← Chapters

အပိုင်း ၈၂-၈၄

Vol. 6 Ch. 82-84

အပိုင်း ၈၂-၈၄

Vol. 6 Ch. 82-84

အခန်း (82) တက္ကသိုလ်အတွင်း ထိပ်တန်းအဆိုတော်ဆယ်ယောက်ပြိုင်ပွဲ

အမည်- လင်းဇီချန်

အသက်- ၁၆

သွေးမျိုးဆက် - သာမန် (အဆင့်ငါး)

စွမ်းရည်များ - Use-it-or-lose-it၊ သင်ယူမှုစွမ်းရည် ၊ အသန်မာဆုံး အောင်မြင်မှု၊ ရေဓာတ် အောင်နိုင်မှု၊ သဘာဝတရားစွမ်းရည် ၊ ကောင်းကင်သိမ်းငှက်မျက်လုံး

‘ဘာလိုလိုနဲ့ ငါ့မှာ စွမ်းရည်ခြောက်ခုရှိနေပြီပဲ။ ငါ့ အဆင့်က ကို တိုးတက်ပြောင်းလဲလာပြီပဲ။ နောက်ပြီး ငါက ၁၆နှစ်ပဲရှိသေးတယ်’

သူ၏ရှေ့တွင်ရှိသော ကိုယ်ပိုင်စွမ်းရည် အချက်အလက်များကို ကြည့်၍ လင်းဇီချန်သည် ရည်မှန်းထားသောအနာဂတ်အတွက် အလွန်စိတ်လှုပ်ရှားနေမိသည်။ ထိုကဲ့သို့ အမြန်တိုးတက်မှုနှုန်းဖြင့် သူသည် သန့်ရှင်းသော ကိုယ်ခန္ဓာနှင့် အစွမ်းထက်သော စွမ်းရည်များရှိသည့် ခြောက်ပြစ်ကင်းသဲလဲစင် လူသားတစ်ယောက်ဖြစ်လာမည်မှာ သေချာသည်။

ထိုအချိန်ရောက်လျှင် မြို့တော်မှ ပါရမီရှင်ကလေးဖြစ်စေ စက်ပိုင်းဆိုင်ရာပြုပြင်ထားသော ပါရမီရှင် မိန်းကလေးဖြစ်နေစေကာမူ ၎င်းတို့သည် သူ့ကဲ့သို့ လူတစ်ယောက်နှင့် ယှဉ်ရင် မှိန်ဖျော့သွားပေလိမ့်မည်ဖြစ်သည်။

လင်းဇီချန်က ဤအကြောင်းများကို ခဏတာ တွေး၍ ငြိမ်နေလိုက်သည်။ မကြာခင်၌ပင် လင်းဇီချန်သည် အတွေးများကို စုစည်း၍ သိန်းငှက်မျက်လုံး စွမ်းရည်ကိုအသုံးပြုနိုင်ရန် ကုန်တိုက်တည်ရှိရာ အဆောက်အဦး၏ ခေါင်မိုးပေါ်သို့ တက်သွားလိုက်သည်။

ခဏအကြာတွင် သူသည် ခေါင်မိုးပေါ်ရောက်ကာ အမြင့်ဆုံးနေရာသို့ ငေးကြည့်လိုက်သည်။ သူ့အကြည့်က နေရာတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။မီ တာပေါင်းများစွာ အကွာ အဝေးရှိ လေထဲ၌ ပျံနေသော ခြင်တစ်ကောင်ကိုပင် သူမြင်နေရသည်။ အောက်လမ်းတွင် လမ်းလျှောက်နေသူတိုင်းကို သူမြင်နေရသည်။

မီတာရာနှင့်ချီဝေးသော ပြတင်းပေါက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရန်ဖြစ်နေသည်ကို သူမြင်နေရသည်။

ရန်ဖြစ်နေကြသော ယောက်ျားနှင့်မိန်းမသည် သတ်ဖြတ်ရန် အသင့်ဖြစ်နေသော ကြောက်မက်ဖွယ် ဖြစ်တည်မှုတစ်ခုက ၎င်းတို့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်မိရကာ ကျောရိုးတစ်လျှောက် အေးစက်သွားကဲ့သို့ ခံစားလိုက်ရသည်။

အမျိုးသားက တယ်လီစကုပ်ဖြင့် ချောင်းကြည့်ခံနေရပြီဟုတွေး၍ အိပ်ရာမှထကာ ပြတင်းပေါက်အနားသွား၍ လိုက်ကာကိုအလျင်အမြန် ဆွဲပိတ်လိုက်သည်။

"အမြင်အာရုံ အကွာအဝေးဖြစ်ဖြစ်၊ လှုပ်ရှားမှုကို မြင်နိုင်တာပဲဖြစ်ဖြစ် နှစ်မျိုးလုံးက လူတွေရဲ့ ကန့်သတ်ချက်ကို ကျော်နေပြီ။ အမဲလိုက်ငှက်တွေရဲ့ မျက်လုံးတွေက တကယ်ကို အစွမ်းထက်တယ်"

လင်းဇီချန်သည် ဤသို့ပြော၍ ခေါင်မိုးပေါ်မှ ထွက်သွားခဲ့သည်။

ဆန်းပြားသော သားရဲအသားရောင်း‌သည့် အောက်ထပ်သို့ ပြန်ဆင်းလာကာ ရှောင်ချန်သည် လှည့်ပတ်ကြည့်ပြီးနောက်ဆုံး၌ “ကိုယ်ပျောက်နဂါး” တံဆိပ်ပါသော ရေခဲသေတ္တာရှေ့တွင် ရပ်လိုက်သည်။

ကြီးမြတ်သော လင်းယုန် စွမ်းအားကို ဖွင့်ပြီးပြီဖြစ်၍ ယခုအခါတွင် နောက်ထပ် ထူးခြားဆန်းပြားသော စွမ်းအားကို ဖွင့်ရန် အချိန်ကျရောက်ပြီဖြစ်သည်။ ကိုယ်ပျောက်နဂါး၏ စွမ်းရည်များသည် သူ၏ စိတ်ဝင်စားမှုကို မြင့်တက်စေသည်။ ကိုယ်ပျောက်နဂါး နှင့်ပတ်သက်၍ ၎င်း၏အမည်တွင် "နဂါး" ဟူသော စကားလုံးရှိသော်လည်း၊ ၎င်းသည် လူတိုင်းသိသော နဂါးမဟုတ် ၎င်း၏ဖုံးကွယ်နိုင်စွမ်းအတွက် လူသိများသော အိမ်မြောင်တစ်ကောင်သာဖြစ်သည်။

