ်ယောက်"

"လာ၊ နောက်တစ်ယောက်"

"လာ"

ထို့ကြောင့် တစ်ပွဲပြီးတစ်ပွဲ ဖြစ်သွားရာ ပွဲအပြီးတွင်၊ နေ့လည် လေးနာရီထိုးခါနီးအချိန်တွင် အသန်မာဆုံး အောင်မြင်မှု အောင်မြင်မှုသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။

အခန်း(၇၈) ရှန်ချင်းဟန်၏ စွမ်းအား

အသန်မာဆုံး အောင်မြင်မှု အောင်မြင်မှု ပြီးမြောက်ခဲ့သည်ကို မြင်လိုက်ရသဖြင့် လင်းဇီချန်သည် ကိုယ်ပိုင်စိန်ခေါ်မှုကို အဆုံးသတ်ခဲ့ကာ စင်ပေါ်တွင် ဆက်လက် အချိန်မဖြုန်းတော့ပေ။ ထို့နောက် အားလုံးက စောင့်ကြည့်နေကြသဖြင့် အမျိုးသမီးပါမောက္ခချုပ်သည် အုပ်ချုပ်ရေး အဆောက်အအုံဆီသို့ လျှောက်သွားသည်။

ရှန်ချင်းဟန်သည် အစက စာသင်ခန်းသို့ ပြန်လာရန် ရည်ရွယ်ခဲ့သော်လည်း လင်းဇီချန်က သူ့ကို စီမံခန့်ခွဲရေး အဆောက်အအုံသို့ လိုက်ပို့ပေးရန် တောင်းဆိုသောကြောင့် သူမသည် ခေါင်းညိတ်ကာ သူ့နောက်သို့ လိုက်သွားခဲ့သည်။ ပညာရေးအဆောက်အအုံရှိ ရုံးခန်းသို့ ရောက်ရှိလာသောအခါ အမျိုးသမီးပါမောက္ခချုပ်သည် သူမ၏ ၀မ်းမြောက်မှုကို မထိန်းနိုင်တော့ဘဲ သူတို့ရှေ့တွင် ရယ်မောလိုက်သည်။

အချိန်အနည်းငယ်ကြာ ရယ်ပြီးနောက်မှာသာ သူမက နောက်ဆုံးတွင် လင်းဇီချန်ကို ကျောင်းတစ်ခုလုံး၏ ထိပ်တန်း‌ကျောင်းသားဖြစ်ကြောင်းနှင့် အထူးဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ ထို့နောက် လင်းဇီချန်က ချူးဝမ်ရှင်းကို အချိန်တိုအတွင်း တိုက်ခိုက် အနိုင်ယူသည့် မြင်ကွင်းကို ပြန်တွေးမိ၍ မနေနိုင်ဘဲ မေးလိုက်သည်။

“စက္ကန့်ပိုင်းနဲ့ ချင်းဝူရှင်းကို အနိုင်ယူနိုင်တာဆိုတော့၊ ဇီချန်… မင်းက မင်းရဲ့ခွန်အားတွေကို ဖုံးကွယ်ထားသေးတယ် မဟုတ်ဘူးလား”

"ဟုတ် ကျွန်တော် နည်းနည်းပါးပါး ဖုံးကွယ်ထားပါတယ်”

“နည်းနည်းလေးထက်တော့ ပိုမယ်ထင်တယ်။ ချန်ဝူရှင်းက မကြာသေးမီက ကျိုတိုတက္ကသိုလ်အတွက် အထူးဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့တယ်။ ငါသူ့ရမှတ်ကိုမြင်ပြီးပြီ ၆၉၀ ကီလိုဂရမ်လေးတဲ့ ဝိတ်တုံးကို လက်တစ်ဖက်တည်းနဲ့ မြှောက်နိုင်တယ်။ ဒါတောင် သိုင်းစင်ပေါ်ကနေ ကန်ချက်တစ်ချက်တည်းနဲ့ မင်းက လွယ်လွယ်လေး ဖြုတ်ချနိုင်တာဆိုတော့ မင်းရဲ့အင်အားက အနည်းဆုံး ၈၀၀ ကီလိုဂရမ်ရှိမယ်ထင်တယ်။"

“ပါမောက္ခချုပ်ဟာ တကယ့်ကို နတ်အာရုံရှိနေတာပဲ ပြီးခဲ့တဲ့ အပတ်က အိမ်မှာ စမ်းသပ်ခဲ့တာ ၇၉၅ ကီလိုဂရမ် ရှိတယ်”

