← Chapters

အပိုင်း ၇၉-၈၁

Vol. 6 Ch. 79-81

အပိုင်း ၇၉-၈၁

Vol. 6 Ch. 79-81

အခန်း(၇၉) ရှန်ချင်းဟန်၏စူပါပါဝါ (၂)

အပေါ်ထပ်။

လင်းဇီချန်သည် ရှန်ချင်းဟန်နှင့်အတူ သီချင်းဆိုလေ့ကျင့်နေသည်။

သူ့၏ ထူးခြားသည့် အာရုံခံနိုင်စွမ်းကြောင့် အောက်ထပ်မှ မိသားစုဇနီးမောင်နှံ၏ စကားပြောဆိုမှုကို ကြားလိုက်ရကာ၊ ဟာသပဲ မဖြစ်နိုင်ဘူးဆိုသည့် အပြုံးနဲ့ တစ်ပြိုင်နက် ရယ်မောလိုက်မိသည်။

သူက ရှန်ကျန်းယဲ့ နဲ့ ရွှီမုန့် တို့ တွေးနေသည့်အရာကို တိတိကျကျ သိနေနိုင်ခဲ့သည်။

သူပြောနိုင်သည်မှာ ဤသည်က အဖေနှင့်အနေအကြားကွာဟချက်ဟူ၍ပင်ဖြစ်သည်။

ဖခင်က သူ၏ အဖိုးတန် ကလေးအား ခေါ်ဆောင်သွားတော့မည်ဟု ခံစားရသကဲ့သို့ မိခင်ကမူ ကလေးသည် ကောင်းမွန်သောနေရာတစ်ခုမှာအခြေချနေထိုင်ရန် နေရာကောင်းတစ်ခုကို ရှာတွေ့ခဲ့သည်ဟု ခံစားခဲ့ရသည်။

“ဟုတ်ပြီ၊ ချင်းဟန် ၊ငါတို့ တွေ နာရီဝက်ခန့်လောက်လေ့ကျင့်ပြီးပြီဆို‌တော့လုံ‌လောက်ပြီ၊ စာသွားကျက်တော့"

လင်းဇီချန်က သူ့ဖုန်း၌ဖွင့်ထားတဲ့ သီချင်းသံကို ပိတ်၍ ဘေးတွင်ထိုင်နေသော ချင်းဟန်ကို ပြောလိုက်သည်။ ရှန်ချင်းဟန်သည် နာရီကိုကြည့်ကာ တကယ်တမ်း အချိန် တစ်ဝက်လောက်ကျော်ပြီးဖြစ်သည်ကို မြင်လိုက်သည်။ ထို့နောက် စားပွဲဆီသို့ သွား၍ တည်ငြိမ်စွာ ထိုင်လျက် စာလေ့လာလိုက်သည်။

သူမသည် လင်းဇီချန်ကဲ့သို့ ဉာဏ်မကောင်းသော်လည်း လုံ့လဝီရိယနှင့်လေ့လာအားထုတ်မှုဖြင့် အမှတ်ကောင်း‌အောင်ထိန်းသိမ်းနိုင်ခဲ့သည်။ လင်းဇီချန်သည် အိမ်သို့မပြန်ဘဲ ရှင်ချင်းဟန်၏ အိပ်ရာအနားရှိ နံရံကို မှီလျက် ဖုန်းရှိ သတင်းများကို ရည်ရွယ်ချက်မရှိ အချိန်အနည်းငယ်ကြာအောင် ဖတ်ပြီးမှ အိမ်ပြန်ရန် စီစဉ်ထားခဲ့သည်။ ထို့နောက် ကြွက်နတ်ဘုရားကိုးကွယ်မှု ကျန်ရစ်သူများနှင့် ပတ်သက်သည့် သတင်းကိုမြင်သောအခါ သူ အံ့အားသင့်သွားသည်။

ကြွက်နတ်ဘုရားကိုးကွယ်ယုံကြည်သူအချို့ကို ယခုအချိန်အထိ ဖမ်းမိခြင်းမရှိသေးဘဲ၊ လွတ်မြောက်နေကြဆဲဖြစ်သည်။ မြို့တော် ပြည်သူ့လုံခြုံရေးဌာနချုပ်၏ အဆိုအရ ကြွက်နတ်ဘုရားကိုးကွယ်သူ နောက်လိုက်များသည် သာမန်ကြွက်များနှင့် ဆက်သွယ်နိုင်စွမ်းရှိ၍ ၎င်းတို့ကို သူတို့၏ မျက်လုံးများနှင့် နားများအဖြစ် အသုံးပြုကာ ဖမ်းဆီးခြင်းမှ ဆက်တိုက်ရှောင်လွှဲနိုင်ခဲ့သည်။ ဆက်လက်၍ အောက်သို့ ဆက်ဆွဲကြည့်ရာ ကြွက်နတ်ဘုရားကိုးကွယ်သူလက်ကျန်များနှင့် ပတ်သက်သည့် သတင်းနှစ်ပုဒ်ကို ထပ်မံတွေ့ရှိခဲ့သည်။

ပထမတစ်ပုဒ်သည်၊ ယမန်နေ့ညက မြို့၌ လူငယ်နှစ်ဦး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရ၍ ၎င်းမှာ ကြွက်နတ်ဘုရား ကိုးကွယ်သူ အမျိုးသမီးတစ်ဦး၏ လုပ်ရပ်ဖြစ်သည်ဟု ပြည်သူ့လုံခြုံရေးဌာနချုပ်က သံသယရှိနေကြောင်းဖြစ်သည်။

ဒုတိယတစ်ပုဒ်၌မူ ယနေ့နံနက်တွင် လမ်းကြားတစ်ခု၌ အမျိုးသမီးတစ်ဦး၏ ကိုယ်လုံးတီးအလောင်းကို တွေ့ခဲ့ရ၍ ကြွက်နတ်ဘုရားကိုးကွယ်သူ အမျိုးသားတစ်ဦးက တာဝန်ရှိသည်ဟု ပြည်သူ့လုံခြုံရေးဌာနချုပ်မှ သံသယရှိကြောင်းပြောကြားခဲ့သည်။

ဤသတင်းနှစ်ခုကို တစ်ချက်ကြည့်လိုက်သောအခါ လင်းဇီချန် စဉ်းစားမရဖြစ်သွားသည်။

‘သူတို့ ထွက်ပြေးနေပေမယ့် ရာဇ၀တ်မှုတွေ ကျူးလွန်နေတာက ကိုယ့်သေတွင်းကိုယ်တူးနေတာမဟုတ်ဘူးလား။’

သို့သော် သူ လျှင်မြန်စွာ နားလည်လိုက်သည်။ ကြွက်နတ်ဘုရားကိုးကွယ်သူနောက်လိုက်များသည် တားမြစ်ထားသော မျိုးရိုးဗီဇပေါင်းစပ်မှုကြောင့် ပြင်းထန်သော အားနည်းချက်များနှင့်အတူ သမားရိုးကျမဟုတ်သော နည်းလမ်းများဖြင့်ဖြစ်ပေါ်လာကြခြင်းဖြစ်သည်။

အကြီးမားဆုံးသော ပျက်စီးမှုမှာ လူသားဆန်စိတ်များလျော့ပါးလာကာ တိရိစ္ဆာန်စရိုက်များအားကောင်းလာခြင်းဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သောလက္ခဏာများထဲမှတစ်ခုမှာ၊ ၎င်းတို့သည် ၎င်းတို့၏အတွေးအခေါ်များ ဆုံးရှုံး၍၊ မိမိကိုယ်မိမိ ထိန်းချုပ်မရနိုင်တော့ခြင်းဖြစ်သည်။ ရာဇ၀တ်မှုကျူးလွန်ရာတွင် လွတ်မြောက်နေသော ဤကြွက်နတ်ဘုရားကိုးကွယ်သူ များသည် အန္တရာယ်ရှိသောအပြုအမူတွင် ပါဝင်ခြင်းဖြင့် သေဆုံးလိုခြင်းမဟုတ်ဘဲ၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းမရှိကြခြင်းပင်ဖြစ်သည်။

လင်းဇီချန်သည် သတင်းကို အချိန်အတော်ကြာ ရှာဖွေပြီးနောက်၊ ရှန်ချင်းဟန်၏ အိပ်ရာပေါ်မှ ထကာ အိမ်ပြန်ရန် ထွက်ခွာခဲ့သည်။ မထွက်ခင်၌ စားပွဲမှာထိုင်နေသော ရှန်ချင်းဟန်ကို လှမ်းသတိပေးလိုက်သည်။