၎င်းသည် သားရဲကောင်များကို အမဲလိုက်ရန် သို့မဟုတ် သတ်ဖြတ်သူများရန်မှရှောင်လွှဲရန် ပိုမိုလွယ်ကူစေရန်အတွက် ခန္ဓာကိုယ်အတွင်း၌ တက်ကြွမှုနှင့် အသက်ရှူမှုကို လျှော့ချပေးကာ သူ၏တည်ရှိမှုကို ဖုံးကွယ်ထားရန်အသုံးဝင်သည်။

ကောင်းမွန်စွာ ပုန်းအောင်းတတ်ခြင်းသည် ဖမ်းရန်ခက်ခဲခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ်ပျောက်နဂါး အသားသည် အလွန်စျေးကြီး၍ ၅၀၀ ဂရမ်လျှင် ၈၈၈၈ ယွမ်ဖြစ်သည်။ ၈၈၈၈ယွမ်ကို ၁၀၀နှင့်မြှောက်လျှင် ယွမ် ၉၀၀,၀၀၀ နီးပါးခန့်ရှိသည်။ စာမူခကို တစ်လလျှင် ယွမ် ၁၀၀,၀၀၀ဖြင့် တွက်ချက်ပါက ကိုယ်ပျောက်နဂါး စွမ်းအားကို ဖွင့်ရန် တစ်နှစ်နီးပါး အချိန်ယူရမည်ဖြစ်သည်။

စျေးကြီးသော်လည်း ဈေးကြီးခြင်းအတွက်အကြောင်းပြချက်ရှိသည်။

လင်းဇီချန်သည် ပုန်းအောင်းတတ်ခြင်းဟူသော စွမ်းရည်ကြောင့် အံ့အားသင့်သွားပြီးနောက် နောက်ထပ် ထပ်မံဖွင့်ရမည့် သားရဲစွမ်းအားသည် ကိုယ်ပျောက်နဂါးဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ လုံလောက်စွာ စုဆောင်းပြီးသည်နှင့် သူ့၀တ္ထု၏စာမူခနှင့်ယွမ် 900,000 နှင့်အတူ၎င်းကိုဝယ်၍ စားသုံးရန် ပြန်လာမည်ဖြစ်သည်။

အချိန်များမြန်ဆန်စွာကုန်ဆုံးသွားပြီး‌နောက်၊ သူ မသိလိုက်ခင်၌ပင် ဒီဇင်ဘာလသည် ကုန်ဆုံးတော့မည်ဖြစ်သည်။ ယနေ့သည် သောကြာနေ့ဖြစ်၍ ယနေ့ည‌နေ၌ ရှန်ဟိုင်း အထက်တန်းကျောင်းက နှစ်စဉ်ကျင်းပမြဲဖြစ်သော ထိပ်တန်းအဆိုတော်ဆယ်ယောက် ကျောင်းတွင်း ပြိုင်ပွဲကို လက်ခံကျင်းပလျက်ရှိသည်။

တစ်နေကုန်ငြီး‌ငွေ့ ဖွယ်ကောင်းသော အထက်တန်းကျောင်းသားဘဝတွင်၊ အပန်းဖြေဖွယ် ဖျော်ဖြေရေးဂီတပြိုင်ပွဲတစ်ခုရောက်လာသည့်အခါ ကျောင်းသားများစွာက အထူးစိတ်၀င်စားကြသည်။ ကျောင်းသားအများစုသည် ကျောင်းဆင်းချိန်၌ အိမ်မပြန်ကြဘဲ ကော်ဖီဆိုင် သို့မဟုတ် ကျောင်းအပြင်ဘက်၌ ညစာစား၍ သီချင်းဆိုပြိုင်ပွဲအတွက် ကစားကွင်းသို့ လာရောက်ကြ၏။ ကျောင်းသားများနှင့် ဆရာများအပြင် မိဘများပါ တက်ရောက်ခဲ့ကြပါသည်။

အများစုသည် ကျောင်းအနီးနား၌ နေထိုင်သူများဖြစ်ကြ၍ ညစာစားပြီးနောက် ဖျော်ဖြေရေးတွင် ပါဝင်ရန် အပျင်းပြေလာရောက်ကြည့်ရှုလာကြသူများပင်ဖြစ်သည်။ ၎င်းတို့ထဲမှ အချို့သည် ၎င်းတို့၏ သားသမီးများကို အထူးလာရောက်အားပေးကြသော ပြိုင်ပွဲဝင်များ၏ မိဘများပင်ဖြစ်သည်။ ပြိုင်ပွဲဝင်တစ်ဦးအနေဖြင့် ရှန်ချင်းဟန်၏မိဘများဖြစ်သော ရှန်ကျန်းယဲ့နှင့် ရွှီမင်တို့လည်း စင်မြင့်ပေါ်တွင်ထိုင်‌နေကြကာ သူမကို အားပေးရန် စောင့်ဆိုင်းနေကြပြီဖြစ်သည်။

လင်းဇီချန်၏ မိဘများဖြစ်သော လင်းယန်ရှန်နှင့် ကျန်းဝမ်ရှင်းတို့လည်း ရှိနေကြကာ ရှန်ချင်းဟန်ကို ၎င်းတို့၏ သမီးအရင်းကဲ့သို့ နှစ်ရှည်လများစောင့်ရှောက်ခဲ့၍ ယခုအခါ သူမကို အားပေးရန် ရောက်လာခဲ့ကြသည်။

ရှန်ချင်းဟန် နှင့် လင်းဇီချန်တို့သည် စင်မြင့်‌နောက်ကွယ်တွင် ပြင်ဆင်နေကြသည် ။

ပြိုင်ပွဲဝင်တစ်ဦးအနေဖြင့် ရှန်ချင်းဟန်သည် မှန်ရှေ့ထိုင်ကာ မိတ်ကပ်လိမ်းခံလျက်ရှိသည်။

သူမကို မိတ်ကပ်လိမ်းပေးနေသောလူသည် တခြားသူမဟုတ် လင်းဇီချန်ပင်ဖြစ်သည်။ သူမရှေ့က မြင်ကွင်းကိုကြည့်၍ လင်းဇီချန်က မယုံနိုင်စွာဖြင့် ပြောလိုက်သည်။

"ရှောင်ချန်၊ နင်က ယောက်ျားလေးဟာကို ဒီလို မိတ်ကပ်လိမ်းတတ်တာ ကောင်းလိုက်တာ”

"ငါ ငယ်ငယ်တုန်းက ဆိုးတော့ အမေ့အလှပြင်ပစ္စည်းတွေ ခိုးခိုးပြီး ဟန်ဟန့်မျက်နှာတစ်ခုလုံးကို ရှုပ်ယှက်ခတ်‌အောင် ပြင်ပေးခဲ့ဖူးတယ်။ ဒါပေမယ့် တဖြည်းဖြည်းတိုးတက်လာခဲ့တာ” သူက ရှင်းပြလိုက်သည်။