ထိုသို့ပြောပြီးနောက် လင်းဇီချန်ကပြုံးကာ မေးသည်။

"စကားမစပ် ပါမောက္ခချုပ်၊ ဆုပေးခန်းကနေ ယွမ် ၈၈၁၀ကို ဘယ်အချိန်မှာ ရနိုင်မလဲ”

“မင်း အခု ရနိုင်ပြီ”

အမျိုးသမီးပါ‌မောက္ခချုပ်ကသူ့ဖုန်းကိုထုတ်၍ WeChat ကိုဖွင့်ကာ ပြောလိုက်သည်။

“ လာ WeChat မှာ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေဖွဲ့ရအောင်၊ ပြီးတော့ မင်းဆီ ငွေတိုက်ရိုက်လွှဲပေးမယ်”

အမျိုးသမီးပါ‌မောက္ခချုပ်သည် လင်းဇီချန်နှင့် ဆက်လက်စကားပြောဆိုခဲ့သည်။ ၎င်းတို့ စကားများစွာ ပြောခဲ့ကြသည်။ သိုင်းပညာပြိုင်ပွဲတွင် ကျောင်းကိုယ်စားပြုပါဝင်မှုအကြောင်း၊ အနာဂတ်တွင် ထည့်သွင်းစဉ်းစားရမည့်တက္ကသိုလ်များအကြောင်းနှင့် အခြားသောအသေးစိတ်ကိစ္စများအကြောင်းဖြစ်သည်။

ဤအချိန်အတွင်း ရှန်ချင်းဟန်သည် အသံတိတ်လျက် ၎င်းတို့ စကားပြောနေကြသည်ကိုသာ ငြိမ်ငြိမ်ထိုင်၍ နားထောင်နေခဲ့ရာ ဖုန်းဖြင့်ကစားရန်ပင် မဝံ့မရဲဖြစ်နေသည်။ နာရီဝက်ခန့် စကားပြောပြီးနောက် လင်းဇီချန်သည် လုံလောက်ပြီဟု ခံစားမိ၍ ထိုကိစ္စများကို အမျိုးသမီးပါ‌မောက္ခချုပ်နှင့် ဆက်မပြောတော့ပေ။ ရှန်ချင်းဟန်နှင့် သူ နှစ်ဦးစလုံးသည် ရေကူးခြင်းကို အမှန်တကယ် နှစ်သက်ကြသဖြင့် အားကစားခန်းမအတွင်းရှိ ပြိုင်ပွဲဝင်ရေကူးကန်ကို အသုံးပြုရန် တောင်းဆိုခဲ့သည်။

သူသည် ၎င်းကိုအချိန်မရွေး အသုံးပြုလိုကာ အခြားသူများအတွက်လည်း မဖွင့်ထားပေးစေလိုပေ။ ၎င်းကိုအသုံးပြုသည့်အခါတွင်လည်း သူနှင့် ချန်ရှင်းဟန်နှစ်ဦးတည်းသာ ရေကူးကန်ထဲတွင်ရှိစေ၍ မည်သူမျှမဝင်နိုင်စေရန် ဝင်ပေါက်ကိုပိတ်ဆို့ထားမည်ဖြစ်သည်။

ပါမောက္ခချုပ်သည် ဒုတိယအကြိမ် တွေး‌တောခြင်းမရှိဘဲ သဘောတူလိုက်သည်။ သူမ လျင်မြန်စွာသဘောတူလိုက်သည်ကို မြင်ပြီးနောက်၊ လင်းဇီချန်သည် အခွင့်အရေးကို ပိုမိုသုံးကာ ၎င်းကို အသုံးပြုသည့်အခါ ကင်မရာများကို ဖုံးအုပ်ရန် တောင်းဆိုခဲ့သည်။

အကြောင်းရင်းမှာ သူရေကူးနေစဉ် မည်သူမျှ ကြည့်ရှုနေသည်ကို မကြိုက်သောကြောင့် ၎င်းသည်သူ့အတွက်အဆင်မပြေ စိတ်မသက်မသာဖြစ်စေသည်ဟု ခံစားရ‌‌စေကြာင့်ဖြစ်သည်။

ထိုကဲ့သို့ တောင်းဆိုသံကို ကြားသောအခါ ပါမောက္ခချုပ်က မျက်ခုံးပင့်လိုက်သည်။

‘ဒီကလေးနှစ်ယောက်က သူတို့အတွက် ရေကူးကန်ကို လိုချင်တာတင်မက ကင်မရာတွေကိုလည်း ပိတ်ချင်နေကြတာပါလား’