"ချင်းဟန် မနက်ဖြန်နေ့လယ်ကျ ရေကူးဝတ်စုံ ယူလာဖို့ မမေ့နဲ့။ ငါတို့ ရေကူးကန်ထဲမှာ ရေကူးလေ့ကျင့်ဖို့ ကျောင်းက စောစောထွက်မယ်" ဟု သူက ပြောသည်။

“အင်း ငါသိပါတယ် ဇီချန် " ရှန်ချင်းဟန်က အပြုံးချိုချိုဖြင့်ပြောလိုက်သည်။

လင်းဇီချန်ထွက်သွာ:ပြီးနောက် သူမက ဗီရိုဆီသို့ လျှောက်သွားကာ တံခါးကိုဖွင့်၍ အောက်ခြေမှ ရေကူး၀တ်စုံနှစ်ထည်ကို ထုတ်လိုက်သည်။

တစ်ထည်မှာ အနည်းငယ်‌ ရိုးရှင်းသော ရေကူးဝတ်စုံတစ်ထည်မျိုးဖြစ်၍ ၀တ်ဆင်သည့်အခါ ခန္ဓာကိုယ်ကို ပေါင်းတစ်ဝက်အထိ အပြည့်ဖုံးအုပ်နိုင်သည်။ နောက်တစ်ခုသည်မူ အတွင်းခံ၀တ်ထားသကဲ့သို့ ပိုထင်ရှားသော ရေကူး၀တ်စုံဖြစ်သည်။

ရှန်ချင်းဟန်သည် တစ်ခဏမျှတုံ့ဆိုင်းသော်လည်း နောက်ဆုံးတွင် မျက်နှာများနီရဲလာ၍ ပိုမိုထင်ရှားပေါ်လွင်သော ရေကူး၀တ်စုံကို ကောက်ကိုင်လျက် ကျော်ပိုးအိတ်ထဲသို့ထည့်လိုက်သည်။ ဤရေကူး၀တ်စုံကို၀တ်ထားလျှင် သူမ၏ ခန္ဓာကိုယ်က ရေနှင့် ထိတွေ့မှုပိုရှိလာ၍ သူမကို အနည်းအကျဥ်းသက်တောင့်သက်သာဖြစ်စေလိမ့်မည်ဟု ထင်သည်။

အားကစားရုံရှိရေကူးကန်သည် သူမနှင့်လင်းဇီချန်အတွက်သီးသန့်ဖြစ်၍ မည်သူမျှမရှိပါက ပိုမိုသိသာထင်ရှားသော ဝတ်စုံကို ဝတ်ထားလျှင်ပင် သူမအတွက် အရေးမကြီးပေ။ နောက်နေ့မနက်တွင်

မနက်စာစားပြီးနောက် လင်းဇီချန်သည် ကျောင်းသွားရန်အတွက် ချန်ရှင်းဟန်ဆီသို့ထွက်လာခဲ့သည်။

သူအိမ်မှထွက်သွားသောအခါ ရှန်ချင်းဟန်သည် အိပ်ယာထနောက်ကျခြင်း သို့မဟုတ် တစ်စုံတစ်ခုဖြစ်ခဲ့သည့်ပုံဖြင့် မနက်စာ ကြက်ဥ၊ ပေါင်မုန့်နှင့် နွားနို့တို့ကို စားသုံးနေဆဲဖြစ်သည်။ အပြင်၌ စောင့်နေသော လင်းဇီချန်ကို မြင်လိုက်ရသောအခါ ရှန်ချင်းဟန်က ဆက်မစားနိုင်တော့ဘဲ စားပွဲပေါ်မှ ပေါင်မုန့်နှင့် နွားနို့ကို ဆွဲယူလျက် ကျောပိုးအိတ်လွယ်၍ အိမ်အပြင်သို့ ပြေးထွက်သွားသည်။

“ဖြည်းဖြည်ပြေး၊ လဲမကျစေနဲ့ ”

“ငါအဆင်ပြေပါတယ် ၊ ငါက သိုင်းပညာအတန်းထဲက

ကျောင်းသားတစ်ယောက်ပါ၊ ငါ့ကိုလျှော့မတွက်နဲ့ဟုတ်ပြီလား”

“ကျောင်းသားတစ်ယောက်ဖြစ်တာက မင်းကို သိုင်းပညာရှင်ဖြစ်အောင်မလုပ်ပေးနိုင်ပါဘူး၊ ကျောက်တုံးတစ်တုံးကိုတိုက်မိရင် မင်းလဲကျမှာပဲ”

“အာ… နင်က တအားစိတ်ပျက်ဖို့ကောင်းတာပဲ။ ငါ့ကို အမြဲလိုက်ပြောနေတာ”

ရှန်ချင်းဟန်သည် သူမ၏ နှင်းဆီရောင်စုံနှုတ်ခမ်းများကိုစူကာ လင်းဇီချန်ကို လက်ဖြင့် ခပ်ပါးပါးရိုက်လိုက်သည်။ ထို့နောက် ၎င်းတို့သည် အနည်းငယ်စကားစမြည်ပြောလျက် ကျောင်းသို့အချိန်မှီစေရန် အမြန်သွားကြသည်။

လမ်းခရီးတွင် ရှန်ချင်းဟန်သည် အစာစားချင်စိတ်အနည်းငယ်ဖြစ်သော်လည်း ပေါင်မုန့်နှင့်နို့ကိုပင် အကုန်မစားနိုင်ခဲ့ပေ။ ၎င်းတို့ကိုလွှတ်ပစ်လျှင် အမှိုက်ဖြစ်သွားမည်ကိုခံစားမိသဖြင့် သူမသည် လင်းဇီချန်ကို‌သာ ဆက်စားခိုင်းလိုက်၏။ လင်းဇီချန်သည် သူမတံတွေးကိုပင် စိတ်မ၀င်စားဘဲ ၎င်းတို့ကို စားပစ်လိုက်သည်။

မိနစ်အနည်းငယ်ကြာ လမ်းလျှောက်ပြီးနောက် ၎င်းတို့နှစ်ယောက်သည် ကျောင်းတံခါးကိုဖြတ်ကာ ကျောင်းလမ်းအတိုင်း လျှောက်သွားလိုက်သည်။ မနေ့ကအတိုင်းပင် လမ်းပေါ်က ကျောင်းသားများသည် ၎င်းတို့ကိုတွေ့တာနှင့် လင်းဇီချန်အကြောင်း အချင်းချင်းတီးတိုးပြောကြ၏။ သို့သော်ကွာခြားချက်သည် ယမန့်နေ့၌ လူအများစုက သူ့ကို မောက်မ၍ လောကအကြောင်းကောင်းစွာမသိသော သူဟု ကျိန်ဆဲပြောဆိုကြခြင်းဖြစ်၍ ယနေ့တွင်မူ ချီးကျူးကြခြင်းဖြစ်သည်။ သူသည် ချူးဝူရှင်းကို တစ်ချက်တည်းဖြင့် အပြီးသတ်နိုင်ခဲ့ကာ သူ၏ ခွန်အားသည်လည်း ကြောက်မက်ဖွယ်ကောင်း၍ ထူးခြားဆန်းပြားသော လူသားဖြစ်မည်ဟု အံ့သြနေကြခြင်းဖြစ်သည်။ စာသင်ခန်းသို့၀င်ပြီးနောက် လင်းဇီချန်ကို မတူညီသောအမူအရာများဖြင့် ကြိုဆိုခဲ့ကြသည်။ သူ့ဆီသို့အတန်းဖော်များ၏အကြည့်များသည် ခေါင်းဆောင်တစ်ဦးကို မျှော်ကြည့်နေသကဲ့သို့ပင်ဖြစ်၍ တစ်ခါမှမခံစားဖူးသော ခံစားချက်တစ်ခုကိုပင် ခံစားလိုက်ရသည်။

ယခင်က အတန်းဖော်များသည် သူ့ကို ပထမနှစ်၏ အုပ်ထိန်းသူအဖြစ်မြင်ကြကာ အကြီးတန်းကျောင်းသားများနှင့်ယှဥ်ပြိုင်ရန် လေ့ကျင့်မှုများလိုအပ်နေသေးသည့် လူတစ်ယောက်ဟုလည်းမြင်ကြသည်။ သို့သော် အားလုံးအတွက် အံ့အားသင့်ဖွယ်မှာလင်းဇီချန်က ကျောင်း၌ရှိနေသော နံပါတ်တစ်ကျောင်းသားကို ကန်ချက်တစ်ချက်တည်းဖြင့် ဖြုတ်ချနိုင်ခဲ့ခြင်းဖြစ်သည်။