သူ့ရှေ့၌ မိတ်ကပ်လိမ်းခံနေသော ရှန်ချင်းဟန်က စကားပြန်မပြောဘဲ “လူလိမ်”ဟု ရေရွတ်လိုက်သည်။

‘ရှောင်ချန် တကယ်တော့ နင် မနှစ်ကတည်းက အလှပြင်တတ်တာလေ ပထမဆုံးမိတ်ကပ်ပြင်တဲ့နေ့မှာတည်းက အရမ်းလှနေလို့ အန်တီရှင်းနဲ့ အမေတောင် နင့်ကို ပါရမီရှင်ဆိုပြီး ပြောနေကြတာလေ’

"ပါရမီရှင်တွေက တကယ်ကို မတူဘူးပဲ။ ငယ်ငယ်တုန်းက စမ်းကစားတာနဲ့တင် တိုးတက်လာတယ်ပေါ့။ ငါ့လို လူကတော့ ငါ့အမေနဲ့ ခြောက်တန်းကတည်းက အလှပြင်နည်း လေ့လာခဲ့ပေမယ့် ငါ နင့်ဆယ်ပုံတစ်ပုံတောင် မပြင်တတ်ဘူး"

လီချူရှင်း က အနည်းငယ် ရှုံးနိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လင်းဇီချန်သည် ပါရမီရှင် တစ်ဦးပင်ဖြစ်သည်။

အထက်တန်းကျောင်းတွင်း ဤစာသင်ကာလအချိန်တိုအတွင်း၌ပင် ယောက်ျားလေးများ တတ်မြောက်ထားသော နယ်ပယ်ဖြစ်စေ၊ မိန်းကလေးများ စိတ်၀င်စားသော နယ်ပယ်ဖြစ်စေ သူ၏ ပါရမီသည် အံ့ဩဖွယ် ကောင်းလောက်သည်အထိ အလွန်ထူးခြားနေ၏။

“ရှောင်ချန်၊ ဟန်ဟန်အတွက် မိတ်ကပ်လိမ်းပြီးရင် ငါ့ကိုလည်း လိမ်းပေးလို့ရလား။ နင် ဟန်ဟန်ကို လိမ်းပေး‌နေတာ တကယ်လှလွန်းလို့ ငါလည်း အဲဒီလိုပဲ အရမ်းလှတဲ့ မိတ်ကပ်လိမ်းချင်တယ် “လီချူရှင်းက မျက်လုံးပြူးကာ တောင်းဆိုလိုက်သည်။

လင်းဇီချန်က ငြင်းချင်‌ သော်လည်း၊ သူ့ရှေ့၌ ထိုင်နေသော ရှန်ချင်းဟန်က ပြောလိုက်သည်။

"ဟုတ်တယ် သူလုပ်ပေးနိုင်တယ်၊ငါတို့က အတန်းထဲမှာ အရမ်းရင်းနှီးတဲ့အဖွဲ့ပဲမလား"

ထိုသို့ ပြောလိုက်သည့်အခါ၊ လင်းဇီချန်က မငြင်းပယ်နိုင်တော့ပေ။

“ ကောင်းပြီ နောက်မှ နင့်ကိုလည်း ငါပြင်ပေးမယ်”

"ကျေးဇူးပါ ဇီချန်၊ ကျေးဇူးပါပဲ ချင်းဟန်”

ရှန်ချင်းဟန်ပြောလိုက်သည့် စကားလုံးများက တကယ်ပင် သက်ရောက်မှုရှိမရှိကို လီချူရှင်း မသိနိုင်ခဲ့သော်လည်း ၎င်းတို့ နှစ်ဦးလုံးကို ကျေးဇူးတင်လိုက်သည်။

အကြောင်းမှာ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ကျောင်းတွင် အတူတွဲကာ လူသိများသော စုံတွဲဖြစ်သောကြောင့်ဖြစ်၏။ ဆယ်မိနစ်ခန့်ကြာပြီးနောက် လင်းဇီချန်က ရှန်ချင်းဟန်ကို မိတ်ကပ်လိမ်းပြီးသွားခဲ့ပြီဖြစ်သည်။ ရှန်ချင်းဟန်သည် ယခုအခါတွင် ကောင်းမွန်သော မျက်ခုံးမွှေးများနှင့် တောက်ပသော မျက်၀န်းများအပြင် သေးငယ်နူးညံ့သော နှုတ်ခမ်းများနှင့် မက်မွန်ရောင်ဖျော့ဖျော့ ပါးပြင်နှစ်ဖက်ကြောင့် အလွန်ချစ်စရာကောင်းနေသည်။

ဤလှပသောမိတ်ကပ်ကို ကိုယ်တိုင်ကိုယ်ကျလိမ်း‌ပေးခဲ့သည့် လင်းဇီချန်ပင်လျှင် သူမကို မကြာခဏ ငေးကြည့်နေမိသည်။

"ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ..."

လင်းဇီချန်စိုက်ကြည့်နေသည်ကို စိတ်မသက်မသာ ခံစားလိုက်ရသဖြင့် ရှန်ချင်းဟန်၏ လှပသော မျက်နှာက အပူလောင်သကဲ့သို့ နီရဲလာသည်။ သူမသည် ခေါင်းကို တစ်ဖက်လှည့်ကာ အဝေးသို့ လှမ်းကြည့်၍ လက်သွယ်သွယ်လေးများဖြင့် ဆံပင်များကို ထိကိုင်နေလိုက်သည်။

လင်းဇီချန်က အားပါတရရယ်၍ စိတ်အားထက်သန်စွာပြောလိုက်သည်။

"မင်းက အရမ်းလှလို့ပဲ"

ဤစကားများသည် ရှန်ချင်းဟန်၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်လာသဖြင့် သူမကို စိတ်လှုပ်ရှားကာ ပျော်ရွှင်သွားစေ၏။

အခန်း (83) အောင်မြင်မှုမတိုင်မှီ အလှည့်အပြောင်းများ

"ဇီချန် ဇီချန်၊ ငါ့အလှည့်ရောက်ပြီ၊ ငါ့ မိတ်ကပ်လိမ်းပေးပါဦး"

လင်းဇီချန်သည် ရှန်ချင်းဟန်၏မိတ်ကပ်ပြင်ဆင်မှု ပြီးသွားသည်ကိုမြင်လိုက်ရသောအခါ အခြားသော ပြိုင်ပွဲဝင်များ၏ သီဆိုမှုကို ကြည့်ရှုနေသော လီချူရှင်းသည် ချက်ချင်းလှည့်ကြည့်၍ ပြံးလျက် ပြေးသွားခဲ့သည်။

"လာ၊ ထိုင်"

"ကောင်းပြီ"