‘သူတို့ဘာလုပ်ဖို့စီစဉ်‌နေကြတာလဲ’

သူမ သိချင်သော်လည်း ပါမောက္ခချုပ်က အသေးစိတ် မမေးခဲ့ပေ။ သူမသည် အံဆွဲတစ်ခုကိုဖွင့်ကာ သော့ကိုထုတ်၍ လင်းဇီချန်ကို ပေးလျက် ပြောသည်။

"ဇီချန်၊ မင်းလိုချင်တယ်ဆိုလို့၊ အခုကစပြီး အားကစားရုံမှာရှိတဲ့ ရေကူးကန်ကို မင်းနဲ့ ချင်းဟန် သီးသန့်အသုံးပြုခွင့်ရလိမ့်မယ်။

"ညနေအစည်းအဝေးမှာ ဆရာ‌ တွေအားလုံးဆီက သော့တွေ ပြန်စုပြီး သူတို့ကို အဲ့ဒီ ရေကူးကန်ကို သုံးခွင့်မပေးတော့ဘူးနော်”

ဤကဲ့သို့ပြောပြီးနောက် သူမက မပြုံးပြတော့ဘဲ အသက်အရွယ်ကြီးသူမိသားစုဝင်တစ်ဦးကဲ့သို့ အသံဖြင့် သတိပေးလိုက်သည်။

"ဇီချန် နင်တို့နှစ်ယောက်က ငယ်သေးတယ်။ ရေကူးကန်မှာ မင်းတို့ကိုစောင့်ကြည့်ပေးမယ့်သူ ဘယ်သူမှမရှိတဲ့အခါသတိထားရမယ်။ အသက်အန္တရာယ် မထိခိုက်စေနဲ့”

လင်းဇီချန်က သူမ၏စကားကို အနည်းငယ်ထူးဆန်းသည်လို့ထင်သော်လည်း ခပ်များများမတွေးဘဲ ရိုးရိုးရှင်းရှင်းပြန်ဖြေလိုက်သည်။

"ဟုတ် ကျွန်တော်တို့ သတိထားပါ့မယ်”

အုပ်ချုပ်ရေးအဆောက်အအုံမှ ထွက်၍ စာသင်ခန်းသို့ ပြန်သွားချိန်တွင် ကျောင်းသားတိုင်းသည် ၎င်းတို့၍ သိုင်းပညာလေ့ကျင့်ရေးသင်တန်းများကို အပြင်၌ တက်ရောက်နေသောကြောင့် စာသင်ခန်းတွင် မည်သူမျှမရှိဘဲ ဗလာဖြစ်နေသည်။ လင်းဇီချန်က အတန်းတက်ရန်အစီအစဉ်မရှိသဖြင့် ဟန်ယွင်ဖန်းကို WeChat မှ စာတစ်စောင်ပို့လိုက်သည်။

“ကျောင်းမတက်တော့ဘူး၊ ပြန်နှင့်မယ်"

ထိုနောက် သူ့ပစ္စည်းများကို သိမ်းဆည်းကာ ရှန်ချင်းဟန်နှင့်အတူ ကျောင်းမှထွက်လာခဲ့သည်။

အိမ်အပြန်လမ်းတွင်၊ ရှန်ချင်းဟန်က သူမသည် သီချင်းဆိုရာတွင် အလွန်လေ့ကျင့်ထားခဲ့သော်လည်း လီချူရှင်းနှင့် တွဲဆိုသော သီချင်းတွင် အတွဲမညီ၍ ထပ်မံလေ့ကျင့်ရန် လိုသေးသည်ဟု ပြောပြခဲ့သည်။

"ညနေပိုင်းမှာ နာရီဝက်လောက် အတူလေ့ကျင့်ပေးလို့ရမလား”

လင်းဇီချန်က ဝမ်းသာအားရ သဘောတူလိုက်သည်။ ရှန်ချင်းဟန်က သီချင်းဆိုပြိုင်ပွဲအတွက် စိတ်အားထက်သန်နေသည်ကို သူမြင်ချင်၏။ သူသည် ရှန်ချင်းဟန်ကို ကြီးမားသောစင်မြင့်ပေါ်တွင် သူ့ကိုယ်သူ ပြသနိုင်ကာ သူမ၏ယုံကြည်မှုကို ရှာဖွေနိုင်လျှင် ယခင်ကကဲ့သို့ တသီးတသန့် နေလျက် စိတ်မလုံခြုံဖြစ်နေတော့မည်မဟုတ်ဟု မျှော်လင့်မိသည်။ ရှန်ချင်းဟန်သည် မွေးရာပါ ထူးချွန်သူ၊ ဉာဏ်ရည်ထက်မြက် လှပသူလည်းဖြစ်သည်။ သူမသည် ယခုပုံစံအတိုင်း မနေထိုင်သင့်ပေ။