ဤခွန်အားက သူ့ကို ကျောင်းအတွင်း၌ စူပါပါရမီရှင် ဖြစ်လာစေသည်။

ကျောင်းသမိုင်း၌ အသန်မာဆုံးဖြစ်သော ဝူတန်ချင်းထက်ပင် ပို၍သန်မာလေသည်။ နောက်ဆုံးတွင် ဝူရှန်ချန်သည် သူ၏ပထမနှစ်တွင် ကျောင်းရှိထိပ်တန်းကျောင်းသားကို ချက်ခြင်းအနိုင်ယူခဲ့နိုင်ခြင်းမရှိပေ။ လင်းဇီချန်က သူ့ပတ်၀န်းကျင်ကလူများ၏ မည်သည့်အမြင်ပြောင်းလဲမှုကိုမျှ ဂရုမစိုက်တတ်သူဖြစ်သည်။ အထက်တန်းကျောင်းသည် သူ့ဘ၀တွင် အကျိုးမရှိသော ကြားဖြတ်တစ်ခုမျှသာဖြစ်သည်။ ဤကာလအတွင်း အချင်းချင်း ဆက်ဆံရေးသည် နုနယ်၍ အများအားဖြင့် ဘွဲ့ရခြင်းဖြင့်သာ အဆုံးသတ်သွားသည်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

မျက်စိတမှိတ်အတွင်း၌ပင် ညနေလေးနာရီထိုးနေပြီဖြစ်သည်။

လင်းဇီချန်သည် ဟန်ယွင်ဖန်းနှင့် အတန်း စောစောစီးစီးဆင်းရန် သဘောတူထားပြီးဖြစ်သည်။ ထို့ကြောင့် အချိန်က လေးနာရီဖြစ်‌နေသည်ကို မြင်လိုက်သည်နှင့်တပြိုင်နက် သူ၏အိတ်ကို ကောက်ကာ ရှန်ချင်းဟန်နှင့်အတူ စာသင်ခန်းမှထွက်ခွာလာခဲ့သည်။ ထို့နောက်ငါးမိနစ်မပြည့်မီတွင် ၎င်းတို့နှစ်ဦးသည် အားကစားရုံသို့ ၀င်ရောက်၍ စိတ်အားထက်သန်စွာမျှော်လင့်ထားသည့် ရေကူးကန်သို့ရောက်ရှိလာကြသည်။

ထိုအချိန်တွင် ရေကူးကန်သည် အေးမြသန့်ရှင်းသောရေများဖြင့်ပြည့်နေပြီဖြစ်သည်။

နံရံပေါ်ရှိကင်မရာများအားလုံးကိုအနက်ရောင်တိပ်များဖြင့်ဖုံးအုပ်ထားသည်။ ၎င်းတို့အားလုံးကို အမျိုးသမီးကျောင်းအုပ်ကကြိုတင်ပြုလုပ်ထားပြီးဖြစ်သည်။

သူမသည် ပါရမီရှင်ကို အလေးပေးပြီး စေ့စေ့စပ်စပ်၀န်‌ ဆောင်မှုပေးသည့် ကလေးထိန်းတစ်ဦး၏အခန်းကဏ္ဍကိုခံယူထားသော သူမျိုးနှင့် တူသည်။ ရေထဲမဆင်းခင် လင်းဇီချန်က ရှန်ချင်းဟန်ကို ရေကူးကန်တံခါးများအကုန်ပိတ်၍ ပြတင်းပေါက်ပေါ်က ကုလားကာတွေကိုလည်း ဆွဲချခိုင်းခဲ့သည်။

အခြားတစ်ဖက်တွင်မူ သူသည် ကျောပိုးအိတ်ထဲမှ စုံစမ်းထောက်လှမ်းရေးကင်မရာ နှင့် အီလက်ထရွန်းနစ် အချက်ပြကိရိယာတစ်ခုကို ထုတ်ယူခဲ့သည်။ ဤကိရိယာနှစ်ခုသည် သူ၏ရုပ်ပိုင်းဆိုင်ရာအချက်အလက်များ၊ ညအချိန်စမ်းသပ်မှုများအတွက် ဝယ်ယူခဲ့ခြင်းဖြစ်၍ ယခုအချိန်မျိုးအတွက် အဆင်ပြေသည်။

ဆယ်မိနစ်နီးပါးကြာပြီးနောက်၊

အတွင်းခန်းနေရာသည် လုံးဝသီးသန့်ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ၎င်းတို့၏ ရေကူးဝတ်စုံလဲရန် တခြားသူမမြင်နိုင်သော ထောင့်တစ်ဖက်တစ်ချက်စီသို့ သွားခဲ့ကြရာ မကြာခင်၌ပင် ၎င်းတို့နှစ်ယောက်လုံး ထောင့်မှထွက်လာကြသည်။ လင်းဇီချန်သည် ရေကူးဘောင်းဘီတစ်ထည်ကိုသာ ဝတ်ဆင်ထား၍ ရှန်ချင်းဟန်သည် အတွင်းခံနှင့်တူသော ရေးကူးဝတ်စုံကို ဝတ်ဆင်ထားသည်။

၎င်းတို့နှစ်ဦး တစ်ဦးကိုတစ်ဦးမြင်ချိန်တွင်....လင်းဇီချန်၏ မျက်နှာသည် အေးဆေးငြိမ်သက်နေပုံရသော်လည်း အတွင်းထဲ၌ ခံစားချက်များ တဟုန်ထိုးမြင့်တက်လာသည်။ သို့သော် ရှန်ချင်းဟန်၏ လှပသော မျက်နှာလေးသည်မူ မက်မွန်သီးမှည့်တစ်လုံးကဲ့သို့ နီမြန်းလာကာ အနည်းငယ်ရှက်သွေးဖြာလာသည်။

"သွားကြစို့၊ ငါတို့ ရေထဲဆင်းပြီး ရေအောက်မှာလမ်းလျှောက် လေ့ကျင့်ကြမယ်" လင်းဇီချန်က ရှန်ချင်းဟန်ကို မျက်နှာလွှဲ၍ သူ့ရှေ့မှ ရေကန်ကို ကြည့်လျက် ပြောလိုက်သည်။

ရှန်ချင်းဟန်က ခေါင်းညိတ်ကာ‌ရေထဲသို့ လိုက်သွား၏။ မကြာမီ၌ပင် ၎င်းတို့နှစ်ဦးလုံး ရေ အောက်သို့နှစ်မြုပ်သွားကာ ရေအောက်ခြေတွင် လမ်းလျှောက်လေ့ကျင့်ကြသည်။

သို့သော် မကြာခင်၌ပင် ရှန်ချင်းဟန်က ရုတ်တရက် အကြောင်းတစ်ခုကြောင့် လင်းဇီချန်၏ ပခုံးကို လက်ဖြင့် ပုတ်လိုက်ပြီးနောက် ချက်ချင်းပင် အမြန် ရေပေါ်ပေါ်လာသည်။ ဤသည်ကို စဥ်းစား၍ သူသည်လည်း အမြန်ရေပေါ်သို့ တက်လိုက်လာသည်။ ရေပေါ်သို့ပေါ်လာသောအခါ ရှန်ချင်းဟန်က အနည်းငယ် တုန်လှုပ်ကြောက်လန့်စွာဖြင့် ပြောသည်။

"ရှောင်ချန်၊ မြန်မြန်ကြည့်လိုက်ပါ၊ ရေကန်ထဲက‌ ရေက ငါ့ခန္ဓာကိုယ်ထဲကို ဖြတ်သွားတယ်"

သူမ၏အသံကိုကြားပြီးနောက် ရှန်ချင်းဟန်ဆီသို့ လှမ်းကြည့်လိုက်သည်။

ရှန်ချင်းဟန်သည် ရေကန်ထဲရှိ ရေအချို့ကို ကောက်ယူဖမ်းဆုပ်လိုက်သည့်အခိုက်အတန့်တွင် ရေသည် သူမ၏ လက်ဖဝါးမှ တစ်ဆင့် ချက်ချင်း ဖြတ်သွားကာ ရေကန်ထဲသို့ ပြန်ကျသွားသည်။

အခန်း (80) ရှန်ချင်းဟန်က အိပ်ရာကို စိုစွတ်စေသည့်အကြောင်းအရင်း

ရှန်ရှင်းဟန်ကို ရေဆိမ့်ဝင်နိုင်တာလား။

သူ့ရှေ့က မြင်ကွင်းကို ကြည့်လိုက်ပြီးနောက် လင်းဇီချန်က မယုံနိုင်ကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်အထိအံ့အားသင့်သွားသည်။ သူက မကြာခဏ ရှန်ချင်းဟန်၌ စူပါပါဝါများရှိသည်ဟု အမြဲပြောနေတတ်သော်လည်း သူမကို နှစ်သိမ့်ရန်နှင့် လျှော့မတွက်စေရန် အားဖြည့်ပေးလိုသောကြောင့်သာဖြစ်သည်။