လီချူရှင်းသည် တခစ်ခစ်ရယ်၍ မှန်နားသို့ လျှောက်သွားကာ ထိုင်လိုက်သည်။

သူမထိုင်ပြီးသည်နှင့် လင်းဇီချန်သည် ကျွမ်းကျင်သော လှုပ်ရှားမှုများဖြင့် လျင်မြန်စွာ စတင်လိမ်းပေးခဲ့ကာ ရှန်ချင်းဟန်က ကူညီပေးရန် အသင့်စောင့်နေခဲ့သည်။ ဆယ်မိနစ်မကြာခင်၌ပင် မိတ်ကပ်လိမ်းပြီးသွားသည်။

သူသည် ရှန်ချင်းဟန်ကို မိတ်ကပ်လိမ်းသည့်အချိန်ကဲ့သို့ စိတ်နှလုံးသွင်း၍ လိမ်းပေးခဲ့ခြင်းမဟုတ်၊ ကြိုးစား အားထုတ်မှု၏ ငါးဆယ်ရာခိုင်နှုန်းအောက်သာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ လင်းဇီချန်သည် သူ၏ သူ့မိဘများနှင့် ရှန်ချင်းဟန်အတွက် အကောင်းဆုံးသောအရာအားလုံးကို ပေးနိုင်ရန် တခြားသူများအတွက် သူ၏ အရည်အသွေးကို လျှော့ချရမည်ဟု ယုံကြည်ထားသည်။

သို့သော် လီချူရှင်း အတွက် လိမ်းပေးခဲ့သော မိတ်ကပ်လိမ်းခြယ်မှုသည် သူမမျက်နှာ၌ အပြုံးများ ပြည့်နှက်နေ‌စေသည်အထိ သူမကို ပျော်ရွှင်စေခဲ့သည်။

"အရမ်းလှတယ်၊ အရမ်းလှတယ်"

"ဇီချန်ရဲ့ မိတ်ကပ်စွမ်းရည်က အံ့သြစရာကောင်းတယ်၊ ငါ့အမေထက်တောင် ပိုကောင်းတယ်”

"မဟုတ်ဘူး၊ နင်က ပရော်ဖက်ရှင်နယ် မိတ်ကပ်ပညာရှင် တော်တော်များများထက်တောင် ပိုတော်တယ်လို့ ခံစားရတယ်"

လီချူရှင်းသည် သူမကို မိတ်ကပ်လိမ်းခြယ်‌ပေးသော လင်းဇီချန်အား ချီးကျူးစကားများအပြည့်ပြောလျက် မှန်ရှေ့တွင်ရပ်ကာ မယုံနိုင်လောက်အောင် လှပသည်ဟု ခံစားရလျက်ရှိသည်။

"အဓိကကတော့ နင်က သဘာဝအတိုင်း လှနေတာကြောင့်ပဲလေ"

ဤသည်ကို ကြားသော လီချူရှင်း က အလွန်ဝမ်းသာသွားသကဲ့သို့ ရယ်မောကာ ပြန်ပြောလိုက်သည်။

"ဟုတ်တယ်၊ ငါ ငယ်ငယ်ကတည်းက အတန်းထဲမှာ လူကြိုက်များတဲ့ မိန်းကလေးဖြစ်ခဲ့ပေမယ့် နင့်ရဲ့ချင်းဟန်နဲ့ယှဉ်ရင်တော့ နည်းနည်းမှေးမှိန်သွားတယ်"

ထိုသို့ပြောပြီးနောက် သူမသည် ရှန်ချင်းဟန်ကို လှည့်ကြည့်ကာ သူမ၏ နူးညံ့သိမ်မွေ့ လှပသော မျက်နှာကို စိုက်ကြည့်၍ မချီးမွမ်းဘဲ မနေနိုင်တော့ပေ။

“ဒီကမ္ဘာမှာ ဒီလောက်လှတဲ့ နတ်သမီးလေး ရှိနေနိုင်တာ ငါနားမလည်နိုင်ဘူး” “ပြီးတော့ သူ့ရဲ့ငယ်ရည်းစားကလည်း အရမ်းချောတယ်‌လေ”

"နင်တို့နှစ်ယောက်က တော်တော်ပြည့်စုံတဲ့စုံတွဲပဲ၊ ငါ လီချူရှင်း အနေနဲ့ နင်တို့ကိုလုံး၀သဘောတူတယ်"

လီချူရှင်း ၏ စိတ်သည် ပြောင်းလဲသွားခဲ့၏။ သူမသည် မူလက လင်းဇီချန်ကို ရူးသွပ်ခဲ့ဖူးသော်လည်း ယခု ရှန်ချင်းဟန်ကိုပါ သဘောကျသွားကာ ၎င်းတို့နှစ်ယောက်၏ အထက်တန်းကျောင်းချစ်သူစုံတွဲဘဝကို အမှန်တကယ်ပင် သဘောကျနေသည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး နင်ပြောတာ အရမ်းများနေပြီ"

လီချူရှင်း သည်တည့်တည့်ပြောချလိုက်သဖြင့် ရှန်ချင်းဟန်သည် အလွန်ရှက်ရွံ့လျက် လျင်မြန်စွာ လီချူရှင်း ကို ရပ်ရန်ပြောလိုက်သော်လည်း သူမ စိတ်ထဲတွင်မူ အမှန်တကယ် ပျော်ရွှင်နေခဲ့သည်။ လီချူရှင်း၏ စကားများကို သူမ ငြင်းဆန်ခဲ့သော်လည်း အခြားသူများက သူမအမည်နှင့် လင်းဇီချန်ကိုအတူတူတွဲ၍ ပြောဆိုသောအခါ သူမအမှန်တကယ်ပင် သဘောကျသည်။

စနောက်ကာ ရယ်မောနေကြစဉ် အစီစဉ်မှူး၏ ကျယ်လောင်သော အသံသည် စင်ပေါ်မှ ထွက်ပေါ်လာသည်။

" ပြိုင်ပွဲဝင်နံပါတ် (၁၈) ဟွမ်လီရဲ့ အံ့သဩစရာ သီဆိုဖျော်ဖြေမှုအတွက် ကျေးဇူးတင်ပါတယ်။"

"ထို့နောက် ပြိုင်ပွဲဝင် နံပါတ် (၁၉) ဂါအိုဂွမ်ကို 'မနေ့က သီချင်း' ဆိုဖို့ စင်ပေါ်ကို ဖိတ်ခေါ်အပ်ပါတယ်။”

"ထို့နောက် ပြိုင်ပွဲဝင် နံပါတ် (20) လီချူရှင်း နဲ့ ရှန်ချင်းဟန် ၊ ကျေးဇူးပြုပြီး စင်ပေါ်တက်ဖို့ အဆင်သင့်ပြင်ထားပေးပါ"

လက်ခုပ်တီးသံများထွက်ပေါ်လာသည်။ စင်မြင့်အောက်ရှိ ပရိသတ်များက ပြိုင်ပွဲဝင်များ ထွက်ခွာသွားသည့်အတွက် လက်ခုပ်ဩဘာပေးကြကာ တက်ကြွစွာအားပေးနေကြသည်။