သူမ၏ တသီးတသန့်နေတတ်မှုနှင့် စိတ်မလုံခြုံတတ်သော သဘာဝသည် သူ၏ ပြိုးပြိုးပြက်ပြက် ရှိနေခြင်းနှင့် နီးကပ်စွာ ဆက်စပ်နေကြောင်း သူ ကောင်းစွာ သိထားသည်။ တကယ်ဆိုလျှင် သူ၏တောက်ပမှုက တစ်ဖက်လူကိုမီးမောင်းထိုးလိုက်သကဲ့သို့ ဖြစ်နေသည်ဟုဆို၍ရသည်။

ပိုးစုန်းကြူးတစ်ကောင်သည်‌ မှောင်မိုက်သော ညဖက်ကောင်းကင်တွင် တစ်‌ကောင်တည်းတောက်နေမည်ဆိုလျှင် အတောက်ပဆုံး ကြယ်တစင်းကဲ့သို့ ဖြစ်နိုင်သည်။ သို့သော် တောက်ပသော လမင်းတစ်စင်း ရှိနေမည်ဆိုလျှင် ပိုးစုန်းကြူးတစ်ကောင်၏ အလင်း‌ရောင်တောက်ပခြင်းသည် မညီမျှတော့ဘဲ မှိန်သွားနိုင်သည်။

ထိုညနေ၌ ချန်ရှင်းဟန်၏ အိမ်တွင်…

ညစာစားပြီးနောက် ရှန်ကျန်းယဲ့ နှင့် ရွှီမုန့် တို့သည် ဧည့်ခန်းတွင် စာမေးပွဲစာရွက်များ ပြင်ဆင်နေကြသည်။

တစ်ခြားတစ်ဖက်တွင် အပေါ်ထပ်မှ လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့၏ သီချင်းသံများ၊ သီချင်းသံကီးမမှန်‌ သောအခါ ရယ်သံများပါ တစ်ခါတလေ ကြားရသည်။

"မိန်းမရေ အခု သူတို့နှစ်ယောက် ကြီးလာပြီဆိုတော့ အခန်းထဲမှာ နှစ်ယောက်တည်းကစားနေတာ မသင့်တော်ဘူးလို့ မထင်ဘူးလား" ရှန်ကျန်ယဲ့က ရုတ်တရက် မေးလိုက်သည်။

ဤသည်ကိုကြားသောအခါ ရွှီမုန့်က ဒေါသတကြီးစိတ်ဆိုးလျက် သူ့ကို စိုက်ကြည့်၍ ချက်ချင်း မေးလိုက်သည်။

"ဒါကဘာမှား‌နေလို့လဲ”

"သူတို့က ငယ်ငယ်တည်းကတည်းက အတူတူကြီးပြင်းလာခဲ့ကြတာ။ အခန်းထဲမှာအတူကစားတာ ဘာမှားလို့လဲ”

"အခုလိုကန့်ကွက်‌နေတဲ့ အဘိုးကြီးက ဘယ်သူမို့လဲ"

" တခြားသူတွေရဲ့ အလုပ်မှာ ဝင်မစွက်ဖက်ဖို့ သတိပေးနေတာ။"

"ဒါမှမဟုတ်ရင် ငါခွင့်ပြုမှာမဟုတ်ဘူး”

ရွှီမုန့်က အမှန်ပင် စိတ်ဆိုးသွားသည်။ သူမခင်ပွန်း၏ အတွေးအခေါ်တွေကို လားလားမျှ နားမလည်နိုင်ပေ။

‘သမီးနှင့် လင်းဇီချန်နှစ်ယောက်တည်းအခန်းထဲနေတာ မသင့်တော်ဘူးလို့ ဘာလို့ဝေဖန်နေတာလဲ။ ဘာတွေလဲ သူရူးသွားပြီလား၊ ဘာလို့ ဆူပူကြိမ်းမောင်းဖို့ပဲအမြဲပြောပြောနေတာလဲ’

All Chapters