ရှန်ချင်းဟန်က ရေနှင့်ဆက်စပ်နေသော စူပါပါဝါများအမှန်တကယ် အမှန်တကယ် ပိုင်ဆိုင်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ သူ့စိတ်ထဲတွင် သေချာမသိခဲ့ပေ။ သို့သော် မမျှော်လင့်ထားစွာဖြင့် သူမက ယခု အမှန်တကယ်ပင် ထိုကဲ့သို့ စွမ်းအားပိုင်ဆိုင်နေသည်ဟု ထင်ရသည်။ ရေက ခန္ဓာကိုယ်တစ်လျှောက် တိုက်ရိုက်ဖြတ်သွားနိုင်ခြင်းသည် စွမ်းအားတစ်ခုမဟုတ်ပါက အခြားမည်သို့ဖြစ်နိုင်မည်နည်း။

"ရှောင်ချန် ထူးဆန်းလိုက်တာ ငါ့လက်တွေကရေတွေ ဆိမ့်ထွက်နေတာလဲ”

ရှန်ချင်းဟန်သည် လင်းဇီချန်ဆီသို့ ကူးခတ်ကာ သူမ၏ နူးညံ့သော ရေများယိုစိမ့်နေသော လက်များကိုကြည့်၍ ကြောင်အနေသည်။

လင်းဇီချန်သည် စိတ်အေးအေးထားရန်ပြောကာ ရေစိမ့်ဝင်နိုင်သည့်အပြင် သူမ၏ ခန္ဓာကိုယ်၌ အခြားပြောင်းလဲမှုများခံစားရသလောဟု မေးခဲ့သည်။ ရှန်ချင်းဟန်က ခေါင်းခါလိုက်၏။

"မရှိဘူး၊ ငါ့လက်တွေကိုရေတွေ ဖြတ်ဝင်သွားနိုင်တာပဲတွေ့လိုက်တာ။ အခုထိ အခြားထူးဆန်းတာမတွေ့သေးဘူး”

"ရေတွေ စိမ့်ဝင်နေရင် ဘယ်လိုခံစားရလဲ”

ရှန်ချင်းဟန်သည် ခဏမျှတွေး၍ သူ၏ အတွေးများကို ပြန်လည်စုစည်းလိုက်သည်။

"ဘယ်လိုပြောရမလဲ၊ ငါ့လက်တွေက ရေထဲကို ပေါင်းပြီး တစ်စိတ်တစ်ပိုင်းဖြစ်သွားသလို ခံစားရတယ်၊ ပြီးတော့ ရေထဲမှာ လှုပ်ရှားမှုတွေ ပိုသွက်လာတယ်"

လင်းဇီချန်သည် ခဏတာမျှ စဥ်းစားပြီးနောက် ရှန်ချင်းဟန်ကို ကြည့်လိုက်သည်။

“ငါကြည့်မယ် လက်ပေးကြည့်”

ရှန်ချင်းဟန်သည်နာခံစွာဖြင့် သူ့လက်ကို ဆန့်ထုတ်ကာ ညာလက်ကို ပေးလိုက်သည်။လင်းဇီချန်က သူမ၏ လက်ကို ကိုင်ကာ ဂရုတစိုက် စစ်ဆေးသည်။ လက်ချောင်းများသည် သွယ်လျ၍ နူးညံ့သော အသားအရေကြောင့် အိစက်နူးညံ့လှသည်။ ထို့အပြင် ၎င်းသည် သဘာဝအတိုင်းဖြစ်၍ ပြုပြင်ထိန်းသိမ်းမှုများမလုပ်ဘဲ မျိုးဆက်များတစ်လျှောက် အမွေဆက်ခံခဲ့သော မျိုးရိုးဗီဇဆိုင်ရာ အားသာချက်တစ်ခုဖြစ်သည်။

ရှန်ချင်းဟန်၏လက်ဖြင့်၊ လက်မော်ဒယ်အဖြစ်ကြော်ငြာလုပ်ပါက လက်စွပ်များ၊ လက်ကောက်များ၊ လက်သည်းခြေသည်းဆိုးဆေးစသည်တို့ကို ကြော်ငြာခြင်းသည် အလွန်ထိရောက်နိုင်သည်။

သို့သော်လည်း ယခုအချိန်တွင် လင်းဇီချန်သည် ရှန်ချင်းဟန်၏လက်က မည်သည်မျှလှပသည်ကို ချီးမွမ်းလိုစိတ်မရှိပေ။ ထိုအစား စမ်းသပ်မှုတစ်ခုပြုလုပ်ကာ သူမ၏လက်ဖဝါးထဲသို့ ရေများ မည်ကဲ့သို့ ဖြတ်တ်သန်းသွားသည်ကို စူးစမ်းလေ့လာရန် ရေနည်းနည်းထပ် ကိုင်ခိုင်းလိုက်သည်။ ထို့နောက် ရေသည် သူမ၏ လက်ဖဝါးပေါ်တွင် တစ်ခဏမျှ တည်ရှိနေပြီးနောက် သူမ၏ လက်ဖဝါးမှတစ်ဆင့် ရေကန်ထဲသို့ အမြန်ပြန်ကျသွားသည်။

ဤဖြစ်စဉ်တွင်၊ ရေဆုံးရှုံးမှုသည် အလွန်လျင်မြန်ကာ ရေကန်ထဲ၌ အပေါက်ဖောက်လိုက်သကဲ့သို့ ချက်ချင်း ထွက်သွားပုံရသည်။ ဤကဲ့သို့ အကြိမ်ပေါင်းများစွာ လေ့လာကြည့်ရှုပြီးနောက် လင်းဇီချန်သည် အသုံးဝင်သော ရှာဖွေတွေ့ရှိမှုမျိုး မ‌တွေ့ရှိခဲ့ပေ။ ထို့ကြောင့် ရှန်ချန်းဟန်၏ လက်ဖဝါးကိုသာ လေ့လာရန် အာရုံစိုက်နေ၏။

ပထမဦးစွာ ကြည့်၍၊ ကိုင်ကြည့်ပြီးနောက်ဆုံးတွင် ပွတ်သပ်ကြည့်သည်။

ဤကဲ့သို့ပြုလုပ်လိုက်သောအခါ ရှန်ချင်းဟန်သည် တုန်လှုပ်ချောက်ချားသည့် ခံစားချက်ကို ခံစားလိုက်ရသော်လည်း လင်းဇီချန်က သူ၏ သုတေသနကို အလွန်အာရုံစိုက်ထားသည်ကို တွေ့ရသဖြင့် သူမသည် ငြိမ်နေကာ ဆက်လက်လေ့လာခွင့်ပြုခဲ့သည်။

စေ့စေ့စပ်စပ်စစ်ဆေးပြီးနောက် လင်းဇီချန်သည် ရှန်ချင်းဟန်၏ လက်ဖဝါးက ပုံမှန်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ရေစိမ့်၀င်နိုင်သည်ကလွဲ၍ ထိတွေ့မှု၊ အပူချိန် သို့မဟုတ် အရောင်အသွေး နှင့် အခြားအင်္ဂါရပ်များသည် သာမန်လူတစ်ဦးနှင့် တူသည်ဟု သူ ယူဆလိုက်သည်။

"ရေဖြတ်သွားလို့ရတာ လက်တစ်ခုတည်းလား"

"ဟုတ်တယ်၊ လက်တစ်ခုတည်းက ထူးဆန်းနေတာ”

"အပေါ်ကို တက်ကြစို့၊ နင့်ကိုအတိအကျ စစ်ဆေးကြည့်မယ်။ ရေဝင်နိုင်တဲ့ အခြားအစိတ်အပိုင်းတွေ ရှိမရှိ စစ်ဆေးကြည့်မယ်"

"အိုကေ"

၎င်းတို့နှစ်ဦးသည် အနည်းငယ်ရိုးရှင်းစွာစကားပြောလိုက်ကြပြီးနောက် ရေကန်ဘောင်ပေါ်သို့ သွားလိုက်ကြသည်။ လင်းဇီချန်သည်ရှနချင်းဟန်၏ခန္ဓကိုယ်ကိုစစ်ဆေးရန်အတွက် ထိုင်ခုံ အနည်းငယ်ကို ယူလာကာ ရှန်ချင်းဟန်ကို လှဲစေလိုက်သည်။