အစီစဉ်မှူး၏ မကြာသေးမီက ကြေငြာချက်ကို ကြားသောအခါ လီချူရှင်း သည် ရှန်ချင်းဟန်ကို စိတ်လှုပ်ရှားစွာ ကြည့်၍ ပြောလိုက်သည်။

"ဟန်ဟန်၊ နောက်ဆုံးတော့ ငါတို့ဖျော်ဖြေဖို့ အချိန်ကျလာပြီ။ နောက်ဆုံးမှ လူတွေကို အံ့ဩအောင်လုပ်ပြီး ချန်ပီယံဆုကို ရအောင်ယူမယ်"

"ဟုတ်တယ်၊ ချန်ပီယံဆု"

ချန်ရှင်းဟန်၏ အသံ အနည်းငယ်တုန်ခါသွားသည်။ ယခုအချိန်တွင် သူမသည်အလွန်စိတ်လှုပ်ရှားနေ၍ လက်နှင့်ခြေထောက်များကို ကောင်းစွာ မထိန်းချုပ်နိုင်ပေ။ စကတ်အောက်၌ ဖုံးကွယ်ထားသော သွယ်လျလျခြေသလုံးများက ကောင်းစွာမတ်တပ်မရပ်နိုင်ဘဲ ဘယ်အချိန်မဆို မြေပြင်ပေါ် ပြုတ်ကျရန် အသင့်ဖြစ်နေသည်။

လင်းဇီချန်သည် သူမ၏ စိတ်လှုပ်ရှားမှုကို သတိပြုမိကာ ချက်ချင်းပင် သူမ၏လက်ကို ဆုပ်ကိုင်လျက် စိတ်လျှော့ထားရနါ အချက်ပြလိုက်သည်။ သို့သော် လိုချင်သောအကျိုးသက်ရောက်မှု မရှိခဲ့ပေ။

ထို့နောက် ရှန်ချင်းဟန်၏မျက်နှာသည် ရုတ်တရက် အရောင်ပြောင်းသွား၍ သူမ၏ခြေထောက်များကြားမှ နွေးထွေးမှုကို ခံစားလိုက်ရကာ သူမကိုယ်သူမ ထိန်းမရတော့သည်အထိ စိုစွတ်လာခဲ့သည်။

တခဏအတွင်း၌ပင် သူမဝတ်ထားသော စကတ်သည် စိုရွှဲနစ်လာ၏။

“ရှောင်…ရှောင်ချန် ."

ရှန်ချင်းဟန်သည် သူမဘေးနားရှိ လင်းဇီချန်ကို အံ့ဩသောမျက်နှာဖြင့် ကြည့်ကာ မျက်လုံးများနီရဲလျက် မျက်ရည်များဝဲ၍ ငိုလုဆဲဆဲဖြစ်‌‌နေသည်။ လင်းဇီချန်က ချက်ချင်းတုံ့ပြန်၍ အပြင်ထွက်ရန် သူမ၏လက်ကို ချက်ချင်းဆွဲကိုင်လိုက်သည်။

တစ်ချိန်တည်း၌ပင်၊ ခုံပေါ်တွင်ဖွင့်ထားသော ဓာတ်သတ္တုရေပုလင်းကို ကောက်ကိုင်၍ ရေများမှောက်ချကာ ရှန်ချင်းဟန်ကျန်ရစ်ခဲ့သော ခြေရာများကို ဖုံးအုပ်ထားလိုက်သည်။

“ရှောင်ချန်၊ နင် ဟန်ဟန်ကို ဘယ်‌ ခေါ်သွားနေတာလဲ၊ စင်ပေါ်တက်ဖို့ အလှည့်ရောက်ခါနီးနေပြီဟ"

လင်းဇီချန်သည် ရုတ်တရက် ရှန်ချင်းဟန်၏လက်ကိုကိုင်ကာ ရေဘူးထဲမှရေကို နေရာအနှံ့ ဖိတ်စင်သွား‌စေရန် လုပ်လိုက်သည်ကိုမြင်သောအခါ လီချူရှင်း အလွန်စိတ်ရှုပ်သွားသည်။ နောက်ကွယ်မှ တခြားသူများကလည်း သူတို့ရှေ့က မြင်ကွင်းကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။

"ငါတို့ ချက်ချင်းပြန်လာမယ်"

ထိုသို့ပြောပြီးနောက် လင်းဇီချန်သည် ရှန်ချင်းဟန်ကိုခေါ်၍ထွက်သွားရာ လီချူရှင်း ၏မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားသည်။ စင်နောက်ခန်းထဲက ထွက်လာပြီးနောက် နှစ်ယောက်စလုံးသည် လွတ်နေသော ထောင့်တစ်ခု၌ ရပ်လိုက်ကြသည်။

အနား၌ မည်သူမှမရှိသည်ကို မြင်လိုက်ရသောအခါ ရှန်ချင်းဟန်က အဆက်မပြတ်ငိုကြွေးတော့၏။

"ငါတို့ ဘာလုပ်သင့်လဲ ရှောင်ချန်၊ ငါတို့ ဘာလုပ်ရမလဲ၊ ချူရှင်းနဲ့ ငါ စင်ပေါ်တက်ဖို့ အချိန်နီးနေပြီ"

"ငါနဲ့ ချူရှင်းအကြာကြီး လေ့ကျင့်ထားတာ၊ ငါ့ဘောင်းဘီတွေ ရေစိုနေလို့ ပျက်သွားရင် ချူရှင်း က ငါ့ကို မုန်းသွားမှာ သေချာတယ်"

"ဘာလို့ ဒီလောက် ငါကအသုံးမကျရတာလဲ..."

သူမ၏စကားအဆုံးတွင် ရှန်ချင်းဟန်သည် စတင်၍ ရှိုက်ကြီးတငင် ပြင်းထန်စွာငိုကြွေးတော့၏။ သူမ အထက်တန်းကျောင်းတက်စဉ်ကစ၍ ရှက်ရွံ့၊ သိမ်ငယ်လာခဲ့ရာ လင်းဇီချန်မှလွဲ၍ အခြားသူများနှင့် ဆက်ဆံရန် မဝံ့မရဲဖြစ်လာသည်။

သူမကိုယ်သူမ ပြောင်းလဲ၍ ယုံကြည်မှုပိုရှိလာစေရန် လင်းဇီချန်၏ အကြံပြုချက်အတိုင်း ကျောင်းတွင်း ထိပ်တန်းအဆိုတော်ဆယ်ယောက်ပြိုင်ပွဲတွင် စာရင်းသွင်းရန် သတ္တိမွေးခဲ့ရသည်။ အချိန်အတော်ကြာ စိတ်အားထက်သန်စွာ လေ့ကျင့်ပြီးနောက် စင်ပေါ်မတက်မီတွင် သူမ၏ ဘောင်းဘီ စိုရွှဲသွားမည်ဟု မထင်ခဲ့ပေ။

ငါဘာလို့ ဒီလောက် အသုံးမကျရတာလဲ။

ငါ တကယ် အသုံးမကျဘူး

ရှန်ချင်းဟန်သည် ထိုအကြောင်းကို ပိုတွေးလေလေ ပိုနာကျင်လေလေ၊ သူမ၏ ရင်ဘတ်ထဲတွင် လေးလံ၍ မသက်မသာ ဖိအားတစ်ခုကို ခံစားလာရလေလေဖြစ်နေ၏။ သူမသည် စိတ်အတွင်းပိုင်း၌ရုန်းကန်နေရ၍ သူမဘောင်းဘီကို စိုရွှဲသွားစေသောအရာသည် ကုလားအုတ်တစ်ကောင်၏ နောက်ကျောကို ကျိုးကျသွားစေခဲ့သော နောက်ဆုံးသော ကောက်ရိုးမျှင်ကဲ့သို့ပင်ဖြစ်သည်။

လင်းဇီချန်သည် သူမ၏ မျက်ရည်များကို သုတ်ရန် တစ်ရှူးကို ထုတ်ပေးလိုက်သည်။

"မငိုနဲ့တော့၊ နင့်မိတ်ကပ်တွေ ပျက်တော့မယ။ ဒါက ဘောင်းဘီ‌လေးရေစိုရုံပဲ၊ ပြဿနာကြီး မဟုတ်ဘူး၊ မစိုးရိမ်နဲ့။"

"အလျင်စလိုမလုပ်နဲ့ စိတ်မပူပါနဲ့ ငါချက်ချင်းဖြေရှင်းဖို့ နည်းလမ်းရှာမယ်"

ဤစကားများကိုပြောပြီးသည့်နောက်၊ လင်းဇီချန်၏ ဦးနှောက်သည် မြန်မြန်ဆန်ဆန်လည်ပတ်နေ၍ လက်ရှိအခြေအနေကို မည်သို့ဖြေရှင်းရမည်ကိူ အဖြေရှာရန်ကြိုးစားနေသည်။ ထိုအခိုက်အတန်၌ပင် သူ့မျက်နှာပြင်ထောင့်ရှိပြတင်းပေါက်မှ ကန့်လန့်ကာကို တွေ့လိုက်ရသည်။ ရောင်စုံပန်းထိုးဒီဇိုင်းများဖြင့် အလှဆင်ထား‌ သော ရောင်စုံကန့်လန့်ကာတစ်ခုဖြစ်သည်။ သူ့အတွေးထဲတွင် တစ်ခုခုဖြေရှင်းနိုင်မည့် အကြံပေါ်လာသည်။

လင်းဇီချန်သည် စိတ်ကူးဖြစ်လာသည်နှင့်တပြိုင်နက် ရှန်ချင်းဟန်ကို ဤနေရာ၌ ခဏစောင့်ရန် ပြော၍ မြန်မြန်ဆန်ဆန် နောက်ဘက်ကို ပြေးသွားကာ ကတ်ကြေးတစ်ချောင်းကို ရှာ‌ဖွေလိုက်သည်။

ထို့နောက်၊ သူသည် တင်းကြပ်စွာပိတ်ထားသော ပြတင်းပေါက်ဆီသို့ပြေးကာ လက်သီးဖြင့်ရိုက်ခွဲ၍ အတွင်းမှ ကန့်လန့်ကာကို ဆွဲချလိုက်သည်။ သူ့လက်ထဲရှိ ကတ်ကြေးတစ်စုံ၊ ကန့်လန့်ကာတစ်ထည်နှင့်အတူ နာရီ၀က်အတွင်း ရှင်းချင်းဟန်အတွက် စကတ်တစ်ထည်ကို ချုပ်ပေးရန် ကြံရွယ်လိုက်သည်။

အခန်း (၈၄) အုပ်စုဖွဲ့လုပ်ကိုင်သော သူများ၏ အရည်အချင်းများ

ခဏအကြာတွင် ရှင်းချင်းဟန် တဖြည်းဖြည်း ငြိမ်သက်သွားသည်။

အငိုရပ်သွားသော်ငြားလည်း ရှုံ့သံများ ကြားနေရသေးသည်။

သူမသည် လက်ဖြင့် မျက်ရည်များကို သုတ်ပြီးနောက် အသက်ပြင်းပြင်းရှူကာ စိတ်ကိုတည်ငြိမ်စေရန် အတတ်နိုင်ဆုံးကြိုးစားလျက်ရှိသည်။ သူမရှေ့တွင် လင်းဇီချန်ရပ်နေ၍ သူ၏ဝတ်စုံသည် အကြမ်းထည်ပြီးဆီးသွားပြီဖြစ်ကာ ၀တ်စုံတစ်ခုလုံးတွင် အောက်ခံချည်သားနှင့် ကြိုးများသာ အပြီးသတ်ရန် ကျန်တော့သည်။

ထိုအချိန်တွင် စင်ပေါ်မှ ပြိုင်ပွဲကျင်းပသူသည် ပြိုင်ပွဲဝင် နံပါတ် ၂၀ ကို စင်ပေါ်တက်လာရန် ဖိတ်ခေါ်နေသည်။

ဇာတ်ခုံနောက်ကွယ်တွင် လီချုရှင်းသည် လွန်စွာစိတ်ပူလျက်ရှိကာ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကို ဆက်တိုက်ဗီဒီယိုကောများ ခေါ်နေသည်။

လင်းဇီချန်သည် ဗီဒီယိုကောဖြေကြားရန် အလွန် အလုပ်ရှုပ်နေသောကြောင့် ခေါင်းပင်မမော့နိုင်ဘဲ ရှန်ချင်းဟန်ကိုသာ ဗီဒီယိုကောဖြေကြားပေးရန် ပြောနေ၏။

ရှန်ချင်းဟန်သည် လီချုရှင်း၏ ဗီဒီယိုကောကိုဖြေဆိုရန် အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။

သို့သော် သူမသည်မျက်ရည်များကို အမြန်သုတ်၍ စိတ်ကို ထိန်းကာ လီချုရှင်း၏ ဗီဒီယိုကောကို ဖြေဆိုရန် ဖုန်းကို ကောက်ကိုင်လိုက်သည်။

လီချုရှင်းက အလွန်အမင်းစိုးရိမ်နေသည့်ဟန်ဖြင့် ပြော၏။

"ဟန်ဟန်၊ စင်ပေါ်တက်ဖို့ ငါတို့အလှည့်ရောက်ပြီ၊ မင်းနဲ့ဇီးချန် ဘယ်ကို သွားနေတာလဲ"