ထို့နောက် သူ့အိတ်ထဲမှ ရေပုလင်းကို ထုတ်လိုက်၍ ရေဖြည့်ကာ တခြားအစိတ်အပိုင်းများ ရေစိမ့်၀င်နိုင်သည်ကိုကြည့်ရန် ရှန်ချင်းဟန်၏ ခန္ဓာပေါ်သို့ ဖြည်းဖြည်းချင်း လောင်းချလိုက်သည်။

လင်းဇီချန်က မိမိ၏ ခန္ဓာကိုယ်ကို နီးကပ်စွာ ကြည့်နေသဖြင့် ရှန်ချင်းဟန်၏ မျက်နှာသည် လုံးဝနီမြန်းလာသည်။ သူမကအာရုံလွှဲရန် ရှက်ရွံ့စွာဖြင့် မျက်လုံးများကို အမြန်ပိတ်လိုက်သည်။

သို့သော် လင်းဇီချန်သည်ထိုအရာများကို အာရုံမစိုက်ဘဲ သူ၏ အာရုံအားလုံးကို သုတေသနပြုရန်သာ အာရုံစိုက်ခဲ့သည်။ ဆယ်မိနစ်ခန့်ကြာပြီးနောက် စစ်ဆေးခြင်းပြီးဆီးသွားသည်။

စုစုပေါင်း သုံးကြိမ်လေ့လာခဲ့ပြီးနောက်ဆုံး အဖြစ်မှန်မှာရှန်ချင်းဟန်၏ လက်များသည် အမှန်တကယ်ပင် ရေဖြင့် စိမ့်ဝင်နိုင်သော တစ်ခုတည်းသော အစိတ်အပိုင်းဖြစ်ကာ သူမ၏ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများအားလုံးသည် ပုံမှန်ဖြစ်သည်။

"ရှောင်ချန် နင်တစ်ခုခု ရှာတွေ့ပြီလား"

ရှန်ချင်းဟန်သည် ရေများရွှဲနစ်နေလျက် ကုလားထိုင်ပေါ်မှ ထထိုင်ကာ လင်းဇီချန်ကို မျှော်လင့်ချက် အနည်းငယ်ဖြင့် ကြည့်လိုက်သည်။

"အခုတော့ နင့်လက်တွေကို ရေဖြတ်ဝင်နိုင်တယ်ဆိုတာကလွဲပြီး ဘာမှမသိရသေးဘူး”

"ဟုတ်လား.."

ရှန်ချင်းဟန်က မျှော်လင့်ထားသည့် အဖြေကို မရလိုက်သဖြင့် အနည်းငယ် စိတ်ပျက်သွားမိသည်။

"စိတ်မပူပါနဲ့၊ နောင်ကျ လေ့လာကြည့်ဖို့ အချိန်အများကြီးရှိပါသေးတယ်၊ အလျင်လိုဖို့မလိုပါဘူး”

"ဟုတ်တယ်။"

ရှန်ချင်းဟန်သည် လှပသော မျက်လုံးများ ကွေးညွတ်သွားသည်အထိ ချိုမြိန်စွာပြုံးလိုက်သည်။

"ဘာပဲဖြစ်ဖြစ်၊ အနည်းဆုံးတော့ အခု ငါ့မှာ စူပါပါဝါတွေ ရှိနေပြီဆိုတာ သေချာနေပြီ၊ အဲဒါတွေကို အပြည့်အ၀မဖော်ထုတ်ရသေးတာပဲရှိတာ"

ထိုသို့ပြောပြီးနောက် သူမသည် တစ်ခုခုကို တွေးနေပုံဖြင့် ပါးပြင်လေးများ နီမြန်းလာသည်။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမက ရှက်ရွံ့သော အသံဖြင့် ပြောလိုက်သည်။

"ရှောင်ချန် ငါငယ်ငယ်ကတည်းက ဆီးအိမ်မထိန်းနိုင်တာက ငါ့ရဲ့ လက်ဖဝါးလိုပဲ ရေကိုမထိန်းထားနိုင်တာကြောင့်ဖြစ်မလား အခုလို ရေမထိန်းနိုင်ဘဲ စိမ့်ထွက်လာတဲ့အတွက်ကြောင့် ဖြစ်နိုင်တယ်မလား..”

"အခြားထူးဆန်းတာမရှိဘူးဆိုရင် ဒါက အကြောင်းပြချက်ဖြစ်မယ်ထင်တယ်။ နောက်တစ်ခါ ဆီးသွားချင်စိတ်အရမ်းပြင်းပြီး ထိန်းမထားနိုင်ဘူးလို့ ထင်ရင် နင့်ခန္ဓာကိုယ်အစိတ်အပိုင်းတချို့က လက်နဲ့ မတူတဲ့ ထူးခြားတဲ့ အာရုံခံစားမှုတွေရှိမရှိ နင်ကိုယ့်ဘာသာ စမ်းကြည့်လို့ရတယ်”

အမှန်တကယ်တမ်းတွင် သူခက်ခက်ခဲခဲပြောချင်သည်မှာ နောက်တစ်ကြိမ် သူမ ဆီးသွားရန် လိုအပ်လျှင် သူ‌သုတေသနပြုလုပ်ရန် သူ့ကို အကြောင်းကြားပေးစေချင်ခြင်းဖြစ်သည်။ သို့သော် သူ ယင်းကို ထုတ်မပြောနိုင်ခင်၌ပင် မှားယွင်းသော တစ်စုံတစ်ခုအဖြစ် သဘောပေါက်လိုက်သောကြောင့် သူပြောချင်သည့် စကားလုံးများကို မြိုချကာ ခုဏက စကားလုံးများထွက်လာခဲ့ခြင်းဖြစ်သည်။

သို့သော် ရှန်ချင်းဟန်သည် ရှက်စရာကောင်းသော အကြောင်းအရာကို တွေ့ရှိသွားသကဲ့သို့ ရှက်သွေးဖြာသွားရပြန်သည်။

"စကားမစပ် ရှောင်ချန် အခု ငါ့လက်‌တွေနဲ့ ဘာလုပ်ရမလဲ"

ရှန်ချင်းဟန်သည် သူမ၏ ယိုစိမ့်နေသော လက်များကို ကြည့်ကာ နီမြန်းသော မျက်နှာပေါ်တွင် စိုးရိမ်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။

"ကောင်းပါပြီ၊ သိပ်စိတ်မပူပါနဲ့၊ နင့်လက်တွေ ဒီလိုဖြစ်နေတာက အမြဲတမ်း မဟုတ်ပါဘူး၊ သိပ်မကြာခင် အကောင်းအတိုင်းပြန်ဖြစ်လာလိမ့်မယ်လို့ ငါထင်တယ်”

"နင့် စူပါပါဝါက နောင်ကျ ပိုဖွံ့ဖြိုးလာရင် နင့်ခန္ဓာကိုယ်က ရေစိမ့်ဝင်နိုင်နိုင် မဝင်နိုင်နိုင် ရုပ်ရှင်ထဲက စွမ်းအားရှင်တွေလိုပဲ ရေကို ထိန်းချုပ်နိုင်ပြီး ရေကို ဖြတ်သွားတာတို့ဘာတို့ လုပ်နိုင်လိမ့်မယ်”

"ဒါက အံ့သြစရာပဲ"

ရှန်ချင်းဟန်၏မျက်လုံးများတွင် မျှော်လင့်ချက် များစွာဖြင့် ပြည့်နေကာ ထိုနေ့ရောက်လာမည့်နေ့ကို သူမ မစောင့်နိုင်တော့ပေ။

ထိုအချိန်တွင် လင်းဇီချန်က ဆက်မေး၏။

"ခုနက ရေကူးကန်ရဲ့ အောက်ခြေမှာ လမ်းလျှောက်ရင်း မကြာခဏ လုပ်လေ့လုပ်ထမရှိတဲ့ တစ်ခုခုကို လုပ်ခဲ့သေးလား”

မေးပြီးနောက် သူက ထပ်ရှင်းပြသည်။

"နင့်လက်တွေ အခုဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက အဲ့တုန်းက မင်းထူးခြားတာတစ်ခုခုလုပ်ခဲ့လို့လည်းဖြစ်နိုင်တယ်”

ရှန်ချင်းဟန်သည် လေးလေးနက်နက် ပြန်စဥ်းစားလိုက်ပြီးမှ ခဏအကြာတွင် ပြန်ပြော၏။

"ငါ ဘာမှ အထူးတလည် မလုပ်ထားပါဘူး၊ ငါ့ လက်ထဲမှာ ပုံမှန်မဟုတ်တဲ့ ခံစားချက်တစ်ခုဖြစ်လာလို့ ရုတ်တရက်ကြည့်လိုက်တော့ လမ်းလျှောက်နေရင်း ရေတွေ ဖြတ်သွားနေတာကို တွေ့လိုက်ရတယ်"