ရှန်ချင်းဟန်၏အသံက တုန်ယင်လျက်ရှိသည်။

“ငါတို့က…”

“ဟန်ဟန်နဲ့ ငါ ချက်ချင်းစင်ပေါ်ကိုတက်လာမယ်။ မင်းအရင်တက်ပြီး ခဏအချိန်ဆွဲထားပေး၊ မိနစ်အနည်းငယ်အတွင်း ငါတို့ရောက်မယ်” သူမစကားမဆုံးခင်၌ပင် လင်းဇီချန်က ပြော၏။

"ဒါဆို မြန်မြန်လုပ်”

လီချုရှင်းသည် ၎င်းတို့ အဘယ်ကြောင့်မရောက်ကြသေးသည်ကို မစဥ်းစားတော့ဘဲ ချက်ချင်းပင် ဖုန်းကို ချလျက် စင်ပေါ်သို့ ပြေးတက်သွားသည်။ သူမသည် မိမိကိုယ်ကို မိတ်ဆက်၍ ဟာသတစ်ခု ပြောပြခြင်းအားဖြင့် ရှန်ချင်းဟန်တို့ကို စင်ပေါ်၌ တစ်ယောက်တည်း မိနစ်အနည်းငယ်ကြာသည်အထိ စောင့်နေခဲ့သည်။

လီချုရှင်း စင်ပေါ်ရောက်ပြီးမကြာခင်၌ပင် လင်းဇီချန်က ဝတ်စုံကို အမြန်ဝတ်လိုက်သည်။

"အဆင်သင့်ဖြစ်ပြီ၊ သန့်စင်ခန်းကို မြန်မြန်သွားပြီး အဲထဲမှာပဲ လဲလိုက်ပါ။ ချွတ်ထားတဲ့ ဝတ်စုံနဲ့ အတွင်းခံကို အိမ်သာတံခါးရှေ့မှာ ထားလိုက်တော့။ ငါလာယူမယ်။" လင်းဇီချန်က ရှန်ချင်းဟန်၏ လက်ထဲသို့ သူမ၀တ်စုံ ထည့်လိုက်ကာ ပြော၏။

အကြောင်းတစ်ခုခုကြောင့် ရှန်ချင်းဟန်သည် ခဏတာ ငြိမ်သက်သွားခဲ့ကာ မူလက ကြောက်ရွံ့မှုများလည်း မကျန်ရှိတော့ပေ။

ရှန်ချင်းဟန်က ခဏ စဉ်းစားလိုက်၏။

"မလိုပါဘူး၊ ဇီချန်၊ နင် ဟိုဘက်လှည့်လိုက်၊ ငါဒီမှာပဲ ဝတ်မယ်..."

"ဟမ် ဒီမှာပဲလား"

လင်းဇီချန်က အနည်းငယ် အံ့သြသွားသော်လည်း မည်သည့်စကားမျှ ပြန်မပြောဘဲ ချက်ချင်း လှည့်လိုက်သည်။

ရှန်ချင်းဟန်၏ မျက်နှာနီမြန်းလာကာ ရှက်နေသော်လည်း သူမ၏အဝတ်အစားများကို အမြန်ချွတ်ကာ ထိုနေရာ၌ပင် ၀တ်စုံအသစ်ကို ဝတ်လိုက်သည်။

သူမသည် ခါးချည်ကြိုးကို ချည်လျက် စင်မြင့်ဆီသို့ အမြန်ပြေးသွားခဲ့သည်။

လင်းဇီချန်သည် ခါးချည်ကြိုးကို ချည်လျက်ပြေးနေသော ရှန်ချင်းဟန်ကို လှမ်းကြည့်ကာ သူမသည် သူထင်သလောက်မပျော့ညံ့ကြောင်း သဘောပေါက်သွားသည်။

“ဖျော်ဖြေမှု အဆင်ပြေသွားလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။”

သူသည် ရှန်ချင်းဟန် ချွတ်ထားသည့် အတွင်းခံနှင့် အဝတ်အစားများကို ကောက်ယူကာ အိတ်ထဲသို့ ထည့်သယ်သွားသည်။ ထို့နောက် ရှန်ချင်းဟန်နှင့် လီချုရှင်းတို့၏ ဖျော်ဖြေမှုကို ကြည့်ရှု၏။

ပထမပိုင်းတွင် လင်းဇီချန်သည် သူမတို့ သီချင်းကောင်းကောင်းမဆိုနိုင်တော့မည်ကို စိုးရိမ်နေခဲ့သည်။ ခဏတာမျှ နားထောင်ပြီးသောအခါ ကောင်းကောင်းဆိုနိုင်ပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ မကြာမီ၌ပင် စင်ပေါ်တွင် ချီးမွမ်းသံများအပြင် လက်ခုပ်သံများနှင့်အတူ ရှန်ချင်းဟန်နှင့် လီချုရှင်းတို့၏သီဆိုမှု ပြီးဆုံးသွားခဲ့သည်။

နှစ်ယောက်လုံး မောဟိုက်နေသော်လည်း ဖျော်ဖြေမှုအပေါ် ကျေနပ်သည့် အပြုံးဖြင့် ပြုံးနေခဲ့ကြ၏။

ထို့နောက် ၎င်းတို့သည် စင်မြင့်ပေါ်မှ ထွက်ခွာကာ စင်အောက်ကို လျှောက်သွားကြသည်။

အပြန်လမ်းတွင် လီချူရှင်းက ရုတ်တရက်မေး၏။

"ဟန်ဟန် ရုတ်တရက်ကြီး အင်္ကျီဘယ်လိုလဲလိုက်တာလဲ။ ခုဏက အပြင်ထွက်သွားတာ အဝတ်လဲဖို့လား”

"အရင် ၀တ်စုံက မတော်တဆ ညစ်ပတ်သွားလို့"

"ညစ်ပတ်သွားတာလား"

“အင်း”

ရှန်ချင်းဟန်က သိပ်ရှင်းပြမနေဘဲ ခပ်တိုးတိုးသာတုံ့ပြန်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် လီချူရှင်းက အဲ့ဒီအကြောင်းအရာကို ထပ်မစဉ်းစားဘဲ သူမတို့၏ သီချင်းဖျော်ဖြေပွဲကို ပြန်လှည့်စဉ်းစားကာ ရှန်ချင်းဟန်၏ လက်ကို ကိုင်၍ ဝမ်းသာစွာ ပြောသည်။

"ဟန်ဟန်၊ မယုံနိုင်လောက်အောင် ငါတို့နှစ်ယောက်လုံး ခုဏက ကောင်းကောင်း ဖျော်ဖြေနိုင်ခဲ့တယ်။ ပရိသတ်တွေရဲ့ လက်ခုပ်သံက အခြားပြိုင်ပွဲဝင်တွေထက် ပိုကျယ်တာ သေချာတယ်။ ငါတို့သေချာပေါက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်မှာပါ”