လင်းဇီချန်က ဤသည်ကို ကြားသောအခါ ခေါင်းညိတ်၍ တစ်ခွန်းမျှ ဆက်မပြောတော့ပေ။

ထို့နောက်တွင်၊ ၎င်းတို့နှစ်ဦးသည် စူပါပါဝါများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေး၍ ရေကူးကန်တွင် လေ့ကျင့်ခဲ့သည်။ ရုပ်ရှင်များ၊ တီဗီရှိုးများနှင့် ၎င်းတို့ဖတ်ဖူးသော ရုပ်ပြများကို အခြေခံ၍ စူပါပါဝါအမျိုးမျိုးအကြောင်း စိတ်ကူးယဉ်ခဲ့ကြသည်။

ရေမှော်ဆရာများ၊ ရေကမ္ဘာ၏ စွမ်းအားရှင်များ၊ ရေနေနတ်ဘုရားများ၊ ရေနတ်ဘုရားတစ်ပါးကဲ့သို့ စွမ်းအားရှိသူများ၊‌ ရေ၀ိစ္စာကြွယ်၀‌သောသူများအကြောင်း ထိုကဲ့သို့ အံ့ဩဖွယ်ကောင်းသောအရာများကို ၎င်းတို့တိုင်ပင်ဆွေးနွေးကြသည်။ ဤဆွေးနွေးမှုတစ်လျှောက်တွင် ရှန်ချင်းဟန် သည် အလွန်စိတ်လှုပ်ရှားနေလျက်ရှိကာ သူမ၏ လှပသော မျက်နှာသည်လည်း နီမြန်းနေသည်။

နှစ်အတော်ကြာ နေထိုင်ခဲ့ပြီး နောက်ဆုံးတွင် သူမသည် အရည်အချင်းမရှိသော မိန်းကလေးမဟုတ်ဘဲ ရေနှင့်ပတ်သက်သည့် စူပါပါဝါရှိသူတစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။

သူမသည် သူမ၏သဘာဝလွန်စွမ်းအားများကို အပြည့်အဝပျိုးထောင်နိုင်လျှင် သူမကို လင်းဇီချန်၏အစေခံဟု မည်သူမျှ‌ခေါ်နိုင်တော့မည်မဟုတ်ဟု တွေးမိသည်။ ထိုအခါ ၎င်းတို့နှစ်ဦးသည် ကောင်းကင်ဘုံက ကောင်းချီးပေးထားသော အဘက်ဘက်မှသာလွန်သည့် စွမ်းအားကြီးစုံတွဲအဖြစ်ဆိုရပေလိမ့်မည်ဖြစ်သည်။

အခန်း (81) ကောင်းကင်မျက်လုံး

ရက်အနည်းငယ်ကြာပြီးနောက် လင်းဇီချန်သည် သတ်မှတ်ချိန်ထက်စော၍ နေ့စဥ် အချိန်မှန်မှန် အတန်းမှထွက်လာခဲ့သည်။ နေ့လည် လေးနာရီတွင် သူသည် ရှန်ချင်းဟန်ကို စာသင်ခန်းမှ ခေါ်ထုတ်ကာ သုတေသနလုပ်ရန် အားကစားရုံရှိ ရေကူးကန်သို့ သွားခဲ့သည်။

ကံမကောင်းစွာဖြင့်၊ ရက်အတော်ကြာ စဉ်ဆက်မပြတ် လေ့လာပြီးနောက်တွင် မည်သည့်တိုးတက်မှုမျှ မရှိခဲ့ပေ။ ရှန်ချင်းဟန်၏ လက်များသည် အဘယ်ကြောင့် ရေယိုစိမ့်နေသနည်း၊ ရေယိုစိမ့်ခြင်းရှိမရှိကို မိမိဆန္ဒအလျောက် မည်ကဲ့သို့ ထိန်းချုပ်ရမည်ကို နားမလည်ကြသေးပေ။ သို့သော် နှစ်ယောက်စလုံးက လုံလောက်သောအချိန်ဖြင့် နောက်ဆုံးတွင် အဖြေကို ရှာတွေ့မည်ဟု ယုံကြည်နေကြသည်။ ဤသို့ဖြင့် ရက်ပေါင်းများစွာ ကြာသွားသည်။

ရှန်ချင်းဟန်၏လက်များသည် သက်သာသွားကာ ရေများယိုစိမ့်ခြင်းမရှိတော့ပေ။ သို့သော် ဆီးသွား‌သောအခါ ယခင်ကကဲ့သို့ အပြောင်းအလဲမရှိဘဲ ယခင်အတိုင်းပင်ဖြစ်သည်။ သူမသည် ညဘက်တွင် ချည်ထည်များဝတ်ရမည်ဖြစ်၍ မဟုတ်ပါက အိပ်ယာခင်းများစိုစွတ်နေနိုင်သည်။

ရှန်ချင်းဟန်၏လက်များရေယိုစိမ့်နေသည့်အခါ ခံစားရသောထူးခြားမှုနှင့် တစ်ဆက်တည်းတွင် ဆီးသွားချင်စိတ်ဖြစ်သည့်အခါခံစားရသည့်ထူးခြားမှု တူညီမှုရှိမရှိကို လင်းဇီချန်က မေးမြန်းသော်လည်း ရှန်ချင်းဟန်သည် လတ်တလော မပြောနိုင်သေးပေ။

စနေနေ့ မနက်ခင်းတစ်ခု၌ ဧည့်ခန်းထဲတွင်နံနက်စာစားပြီးနောက် လင်းဇီချန်သည် တီဗီမှလာသောနံနက်ခင်းသတင်းကို ကြည့်၍ မိဘများနှင့်အတူ ဆိုဖာပေါ်တွင် အေးအေးလူလူ ထိုင်နေခဲ့သည်။ ထိုအချိန်တွင်၊ ဖန်သားပြင်၌ ဆိုးဝါးသော အသေအပျောက်များစွာကို ဖြစ်စေသည့် ဗီဇပေါင်းစပ်မှုတစ်ခုအကြောင်း သတင်းတစ်ပုဒ်ကို ထုတ်လွှင့်နေသည်။

အချက်အလက်များအရ ဗီဇသုံးမျိုးပေါင်းစပ်ထားသူ တစ်ဦးသည် သူ၏ ထူးခြားဆန်းပြားသော သားရဲဗီဇ ကိုရုတ်တရက်ထိန်းချုပ်နိုင်မှုမရှိတော့ဘဲ လမ်းပေါ်တွင်သူ၏ဗီဇက တိုက်ရိုက် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူသည် လူသားဆန်မှုအားလုံးကို ဆုံးရှုံးကာ တိရစ္ဆာန်ကဲ့သို့ ရူးသွပ်သွား၍ မြင်သမျှ လူတိုင်းကို တိုက်ခိုက်ခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ လူရာကျော် ဖြစ်ပေါ်ခဲ့ရာ တနိုင်ငံလုံးကို တုန်လှုပ် ချောက်ခြားသွားစေခဲ့သည်။

"သားရဲဗီဇကို မထိန်းချုပ်နိုင်တော့ဘဲ လူသားမဟုတ် တစ္ဆေလည်းမဟုတ်တဲ့ မိစ္ဆာတစ်မျိုးအဖြစ် ပြောင်းလဲသွားတာလား"

"ကံကောင်းလို့ ငါ့မှာ 'အသန်မာဆုံး အောင်မြင်မှု' ဆိုတာမျိုး ရှိနေတာကြောင့် ငါကိုယ်တိုင် ထိခိုက်မှုမရှိဘဲ မတူတဲ့ ဗီဇတွေကို တစ်ချိန်တည်းမှာ ထိန်းထားလို့ရနေတာ”

“အသန်မာဆုံး အောင်မြင်မှု'က မျိုးရိုးဗီဇ ပေါင်းစပ်ခြင်းရဲ့ ပြီးပြည့်စုံတဲ့ အဆင့်မြင့် ဗာရှင်းလိုပဲ”

ဤစိတ်ကူးများက လင်းဗီချန်၏ အတွေးထဲ၌ ပေါ်လာသည်။ သတင်း‌ ကြေညာသူသည် ဖြစ်စဥ်ကို တင်ပြပြီးပြီးနောက် သတင်းဌာနက ဗီဒီယိုဖိုင်တစ်ခု ပြသလိုက်သည်။

ဗီဒီယိုထဲတွင် လူအုပ်စုနှစ်စုသည် ခန်းမတစ်ခုအတွင်း ပြင်းပြင်းထန်ထန် အငြင်းပွားနေကြသည်ကို မြင်တွေ့ရ၍ ၎င်းတို့ အချင်းချင်း ငြင်းခုန်နေကြပုံ ပေါ်သည်။ ယင်းမှာ မျိုးရိုးဗီဇပေါင်းစပ်မှုကို ဆန့်ကျင်သည့် ရှေးရိုးစွဲအဖွဲ့နှင့် ၎င်းကို ထောက်ခံသည့် လွတ်လပ်သူအုပ်စုတို့ ဖြစ်သည်။

မျိုးရိုးဗီဇပေါင်းစပ်မှုသည် မဖြစ်သင့်သောအရာတစ်ခုဟု ရိုးရာထိန်းသိမ်းသူများက ထင်ကြကာ မှားယွင်းသောလမ်းစဉ်ဖြစ်ကြောင်း ငြင်းခုံကြသည်။ ရှေးခေတ်အတ္ထုပ္ပတ္တိများနှင့် ခေတ်အဆက်ဆက် ကူးဆက်လာခဲ့သည့် ဒဏ္ဍာရီလာ ပုံပြင်များနှင့် နတ်ဆိုးပုံပြင်များမှ အချက်အလက်များကို ကိုးကားဖော်ပြကြ၍ မွန်းစတားများကသာ လူသားအဖြစ်သို့ ပြောင်းလဲရန် အမြဲဆန္ဒရှိနေကြသည်ကို ညွှန်ပြနေသည်။

၎င်းတို့က လူသားများသည် အလားအလာများစွာရှိ၍ မှန်ကန်သော နည်းလမ်းများကို အသုံးပြုပါက သာမန်ကန့်သတ်ချက်များကို ကျော်လွန်ကာ အဆင့်မြင့် သက်ရှိများအဖြစ်ပြောင်းလဲနိုင်ရန်ပင်ဖြစ်နိုင်လိမ့်မည်ဟု ပြောကြသည်။ ထို့အပြင် ရှေး‌ဟောင်းရုပ်ကြွင်းများ၌ မှတ်တမ်းတင်ထားသော လူသားစွမ်းအားရှင်များအားလုံးသည် ဒဏ္ဍာရီလာပုံပြင်များမှ အင်မော်တယ်နတ်ဘုရားများကဲ့သို့ ဖြစ်ကာ လူသားတစ်ယောက်၏ အလားအလာကို အဆက်မပြတ်မြင့်တင်ရာမှ ဤကဲ့သို့ မြင့်မြတ်လာသည်ဟု ထင်ကြသည်။

မျိုးရိုးဗီဇပေါင်းစပ်ခြင်း သုတေသနအတွက် အသုံးပြုသည့် အရင်းအမြစ်များနှင့် ရန်ပုံငွေများကို လျှော့ချပြီး လူသားစွမ်းအားဖွံ့ဖြိုးမှု ရှာဖွေရေးဆိုင်ရာ လေ့လာမှုများအတွက် ပြန်လည်သုံးစွဲသင့်ကြောင်း အကြံပြုထားသည်။

ဆန့်ကျင်ဘက်အားဖြင့် လွတ်လပ်သူများအဖွဲ့က ပြင်းပြင်းထန်ထန် ပြန်လည်ရှုတ်ချခဲ့သည်။

ရှေးဟောင်း အမွေအနှစ်များ အတွင်းရှိ ကျောက်ပြားများပေါ်တွင် မှတ်တမ်းတင်ထားသော လူ့စွမ်းအားရှင်များ၏ အစွမ်းသတ္တိများနှင့် ဒဏ္ဍာရီလာပုံပြင်များတွင် ဖော်ပြထားသည့် အင်မော်တယ်နတ်ဘုရားများကို ယနေ့တိုင် အတည်မပြုနိုင်သေးသောကြောင့် အားလုံးကိုထိုအရာထဲ၌ မှီခိုအားထားရန် မဖြစ်သင့်ဟု ငြင်းခုံကြသည်။

ဒဏ္ဍာရီလာ အင်မော်တယ် နတ်ဘုရားများ အမှန်တကယ်ရှိလျှင်ပင် ထူးဆန် ကြီးကျယ်ခမ်းနားသော ပုံစံများဖြင့် ပုံဖော်ထားသည်။ အချို့မှာ မြွေခန္ဓာကိုယ်နှင့် လူသားဦးခေါင်း၊ အချို့က ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်သို့မဟုတ် မျက်နှာများလေးခုငေါထွက်နေသည့် အရာများဖြစ်ရာ ဤသည်က မျိုးရိုးရိုးဗီဇပေါင်းစပ်မှုလမ်းကြောင်း၏ မှန်ကန်မှုကို မီးမောင်းထိုးပြထားသည်ဟု အကြောင်းပြချက်ပေးခဲ့ကြသည်။

မျိုးရိုးဗီဇပေါင်းစည်းခြင်းမရှိလျှင် ထူးခြားဆန်းပြားသော သားရဲ များနှင့် ရင်ဆိုင်ရန် ကျည်ပင်မတားနိုင်သည့် သာမန်သိုင်းပညာရှင်များကို မျှော်လင့်ထားသလားဟု ရှေးရိုးစွဲဝါဒီများကို စိန်ခေါ်ခဲ့သည် ။

စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုများတွင်ထူးခြားဆန်းပြားသောသားရဲ အစိတ်အပိုင်းများမှ ပြုလုပ်ထားသောကြောင့် မျိုးရိုးဗီဇပေါင်းစပ်မှုနှင့် ဆက်စပ်နေကြောင်း၊ ယင်းတို့မရှိလျှင် လူသားများက ဟိုးရှေးကကဲ့သို့ ပျက်သုဥ်းသွားလိမ့်မည်ဟု ထပ်မံဖော်ပြခဲ့ကြသည်။

ဗီဒီယိုထဲတွင် နှစ်ဖက်စလုံးက ၎င်းတို့၏ ကိုယ်ပိုင်အမြင်များနှင့်ပတ်သက်၍ကျယ်လောင်စွာ ငြင်းခုံနေကြသည်။ ရုပ်မြင်သံကြား ဖန်သားပြင်မှပင် ဆူညံသံများက နားထဲတွင် ကျယ်လောင်လွန်းလှသည်။

"ဒီရိုးရာသိုင်းသမားတွေကို ငါငြီးငွေ့နေပြီ၊ သူတို့က နိုင်ငံကို သားရဲတွေဆီက သူတို့ဘာသာတောင် မကာကွယ်ပေးနိုင်တာကို ဘာလို့ မျိုးရိုးဗီဇ‌ပေါင်းစပ်မှုကို လက်မခံကြတာလဲ။ သူတို့ဘာတွေတွေးနေတာလဲ"

တီဗီတွင်ပြသနေသော ရုပ်သံကိုကြည့်၍ လင်းယန်ရှန်က ရိုးရာသိုင်းပညာရှင်များကို အထင်သေးလျက်ရှိသည်။

“မျိုးရိုးဗီဇပေါင်းစည်းမှု ထွန်းကားလာတာကြောင့် သူတို့ရဲ့ လူမှုအဆင့်အတန်းကို ကျဆင်းစေတယ်၊ အဲတာကြောင့်လည်း သူတို့ မကျေမနပ်ဖြစ်နေကြတာ ဖြစ်နိုင်တယ်"ကျန်းဝမ်ရှင်း က ပြော၏။

"အဲ့လိုပဲဖြစ်ရမယ်။"

လင်းယန်ရှန်က သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။

"ဒါပေမယ့် တရားမျှတဖို့ဆိုရင် မျိုးရိုးဗီဇပေါင်းစည်းမှုမှာ အားနည်းချက်တွေ ရှိတယ်။ အတွင်းထဲက သားရဲမျိုးရိုးဗီဇတွေကို ကောင်းကောင်း မကိုင်တွယ်နိုင်လို့ ဗီဇပြောင်းလဲမှုတွေ ဖြစ်လာရင် မရေမတွက်နိုင်အောင် အသေအပျောက် ကြီးမားတဲ့ ကပ်ဆိုးကြီးတစ်ခုဆီကို ဦးတည်သွားနိုင်တယ်။"

“ရှင် အရမ်းစိုးရိမ်နေတာပဲ မျိုးရိုးဗီဇပေါင်းစပ်မှုကို တရားဝင်လမ်းကြောင်းတွေနဲ့ စနစ်တကျထိန်းသိမ်းထားသရွေ့တော့ ဗီဇပြောင်းလဲတာမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ နောက်ဆုံးတော့ အစိုးရကလည်း သီးသန့်ထိန်းချုပ်တာတွေလုပ်ပေးထားတယ်လေ။"