"တကယ်လား"

ရှန်ချင်းဟန် စင်ပေါ်သို့ တက်လာစဉ် စိတ်များ ပြန့်လွင့်နေခဲ့သောကြောင့် သီချင်းကို အလိုလို ကောင်းစွာ သီဆိုနိုင်ခဲ့ကြောင်း သတိမထားမိခဲ့ပေ။

“မင်း ကောင်းကောင်း သီဆိုနိုင်ခဲ့တယ်။ ချန်ပီယံဆုကို သေချာပေါက်ယူနိုင်မယ်ထင်တယ်။” လင်ဇီချန်က ပြော၏။

"အင်း… ဇီချန်က ချန်ပီယံဆုရနိုင်မယ်လို့ပြောနေပြီဆိုမှတော့ ချန်ပီယံဖြစ်ကိုဖြစ်ရမယ်။"

ရှန်ချင်းဟန်သည် ချစ်စရာကောင်းစွာဖြင့် ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ တောက်ပစွာပြုံးလိုက်သည်။

၎င်းတို့နှစ်ယောက်သည် စင်နောက်တွင် အကြာကြီးမနေဘဲ ပစ္စည်းများ အမြန်သိမ်း၍ ပရိသတ်ထိုင်ခုံဆီသို့ ဦးတည်သွားခဲ့ကြသည်။

သီချင်းဆိုပြိုင်ပွဲပြီးသွားပြီဖြစ်၍ ၎င်းတို့၏ မိဘများထံသို့ ပြန်သွားရမည်ဖြစ်သည်။ ဆယ်မိနစ်ခန့်အကြာတွင် ပြိုင်ပွဲရလဒ်များကို ကြေညာလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ရှန်ချင်းဟန်နှင့် လီချူရှင်းတို့သည် ချန်ပီယံဆုကို ရရှိခဲ့ကြကာ တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်စွာ ဖက်ထားကြသည်။

လီချူရှင်းသည် အမှန်တကယ်ပင် စိတ်လှုပ်ရှားနေ၍ ဝမ်းသာလွန်းလှသောကြောင့် မျက်ရည်များ ဝဲနေခဲ့သည်။

ထိုအချိန်၌ပင် သူတို့နှစ်ယောက်ကို ဂုဏ်ပြုရန် ရောက်လာသော ဟီယူက ချက်ချင်းပင် တစ်သျှူးကိုထုတ်၍ လီချူရှင်းကို ပေးလိုက်သည်။ နောက်ဆုံးအကြိမ်တုန်းက ဟီယူက သူမကို မျက်ရည်သုတ်ရန် ရေချိုးခန်းသုံးတစ်သျှူး ပေးခဲ့သည်ကို မှတ်မိနေသည်။ ဤတစ်ခါ၌လည်း ဟီယူက ထိုသို့ ထပ်မံလုပ်လိမ့်မည်ဟု ထင်ကာ မျက်စောင်းထိုးကြည့်ကာ ဟီယူပေးသည့်တစ်သျှူးကို ငြင်းဆန်လိုက်သည်။

တစ်ဖက်တွင်မူ ရှန်ချင်းဟန် မငိုခဲ့ပေ။ သူမသည် ချန်ပီယံဆုရခဲ့သည်ကို အိပ်မက်မက်နေသကဲ့သို့ ခံစားရကာ တစ်ချိန်လုံးပြုံးနေခဲ့သည်။ များမကြာမီတွင် ရှန်ချင်းဟန်ကို ချီးကျူးဂုဏ်ပြုရန် သူမမိဘများနှင့် အတန်းပိုင်ဆရာ၊ အတန်းဖော်များအပါအဝင် မသိသောသူများပါ ရောက်လာကြသည်။

ငယ်စဉ်မှစ၍ သူမ၏ အားသာချက်များကို လင်းဇီချန်၏အရည်အချင်းများကသာ လွှမ်းမိုးနေခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ သူမသည် အားလုံး၏ အာရုံစိုက်မှုကို ရနိုင်ပြီဖြစ်၏။

ထို့အပြင် ပထမဆုံးအကြိမ်အဖြစ် သူမသည်လည်း တန်ဖိုးရှိသူဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။ လင်းဇီချန်၏ကောင်းသတင်းများအောက်တွင် သူမ တိမ်မြုပ်မသွားဘဲ ကိုယ့်အလင်းရောင်ဖြင့် တောက်ပနိုင်သည်ဆိုတာကို ခံစားလိုက်ရသည်။

"ဒါဘယ်သူလုပ်တာလဲ။ တော်တယ် ညံ့တယ်လို့အကန့်တွေခွဲခြားပြီး သိက္ခာမရှိတဲ့သူက ဘယ်သူတွေလဲ။ သူတို့ ဘာမှ မသင်ယူခဲ့ရဘူးလား”

စင်နောက်မှ ကျယ်လောင်သော ကျိန်ဆဲသံများ ကြားလိုက်ရသောအခါ လင်းဇီချန်သည် မျက်နှာပျက်လျက် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ လင်းဇီချန်ကို ယခုကဲ့သို့ မြင်လိုက်ရသောအခါ ရှန်ချင်းဟန်က သူမ၏ ဝတ်စုံကို လက်ဖြင့် ဆုတ်ကိုင်၍ ပြော၏။

"ဇီချန် ဒီဝတ်စုံကို ငါအရမ်းကြိုက်တယ်။ တစ်သက်လုံးလည်း မြတ်နိုးသွားမယ်။"

သူမ စကားမပြီးသေးခင်တွင် ဆောင်းဦးလေအေးများ တိုက်ခတ်လာခဲ့သည်။ သူမ၏ ဝတ်စုံသည် ပါးလွှာနေသောကြောင့် အအေးဓာတ်ကို ခံစားလာခဲ့ရသည်။ လင်းဇီချန်သည် သူ့ဂျာကင်ကို ချက်ချင်း ချွတ်၍ ရှန်ချင်းဟန်အအေးမမိစေရန် သူမကိုယ်ပေါ်သို့ ခြုံပေးလိုက်သည်။ ပွဲပြီးသွားပြီဖြစ်သောကြောင့် ၎င်းတို့နှစ်ယောက်သည် ကူသိမ်းပေးရန် စင်နောက်တွင် နေခဲ့ကြသည်။ ပြတင်းပေါက်များကို ပိတ်၍ ခုံများကို ကူသိမ်းကာ စင်ပေါ်ကို သန့်ရှင်းရေးလုပ်ခဲ့ကြသည်။

ဆယ်မိနစ်ကျော်မျှ သပ်ရပ်အောင် လုပ်ပြီးနောက် လင်းဇီချန်သည် စာကြောင်းများစွာပေါ်လာခြင်းကို သတိပြုမိခဲ့သည်။

All Chapters