“ဗီဇပြောင်းတာကို စိတ်ပူနေမယ့်အစား မျိုးဆက်အမွေဆက်ခံမှုကို ပိုစိုးရိမ်သင့်တယ်။ မျိုးရိုးဗီဇပေါင်းစပ်သူအများစုဟာ မျိုးပွားနိုင်စွမ်း ဆုံးရှုံးသွားပြီး မပေါင်းစပ်ခင်တုန်းက သိမ်းထားတဲ့ဟာတွေသာ ပျက်သွားရင် တစ်မျိုးဆက်လုံး မျိုးပြုတ်သွားနိုင်တယ်”

"ဒါအမှန်ပဲ၊ မျိုးရိုးဗီဇပေါင်းစပ်မှုမလုပ်ခင်မှာ သေချာပေါက် စုဆောင်းထားဖို့လိုတယ်၊ ဒါမှမဟုတ်လည်း မျိုးရိုးဗီဇမပေါင်းခင် လက်တွဲဖော်ရှာပြီး ကလေးမွေးဖို့ လိုအပ်တယ်"

"ဟေး ကျွန်မတို့သား ဒီကိုရောက်နေပြီ၊ ဒီအကြောင်းတွေ မပြောနဲ့တော့"

လင်းဇီချန်သည် အနီးအနားတွင် ထိုင်နေသည်ကို နောက်ကျမှသိလိုက်သဖြင့် ကျန်းဝမ်ရှင်းက လင်းရန်ချန်းကို ညင်သာစွာ တိုးတိုးပြောလိုက်သည်။ ကျန်းဝမ်ရှင်းစကားကိုကြားသောအခါ လင်းဇီချန်သည် လိမ္မာပါးနပ်စွာထကာ သူ့မိဘများအရှက်မရစေရန်အတွက် အပေါ်ထပ်သို့တက်ရန် ဆိုဖာပေါ်မှ ထလာခဲ့သည်။

မျိုးရိုးဗီဇ ပေါင်းစည်းခြင်းဆိုင်ရာကိစ္စအကြောင်း သူ့မိဘများ ဆွေးနွေးနေသည့် ကိစ္စနှင့် ပတ်သက်၍ သူ ငယ်စဉ်က ဖတ်ဖူးခဲ့သည်။ မျိုးရိုးဗီဇ ရောနှောမှုကြောင့် မျိုးရိုးဗီဇပေါင်းစည်းသူ ကိုးဆယ်ရာခိုင်နှုန်းသည် မျိုးပွားနိုင်စွမ်း ဆုံးရှုံးသွားကြသည်။ မျိုးပွားနိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်သည့် ကျန်ဆယ်ရာခိုင်နှုန်းတွင် မကြာခဏ ပြဿနာမျိုးစုံရှိသော ကလေးများ ရှိတတ်သည်။ ၎င်းတို့သည် အားနည်း၍ ဖျားနာကာ ငယ်ရွယ်စဉ် သေဆုံးသွားသည် သို့မဟုတ် ၎င်းတို့သည် ပုံမှန်မဟုတ်သည့်ပုံပေါက်နေသဖြင့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

သို့သော်လည်း မျိုးရိုးဗီဇ၏ ကျပန်းအားဖြင့် သီအိုရီအရ၊ မျိုးရိုးဗီဇပေါင်းစပ်သူ နှစ်ဦးသည် မိဘနှစ်ပါးလုံးထံမှ ခိုင်မာသော စရိုက်လက္ခဏာများကိုသာ အမွေဆက်ခံသော ကလေးတစ်ဦးကို မွေးဖွားရန် ဖြစ်နိုင်ချေရှိသည်။

သို့သော် ၎င်းသည် သီအိုရီသာဖြစ်သည်။ တကယ်တမ်းတွင် လင်းဇီချန်က ဤသို့ဥပမာမျိုးမတွေ့ခဲ့ဖူးသေးပေ။

နောက်တစ်နေ့ တနင်္ဂနွေနေ့တွင် လင်းဇီချန်သည် တနင်္ဂနွေနံနက်၌ သူ့အခန်းထဲတွင် အားကစားပြင်းပြင်းထန်ထန်လုပ်ပြီးသွားသည်နှင့် စားပွဲခုံပေါ်ရှိ သူ့ဖုန်းက တုန်ခါသံထွက်‌ပေါ်လာသည်။

သူ့ဖုန်းကို ကောက်ကိုင်လိုက်သည်နှင့် အွန်လိုင်းတွင်တင်ထားသောသူ့ဝတ္ထု၏ ဒုတိယလအတွက် စုစုပေါင်း ရငွေ ၁၂၀,၀၀၀ ကျော် ရှိသည်ကို တွေ့ရသောအခါ အံ့အားသင့်သွားသည်။ ပထမလမှ လစာကို ထည့်ပေါင်းလိုက်လျှင် နှစ်လအတွက် စုစုပေါင်းဝင်ငွေမှာ ၂၁၀,၀၀၀ နီးပါးဖြစ်သည်။ ဤငွေပမာဏသည် ကောင်းမွန်လှသော လင်းယုန်အသားကို ပေါင်၁၀၀ကို ၀ယ်ယူစားသုံးနိုင်ရန်လုံလောက်သည်။ ဤအသားကို စားသုံးပြီးနောက် အားကောင်းလှသော လင်းယုန်ဓာတ်ပုံစွမ်းအားကိုဖွင့်ရန်လိုအပ်သော စွမ်းရည်များရရှိနိုင်သည်။

မကြာခင်၌ပင် လင်းဇီချန်က သူ၏ ဘဏ်ကဒ်ကို ထုတ်ယူ၍ ကြမ်းတမ်းသော လင်းယုန်အသားများကို ဝယ်ယူရန် စျေးထဲသို့ ထွက်လာခဲ့သည်။ ဈေးသို့ရောက်သောအခါ သူသည် သူ့အိမ်မှ အိုးများပုံးများအားလုံးကို အိမ်ရှင်ကို ပေးခဲ့ကာ အိမ်ရှင်သည်လည်း လင်းဇီချန်၏ဘဏ်ကတ်ကိုအသုံးပြု၍ လင်းယုန်အသားပေါင် ၁၀၀ကို အမြန်ဝယ်ယူလာခဲ့သည်။ လင်းဇီချန်သည် ပိုင်ရှင်ထံမှ ဘဏ်ကဒ်ကို ပြန်လည်ယူကာ ပေါင်ချိန်တစ်ရာအလေးချိန်ရှိသော ‘လင်းယုန်အသားကို ယူ၍ တိတ်ဆိတ်သောနေရာတစ်ခုသို့ သွားစားသုံးရန် စီစဉ်လိုက်သည်။

[သင်သည် "ကြီးမြတ်သော လင်းယုန်ကြီး"၏ အသက်စွမ်းအားအနုမြူများကို အများအပြား စားသုံးလိုက်ပါပြီ]

[ကြီးမြတ်သော လင်းယုန် မှတ်တမ်း: ၁၀၀%]

ထိုသို့ အကြောင်းအရာများ ပေါ်လာသည်နှင့်တပြိုင်နက် လေထဲတွင် ကြံ့ခိုင်သန်စွမ်းသော ငှက်တစ်ကောင် ပေါ်ထွန်းလာသည်။ ၎င်းသည် ပင်လယ်မျက်နှာပြင်အပေါ်မှ လွတ်လပ်သောနေရာထဲတွင်ပျံသန်းသွားလာနေသည်။

ရုတ်တရက် ၎င်းသည် သားငါးတစ်ကောင်ကို တွေ့မြင်လိုက်သည်နှင့် ချက်ချင်း လေကောင်းကင်မှ တစ်စက္ကန့်အတွင်း ပင်လယ်သို့ လျင်မြန်စွာ ခုန်ဆင်းသွားသည်။ ၎င်း ပြန်လည်တက်လာသောအခါ၌ ၎င်း၏ ခြေကျင်းများတွင် နက်ပြာရောင် ငါးမှော်ကြီးတစ်ကောင်ကို ဆုပ်ကိုင်ထားသည်။ ထိုအချိန်တွင် အလားတူသော စာကြောင်း နှစ်ကြောင်း အသစ် ထပ်မံပေါ်ထွန်းလာသည်။

(သင်သည် ကြီးမြတ်သော လင်းယုန်စွမ်းအားကို အောင်မြင်စွာဖွင့်နိုင်ခဲ့ပြီဖြစ်၍ ကောင်းကင်မျက်လုံးစွမ်းရည်ကို ရရှိပါပြီ။)

(ကောင်းကင်မျက်လုံး ။ ။ သင့်အမြင်အာရုံနယ်ပယ်နှင့် အမြင်အာရုံမှတ်နိုင်စွမ်းအား အလွန်‌ ကောင်းမွန်လာမည်။)

All Chapters